အခန်း (၂၈၆-၂၈၈)
Vol. 20 Ch. 286-288
အခန်း (၂၈၆) : ရန်သူအားမျှားခေါ်ခြင်း
လူသားမျိုးနွယ်သိုင်းပညာရှင်များဘက်တွင် လူတိုင်း၌ပလက်တီနမ်အဆင့်စွမ်းအင်ဘားများရှိကြပေရာ သူတို့၏သွေးအနှစ်သာရစွမ်းအင်များကုန်ဆုံးသွားပါက လျင်မြန်စွာပြန်လည်ကောင်းမွန်လာနိုင်ရန် ပလက်တီနမ်အဆင့်စွမ်းအင်ဘားများအား သုံးနိုင်ပေသည်။
ရွှေနီရောင်မီးခြင်္သေ့မှာမူစွမ်းအားကြီးသော်လည်း ၎င်း၏စွမ်းအင်အနှစ်သာရအားပြန်လည်ဖြည့်တင်းပေးနိုင်သည့် မည်သည့်ရတနာမျှမရှိပေ။
ဤပုံအတိုင်းဆိုပါက ကျိုးဟောင်အတွက်တစ်ဖက်မှပြိုင်ဘက်အား နှိမ်နင်းနိုင်သည့်ဖြစ်နိုင်ခြေမှာအလွန်မြင့်နေပြီဖြစ်သည်။
"ပုရွတ်ဆိတ်တွေ ထွက်သွားကြစမ်း"
တိုက်ပွဲထဲရှိ ရွှေနီရောင်မီးခြင်္သေ့မှာတဖြည်းဖြည်းနှင့် ဒေါသအလွန်ထွက်လာပြီဖြစ်သည်။
မူလက သူ၏ရည်ရွယ်ချက်မှာအလွန်သိသာပေသည်။ ၎င်းမှာကျိုးဟောင်အားသတ်ရန်ပင်ဖြစ်သည်။
သို့သော် တိုက်ပွဲနောက်ပိုင်းတွင်ထိုသတ္တဝါအားဒဏ်ရာရအောင်လုပ်သူမှာကျိုးဟောင်မဟုတ်တော့ဘဲ ဘေးရှိအခြားသိုင်းပညာရှင်များကြောင့်သာ မပြင်းထန်သလိုပေါ့လည်းမပေါ့သော ဒဏ်ရာများပေါ်လာခဲ့ခြင်းဖြစ်သည်။
ရွှေနီရောင်မီးခြင်္သေ့ ထိန်းမရအောင်ဒေါသထွက်လာသည့်အချိန်တွင် ကျိုးဟောင်လည်းထပ်မံပေါ်လာပေသည်။
ကျိုးဟောင်အားမြင်လိုက်သောအခါ ဒေါသဖြစ်နေသောရွှေနီရောင်မီးခြင်္သေ့မှာ ပို၍ပင်ယမ်းပုံမီးကျဒေါသထွက်လာပေသည်။
"သားရဲကောင် ဒူးထောက်ပြီးအသနားခံလိုက်စမ်း တကယ်လို့ အဲဒီလိုမဟုတ်ဘဲမင်းကိုယ်မင်းကိုယ်ရည်သွေး ပြရဲရင် နောက်ကျငါမင်းကို အရှင်လတ်လတ် အရေခွံခွာပစ်မယ်"
ကျိုးဟောင်မှာ ထိုသတ္တဝါအားဆက်ကာ ရန်စနေပေသည်။
လူသားမျိုးနွယ်၏စကားအားနားလည်သော ယခုလိုမိစ္ဆာသားရဲများတွင်လည်း ကောင်းကျိုးအချို့ရှိပေသည်။
ယခုလိုမျိုးပင်ဖြစ်သည်။ ကျိုးဟောင်မှာရွှေနီရောင်မီးခြင်္သေ့အား အန္တရာယ်မပေးဘဲအလွန်အမင်းစော်ကားရာကျသော စကားလုံးများကိုသုံးကာ ဒေါသထွက်လာအောင်ဆွပေးလို့ရပေသည်။
ဤသတ္တဝါဒေါသထွက်လာလေ သတ်ရန်လွယ်ကူလေဖြစ်သည်။
"ပုရွတ်ဆိတ်လေး မင်းလောက်နဲ့ငါ့ကိုဒေါသဖြစ်အောင်လုပ်နိုင်မယ်ထင်လား"
ရွှေနီရောင်မီးခြင်္သေ့မှာအလွန်အမင်းဒေါသထွက်နေသည့်အချိန်မှာပင် တည်ငြိမ်ဟန်ဆောင်ကာ ပြောလိုက်ပေသည်။
ဤသတ္တဝါမှာမိစ္ဆာသားရဲဖြစ်သော်လည်း အနည်းငယ်အကြံများသောမိစ္ဆာသားရဲမျိုးဖြစ်သည်။
"ဥက္ကဌကျိုး ဒီရွှေနီရောင်မီးခြင်္သေ့ကို မျှားခေါ်ဖို့အကောင်းဆုံးကြိုးစားပေးပါ"
ကျိုးဟောင်နှင့်ရွှေနီရောင်မီးခြင်္သေ့ ထိပ်တိုက်တိုက်ခိုက်နေသည့်အချိန်တွင် ချိုသာပြီးပြတ်သားသောအသံတစ်ခုအားစိတ်ထဲမှကြားလိုက်ရပေသည်။
"ဘာလို့လဲ"
ကျိုးဟောင်မှာအက်ကွဲကြောင်း၏ဝင်ပေါက်အားကြည့်လိုက်သည်။ ထိုနေရာတွင်မတ်တတ်ရပ်နေသူမှာ အစိမ်းရောင်တိမ်တိုက်ဌာန၏သုတေသနဝတ်စုံဝတ်ထားသည့် ခဲပြာရောင်ဆံနွယ်ရှည်များဖြင့် လှပသောအမျိုးသမီးတစ်ယောက်ပင်ဖြစ်သည်။
အစောပိုင်းက ကျိုးဟောင်အားစိတ်ထဲမှစကားလှမ်းပြောသူမှာ ထိုကျက်သရေရှိသောမိန်းမလှလေးပင်ဖြစ်သည်။
"ပြီးခဲ့တဲ့တိုက်ပွဲတွေမှာတုန်းက ရှင်စစ်မြေပြင်မှာစက်ရုပ်မျိုးနွယ်ရဲ့ပိတ်ဆို့ရေးစက်တွေအများကြီးကိုဖျက်ဆီးခဲ့တယ် ကျွန်မတို့သူတို့ရဲ့နည်းပညာတစ်ချို့ကိုဖော်ထုတ်အဆင့်မြှင့်ပြီးတော့ အားပြင်းတဲ့လေဆာအမြောက်တစ်မျိုးတီထွင်ထားတယ်"
"ရှင်တို့လုပ်ရမှာက ကျွန်မတို့ပစ်ကွင်းကောင်းကောင်းရအောင် ဒီရွှေနီရောင်မီးခြင်္သေ့ကိုမျှားခေါ်ရုံပဲ သူ့ကိုသာနတ်ဘုရားစွမ်းအားလေဆာအမြောက်နဲ့ထိအောင်ပစ်နိုင်ရင် သူဒဏ်ရာရသွားမှာပဲ"
လန်ချွဲ့မှ ကျိုးဟောင်အားစိတ်ရှည်လက်ရှည်ရှင်းပြလိုက်သည်။
သူမသည်ဘယ်တုန်းကမှယောက်ျားများအား စိတ်မရှည်ခဲ့သလိုစိတ်လည်းမဝင်စားခဲ့ပေ။
သို့သော် လျှို့ဝှက်ဆန်းကြယ်သောကျိုးဟောင်မှာတော့ ခြွင်းချက်ဖြစ်သည်။
"ကောင်းပြီ"
လန်ချွဲ့၏စကားအားကြားသောအခါ ကျိုးဟောင်မှာပျော်သွားသည်။ အစိမ်းရောင်တိမ်တိုက်သုတေသနသင်တန်းကျောင်းမှာ ဤမျှလောက်အံ့ဩဖွယ်ကောင်းမည်ဟု သူ မထင်ထားခဲ့ပေ။
စက်ရုပ်မျိုးနွယ်မှ ပိတ်ဆို့ရေးစက်များ၏စွမ်းအားအား သူမှတ်မိသေးသည်။
ရွှေနီရောင်မီးခြင်္သေ့မှာ လက်ရှိအချိန်တွင် သိုင်းပညာရှင်အများအပြား၏တိုက်ခိုက်မှုကိုခံနေရသော်လည်း ထိုသတ္တဝါစိတ်အဝင်စားဆုံးလူမှာ ကျိုးဟောင်သာဖြစ်သည်။
ကျိုးဟောင်မှာ ရွှေနီရောင်မီးခြင်္သေ့အားအက်ကွဲကြောင်းဝင်ပေါက်သို့မျှားခေါ်လာသည်ကို ရွှေနီရောင်မီးခြင်္သေ့မှာလုံးဝသတိမပြုမိပေ။
အက်ကွဲကြောင်း၏ပြင်ပတွင် လူသားမျိုးနွယ်၏ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ရှိနေမှန်း သူသိပေသည်။
သို့သော် ထိုလူသားပညာရှင်မှာတိုက်ပွဲတွင်ဝင်ရောက်စွက်ဖက်ခွင့်လုံးဝမရှိကြောင်းကိုလည်း သူသိပေသည်။ အခြားလူသားများမှာ သူ့မျက်လုံးထဲတွင်ပုရွတ်ဆိတ်များသာဖြစ်ပြီး ဘာမှကြောက်ရွံ့နေစရာမလိုပေ။
ထို့ကြောင့် ရွှေနီရောင်မီးခြင်္သေ့မှာ ကျိုးဟောင်အက်ကွဲကြောင်း၏ဝင်ပေါက်ဆီသို့ ထွက်ပြေးနေသည့်အချက်အား လုံးဝသတိမပြုမိခြင်းဖြစ်သည်။
"သူတို့ကိုဖြည်းဖြည်းချင်းပြန်ဆုတ်ခိုင်းလိုက်တော့ ကျွန်မတို့ပစ်ကွင်းရှင်းမဲ့အကောင်းဆုံးအချိန်ကိုရှာရမယ်"
ကျိုးဟောင်သည်မရိုးရှင်းမှန်း လန့်ချွဲ့သိသော်လည်း ယခုကိစ္စအားဤမျှလောက်အလွယ်တကူလုပ်နိုင်လိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။
"နားလည်ပြီ"
ကျိုးဟောင်မှာခေါင်းညိတ်ပြလိုက်သည်။ သူသည်ရွှေနီရောင်မီးခြင်္သေ့အား ဆက်လက်မျှားခေါ်နေရင်း ဘေးရှိသိုင်းပညာရှင်များအား စိတ်ထဲမှသတင်းပို့ကာ ဖြည်းဖြည်းချင်းပြန်ဆုတ်ခိုင်းနေပေသည်။
"အားလုံး ဖြည်းဖြည်းချင်းပြန်ဆုတ်ကြတော့ ဒီကောင်သတိမထားမိစေနဲ့"
စစ်မြေပြင်ရှိလူအားလုံးမှာ မူလအဆင့်ပညာရှင်များဖြစ်ပေရာ သူတို့နှင့်ဆက်သွယ်ရန်မှာအလွန်လွယ်ကူပေသည်။
ကျိုးဟောင်မှာအားလုံးကို စိတ်ထဲမှသတင်းပေးလိုက်ပြီးနောက်ပိုင်းတွင် မူလအဆင့်ပညာရှင်များမှာ ကျိုးဟောင်ဘာစီစဉ်နေမှန်းမသိကြသော်လည်း မည်သည့်ခြေရာလက်ရာမျှမချန်ဘဲ ဖြည်းဖြည်းချင်းပြန်လည်ဆုတ်ခွာနေကြပေသည်။
ရွှေနီရောင်မီးခြင်္သေ့၏အာရုံမှာ ကျိုးဟောင်အပေါ်တွင်သာရှိနေသော်လည်း တစ်ခုခုမှာပုံမှန်မဟုတ်ကြောင်းကို ခံစားမိပေသည်။
သို့သော် ထိုပုံမှန်မဟုတ်သည့်အရာအားအဖြေမရှာနိုင်သေးခင်မှာပင် သူ့အားတိုက်ခိုက်နေသည့်ကျိုးဟောင်သည်လည်း ရုတ်တရက်ပြန်လည်ဆုတ်ခွာသွားသည်ကို သဘောပေါက်လိုက်ပေသည်။
"ဟမ်"
ထိုအရာအားမြင်လိုက်သောအခါ ရွှေနီရောင်မီးခြင်္သေ့မှာ တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်း ချက်ချင်းပင်သဘောပေါက်လိုက်လေသည်။
ဘုန်း!
မျှော်လင့်ထားသည့်အတိုင်းပင် မီးဘောလုံးကြီးတစ်လုံးပမာ အဝေးမှကြီးမားသောအပြာရောင်မီးတောက်လုံးကြီးမှာ သူ့အားတိုက်ခိုက်လာပေသည်။
ဤအပြာရောင်ရောင်ခြည်တန်း၏အရှိန်မှာအလွန်လျင်မြန်လှပေရာ ရွှေနီရောင်မီးခြင်္သေ့ဘာဖြစ်နေမှန်းမသိလိုက်ခင်မှာပင် ၎င်း၏ကြီးမားသောခန္ဓာကိုယ်ကြီးပေါ်တွင် သွေးများစီးကျနေသောအပေါက်ကြီးတစ်ခုပေါ်လာလေသည်။
တစ်ချိန်တည်းမှာပင် ထိုစွမ်းအားမှာအလွန်အားပြင်းလွန်း၍ တိုက်ခိုက်မှုအပြီးတွင် နတ်ဘုရားစွမ်းအားအမြောက်မှာအပိုင်းပိုင်းအစစပေါက်ကွဲသွားပြီး သုတေသနပညာရှင်အများအပြားမှာလည်း ဒဏ်ရာရသွားကြသည်။
ကျိုးဟောင်မှာ လန်ချွဲ့နှင့်အခြားလူများအား လျစ်လျူရှုပြီး ရွှေနီရောင်မီးခြင်္သေ့ထံပြေးဝင်သွားလိုက်သည်။
ဤအချိန်သည် သေချာပေါက်ရှားပါးအခွင့်အရေးတစ်ခုပင်ဖြစ်သည်။
....................................................................................
အခန်း(၂၈၆) ပြီးပါပြီ။
အခန်း (၂၈၇) : ပိတ်ဆို့ခြင်း
ဂါး!
နတ်ဘုရားစွမ်းအားအမြောက်ကြောင့်ဒဏ်ရာရပြီးနောက် ရွှေနီရောင်မီးခြင်္သေ့မှာ ချက်ချင်းဆိုသလိုပင် ဒေါသတကြီးအော်ဟစ်လာလေသည်။ ၎င်းမှာ ကျိုးဟောင်၊ လန်ချွဲ့နှင့် အခြားလူများအားအလွန်မုန်းတီးနေသော မျက်လုံးများဖြင့်ကြည့်ကာထွက်ပြေးသွားလေသည်။
အစောပိုင်းကပေါက်ကွဲမှုမှာတကယ်ကိုကြောက်မက်ဖွယ်ကောင်းလှပေရာ ၎င်း၏နှလုံးသားပင် အစိတ်စိတ်အမြွှာဖြစ်လုနီးပါးဖြစ်သွားလေသည်။
"ရပ်စမ်း"
ကျိုးဟောင်သာမက အခြားသိုင်းပညာရှင်များသည်လည်း ယခုအချိန်သည်သေချာပေါက် ရွှေနီရောင်မီးခြင်္သေ့အားသတ်ရန်အကောင်းဆုံးအချိန်ဖြစ်သည်ကို သိကြပေသည်။
မျိုးနွယ်ခြားစစ်စခန်းတွင်ပင် ယခုလိုစွမ်းအားကြီးသော မျိုးနွယ်ခြား များများစားစားမရှိပေ။
ယနေ့တွင် ဤသတ္တဝါအားသူတို့သတ်နိုင်ပါက မျိုးနွယ်ခြားများ၏တိုက်ပွဲအင်အားအပေါ် ကြီးမားသောဆုံးရှုံးမှုတစ်ခုဖြစ်သွားမည်မှာ ဧကန်ပင်ဖြစ်သည်။
သို့သော်ဆာလောင်နေသောသစ်ကုလားအုတ်မှာ မြင်းတစ်ကောင်ထက်တော့ကြီးသေးတာပဲဖြစ်သည်။
ယခုအချိန်တွင် ရွှေနီရောင်မီးခြင်္သေ့မှာဒဏ်ရာပြင်းထန်စွာရနေသည်ဆိုသော်လည်း ၎င်းမှာသိုင်းပညာရှင်များတားဆီးနိုင်သောအရာတော့မဟုတ်ပေ။
ရွှေနီရောင်မီးခြင်္သေ့ထွက်ပြေးတော့မည်ကိုမြင်သောအခါ အားလုံးမှာအတော်လေးနောင်တရသလိုခံစားလိုက်ရပေသည်။
အကယ်၍ယခုတစ်ကြိမ်တွင်သူသာ ဤစွမ်းအားကြီးမိစ္ဆာသားရဲအားသတ်လိုက်ပါက အနာဂတ်တွင် ၁၃ခုမြောက်အက်ကွဲကြောင်းမှာ အများကြီးလုံခြုံသွားမည်ဖြစ်သည်။
"ဥက္ကဌကျိုး မဖြစ်ဘူး"
အားလုံးနောင်တရနေကြသည့်အချိန်တွင် ကျိုးဟောင်မှစလှုပ်ရှားကာထိုသတ္တဝါနောက်လိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
ထိုမြင်ကွင်းအားကြည့်ပြီး အားလုံးမှာခေါင်းယမ်းရင်းသက်ပြင်းသာချမိတော့သည်။
"ဥက္ကဌကျိုးက အရမ်းမိုက်မဲတာပဲ"
မူလအဆင့်သိုင်းပညာရှင်အချို့မှာဘာလုပ်ရမှန်းမသိဖြစ်နေကြပေသည်။ မည်သို့ပင်ဖြစ်စေ ဤနေရာသည်အက်ကွဲကြောင်းတစ်ခုဖြစ်ပြီး အက်ကွဲကြောင်း၏အနက်ပိုင်းတွင် ဘာရှိသလဲဆိုသည်အား မည်သူမျှမသိပေ။
ယခုအချိန်တွင်မိစ္ဆာသားရဲနောက်ကိုလိုက်ခြင်းသည် အမြော်အမြင်မရှိသောလုပ်ရပ်သာဖြစ်သည်။
"မြန်မြန်ပြန်လာခဲ့"
လင်ရှုယင်မှာစိုးရိမ်တကြီးဖြင့် ခြေဆောင့်လိုက်မိသည်။ ကျိုးဟောင်ရဲတင်းမှန်းကို သူမအစောကတည်းကသိထားသော်လည်း ပြိုင်ဘက်နောက်လိုက်သွားခြင်းမှာတော့ မှားယွင်းနေသလိုခံစားရပေသည်။
"စိတ်မပူကြနဲ့ ကျုပ်မကြာခင်ပြန်လာခဲ့မယ်"
ကျိုးဟောင်လိုက်သွားသည်မှာအဝေးကြီးရောက်နေပြီဖြစ်သော်လည်း သူ့စကားသံကိုတော့ အားလုံးကြားလိုက်ရပေသည်။
ထိုသတ္တဝါနောက်လိုက်သွားသူမှာ ကျိုးဟောင်တစ်ယောက်တည်းဖြစ်သော်လည်း ရွှေနီရောင်မီးခြင်္သေ့မှာရပ်ပြီးကျိုးဟောင်နှင့်တိုက်ခိုက်ရန်အစီအစဉ်မရှိပေ။
၎င်းမှာလက်ရှိအချိန်တွင်ဒဏ်ရာအပြင်းအထန်ရထားပေရာ ဂရုမစိုက်ပါကလူသားမျိုးနွယ်ပုရွတ်ဆိတ်များအား ရှုံးနိမ့်သွားနိုင်ပေသည်။
သို့သော်ကျိုးဟောင်မှာ အတော်လေးမြန်ပေသည်။ အက်ကွဲကြောင်းထဲမှာပင် သူ့အပေါ်၌မည်သည့်အကျိုးသက်ရောက်မှုမှမရှိပေ။
"မင်းကိုယ်မင်း ဘယ်သွားနေတယ်ထင်နေတာလဲ"
ဒေါသတကြီးကျုံးဝါးသံနှင့်အတူ ကျိုးဟောင်မှာရုတ်တရက်ဆိုသလိုအရှိန်မြှင့်ပြီး ရွှေနီရောင်မီးခြင်္သေ့ရှေ့တွင်ပိတ်ရပ်လိုက်သည်။
ထိုအချိန်မှာပင် ကျိုးဟောင်၏သံမဏိလက်သီးတစ်ချက်သည်လည်း ထွက်ပေါ်လာပေသည်။
ဘန်း!
ကြောက်မက်ဖွယ်ရာပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး ရွှေနီရောင်မီးခြင်္သေ့မှာကျိုးဟောင်လက်ချက်ဖြင့် နောက်ဆုတ်လိုက်ရသည်။
ထို့နောက် ကျိုးဟောင်၏မုန်တိုင်းသဖွယ်တိုက်ခိုက်မှုများမှာ မိုးရွာသကဲ့သို့ကျရောက်လာပေသည်။
နတ်စွမ်းအားလေဆာအမြောက်၏စွမ်းအားမှာ တကယ်ပင်အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။
ဤအရာမှာမြို့အားတိုက်ခိုက်ရန်စက်ရုပ်မျိုးနွယ်မှ အသုံးပြုသည့်အရာမှဆင်းသက်လာသောစွမ်းအားပြင်းနည်းပညာတစ်ခုဖြစ်ပြီး ရွှေနီရောင်မီးခြင်္သေ့ပင်ဤပစ္စည်း၏အစွမ်းအားမခံနိုင်ပေ။
ယခုတစ်ကြိမ်တွင် ရွှေနီရောင်မီးခြင်္သေ့မှာ ယခင်ကလိုမရဲတင်းတော့ပေ။အဘယ့်ကြောင့်ဆိုသော် ၎င်းမှာပြန်မတိုက်ခိုက်နိုင်လောက်သည်အထိ အရိုက်ခံထားရပေသည်။
သိပ်မကြာမီမှာပင် ၎င်း၏ကြီးမားသောခန္ဓာကိုယ်ကြီးမှာပြုတ်ကျလာလေသည်။
ကျိုးဟောင်အားကြည့်နေသော ရွှေနီရောင်မီးခြင်္သေ့၏မျက်လုံးများတွင်လည်းအမုန်းတရားများဖြင့် ပြည့်နေဆဲပင်ဖြစ်သည်။
၎င်းမှာလက်ရှိအချိန်တွင် ဒဏ်ရာအပြင်းအထန်ရထားသည်ဆိုသော်လည်း အကယ်၍ကျိုးဟောင်သာသူ့အနားကပ်လာရဲပါက ကျိုးဟောင်အားသေအောင်ကိုက်သတ်နိုင်သည့်ခွန်အားမျိုးတော့ ရှိသေးပေသည်။
ကောင်းကင်ပေါ်မှပြုတ်ကျလာသောရွှေနီရောင်မီးခြင်္သေ့အားမြင်သောအခါ ကျိုးဟောင်မှာထိုသတ္တဝါထံပျံသွားလိုက်လေသည်။
"ဒီကောင့်ဆီမှာ ဝှက်ထားတဲ့ဝှက်ဖဲရှိလောက်သေးတယ်..."
ရွှေနီရောင်မီးခြင်္သေ့၏ လုံးဝတုန်လှုပ်ခြင်းမရှိသည့်ပုံကိုကြည့်ပြီး ကျိုးဟောင်မှာ၎င်းထံတွင်ဖုံးကွယ်ထားသောလှုပ်ရှားမှုများရှိဦးမည်ဆိုတာကို ကျိုးဟောင်သဘောပေါက်လိုက်ပေသည်။
သို့သော် သူသည်လည်းလုံးဝအလျင်မလိုပေ။ အဘယ့်ကြောင့်ဆိုသော် သူ့လက်ထဲတွင်သားရဲထိန်းချုပ်ကွင်းအား ကိုင်ထားပြီးပြီဖြစ်သည်။
ရွှေနီရောင်မီးခြင်္သေ့၏အနားသို့တိုးသွားပြီးနောက် ၎င်းမှာတကယ်ကိုပင်ရုတ်တရက်တိုက်ခိုက်လာပြီး ကျိုးဟောင်၏လည်ပင်းအားကိုက်ရန်ပြင်လာလေသည်။
ထိုအချိန်ခဏ၌ ကျိုးဟောင်ပင်မရှောင်တိမ်းနိုင်တော့ပေ။
ကံကောင်းသည်မှာ ကျိုးဟောင်၏လက်ထဲမှ သားရဲထိန်းချုပ်ကွင်းမှာ ပွင့်ပြီးနေခြင်းဖြစ်သည်။
မူလကရွှေနီရောင်မီးခြင်္သေ့မှာ ကျိုးဟောင်မပြင်ဆင်ထားသည့်အချိန်တွင် ကျိုးဟောင်အားသေအောင်ကိုက်သတ်ချင်တာဖြစ်ပြီး ကျိုးဟောင်ထံ၌အထူးနည်းလမ်းတစ်ခုရှိမည်ဟုမမျှော်လင့်ထားခဲ့ပေ။
"အ!"
ရွှေရောင်အလင်းလုံးတစ်ခုပေါ်ထွက်လာသည်နှင့် ဆန်းကြယ်ပြီးအဆုံးမရှိသော သားရဲထိန်းချုပ်ကွင်းမှာလည်း ချက်ချင်းဆိုသလိုပင် ရွှေနီရောင်မီးခြင်္သေ့၏အသိစိတ်ပင်လယ်ထဲတွင်ပေါ်လာပေသည်။
ရွှေနီရောင်မီးခြင်္သေ့မှာဒေါသဖြစ်ကာ သားရဲထိန်းချုပ်ကွင်းအား သူ၏အသိစိတ်ပင်လယ်မှထွက်သွားရန်ဖိအားပေးကာကြိုးစားနေပေသည်။
ဤသို့လုပ်ရသည့်အကြောင်းပြချက်မှာ သားရဲထိန်းချုပ်ကွင်းတည်ငြိမ်သွားသည်နှင့် ၎င်းအားရှင်းထုတ်ရန်မှာမဖြစ်နိုင်တော့မှန်းကို သိနေ၍သာဖြစ်သည်။
သို့သော် ၎င်း၏လက်ရှိဒဏ်ရာများမှာအလွန်ပြင်းထန်လှပေရာ စိတ်စွမ်းအင် အားလုံးဝအာရုံမစိုက်နိုင်ပေ။
သူ၏ကြိုးစားမှုအားလုံးမှာ အချည်းအနှီးဖြစ်နေပုံသာပေါ်သည်။
"ပုရွတ်ဆိတ်လေး မင်းကသေလမ်းရှာနေတာပဲ"
ရွှေနီရောင်မီးခြင်္သေ့မှာ ကျိုးဟောင်နှင့်စိတ်စွမ်းအားတိုက်ပွဲတစ်ခုအား စတင်တိုက်ခိုက်လေသည်။
ကျိုးဟောင်မှာအံကြိတ်လိုက်သည်။ သူသည်ဤရွှေနီရောင်မီးခြင်္သေ့၏စိတ်ထဲတွင် သားရဲထိန်းချုပ်ကွင်းအားလုံးဝအမှတ်အသားပြုလိုက်စေချင်ပေသည်။
ရွှေနီရောင်မီးခြင်္သေ့မှာ၎င်း၏ရှိသမျှအင်အားဖြင့်ခုခံနေသော်လည်း ၎င်း၏လက်ရှိအခြေအနေမှာအားနည်းသထက်နည်းလာပေရာ ၎င်း၏ခုခံမှုမှာလည်း တစ်ဆင့်ပြီးတစ်ဆင့်လျော့လာပေသည်။
ရွှေနီရောင်မီးခြင်္သေ့မှာမသေချင်သလို ကျိုးဟောင် ၏ထိန်းချုပ်မှုကိုလည်းမခံလိုပေ။
"တကယ်လိုမင်းခေါင်းမာမာနဲ့ဆက်ခုခံပြီး မင်းဒဏ်ရာတွေကိုအချိန်မီမကုရင် ဒီနေ့မင်းအသက်ကိုဆုံးရလိမ့်မယ်"
ကျိုးဟောင်၏အသံမှာတည်ငြိမ်နေသော်လည်း ခြိမ်းခြောက်မှုတို့ဖြင့်ပြည့်နေလေသည်။
ဉာဏ်ပညာတိုက်ပွဲတွင် ပါးနပ်မှုရှိရန်လိုသကဲ့သို့ မြိုတစ်မြို့ကိုတိုက်ခိုက်သည့်အချိန်တွင်လည်း ၎င်း၏ဗဟိုချက်အားအရင်ဖြေရှင်းရမည်ဖြစ်သည်။
....................................................................................
အခန်း(၂၈၇) ပြီးပါပြီ။
အခန်း (၂၈၈) : ရွှေနီရောင်မီးခြင်္သေ့၏မှတ်ဉာဏ်
မည်သို့ပင်ဖြစ်စေ ဤနေရာသည်အက်ကွဲကြောင်း၏အနက်ပိုင်းဖြစ်ပေရာ ကျိုးဟောင်လည်းဤနေရာတွင်အကြာကြီးမနေလိုပေ။
မဟုတ်၍ အခြားစွမ်းအားကြီးမျိုးနွယ်များအားဆွဲဆောင်မိပါက ပြဿနာများမည်ဖြစ်သည်။
ထို့ကြောင့် သူသည်တိုက်ပွဲကိုလျင်မြန်စွာအဆုံးသတ်ရမည်ဖြစ်သည်။
"ရပ်လိုက် ငါနဲ့မင်းသဘောတူညီမှုတစ်ခုလုပ်မယ်"
ကျိုးဟောင်တွေးမိသလို ရွှေနီရောင်မီးခြင်္သေ့သည်လည်းတွေးမိပေသည်။
သို့သော် သူတို့၏အတွေးများမှာတော့ အတော်ကလေးကွဲပြားပေသည်။
ရွှေနီရောင်မီးခြင်္သေ့၏အတွေးမှာ ၎င်း၏ပြင်းထန်သောဒဏ်ရာများအကြောင်းသတင်းပျံ့သွားသည်နှင့် ထိုကိစ္စကိုအခွင့်ကောင်းယူရန်ရောက်လာမည့် မျိုးနွယ်ခြားများစွာရှိလာမည်ဟု တွေးခြင်းသာဖြစ်သည်။
မျိုးနွယ်ခြားတို့တွင် အမြဲတမ်းလိုလို တော၏နိယာမအားထင်ထင်ရှားရှားပြသထားပေသည်။
"မင်းမှာအခုငါနဲ့အပေးအယူလုပ်နိုင်တဲ့အခွင့်အရေးမျိုးမရှိဘူး မင်းဆီမှာရွေးချယ်စရာနှစ်ခုပဲရှိတယ် အရှုံးပေးမလား ဒါမှမဟုတ် အသေခံမလား"
ကျိုးဟောင်မှာ ရွှေနီရောင်မီးခြင်္သေ့အားမျှော်လင့်ချက်ပေးရန်အစီအစဉ်မရှိပေ။ သူသည်ထိုသတ္တဝါအားလုံးဝထိန်းချုပ်မည် သို့မဟုတ် သတ်မည်သာဖြစ်သည်။
"ပုရွတ်ဆိတ်ကောင် တကယ်လို့ငါ့အသက်ကိုသာစတေးလိုက်ရင် ဒီနေ့မင်းလည်းသေရမှာပဲ"
ရွှေနီရောင်မီးခြင်္သေ့ကဲ့သို့သောစွမ်းအားကြီးမျိုးနွယ်ခြားသက်ရှိတစ်ကောင်မှာလည်း အလွယ်တကူအလျှော့ပေးလိုစိတ်မရှိပေ။
ဤနေရာတွင်စိုးရိမ်ရသည့်အရာမှာ အခြားစွမ်းအားကြီးမျိုးနွယ်ခြားများရောက်လာမည်ကိုဖြစ်ပြီး ထိုအချက်အားကျိုးဟောင်လည်းသေချာပေါက်တွေးမိမည်ဖြစ်ကြောင်းကို ထိုသတ္တဝါကယုံကြည်ပေသည်။
ကျိုးဟောင်မနှောင့်နှေးဝံ့သကဲ့သို့ ထိုသတ္တဝါလည်းမနှောင့်နှေးဝံ့ပေ။
"ရွှေနီရောင်မီးခြင်္သေ့ မင်းကသိပ်ကိုတုံးလွန်းတယ်"
"ငါတို့မင်းကိုသတ်ဖို့အတွက်လေးနဲ့ ခွန်အားတွေအများကြီးစိုက်ထုတ်ခဲ့ရတာကို"
"ငါ ၃အထိရေမယ် တကယ်လို့မင်းအရှုံးမပေးရင် သေရမယ်"
ကျိုးဟောင်မှာတကယ်ပင် ဤရွှေနီရောင်မီးခြင်္သေ့အား စီးနင်းခံသားရဲအဖြစ်သိမ်းသွင်းလိုသော်လည်း ယခုလိုစွမ်းအားကြီးမိစ္ဆာသားရဲအားထိန်းချုပ်ရန်မှာလည်း မလွယ်ကူသည်မှာသိသာလှပေသည်။
လက်ရှိအချိန်တွင် သူတို့၏ပင်ကိုစရိုက်ကရလဒ်ကိုဆုံးဖြတ်ပေးမည်ဖြစ်သည်။
"၁"
"၂"
ကျိုးဟောင် ၂အထိရေတွက်ပြီးသည်အထိ ရွှေနီရောင်မီးခြင်္သေ့မှာဂရုမစိုက်သည်ကိုမြင်သောအခါ ကျိုးဟောင်မှာအတော်လေးစိတ်ပျက်သွားပေသည်။
သူသည်ဤအရာအားအသုံးချလို့မရပါက လုံးဝရှင်းပစ်လိုက်ရုံသာရှိပေသည်။
"နေဦး မင်းမှာတောင်းဆိုစရာရှိရင် အခုပြောလို့ရတယ်"
ရွှေနီရောင်မီးခြင်္သေ့မှာ ကျိုးဟောင်အားသေအောင်ကိုက်သတ်လိုသော်လည်း လက်ရှိအချိန်တွင် သူ့ထံ၌ထိုကဲ့သို့လုပ်နိုင်စွမ်းမရှိပေရာ ဒေါသအားမျိုချရုံသာတတ်နိုင်ပေသည်။
"ငါခုနကပြောလိုက်တဲ့စကားကို မင်းနားလည်လား"
ကျိုးဟောင်၏စကားဆုံးသည်နှင့် ရွှေနီရောင်မီးခြင်္သေ့အပေါ်သားရဲထိန်းချုပ်ကွင်း၏ဖိနှိပ်မှုမှာ ပိုတိုးလာလေသည်။
ရွှေနီရောင်မီးခြင်္သေ့မှာအခြားစကားပြောလိုသော်လည်း ဒဏ်ရာများမှာအလွန်ပြင်းထန်ပြီး စွမ်းအင်သည်လည်း အတော်လေးကုန်ဆုံးသွားပြီဖြစ်သည်။ ၎င်း၏ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာနွမ်းနယ်မှုတို့ကြောင့် မြေကြီးပေါ်သို့တန်းကာပြုတ်ကျသွားလေသည်။
ရွှေနီရောင်မီးခြင်္သေ့မေ့လဲသွားပြီးနောက် ကျိုးဟောင်မှာ၎င်း၏အသိစိတ်ပင်လယ်အနက်ပိုင်း၌ သားရဲထိန်းချုပ်ကွင်း၏အမှတ်အသားအား လွယ်လင့်တကူချန်ထားခဲ့လိုက်လေသည်။
နောက်ပိုင်းတွင် ရွှေနီရောင်မီးခြင်္သေ့အားကိုင်တွယ်ရန်မှာ ကျိုးဟောင်အတွက်အလွန်လွယ်ကူသွားပြီဖြစ်သည်။ ကျိုးဟောင်စိတ်ထဲမှတွေးလိုက်သည်နှင့် သားရဲထိန်းချုပ်ကွင်းမှာပေါက်ကွဲပြီး ရွှေနီရောင်မီးခြင်္သေ့မှာနေရာတွင်ပင် မရှုမလှသေဆုံးရမည်ဖြစ်သည်။
ဟူး...
အက်ကွဲကြောင်းထဲရှိကျိုးဟောင်မှာ သူ၏အလွန်မူးဝေနေသောခေါင်းအား ယမ်းလိုက်ပေသည်။
"ကောင်းကင်ဘုံအဆင့်တစ်ဝက်မိစ္ဆာသားရဲလို့မပြောရဘူး ဒဏ်ရာအပြင်းအထန်ရထားတဲ့အခြေအနေမှာဝောာင် ဒီလိုစွမ်းအားကြီးတဲ့စိတ်စွမ်းအားမျိုးရှိသေးတယ်"
သို့သော် ကျိုးဟောင်မှာပို၍ပင်ကျေနပ်ပျော်ရွှင်နေပေသည်။
သားရဲထိန်းချုပ်ကွင်း၏ထိန်းချုပ်မှုဖြင့် ယခုအချိန်တွင် သူနှင့်ရွှေနီရောင်မီးခြင်္သေ့အကြား စိတ်ချင်းဆက်သွယ်မှုတစ်ခုရှိသွားပြီဖြစ်သည်။
"ဒါပေမဲ့ ငါဒီကောင့်ကိုဘယ်လိုလုပ်ရမလဲ"
ရွှေနီရောင်မီးခြင်္သေ့အားထိန်းချုပ်ပြီးနောက် ကျိုးဟောင်မှာအနည်းငယ်နေရခက်သလိုခံစားနေရပေသည်။
ဤစီးနင်းခံသားရဲမှာအလွန်စွမ်းအားကြီးပြီး ခန္ဓာကိုယ်မှာအလွန်ကြီးမားလှပေရာ သူ၏စွမ်းအားနှင့်ပတ်သက်ပြီးငြင်းချက်ထုတ်မရသော်လည်း သူသည်ရွှေနီရောင်မီးခြင်္သေ့အား အက်ကွဲကြောင်းပြင်ပသို့သယ်သွားရန်မှာလည်းလုံးဝမဖြစ်နိုင်ပေ။
"ဟမ်"
သိပ်မကြာမီမှာပင် ကျိုးဟောင်၏အကြည့်တို့မှာလှုပ်ရှားသွားခဲ့ပေသည်။ အဘယ့်ကြောင့်ဆိုသော် ယခုအချိန်တွင် သားရဲထိန်းချုပ်ကွင်းမှသတင်းအချက်အလက်အများအပြားမှာ သူ့စိတ်ထဲသို့ကူးပြောင်းလာခြင်းကြောင့်ပင်ဖြစ်သည်။
"ဒါကရွှေနီရောင်မီးခြင်္သေ့ရဲ့ မှတ်ဉာဏ်နဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေလား"
ကျိုးဟောင်မှာပျော်ရွှင်သွားလေသည်။
ဤရွှေနီရောင်မီးခြင်္သေ့မှာ ငါးလေးပုစွန်လေးမဟုတ်ဘဲ စွမ်းအားကြီးသောကောင်းကင်ဘုံအဆင့်တစ်ဝက်မိစ္ဆာသားရဲတစ်ကောင်ဖြစ်ပေရာ အက်ကွဲကြောင်းနှင့်ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်းသိမည်မှာ သေချာပေါက်ပင်ဖြစ်သည်။
ပြောမရပေ။ သူသည်လည်း ဤသတ္တဝါထံမှအများကြီးသိရလောက်ပေသည်။
"ဒါတွေက..."
သိပ်မကြာမီမှာပင် ကျိုးဟောင်မှာရွှေနီရောင်မီးခြင်္သေ့၏မှတ်ဉာဏ်များမှ အချက်အလက်အများအပြားကိုသိလိုက်ရပေသည်။
"ဒီတော့ တကယ်တမ်းကျဒီရွှေနီရောင်မီးခြင်္သေ့က သားပေါက်အရွယ်လေးပဲရှိသေးတာပေါ့..."
ဤသတ္တဝါ၏အထက်စီးဆန်ပြီးကောက်ကျစ်သောစရိုက်ကိုကြည့်ကာကျိုးဟောင်မှာရွှေနီရောင်မီးခြင်္သေ့အား အသက်ကြီးနေပြီဟုထင်ခဲ့ခြင်းဖြစ်ပြီး တကယ်တမ်းတွင် ယခုလိုသားပေါက်လေးတစ်ကောင်ဖြစ်နေမည်ဟုမမျှော်လင့်ထားခဲ့ပေ။
"လူသားသက်တမ်းအရဆိုရင် ဒီရွှေနီရောင်မီးခြင်္သေ့က ၈နှစ်နဲ့ ၉နှစ်ဝန်းကျင်လောက်ပဲရှိဦးမယ်"
ကျိုးဟောင်မှာငိုရမလား ရယ်ရမလားပင်မသိတော့ပေ။ တစ်ချိန်တည်းမှာပင် စိုးလည်းစိုးရိမ်သွားမိလေသည်။
အကယ်၍သားပေါက်လေးတစ်ကောင်ပင် ဤမျှလောက်စွမ်းအားကြီးနေပါက အရွယ်ရောက်ပြီးသား ရွှေနီရောင်မီးခြင်္သေ့တစ်ကောင်ဆိုပါက မည်မျှကြောက်မက်ဖွယ်ကောင်းလိုက်မည်နည်း။
...................................................................................
အခန်း(၂၈၈) ပြီးပါပြီ။