← Chapters

အခန်း (၃၀၄-၃၀၆)

Vol. 21 Ch. 304-306

အခန်း (၃၀၄-၃၀၆)

Vol. 21 Ch. 304-306

အခန်း (၃၀၄) : ဆုလာဘ်တံဆိပ်

"ငါ့ကတ်ကိုဖြတ်ရမယ်"

ကျိုးဟောင်မှာမှင်တက်သွားသည်။ လူတစ်ယောက်သည် အတွင်းလမ်းသို့ဝင်ရောက်လိုပါကပိုက်ဆံပေးရသည်လော။

"အာ ဒါကမင်းအတွင်းလမ်းထဲလာတာ ပထမဆုံးအကြိမ်လို့တော့မပြောနဲ့နော်"

ကျိုးဟောင်အားတားလိုက်သောလူငယ်မှာ ထူးဆန်း သောအမူအရာဖြင့်ပြောလိုက်သည်။

ကျိုးဟောင်၏ပုံစံအရဆိုပါက သူသည်ယခုမှရောက်သောကျောင်းသားသစ်တစ်ယောက်မဖြစ်နိုင်ပေ။ ထို့ကြောင့် လူငယ်မှာအတော်လေး ရှုပ်ထွေးသွားပေသည်။

"ဟုတ်တယ်လေ.."

ကျိုးဟောင်မှာပြောရင်း သူ၏သက်သေခံကတ်အားထုတ်ကာ စက်ပေါ်တွင်ဖြတ်လိုက်သည်။

အခြားလူများလည်း ဤနေရာသို့ဝင်ရောင်ရန်ကတ်ဖြတ်ရကြောင်းကို သူမြင်ထားပြီးပြီဖြစ်သည်။

ဒီ!

ကျိုးဟောင်ကတ်ဖြတ်လိုက်ပြီးနောက် သူ၏သက်သေခံကတ်ပေါ်ရှိအမှတ်များမှာလည်းပေါ်လာလေသည်။

"သေစမ်း မင်းမှာဘာလို့အမှတ် တစ်သိန်းရှိနေတာလဲ"

ကျိုးဟောင်အားတားလိုက်သောထိုလူငယ်မှာ စင်စစ်တွင် ၇ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းမှ စီနီယာကျောင်းသားတစ်ယောက်ဖြစ်သည်။

၇ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းအား များသောအားဖြင့် လေးနှစ်မျှတည်ထောင်ပြီး ၄နှစ်ကြာပြီးနောက် ထူးချွန်ကျောင်းသားအများအပြားအား မတူညီသောနေရာများသို့ စီစဉ်ကာပို့ကြပေသည်။

၇ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်း၏အတွင်းလမ်းတွင်သာကျန်နေခဲ့ရန်ရွေးချယ်ကြသော ထူးချွန်ကျောင်းသားအချို့လည်းရှိပေသည်။

"ပြဿနာရှိလို့လား"

ကျိုးဟောင်မှာဤအမှတ်များနှင့်ပတ်သက်ပြီး မည်သည့်ယူဆချက်မှမရှိပေ။ သူ့အမှတ်များက အရင်ကတည်းကရှိနေခဲ့ခြင်းဖြစ်သည်။

အတွင်းလမ်းကိုရောက်လာမှသာ အမှတ်အားပထမဆုံးအကြိမ်အဖြစ်သုံးခြင်းဖြစ်သည်။

"သေချာပေါက်ပြဿနာရှိတာပေါ့ မင်းက ၇ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းကိုရောက်တာ တစ်နှစ်မပြည့်သေးတဲ့ကျောင်းသားသစ်တစ်ယောက်ကို ဘာလို့အမှတ်တွေ ဒီလောက်အများကြီးရှိနေတာလဲ"

ထိုလူငယ်၏စကားဆုံးသည်နှင့် ဘေးရှိလူအများအပြားမှာ ထိတ်လိန့်နေသောအကြည့်များဖြင့်ကြည့်လာကြလေသည်။

ကျိုးဟောင်၏သက်သေခံကတ်မှာ အဆင့်မြင့်စခန်း၏ပထမနှစ် သက်သေခံကတ်သာရှိသေးပေသည်။ သူ၏သက်သေခံကတ်ပေါ်တွင် ချွန်ထက်နေသောဓားတစ်လက်ပုံသာရှိပေသည်။

"မျိုးနွယ်ခြားတွေကိုသတ်ပြီး တာဝန်တစ်ချို့လုပ်ခဲ့တာပဲရှိတယ်။ ဪ...လပတ်ပြိုင်ပွဲမှာ အမြဲတမ်းပထမရလို့ ဆုလည်းရသေးတယ်ထင်တယ်"

ကျိုးဟောင်မှာ ဒီလောက်အမှတ်အများကြီးဘယ်နေရာမှရလာသလဲဆိုတာကိုမသိပေ။

ကျိုးဟောင်မှာကတ်အားဖြတ်ပြီးနောက် အခြားလူတွေလိုပင် လျှို့ဝှက်ဆန်းကြယ်သောအတွင်းလမ်းအား လမ်းလျှောက်ဝင်သွားလိုက်သည်။

အပြင်လမ်းနှင့်ယှဉ်ပါက ဤနေရာမှာအလွန်စည်ကားလှပေသည်။

ဤနေရာတွင်ပစ္စည်းပေါင်းစုံအားရောင်းချနေသော ကုန်သည်များသာမက ဆိုင်ခန်းများအားခင်းကျင်းနေသောကျောင်းသားများလည်းရှိနေပေသည်။

ကျိုးဟောင်မှာပတ်ကြည့်နေသော်လည်း သူလိုချင်သည့်အရာအားမတွေ့ပေ။

"အယ်"

၎င်းမှာကျိုးဟောင်၏အကြည့်ပြောင်းလဲသွားသော ထောင့်ရှိဆိုင်သို့မရောက်မီအထိပင်ဖြစ်သည်။

"ဘာဝယ်ချင်လို့လဲ"

ကျိုးဟောင်လျှောက်လာသည်ကိုကြည့်ပြီး ဆံပင််ခပ်ပါးပါးနှင့်သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်မှ စိတ်မရှည်စွာပြောလိုက်သည်။ ထိုအမျိုးသားမှာဆိုင်ထဲတွင် သတင်းစာဖတ်နေခြင်းဖြစ်သည်။

"ကျွန်တော်ကဒီတိုင်းလျှောက်ကြည့်နေတာပါ"

ကျိုးဟောင်မှာထိုမေးသံအားကြားပြီးရယ်ရမလား ငိုရမလားပင်မသိတော့ပေ။ ထိုကဲ့သို့သောပြောပေါက်ကြောင့် အတွင်းလမ်းမှာပင် ဤဆိုင်အတော်လေးနာမည်မကြီးနေသည်မှာ မထူးဆန်းပေ။

ဤဆိုင်၏ပိုင်ရှင်မှာ တကယ်ကိုပင်တက်တက်ကြွကြွမရှိပေ။

"သွားပါ မင်းစိတ်ကြိုက်ပတ်ကြည့်"

ဤထူးဆန်းသောဦးလေးကြီးမှာတက်တက်ကြွကြွမရှိသော်လည်း အလွန်စိတ်ထားကောင်းနေပေသေးသည်။

"ဆုလာဘ်တံဆိပ်လား"

အစောပိုင်းကသတင်းစာဖတ်နေသည်ဟု ကျိုးဟောင်ထင်ခဲ့သောထိုဦးလေးမှာ ယခုအချိန်တွင်မူ ဆုလာဘ်တံဆိပ်အားကြည့်နေသည်ကိုတွေ့လိုက်ရပေသည်။

ဆုလာဘ်တံဆိပ်ပေါ်တွင် များသောအားဖြင့်ပစ်မှတ်၂ ခုသာရှိသည်။

တစ်ခုမှာ ကမ္ဘာဂြိုဟ်မှထွက်ပြေးသွားသောသိုင်းပညာရှင်များဖြစ်ပြီး နောက်တစ်ခုမှာမျိုးနွယ်ခြားများဖြစ်သည်။

ယခု ထိုလူထူးဆန်းဦးလေးကြီးလက်ထဲရှိဆုလာဘ်တံဆိပ်မှာ ကမ္ဘာဂြိုဟ်ပေါ်ရှိနိုင်ငံပေါင်းစုံမှထွက်ပြေးသွားသောသိုင်းပညာရှင်များအတွက် ထုတ်ထားသောဆုလာဘ်တံဆိပ်ဖြစ်ပြီး ထိုတံဆိပ်၏ဈေးနှုန်းမှာလည်း မသေးလှပေ။

"ဟီးဟီး ဒါကိုကြည့်လို့မင်းအတွက်အသုံးမဝင်ဘူး တကယ်လို့မင်းတစ်ခုခုလိုချင်ရင်မြန်မြန်တခြားပစ္စည်းတွေကိုပတ်ကြည့်လိုက်"

ကျိုးဟောင်၏အကြည့်အားမြင်ပြီးနောက် နန်ကုန်းချန်မှာဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။

"ဒါကဘာလဲ"

ကျိုးဟောင်မှာ ဆုလာဘ်တံဆိပ်နှင့်ပတ်သက်ပြီး နန်ကုန်းချန်နှင့်ငြင်းခုံမနေဘဲ မေးခွန်းမေးလိုက်လေသည်။

"ဒါကမူလကျောက်စာတွေနဲ့ပတ်သက်တဲ့စာအုပ်ပဲ မူလကျောက်စာတွေက အက်ကွဲကြောင်းကနေဆင်းသက်လာပြီးတော့ တစ်ချို့လူသားမျိုးနွယ်နဲ့ မျိုးနွယ်ခြားတွေက ဒီဟာအကြောင်းသိကြတယ် မူလကျောက်စာတွေရဲ့ဆင်းသက်လာရာဇစ်မြစ်ကိုတော့ ဘယ်သူမှမသိကြဘူး"

စကားပြောနေရင်း နန်ကုန်းချန်မှာသူ၏ဆုလာဘ်တံဆိပ်အားဆက်ကြည့်နေလေသည်။

"တံဆိပ်ပေါ်ကပစ်မှတ်တွေကိုပြန်ခေါ်လာဖို့အတွက် ခင်ဗျားသူတို့ကိုသတ်ပစ်ခဲ့လား"

ကျိုးဟောင်မှာယခုအချိန်တွင် ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်ဖြစ်ပေရာ သူ့ဘေးတွင်ထိုင်နေသော နန်ကုန်းချန်မှာ အဠမမြောက်အထွတ်အထိပ်မူလအဆင့် သိုင်းပညာရှင်တစ်ယောက်ဖြစ်ကြောင်းကို အလိုအလျောက်သိပေသည်။

"မမေးသင့်တဲ့စကားကိုမမေးနဲ့"

မူလအဆင့်ပညာရှင်အများအပြားကြားတွင် နန်ကုန်းချန်မှာ မာနမရှိဆုံးလူဟုဆိုနိုင်ပေသည်။

အဠမမြောက်အထွတ်အထိပ် မူလအဆင့်ပညာရှင်တစ်ယောက်မှာ တကယ်တမ်း အတွင်းလမ်းပေါ်တွင် ယခုလိုဆိုင်အသေးလေးတစ်ဆိုင်ဖွင့်ထားပေသည်။

"ကျွန်တော့်မှာ အမှတ် ၅သိန်းတော့မရှိဘူး ဒါကိုအမှတ်တစ်သိန်းနဲ့ရောင်းမလား"

ကျိုးဟောင်ရှေးခေတ်ကျောက်စာမိတ်ဆက်စာအုပ်အားကောက်ကိုင်ကာမေးလိုက်သည်။ သူအစောပိုင်းဖြတ်လျှောက်သွားတုန်းက သူ့အာရုံအားထိုစာအုပ်မှဖမ်းစားသွားပေသည်။

"မရဘူး ဒါပေမဲ့မင်းဒါကို ‌ပိုက်ဆံ ဒါမှမဟုတ် တခြားပစ္စည်းတစ်ခုခုနဲ့အလဲအလှယ်လုပ်လို့ရတယ်"

နန်ကုန်းချန်မှာစဉ်းပင်မစဉ်းစားဘဲတန်းငြင်းလိုက်လေသည်။ သူမလိုအပ်သောအမှိုက်အချို့အားရောင်းရန် ယခုလိုဆိုင်အသေးလေးတစ်ဆိုင်ဖွင့်ထားခြင်းဖြစ်သော်လည်း ရှုံးမည့်အရောင်းအဝယ်အားလုပ်ရန်ဆန္ဒတော့မရှိပေ။

"ဒါတွေနဲ့ဆိုလုံလောက်လား"

ကျိုးဟောင်မှာခေတ္တမျှစဉ်းစားပြီး သူ၏သိမ်းဆည်းရေးပစ္စည်းထဲမှ မျိုးနွယ်ခြားနှင့်ပတ်သက်သောပစ္စည်းအချို့အား ထုတ်ပြကာမေးလိုက်သည်။

"ဒါနဲ့ဆိုလောက်ပါတယ် ဒါပေမဲ့ဒီမှာရှိနေတဲ့ပစ္စည်းတွေက မင်းရနိုင်တဲ့ဟာမျိုးတွေလို့မထင်ရဘူး ဟုတ်တယ်မလား"

နန်ကုန်းချန်၏အမြင်တွင် ကျိုးဟောင်မှာအထွတ်အထိပ်ဆရာသခင်အဆင့်သာရှိသော လူတစ်ယောက်သာဖြစ်ပြီး သူထုတ်ပြလိုက်သည့်အထဲတွင် မဟာဆရာသခင်အဆင့်များပင် မရနိုင်သော ပစ္စည်းအချို့ရှိနေပေသည်။

"လုံလောက်တယ်ဆိုရင် ကျွန်တော်ဒီစာအုပ်ကိုယူလိုက်မယ်"

ကျိုးဟောင်မှာပြောပြီးသည်နှင့် စင်ပေါ်ရှိ ကမ္ဘာဦးကျောက်စာမိတ်ဆက်စာအုပ်ယူကာထွက်သွားလေတော့သည်။

"စိတ်ဝင်စားစရာပဲ"

ကျိုးဟောင်ထွက်သွားသည်ကိုကြည့်ပြီး နန်ကုန်းချန်မှာတစ်ချက်မျှကြည့်ကာပြောလိုက်လေသည်။

....................................................................................

အခန်း(၃၀၄) ပြီးပါပြီ။

အခန်း (၃၀၅) : ပြိုင်ဘက်ကိုမနိုင်ရင် အမြဲတမ်းလွတ်အောင်ပြေးလို့ရတယ်

နေ့တစ်ဝက်မှာ လျင်မြန်စွာပင်ကုန်ဆုံးသွားပေသည်။

ကျိုးဟောင်လေ့ကျင့်ရေးကွင်းတွင်ထပ်ပေါ်လာသည့်အချိန်၌ အချို့ကျောင်းသားများမှာရောက်ပင်ရောက်နှင့်နေကြပြီဖြစ်သည်။

"ယွမ်ချန်း နင့်မျက်နှာကဘာလို့ဘဝင်မြင့်နေတဲ့ပုံပေါက်နေတာလဲ"

ယွင်ယန်နှင့်ရှုလင်မှာ နှစ်ယောက်သားလက်တွဲလမ်းလျှောက်လာပြီးနောက် ချက်ချင်းပင်စလိုက်လေသည်။

"အမယ်လေး"

ကျန်းယိမှာလည်း သက်ပြင်းခပ်ဖွဖွချလိုက်သည်။ သူသည်တကယ်ပင်ယွမ်ချန်းထံမှ အတော်လေးစည်းရုံးခံခဲ့ရပေသည်။

ဤကောင်မှာအစောပိုင်းက အပြင်လမ်းတွင် တစ်ပတ်ရစ်ကားတစ်စီးအားဝယ်ယူခဲ့ပေသည်။

စစ်မြေပြင်တွင် ကိုယ်ထည်အတွင်းသို့ဝင်ကာလူထိန်းချုပ်ရသောစက်ရုပ်များနှင့်ကာကွယ်ပေးနိုင်စွမ်းမြင့်သောစက်များမှာအလွန်အသုံးဝင်သော်ငြား ယခုလိုအချိုးမကျသောတင့်ကားရှိခြင်းသည် ဘယ်နေရာတွင်အသုံးဝင်သလဲဆိုသည်အား သူတကယ်ကိုမသိပေ။

"ငါကားတစ်စီးဝယ်ခဲ့တယ် တောင်တန်းမိုးသစ်တောတင့်ကားလေ ငါတို့စစ်မြေပြင်ကိုရောက်ရင် ချလို့မနိုင်ရင်တောင်ထွက်ပြေးလို့ရတာပေါ့"

ယွမ်ချန်းမှယခုအချိန်တွင် စိတ်အေးနေပေသည်။ ဤတင့်ကားအားရပြီးနောက် သူသည်မည်သူမျှမယှဉ်ပြိုင်‌နိုင်သောနေရာအားရထားသည့်အတိုင်းပင်။

"ကြည့်ရတာမင်းကအမြဲတမ်း အသစ်အဆန်းတစ်ခုခုတော့အကြံထုတ်နိုင်တဲ့ပုံပဲ"

ကျိုးဟောင်သည်လည်း ယွမ်ချန်းတစ်ယောက်တင့်ကားဝယ်လာခဲ့မည်ဟု မမျှော်လင့်ထားခဲ့ပေ။

"ကျိယွီဖန်ရဲ့ကျောပေါ်မှာ ဘာသယ်လာတာလဲ"

ယွင်ယန်မှာ ကျိယွီဖန်လာရာဘက်သို့ကြည့်ကာပြောလိုက်သည်။

လှမ်းကြည့်လိုက်ပြီးနောက် သူမသည်ချက်ချင်းဆိုသလိုပင်မကျေမနပ်ဖြစ်သွားသည်။

မကြာသေးမီကသူတို့နှင့်ကောင်းမွန်သောဆက်ဆံရေးရှိခဲ့သည့်လုကျန်းမှာ တကယ်တမ်းယခုအချိန်တွင် ကျိယွီဖန်နှင့်အတူရှိနေပေသည်။

"နည်းပညာလက်နက်တစ်ခုခုဖြစ်မှာပေါ့"

ကျိုးဟောင်မှာကြည့်လိုက်ပြီးနောက် ဂရုမစိုက်ဘဲ စိတ်မဝင်စားသလိုပုံဖြင့်ပြောလိုက်လေသည်။

"ဟမ့်"

"ကျိုးဟောင်မင်းဒီတစ်ခေါက်စစ်မြေပြင်မှာမသေစေနဲ့ ဒီတစ်ခေါက်ဘယ်သူအမှတ်အများဆုံးရမလဲကြည့်ကြတာပေါ့"

ထိုအချိန်မှာပင် ကျိယွီဖန်မှာလှည့်လာပြီးကျိုးဟောင်အားစိုက်ကြည့်ကာပြောလာသည်။

"ထွက်သွား"

ကျိုးဟောင်၏အမူအရာမှာလုံးဝမပြောင်းလဲသွားသည့်အပြင် ကျိယွီဖန်အားလျစ်လျူပင်ရှုထားပေသည်။ သို့သော် ယခုတစ်ကြိမ်ကျိယွီဖန်၏ပုံစံမှာ တစ်ခုခုမှားယွင်းနေကြောင်းကိုခံစားရပေသည်။

"လူစုပြီးအမှတ်စဉ်ရေကြ ထွက်ခွာဖို့အသင့်ပြင်ကြတော့"

တစ်ယောက်ပြီးတစ်ယောက်ရောက်လာပြီးနောက် နည်းပြယန်ဟွေ့သည်လည်း အားလုံးရှေ့တွင်ပေါ်လာပေသည်။

"တစ်"

"နှစ်"

"သုံး"

.....

ခေတ္တမျှကြာပြီးနောက် ကျိုးဟောင်တို့၏အမှတ်စဥ်ရေခြင်းမှာလည်း ပြီးဆုံးသွားပြီဖြစ်သည်။

သို့သော် နည်းပြယန်ဟွေ့မှာသူတို့အားမည်သည့်ယာဉ်ပေါ်မှတက်ခွင့်မပြုဘဲ စုဝေးကာစကားပြောနေကြသည့်အခြားပညာရှင်နှစ်ဖွဲ့အားကြည့်ကာပြောလိုက်သည်။

"အဲဒါကပထမနှစ်နဲ့ဒုတိယနှစ်က မင်းတို့ရဲ့စီနီယာအစ်ကို၊အစ်မတွေပဲ ဒီတစ်ခေါက်သူတို့လည်းမင်းတို့နဲ့အတူစစ်မြေပြင်ထဲဝင်လိမ့်မယ်"

ယခု ၇ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းတွင်အခြားလေ့ကျင့်ရေးဧရိယာများရှိကြောင်းကို ကျိုးဟောင်သိလိုက်ပြီဖြစ်သည်။

သူတို့လိုလူများသည် ပထမနှစ်နှင့်သာသက်ဆိုင်ပေသည်။

ထိုသတင်းအားကြားလိုက်ရသောအခါ လူအများ၏မျက်လုံးများမှာအရောင်တောက်လာကြပေသည်။

ဤပုံအတိုင်းဆိုပါက သူတို့သည်ဤစီနီယာများနှင့်အတူအလုပ်လုပ်နိုင်မည်လော။

သူတို့သည်စီနီယာများအားကြည့်လိုက်ပြီးနောက် ၎င်းတို့မှာအားလုံးဆရာသခင်အဆင့်ပညာရှင်များဖြစ်ကြောင်းကို တွေ့လိုက်ရပေသည်။

သို့သော်သူတို့အားလုံးလှည့်ပတ်ကြည့်ပြီးနောက် စီနီယာအများစု၏မျက်နှာများတွင်လည်း ခါးသီးသောအမူအရာများရှိနေကြောင်းကိုမြင်လိုက်ရပေသည်။

ဤစီနီယာများသည်လည်း လေ့ကျင့်ရန်အတွက်စစ်မြေပြင်၏အစွန်အဖျားကိုသွားရန် တွေဝေနေသည်မှာ သိသာပေသည်။

၎င်းမှာ စစ်တပ်ကာကွယ်ရေးတိုက်ပွဲယာဉ် ၃ စီးရောက်ရှိလာပြီး အခြားပညာရှင် ၂ဖွဲ့စုဝေးလာသည့်အချိန်ထိပင်ဖြစ်သည်။

ထို့နောက် ကျိုးဟောင်နှင့်အခြားလူများမှာလည်း ယာဉ်ပေါ်စတင်တက်လိုက်ကြပေသည်။

"ဒါက ၇ ခုမြောက်အက်ကွဲကြောင်းဆီသွားတဲ့လမ်း ဟုတ်ပုံမရဘူး"

ကားပေါ်တွင် ကျန်းယိမှသိလိုစွာဖြင့်ပြောလိုက်သည်။

အပြင်ဘက်ရှိအခြေအနေအားသူမမြင်ရသော်လည်း ဦးတည်ရာခွဲသည့်နေရာ၌သူ၏အသိအာရုံမှာထက်မြက်ပေသည်။ ထို့ကြောင့် သူတိုယခုစီးနေသောတိုက်ပွဲယာဉ်မှာ ၇ ခုမြောက်အက်ကွဲကြောင်းသို့ဦးတည်နေခြင်း လုံးဝမဟုတ်ကြောင်းကို သေချာသိပေသည်။

"ငါတို့ဘယ်သွားနေကြတာလဲ"

ရှုလင်မှာလည်းပဟေဠိဖြစ်နေပုံပင်။ သူမတို့ဘယ်ကိုသွားနေမှန်းကို သူမတကယ်ကိုသိချင်ပေသည်။

"ဒါကြည့်ရတာ ၁၂ ခုမြောက်အက်ကွဲကြောင်းဆီဦးတည်သွားနေတာပဲဖြစ်မယ်"

ကျိုးဟောင်မှာသူတို့ဦးတည်သွားနေသောဦးတည်ဘက်အား အာရုံခံကာ ဝေဝေဝါးဝါးဖြင့်ပြောလိုက်သည်။

သူတို့ယခုဦးတည်သွားနေသော ဦးတည်ဘက်မှာ ၇ ခုမြောက်အက်ကွဲကြောင်းဟုတ်ပေ။ ဤဦးတည်ရာအတိုင်းသွားပါက သူတို့သွားလို့ရသည့်အက်ကွဲကြောင်း ၂ခုသာရှိပေသည်။

ထိုအက်ကွဲကြောင်းများမှာ ၁၃ ခုမြောက်အက်ကွဲကြောင်း နှင့်၁၂ ခုမြောက်အက်ကွဲကြောင်းတို့ပင်ဖြစ်သည်။ သို့သော် ၁၃ ခုမြောက်အက်ကွဲကြောင်းရှိစစ်ပွဲမှာ အဆုံးသတ်သွားပြီဖြစ်သည်။

အချိန်‌ကိုကြည့်ပြီးဆုံးဖြတ်ရသော် သိပ်မကြာမီ ၁၂ ခုမြောက်အက်ကွဲကြောင်းတွင် တိုက်ပွဲအစီအစဉ်တစ်ခုစတင်နိုင်ခြေများပေသည်။

"ဒီတစ်ခေါက်အားလုံးက ၁၂ခုမြောက်အက်ကွဲကြောင်းဆီသွားမှာ မျိုးနွယ်ခြားတွေကို ကိုယ်တတ်နိုင်သလောက်အများကြီးသတ်တာအပြင် သတင်းအချက်အလက်လည်းရသလောက်စုဆောင်းရမယ်"

ထိုအချိန်တွင် နည်းပြယန်ဟွေ့၏အသံအား အားလုံး ၏နားထဲတွင်ကြားလိုက်ရသည်။

ကျန်းယိနှင့်အခြားလူများမှာ ကျိုးဟောင်အားအံ့ဩတကြီးကြည့်လိုက်ကြသည်။

ကျိုးဟောင်ပြောတာမှန်လိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ပေ။ ယခုတစ်ကြိမ်၌ သူတို့သည်တကယ်ကိုပင် ၁၂ ခုမြောက်အက်ကွဲကြောင်းသို့သွားနေခြင်းဖြစ်ပေသည်။

၁၂ ခုမြောက်အက်ကွဲကြောင်းမှာ ၇ ခုမြောက်အက်ကွဲကြောင်းနှင့်သိပ်မဝေးလှပေ။ အကယ်၍သူတို့သာ‌‌ဂျက်လေယာဉ်ဖြင့်သွားပါက အများဆုံး ၁နာရီခန့်သာကြာမည်ဖြစ်သော်လည်း လက်ရှိတွင်မူ သူတို့အဖွဲ့သည်ယခုလိုအချိုးမကျသောတိုက်ပွဲယာဥ်အားစီးနေရပေရာ နေ့တစ်ဝက်လောက်ကြာမှသာရောက်မည်ဖြစ်သည်။

လက်ရှိအချိန်တွင် ကျောင်းသားအများစုမှာအိပ်နေကြပြီး စွမ်းအင်ထိန်းသိမ်းနေကြပြီဖြစ်သည်။

စစ်မြေပြင်သို့ရောက်ပါက နောက်ထပ်ရက် ၃၀ လောက်အထိ အိပ်ချိန်များများစားစားမရှိနိုင်ပေ။

ကျိုးဟောင်သည်ကားပေါ်တွင်လည်း အလကားအချိန်ဖြုန်းမနေပေ။ သူသည်စိတ်စွမ်းအားကိုသုံးကာ သိပ်မကြာခင်ကသူဝယ်ယူခဲ့သော ကမ္ဘာဦးကျောက်စာမိတ်ဆက်စာအုပ်အား စစ်ဆေးနေပေသည်။

ယခုလိုပစ္စည်းမျိုးကို သူပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သည်။

"ဟင်"

မူလကျောက်စာမိတ်ဆက်စာအုပ်အား စစ်‌ဆေးရန် သူ၏စိတ်စွမ်းအားအားသုံးလိုက်သည့်အချိန်တွင် ကျိုးဟောင်၏အမူအရာမှာအနည်းငယ်ထူးဆန်းသွားပေသည်။

....................................................................................

အခန်း(၃၀၅) ပြီးပါပြီ။

အခန်း (၃၀၆) : ကမ္ဘာဦး ကျောက်စာ မိတ်ဆက်စာအုပ်

ကားအတွင်းထဲတွင် မှောင်ပြီး လေ၀င်လေထွက်နည်းသောကြောင့် ရှုလင်မှာ ကျိုးဟောင်၏ပုခုံးပေါ်တွင်မှီရင်း အိပ်ပျော်သွားလေသည်။

ရှုလင်မှာ သူ၏ကောင်မလေးဖြစ်သောကြောင့် သူ့ပုခုံးပေါ်တွင် မှီရင်းအိပ်ခိုင်းရသည်မှာ မထူးဆန်းပေ။

သို့သော် ယွင်ယန်သည်လည်း သူ့ပုခုံးပေါ်တွင် မှီရင်းအိပ်ပျော်နေပြန်လေသည်။

ကံကောင်းစွာဖြင့် ကားအတွင်းပိုင်းမှာအလွန်မှောင်မိုက်သောကြောင့် သဲသဲကွဲကွဲမမြင်ရပေ။ မဟုတ်ပါက ထိုမြင်ကွင်းမှာ အထင်လွဲစရာများဖြစ်သွားနိုင်လေသည်။

ကျိုးဟောင်မှာ ထိုကိစ္စအားဆက်တွေးမနေတော့ပဲ သူ၏စိတ်စွမ်းအားကိုသုံးပြီး ကမ္ဘာဦးကျောက်စာမိတ်ဆက်စာအုပ်အားဖတ်နေလေသည်။

လက်ရွေးစင်လေ့ကျင့်ရေးစခန်း ၇ခုလုံးမှ ယာဉ်များသည် ၁၂ခုမြောက်အက်ကွဲကြောင်းဆီသို့ဦးတည်ထွက်ခွာခဲ့ကြလေသည်။

ဒီတကြိမ်တွင်လေ့ကျင့်ရေးစခန်းအသီးသီးမှာ ပါ၀င်သူအရေအတွက်မတူညီကြသော်လည်း အချင်းချင်းပြိုင်ဆိုင်နေကြစဲဖြစ်လေသည်။

"ငါဒီတခေါက်ရလဒ်ကောင်းရဖို့မမျှော်လင့်ပါဘူး။ အသက်ရှင်လျက်ပဲပြန်လာချင်တယ်"

ယွမ်ချန်းမှာ ဒီတကြိမ်တွင် စွန့်စားရမည့်ကိစ္စများကို မလုပ်လိုပဲ အသက်ရှင်လျက်ပြန်လာနိုင်ဖို့ကိုသာ အဓိကထားနေလေသည်။

"ငါရောပဲအသက်ရှင်လျက်ပြန်လာနိုင်ဖို့ပဲမျှော်လင့်ပါတယ်"

ကျန်းယိကလည်း ထိုကဲ့သို့တွေးနေလေသည်။

ဟွာရှားမြို့၏သိုင်းပညာရှင်များသာမက ကမ္ဘာမြေပေါ်ရှိ သိုင်းပညာရှင်များ၏ ၉၉%မှာ ထိုကဲ့သို့ အက်ကွဲကြောင်းများတွင် သေဆုံးခဲ့ကြရသည်။

"ကျိုးဟောင် နင့်ကြည့်ရတာ မကြောက်တဲ့ပုံပေါက်နေပါလား"

ကျိုးဟောင်ဘေးတွင် အိပ်ပျော်နေသော ယွင်ယန်မှာ နိုးလာပြီးမေးလိုက်လေသည်။

သူမမှာ နိုးလာပြီးသူမ၏ ချစ်စဖွယ်မျက်နှာလေးမှာရဲနေလေသည်။ သူမသည် သာမန်ပုံစံသာ ၀တ်စားထားသော်လည်း သူမ၏ခန္ဓာကိုယ်အလှက သာမန်တေယ့မဟုတ်ခဲ့ပေ။

ဒီစစ်ဘက်သုံးသယ်ယူပို့ဆောင်ရေးယာဉ်များမှာ နေရာအလွန်ကျဉ်းပြီး လေ၀င်လေထွက်မကောင်းပေ။ ဒါ့ကြောင့် သူမမှာ မသိလိုက်ပဲ အိပ်ပျော်သွားခဲ့ရလေသည်။

ကျိုးဟောင်၏ပုခုံးအားမှီပြီးအိပ်ပျော်နေခြင်းက သူမအတွက် ရှက်စရာဖြစ်နေခဲ့လေသည်။ သူမသည် ရှုလင်ဆီမှ ကျိုးဟောင်အား လုယူလိုစိတ်မရှိပေ။

"ငါ အဆင်ပြေပါတယ်"

ကျိုးဟောင်မှာ အလွန်ပင်တည်ငြိမ်နေလေသည်။

ယခုလူတိုင်းက စိတ်လှုပ်ရှားပြီး ကြောက်ရွံ့နေချိန်တွင်ကျိုးဟောင်က အေးဆေးဖြစ်နေပုံက တကယ့်ကို ထရိုက်ချင်စရာကောင်းနေလေသည်။

သို့သော် ဟွာရှားမြို့ရဲ့အသန်မာဆုံးကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်တယောက်အနေဖြင့် ၁၂ခုမြောက်အက်ကွဲကြောင်းဆီသို့ သွားရခြင်းက သူ့အတွက် ဘာဖိအားမှ မရှိပေ။

"စကားတွေမပြောနေဘဲ ကောင်းကောင်းအနားယူကြပါ။ တကယ့်တိုက်ပွဲထဲမှာ ရက်အနည်းငယ်လောက် မအိပ်စက်ရတာမျိုးတွေကြုံရနိုင်တယ်"

တီးတိုးပြောသံများ ကြားသောကြောင့် နည်းပြယန်ဟွေ့က သတိပေးလိုက်သည်။

ခဏအကြာတွင် ယာဉ်တခုလုံးပြန်လည်တိတ်ဆိတ်သွားခဲ့သည်။

"ငါတကယ်ကို အကုန်လုံးကို နားမလည်နိုင်သေးဘူးပဲ"

ကျိုးဟောင်က ခပ်မဲ့မဲ့ပြုံးလိုက်သည်။

ကမ္ဘာဦးကျောက်စာမိတ်ဆက်စာအုပ်မှာ အရမ်းလျှိ့ဝှက်ဆန်းကြယ်ပြီး နားလည်ရအလွန်ခက်ခဲလေသည်။

စာအုပ်ထဲတွင်ပါသည့်စာလုံးတိုင်းကိုသူသိသော်လည်း စိတ်ဖြင့်ချိတ်ဆက်ကြည့်လိုက်သော အခါ မျက်မှောင်ကြုတ်သွားရသည်။

ယာဉ်များမှာနောက်ဆုံးတော့ရပ်တန့်သွားခဲ့လေသည်။

လူတိုင်းနီးပါး အိပ်ချင်နေသော သူတို့၏ခေါင်းများကိုခါရမ်းလိုက်ပြီး ဘေးပတ်လည်ကိုကြည့်လိုက်ကြသည်။

"ငါတို့ရောက်ပြီ ဆင်းကြတော့"

နည်းပြယန်ဟွေ့က လူတိုင်းအားစနစ်တကျဖြစ်စေရန်အမိန့်ပေးလိုက်လေသည်။

ဂါးး...

အဝေးမှသားရဲဟိန်းသံများကြောင့် ကျိုးဟောင်မှာ စစ်ဘက်သုံးယာဉ်ထဲမှာ အမြန်ပင်ဆင်းလိုက်လေသည်။

၁၂ခုမြောက်အက်ကွဲကြောင်းမှာ အလွန်ဝေးသော်လည်း သာမန်မဟုတ်ကြောင်းသူသိလိုက်သည်။

၁၂ခုမြောက်ခံတပ်၏ကာကွယ်ရေးမြို့နံရံပေါ်တွင် ခံတပ်အားစောင့်ကြပ်နေသော ကောင်းကင်ဘုံအဆင့်ပညာရှင်တယောက်ရှိလေသည်။

" ဒုတိယအဖွဲ့က ပညာရှင်တွေကို ပျိုးထောင်ပေးနေတာသူများလား"

ကျိုးဟောင်မှာ ၁၃ခုမြောက်အက်ကွဲကြောင်းစီးနင်းမှုတွင် ပါ၀င်ခဲ့ဖူးပြီး အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းမှ လေ့ကျင့်ပျိုးထောင်နေသော ဒုတိယအဖွဲ့ရှိကြောင်းသူသိခဲ့ရသည်။

"လင်ရှုယင် နဲ့ အခြားငါနဲ့သိတဲ့ မူလအဆင့်ပညာရှင်တွေတယောက်မှ မတွေ့မိဘူး။ ငါ့အထင် အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းက လုံခြုံရေးအတွက် နောက်ထပ် အဖွဲ့နှစ်ဖွဲ့လောက်ကို လေ့ကျင့်ပေးနေတာဖြစ်မယ်"

ကျိုးဟောင်မှာ ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်ဖြစ်သောကြောင့် ရှေ့တန်းခံတပ်ရှိ အကြောင်းအရာများကိုသိလေသည်။ တခြားကျောင်းသားများကတော့ စိတ်လှုပ်ရှားစွာဖြင့် ပတ်၀န်းကျင်အခြေအနေများကို ဂရုတစိုက်ကြည့်နေကြလေသည်။

"ဒါက တိုက်ပွဲရဲ့အစွန်းနားပဲ အန္တရာယ်ရှိတဲ့အခြေအနေတွေက အချိန်မရွေးကျရောက်လာနိုင်တယ်"

"ကျောင်းသားတွေအနေနဲ့ ဒီအနီရောင်စည်းကို မကျော်ဘဲ စည်းနောက်‌ပဲ ရက်၃၀နေကြရမယ်။ တကယ်လို့ကျော်ခဲ့သူရှိရင် ပြစ်ဒဏ်ချမှတ်ခံရမယ်"

"မင်းတို့ရဲ့ဆက်သွယ်ရေးလက်ကောက်လေးတွေက မင်းတို့ရဲ့ရမှတ်တွေကို မှတ်ထားပေးလိမ့်မယ်"

"သတိထားကြပါ။ ဒါက လေ့ကျင့်ရေးစခန်း၇ခုလုံးပူးပေါင်းထားတဲ့မစ်ရှင်ဖြစ်တယ်။ မင်းတို့အနေနဲ့ထိပ်ဆုံးအယောက်၂၀ထဲ၀င်နိုင်ခဲ့ရင် အကျိုးအမြတ်များစွာရရှိလိမ့်မယ်"

"နောင်ထပ်အသေးစိတ်အချက်အလက်တွေကိုတော့ မင်းတို့ရဲ့ဆက်သွယ်ရေးလက်ကောက်တွေကို တယောက်ပြီးတယောက်ပို့ပေးလိုက်မယ်။ ခုတော့ မင်းတို့လွတ်လွတ်လပ်လပ်နေလို့ရပြီ"

နည်းပြယန်ဟွေ့က မှာကြားစရာရှိသည်များကို ပြောပြီးနောက် ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။

....................................................................................

အခန်း (၃၀၆) ပြီးပါပြီ။

All Chapters