အခန်း (၃၁၀-၃၁၂)
Vol. 21 Ch. 310-312
အခန်း (၃၁၀) : သူမ၏အမှတ်များ မတော်တဆမြင့်တက်သွားခြင်း
ကျိုးဟောင်၏ အမှတ်များမှာ ရုတ်တရက်မြင့်တက်လာခြင်းကြောင့် နည်းပြယန်ဟွေ့တို့မှာ အကဲဖြတ်ဖြိုရောက်လာကြခြင်းဖြစ်သည်။
သူတို့အားလုံးသည် ကျိုးဟောင်၏အမှတ်များမှာနည်းပညာမြင့်လက်နက်များကြောင့်ရရှိလာကြောင်းသိခဲ့ကြသည်။
"ဘယ်ဟုတ်ပါ့မလဲ။ ဒါကတကယ့်တိုက်ပွဲမြေပြင်ပဲ မင်းဘယ်လိုလက်နက်ကိုသုံးသုံး မျိုးနွယ်ခြားများကိုရှင်းလင်းနိုင်သရွေ့ ဒါက လိမ်ညာနေတာလို့ သတ်မှတ်လို့မရဘူး"
နည်းပညာတယေက်၏ပြောစကားက တခြားအမျိုးသမီး နည်းပြတယောက်က ချက်ချင်းပြန်ဖြေလိုက်လေသည်။
သူမစကားဆုံးသောအခါ အခြားနည်းပြများအားလုံးခေါင်းညိတ်ပြလိုက်ကြသည်။
"ဒါပေါ့ မျိုးနွယ်ခြားများကို အာရုံခံဗုံးသုံးပြီးရှင်းပစ်မယ်လို့မထင်ထားခဲ့ဘူးလေ"
"ဒါပေမဲ့အဲ့ဗုံးတွေက ဈေးတော့မပေါဘူး။အဲ့ဗုံးတွေသုံးခြင်းကြောင့် တိုက်ပွဲရလဒ်ကမဆိုးပေမဲ့ အမှတ်သတ်မှတ်ချက်သာမရှိရင် ဆုံးရှုံးမှုတွေချည်းပဲ"
အသက်ကြီးကြီးနည်းပြကြီးက ပြောပြလေသည်။
တောထဲတွင်တော့ ကျိုးဟောင်မှာ အာရုံခံဗုံးများအားဆက်လက်အသုံးပြုနေလေသည်။
ကျိုးဟောင်မှာ သူ့အား နည်းပြယန်ဟွေ့တို့စောင့်ကြည့်နေကြောင်းကို အစထဲက သိသော်လည်း စိတ်ထဲမထားခဲ့ပေ။
တိုက်ပွဲမြေပြင်တွင် သိုင်းပညာရှင်များက အမှတ်များနှင့် မျိုးနွယ်ခြားတို့၏ပစ္စည်းများကိုစုဆောင်းကြလေသည်။ ကျိုးဟောင်ကတော့ မတူပေ။ သူသည် မျိုးနွယ်ခြားများကို သတ်ခြင်းဖြင့် ကံကြမ္မာအမှတ်များ တိုးပွားအောင်ပြုလုပ်လေသည်။
"အာ..."
၁၂ခုမြောက်အက်ကွဲကြောင်းတွင်လှည့်ပတ်သွားလာနေသော ကျိုးဟောင်၏ အသွင်အပြင်မှာ ရပ်တန့်သွားသည်။
သူ့ဆက်သွယ်ရေးလက်ကောက်မှတဆင့် နောက်ဆုံး ပေါ်သတင်းများအားသိလိုက်ရလေသည်။
"ဒီလေ့ကျင့်ရေးအတွက် ဆုကြေးထင်တယ်"
ကျိုးဟောင်မှာ ကြည့်လိုက်ပြီးနောက် စိတ်၀င်စားမှု ပျောက်ကွယ်သွားလေသည်။
သူဒီတခေါက် ၁၂ခုမြောက်အက်ကွဲကြောင်းဆီလာရခြင်းရည်ရွယ်ချက်မှာ အက်ကွဲကြောင်းထဲ၀င်ပြီး စိတ်ရှိသလောက်သတ်ဖြတ်ရန်ဖြစ်လေသည်။
သို့သော် သူရည်မှန်းချက်အတိုင်းလုပ်ရန် မဖြစ်နိုင်တော့ပေ။
"အို မြတ်စွာဘုရား ဒီတခေါက်ဆုကြေးက တန်ဖိုးကြီးလိုက်တာ"
ကျိုးဟောင်နှင့်မတူဘဲ အခြား ကျောင်းသားထောင်ချီမှာဆုကြေးကိုကြည့်ပြီး ရူးသွပ်စွာ ပျော်ရွှင်နေကြလေသည်။ ဆုကြေးမှာ သူတို့ မျှော်မှန်းထားသည်ထက်အဆများစွာသာလွန်နေလေသည်။
"ဒီတခါပေးမယ်ဆုကြေးတွေကများလိုက်တာ"
ကျင့်ကြံရေးလိုက်စားသည့်မိသားစုမှဆင်းသက်လာသူရှုလင်တောင်မှ ဆုကြေးကိုကြည့်ပြီးစိတ်လှုပ်ရှားသွားလေသည်။ ဒီတခေါက်ပေးသည့်ပမာဏမှာ အတော်ရက်ရောလှပေသည်။
"လေ့ကျင့်ရေးစခန်း ၇ခုပူးပေါင်းတဲ့ရလဒ်ကဒီလိုပေါ့ စခန်းအကုန်လုံးကြီးကြီးမားမားရင်းနှီးမြှုပ်နှံထားတာပဲ"
ယွင်ယန်က မဲ့ပြုံးလေးပြုံးပြီးပြောလေသည်။
"ဟူး....ငါ့အတွက်တော့ မျှော်လင့်ချက်မရှိပေမဲ့ ကျိုးဟောင်ကတော့ ရနိုင်လောက်တယ်"
ယွင်ယန်လည်း ကျိုးဟောင်အား အားကျနေမိလေသည်။
သို့သော်ကျိုးဟောင်၏အဆင့်သတ်မှတ်ချက်မှာ ကျဆင်းလာပြီး အဆင့် ၉၉ထိတောင်ရောက်နေခဲ့လေသည်။
"အဆင့် ၁၀၀အတွင်း၀င်တဲ့သူတွေအားလုံးက ဆရာသခင်အဆင့် ကျင့်စဉ်တွေနဲ့ ဆရာသခင်အဆင့် ကျင့်ကြံရေးလက်ဆောင်အိတ်ကိုရလိမ့်မယ်"
"ဒီဆရာသခင်အဆင့်ကျင့်ကြံရေးလက်ဆောင်အိတ်မှာ ပုံမှန်အားဖြင့် ဆရာသခင်တယောက်ဖြစ်စေနိုင်တဲ့ အရင်းအမြစ်တွေအားလုံးပါရှိတယ်။အဲ့အိတ်တခုကတောင် ဆရာသခင်တယောက်ဖြစ်အောင်လုပ်ပေးနိုင်တယ်"
ရှုလင်က စိတ်လှုပ်တရှားပြောပြနေလေသည်။
"ဒီဆရာသခင်အဆင့်လက်ဆောင်အိတ်တွေက သာမန်ပါပဲ ငါတို့မိသားစုနောက်ခံနဲ့ယှဉ်ရင်သိပ်တန်ဖိုးမကြီးပါဘူး"
"ဒါပေမဲ့ အဆင့်၂၀အတွင်း၀င်တဲ့သူတွေအတွက်ရတဲ့လက်ဆောင်အိတ်ကတော့ စွမ်းအားကြီးပစ္စည်းတွေချည်းပါ၀င်တဲ့ မဟာဆရာသခင်အဆင့်လက်ဆောင်အိတ်တွေပဲ"
ယွင်ယန်လည်းပြောပြနေရင်း မျက်လုံးများအရောင်တောက်နေလေသည်။
ယွင်ယန်မှာ ရှုလင်တို့ကဲ့သို့ ကျင့်ကြံရေးမိသားစုမှ ဆင်းသက်လာသူဖြစ်သော်လည်း ရှုလင်ကဲ့သို့ တိုက်ရိုက်ဆက်ခံသူမဟုတ်သောကြောင့် ကျင့်ကြံရေးအရင်းအမြစ်များအပေါ်လိုချင်စိတ်ပြင်းထန်လေသည်။
ယွင်မိသားစုတွင်အခြားဆက်ခံသူ များလည်းရှိသေးလေသည်။ ဒါ့ကြောင့် ယွင်ယန်မှာ ထိုကျင့်ကြံရေးအိတ်များအား လိုချင်နေခဲ့လေသည်။
"အမှန်ပဲ ထိပ်ဆုံး ၃ယောက်ထဲကိုပါနိုင်ရင်တော့ မူလအဆင့်ကျင့်ကြံရေးပစ္စည်းတွေပါတဲ့ လက်ဆောင်အိတ်ကိုရမှာ အဲ့တာတွေက တတိယအဆင့်မူလပညာရှင်အဆင့် ကျင့်စဉ်တွေနဲ့ပစ္စည်းတွေပါတယ်"
ရှုလင်ကလည်း အားကျနေသောအသံဖြင့်ပြောနေလေသည်။ မူလအဆင့် ကျင့်စဉ် နှင့် ကျင့်ကြံရေးအရင်းအမြစ်များက သူမစိတ်အား ဆွဲဆောင်နေခဲ့လေသည်။
ကံမကောင်းသည်က ၇ခုမြောက်လေ့ကျင့်ရေးစခန်းမှာရှိတဲ့ ဒုတိယနှစ်ကျောင်းသားတွေက မဟာဆရာသခင် နှင့် အထွတ်အထိပ် မဟာဆရာသခင်အဆင့်များဖြစ်နေလေသည်။
ထိုအခြေအနေများကြောင့် ယွင်ယန်၊ရှုလင်နှင့်အခြားသူများအတွက် အခွင့်အရေးမရှိသလောက်နည်းပါးနေလေသည်။
ပိုင်ဘင်းဘင်းမှာ ကျိုးဟောင်၏နေရာပတ်လည်တွင် လှည့်ပတ်ပြီးနောက် ပြန်လာခဲ့လေသည်။
"ကျိုးဟောင် ငါတို့တခုခုဆွေးနွေးကြရအောင်"
ပိုင်ဘင်းဘင်းမှာ သေမတတ်စိတ်ပျက်နေပုံရလေသည်။ သူမကိုယ်တိုင်လုပ်ထားသော အာရုံခံဗုံးများမှာကြယ်တာရာကွင်းကုမ္ပဏီကဟာလောက် အကျိုးသက်ရောက်မှုမရှိပေ။
"ဘာများလဲ"
ကျိုးဟောင်လည်း ထွက်သွားပြီးမှပြန်ရောက်လာကြောင့် ပိုင်ဘင်းဘင်းကြောင့် ဇဝေဇဝါဖြစ်နေလေသည်။
"ရှင့်မှာရှိတဲ့ အာရုံခံဗုံးတွေနဲ့ စောနကရခဲ့တာအမှတ်တွေပြန်ရောင်းပေးပါလား"
"တကယ်လို့ ကျွန်မအဆင့်၁၀၀တွင်း၀င်ခဲ့လို့ရှိရင် ဆရာသခင်အဆင့် ကျင့်စဉ်ပုံတူနဲ့ လက်ဆောင်အိတ်မှာပါတဲ့ပစ္စည်း ၃ပုံ၁ပုံ ခွဲပေးပါ့မယ်"
ပိုင်ဘင်းဘင်းပြောပြပြီးနောက် ကျိုးဟောင်အား မျှော်လင့်တကြီးကြည့်နေလေသည်။
....................................................................................
အခန်း (၃၁၀) ပြီးပါပြီ။
အခန်း (၃၁၁) : ပြောင်းလဲသွားသောအခြေအနေ
ကျိုးဟောင်တစ်ယောက်သာ ယခုလိုနည်းပညာလက်နက်အား ဝယ်ရန်ဆန္ဒရှိပေလိမ့်မည်။
မထင်မှတ်ထားစွာပင် အာရုံခံကိရိယာပါဗုံးမှာဤနေရာတွင်အလွန်အသုံးဝင်ပေသည်။
"မင်းလိုချင်ရင် ငါမင်းကိုမူရင်းဈေးအတိုင်းရောင်းပေးမယ်"
ကျိုးဟောင်မှာဂရုမစိုက်စွာပင်ပြောလိုက်သည်။ ဤမျိုးနွယ်ခြားများအားသတ်ရန် သူ့အတွက်မည်သည့်နည်းပညာလက်နက်မှမလိုအပ်ပေ။
"ဟမ်"
ပိုင်ဘင်းပင်းမှာကြက်သေသေသွားခဲ့သည်။ သူမမူလကထင်ထားခဲ့သည်မှာ ကျိုးဟောင်မှာသူမအားအခွင့်အရေးယူကာငွေညှစ်မည်ဟုထင်ခဲ့ခြင်းဖြစ်ပြီး သူမအားဤပစ္စည်းကို မူရင်းဈေးဖြင့်ရောင်းပေးမည်ဟုမထင်ထားခဲ့ပေ။
"ယူလိုက်"
ကျိုးဟောင်မှာ ပိုင်ပင်းပင်းအားစနောက်နေခြင်းမဟုတ်ပေ။ သူသည်အာရုံခံကိရိယာပါဗုံးများအား စိတ်မဝင်စားတော့ပေ။
ပိုင်ဘင်းဘင်းမှာခေတ္တမျှမှင်တက်နေပြီးနောက် ကျိုးဟောင်အားအရူးတစ်ယောက်သဖွယ်ကြည့်လာပေသည်။
ကျိုးဟောင်မှာသူမအား အာရုံခံကိရိယာပါဗုံးကိုမူရင်းဈေးဖြင့်ရောင်းပေးမည်ဟုမမျှော်လင့်ထားခဲ့ပေ။ ထို့အပြင်ကျိုးဟောင်မှာသူမအား ငွေပင်မညှစ်ပေ။
ထိုအချိန်ခဏအတွင်း ပိုင်ဘင်းဘင်းမှာကျိုးဟောင်အားတကယ်ရူးနေခြင်းဟုတ် မဟုတ်ဆိုသည်ကိုမသိတော့ပေ။
သို့မဟုတ် ပြဿနာတစ်ခုခုဖြစ်တော့မည်လော။
ပိုင်ဘင်းဘင်းမှာအချိန်အတော်ကြာသံသယဝင်နေသော်လည်းအမှတ်ရမည့်မက်လုံးအားမခုခံနိုင်ပေ။
ဘယ်လိုဖြစ်ဖြစ် သူမသည်ဤပစ္စည်းအားအရင်ဝယ်ရန်ဆုံးဖြတ်လိုက်ပေသည်။
"ကျေးဇူးပဲစိတ်မပူမနဲ့ ငါသေချာပေါက်ဒီကျေးဇူးကိုပြန်ဆပ်မယ် အထူးကျင့်ကြံရေးသိုင်းကြောင့်သာ ငါထိပ်ဆုံးအယောက် ၁၀၀ ထဲဝင်ချင်တာ"
"နောက်မှတွေ့မယ်"
ပိုင်ဘင်းဘင်းမှာ လျင်မြန်စွာပင်ထွက်ခွာသွားသည်။ ကျိုးဟောင်မှာ သူချလိုက်သောဆုံးဖြတ်ချက်အားနောင်တရမည်ကို သူမစိုးရိမ်ပေသည်။
ဤမျှလောက်အာရုံခံကိရိယာပါဗုံးအများအပြားဖြင့်ဆိုပါက ကျန်ရှိနေသည့်ကိစ္စများမှာ အများကြီးလွယ်ကူသွားမည်ဖြစ်သည်။
ကျိုးဟောင်၏အမှတ်နှင့်ပတ်သက်၍တော့ သူမတခြားဘာမှမပြောခဲ့ပေ။
စင်စစ်တွင် သူမထံ၌ထိပ်ဆုံးအယောက် ၁၀၀အတွင်း ဝင်ရောက်နိုင်မည့်အမှတ်အလုံအလောက်သာရှိပါက သူမသည်ပိုနေသောအမှတ်အားလုံးကို ကျိုးဟောင်အားအလကားပေးမည်ဖြစ်သည်။
ကျိုးဟောင်မှာပိုင်ဘင်းဘင်းအားမည်သည့်အမှတ်မျှမပေးခဲ့ပေ။ ထိုအစားသူသည်အလွန်အာရုံများနေ၍ ထိုကိစ္စအားချက်ချင်းပင်မေ့သွားလေသည်။
ပိုင်ဘင်းဘင်းအဝေးသို့ပြေးသွားပြီးနောက်သူမမှာအစောပိုင်းက ဤကိစ္စအားပြောခဲ့ဖူးကြောင်း ကျိုးဟောင်မှာရုတ်တရက်သတိရလိုက်သည်။
"ဟမ်"
ရုတ်တရက် အဝေးကိုကြည့်နေရင်းကျိုးဟောင်၏ အကြည့်မှာပြောင်းလဲသွားပေသည်။
ခေတ္တမျှတွေးပြီးနောက် ကျိုးဟောင်မှာအဝေးရှိတောင်ငယ်လေးတစ်လုံးဆီဦးတည်သွားလိုက်သည်။
"အရင်က သူတို့ ၁၃ခုမြောက်အက်ကွဲကြောင်းကိုတိုက်တုန်းက သူတို့ကဟွာရှားရဲ့ပထမအဖွဲ့ကပညာရှင်တွေပါ ဒီတစ်ခေါက်ကျ ဒုတိယအဖွဲ့ကပညာရှင်တွေဖြစ်သွားပြန်ပြီ"
"ဒုတိယအဖွဲ့ကသိုင်းပညာရှင်တွေကဘယ်လောက်သန်မာလဲမသိဘူး ပြီးတော့သူတို့ကိုဦးဆောင်နေတာကရောဘယ်သူလဲမသိဘူး"
ကျိုးဟောင်မှာသိလိုစွာဖြင့်တွေးလိုက်သည်။ အစောပိုင်းကပင် အဝေးတွင်တိုက်ပွဲတစ်ခုလုံးဝဖြစ်ပွားနေကြောင်းကို ခံစားမိလိုက်ပေသည်။
ကျိုးဟောင်မှာ တောင်ငယ်လေး၏ထိပ်သို့ရောက်ပြီးနောက် တကယ်ကိုပင် အဝေးရှိစစ်မြေပြင်တွင် မူလအဆင့်ပညာရှင်များမှာမျိုးနွယ်ခြားများအားရက်စက်စွာတိုက်ခိုက်နေကြကြောင်းကိုမြင်လိုက်ရပေသည်။
"အဖွဲ့ကိုဉီးဆောင်နေတဲ့လူကတကယ်ကို ကောင်းကင်ဘုံဘုရင်ကျူးပဲ"
ကျိုးဟောင်မှာ လျင်မြန်စွာပင်အနောက်တွင်ရှိနေသောကျူးဇောင်အားမြင်လိုက်သည်။
ယခုကြည့်ရသလောက် ကောင်းကင်ဘုံဘုရင် ၁၂ယောက်ကြားတွင် ဤကောင်းကင်ဘုံဘုရင်ကျူးမှာ တောက်တိုမယ်ရကိစ္စများအားကိုင်တွယ်ရာ၌ အထူးကျွမ်းကျင်ပေသည်။ မည်သည့်ကိစ္စဖြစ်သည်ဖြစ်စေ ကိုင်တွယ်ဖြေရှင်းသည့်လူမှာသူသာဖြစ်သည်။
ကျိုးဟောင်မှာကောင်းကင်ဘုံဘုရင်ကျူးအားကြည့်နေသည့်အချိန်တွင် ကျူးဇောင်သည်လည်း တစ်ခုခုကိုခံစားမိပုံပေါ်ကာ ပတ်ပတ်လည်သို့လှည့်ကြည့်လာလေသည်။
အစောပိုင်းက ပညာရှင်တစ်ယောက်သူ့ကိုစောင့်ကြည့်နေသကဲ့သို့ခံစားလိုက်ရပေသည်။
သို့သော် ထိုအကြည့်မှအထူးတလည်စွမ်းအားကြီးသောအငွေ့အသက်မျိုးအားသူမခံစားမိပေ။ ထိုအချက်မှာတကယ်ကိုထူးဆန်းပေသည်။
ကံကောင်းသည်မှာ ၁၂ ခုမြောက်အက်ကွဲကြောင်းရှိတိုက်ပွဲမှာ ၁၃ခုမြောက်အက်ကွဲကြောင်းရှိတိုက်ပွဲထက်များစွာချောမွေ့နေခြင်းပင်ဖြစ်သည်။
"မဆိုးပါဘူး ငါစွမ်းအားကြီးမျိုးနွယ်ခြားတစ်ကောင်နဲ့မှမတွေ့သေးဘူး"
ကျိုးဟောင်မှာ တောင်ငယ်လေး၏ထိပ်မှစိတ်ဝင်တစားဖြင့်ငုံ့ကြည့်နေပေသည်။
ဒုတိယအဖွဲ့၏အင်အားအား သူလည်းသေချာနားလည်ပေသည်။
ဒုတိယအဖွဲ့တွင် အလွန်စွမ်းအားကြီးသောကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်အများအပြားမရှိသော်လည်း လင်ရှုယင်အဆင့်လောက်ရှိသောပညာရှင်များစွာရှိပေသည်။
အကြောင်းမှာ အရည်အသွေးအရအနိုင်ပွဲမရနိုင်ဘဲ အရေအတွက်အရသာအနိုင်ပွဲရနိုင်ခြင်းကြောင့်ဖြစ်နိုင်ပေသည်။
"အကြမ်းဖျဉ်းပြောရရင် ဒုတိယအဖွဲ့နဲ့ပထမအဖွဲ့ရဲ့တိုက်ပွဲစွမ်းအားကအတူတူလောက်ပဲ"
ကျိုးဟောင်မှာအချိန်ခဏမျှတိတ်တဆိတ်လေ့လာပြီးနောက် အတော်လေးကူရာမဲ့သလိုခံစားလိုက်ရပေသည်။
၁၂ ခုမြောက်အက်ကွဲကြောင်းမှာအလွန်တည်ငြိမ်နေပြီး မည်သည့်ပြောင်းလဲမှုမျိူးမှမရှိပေ။
ယခုလိုအခြေအနေတွင် သူ့ထံ၌တိုက်ခိုက်ရန်အခွင့်အရေးမရှိပေ။
အက်ကွဲကြောင်းထဲဝင်ပြီးနောက်ပိုင်း ပြောင်းလဲမှုတစ်ခုခုရှိမလားဆိုသည်အား သူ မသိရုံသာရှိပေသည်။
ကျိုးဟောင်မှာကံကြမ္မာအမှတ်အတွက်လာခဲ့ခြင်းဖြစ်ပြီး လက်ဗလာဖြင့်ပြန်မသွားလိုပေ။
စစ်မြေပြင်တွင် အခြေအနေမှာကောင်းမွန်နေပေသည်။
မျိုးနွယ်ခြားများစွာမှာ ဟွာရှားသိုင်းပညာရှင်များ၏ ဖိအားပေးမှုကြောင့်ပြန်လည်ဆုတ်ခွာနေကြရပေသည်။
"မကောင်းတော့ဘူး"
"ဒီလိုပြင်းထန်တဲ့စွမ်းအင်အတက်အကျ မျိုးနွယ်ခြားတွေအများကြီး ရှေ့တက်လာကြတော့မယ်"
ရုတ်တရက် ကျိုးဟောင်မှာမျက်မှောင်ကြုတ်လိုက်မိသည်။
"သတိထား မျိုးနွယ်ခြားတွေအများကြီး ရှေ့တက်လာကြတော့မယ်"
စစ်မြေပြင်နောက်ရှိကျူးဇောင်မှာ ချက်ချင်းဆိုသလိုပင်သတိပေးလိုက်သည်။
ကောင်းကင်ဘုံဘုရင်အဆင့်ပညာရှင်မှာစစ်ပွဲတွင်ပါဝင်ခွင့်မရှိသော်လည်း စစ်ပွဲအားအမိန့်တော့ပေးနိုင်သေးပေသည်။
သို့သော် အစောပိုင်းကကိစ္စများအလွန်အဆင်ပြေနေသည့်အချိန်တွင် သူတို့သည်အဝေးကြီးအထိနောက်မှလိုက်လံတိုက်ခိုက်ကြပေရာ အချိန်ခဏအတွင်းလျင်မြန်စွာပြန်မလာနိုင်ပေ။
"အ"
မျက်စိတစ်မှိတ်အတွင်းမှာပင် အလွန်ဆိုးရွားသောမြင်ကွင်းတစ်ခုပေါ်လာပေသည်။ စစ်မြေပြင်၏ရှေ့တန်းတွင်ရှိရှေ့တန်းတွင်ရှိနေသောသိုင်းပညာရှင်များမှာ သားရဲများ၏အုပ်စုဖွဲ့တိုက်ခိုက်မှုအောက်တွင် တန်းကာပျောက်ကွယ်သွားကြပေသည်။
....................................................................................
အခန်း(၃၁၁) ပြီးပါပြီ
အခန်း (၃၁၂) : သံသယဖြစ်စရာမဟာဆရာသခင်အဆင့် သိုင်းပညာရှင်
မဟာဆရာသခင်တစ်ယောက်မှာ မျိုးနွယ်ခြားပညာရှင်တစ်ယောက်ထံမှသတ်ဖြတ်ခံလိုက်ရပြီးနောက် သူ၏အလောင်းမှာလျင်မြန်စွာပင်အပိုင်းပိုက်းအစစနင်းခြေခံလိုက်ရပေသည်။
အစောပိုင်းကအခြေအနေမှာပြောင်းလဲသွားပြီဖြစ်သည်။
များစွာသောဟွာရှားသိုင်းပညာရှင်များမှာ မျိုးနွယ်ခြားများ၏လိုက်လံသတ်ဖြတ်မှုကြောင့် ရူးသွပ်စွာထွက်ပြေးနေကြရပေသည်။
ယခုတစ်ကြိမ်တွင်ဟွာရှားသိုင်းပညာရှင်များမှာ ဤမျိုးနွယ်ခြားများ၏လက်ချက်ကြောင့်သတိလက်လွတ်ဖြစ်သွားကြသည်မှာ ဧကန်ပင်ဖြစ်သည်။
"ရပ်လိုက်"
"အားလုံး မလန့်ကြနဲ့"
"လူခွဲ လူခွဲ"
အချိန်တစ်ခုအတွင်းမှာပင် စစ်မြေပြင်မှာဖော်ပြလို့မရသည်အထိရှုပ်ထွေးလာပေသည်။ မျိုးနွယ်ခြားအများအပြားမှာ ခံတပ်လိုင်းကိုပင်ချိုးဖောက်ကာ တဖြည်းဖြည်းချင်းအနောက်ဘက်သို့ဝင်ရောက်လာကြပြီဖြစ်သည်။
ဤမျိုးနွယ်ခြားများကြားတွင် အချို့စွမ်းအားကြီးသောမျိုးနွယ်ခြားများမှာ အစိမ်းရောင်တိမ်တိုက်ဌာနမှသိုင်းပညာရှင်များ၏သတ်ဖြတ်ခြင်းအား ခံကြရပေသည်။ သို့သော် လျစ်လျူရှုခံထားရသောအတော်လေးအားနည်းသည့် မျိုးနွယ်ခြားအချို့လည်းရှိသေးပေသည်။
မူလအဆင့်ပညာရှင်များအတွက်မူ ဤအားနည်းသောမျိုးနွယ်ခြားများမှာ စကားထဲထည့်ပြောရန်ပင်မတန်သော်လည်း နောက်တွင်လေ့ကျင့်နေသောကျောင်းသားများအတွက်မူ ၎င်းတို့မှာကြီးမားသောကပ်ဆိုးများသာဖြစ်ကြသည်။
ကျိုးဟောင်မှာအောက်ဘက်ရှိစစ်မြေပြင်ဆီပြန်လာပြီး တားဆီးထားရာနေရာသို့ဖြတ်ဝင်လာသော ဤမျိုးနွယ်ခြားများအား သတ်ဖြတ်နေပေသည်။
ဤမျိုးနွယ်ခြားများမှာ ဆရာသခင်အဆင့်နှင့် မဟာဆရာသခင်အဆင့်အတွင်းရှိကြပေသည်။ အရေအတွက်မှာအလွန်များလွန်းနေ၍ သိုင်းပညာရှင်များဖြေရှင်းရန်မှာ အလွန်များပြားလှပေသည်။
ကြည့်ရသည်မှာ ၁၂ ခုမြောက်အက်ကွဲကြောင်းသည်လည်းကိုင်တွယ်ရန်မလွယ်သည့်ပုံပင်။
စစ်မြေပြင်ရှိမျိုးနွယ်ခြားများမှာ တောင်တန်းနှင့်ပင်လယ်များသဖွယ် အဆက်မပြတ်ရှေ့တက်လာနေကြပေသည်။
သူ့နောက်ရှိစွမ်းအားကြီးမျိုးနွယ်ခြားများအားရှင်းလင်းပြီးနောက် ကျိုးဟောင်မှာသူ၏ဆက်သွယ်ရေးလက်ပတ်အား လျင်မြန်စွာပင်ပိတ်လိုက်သည်။
"အာ..."
သို့သော် ကျိုးဟောင်မှာဆက်သွယ်ရေးလက်ပတ်အားပိတ်မည့်ဆဲဆဲမှာပင် ရုတ်တရက်ကြက်သေသေသွားလေသည်။
အစောပိုင်းကဤသားရဲများအားသတ်နေသည့်အချိန်တွင် သူသည်ဆက်သွယ်ရေးလက်ပတ်အားမတွေးမိခဲ့ပေ။
အဆုံး၌ အထွတ်အထိပ်အဆင့်နှင့် မဟာဆရာသခင်အဆင့် နှောင်းပိုင်းသို့ရောက်နေသောမျိုးနွယ်ခြားတို့အားသတ်လိုက်ခြင်းကြောင့် သူ့အမှတ်များမှာ ဒုံးပျံတစ်စင်းသဖွယ်ထိုးတက်လာလေသည်။
သို့သော် ပြောင်းလဲမှုမှာအလွန်ရုတ်တရက်ဆန်စွာဖြစ်သွားသည့်အတွက် မည်သည့်ပညာရှင်မှဤကိစ္စအားလုံးဝသတိမထားမိလိုက်ပေ။ လူတိုင်းသည် ရန်သူများအားသတ်ရန်သာအာရုံစိုက်နေကြခြင်းဖြစ်သည်။
သို့သော် ၇ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းမှကျောင်းသားများမှာမူ မတူပေ။ လက်ရှိအချိန်တွင် သူတို့သည်နောက်တွင်ရှိနေဆဲဖြစ်ပြီး ကျိုးဟောင်၏အမှတ်ထိုးတက်သွားသည့်မြင်ကွင်းအား လွဲချော်မသွားခဲ့ပေ။
အားလုံးမှာအေးခဲသွားသလိုပင်ခံစားလိုက်ရပေသည်။ အကယ်၍တစ်ယောက်ယောက်က ကျိုးဟောင်မလိမ်ညာခဲ့ဘူးဟုပြောပါက သူတို့သေသည်အထိအရိုက်ခံရရင်တောင်ယုံကြည်ကြမည်မဟုတ်ပေ။
အစောပိုင်းကကျိုးဟောင်၏အဆင့်မှာ ၉၉ယောက်မြောက်နေရာတွင်ရှိနေသော်လည်း ဘာကြောင့်မှန်းမသိ လွန်ခဲ့သောနာရီဝက်ကစပြီး ကျိုးဟောင်၏အဆင့်မှာ ဒုံးပျံတစ်စင်းသဖွယ်ထိုးတက်လာပေသည်။
၎င်းမှာပထမနေရာအထိထိုးတက်သွားပြီဖြစ်သည်။
ထိုမျှသာမက ကျန်ရှိနေသောပါဝင်သူ ၉၉ ယောက် ၏စုစုပေါင်းအမှတ်မှာ ကျိုးဟောင်လောက်မမြင့်ပေ။ ပြီးခဲ့သည့်နာရီဝက်အတွင်း ကျိုးဟောင်ဘက်တွင်ဘာဖြစ်ခဲ့မှန်းသူတို့တကယ်ကိုသိချင်ပေသည်။
အချို့လူများမှာကျိုးဟောင်လိမ်ညာခဲ့သည်ဟုထင်ကြသော်လည်း အချို့ကျောင်းသားများမှာမူ ဆက်သွယ်ရေးလက်ပတ်မှာမမှားယွင်းနိုင်ကြောင်းကိုသိပေသည်။
ထို့ကြောင့် ကျိုးဟောင်မှာသေချာပေါက်လိမ်ညာနေခြင်းမဟုတ်ပေ။ လက်ရှိအခြေအနေမှာ ကျိုးဟောင်မှာပုံမှန်မဟုတ်သောနည်းလမ်းတစ်ခုအားတွေ့ခဲ့သည့်ပုံပင်။
ကျောင်းသားများမှာကျိုးဟောင်အကြောင်းဆွေးနွေးနေသည့်အချိန်မှာပင် ကျိုးဟောင်မှာဆက်သွယ်ရေးလက်ပတ်အားပိတ်လိုက်ပြီဖြစ်သည်။
လက်ရှိအခြေအနေအရဆိုပါက ကျိုးဟောင်မှာစစ်မြေပြင်အတွင်းပိုင်းသို့သေချာပေါက်ဝင်ရမည်ဖြစ်သည်။
အကယ်၍သူအားကုန်သုံးပြီး စစ်မြေပြင်အတွင်းပိုင်းသို့ဝင်ပါက ဆက်သွယ်ရေးလက်ပတ်ပေါ်ရှိအမှတ်များမှာ ထိန်းမရအောင်တိုးလာမည်ဖြစ်သည်။
ကျိုးဟောင်စစ်မြေပြင်အတွင်းပိုင်းသို့ဝင်ခါနီးမှာပင် အဝေးမှအကူအညီပေးရန်ငိုကြွေးနေသံတစ်ခုထွက်ပေါ်လာလေသည်။
"ကယ်...ကြပါ..."
ကျိုးဟောင်အားအကူအညီတောင်းနေသည့်လူမှာ ဆရာသခင်အဆင့်သိုင်းပညာရှင်တစ်ယောက်ဖြစ်သည်။
ဤဆရာသခင်အဆင့်သိုင်းပညာရှင်မှာ ခန္ဓာကိုယ်အနှံ့သွေးများဖြင့်ဖုံးလွှမ်းနေပြီဖြစ်သည်။
ကျိုးဟောင်မှာတစ်ချက်မျှကြည့်ပြီးနောက် ထိုလူ့အနီးသို့လျှောက်သွားလိုက်သည်။
စင်စစ်တွက် ဤသိုင်းပညာရှင်ထံ၌မျှော်လင့်ချက်မရှိတော့ပေ။ သူသည်ဒဏ်ရာအပြင်းအထန်ရထားပေသည်။ ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်မှကူညီလိုလျှင်ပင် မကယ်နိုင်သည့်အခြေအနေဖြစ်သည်။
အကယ်၍သူသာယခုအချိန်သွားလိုက်ပါက အနည်းဆုံးထိုပုဂ္ဂိုလ်၏နောက်ဆုံးစကားကိုသာ လက်ဆင့်ကမ်းပေးနိုင်မည်ဖြစ်သည်။
"ခင်ဗျားဒဏ်ရာအပြင်းအထန်ရထားတယ် တစ်ခုခုပြောချင်တာရှိလား"
ကျိုးဟောင်မှာအနီးသို့လျှောက်လာပြီးနောက် သက်ပြင်းဖွဖွချကာပြောလိုက်သည်။ ယခုအခြေအနေတွင် သူ မကူညီချင်ခြင်းမဟုတ်ဘဲ ဘာမှမလုပ်နိုင်ခြင်းသာဖြစ်သည်။
"ကျွန်တော်...."
"ကျွန်တော့်မှာပစ္စည်းတွေ...ရှိသေးတယ်...ကူညီပါ.."
ဆရာသခင်အဆင့်သိုင်းပညာရှင်မှာပြတ်တောင်း ပြတ်တောင်းဖြင့်ပြောလာသည်။
"သေချာတာပေါ့"
ကျိုးဟောင်မှာခေါင်းညိတ်ကာ ဆက်နားထောင်လိုက်သည်။
"ခင်ဗျားရဲ့ပစ္စည်းတွေ ဘယ်သူ့ကိုပေးပေးရမလဲ ကျွန်တော့်ကိုသူ့ရဲ့သိုင်းပညာရှင်နံပါတ် တန်းပြောလိုက်လို့ရပါတယ်"
ကျိုးဟောင်မှာတစ်ဖက်လူ၏သိုင်းပညာရှင်နံပါတ်အားချမှတ်ရန်ပြင်ဆင်ထားပြီးပြီဖြစ်သည်။
"ဒါကခင်ဗျားအတွက်...."
ဆရာသခင်အဆင့်သိုင်းပညာရှင်မှာကျိုးဟောင်အားတစ်ခုခုပေးလိုသည့်ပုံဖြင့် သူ၏လက်ကိုကြိုးစားကာမြှောက်လာသည်"
ကျိုးဟောင်မှာအနားသို့လျှောက်သွားကာ သိုင်းပညာရှင်အားထနိုင်အောင်ကူညီပေးလိုက်သည်။
"ကျွန်တော့်ကိုတစ်ဖက်လူရဲ့ သိုင်းပညာရှင်နံပါတ်သာပြောပါ ခင်ဗျားရဲ့ပစ္စည်းတွေအားလုံးကိုပေးပေးဖို့ကူညီပေးပါ့မယ်...."
ကျိုးဟောင်စကားမဆုံးခင်မှာပင် သေအံ့ဆဲဆဲဖြစ်နေသောဆရာသခင်အဆင့်သိုင်းပညာရှင်မှာ တကယ်ပင်သူ၏လက်ကျန်ခွန်အားအား အကုန်သုံးပစ်လိုက်လေသည်။
သူသည်ကျိုးဟောင်၏လက်ကောက်ဝတ်အားဆုပ်ကိုင်လိုက်ကာ ကျန်လက်တစ်ဖက်ဖြင့်ခေါင်းသို့ထိုးလာလေသည်။
...................................................................................
အခန်း(၃၁၂) ပြီးပါပြီ။