← Chapters

အခန်း (၃၂၂-၃၂၄)

Vol. 22 Ch. 322-324

အခန်း (၃၂၂-၃၂၄)

Vol. 22 Ch. 322-324

အခန်း (၃၂၂) : ရတနာပစ္စည်းကောင်းတွေပဲ

"ဒီ...ဒီအရာမှာ သန့်စင်တဲ့စွမ်းအင်တွေပါတာပဲ"

"ရောင်စုံပုံဆောင်ခဲတွေမှာတောင် ဒီလောက်သန့်စင်တဲ့စွမ်းအင်မျိုးမပါရှိဘူး။ တကယ့်ကို ရတနာပစ္စည်းကောင်းတွေပဲ"

သံမဏိအရိုး၀က်ဝံဘုရင်မှာ ပြောပြီးနောက် ပလက်တီနမ်အဆင့် စွမ်းအင်ဘားများအား စတင်ကောက်ယူသိမ်းဆည်းလေသည်။ နောင်တွင် ထိုစွမ်းအင်ဘားများမှာ သူ့အတွက် အစာပြေစားစရာများဖြစ်လာမည်ဖြစ်သည်။

ထိုအချိန်မှာပဲ ကျိုးဟောင်က ရှားပါးစွမ်းအင်ဘားများအားထုတ်ပြီး သူ့ပါးစပ်ထဲထည့်ကာ စားပြလေသည်။

"အဲ့တာတွေလည်းစားလို့ရတာလား"

ကျိုးဟောင်စားနေ‌သည်ကိုမြင်သောအခါ ၀က်ဝံကြီးလည်းခဏလောက်တွေဝေနေပြီးနောက် ရှားပါးအဆင့်စွမ်းအင်ဘားများအား စတင်ဝါးစားလေသည်။

တကိုက်လောက်စားပြီးနောက် သံမဏိအရိုး၀က်ဝံကြီး၏မျက်လုံးထဲတွင် တုန်လှုပ်သွားသော အရိပ်အယောင် များတွေ့လိုက်ရလေသည်။

ပလက်တီနမ်အဆင့်စွမ်းအင်ဘားများမှာ အစာပြေစားရုံအတွက်သာဖြစ်ပြီး သူ့အတွက်ကြီးကြီးမားမားအကျိုးမပြုပေ။

သို့သော်ဒီရှားပါးစွမ်းအင်ဘားများကတော့ ကျင့်ကြံရေးအရင်းအမြစ်များအဖြစ်အသုံးပြုနိုင်လေသည်။

ချိုင့်ဝှမ်းအက်ကွဲကြောင်းထဲတွင် ကျင့်ကြံရေးအရင်းအမြစ်များမှာ အရေးကြီးသောအရာများဖြစ်လေသည်။

အက်ကွဲကြောင်းထဲတွင် မူလအဆင့် နှင့် ကောင်းကင် ဘုံအဆင့်တ၀က်ပညာရှင်များမှာ အရင်းအမြစ်များအတွက် မကြာခဏ တိုက်ပွဲများပင်ဆင်နွှဲကြရလေသည်။

ထိုအချိန်မှာပင် သံမဏိအရိုး၀က်ဝံဘုရင်မှာ ကျိုးဟောင်ဘက်သို့ စိုက်ကြည့်နေလေသည်။

"ဘာကိုလဲ"

ကျိုးဟောင်မှာ ဘာမှန်းမသိသောကြောင့် ခဏလောက် မှင်တက်သွားလေသည်။

သံမဏိအရိုး၀က်ဝံဘုရင်မှာ နောက်ထပ်ရှားပါးစွမ်းအင်ဘားများအား ထပ်လိုချင်နေလေသည်။

"ညီနောင် ၀က်ဝံ ငါမင်းကိုနောက်ထပ် ရှားပါးစွမ်းအင်ဘားတွေထပ်ပေးမယ်"

ကျိုးဟောင်တွင် ရှားပါးစွမ်းအင်ဘား ထောင်ကျော်ရှိသေးသောကြောင့် ၁၀ချောင်းလောက်ခွဲပေးရသည်မှာ သူ့အတွက် အပန်းမကြီးပေ။

သံမဏိအရိုး၀က်ဝံဘုရင်ကြီးမှာ ကျိုးဟောင်ဆီမှ နောက်ထပ်ရှားပါစွမ်းအင်ဘားများရသောကြောင့် ပျော်ရွှင်နေလေသည်။

ကျင့်ကြံရေးအရင်းအမြစ်များမှာ ၎င်းအတွက်အလွန်အရေးပါလေသည်။ ၀က်ဝံကြီးမှာ ရှားပါးစွမ်းအင်ဘား ၁၀ချောင်းရပြီးနောက် တုံ့ဆိုင်းမနေဘဲ ချက်ချင်းစားပစ်လိုက်လေသည်။

ထို့နောက် ၀က်ဝံကြီးမှာ ကျေနပ်သွားပုံရပြီး ကျိုးဟောင်အား ရန်လိုသောအမူအရာများမရှိတော့ပေ။၎င်းမှာ ကျိုးဟောင်အားသူ၏ ပထမဆုံး ခိုင်းဖက်အဖြစ်ထားရန်ဆုံးဖြတ်လိုက်လေသည်။

ကျိုးဟောင်ကတော့ သံမဏိအရိုး၀က်ဝံဘုရင်ဘာတွေးနေသလဲ မသိသော်လည်း ၎င်း၏သတ်ဖြတ်လိုစိတ်များ သူ့အပေါ်တွင် မရှိတော့သည်ကိုတော့ သူခံစားမိလေသည်။

တခြားတဖက်မှာတော့ မုရုံရွှင်းမှာ ကျိုးဟောင်အပေါ် လေးစားမှုများ ပြိုကျနေခဲ့လေသည်။ သူ့အနေဖြင့်သိုင်းပညာရှင်တယောက်က မိစ္ဆာသားရဲတကောင်အားလာဘ်ထိုးတာမျိုးမမြင်ဖူးခဲ့ပေ။

"ညီနောင်၀က်ဝံ အဲ့ဟာလေး ငါ့ကိုပေးလို့ရမလား"

ကျိုးဟောင်မှာ လုံခြုံသောအကွာအဝေးမှနေ၍ ၀က်ဝံကြီး၏နောက်တွင်ရှိသော ဘောလုံးသဏ္ဌာန်အရာအားပေးဖို့ပြောလိုက်လေသည်။

ထိုနဂါးမျက်လုံးအရွယ်လောက်ရှိသော ဘောလုံးသဏ္ဌာန်အရာလေးမှာ မုရုံရွှင်း၏ ဝိဉာဉ်ခန္ဓာကိုယ်ဖြစ်လေသည်။

ကောင်းကင်ဘုံအဆင့်ပညာရှင်တယောက်သေဆုံးသွားသောအခါ သူ၏စိတ်စွမ်းအားများမှာ အရပ်မျက်နှာအနှံ့သို့ပေါက်ကွဲလွင့်စင်သွားလေသည်။

ထိုထဲမှစိတ်စွမ်းအင်အချို့တ၀က်မှာ ဝိဉာဉ်အပိုင်း အစများအဖြစ်ပြောင်းလဲသွားပြီး ကျန်သည့်အရာများကတော့ ပျောက်ကွယ်သွားလေသည်။

ယေဘုယျအားဖြင့်တော့ ထိုကဲ့သို့ဝိဉာဉ်အပိုင်းအစများတွင် အသိဉာဏ်ပညာများ များများစားစားသိပ်မပါတတ်ပေ။

ကျိုးဟောင်မှာ ခြေဟန်လက်ဟန်ဖြင့်ပြောပြနေလေသည်။ ၀က်ဝံကြီးအနေဖြင့် သူပြောတာကို နားလည်ဖို့ လိုအပ်လေသည်။

အဘယ်ကြောင့်ဆိုသော် ဒီသံမဏိအရိုး၀က်ဝံဘုရင်မှာ ဉာဏ်သိပ်မကောင်းသောကြောင့်ဖြစ်ပြီး ၎င်းအနေဖြင့် လူသားစကား ဒါမှမဟုတ် စိတ်စွမ်းအားဖြင့် မဆက်သွယ်တတ်ပေ။

ယခုကျိုးဟောင်အနေဖြင့် ခြေဟန်လက်ဟန်ဖြင့်သာထို၀က်ဝံကြီးနဲ့ဆက်သွယ်နိုင်ရန်သာ ကြိုးစားနေရလေသည်။

ကံကောင်းစွာဖြင့် ၀က်ဝံကြီးမှာ ကျိုးဟောင်ဆိုလိုသည်ကို သဘောပေါက်ပြီး အနောက်က ဝိဉာဉ်ဘောလုံးအား လှမ်းယူလိုက်လေသည်။

သို့သော် ကျိုးဟောင်အနေဖြင့် ၀က်ဝံကြီးနောက်လုပ်လိုက်သောအရာကြောင့်မှင်တက်သွားခဲ့ပြီး မုရုံရွှင်းမှာလည်း ၎င်းအား သတ်ပစ်လိုစိတ်ဖြစ်သွားလေသည်။

မုရုံရွှင်းမှာယခုလို ဝိဉာဉ်အခြေအနေမဟုတ်ဘဲ အရင်လိုကောင်းကင်ဘုံအဆင့်ပညာရှင်ဖြစ်နေပါက ကျိန်းသေပေါက်ထိုသံမဏိအရိုး၀က်ဝံအား သတ်မည်ဖြစ်သည်။

ခလွပ်......

ဝက်ဝံကြီးမှာ ဝိဉာဉ်ဘောလုံးအား အပိုင်း၃ပိုင်း ခွဲလိုက်ပြီး တပိုင်းအား ကျိုးဟောင်ဆီသို့ပစ်ပေးကာ ရှားပါးစွမ်းအင်ဘား ၃ချောင်းအား ထုတ်ပြနေလေသည်။

ထိုအခြင်းအရာကိုမြင်လိုက်သောအခါ ကျိုးဟောင်မှာပြုံးမိလိုက်သည်။ ၀က်ဝံကြီးမှာ သူနှင့်အပေးအယူ လုပ်ချင်နေပုံရလေသည်။

မုရုံရွှင်းကတော့ ယူကျုံးမရဖြစ်နေလေသည်။ သူခက်ခက်ခဲခဲရှာထားသော ဝိဉာဉ်ဘောလုံးမှာ အစိတ်အစိတ်အမြွှာမြွှာဖြစ်သွားခဲ့လေပြီ။

ဝိဉာဉ်အပိုင်းအစများမှာ ကွဲသွားရင်တောင်မှ သုံးလို့ရသေးသော်လည်း အစွမ်းသတ္တိကတော့လျော့ကျသွားလေသည်။

....................................................................................

အခန်း (၃၂၂) ပြီးပါပြီ။

အခန်း (၃၂၃) : ရှေးဟောင်း စွမ်းအင်အနှစ်သာရကျောက်တုံး

ကျိုးဟောင်မှာ ပြုံးပြီး အီးမှန်ထားသလိုမျက်နှာဖြစ်နေသော မုရုံရွှင်း အားကြည့်နေလေသည်။

"စီနီယာ စိတ်လျော့ပါ။ ဘာမှမရတာထက်စာရင် ဒါကတော်ပါသေးတယ်။ အနည်းငယ်ပျက်စီးသွားပေမဲ့သုံးလို့ရပါသေးတယ်"

ကျိုးဟောင်မှာ အပိုင်းအစလေးအားလက်ခံလိုက်ပြီး မုရုံရွှင်းအားကမ်းပေးလိုက်လေသည်။ မုရုံရွှင်းမှာမကျေနပ်မဖြစ်နေသော်လည်း ဖြေးဖြေးချင်းစုပ်ယူနေလေသည်။

ကျိုးဟောင်ကလည်း ကတိအတိုင်း ရှားပါးစွမ်းအင်ဘား ၃ချောင်းအား သံမဏိအရိုး၀က်ဝံကြီးအားပစ်ပေးလိုက်လေသည်။ ၀က်ဝံကြီးကလည်း စွမ်းအင်ဘား ၃ချောင်းလုံးအားပါးစပ်ထဲပစ်ထည့်လိုက်ပြီး ရေခဲဝါးသလိုဝါးစားလိုက်လေသည်။

အပေးအယူအားလုံးပြီးနောက် ကျိုးဟောင်မှာ ဒီနေရာ၌ကြာကြာမနေလိုတော့ပေ။ အဘယ့်ကြောင့်ဆိုသော် အက်ကွဲကြောင်းမှာ သူတို့ရှေ့တွင်ရှိနေပြီး အချိန်မရွေးဘာအန္တရာယ်ပေါ်လာမလဲမသိနိုင်ပေ။

ဒါ့အပြင် ကောင်းကင်ဘုံအဆင့်တ၀က် သံမဏိအရိုး၀က်ဝံဘုရင်မှာလည်း စိတ်မပြောင်းသွားနိုင်ဘူးလို့မပြောနိုင်ပေ။ ကျိုးဟောင်အနေဖြင့် ဒီလိုတိုက်ပွဲမျိုးများအား ရှောင်ရှားလိုပေသည်။

ကျိုးဟောင်တို့ထွက်ခွာခါနီးမှာပဲ ၀က်ဝံဘုရင်ကြီးက ရုတ်တရက်လက်ဝှေ့ယမ်းပြပြီး သူ့အနောက်ဘက်ကိုလက်ညိုးထိုးပြနေလေသည်။

"ညီနောင်၀က်ဝံ ငါနဲ့သဘောတူညီချက်လုပ်ချင်သေးတာလား"

ကျိုးဟောင်က ခဏလောက်တွေးပြီးနောက် မေးလိုက်လေသည်။

၀က်ဝံကြီးက ခြေဟန်လက်ဟန်လုပ်ပြရင်းခေါင်းညိတ် ပြလေသည်။ သူ့တွင် အဖိုးတန်ပစ္စည်းတခုခုရှိပုံရပြီး ကျိုးဟောင်နှင့်အပေးအယူလုပ်ချင်နေပုံရလေသည်။

"ဪ မင်းမှာ ပစ္စည်းကောင်းတခုခုရှိသေးတာလား"

ကျိုးဟောင်ကသဘောပေါက်သွားပြီး မျက်စိမှိတ်ပြလိုက်လေသည်။

သံမဏိ၀က်ဝံဘုရင်ကြီးမှာ အချိန်ဆွဲမနေတော့ပဲ အနောက်ဘက်ကိုအမြန်ပြေးသွားကာ နို့နှစ်ရောင်ကျောက်တုံးတတုံးအား ယူလာပြီး ကျိုးဟောင်အားပစ်ပေးလိုက်လေသည်။

ထိုကျောက်တုံးအား လက်ခံရရခြင်းတုန်းက ကျိုးဟောင်မှာ မှင်တက်သွားသော်လည်း နောက်ပိုင်းသူ၏အမူအရာများပြောင်းသွားလေသည်။

အဘယ့်ကြောင့်ဆိုသော် ထိုကျောက်တုံးထံမှ များပြားသန့်စင်သော မိုးနဲ့မြေကြီးတို့၏ စွမ်းအင်အနှစ်သာရများကို သူအာရုံခံမိလေသည်။

"ဒါ...ဒါက.."

ကျိုးဟောင်သာမက မုရုံရွှင်းလည်း အံ့အားသင့်သွားလေသည်။

"ဘယ်လို ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တုံးပါလိမ့်"

မုရုံရွှင်းမှာ သူ၏အံ့ဩသင့်မှုများကို ထိန်းချုပ်ပြီးနောက်ပြောလိုက်လေသည်။

"ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တုံးဆိုတာ မိုးနဲ့မြေကြီးရဲ့စွမ်းအင်အနှစ်သာရတွေ သိပ်သည်းစွာပါ၀င်တဲ့ ကျောက်တုံးဖြစ်တယ်။ ဒီ‌ ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တုံးတွေ တန်ဖိုးကြီးနေရခြင်းက သူ့မှာ အမျိုးမျိုးသော ကျောက်ရိုင်းတွေကဆီက စွမ်းအင်အနှစ်သာရပေါင်းများစွာစုပေါင်းပါ၀င်နေလို့ပဲ"

"မင်းလက်ထဲမှာ ကိုင်ထားတဲ့ ရှားပါးစွမ်းအင်ဘားမှာပါတဲ့ စွမ်းအင်အနှစ်သာရရဲ့ ၁၀ဆလောက်ပိုများတယ်။ "

"ဒါပေမဲ့ အဲ့လို ဒီကျောက်တုံးမျိုးတွေဖြစ်ပေါ်လာဖို့ကအလွန်ခက်ခဲတယ်။ တိကျအချိန်နဲ့နေရာကိုက်ညီမှဖြစ်ပေါ်လာတတ်တယ်ဆိုတာက ချဲ့ကားပြောနေတာမဟုတ်ဘူး။ ဒါ့အပြင် ဒီကျောက်တုံးတွေမှာ အက်ကွဲကြောင်းကြီးရဲ့ ကြောက်မက်ဖွယ်စွမ်းအင်တွေပါ၀ငါနေသေးတယ်"

"အဲ့ကျောက်တုံးတွေကလည်း အက်ကွဲကြောင်းတွေထဲမှာရှိတဲ့ သတ္တုတွင်းတွေမှာ ရှိတာကြောင့် လူသားတွေအနေနဲ့ရယူနိုင်ဖို့မလွယ်ဘူး။ထိုသတ္တုတွင်းတွေကနေ တတိယမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တွေတောင်မှ အထိအခိုက်မရှိဘဲ ရယူနိုင်ဖို့ဆိုတာမသေချာဘူး"

ထိုစကားများကိုကြားသောအခါ ကျိုးဟောင်မှာ အံ့အားသင့်သွားခဲ့ရလေသည်။ သူ့အနေဖြင့် ဒီကျောက်တုံးလေးမှာ ဒီလောက်တန်ဖိုးကြီးလိမ့်မည်လို့ မထင်ထားခဲ့ပေ။

"ဒါ့အပြင် အဲ့ကျောက်တုံးတွေကစွမ်းအင်တွေကိုလူသားကျင့်ကြံသူတွေကသာ စုပ်ယူသုံးစွဲနိုင်ပြီး မျိုးနွယ်ခြားတွေကတော့ အသုံးမချနိုင်ဘူး။ဒါကြောင့် မျိုးနွယ်ခြားတွေက အဲ့ကျောက်တုံးထွက်သည့်သတ္တုတွင်းတွေအားလုံးကို သေချာ ကြီးစိုးထားကြရခြင်းဖြစ်တယ်"

မုရုံရွှင်းကပြောရင်းသက်ပြင်းချလိုက်သည်။

"ဒါကြီးက ရီစရာမကောင်းနေဘူးလား ဒီစွမ်းအားကြီးတဲ့ ပစ္စည်းတခုက အက်ကွဲကြောင်းထဲမှာရှိနေပြီး လူသားတွေအနေနဲ့ကျင့်ကြံရေးအတွက် အသုံးပြုလို့ရပေမဲ့ ရယူနိုင်ဖို့မဖြစ်နိုင်ဘူး။ မျိုးနွယ်ခြားတွေအတွက်ကျ အလွယ်တကူရနိုင်ပေမဲ့ အသုံးချလို့မရဘူးဖြစ်နေတာပဲ"

ကျိုးဟောင်မှာလည်း ပြန်ပြောရင်း ခေါင်းညိတ်ကာစဉ်းစားနေလေသည်။

မုရုံရွှင်း၏စကားများအရ ဒီအပေးအယူက မျှတ သည်လို့ ယူဆလို့ရပေသည်။

"ကောင်လေး မင်းအဲ့အရာတွေကိုတကယ်ပဲလဲလှယ်လို့ရမယ်ထင်တာလား။ အဲ့မှာ ရှေးဟောင်းစွမ်းအင်အနှစ် သာရ ကျောက်တုံးတွေရှိမရှိ ငါတို့သေချာမသိဘူး။ တကယ်လို့ရှိခဲ့ရင်တောင်မှာ ဒီသားရဲကြီးကမင်းကို အဲ့တာတွေနဲ့အတူ အသာတကြည်သွားခွင့်ပေးပါ့မလား။ ဒီမျိုးနွယ်ခြားသားရဲတွေက လူသားတွေလိုပဲ သူတို့ရဲ့ ဉာဏ်နီဉာဏ်နက်တွေကိုလျော့မတွက်ပါနဲ့"

မုရုံရွှင်းမှာ တခုခုကိုစိုးရိမ်နေသောကြောင့် ကျိုးဟောင်အားသတိပေးလိုက်သည်။

သူ့အနေဖြင့် ကျိုးဟောင်မှာ အလောတကြီး ဆုံးဖြတ်ပြီး သံမဏိအရိုး၀က်ဝံဘုရင်နှင့်လိုက်သွားမည်ကို စိုးရိမ်နေလေသည်။ တကယ်လို့ထောင်ချောက်ဖြစ်နေပါက အခြေအနေတွေဆိုးရွားသွားကုန်မည်ဖြစ်သည်။

သူ့အနေဖြင့် ပြန်လည်၀င်စားဖို့ မခက်ခဲသော်လည်း ဒီနေရာတွင်တော့ မသေချင်သေးပေ။

"ကျွန်တော်နားလည်ပါတယ် ဒါပေမဲ့ ဒါကျောက်တုံးတွေကို ဒီအတိုင်းထားလိုက်ရင် ကျုပ်ဆုံးရှုံးသလိုခံစားရပြီး ညဘက်ကောင်းကောင်းတောင်အိပ်ပျော်မှာမဟုတ်ဘူး"

ကျိုးဟောင်မှာ သဘောပေါက်သော်လည်း သူဒီအတိုင်းလက်မလွှတ်ချင်ပေ။

မုရုံရွှင်းလည်း ဘာမှ မတတ်နိုင်ပဲ ဒီကောင်လေးက လောဘကြီးတာပဲဟူသောအကြည့်ဖြင့်ကြည့်နေလေသည်။

"အရင်ဆုံးကျုပ်တို့ ဆွေးနွေးကြည့်တာပေါ့"

ကျိုးဟောင်ကပြောလိုက်သည်။ထို့နောက် သူသည် ၀က်ဝံဘုရင်ကြီးဘက်အား လှမ်းကြည့်ပြီးပြောလိုက်လေသည်။

" ညီနောင်၀က်ဝံ မင်းမှာ ဒီလိုကျောက်တုံးတွေဘယ်လောက်များများထပ်ရှိသေးလဲ"

သံမဏိအရိုး၀က်ဝံကြီးမှာ သူ့လက်အား စက်ဝိုင်းပုံသဏ္ဌာန်လုပ်ပြ လိုက်ပြီး အများကြီးရှိသည်ဟူသော အဓိပ္ပာယ်ဖြင့်ပြောလိုက်လေသည်။

ကျိုးဟောင်မှာ ပိုစိတ်လှုပ်ရှားသွားသော်လည်း သတိကြီးကြီးတော့ထားနေလေသည်။

"ညီနောင်၀က်ဝံမင်းငါ့ကိုညာနေတာတော့မဟုတ်ဘူးမှတ်လား"

ကျိုးဟောင်မှာ လှမ်းပြောပြီး ခြေဟန်လက်ဟန်ဖြင့် ယုံကြည်လို့ရမလားသဏ္ဌာန်လုပ်ပြလိုက်လေသည်။

...................................................................................

အခန်း (၃၂၃) ပြီးပါပြီ။

အခန်း (၃၂၄) : မင်းတကယ်ကိုသတ္တိရှိတာပဲ

ကျိုးဟောင်၏အမူအရာကိုမြင်သောအခါ သံမဏိအရိုး၀က်ဝံကြီးမှာ ပြုံးပြီး ကျိုးဟောင်ကကြောက်တတ်သားပဲလို့တွေးလိုက်လေသည်။ တကယ်လို့သူသာ တကယ်သာသတ်ချင်ပါက ကျိုးဟောင်အား သတ်ခဲ့ပြီးပြီဖြစ်လေသည်။

သူ မတိုက်ခိုက်ခဲ့ခြင်းကလည်း ဘာအထိအခိုက်မှမရှိဘဲ ကျိုးဟောင်ဆီမှ ထိုရှားပါးစွမ်းအင်ဘားများအားလိုချင်၍ဖြစ်လေသည်။

ကျိုးဟောင်မှာ ဝက်ဝံကြီး၏အမူအရာကိုတွေ့လိုက်သောအခါ ဒီကြီးမားသော၀က်ဝံနက်ကြီးကဘာလို့ပြုံးနေတာလဲလို့တွေးလိုက်မိသည်။ဒါ့အပြင် ၀က်ဝံကြီးမှာ ခေါင်းကိုခါယမ်းနေခဲ့သောကြောင့် သူပဟေဠိဖြစ်နေလေသည်။

သံမဏိအရိုး၀က်ဝံဘုရင်က ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တုံးအား လက်ညိုးထိုးပြရင်း လက်ဆယ်ချောင်းထောင်ပြလေသည်။

"ကျောက်တုံးတတုံးအတွက် စွမ်းအင်ဘား၁၀ချောင်းလား"

ကျိုးဟောင်မှာ ခဏလောက်တွေဝေသွားခဲ့သည်။ ဒီ၀က်ဝံကြီးမှာ တုံးအပုံပေါ်ပေမဲ့ စီးပွားရေးအမြင် ကောင်း ကောင်း ရှိနေလေသည်။

သို့သော် မုရုံရွှင်း၏အဆိုအရ ဒီပမာဏမှာ ကျိုးဟောင်အတွက် အကျိုးအမြတ်ရှိလေသည်။ ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တုံးတုံးမှာ ရှားပါးစွမ်းအင်ဘား ဒါဇင်နှင့်ချီတန်ဖိုးရှိလေသည်။

"ကောင်းပြီလေ အပေးအယူကိုလက်ခံတယ်"

ကျိုးဟောင်ကတုံ့ဆိုင်းမနေတော့ပဲ ခေါင်းညိတ်ပြလိုက်သည်။

အန္တရာယ်ရှိပုံပေါ်သော်လည်း ကောင်းမွန်သောအနာဂတ်ကို ဖော်ဆောင်လိုပါက စွန့်စားဖို့လိုအပ်ကြောင်း ကျိုးဟောင်နားလည်လေသည်။

"မင်းတကယ်ကြီးလိုက်သွားမလို့လား"

မုရုံရွှင်းက မနေနိုင်တော့ပဲ မေးလိုက်သည်။

"ဒါပေါ့.. ဒါကတကယ့်အခွင့်အရေးကောင်းတခုပဲလေ မဟုတ်ဘူးလား"

ကျိုးဟောင်ကလည်း ပြန်ဖြေလိုက်သည်။

"မင်းကိုလိမ်နေမှာ မင်းမကြောက်ဘူးလား။ တကယ်လို့ နောက်ထပ် ကောင်းကင်ဘုံအဆင့်သားရဲကောင်တကောင်ပေါ်လာပြီး မင်းကိုတစစီလုပ်သွားရင်ရော"

မုရုံရွှင်းကစိုးရိမ်တကြီးပြောလေသည်။

"အဲ့လိုဖြစ်မှာမဟုတ်ပါဘူး။ ဒီ၀က်ဝံကြီး ရှားပါးစွမ်းအင်ဘားတွေလိုချင်ရင် ဒါက တကယ့်အကောင်းဆုံးနည်းလမ်းတခုပဲ။ တကယ်လို့ကျုပ်တို့သာ တိုက်ခိုက်မယ်ဆိုရင်လည်း ဒီစွမ်းအင်ဘားတွေပျက်စီးဆုံးရှုံးသွားမှာလေ။ ဒီကောင်ကကြီးကဉာဏ်ကောင်းတာကြောင့် ဒါကိုတော့ သတိပြုမိမှာပဲ"

ကျိုးဟောင်က‌ပြုံးပြီးပြန်ပြောလိုက်သည်။

သံမဏိအရိုး၀က်ဝံဘုရင်ကြီးမှာ ပျော်ရွှင်နေလေသည်။ ရှေးဟောင်းစွမ်းအင်ကျောက်တုံးများမှာ တန်ဖိုးကြီးသော်လည်း မျိုးနွယ်ခြားများအနေဖြင့် စုပ်ယူမသုံးစွဲနိုင်ပေ။

ထိုကဲ့သို့အရာကို သိမ်းထားမည့်အစား ရှားပါးစွမ်းအင်ဘားများ နှင့် အလဲအထပ်လုပ်ခြင်းကပိုကောင်းလေသည်။

"ရှေးဟောင်းစွမ်းအင်အနှစ်သာရ ကျောက်တုံးဖြစ်ဖြစ်ဘာဖြစ်ဖြစ်စိတ်မ၀င်စားဘူး။ ငါ့အတွက်တော့ အမှိုက်သာသာပဲ။ ငါသာ စွမ်းအင်ဘား များများရရင် ကောင်းကင်ဘုံအဆင့်ကိုမြန်မြန်တက်လှမ်းနိုင်ပြီး ငါ့သွေးမျိုးရိုးကိုလည်း မြှင့်တင်နိုင်လိမ့်မယ်။ အဲ့အချိန်ကျရင်တော့ ကောင်းကင်တီကောင်ဘုရင်ဆိုတဲ့ သူတောင်းစားကို ‌သင်ခန်းစာကောင်းကောင်းပေးရမယ်"

သံမဏိအရိုး၀က်ဝံဘုရင်မှာ အက်ကွဲကြောင်းဆီသို့ မသွားခင်ထဲက စိတ်ထဲတွင် အစီအစဉ်များချထားပြီးလေသည်။

ယခုလက်ရှိနေရာမှာတခြားအက်ကွဲကြောင်း၏အစွန်းနားမှာဖြစ်ပြီး ရှေ့ဆက်သွားပါက အက်ကွဲကြောင်းထဲသို့၀င်ရောက်သွားမည်ဖြစ်လေသည်။

ကျိုးဟောင်မှာ တခုခုကိုစိုးရိမ်နေသော်လည်း ဒီသံမဏိအရိုး၀က်ဝံဘုရင်မှာ ကတိတည်လိမ့်မည်လို့ သူယုံနေခဲ့လေသည်။

တကယ်လို့သူတို့သာ တိုက်ခိုက်ကြရင်လည်း ဒီသံမဏိအရိုး၀က်ဝံဘုရင်မှာ သူ့အား အနိုင်မယူနိုင်ပေ။

တိုက်ပွဲအတွင်းမှာလည်း စွမ်းအင်ဘားလိုအရာမျိုးများမှာလည်း ကျိန်းသေပေါက်ပျက်စီးမည်ဖြစ်လေသည်။ ဒါကိုတော့ ဒီ၀က်ဝံကြီးလိုလားမည်မဟုတ်ပေ။

သို့သော်လည်း ဒီ၀က်ဝံကြီးမှာ တခုခုလျှို့ဝှက်ကြံစည်ထားမည်ဆိုးသောကြောင့် ကျိုးဟောင်မှာ သတိကြီးကြီးထားနေ‌ခဲ့သည်။

သူအနေဖြင့် ၅ကီလိုမီတာအကွာမှနေပြီး လိုက်လာခဲ့လေသည်။ ဒါ့အပြင် ကောင်းကင်ဘုရင်ကျူးပေးထားသော ဝိညာဉ်ခန္ဓာအတုအား အဆင်သင့်ကိုင်ထားပြီး တခုခုမှားယွင်းခဲ့ပါက အလျင်အမြန်ပြန်ဆုတ်နိုင်ရန်ဖြစ်သည်။

"မင်းက မျိုးနွယ်ခြားသားရဲတကောင်နဲ့ တကယ်ကြီးအပေးအယူလုပ်ရဲတဲ့သတ္တိရှိတာပဲ။ တကယ်လို့ဒီသတင်းကိုသာတယောက်ယောက်သာ ကြားသွားပါက အံ့ဩလွန်းပြီးပါးစပ်အဟောင်းသားဖြစ်သွားလောက်တယ်"

မုရုံရွှင်းက စကားစပြောလာလေသည်။

ဒါ့အပြင်သူ၏ကျိုးဟောင်အပေါ်လေးစားမှုများလည်းတိုးလာလေသည်။ သူ့လိုကောင်းကင်ဘုံအဆင့်ပညာရှင်တောင်မှ ဒီလိုကိစ္စမျိုး မလုပ်ရဲခဲ့ပေ။

ကျိုးဟောင်က နှုတ်ခမ်းတွန့်ပြီးပြုံးလိုက်သည်။ မျိုးနွယ်ခြားနဲ့ စီးပွားရေးအပေးအယူလုပ်တော့ ဘာများဖြစ်သနည်း။သူ့အနေဖြင့် ရွှေနီရောင်မီး‌ခြင်္သေ့ကိုတောင် စီးနင်းခံလုပ်ခဲ့ပြီးလေသည်။

ကျိုးဟောင်မှာအက်ကွဲကြောင်းထဲသို့စတင်၀င်ရောက်ကတည်းက အလွန်ကြီးမားပြင်းထန်သော တွန်းအားတခုကိုခံစားလိုက်ရလေသည်။ ဒါ့အပြင် ပတ်၀န်းကျင်တခုလုံး၌လည်း စွမ်းအင်အနှစ်သာရများအလွန်များပြားနေပြီး အလွန်လည်းပြင်းထန်နေလေသည်။

ဒီထဲတွင်ကျင်လည်နေသောကောင်းကင်ဘုံအဆင့်တ၀က်သာ အန္တရာယ်ရှိသောဧရိယာများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။

ကျိုးဟောင်မှာ လျှို့ဝှက်အမှတ်အသားတခုအားထားရစ်ခဲ့လေသည်။ ဒါ့အပြင် သူသည် မှတ်တမ်းတင်သောကိရိယာအားထုတ်ပြီး ပတ်၀န်းကျင်တလျှောက်မှတ်တမ်းတင်ကာ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းထံပြရန်ဆုံးဖြတ်ထားလေသည်။

မကြာမီပင် ကျိုးဟောင်၏ ပတ်၀န်းကျင်ရှိ စွမ်းအင်အနှစ်သာရများမှာ ပိုမိုထူထဲလာလေသည်။ ရှေ့တွင် အလယ်အလတ်အရွယ်လောက် တောင်ကုန်းချိုင့်ဝှမ်း လေးတခုသူတွေ့လိုက်ရလေသည်။

ထိုချိုင့်ဝှမ်းထဲတွင် ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တုံးများ အပြည့်ဖြစ်နေလေသည်။

ကျိုးဟောင်၏အသက်ရှူနှုန်းများပင် မြန်လာခဲ့လေသည်။ တချက်ကြည့်လိုက်ရုံဖြင့်ပင် ကျောက်တုံးများ ၁သောင်းကျော်လောက်ရှိကြောင်းသိနိုင်လေသည်။

ဒါတွေအကုန်လုံးသာ သယ်ယူသွားနိုင်ပါက အလွန်အံ့ဖွယ်ကောင်းလှမည်ဖြစ်သည်။

"ဘာတွေတွေးနေတာလဲ ဒါတွေအကုန်လုံးယူသွားနိုင်မယ်ထင်နေတာလား အဲ့ကျောက်တုံးတွေကို သူတို့မွေးဖွားရာပတ်၀န်းကျင်ကနေ လွယ်လွယ်ကူကူထုတ်ယူဖို့မဖြစ်နိုင်ဘူး။ မင်းလက်ထဲရောက်တာနဲ့ မတည်မငြိမ်စဖြစ်လာလိမ့်မယ် ဘေးပတ်၀န်းကျင်ကအခြေအနေကိုတချက်ကြည့်ဦး"

မုရုံရွှင်းကသတိပေးပြီး ကျိုးဟောင်ပေါ်သို့ ရေအေးများလောင်းချလိုက်လေသည်။

..............................................................................

အခန်း (၃၂၄) ပြီးပါပြီ။

All Chapters