← Chapters

အခန်း (၃၃၄-၃၃၆)

Vol. 23 Ch. 334-336

အခန်း (၃၃၄-၃၃၆)

Vol. 23 Ch. 334-336

အခန်း (၃၃၄) : ကြောက်ပေမဲ့နောင်တမရဘူး

သူသည်ဓားဘုရင်ချင်အား‌ဆုံးဖြတ်ချက်ပြတ်သားသောအကြည့်ဖြင့်မော့ကြည့်ကာ အေးဆေးစွာပင်ပြန်ဖြေလိုက်သည်။

"ကျွန်တော်ကြောက်တယ် ဒါပေမဲ့နောင်တမရဘူး"

ဤစကားများတွင်အဆုံးမရှိသောစွမ်းအားများပါဝင်နေပေရာ ဓားဘုရင်ချင်ကိုပင်အတော်လေး လေးစားသွားစေလေသည်။

သူသည်အထွတ်အထိပ်အဆင့်ရောက်နေသော လူသားမျိုးနွယ်စစ်သည်တစ်ယောက်ဖြစ်သော်ငြား လက်ရှိအချိန်တွင်ကျိုးဟောင်အား လေးစားမိပေသည်။

မျိုးနွယ်ခြားများစွာနှင့်ရင်ဆိုင်ရချိန်တွင် ဓားဘုရင်ချင်ပင်ကြောက်ရွံ့ပေသည်။

သို့သော် ကျိုးဟောင်မှာတော့နောင်တမရပေ။

ဓားဘုရင်ချင်မှာ ယခုလိုစိတ်ထားမျိုးနှင့်သတ္တိအားတကယ်လေးစားပေသည်။

ဤလူမှာသာမန်ထက်ထူးကဲပြီး သေချာပေါက်အမြင့်ဆုံးအခြေအနေအထိရောက်နိုင်ပေသည်။

ဓားဘုရင်ချင်မှာကျိုးဟောင်အားကြည့်ကာ ဤသို့သာတွေးမိလိုက်တော့သည်။

"ဒီကလေးရဲ့အနာဂတ်အောင်မြင်မှုတွေက သေချာပေါက်ငါ့ထက်မြင့်မှာပဲ သူကလူသားမျိုးနွယ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေတာ တော်ပါသေးရဲ့.."

ဓားဘုရင်ချင်မှာအကြည့်လွှဲလိုက်သော်လည်း မျက်လုံးထဲတွင်တော့တိုက်ခိုက်ရေးစိတ်ဓာတ်တို့ဖြင့်ပြည့်နေပေသည်။ ထို့နောက်သူသည်ဓားအားတန်းကာဆွဲထုတ်လိုက်သည်။

သူတို့နှစ်ယောက်သည်စကားအများကြီးပြောခဲ့သောငြား စက္ကန့်ပိုင်းမျှသာကြာပေသည်။ ညနတ်ဘုရားမှာ မူလကဓားဘုရင်ချင်မှာကြောက်ရွံ့ကာ ဤကိစ္စအားကျော်သွားမည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဓားဘုရင်ချင်မှာတကယ်ကြီးဓားကိုထုတ်ကာ သူ့အားချိန်လာမည်ဟုမထင်ထားခဲ့ပေ။

"ငါညနတ်ဘုရားတော်ဝင်မျိုးနွယ်ရဲ့နည်းလမ်းတွေက အရမ်းစက်ဆုပ်စရာကောင်းတယ်ဆိုတာကို သိနေတာကြာလှပြီ ငါချင်ဖုပိုင် ဒီနေ့စမ်းကြည့်ချင်သေးတယ်"

အပြောနှင့်အတူ ဓားဘုရင်ချင်မှာညနတ်ဘုရားထံပြေးဝင်လာလေသည်။

"ဓားဘုရင်ချင် ခင်ဗျားဘာလုပ်နေလဲဆိုတာသိလား"

ညနတ်ဘုရားမှာချက်ချင်းဆိုသလိုပင်ထိတ်လန့်သွားပြီး သူ၏အမူအရာမှာ သိသိသာသာပြောင်းလဲသွားပေသည်။ သွေးအနှစ်သာရမှာလည်း ကောင်းကင်တွင်ပေါ်လာလေသည်။ ၎င်းသည် မျိုးနွယ်ခြားတော်ဝင်မျိုးနွယ်၏သွေးမျိုးဆက်ရှိပေရာ ယခုသူ၏ကျင့်ကြံမှုအားအသက်သွင်းလိုက်သည့်အချိန်တွင် အဠမမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်၏ ထိတ်လန့်ဖွယ်ရာစွမ်းအားမှာ အရပ်မျက်နှာအနှံ့ပျံ့နှံ့လာပေသည်။

သို့သော် ဓားဘုရင်ချင်၏အစိမ်းရောင်ဓားမှာလည်း စိုးစဉ်းမျှမရပ်တန့်သွားခဲ့ပေ။ ရှည်လျားသောဓားသွားမှာ ရွှစ်ဟုသောအသံတစ်ချက်ဖြင့် ဖျက်ဆီးနိုင်သောစွမ်းအားမျိုးဖြင့်ချဉ်းကပ်သွားပေသည်။

ဓားဘုရင်ချင်တို့နှစ်ယောက်၏တိုက်ခိုက်မှုကြောင့် လေထဲတွင်တဝုန်းဝုန်းဖြင့် အဆက်မပြတ်တုန်ခါနေပေသည်။

အောက်ဘက်ရှိမျိုးနွယ်ခြားနှင့် လူသားကျင့်ကြံသူများသည်လည်း အော်ဟစ်ကာပြေးဝင်လာခဲ့ကြပေသည်။

ကျိုးဟောင်မှာတော့ တိုက်ခိုက်ရေးစွမ်းအားဆုံးရှုံးသွားပြီဖြစ်သောကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲ ၃ ကောင်အားကြည့်နေပေသည်။ ထို့နောက်သူသည်လက်ထဲရှိလှံတံအားမြှောက်လိုက်လေရာ ကောင်းကင်မှလျှပ်စီးကြောင်းများကျရောက်လာခဲ့ပေသည်။

စွမ်းအင်အနှစ်သာရဖြင့်ခန္ဓာကိုယ်ကိုပုံသွင်းပြီးနောက် ကျိုးဟောင်၏တိုက်ခိုက်ရေးစွမ်းအားမှာ ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်နီးပါးရှိနေပြီဖြစ်သည်။ အကယ်၍ကောင်းကင်ဘုံအဆင့်သို့မရောက်လျှင်ပင် သူ၏စွမ်းအားမှာ ပြိုင်ဘက်ကင်းပေသည်။

ထို့အပြင်ဤကြီးမားသောသားရဲ ၃ကောင်ထံတွင် ပြန်လည်တိုက်ခိုက်ရန်ခွန်အားမရှိတော့ပေ။

ကျိုးဟောင်တိုက်ခိုက်လိုက်သည်ကိုမြင်သောအခါညနတ်ဘုရား၏အမူအရာမှာ ချက်ချင်းပင်ပြောင်းလဲသွားကာ ဒေါသတကြီးအော်ဟစ်လာလေသည်။

"ရွံစရာကောင်းတဲ့လူသား အတင့်ရဲလိုက်တာ"

ကျိုးဟောင်မှာညနတ်ဘုရား၏စကားအားလျစ်လျူရှုကာ နှာခေါင်းရှုံ့လိုက်သည်။

"ကျုပ်မလုပ်ရဲတာဘာမှမရှိဘူး"

လှံတံမှာမြောက်တက်သွားပြီး ကောင်းကင်တွင်လျှပ်စီးကြောင်းများဖြင့်ပြည့်နှက်သွားပေသည်။

ထို့နောက်သက်ရှိအားလုံးအားပျက်သုဥ်း‌စေနိုင်သောစွမ်းအားဖြင့် လှံတံမှာပြန်လည်ကျရောက်လာခဲ့သည်။

တိုက်ခိုက်ရေးစွမ်းအားဆုံးရှုံးသွားပြီဖြစ်သော မျိုးနွယ်ခြားသားရဲ ၃ကောင်မှာ ချက်ချင်းပင်ပြာများအဖြစ်ပြောင်းလဲသွားကာ ပြန်လည်ပင်မဝင်စားနိုင်တော့ပေ။

ကျိုးဟောင်၏ကံကြမ္မာအမှတ်များမှာချက်ချင်းပင်ထိုးတက်သွားပြီး သန်း ၁၀၀ကျော်သွားသည်။

ထိုမြင်ကွင်းအားမြင်သောအခါ ညနတ်ဘုရား၏မျက်လုံးများမှာပြူးကျယ်သွားခဲ့သည်။ ဤလူသားအုပ်စုတိုက်ခိုက်ရဲမည်ဟုသူတကယ်မထင်ထားခဲ့ပေ။

သို့သော် သူ့ဒေါသမပြေသေးခင်မှာပင်ကျိုးဟောင်၏ပုံရိပ်မှာအခြားကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲများ၏ရှေ့တွင်ပေါ်လာခဲ့ပေသည်။

"ညနတ်ဘုရားတကယ်လို့ခင်ဗျားသာ ဒီနေ့မှာအပစ်အခတ်ရပ်စဲပြီး ၁၃ခုမြောက်အက်ကွဲကြောင်းကိုထပ်မကျူးကျော်ဖို့သဘောမတူရင် အဲဒီကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲတွေ သေချာပေါက်သေရမယ် တကယ်လို့သူတို့သာသေသွားရင် ခင်ဗျားပြန်ရှင်းပြဖို့်ခက်မှာပဲ ဟုတ်တယ်မလား"

ဓားဘုရင်ချင်မှာကျယ်လောင်စွာရယ်မောလိုက်ပြီး အတော်လေးလွတ်လပ်နေပေသည်။ သူသည်ညနတ်ဘုရားအားထိန်းထားရုံသာဖြစ်ကာ အသက်စွန့်မတိုက်သော်လည်း ကျိုးဟောင်၏ရက်စက်မှုကိုမြင်သောအခါ သူ၏သွေးများမှာဆူပွက်လာလေသည်။

အောက်ရှိလူသားကျင့်ကြံသူများမှာလည်းသတိဝင်လာကြကာ အော်ဟစ်လာကြသည်။

"ဥက္ကဌကျိုးကစွမ်းအားကြီးတယ် သူတို့ကို ၁၃ခုမြောက်အက်ကွဲကြောင်းရဲ့အပြင်ကိုမောင်းထုတ်လိုက်ပါ"

"ဟုတ်တယ် သူတို့သဘောမတူရင် အားလုံးကိုသတ်ပစ်"

"ဥက္ကဌကျိုးကအရမ်းစွမ်းအားကြီးတယ် ညီအစ်ကိုတို့သတ်ကြ"

လူသားစစ်သည်အားလုံး၏သွေးအနှစ်သာရများမှာ ဆူပွက်လာခဲ့သည်။ တစ်ဖက်တွင် မျိုးနွယ်ခြားများမှာရောက်ရာနေရာမှာပင်ရပ်တန့်နေကြသည်။ သူတို့မူလကထင်ခဲ့သည်မှာ ညနတ်ဘုရားမှာ သူတို့အနိုင်ရရန်ကူညီပေးနိုင်မည်ဟုထင်ခဲ့ကြခြင်းဖြစ်သည်။

သို့သော် သူပေါ်လာပြီးနောက်ပိုင်းတွင်လည်း ရလဒ်မှာအတူတူပင်ဖြစ်လိမ့်မည်ဟု မည်သူမျှမမျှော်လင့်ထားပေ။ သူသည်ချက်ချင်းပင်တိုက်ခိုက်ရေးစိတ်ဓာတ်ပျောက်ဆုံးသွားခဲ့ပြီး မျိုးနွယ်ခြားစစ်သည်များမှာ ပြန်လည်ဆုတ်ခွာကာအက်ကွဲကြောင်းထဲသို့ပြန်ဝင်ပြေးရန်ပင်စီစဉ်နေကြပြီဖြစ်သည်။

အထူးသဖြင့် ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲများဖြစ်ကြသည်။ သူတို့၏ဉာဏ်ရည်မှာမနိမ့်ကြပေရာ ယနေ့တွင်မည်သို့ပင်ဖြစ်စေ သူတို့ရှုံးမည်ဆိုသည်အားသိကြပေသည်။ ဤအတွက်ကြောင့်နှင့် ဘာကြောင့်များအသက်စွန့်ရမည်နည်း။

သို့သော် ကျိုးဟောင်မှာသူတို့အားဤမျှလောက်ဖြင့် အလွယ်တကူလွှတ်မပေးပေ။

ကျိုးဟောင်မှာရွှေကျီးလွတ်မြောက်ရေးသိုင်းအားသုံးလိုက်သည်။ သူ့လက်ထဲရှိလှံတံမှ အလင်းတန်းများစွာလည်းထွက်ပေါ်လာခဲ့သည်။ ကျိုးဟောင်တိုက်ခိုက်သည်နှင့် မြောက်မြားစွာသောအလင်းစွမ်းအားများမှာလေထဲတွင်ထွက်ပေါ်လာခဲ့သည်။

ကျိုးဟောင်မှာဤနေရာတွင်ပြိုင်ဘက်မရှိပေ။ ထို့ကြောင့်မျိုးနွယ်ခြားများမှာကြောက်ရွံ့နေကြပေသည်။ ထိုထဲတွင်သူတို့တင်သာမက ညနတ်ဘုရားပါပါဝင်ပေသည်။

ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲ ၃ကောင် ၏သေဆုံးမှုပင် သူ့အတွက်အရှက်ရစရာကိစ္စဖြစ်နေပြီဖြစ်ပြီး အခြားမျိုးနွယ်ခြားများ‌၏‌ရှေ့တွင်ရှင်းပြရန်မလွယ်ပေ။

အကယ်၍ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲများ ထပ်မံသေဆုံးပါက တကယ်ပင်အဆုံးသတ်ပြီဖြစ်သည်။

ညနတ်ဘုရားမှာအံကြိတ်ကာကြုံးဝါးလိုက်သည်။

"ဓားဘုရင်ချင် ကျုပ် ၁၃ခုမြောက်အက်ကွဲကြောင်းကို ဘယ်တော့မှထပ်မကျူးကျော်ဖို့သဘောတူတယ် မြန်မြန်ခင်ဗျားလူတွေကိုရပ်ခိုင်းလိုက် မဟုတ်ရင်ဒီနေ့ကျုပ်သေရရင်တောင် ကျုပ်ခင်ဗျားကိုဒဏ်ရာအပြင်းအထန်ရအောင်တော့လုပ်သွားမှာပဲ"

ညနတ်ဘုရားမှအပေးအယူလုပ်လိုက်သည်။

ညနတ်ဘုရားမှာကြောက်ရွံ့နေခဲ့ပေသည်။ သူ့ဘဝတွက်ပထမဆုံးအကြိမ်အဖြစ် တကယ်ပင်အကြောက်တရားအားခံစားမိခြင်းဖြစ်သည်။

ဤ‌စာမဖွဲ့လောက်သော ကောင်းကင်ဘုံအဆင့်တစ်ဝက်လူသားကောင်စုတ်ကလေးမှာ တကယ်ကိုပင်အလွန်ရက်စက်ပြီး စည်းမျဉ်းအတိုင်းမလုပ်ဆောင်ပေ။ တကယ်ကိုမမျှော်လင့်ထားစရာပင်။

ထို့ကြောင့်အကျိုးအပြစ်အားချင့်ချိန်ပြီးနောက် သူအပေးအယူလုပ်ရုံသာတတ်နိုင်ပေသည်။

ဓားဘုရင်ချင်မှာထိုစကားအားကြားသောအခါ သူ၏ဓားအားတန်းကာသိမ်းလိုက်သလို ကျိုးဟောင်သည်လည်းလက်ထဲမှလှံတံအားသိမ်းလိုက်ပေသည်။

သူတို့ယနေ့တွင် သူတို့လိုချင်သည့်ပန်းတိုင်အားရရှိသွားပြီဖြစ်ပြီး တရားလွန်လုပ်၍မရပေ။

အကယ်၍ကျိုးဟောင်သာ ဤကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲများအားထပ်သတ်ပါက သူသည်တကယ်ရိုင်းစိုင်းသည့်လူဖြစ်သွားမည်ဖြစ်ပြီး လူသားမျိုးနွယ်အတွက်ဒုက္ခရောက်စေမည်ဖြစ်သည်။

သို့သော်ယခုအချိန်တွင် ၃ကောင်သာသေသွားခြင်းဖြစ်ပေရာ ဤမျှသည်မျိုးနွယ်ခြားများအတွက်လက်ခံနိုင်လောက်စရာပမာဏဖြစ်ပေသည်။

"ကျုပ်ဒါကိုမှတ်ထားလိုက်ပြီ.....ဓားဘုရင်ချင် ပြီးတော့မင်း လူသားမျိုးနွယ်ကောင်စုတ်လေး ငါမင်းကိုမှတ်ထားလိုက်မယ် ဥက္ကဌကျိုးဟုတ်တယ်မလား ငါအနှေးနဲ့အမြန် မင်းခေါင်းကိုအစိတ်စိတ်ဖြစ်အောင် ချေမွပစ်မယ်"

ညနတ်ဘုရားမှာ၍ဒေါသဖြစ်လွန်း၍တုန်ယင်နေပေသည်။ ထို့နောက်စစ်သည်များအားထားခဲ့ပြီး အက်ကွဲကြောင်းအားဖွင့်ကာဆင်းသွားလေတော့သည်။ မူလက ၁၃ခုမြောက်အက်ကွဲကြောင်းထဲတွင်ရှိနေသောမျိုးနွယ်ခြားများမှာလည်း ပြန်ဆုတ်ခွာသွားကာ မဝင်လာရဲတော့ပေ။

"ငါတို့...ငါတို့နိုင်ပြီ"

"ငါတို့နိုင်ပြီ ဓားဘုရင်ချင်ကပြိုင်ဘက်ကင်းပဲ ဥက္ကဌကျိုးကပြိုင်ဘက်ကင်းပဲဟေ့"

လူသားများမှာပျော်ရွှင်နေကြကာ သူတို့၏အော်ဟစ်နေသံများမှာ ကောင်းကင်ကိုပင်တုန်ခါစေလေသည်။

အဝေးတွင်ရှိနေသော ကျူးဇောင်၊ လင်ရှုယင်နှင့် အခြားကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်များမှာ ယခုမှသာသက်ပြင်းချနိုင်တော့သည်။ မျိုးနွယ်ခြားများပြန်လည်ဆုတ်ခွာသွားသည်ကိုကြည့်ခြင်းဖြင့် ယနေ့အန္တရာယ်မှာဖြေရှင်းလိုက်နိုင်ပြီဖြစ်သည်။

ထို့အပြင် ညနတ်ဘုရားမှာလည်း၁၃ခုမြောက်အက်ကွဲကြောင်းအားထပ်မံမကျူးကျော်ရန်သဘောတူခဲ့ပြီးပြီဖြစ်သည်။ ဤကိစ္စသည် လူသားမျိုးနွယ်အတွက် သတင်းကောင်းကြီးတစ်ခုဖြစ်သည်မှာ ဧကန်ပင်ဖြစ်သည်။

အက်ကွဲကြောင်းတစ်ခုရှိတိုက်ပွဲလျော့သွားသည်နှင့် လူသားမျိုးနွယ်အပေါ်ဖိအားမှာထပ်မံလျော့ကျသွားပြီဖြစ်သည်။

....................................................................................

အခန်း(၃၃၄) ပြီးပါပြီ။

အခန်း (၃၃၅) : လူများအားခွေးသတ်သလို သတ်ဖြတ်ခြင်း

"မဆိုးဘူးပဲ ဥက္ကဌကျိုး ငါကလူသားမျိုးနွယ်ကိုယ်စားမင်းကိုကျေးဇူးတင်ပါတယ် ငါအခုသွားရတော့မယ် ဒီတော့မင်းနဲ့စကားထပ်မပြောနိုင်တော့ဘူး နောက်ကျရင် ငါတို့တွေ့တဲ့အခါ ငါသေချာပေါက်မင်းအတွက်တစ်ခွက်မြှောက်ပြီးဂုဏ်ပြုပေးမယ်"

ဓားဘုရင်ချင်မှာကျိုးဟောင်အားကြည့်ကာအလွန်ပျော်ရွှင်နေဟန်ဖြင့်ပြောလိုက်သည်။ ထို့နောက်သူ၏ ခန္ဓာကိုယ်မှာ‌ရွေ့လျားသွားပြီး တန်းကာထွက်ခွာသွားတော့သည်။

ကျူးဇောင်မှာလည်းထိုအချိန်တွင်အပြေးအလွှားရောက်လာကာ ကျိုးဟောင်အားမြင်လိုက်သည့်အချိန်တွင်ရယ်မောလာလေသည်။

"ဥက္ကဌကျိုး မင်းကတကယ်လူသားမျိုးနွယ်ကိုအများကြီးကူညီပေးခဲ့တာပဲ မျိုးနွယ်ခြားတွေက ၁၃ခုမြောက်အက်ကွဲကြောင်းကိုမကျူးကျော်ဖို့သဘောတူလိုက်ပြီ ဒါကငါတို့လူသားမျိုးနွယ်အတွက်သတင်းကောင်းပဲ"

"ဒီအမှတ်တွေက မင်းအပိုင်ပဲ"

ကျူးဇောင်မှာအလွန်ပျော်ရွှင်နေပေသည်။ လင်ရှုယင် ၏လှပသောမျက်လုံးများတွင်လည်း လေးစားမှုများဖြင့်ပြည့်နေပေသည်။

ကျိုးဟောင်မှပြုံးကာပြောလိုက်သည်။

"ကောင်းကင်ဘုံဘုရင်ကျူး အားနာလွန်းနေပါပြီ"

"ဥက္ကဌကျိူး မင်းကြောင့်သာမဟုတ်ရင် ၁၃ခုမြောက်အက်ကွဲကြောင်းကအန္တရာယ်များတော့မှာ"

ကောင်းကင်ဘုံဘုရင်ကျူးမှာ ကျိုးဟောင်အားမြှောက်ပင့်ပြောနေခြင်းမဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ကျိုးဟောင်၏လုပ်ဆောင်ချက်အား အားလုံးမြင်တွေ့ခဲ့ကြရပေသည်။

ကျိုးဟောင် ကောင်းကင်ဘုံအဆင့်သားရဲ ၃ကောင်အားသတ်ခဲ့၍မဟုတ်ပါက ဤအကြပ်အတည်းအားကျော်လွှားရန်မှာမဖြစ်နိုင်ပေ။

သို့သော်ကျိုးဟောင်မှာခေါင်းယမ်းပြကာပြောလိုက်သည်။

"ကောင်းကင်ဘုံဘုရင်ကျူး အဲဒီလိုမပြောပါနဲ့ ဘယ်ဟာမဆိုတစ်ယောက်တည်းလုပ်ရင်ပြီးဖို့ခက်တာပဲ ဟိုးအရင်ကတည်းက အားလုံးကအကြောင်းရှိလို့အကျိုးဖြစ်တာ စစ်သားတွေကြောင့်သာမဟုတ်ရင် ကျွန်တော်ကထည့်ပြောဖို့တောင်မတန်ပါဘူး ပြီးတော့တကယ်လို့ဒီနေ့ ဓားဘုရင်ချင်သာပေါ်မလာခဲ့ရင် ကျွန်တော်လည်းခေါင်းဖြတ်ခံနေရလောက်ပြီ အဲဒါကြောင့်ကောင်းကင်ဘုံဘုရင်ကျူး အမှတ်အားလုံး ကျွန်တော့်ကိုပေးမနေပါနဲ့"

ကျိုးဟောင်မှပြုံးကာပြောလိုက်သည်။ သူ့စကားဆုံးသည်နှင့် အားလုံးမှာသူ့အားလေး‌စားလာကြပေသည်။

ဤပုဂ္ဂိုလ်သည်တကယ်ကို စစ်မှန်သောပညာရှင်တစ်ယောက်ဖြစ်ပေသည်။

သူသည်တိုက်ပွဲထဲသို့ဦးစွာဝင်ရောက်သွားသူဖြစ်ကာ သေရမှာလည်းမကြောက်ကြောင်းအားလုံးသိကြပေသည်။

တိုက်ပွဲပြီးနောက် သူသည်အလွန်နှိမ့်ချကာ စိတ်ထားမြင့်လှပေသည်။ ထိုကဲ့သို့သောပညာရှင်တစ်ယောက်အားမလေးစားဘဲ မည်သို့နေနိုင်မည်နည်း။

ထိုသို့ပြောပြီးနောက် ကျိုးဟောင်မှာဖြေရှင်းစရာကိစ္စများရှိနေသေးသဖြင့် ထွက်မသွားခဲ့ပေ။

"ကောင်းကင်ဘုံဘုရင်ကျူး ကျွန်တော်ခုနက ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲ ၃ကောင်ကိုသတ်ပြီး ညနတ်ဘုရားကို ၁၃ခုမြောက်အက်ကွဲကြောင်းထဲမဝင်ဖို့ အတင်းဖိအားပေးဖို့စီနီယာဓားဘုရင်ချင်နဲ့ဆွေးနွေးခဲ့တယ်ဆိုပေမဲ့ မျိုးနွယ်ခြားတွေသူတို့၏စကားမတည်မှာကိုစိုးရိမ်မိတယ် ဒါကိုဖြေရှင်းနိုင်မဲ့နည်းလမ်းရှိလား"

ကျိုးဟောင်မှာယခုအချိန်အထိအလွန်စိုးရိမ်နေဆဲဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ညနတ်ဘုရားမှာသဘောတူညီချက်အားချိုးဖောက်ကာ သူ့အားတိုက်ခိုက်ခဲ့ပေသည်။ အကယ်၍သူသာသဘောတူညီချက်အားတစ်ကြိမ်ချိုးဖောက်ဖူးပါက ဒုတအကြိမ်စကားမတည်တာမျိုးလည်းဖြစ်နိုင်ပေသည်။

မျိုးနွယ်ခြားများမှာ စည်းမျဉ်းအတိုင်းမသွားဘဲ ပင်ကိုစရိုက်ကိုကရက်စက်ကြပေသည်။ သူတို့စည်းမျဉ်းအားလိုက်နာရန်မှာ မလွယ်ကူလောက်ပေ။

ကောင်းကင်ဘုံဘုရင်ကျူးမှာ ထိုစကားအားကြားသောအခါ ပြုံးလိုက်သည်။

"ဥက္ကဌကျိုး မင်းဒီကိစ္စကိုစိတ်ပူစရာမလိုပါဘူး ရှေ့တန်း‌ဆီအကြောင်းကြားပြီးပြီ"

ကျူးဇောင်မှာပြောရင်းပင် ကျိုးဟောင်နှင့်အခြားလူများအား အခြေစိုက်စခန်းသို့ပြန်လည်ခေါ်ဆောင်လာခဲ့သည်။ သူသည်ကျိုးဟောင်အားရုံးခန်းထဲခေါ်ကာ ရှေ့တန်းတိုက်ပွဲအစီရင်ခံစာတင်ရန် စာပို့ရာနေရာအားတန်းဖွင့်လိုက်လေသည်။

ကျိုးဟောင်မှာစစ်ပွဲအစီရင်ခံစာအားကြည့်ကာ သူ၏အမူအရာမှာချက်ချင်းပင်ပီတိဖြစ်သွားပေသည်။

"၁၃ ခုမြောက်အက်ကွဲကြောင်းက ငါတို့လူသားတွေအတွက်ဖိအားတစ်ချို့ရှိတယ်ဆိုပေမဲ့ ငါတို့လူသားတွေကလွယ်လွယ်နိုင်လို့ရတယ်လို့မဆိုလိုဘူး ဒီနေ့ကိစ္စကအခုမှအပြီးသတ်သွားခါစပဲရှိသေးတယ် ရှေ့တန်းကကောင်းကင်ဘုံအဆင့်ပညာရှင်တွေက ၁၃ ခုမြောက်အက်ကွဲကြောင်းကိုလက်လျှော့လိုက်ဖို့ မျိုးနွယ်ခြားတွေနဲ့ဆွေးနွေးနေကြပြီ အနည်းဆုံးတော့ မူလအဆင့်အထက်ပညာရှင်ဘယ်သူမှဝင်ခွင့်မရှိတော့ဘူး"

ကျူးဇောင်မှပြောလိုက်သည်။

"မျိုးနွယ်ခြားတွေက တကယ်သဘောတူခဲ့တာလား"

ကျိုးဟောင်မှာ ယခုအချိန်ထိမသေချာသေးပေ။

"ဟုတ်တယ် ငါတို့လူသားမျိုးနွယ်ကမျိုးနွယ်ခြားအများကြီးနဲ့တိုက်လာတာ ငါတို့ဘယ်လောက်စွမ်းအားကြီးလဲသိသာနေတာပဲ ပြီးတော့ ဒီကိစ္စကတကယ်ကိုစွမ်းအားကြီးပညာရှင်တစ်ယောက်ကို သတိပေးလိုက်တာပဲ သူတို့သဘောတူရုံပဲရှိတယ်"

ကျူးဇောင်မှအပြုံးဖြင့်ပြောလိုက်သည်။

"စွမ်းအားကြီးပညာရှင်တစ်ယောက်လား"

ကျိုးဟောင်မှာ အဓိကစကား ၃လုံးအား သတိထားမိလိုက်သည်။

ဤစွမ်းအားကြီးပညာရှင်ဟူသောစကားမှာ သာမန်ထက်ထူးကဲသောအဓိပ္ပာယ်ရှိပေသည်။

လက်ရှိအချိန်တွင် ကျိုးဟောင်နှင့်ကျူးဇောင်သာရှိတော့ပေရာ ကျူးဇောင်မှာဘာကိုမှဖုံးကွယ်မထားတော့ပေ။

"တကယ်တော့ ကောင်းကင်ဘုံဘုရင်အဆင့်ကိုရောက်တဲ့လူတွေပဲ ဒီကိစ္စကိုသိခွင့်ရှိတာ ဒါ‌ပေမဲ့မင်းကလူသားမျိုးနွယ်အတွက် အများကြီးကူညီပေးခဲ့လို့ အထက်ကလူကြီးတွေက မင်းကိုလည်းတစ်ချို့ကိစ္စတွေကိုပေးသိလိုက်တယ်"

"ဥက္ကဌကျိုး ငါမင်းကိုတစ်ခုမေးမယ် ငါတို့လူသားမျိုးနွယ်တွေကဘာလို့တခြားမျိုးနွယ်တွေအများကြီးကိုဆန့်ကျင်ပြီးနေနိုင်တယ်ထင်လဲ ငါတို့ရဲ့ပညာရှင်တွေက သူတို့ရဲ့ပညာရှင်တွေနဲ့အဆင့်တူနေတာအသိသာကြီးကိုတောင် မျိုးနွယ်ခြားသားရဲတွေရဲ့ပြိုင်ဘက်မဟုတ်ဘူး ဒါပေမဲ့ သူတို့နဲ့ဘာကြောင့်ယှဉ်လို့ရနေတာလဲ တကယ်တော့ ငါတို့လူသားမျိုးနွယ်က ကမ္ဘာဂြိုဟ်ကိုမျိုးနွယ်ခြားတွေအများကြီးနဲ့ခွဲဝေနေရာယူထားတယ်ဆိုပေမဲ့ ကမ္ဘာဂြိုဟ်ရဲ့တစ်ဝက်လောက်ကိုငါတို့ကနေရာယူထားတာ ဒါကဘာကြောင့်လဲဆိုတာကို မင်းစဉ်းစားဖူးလား"

ကျူးဇောင်၏စကားများမှာ ကျိုးဟောင်အားခေတ္တမျှမှင်တက်သွားစေခဲ့သည်။ ထို့နောက်ကျိုးဟောင်သည် ခေါင်းယမ်းပြလိုက်သည်။

သူသည်သိုင်းလောကထဲဝင်ရောက်လာသည်မှာအချိန်မကြာသေးပေရာ ဤထိပ်တန်းလျှို့ဝှက်ချက်များအားမသိသည်မှာသဘာဝကျပေသည်။

"ဒါဆိုငါမင်းကိုထပ်မေးမယ် သဘောတူညီချက်တွေနဲ့စာချုပ်တွေအားလုံးက ညီမျှတဲ့အခြေခံအပေါ်မူတည်ပြီးတည်ဆောက်ထားတာ ဒါပေမဲ့စစ်မြေပြင်ပေါ်မှာ ဘယ်လိုစွမ်းအားမျိုးက စစ်ပွဲအပေါ်သက်ရောက်နိုင်တယ်ထင်လဲ"

ကျူးဇောင်မှမေးလိုက်သည်။

ကျိုးဟောင်မှာလည်း မဆိုင်းမတွပင်ပြန်ဖြေလာသည်။

"အထွတ်အထိပ်စွမ်းအားပဲပေါ့ အထွတ်အထိပ်စွမ်းအားကပဲ စစ်ပွဲရလဒ်အပေါ်အကျိုးသက်ရောက်မှုရှိတာ ဘာပဲဖြစ်ဖြစ် အထွတ်အထိပ်စွမ်းအားကပဲ ရာချီ၊ ထောင်ချီ ဒါမှမဟုတ် သန်းချီအထိတိုက်ခိုက်နိုင်တာ"

"ဟုတ်တယ် အထွတ်အထိပ်စွမ်းအားပဲ ငါအခုပြောလိုက်တဲ့ဟာကို မင်းသဘောပေါက်လောက်မယ်ထင်တာပဲ ဟုတ်တယ်မလား"

ကျူးဇောင်မှပြောလိုက်သည်။

ကျိုးဟောင်၏အမူအရာမှာပြောင်းလဲသွားကာ အလျင်အမြန်ပင်မေးလိုက်သည်။

"ကောင်းကင်ဘုံဘုရင်ကျူး ကျွန်တော်တို့လူသားမျိုးနွယ်ရဲ့အထွတ်အထိပ်စွမ်းအားက မျိုးနွယ်ခြားတွေထက်တောင်ပိုသန်မာတယ်လို့ပြောချင်တာလား"

ကျူးဇောင်မှာခေါင်းယမ်းပြလိုက်သည်။

"အဲဒါက သေချာပေါက်အမှန်တော့မဟုတ်ဘူး ဒါပေမဲ့ငါတို့လူသားမျိုးနွယ်ရဲ့အထွတ်အထိပ်စွမ်းအားက သေချာပေါက်မျိုးနွယ်ခြားတွေကြောက်တဲ့ထဲကတစ်ခုပဲ စွမ်းအားကြီးတဲ့လူတွေက စစ်ပွဲအပေါ်ပြင်းထန်တဲ့သက်ရောက်မှုရှိတယ်လို့ပြောလို့ရတယ် ငါမင်းကိုဥပမာတစ်ခုပေးမယ် မင်းအဆင့်တူတဲ့ ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တွေအများကြီးကို ရင်ဆိုင်ခဲ့သလိုမျိုးပေါ့ မင်းကသူတို့ကိုသေချာပေါက်ကြီးမသတ်နိုင်လောက်ဘူးဆိုပေမဲ့ သူတို့မင်းကိုသတ်ဖို့ဆိုတာတော့မလွယ်ဘူး ဒါပေမဲ့မင်းစိတ်လွတ်သွားတာနဲ့ မင်းထက်အားနည်းတဲ့လူတွေကိုသတ်တာက ခွေးတစ်ကောင်ကိုသတ်သလိုကိုလွယ်တယ် ဟုတ်တယ်မလား"

....................................................................................

အခန်း(၃၃၅) ပြီးပါပြီ။

အခန်း (၃၃၆) : နဂါးနက်လှံရှည်

ကျိုးဟောင်က ခေါင်းညိတ်ပြလိုက်သည်။ သူ့အနေဖြင့် မူလအဆင့်သားရဲတကောင်အား သတ်လိုပါက ချက်ချင်းသတ်ပစ်နိုင်စွမ်းရှိလေသည်။

"ဒါ့ကြောင့် ငါတို့လူသားမျိုးနွယ်ကပညာရှင်တွေ ဒေါသထွက်လာချိန်မှာ စွမ်းအာတွေအကုန်ပွင့်ထွက်လာတတ်ပြီး မျိုးနွယ်ခြားတွေကို အေးဆေးသတ်နိုင်တယ်။ သူနဲ့အဆင့်တူတဲ့ ပညာရှင်တယောက်က တောင်မှ အဲ့လိုအချိန်မှာ မတားဆီးရဲဘူး။ ပညာရှင်တယောက်အဲ့လိုဒေါသထွက်နေချိန်က ကြောက်ဖို့အကောင်းဆုံးအချိန်ပဲ"

"အဲ့လိုအချိန်မှာ မျိုးနွယ်ခြားတွေဘက်က ‌သဘောတူညီချက်ကို အရင်ဆုံးဖျက်မိတတ်ကြတယ်။ အဲ့လိုလုပ်မိတာကလည်း သူတို့မှားယွင်းပြီးစတင်မိခဲ့ကြလို့ပဲ။ ဒါ့အပြင် ကြီးကျယ်တဲ့ပညာရှင်တယောက် ၀င်ပါလာတာကြောင့် မျိုးနွယ်ခြားတွေကလည်း ကြောက်လန့်ကြတယ်"

ထိုအချိန်မှာပဲ ကျိုးဟောင်က လူသားပညာရှင်တွေ ကြား၀င်ရတဲ့ အကြောင်းကို နားလည်လာတော့သည်။ ထိုသို့ကြား၀င်ပါရခြင်းကလည်း ဖြစ်ပေါ်လာတဲ့အခွင့်အရေးကို ဆုပ်ကိုင်ပြီး ညှိနှိုင်းလိုခြင်းကြောင့်ဖြစ်လေသည်။

ကောင်းကင်ဘုရင်ကျူး‌အနေနှင့်သေချာ ရှင်းရှင်း လင်းလင်းမပြောထားသော်လည်း ကျိုးဟောင်က အကြမ်းဖျင်းနားလည်ထားလေသည်။

ကောင်းကင်ဘုံအဆင့်ပညာရှင်များအနေဖြင့် မျိုးနွယ်ခြားများနှင့် သဘောတူညီချက်အရ ကောင်းကင် ဘုံ အဆင့်အောက်တိုက်ပွဲများတွင် ထဲထဲ၀င်၀င်ပါ၀င်ခွင့်မရှိပေ။

သို့သော် မျိုးနွယ်ခြားများဘက်မှ စတင်စည်းမျဉ်းဖောက်ဖျက်ခဲ့ပါက လူသားတို့၏ပညာရှင်အနေဖြင့် ငြိမ်ခံမနေတော့‌ပဲ ပါ၀င်လာတတ်ပေသည်။ တကယ် လို့ လူသားမျိုးနွယ်ဘက်က ထိုတိုက်ပွဲအား နိုင်သွားခဲ့ရင်တောင်မှ မျိုးနွယ်ခြားများဘက်မှ သဘောတူညီချက်စတင်ချိုးဖောက်ခဲ့သောကြောင့် ဘာမှ စောဒက တက်ခွင့်မရှိပေ။

ကြောက်ရွံ့စွာဖြင့် ၁၃ခုမြောက်အက်ကွဲကြောင်းအား လက်လွှတ်ရမည်ဖြစ်သည်။ ထိုကဲ့သို့ ဖြစ်တည်မှုကြီးမားသည့် ပညာရှင်တယောက်၏ ဒေါသအား မျိုးနွယ်ခြားများ ကြောက်ရွံ့ကြလေသည်။

ကျိုးဟောင်လည်း ထိုကဲ့သို့အခြေအနေအား မမျှော် လင့်ထားခဲ့ချေ။

"ဥက္ကဌကျိုး ဒါက ရန်ဘက် ၂ခုကြားထဲက တိုက်ပွဲပဲ ဒီလိုတိုက်ပွဲတွေမှာ နှစ်ဖက်လုံးက တိုက်ပွဲအခြေအနေကို ထိန်းချုပ်ထားဖို့ လုပ်ရုံသာမက သိုင်းပညာလမ်းကြောင်းတလျှောက်မှာဖြစ်တတ်တဲ့ ရှုထောင့် တွေကို ထည့်သွင်းစဥ်းစားဖို့လည်းလုပ်ကြရတယ်။ ခုတော့ ငါမင်းကို ဒီလောက်ပဲပြောပြနိုင်မယ်။ မင်းကောင်းကင်ဘုံအဆင့်ကိုရောက်ပြီး အက်ကွဲကြောင်းထဲသွားကျင့်ကြံတဲ့အချိန်ကျရင် သေချာသိလာပါလိမ့်မယ်"

ကျူးဇောင်က ပြုံးပြီးပြောပြနေလေသည်။ သူစကားပြောနေစဉ်မှာ ရပ်သွားပြီး ဆက်သွယ်ရေးဖန်သားပြင်ကိုဖွင့်ကြည့်လိုက်လေသည်။ ထိုအချိန်တွင် ဓားဘုရင် ချင်၏ အသွင်သဏ္ဌာန်ပေါ်လာခဲ့လေသည်။

"ဓားဘုရင်ချင်..."

ကျူးဇောင်တင်သာမက ကျိုးဟောင်ပါ အံ့ဩသွားလေသည်။

"ဟဲဟဲ ဥက္ကဌကျိုး ကျုပ်တို့ထပ်တွေ့ပြန်ပြီ"

ဓားဘုရင်ချင်က ပြုံးပြီးပြောလိုက်လေသည်။

"စီနီယာကြီး ကို နှုတ်ဆက်ပါတယ်"

ကျိုးဟောင်လည်း တလေးတစားပြန်ပြောလေသည်။

"အရမ်းယဉ်ကျေးနေဖို့မလိုပါဘူး။ ဥက္ကကျိုးက ဒီနေ့ တိုက်ပွဲမှာ အကောင်းဆုံးလုပ်ဆောင်ပေးခဲ့တာပဲ။ မဟာမိတ်တွေဘက်ကနေ ခင်ဗျားအတွက် ဆုလာဘ်တွေ ချီးမြှင့်ပါ့မယ်။ကျုပ်အခုတောင် ခင်ဗျားအတွက် ပစ္စည်းတခုကိုလူတယောက်နဲ့ ပို့ပေးလိုက်သေးတယ်။ ခင်ဗျားကြိုက်မယ်လို့မျှော်လင့်ပါတယ်"

"ဒါ့အပြင် ၁၃ခုမြောက်အက်ကွဲကြောင်းမှာ မူလအဆင့်နဲ့အထက် မျိုးနွယ်ခြားတွေ အကုန်လုံး ဆုတ်ခွာသွားကြပြီ။ ကျန်တာတွေကတော့ မဟာဆရာသခင်အဆင့်လောက်ကောင်တွေပဲ။ ကျုပ်တို့လူသားမျိုးနွယ်တွေအနေနဲ့ ခံစစ်လိုင်းကို တိုး‌မြှင့်နိုင်တော့မယ်။ ဒီနေ့တိုက်ပွဲရဲ့ အကျိုးကျေးဇူးကြောင့် ၁၃ခုမြောက်အက်ကွဲကြောင်းက အနာဂတ်မှာ လူသားပညာရှင်တွေကို ပြုစုပျိုးထောင်ပေးဖို့နေရာတခုဖြစ်လာလိမ့်မယ်။ ကောင်းကင်ဘုရင်ကျုး ဒီကိစ္စကို ခင်ဗျားဆီပဲအပ်ထားလိုက်တော့မယ်"

ဓားဘုရင်ချင် က ဆက်တိုက်ပြောနေလေသည်။

"ဓားဘုရင်ချင် အဲ့တာအမှန်ပဲလား ကောင်းလေစွ"

ထိုစကားကိုကြားသောအခါ ကျူးဇောင်လည်း အလွန်ပျော်သွားပြီး ပြန်ပြောလိုက်လေသည်။

"အမှန်ပါပဲ။ ဒီလို လုံခြုံတဲ့ လေ့ကျင့်ရေးမြေပြင်က ကျုပ်တို့လူသားပညာရှင်တွေအတွက် ပိုသန်မာဖို့ ခြေလှမ်းတလှမ်းစနိုင်တဲ့သဘောပဲ။အခု ပြည်နယ်တိုင်းက ကျောင်းသားတွေကို ဒီနေရာကို ပို့ပြီး လေ့ကျင့်ရေးစခန်းလုပ်ဖို့ပြင်ဆင်နေကြပြီ။မကြာခင် ၁၃ခုမြောက်အက်ကွဲကြောင်းက စည်ကားလာတော့မှာ"

ဓားဘုရင်ချင် ကပြောပြီးနောက် ကျိုးဟောင်အား လေးနက်စွာ ကြည့်နေလေသည်။

"ဥက္ကဌကျိုးက ဒီတခေါက်ကိစ္စကြီးကိုလုပ်နိုင်ခဲ့တာပဲ။ မင်းနဲ့ ပြောင်မြောက်တဲ့လုပ်ဆောင်ချက်ကို ဘယ်တော့မှမေ့မှာမဟုတ်ဘူး"

"ပြီးတော့ ကျုပ်ခင်ဗျားကို အက်ကွဲကြောင်းထဲကစောင့်နေပါ့မယ်။ ခင်ဗျား လာတဲ့အခါ နွေးနွေး ထွေးထွေးကြိုဆိုပြီး ပျော်ပျော်ပါးပါးသောက်စားကြတာပေါ့"

ဓားဘုရင်ချီကပြုံးပြီးပြောလိုက်သည်။

"ကောင်းပါပြီ ကျုပ်မမူးမချင်း အိမ်မပြန်ဘူး"

ကျိုးဟောင်ကလည်း ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

ကျိုးဟောင်လည်း စိတ်လှုပ်ရှားနေခဲ့သည်။ ဒီနေ့နိုင်ပွဲက ရှေ့တန်းခံတပ်စခန်းအပေါ်ကျရောက်နေသော ဖိအားများသာမက လူသားမျိုးနွယ်အတွက်လေ့ကျင့်ရေးစခန်းအသစ်တခုပေါ်ပေါက်လာလိမ့်မည်လို့ မထင်ထားခဲ့ပေ။ ဒါက ခဲတလုံးတည်းဖြင့် ငှက်သုံးကောင်ပစ်သကဲ့သို့ဖြစ်လေသည်။

ထိုအချိန်မှာ ကောင်းကင်ဘုရင်ကျူးက မက်ဆေ့တစောင်ကို ကြည့်ပြီး ပြုံးလိုက်သည်။

"ဥက္ကဌကျိုး ခင်ဗျားအတွက် ဆုလက်‌ဆောင်ရောက်လာပြီ"

ကျူးဇောင်၏စကားဆုံးသောအခါ ကျိုးဟောင်မှာ စိတ်လှုပ်ရှားသွားလေသည်။ အကြီးပိုင်းပုဂ္ဂိုလ်များမှာ ပေးသော ဆုလက်ဆောင်မှာ ပေါ့သေးသေးတော့ မဖြစ်နိုင်ပေ။

ကျိုးဟောင်မှာ လူသားမျိုးနွယ်အတွက် တိုက်ခိုက်ပေးခြင်းဖြစ်သော်လည်း သူ့အတွက်ဆုလက်ဆောင် များ ရနိုင်သေးလေသည်။

ကျူးဇောင်က ကျိုးဟောင်အား အပြင်ခေါ်လာခဲ့ပြီး အနက်ရောင်အလင်းများဖြာထွက်နေပြီး စွမ်းအားပြင်းသော စွမ်းအင်အတက်အကျများထုတ်လွှတ်နေသည့် လှံတချောင်းကို မြေကြီးအလည်၌စိုက်ထူထားသည်ကို တွေ့လိုက်ရသည်။

၎င်း၏ဘေးတွင်လည်း ရှေးဟောင်းစာလိပ်ပါသည့် သေတ္တာငယ်လေးတခုလည်း ရှိသေးလေသည်။

ကျူးဇောင်မှာလည်း လှံရှည်ကိုမြင်သောအခါ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားသွားပြီးပြောလိုက်လေသည်။

"ဒါ..ဒါ နဂါးနက်လှံရှည်ပဲ"

ကျူးဇောင်မှာ ထိုပစ္စည်းအားကောင်းစွာမှတ်မိလေသည်။ ဒီလို အဖိုးထိုက်တန်လှသည့် ပစ္စည်းကို ကျိုးဟောင်အား ဆုလက်ဆောင်အဖြစ်ပေးမည်လို့ မထင်ထားခဲ့ပေ။

"နဂါးနက်လှံရှည်ဟုတ်လား"

ကျိုးဟောင်ကတော့ သေချာမသိသောကြောင့် ခဏလောက်မှင်သက်သွားလေသည်။

"ဥက္ကဌကျိုး ဒီလှံကို ဥက္ကာခဲကနေ ပုံသွင်းထုလုပ်ထားတာပဲ။ ဒီလိုအရာမျိုးက ကမ္ဘာကြီးပေါ်မှာ အလွန်ရှားပါးပြီး တန်ဖိုးလည်းကြီးမားတယ်။ ကောင်းကင် ဘုံအဆင့်ပညာရှင်တယောက်မှာ ဒီလိုအရာမျိုး ရှာတွေ့ဖို့မလွယ်ကူဘူး။ကြည့်ရတာ အကြီးပိုင်းပုဂ္ဂိုလ်တွေက ခင်ဗျားကို ဒါကိုဆုလက်ဆောင်ပြီး ရုံသာမက ပြုစုပျိုးထောင်ပေးတဲ့သဘောပါ ပါနေပုံပဲ"

ကျူးဇောင်မှာ အားကျနေမိလေသည်။ သူ့လို ကောင်းကင် ဘုံအဆင့်ပညာရှင်တယောက်တောင်မှ ဒီလို စွမ်းအားကြီးသည့်လက်နက်မျိုး မရှိပေ။

....................................................................................

အခန်း (၃၃၆) ပြီးပါပြီ။

All Chapters