← Chapters

အခန်း (၂၈၉-၂၉၁)

Vol. 20 Ch. 289-291

အခန်း (၂၈၉-၂၉၁)

Vol. 20 Ch. 289-291

အခန်း (၂၈၉) : သားရဲထိန်းချုပ်ကွင်း၏စွမ်းရည်အသစ်အားဖော်ထုတ်ခြင်း

အတွေးများကိုရုပ်သိမ်းလိုက်ရင်း ကျိုးဟောင်မှာအခြားအချက်အလက်များကိုစစ်ဆေးလိုက်သည်။ စစ်ဆေးပြီးနောက် ကျိုးဟောင်မှာအတော်လေး ခိုကိုးရာမဲ့သလိုခံစားလိုက်ရလေသည်။

တကယ်တမ်းတွင်ဤရွှေနီရောင်မီးခြင်္သေ့မှာအားနည်းသောသွေးမျိုးဆက်ဖြင့်မွေးဖွားလာသောကြောင့် စွန့်ပစ်ခံခဲ့ရခြင်းဖြစ်သည်။

ထို့ကြောင့်ဤသတ္တဝါသည်စွန့်ပစ်ခံသားပေါက်တစ်ကောင်ဖြစ်ပြီး မျိုးနွယ်ခြားများနှင့်ပတ်သက်ပြီးများများစားစားမသိပေ။

တဖြည်းဖြည်းချင်းအရွယ်ရောက်လာပြီးနောက် ၎င်း၏သွေးမျိုးဆက်မှာလည်းတဖြည်းဖြည်းချင်းနိုးထလာမည်ဖြစ်ပြီး ဤနေရာ၏ဘုရင်တစ်ပါးဖြစ်လာမည်ဖြစ်သည်။

ဂါး!

ရွှေနီရောင်မီးခြင်္သေ့မှာအကြာကြီးအိပ်ပျော်မနေဘဲနိုးလာလေသည်။

နိုးလာပြီးနောက် ၎င်းမှာချက်ချင်းပင်ဒေါသတကြီးအော်ဟစ်လာပြီးနောက် ၎င်း၏ကြီးမားသောခန္ဓာကိုယ်ကြီးမှာလည်း တဖြည်းဖြည်းချင်းသေးငယ်သွားလေသည်။

ရွှေနီရောင်မီးခြင်္သေ့၏ဒဏ်ရာများမှာအလွန်ပြင်းထန်လှပေရာ လက်ရှိအချိန်တွင် ၎င်းမှာသူ၏ကြီးမားသောပုံစံကိုပင် ထိန်းသိမ်းနိုင်စွမ်းမရှိပေ။

"အယ် မင်းကအကောင်သေးသေးလေးဖြစ်အောင်လည်းပြောင်းလို့ရတာပဲလား"

ကြောင်ပေါက်တစ်ကောင်အရွယ်သာသာဖြစ်သွားသော ရွှေနီရောင်မီးခြင်္သေ့အားကြည့်ကာ ကျိုးဟောင်၏ အကြည့်မှာပြောင်းလဲသွားလေသည်။ ရွှေနီရောင်မီးခြင်္သေ့မှာ ဤမျှလောက်သေးသွားမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

ဂါး!

သူ၏အရွယ်အစားမှာ အများကြီးသေးငယ်သွားသော်လည်း ရွှေနီရောင်မီးခြင်္သေ့မှာတော့ အလွန်ရန်မူနေဆဲပင်ဖြစ်သည်။

၎င်း၏အရွယ်အစားမှာသေးငယ်သွားပြီးနောက် ကိုယ်ပေါ်ရှိဒဏ်ရာများမှာလည်း တဖြည်းဖြည်းချင်းပျောက်ကင်းလာလေသည်။

သို့သော် အရွယ်အစားသေးငယ်သွားသည်နှင့်တစ်ပြိုင်နက် ၎င်း၏ခွန်အားမှာလည်း အတော်လေးလျော့ကျသွားပေသည်။

"အစွမ်းကြီးလိုက်တဲ့ ပြန်လည်ကောင်းမွန်မှုနှုန်းပဲ"

မိစ္ဆာသားရဲနှင့် အင်းဆက်မျိုးနွယ်အတော်များများ၏ပြန်လည်ကောင်းမွန်မှုနှုန်းမှာကောင်းမှန်းကို ကျိုးဟောင်သိထားသော်လည်း ယေဘုယျကျကျပြောရလျှင် စွမ်းအားကြီးသောအလိုအလျောက်ကုသရေးစွမ်းအားရှိသော မျိုးနွယ်ခြားများ၏စွမ်းအားမှာမူ သာမန်သာဖြစ်သည်။

"ငါ့မှာမင်းမြန်မြန်ပြန်ကောင်းအောင်ကူညီပေးနိုင်တဲ့ ကျောက်စိမ်းနှင်းစက်ဆေးလုံးရှိတယ်"

ကျောက်စိမ်းနှင်းစက်ဆေးလုံးမှာ ကျိုးဟောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာမှရလာသောအဆင့်မြင့်ပစ္စည်းတစ်ခုဖြစ်သည်။ ကျိုးဟောင်မှာစကားဆုံးသည်နှင့် ကျောက်စိမ်းနှင်းစက်ဆေးလုံးအားထုတ်လိုက်လေသည်။

ကျောက်စိမ်းနှင်းစက်ဆေးလုံး၏ပုံသဏ္ဍာန်မှာ ညလင်းပုလဲနှင့်တူပြီး အလွန်လှပပေသည်။

ဂါး! ဂါး!

ကျိုးဟောင်အနားသို့ချဉ်းကပ်လာသည်နှင့် ရွှေနီရောင်မီးခြင်္သေ့မှာအော်ဟစ်မာန်ဖီလာလေသည်။

နှမြောစရာကောင်းသည်မှာ လက်ရှိအချိန်တွင်၎င်း၏အရွယ်အစားမှာကြောင်ပေါက်တစ်ကောင်သာသာ သာရှိပြီး ရန်လိုနေသော်လည်း တစ်ချိန်တည်းမှာပင်ချစ်စရာကောင်းနေပြန်ပေသည်။

ကျိုးဟောင်၏စိတ်စွမ်းအားအား တစ်ချက်သုံးလိုက်သည်နှင့် ရွှေနီရောင်မီးခြင်္သေ့၏အသိစိတ်ပင်လယ်ထဲရှိသားရဲထိန်းချုပ်ကွင်းမှာ စွမ်းအားကိုဆက်တိုက်ထုတ်လွှတ်လာလေသည်။

ထို့နောက် ရွှေနီရောင်မီးခြင်္သေ့မှာလှုပ်မရအောင်ထိန်းချုပ်ခံလိုက်ရလေသည်။

"အာ ငါကမင်းဒဏ်ရာတွေကိုကုပေးဖို့အတွက်နဲ့ သားရဲထိန်းချုပ်ကွင်းကိုတောင်သုံးလိုက်ရတာ"

ကျိုးဟောင်မှာသားရဲထိန်းချုပ်ကွင်း၏စွမ်းရည်အသစ်ကိုလည်း ဖော်ထုတ်ကာအသုံးချလိုက်ပြီဖြစ်သည်။ ထိုစွမ်းရည်အသစ်ဖြင့် သားရဲထိန်းချုပ်ကွင်းကိုသုံးကာ ရွှေနီရောင်မီးခြင်္သေ့၏ဒဏ်ရာများကိုပင် ကုသပေးနိုင်ပေသည်။

ရိုးရိုးရှင်းရှင်းပြောရလျှင် သားရဲထိန်းချုပ်ကွင်းမှာ သူနှင့်ရွှေနီရောင်မီးခြင်္သေ့အကြားရှိသော ကြားခံပစ္စည်းတစ်မျိုးသာဖြစ်သည်။

သိပ်မကြာမီပင် ကျိုးဟောင်မှာရွှေနီရောင်မီးခြင်္သေ့ထံမှတုံ့ပြန်မှုတစ်ခုအားလက်ခံရလိုက်ပေသည်။ ၎င်းမှာ "ခရမ်းရောင်ခြင်္သေ့ရွှေကြေမွဟိန်းသံ" ဟူသောအသံအမျိုးအစား လျှို့ဝှက်သိုင်းတစ်ခုဖြစ်သည်။

ခလွပ်!

ရွှေနီရောင်မီးခြင်္သေ့အားဖိနှိပ်လိုက်ပြီးနောက် ကျိုးဟောင်လက်ထဲရှိကျောက်စိမ်းနှင်းစက်ဆေးလုံးမှာလည်း အပိုင်းပိုင်းဖြစ်သွားလေသည်။

ချက်ချင်းဆိုသလိုပင် ထိုဆေးလုံး၏အပိုင်းအစများမှာ အမှုန့်အဖြစ်ပြောင်းလဲသွားကာ ရွှေနီရောင်မီးခြင်္သေ့၏ဒဏ်ရာပေါ်သို့ဖြူးပြီးသားဖြစ်သွားလေသည်။

အေးစက်သောအငွေ့အသက်၏အရိပ်အယောင်တို့မှာ ရွှေနီရောင်မီးခြင်္သေ့၏တစ်ကိုယ်လုံးသို့ လျင်မြန်စွာပျံ့နှံ့သွားလေသည်။

၎င်း၏အလိုအလျောက်ကုသရေးအစွမ်း၊ သားရဲထိန်းချုပ်ကွင်း၏ပြန်လည်ကောင်းမွန်စေသောနှုန်းနှင့် ကျောက်စိမ်းနှင်းစက်ဆေးလုံး၏အကျိုးသက်ရောက်မှုတို့ကြောင့် ရွှေနီရောင်မီးခြင်္သေ့မှာလျင်မြန်စွာပင်ပြန်လည်ကောင်းမွန်လာလေသည်။

သို့သော် ရွှေနီရောင်မီးခြင်္သေ့၏ကျိုးဟောင်အားကြည့်သော အကြည့်များမှာမူမုန်းတီးမှုတို့ဖြင့် ပြည့်နေဆဲပင်ဖြစ်ပြီး ကျိုးဟောင်မှာ ၎င်း၏ဒဏ်ရာများအားကုသ‌ပေး‌နေတာတောင် ပြောင်းလဲမသွားခဲ့ပေ။

၁၀မိနစ်မျှကြာပြီးနောက် ကျိုးဟောင်မှာမတ်တပ်ရပ်လိုက်သည်။

"မင်းရဲ့မှတ်ဉာဏ်တွေအရဆို ကြည့်ရတာ ၁၃ခုမြောက်အက်ကွဲကြောင်းထဲမှာ ကောင်းကင်ဘုံအဆင့်တစ်ဝက်‌မျိုးနွယ်ခြား စုစုပေါင်း ၆ကောင်ရှိတဲ့ပုံပဲ ငါတို့သာကျန်တဲ့ကောင်းကင်ဘုံအဆင့်တစ်ဝက် မျိုးနွယ်ခြားတွေကိုသတ်လိုက်ရင် ၁၃ခုမြောက်အက်ကွဲကြောင်းကငြိမ်းချမ်းသွားမှာပဲ"

ကျိုးဟောင်မှာ ရွှေနီရောင်မီးခြင်္သေ့အနီးတွင် လမ်းပတ်လျှောက်ရင်းဖြည်းညှင်းစွာပြောလိုက်သည်။

ချီ..

ကျိုးဟောင်၏စကားအားကြားသောအခါ ရွှေနီရောင်မီးခြင်္သေ့မှာ မထီမဲ့မြင်ပုံဖြင့်နှာခေါင်းရှုံ့လိုက်သည်။

၎င်းမှာဤအက်ကွဲကြောင်းထဲရှိ ကောင်းကင်ဘုံအဆင့်တစ်ဝက်ရှိသောမျိုးနွယ်ခြား ၆ကောင်ထဲတွင် အားအနည်းဆုံးဖြစ်သည်။ ကျိုးဟောင်နှင့်အခြားလူများ ဤသတ္တဝါအားဒဏ်ရာရအောင်လုပ်နိုင်ခြင်းမှာ စက်ရုပ်မျိုးနွယ်၏နည်းပညာကြောင့်ဖြစ်သည်။

မဟုတ်ပါက ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက် တိုက်ပွဲထဲဝင်မပါသရွေ့ အခြားလူသားမျိုးနွယ်များမှာသူ့အတွက်ပြိုင်ဘက်မဟုတ်ပေ။

ကလစ်

ရွှေနီရောင်မီးခြင်္သေ့၏ရှေ့တွင် ပလက်တီနမ်အဆင့်စွမ်းအင်ဘားအချောင်း ၁၀၀ ပေါ်လာလေသည်။

"ဒါဘာလဲ"

ယခုတစ်ကြိမ်တွင် ရွှေနီရောင်မီးခြင်္သေ့မှာတန်းကာစကားပြောလာလေသည်။

"မင်းကစကားပြောတတ်တာလား"

ကျိုးဟောင်မှာအတော်လေးအံ့ဩသွားလေသည်။ သူထင်ခဲ့သည်မှာဤသတ္တဝါသည်အလွန်တုံးအကာ စိတ်စွမ်းအားသုံး၍သာဆက်သွယ်တတ်သည်ဟုထင်ခဲ့ခြင်းဖြစ်သည်။

ယခုကြည့်ရသည်မှာ ၎င်းသည်အေးစက်ချင်ယောင်ဆောင်နေပုံပေါ်သည်။

"လူသားတွေရဲ့ဘာသာစကားလေးသင်ရတာများ ဘာတွေဒီလောက်ခက်နေလို့လဲ"

ရွှေနီရောင်မီးခြင်္သေ့မှာအထင်မြင်သေးစွာဖြင့် နှုတ်ခမ်းတွန့်ကာပြောလိုက်သော်လည်း သူ၏အကြည့်မှာတော့မျက်စိရှေ့ရှိပလက်တီနမ်အဆင့်စွမ်းအင်ဘားများထံတွင်ရှိနေဆဲပင်ဖြစ်သည်။

"သန့်စင်လိုက်တဲ့စွမ်းအင် ပမာဏကအတော်လေးနည်းတယ်ဆိုပေမဲ့ သန့်စင်တဲ့နှုန်းကတော့အရမ်းမြင့်တယ် ဒါကပြန်သန့်စင်စရာမလိုဘဲတန်းသုံးလို့ရတဲ့အခြေအနေမှာရှိတယ် ဒါကဘာလဲ"

အက်ကွဲကြောင်းထဲရှိ ကောင်းကင်ဘုံအဆင့်တစ်ဝက်မျိုးနွယ်ခြားတစ်ကောင်အနေနှင့် ရွှေနီရောင်မီးခြင်္သေ့မှာ အတွေ့အကြုံရှိပြီး ဗဟုသုတကြွယ်ဝသည်ဟုပြောနိုင်သော်လည်း သူ့မျက်စိရှေ့ရှိပစ္စည်းနှင့်ပတ်သက်၍တော့ သူတကယ်ကိုဘာမှမသိပေ။

...................................................................................

အခန်း(၂၈၉) ပြီးပါပြီ။

အခန်း (၂၉၀) : ရွှေနီရောင်မီးခြင်္သေ့နှင့်သဘောတူညီချက်ယူခြင်း

"ဒါကငါနေ့စဉ်ကျင့်ကြံတဲ့နေရာမှာသုံးတဲ့ အရင်းအမြစ်တွေပဲ အပြင်လောကမှာ ဒါတွေကိုဖန်တီးထားတဲ့ပုံဆောင်ခဲလို့ခေါ်တယ် ငါကတော့ဒါကိုပလက်တီနမ်အဆင့်စွမ်းအင်ဘားလို့ခေါ်တယ်"

"ပြီးတော့ဒါက ရှားပါးအဆင့်စွမ်းအင်ဘားပဲ"

ကျိုးဟောင်မှာ ရှားပါးအဆင့်စွမ်းအင်ဘားအား ရွှေနီရောင်မီးခြင်္သေ့ရှေ့တွင်ထုတ်ပြရင်းပြောလိုက်သည်။

အစ်.....

"လူသားတွေမှာ ဒီလိုရတနာမျိုးတွေရှိမှန်း ငါမသိခဲ့ဘူး"

ရွှေနီရောင်မီးခြင်္သေ့၏မျက်လုံးများမှာပြူးကျယ်နေပြီး သူ၏သေးငယ်သောခန္ဓာကိုယ်လေးဖြင့်ထိုသို့ကြည့်လိုက်သောအခါ ၎င်း၏အသွင်မှာအူတူတူနှင့် ချစ်စဖွယ်ပုံလေးဖြစ်နေပေသည်။

ပလက်တီနမ်အဆင့်စွမ်းအင်ဘားများမှာ တကယ်တမ်းတွင် အရောင်ပါစွမ်းအင်ကျောက်တုံးများထက် တစ်ဆင့် သို့မဟုတ် နှစ်ဆင့်သာမြင့်သော်လည်း ယခုကျိုးဟောင်ထုတ်ပြလိုက်သော ရှားပါးအဆင့်စွမ်းအင်ဘားမှာမူအလွန်စွမ်းအားကြီးလှပေသည်။

ရှားပါးအဆင့်စွမ်းအင်ဘားများတွင် စွမ်းအင်အနှစ်သာရများ ကြွယ်ဝစွာပါဝင်ပေသည်။

"မင်းသာကောင်းကောင်းပူးပေါင်းရင် ဒီကျင့်ကြံရေးအရင်းအမြစ်တွေက မင်းဟာပဲ"

ကျိုးဟောင်မှာ ရွှေနီရောင်မီးခြင်္သေ့အကြောင်း ကောင်းကောင်းသိပေသည်။

ရွှေနီရောင်မီးခြင်္သေ့မှာ မျိုးနွယ်ခြားများကြား‌တွင် မိစ္ဆာသားရဲမျိုးနွယ်၏စွမ်းအားကြီးမျိုးနွယ်တစ်ခုဖြစ်သော်လည်း ဤရွှေနီရောင်မီးခြင်္သေ့မှာ ငယ်ငယ်ရွယ်ရွယ်နှင့်စွန့်ပစ်ခံခဲ့ရပေသည်။

၎င်းမှာ အချိန်ကြာမြင့်စွာလှည့်လည်သွားလာကာခက်ခက်ခဲခဲကြိုးစားပြီးမှ ကျင့်ကြံရေးအရင်းအမြစ်များအားရရှိလာခြင်းဖြစ်သည်။ ၎င်းသည် မျိုးနွယ်ခြားလောကတွင် မည်သည့်အဆင့်မြင့်အရင်းအမြစ်ကိုမှ မသုံးခဲ့ဖူးပေ။

ထို့ကြောင့်ပင် ၎င်းမှာရှားပါးအဆင့်စွမ်းအင်ဘားကိုကြည့်ပြီး အလွန်အံ့ဩနေခြင်းဖြစ်သည်။

"ဒါပေမဲ့ လူသားတွေကအရမ်းအားနည်းတယ် မင်းတို့အတွက်‌ဆို အဲဒီ ၅ကောင်က လုံးဝပြိုင်ဘက်မဖြစ်နိုင်ဘူး"

"သူတို့ရှေ့မှာ မင်းတို့ရဲ့စွမ်းအင်အကာအကွယ်နဲ့ မြိုတံတိုင်းကဟာသတစ်ခုအပြင်မပိုဘူး"

ရွှေနီရောင်မီးခြင်္သေ့သည်လည်း ကျိုးဟောင်အခြားသတ္တဝါ ၅ကောင်အား သတ်နိုင်ရန် မျှော်လင့်ပေသည်။

"ငါသားရဲထိန်းချုပ်ကွင်းကနေတစ်ဆင့် မင်းရဲ့မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းကို စစ်ဆေးခဲ့ပြီးပြီ ငါသိတာဆိုလို့ ၁၃ခုမြောက်အက်ကွဲကြောင်းထဲမှာ ကောင်းကင်ဘုံအဆင့်တစ်ဝက်ရှိတဲ့ တခြားမျိုးနွယ်ခြား ၅ကောင်ရှိတယ်ဆိုတာပဲသိတယ် ဒါပေမဲ့ သတင်းအတိအကျကိုတော့မသိဘူး မင်းပူးပေါင်းပေးဖို့လိုတယ်"

ကျိုးဟောင်မှာ ရွှေနီရောင်မီးခြင်္သေ့အားကြည့်လိုက်သည်။

ဤမျိုးနွယ်ခြားများမှာတကယ်တမ်းတွင် မစည်းလုံးကြပေ။ သူတို့သည်လူသားမျိုးနွယ်များနှင့်တိုက်ခိုက်နေဆဲမှာပင် မျိုးနွယ်ခြားအချင်းချင်းလည်း စဉ်ဆက်မပြတ်တိုက်ခိုက်နေကြပေသည်။

မည်သို့ပင်ဖြစ်စေ မျိုးနွယ်ခြားများမှာအားကြီးသူသာပြောင်းလဲနိုင်မည်ဟူသောယုံကြည်ချက်နောက် လိုက်ကြပေသည်။

ကျင့်ကြံရေးအရင်းအမြစ်အတွက် မတူညီသောမျိုးနွယ်ခြားများနှင့်တိုက်ခိုက်ရုံသာမက မျိုးနွယ်တူအချင်းချင်းပင်တိုက်ခိုက်ကြပေသည်။

ဥပမာဆိုရသော် ယခင်ကရွှေနီရောင်မီးခြင်္သေ့ထံတွင် သူ၏နောက်လိုက်ဖြစ်သောမသန်စွမ်းခြင်္သေ့အုပ်ရှိသော်လည်း ယခုအချိန်တွင် ထိုခြင်္သေ့အုပ်မှာ ကောင်းကင်ဘုံအဆင့်တစ်ဝက်အဆင့်ရှိသောအင်းဆက်မျိုးနွယ်ပညာရှင်တစ်ယောက်၏သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီဖြစ်သည်။ ထို့ကြောင့် ရွှေနီရောင်မီးခြင်္သေ့မှာ စစ်တပ်မရှိသော စစ်သူကြီးတစ်ယောက်ဖြစ်လာခဲ့ပေသည်။

"ငါကဘာလို့မင်းနဲ့ပူးပေါင်းရမှာလဲ"

ရွှေနီရောင်မီးခြင်္သေ့မှာအလွန်အထင်အမြင်သေး‌လှပေသည်။ ကျိုးဟောင်၏ခွန်အားမှာ သူနှင့်အတူတူနီးပါးဖြစ်ပြီး သားရဲထိန်းချုပ်ကွင်းမှာလည်းသူ့အပေါ်အပြည့်အဝဖိနှိပ်နိုင်စွမ်းမရှိပေရာ သူ၏မှတ်ဉာဏ်ထဲတွင် ကျိုးဟောင်မသိသေးသောမှတ်ဉာဏ်များစွာရှိပေသည်။

၎င်းမှာလိုအပ်လာပါက ကျိုးဟောင်၏ထိန်းချုပ်မှုအောက်ကလွတ်မြောက်ရန်ပင် ကြိုးစားနိုင်ပေသည်။

ထိုကိစ္စမှာအလွန်အန္တရာယ်များမည်မှာလည်း သေချာပေါက်ပင်ဖြစ်ပြီး အသက်သေဆုံးသည်အထိပင် အန္တရာယ်ရှိနိုင်ပေသည်။

အလွန်အမင်းလိုအပ်နေခြင်းမဟုတ်ပါက ၎င်းမှာလွတ်မြောက်ရန်ကြိုးစားမည်မဟုတ်ပေ။

"ငါနဲ့အလုပ်တွဲလုပ်ရင် မင်းအတွက်အကျိုးအမြတ်ရှိမှာကသေချာပေါက်ပဲလေ ငါတို့အတူပူးပေါင်းလုပ်တဲ့အခါတိုင်း ရလာတဲ့အရင်းအမြစ်ထဲက ၃၀ ရာခိုင်နှုန်းကိုမင်းကိုပေးမယ် အဲဒါအပြင်ငါမင်းကိုပလက်တီနမ်အဆင့်စွမ်းအင်ဘားနဲ့ ရှားပါးအဆင့်စွမ်းအင်ဘားတစ်ချို့တစ်ဝက်ကို ထောက်ပံ့ပေးမယ်"

အကယ်၍သူသာဤသတ္တဝါနှင့်အလုပ်လုပ်လိုပါက သူ၏စိတ်ရင်းမှန်ကိုပြရမည်ဖြစ်ကြောင်းကို ကျိုးဟောင်သိပေသည်။

ရွှေနီရောင်မီးခြင်္သေ့နှင့်ပူးပေါင်းခြင်းသည် အကျိုးအမြတ်များစွာလည်းရှိပေသည်။ ဤနည်းလမ်းဖြင့်ဆိုပါက ၁၃ခုမြောက်အက်ကွဲကြောင်းအား သူတို့ဘာသာစူးစမ်းစရာမလိုတော့ပေ။ ထို့အပြင် ၎င်း၏ အကူအညီနှင့်ဆိုပါက ၁၃ခုမြောက်အက်ကွဲကြောင်းအား လုံးဝသိမ်းပိုက်နိုင်ရန် ဘာလုပ်ရမလဲဆိုသည်ကိုလည်းသိရှိနိုင်ပေသည်။

"ငါအရင်းအမြစ် ၃၀ ရာခိုင်နှုန်းမလိုအပ်ဘူး စွမ်းအင်ဘားပဲလိုချင်တယ် ပူးပေါင်းမှုတစ်ခုကို အနည်းဆုံးပလက်တီနမ်အဆင့်စွမ်းအင်ဘား ၁ထောင်ပေးရမယ်"

ရွှေနီရောင်မီးခြင်္သေ့မှာအလွန်လောဘကြီးလှပေသည်။ ကျိုးဟောင်အတွက်ယခုလိုပလက်တီနမ်အဆင့်စွမ်းအင်ဘားရရန်မှာအလွန်လွယ်ကူသော်လည်း ပြင်ပလောကတွင် တစ်ခုလျှင်ယွမ် ၃သန်းနှင့်ရောင်းချနေပေသည်။

သိုင်းပညာရှင်များမဆိုထားနှင့် မျိုးနွယ်ခြားများပင် ကောင်းကင်ဘုံအဆင့်တစ်ဝက်သို့ရောက်အောင်ကျင့်ကြံပြီးနောက် အရာရာတိုင်း၏တန်ဖိုးကို ပိုက်ဆံပမာဏအနည်းငယ်ဖြင့် တိုင်းတာလို့မရတော့ပေ။

"ကောင်းပြီလေ"

ကျိုးဟောင်မှာချက်ချင်းပင်ခေါင်းညိတ်လိုက်သည်။ ရွှေနီရောင်မီးခြင်္သေ့မှာအလွန်လောဘကြီးသော်လည်း ထိုလောဘအလျောက်အကျိုးအမြတ်လည်းရှိပေသည်။

ယခုတစ်ကြိမ်တွင် ၎င်းမှာအများကြီးတောင်းဆိုခဲ့ပေသည်။ ဤအဓိပ္ပာယ်မှာ ၎င်းသည် ပလက်တီနမ်အဆင့်စွမ်းအင်ဘားကိုလိုအပ်ပြီး ထိုပစ္စည်းသာရပါက ပူးပေါင်းလိုစိတ်ရှိပေသည်။

"ငါကပလက်တီနမ်အဆင့်စွမ်းအင်ဘားပဲလိုချင်တာမဟုတ်ဘူး ရှားပါးအဆင့်စွမ်းအင်ဘားလည်းလိုချင်တယ်..."

ရွှေနီရောင်မီးခြင်္သေ့မှာ ဒီထက်ပိုပြီးတောင်းဆိုချင်‌သော်လည်း ကျိုးဟောင်မှာယခုတစ်ကြိမ်တွင် စကားဖြတ်ပြောလိုက်လေသည်။

"မင်းလက်ရှိမှာ ရှားပါးအဆင့်စွမ်းအင်ဘားအကြောင်းစဉ်းစားစရာမလိုဘူးဒါကိုအပြင်လောကမှာရှာဖို့ဆိုတာမဖြစ်နိုင်ဘူး ငါ့အတွက်တောင်မလုံလောက်ဘူး"

"အခု အက်ကွဲကြောင်းဝင်ပေါက်နဲ့အနီးဆုံးမှာရှိတဲ့ ကောင်းကင်ဘုံအဆင့်တစ်ဝက်မျိုးနွယ်ခြားအကြောင်းနဲ့ အဲဒီသတ္တဝါရဲ့ ဝင်ပေါက်မှာရှိတဲ့စွမ်းအင်အကာအကွယ်အပေါ်သဘောထားကိုပြောပြစမ်းပါ"

ကျိုးဟောင်မှာစကား‌ဆုံးသောအခါ ရွှေနီရောင်မီးခြင်္သေ့အားကြည့်လိုက်လေသည်။

သူအခုလေးတင် သူ၏စိတ်ရင်းအမှန်အားဖော်ပြပြီးပြီဖြစ်သည်။ ယခု ရွှေနီရောင်မီးခြင်္သေ့၏စိတ်ရင်းမှာ မည်မျှမှန်ကန်ကြောင်း ကြည့်ရမည့်အလှည့်ရောက်ပြီဖြစ်သည်။

....................................................................................

အခန်း(၂၉၀) ပြီးပါပြီ။

အခန်း (၂၉၁) : သီးခြားတွက်ချက်မှု

"ဒါက အင်းစက်မျိုးနွယ်က မျက်လုံးတထောင်ကောင်းကင်ဘုရင်ပဲ"

ရွှေနီရောင်မီး‌ခြင်္သေ့က အကြာကြီးတိတ်ဆိတ်နေရာမှ ဖြေးဖြေးချင်းစကားပြောလာခဲ့သည်။

"မျက်လုံးတထောင်ကောင်းကင်ဘုရင်ဟုတ်လား။ ကောင်းကင်ဘုံအဆင့်ကိုတောင်မရောက်သေးပဲ ကိုယ့်ကိုယ်ကို ကောင်းကင်ဘုရင်လို့နာမည်တပ်ရဲတယ်ပေါ့။ ဘယ်လိုတောင်ဘ၀င်မြင့်နေတဲ့ကောင်လဲ"

ယခု ကျိုးဟောင်မှာ ရှေ့တန်းခံတပ်များမှ အက်ကွဲအနက်ပိုင်းနေရာအထိအကြောင်းများအား ကောင်းစွာသိရှိနေလေပြီ။

ဒီနေရာသည် လူသားမျိုးနွယ် နှင့် မျိုးနွယ်ခြားတို့အတွက် လေ့ကျင့်စရာနေရာတခုဖြစ်ပြီး ဒီဧရိယာအတွင်းတွင် နှစ်ဖက်လုံးရှိ ကောင်းကင်ဘုံအဆင့်ပညာရှင်များက ၀င်ရောက်စွက်ဖက်ခြင်းမရှိကြပေ။

ဒါ့ကြောင့် ထိုမျက်လုံးတထောင်ကောင်းကင်ဘုရင်ဆိုသောအင်းစက်မျိုးနွယ်မှာ ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်တယောက်သာဖြစ်နိုင်လေသည်။

ထို့နောက် ကျိုးဟောင်နှင့် ရွှေနီရောင်မီး‌ခြင်္သေ့တို့မှာ နောက်ထပ် နာရီ၀က်လောက်စကားထပ်ပြောနေခဲ့ကြသည်။

ရွှေနီရောင်မီး‌ခြင်္သေ့အား ပြန်လွှတ်‌ပေးလိုက်ပြီးနောက် ကျိုးဟောင်လည်း အက်ကွဲကြောင်း၏ အ၀င်အ၀ဆီသို့ ပြန်လာခဲ့လေသည်။

ထိုအချိန်တွင် တိုက်ပွဲမှာ ပြီးဆုံးသွားခဲ့ပြီး သိုင်းပညာရှင်အများစုမှာလည်း တိုက်ပွဲမြေပြင်အား ရှင်းလင်းရေးပင်လုပ်နေကြလေသည်။

ထိုအခိုက်အတန့်မှာပင် သူတို့အားလုံးစိတ်ဓာတ်ကျနေခဲ့ကြသည်။ သူတို့သည် ကျိုးဟောင်အား ရွှေနီရောင်မီး‌ခြင်္သေ့နောက်လို့ မလိုက်ရန် အထပ်ထပ်အကြံပေးခဲ့ကြသည်။ ကျိုးဟောင်အနေဖြင့် မသေဆုံးနိုင်ရင်တောင်မှ ဒဏ်ရာအပြင်းအထန်ရနိုင်ခြေရှိလေသည်။

တကယ်လို့ တခြား ကောင်းကင်ဘုံအဆင့်တ၀က်မျိုးနွယ်ခြားများနှင့် ရင်ဆိုင်တွေ့နိုင်ပြီး အသက်ဆုံးရှုံးနိုင်ခြေလည်း ရှိလေသည်။

အချိန်ကြာလာသည်နှင့်အမျှ သူတို့အားလုံး စိတ်အားငယ်လာခဲ့ကြသည်။

လင်ရှုယင်သည်လည်း ရွှေနီရောင်မီး‌ခြင်္သေ့နောက်သို့ ကျိုးဟောင်လိုက်သွားသည့် လမ်းကြောင်းဘက်သို့ ကြိမ်ဖန်များစွာ ငေးကြည့်နေခဲ့သည်။

"ဥက္ကဌကျိုး ပြန်လာနေပြီ"

ထိုအချိန်မှာပဲ တစုံတယောက်က အော်ဟစ်သတိပေးလေသည်။

ကျိုးဟောင်မှာ အသက်ရှင်လျက်ပြန်လာခဲ့ယုံသာမက ဒဏ်ရာအနာတရပါ မရရှိခဲ့သည်ကို မြင်သောအခါ အားလုံး ပျော်ရွှင်သွားကြလေသည်။

"ဥက္ကဌကျိုး အဆင်ပြေရဲ့လား"

"ဥက္ကကျိုးကို ကောင်းကင်ဘုရင်ကျူး ရှာနေပါတယ်"

သိုင်းပညာရှင်များအားလုံးစုရုံးရောက်ရှိလာကြပြီး တယောက်တပေါက်ပြောကာ ရွှေနီရောင်မီး‌ခြင်္သေ့ကြီးအား သတ်နိုင်ခဲ့လား သိချင်နေကြလေသည်။

"အားလုံး ဘာမှစိတ်မပူကြပါနဲ့တော့ ‌ရွှေနီရောင်မီး‌ခြင်္သေ့နဲ့ပတ်သက်တဲ့ပြဿနာကို ရှင်းလင်းပြီးပါပြီ။ ရှေ့လျောက်ရွှေနီရောင်မီး‌ခြင်္သေ့က ကျုပ်တို့ကို လာပြီးနှောင့်ယှက်တော့မှာ မဟုတ်ဘူး"

လူတိုင်း၏စိတ်ပူပန်နေမှုများကို သက်သာအောင်လုပ်ပေးပြီးနောက် ကျိုးဟောင်သည် ကျူးဇောင်အားတွေ့ရန်သွားလေသည်။

သူ့အတွက် ကျူးဇောင်နှင့် သေချာစကားပြောရမည့်အချိန်ပင်ဖြစ်သည်။

ကာကွယ်ရေးခံတပ်၏ မြို့ရိုးမျှော်စင်ပေါ်၌ ရှိနေသော ကျူးဇောင်မှာ ကျိုးဟောင်အေးအေးလူလူ လမ်းလျှောက်ရသည်ကိုမြင်ရသောကြောင့် သူ့မျက်နှာတွင် အပြုံးပန်းများဝေသွားခဲ့သည်။

သူတို့၏ မစ်ရှင်မှာ အလုံးစုံပြီးမြောက်သွားပြီဖြစ်ကြောင်းသိနိုင်လေသည်။

အက်ကွဲကြောင်း အပြင်ဘက်တွင်သာတိုက်ခဲ့ရသော တိုက်ပွဲအား အက်ကွဲကြောင်းထဲသို့ ရွှေ့ပြောင်းနိုင်ခဲ့ပြီဖြစ်သည်။ ထိုကြောင့် အက်ကွဲကြောင်း၀င်ပေါက်တွင် ကျယ်၀န်းလှသော မြို့အသစ်တခုလည်း တည်ဆောက်နိုင်တော့မည်ဖြစ်သည်။

"အခြေအနေဘယ်လိုရှိလဲ"

ကျိုးဟောင်ရောက်‌သည်နှင့်တပြိုင်နက် ကျူးဇောင်က တန်းမေးလိုက်သည်။

"အားလုံးပြီးပြီ။ ကျုပ်မှာ သားရဲထိန်းချုပ်ကွင်းတခုရှိတယ်။ အဲ့တာကိုသုံးပြီးရွှေနီရောင်မီး‌ခြင်္သေ့ကိုလည်း ထိန်းချုပ်နိုင်ခဲ့ပြီ"

ကျိုးဟောင်မှာ ကောင်းကင်ကိုတောင်အံတုနိုင်သောလူဖြစ်ကြောင်းကျူးဇောင်သိသော်လည်း စိတ်ထဲတခုခုဘ၀င်မကျဖြစ်နေလေသည်။

"မင်းမှာ သားရဲထိန်းချုပ်ကွင်းလိုမျိုး ရတနာတောင်ရှိတယ်လား"

"မင်းအဲ့ဒါကိုရွှေနီရောင်မီး‌ခြင်္သေ့အပေါ်အသုံးပြုခဲ့တာလား"

"ရွှေနီရောင်မီး‌ခြင်္သေ့ရဲ့ မှတ်ဉာဏ်တွေကိုရော လေ့လာနိုင်ခဲ့လား"

ကျူးဇောင်မှာ မေးခွန်း ၃ခုကိုဆက်တိုက်မေးခဲ့သည်။ သူ့စိတ်ထဲတွင်တော့ မေးခွန်းပေါင်း တထောင်လောက်ရှိနေလေသည်။

"ဟုတ်ပါတယ် ကျုပ်သားရဲထိန်းချုပ်ကွင်းကိုရွှေနီရောင်မီး‌ခြင်္သေ့ရဲ့ကိုယ်ထဲထည့်ပေးလိုက်နိုင်ပါတယ်"

"ကျုပ် သူ့ရဲ့မှတ်ဉာဏ်တွေထဲကနေ ဘေးပတ်၀န်းကျင်မှာ နောက်ထပ် ကောင်းကင်ဘုံအဆင့်တ၀က်မျိုးနွယ်ခြား ၅ကောင်ရှိနေတာသိခဲ့ရတယ်"

"ထို၅ကောင် ဒီနေရာကိုထိန်းချုပ်လွှမ်းမိုးတယ်။ ရွှေနီရောင်မီး‌ခြင်္သေ့ကတော့ အခြား နေရာကနေခရီးထွက်လာခဲ့တာဖြစ်တယ်"

ကျိုးဟောင်က သူသိခဲ့သမျှကို မဖုံးကွယ်ပဲပြောပြလိုက်သည်။

"ကောင်းပါပြီ။ မင်းက ချီးမြှောက်ထိုက်သောကိစ္စကြီးကို လုပ်နိုင်ခဲ့ပြီ"

ကျိုးဟောင်၏စကားများကြောင့် ကျူးဇောင်စိတ်လှုပ်ရှားသွားသည်။ကျိုးဟောင်ဆီမှ အဖိုးတန်သတင်းအရင်းအမြစ်များကို သူရခဲ့လေသည်။

"ကျုပ်အခြေအနေတွေကို ၀န်ကြီးကျန်းဆီ တင်ပြလိုက်ပါမယ်"

"ကာကွယ်ရေးမြို့နှင့် စွမ်းအင်အတားအဆီးတွေကို ဒီ၁၃ခုမြောက်အက်ကွဲကြောင်းမှာ တည်ဆောက်ပြီးရင်တော့ မင်းကြိုက်တဲ့ဆီသွားလို့ရပါပြီ"

သူထိုသို့ပြောလိုက်သောကြောင့် ကျိုးဟောင်ချက်ချင်းထွက်သွားတော့မည်လို့တွေးခဲ့သည်။

သို့သော်ကျိုးဟောင်ကသူ့အား ‌ဇဝေ‌ဇဝါဖြင့် ကြည့်နေခဲ့လေသည်။

"ဘာလို့ငါ့ကိုငေးကြည့်နေတာလဲ"

ကျူးဇောင်က မရေမရာမေးလိုက်သည်။

" ကျုပ်အနေနဲ့ ဒီလိုကြီးမားတဲ့ကိစ္စကိုဆောင်ရွက်ပေးခဲ့တာကြောင့် အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းအနေနဲ့လေးစားမှုတခုခုမပြသင့်ဘူးလား"

ကျိုးဟောင်ကပြောလိုက်သည်။

သူ့အနေဖြင့် ယခုတိုက်ပွဲတွင်မျိုးနွယ်ခြားအများအပြားအားသတ်ပြီး ကံကြမ္မာအမှတ်များစုဆောင်းနိုင်ခဲ့လေသည်။

"လေးစားမှုကိုပြသသင့်တယ် ဟုတ်လား"

ကျူးဇောင်က နားကြားများမှားသလားလို့ပြန်မေးမိလိုက်သည်။

ကျိုးဟောင်မှာ ပေါင်းစပ်ပုံဆောင်ခဲများ၏ အဓိကထောက်ပံ့သူဖြစ်သော်လည်း ပိုက်ဆံများပြတ်လပ်‌နေသလား ။

"မင်းပိုက်ဆံပြတ်နေလို့လား"

သူသည်ကျိုးဟောင်အား ဇဝေဇဝါမေးမိလိုက်သည်။

....................................................................................

အခန်း(၂၉၁)ပြီးပါပြီ။

All Chapters