← Chapters

အခန်း (၃၂၅-၃၂၇)

Vol. 22 Ch. 325-327

အခန်း (၃၂၅-၃၂၇)

Vol. 22 Ch. 325-327

အခန်း (၃၂၅) : ဈေးညှိခြင်း

ဒီချိုင့်ဝှမ်းထဲရှိလေထုမှာ အရမ်းဖရိုဖရဲဖြစ်နေလေသည်။ ဘေးနားတွင်လည်း နောက်ထပ်အက်ကွဲကြောင်းများထပ်ရှိနေလေသည်။ ဒီနေရာတွင် အက်ကွဲကြောင်းများဖြင့် ရှုပ်ယှက်ခတ်နေရုံသာမက အရမ်းလည်း အဖျက်စွမ်းအားကြီးလေသည်။

ဒါ့အပြင် ဒီအက်ကွဲကြောင်းများမှာ ရှေးဟောင်းစွမ်းအင်ကျောက်တုံးများ၏ အရှိန်အဝါကြောင့်ဖြစ်ပေါ်နေခြင်းဖြစ်လေသည်။

အာကာသလေဟာနယ်တောင်မှ စွမ်းအားကြီးပြီး ပြင်းထန်သော အရှိန်အဝါများကို တောင်ခံမထားနိုင်ပေ။

"ဒါဆိုကျုပ်က ဘာလုပ်ရမှာလဲ။ ဒီအတိုင်းဆို သဘာ၀အရင်းအမြစ်များတွေဖြုန်းတီးသလိုဖြစ်နေမှာပေါ့။ ကျုပ်လက်ဗလာနဲ့ပြန်သွားရင် ညကျ ဒေါ‌သကြောင့်အိပ်ပျော်နိုင်မယ်မထင်ဘူး"

ကျိုးဟောင်လည်း လက်မလျော့ချင်ပေ။

"ဘာမှမရရှိတာ နဲ့ ဆုံးရှုံးသွားတာက မတူဘူးကွ"

မုရုံရွှင်းကဒေါသတကြီးပြောလေသည်။

"အဲ့နှစ်ခုကအတူတူပဲမဟုတ်ဘူးလား"

ကျိုးဟောင်က ချောင်းဆိုးနေရင်းပြန်ပြောလေသည်။

ထိုအချိန်တွင် သံမဏိအရိုး၀က်ဝံကြီးမှာ ရပ်သွားပြီး ကျိုးဟောင်အား မြင်ပြီလားဟူသော အကြည့်ဖြင့်ကြည့်နေလေသည်။

သို့သော်လည်း ကျိုးဟောင်မှာ အနည်းငယ်စိတ်ဓာတ်ကျနေလေသည်။ ဒီအက်ကွဲကြောင်းအတွင်းပိုင်းမှာ အလွန်ရှုပ်ထွေးပြီး သူ့အတွက်တောင်မှ ၀င်ရောက်ဖို့ မလွယ်ကူပေ။

သူ၏ ရွှေကျီးကဲ့သို့လွတ်မြောက်ခြင်းနည်းစနစ်မှာ အလွန်မြန်ဆန်သော်လည်း အက်ကွဲကြောင်းကြီး၏ ဆွဲစုပ်ခြင်းကို ခံရပါက သူ့တွင် ကိုယ်ပွါးတထောင်ရှိနေရင်တောင်မှ ရှင်သန်နိုင်ဖို့ မဖြစ်နိုင်ပေ။

ထိုအကြောင်းအရာကိုတွေးမိပြီးနောက် ကျိုးဟောင်မှာ သံမဏိအရိုး၀က်ဝံကြီးအား ကြည့်ပြီး ဆုံးဖြတ် ချက် တခုချလိုက်လေသည်။

ပုံမှန်အားဖြင့် ကောင်းကင်ဘုံအဆင့်တ၀က်သားရဲကောင်များမှာ လူသား‌တို့၏ဘာသာစကားကို နားလည်ကြလေသည်။

ဒီသံမဏိအရိုး၀က်ဝံဘုရင်မှ လူသားတို့၏ ဘာသာ စကားကို နားမလည်ရခြင်းမှာ မလေ့လာရသေး၍ ဖြစ်ကြောင်း ဖြစ်နိုင်ချေရှိလေသည်။

ဒါ့ကြောင့် ကျိုးဟောင်က ချိပ်စ်ပြားတခုကိုထုတ်လိုက်လေသည်။ အထဲတွင်လူသားတို့၏ ဘာသာ စကားပါရှိပြီး ၎င်းကို ၀က်ဝံကြီးထံပစ်ပေးလိုက်လေသည်။

"ဟမ် ဒါဘာလဲ ချိပ်စ်ပြားတခုနဲ့တူသလိုပဲ"

၀က်ဝံကြီးမှာအတွေ့အကြုံများစွာရှိပုံရပြီး ထိုပစ္စည်းအားမြင်လိုက်ရုံနှင့်ဘာမှန်းသိလေသည်။ချိပ်စ်ပြားဆီမှဘာသာစကားချိန်ညှိသောစာကို ရလိုက်ပြီး လူသားဘာသာစကားများအား စတင်သိရှိလာလေသည်။

"ညီနောင်၀က်ဝံ ကျုပ်ပြောတာကိုနားလည်ပြီလား"

ကျိုးဟောင်ကလည်း ချိပ်စ်ပြားကိုစုပ်ယူလိုက်ပြီးမေးလိုက်သည်။

"ဟုတ်တယ် လူသားကောင်လေး မင်းမှာ အလွန်စိတ်၀င်စားစရာကောင်းတဲ့အရာတွေရှိတာပဲ ဒီချိပ်စ်ပြား နှင့် စွမ်းအင်ဘားတွေလိုပေါ့။ မင်းတို့ နို့တိုက်သတ္တဝါတွေက ဉာဏ်ပြေးသားပဲ"

သံမဏိအရိုး၀က်ဝံဘုရင်ကြီးက ပြန်ပြောလေသည်။ ၎င်း၏ပုံသဏ္ဌာန်မှာ ကြမ်းတမ်းခက်ထန်သော်လည်း အသံက မိန်းမတယောက်အသံကဲ့သို့ဖြစ်နေလေသည်။

"ညီနောင် ကျုပ်တို့ လုပ်ဖော်ကိုင်ဖက်တွေအဖြစ်သဘောတူထားတဲ့အတိုင်း မင်းခေါ်လာတဲ့နေရာကို ၀င်ရောက်ဖို့ ငါ အရမ်းမသန်မာဘူးဖြစ်နေတယ်။ ဒါ့ကြောင့် ငါ့အနေနဲ့ ဒီ ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တုံးတွေကို ရယူဖို့မဖြစ်နိုင်ဘူး။ မင်းမှာ ငါ့ကို ကူညီဖို့ နည်းလမ်းတခုခုများရှိလား"

"မင်းငါ့ဆီကို ကျောက်တုံးတတုံးယူလာပေးတာနဲ့ ငါမင်းကို ရှားပါးစွမ်းအင်ဘား ၁၀ချောင်းတန်းပေးမယ် ဘယ်လိုသဘောရလဲ"

ကျိုးဟောင်အနေဖြင့် ဒီလို ခိုင်းရုံကလွဲပြီး တခြားနည်းလမ်းမရှိပေ။ ၀က်ဝံကြီးမှာ သူ့ကို ကျောက်တုံးတတုံးပေးခဲ့ပြီး ဒီကိုခေါ်လာပုံအရ သူ့တွင် နည်းလမ်းတခုခုရှိနိုင်လေသည်။

ကျိုးဟောင်ပြောသည်ကို ကြားသောအခါ ၀က်ဝံကြီးမှာ မျက်လုံးများပိတ်သည်အထိရယ်နေလေသည်။

"ဟား ဟား ဟား... ကောင်းပြီ မင်း မတတ်နိုင်ဘူးပေါ့။ ငါမင်းကိုယူပေးပါ့မယ် ဒါပေမဲ့ ဈေးနှုန်းကတော့ ပြန်ညှိရမယ်။ မင်းငါ့ကို လုပ်အားခအနေနဲ့ပါထပ်ပေးမှရမယ်"

"တတုံးအတွက် အချောင်း၂၀"

၀က်ဝံကြီးမှာ တကယ့်ကို ဉာဏ်နီဉာဏ်များလှပေသည်။ ၎င်းပါးစပ်က ထွက်သမျှမှာ ဝံပုလွေအိုကြီးကဲ့သို့ဖြစ်ပြီး ကျိုးဟောင်အား ဆွံ့အသွားစေသည်။

"လခွမ်း မင်းတကယ်ကို ရူးတာပဲ။ မင်းမ၀င်နိုင်တဲ့အကြောင်းကိုဘာလို့ပြောလိုက်တာလဲ။ မင်းတကယ်ကို အသတ်ခံချင်နေတာလား။ မင်းက ဒီ၀က်ဝံနက်ကြီးထက်တောင်ပိုပြီး တုံးအသေးတယ်"

မုရုံရွှင်းကဒေါသတကြီးပြောလေသည်။

ကျိုးဟောင်လည်း စိတ်ညစ်သွားလေသည်။ ဒီ၀က်ဝံကြီးမှာ ဒီလောက် ဉာဏ်နီ ဉာဏ်နက်များလိမ့်မည်လို့ သူမထင်ခဲ့ပေ။

"ညီနောင်၀က်ဝံ စီးပွားရေးကို အဲ့လိုလုပ်လို့ဘယ်ဖြစ်မလဲ။ ကျုပ်တို့ တခုက ၁၀ချောင်းဆိုပြီး သဘောတူပြီးသားလေ ခုလို ဈေးနှုန်းကို မြှင့်လိုက်လို့ မဖြစ်ဘူး"

ကျိုးဟောင်ကလည်း ငတုံးမဟုတ်ပေ။ ခုနက သတိလက်လွတိဖြစ်သော်လည်း ယခုမူ ၀က်ဝံကြီးအားပြန်လည်ချေပဖို့လုပ်နေလေသည်။

"ညီနောင်လူသားလေး အဲ့လိုတော့မပြောနဲ့လေ။ ဒီနေ့ခေတ်မှာ ပိုက်ဆံကအရာရာပဲ။ ဒါ့အပြင်ဒီနေရာကအလွန် အန္တရာယ်လည်းများတယ်။ တကယ်လို့ ငါသာသတိတချက်လေးလွတ်သွားရင် အသက်သေဆုံးနိုင်သည်အထိဖြစ်နိုင်တယ်။ ဒါ့ကြောင့် အသက်စွန့်စားရတဲ့ အဖိုးအခအဖြစ်ငါတောင်းရတာပဲ။ တကယ်လို့‌မင်းမပေးနိုင်ရင် ဒီကိစ္စကိုမေ့လိုက်တော့"

သံမဏိအရိုး၀က်ဝံဘုရင်က လက်ခါပြပြီးပြောလေသည်။

ထိုစကားကြောင့် ကျိုးဟောင်၏ မျက်နှာမှာ မဲမှောင်သွားလေသည်။

"ဟားဟား မင်း ၀က်ဝံနဲ့ ငြင်းခုန်တာ ရှုံးသွားပြီပဲ။ ငါရီရလွန်းလို့သေတော့မယ်။ ကျိုးဟောင်မင်းအတွက်တော့တကယ့်နေ့ပဲဟေ့"

မုရုံရွှင်းက ရယ်ပြီးပြောလိုက်လေသည်။

မုရုံရွှင်း၏လှောင်ပြောင်မှုကြောင့် ကျိုးဟောင်၏ မျက်နှာမှာ ပိုပို မဲမှောင်လာလေသည်။

သို့သော်လည်း ဒီပမဏမှာ ကျိုးဟောင်အတွက် လက်ခံလို့ရသေးသည့်ပမာဏဖြစ်သော်လည်း သူဆက်၍ညှိနှိုင်းချင်သေးလေသည်။

"ညီနောင် ၀က်ဝံ ကျုပ်မှာရှိတဲ့ စွမ်းအင်ဘားတွေက အရမ်းကိုရှားပါးတယ်။ တကယ်လို့ တတုံးအတွက် အချောင်း ၂၀ ဆိုရင် ကျုပ်အတွက် အရှုံးပဲ။ ဒီလိုလုပ်ပါလား တတုံးအတွက် ၁၅ချောင်းဆိုရင်ရော"

ကျိုးဟောင်မှာ သူ့အတွက် အကျိုးရှိသလောက်အထိ ဈေးကို ဖြတ်ချနေလေသည်။ မျိုးနွယ်ခြားတကောင်အား ခေါင်းပုံဖြတ်ရသည်မှာ သူ့အတွက်ကိစ္စမရှိပေ။

"ညီနောင်လူသားလေ ကျုပ်တကယ်မရလို့ပါ။ ဒီအက်ကွဲကြောင်းက တကယ့်ကို အန္တရာယ်များလွန်းလို့ ကျုပ်အရမ်းအားစိုက်ထုတ်ရမယ်။ ကျုပ်ရဲ့ သွေးမျိုးရိုးကအထူးကောင်းမွန်တာကြောင့် တောင်ခံနိုင်တာပဲ။ တခြားမျိုးနွယ်ခြားတွေဆိုရင် ကျုပ်လောက်လွယ်ကူမှာမဟုတ်ဘူး"

"ဒါပေမဲ့ မင်း ညှိနှိုင်းချင်သေးတယ်ဆိုရင်တော့ ကျုပ်ထပ်လျော့ပေးမယ် ၁၈ချောင်းဆိုရင်ကော ဘယ်လိုသဘောရလဲ"

သံမဏိအရိုး၀က်ဝံကြီးမှာ စီးပွားရေးနှင့်ပတ်သက်ရင် ဉာဏ်ထက်လှပေသည်။

"ကျိုးဟောင်ရေ ငါရီရလို့သေတော့မယ်။ ဒီနေ့မင်းတော့ ၀က်ဝံအရူးလုပ်တာခံနေရပြီဟေ့"

မုရုံရွှင်းမှာ ကျိုးဟောင်အား လှောင်ပြောင်နိုင်သည့်အခွင့်အရေးအား အပြည့်အ၀အသုံးချနေလေသည်။

ကျိုးဟောင်မှာအလွန်ဒေါသထွက်နေသော်လည်း ဘာမှပြန်မပြောဘဲ သံမဏိအရိုး၀က်ဝံပြောသည့်အတိုင်းသဘောတူလိုက်လေသည်။

....................................................................................

အခန်း (၃၂၅) ပြီးပါပြီ။

အခန်း (၃၂၆) : ခန္ဓာကိုယ်အားပုံသွင်းခြင်း

ကျိုးဟောင်ခေါင်းညိတ်ပြလိုက်သည်ကိုမြင်သောအခါ သံမဏိဝက်ဝံဘုရင်မှာအက်ကွဲကြောင်းထဲသို့ခုန်ဆင်းသွားပေသည်။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးမှာ အက်ကွဲကြောင်း၏ဖျက်ဆီးမှုဒဏ်ကိုခုခံရင်း စွမ်းအားကြီးသောအကာအကွယ်တစ်ခုထုတ်လွှတ်ကာ ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်ဆီသို့ ဖြည်းဖြည်းချင်းချဥ်းကပ်သွားလေသည်။

သို့သော်အနက်ပိုင်းသို့ရောက်လေလေ အက်ကွဲကြောင်း၏ဖျက်ဆီးမှုစွမ်းရည်ကပိုမိုသန်မာလာလေဖြစ်သည်။သို့သော် သံမဏိဝက်ဝံဘုရင်မှာ ထိုစွမ်းရည်ကြောင့်အနှောင့်အယှက်ဖြစ်ပုံမပေါ်ပေ။ ထိုသတ္တဝါမှာတကယ့်ကို ဉာဏ်နီဉာဏ်နက်များလှပေသည်။ ချဉ်းကပ်သွားပြီးနောက် ၎င်းမှာပါးစပ်အားဟကာ ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်များအားစုပ်ယူလိုက်သည်။ ထို့နောက်လောဘမကြီးဘဲ တန်းကာပြန်လည်ဆုတ်ခွာလာခဲ့သည်။

"စုစုပေါင်း .....၅၀ မင်းငါ့ကိုစွမ်းအင်ဘားအခု ၉၀၀ပေးရမယ်"

သံမဏိဝက်ဝံဘုရင်၏တွက်ချက်မှုစွမ်းရည်မှာ အတော်လေးအထင်ကြီးစရာကောင်းလှပေသည်။

ကျိုးဟောင်မှာအချိန်မဖြုန်းတော့ဘဲ စွမ်းအင်ဘားအခု ၉၀၀အားတန်းထုတ်လိုက်သည်။ ဤပစ္စည်းများသည်အားလုံး တိုက်ရိုက်ထုတ်လွှင့်မှုမှရခဲ့ခြင်းဖြစ်သည်။ ယခုသူ့ထံတွင်ကံကြမ္မာအမှတ်အဆင့်မှာ "သခင်မ၏ကောင်းချီး" အဆင့်ထိရောက်နေပြီဖြစ်ရာ သူ့အတွက်ဤပစ္စည်းများရရန်မှာ ငှက်ပျောသီးအခွံနွှာရသလို လွယ်ကူပေသည်။

သို့သော် ဤရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်မှာ ကံကောင်းမှသာရနိုင်သောပစ္စည်းဖြစ်သည်။

ဝက်ဝံဘုရင်နှင့်ပစ္စည်းလဲလှယ်ပြီးနောက် ကျိုးဟောင်မှာ၎င်းအားအက်ကွဲကြောင်းထဲထပ်မံဝင်ရောက်ကာကျောက်များပိုယူလာစေချင်သော်ငြား သံမဏိဝက်ဝံဘုရင်မှာ တန်းငြင်းလိုက်ပေသည်။

"မရဘူး ငါအရမ်းလှုပ်ရှားလိုက်ရင် အက်ကွဲကြောင်းအနက်ပိုင်းကကောင်တွေလွယ်လွယ်သိသွားလိမ့်မယ် ငါမင်းကို ၅၀ အရင်ပေးထားမယ် မင်းဒီထက်ပိုလိုချင်ရင် လဝက်နေပြီးမှပြန်လာခဲ့ ဘယ်လိုလဲ"

သံမဏိအရိုးဝက်ဝံဘုရင်မှ ကျိုးဟောင်အားပြောလိုက်သည်။

ကျိုးဟောင်မှာထိုစကားအားကြားသောအခါ တခြားဘာမှထပ်မပြောတော့ပေ။ မည်သို့ပင်ဖြစ်စေ သူဤနေရာအားမှတ်မိပေသည်။

"ကောင်းပြီလေ အစ်ကိုဝက်ဝံ ကျွန်တော်အတော်လေးစိတ်ကျေနပ်ခဲ့ရပါတယ် ကျွန်တော်ခင်ဗျားကိုထပ်လာရှာပါ့မယ်"

"အပြောကောင်းတယ် အပြောကောင်းတယ် လူသားညီငယ်လေး မင်းကတကယ်ပြောပြီးသားစကားတည်တာပဲ နောက်ကိုမင်းလာရင် ငါတို့ဒီနှုန်းအတိုင်းပဲပစ္စည်းလဲကြမယ် ကျောက်တစ်ခုကိုစွမ်းအင်ဘား ၁၈ခုပဲ ငါသေချာပေါက်မင်းကိုမလိမ်ဘူး"

သံမဏိဝက်ဝံဘုရင်မှာ သူ့ရင်ဘတ်သူပုတ်ကာ ပျော်ပျော်ရွှင်ဖြင့်ပြောလိုက်သည်။

ကျိုးဟောင်မှာပြုံးလိုက်သည်။ ဤသံမဏိဝက်ဝံဘုရင်မှာအနည်းငယ်ဉာဏ်များသည်ဆိုသော်ငြား အတော်လေးရိုးသားသည်ဟုဆိုနိုင်ပေသည်။

ထို့နောက်ကျိုးဟောင်မှာထိုနေရာမှထွက်ခွာကာ လေ့ကျင့်ရေးစခန်းသို့ပြန်လာလိုက်သည်။

ဤအချိန်ကာလအတောအတွင်း လေ့ကျင့်ရေးမှာပို၍ပင်ပြင်းထန်လာလေသည်။ ရှုလင်၊ ကျန်းယိနှင့်အခြားလူများမှာ အားလုံးကြိုစားနေကြသည်။ သူတို့နှင့်ယှဉ်လိုက်လျှင် ကျိုးဟောင်မှာအနည်းငယ်ပျင်းရိနေသေးသည်။

"နင်ဘယ်သွားနေတာလဲ ခုတစ်လောနင်ပျောက်ပျောက်နေတာ ငါသတိထားမိတယ်"

ကျိုးဟောင်မှာ ဗီလာသို့ပြန်ရောက်ကာ စဖြစ်ကာ လှဲပြီးရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တုံးအားမစစ်ရသေးခင်မှာပင် ရှုလင်မှာဝရံတာမှဝင်ရောက်လာလေသည်။ သူမသည်ကျိုးဟောင်အားမြင်သောအခါ လက်နောက်ပစ်ကာ ကျိုးဟောင်အားမေးလိုက်သည်။

ယနေ့တွင်ရှုလင်သည်လေ့ကျင့်ရေးဝတ်စုံအားဝတ်ဆင်ထားသည်။ ထိုပုံစံအရဆိုပါက ခုမှလေ့ကျင့်ရေးပြီးဆုံးသွားပုံရသည်။ သူမကိုယ်တွင်ချွေးတို့ဖြင့်စိုနေပြီး အဝတ်ပင်မလဲရသေးပေ။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ပျိုမျစ်သောတက်ကြွမှုတို့ထုတ်လွှတ်နေပေရာ ကျိုးဟောင်မှာအာပင်ခြောက်လာလေသည်။

"ငါ့ဆရာကအမြဲတမ်းငါ့ကိုမုန့်လိုက်ကျွေးနေကျမလို့လေ"

ကျိုးဟောင်မှာမျက်တောင်ခတ်ကာပြောလိုက်သည်။ ဤအရာသည်သာကျိုးကြောင်းဆီလျော်သည့်တစ်ခုတည်းသောအကြောင်းပြချက်ဖြစ်သည်။

"သိပြီ....နောက်တစ်ခါနင်အပြင်သွားရင်ငါ့ကိုအရင်ပြောသွား"

ရှုလင်မှာ စကားအများကြီးမပြောပေ။

"ဟီးဟီး သိပါပြီအချစ်လေး"

ကျိုးဟောင်မှာပြုံးစိစိမျက်နှာဖြင့် ပြောလိုက်သည်။ သူ၏စကားကြောင့်ရှုလင်မှာရှက်သွားကာ ခြေထောက်ဖြင့်ကန်လေတော့သည်။

"ဘယ်သူကနင့်အချစ်လေးလဲ မဟုတ်တဲ့စကားတွေပြောမနေနဲ့"

ကျိုးဟောင်မှာရှုလင်၏တုံ့ပြန်မှုအားစိတ်မဆိုးပေ။ သူ၏အရည်ခွံမှာမြေကြီးပမာထူလှပေသည်။

ရှုလင်မှာမူအလွန်ရှက်နေလေသည်။ ကျိုးဟောင်၏ စကားအားကြားပြီးနောက် သူမသည်ချက်ချင်းပင်ရှက်သွားလေသည်။ သူမသည်ကျိုးဟောင်အားခပ်စူးစူးစိုက်ကြည့်ကာ ဗီလာမှထွက်လာခဲ့သည်။

သူမထွက်သွားသည်ကိုမြင်သောအခါ ကျိုးဟောင်မှာထပ်မစောင့်နိုင်တော့ဘဲ ရရှိလာသော ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်အားစစ်ဆေးတော့သည်။

ဤပစ္စည်းတွင် ရှားပါးအဆင့်စွမ်းအင်ဘားထက် စွမ်းအင်ပိုမိုပါဝင်ပြီး စုပ်ယူရန်လည်းပိုမိုအဆင်ပြေပေသည်။ ၎င်းမှာတကယ်ကိုပင် လူသားတို့အတွက်ရည်ရွယ်ကာထုတ်လုပ်ထားသကဲ့သို့ဖြစ်နေပေသည်။

"ဒါသာရှိရင် ငါ့အတွက်ကောင်းကင်ဘုံအဆင့်ကိုချိုးဖောက်ဖို့ကအများကြီးပိုလွယ်မှာပဲ"

ကျိုးဟောင်မှာ တိတ်တဆိတ်တွေးလိုက်သည်။ ကံမကောင်းစွာပင် ကျိုးဟောင်၏အတွေးအားသိသော မုရုံရွှင်းမှာအေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။

"မင်းက ကောင်းကင်ဘုံအဆင့်ကိုချိုးဖောက်ဖို့ကို အဲဒီလောက်လွယ်တယ်ထင်နေတာလား ဘာတွေတွေးနေတာလဲ ကလေးလေး"

"ဟမ် ဘယ်လို"

ကျိုးဟောင်မှာမနေနိုင်ဘဲမေးလိုက်မိသည်။

"ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်အတွက် ကောင်းကင်ဘုံအဆင့်ကိုချိုးဖောက်ဖို့ဆိုတာအရမ်းခက်တယ် ကြည့်လိုက်ရင်ဒီအဆင့်နှစ်ခုကြားခြေတစ်လှမ်းလောက်ပဲကွာတယ်လို့ထင်ရပေမဲ့ နှစ်ခုကြားကကွာခြားချက်က ကောင်းကင်နဲ့မြေကြီးလိုပဲ အရမ်းအလှမ်းဝေးပြီးမရောက်နိုင်ဘူး သူတို့တစ်ဘဝလုံးမှာဒီအဆင့်ကိုချိုးဖောက်ဖို့ကျရှုံးခဲ့တဲ့ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တွေ ဘယ်လောက်တောင်ရှိလဲသိလား ဒီရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်နည်းနည်းလေးနဲ့ မင်းကချိုးဖောက်နိုင်မယ်ထင်နေတာလား ဟာသပဲ"

"အဲဒီလိုသာဆိုရင် ကောင်းကင်ဘုံအဆင့်ပညာရှင်တွေ မှိုလိုပေါက်နေမှာပေါ့"

ကျိုးဟောင်မှာဤစည်းမျဉ်းအားအလိုအလျောက်ပင်နားလည်လိုက်သည်။ သို့သော် ကောင်းကင်ဘုံအဆင့်ကိုမည်သို့ချိုးဖောက်ရမလဲဆိုသည်ကိုတော့ သူမသိသေးပေ။ ထို့နောက်ကျိုးဟောင်မှာပြုံးကာမေးလိုက်သည်။

"စီနီယာ ကျွန်တော်ကောင်းကင်ဘုံအဆင့်ကိုဘယ်လိုချိုးဖောက်ရမလဲ"

မုရုံရွှင်းမှာမည်သည့်အရာကိုမှ ဖုံးကွယ်ထားခြင်းမရှိပေ။

"ပုံမှန်အားဖြင့်တော့ မင်းကိုယ်ထဲကသွေးအနှစ်သာရကိုစွမ်းအင်အနှစ်သာရအဖြစ်ပြောင်းလဲပြီး ပမာဏတစ်ခုအထိရောက်ပြီဆိုရင် မင်းကောင်းကင်ဘုံအဆင့်ကိုချိုးဖောက်လို့ရပြီ ဒါပေမဲ့ဒါကသီအိုရီသီးသန့်ပဲ ကောင်းကင် ဘုံ အဆင့်ပညာရှင်တစ်ယောက်ရဲ့ခန္ဓာကိုယ်က သာမန်လူတစ်ယောက်ရဲ့ခန္ဓာကိုယ်နဲ့မတူဘူးလို့ပြောလို့ရတယ် တကယ်လို့မင်းဒီအဆင့်ကိုချိုးဖောက်ချင်ရင် ဒီလိုပြင်းထန်တဲ့စွမ်းအင်ကိုလက်ခံနိုင်တဲ့ခန္ဓာကိုယ်ရှိဖို့လိုတယ်"

"တကယ်လို့မင်းကောင်းကင်ဘုံအဆင့်ကိုချိုးဖောက်ချင်ရုံပဲဆိုရင် ဒါဆိုတကယ်လို့မင်းကောင်းကင်ဘုံအဆင့်ကိုချိုးဖောက်နိုင်သွားရင်တောင် မင်းကအမှိုက်သာသာပဲရှိပြီး နောက်ကျမဆုံးနိုင်တဲ့ပြဿနာတွေပဲပေါ်လာလိမ့်မယ် အဲဒါကြောင့် အနာဂတ်အတွက် မင်းလုပ်ရမဲ့အရာက မင်းခန္ဓာကိုယ်ကိုပုံသွင်းဖို့ပဲ"

မုရုံရွှင်း၏စကားများမှာကျိုးဟောင်အားအတော်လေး အံ့ဩသွားစေသည်။ ကျိုးဟောင်အတွက် ယခုလိုစကားမျိုးကြားရခြင်းမှာ ယခုအကြိမ်သည်ပထမဆုံးအကြိမ်ဖြစ်သည်။

"ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကိုပုံသွင်းတာမှာ သွေး၊အရိုးနဲ့ ဝိဉာဉ်ခန္ဓာကိုယ်ကိုလေ့ကျင့်တာတွေပါဝင်တယ် အားလုံးကိုအလွန်အမင်းဖိနှိပ်ပြီး ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တုံးလိုဖြစ်အောင်ကျင့်ကြံရမယ် အဲဒီလိုမှသာအဲဒီလူကိုစစ်မှန်တဲ့ကောင်းကင်ဘုံအဆင့်ပညာရှင်လို့ခေါ်နိုင်တာ"

"သေစမ်း တကယ်ကြီးအဲဒီလောက်တောင်ခက်လား"

ကျိုးဟောင်မှာထိုစကားအားကြားသောအခါ ချက်ချင်းဆိုသလိုပင်အံ့ဩသွားရသည်။ သူ၏ခန္ဓာကိုယ်အားရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်အဖြစ်ပြောင်းလဲရန် မည်မျှလောက်အထိကြိုးစားရမည်နည်း။

...................................................................................

အခန်း(၃၂၆) ပြီးပါပြီ။

အခန်း (၃၂၇) : အနာခံမှအသာစံရမယ်

"မဟုတ်ရင်ရော မင်းကဘယ်လိုထင်လို့လဲ ကံကောင်းတာကမင်းရဲ့အုတ်မြစ်ကတခြားသာမန်လူတွေနဲ့မတူဘူး ဒီတော့ကျင့်ကြံဖို့ကမင်းအတွက်မခက်ခဲပါဘူး ဒါပေမဲ့ ကောင်းကင်ဘုံအဆင့်ကိုမရောက်ခင် ဒီအခြေအနေတွေကိုရောက်နေတာနဲ့ ကောင်းကင်ဘုံအဆင့်ရောက်ပြီးမှ ဒီအခြေအနေတွေကိုရောက်တာက လုံးဝကွာခြားတယ်ဆိုတာကို သိထားရမယ် နားလည်လား"

ကျိုးဟောင်မှာမုရုံရွှင်း၏စကားအားယုံကြည်ပေသည်။ မည်သို့ပင်ဖြစ်စေ တစ်ဖက်လူမှာ ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့်သူသည်ကျိုးဟောင်ထက်ပို၍အမြော်အမြင်ရှိပေသည်။

"စီနီယာ ကျွန်တော်ဘယ်လိုလုပ်သင့်လဲ"

ကျိုးဟောင်မှမေးလိုက်သည်။

"အရမ်းရိုးရှင်းတယ် မင်းခန္ဓာကိုယ်ကိုပုံသွင်းဖို့စွမ်းအင်အနှစ်သာရကိုသုံးပြီး စွမ်းအင်အနှစ်သာရကိုမင်းရဲ့သွေးကြောတွေ၊ ခြေလက်တွေ၊ အရိုးတွေနဲ့ သွေးထဲကိုပေါင်းစပ်ရမယ်"

ကျိုးဟောင်မှာခေါင်းညိတ်ပြလိုက်ပြီး အချိန်မဖြုန်းတော့ဘဲ ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်အား တန်းထုတ်ကာ သူ၏ခန္ဓာကိုယ်အားစတင်ပုံသွင်းတော့သည်။

သူသည်မုရုံရွှင်း၏နည်းလမ်းအတိုင်း စွမ်းအင်အနှစ်သာရအား သူ၏ခန္ဓာကိုယ်တွင်း ထည့်သွင်းလိုက်သည်။ သို့သော်စုပ်ယူခြင်းမပြုဘဲ သူ၏ခန္ဓာကိုယ်အားအဆက်မပြတ်တိုက်ခိုက်နေသော သန့်စင်သောစွမ်းအားအဖြစ်အသွင်ပြောင်းလိုက်သည်။ သူ၏ခန္ဓာကိုယ်မှာအဆက်မပြတ်ဆိုသလို ထပ်ခါတလဲလဲပျက်စီးလိုက်ကုသလိုက်ဖြစ်နေပြီး စွမ်းအင်အနှစ်သာရအား သူ၏ သွေးကြောများနှင့်ခြေလက်အျားထဲသို့ ပေါင်းစပ်နေပေသည်။

နားထောင်ရသည်မှာလွယ်သည်ဟုထင်ရသော်လည်း စမ်းကြည့်ပြီးနောက်ကျိုးဟောင်မှာသေတော့မလို့ပင်ခံစားနေရလေသည်။

ဤစွမ်းအင်အနှစ်သာရမှာ အတော်လေးစွမ်းအားကြီးပေသည်။ ၎င်းမှာသူ၏ခန္ဓာကိုယ်အားပုံသွင်းရန်ကိုယ်ထဲဝင်ရောက်သွားသည်နှင့် ကျိုးဟောင်မှာသွေးတစ်လုတ်အန်လိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် စကားလုံးဖြင့်ဖော်ပြ၍မရသောနာကျင်မှုတစ်ခုအားခံစားလိုက်ရသည်။ နာကျင်မှုမှာအရိုးထိစိမ့်ဝင်သွားသည်။ သူ၏အားကြီးသောစိတ်စွမ်းအားကြောင့်သာမဟုတ်ပါက ယခုအချိန်တွင်မေ့လဲနေလောက်ပြီဖြစ်သည်။

စွမ်းအင်အနှစ်သာရမှာသူ့ကိုယ်တွင်းဝင်သွားပြီးနောက်ပိုင်း သူ၏အရိုးများမှာတန်းကာကြေမွသွားသည်ကို ကျိုးဟောင်ရှင်းရှင်းလင်းလင်းခံစားနေ‌ရပေသည်။ ကိုယ်ထဲရှိနေရာအများစုမှာ ဤစွမ်းအင်အနှစ်သာရ ၏အားဖြည့်မှုဖြင့် ပျက်စီးပြီးမှတဖြည်းဖြည်းချင်းပြန်လည်ကောင်းမွန်လာသည်။

ဤဖြစ်စဉ်မှာအလွန်နာကျင်သော်ငြား မူလကရှိနေသောအရာများနှင့် သူဖန်တီးလိုက်သောအရိုးနှင့်အသွေးအသားအသစ်များမှာ လုံးဝမယှဉ်နိုင်ပေ။

အကယ်၍သူ၏မူလခန္ဓာကိုယ်မှာသစ်သားချောင်းတစ်ခုကဲ့သို့သန်မာသည်ဆိုပါက လက်ရှိခန္ဓာကိုယ်မှာသံချောင်းတစ်ခုလိုသန်မာသည်ဟု ပြောလို့ရပေသည်။

သို့သော် ပေးဆပ်လိုက်ရသည့်တန်ကြေးမှာ သူခက်ခက်ခဲခဲနှင့်လဲလှယ်ခဲ့ရသောရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တုံး ၅၀ မှာသုံးလို့ကုန်သွားပြီဖြစ်သည်။

နောက်ဆုံးကျန်သောရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တုံးမှာ ပြာအဖြစ်ပြောင်းသွားပြီးနောက် ကျိုးဟောင်မှာသက်ပြင်းချလိုက်သည်။ သူ၏ကိုယ်တွင်းရှိပြောင်းလဲမှုများအား ခံစားမိပြီး ကျိုးဟောင်မှာထိတ်လန့်သွားသည်။

သူသည်လက်သီးအားတင်းတင်းဆုပ်လိုက်ရာ သူ၏လက်သီးတစ်ချက်မှာအနည်းဆုံး ယခင်ကထက် ၂ဆမျှစွမ်းအားကြီးလာကြောင်း ရှင်းရှင်းလင်းလင်းခံစားမိပေသည်။

"ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲတစ်ကောင်ကို ချက်ချင်းသတ်ပစ်နိုင်သလိုမျိုးကိုခံစားနေရတယ်"

ကျိုးဟောင်မှာပြုံးကာပြောလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ကြိုးစားမှုအတွက်ဆုလာဘ်တစ်ခုကတော့ရှိမြဲပင်ဖြစ်သည်။

သို့သော် သူရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တုံးများထပ်မလဲလှယ်နိုင်ခင်အထိ နောက်ထပ်လဝက်စောင့်ရပေဦးမည်။ ထိုအချက်သည်သူ့အား အတော်လေးစိုးရိမ်စေပေသည်။

သို့သော်ကျိုးဟောင်မှာဂရုမစိုက်ပေ။ သူစိတ်ရှည်နိုင်ပါသည်။

ကျိုးဟောင်မှာကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်အားဖွင့်ပြီး လျှို့ဝှက်ဆန်းကြယ်သေတ္တာအားကြည့်ကာ သေတ္တာအနည်းငယ်လောက်ဖွင့်ကြည့်ရမလားဟုစဉ်းစားနေပေသည်။ သို့သော် သူ၏စာပို့ရာနေရာမှမီးလေးမှာဖျက်ခဲနဲလင်းလာပြီး နတ်မိမယ်ယွဲ့လင်မှစာပို့လိုက်ကြောင်းကိုမြင်လိုက်ရပေသည်။

"သခင်ကြီး ကျွန်မရဲ့ဒီနေ့တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ဖို့လာတာလား"

နောက်တွင်ပြုံးနေသောရုပ်ပြလေးလည်းပါပေသည်။

ကျိုးဟောင်မှာပြုံးကာနတ်မိမယ်ယွဲ့လင်၏တိုက်ရိုက်ထုတ်လွှင့်မှုအားတန်းဝင်လိုက်ကာ ရုတ်ရုတ်သဲသဲဖြစ်သွားစေလေသည်။

"သေစမ်း သခင်ကြီးရောက်လာပြီး @ငါကသာမန်လူတစ်ယောက်ပါပဲ"

"သခင်ကြီးကဒီနေ့အဆင့်တွေကိုအပိုင်သိမ်းဖို့ရောက်လာတာလား @ငါကသာမန်လူတစ်ယောက်ပါပဲ"

"နတ်မိမယ်ယွဲ့လင် သခင်ကြီးရောက်လာပြီလေ ဘာလို့စိတ်ရင်းကိုမပြလိုက်တာလဲ"

နတ်မိမယ်ယွဲ့လင်မှာ စကားပြောရာနေရာတွင်စာရိုက်လိုက်သည်။

"ကျွန်မရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကနေကြိုဆိုပါတယ်သခင်ကြီး @ငါကသာမန်လူတစ်ယောက်ပါပဲ"

နတ်မိမယ်ယွဲ့လင်၏တိုက်ရိုက်ထုတ်လွှင့်မှုမှာ နေ့စဉ်ထိန်းသိမ်းမှုများစွာလိုအပ်ကြောင်းကို ကျိုးဟောင်သိသောကြောင့် အချိန်ဖြုန်းမနေတော့ပေ။ သူသည်သန်း ဆယ်ချီရှိသောသူ၏ကံကြမ္မာအမှတ်များအားကြည့်ကာ စတင်ထုတ်လွှင့်တော့သည်။

"ဒင်.. ရှားပါးအဆင့်စွမ်းအင်ဘား ၁၀ ခုလက်ဆောင်ပေးပြီး ဆ ၂၀ တန်ဆုလာဘ်ရရှိသွားသည့်အတွက် "ငါကသာမန်လူတစ်ယောက်ပါပဲ" အားဂုဏ်ပြုပါသည်"

"ဒင်.. ရှားပါးအဆင့်စွမ်းအင်ဘား အခု၅၀ ခလက်ဆောင်ပေးပြီး ဆ ၅၀ တန်ဆုလာဘ်ရရှိသွားသည့်အတွက် "ငါကသာမန်လူတစ်ယောက်ပါပဲ" အားဂုဏ်ပြုပါသည်"

"ဒင်.. ရှားပါးအဆင့်စွမ်းအင်ဘား အခု ၃၀ လက်ဆောင်ပေးပြီး ၁၀ ဆတန်ဆုလာဘ်ရရှိသွားသည့်အတွက် "ငါကသာမန်လူတစ်ယောက်ပါပဲ" အားဂုဏ်ပြုပါသည်"

.....

ကျိုးဟောင်မှာတစ်ချက်တည်းဖြင့် ရှားပါးအဆင့်စွမ်းအင်ဘား အခု ၂၀၀ လက်ဆောင်ပေးကာ တကယ်ကြီးရှားပါးအဆင့်စွမ်းအင်ဘား အခု ၅ထောင်ရလိုက်လေသည်။

ထိုရရှိနှုန်းဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုမှာ ချက်ချင်းပင်စည်ကားသွားသည်။

"သေစမ်း ဒူးထောက်ပါတယ် @ငါကသာမန်လူတစ်ယောက်ပါပဲ"

"သခင်ကြီးကတော့သခင်ကြီးပါပဲ @ငါကသာမန်လူတစ်ယောက်ပါပဲ"

"သခင်ကြီးက လေးစားစရာကောင်းတယ်လို့ကြားဖူးနေတာကြာပြီ ဒီနေ့တွေ့လိုက်ရတာ တကယ်ပဲလေးစားမိပါတယ် @ငါကသာမန်လူတစ်ယောက်ပါပဲ"

ခေတ္တမျှကြာပြီး နတ်မိမယ်ယွဲ့လင်၏တိုက်ရိုက်လွှင့်မှုမှ မြှောက်ဆမြင့်သောဆုလာဘ်များအားကျိုးဟောင်ရရှိပြီးနောက် နတ်မိမယ်ယွဲ့လင်၏တိုက်ရိုက်လွှင့်မှုရှိလူအရေအတွက်မှာလည်းတိုးလာသည်။ အများစုမှာနတ်မိမယ်ယွဲ့လင်အတွက်ရောက်လာကြခြင်းဖြစ်သည်။

သို့သော် ကျိုးဟောင်အားစောင့်ကြည့်ရန်လာသောလူတစ်ချို့လည်းရှိပေသည်။

ဤသို့ဖြင့် နတ်မိမယ်ယွဲ့လင်၏အဆင့်မှာလည်း ၇သောင်းအားကျော်ကာ ၆သောင်းအထိဝင်ရောက်သွားသည်။

ဤအချက်သည်နတ်မိမယ်ယွဲ့လင်အားအလွန်ပျော်ရွှင်စေပြီး တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိအသုံးပြုသူများမှာလည်းစတင်လှုပ်ရှားလာကြသည်။

"နတ်မိမယ်ယွဲ့လင် သခင်ကြီးကအရမ်းအံ့ဩစရာကောင်းတာကို သူ့ကိုအကျိုးအမြတ်တစ်ချို့မပေးဘူးလား"

"ဟုတ်တယ်နတ်မိမယ်ယွဲ့လင် သခင်ကြီးအတွက်ကပြချင်တယ်လို့ပြောခဲ့တယ်မဟုတ်ဘူးလား ဒီနေ့ကပြမှာလား"

"ကပြပါ.... ကပြပါ...သခင်ကြီးကျေးဇူးနဲ့ နတ်မိမယ်ယွဲ့လင်ကတာကိုမြင်ရတော့မယ်"

နတ်မိမယ်ယွဲ့လင်သည်လည်း စကားပြောရာနေရာတွင်စာရိုက်နေပေသည်။

"@ငါကသာမန်လူတစ်ယောက်ပါပဲ သခင်ကြီး ကြည့်ချင်လား"

ကျိုးဟောင်မှပြုံးကာပြန်ဖြေလိုက်သည်။

"ကူပွန်စစ်ရဦးမယ် ပြီးတော့တခြားလုပ်စရာလေးလည်းရှိသေးလို့ အရင်ထွက်နှင့်တော့မယ်"

"သေစမ်း သခင်ကြီးကတကယ်ကိုသာမန်ထက်ထူးဆန်းတာပဲ သူကတိုက်ရိုက်ထုတ်လွှင့်မှုကိုအုတ်အော် သောင်းနင်းဖြစ်အောင်လုပ်ပြီးထွက်သွားတယ် အပူအပင်မရှိလိုက်တာ @ငါကသာမန်လူတစ်ယောက်ပါပဲ"

"ဒါကမှသခင်ကြီးပဲ မြင်ကြလား မင်းတို့အရှုံးသမားတစ်သိုက်က တိုက်ရိုက်ထုတ်လွှင့်သူတွေကို ဟိုဟာလုပ်‌ဒီဟာလုပ်ဆိုပြီးခိုင်းလို့ရအောင် စွမ်းအင်ဘားတွေပေးနေကြတာ ဒီသခင်ကြီးကိုကြည့်စမ်း ဒါကမှစံပြပုဂ္ဂိုလ်လို့ခေါ်ထိုက်တဲ့လူ @ငါကသာမန်လူတစ်ယောက်ပါပဲ....."

ဤလူတစ်စုမှာသူ့အားကပ်ဖားရပ်ဖားလုပ်နေကြခြင်းပင်။ ကျိုးဟောင်သည်ပြုံးရုံပြုံးကာတိုက်ရိုက်ထုတ်လွှင့်မှုမှထွက်လာခဲ့သည်။

သူထွက်လိုက်သည်နှင့် နတ်မိမယ်ယွဲ့လင်ထံမှစာတစ်စောင်ဝင်လာခဲ့ပေသည်။

....................................................................................

အခန်း(၃၂၇) ပြီးပါပြီ။

All Chapters