← Chapters

အခန်း (၃၀၁-၃၀၃)

Vol. 21 Ch. 301-303

အခန်း (၃၀၁-၃၀၃)

Vol. 21 Ch. 301-303

အခန်း (၃၀၁) : ဖောက်သည်အားအကဲဖြတ်ခြင်း

"သိပြီ"

ကျိုးဟောင်မှာငြင်းဆိုမနေပေ။ သူ့ထံတွင်ပိုက်ဆံမနည်းပါးဘူးဆိုသော်လည်း သူရှုလင်အားစိတ်မဖိစီးစေချင်ပေ။

ထို့နောက်ကျိုးဟောင်သည် ရှုလင်အတွက် အရောင်ပါစွမ်းအင်ပုံဆောင်ခဲအနေနှင့်အသုံးပြုရန် ရှားပါးအဆင့်စွမ်းအင်ဘားအား ၁စင်တီမီတာ အရွယ်အပိုင်းလေးများအဖြစ် ပိုင်းရန်စီစဉ်လိုက်သည်။

ရှားပါးအဆင့်စွမ်းအင်ဘားတစ်ခု၏တန်ဖိုးမှာ ပလက်တီနမ်အဆင့်စွမ်းအင်ဘားတစ်ခုယှဉ်ပြိုင်နိုင်သည့်အနေအထားမဟုတ်ပေ။

"သွားကြစို့"

ရှုလင်၏လှပသောမျက်နှာလေးမှာလည်း အပြုံးတို့ဖြင့်တောက်ပနေပေသည်

အဘယ့်ကြောင့်ဆိုသော်ယခုတစ်ကြိမ်တွင် ရှုလင်သည်သူမမိသားစုအတွက် ဖန်တီးထားသောပုံဆောင်ခဲ ၁၅ခုဝယ်ခဲ့ပေရာ သူမမိသားစုမှာ သူမအားဆုလာဘ်ကြီးကြီးပေးမည်ဖြစ်သည်။

အစောကတည်းကလှပပြီးချမ်းသာသောရှုလင်မှာ ယခုပို၍ပင်ချမ်းသာလာတော့မည်ဖြစ်သည်။

"တကယ်တော့ ငါတို့ကြယ်တာရာကွင်းစင်တာကိုသွားစရာမလိုပါဘူး ငါတို့ဒီတိုင်းအမှတ်ဧရိယာထဲတန်းသွားလိုက်လို့ရတယ်အဲဒီမှာလည်းကောင်းတဲ့ဟာတွေရှိတယ်"

ကျန်းယိမှာကြယ်တာရာကွင်းစင်တာအားဝင်ခါနီးတွင် ထပ်မံတွေဝေသွားသည်။

၇ခုမြောက်အခြေစိုက်စခန်း၏စီးပွားရေးလမ်းမပေါ်တွင် သိုင်းပညာရှင်အမှတ်ဖြင့် မည်သည့်ပစ္စည်းကိုမဆိုဝယ်ယူလို့ရပေသည်။

အတိအကျပြောရလျှင် သူတို့ယခုရောက်ရှိနေသောစီးပွားရေးလမ်းမမှာ ၇ခုမြောက်အခြေစိုက်စခန်းနှင့်မသက်ဆိုင်ပေ။ ၎င်းမှာ ၇ခုမြောက်အခြေစိုက်စခန်း၏ကြီးကြပ်မှုနှင့်စောင့်ကြည့်မှုအောက်တွင်ရှိနေရုံသာဖြစ်ပြီး ၇ခုမြောက်အခြေစိုက်စခန်း၏ပိုင်ဆိုင်မှုမဟုတ်ပေ။

"သွားကြမယ် ငါတို့ရောက်နေပြီဆိုမှတော့ တစ်ချက်ဝင်သွားပြီးကြည့်ကြည့်တာပေါ့"

ကျိုးဟောင်မှာကျန်းယိပခုံးအားပုတ်ကာပြောလိုက်သည်။ သူတို့ရောက်လာပြီဆိုမှတော့ အထဲဝင်ပြီးတစ်ချက်သွားကြည့်တာ မကောင်းပေဘူးလား။

"အဲဒါတော့ဟုတ်တယ်..."

ကျန်းယိမှာခေတ္တမျှတွေးကာ ခေါင်းညိတ်ပြလိုက်သည်။

သူတို့အဖွဲ့မှာချက်ချင်းဆိုသလိုပင် "ကြယ်တာရာကွင်းအတွေ့အကြုံနည်းပညာစင်တာ" ထဲဝင်သွားလိုက်သည်။

"လူကြီးမင်းတို့ ဘာများလိုအပ်ပါသလဲ"

အလွန်ဖော်ရွေပြီး ယဉ်ကျေးသောမန်နေဂျာမှာ သူတို့အဖွဲ့အားကြိုဆိုလာသည်။

ဤလူ ၅ယောက်ထဲတွင် တစ်ယောက်မှာယွင်မိသားစု ၏အကြီးဆုံးသမီးဖြစ်ပြီး ရှုလင်မှာပို၍ပင်အထင်ကြီးစရာကောင်းသေးသည်။ သူမသည်ရှုမိသားစု၏အကြီးဆုံးသမီးဖြစ်ပြီး သေချာပေါက် သုံးဖြုန်းနိုင်ပေသည်။

ကျိုးဟောင်နှင့်အခြားနှစ်ယောက်ကိုမူ မန်နေဂျာမှာ သိသိသာသာသာပင်လျစ်လျူရှုထားလေသည်။ သူ ကျိုးဟောင်တို့အားမသိမှတော့ သူတို့သည်ဘယ်သူမှမဟုတ်သလို အထက်တန်းလွှာမိသားစု၏ သားစဉ်မြေးဆက်လည်းမဖြစ်နိုင်ပေ။

"ကျွန်တော်တို့ စစ်မြေပြင်မှာသုံးဖို့ အရည်အသွေးကောင်းတဲ့လေဆာအမြောက်တွေလိုချင်တယ် ခင်ဗျားအကြံပြုချင်တာများရှိမလား"

မန်နေဂျာအားအံ့ဩသွားစေသည့်အရာမှာ ဝင်လာသော ၅ယောက်ထဲတွင်စကားပြောလိုက်သူမှာ ကျိုးဟောင်ဖြစ်နေခြင်းပင်ဖြစ်သည်။ ကျန် ၄ယောက်မှာ ကျိုးဟောင်အား သူတို့၏ခေါင်းဆောင်အနေနှင့်ပင် မှတ်ယူထားကြပုံပေ။

ထိုမြင်ကွင်းအားကြည့်ပြီး မန်နေဂျာအမျိုးသမီးမှာ မျက်လုံးပြူးသွားလေသည်။ နာမည်ကြီးသခင်ကြီးတစ်ယောက်အား သူမမမှတ်မိခြင်းပေလား။ ဤလူငယ်မှာ မိန်းကလေးယွင်နှင့် မိန်းကလေးရှုထက်ပင် ပို၍ အထင်ကြီးစရာကောင်းသည်လား။

"ဟုတ်ကဲ့ ကျွန်မနောက်ကလိုက်ခဲ့ပေးပါ"

မန်နေဂျာအမျိုးသမီးမှာ ကျိုးဟောင်နှင့်အခြားလူများအား ဆိုင်သို့ဦးစွာခေါ်သွားလိုက်သည်။

ကျိုးဟောင်၏သရုပ်မှန်ကိုတော့ သူမဖြည်းဖြည်းချင်းဖော်ထုတ်လို့ရပါသည်။

"ဒါက တီအမ် - ၂ အာရုံခံကိရိယာပါဗုံးပါ စက်ပိုင်းဆိုင်ရာလက်နက်ထဲကအထူးအမျိုးအစားတစ်ခုပါ"

"တကယ်လို့ ဒါတွေသာပေါက်ကွဲမယ်ဆိုရင် ဆရာသခင်အဆင့်မျိုးနွယ်ခြားတွေလည်း ဒဏ်ရာအပြင်းအထန်ရနိုင်ပါတယ်"

"၁၀ခုဝယ် ၁ခုလက်ဆောင်ပါ လိုအပ်တယ်ဆိုရင်တော့ ၁၀ခုဝယ်ဖို့အကြံပေးချင်ပါတယ်"

မန်နေဂျာအမျိုးသမီးမှာပြောရင်း ကျိုးဟောင်နှင့်အခြားလူများအားပြုံးပြလိုက်သည်။

သူမထံတွင်ရည်မှန်းချက်များစွာရှိပေသည်။ ပထမတစ်ခုမှာ ကျိုးဟောင်တို့အဖွဲ့၏ ငွေကြေးအင်အားကိုစမ်းသပ်လိုခြင်းဖြစ်ပြီး ဒုတိယတစ်ခုမှာ သူမယခုတစ်ကြိမ်တွင် ကံကောင်းမလားဆိုသည်ကို သိလိုခြင်းဖြစ်သည်။

"စမ်းသပ်ထားတဲ့မှတ်တမ်းဗီဒီယိုလေးများမရှိဘူးလား"

ခေတ္တမျှစဉ်းစားပြီးနောက် ကျိုးဟောင်မှာ စမ်းသပ်ထားသောမှတ်တမ်းဗီဒီယိုကိုကြည့်ရန်ဆုံးဖြတ်လိုက်သည်။ ထိုအရာကိုနေရာတွင်ပင် စမ်းသပ်လို့လည်းရပေသည်။

"ဟုတ်ကဲ့ ဒါပေမဲ့ခုလို တီအမ် - ၂ အာရုံခံကိရိယာပါဗုံးရဲ့ဈေးနှုန်းက တစ်လုံးကို ယွမ် ၄ သိန်းပါ"

မန်နေဂျာအမျိုးသမီးပြောသော စကား၏အဓိပ္ပာယ်မှာအလွန်သိသာလှပေသည်။ ဤပစ္စည်းမှာအနည်းငယ်ဈေးကြီးပေသည်။ တီအမ် - ၂ အာရုံခံကိရိယာပါဗုံး ၂လုံး၏တန်ဖိုးမှာ အိမ်တစ်လုံးနီးပါးတန်ပေသည်။

"ကိစ္စမရှိဘူး"

ကျိုးဟောင်မှာအေးဆေးပင်ပြောလိုက်သည်။ လက်ရှိအချိန်တွင် သူ့အတွက်ပိုက်ဆံမှာ ဂဏန်းအတွဲတစ်ခုသာသာ သာဖြစ်ပြီး အရောင်ပါစွမ်းအင်ပုံဆောင်ခဲများမှာလည်း သူ့အတွက်ဘာတန်ဖိုးမှမရှိပေ။

"ကောင်းပါပြီရှင့် ဒါကစမ်းသပ်ရေးဗီဒီယိုပါ ကြည့်ကြည့်လို့ရပါတယ်ရှင့်"

"ဒါကိုဝယ်ချင်တယ်ဆိုရင် ပြည့်စုံတဲ့စပ်းသပ်မှုကိုစတင်ဖို့အတွက် သရုပ်ပြစမ်းသပ်ရေးကိရိယာကိုသုံးလို့ရပါတယ်ရှင့်"

မန်နေဂျာအမျိုးသမီးမှာ အတော်လေးစိတ်သက်သာရာရသွားပြီဖြစ်သည်။ ကျိုးဟောင်၏အသံမှာအလွန်တည်ငြိမ်နေပေသည်။ ဤပုံအတိုင်းဆိုပါက ကျိုးဟောင်သည်ယွမ် ၄သိန်းအားလုံးဝဂရုမစိုက်သည့်ပုံပင်။

"ယွမ် ၄သိန်း"

ကျန်းယိမှာဘာပြောရမှန်းပင်မသိတော့ပေ။ ကျိုးဟောင်ကြောင့် သူ့ထံတွင်ယွမ်သန်း ၃၀ ရှိနေပြီဖြစ်သော်လည်း ဆင်းရဲသည့်ဘဝတွင်အချိန်အကြာကြီးနေခဲ့သောကျန်းယိအတွက် ယွမ် ၄သိန်းတန် တီအမ် - ၂ ဗုံးမှာ ပမာဏအလွန်များသောဇိမ်ခံပစ္စည်းတစ်ခုဖြစ်နေဆဲပင်ဖြစ်သည်။

"ကျွတ် ကျွတ် ဆရာသခင်အဆင့်မျိုးနွယ်ခြားတစ်ကောင်ကိုသတ်တာကနေ အဲဒီလောက်အများကြီးရှာနိုင်လို့လား"

ယွမ်ချန်းမှာ အတော်လေးသိချင်သွားသည်။

မည်သို့ပင်ဖြစ်စေ ဤတီအမ် -၂ အာရုံခံကိရိယာပါဗုံးမှာ ဆရာသခင်အဆင့်မျိုးနွယ်ခြားများအတွက်သာ အသုံးဝင်ပုံပေါ်သည်။

"အဲဒါက ဘယ်လိုမျိုးနွယ်ခြားအမျိုးအစားကိုသတ်မလဲဆိုတာအပေါ်မူတည်တယ် ‌ပြီးတော့ တီအမ် - ၂အာရုံခံကိရိယာပါဗုံးရဲ့စွမ်းအားက လျှပ်စစ်လောကမှာထိပ်တန်းနေရာမှာရှိတာ"

"တကယ်လို့ တီအမ် - ၂အာရုံခံကိရိယာပါဗုံး ၁၀လုံးသာ ဧရိယာတစ်ခုတည်းမှာပေါက်ကွဲမယ်ဆိုရင် လျှပ်စစ်သံလိုက်ပေါက်ကွဲမှုက အရမ်းကြောက်စရာကောင်းလိမ့်မယ် မဟာဆရာသခင်တစ်ယောက်ဆိုရင်တောင် အထိအခိုက်မရှိဘဲ မလွတ်မြောက်နိုင်ဘူး"

မည်သို့ပင်ဖြစ်စေ ဝမ်ယွင်သည်ကြယ်တာရာကွင်းစင်တာ၏အရောင်းမန်နေဂျာဖြစ်ပြီး ယခုအချိန်တွင် သူမသည်ထုတ်ကုန်ပစ္စည်းများအား ကြော်ငြာနေခြင်းဖြစ်သည်။ ထို့ကြောင့် သူမသည် ထိုအလုပ်အားအလွယ်တကူပင်လုပ်နိုင်ပေသည်။

....................................................................................

အခန်း(၃၀၁) ပြီးပါပြီ။

အခန်း (၃၀၂) : ဝယ်ယူမှုအကြီးစား

"အဲဒီလိုဆို...."

ကျိုးဟောင်မှာထိုစကားအားကြားပြီးနောက် သူသည်ချက်ချင်းပင်ခေါင်းညိတ်ပြလိုက်သည်။

အကယ်၍မန်နေဂျာပြောသည့်အတိုင်းဆိုပါက ယခုလိုအာရုံခံကိရိယာပါဗုံးမှာ သိပ်တော့မဆိုးလှပေ။

ဝမ်ယွင်သည် အာရုံဗုံးတစ်လုံးတည်းဆိုပါကအသုံးမဝင်ဘဲ အနည်းဆုံး ၁၀လုံးတော့လိုအပ်ကြောင်းကိုလည်း သေချာပေါက်ပြောခဲ့ပေသည်။

"ကျွန်တော် ၁၀ လုံးယူမယ်"

မထင်မှတ်ထားစရာမှာ အာရုံခံကိရိယာပါဗုံးအားဝယ်ရန် ပထမဆုံးဆုံးဖြတ်လိုက်သူမှာ ကျန်းယိဖြစ်နေခြင်းပင်ဖြစ်သည်။

ကျန်းယိမှာ ထိုပစ္စည်းမှာအလွန်ဈေးကြီးသည်ဟုခံစားရသော်လည်း ဝယ်ရန်ဆုံးဖြတ်လိုက်ပေသည်။

အကယ်၍ဤပစ္စည်းအား ဆရာသခင်အဆင့်မျိုးနွယ်ခြားတစ်ကောင်အပေါ်တွင်သုံးလိုက်ပါက ကုန်ကျစရိတ်နှင့်တန်သည့်ပိုက်ဆံပမာဏမရနိုင်သော်လည်း မဟာဆရာသခင်အဆင့်မျိုးနွယ်ခြားပညာရှင်တစ်ယောက်ကို တကယ်သတ်လိုက်နိုင်သောအခြေအနေ သို့မဟုတ် ဒဏ်ရာအပြင်းအထန်ရထားသော မူလအဆင့်ပညာရှင်တစ်ယောက်နှင့်ကြုံတွေ့ရသောအခြေအနေဆိုပါက ၎င်းအားအသုံးပြုရန်မှာ သေချာပေါက်တန်ပေသည်။

"ကျွန်မလည်း ၁၀ ခုယူမယ်"

ယွင်ယန်သည်လည်းခေတ္တမျှတွေးပြီးနောက် ဝယ်ရန်ဆုံးဖြတ်လိုက်ပေသည်။

ဤကဲ့သို့သောအာရုံခံကိရိယာပါဗုံးအမျိုးအစားမျိုးက သုံးရလွယ်ပြီးဈေးနှုန်းကလည်းသင့်တော်သည်ဟုပြောလို့ရပေသည်။ ၎င်းကို ကုန်ကျစရိတ်နှင့်အညီအထိရောက်ဆုံး နည်းပညာလက်နက်များထဲမှ တစ်မျိုးဟုပင်ပြောလို့ရပေသည်။

သိပ်မကြာမီမှာပင် ကျိုးဟောင်နှင့်အခြားလူများသည်လည်း ဝယ်ရန်ဆုံးဖြတ်လိုက်ကြသည်။

"သရုပ်ပြကိရိယာပေါ်မှာ စမ်းသပ်ဦးမလားရှင့်"

တစ်ခါတည်းဖြင့် အာရုံခံကိရိယာပါဗုံးအလုံး ၅၀ ရောင်းပြီးနောက် ဝမ်ယွင်၏အပြုံးမှာမရပ်တော့ပေ။

"ဒီအာရုံခံကိရိယာပါဗုံးမှာ ပြဿနာတစ်ခုခုရှိလား"

ဝမ်ယွင်အကြီးအကျယ်ပြုံးနေသည်ကိုကြည့်ပြီး ကျိုးဟောင်မှာရင်တုန်သွားပြီး ထူးဆန်းသောအမူအရာဖြင့်မေးလိုက်သည်။

ယခုအချိန်တွင် ယွမ်၄သန်းဟူသောပမာဏသည် သူ့အတွက်ဘာမှမဟုတ်ပေ။

ကုန်ပစ္စည်းများအားရောင်းချနိုင်ခြင်းသည် ပျော်ရွှင်စရာကိစ္စဖြစ်သော်ငြား ယခုဝမ်ယွင်မှာအလွန်ပျော်ရွှင်စွာပြုံးနေလေရာ ကျိုးဟောင်အားအလိမ်ခံနေရသကဲ့သို့ခံစားရစေပေသည်။

"ဒါက...."

ကျိုးဟောင်မေးလိုက်ပြီးနောက် ဝမ်ယွင်မှာချက်ချင်းပင် အတော်လေးရှက်ရွံ့သွားသည်။

"တကယ်တော့ ဒီအာရုံခံကိရိယာပါဗုံးအမျိုးအစားမှာ ဘာပြဿနာမှမရှိပါဘူး"

"ဒါပေမဲ့ ဆရာသခင်အဆင့်ပညာရှင်တစ်ယောက်အတွက်ဆို ဒီဟာကအရမ်းဈေးကြီးလွန်းတယ် သာမန်ဆရာသခင်အဆင့်ပညာရှင်တွေဆို လုံးဝမတတ်နိုင်ဘူး"

"မဟာဆရာသခင်အဆင့်နဲ့ မူလအဆင့်သိုင်းပညာရှင်တွေအတွက်ဆို အာရုံခံကိရိယာပါဗုံးက အသုံးမဝင်ဘူး"

"အဲဒါကြောင့် သုတေသနနဲ့တီထွင်မှုပြီးဆုံးပြီးနောက်ပိုင်း အာရုံခံကိရိယာပါဗုံးတွေရဲ့ရောင်းအားကအမြဲတမ်းနည်းပြီးတော့ ဈေးကလည်းတောက်လျှောက်ကျနေတာ"

ဝမ်ယွင်မှာဘာကိုမှဖုံးကွယ်မနေဘဲ အမှန်တရားကိုအသေးစိတ်ကျကျပြောပြလာပေသည်။

"အာရုံခံကိရိယာပါဗုံးတွေ အစုလိုက်အပုံလိုက်ကျန်နေသေးတာမလို့ တစ်ယောက်ကို အခု ၂၀ ဝယ်မယ်ဆိုရင် ကျွန်မအပိုအနေနဲ့ ၄ခုပေးပါ့မယ် အစောပိုင်းကအပို ၁ခုပါအပါဆို စုစုပေါင်းအပို ၅လုံးပေးပါ့မယ်"

ဤသိုင်းပညာရှင်များမှာစစ်မြေပြင်သို့ရောက်သွားသည်နှင့် သေရေးရှင်ရေးကိစ္စဖြစ်သွားပြီဖြစ်သည်။ ထို့ကြောင့် သူမ၏အသိစိတ်အရ အမှန်တိုင်းပြောရန်ဆုံးဖြတ်ခဲ့ပေသည်။

ဝမ်ယွင်ထံမှစကားအားကြားသောအခါ ကျန်းယိနှင့်အခြားလူများမှာ အချင်းချင်းကြည့်လိုက်ကြသည်။

လျှော့ဈေးမှာ အတော်လေးများနေပြီဖြစ်သည်။

အာရုံခံကိရိယာပါဗုံးတစ်လုံးလျှင် ယွမ် ၄သိန်းဟူသော မူလစျေးနှုန်းမှ ယခုတစ်လုံးလျှင် ၃သိန်း ၂သောင်းအထိ လျှော့ပေးလိုက်ခြင်းပင်ဖြစ်သည်။

ထိုစကားအားပြောပြီးနောက် ဝမ်ယွင်မှာကျိုးဟောင်နှင့်အခြားလူများအား မျှော်လင့်တကြီးကြည့်လိုက်သည်။

အကယ်၍ကျိုးဟောင်နှင့်အခြားလူများသာ ဝယ်မည်ဆိုပါက သူမတကယ်ပင်ဈေးဆက်လျှော့ပေးနိုင်ပေသည်။

"ဒါဆို.....တစ်ယောက်အခု ၂၀စီယူလိုက်ကြတာပေါ့"

ကျန်းယိမှ ကျိုးဟောင်နှင့်ကျန်သူများအားကြည့်ကာ ချီတုံချတုံဖြင့်ပြောလိုက်သည်။

"ကောင်းပြီလေ"

ယွမ်ချန်းမှာခေါင်းညိတ်ပြကာပြောလိုက်သည်။ ယခုပေးသောဈေးနှုန်းအားအလွန်စိတ်ကျေနပ်ပေသည်။

"ငါတို့လည်းအဆင်ပြေတယ်"

ရှုလင်နှင့်ယွင်ယန်သည်လည်းခေါင်းညိတ်ပြကာ ပြောလာကြသည်။ အာရုံခံကိရိယာပါဗုံးမှာ မဟာဆရာသခင်များနှင့် မူလအဆင့်သိုင်းပညာရှင်များအတွက်အလွန်အသုံးမဝင်ဘူးဆိုသော်ငြား သူတို့အတွက်တော့ အလွန်အသုံးဝင်ပေသည်။

"အကြုံပြုချင်တဲ့ တခြားနည်းပညာဆိုင်ရာလက်နက်တွေရောရှိလား"

ကျိုးဟောင်မှာ အာရုံခံကိရိယာပါဗုံး ၂၅လုံးအားကြုံသလိုပင်ဘေးဖယ်ထားလိုက်ပြီး ဝမ်ယွင်အားဆက်မေးလိုက်သည်။

"ကြယ်တာရာကွင်းနည်းပညာမှာ လူကြီးမင်းတို့အတွက်သင့်တော်တဲ့ နည်းပညာဆိုင်ရာလက်နက်တွေအများကြီးရှိပါတယ်"

"ကျွန်မဆီမှာလေဆာအမြောက်အသစ်တွေဝင်ထားတယ် ကြည့်ကြည့်ချင်လားရှင့်"

ဝမ်ယွင်မှာခေတ္တမျှစဉ်းစားပြီးနောက် ကျိုးဟောင်တို့အဖွဲ့၏ငွေသုံးနိုင်စွမ်းကိုအကဲဖြတ်ကာ ဖြည်းညှင်းစွာပြောလာသည်။

"လေဆာအမြောက် ဘယ်တစ်ခုလဲ"

ကျိုးဟောင်မှာစက်ရုပ်မျိုးနွယ်များဖြင့် အကြိမ်ပေါင်းများစွာတိုက်ခိုက်ခဲ့ပေသည်။ စက်ရုပ်မျိုးနွယ်၏အသုံးအများဆုံးတိုက်ခိုက်မှုနည်းလမ်းမှာ လေဆာအမြောက်မျိုးစုံသာဖြစ်သည်။

ဝမ်ယွင်ထံတွင်လည်းလေဆာအမြောက်ရှိသည်ဟူသောစကားအားကြားလိုက်ရသောအခါ ကျိုးဟောင်မှာ ချက်ချင်းပင်စိတ်ဝင်စားသွားလေသည်။

ရှုလင်နှင့်အခြားလူများ၏မျက်နှာတွင်လည်း သိလိုသောအမူအရာများပေါ်လာပေသည်။

"ကျွန်မနဲ့လိုက်ခဲ့ပါရှင့်"

သူတို့အရောင်းအဝယ်ဖြစ်သည့် အခြေအနေတစ်ခုဆီရောက်နေပြီဖြစ်သည့်အတွက် ဝမ်ယွင်မှာလည်းအလွန်ပျော်ရွှင်နေပေသည်။ သူမသည်ချက်ချင်းပင် ကျိုးဟောင်တို့အဖွဲ့အား‌နောက်ရှိလေ့ကျင့်ရေးခန်းမဆောင်သို့ခေါ်သွားလိုက်သည်။

သူတို့ဝင်သွားလိုက်သည်နှင့် ကျိုးဟောင်တို့အဖွဲ့မှာ ကျောင်းသားအများအပြားကိုတွေ့လိုက်ကြရသည်။ အချို့လူများမှာ သူတို့အသုတ်မှပါရမီရှင်ကျောင်းသားများဖြစ်ကြပြီး အချို့မှာစီနီယာကျောင်းသားများဖြစ်ကြသည်။

"ဒါကကြယ်တာရာကွင်းနည်းပညာဆီနောက်ဆုံးရောက်ထားတဲ့ လေဆာအမြောက်တွေပါ"

ဝမ်ယွင်မှာကျိုးဟောင်တို့အဖွဲ့အား အတွေ့အကြုံခန်းမတစ်ခု၏ ပစ်ခတ်ရေးကွင်းဆီခေါ်လာခဲ့ပြီး ထိုနေရာတွင် လေဆာလက်နက်အမျိုးအစားအားလုံးရှိပေသည်။

"မိုက်လိုက်တာ"

ယွမ်ချန်းမှာ သူ့မျက်စိရှေ့ရှိ မိုက်ပြီးနည်းပညာမြင့်သောလက်နက်များကိုကြည့်ကာ ဤခရီးမှာအချည်းနှီးမဖြစ်ကြောင်း ခံစားလိုက်ရပေသည်။

"ဈေးကြီးလိုက်တာ"

ကျန်းယိ၏စရိုက်မှာသိပ်မပြောင်းလဲသွားပေ။ ရောက်တာနှင့်ဈေးကိုသာတန်းကြည့်လေသည်။

မည်သို့ပင်ဖြစ်စေ သိပ်မကြာမီမှာပင် သူထံတွင်ပါလာသောယွမ် ၁၀သန်းမှာ အားလုံးကုန်အောင်အသုံးခံရတော့မည့်ပုံပေါ်ပေသည်။

"ဒီသေနတ်က ဘာအမျိုးအစားလဲ"

....................................................................................

အခန်း(၃၀၂) ပြီးပါပြီ။

အခန်း (၃၀၃) : လူကြီးမင်းကအပစ်အခတ်တော်တာပဲ

ကျိုးဟောင်မှာသေနတ်တစ်လက်ကိုကောက်ကိုင်လိုက်သည်။ ဤနေရာတွင်ရှိသောလေဆာလက်နက်အများစုမှာ လက်ကိုင်အမြောက်များဖြစ်သည်။

သို့သော်ယခု သူသည်ပစ္စတိုတစ်လက်အားကိုင်ထားပေသည်။

"ဒါကအမ် ၂၁ အော်တိုပစ္စတိုပါ ဒါကိုသာမန်ကျည်ဆံထည့်လို့ရသလို လေဆာကျည်‌ဆံနဲ့ တခြားအထူးကျည်ဆံတွေလည်းထည့်လို့ရတယ်"

"ဒါက ခဲသတ္တုကျည်ဆံပါ သွေးမျိုးနွယ်သက်ရှိ‌တွေအပေါ်သုံးရင် အရမ်းအကျိုးသက်ရောက်မှုများပြီး အရမ်းတိကျတယ်"

ဝမ်ယွင်မှာ ခဲသတ္တုကျည်တစ်ဘူးထုတ်ပြီး ကျိုးဟောင်အားလှမ်းပေးလိုက်သည်။

ကျိုးဟောင်မှာလည်းရှေ့ရှိကျည်ဆံဘူး၏ဆွဲဆောင်မှုအား ခံလိုက်ရပေသည်။

ဤကျည်ဆံဘူးအား လှပသောငွေသေတ္တာတစ်လုံးထဲတွင်ထည့်ထားပေသည်။

"အရမ်းပေါ့တယ်"

ကျိုးဟောင်မှာခဲကျည်ဆံတစ်ခုအား ကောက်ကိုင်လိုက်ပြီးနောက် ချက်ချင်းပင်ပြောလိုက်သည်။

"သာမန်ကျည်ဆံတွေနဲ့ယှဉ်ရင် ဒီခဲကျည်ဆံတွေရဲ့အလေးချိန်က ၃ပုံပုံ၁ပုံပဲရှိတယ်"

"ဒါပေမဲ့ သူရဲ့မာကြောမှုနဲ့စွမ်းအားကတော့သာမန်ကျည်ဆံတွေထက်ပိုကောင်းတယ်"

ကျိုးဟောင်မှာ သူ့လက်ထဲရှိ စက်ဝိုင်းပုံများဖြင့် အနုပညာမြောက်စွာပြုလုပ်ထားသောကျည်ဆံအားကြည့်ကာ အလွန်စိတ်ဝင်စားဖို့ကောင်းမှန်းသိလိုက်ပေသည်။

"ဟုတ်တယ် တိတိကျကျပြောရရင် ဒီအကျိုးကျေးဇူးကြောင့်ပဲ ခဲကျည်ကအကွာအဝေးများ၊ တိကျမှုမြင့်၊ ထိုးဖောက်မှုအားကောင်းပြီး သေစေနိုင်လောက်တဲ့အထိအားပြင်းတာ"

အစောပိုင်းက ကျိုးဟောင်တို့အဖွဲ့မှာ အားလုံးအာရုံခံကိရိယာပါ‌ဗုံးများအားဝယ်ခဲ့ကြပေသည်။

ယခုတစ်ကြိမ် သေနတ်ဝယ်သည့်အချိန်တွင် သူတို့၏ကြိုက်နှစ်သက်မှုများမှာ မတူတော့ပေ။

ကျိုးဟောင်မှာပစ္စတိုနှင့်အခြားသေနတ်များအားသဘောကျပေရာ ယခုတစ်ကြိမ်တွင် ပစ္စတိုတစ်လက်နှင့်စနိုက်ပါရိုင်ဖယ်တစ်လက်ဝယ်ရန်ဆုံးဖြတ်လိုက်‌ပေသည်။

"သေနတ်ကိုစမ်းကြည့်လို့ရမလား"

သူ့လက်ထဲရှိအမ် ၂၁ အားခေတ္တမျှကလိကြည့်ပြီးနောက် ကျိုးဟောင်မှာထိုပစ္စည်းအားဝယ်ရန်ဆုံးဖြတ်လိုက်သည်။

"ရတာပေါ့ ဒါပေမဲ့ဒီလိုခဲကျည်က တစ်တောင့်ကို ၁သောင်းကျပါတယ် သေနတ်တစ်လက်ဝယ်ရင် ကျည်ဆံ ၅တောင့်လက်ဆောင်ပေးပါတယ် တကယ်လို့သေနတ်မဝယ်ဘူးဆိုရင်တော့ သူ့အတွက်ကျသင့်ငွေကိုသီးသန့်ပေးချေရမှာပါ"

ဝမ်ယွင်မှာ မပြည့်စုံသောခဲကျည်အားကျည်ကပ်ထဲသို့ထည့်ကာ ကျိုးဟောင်ထံလှမ်းပေးလိုက်သည်။

ကျိုးဟောင်မှာချက်ချင်းပင် အမ် ၂၁ အော်တိုပစ္စတိုအားယူကာ သေနတ်ပစ်ကွင်းသို့ရောက်ရှိလာပေသည်။

သိုင်းပညာရှင်တစ်ယောက်၏အာရုံ ၅ ပါးမှာ အလွန်သာမန်ထက်ထူးကဲပြီး ပြိုင်ဘက်ကင်းအောင်စွမ်းအားကြီးသောစိတ်စွမ်းအားလည်းရှိကြပေသည်။ ရိုးရှင်းသောလေ့ကျင့်ရေးတစ်ခုမျှလုပ်ပြီးနောက်ပိုင်းတွင် ပစ်မှတ်အားကွက်တိထိအောင်ပစ်နိုင်ပေသည်။

စင်စစ်တွင် သာမန်သေနတ်များမှာ မျိုးနွယ်ခြားများနှင့်တိုက်ရာ၌အသုံးပြုရခက်ပြီး အလွန်အသုံးဝင်ခြင်းလည်းမရှိပေ။

ဤကဲ့သို့နည်းပညာမြင့်စွာထုတ်ထားသောစွမ်းအင်လက်နက်များ၌သာ သေချာသောသက်ရောက်မှုများရှိခြင်းဖြစ်သည်။

ဘန်း!

အသံခပ်အုပ်အုပ်တစ်ချက်နှင့်အတူ ကျည်ဆံတစ်တောင့်မှာပျံထွက်သွားပြီး မီတာ ၃၀၀အကွာအဝေးတွင်ရှိနေသော အား ရုပ်တုငယ်တစ်ခုအားထိမှန်သွားပေသည်။

"ဒါက အဲဒီလောက်သုံးရလွယ်လား"

ယွမ်ချန်းမှာထိုမြင်ကွင်းအားကြည့်ပြီးနောက် ပျော်သွားပေသည်။ ဤသေနတ်မှာစျေးအလွန်ကြီးသည်ဆိုသော်ငြား အကျိုးသက်ရောက်မှုမှာအလွန်ကောင်းပေသည်။

"ဧည့်သည်က သေနတ်ပစ်တော်တာပဲ"

ဝမ်ယွင်မှာကျိုးဟောင်အားအံ့ဩတကြီးကြည့်ကာ စိတ်ရင်းဖြင့်ချီးကျူးလိုက်သည်။

ခဲကျည်အားပစ်လိုက်သည့်အချိန်တွင်ပြန်ကန်အားမှာအလွန်အားပြင်းသော်လည်း အစောပိုင်းကကျိုးဟောင်ပစ်လိုက်သည့်အချိန်၌ လက်မှာလုံးဝလှုပ်သွားခြင်းပင်မရှိခဲ့ပေ။

"တခြားဘာအထူးကျည်ဆံတွေရှိသေးလဲ"

ကျိုးဟောင်မှာလက်ထဲရှိသေနတ်အားအလွန်အားရကာ ချက်ချင်းဆိုသလိုပင်အခြားအထူးကျည်ဆံများအကြောင်းမေးလိုက်သည်။

"အင်းဆက်မျိုးနွယ်တွေအတွက်အထူးထုတ်လုပ်ထားတဲ့ ဆာလ်ဖာကျည်ဆံ၊ ရေခဲကျည်ဆံနဲ့ မီးတောက်ကျည်ဆံအမျိုးအစားတွေရှိပါသေးတယ်"

လက်ရှိအချိန်တွင်ဝမ်ယွင်မှာအလွန်တက်ကြွနေပေသည်။ သူမသည်ကျိုးဟောင်၏ထူးခြားမှုမှတစ်ဆင့် ဤကောင်ငယ်လေးများ၏သုံးစွဲနိုင်စွမ်းအားအတည်ပြုခဲ့ပြီးပြီဖြစ်သည်။

"တစ်ခုစီပေးပါ"

ကျိုးဟောင်မှာကျည်ဆံများအားတစ်ခုချင်းစမ်းသပ်မနေတော့ပေ။ သူသည်ဒီတိုင်းပင် အသုံးပြုနည်းမှတ်တမ်းကိုသာကြည့်ပြီး စစ်မြေပြင်တွင်တန်းသုံးမည်ဖြစ်သည်။

မူလကလူတိုင်းဤနေရာကိုရောက်လာရသည့်အကြောင်းအရင်းမှာ လေဆာအမြောက်ဝယ်ရန်ဖြစ်သည်။ အဆုံးတွင် အခြားလူများမှာ သေနတ်များဝယ်ပြီး ရှုလင်တစ်ယောက်သာလေဆာအမြောက်ဝယ်ပေသည်။

"ငါခုနက ရှိတဲ့သန်း ၃၀ ထဲက သန်း၂၀ သုံးခဲ့လိုက်ပြီ"

ယွမ်ချန်းမှာလည်း ရင်ထဲ၌အနည်းငယ်နာကျင်‌နေသလိုခံစားရပေသည်။ သူသည်ယွမ်သန်း ၃၀ အား အတော်လေးလွယ်လွယ်ကူကူရရှိခဲ့သည်ဆိုသော်ငြား ထိုပမာဏ၏ ၃ပုံပုံ၂ပုံအားအလွန်လျင်မြန်စွာသုံးစွဲလိုက်ခြင်းသည် နာကျင်စရာကောင်းဆဲပင်ဖြစ်သည်။

ကျန်းယိမှာ ယွမ်ချန်းထက်အနည်းငယ်တော်သေးပေသည်။ ယခုအချိန်ထိ ကျန်းယိသုံးသောပမာဏမှာ ယွမ် ၁၈သန်းသာရှိသေးသည်။

"ငါအစားအသောက်တွေဝယ်ရဦးမယ် လက်နက်တွေ ကိရိယာတွေထက်စာရင် အစားအသောက်တွေကအရမ်းဈေးပေါတယ်"

ထိုစကားပြောပြီး ယွင်ယန်မှာဘယ်နေရာတွင် အစားအသောက်သွားဝယ်ရမလဲဆိုသည်အား စကာစဉ်းစားလေတော့သည်။

"ငါတော့အစားအသောက်မလိုဘူး လက်နက်နဲ့အခြားအရင်းအမြစ်တွေပဲလိုချင်တယ်"

ကျန်းယိမှာကျိုးဟောင်နှင့်အခြားလူများအား တောင်းတောင်းပန်ပန်ဖြင့်ကြည့်လိုက်သည်။

သူသည်အမြဲတမ်းချွေတာလေ့ရှိခဲ့ပေရာ ယခုအချိန်တွင် အထူးစစ်မြေပြင်သုံးအစားအသောက်ဝယ်ရသည်ကိုပင် အလဟဿဖြစ်သလိုခံစားနေရပေသည်။

အစားအသောက်နှင့်ပတ်သက်လာပါက သူ့ကိုယ်သူလုံးဝထိန်းချုပ်နိုင်ပေသည်။

"ကောင်းပြီလေ နောက်တစ်နေရာကိုအေးဆေးပတ်သွားပြီး ငါတိုလိုအပ်တာကိုကြည့်ကြတာပေါ့"

ကျိုးဟောင်မှာအဖွဲ့အား သက်သက်စီသွားခိုင်းရန်ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ အားလုံးလိုအပ်သည့်အရာများမှာမတူညီကြ‌ပေ။

"၇ ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းရဲ့စီးပွားရေးလမ်းမတွေကို အပြင်လမ်းအတွင်းလမ်းဆိုပြီး ခွဲထားတယ်"

"ငါတို့အပြင်လမ်းပတ်ပတ်လည်ကိုလျှောက်ကြည့်ပြီးပြီ အခုငါတို့အတွင်းလမ်းကို တစ်ချက်သွားကြည့်လို့ရပြီ"

အခြားလူများထွက်သွားပြီးနောက် ကျိုးဟောင်မှာခေတ္တမျှစဉ်းစားပြီး အတွင်းလမ်းသို့သွားကြည့်ရန်ဆုံးဖြတ်လိုက်သည်။

အပြင်လမ်းနှင့်ယှဉ်လျှင် အတွင်းလမ်းကပို၍ပင်ဆူညံကာစည်ကားနေပေသည်။

"ကတ်ဖြတ်လိုက် အမှတ် ၁၀၀"

ကျိုးဟောင်မှာအတွင်းလမ်းသို့မဝင်ရသေးခင် လူငယ်တစ်ယောက်၏တားဆီးခြင်းအားခံလိုက်ရပေသည်။

....................................................................................

အခန်း(၃၀၃) ပြီးပါပြီ။

All Chapters