← Chapters

အခန်း (၂၉၅-၂၉၇)

Vol. 20 Ch. 295-297

အခန်း (၂၉၅-၂၉၇)

Vol. 20 Ch. 295-297

အခန်း (၂၉၅) : တခုခုကြီးကြီးမားမားတော့ဖြစ်ပြီ

"ငါတို့ဒီမှာပဲဆက်နေပြီး လာတဲ့ နွယ်ပင်မိစ္ဆာနဲ့ သွေးမျိုးနွယ်တွေကို ချုံခိုတိုက်ခိုက်ရအောင်"

အခြေအနေများကို လေ့လာပြီးနောက် ကျိုးဟောင်မှာ ရတနာတွေကို အချောင်ခိုးယူမည့်အစား စတင်တိုက်ခိုက်ဖို့ပြောလာလေသည်။

ကျိုးဟောင်သိသောအချက်များအရ ဒီသွေးမျိုးနွယ်၀င်များမှာ ကြီးမားသော ဆုံးရှုံးမှုဖြစ်သွားသောကြောင့် ပြန်လာဖို့မသေချာတော့ပေ။

နွယ်ပင်မိစ္ဆာများကတော့ အသိဉာဏ်နည်းသော မျိုးနွယ်ဖြစ်သောကြောင့် သူ့တို့ဘာတွေးမလဲ ဘယ်သူမှ မသိနိုင်ပေ။

ရွှေနီရောင်မီးခြင်္သေ့သည် အစကဒီနေရာမှထွက်ခွာလိုစိတ်ပြင်းပြနေသော်လည်း ကျိုးဟောင်စကားကိုကြားပြီးနောက် ထွက်သွားမည့်အကြံများ လက်လွှတ်လိုက်သည်။

ဒီနေရာမှာဆက်နေလို့လည်း ဘာပြဿနာမှ မရှိပေ။

ကောင်းကင်ဘုံအဆင့်နှင့် ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်များ မပါ၀င်သရွေ့ တခြားမျိုးနွယ်ခြားများက သူတို့နှစ်ယောက်အတွက် ဘာမှ မဟုတ်ပေ။

"ဒီမှာနေပြီးစောင့်ကြည့်ထား။ တခြားမျိုးနွယ်ခြားတွေရောက်လာရင် ငါ့ကိုအသိပေးဦး။ ငါ ဒီတွေးခေါ်ခြင်းပုံဆောင်ခဲတွေကိုဘယ်လိုယူရမလဲ စဉ်းစားလိုက်ဦးမယ်"

ကျိုးဟောင်မှာ ပြောပြီးနောက် ရေအိုင်ငယ်လေးဆီသို့လျှောက်သွားလေသည်။

"ဒီရေအိုင်ထဲကရေတွေက တိုက်စားပျက်စီးနိုင်စွမ်းရှိပြီး သစ်သားဒြပ်ရှိတဲ့အရာတွေသာ တောင့်ခံနိုင်တယ်။ ငါပထမဆုံး ဆောင်းဦးနွေသစ်စိမ်းသိုင်းကို အရင်သုံးကြည့်မယ်"

ခဏလောက်စဉ်းစားပြီးနောက် ကျိုးဟောင်မှာ ဆောင်းဦးနွေ သစ်စိမ်းသိုင်းထဲမှ အစိမ်းရောင်ဖမ်းဆီးခြင်းသစ်သားလက်ကို အသုံးပြုလိုက်သည်။

ရုတ်တရက်ပင် ပုံရိပ်ယောင် လက်ဝါးပုံကြီးမှာ သူ့ရှေ့တွေ ကျစ်လစ်စွာပေါ်ပေါက်လာခဲ့သည်။ ထိုလက်ဖဝါးပုံစံအား ဖန်တီးပြီးနောက် ထိုလက်ဝါးကြီးအား ရေကန်ထဲသို့ ဖြေးဖြေးချင်းချလိုက်လေသည်။

"ဒီရေတွေက တိုက်စားပျက်စီးနှုန်း အတော်မြင့်တာပဲ"

ကျိုးဟောင်မှာ လက်ဝါးကြီးအားရေထဲသို့ချနေရင်းရေရွတ်လိုက်သည်။

လက်ဝါးကြီးမှာ ရေအိုင်ထဲတွင် တဖြေးဖြေးနစ်မြှုပ်သွားပြီး ရေအိုင်အောက်ခြေသို့ရောက်သောအခါ လက်ဝါးနှစ်ခုအဖြစ်ကွဲပြောင်းသွားလေသည်။

ကျိုးဟောင်မှာ လက်ခုပ်ဖြင့်ခပ်ယူသကဲ့သို့ တွေးခေါ်ခြင်းပုံဆောင်ခဲများအားလည်း ရေကန်ထဲမှဆယ်ယူနေလေသည်။ သို့သော် သူ့သစ်သားဒြပ်စင်လက်ဝါးကြီးများ တဖြေးဖြေးတိုက်စားခံရပြီး ရေကန်ထဲသို့ ပြန်ပဲ့ကျနေလေသည်။

နောက်ဆုံးမှာတော့ ကျိုးဟောင်သည် တွေးခေါ်ခြင်းကျောက်တုံးအနည်းငယ်အားဆယ်ယူနိုင်လိုက်လေသည်။

"မဆိုးဘူး မဆိုးဘူး။ အဲ့အတွေးအခေါ်ပုံဆောင်ခဲတွေက ဒီအက်ကွဲကြောင်းမှာ အတော် အသုံး၀င်တယ်"

"မျိုးနွယ်ခြားတွေက လူသားတွေနဲ့မတူဘူး။ သူတို့ရဲ့ စိတ်ခွန်အားကို တိုးမြှင့်ဖို့က ဒီအတွေးအခေါ်ပုံဆောင်ခဲတွေကိုပဲအားကိုးနေရပြီး အင်အားတွေတိုးတက်လာဖို့အတွက်လည်း တခြားရတနာတွေကို အသုံးပြုနေရတယ်"

"အတွေးအခေါ်ပုံဆောင်ခဲတွေက ဒီလိုရေကန်တွေမှာ ဖြစ်ပေါ်တတ်ပြီး မင်းအဲ့တာတွေကို တခြားမျိုးနွယ်တွေနဲ့ လဲလှယ်ရေးပစ္စည်းအဖြစ်အသုံးပြုနိုင်တယ်"

ရွှေနီရောင်မီးခြင်္သေ့သည် အစက ကျိုးဟောင်အပေါ် စိတ်၀င်စားမှု သိမရှိသော်လည်း ယခုမူ စိတ်လှုပ်တရှားပြောဆိုနေလေသည်။

ကျိုးဟောင်၏ အတွေးအခေါ်ပုံဆောင်ခဲများအားဆယ်ယူနှုန်းက နွယ်ပင်မိစ္ဆာများထက်ပင် ပိုများလေသည်။

"ဒါကနှေးပါသေးတယ်။ ငါနွယ်ပင်မိစ္ဆာအဖွဲ့လိုက်ကိုထိန်းချုပ်နိုင်ဖို့နည်းလမ်းရှာကြည့်ဦးမယ်"

"ဒီနေ့တော့ ဒီမှာပဲရပ်လိုက်ကြမယ်။ အချိန်ခဏလောက်ကြာမှာငါပြန်လာခဲ့မယ်။ အဲ့အချိန်တွင်းမှာ မင်း ကောင်းကင်ဘုရင်ကျူးနဲ့ အခြားသူများအတွက် ကောင်းကောင်းအလုပ်လုပ်ပေးပြီး လူသားတွေကို ရန်မမူရဘူး နားလည်လား...."

ကျိုးဟောင်မှာ ရပ်တန့်ရန်ဆုံးဖြတ်လိုက်ပြီး ရွှေနီရောင်မီးခြင်္သေ့အား မှာကြားနေလေသည်။ ထို့နောက် နောက်ထပ် သားရဲထိန်းချုပ်ကွင်းတခုရရန်ကြိုးစားဖို့စဉ်းစားထားလေသည်။

သူ၏ကံကြမ္မာအမှတ်များဖြင့် ရှားပါးအဆင့်ပစ္စည်းများအားရယူနိုင်စွမ်းရှိသည်။ သို့သော် ရှားပါးအဆင့်ရတနာပစ္စည်းများမှာ များပြားလွန်းသောကြောင့် သားရဲထိန်းချုပ်ကွင်းကို ရဖို့မသေချာပေ။

"ကျွတ်.."

ရွှေနီရောင်မီးခြင်္သေ့က ဘာမှပြန်မပြောဘဲနေလေသည်။ ၎င်းအနေဖြင့် ကျိုးဟောင်၏စကားကို သဘောပေါက်သော်လည်း ပြန်မဖြေချင်ခဲ့ပေ။

ကျိုးဟောင်မှာ ရွှေနီရောင်မီးခြင်္သေ့နှင့် လမ်းခွဲပြီးနောက် ထိုသတ္တဝါအသတ်ခံရမည်ကို စိတ်ပူနေခဲ့သည်။

ထိုကဲ့သို့ သတ္တဝါမျိုးအား ထိန်းချုပ်နိုင်ဖို့မလွယ်ကူပေ။

ကျိုးဟောင်မှာ အက်ကွဲကြောင်းအ၀သို့ပြန်ရောက်သောအခါ မြို့ရိုးမှာဆောက်လုပ်ပြီးစီးနေပြီဖြစ်ပြီး ဖောက်ထွင်းမြင်နိုင်သော အကာအကွယ်အတားဆီးမှာလည်း ထည်ဝါစွာရှိနေခဲ့လေပြီ။

၁၃ခုမြောက် အက်ကွဲကြောင်း၏တိုက်ပွဲမှာ ရှေ့သို့တလှမ်းတက်လှမ်းနိုင်ခဲ့ပြီး အက်ကွဲကြောင်းထဲရှိ အရှင်သခင်ကြီး ၅ဦးသား ရှင်းလင်းပြီးပါက လုံး၀ လုံခြုံသွားမည်ဖြစ်သည်။

"ဥက္ကကျိုး..."

"ဥက္ကဌကျိုး ပြန်လာပြီလား"

"ဥက္ကကျိုး ဒီတခေါက်ခရီးကနေ တခုခုများ ရခဲ့လား"

ကျိုးဟောင်ပြန်လာသည်ကိုမြင်သောအခါ ခံတပ်ထဲရှိ သိုင်းပညာရှင်များက စုရုံးမေးမြန်းကြလေသည်။

"ငါတိုက်ခိုက်ပြီးလုယူခဲ့တာတွေတော့ပါလာတယ်။ ကောင်းကင်ဘုရင်ကျူးဒီမှာရှိလား"

ကျိုးဟောင်မှာ ရတနာတခုတွေ့ခဲ့သည်ကိုပြောမပြခဲ့ပေ။ တကယ်လည်း ထိုတွေးခေါ်ခြင်းပုံဆောင်ခဲများမှာ ရယူရန်အလွန်ခက်လှသည်။

"ကောင်းကင်ဘုရင်ကျူးက ထွက်သွားပြီ"

သိုင်းပညာရှင်တယောက် ချက်ချင်းပြန်ဖြေလေသည်။

ကျိုးဟောင်မှာ ကျူးဇောင်အား ဒီရတနာပုံဆောင်ခဲများအကြောင်းပြောပြချင်ခဲ့သည်။ သို့သော် ကျူးဇောင်ဒီလောက်အလုပ်များမှန်း သူမသိခဲ့ပေ။ သူ့အနေဖြင့် ကျူးဇောင်ဘယ်သွားသလဲ မသိနိုင်ပေ။

ကျိုးဟောင်မှာ ၁၃ခုမြောက်အက်ကွဲကြောင်းတွင်ဆက်မနေဘဲ ၇ခုမြောက်လေ့ကျင့်ရေးစခန်းသို့ပြန်လာလေသည်။

သူပြန်လာပြီးမကြာခင်မှာပဲ ကျန်းယိက သူ့တံခါးအား အလောတကြီးလာခေါက်လေသည်။

"ဘာဖြစ်တာလဲ ကျန်းယိ"

"မင်းကြားမိသေးလား ဒီရက်ပိုင်းအတွင်းတခုခုကြီးကြီးမားမားဖြစ်သွားခဲ့တယ်"

ကျန်းယိက စိတ်မရှည်စွာပြောလိုက်သည်။

....................................................................................

အခန်း(၂၉၅)ပြီးပါပြီ။

အခန်း (၂၉၆) : အထူးလေ့ကျင့်ရေး

"ဒီလောက်ကိစ္စကြီးဖြစ်ပြီးတာဆို ဘာလို့အဲဒီလောက်ပျော်နေတာလဲ"

ကျိုးဟောင်မှာရယ်ရမလားငိုရမလားပင်မသိတော့ပေ။ ကျန်းယိ၏စိတ်လှုပ်ရှားနေသောအမူအရာအရ သူသည်လုံးဝစိုးရိမ်နေပုံမပေါ်ပေ။

"ဒါကကိစ္စကောင်းပဲလေ"

"မင်း ၁၃ခုမြောက်အက်ကွဲကြောင်းအကြောင်းကြားပြီးပြီလား"

ကျန်းယိ၏မျက်နှာပေါ်မှအပြုံးမှာ ဖုံးဖိလို့မရပေ။

"ငါသိတယ် အစတုန်းကဟွာကျုံးတို့ ဟွာသုန်းတို့လိုမျိုး အက်ကွဲကြောင်းကနည်းနည်းပဲရှိတာ ဒါပေမဲ့ အဓိကပြောင်းလဲမှုကြီးဖြစ်ပြီးနောက်ပိုင်း အက်ကွဲကြောင်းအရေအတွက်က ၁၃ခုအထိတိုးလာတယ် ဒီအက်ကွဲကြောင်းကနောက်ဆုံးတစ်ခုပဲ"

ကျန်းယ်ိပြောနေသည့်ကိစ္စအား ကျိုးဟောင်သိထားပြီးသားဖြစ်သည်။

"ကျန်းယိ၊ ကျိုးဟောင် မင်းတို့နှစ်ယောက်လုံးရောက်လာကြပြီလား"

ယွမ်ချန်းမှာအဝေးမှလမ်းလျှောက်လာရင်း ပြောလိုက်သည်။

သိပ်မကြာမီမှာပင် ယွင်ယန်နှင့်ရှုလင်လည်းရောက်လာပေသည်။

"ဒါကတကယ်ကောင်းသတင်းအကြီးစားပဲ ပြီးတော့မူလအဆင့်ကောင်စီရဲ့ဥက္ကဌကျိုးကလည်း အရမ်းစွမ်းအားကြီးတာပဲ"

ဤကာလအတောအတွင်း အားလုံးမှာထိုကိစ္စအကြောင်းသာပြောနေကြပေရာ ယွင်ယန်သည်လည်းရောက်ရောက်ချင်း ထိုကိစ္စအားစပြောလာလေသည်။

"အဲဒီလိုလား"

ကျိုးဟောင်၏အမူအရာမှာ အနည်းငယ်ထူးခြားနေပြီး အနည်းငယ်ဘဝင်မြင့်နေပေသည်။

၁၃ခုမြောက်အက်ကွဲကြောင်းထဲရှိသူ၏တိုက်ပွဲအကြောင်းမှာ ဟွာရှားတစ်မြို့လုံးတွင် ပျံ့နှံ့နေပုံပေါ်သည်။

၇ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းတွင် အားလုံးမှာထိုကိစ္စကိုသာဆွေး‌နွေးနေကြပြီး သူတို့မျက်လုံးနှင့်ကိုယ်တိုင်မြင်လိုက်ကြရသလိုမျိုး ပြောနေကြပေသည်။

"သေချာတာပေါ့ ကောင်းကင်ဘုံအဆင့်ပညာရှင်‌တွေကိုဖယ်လိုက်ရင် မူလအဆင့်ကောင်စီရဲ့ဥက္ကဌကျိုးကကမ္ဘာဂြိုဟ်ပေါ်မှာအသန်မာဆုံးပညာရှင်တစ်ယောက်ပဲ"

ရှုလင်မှ ထပ်ပေါင်းပြောလိုက်သည်။

သို့သော် သူမ၏မျက်နှာလေးပေါ်တွင် စိတ်လှုပ်ရှားနေသောအမူအရာမျိုးပေါ်နေသော်လည်း သူမသည်အလွန်ဆင်ခြင်နိုင်စွမ်းရှိပေသည်။ သူမသည်ဥက္ကဌကျိုး၏ စွမ်းအားကိုသာလက်ခံခြင်းဖြစ်ကြောင်းကို မြင်နိုင်ပေသည်။

"ကောင်းကင်ဘုံအဆင့်ဆိုတာဘာလဲ"

ယွမ်ချန်းမှ သိလိုစိတ်ဖြင့်မေးလိုက်သည်။

ယွမ်ချန်း၏စကားအားကြားမှသာ ကျိုးဟောင်မှာ အနည်းငယ်ပုံမှန်ဖြစ်သွားသလိုခံစားလိုက်ရပေသည်။

ယခင်က ကောင်းကင်ဘုံအဆင့်နှင့်ပတ်သက်ပြီးသိရှိရန် သူပင်အများအပြားအားစိုက်ထုတ်ခဲ့ရပေရာ ထို့ကြောင့်ယွမ်ချန်းတစ်ယောက် ထိုအကြောင်းအားမသိသည်မှာ သာမန်ပင်ဖြစ်သည်။

"ကောင်းကင်ဘုံအဆင့်ပညာရှင်တွေဆိုတာက မူလအဆင့်အထက်ကလူတွေကိုပြောတာ လူတစ်ယောက်က မူလအဆင့်ရဲ့နဝမမြောက်အဆင့်အထွတ်အထိပ်အထိရောက်အောင် ကျင့်ကြံပြီးရင် အဲဒီလူမှာ ကောင်းကင်ဘုံအဆင့်ရောက်အောင်ထိုးဖောက်ကျင့်ကြံဖို့ ဖြစ်နိုင်ခြေရှိတယ်"

"ကောင်းကင်ဘုံအဆင့်ပညာရှင်ကို ကောင်းကင်ဘုံဘုရင်လို့လည်းခေါ်ကြတယ် ဥပမာပြောရရင် သိပ်မကြာသေးခင်က အခြေစိုက်စခန်းကိုလာသွားတဲ့ ကျူးဇောင်ကို ကောင်းကင်ဘုံဘုရင်ကျူးဆိုပြီးတော့လည်း လူတွေကသိကြတယ်"

ယခုတစ်ကြိမ်ရှင်းပြနေသူမှာ ကျန်းယိဖြစ်ပြီး ကျန်းယိမှာပိုလေ့လာထားကာပိုလည်းကြိုးစားထားပေသည်။ အခြားသူများမသိသည့်အကြောင်းအရာအတော်များများကို သူသိထားပေသည်။

"ငါတို့ဘယ်တော့မှ ဥက္ကဌကျိုးနဲ့တွေ့နိုင်မှာလဲမသိဘူး ငါဗီဒီယိုကိုကြည့်ပြီးပြီဥက္ကဌကျိုးက တကယ့်ကိုအရမ်းစွမ်းအားကြီးတာပဲ"

ယွင်ယန်မှာ "ဥက္ကဌကျိုး" ၏ပရိတ်သတ်ဖြစ်လာမှန်းသိသာလှပေသည်။ နှမြောစရာကောင်းသည်မှာ တကယ်တမ်းတွင် ဥက္ကဌကျိုးမှာသူမတို့ရှေ့တွင်ရှိနေကြောင်းကို သူမ မသိခြင်းပင်ဖြစ်သည်။

"ကျိုးဟောင် နင့်ကြည့်ရတာသိပ်စိတ်မလှုပ်ရှားသလိုပဲ"

ယွင်ယန်မှာ သူမသာစိတ်လှုပ်ရှားနေရုံမဟုတ်ဘဲ ကျိုးဟောင်နှင့်အခြားလူများကိုလည်းစိတ်လှုပ်ရှားစေချင်ပုံပေါ်ပေသည်။

ကျိုးဟောင်မှာစိတ်ထဲမှတွေးလိုက်သည်။

"ဘာတွေများ စိတ်လှုပ်ရှားစရာရှိလို့လဲ အဲဒါတွေအားလုံးကကောလဟလတွေပဲကို ပြီးတော့ဥက္ကဌကျိုးဆိုတာကလည်း တခြားလူမှမဟုတ်တာ ငါပဲကို"

"လူစုကြတော့"

သူတို့အချိန်ခဏမျှစကားပြောပြီးနောက် ယန်ဟွေ့၏အသံမှာ အဝေးမှထွက်ပေါ်လာလေသည်။

"အာ ထပ်ပြီးလူစုရပြန်ပြီလား ငါတို့နေ့ဝက်လောက်နားလို့ရသေးတယ်လို့ သူပဲပြောခဲ့တာမဟုတ်ဘူးလား"

ယွမ်ချန်းနှင့်အခြားလူများမှာ အသံတိုးတိုးဖြင့် မကျေမနပ်ပြောလာကြသော်လည်း လူစုရန်တော့ချက်ချင်းပင်ရောက်လာကြလေသည်။

ကျိုးဟောင်သည်လည်းအတူတူပင်ဖြစ်သည်။ နည်းပြ ယန်ဟွေ့၏ အစီအစဉ်များကိုကြည့်ပြီး ကျိုးဟောင်မှာ၎င်းအား အပန်းဖြေရန်အခွင့်အရေးနှင့် ဖျော်ဖြေရေးတစ်ခုလို သဘောထားပေသည်။

"ဒီတစ်လအတွင်း ၇ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းမှာ ပူးပေါင်းပြိုင်ပွဲတစ်ခုရှိမယ်"

"ပြီးခဲ့တဲ့အခေါက် ၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းနဲ့ စွမ်းရည်ဖလှယ်ပြိုင်ပွဲအပြီးမှာ မင်းတို့ကိုယ့်စွမ်းအားနဲ့ပတ်သက်ပြီး ကောင်းကောင်းနားလည်လိုက်ကြမယ်လို့မျှော်လင့်တယ် ပြီးခဲ့တဲ့အခေါက်က မင်းတို့နိုင်ခဲ့တယ်ဆိုပေမဲ့ အဲဒါကကံကောင်းလို့ပဲ အဲဒါကြောင့်ဒီတစ်ခေါက်မင်းတို့ဆိုးဆိုးဝါးဝါးမရှုံးချင်ဘူးဆိုရင် တစ်လစာအထူးလေ့ကျင့်ရေးကိုစလုပ်ရမယ်"

"စစ်မြေပြင်မှာပဲ မင်းတို့ရဲ့စွမ်းအားက အတိုင်းအတာကြီးကြီးမားမားတိုးလာနိုင်တာ"

ယန်‌ဟွေ့မှာထိုစကားအားပြောလိုက်သည်နှင့် ကျောင်းသားအများစု၏အမူအရာများမှာ အကျည်းတန်သွားပြီး မကျေမနပ်ပြောသံများမှာလည်းမစဲတော့ပေ။

"မဖြစ်နိုင်တာ သူထပ်ပြီးအထူးလေ့ကျင့်ရေးလုပ်ချင်နေပြန်ပြီ"

ယခုအချိန်တွင် ကျောင်းသားအတော်များများမှာ ၇ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်း၏ နေ့စဉ်လေ့ကျင့်ရေးများမှာပြီးဆုံးသွားပြီဖြစ်ကြောင်းကို နားလည်လိုက်ကြပြီဖြစ်သည်။

သူတို့ရှေ့တန်းခံတပ်သို့ရောက်သွားလျှင်တောင် အဆင်ပြေသေးသည်။ ၎င်းမှာအန္တရာယ်များသော်လည်း ထိုအန္တရာယ်ကို သူတို့ကိုင်တွယ်လို့တော့ရသေးပေသည်။

"ငါတော့အထူးလေ့ကျင့်ရေးလုပ်ပေးဖို့မျှော်လင့်တယ် ဘာပဲဖြစ်ဖြစ် ငါတို့၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းကကျောင်းသားတွေနဲ့တိုက်တုန်းက အရမ်းအားနည်းလွန်းတယ်"

ထိုစကားအားပြောလိုက်သူမှာ ကျန်းယိဖြစ်သည်။

ဤကာလအတောအတွင်း သူတို့အားလုံးမတူညီသောအတိုင်းအတာတစ်ခုအထိ တိုးတက်လာကြသော်လည်း ကျန်းယိမှာ ၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းမှကျောင်းသားများနှင့်တိုက်ပွဲအကြောင်းစဉ်းစားမိသောအခါ အလွန်ကူကယ်ရာမဲ့သလိုခံစားလိုက်ရလေသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သူတို့အားလုံးတိုးတက်လာကြပေသည်။ မတိုးတက်လာဘဲဒီတိုင်းရပ်တန့်နေစရာအကြောင်းလည်းမရှိပေ။

"ဒီအထူးလေ့ကျင့်ရေးအတွက် မင်းတို့ရှေ့တန်းခံတပ်ရဲ့အပြင်ဘက်ဧရိယာကိုသွားစရာမလိုဘူး ဒါပေမဲ့ စစ်မြေပြင်ရဲ့အစွန်အဖျားကိုတော့ဝင်ရမယ်"

ယန်ဟွေ့၏စကားများမှာလူအုပ်ကြားထဲသို့ ဗုံးကျဲချလိုက်သလိုပင်။ ချက်ချင်းဆိုသလိုပင် ရုတ်ရုတ်သဲသဲဖြစ်သွားလေတော့သည်။

....................................................................................

အခန်း(၂၉၆) ပြီးပါပြီ။

အခန်း (၂၉၇) : ဆိုးဝါးသောအခြေအနေ

မည်သည့်ကြိုတင်ပြင်ဆင်မှုမှမရှိဘဲ သူတို့သည်ဘယ်လိုများ ကျောင်းသားများအားစစ်မြေပြင်အစွန်အဖျား၌ လေ့ကျင့်ခိုင်းရန်စီစဉ်လိုက်ကြပါသနည်း။

ကံကောင်းသည်မှာ ဤကျင့်ကြံမှုကာလနောက်ပိုင်း အားလုံး၏တိုးတက်မှုမှာသိပ်မဆိုးလှခြင်းဖြစ်သည်။ စစ်မြေပြင်၏အစွန်အဖျားတွင် သူတို့ထံ၌ပြဿနာမတက်သရွေ့ အသက်ရှင်နိုင်ပေသည်။

သို့သော် ယခုတစ်ကြိမ်မှာမည်သို့ပင်စစ်မြေပြင် ၏အစွန်အဖျားဟုပင်ဆိုသော်လည်း ထိုနေရာမှာတကယ့်စစ်မြေပြင်တစ်ခုသာဖြစ်သည်။

"နင်ကြောက်လား"

ကျိုးဟောင်ဘေးရှိ ရှုလင်မှာစိုးရိမ်စွာမေးလိုက်သည်။

"ငါအဲဒီလောက်မကြောက်ပါဘူး"

ကျိုးဟောင်ထိုစကားအားပြောလိုက်ခြင်းမှာ ရှုလင်နှင့်ပတ်ဝန်းကျင်ရှိလူများအား အပြည့်အဝဂရုစိုက်ရန်သာဖြစ်သည်။

သူဘာကြောင့်များကြောက်ရမည်လဲ ရှေ့တန်းရှိစစ်မြေပြင်မဆိုထားနှင့် ကျိုးဟောင်မှာအက်ကွဲကြောင်းထဲရှိစစ်မြေပြင်ကိုပင် ရောက်ဖူးပေသည်။

စင်စစ်ပင် ကျိုးဟောင်၏စကားအားကြားပြီးနောက် ဘေးရှိလူများမှာချက်ချင်းဆိုသလိုပင် အများကြီးစိတ်သက်သာရာရသွားကြလေသည်။

ကြောက်နေသည့်လူမှာသူတို့ချည်းပဲမဟုတ်ပေ။ ကျိုးဟောင်ပင်အနည်းအကျဉ်းတော့ကြောက်ပေသည်။

"နည်းပြယန်ဟွေ့ ကျွန်တော်တို့ကိုစစ်မြေပြင်ရဲ့အစွန်အဖျားကိုဝင်ခိုင်းဖို့ဆိုတာ နည်းနည်းစောမနေဘူးလား ကျွန်တော်တို့အဆင်သင့်မဖြစ်သေးဘူး"

သေရေးရှင်ရေးအခြေအနေတွင် အချို့ကျောင်းသားများမှာ ထုတ်ပြောရုံကလွဲရွေးချယ်စရာမရှိပေ။

"ဟုတ်တယ် နည်းပြ ကျွန်တော်တို့ဒီရောက်တာ လပိုင်းပဲရှိသေးတယ်လေ"

"ကျွန်တော့်အထင်တော့ မဟာဆရာသခင်အဆင့်ထိရောက်အောင် ကျင့်ကြံပြီးမှ စစ်မြေပြင်ကိုဝင်သင့်တယ်လို့ထင်တယ်"

အချို့ကျောင်းသားများမှာ ရှေ့တန်းစစ်မြေပြင် ၏အန္တရာယ်ကို ကောင်းကောင်းသိကြပေရာ ယခုအချိန်တွင် သူတို့သည်စစ်မြေပြင်သို့မဝင်ခင် မဟာဆရာသခင်အဆင့်ရောက်အောင်ကျင့်ကြံရန် အဆိုပြုနေကြပေသည်။

သူတို့အားလုံးမှာပါရမီအလွန်ကောင်းကြပေရာ မဟာဆရာသခင်အဆင့်ရောက်အောင်ကျင့်ကြံရန်အချိန်အတိုင်းအတာတစ်ခုသာလိုအပ်ပေသည်။

"ငါလည်းမင်းတို့ကို ဒီ့ထက်ကြာကြာကျင့်ကြံစေချင်ပါတယ် နှမြောစရာကငါတို့မှာအချိန်အများကြီးမကျန်တော့ဘူး"

"ဒီနေ့တော့ မြို့ထဲသွားပြီးအဲဒီလေ့ကျင့်ရေးအတွက်ကောင်းကောင်းပြင်ဆင်ထားကြ မနက်ဖြန်ကစပြီး ရက် ၃၀ အထူးလေ့ကျင့်ရေးစဖို့ ငါမင်းတို့ကိုစစ်မြေပြင်ရဲ့အစွန်အဖျားကိုခေါ်သွားမယ်"

"မင်းတို့အခုချိန်မှာနှုတ်ထွက်လို့ရတယ် ဒါပေမဲ့ ထွက်သွားတဲ့လူတွေကဘယ်တော့မှ ပြန်ဝင်ခွင့်မရှိဘူး"

"တန်းဖြုတ်တော့"

ယန်ဟွေ့မှာစကားစအားလျင်မြန်စွာဖြတ်ပြီး မေးခွန်းမေးရန်အခွင့်အရေးပင်မပေးပေ။

စစ်မြေပြင်၏အစွန်အဖျားသို့ဝင်ရန်မှာ အလွန်အန္တရာယ်များသော်လည်း မည်သူမျှထွက်ရန်မရွေးချယ်ခဲ့ပေ။

အကယ်၍ သူတို့သာယခုအချိန်တွင်ထွက်ရန်ရွေးချယ်လိုက်ပါက သူတို့ရှေ့တွင်ကြိုးစားခဲ့သမျှအားလုံးမှာ အချည်းနှီးဖြစ်သွားမည်ဖြစ်သည်။

သို့သော် လက်ရှိအချိန်တွင်သူတို့မထွက်ဖို့မရွေးချယ်ပါကလည်း အကယ်၍စစ်မြေပြင်တွင် သူတို့သေသွားခဲ့ပါက သူတို့အားပြုစုပျိုးထောင်ခဲ့သောမိဘများမှာအချည်းနှီးဖြစ်သွားမည်ဖြစ်သည်။

"အခုတော့ ငါတို့ဒုက္ခအကြီးအကျယ်ရောက်ပြီ"

ယွမ်ချန်း၏မျက်နှာပေါ်တွင် ခါးသီးသောအပြုံးတစ်ခုပေါ်လာကာပြောလိုက်လေသည်။ ယခင်က သူတို့အပြင်ဘက်ဆုံးလေ့ကျင့်ရေးဧရိယာသို့သွားခဲ့တုန်းကပင် သူတို့အားလုံးသေချင်ခဲ့ကြပေရာ ယခုတွင်အားလုံးမှာ စစ်မြေပြင်၏အစွန်အဖျားသို့တန်းဝင်ရတော့မည်ဖြစ်သည်။ အထူးလေ့ကျင့်ရေးပြီးဆုံးသည်အထိတောင့်ခံနိုင်ပြီး အသက်ရှင်လျက်ပြန်လာနိုင်ပါ့မလား မည်သူမှမသိနိုင်ပေ။

"ငါတို့ပူးပေါင်းလို့ရမလားမသိဘူး"

"ငါတို့စစ်မြေပြင်ကိုသွားရမှာဆိုတော့ ဘာဖြစ်ဖြစ်လုပ်လို့ရတယ်မလား"

"ဘာပဲဖြစ်ဖြစ် စစ်မြေပြင်ကိုသွားတဲ့သိုင်းပညာရှင်တွေမှာစည်းမျဉ်း ၂ခုပဲရှိတယ် တစ်ခုကအသက်ရှင်အောင်နေပြီး နောက်တစ်ခုကရန်သူကိုသတ်ဖို့"

"ငါတို့ကိုယ့်အသက်က်ိုယ်ဘယ်လိုထိန်းသိမ်းမလဲနဲ့ ရန်သူကိုဘယ်လိုသတ်မလဲဆိုတာ ဘယ်သူမှဂရုမစိုက်လောက်ပါဘူး"

ရှုလင်မှာ ခေတ္တမျှတွေးကာပြောလိုက်သည်။

အကယ်၍စစ်မြေပြင်၏အစွန်အဖျားတွင် သူတို့တစ်ယောက်တည်းဆိုပါက အတွေ့အကြုံနည်းပါးမှုကြောင့် မတော်တဆမှုများဖြစ်မည်မှာ မြေကြီး လက်ခတ်မလွဲပေ။

သို့သော်အကယ်၍ အားလုံးအတူပူးပေါင်းပါက စစ်မြေပြင်အစွန်အဖျားတွင် ရက် ၃၀လောက်အသက်ရှင်သန်ရန်မှာ ပြဿနာတစ်ခုမဟုတ်ပေ။

"အရင်ဆုံးအရင်းအမြစ်တွေ သွားဝယ်ကြရအောင် ငါတို့အတူသွားကြမလား"

ကျန်းယိမှာခေတ္တမျှစဉ်းစားပြီးနောက် ယခုလက်ရှိဦးစားပေးကိစ္စမှာ လိုအပ်လောက်မည့်အရင်းအမြစ်များနှင့်ပစ္စည်းများပြင်ဆင်ရန်ဖြစ်ကြောင်းကိုသိလိုက်ပေသည်။ မည်သို့ပင်ဖြစ်စေ သူတို့သည်စစ်မြေပြင်ပေါ်တွင် ရက်ပေါင်း ၃၀ ရှင်သန်ရမည်ဖြစ်သည်။

"ငါတို့ဒီတစ်ခေါက်တာဝန်ကတော့အရမ်းများသွားပြီ အခုမှဆရာသခင်အဆင့်ကိုဝင်ရုံပဲရှိသေးတယ် ရှေ့တန်းစစ်မြေပြင်ကိုတကယ်ကြီးသွားရတော့မယ်"

ယွမ်ချန်းမှာ ကူကယ်ရာမဲ့စွာမကျေမနပ်ပြောလိုက်လေသည်။

"ဟုတ်တယ် အဆုံးမှာလူဘယ်နှစ်ယောက်များ အသက်ရှင်လျက်ပြန်လာနိုင်မလဲမသိဘူး"

ကျန်းယိသည်လည်း အကောင်းမမြင်နိုင်တော့ပေ။ လေ့ကျင့်ရေးကွင်းနှင့်အခြားဧရိယာများမှာ အန္တရာယ်များသော်လည်း အလွန်အန္တရာယ်များသည်တော့မဟုတ်ပေ။ ထိုဧရိယာများတွင် သူတို့၏လုံခြုံရေးမှာ အာမခံချက်ရှိသေးပေသည်။

"စိတ်မပူနဲ့ ရှေ့တန်းစစ်မြေပြင် အထူးသဖြင့်အစွန်အဖျားပိုင်းက အဲဒီလောက်အန္တရာယ်မရှိဘူး"

"များသောအားဖြင့် လဝက်ဒါမှမဟုတ် လပေါင်းများစွာကြာတဲ့အထိတောင် ရုတ်တရက်တိုက်ပွဲထဖြစ်တာမျိုးမရှိဘူး"

"အဲဒီအပြင် ရှေ့တန်းမှာရှိတဲ့စွမ်းအင်အကာအကွယ်ရယ် ကာကွယ်ရေးတပ်ဖွဲ့ရယ်နဲ့ ပညာရှင်တွေနဲ့ဆို မျိုးနွယ်ခြားတွေရဲ့ခြိမ်းခြောက်မှုပြဿနာက အဲဒီလောက်လည်းမမြင့်တော့ဘူး"

ကျိုးဟောင်မှာရှေ့တန်းသို့ အကြိမ်ပေါင်းများစွာရောက်ပြီးပြီဖြစ်ပေရာ ထိုနေရာနှင့်ပိုရင်းနှီးသည်မှာ သဘာဝပင်ဖြစ်သည်။

ရှေ့တန်းဟူသောစကားသည် နားထောင်ရသည်မှာကြောက်မက်ဖွယ်ဖြစ်သော်လည်း တကယ်တမ်းတွင်ထိုမျှလောက်မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ရှေ့တန်း၌ ကျင့်ကြံရေးအဆင့်မှာ ဆရာသခင်အဆင့်ပင်မရောက်သေးသော်ငြား လက်ရည်ကောင်းသောစစ်သားများစွာရှိပေသည်။

"ငါတောင်နင့်ကိုယုံမိတော့မလို့ မသိရင်နင်ကအဲဒီကိုရောက်ဖူးသလိုလိုနဲ့"

ယွင်ယန်မှာ ကျိုးဟောင်တစ်ယောက်အေး‌ဆေးချင်ယောင်ဆောင်နေသည်ဟုတွေးရင်း လျှာထုတ်ကာပြောလိုက်သည်။

မည်သို့ပင်ဖြစ်စေ သူမ၏အမြင်တွင် ကျိုးဟောင်သည်လည်း သူမတို့လိုပင်ရှေ့တန်းသို့တစ်ခါမှမရောက်ဖူးပေ။

"အဟမ်း.....နင်တို့နှစ်ယောက်ဘာလုပ်နေကြတာလဲ"

ရှုလင်၏မျက်နှာမှာမဲမှောင်နေပေသည်။ ယွင်ယန်မှာအမြဲတမ်းပေါ့ပေါ့ပါးပါးဝတ်ဆင်လေ့ရှိပြီး ယခုတစ်ကြိမ်တွင်လည်း အတူတူပင်ဖြစ်သည်။

သူမ၏နှင်းပွင့်သဖွယ်အဖြူရောင်ခြေတံရှည်လေးများ၏ကောက်ကြောင်းမှာ နှစ်လိုဖွယ်ကောင်းပြီး မျက်စိလွှဲရန်မလွယ်ကူလှပေ။

အစောပိုင်းကသူမ၏လျှာထုတ်လိုက်ပုံလေးမှာ ပို၍ပင်ဆွဲဆောင်မှုရှိပေသည်။

အကယ်၍ဒီပုံအတိုင်းသာဆက်သွားပါက တစ်နေ့နေ့တွင် ကျိုးဟောင်အမှားလုပ်မိနိုင်ပေသည်။

....................................................................................

အခန်း(၂၉၇) ပြီးပါပြီ။

All Chapters