← Chapters

အခန်း (၃၃၇-၃၃၉)

Vol. 23 Ch. 337-339

အခန်း (၃၃၇-၃၃၉)

Vol. 23 Ch. 337-339

အခန်း (၃၃၇) : သတင်းဆိုးကတော့.....

"ဒီလှံရှည်ကအဲ့လောက်စွမ်းအားကြီးတာလား"

ကျိုးဟောင်က မနေနိုင်တော့ပဲ မေးလိုက်သည်။

"ဟုတ်တယ် ကျုပ်တို့အထူးမွမ်းမံ ဖန်တီးထားတဲ့ တိုက်တေနီယမ်သတ္တုစပ်လက်နက်တွေတောင်မှ အာကာသအပြင်ဘက်မှလာတဲ့ ဥက္ကာခဲကိုသွန်းလုပ်ထားတဲ့လက်နက်လောက်မမာကြောဘူး။ ဒါ့အပြင်သူ့အစွမ်းတွေကိုလည်း ကြီးကျယ်တဲ့ပညာရှင်ကြီးတယောက်က တိုးမြှင့်ပေးခဲ့တာကြောင့် အစွမ်းက အံမခမ်းပဲ။ မင်းသုံးကြည့်တဲ့အခါသိလာပါလိမ့်မယ်"

ကောင်းကင်ဘုရင်ကျူးပြောသည်ကိုကြားသောအခါ ကျိုးဟောင်မှာ တကယ်စိတ်လှုပ်ရှားသွားလေသည်။ သူ့လက်ထဲတွင် လက်နက်များရှိသော်လည်း ဒီ နဂါးနက်လှံရှည်ကိုတော့ မယှဉ်နိုင်ပေ။

ကျိုးဟောင်က အနားကို လျှောက်သွားပြီး လက်ကိုဆန့်ကာ နဂါးနက်လှံရှည်အား ဆုပ်ကိုင်လိုက်လေသည်။

ရုတ်တရက်ပင် နဂါးဟိန်းသံကြီးပေါ်ပေါက်လာပြီး ကမ္ဘာမြေကြီးအားလှုပ်ခါသွားစေလေသည်။ ဒါ့အပြင် ကောင်းကင်ဘုံအဆင့်ပညာရှင်တယောက်၏ အရှိန်အဝါများနှင့်ဆင်တူသော အရှိန်အဝါများထွက်ပေါ်လာခဲ့လေသည်။

"လက်နက်တခုက ကောင်းကင်ဘုံအဆင့်ပညာရှင်တယောက်ရဲ့ ဖိအား နဲ့ အရှိန်အဝါရှိနေတာပဲ သာမန်တော့မဟုတ်ဘူးပဲ"

ကျိုးဟောင်မှာ အလွန်စိတ်လှုပ်ရှားသွားလေသည်။ သူသည်နဂါးနက်လှံရှည်အား သိမ်းယူပြီးနောက် ဘေးတွင်ပါလာသည့် ရှေးဟောင်းစာအုပ်ကို ကြည့်လိုက်လေသည်။

"နတ်ဘုရားသတ်ခြင်း"

စကားလုံးအနည်းငယ်ဆိုသော်လည်း လွှမ်းမိုးနိုင်သည့်အရှိန်အဝါများရှိနေလေသည်။ထိုရှေးဟောင်းစအုပ်၏အမည်မှာ 'နတ်ဘုရားသတ်ခြင်း' ဖြစ်ပြီး လွှမ်းမိုးနိုင်သည့်အရှိန်အဝါများပြည့်နေလေသည်။

ကျိုးဟောင်မှာ ထိုစာအုပ်မှာ ဘာမှန်းမသိသော ကြောင့်ကောင်းကင်ဘုရင်ကျူးမှာ မတတ်နိုင်ဘဲရှင်းပြရလေသည်။

"ဥက္ကဌကျိုး ဒီစာအုပ်ကလွန်ခဲ့တဲ့ နှစ်ပေါင်းရာချီကတုန်း လူသားမျိုးနွယ်အတွက်ထားခဲ့တဲ့စာအုပ်ပဲ။ ဒါကလျှို့ဝှက်ရတနာတခုပဲ။ ငါကြားဖူးတာတော့ ဒီစာအုပ်က ကောင်းကင်ဘုံအဆင့် ‌ကျင့်ကြံရေးစာအုပ်ပဲ ဒါပေမဲ့ လူအချို့တော့ ကျင့်ကြံဖူးကြတယ်။ ဒီကျင့်စဉ်ကို ကျင့်ကြံနိုင်ဖို့အတွက် သန်မာတဲ့ ကိုယ်ခန္ဓာရှိဖို့လိုအပ်တယ်။ မင်းကကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်ပဲရှိသေးတာတောင် စွမ်းအင်အနှစ်သာရကိုသုံးပြီး ခန္ဓာကိုယ်ပုံသွင်းနိုင်ခဲ့တာကြောင့် သူတို့မင်းကို ဒီစာအုပ်ပေးဖို့ဆုံးဖြတ်ခဲ့တာဖြစ်နိုင်တယ်"

ကျူးဇောင်ကသေချာရှင်းပြနေလေသည်။ ထိုစကားများကြောင့် ကျိုးဟောင်မှာ ပို၍ ထိတ်လန့်သွားရသည်။

ဒီလိုဟောင်းနွမ်းစုတ်ချာနေတဲ့စာအုပ်လေးက ကောင်းကင်ဘုံအဆင့် ကျင့်စဉ်ဖြစ်နေမည်လို့မထင်ခဲ့ပေ။

ဒါ့အပြင် ၎င်း၏နာမည်အတိုင်းဆို နတ်ဘုရားကိုတောင်သတ်နိုင်မည်လား။ တကယ့်ကို အစွမ်းကြီးမားသည့်စာအုပ်ပင်ဖြစ်လေသည်။

"ကောင်းကင်ဘုရင်ကျူး ဒီကျင့်ကြံရေးနည်းစနစ်ကအရမ်းကို စွမ်းအားကြီးတာလား"

ကျိုးဟောင်ကမေးလိုက်လေသည်။

"ဒါကိုတော့ငါသေချာမသိဘူး။ ခုထိတော့ ဘယ်သူမှ ပြီးဆုံးတဲ့အထိ မကျင့်ကြံနိုင်ကြသေးဘူး။ ဒါကိုကျင့်ဖို့အတွက် ခန္ဓာကိုယ်အတွက် လိုအပ်ချက်တွေအရမ်းများတယ်။ မင်းစမ်းကြည့်လို့တော့ရပါတယ်"

ကျူးဇောင်က မကွယ်မဝှက်ဘဲ အမှန်တိုင်းကျိုးဟောင်အား ပြောပြလိုက်လေသည်။ ထိုစကားမှာ အမှန်ဖြစ်လေသည်။ ထိုကျင့်စဉ်အား အရင်က ပညာရှင်များစွာကျင့်ဖူးကြသော်လည်း လိုက်ဖက်ညီမှုမှာ သာမန်အခြေအနေတွင်ရှိနေပြီး ၎င်း၏စွမ်းအားအစစ်အမှန်အား မထုတ်နိုင်ခဲ့ကြပေ။

သို့သော်လည်း ဘယ်သူမှ ၎င်း၏လိုအပ်ချက်များသည့် ကြံ့ခိုင်မှုကိုစောဒကမတက်ရဲကြပေ။ ပြီးတော့ သူတို့အကုန်လုံးကလည်း ဒီကျင့်စဉ်နှင့် လိုက်ဖက်ညီမှု ၁၅%သာ ရှိသည့် ကောင်းကင်ဘုံအဆင့်ပညာရှင်များဖြစ်ကြလေသည်။

သို့သော်လည်း ဒီကျင့်စဉ်ကိုကျင့်ကြံပြီးနောက်ပိုင်းမှာတော့ သူတို့၏ ပေါက်ကွဲအားများကို တိုးမြှင့်နိုင်ခဲ့ကြလေသည်။

ဒီကျင့်စဉ်နှင့် လိုက်ဖက်ညီမှု ၅၀%ရှိသည့် သူအတွက် ဒီကျင့်ကြံမှာ အရမ်းကိုစွမ်းအားကြီးမားသည့်အရာတခုဖြစ်လာမည်မှာ အသေအချာပင်ဖြစ်သည်။

"ဟုတ်ပြီ ကျုပ်နားလည်ပါပြီ အကြီးပိုင်းပုဂ္ဂိုလ်တွေကိုလည်း ကျုပ်ကကျေးဇူးတင်ပါတယ်လို့ပြောပေးပါဦး"

ကျိုးဟောင်က ထိုသို့ပြောပြီးနောက် ချက်ချင်းထွက်ခွာခဲ့လေသည်။

ကျိုးဟောင်မှာ ဗီလာသို့ပြန်ရောက်သောအခါ အချိန် ဆွဲမနေဘဲ နတ်ဘုရားသတ်ခြင်းစာအုပ်ကိုထုတ်လိုက်လေသည်။

ထိုစာအုပ်မှာ အရမ်းရှေးကျသောကြောင့် ကျိုးဟောင်မှာ ဖတ်ပြီးနောက် အတွေးရှုပ်နေခဲ့လေသည်။

ကျိုးဟောင်က ဂရုစိုက်မနေဘဲ ထိုစာအုပ်ထဲမှာ အချက်များကိုသူ၏ စိတ်နယ်ပယ်ထဲ၌ ထည့်သွင်းမှတ်သားလိုက်ပြီး စတင်လေ့လာနေခဲ့လေသည်။

ကျိုးဟောင်မှာ ထိုကျင့်စဉ်အား စတင်ကျင့်ကြံလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်အနှစ်သာရမှာ ရုတ်တရက်ယုတ်လျော့သွားသော ကြောင့်ပျာယာခတ်သွားလေသည်။

ကျိုးဟောင်မှာ အလျင်အမြန်ပင် သူ၏ကျင့်စဉ်အပေါ် လိုက်ဖက်ညီမှုကိုစစ်လိုက်သောအခါ သိသိသာသာတိုးလာ‌သည်ကိုတွေ့လိုက်ရလေသည်။

ဒါ့အပြင် သူ၏စွမ်းအင်အနှစ်သာရသုံးစွဲနှုန်းမှာလည်း တဖြေး‌ဖြေးတိုးလာခဲ့လေသည်။

အစက သူ၏လိုက်ဖက်ညီမှုမှာ ၅%သာရှိခဲ့သော် လည်း သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်အနှစ်သာရများ ပျောက်ကွယ်သွားချိန်တွင် လိုက်ဖက်ညီမှုမှာ ၁၀%အထိရှိလာလေသည်။

ဒါ့အပြင်နောက်ပိုင်းဆက်တိုက် ၂၀%အထိ တဖြေးဖြေးတိုးလာခဲ့ပြီး ၂၅%အထိ တဖြေးဖြေးတက်လာလေသည်။

ကျိုးဟောင်အနေဖြင့် ရှေးဟောင်းစွမ်းအင်အနှစ် သာရ ကျောက်တုံးများကို သုံးစွဲနေတာတောင်မှ သူ၏စွမ်းအင်အနှစ်သာရမှာ ခြေကုန်လက်ပန်းကျလာလေသည်။

"တကယ်ကို ခက်ခဲတာပဲ။ ငါ့အနေနဲ့ ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တုံးတွေတုံးတာတောင်မှ လိုက်ဖက်ညီမှုကို၂၀%အထိပဲ တိုးနိုင်တယ်"

ကျိုးဟောင်မှာ စိတ်ဓာတ်ကျသွားခဲ့သည်။ သို့သော် သူသည် ဒီကျင့်စဉ်မှာ ဘယ်လောက် စွမ်းအားကြီးကြောင်းကို စမ်းသပ်ချင်နေလေသည်။

သူသည်ရိတ်ခနဲပျောက်ကွယ်သွားပြီး ပင်လယ်တခုအနားသို့ရောက်သွားလေသည်။ သူသည် "နတ်ဘုရားသတ်ခြင်း" ကျင့်စဉ်ကို ကိုယ်အတွင်း၌လည်ပတ်လိုက်ပြီး စွမ်းအားကြီးမားသော ဖိအားတခုလွှင့်ထုတ်လိုက်လေသည်။

သူ့ကိုယ်အတွင်းရှိ စွမ်းအားများ မြင့်တက်လာခဲ့ပြီး သူ့ကိုယ်တွင်းရှိ ကျင့်ကြံရေးနည်းစနစ်များ၏ စွမ်းအား အားလုံး တိုးပွားလာလေသည်။

ရုတ်တရက်သူ့ကိုယ်တွင်း၌ အနီရောင်နှင်းဆီကဲ့သို့ အလင်းတန်းတခုထွက်လာခဲ့လေသည်။ ထိုခွန်အားများကြောင့် ကျိုးဟောင်မှာ တုန်လှုပ်သွားခဲ့ရသည်။

သူသည်အရင်ထက် ၅ဆလောက် ပိုမိုသန်မာလာခဲ့လေသည်။ တခြားတနည်းဆိုရလျှင် သူ့လက်ရှိတိုက်ခိုက်ရေးအင်အားမှာ ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်တယောက်ထက် ၅ဆလောက် ပိုမိုသန်မာလေသည်။

တကယ်လို့သူသာ ဒီကျင့်စဉ်အား အရင်ကတည်းက ရရှိခဲ့ပါက တိုက်ပွဲတွင်ရင်ဆိုင်ခဲ့ရသော ကောင်းကင် ဘုံအဆင့်တ၀က်သားရဲ၃ကောင်အား ချက်ချင်းသတ်နိုင်လောက်လေသည်။

ကျိုးဟောင်မှာ သူ့ကိုယ်သူမယုံနိုင်သေးသောကြောင့် နဂါးနက်လှံရှည်ကိုပါ ထုတ်လိုက်လေသည်။ ထိုအချိန်တွင် နဂါးနက်လှံရှည်မှ အနက်ရောင်မီး တောက်များက ကောင်းကင်ယံသို့ ထိုးဖောက်သွားပြီး သူ့ခန္ဓာကိုယ်ရှိ အနီရောင်အလင်းတန်းများ‌နှင့်ပေါင်းဖက်သွားသောအခါ ဟင်းလင်ပြင်တခုလုံး တုန်ဟီးသွားခဲ့လေသည်။

ပင်လယ်ပြင်တွင်ကြီးမားသော လှိုင်းလုံးကြီးများဖြစ်ပေါ်လာခဲ့ပြီး ပင်လယ်ရေပေါ်ရေအောက် ၁၀မီတာ ပတ်ချာလည်လုံး ကျိုးဟောင်၏အရှိန်အဝါဖြင့် ဖိနှိပ်ထားခြင်းခံနေရလေသည်။

ကျိုးဟောင်မှာ မယုံကြည်နိုင်လောက်အောင်ဖြစ်နေခဲ့လေသည်။ သူချက်ချင်းပဲကိုယ်တွင်း၌ လည်ပတ်နေ‌ သောကျင့်စဉ်ကို ရပ်တန့်လိုက်လေသည်။

သူ့အရှိန်အဝါလည်း ချက်ချင်းအားနည်းသွားခဲ့လေသည်။

"နတ်ဘုရားသတ်ခြင်းကျင့်စဉ်က တကယ့်ကို စွမ်းအားကြီးတာပဲ။ ၎င်းက လူတယောက်ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကို အကြိမ်အတော်များများရောက်အောင် မြှင့်တင်ပေးနိုင်တာပဲ။ ဒါပေမဲ့ စွမ်းအင်သုံးစွဲနှုန်းကတော့ ကြီးမားလွန်းတယ်။ အသက်ရှူနေချိန်အချိန်အနည်းငယ်အတွင်းမှာပဲ ငါ့ကိုယ်ထဲရှိ စွမ်းအင်အနှစ်သာရတ၀က်လောက် ကုန်သွားသလို ခံစားလိုက်ရတယ်"

ကျိုးဟောင်အနေဖြင့် စွမ်းအင်သုံးစွဲနှုန်းမှာ အရမ်းကြီးမားသော်လည်း ပျော်တော့ပျော်ရွှင်နေခဲ့လေသည်။

အသည်းအသန်အခြေအနေများအတွက် ဒီနတ်ဘုရားသတ်သိုင်းက တကယ့်ကို စွမ်းအားကြီးမားလှပေသည်။

"ကောင်းလေစွ။ အကြီးပိုင်းပုဂ္ဂိုလ်တွေက တကယ့်ကိုပစ္စည်းကောင်းတခုပေးတာပဲ"

ကျိုးဟောင်ဟာ ရယ်မောပြီးနောက် ဗီလာသို့ပြန်လာခဲ့လေသည်။

နောက်တနေ့ မနက်၌ ကျိုးဟောင်ဟာ စောစောထပြီးလေ့ကျင့်ရေးအစီအစဉ်သို့သွားခဲ့လေသည်။

"ငါ့မှာ သတင်းကောင်းရော သတင်းဆိုးရောရှိတယ်"

ယန်ဟွေ့၏ပြောစကားကြောင့် ရှုလင်တို့တသိုက်ပဟေဠိဖြစ်သွားလေသည်။

ကျိုးဟောင်ကတော့ သိနေခဲ့လေသည်။ ၁၃ခုမြောက် အက်ကွဲကြောင်းမှာ မနေ့ကတိုက်ပွဲကြောင့် လူသားတို့၏လက်ထဲသို့ အလုံးစုံရောက်ရှိသွားပြီး လေ့ကျင့်ရေးစခန်းအဖြစ်ပြောင်းလဲမည့်အကြောင်းဖြစ်လေသည်။

သတင်းဆိုးကတော့ သူတို့တွေ လေ့ကျင့်ရေးအစီအစဉ်များကို တိုးမြှင့်သည့်အကြောင်းဖြစ်နိုင်ပေသည်။

"နည်းပြယန် ဘာသတင်းတွေလဲ"

ယွင်ယန်ကသူမ၏မျက်လုံးဝိုင်းလေးများဖြင့် ကြည့်ပြီး မေးလိုက်လေသည်။

"သတင်းကောင်းက ၁၃ခုမြောက်အက်ကွဲကြောင်းကို မနေ့ကငါတို့လူသားတွေသိမ်းပိုက်နိုင်ခဲ့ပြီး လေ့ကျင့်ရေးစခန်းအဖြစ် အနာဂတ်မှာ ပြုပြင်ပြောင်းလဲတော့မှာဖြစ်တယ်။ မျိုးနွယ်ခြားတွေအနေနဲ့ ဘယ်တော့မှ ကျုးကျော်နိုင်တော့မှာ မဟုတ်ဘူး"

"သတင်းဆိုးကတော့ မနက်ဖြန်ကစပြီး အက်ကွဲကြောင်းနဲ့ပတ်သက်တဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကိုတိုးမြှင့်တော့မယ်။ ငါတို့၇ခုမြောက်လေ့ကျင့်ရေးစခန်းသာမက အခြားသော လေ့ကျင့်ရေးစခန်းလက်ရွေးစင်ကျောင်းသားတွေအကုန်လုံးကို ၁၃ခုမြောက် အက်ကွဲကြောင်းဆီပို့ဆောင်ကြရမှာဖြစ်တယ်"

"မင်းတို့အနေနဲ့ တခြားလေ့ကျင့်ရေးစခန်းက ကျောင်းသားတွေကို အထင်သေးတာမျိုးတွေ မလုပ်ကြနဲ့ မနက်ဖြန်ကစပြီး ပြင်းထန်တဲ့လေ့ကျင့်ရေးတွေစတင်မယ်"

ယန်ဟွေ့က ကျောင်းသားအားလုံးအားကြည့်ပြီး ပြောလိုက်လေသည်။

....................................................................................

အခန်း (၃၃၇) ပြီးပါပြီ။

အခန်း (၃၃၈) : ကျရှုံးခြင်း

ယန်ဟွေ့၏စကားဆုံးသွားသောအခါ အားလုံးမျက်မှောင်ကြုတ်ကာ သက်ပြင်းချမိလိုက်ကြသည်။

"ဘာ... လာပြန်ပြီ လေ့ကျင့်ရေးတွေ"

"တခြားလေ့ကျင့်ရေးစခန်းတွေနဲ့ အတူတွဲလေ့ကျင့်ဖို့လိုလို့လား"

ကျိုးဟောင်မှာ သူတို့ကိုကြည့်ပြီး ပြုံးနေလေသည်။ ဒီအဖွဲ့ကကျောင်းသားများမှာ အမြဲငြီးငြူနေကြလေသည်။ သူတို့ဘက်ကလည်း ကြည့်ရင်လည်း လေ့ကျင့်ရေးများဆက်တိုက်ဆင်းနေရပြီး နားချိန်မရှိကြပေ။

သို့သော်လည်း သူတို့အားလုံးပါးစပ်ကငြီးငြူနေကြသော်လည်း စိတ်ထဲကလည်အဲ့လိုမတွေးကြောင်း ကျိုးဟောင်သိလေသည်။

ယန်ဟွေ့ကလည်း သူတို့အားလုံးကို ကြည့်ပြီး သက်ပြင်းသာချလိုက်လေသည်။ သူသည် စိတ်ကောင်း၀င်နေသောကြောင့် စိတ်မဆိုးခဲ့ပေ။

ဒါ့အပြင် သူ့ကျောင်းသားများ၏အကြောင်းကိုသူသေချာသိလေသည်။ သူတို့ပါးစပ်က လေ့ကျင့်ရေးတွေက ခက်ခဲကြောင်း ပင်ပန်းကြောင်း ငြီးတွားနေသော်လည်း တကယ့်တကယ် လေ့ကျင့်ရေးထဲ ရောက်ပါကအသက်နဲ့ရင်းပြီး အားသွန်ခွန်စိုက်ကြိုးစားကြလေသည်။ အခုချိန်မှာတော့ ပါးစပ်အရသာခံကာ ငြီးတွားနေကြလေသည်။

"မင်းတို့ဘယ်အချိန်ထိ ဟန်ဆောင်နေကြမှာလဲ"

ဟန်ဟွေ့၏စကားကြောင်း တီးတိုးပြောသံများအားလုံး ငြိမ်သက်သွားပြီး ရယ်သံများ ထွက်ပေါ်လာလေသည်။

"ကောင်းပြီ ဒီနေ့တော့ ဒီလောက်ပဲ။ မနက်ဖြန်ကစပြီး ငါတို့ ၁၃ခုမြောက်အက်ကွဲကြောင်းထဲ၀င်ပြီး ကျန်သေးတဲ့ မျိုးနွယ်ခြားတွေကို သုတ်သင်ကြမယ်"

ယန်ဟွေ့ကပြုံးပြီး မထူးဆန်းသလိုပြောလိုက်လေသည်။သူ့စကားဆုံးသောအခါ ကျောင်းသားအားလုံး၏အမူအရာမှာ ယုံကြည်ချက်ခိုင်မာပြီး စိတ်လှုပ်ရှားနေသည့် ပုံစံဖြစ်နေကြလေသည်။

မနက်ဖြန်ကစပြီး အထူးလေ့ကျင့်ရေးများစမည်ဖြစ်သောကြောင့် ဒီနေ့တော့ နေ့လည်ခင်းမှစ၍ အနားယူခွင့်ရလေသည်။

ကျိုးဟောင်အတွက် ရှုလင်၊ယွင်ယန်၊ယွမ်ချန်း၊ကျန်းယိနှင့်အခြားသူများနှင့်အတူ လျှောက်လည်ဖို့ ရှားရှားပါးပါးရသည့်အခွင့်အရေးဖြစ်လေသည်။

ရှုလင်နှင့်ယွင်ယန်တို့၏အသွင်အပြင်မှာ ကျော့မော့တောက်ပနေပြီး ရေခဲတောင်ထိပ်ရှိ ရေခဲကြာပန်းသဖွယ်ဖြစ်နေလေသည်။

တယောက်မှာ နှစ်လိုဖွယ်ကောင်းနေပြီး တယောက်ကတော့ စိတ်နှလုံးအားဆွဲဆောင်နိုင်နေလေသည်။ သူထိုအမျိုးသမီး နှစ်ယောက်နှင့်အတူလျှောက်သွားချိန်တွင် လှည့်ကြည့်ကြသောလူအများ၏အကြည့်များမှာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။

ဈေးဝယ်စင်ဝာာထဲတွင် ရှုလင်နှင့် ယွင်ယန်မှာ ရှေ့ကလျှောက်ပြီး ကျိုးဟောင် ယွမ်ချန်း နှင့် ယွင်ယန်တို့က နောက်ကလိုက်ပါနေခဲ့သည်။

ဒီအရွယ်ဘယ်မိန်းကလေးက ဈေးဝယ်ထွက်ရသည်ကို မကြိုက်ဘဲနေမည်နည်း။

သူတို့မှာ လေ့ကျင့်ရေးနှင့်ကျင့်ကြံရေးများကြောင့် အချိန်တွေကုန်နေပြီး ဈေးဝယ်မထွက်ဖြစ်ကြပေ။ ဒီ‌နေ့လို နေ့တ၀က်အနားရသည့်အချိန်တွင်တော့ ရှုလင်နှင့်ယွင်ယန်က သူတို့၃ယောက်အား ဈေးဝယ်ထွက်တာကို လိုက်ခဲ့ရန်ခေါ်လာခဲ့လေသည်။

ကျိုးဟောင်ကလည်း ရှုလင်ပျော်နေတာလေးကို ‌ကြည့်ပြီးကျေနပ်နေလေသည်။ သူ့အနေဖြင့် အက်ကွဲကြောင်းများကို သေချာစောင့်ကြပ်ပြီး လူသားတို့အား လုံခြုံမှုပေးနိုင်သရွေ့ ဒီအပြုံးလေးအား ထိန်းသိမ်းထားနိုင်မည်ဖြစ်လေသည်။

ဒါ့ကြောင့် လူသားတွေ ဖြစ်ဖြစ် ရှုလင်ကိုဖြစ်ဖြစ်လုံခြုံမှုပေးနိုင်ရန် ကျိုးဟောင်အနေနဲ့ ဒီ့ထက်သာမန်ဖို့ကြိုးစားရမည်ဖြစ်ပြီး အက်ကွဲကြောင်းများနှင့် မျိုးနွယ်ခြားများ၏ ကျူးကျော်မှုကို ဖြေရှင်းနိုင်ရန်လိုအပ်လေသည်။

နေ့လည်ခင်းမှာ အမြန်ပင်ကုန်ဆုံးသွားခဲ့လေသည်။ ညဘက်ရောက်သောအခါ ကျိုးဟောင်တယောက်အိပ်ယာပေါ်တွင်လှဲရင်း ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်အားကြည့်နေလေသည်။

ကျိုးဟောင်မှာဆော့ဖ်ဝဲလ်ထဲတွင် နတ်ဘုရားသတ်ခြင်းသိုင်းနှင့်ပတ်သက်၍ဘာများရမလဲ ‌ရှာကြည့်နေ‌လေသည်။

ထို့နောက် ပလက်တီနမ်လျှို့ဝှက်ဆန်းကြယ်သေတ္တာစာမျက်နှာကို ဖွင့်ပြီး "နတ်ဘုရားသတ်ခြင်း" ဟူသည့်စာကို ရိုက်ထည့်လိုက်လေသည်။

ကျင့်ကြံရေးနည်းစနစ် : " နတ်ဘုရားခေါင်းဖြတ်သိုင်း" - "နတ်ဘုရားသတ်သိုင်း" - "နတ်ဘုရားဖျက်ဆီးသိုင်း" - "နတ်ဘုရားနှိမ်နင်းသိုင်း"

ကျိုးဟောင်ရုတ်တရက်ပင် အံ့ဩသွားခဲ့လေသည်။ သူ့လက်ထဲတွင်ရှိသော နတ်ဘုရားသတ်သိုင်းမှာ ဒုတိယအဆင့် ရှိသော ကျင့်ကြံရေးသိုင်းတခုဖြစ်နေခဲ့လေသည်။ သူ့အနေဖြင့်တကယ့်ရတနာတခုရခဲ့ခြင်းဖြစ်သည်။

ကောင်းကင်ဘုံအဆင့်ကျင့်စဉ်များမှာ အခြားသောသာမန်ကျင့်စဉ်များနှင့် လုံး၀ကို ကွဲပြားခြားနားလှပေသည်။ ဒါ့အပြင် ကျွမ်းကျင်အောင်ကျင့်ကြံရာတွင်လည်း ခက်ခဲလွန်းလှသည်။

အကြီးပိုင်းပုဂ္ဂိုလ်များက သူ့အားတကယ့်စွမ်းအားကြီး ကျင့်စဉ်တခုပေးခဲ့သောကြောင့် ကျိုးဟောင်တယောက်ကျေးဇူးတင်နေလေသည်။

"ငါ့ရဲ့လက်ရှိ ကံကြမ္မာအမှတ်တွေနဲ့ဆို 'နတ်ဘုရားဖျက်ဆီးရေးသိုင်း' ကိုတော့ ရနိုင်မယ်ထင်တယ်"

ကျိုးဟောင်ကချက်ချင်းပင် ဒင်္ဂါးပြားသန်း၃၀၀အားထည့်သွင်းလိုက်ပြီး သေတ္တာများအား စဖောက်လေသည်။ သူ့အနေဖြင့် ဘာဖြစ်ဖြစ် နတ်ဘုရားဖျက်ဆီးရေးသိုင်းအား ရယူရန်ဆုံးဖြတ်ထားလေသည်။

ကျိုးဟောင်အနေဖြင့် နတ်ဘုရားသတ်သိုင်းအား ကျင့်ကြံပြီးနောက် ထိုသိုင်း၏ စွမ်းအားကြီးမားပုံကိုသိရှိခဲ့ရလေသည်။ နတ်ဘုရားသတ်သိုင်းက‌ဒီလောက်တောင် အထင်ကြီးဖို့ကောင်းနေလျှင် နတ်ဘုရားဖျက်ဆီးရေးသိုင်းက ပို၍အထင်ကြီးဖွယ်ရာဖြစ်ပေမည်။

တိုက်ခိုက်ရေးစွမ်းရည်အား အဆပေါင်းများစွာ တိုးမြှင့်ပေးနိုင်သည့်ကိစ္စကို သာမန်ကျင့်စဉ်များကမလုပ်ပေးနိုင်ချေ။ ကျိုးဟောင်က သူ့အား "နတ်ဘုရားဖျက်ဆီးရေးသိုင်း"က ပိုမိုသန်မာသော တိုက်ခိုက်ရေးစွမ်းရည်မျိုးပေးနိုင်မည်လို့မျှော်လင့်နေလေသည်။

ဒါ့အပြင်သူ့တွင်လည်း ကံကြမ္မာအမှတ် သန်း ၁၀၀ ကျော်ရှိသောကြောင့် ကျိန်းသေပေါက် ထိုနတ်ဘုရားဖျက်ဆီးရေးသိုင်းအားရမည်လို့ထင်နေခဲ့သည်။

ထို့နောက် ကံကြမ္မာအမှတ် သန်း ၁၀၀ကျော်ကိုသုံးပြီး ပလက်တီနမ်သေတ္တာများအားဖွင့်လေတော့သည်။

ကျိုးဟောင်မှာ ပလက်တီနမ်သေတ္တာများကို အသည်းအသန်ဖွင့်နေခဲ့ပြီး သူ၏ကံကြမ္မာအမှတ်သန်း၁၀၀ကျော်မှာလည်း ဒင်္ဂါးပြားသန်း၁၀၀ကျော်နှင့်အတူကုန်ဆုံးသွားလေသည်။

"ဒင် ...လျှို့ဝှက်ဆန်းကြယ်သေတ္တာများကိုဖွင့်ပြီး ရှားပါးအဆင့်ပစ္စည်း 'ရေခဲဓား' အားရရှိသွားသည့်အတွက်ဂုဏ်ပြုပါတယ်။ ပစ္စည်းအား သင့်အိတ်ထဲသို့ထည့်သွင်းပြီးပါပြီ"

"ဒင် ...လျှို့ဝှက်ဆန်းကြယ်သေတ္တာများကိုဖွင့်ပြီး ရှားပါးအဆင့်ပစ္စည်း 'ဝိညာဉ်ပုဆိန်' အားရရှိသွားသည့်အတွက်ဂုဏ်ပြုပါတယ်။ ပစ္စည်းအား သင့်အိတ်ထဲသို့ထည့်သွင်းပြီးပါပြီ"

"ဒင် ...လျှို့ဝှက်ဆန်းကြယ်သေတ္တာများကိုဖွင့်ပြီး ရှားပါးအဆင့်ပစ္စည်း 'အနုစိပ်တိုက်ခိုက်‌ရေးဖိနပ်' အားရရှိသွားသည့်အတွက်ဂုဏ်ပြုပါတယ်။ ပစ္စည်းအား သင့်အိတ်ထဲသို့ထည့်သွင်းပြီးပါပြီ"

"ဒင် ...လျှို့ဝှက်ဆန်းကြယ်သေတ္တာများကိုဖွင့်ပြီး ရှားပါးအဆင့်ပစ္စည်း 'ထက်သန်သောသွေးအနှစ်သာရသွေးကြော" အားရရှိသွားသည့်အတွက်ဂုဏ်ပြုပါတယ်။ ပစ္စည်းအား သင့်အိတ်ထဲသို့ထည့်သွင်းပြီးပါပြီ"

"ဒင် ...လျှို့ဝှက်ဆန်းကြယ်သေတ္တာများကိုဖွင့်ပြီး ရှားပါးအဆင့်ပစ္စည်း 'တောင်တန်းနှင့်မြစ်တို့၏ မြေပုံ' အားရရှိသွားသည့်အတွက်ဂုဏ်ပြုပါတယ်။ ပစ္စည်းအား သင့်အိတ်ထဲသို့ထည့်သွင်းပြီးပါပြီ"

"ဒင် ...လျှို့ဝှက်ဆန်းကြယ်သေတ္တာများကိုဖွင့်ပြီး ဒဏ္ဍာရီလာအဆင့်ပစ္စည်း ' အောင်နိုင်ခြင်းတိုက်ပွဲ၀င်ချပ်၀တ်' အားရရှိသွားသည့်အတွက်ဂုဏ်ပြုပါတယ်။ ပစ္စည်းအား သင့်အိတ်ထဲသို့ထည့်သွင်းပြီးပါပြီ"

...

ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ထဲရှိ အသုံး ပြုသူများအားလုံး မှင်တက်သွားကြလေသည်။

....................................................................................

အခန်း (၃၃၈) ပြီးပါပြီ။

အခန်း (၃၃၉) : အဲ့တာက ဖြစ်နိုင်လို့လား

"ဟာ သခင်ကြီး ပြန်ပေါ်လာပြီ။ သခင်ကြီးက လျှို့ဝှက်ဆန်းကြယ်သေတ္တာတွေကိုဖွင့်နေတာပဲ"

" ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။ သခင်ကြီးက လျှို့ဝှက်ဆန်းကြယ်သေတ္တာတွေကို မဖွင့်တာ အတော်ကြာပြီပဲ"

"သခင်ကြီးက လှုပ်ရှားလိုက်တာနဲ့ အနိုင်ရဖို့ဖြစ်လာတာပဲ သခင်ကြီးလျှို့ဝှက်ဆန်းကြယ်သေတ္တာတွေနဲ့ပတ်သက်ရင် တကယ့်ကို သဘာ၀လွန်ပဲ။ သူက ရှားပါးအဆင့်ပစ္စည်းတွေကိုတောင်ရပြီးနေပြီ"

"ဟားဟား သခင်ကြီးက တိုက်ရိုက်ထုတ်လွှင့်ခန်းကို သွားပြီး ဟန်ရေးပြမနေဘဲ လျှို့ဝှက်ဆန်းကြယ်သေတ္တာတွေဖွင့်ဖို့ ပြန်လာခဲ့ပြီကွ။ ဘယ်လောက်ကျေနပ်စရာကောင်းလဲ"

ရှားပါးအဆင့်ပစ္စည်းများနှင့် ဒဏ္ဍာရီလာအဆင့်ပစ္စည်းများ တပြိုင်နက်ထဲပေါ်လာသောကြောင့် အသုံးပြုသူအများအပြားမှာ မနာလိုအားကျနေကြလေသည်။

သူတို့အတွက် ဒဏ္ဍာရီလာအဆင့်ပစ္စည်း မပြောနှင့် ရှားပါး အဆင့်ပစ္စည်းတခုတောင်မှ မရခဲ့ဖူးကြပေ။

သို့သော်လည်း ကျိုးဟောင်က မကျေနပ်သေးပေ။ ပေါ်လာသော ပစ္စည်းများကို တချက်လောက်သာကြည့်ပြီး လျစ်လျူရှုကာ သိမ်းဆည်းအိတ်ထဲ ထည့်ထားလိုက်လေသည်။

သူ့အတွက် လိုအပ်နေသည်က " နတ်ဘုရားဖျက်ဆီးခြင်းသိုင်း" ပင်ဖြစ်လေသည်။

"လခွမ်း သခင်ကြီးက မရပ်သွားဘူးပဲ။ သူဘယ် လောက်တောင်သုံးထားတာလဲ"

"သခင်ကြီးက ချမ်းသာတယ်လေ။ မင်းသခင်ကြီးအကြောင်း သေချာမသိသေးဘူးပဲ ကောင်လေး"

"ဒီပိုက်ဆံလောက်က သခင်ကြီးအတွက် ဘာမှ မပြောပလောက်ဘူး။ မင်းတို့ အားကျနေရုံပဲတတ်နိုင်မယ်"

ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်တခုလုံး ကျိုးဟောင်ကြောင့် အုံကြွလာလေသည်။ တချို့ သခင်ကြီးကတောင် တိုက်ရိုက်ထုတ်လွှင့်ခန်းက ထွက်လာပြီး လျှို့ဝှက်ဆန်းကြယ်သေတ္တာများဖောက်သည့်နေရာကို လာသည်အထိ အရှိန်တက်နေကြလေသည်။

"သခင်ကြီး ဒီနေ့ ဘယ်လိုပစ္စည်းမျိုးရဖို့ ကြိုးစားနေတာလဲဟင်"

နတ်မိမယ်ယွဲ့လင်ဆီမှ စာလေး ၀င်လာခဲ့လေသည်။

ကျိုးဟောင်မှာ စာလေးကိုမြင်သော်လည်း ဘာမှ ပြန်မပြောခဲ့ပေ။ သူသည် လျှို့ဝှက်ဆန်းကြယ်သေတ္တာများ အပေါ်တွင်သာ အာရုံစူးစိုက်နေပြီး သေတ္တာများမှာလည်း ဖွင့်ရင်း ကုန်ကုန်လာခဲ့လေသည်။

သေတ္တာများ ကုန်လာသော်လည်း "နတ်ဘုရား‌ ဖျက်ဆီးရေးသိုင်း"မှာ ပေါ်မလာသေးသောကြောင့် စိတ်မသက်မသာဖြစ်နေခဲ့လေသည်။

သူ့အနေဖြင့် ထိုသိုင်းကျင့်စဉ်အား ဒီနေ့ မဖွင့်နိုင်လောက်မှာကို စိုးရိမ်မိလာလေသည်။

မကြာမီပင် လျှို့ဝှက်ဆန်းကြယ်သေတ္တာများ ကုန်သွားခဲ့ဆလသည်။ ကျိုးဟောင်အနေဖြင့် ကုန်ခမ်းသွားသော ကံကြမ္မာအမှတ်များနှင့် ဒင်္ဂါးပြားသန်း၅၀၀ကျော်ကြည့်ပြီး မျက်မှောင်ကြုတ်မိလိုက်သည်။

"တကယ့်ကို နတ်ဘုရားဖျက်ဆီးရေသိုင်းကို မဖွင့်နိုင်ဘူးလား ဒါမှမဟုတ် ကောင်းကင်ကိုအံတုနိုင်တဲ့ သိုင်းကျမ်းမျိုးဖြစ်လို့ ကံကြမ္မာအမှတ် သန်း ၁၀၀ကျော်နဲ့ မရနိုင်တာလား"

ကျိုးဟောင်၏သိမ်းဆည်းရေးအိတ်ထဲတွင် ရှားပါးအဆင့်ပစ္စည်းများစွာနှင့် ဒဏ္ဍာရီလာအဆင့်ပစ္စည်းများရှိနေသော်လည်း သူ မပျော်နိုင်ပေ။

သူ့အနေဖြင့် ကံကြမ္မာအမှတ်များစွာနှင့် ဒင်္ဂါးပြားများစွာအသုံးပြုခဲ့တာတောင်မှ "နတ်ဘုရားဖျက်ဆီးရေးသိုင်း" အားရယူနိုင်ဖို့ ခက်ခဲကြောင်းခံစားမိလေသည်။

ကျိုးဟောင်မှာ အသက်၀၀ရှူလိုက်ပြီးနောက် သူဒီနေ့အတော်စိတ်မသက်မသာဖြစ်ခဲ့ရကြောင်း သဘော ပေါက်နားလည်လိုက်သည်။

ထိုသို့ဖြစ်ရခြင်းမှာလည်း နတ်ဘုရားသတ်သိုင်း၏ အစွမ်းကို သိခဲ့ရပြီး နတ်ဘုရားဖျက်ဆီးရေးသိုင်းအား လိုချင်ခဲ့သောကြောင့်ဖြစ်လေသည်။

သို့သော်လည်း သူအတွေးလွန်သွားခဲ့သည်။

နတ်မိမယ်ယွဲ့လင်၏စာကို ဖတ်ပြီးနောက် ကျိုးဟောင်ပြန်ပြောလိုက်သည်။

" ဟုတ်တယ်။ ဒါပေမဲ့ အဲ့တာက ပေါ်မလာခဲ့ဘူး"

"အာ ရှင်လိုလူတောင်မှ မရနိုင်တာလား"

နတ်မိမယ်ယွဲ့လင်၏ကျိုးဟောင်၏စာကို မြင်ပြီးအံ့အားသင့်သွားခဲ့သည်။

ကျိုးဟောင်လိုလူတောင်မှ မရနိုင်ရင် သူမလို သူမျိုးက ထိုအရာအား ရယူနိုင်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ပေ။

"သခင်ကြီး ရှင်ဘာလိုချင်တာလဲဆိုတာကို သိခွင့်ရှိမလား"

နတ်မိမယ်ယွဲ့လင်မှာ မေးလို့မသင့်တော်မှန်းသိသော်လည်း အရမ်းသိချင်နေသောကြောင့်မေးမိလိုက်လေသည်။

" နတ်ဘုရားဖျက်ဆီးရေးသိုင်းလို့ခေါ်တဲ့ ကျင့်ကြံရေးနည်းစနစ်တခုပါ"

ကျိုးဟောင်က သိပ်ဂရုမစိုက်သလိုပြန်ပြောလိုက်လေသည်။

"ဘာ....."

နတ်မိမယ်ယွဲ့လင်မှာ မက်ဆေ့မှစာလုံးများကို ကြည့်ပြီး လုံး၀မှင်တက်သွားခဲ့လေသည်။

"သခင်ကြီး တကယ်ကို 'နတ်ဘုရားဖျက်ဆီးရေးသိုင်း"ကို ဖွင့်ဖောက်ချင်နေတာလား"

ကျိုးဟောင်မှာ နတ်မိမယ်ယွဲ့လင်၏ ပြန်စာကို ဖတ်လိုက်ပြီး ခဏလောက်ကြောင်သွားပြီးနောက် ချက်ချင်းပြန်မေးလိုက်လေသည်။

"နတ်မိမယ်ယွဲ့လင် ကအဲ့ကျင့်စဉ်ကိုသိတာလား"

သူမ သိနေလိမ့်မည်လို့ ကျိုးဟောင်မထင်ထားခဲ့ပေ။

သူမကရော အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းက အဖွဲ့၀င်တယောက်ပဲလား...

နတ်မိမယ်ယွဲ့လင်၏ အမူအရာမှာ ချီတုံချတုံဖြစ်နေလေသည်။ သူမကစကားပြောခန်းကို ကြည့်နေခဲ့ပြီး စာမပြန်ခဲ့ပေ။

အချိန်ခဏလောက်စဉ်းစားပြီးနောက် သူမသည်ကျိုးဟောင်အား စာမပြန်ဘဲ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်အားတန်းဖွင့်လိုက်လေသည်။

ကျိုးဟောင်လည်း စကားပြောခန်းကို ကြည့်နေရင်း နတ်မိမယ်ယွဲ့လင်မှာ လိုင်းပေါ်မှဆင်းသွားခဲ့သောကြောင့် မှင်တက်သွားလေသည်။

"သူမဘာလို့ လိုင်းပေါ်ကဆင်းသွားတာလဲ။ ဘာတွေဖြစ်ကုန်တာလဲ"

ကျိုးဟောင်တယောက်စဉ်းစားလို့မရဖြစ်နေလေသည်။

"နတ်မိမယ်ယွဲ့လင် ဘာလို့ လိုင်းပေါ်ကဆင်းသွားတာလဲ။ နတ်ဘုရားဖျက်ဆီးရေးသိုင်းကိုသိနေတာလား"

ကျိုးဟောင်ကစာပို့လိုက်သော်လည်း ယွဲ့လင်ဆီမှ စာပြန်မလာခဲ့ပေ။ သူမ၏ပရိုဖိုင်မှာလည်း မီးလင်းမနေခဲ့ပေ။

ကျိုးဟောင်းလည်း သက်ပြင်းချပြီး စိတ်ပျက်လက်ပျက်ဖြင့် ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ထဲမှထွက်လာလေသည်။

...

နောက်တနေ့တွင်လေ့ကျင့်ရေးမှာစတင်လေသည်။ ပထမဆုံးနေ့ဖြစ်သောကြောင့် သူတို့အားလုံး စိတ်မလှုပ်ရှားကြပေ။ အပြင်ဘက်ရှိ သားရဲအချို့အားသတ်ဖြတ်ပြီးနောက် အားလုံးပြန်လာကြလေသည်။

တခြားလေ့ကျင့်ရေးစခန်းမှကျောင်းသားများလည်းရောက်လာကြသောကြောင့် သူတို့အားလုံး ပိုနက်တဲ့အပိုင်းဆီသို့တိုး၀င်ခဲ့ကြလေသည်။

လေ့ကျင့်ရေးများအားလုံးပြီးလို့ ကျိုးဟောင်တယောက်အခန်းသို့ ပြန်ရောက်ချိန်တွင် ကျူးဇောင်ဆီမှလှမ်းခေါ်သောစာကိုတွေ့လိုက်ရလေသည်။

ကျိုးဟောင်လည်း အလျင်အမြန်ပင်သူ၏ချပ်၀တ်ကို၀တ်ဆင်လိုက်ပြီး ၁၃ခုမြောက်အက်ကွဲကြောင်း၏ ရှေ့တန်းခံတပ်ဆီသို့ သွားခဲ့လေသည်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတွင် ၁၃ခုမြောက်အက်ကွဲကြောင်းမှာအနည်းငယ် တိုးတက်လာလေသည်။ များစွာသော ကာကွယ်ရေးလိုင်းများပေါ်လာခဲ့ပြီး ထိုလိုင်းများကိုထိန်းချုပ်ရန် အဆောက်အအုံ ကြီး၇ခုဆောက်လုပ်ပြီးခဲ့လေသည်။

လေ့ကျင့်ရေးစခန်းနှင့်ပတ်သက် အလံများလည်း ထိုအဆောက်အအုံပေါ်တွင် လွှင့်တင်ထားခဲ့လေသည်။

ကျူးဇောင်တယောက်ဒီလောက် ကျွမ်းကျင်ပါးနပ်လိမ့်မည်လို့ ကျိုးဟောင်မထင်ခဲ့ပေ။၁၃ခုမြောက်အက်ကွဲကြောင်းမှာ တည်ငြိမ်နေပြီဖြစ်သော်လည်း ဖြစ်ပေါ်လာနိုင်သောအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်နေလေသည်။

ထိုအရာက ကျိုးဟောင်အား အံ့အားသင့်စေခဲ့လေသည်။

"ကောင်းကင်ဘုရင်ကျူး ခင်ဗျား ဒီလောက်ကျွမ်းကျင် လိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

ကျိုးဟောင်က ကျူးဇောင်အား ပြုံးပြီး နှုတ်ဆက်လိုက်လေသည်။

"ဒါက ငါတို့လူသားမျိုးနွယ်အတွက် အနာဂတ်စီမံကိန်းဖြစ်တာကြောင့် ငါလစ်ဟာချက်ရှိသွားလို့မရဘူးလေ"

ကျုးဇောင်က ချက်ချင်းပြန်ဖြေလိုက်သည်။

"ဒါနဲ့ ကျုပ်ကို ဒီနေ့ခေါ်ရတဲ့အကြောင်းအရင်းကဘာများလဲ"

ကျိုးဟောင်က ‌ဇဝေဇဝါဖြစ်ပြီးမေးလိုက်လေသည်။

....................................................................................

အခန်း (၃၃၉) ပြီးပါပြီ။

All Chapters