အခန်း (၂၉၂-၂၉၄)
Vol. 20 Ch. 292-294
အခန်း(၂၉၂): ကြီးမားတဲ့အောင်ပွဲအပေါ် ဘယ်လိုမြင်လဲ
"ညီနောင်ကျူး ဘာတွေပြောနေတာလဲ"
ကျိုးဟောင်မှာ စိတ်ထဲ အလိုမကျဖြစ်သွားခဲ့သည်။ သူ့အတွက် ပေါင်းစပ်ပုံဆောင်ခဲများမှ ရသည့်၀င်ငွေသာ သာမန်သာဖြစ်လေသည်။
သူ့အနေဖြင့် ဒီလိုကြီးမားသောပူးပေါင်းဆောင်ရွက်မှု လုပ်ခဲ့ပြီးချိန်တွင် ဆုလာဒ်တခုခုတော့ရသင့်လေသည်။ မဟုတ်ပါက နောက်တကြိမ်တွင် သူ့အနေဖြင့် သေမလောက်ကြိုးစားတိုက်ခိုက်ပေးမည်မဟုတ်တော့ပေ။
"ဟားဟား ညီနောင်ကျိုး ကျုပ်ကစတာနေတာပါဗျာ။ ပြောရရင်ကျုပ်က ဒီတိုက်ခိုက်ရေးအစီအစဉ်အတွက်သာ ဦးစီးလုပ်ကိုင်ရတာပါ။ ကျန်တဲ့ ဆုကြေးထုတ်ဝေတာတွေအပိုင်းကတော့ ဒု၀န်ကြီးချန်ဝေ့ကိုင်တာပါ"
"ညီနောင်ကျိုးရမယ့်ဆုကြေးကတော့ ကျုပ်နဲ့မသက်ဆိုင်ပါဘူး။ ဒု၀န်ကြီးချန်ဝေ့ နဲ့သာဆိုင်ပါတယ်"
ကျူးဇောင်က ကျိုးဟောင်၏ပုခုံးကို ပုတ်ပြီးပြောကြားလိုက်သည်။
၀န်ကြီးကျန်း ၊ ဒု၀န်ကြီး ကျူးဇောင်နှင့် ဒု၀န်ကြီး ချန်ဝေ့တို့မှာ အစိမ်းအရောင်တိမ်တိုက်အဖွဲ့အစည်းကြီး၏တာ၀န်အရှိဆုံး သခင်ကြီး၃ဦးဖြစ်ကြသည်။
တခြားကောင်းကင်ဘုံအဆင့်ပညာရှင်များမှာ အတည်တကျမရှိဘဲ သူတို့အလိုရှိရာသို့ အမြဲသွားလာနေကြသည်။
အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းတွင် ၀န်ကြီး ကျန်း ၊ ကျူးဇောင် နှင့် ချန်ဝေ့တို့သာ ဆုံးဖြတ်ချက်များချပေးလေသည်။
"မြေခွေးအိုကြီး..."
ကျိုးဟောင်မှာ ထွက်ခွာသွားသောကျူးဇောင်ကိုကြည့်ပြီး စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
ကျူးဇောင်နှင့် ချန်ဝေ့ နှစ်ယောက်လုံးမှာ ၀န်ကြီးကျန်း၏ ညာလက်ရုံးများဖြစ်ကြသည်။
ကျူးဇောင်မှာ လူအများက အခက်အခဲတွေ့လာချိန်တွင် အပြုံးနှင့်အဆင်ပြေချောမွေ့သွားအောင် လုပ်ပေးရသူဖြစ်သည်။ သို့သော် ဘယ်တော့မှ အဆင်ပြေချောမွေ့သွားခြင်းမျိုးတော့မရှိပေ။
ဒု၀န်ကြီးချန်ဝေ့ကတော့ အေးစက်စက်နိုင်လှသည်။ သူ့အနားသို့ လူစိမ်းများအားတော်ရုံနှင့် အကပ်မခံပေ။ ဒါ့ကြောင့် သူနှင့် ညှိနှိုင်းဖို့သိပ်အဆင်မပြေပေ။
"ဟူးး"
ကျိုးဟောင်မှာ သူ၏ ခေါင်းကို ခါရမ်းပြီး ဆွေးနွေးခန်းထဲမှထွက်ကာ အက်ကွဲကြောင်းထဲသို့ပြန်၀င်သွားလေသည်။
အက်ကွဲကြောင်းထဲသို့ ရောက်ချိန်တွင်လည်းကျိုးဟောင်သည် စွမ်းအင်အတားအဆီးများရှိသည့်နေရာတွင် ရပ်မနေဘဲ ဟိုးအနက်ပိုင်းထဲထိ တိုး၀င်သွားလေသည်။
သားရဲထိန်းချုပ်ကွင်းအကူအညီကြောင့် ကျိုးဟောင်မှာ ရွှေနီရောင်မီးခြင်္သေ့သည် အက်ကွဲကြောင်းတဝိုက်တွင် လှည့်လည်သွားလာနေကြောင်းသိလိုက်သည်။
"ယန်ဟောင် မင်းရဲ့ ကိုယ်ပိုင် ပိုင်နက်မရသေးဘူးလား"
ကျိုးဟောင်သည် ရွှေနီရောင်မီးခြင်္သေ့၏ဘေးတွင်ရပ်ပြီးမေးလိုက်သည်။
"ဒီနေရာမှာ လိုက်ဖက်ညီတဲ့ နယ်မြေပိုင်နက်မရှိတော့ဘူး။ မြေအောက်သတ္တုရိုင်းတွေရှိတဲ့နေရာတွေအကုန်လုံးက တခြားလူတွေသိမ်းပိုက်ထားပြီ"
ရွှေနီရောင်မီးခြင်္သေ့သည် ကျိုးဟောင်အား ရင်းရင်းနှီးနှီးမရှိသေးပေ။ သို့သော် ၎င်း၏ဒဏ်ရာများမှာ မသက်သာသေးကြောင့် ကျိုးဟောင်အနားတွင်နေခြင်းက ၎င်းအတွက်လုံခြုံမှုရှိလေသည်။
"မြေအောက်သတ္တုရိုင်းတွေဆိုတာဘာလဲ"
ကျိုးဟောင်က ရွှေနီရောင်မီးခြင်္သေ့အားကြည့်ပြီးမေးလိုက်သည်။
ရွှေနီရောင်မီးခြင်္သေ့မှာ အက်ကွဲကြောင်းထဲတွင် လှည့်ပတ်သွားလာနေသော သတ္တဝါဖြစ်လေသည်။ ဒါ့ကြောင့် ၎င်းသည်ကျိုးဟောင်ထက် ဒီနေရာအကြောင်းကို ကောင်းစွာပိုသိလေသည်။
"စွမ်းအင်ပုံဆောင်ခဲအရိုင်းတွေလေ"
"မင်းအပြင်ကမ္ဘာမှာတွေ့ခဲ့တဲ့ စွမ်းအင်ပုံဆောင်ခဲတွေက အစုတ်အပြတ်အဆင့်လောက်ပဲရှိတဲ့အရာတွေပဲ။ ဒီကဟာတွေက မင်းတို့အပြင်ဘက်ကရောင်စုံပုံဆောင်ခဲတွေထက်အများကြီးပိုကောင်းတယ်"
ရွှေနီရောင်မီးခြင်္သေ့၏စကားများက အတော်ကို မနာလိုချင်စရာကောင်းလှပေသည်။ တကယ်လို့ ကောင်းကင်ဘုံအဆင့်သို့ တက်လှမ်းလိုပါက အနည်းဆုံးအဆင့်နိမ့် စွမ်းအင်ပုံဆောင်ခဲအရိုင်း၁၀တုံးလိုအပ်လေသည်။ သို့သော် သူတို့တွင် တတုံးတလေတောင်မှ မပိုင်ဆိုင်ကြသေးပေ။
"ဒါနဲ့ မင်းမှာရှိတဲ့ ပလက်တီနမ်အဆင့်စွမ်းအင်ဘားတွေက အဆင့်နိမ့်ပုံဆောင်ခဲရိုင်းတွေနဲ့ယှဉ်နိုင်ပြီး ရှားပါးစွမ်းအင်ဘားတွေကတော့ အဆင့်မြင့်ပုံဆောင်ခဲရိုင်းတွေနဲ့ယှဉ်နိုင်ပေမဲ့ ထိပ်တန်းအဆင့်တွေနဲ့မယှဉ်နိုင်သေးပေ။"
ရွှေနီရောင်မီးခြင်္သေ့က ပြောရင်း အနားမှာလှည့်ပတ်သွားနေလေသည်။
"ဒါဆို ငါတို့သွားပြီး ကြီးကြီးမားမားတခုခုလုပ်ရအောင် အဆင့်နိမ့် ပုံဆောင်ခဲတွေဘယ်မှာရှိလဲသိနေတာပဲ။ နည်းနည်းလောက်ရနိုင်မလားသွားကြည့်ရအောင်"
ကျိုးဟောင်ပြောလိုက်လေသည်။ ကျိုးဟောင်မှာ အစက အက်ကွဲကြောင်းကြီးထဲ၀င်ပြီး စူးစမ်းလေ့လာရန်သာဖြစ်သော်လည်း စွမ်းအင်ပုံဆောင်ခဲများရယူနိုင်မည့်ကိစ္စကလည်း သူ့အတွက်အဆင်ပြေပေသည်။
"မင်းတကယ်သွားရဲလို့လား"
ရွှေနီရောင်မီးခြင်္သေ့မှာ သခင်ကြီး၅ဦးအား စော်ကားလိုစိတ်မရှိသော်လည်း တခြားမျိုးနွယ်ခြားများရန်စမည့်ကိစ္စက သူ့အတွက်ပြဿနာမရှိပေ။
"သိသာမနေဘူးလား"
ကျိုးဟောင်မှာ အဆင့်နိမ့်စွမ်းအင်ပုံဆောင်ခဲရိုင်းများအား ရယူရန်စိတ်အားထက်သန်နေခဲ့သည်။
စွမ်းအင်ပုံဆောင်ခဲရိုင်းများ ထည့်သွင်းခြင်းခံထားရသောနေရာများသည် သိုင်းပညာရှင်များ၏ ကျင့်ကြံရေးကို မြှင့်တင်ပေးနိုင်စွမ်းရှိလေသည်။
"ဒါဆို မင်း နောက်ရက်အနည်းငယ်လောက်နေမှပြန်လာခဲ့ပါလား။ ငါပြန်သက်သာလာအောင်လုပ်ပြီး အခြေအနေတွေကို စုံစမ်းထားလိုက်မယ်"
"အဲ့အချိန်ကျရင် ငါမင်းကို နေရာတခုခေါ်သွားပေးနိုင်လောက်တယ်။ ဒါပေမဲ့ ရတနာတွေကို ရတာ မရတာက မင်းအရည်အချင်းပေါ်ပဲမူတည်တယ်။ တကယ်လို့ မင်းရခဲ့လို့ရှိရင် ငါ့ကို ၃၀%ဝေစုခွဲပေးရမယ်"
ရွှေနီရောင်မီးခြင်္သေ့က ခဏလောက်စဉ်းစားပြီးနောက်ပြောလိုက်သည်။
"သဘောတူတယ်။ ဒါနဲ့ ဘယ်လိုရတနာကိုပြောချင်တာလဲ"
ကျိုးဟောင်က ဒီတကြိမ်တွင် သူတတ်နိုင်သလောက် ဒီ၁၃ခုမြောက်အက်ကွဲကြောင်းကြီးကိုနားလည်ချင်နေခဲ့သည်။
"ငါ့နောက်ကလိုက်ခဲ့ အဲ့တာက တွေးခေါ်ခြင်းပုံဆောင်ခဲတမျိုးပဲ"
ရွှေနီရောင်မီးခြင်္သေ့က ပြောပြီးနောက် တနေရာသို့ဦးဆောင်ခေါ်သွားခဲ့သည်။
မကြာခင်ပင် ကျိုးဟောင်တို့ ရေကန်ငယ်လေးတခုဘေးသို့ရောက်သွားခဲ့သည်။ ထိုရေကန်ငယ်လေးအောက် ဖောက်ထွင်းမြင်နိုင်သော တွေးခေါ်ခြင်းပုံဆောင်ခဲများစွာရှိနေလေသည်။
ဒီတွေးခေါ်ခြင်းပုံဆောင်ခဲလေးများက သိုင်းပညာရှင်၏စိတ်ခွန်အားကို မြှင့်တင်ပေးနိုင်စွမ်းရှိလေသည်။
"ဒီနေရာက အန္တရာယ်ရှိသလိုခံစားနေရတယ်"
ထိုရေအိုင်ငယ်လေးက အလွန်အန္တရာယ်များသလိုခံစားရသောကြောင့် ကျိုးဟောင်မှာ အနားသို့သိပ်မကပ်ပေ။
ထိုအချိန်မှာပဲ ရွှေနီရောင်မီးခြင်္သေ့က ရစ်ငှက်တကောင်အားဖမ်းပြီး ထိုရေအိုင်ထဲသို့ပစ်လိုက်လေသည်။
ရစ်ငှက်မှာ ရေအိုင်ထဲကျသွားသည်နှင့် ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင်မမြင်ရသော မီးများတောက်လောင်နေသည်ကိုခံစားလိုက်ရသည်။
မကြာခင်မှာပဲ ထိုရစ်ငှက်မှာ ရေထဲသို့ မနှစ်သွားခင်မှာပဲ ပြာအဖြစ်ပြောင်းလဲသွားလေသည်။
....................................................................................
အခန်း(၂၉၂)ပြီးပါပြီ။
အခန်း (၂၉၃) : နွယ်ပင် မိစ္ဆာ
"ဒါဆိုဒီရေကန်ငယ်ထဲက တွေးခေါ်ခြင်းပုံဆောင်ခဲတွေကို ယူလို့မရဘူးပေါ့"
ကျိုးဟောင်မှာ ရေအိုင်ငယ်ထဲကပုံဆောင်ခဲများကိုကြည့်ရင်း နှမြောနေမိလေသည်။
"မလောပါနဲ့ဦး"
ဒီတကြိမ်တွင်ရွှေနီရောင်မီးခြင်္သေ့က မိုးမခပင်အကိုင်းတခုကိုယူပြီး ရေကန်ထဲသို့ ထားလိုက်လေသည်။
မိုးမခပင်အကိုင်းမှာ အချိန်အတော်ကြာမှ မီးစလောင်လာခဲ့ပြီး ပြာအဖြစ်သို့ကူးပြောင်းသွားလေသည်။
"ငါမင်းကိုယ်ထဲကနေ အလွန်အားကောင်းတဲ့ သစ်သားဒြပ်စင်ကို အာရုံခံမိတယ်"
"တကယ်လို့ မင်းသာ အဲ့စွမ်းအားကြီးတဲ့ သစ်သားဒြပ်စင်လျှို့ဝှက်နည်းစနစ်ကို ကျွမ်းကျင်ရင် မင်းအဲ့ပုံဆောင်ခဲတွေကိုယူနိုင်လိမ့်မယ်"
"အက်ကွဲကြောင်းထဲမှာ ဒီလိုရေအိုင်ငယ်လေးတွေများစွာရှိပြီး အဲ့ရေအိုင်တွေထဲမှာလည်း တွေးခေါ်ခြင်းပုံဆောင်ခဲတွေချည်းပဲရှိနေတာမဟုတ်ဘူး"
ရွှေနီရောင်မီးခြင်္သေ့ကစကားပြောပြီးနောက် ကျိုးဟောင်အား ကြည့်နေလေသည်။
"ငါကြိုးစားကြည့်မယ်"
ကျိုးဟောင်မှာ သူ၏ ဆောင်းဦးနွေသစ်စိမ်းသိုင်းနှင့် ဒြပ်စင်ငါးသွယ် မဟာယန်မှတ်တမ်းတို့သည် ဒီနေရာတွင် အကျိုးပြုနိုင်ပါ့မလားမသေချာပေ။
"မျိုးနွယ်ခြားတွေလာနေပြီ"
ကျိုးဟောင်ကလှုပ်ရှားရန်ပြင်ဆင်နေချိန်မှာပဲ ရွှေနီရောင်မီးခြင်္သေ့က ရုတ်တရက်သတိလှမ်းပေးလေသည်။
ကျိုးဟောင်လည်း ခေါင်းညိတ်ပြလိုက်ပြီး ရွှေနီရောင်မီးခြင်္သေ့နှင့်အတူပုန်းနေလိုက်လေသည်။
မျိုးနွယ်ခြားတိုင်းသည် လူသားများကိုတွေ့တိုင်းရန်လိုတတ်ကြသည်။ ရွှေနီရောင်မီးခြင်္သေ့တောင်မှ လူသားများအား ရန်သူများအဖြစ်သတ်မှတ်ခဲ့ဖူးလေသည်။
သို့သော်လည်း ယခုတွင် ရွှေနီရောင်မီးခြင်္သေ့မှာ ကျိုးဟောင်နှင့် သူငယ်ချင်းဖြစ်နေခဲ့လေပြီ။ ပထမအချက်မှာ ၎င်းအနေဖြင့် သားရဲထိန်းချုပ်ကွင်းတွင် ပိတ်မိနေသောကြောင့်ဖြစ်ပြီး ဒုတိယအချက်အနေဖြင့် ကျိုးဟောင်က ၎င်းအတွက် အကျိုးအမြတ်များ ယူဆောင်ပေးနိုင်သောကြောင့်ဖြစ်လေသည်။
ကျိုးဟောင်နှင့် ရွှေနီရောင်မီးခြင်္သေ့တို့ ပုန်းနေစဉ်မှာပဲ မျိုးနွယ်ခြားအဖွဲ့တခုမှာ အဝေးတနေရာမှလာနေလေသည်။
"ဒီမျိုးနွယ်ခြားတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဒေတာဘေ့စ်ထဲမှာ ရှာမရဘူး"
ကျိုးဟောင်က နားရွက်ချွန်ချွန် အမြှီးပါသည့် အစိမ်းရောင်အသားအရည်နှင့် မျိုးနွယ်ခြားများကိုကြည့်ရင်းပြောလိုက်လေသည်။
"အဲ့ဒါ နွယ်ပင်မိစ္ဆာတွေပဲ"
ကျိုးဟောင်မှာ အံ့ဩနေပုံရသောကြောင့် ရွှေနီရောင်မီးခြင်္သေ့ကရှင်းပြလိုက်သည်။
"နွယ်ပင်မိစ္ဆာ.... ဒါဆို အဲ့ကောင်တွေက မိစ္ဆာသားရဲတွေမဟုတ်ဘဲ မိစ္ဆာသစ်ပင်မျိုးနွယ်တွေလား"
ကျိုးဟောင်မှာ စိတ်ပျက်သွားခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ကျိုးဟောင်မှာသူ၏ ကျင့်ကြံရေး အခြေအနေမှာသိပ်မဆိုးလှသော်လည်း ဒီနွယ်ပင်မိစ္ဆာ တွေရဲ့ ပင်ကိုသဘာ၀မှာသစ်သားဒြပ်စင်ဖြစ်သောကြောင့် သူ၏ကျင့်စဉ်များကထိုနွယ်ပင်မိစ္ဆာများနှင့် ယှဉ်ဖို့အဆင်မပြေလှပေ။
"ဒီနွယ်ပင်မိစ္ဆာတွေကတော့ အန္တရာယ်ကိုဖိတ်ခေါ်နေတာပဲ။ သူတို့က စွမ်းအားကြီးတဲ့တစုံတခုရဲ့နောက်လိုက်တွေပဲ"
ကျိုးဟောင်မှာ ရွှေနီရောင်မီးခြင်္သေ့၏စကားကြောင့်အံ့အားသင့်သွားခဲ့သည်။
ကျိုးဟောင်၏ စိတ်၀င်စားမှုလည်း ကသိကအောက်ဖြစ်သွားခဲ့သည်။ ကျိုးဟောင်လည်း သက်သက် သာသာ ပုံစံပြောင်းကာ ဘာဆက်ဖြစ်မလဲစောင့်ကြည့်ရန်ပြင်လိုက်သည်။
ထိုနွယ်ပင်မိစ္ဆာများမှာ ယိမ်းထိုးရင်း ရေအိုင်ငယ်နားသို့ကပ်လာကြသည်။ သို့သော်သူတို့၏ ရည်ရွယ်ချက်မှာ တွေးခေါ်ခြင်းပုံဆောင်ခဲများကိုရယူရန်မဟုတ်ခဲ့ပေ။
"ဒီကောင်တွေကြည့်ရတာ ငါးဖမ်းကြမလို့ထင်တယ်"
ကျိုးဟောင်လည်း ဘာပြောရမှန်းမသိဖြစ်သွားခဲ့သော်လည်း ချက်ချင်း သဘောပေါက်သွားခဲ့သည်။ တွေးခေါ်ခြင်းပုံဆောင်ခဲများမှာ သူတို့အတွက် အသုံးမ၀င်ပေ။
သို့သော် ဒီအထူးငါးအသေးလေးတွေကတော့ သူတို့အတွက်အကျိုးရှိလေသည်။
အပင်နှင့်တူသော ဒီနွယ်ပင်မိစ္ဆာများမှာ အထူးပုံစံရှိတဲ့ မိစ္ဆာမျိုးနွယ် ဒါမှမဟုတ် အပင်မိစ္ဆာမျိုးနွယ်ဟုသတ်မှတ်နိုင်လေသည်။
ဒီကိုးယိုးကားယားပုံစံ နွယ်ပင်မိစ္ဆာများတွင် သားရဲမိစ္ဆာများ၌ရှိတတ်သော အသွင်အပြင်လက္ခဏာများလည်းရှိသေးလေသည်။
တရှဲရှဲမြည်သံနှင့်အတူ ထိုနွယ်ပင်မိစ္ဆာမှာ ရှည်လျားသော နွယ်ပင်ကြီးအသွင်ပြောင်းပြီး ငါးဖမ်းနေသည်ကို ကျိုးဟောင်တွေ့လိုက်ရသည်။
ဒီရေကန်ငယ်လေးမှာ အခြားသက်ရှိများကို ဘေးအန္တရာယ်ဖြစ်စေသော်လည်း သစ်သားနှင့်ပတ်သက်သည့်အရာများအပေါ်တော့ ရင်းနှီးမှုရှိနေလေသည်။
ထိုနွယ်ပင်ကြီးမှာ ရေကန်ထဲတွင် အချိန်အတော်ကြာမွှေနှောက်နေခဲ့ပြီးနောက် ငါးအသေးလေးတကောင်အား ဖမ်းမိခဲ့လေသည်။
ဒီငါးအသေးလေးများမှာသာမန်တော့မဟုတ်ပေ။ဒါ့အပြင်ဒီရေကန်မှာလည်း အလွန်ထူးခြားသောရေကန်တခုဖြစ်ပေသည်။
" အဲ့ငါးလေးတွေက ဘာတွေများကောင်းလို့လဲ"
ရွှေနီရောင်မီးခြင်္သေ့မျာ မျက်လုံးများပိတ်ပြီး အိပ်နေသောကြောင့် ကျိုးဟောင်က လှမ်းကန်ပြီးမေးလိုက်သည်။ ၎င်းမှာ ဒီနွယ်ပင်မိစ္ဆာများအား စိတ်၀င်စားပုံမရပေ။
"အဲ့ငါးလေးတွေကို စားခြင်းက မင်းရဲ့စိတ်ခွန်အားကို ကောင်းကောင်းကြီးတိုးမြှင့်ပေးနိုင်တယ်"
"ဒီနွယ်ပင်ကောင်တွေက ရူးကြောင်ကြောင်ပုံစံဖြစ်နေပေမယ့် ရင်ဆိုင်ရမလွယ်ဘူး။ ဒါ့ကြောင့် သူတို့မင်းကို ရန်မစသရွေ့ မင်းလည်း သူတို့ကို ရန်သွားမစသင့်ဘူး"
ရွှေနီရောင်မီးခြင်္သေ့မှာ ကျိုးဟောင်အတွေးကို သိလိုက်ပြီး စိတ်ရှည်လက်ရှည် အကြံကောင်းများပေးနေလေသည်။
"ဒီသစ်ပင်မိစ္ဆာတွေက အဲ့လောက်တောင်စွမ်းတာလား"
ကျိုးဟောင်မှာ ထိုနွယ်ပင်မိစ္ဆာများကို ကြည့်ရင်း အထင်ကြီးဖွယ်အချက်ကို ရှာမရဖြစ်နေခဲ့သည်။
....................................................................................
အခန်း(၂၉၃)ပြီးပါပြီ။
အခန်း (၂၉၄) : တိန်ညင်းငှက် နှင့် ဂဏာန်းတို့ရန်ဖြစ်တာက တံငါသည်အတွက် အကျိုးဖြစ်ခြင်း
"ဒါပေါ့ ပြီးတော့ များသောအားဖြင့် သူတို့ရဲ့နတ်ဆိုးဘုရင်ကလည်း အနီးအနားမှာရှိနေတတ်တယ်"
"ငါတို့ဒီနေရာမှာ သေချာ ပုန်းနေပြီး မလိုလားအပ်တဲ့ နားလည်မှုလွဲတာမျိုးတွေမဖြစ်အောင်သတိထားသင့်တယ်"
ရွှေနီရောင်မီးခြင်္သေ့မှာ ဘယ်လိုအသက်ရှင်နေထိုင်ရမလဲကောင်းစွာသိပြီး ကျိုးဟောင်အားသေချာပြောပြနေခဲ့သည်။
ထိုစကားကိုကြားသောအခါ ကျိုးဟောင်လည်း စိတ်ရှည်လက်ရှည်ဖြင့်စောင့်ရုံသာ တတ်နိုင်တော့သည်။
ထိုနွယ်ပင်မိစ္ဆာများက တွေးခေါ်ခြင်းပုံဆောင်ခဲများအား အလွယ်တကူ ထုတ်ယူနိုင်သည်ကိုလည်း ကျိုးဟောင်မြင်လိုက်ရသည်။
သို့သော် တွေးခေါ်ခြင်းပုံဆောင်ခဲများမှာ ထိုနွယ်ပင်မိစ္ဆာများအတွက်အသုံးမ၀င်သောကြောင့်တခြားတဖက်သို့ လွှင့်ပစ်နေကြလေသည်။
"မင်း အဲ့နွယ်ပင်မိစ္ဆာတွေနဲ့ ဆက်သွယ်နိုင်လား"
ကျိုးဟောင်မှာ တွေးခေါ်ခြင်းပုံဆောင်ခဲများအားယူနိုင်မည့်နည်းလမ်းကောင်းတခုကိုစဉ်းစားမိလိုက်သည်။ သူ့အနေဖြင့် ထိုနွယ်ပင်မိစ္ဆာများအကူအညီဖြင့် ယူရန်ဖြစ်လေသည်။
သို့သော်လည်း သူ့အတွေးမှာ ခဏအတွင်းပျောက်ပျက်သွားရသည်။
"ဘယ်ဆက်သွယ်နိုင်ပါ့မလဲ။ သူတို့မှာ ပင်ကိုဗီဇအနည်းငယ်ပဲရှိပြီး အသိဉာဏ်မရှိကြဘူး။ ပြီးတော့ နွယ်ပင်မိစ္ဆာဘုရင်ကလည်း ဒီကောင်တွေကိုသေချာထိန်းချုပ်ထားတာ။ ငါတို့ဆက်သွယ်ဖို့မဖြစ်နိုင်ဘူး။ ဒါ့အပြင် နွယ်ပင်မိစ္ဆာဘုရင်ကိုယ်တိုင်လာတဲ့အခါကျရင် ငါတို့တွေသေသွားနိုင်တယ်"
နွယ်ပင်မိစ္ဆာဘုရင်သည် ကောင်းကင်ဘုံအဆင့်၌ စွမ်းအားကြီးမားသော တည်ရှိမှုဖြစ်ပြီး ရွှေနီရောင်မီးခြင်္သေ့ကတောင် ကြောက်ရွံ့ရလေသည်။
ရွှေနီရောင်မီးခြင်္သေ့၏ စကားကြောင့် ကျိုးဟောင်လည်းသူ့အတွေးကို ယာယီမေ့ထားလိုက်ရသည်။
ကျိုးဟောင်အနေဖြင့် နောက်ထပ်သားရဲထိန်းချုပ်ကွင်းတခုကို အရမ်းလိုချင်သွားမိသည်။ တကယ်လို့သူ့တွင်ရှိပါက သစ်သားဒြပ်စင်ရှိသည့် သားရဲဖြစ်စေ အပင်ဖြစ်စေ ထိန်းချုပ်ပြီး သူ့အတွက် တွေးခေါ်ခြင်းကျောက်တုံးများအားယူခိုင်းလို့ရလေသည်။
ကျိုးဟောင်မှာ သူ့အတွေးက မဖြစ်နိုင်ကြောင်းသဘောပေါက်သွားသည်။ အဘယ့်ကြောင့်ဆို သားရဲထိန်းချုပ်ကွင်းမှာ ရှားပါးပစ္စည်းဖြစ်ပြီး တွေးခေါ်ခြင်းပုံဆောင်ခဲများရရန်ထက်တောင် ရဖို့ပိုခက်လေသည်။
ကျိုးဟောင်မှာ ခပ်မဲ့မဲ့ပြုံးလိုက်ပြီး ဆက်စောင့်ကြည့်ဖို့သာဆုံးဖြတ်လိုက်သည်။ နောက်ပိုင်း သူဒီနွယ်ပင်မိစ္ဆာများအား ရှင်းပစ်မည်လို့လည်း တွေးထားလေသည်။
"ဟမ်.."
ကျိုးဟောင်က တွေးနေရင်းဖြင့် သူ့အကြည့်က တခြား နေရာတခုသို့ရောက်သွားလေသည်။
ထိုအခိုက်အတန့်မှာပင် အလွန်ထူးခြားသော လူသားပုံစံ မျိုးနွယ်ခြားတစုက မနီးမဝေးနေရာတခုတွင်ပေါ်လာလေသည်။
"အဲ့ကောင်တွေ သွေးမျိုးနွယ်ကကောင်တွေမှတ်လား"
မျိုးနွယ်ခြားများအကြားတွင် သွေးမျိုးနွယ်များမှာ တွေ့ဖူးနေကြမျိုးနွယ်တခုဖြစ်ပြီး ၎င်းတို့အများစုတွင် အလွန်ထူးဆန်းသော ပုံပန်းသဏ္ဌာန်ရှိကြသည်။
လူသားပုံစံနှင့်ဆင်သော သွေးမျိုးနွယ်များကတော့ အဆင့်မြင့်သွေးမျိုးနွယ်၀င်များဖြစ်ကြသည်။
မလှမ်းမကမ်းတွင်ရှိနေသော သွေးမျိုးနွယ်ကောင်များသည် ဒီနွယ်ပင်မိစ္ဆာများအား သတ်ချင်သည့်အရိပ်အယောင်တွေ့နေရသည်။
ရုတ်တရက်ပင် မျိုးနွယ်နှစ်ခုကြားတိုက်ပွဲပေါ်ပေါက်လာလေသည်။
"ငါတို့ဒီကနေထွက်သွားတာပိုကောင်းမယ်"
သွေးမျိုးနွယ်၀င်များနှင့် နွယ်ပင်မိစ္ဆာများတိုက်ခိုက်သည်ကို မြင်သည်နှင့် ရွှေနီရောင်မီးခြင်္သေ့က ထိုနေရာမှ ထွက်ခွာရန်ပြင်လေသည်။
"တိန်ညင်းငှက် နှင့် ဂဏာန်းတို့ရန်ဖြစ်တာက တံငါသည်အတွက် အကျိုးရှိတာပဲလေ။ဒီအချိန်ကျမှ ဘာလို့ငါတို့ကထွက်သွားမှာလဲ"
ကျိုးဟောင် ပဟေဠိဖြစ်နေလေသည်။ ထိုမျိုးနွယ်နှစ်စု၏တိုက်ပွဲမှာ ပြီးလုနီးဖြစ်နေပြီး သူတို့အတွက် အကျိုးအမြတ်ကို သွားယူရင်ရနိုင်သည့်အခြေအနေမဟုတ်ပေလား။
"သူတို့ဘယ်သူနိုင်မလဲ မဆုံးဖြတ်နိုင်ခင်မှာပဲ သွေးမျိုးနွယ်က စွမ်းအားကြီးမျိုးနွယ်၀င်တွေရော နွယ်ပင်မိစ္ဆာဘက်က စွမ်းအားမြင့်သူတွေပါ မကြာခင်ရောက်လာလိမ့်မယ်"
ရွှေနီရောင်မီးခြင်္သေ့မှာ ဒဏ်ရာရပြီးကတည်းက အရာရာကို အထူးသတိထားလုပ်ဆောင်နေလေသည်။ အဲ့လိုမှလည်း ဒီအက်ကွဲကြောင်းထဲတွင် ရှင်သန်နိုင်မည်ဖြစ်သည်။
"ခဏလောက်စောင့်ကြည့်ရအောင်"
ကျိုးဟောင်ကတော့ ရွှေနီရောင်မီးခြင်္သေ့နှင့်အမြင်မတူပေ။ ဒီအဆင့်လောက်ရန်ပွဲလေးက စွမ်းအားကြီးတည်ရှိမှုများအား ဖိတ်ခေါ်နိုင်မည်လို့ သူမထင်ပေ။
ဒါမှမဟုတ် မျိုးနွယ်ခြားတွေရဲ့ ပညာရှင်တွေက ပျင်းများပျင်းနေကြလို့လား။
ကျိုးဟောင်၏ ချင့်ချိန်မှုက မှန်ကန်ပေသည်။
နွယ်ပင်မိစ္ဆာများ၏လက်ချက်အောက်တွင် သွေးများပေါက်ကွဲပြီး သွေးမျိုးနွယ်၀င်များ တယောက်ပြီး တယောက် လဲကျသွားလေသည်။
သွေးမျိုးနွယ်၀င်များမှာ ထူးခြားသော်လည်း မသေမျိုးတော့မဟုတ်ပေ။
အဆုံးတွင် သွေးမျိုးနွယ်၀င်တယောက်သာ လွတ်မြောက်သွားပြီး အခြားသူများက နွယ်ပင်မိစ္ဆာများနှင့်အတူသေဆုံးသွားကြလေသည်။
"လာ... ရတနာ တွေ အမြန်ယူပြီးထွက်သွားရအောင်"
ကျိုးဟောင်မှာ ခဏလောက်စောင့်ဆိုင်းဖို့စဉ်းစားခဲ့သောကြောင့် ယခုမူ အကျိုးအမြတ်များရနိုင်တော့မည်ဖြစ်သည်။
ကျိုးဟောင်လည်း တုံ့ဆိုင်းမနေတော့ပေ။ သွေးမျိုးနွယ်၀င်တယောက်မှာ လွတ်မြောက်သွားသောကြောင့် မကြာခင် ဒီနေရာ၌ဘာဆက်ဖြစ်မလဲ ဘယ်သူမှ မသိနိုင်ပေ။
ကျိုးဟောင်မှာ အလျင်အမြန်ပင် သွေးမျိုးနွယ်၀င်နှင့် နွယ်ပင်မိစ္ဆာအလောင်းတွေနားရောက်သွားလေသည်။ သွေးမျိုးနွယ်၀င်များဆီမှာ အထူးပစ္စည်းများနှင့် နွယ်ပင်မိစ္ဆာတို့၏ အစေ့များကို သူတွေ့လိုက်လေသည်။
ထိုနွယ်ပင်မိစ္ဆာအစေ့များသည် နွယ်ပင်မိစ္ဆာတကောင်အား မွေးမြူလို့ရလေသည်။
ကျိုးဟောင်မှာ ထိုပစ္စည်းများကို ဘယ်လိုအသုံးချရမလဲမသိသေးသော်လည်း သူအမြန်ပင်ယူဆောင်လိုက်ပြီး နောက်ပိုင်း အစိမ်းရောင်တိမ်တိုက်သုတေသနအဖွဲ့ဆီလွှဲပြောင်းပေးလို့ရလေသည်။
"ငါတို့အမြန်ထွက်သွားကြမယ် ဒါမှ သွေးမျိုးနွယ်တွေရဲ့ မရင်ဆိုင်ရမှာ"
ရွှေနီရောင်မီးခြင်္သေ့လည်း ဒီတကြိမ်တွင် အတော်အကျိုးအမြတ်ရခဲ့လေသည်။ ဒါ့ကြောင့် ပစ္စည်းများယူပြီးသည်နှင့် အမြန်ထွက်သွားကြရန် ကျိုးဟောင်အားပြောလိုက်လေသည်။
"ဒါနဲ့ငါတို့အလျင်လိုနေစရာမလိုပါဘူး ။ ဒီသွေးမျိုးနွယ်ကောင်တွေကို ဒီနေရာကို ချက်ချင်းပြန်မလာရဲလောက်သေးဘူး"
ကျိုးဟောင်က ဘေးပတ်၀န်းကျင်ကို တချက်ကြည့်ရင်းပြောလိုက်သည်။
ကျိုးဟောင်မှာ သွေးမျိုးနွယ်နှင့် နွယ်ပင်မိစ္ဆာတို့၏တိုက်ပွဲကို ခုတင်မြင်တွေ့ခဲ့ရပြီး သူတို့ လုပ်ကိုင်ပုံနည်းစနစ် များအား သဘောပေါက်သွားလေသည်။
"ဒီလိုရေအိုင်ငယ်လေးတွေအများကြီးရှိတယ်မှတ်လား ငါတို့အဲ့ကိုပဲသွားကြရအောင်"
ရွှေနီရောင်မီးခြင်္သေ့မှာ ထွက်သွားဖို့ကိုသာတိုက်တွန်းနေလေသည်။
ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ကောင်းသကဲ့သို့ပင် သွေးမျိုးနွယ်၀င်များ လာသည်ဖြစ်စေ မလာသည်ဖြစ်စေ သူတို့ဒီနေရာတွင် ရှိမနေဖို့ကအရေးကြီးသောကြောင့် အခုပင်ထွက်သွားဖို့လိုအပ်လေသည်။
...................................................................................
အခန်း(၂၉၄)ပြီးပါပြီ။