အခန်း (၃၁၃-၃၁၅)
Vol. 21 Ch. 313-315
အခန်း (၃၁၃) : ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်၏မပြည့်စုံသော ဝိဉာဉ်ခန္ဓာကိုယ်
ဘန်း!
သို့သော် ဤဆရာသခင်အဆင့်သိုင်းပညာရှင်မှာ သူ့ရှေ့ရှိလူမှာ ဆရာသခင်အဆင့်ရောက်ခါစလူသစ်မဟုတ်မှန်း မမျှော်လင့်ထားခဲ့ပေ။
"မင်း"
ကျိုးဟောင်မှာသူ့အား ဂရုမစိုက်ဟန်ဖြင့်လည်ပင်းညှစ်ကာ မြှောက်လိုက်ပြီးနောက် ဤဆရာသခင်အဆင့်သိုင်းပညာရှင်မှာလည်း လုံးဝကြက်သေသေသွားပေသည်။
ဘာတွေဖြစ်နေသည်လဲ။ ကျိုးဟောင်မှာ ဘာကြောင့်ဤမျှလောက်စွမ်းအားကြီးနေရပါသလဲ။
သူသည်အထွတ်အထိပ်ဆရာသခင်အဆင့်ဖြစ်ပြီစ ကျိုးဟောင်မှာယခုမှဆရာသခင်အဆင့်ရောက်ခါစလူသစ်တစ်ယောက်သာဖြစ်သည်။ သူတို့နှစ်ယောက်ကြားရှိစွမ်းအားကွာခြားချက်မှာ အလွန်ကြီးမားလှပေသည်။
"ခင်ဗျားကတကယ်လည်းကြာကြာနေရတော့မဲ့လူမဟုတ်ဘူး ဒါပေမဲ့ဘာလို့ကျုပ်ကိုပါဆွဲချရမယ်လို့ထင်တာလဲ"
ကျိုးဟောင်ယခုလိုအခြေအနေနှင့်ကြုံရသည်မှာ ယခုအကြိမ်သည်ပထမဆုံးအကြိမ်ဖြစ်သည်။
အကယ်၍သူသာတကယ်ကို ဆရာသခင်အဆင့်ရောက်စလူသစ်တစ်ယောက်ဆိုပါက ယခုတစ်ကြိမ်တွင်အသက်ဆုံးရှုံးလိုက်ရမည်ဖြစ်သည်။
ကံဆိုးသည်မှာ....
"ကျွတ် ကျွတ်....ကောင်းပြီလေ"
မထင်မှတ်ထားစွာပင် ထိုအချိန်၌ ဤသေအံ့ဆဲဆဲဆရာသခင်အဆင့်သိုင်းပညာရှင်မှာ လှောင်ပြုံးပြုံးလာလေသည်။
ထို့နောက် သူ၏ခန္ဓာကိုယ်မှ အလွန်ကြောက်မက်ဖွယ်ကောင်းသောစိတ်စွမ်းအားအတက်အကျတစ်ခုပေါက်ကွဲထွက်လာလေသည်။
ဤစွမ်းအားကြီးသောစိတ်စွမ်းအင်အတက်အကျအားခံစားမိပြီးနောက် ကျိုးဟောင်မှာချက်ချင်းပင်သဘောကျသွားသည်။
တစ်ဖက်လူ၏ကိုယ်ထဲတွင်မပြည့်စုံသော ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်၏ဝိဉာဉ်ခန္ဓာကိုယ်ရှိနေကြောင်းကို သူပြောနိုင်ပေသည်။
သို့သော် ဤကောင်းကင်ဘုံအဆင့်သိုင်းပညာရှင်မှာသေရန်မည်မျှနီးစပ်ခဲ့ကြောင်းမသိရပေ။ ဤဝိဉာဉ်ခန္ဓာကိုယ်မှာလည်းအတော်လေးအားနည်းနေပြီဖြစ်သည်။
ယခုလိုအခြေအနေတွင် ဤဝိဉာဉ်ခန္ဓာကိုယ်မှာ အထွတ်အထိပ်ဆရာသခင်အဆင့်သိုင်းပညာရှင်တစ်ယောက်ကိုပင်မကိုင်တွယ်နိုင်ပေရာ ကျိုးဟောင်ဆိုပါက ဆိုဖွယ်ရာပင်မရှိတော့ပေ။
ကျိုးဟောင်မှာသူ၏အသက်အရွယ်ဖြင့် ဤအဆင့်အထိကျင့်ကြံနိုင်ခြင်းမှာ ပါရမီအလွန်ကောင်းခြင်းကြောင့်ဟုဆိုနိုင်ပေသည်။
ထို့ကြောင့် မုရုံရွှင်းမှာတွေဝေမနေဘဲ သေရေးရှင်ရေးအခြေအနေတွင်ကျိုးဟောင်၏ခန္ဓာကိုယ်အား အပိုင်စီးရန်ကြိုးစားခဲ့ခြင်းဖြစ်သည်။
"မင်း"
"ဘာလို့လဲ"
သို့သော်မုရုံရွှင်းမှာ လုံးဝကြက်သေသေသွားပေသည်။
ကျိုးဟောင်၏အသိပင်လယ်အား တကယ်ကိုမထိုးဖောက်နိုင်ပေ။
ဤအဓိပ္ပာယ်မှာ ကျိုးဟောင်၏စိတ်ပိုင်းဆိုင်ရာစွမ်းအားမှာအလွန်ကြောက်မက်ဖွယ်ကောင်းသည်ဟူသောအဓိပ္ပာယ်ပင်ဖြစ်သည်။ ထို့အပြင် ဤစိတ်စွမ်းအားအဆင့်သည် ဆရာသခင်တစ်ယောက်သို့မဟုတ် မဟာဆရာသခင်တစ်ယောက်ပင်ပိုင်ဆိုင်နိုင်သောအဆင့်မဟုတ်ပေ။
ဤအရာသည်မူလအဆင့်ပညာရှင်တစ်ယောက်၏ စိတ်စွမ်းအားပင်မဟုတ်ပေ။ ၎င်းမှာကောင်းကင်ဘုံအဆင့်မရောက်သေးသော်ငြား အတော်လေးနီးစပ်ပေသည်။
ရိုးရှင်းစွာပြောရလျှင် မုရုံရွှင်းမှာ သူ့ထံ၌လွတ်လမ်းမရှိခဲ့သည့်အချိန်တုန်းက မျှော်လင့်ချက်တစ်ခုပေါ်လာပြီဟုထင်ခဲ့ခြင်းဖြစ်သော်ငြား တကယ်တမ်းတွင်အခြေအနေမှာ ပို၍ကြောက်မက်ဖွယ်ရာကောင်းလောက်အောင်ပင်မျှော်လင့်ချက်မရှ်ိတော့ခြင်းဖြစ်သည်။
"မင်းကကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်ပဲ"
မုရုံရွှင်းမှာ မျှော်လင့်ချက်ပျက်သွားသလိုခံစားလိုက်ရသည်။
"ကျွန်တော့်အထင်ခင်ဗျားဘယ်သူလဲဆိုတာ ကျွန်တော်သိတယ်ထင်တယ်"
လက်ရှိအချိန်တွင် ကျိုးဟောင်မှာအသိစိတ်ပင်လယ်ထဲရှိဝိဉာဉ်ခန္ဓာကိုယ်အားဂရုတစိုက်ကြည့်ပြီးနောက် ချက်ချင်းဆိုသလိုပင် အတော်လေးမယုံကြည်နိုင်စရာကောင်းသလိုခံစားလိုက်ရပေသည်။
သူသည်ယခုအချိန်တွင် မူလအဆင့်ကောင်စီ၏ ဂုဏ်ထူးဆောင်ဥက္ကဌဖြစ်ပြီး အစိမ်းရောင်တိမ်တိုက်ဌာန၏တိုက်ရိုက်သိုင်းပညာရှင်တစ်ယောက်လည်းဖြစ်ပေရာ သတင်းအချက်အလက်အများအပြားကိုဖတ်ခွင့်ရှိပေသည်။
"မုရုံရွှင်းလွန်ခဲ့တဲ့နှစ် ၅၀ တုန်းက စွမ်းအားအကြီးဆုံးကောင်းကင်ဘုံအဆင့်ပညာရှင်တွေထဲကတစ်ယောက် နောက်ပိုင်းကျ အက်ကွဲကြောင်းထဲမှာသေသွားပြီး အပိုင်းပိုင်းအစစဖြစ်သွားတယ် အကြောင်းပြချက်အတိအကျကိုတော့မသိရဘူး...."
ကျိုးဟောင်မှာမုရုံရွင်းနှင့်ပတ်သက်သော ယေဘုယျသတင်းများကိုရှင်းပြလိုက်သည်။
လက်ရှိမုရုံရွှင်းမှာမယုံကြည်နိုင်လောက်အောင်အားနည်းသော်ငြား လွန်ခဲ့သောနှစ် ၅၀ ကအလွန်စွမ်းအားကြီးခဲ့သူတစ်ယောက်သာဖြစ်သည်။
"အဲဒါတွေအကုန်လုံးကအတိတ်မှာကျန်ခဲ့ပြီ ဒီလိုစွမ်းအားကြီးတဲ့ကောင်းကင်ဘုံအဆင့်တစ်ဝက်သိုင်းပညာရှင်တစ်ယောက်က တကယ်တမ်းကျ ဆရာသခင်အဆင့်ရောက်စလူသစ်လေးလိုဟန်ဆောင်ရတာကြိုက်မယ်လို့မထင်ထားခဲ့ဘူး"
မုရုံရွှင်း၏လေသံတွင်လှောင်ပြောင်လိုမှုများဖြင့်ပြည့်နေပေသည်။
"ဟက် ခင်ဗျားကျွန်တော့်ကိုသရော်စရာမလိုပါဘူး ကျုပ်ကိုလက်ညှိုးထိုးစရာလည်းမလိုဘူး"
"ခင်ဗျားကအရင်တုန်းကအစိမ်းရောင်တိမ်တိုက်ဌာနရဲ့တိုက်ရိုက်သိုင်းပညာရှင်တစ်ယောက်ဖြစ်ခဲ့တယ် ဒါပေမဲ့ခင်ဗျားမသေခင်မှာအစိမ်းရောင်တိမ်တိုက်ဌာနက ခင်ဗျားကိုဆုလာဘ်တံဆိပ်ထဲထည့်ခဲ့တယ်"
"အကြောင်းအရင်းအတိအကျကိုတော့မကြေညာခဲ့ပေမဲ့ ကျုပ်ကတော့ခင်ဗျားကလူကောင်းတစ်ယောက်လည်းမဟုတ်ဘူးဆိုတာကိုယုံကြည်တယ် တကယ်လို့အခုချိန်မှာကျုပ်သာခင်ဗျားကိုသတ်လိုက်ရင် ကောင်းကင်ဘုံအစားတရားမျှတမှုရှာပေးရာကျမှာပဲ"
စင်စစ်တွင် ကျိုးဟောင်မှာမုရုံရွှင်းအားမသတ်ဘဲ အကျဉ်းချထားချင်ပေသည်။
"ဟီးဟီး..."
"ငါတို့လမ်းကြောင်းတွေကမတူလို့ဒီတိုင်းထွက်ခဲ့တာ ပြီးတော့ဟွာရှားနဲ့အစိမ်းရောင်တိမ်တိုက်ဌာနကိုစိတ်ပျက်စေမဲ့အရာမျိုး ဘယ်တုန်းကမှမလုပ်ခဲ့ဖူးဘူး"
မုရုံရွှင်းမှာယခုတစ်ကြိမ်တွင် သူ့အတွက်လုံးဝပြီးဆုံးသွားပြီဖြစ်ကြောင်းကိုနားလည်လိုက်ပေသည်။
သူ့အားဖမ်းဆီးခဲ့သောဤကောင်မှာအလွန်စွမ်းအားကြီးရုံသာမက အစိမ်းရောင်တိမ်တိုက်ဌာနမှသိုင်းပညာရှင်တစ်ယောက်လည်းဖြစ်ပေသည်။
"ခင်ဗျားကိုမဖြစ်မနေသတ်ရမယ်လို့တော့လည်းမဟုတ်ပါဘူး ဒါကခင်ဗျားရဲ့စွမ်းဆောင်မှုအပေါ်မူတည်တယ် သတင်းအရဆိုခင်ဗျားအများကြီးသိထားမှာပဲ"
ကျိုးဟောင်ထိုစကားအားပြောလိုက်သည်နှင့် မုရုံရွှင်း ၏အကြည့်မှာအနည်းငယ်ပြောင်းလဲသွားလေသည်။ သူမူလကထင်ခဲ့သည်မှာ ကျိုးဟောင်မှာပိုက်ဆံရရေးအတွက်သူ့အားပြန်ခေါ်သွားမည်ဟုထင်ခဲ့ခြင်းဖြစ်သည်။ ယခုကြည့်ရသလောက် ကျိုးဟောင်၏ရည်မှန်းချက်မှာ သူစိတ်ကူးထားတာထက်ပင် အများကြီးပိုကြီးနေပုံပေါ်ပေသည်။
....................................................................................
အခန်း(၃၁၃) ပြီးပါပြီ။
အခန်း (၃၁၄) : ရွှေအစစ်အား မီးရဲရဲဖြင့်ပုံသွင်းခြင်း
"ငါတကယ်လည်းကိစ္စအတော်များများကိုသိပါတယ် ဒါပေမဲ့အဲဒါကမင်းနဲ့ဘာဆိုင်လို့လဲ"
မုရုံရွှင်းမှာယခုအချိန်သည် အပေးအယူလုပ်ရမည့်အချိန်မဟုတ်မှန်းသိပေသည်။ အကယ်၍အခုအချိန်တွင်အပေးအယူလုပ်လိုက်ပါက ကျိုးဟောင်မှာဆက်လက်အောင်မြင်ရန်စွန့်စားမည်ဖြစ်သည်။
"ကျုပ်တို့အလုပ်အတူလုပ်လို့ရတယ် ကျုပ်ကခင်ဗျားအသက်ကိုချမ်းသာပေးပြီးတခြားကိစ္စတွေမှာကူညီပေးမယ်"
"အပြန်အလှန်အနေနဲ့ ခင်ဗျားကကျုပ်မေးမဲ့မေးခွန်းတစ်ချို့ကိုဖြေပေးရမယ်"
ကျိုးဟောင်မှာစကားဆုံးသည်နှင့် စိတ်စွမ်းအားအားသုံးကာ မုရုံရွှင်း၏မပြည့်စုံသောဝိဉာဉ်ခန္ဓာကိုယ်အားလုံးဝချိတ်ပိတ်ထားရန်ပြင်လိုက်သည်။
မုရုံရွှင်းသာတစ်ခုခုလှုပ်ရှားပါက ကျိုးဟောင်မှာသူ့အားအစိတ်စိတ်အမြွှာမြွှာဖြစ်အောင်လုပ်ပစ်လိုက်လို့ရပေသည်။
"သဘောတူတယ်"
မုရုံရွှင်းမှာခေတ္တမျှစဉ်းစားပြီးနောက်သဘောတူလိုက်သည်။
ကျိုးဟောင်မှာ သူဖမ်းဆုပ်နိုင်သောနောက်ဆုံးကြိုးမျှင်သာဖြစ်သည်။
"မင်းသိချင်တာဘာပဲဖြစ်ဖြစ် ငါအကောင်းဆုံးကြိုးစားပြီးဖြေပေးမယ်"
"ပြီးတော့ ဒီလူအိုကြီးကကတိပေးတယ်တကယ်လို့အနာဂတ်မှာငါလွတ်မြောက်သွားရင်တောင် ငါသေချာပေါက်မင်းကိုမတိုက်ခိုက်ဘူး"
မုရုံရွှင်းလုပ်ရမည့်အရာမှာ ကျိုးဟောင်အားသူ့ဘက်ပါလာအောင်သိမ်းသွင်းရန်သာဖြစ်သည်။ သူအသက်ရှင်နိုင်နေသမျှ နောက်ပိုင်းတွင်ကျိုးဟောင်အားကိုင်တွယ်နိုင်မည့် အခွင့်အရေးများစွာရှိလာနိုင်ပေသည်။
"ခင်ဗျားရဲ့အချက်အလက်မှာပြောထားတာတော့ ခင်ဗျားကမူလကျောက်စာကျွမ်းကျင်သူတစ်ယောက်တဲ့ မူလကျောက်စာတစ်မျိုးမျိုးကိုသိလား"
ကျိုးဟောင်မှာအစ်အောက်ကြည့်လိုက်သည်။
ဤအချက်အား သူအစိမ်းရောင်တိမ်တိုက်ဌာန၏ အချက်အလက်သိမ်းဆည်းရာနေရာတွင်တွေ့ခဲ့ခြင်းဖြစ်ပြီး အမှန်ဟုတ်မဟုတ်ကိုတော့မသိပေ။
"ငါကနဂိုကတည်းက မူလကျောက်စာကျွမ်းကျင်သူတစ်ယောက်ပဲ ကမ္ဘာဂြိုဟ်ပေါ်မှာ ငါ့ထက်စွမ်းအားကြီးတဲ့အခြားမူလကျောက်စာကျွမ်းကျင်သူဆိုတာ မရှိသလောက်ပဲ"
မုရုံရွှင်းမှာ ဤကိစ္စအားအလွန်အမင်းဂုဏ်ယူပေသည်။
သူ့ခေတ်တွင် မူလကျောက်စာလမ်းကြောင်း၌သူ့အားယှဉ်ပြိုင်နိုင်သူမရှိပေ။
ဤမျှလောက်နှစ်ပေါင်းများစွာကြာပြီးသည်အထိတိုင်အောင် မုရုံရွှင်းမှာကမ္ဘာဂြိုဟ်ပေါ်ရှိ မူလကျောက်စာလမ်းကြောင်းတွင်သူ့ထက်ပို၍စွမ်းအားကြီးသောလူရှိသည်ဟုမခံစားရပေ။
"ကျုပ်ကိုပြော မူလကျောက်စာတွေကိုဘယ်လိုဖန်တီးရတာလဲ"
ကျိုးဟောင်မှာဤလူနှင့်တွေ့ရသည်မှာတကယ်ကံကောင်းသည်ဟုခံစားလိုက်ရပေသည်။ သိပ်မကြာသေးမီက ဤအရာများအားအဖြေမဖော်နိုင်သည့်အတွက် အားမလိုအားမရခံစားခဲ့ရပေရာ ယခုအချိန်တွင် သူသည်တကယ်ကိုပင် ကောင်းကင်ဘုံအဆင့်မိစ္ဆာအိုကြီးနှင့်တွေ့ခဲ့ရပြီဖြစ်သည်။
"မင်းမူလကျောက်စာတွေဖန်တီးချင်တယ်ဆိုရင် အရင်ဆုံးမူလကျောက်စာသင်္ကေတတွေကိုသင်ရမယ် မူလကျောက်စာသင်္ကေတတွေကိုသင်ချင်တယ်ဆိုရင် မူလကျောက်စာထွင်းနည်းကိုအရင်သင်ရမယ်"
မုရုံရွှင်းမှာကျိုးဟောင်၏အသိစိတ်ပင်လယ်ထဲ၌ စိတ်ရှည်လက်ရှည် လမ်းပြညွှန်ကြားနေပေသည်။
ယခုအချိန်တွင်ကျိုးဟောင်နှင့်အလုပ်တွဲလုပ်ရုံမှလွဲ၍သူ့ထံတွင်တခြားရွေးချယ်စရာမရှိပေ။
အကယ်၍သူသာကျိုးဟောင်နှင့်ပူးပေါင်းပါက အသက်ရှင်နိုင်သည့်အခွင့်အလမ်းရှိသေးပေသည်။ အကယ်၍ ကျိုးဟောင်သာ သူ၏ဝိဉာဉ်ခန္ဓာကိုယ်အားအစိမ်းရောင်တိမ်တိုက်ဌာနသို့လွှဲပေးလိုက်ပါက သူသေချာပေါက်သေရမည်ဖြစ်သည်။
မုရုံရွှင်းမှာဟွာရှားနှင့်အစိမ်းရောင်တိမ်တိုက်ဌာနအား စိတ်ပျက်ရအောင်မလုပ်ခဲ့သော်ငြား မလုပ်သင့်သည့်အလုပ်တစ်ခုကိုတော့လုပ်ခဲ့ပေသည်။
"ဆက်ပြော"
ကျိုးဟောင်မှာတိုက်ပွဲအားအာရုံစိုက်နေရင်း မုရုံရွှင်း၏ဝိဉာဉ်ခန္ဓာကိုယ်အားချိတ်ပိတ်ထားရန် စိတ်စွမ်းအားကိုသုံးနေပေသည်။
အကယ်၍မုရုံရွှင်းသာတစ်ခုခုဉာဏ်များဝံ့ပါက သူ့အတွေးတစ်ချက်ဖြင့်မုရုံရွှင်းမှာအမြစ်ဖြတ်ချေမှုန်းခံရမည်ဖြစ်သည်။
ဆရာသခင်အဆင့်သိုင်းပညာရှင်မှာ ပြတ်တောင်း ပြတ်တောင်းဖြင့်ပြောလာသည်။
"မူလကျောက်စာထွင်းနည်းသင်တာက အခြေခံအရပြောရရင် ဘာသာစကားတစ်ခုရဲ့စကားလုံးတွေကိုသင်ရသလိုမျိုးပဲ အဲဒီတုန်းက ငါလည်းဒီအချက်ကြောင့်ပဲအစိမ်းရောင်တိမ်တိုက်ဌာနရဲ့မျက်စိကျတာကိုခံခဲ့ရတာ"
ကျိုးဟောင်မှာ အစီအရင်၏ရှေ့တန်းသို့မသွားမီကတည်းက ဤကောင်းကင်ဘုံအဆင့်ပညာရှင်၏ဝိဉာဉ်ခန္ဓာကိုယ်ဖြင့်မဆက်သွယ်တော့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် သူ၏အမူအရာမှာတောက်လျှောက်ပြောင်းလဲနေပေသည်။
ခေတ္တမျှကြာပြီးနောက် ဥက္ကဌကျိုးအဖြစ်ပြောင်းလဲသွားပေသည်။
"လတ်စသတ်တော့မင်းပဲ"
မုရုံရွှင်းမှာလုံးဝကြက်သေသေသွားခဲ့သည်။ ယခုတစ်ကြိမ်တွင်သူကျရှုံးခဲ့ခြင်းမှာမထူးဆန်းတော့ပေ။ အားလုံးခေါ်နေကြသည့်စီနီယာကျိုးမှာ ကျိုးဟောင်သာဖြစ်ပေသည်။
ကျိုးဟောင်မှာခပ်လွန့်လွန့်ပြုံးလိုက်ပြီး ဘာမှမပြောပေ။
ဤပုံအတိုင်းဆိုပါက ယခု မုရုံရွှင်း၏ဝိဉာဉ်ခန္ဓာကိုယ်မှာ ကျိုးဟောင်၏အသိစိတ်ပင်လယ်ထဲတွင်ချိတ်ပိတ်ခံလိုက်ရပြီဖြစ်ပေရာ ကျိုးဟောင်အလိုရှိသည့်အတိုင်းလုပ်လို့ရပေသည်။
"အမ် မင်းကဘာလို့ဒီရောက်လာတာလဲ"
သိပ်မဝေးသောအကွာအဝေးတွင်ပေါ်လာသောကျိုးဟောင်၏ပုံရိပ်အားကြည့်ကာ စိုးရိမ်နေသောကောင်းကင်ဘုံဘုရင်ကျူးမှာ သက်ပြင်းချကာမေးလိုက်လေသည်။
အစိမ်းရောင်တိမ်တိုက်ဌာနတွင် အမြဲတမ်း အရံအစီအစဉ်ရှိပေသည်။ ထို့ကြောင့်ကျိုးဟောင်နှင့်အခြားထူးချွန်သောပညာရှင်များအားပျိုးထောင်ခြင်းအပြင် ဒုတိယအဖွဲ့ကိုလည်းပျိုးထောင်နေခြင်းဖြစ်သည်။
ကံဆိုးသည်မှာ ဒုတိယအဖွဲ့၏ ကျယ်ပြန့်သောစွမ်းရည်မှာ ပထမအဖွဲ့၏စွမ်းရည်ထက် သေချာပေါက်နိမ့်ကျနေခြင်းပင်ဖြစ်သည်။
ဒုတိယအဖွဲ့၏အကြီးဆုံးပြဿနာမှာ ထိုအဖွဲ့၌ကျိုးဟောင်လိုလူမျိုးမရှိခြင်းပင်ဖြစ်သည်။ မဟုတ်ပါက ဤသို့ဖြစ်မည်မဟုတ်ပေ။
"ကျွန်တော်ဒီတိုင်းဖြတ်သွားရင်း အခြေအနေကိုထိန်းမရတာမြင်လို့ လာလိုက်တာ"
ကျိုးဟောင်မှာ ဤနေရာတွင်အမြဲရှိနေခဲ့ပြီး ဝင်ပါရန်အခွင့်အရေးရှာမတွေ့ခြင်းဖြစ်ကြောင်းကိုတော့ သေချာပေါက်ပြောမည်မဟုတ်ပေ။
"ကျွန်တော်အရင်ဆုံးအခြေအနေငြိမ်သွားအောင် ကူညီပေးရမလား"
ကျိုးဟောင်မှာကျူးဇောင်အားကြည့်ကာမေးလိုက်သည်။ ကျူးဇောင်မှာသူ့လူများအားလေ့ကျင့်ပေးလိုသည်လား သို့မဟုတ် ပြဿနာအားရှင်းလိုသည်လားသူမသိပေ။
"နည်းနည်းလောက်ထပ်ပြီးစောင့်ကြတာပေါ့"
ခေတ္တမျှစဉ်းစားပြီးနောက် ကျူးဇောင်မှာဆုံးဖြတ်ချက်ချလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ရွှေအစစ်ကိုမီးများများနဲ့ပုံသွင်းရတာပဲ များသောအားဖြင့်ကျင့်ကြံရေးအခြေအနေတွေကအရမ်းကောင်းပြီး ကျင့်ကြံရေးပတ်ဝန်းကျင်ကလည်းအရမ်းညင်သာလွန်းတယ် ဒီလောက်နှစ်တွေအများကြီးအတောအတွင်းမှာ ပေါ်လာတဲ့ပညာရှင်အရေအတွက်ကလျော့လာပြီ"
ကျူးဇောင်ထိုစကားအားပြောလိုက်သည့်အချိန်တွင် သူ၏အသံ၌စိုးရိမ်မှု အထီးကျန်မှုများဖြင့်ပြည့်နေပေသည်။
ကမ္ဘာဂြိုဟ်နှင့်မျိုးနွယ်ခြားများကြားရှိ စစ်မြေပြင်တွင် စတေးမှုများမှာမြေကြီးလက်ခတ်မလွဲကြုံရပေသည်။ စတေးရမည်ကိုကြောက်ရွံ့ပြီး တွန့်ဆုတ်နေပါက ကမ္ဘာဂြိုဟ်တစ်ခုလုံးမှာလည်း အစောကတည်းကပျက်စီးသွားလောက်ပြီဖြစ်သည်။
အကယ်၍ကျိုးဟောင်လှုပ်ရှားလိုက်ပါက အခြေအနေအားအေးဆေးထိန်းနိုင်ပေသည်။ ထိုသို့ဆိုပါက ယခုတစ်ကြိမ်စစ်ဆင်ရေးမှာဘာအဓိပ္ပာယ်မှမရှိတော့ပေ။ယခင်ကနှင့်ယခုလက်ရှိစတေးခဲ့သမျှမှာလည်း အချည်းနှီးဖြစ်သွားမည်ဖြစ်သည်။
"ဟုတ်တယ်"
ကျူးဇောင်စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် ကျိုးဟောင်သည်လည်းဘေးတွင်သာတိတ်တဆိတ်ရပ်စောင့်နေလိုက်ပေသည်။
"ဒါကသိုင်းပညာရှင်တွေရဲ့ကံကြမ္မာလား"
ရှေ့ရှိစစ်မြေပြင်အားကြည့်ရင်း ကျိုးဟောင်မှာ ထပ်မံမထိန်းချုပ်နိုင်တော့ဘဲတိုက်ခိုက်ချင်လာပေသည်။ သူ့ရှေ့တွင် အပြင်းအထန်ဒဏ်ရာရသောသိုင်းပညာရှင်များ၊ သေလုနီးပါးဖြစ်နေသောသိုင်းပညာရှင်များနှင့် မျိုးနွယ်ခြားများ၏သတ်ဖြတ်ခြင်းကိုခံနေရသောသိုင်းပညာရှင်များစွာရှိနေပေသည်။
....................................................................................
အခန်း(၃၁၄) ပြီးပါပြီ။
အခန်း (၃၁၅) : ပြိုင်ဘက်ကင်း
"နည်းနည်းလောက်ထပ်စောင့်ကြတာပေါ့ ဘယ်လိုပဲဖြစ်ဖြစ်မျှတတဲ့စစ်ပွဲဖြစ်နေသေးတာပဲ"
ကျူးဇောင်မှာအတော်လေးစိတ်ပျက်နေပြီဖြစ်သည်။ အစောပိုင်း အခြေအနေကောင်းစဉ်က ဤသိုင်းပညာရှင်အယောက်တိုင်းမှာနောက်ဆုံးအကြိမ်တုန်းကထက် ပို၍စွမ်းအားကြီးလာကြသော်လည်း ပြောင်းလဲမှုအနည်းငယ်ဖြစ်ပြီးနောက် စစ်မြေပြင်ရှိသိုင်းပညာရှင်အများစုမှာ ချက်ချင်းဆိုသလိုပင် အတော်လေးခြေကုန်လက်ပန်းကျသွားကြပေသည်။
အစိမ်းရောင်တိမ်တိုက်ဌာန၏တိုက်ရိုက်သိုင်းပညာရှင်များပင် မပင်ပန်းဘဲမနေနိုင်ပေ။
"ပညာရှင်တွေကိုပျိုးထောင်ဖို့ တခြားနည်းလမ်းတွေရှိလောက်ပါတယ်"
အစပိုင်းတွင် ကျိုးဟောင်မှာကျူးဇောင်ပြောသည့်စကားသည်အဓိပ္ပာယ်ရှိသလိုခံစားရပေသည်။
သေရေးရှင်ရေးလေ့ကျင့်ရေးမျိုးမရှိဘဲ သိုင်းပညာရှင်တစ်ယောက်အတွက် တစ်ဆင့်ပြီးတစ်ဆင့်ပညာရှင်တစ်ယောက်ဖြစ်လာရန်မှာ အလွန်ခက်ခဲပေသည်။
သို့သော်ယခုကျိုးဟောင်ခံစားနေရသည့်အရာမှာ ကျူးဇောင်အဆိုပြုသည့်ကိစ္စသည် အဖြေများထဲမှတစ်ခုသာဖြစ်ပြီး အခြားနည်းလမ်းမရှိဟုမဆိုလိုပေ။
"မင်းဘာလုပ်မလို့လဲ"
ထိုအချိန်တွင် ကျိုးဟောင်မှာစစ်မြေပြင်ဆီသို့လျှောက်သွားနေပြီဖြစ်သောကြောင့် ကျူးဇောင်မှာချက်ချင်းပင်ကြက်သေသေသွားလေသည်။
"ကျွန်တော်သူတို့ကိုကယ်မလို့ သေရေးရှင်ရေးလေ့ကျင့်ရေးကတကယ်လည်း အရမ်းကောင်းတဲ့အကြံတစ်ခုပါပဲ ဒါပေမဲ့ပညာရှင်တွေကိုပျိုးထောင်တာကဒီလောက်အသက်တွေအများကြီးမပေးဆပ်သင့်ဘူးလို့တော့ ကျွန်တော်ယုံကြည်တယ်"
စကားဆုံးသည်နှင့်ကျိုးဟောင်မှာအစိမ်းရောင်အလင်းတန်းအဖြစ်ပြောင်းလဲကာ စစ်မြေပြင်ဆီသို့တိုးဝင်သွားလေသည်။
"ဟမ်....ဒီအငွေ့အသက်"
ကျိုးဟောင်ပေါ်လာပြီးနောက် သိုင်းပညာရှင်များမှာ ဦးစွာမှင်တက်နေကြပြီး နောက်မှဝမ်းသာသောအမူအရာများပေါ်လာကြလေသည်။
"ဟုတ်တယ်ဟုတ်တယ် ဒီအငွေ့အသက်ကသေချာပေါက် ဥက္ကဌကျိုးရဲ့အငွေ့အသက်ပဲ"
၁၂ ခုမြောက်အက်ကွဲကြောင်းမှစစ်မြေပြင်၏ ကျနေသောစိတ်ဓာတ်များမှာတဖြည်းဖြည်းချင်းပြန်လည်တက်လာပြီဖြစ်သည်။
လက်ရှိအချိန်တွင် သိုင်းပညာရှင်အများအပြားမှာအလွန်စိတ်လှုပ်ရှားနေကြပေသည်။ ကျိုးဟောင်အကြောင်းအလုံးစုံမသိသောအခြားသိုင်းပညာရှင်များပင် အနည်းအကျဉ်းတော့သိကြသည်သာဖြစ်သည်။
ယခင်က ၁၃ ခုမြောက်အက်ကွဲကြောင်း၏စစ်မြေပြင်တွင် ကျိုးဟောင်၏စွမ်းဆောင်မှုမှာအလွန်ထူးချွန်ပြောင်မြောက်ခဲ့ပေသည်။
အစောပိုင်းက အားလုံးမှာယခုတစ်ကြိမ်သူတို့၏တာဝန်မှာကျရှုံးတော့မည်ဟုခံစားရပြီး အတော်လေးတွေးကြောက်ကာမျှော်လင့်ချက်ပျက်နေကြခြင်းဖြစ်သည်။
သို့သော်ယခုအချိန်တွင် ကျိုးဟောင်ကိုယ်တိုင်တိုက်ပွဲထဲဝင်ပါလာပြီးနောက် သိုင်းပညာရှင်အများစုမှာ သူတို့၏ယုံကြည်ချက်မှာအများကြီးတိုးလာကြောင်းခံစားလိုက်ရပေသည်။
ကျိုးဟောင်မှာတိုက်ပွဲထဲဝင်ပါလာပြီးနောက် သူ့ရှေ့ရောက်လာသောမျိုးနွယ်ခြားအများအပြားကိုလည်းသတ်ဖြတ်နေပေသည်။
ဘန်း!
ကျိုးဟောင်မှာလက်သီးဖြင့်ထိုးလိုက်ပြီးနောက် အောက်ရှိမျိုးနွယ်ခြားအုပ်အားချက်ချင်းပင်အစိတ်စိတ် အမြွှာမြွှာဖြစ်သွားစေလေသည်။
"သေစမ်း သူကဘာလို့ဒီလောက်စွမ်းအားကြီးနေတာလဲ"
ဤနေရာတွင်ရှိနေသောသိုင်းပညာရှင်အများစုမှာယခင်က ကျိုးဟောင်နှင့်ဘေးချင်းယှဥ်မတိုက်ဖူးကြပေ။ ယခုကျိုးဟောင်၏တိုက်ခိုက်မှုအားမြင်သောအခါ သိုင်းပညာရှင်များမှာကြက်သေသေသွားကြပေသည်။
"လက်သီးတစ်ချက်နဲ့အများကြီးကိုသတ်ပစ်တယ် ဒါကဒဏ္ဍာရီလာအသန်မာဆုံးကောင်းကင်ဘုံအဆင့်တစ်ဝက်သိုင်းပညာရှင်တစ်ယောက်ရဲ့စွမ်းအားလား"
သိုင်းပညာရှင်အချို့၏ရင်ထဲတွင် အံ့သြထိတ်လန့်မှုဖြင့်ပြည့်နှက်နေပြီး သူတို့ကျိုးဟောင်အားကြည့်သည့်အကြည့်မှာအလွန်လေးစားသည့်အကြည့်မျိုးဖြစ်သည်။
သူတို့ဤမျိုးနွယ်ခြားများအားသတ်သည့်အချိန်တွင် လက်သီးတစ်ချက်ဖြင့်အုပ်စုအကြီးကြီးအားသတ်ရန်မဆိုထားနှင့် လက်သီးတစ်ချက်ဖြင့်တစ်ကောင်သတ်ရန်ပင်မလွယ်ကူပေ။
"မိစ္ဆာစွမ်းအားသစ်သားလက်ဝါး"
ယခုကျိုးဟောင်မှာစစ်ပွဲထဲဝင်ပါရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပေရာ သူသည်မည်သည့်အရာကိုမှဖုံးကွယ်ထားခြင်းမရှိတော့ပေ။
စစ်မြေပြင်သို့ဝင်ရောက်ပြီးနောက် သူတို့သည်တန်းပစ်ခတ်ကာ အရပ်မျက်နှာအနှံ့စတင်သတ်ဖြတ်လေတော့သည်။
ကံကြမ္မာအမှတ် +၁၂၅......
ကံကြမ္မာအမှတ် +၂၂၀၀......
ကံကြမ္မာအမှတ် +၃၀၄၀......
ကျိုးဟောင်မှာမြင်မြင်သမျှကိုသတ်နေရင်း သူ၏ ကံကြမ္မာအမှတ်များကိုလည်းစစ်ဆေးနေပေသည်။
ဤကံကြမ္မာအမှတ်များမှာ သူ့ဘဝ၏အုတ်မြစ်ဖြစ်သည်။သူမည်သည့်ဆုလာ်မျှမယူရန်ရွေးချယ်နိုင်သော်လည်း ကံကြမ္မာအမှတ်မှာတော့ တတ်နိုင်သမျှများများရှိရန်လိုအပ်ပေသည်။
"ဥက္ကဌကျိုးကအရမ်းစွမ်းအားကြီးတာပဲ"
"မိုက်လိုက်တာ ဥက္ကဌကျိုး"
"ဥက္ကဌကျိုးကစွမ်းအားကြီးပြီးကြီးစိုးနိုင်စွမ်းရှိတယ် သူကပြိုင်ဘက်ကင်းပဲ"
ကျိုးဟောင်စစ်မြေပြင်တွင်ဘယ်ညာတိုက်ခိုက်နေသည့်အချိန်တွင် နောက်ရှိသိုင်းပညာရှင်အများပြားမှာလည်းအဆက်မပြတ်အော်ဟစ်နေကြပေသည်။
အစောပိုင်းက ဤနေရာရှိအခြေအနေရှုပ်ထွေးသွားရသည့်အကြောင်းအရင်း၏ပထမအချက်မှာ အားလုံးသတိလွတ်သွား၍ဖြစ်ပြီး ဒုတိယအချက်မှာ ဤစစ်မြေပြင်တွင်စွမ်းအားကြီးသိုင်းပညာရှင်အများအပြားရှိသော်ငြား အခြေအနေတစ်ခုလုံးအားပြောင်းလဲနိုင်လောက်သည်အထိ စွမ်းအားကြီးသော သိုင်းပညာရှင်မရှိခြင်းဖြစ်သည်။
ဝုန်း!
ဘန်း! ဘန်း! ဘန်း!
ထိုအချိန်တွင် ကျိုးဟောင်၏ပုံရိပ်မှာစစ်မြေပြင်ပေါ်တွင်ဆက်တိုက်ပေါ်လိုက်ပျောက်လိုက်ဖြစ်နေပြီး သူဖြတ်သွားသည့်နေရာတိုင်းရှိ မျိုးနွယ်ခြားများစွာမှာလွယ်လင့်တကူပင်အသတ်ခံလိုက်ရလေသည်။
လက်ရှိအချိန်တွင်ကျိုးဟောင်မှာအဆင့်နိမ့်မျိုးနွယ်ခြားများအတွက်နှင့် အခြားလူများဖြင့်ယှဉ်ပြိုင်နေခြင်းမဟုတ်ဘဲ စစ်မြေပြင်ရှိစွမ်းအားကြီးမျိုးနွယ်ခြားများကိုသာရှာဖွေရန် အာရုံစိုက်ထားပေသည်။
"အမ်"
နာရီဝက်မျှကြာပြီးနောက် မူလအဆင့်ပညာရှင်အချို့မှာသူတ်ို့၏ပြိုင်ဘက်များအား အဆုံးသတ်ပြီးနောက် ချက်ချင်းပင်ကြက်သေသေသွားကြပေသည်။
အစောပိုင်းကအရှုပ်အထွေးပြီးနောက် မရေတွက်နိုင်သောမျိုးနွယ်ခြားများပေါ်လာခဲ့ပေသည်။
ကြီးမားသောမီးခိုးလုံးများမှာ စစ်မြေပြင်တွင်တလူလူတက်နေပြီး နေရာအများစုတွင်မျိုးနွယ်ခြားတို့၏ အလောင်းများဖြင့်ပြည့်နှက်နေကာ အားလုံးမှာပျံ့ကျဲနေကြပေသည်။
ဘန်း!
မူလအဆင့်သိုင်းပညာရှင်များမှာ လှည့်ပတ်ရှာနေရင်း အဝေးရှိကျိုးဟောင်၏ပုံရိပ်အားမြင်လိုက်ကြရပေသည်။
ထိုအချိန်တွင်ကျိုးဟောင်မှာ နောက်ဆုံးကျန်နေသောမျိုးနွယ်ခြားအနည်းစုနောက် လိုက်နေဆဲပင်ဖြစ်သည်။
ကျိုးဟောင်မှာလုံးဝတွေဝေမနေပေ။ လက်သီးဖြင့်ထိုးလိုက်ပြီးနောက် သူနှင့်မလှမ်းမကမ်းတွင်ရှိနေသောမျိုးနွယ်ခြားများမှာ တန်းကာအပိုင်းပိုင်းအစစဖြစ်သွားကြပေသည်။
ဤမြင်ကွင်းအားကြည့်ပြီး မူလအဆင့်ပညာရှင်အများအပြားမှာ ပျံ့ကျဲနေသောမျိုးနွယ်ခြားအလောင်းများမှာ ကျိုးဟောင်ဖျက်စီးထားခြင်းဖြစ်ကြောင်းကို သိလိုက်ပေသည်။
"ဥက္ကဌကျိုးက အရမ်းစွမ်းအားကြီးတာပဲ"
ထိုအချိန်တွင် အားလုံး၏အတွေးမှာအတူတူပင်ဖြစ်သည်။
အဆင့်မြင့်မျိုးနွယ်ခြား ၃ပုံပုံ ၂ပုံနီးပါးနှင့် တစ်ဝက်ကျော်ကျော်မှာ အားလုံးကျိုးဟောင်တစ်ယောက်တည်း ရှင်းပစ်ခဲ့ခြင်းဖြစ်သည်။
"ဥက္ကဌကျိုးလို့မပြောရဘူး ကြည့်ရတာကောလဟလတွေကမှန်တဲ့ပုံပဲ"
"သူတို့အကုန်လုံးဒီတိုင်းသေသွားတာပဲလား"
အဝေးရှိကျိုးဟောင်မှာ နောက်ဆုံးကျန်သောမျိုးနွယ်ခြားပညာရှင်အားသတ်ပြီးနောက် ချက်ချင်းပင်ကြက်သေသေ သွားသည်။
အစောပိုင်းက ဤနေရာတွင်မျိုးနွယ်ခြားများစွာရှိနေသေးကြောင်းကို ကျိုးဟောင်ခံစားမိလိုက်ပေသည်။ ယခုဘာတွေဖြစ်ပျက်နေသည်လဲ။
....................................................................................
အခန်း(၃၁၅) ပြီးပါပြီ။