အခန်း (၂၉၈-၃၀၀)
Vol. 20 Ch. 298-300
အခန်း (၂၉၈) : သူ့ရဲ့သရုပ်မှန်က ပေါ်တော့မှာလား
"အဟွတ် အဟွတ်...."
ကျိုးဟောင်မှာ ချက်ချင်းပင်အကြည့်ကိုအဝေးသို့ပို့လိုက်သည်။ ရှုလင်မှာသဝန်တိုတတ်သောမိန်းကလေးဖြစ်ပေရာ သူမအားရန်သွားမစသည်က ပိုကောင်းပေသည်။
"ဟီးဟီးဟီး....."
ယွင်ယန်မှာ မထူးဆန်းသလိုရယ်ပြလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူမ၏လှပသောအချိုးအစားအားထုတ်ကြွားရန် ဝန်မလေးပေ။
သူမသည်အဝတ်အစား လုံးဝမဝတ်ထားခြင်းမျိုးမဟုတ်ပေရာ ဘာကြောင့်ဖုံးကွယ်နေရမည်နည်း။
သူမသည်တမင်တကာပင်ခန္ဓာကိုယ်အား အကြောဆန့်ကာ ကောက်ကြောင်းအားလုံးကိုပင် ဖော်ပြလိုက်သေးသည်။
"ရှုလင် နင့်လည်းခန္ဓာကိုယ်အချိုးအစားလှတာပဲကို ဘာလို့ဖုံးကွယ်နေတာလဲ"
ယွင်ယန်မှာရှုလင်အနားကပ်ကာ ခပ်တိုးတိုးမေးလိုက်သည်။
"ငါတကယ်နင့်ကိုသေအောင်ရိုက်သတ်ချင်တယ် ဘာလို့လူတွေဒီလောက်အများကြီးရှေ့မှာ ဒီအကြောင်းပြောတာလဲ"
ရှုလင်မှာ ယွင်ယန်အားခပ်ဖွဖွလေးလိမ်ဆွဲလိုက်သည်။ သူမသည်မိန်းကလေးများနှင့်ဆိုပါက အတော်လေးနူးညံ့ပေသည်။
"၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းက ပိုင်ယန်ရန်ကိုနင်တို့ဘယ်လိုထင်ကြလဲ"
ယွင်ယန်မှာ မထူးဆန်းသလိုပင်မေးလိုက်သည်။
သူမပါးစပ်မှပိုင်ယန်ရန်အကြောင်းထွက်လာသည်ကိုကြားလိုက်ရသောအခါ ယွမ်ချန်းနှင့်အခြားလူများမှာ လှုပ်လှုပ်ရှားရှားဖြစ်လာလေသည်။
ပိုင်ယန်ရန်မှာ မိန်းမလှတစ်ယောက်ဖြစ်ပြီး သူမတွင်ပြည့်စုံသောခန္ဓာကိုယ်အချိုးအစားနှင့်မျက်နှာအပြင် ရေခဲဘုရင်မတစ်ပါး၏ အေးစက်သောအရှိန်အဝါတစ်ခုလည်းရှိပေသည်။
တစ်ခုတည်းသောပြဿနာမှာ သူတို့အားလုံး သူမအားအဝေးမှကြည့်ရုံသာတတ်နိုင်ခြင်းဖြစ်သည်။
"အင်း..."
လက်ရှိအချိန်တွင် ကျိုးဟောင်မှာတိတ်ဆိတ်နေရန်ရွေးချယ်လိုက်ပေသည်။ သူ့အနေနှင့်ဆိုပါက ဤနေရာတွင်စကားပြောနေမည့်အစား ၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းသို့ တန်းသွားကာကြည့်လို့ရပေသည်။
မည်သို့ပင်ဖြစ်စေ သူသည်ယခုအချိန်တွင် မူလအဆင့်ကောင်စီ၏ဥက္ကဌဖြစ်ပြီး အဆင့်မြင့်အခြေစိုက်စခန်း ၇ခုထဲရှိ မည်သည့်စခန်းကိုမဆိုလွတ်လပ်စွာသွားလာနိုင်ပေသည်။
"သူကငါကြိုက်တဲ့ပုံစံပဲ ဒါပေမဲ့မျှော်လင့်ချက်မရှိပါဘူး...."
ယွမ်ချန်းမှာသက်ပြင်းချကာပြောလိုက်သည်။ ရှုလင်၊ ယွင်ယန်တို့ထက်စာလျှင် သူသည်ပိုင်ယန်ရန်၏ပုံစံအားပိုသဘောကျပေသည်။
ကျန်းယိမှာလည်း ခပ်သာသာခေါင်းညိတ်ကာ သူ၏တကယ့်အတွေးကိုသတိမထားမိဘဲ ထုတ်ပြမိလေသည်။
စင်စစ် ကျန်းယိ၏အတွေးတွင် ယွင်ယန်နှင့်ရှုလင်နှစ်ယောက်လုံးမှာ ပြည့်စုံသောမိန်းမလှလေးများဖြစ်ကြသော်လည်း ပိုင်ယန်ရန်ကဲ့သို့သောရေခဲဘုရင်မတစ်ပါးမှာ သူမအားပို၍သိမ်းပိုက်ချင်အောင်လုပ်နိုင်စွမ်းရှိပေသည်။
ကျန်းယိမှာသိပ်မကြာသေးခင်က အစိမ်းရောင်တိမ်တိုက်ဌာနမှ စီနီယာအစ်မတစ်ယောက်နှင့်ပင်တွေ့ခဲ့ရသေးသည်။ သူမ၏အမည်မှာလင်ရှုယင်ဖြစ်ပြီး သူမအလှမှာလည်းတကယ်ပင် အသက်ရှူမှားလောက်ပေသည်။
"အစိမ်းရောင်တိမ်တိုက်ဌာနကလင်ရှုယင်လို့ခေါ်တဲ့ မိန်းမလှလေးတစ်ယောက်အကြောင်း မင်းတို့သိကြလား"
ယွင်ယန်မှာအလွန်အတင်းပြောတတ်သူဖြစ်ပြီး ပိုကြောက်စရာကောင်းသည်မှာ သူမသည် အမှန်တကယ်ကိုပင် ဓာတ်ပုံတစ်ပုံအားထုတ်ပြလာခဲ့လေသည်။
"ဒါက"
ယခုတစ်ကြိမ်တွင် ရှုလင်၏အကြည့်ပင်ထိုဓာတ်ပုံအပေါ်ရောက်သွားပြီး ကျိုးဟောင်သည်လည်းလှမ်းကြည့်လိုက်ပေသည်။
"သေစမ်း"
တစ်ချက်ကြည့်ပြီးနောက် ကျိုးဟောင်မှာကြက်သေသေသွားသည်။
ယွင်ယန်ထုတ်လိုက်သောဓာတ်ပုံတွင် ပုံ ၃ပုံပါပေသည်။
ပထမပုံသည် မြို့မျှော်စင်ထိပ်တွင် လင်ရှုယင်မှာ စိတ်ဖိစီးနေသောမျက်နှာဖြင့် တစ်ယောက်တည်းမတ်တပ်ရပ်နေသောရိုးရိုးတန်းတန်းပုံဖြစ်သော်လည်း ဒုတိယပုံမှာ ကျိုးဟောင်မှာဥက္ကဌကျိုးအနေနှင့် သူမအားကယ်တင်ပြီးနောက် သူ့လက်ထဲတွင်ထွေးပွေ့ထားသောပုံဖြစ်သည်။
တတိယမြောက်ပုံမှာမူ သူနှင့်လင်ရှုယင်ဘေးချင်းကပ်ရပ်နေသည့်ပုံကိုပြထားခြင်းဖြစ်သည်။
ကံကောင်းသွားသည့်အချက်မှာ ထိုပုံတွင်နောက်ကျောကိုသာမြင်ရခြင်းဖြစ်သည်။
မဟုတ်ပါက ကျိုးဟောင်မှာ ရှုလင်ထံမှအရှင်လတ်လတ်အရေခွံခွာခံရမည်ဖြစ်သည်။
"ဒါကဥက္ကဌကျိုးလား ချောလိုက်တာ"
"လိုက်ဖက်လိုက်တဲ့အတွဲ"
"ဒါပေမဲ့ဒီအစ်မလင်ကတကယ်တစ်ခုခုတော့ တစ်ခုခုပဲ ဟီးဟီး"
၇ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းသို့ရောက်ပြီးနောက် ယွမ်ချန်း၏ပင်ကိုစရိုက်မှာ တဖြည်းဖြည်းချင်း ပေါ့ပေါ့ပါးပါးဖြစ်လာလေသည်။
သူပြောလိုက်သည့်စကားမှာ တကယ်တမ်းတွင် လူအများ၏အတွေးနှင့်အတူတူပင်ဖြစ်သည်။
ကျန်းယိ၊ ယွမ်ချန်းနှင့်အခြားလူများမှာ ပုံအားသေချာစိုက်ကြည့်နေကြသည့်အချိန်တွင် ရှူလင်မှာထိုပုံကိုကြည့်ကာတွေးနေပေသည်။
ထူးဆန်းစွာပင်ဤနောက်ကျောသည်သူမနှင့်အလွန်ရင်းနှီးနေသလိုခံစားရပေသည်။
ပြောရလျှင် ကျိုးဟောင်၏နောက်ကျောနှင့်အနည်းငယ်ဆင်ပေသည်။
ခေတ္တမျှကြာပြီးနောက် ရှုလင်မှာကျိုးဟောင်ကိုတစ်လှည့် ပုံကိုတစ်လှည့်ကြည့်နေလေသည်။
ကျိုးဟောင်မှာရှုလင်၏အကြည့်အားမြင်ပြီးနောက် ရင်ထဲ၌တင်းကြပ်သွားသလိုခံစားလိုက်ရလေသည်။
ရယ်ဖွယ်ကောင်းလှပေသည်။ မည်သို့ပင်ဖြစ်စေ ပုံထဲရှိလင်ရှုယင်ဘေးရပ်နေသူမှာ သူသာဖြစ်သည်။ လက်ရှိအချိန်တွင် ကျိုးဟောင်မှာရှုလင်ဘေးရပ်ရင်းစိတ်ပူနေရပေသည်။
မိန်းမတစ်ယောက်၏ ဆဠမမြောက်အာရုံမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှပေသည်။
အကယ်၍ ရှုလင်သာတစ်ခုခုကိုခံစားမိပါက သူ့ဘဝတော့သွားပြီဖြစ်သည်။
ချက်ချင်းဆိုသလိုပင် ကျိုးဟောင်မှာဘာမှမဖြစ်သလိုဟန်ဆောင်ကာ ရှူလင်ကိုစနောက်ရန် သူမ၏နားနားသို့တမင်တိုးကပ်သွားကာပြောလိုက်လေသည်။
"ဘာလဲ ငါခုတစ်လောပိုပိုချောလာတဲ့အကြောင်း သတိထားမိသွားလို့လား ဟဟ...."
ဤရွှတ်နောက်နောက်စကားများမှာ ရှုလင်အားချက်ချင်းပင် အတွေးပြောင်းသွားစေပြီး အစောပိုင်းကရှိနေသောသူမ၏သံသယတို့ကိုလည်းချက်ချင်းပင်ပျောက်ကွယ်သွားစေနိုင်ပေသည်။
သူမ သိပေသည်။ ကျိုးဟောင်ကဘယ်လိုများ ဥက္ကဌကျိုးဖြစ်နိုင်မည်လဲ သူမအတွေးလွန်သွားခြင်းသာဖြစ်ပေလိမ့်မည်။
"ငါတို့လေဆာလက်နက်တွေသွားဝယ်ကြတော့မလား"
ကျိုးဟောင်မှာစိတ်အေးသွားကာ ချက်ချင်းပင်စကားလမ်းကြောင်းလွှဲလိုက်လေသည်။
အကယ်၍သူတို့သာစကားဆက်ပြောနေပါက ရှုလင်သိသွားမည်ကိုကြောက်ရပေသည်။
"လေဆာလက်နက်"
ကျိုးဟောင်၏စကားအားကြားသောအခါ ယွမ်ချန်းမှာမှင်တက်သွားသည်။ သူတို့သည် လေဆာလက်နက်များပင်လိုအပ်သည်လော။
"လေဆာလက်နက်တွေက အကောင်းဆုံးရွေးချယ်မှုတော့မဟုတ်ဘူး"
ကျန်းယိမှာလည်း ထိုအချိန်တွင်ခေါင်းယမ်းလိုက်သော်လည်း ထို့နောက် အလျင်အမြန်ပင်ထပ်ပြောလာလေသည်။
"ကျိုးဟောင်ပြောတာမှန်တယ် စစ်မြေပြင်မှာ သွေးအနှစ်သာရစွမ်းအင်ပြန်ဖြည့်ဖို့အခွင့်အရေးမရှိလောက်ဘူး"
"တကယ်လို့ ငါတို့ရဲ့သွေးအနှစ်သာရစွမ်းအင်ကုန်သွားလို့ ငါတို့တိုက်ပွဲထဲထပ်ပါရမယ်ဆိုရင် လေဆာလက်နက်တွေကအရမ်းအသုံးဝင်လာမှာ ညီကိုဟောင်က တကယ့်ကိုရှေ့ကိုကြိုတွေးတတ်တာပဲ"
မူလက ကျန်းယိမှာလေဆာလက်နက်များမှာ သိပ်မကောင်းလောက်ဘူးဟုတွေးခဲ့သော်လည်း ထပ်မံတွေးကြည့်လိုက်သည့်အချိန်တွင် ကျိုးဟောင်မှာ ၇ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်း၏ အသန်မာဆုံးလူဖြစ်ရန်ထိုက်တန်ကြောင်းခံစားလိုက်ရပေသည်။ သူသည်တကယ်ပင် ရှေ့ရေးကိုကြိုတွေးတတ်ပေသည်။
"ဖွီ ကျန်းယိမင်းခွေးကောင် မင်းကကျိုးဟောင်နဲ့အဆင်ပြေနေတာပဲကို ဒီလိုမျိုးအချင်းချင်းမြှောက်ပင့်နေစရာတော့မလိုဘူးမဟုတ်လား"
ယွင်ယန်မှာ တခစ်ခစ်ဖြင့် ထရယ်လေသည်။
"အာ...."
ကျန်းယိမှာရယ်ရမလား ငိုရမလားပင်မသိတော့ပေ။ သူသည်တကယ်ကို ကျိုးဟောင်အားထိုသို့တွေးကာ မြှောက်ပင့်ပြောလိုက်ခြင်းမဟုတ်ပေ။ စစ်မြေပြင်တွင် ထိုကဲ့သို့သောအခြေအနေမျိုးဖြစ်လာနိုင်ပေသည်။
"အခုမင်းပြောလိုက်ကာမှ ငါကောင်းတာတစ်ခုကိုသတိရသွားပြီ"
....................................................................................
အခန်း(၂၉၈) ပြီးပါပြီ။
အခန်း (၂၉၉) : ကောင်းတဲ့အရာတွေဆိုတာ လူတိုင်းနဲ့ဝေမျှသင့်တယ်
ကျိုးဟောင်ကပြောပြီးသည်နှင့် ပလက်တီနမ်အဆင့်စွမ်းအင်ဘားများကိုထုတ်လိုက်လေသည်။
"လခွမ်း နင့်မှာ အဲ့တာတွေရှိတာလား"
ယွင်ယန်မှာ မှင်တက်သွားခဲ့ပြီး ရှုလင်ကလည်း သူ့အားအံ့ဩစွာကြည့်နေလေသည်။
သူတို့နှစ်ယောက်၏အမူအရာကိုကြည့်ခြင်းအားဖြင့် ဒါဘာတွေမှန်း သိပုံရလေသည်။
"ဒါဘာတွေလဲ"
ယွမ်ချန်း ပုံမှန်မသိသူတယောက်ပြုမူပုံနှင့်မေးလိုက်လေသည်။ ဒီပလက်တီနမ်အဆင့်စွမ်းအင်ဘားများက မူလအဆင့်ပညာရှင်များ ကြားတွင်သာ လည်ပတ်နေသေးလေသည်။
မူလအဆင့်နှင့်အောက် သိုင်းပညာရှင်များမှာ ဒီပလက်တီနမ်အဆင့်စွမ်းအင်ဘားများအကြောင်းသိပ်မသိသေးပေ။
"ဘယ်လိုတောင်သန့်စင်တဲ့ စွမ်းအင်တွေလဲ။ ဒါဘယ်လိုရတနာမျိုးလဲ"
ကျန်းယိမှာလည်း တအံ့တဩဖြစ်နေလေသည်။ သူ့မျက်လုံးနှင့်တွေ့ရခြင်းကြောင့်သာ ဒါတွေရှိမှန်းလက်ခံနိုင်ခြင်းဖြစ်လေသည်။
"ဒါကပေါင်းစပ်ပုံဆောင်ခဲတွေပဲ။ ငါ့ဆရာက ငါ့ကိုပေးခဲ့တာ"
ကျိုးဟောင်က ပုံမှန်အတိုင်းပြောလိုက်သည်။ သူ့တွင် မူလအဆင့်ဆရာတယောက်ရှိကြောင်း အရိက်အမြွက် ပေးထားခဲ့ပြီးဖြစ်လေသည်။
ဒီအကြောင်းပြချက်ကြောင့်သာ သူ့အနေဖြင့် ဒီလို ပလက်တီနမ်စွမ်းအင်ဘားများအား ထုတ်ပြလို့ရခြင်းဖြစ်ပြီး အနာဂတ်တွင်လည်း ရှုလင်အတွက် အများအပြားထောက်ပံ့ပေးနိုင်မည်ဖြစ်လေသည်။
"ပေါင်းစပ်ပုံဆောင်ခဲဟုတ်လား အဲ့ဒါဘာလဲ"
ယွမ်ချန်း နှင့် ကျန်းယိတို့၏ အမူအရာများမှာ ဒီအဖိုးတန်ရတနာအကြောင်း ဘာမှမသိသော လူများကဲ့သို့ဖြစ်နေလေသည်။
"ငါလည်းတကယ်တော့ သိပ်မသိဘူး။ ရှုလင်ရှင်းပြလိုက်ပါလား"
ယွင်ယန်မှာလည်း သူမသေချာမသိသောကြောင့် မရှင်းပြလိုဘဲ ပိုသိနိုင်ချေရှိသောရှုလင်အား ရှင်းပြခိုင်းလေသည်။
"ငါလည်းအများကြီးတော့မသိဘူး။ ဒါတွေက ပေါင်းစပ်ပုံဆောင်ခဲတွေဖြစ်ပြီး မူလအဆင့်ပညာရှင်တွေကြားမှာ ရေပန်းစားနေတယ်ဆိုရုံလောက်သာသိတယ်"
ရှုလင်မှာပြောပြနေရင်း တခုခုစဉ်းစားမိပြီးမျက်လုံးများအရောင်တောက်သွားလေသည်။
ကျိုးဟောင်၏ဆရာမှာ မူလအဆင့်ပညာရှင်တယောက်ဖြစ်ကြောင်းလူတိုင်းသိကြသည်။ ဒါ့အပြင် မူလအဆင့်ကောင်စီ၏ ဂုဏ်ထူးဆောင်ဥက္ကဌစီနီယာကျိုးဖြစ်နိုင်ချေတွေလည်းတွေ့ရလေသည်။
ဒီအချက်များကြောင့် ကျိုးဟောင်လက်ထဲတွင် ဒီပေါင်းစပ်ပုံဆောင်ခဲများ ရှိနေသည်မှာ မထူးဆန်းတော့ပေ။
"ဟမ်..."
"ဘာ..."
"ဒါတွေက..."
ကျန်းယိ ၊ ယွမ်ချန်း နှင့် ယွင်ယန်တို့အားလုံး တုန်လှုပ်သွားကြသည်။
ဒါတွေက မူလအဆင့်တွေကြားမှာ လည်ပတ်နေတဲ့ပစ္စည်းတွေဖြစ်ပြီး ပိုကြောက်စရာကောင်းသည့်အချက်မှာ ကျိုးဟောင်တွင် အများကြီးရှိနေခြင်းဖြစ်လေသည်။
"ညီနောင်ဟောင် ဒါက တကယ့်ကိုပေါင်းစပ်ပုံဆောင်ခဲတွေလား"
ယွမ်ချန်းက ကျိုးဟောင်အား မမှိတ်မသုန်စိုက်ကြည့်နေပြီး သူ့မျက်လုံးများတွင်လေးစားအားကျမှုများပြည့်နေလေသည်။
ကျိုးဟောင်မှာ မူလအဆင့်ပညာရှင်များအကြားတွင်သာရှိသော ရတနာတခုကို ယူဆောင်လာသောကြောင့် သူတကယ့်ကို အထင်ကြီးသွားမိလေသည်။
"ဒါတွေက သွေးအနှစ်သာရစွမ်းအင်တွေကိုပြန်ပြည့်အောင်လုပ်နိုင်တာလား"
ကျန်းယိက မဝံ့မရဲမေးလိုက်သည်။
"မင်းတို့ တယောက်ချင်းစီကို ၁၀ချောင်းစီလက်ဆောင်ရမယ်။ ဒါတွေက တိုက်ပွဲအတွင်းမှာ မင်းတို့ရဲ့ သွေးအနှစ်သာရကို အမြန်ပြန်လည်ဖြည့်တင်းပေးနိုင်တယ်"
ကျိုးဟောင်က ခေါင်းညိတ်ပြီးပြန်ပြောလိုက်သည်။
သူ့စကားကြောင့် ယွင်ယန်နှင့် အခြားလူများမှာ နှလုံးခုန် ရပ်မတတ် စိတ်လှုပ်ရှားသွားကြသည်။
ယွင်ယန်မှာ သူမ၏မိသားစုအကြီးပိုင်းများဆီမှ ဒီပေါင်းစပ်ပုံဆောင်ခဲများ အကြောင်းကြားဖူးခဲ့ပြီး တခုကိုယွမ် ၃သန်းတန်ကြေးရှိကြောင်းသိခဲ့ရသည်။ ရှားပါးပြီး အချိန်တိုအတွင်း မရနိုင်သောကြောင့် ထိုပုံဆောင်ခဲများမှာ အဖိုးတန်လှပေသည်။
မူလအဆင့်ထိရောက်အောင် ကျင့်ကြံပြီးသော သိုင်းပညာရှင်များမှာ ပစ္စည်းများကို လဲလှယ်ဖို့ငွေသားစက္ကူများမသုံးတော့ဘဲ ရောင်စုံပုံဆောင်ခဲများအား အသုံးပြုကြောင်းကိုလည်း သူမ သိလေသည်။
"နင့်မှာ ဘာလို့ ဒီလောက်တောင် ပေါင်းစပ်ပုံဆောင်ခဲအများကြီးရှိနေရတာလဲ"
ရှုလင်က သံသယစိတ်ဖြင့်မေးလိုက်သည်။
ပေါင်းစပ်ပုံဆောင်ခဲတတုံးမှာ ယွမ်၃-၅သန်း တန်ကြေးရှိပြီး ကျိုးဟောင်အနေဖြင့် အများအပြား၀ယ်ယူနိုင်ဖို့မဖြစ်နိုင်ပေ။
"ငါ့ဆရာကပေးခဲ့လို့ပါ"
ကျိုးဟောင်ကလည်း ဒီအတွက် အကြောင်းပြချက်ကောင်းရှာခဲ့ပြီးသားဖြစ်လေသည်။
ယွင်ယန်မှာ ရှက်နေသော်လည်း ဒီလို ရှားပါးပစ္စည်းများကိုတော့ လိုချင်စိတ်ရှိလေသည်။ သူမက လက်ကလေးဖြန့်ပြီး စွမ်းအင်ဘားများအား လက်ခံရင်းပြောလိုက်သေးသည်။
"ဒီပုံဆောင်ခဲတွေက တန်ကြေး ယွမ်၃သန်းကနေ ၅သန်းအထိရှိပြီး ထောက်ပံ့နှုန်းကလည်း နည်းပါးတယ်။ ဓားပြအတိုက်မခံရအောင်လည်း ဂရုစိုက်ဦး"
"ဒါက..."
ကျန်းယိကတော့ သူ့လက်ကို ဆတ်ခနဲပြန်ရုတ်သွားခဲ့သည်။
ရှုလင်မှာ ကျိုးဟောင်၏ကောင်မလေးဖြစ်သောကြောင့် ကျိုးဟောင်၏ပိုင်ဆိုင်မှုက ရှုလင်နဲ့သာ သက်ဆိုင်လေသည်။
ယွင်ယန်ကလည်း ကျိုးဟောင်အပေါ်အနည်းငယ်စိတ်၀င်စားမှုရှိလေသည်။ ဒါက သိုင်းပညာရှင်လောကတွင် ဖြစ်တတ်သည့်သဘောဖြစ်ပြီး စွမ်းအားကြီးသိုင်းပညာရှင်တွင် လက်တွဲဖော် အများအပြားရှိလေသည်။
ကျင့်ကြံသူ၏ အဆင့်တခုတက်သွားတိုင်း သူ၏သက်တမ်းမှာလည်း ပိုရှည်သွားသောကြောင့် စွမ်းအားကြီးသိုင်းပညာရှင်များတွင် လက်တွဲဖော် အများအပြားရှိတတ်ကြပေသည်။
ကျိုးဟောင်၏ လက်ရှိအနေအထားအရ အနာဂတ်တွင် ယွင်ယန်အား ဒုတိယဇနီးအဖြစ်ယူလို့ရလေသည်။
ဒါ့ကြောင့်ကျိုးဟောင်က ယွင်ယန်အား ခွဲဝေပေးတာက သဘာ၀ကျလေသည်။
သို့သော်လည်း ကျိုးဟောင်က ယွမ်ချန်းအား လက်ထပ်ဖို့ကြံနေခြင်းကတော့ မဖြစ်နိုင်ပေ။ ဒါ့အပြင်သူသည် ကျိုးဟောင်နှင့် သူငယ်ချင်းကောင်းများဖြစ်သော်လည်း ယွမ် ၃၅သန်းတန်ကြေးရှိသည့်ပစ္စည်းအား ဒီအတိုင်းတော့ မယူနိုင်ပေ။
"တကယ်တော့ ငါ့ဆရာရဲ့အနေအထားက ယွမ်၃၊၄သန်း က ၃၊၄ယွမ်လောက်ပဲ ရှိတာပါ။ အဲ့တာကြောင့်ယူပါ"
ကျိုးဟောင်မှာ ကျန်းယိနှင့် ယွမ်ချန်းတို့၏ အားနာနေမှုကို မြင်သောကြောင့် ပြောလိုက်လေသည်။
"ဒီလိုလုပ်ပါလား ငါ့ကိုခဏချေးတယ်သဘောထားလိုက်"
ကျန်းယိမှာ တကယ်ကို ဖြောင့်မှန်သောလူဖြစ်ပြီး ကျိုးဟောင်ဘယ်လိုပင်ဆိုပါစေ သူအလကားတော့ လက်မခံလိုပေ။
ယွမ်ချန်းလည်း ထိုနည်းလည်းကောင်းပင်။
"လာသွားပြီးတော့ လေဆာလက်နက်တွေ၀ယ်ကြရအောင်"
ပလက်တီနမ်ဘားများလည်း သေချာသိမ်းဆည်းပြီးနောက် ကျန်းယိပြောလိုက်သည်။
"သေချာတာပေါ့"
ယွင်ယန်ကခေါင်းညိတ်လိုက်သည်။
သူတို့အားလုံးတွင် ပလက်တီနမ်စွမ်းအင်ဘားများရှိနေသော်လည်း တကယ့်ရှေ့တန်းတိုက်ပွဲထဲသို့၀င်ရမည်ဖြစ်သောကြောင့် ရနိုင်သမျှကို စုဆောင်းထားဖို့လိုလေသည်။
..............................................................................
အခန်း (၂၉၉) ပြီးပါပြီ။
အခန်း (၃၀၀) : ကြယ်တာရာကွင်း နည်းပညာ
ကျိုးဟောင်မှာ လေဆာလက်နက်များအရောင်းဆိုင်သို့တခါမှမရောက်ဖူးသောကြောင့် အထဲတွင် ဘာရှိမှန်းမသိပေ။
သူခဏလောက် စူးစမ်းချင်စိတ်ပြင်းပြသွားသည်။
" နေဦး ငါတို့တနေရာအရင်သွားကြရမယ်"
ရှုလင်ကပြောလိုက်ပြီး ဆိုင်းဘုတ်တခုအား ညွှန်ပြနေလေသည်။
"ကြယ်တာရာကွင်း နည်းပညာဆိုင်အတွေ့အကြုံစင်တာ"
ကြယ်တာရာကွင်းနည်းပညာသည် ခေတ်သစ် လက်နက်နှင့် နည်းပညာများ၏ ဦးဆောင်သူလို့ဆိုနိုင်သည်။
အစိမ်းရောင်သုတေသနအဖွဲ့အစည်းတောင်မှ ဒီကြယ်တာရာကွင်းနည်းပညာအဖွဲ့နှင့် ယှဉ်ရင်အားနည်းသေးသည်။
"ဘာဖြစ်လို့လဲ"
ကျိုးဟောင်မှာ ခေတ်ပေါ်နည်းပညာလက်နက်များအကြောင်းသိပ်မသိပေ။ သူသည် ခေတ်ပေါ်လက်နက်များအပေါ်လည်း သိပ်ဂရုမစိုက်တတ်ပေ။
သူ့၏လက်နက်များမှာ ရှားပါးအဆင့်ရတနာများဖြစ်ပြီး သူကိုယ်တိုင်ကလည်း အလွန်ပင်စွမ်းအားကြီးသောကြောင့် ဒီလိုခေတ်ပေါ်နည်းပညာလက်နက်များက သူ့အတွက်မလိုအပ်ပေ။
"ညီနောင်ဟောင် မင်းတကယ်မသိတာလား"
ကျိုးဟောင်၏ကြောင်အမ်းအမ်းအမူအရာကြောင့် ယွမ်ချန်းကမေးလိုက်သည်။
"ကြယ်တာရာကွင်းနည်းပညာဆိုတာ ဒီကမ္ဘာပေါ်က နံပါတ်၁ နည်းပညာကုမ္ပဏီတခုပဲ။ သူတို့က နည်းပညာမြင့်ချပ်၀တ်တွေ၊ အရိုးအဆစ်အတုတွေ၊ မီးလက်သီးတွေ၊ လေဆာလက်နက်တွေ ၊ နာနိုလက်နက်တွေနဲ့ အမျိုးမျိုးသော သယ်ဆောင်ရေးယာဉ်တွေထုတ်လုပ်တယ်"
ယွမ်ချန်းက သေချာရှင်းပြနေလေသည်။
"ငါတို့အစောပိုင်းကသုံးခဲ့တဲ့ တိုက်လေယာဉ်တွေကလည်း ဒီကြယ်တာရာကွင်းရဲ့ထုတ်ကုန်တွေပဲ"
" အဲ့ကုမ္ပဏီကို နိုင်ငံကြီး၅နိုင်ငံကအညီမျှပိုင်ဆိုင်ပြီး များစွာသော ညွှန်ကြားသူတွေရှိတယ်"
ယွမ်ချန်းသည် ဒီကိစ္စနှင့်ပတ်သက်ပြီး အတော်ပင် သိရှိပုံရလေသည်။
ကျိုးဟောင်၊ ယွင်ယန်နှင့် အခြားသူများမှာ ယွမ်ချန်းလောက် ဗဟုသုတမကြွယ်သောကြောင့် ယွမ်ချန်းပြောသည်ကို တိတ်ဆိတ်နားထောင်နေကြလေသည်။
"လာပါ တုံ့ဆိုင်းမနေပဲ အဲ့ကိုသွားကြရအောင်"
ကျိုးဟောင်လည်း ခဏတာနားထောင်ပြီးနောက် သဘောပေါက်လာခဲ့သည်။ ကြယ်တာရာကွင်းနည်းပညာများမှာ တကယ့်ကိုဈေးကြီးလှသည်။ တခြားနည်းပညာများနှင့် ယှဉ်ရင် ၎င်းက ဈေးအကြီးဆုံးဖြစ်လေသည်။
"အာ...ဒီပစ္စည်းတွေက တကယ့်ကိုဈေးကြီးတာပဲ"
ရှုလင်လည်း ကြည့်ရင်းပြောစရာစကားမဲ့နေခဲ့သည်။သူမလို သူဌေးသမီးလေးကတောင်မှ ဈေးကြီးလိုက်တာလို့ ငြီးငြူရင် တခြားသာမန်လူများက ဘယ်တတ်နိုင်မည်နည်း။
"ဒီမှာငါတို့ပစ္စည်းတွေရောင်းလို့ရလား"
ကျိုးဟောင်က ခဏလောက်စဉ်းစားပြီး မေးလိုက်သည်။သူတို့အားလုံးတွင် စွမ်းအင်ဘားများကိုယ်စီရှိကြပြီး အနည်းငယ်ပြန်ရောင်းလို့ရလေသည်။
"ကြယ်တာရာကွင်းဆီကို ပစ္စည်းတွေကို ပြန်ရောင်းလို့တော့မရဘူး ဒါပေမဲ့..."
ရှုလင်ကပြောနေရင်းတုံ့ဆိုင်းသွားခဲ့သည်။
"ဘာဖြစ်လို့လဲ"
ကျိုးဟောင်မှာ ရှုလင်တခုခုပြောချင်နေမှန်းသဘောပေါက်သည်။
"ငါ့မှာ ရှေ့တန်းခံတပ်တွေမှာ တိုက်ပွဲ၀င်နေကြတဲ့ ဦီးလေးတွေ အဒေါ်တွေရှိတယ်။ တကယ်လို့နင်တို့တွေ ပေါင်းစပ်ပုံဆောင်ခဲတွေကိုရောင်းချင်တယ်ဆိုရင်ငါဈေးကြီးပေးပြီး၀ယ်ပါ့မယ်။ ငါ့အတွက်မဟုတ်ပါဘူး ငါ့မိသားစုနာမည်နဲ့၀ယ်မှာပါ"
ရှုလင်မှာ ပြောပြီးနောက်အနည်းငယ်ရှက်နေလေသည်။
မူလအဆင့်ပညာရှင်တိုင်းက ဒီပေါင်းစပ်ပုံဆောင်ခဲချောင်းများအား အသည်းအသန်လိုချင်နေကြလေသည်။
"ငါအားလုံးကိုပြောချင်တာရှိတယ်။ ငါနင်တို့အားလုံးအတွက် အကောင်းဆုံးဈေးနှုန်းရအောင်လုပ်ပေးပါ့မယ်။ ဒီပေါင်းစပ်ပုံဆောင်ခဲတွေက တကယ်ကိုအဖိုးတန်သောကြောင့် ငါတို့မိသားစုအနေနဲ့ ဈေးကြီးပေးခဲ့တာတောင်မှ မရခဲ့သေးဘူး"
ရှုလင်မှာ အကြံကြီးသော မိန်းကလေးမဟုတ်ပေ။ ဒါ့ကြောင့် အားလုံးအပေါ်အမြတ်ထုတ်ဖို့ ကြိုးစားနေခြင်းလည်းမဟုတ်ခဲ့ပေ။
သူမအနေနဲ့ ဒီပေါင်းစပ်ပုံဆောင်ခဲများကို ဈေးအနည်းငယ်နှင့် ၀ယ်နိုင်ခဲ့ရင်တောင်မှ သူမ မိသားစုက ပြန်လည်ရောင်းချပါက အကျိုးအမြတ်အများအပြားရနိုင်လေသည်။
ဒီလိုအခြေအနေများကြောင့် သူမသည် ကျန်းယိ နှင့် အခြားသူများအာ ခေါင်းပုံဖြတ်သလိုဖြစ်မည်ဆိုးသောကြောင့် ရှက်ရွံ့နေလေသည်။
"ရှုလင် နင်ဒီလိုပြောတာက ငါတို့ကိုသူငယ်ချင်းတွေလိုဆက်ဆံတာနဲ့မတူတော့ဘူး။ဒီလိုလုပ်ပါလား ငါပေါင်းစပ်ပုံဆောင်ခဲ ၅ချောင်းရောင်းမယ်လေ"
ကျန်းယိမှာ ခဏလောက်စဉ်းစားပြီးနောက် ဒီလိုကနဦးရင်းနှီးမြှုပ်နှံမှုကဖြစ်သင့်ကြောင်းသဘောပေါက်ပြီးပြောလိုက်သည်။
တကယ်လို့သူသာ တိုက်ပွဲထဲမှာ သေဆုံးသွားပါက ဒီပေါင်းစပ်ပုံဆောင်ခဲ၁၀ချောင်းက အလကားဖြစ်သွားမည်ဖြစ်သည်။
ဒါ့အပြင် ကျိုးဟောင်၏သူငယ်ချင်းသံယောဇဉ်အတွက်လည်း ဘာမှ ပြန်လုပ်ပေးနိုင်မည်မဟုတ်တော့ပေ။
"ငါလည်း ၅ချောင်းရောင်းမယ်"
ယွမ်ချန်းကလည်း ကျန်းယိကဲ့သို့ဆုံးဖြတ်လိုက်သည်။
ဒီပေါင်းစပ်ပုံဆောင်ခဲများမှာ ကျိုးဟောင်ဆီမှ ချေးငှားထားသည့်သဘောဖြစ်ပြီး ပြန်ရောင်းဖို့အတွက် အနည်းငယ်အားနာနေရလေသည်။
"ငါကတော့ ငါ့မိသားစုကိုပဲပြန်ရောင်းလိုက်မယ်"
ယွင်ယန်က ပြုံးပြီးပြန်ပြောလိုက်သည်။ ယန်မိသားစုအနေနှင့် သူမ၏လက်ထဲတွင်ရှိသောပေါင်းစပ်ပုံဆောင်ခဲ ပေါင်းစပ်ပုံဆောင်ခဲ ၅ချောင်းကို၀ယ်နိုင်ပါ့မလား မသေချာပေ။
ရှုလင်က အလျင်အမြန်ပင် သူမမိသားစုကို ဆက်သွယ်လိုက်ပြီး သဘောတူညီချက်လုပ်လိုက်လေသည်။
ရှုမိသားစုတွင် အရင်းအနှီးများစွာရှိသည့်အတွက် သင့်လျော်သော ဈေးနှုန်းအားပေးနိုင်လေသည်။
ရှုမိသားစုသည် ပေါင်းစပ်ပုံဆောင်ခဲများအား တခုလျှင်ယွမ် ၆သန်းပေး၍၀ယ်ယူသွားလေသည်။ ဒီပမာဏသည် ပုံမှန်ဈေးထက် ယွမ်၁သန်းပင်ပိုလေသည်။
"နင်တို့ ငွေလွှဲတာရကြလား"
ရှုလင်က ကျိုးဟောင်နှင့်ကျန်းယိအားကြည့်ပြီးမေးလိုက်သည်။
သူမကသေချာရှင်းပြထားသောကြောင့်ရှုမိသားစုက ကျန်းယိနှင့် ယွမ်ချန်းဆီအား ယွမ် သန်း ၃၀နှင့် ကျိုးဟောင်ဆီအား ယွမ်သန်း၆၀လွှဲပေးလေသည်။
"ဒါပထမဆုံးအကြိမ်ငါပိုက်ဆံတွေအများကြီးမြင်ဖူးတာပဲ"
ကျန်းယိက ရေရွတ်လိုက်သည်။
ကျန်းယိမှာ ဆရာသခင်အဆင့်ထိရောက်အောင်ကျင့်ကြံနိုင်ခဲ့သော်လည်း ဆင်းရဲသည့်မိသားစုမှ လာခဲ့သူဖြစ်လေသည်။
"ငါရောပဲ"
ယွမ်ချန်း၏မိသားစုမှာလည်း သာမန်မိသားစုလေးသာဖြစ်သောကြောင့် ဒီလိုပိုက်ဆံအများအပြားကို သူမမြင်ဖူးခဲ့ပေ။
..............................................................................
အခန်း (၃၀၀) ပြီးပါပြီ။