အခန်း (၃၀၇-၃၀၉)
Vol. 21 Ch. 307-309
အခန်း (၃၀၇) : ပိုင်ယန်ရန်၏၀မ်းကွဲ
"ဟူး မူလအဆင့်ပညာရှင်တွေကတကယ်ကို အပူအပင်မရှိတာပဲ။ ဘာခြေရာလက်ရာမှ မကျန်အောင် ပေါ်လာလိုက် ပျောက်သွားလိုက် လုပ်နိုင်ကြတာပဲ"
ယွန်ချန်းသည် နည်းပြယန်ဟွေ့ပျောက်သွားသောနေရာကိုကြည့်ရင်း အားကျစွာပြောနေခဲ့သည်။
"တခြားသူတွေကို ကြည့်ပြီး အားကျနေလို့ဘာမှအသုံးမ၀င်ဘူး။ ကိုယ်တိုင်ကြိုးစားအားထုတ်ပြီး သူတို့ထက်သန်မာလာအောင်လုပ်ရမယ်"
ယွင်ယန်က သူမ၏ပါးလေးကို ချစ်စဖွယ်ဖောင်းအောင်လုပ်ရင်းဟာသလုပ်နေလေသည်။
"ငါသတင်းကြားထားကတော့ လေ့ကျင့်ရေးစခန်းက ကျောင်းသားတွေအားလုံးပေါင်းပြီး စုပေါင်းလေ့ကျင့်ရမယ်တဲ့"
"လေ့ကျင့်ရေးစခန်းတွေရဲ့ ပထမနှစ် နဲ့ ဒုတိယနှစ်ကျောင်းသားအားလုံးကိုပို့ဆောင်ခဲ့တာပဲ"
"ပထမဆုံးလေ့ကျင့်ရေးစခန်းက ကျောင်းသားတွေက အတော်ထူးခြားတယ်တဲ့။ အဲ့မှာ တတိယနှစ်က စီနီယာကျောင်းသား၁၀ယောက်ပါတယ်။ ဒါပေမဲ့ သူတို့က ကယ်ဆယ်ရေးအနေနဲ့ပဲ ပါ၀င်မှာဖြစ်ပြီး အဆင့်တွေအတွက် ၀င်ရောက်လေ့ကျင့်မှာတော့မဟုတ်ဘူး"
ရှုလင်က သူမ၏ဆက်သွယ်ရေးလက်ကောက်ကိုကြည့်ရင်းပြောလိုက်သည်။
"ဟမ် တယောက်ယောက်က မျိုးနွယ်ခြားတွေကို သတ်ဖို့ တိုက်ပွဲထဲ၀င်သွားပြီလား"
ကျန်းယိက စိတ်လှုပ်တရှားထပြောလိုက်သည်။
မကြာမီပင် အဆင့်သတ်မှတ်ချက်တွင်နာမည်တခုပေါ်လာခဲ့လေသည်။
နံပါတ်(၁) လေ့ကျင့်ရေးစခန်း ၀မ်ယင်ချိုင် ၇မှတ်....
ကြည့်ရတာ ၀မ်ယင်ချိုင်ဆိုတဲ့ တယောက်က ပထမဆုံးတိုက်ပွဲမြေပြင်ထဲ၀င်သွားပုံရလေသည်။
"သူကတကယ်ရဲရင့်တာပဲ။ တခြားလူတွေကပတ်၀န်းကျင်ကိုလေ့လာနေတုန်းမှာပဲ သူကတိုက်ပွဲထဲကို ရောက်နေပြီပဲ"
ယွမ်ချန်းကခါးသီးစွာပြုံးရင်းပြောလိုက်သည်။
၀မ်ယင်ချိုင်ပြီးနောက် မကြာမီတွင်အဆင့်သတ်မှတ်ချက်ဇယား၌တယောက်ပြီးတယောက်ပေါ်လာကြလေသည်။ အဆင့်သတ်မှတ်ချက်ဇယားရှိ အကွက် ၁၀၀မှာ ခဏအတွင်းပြည့်သွားခဲ့လေသည်။
ထို့နောက် နာမည်များစွာ တက်လိုက်ကျလိုက်ဖြစ်နေခဲ့လေသည်။
"ရှေ့တန်းကာကွယ်ရေးခံတပ်လိုင်းတွေကို အပိုင်း၄ ပိုင်း ခွဲခြားထားတယ်"
"အပြင်ဘက်ဆုံးအပိုင်း ၊ အလယ်ပိုင်း ၊ အတွင်းပိုင်းနဲ့ အဓိကဧရိယာ ဆိုပြီးရှိတယ်"
"အပြင်ဘက်ဆုံးအပိုင်းမှာဆိုပြီး ငါတို့ လူခွဲပြီး သွားလို့ရတယ်။ အလယ်ပိုင်းမှာဆိုရင်တော့ ငါတို့အတူတကွစုသွားကြမယ် ဘယ်လိုသဘောရလဲ"
ရှုလင် ကပြောပြပြီး ကျိုးဟောင်နှင့် အခြားသူများအားကြည့်လိုက်လေသည်။
"သေချာတာပေါ့"
ကျိုးဟောင်ကဘာမှ အထွန့်တက်စရာမရှိပေ။ သူဒီပတ်၀န်းကျင်အားသေချာ အာရုံခံခဲ့ပြီးလေသည်။
ဒီစစ်မြေပြင်မှာ အားလုံးအတွက်စိန်ခေါ်မှုတရပ်ဖြစ်လေသည်။ ဒီနေရာတွင် အခက်အခဲများရှိသော်လည်း အသက်အန္တရာယ်ပေးနိုင်လောက်သည့်အရာမျိုးတော့မရှိပေ။
"ငါရောပဲ"
ကျန်းယိလည်း ခေါင်းညိတ်ထောက်ခံလေသည်။ သူတို့အနေဖြင့် ပတ်၀န်းကျင်နှင့် ရင်းနှီးကျွမ်း၀င်စေရန်သီးခြားစီသွားခြင်းက ပိုကောင်းလေသည်။
"ငါတို့လည်းအဆင်ပြေပါတယ်"
ယွမ်ချန်း နှင့် ယွင်ယန်ကလည်း သဘောတူလေသည်။
သူတို့အားလုံးအသီးသီးစတင်ထွက်ခွာကြလေသည်။ မကြာမီပင် ကျိုးဟောင်၏အရှိန်အဝါမှာ လှုပ်ရှားလာပြီး အနက်ရောင်ပျားပုတုန်းတကောင်အား ထိုအရှိန်အဝါဖြင့်သတ်လိုက်လေသည်။
အမှတ် ၁၀၀....
ထိုပျားပုတုန်းအားသတ်လိုက်ပြီးနောက် သူ၏ဆက်သွယ်ရေးလက်ကောက်တွင်ရမှတ်အားဖော်ပြလာလေသည်။
"မဆိုးဘူး အစောပိုင်းက ငါတို့၀ယ်လာတဲ့အရာတွေကိုစမ်းကြည့်ရမယ်"
ကျိုးဟောင်အနေဖြင့် ကမ္ဘာဦးကျောက်စာမိတ်ဆက်စာအုပ်မှ အသိပညာများကို ရယူရန်ကြိုးစားမှု မအောင်မြင်ခဲ့သော်လည်း ကြယ်တာရာကွင်းနည်းပညာကုမ္ပဏီမှ ၀ယ်ယူခဲ့သည့်လေဆာလက်နက်များရှိလေသည်။
"ငါ့အနေနဲ့ အာရုံခံကိရိယာပါဗုံးကိုဘယ်တော့မှသုံးရပါ့မလဲ။ ဒီမှာရှိနေတဲ့ မျိုးနွယ်ခြားတွေက ဆရာသခင်အဆင့်တောင်မရှိကြဘူး"
"ကြည့်ရတာ ဒီမျိုးနွယ်ခြားတွေက ငါတို့လေ့ကျင့်ဖို့အတွက်အတင်းထိန်းချုပ်ထားခံရတာဖြစ်မယ်"
ကျိုးဟောင်ကရေရွတ်ရင်းဆက်တိုက်ပစ်လို့ရသော ပစ္စတိုအားထုတ်လိုက်လေသည်။
"အဆင့်မြှင့်တင်ထားသော အော်တိုမစ်တစ် အမ်၂၁ ပစ္စတိုဆိုပါလား မဆိုးပါဘူး"
ကျိုးဟောင်က ပစ္စတိုကိုကြည့်နေစဉ်မှာပဲ ဆံပင်အားအနောက်တွင်စုစည်းထားပြီး မျက်မှန်လေးထပ်ထားသော မိန်းကလေးတဦးသည် ကျိုးဟောင်နှင့် မလှမ်းမကမ်း တွင်ပေါ်လာလေသည်။
ကျိုးဟောင်မှာ ထိုမိန်းကလေးရှိနေသည်ကို အစထဲကသိနေသော်လည်း ဂရုမစိုက်ခဲ့ပေ။ထိုမိန်းကလေးလက်ထဲတွင်လည်း အော်တိုမစ်တစ် ပစ္စတိုတလက် ကိုင်ထားသည်ကို သူတွေ့ခဲ့ရသည်။
သူမ၏ပစ္စတိုသေနတ်မှာ သာမန် ငွေရောင် နှင့်အနက်တို့မဟုတ်ဘဲ ရွှေနှင့်နှင်းဆီ စပ်ထားသည့်အရောင်ဖြစ်နေလေသည်။
သီးသန့်မှာယူထုတ်လုပ်ထားသည့် သေနတ်ဖြစ် ကြောင်း ထင်ရှားလေသည်။
ကြယ်တာရာကွင်း ကုမ္ပဏီမှာ စီးပွားရေးဆန်သော ကုမ္ပဏီဖြစ်သော်လည်း သီးသန့်မှာယူလို့လွယ်ကူသည့်ကုမ္ပဏီမျိုးမဟုတ်ပေ။
"ငါ့နာမည်က ပိုင်ဘင်းဘင်းပါ ပိုင်ယန်ရန်ရဲ့၀မ်းကွဲတော်တယ်။ ငါနဲ့သိကျွမ်းချင်လား"
သူမသည်ဖြတ်လျှောက်သွားရင် ကျိုးဟောင်ကိုမြင်သောအခါ အချိန်ဖြုန်းသည့်အနေဖြင့်မေးလိုက်လေသည်။
သူမသည် အရင်က ပိုင်ယန်ရန်ဆီက ကျိုးဟောင်နှင့်ပတ်သက်သည်များကို ကြားဖူးခဲ့ပြီး ကျိုးဟောင်၏နှလုံးသားမဲ့သံမဏိဖမ်းချုပ်သိုင်း အ ကြောင်း ကိုကြားဖူးခဲ့လေသည်။ သူမသည် ထိုအကြောင်းအပေါ်အလွန်စိတ်၀င်စားခဲ့ဖူးလေသည်။
ယခုသူမသည် ကျိုးဟောင်က သေနတ်ကိုင်ထားသည်ကိုမြင်သောအခါ သေနတ်ကိုင်ရတာကြိုက်သည့် သိုင်းပညာရှင်လို့ထင်သွားပြီးပိုလို့စိတ်လှုပ်ရှားသွားလေသည်။
ပစ်ခတ်တိုက်ခိုက်ရသည်ကို မကြိုက်နှစ်သက်ပဲ ယခုလို ယွမ်၁၀သန်း တန်ကြေးရှိသောလက်နက်မျိုး၀ယ်ယူမည်မဟုတ်ပေ။
"ငါ့နာမည်က ကျိုးဟောင်ပါ"
ကျိုးဟောင်သည် ပိုင်ဘင်းဘင်းကပ်လာသည်ကို သိပ်ဂရုမစိုက်ပေ။
ထိုအချိန်မှာပဲ ကျိုးဟောင်က ငွေရောင်လျှို့ဝှက်ကျည်ဆံများကိုထုတ်ပြီး သေနတ်အားကျည်ဖြည့်လိုက်လေသည်။
....................................................................................
အခန်း (၃၀၇) ပြီးပါပြီ။
အခန်း (၃၀၈) : အဆင့်၁၀၀အတွင်း၀င်ရန် အာရုံခံကိရိယာပါဗုံးအားအသုံးပြုခြင်း
"အာ အဲ့တာတွေထည့်နေတာ ရှင်ဖြုန်းတီးနေတာပဲ။ဒီမှာရှိတဲ့မျိုးနွယ်ခြားတွေက သာမန်အဆင့်တွေပါ။ ရှင် သာမန်စွမ်းအင်ကျည်တွေကိုသုံးလို့ရတယ်"
ပိုင်ဘင်းဘင်းကပြောနေရင်းကျိုးဟောင်အား ကျည်ကဒ်တစ်ကဒ်ပေးလေသည်။
"စွမ်းအင်ကျည် ဟုတ်လား"
ကျိုးဟောင်က မျက်မှောင်ကြုတ်လိုက်သည်။ ကြည့်ရတာ ကြယ်တာရာကွင်းက မန်နေဂျာ ၀မ်ယွင်က လိမ်လိုက်တာများလား။
သူမသည် ဒီအထူးပြုလုပ်ထားသော သေနတ်နှင့်တွဲသုံးရန် ယမ်းဖြင့်ပြုလုပ်ထားသော သာမန်ကျည်ဆံများနှင့် ဈေးကြီးသော ကျည်ဆံများကိုသာပြသခဲ့လေသည်။
သူ့အနေဖြင့်ဒီလို စွမ်းအင်ကျည်များရှိကြောင်းကို မသိခဲ့ရပေ။
"ဒါကမင်းရဲ့အရင်းအမြစ်တွေမှတ်လား ။ ငါမယူချင်ပါဘူး"
ကျိုးဟောင်မှာ ကျည်ကပ်အား ခဏလောက်စူးစမ်းကြည့်ပြီးနောက် ပြန်ပေးလိုက်လေသည်။
ကျိုးဟောင်အနေဖြင့် တိုက်ပွဲမြေပြင်တွင် ရက်၃၀ကြာအောင်အသက်ရှင်နေထိုင်ရမည်ဖြစ်ပြီး သူ့လို ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်တယောက်နှင့် လူသစ်များတွင် ဖုံးကွယ်နေရခြင်းကသိပ်အခက်အခဲမရှိပေ။
တကယ်လို့ သူသည် ပိုင်ဘင်းဘင်း၏ကျည်ကဒ်ကိုယူလိုက်ပြီးနောက် သူမတွင် ကျည်မလောက်ငှမှုပြဿနာကြုံလာပါက သူမအတွက် အန္တရာယ်ရှိနိုင်လေသည်။
"အဲ့တာကိုလက်ဆောင်အနေနဲ့ယူလိုက်ပါ။ ငါရဲ့လျှို့ဝှက်အိတ်ထဲမှာ တိုက်ခိုက်ပစ္စည်းတွေကို လွန်ခဲ့တဲ့နှစ်၀က်လောက်ထဲကစုထားပြီးသားပါ"
သူမက အေးဆေးပင်ပြောလေသည်။
ပိုင်ဘင်းဘင်းက ပြောလာသောကြောင့် ကျိုးဟောင်လည်းငြင်းဆန်မနေတော့ပေ။
"ကောင်းပြီ ဒါဆို ငါလည်းတခုခုပြန်ပေးမယ်လေ"
"အို..ရှင်က ဘာပြန်ပေးချင်တာလဲ"
ပိုင်ဘင်းဘင်း၏ စိတ်၀င်စားမှုကထိပ်ဆုံးသို့ရောက်သွားလေသည်။ သူမပေးခဲ့သော စွမ်းအင်ကျည်ကပ်မှာ သိပ်ဈေးမကြီးပေ။
ဘမ်း ဘမ်း ဘမ်း
ကျိုးဟောင်မှာ သူ၏သေနတ်အားမြှောက်ပြီး ကိုးချက်ဆက်တိုက်ပစ်လိုက်လေသည်။
ထို့နောက် ထိုကျည်ဆံများမှာ ၅၀မီတာလောက်ရှည်သောအပင်ကြီးပေါ်လာပြီး လက်သီးပမာဏရှိသောရွှေရောင်မီးအိမ်သဏ္ဌာန်အသီးများသီးလာလေသည်။
ကမ္ဘာကြီးမှာ သန္ဓေပြောင်းလဲပြီးနောက် နတ်သစ်ပင်မျိုးများမှာ အလျင်အမြန်ပင်ကြီးထွားနှုန်းမြန်လေသည်။ သူတို့ရှေ့တွင်ရှိနေသော အပင်မှာလည်း ရွှေရောင်မီးအိမ်အသီးများသီးသည့်နတ်သစ်ပင်တမျိုးဖြစ်လေသည်။
"ဝိုးး..."
ကျိုးဟောင်မှာ စွမ်းအင်ကျည်များအားသုံးပြီး အသီးများအားကျလာအောင်ပစ်ချလိုက်လေသည်။
ထိုကျည်ဆံများမှာ မျိုးနွယ်ခြားများအား သုတ်သင်ရန်ပေးခဲ့ခြင်းဖြစ်သော်လည်း ကျိုးဟောင်က အသီးခူးသည့်နေရာတွင်သုံးလိုက်လေသည်။
"ဒါနဲ့ ရှင့်ရဲ့ သေနတ်ပစ်စွမ်းရည်က အတော်ကောင်းတာပဲ"
ပိုင်ဘင်းဘင်းက ကျိုးဟောင်၏ သေနတ်ပစ်စွမ်းရည်အားချီးကျူးလိုက်လေသည်။
ထိုအကွာအဝေးသည် သေနတ်ပစ်စွမ်းရည်မကောင်းဘဲနဲ့ အသီးများအား ခူးယူနိုင်ဖို့ မလွယ်ပေ။
အစက ကျိုးဟောင်မှာ တယောက်ထဲသွားလာဖို့ စီစဉ်ထားသော်လည်း ပိုင်ဘင်းဘင်းက သူ့နောက်လိုက်လာလေပြီ။
ဘမ်း...
လမ်းတလျှောက်တွင် ကျိုးဟောင်မှာ ဆက်တိုက်ပစ်ခတ်လာခဲ့ပြီး မျိုးနွယ်ခြားအများအပြားအား ပသ်ချက်တချက်ထဲဖြင့်သတ်နိုင်ခဲ့လေသည်။
"သေနတ်သုံးရတာအားသာချက်က သွေးအနှစ်သာရတွေမသုံးရတာပဲ။ ဒါပေမယ့် အသံအရမ်းကျယ်လို့ တခြားမျိုးနွယ်ခြားတွေကိုတော့ ဆွဲဆောင်မိသလိုဖြစ်တယ်"
ပိုင်ဘင်းဘင်းက ကျိုးဟောင်ကိုကြည့်ရင်းပြောလိုက်သည်။
ကျိုးဟောင်ကတော့ လမ်းတလျှောက် မျိုးနွယ်ခြားများအား ပျော်ရွှင်စွာသတ်နေလေသည်။ သို့သော်လည်း ပေါက်ကွဲသံကြောင့် အနီးအနားရှိ မျိုးနွယ်ခြားများ၏ အာရုံစိုက်ခြင်းကိုခံရလေသည်။
မျိုးနွယ်ခြားများမှာ အင်အားမကြီးသော်လည်း အရေအတွက်အများအပြားရှိလေသည်။
"ရှင့်သေနတ်သုံးနေတာကို ရပ်ပြီး ဒီကနေပြေးရအောင်"
ပိုင်ဘင်းဘင်းမှာ ကျိုးဟောင်ကြောင့်ခေါင်းကိုက်နေလေပြီ။
သူတို့တိုက်ပွဲမြေပြင်ထဲအား လာရသည်မှာ မျိုးနွယ်ခြားများအား သတ်ရန်ဖြစ်သော်လည်း ဒီနေရာတွင် ၎င်းတို့၏အရေအတွက်မှာအလွန်များလေသည်။ ဒါကြောင့် အမြန်ထွက်ခွာခြင်းက အကောင်းဆုံးဖြစ်လေသည်။
"အချိန်ကောင်းရောက်မှလား"
ကျိုးဟောင်မှာဒီနေရာမှ ထွက်ခွာလိုစိတ်မရှိပေ။
"မဟုတ်ဘူးလေ ငါတို့ ဒီမှာ ရက်၃၀တောင်နေရမှာ တရက်ထဲနဲ့ ရှင့်အရင်းအမြစ်တွေအကုန် သုံးလိုက်မလို့လား"
ပိုင်ဘင်းဘင်းမှာ ကျိုးဟောင်တယောက် ရူးနေသလားလို့တောင်တွေးမိနေလေသည်။ လမ်းတလျှောက်တွင်လည်း သူသည် ငွေရောင်ကျည်များအားဆက်တိုက်သုံးခဲ့လေသည်။
ငွေရောင်ကျည်ဆံများမှာ အလွန်ဈေးကြီးပေရာ ကျိုးဟောင်တွင်လည်း များများစားစားမကျန်တော့ပေ။
"ဒါ..ဒါက.."
ပိုင်ဘင်းဘင်းတယောက်တွေးနေတုန်းမှာပဲ ကျိုးဟောင်က အာရုံခံကိရိယာပါဗုံးအားထုတ်လိုက်လေသည်။
ပိုင်ဘင်းဘင်းတယောက်ဗုံးကိုမြင်လိုက်သောအခါ "လခွမ်း ဒီအရာ၀ယ်တဲ့သူတယောက်တော့ရှိပြီပဲ" လို့တွေးမိလေသည်။
သို့သော်လည်း အဆင့်နိမ့်မျိုးနွယ်ခြားများ တဖွဲဖွဲရောက်လာသည်ကိုမြင်သောကြောင့် သူမလည်း မျက်မှောင်ကြုတ်လိုက်မိလေသည်။
ဒီလိုအခြေအနေမျိုးတွင် ဒီအာရုံခံဗုံးအား အသုံးပြုခြင်းက တကယ့်ကို အကျိုးရှိသောအရာဖြစ်လေသည်။
ဘုန်း....
ထိုအချိန်မှာပဲ ကျိုးဟောင်ကစတင်တိုက်ခိုက်လေသည်။
ရွှီးး....
ဗုံးမှာပေါက်ကွဲသွားပြီးနောက် များစွာသော မျိုးနွယ်ခြားအုပ်ထဲတွင် အပြာရောင်လျှပ်စစ်အလင်းတန်းများပေါ်ပေါက်လာလေသည်။
ထိုအလင်းတန်းများတစစတိုးလာပြီးနောက်ထိမိသော မျိုးနွယ်ခြားများအားလုံး ပြာအဖြစ်ပြောင်းလဲသွားလေသည်။
ဒီအာရုံခံဗုံးအကူအညီနဲ့သာဆို ကျိုးဟောင်မှာ အဆင့် ၁၀၀အတွင်း အသာအယာ၀င်နိုင်လေသည်။
....................................................................................
အခန်း (၃၀၈) ပြီးပါပြီ။
အခန်း (၃၀၉) : ဒါ လိမ်လည်နေသလိုမဖြစ်ဘူးလား
ဝှစ်
ထိုအချိန်မှာပဲ ကျိုးဟောင်က ဒုတိယမြောက် ဗုံးနှင့် ထပ်မံတိုက်ခိုက်လေသည်။
"ဝိုး.. ကျိုးဟောင်က အဆင့်သတ်မှတ်ချက်ထဲပါလာပြီပဲ"
ရှုလင်ဘေးတွင်ရှိနေသော ယွင်ယန်ကပြောလိုက်သည်။
ဒီလေ့ကျင့်ရေးတွင်သူတို့နှစ်မှ ကျောင်းသား ၂၁ ယောက် ပါ၀င်ပြီး နှစ်တခုချင်းဆီမှာ ကျောင်းသား ၄၀ ၊၅၀လောက်ရှိကြလေသည်။
အဓိပ္ပါယ်မှာ ကျောင်းသားအရေအတွက်များလွန်းသောကြောင့် အဆင့်သတ်မှတ်ချက်တွင် ပါ၀င်နိုင်ခွင့်က ၁၀%လောက်သာရှိလေသည်။
"ဒီတခေါက်အဆင့်သတ်မှတ်ချက်က ငါတို့အတွက်အစိမ်းသက်သက်ပဲ။ ကျိုးဟောင်အတွက်တောင်မှ အဆင့်သတ်မှတ်ချက်ထဲပါဖို့ မလွယ်ဘူးဖြစ်နေတယ်"
ရှုလင်က ခါးသီးစွာပြုံးရင်းပြောလိုက်သည်။
ဒီနေရာတွင် ဒုတိယနှစ်ကျောင်းသားများရှိနေပြီး သူတို့၏ အစွမ်းကို ယှဉ်ပြိုင်ဖို့မလွယ်ကူပေ။ သူတို့မှာ နှစ်အတော်အတန်ကြာလေ့ကျင့်ပြီးသူများဖြစ်ကြပြီး လေ့ကျင့်ရေးစခန်း၏ အဓိကလူများလည်းဖြစ်လေသည်။
အဆင့်သတ်မှတ်ချက်တွင် ၇ခုမြောက်လေ့ကျင့်ရေးစခန်း၏ ပထမနှစ်များသာ အခြားစခန်း၆ခုလုံးရှိ ပထမနှစ်ကျောင်းသားများလည်း မပါသေးပေ။
"ဟာ ကျိုးဟောင်ကအဆင့်ထပ်တက်သွားပြန်ပြီ"
ယွင်ယန်ကထပ်ပြောလိုက်လေသည်။ ကျိုးဟောင် ၏အမှတ်များမှာ တစစ မြင့်တက်လာနေလေသည်။
"ဝိုး... သူဘယ်လိုများလုပ်နေပါလိမ့်"
ရှုလင်လည်း ကျိုးဟောင်အမှတ်များအားကြည့်ရင်း ဇဝေဇဝါဖြစ်သွားလေသည်။
သို့သော် သူတို့အားလုံးကျိုးဟောင်ဘယ်ရောက်နေသလဲမသိကြပေ။ သူတို့အားလုံးပြန်ဆုံချိန်ကြမှ မေးရန်ဆုံးဖြတ်လိုက်သည်။
"ချီးပဲ...."
တဖက်တွင် အဆင့်သတ်မှတ်ချက်၌ပါ၀င်နိုင်ရန် ကျိယွီဖန်မှာအသည်းအသန်ကြိုးစားနေလေသည်။ သူ၏မျက်နှာလည်း ဒေါသကြောင့်နီရဲနေလေသည်။
ကျိုးဟောင်၏ဆက်တိုက်မြင့်တက်လာသောအမှတ်များကို ကြည့်ရင်း မူမမှန်သလိုသူခံစားနေရလေသည်။
ကြည့်ရတာ ဒီတကြိမ်မှာလည်း ကံကြမ္မာကကျိုးဟောင်ဘက်မှာပဲလို့ သူတွေးမိလိုက်သည်။ ထိုအခိုက်အတန့်၌ကျိယွီဖန်မှာ သေချာစဉ်းစားနေခဲ့သည်။
ကျိုးဟောင်၏ခွန်အားမှာ မနည်းသော်လည်း ကံကြမ္မာမှာကတော့ အတော်ကောင်းပေသည်။
အချိန်အတော်များများတွင် သူသည် ကျိုးဟောင်အားမယှဉ်နိုင်ခဲ့ပေ။ အဲ့လိုဖြစ်ရသည်မှာလည်း ကျိုးဟောင်ကံကောင်းလွန်းတာကြောင့်လို့ သူတွေးနေလေသည်။
ကျိယွိဖန်မှာ သူ၏ဆက်သွယ်ရေးလက်ကောက်အားတချက်ကြည့်ပြီးနောက် စိတ်မချမ်းမသာဖြစ်သွားရသည်။
ကျိယွိဖန်တယောက်ထဲသာမက တိုက်ပွဲမြေပြင်ထဲ၀င်ပြီး အဆင့်တက်ဖို့ကြိုးစားနေသူတိုင်း တုန်လှုပ်သွားခဲ့ရပြီး အားလုံး၏ စိတ်အာရုံကလည်း ကျိုးဟောင်ဆီသို့ရောက်နေကြလေသည်။
အစောပိုင်းတုန်း အဆင့်သတ်မှတ်ချက်ဇယားတွင် ဒုတိယကျောင်းသားများသာ ကြီးစိုးထားခဲ့ကြလေသည်။
သို့သော် မျက်စိတမှိတ်အတွင်းမှာပင် ကျိုးဟောင်က သူတို့ကို ကျော်ဖြတ်ပြီး အဆင့် ၉၃ထိတက်လှမ်းလာခဲ့လေသည်။
"ဒီဂျူနီယာလေးက အထင်ကြီးစရာပဲ"
လှပသောမျက်လုံးဝိုင်းလေးများရှိသော မိန်းမလှ လေးတဦးသည် ကျိုးဟောင်အပေါ် စိတ်၀င်စားမှုရှိလာလေသည်။
"ဟမ် အချိန်တိုအတွင်း ဒီလောက်အမှတ်တွေတက်လာပုံအရ ဒီကောင်ကံကောင်းလို့ပဲ ဖြစ်မှာပါ။ သူ့စွမ်းအားက သာမန်လောက်ပဲရှိမှာပါ"
ထိုမိန်းမလှလေးတွင်ရှိသော ကောင်လေးတယောက်ကထပြောလိုက်လေသည်။
"အခုကျောင်းသားအသစ်တွေချည်းပဲ အယောက် ၃၀၀ကျော်ရှိတယ်။ ဒီအထဲက ထိုးဖောက်ထွက်လာနိုင်ခဲ့တာကတော့ အထင်ကြီးစရာပါပဲ"
အခြားသူများကကျိုးဟောင်အပေါ်မှတ်ချက်များပေးနေလေသည်။
ပိုင်ဘင်းဘင်းကတော့ ဖြစ်ပျက်သမျှအကုန်လုံးကို သူမမျက်စိဖြင့်မြင်နေရလေသည်။
ကျိုးဟောင်မှာ တကယ့်ကိုကံကောင်းပေသည်။
အာရုံခံဗုံးမှာ အခြားသူများအတွက် အမှိုက်သာသာဖြစ်သော်လည်း ဒီလိုရုန်းယင်းဆန်ခတ်အခြေအနေတွင်တော့ အတော်အသုံးတည့်လေသည်။
အဆင့်သတ်မှတ်ချက်တွင်ရှိသော တခြားသူများမှာ ကျိုးဟောင်ကဒီလိုလုပ်ရင်းအဆင့်တက်လာသည်ကိုသိသွားပါက ဒေါသထွက်ကြလေမည်။
ကျိုးဟောင်မှာလည်း စိတ်လှုပ်ရှားနေခဲ့လေသည်။ သူ၏ပင်ကိုအစွမ်းနှင့် ဒီလေ့ကျင့်ရေးတွင် အဆင့်တစ်အားအေးဆေးယူလို့ရေလေသည်။
သို့သော်သူသည် သူ၏နည်းပညာမြင့်လက်နက်အသစ်များအားစမ်းသပ်ကြည့်ချင်နေလေသည်။
သူ့အနေဖြင့် သူ့ခွန်အားအားသုံးဖို့မလိုသရွေ့ မသုံးရန်စဉ်းစားထားလေသည်။
"နင်ဘာလုပ်နေတာလဲ"
ကျိုးဟောင်မှာ အနီးအနားတွင်ရှိနေသော ရောင်းချလို့ရသည့် အစိတ်အပိုင်းများကို စုဆောင်းနေရင်း ပိုင်ဘင်းဘင်းအားကြည့်ပြီးမေးလိုက်လေသည်။
ယခု သူမရှေ့တွင် အလုပ်စားပွဲတခုရောက်နေပြီး သူမက လက်နက်အချို့နှင့် ဓာတုပစ္စည်းများအားနေရာချနေလေသည်။
"ငါအာရုံခံကိရိယာပါဗုံးရဲ့ အချို့အချက်တွေပြင်ပြီး အဆင့်မြှင့်ချင်လို့"
တချို့ပညာရှင်များမှာ ထူးခြားခန္ဓာကိုယ်များရှိကြသည်။ တချို့မှာ ကျင့်ကြံရေး၌ထူးချွန်ကြပြီး တချို့က ကျင့်စဉ်များကို အလျင်အမြန်နားလည်နိုင်စွမ်းရှိကြသည်။
တချို့ကတော့ လက်နက်ပစ္စည်းများအား ထုတ်လုပ်နိုင်စွမ်းရှိကြလေသည်။
ဥပမာအနေနှင့်ပြောရရင် ပိုင်ဘင်းဘင်းသည် လက်နက် ကျွမ်းကျင်သူလို့ဆိုနိုင်လေသည်။
ကျိုးဟောင်မှာ ပိုင်ဘင်းဘင်း၏စကားကြောင့် ဘာမှ ဆက်မပြောဘဲ သူမ လုပ်နေသည်ကို ငြိမ်ငြိမ်လေးကြည့်နေလေသည်။
သိပ်မကြာခင်မှာပဲ ပိုင်ဘင်းဘင်းသည် အာရုံခံဗုံးအချို့အား လုပ်နိုင်ခဲ့လေသည်။
"ဟီးဟီးနောက်မှ တွေ့ကျတာပေါ့"
ပိုင်ဘင်းဘင်းမှာ အာရုံခံဗူံအား အဆင့်မြှင့်တင်ပြီးနောက် ကျိုးဟောင်လုပ်သလို အမှတ်များစုဆောင်းရန်ထွက်ခွာသွားလေသည်။
သူမ ထွက်သွားသော လားရာဘက်ကို ကြည့်ရင်း ကျိုးဟောင်တချက်မဲ့ပြုံး ပြုံးလိုက်ပြီး လျစ်လျူရှုလိုက်လေသည်။
သိပ်မကြာခင်မှာပဲ ပိုင်ဘင်းဘင်းက မျိုးနွယ်ခြားများဘယ်လိုဆွဲဆောင်ရမလဲစဉ်းစားနေလေသည်။
တပြိုင်နက်ထဲ မျိုးနွယ်ခြားအများအပြားအားစုစည်းပြီး အာရုံခံဗုံးတလုံးတည်းဖြင့် အကုန်ရှင်းလင်းနိုင်စွမ်းရှိလေသည်။
"ဒါကိုလိမ်ညာလှည့်စားတယ်လို့သတ်မှတ်လို့မရဘူးလား"
အကဲဖြတ်စင်မြင့်ထက်တွင်ရှိနေသော နည်းပြယန်ဟွေ့နှင့်အခြားသူများ အကြပ်ရိုက်နေကြလေသည်။
....................................................................................
အခန်း (၃၀၉) ပြီးပါပြီ။