အခန်း (၃၅၈-၃၆၀)
Vol. 24 Ch. 358-360
အခန်း (၃၅၈) : တိုက်ကြ
ဤမြင်ကွင်းမှာ အားလုံးအားချက်ချင်းပင်ကြက်သေသေသွားစေလေသည်။
လွန်ခဲ့သောတစ်စက္ကန့်က ကျိုးဟောင်မုန်တိုင်းမိစ္ဆာမျောက်ဝံအား အနိုင်မတိုက်နိုင်မည်ကိုစိုးရိမ်နေခဲ့ကြသော်လည်း နောက်ထပ်တစ်စက္ကန့်ကြာပြီးနောက် ကျိုးဟောင်မှာထိုသတ္တဝါ၏ခေါင်းအားဖြတ်လိုက်လေသည်။
ဤမြင်ကွင်းသည်သူတို့၏မျက်နှာများအားဖြူလျော်သွားစေကာ မယုံကြည်နိုင်မှုများဖြင့်ထိတ်လန့်သွားစေလေသည်။
သို့သော် နောက်ထပ်တစ်စက္ကန့်ကြာပြီးနောက် အားလုံးမှာစိတ်လှုပ်ရှားစွာအော်ဟစ်လာကြလေသည်။
"ဥက္ကဌကျိုးက တကယ်ပြိုင်ဘက်ကင်းပဲ"
"ဥက္ကဌကျိုးက အရမ်းအထင်ကြီးစရာကောင်းတယ်"
"ငါတို့လမ်းရှင်းသတ်ပေးပြီး ဥက္ကဌကျိုးဒီသန္ဓေပြောင်းသားရဲတွေကိုသတ်လို့ရမဲ့ အခွင့်အရေးရှာပေးကြစို့"
စစ်သည်များမှာဒေါသတကြီးကြုံးဝါးလိုက်ကြသည်။ မူလကယုံကြည်ချက်မရှိသော်ငြား ကျိုးဟောင်၏ အင်အားအားမြင်လိုက်ရချိန်တွင် အားလုံး၏ယုံကြည်မှုမှာ ချက်ချင်းပင်တစ်ဟုန်ထိုးထိုးတက်လာလေသည်။
ကျိုးဟောင်မှာလှံတံအားကိုင်ကာ သူ့ရှေ့တွင်ရှိနေသောသန္ဓေပြောင်းသားရဲ ၄ကောင်အားကြည့်လိုက်လေသည်။ ပြိုင်ဘက်ကင်းကာစွမ်းအားကြီးသောကျင့်ကြံမှုရှိသည့်ကျိုးဟောင်မှာ ကောင်းကင်ကိုပင်လှုပ်ခါနိုင်စွမ်းရှိပေသည်။
ကျိုးဟောင်မှာလက်တစ်ချက်ဝေ့ရုံဖြင့် မုန်တိုင်းမိစ္ဆာမျောက်ဝံအားသတ်ပစ်ခဲ့ပေရာ ဤမြင်ကွင်းမှာအခြားကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲများကိုလည်းထိတ်လန့်စေပေသည်။ သူတို့ရှေ့ရှိဤလူသားကျင့်ကြံသူမှာ ဤမျှလောက်စွမ်းအားကြီးမည်ဟု မမျှော်လင့်ထားခဲ့ပေ။
"ဥက္ကဌကျိုး....သူကညနတ်ဘုရားရဲ့မျက်စိရှေ့မှာတင် ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲတွေကိုသတ်ခဲ့တဲ့ပညာရှင်များလား"
"တကယ်ဒီလူပဲ...မကောင်းတော့ဘူး မြန်မြန်တပ်ကူတောင်း ငါတို့လုံးဝမခုခံနိုင်ဘူး"
မိစ္ဆာသားရဲ ၄ကောင်မှာမတုံးအကြပေ။ မည်သို့ပင်ဖြစ်စေ မုန်တိုင်းမိစ္ဆာမျောက်ဝံမှာ တိုက်ခိုက်မှုတစ်ခုတည်းဖြင့်အသတ်ခံခဲ့ရပေသည်။ ကျိုးဟောင်၏ဂုဏ်သတင်းမှာ နေရာတိုင်းတွင်ပျံ့နှံ့နေပြီဖြစ်သည်။ အစောပိုင်းကမြင်ကွင်းအားကြည့်ပြီးနောက် သားရဲများမှာချက်ချင်းပင်ထိတ်လန့်သွားကြလေသည်။
ကံဆိုးသည်မှာ ကျိုးဟောင်သည်၎င်းတို့အားအခွင့်အရေးမပေးပေ။
လက်ထဲရှိနဂါးနက်လှံအားမြောက်လိုက်သည်နှင့် မြောက်မြားစွာသောလှံအလင်းတန်းများပေါ်ပေါက်လာခဲ့ပေသည်။ အလားတူပင်ကျိုးဟောင်၏ကိုယ်ထဲရှိ နတ်ဘုရားသတ်သိုင်းမှာလည်း ထွက်ပေါ်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျိုးဟောင်၏အငွေ့အသက်မှာ ကမ္ဘာကြီးအပေါ်ကျရောက်လာပြီး ၇ခုမြောက်အက်ကွဲကြောင်းအား ဖိနှိပ်ထားလေသည်။
"ဘုရားရေ....သူ့ရဲ့ကျင့်ကြံအဆင့်...သူ့ရဲ့ကျင့်ကြံအဆင့်ကဘာလို့ရုတ်တရက်ကြီးထိုးတက်သွားရတာလဲ"
"သူကကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်ပဲကို ဒါပေမဲ့...ဘာလို့သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားက ကောင်းကင်ဘုံအဆင့်ကိုရောက်သွားပြီလို့ခံစားနေရတာလဲ ဒါဘယ်လိုဖြစ်နိုင်မှာလဲ"
ဤသားရဲများ၏ခန္ဓာကိုယ်များမှာ လှုပ်မရတော့ပေ။ လက်ရှိအချိန်တွင် သူတို့သည်လုံးဝကြက်သေသေနေကြပေသည်။
ကျိုးဟောင်မှာနှာခေါင်းရှုံ့ကာ ရွှေကျီးလွတ်မြောက်ရေးသိုင်းအားသုံးကာ ရွှေရောင်အလင်းတန်းအဖြစ်ပြောင်းလဲသွားပေသည်။
မုန်တိုင်းမိစ္ဆာမျောက်ဝံအားသတ်ပြီးနောက် သူ၏ကံကြမ္မာအမှတ်များမှာ ချက်ချင်းပင်သန်းချီတိုးသွားလေသည်။ ဤနှုန်းအတိုင်းဆိုပါက ဤသတ္တဝါများအားသတ်လိုက်ပါက အမှတ် ၁၀သန်းကျော်လောက်ရနိုင်ပေသည်။
အားလုံးကိုသတ်လိုက်ပါက သန်း ၁၀၀ကျော်သွားမည်ဖြစ်သည်။
ကျိုးဟောင်မှာတွေးရင်းစိတ်လှုပ်ရှားနေပေသည်။ ဤကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်များအားသတ်ခြင်းမှရလာသော ကံကြမ္မာအမှတ်များအားအလွန်မြင့်မားပေသည်။ ဤပမာဏမှာ စစ်တပ်တစ်ခုလုံးအားသတ်ဖြတ်ခြင်းနှင့်ညီမျှပေသည်။
"ငါတော့ဒီနေ့ ကံကြမ္မာအမှတ်တွေထပ်စုလို့ရပြီ"
ကျိုးဟောင်မှာအလွန်ပျော်ရွှင်သွားပြီး ထိန်းချုပ်မနေတော့ပေ။ နဂါးနက်လှံမှ ကြောက်မက်ဖွယ်ရာအလင်းတစ်ခုထွက်ပေါ်လာပြီး ထိုအလင်းတန်းမှာသိုးအုပ်ထဲဝင်ရောက်သွားသလို မိစ္ဆာအုပ်ထံတန်းကာဝင်ရောက်သွားခဲ့ပေသည်။
ဤမြင်ကွင်းအားကြည့်နေသော အဝေးရှိရွှေချပ်ဝတ်ခေါင်းတိုလိပ်မှာ ချက်ချင်းပင်ကြက်သေသေသွားလေသည်။
ဤလူသည်တစ်ချက်တည်းဖြင့် မုန်တိုင်းမိစ္ဆာဝက်ဝံအားသတ်ခဲ့ပေရာ တိုက်ခိုက်ရေးစွမ်းအားမှာ တကယ်ပင်အတိုင်းအတာထက်ကျော်လွန်နေပေသည်။
"ငါတို့တကယ် သန်မာတဲ့ရန်သူနဲ့ရင်ဆိုင်နေရတာပဲ ညနတ်ဘုရားကငါတို့အများကြီးကိုဒီနေရာမှာစောင့်ခိုင်းတာမထူးဆန်းတော့ဘူး လတ်စသတ်တော့ဒီလူရဲ့ရန်ကိုစောင့်ဖို့ပဲ"
"ဒါပေမဲ့ စက်ရုပ်မျိုးနွယ်ကအဆင်ပြေရဲ့လား တကယ်လို့သူတို့ရဲ့ပြင်ဆင်မှုကအမြန်မပြီးရင် ငါတို့ထပ်ပြီးတောင့်ခံနိုင်မှာမဟုတ်ဘူး"
ရွှေချပ်ဝတ်ခေါင်းတိုလိပ်မှာ နှစ်ပေါင်းများစွာရှင်သန်ခဲ့သူဖြစ်ပေရာ သတိကြီးလှပေသည်။ ၎င်းထံတွင်အလွန်ခိုင်ခဲ့သောချပ်ဝတ်ရှိသော်ငြား နောက်ဆုံးအခြေအနေမရောက်ပါက ကျိုးဟောင်အားတိုက်ခိုက်လို့မရပေ။
မည်သို့ပင်ဖြစ်စေ ဤလူမှာကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲတစ်ကောင်အားအလွယ်တကူသတ်ခဲ့ပေသည်။ ဤမြင်ကွင်းသည်သူ၏အခွံကိုပေယားစေပြီး သူ့အားအလွန်စိုးရိမ်စေပေသည်။
သူ၏ရွှေရောင်ချပ်ဝတ်မှာ စွမ်းအားကြီးသော်ငြား ကျိုးဟောင်၏တိုက်ခိုက်မှုအားခံနိုင်မည်ဟု အာမမခံနိုင်ပေ။
"စီနီယာရွှေချပ်ဝတ်လိပ် စက်ရုပ်မျိုးနွယ်တွေက လောလောဆယ်လမ်းခုလတ်မှာရောက်နေပါပြီ ကျွန်တော်တို့နောက်ထပ်နည်းနည်းလောက်ထပ်စောင့်ရဦးမယ်ထင်ပါတယ် သူတို့ကိုအချိန်ဆွဲနိုင်သရွေ့ ကျွန်တော်တို့မှာအခွင့်အရေးရှိပါတယ်"
ရွှေချပ်ဝတ်ခေါင်းတိုလိပ်ဘေးရှိသန္ဓေပြောင်းသားရဲတစ်ကောင်မှ လျင်မြန်စွာပြောလာလေသည်။ ဤသတ္တဝါကိုကြည့်ရသည်မှာ ငါးခူနှင့်အလွန်တူပေသည်။ သူ၏ကြီးမားသောနှုတ်ခမ်းမွေးနှစ်ချောင်းမှာလျှပ်စစ်ဝင်ရိုးများကဲ့သို့ အလင်းဓာတ်ဖြင့်တောက်ပနေပေရာ အလွန်အံ့ဩစရာကောင်းလှပေသည်။
"မင်းပြောတာဟုတ်တယ် ငါတို့အချိန်တစ်ခုအထိတောင့်ခံနိုင်သရွေ့ စက်ရုပ်မျိုးနွယ်ရဲ့ပိုးရောက်လာတဲ့အခါ အခွင့်အရေးရှိနိုင်တယ်"
"အဲဒါကြောင့် ငါတို့ခုခံရုံပဲရှိတယ် မင်းတို့အားလုံးသွားကူညီကြ တခြားကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တွေကကြောက်စရာမလိုဘူး အဓိကပြဿနာက ဥက္ကဌကျိုးပဲ မင်းတို့သူ့ကိုဒီတိုင်းအချိန်ဆွဲထားကြ"
အမိန့်ပေးရင်း ရွှေချပ်ဝတ်ခေါင်းတိုလိပ်၏မျက်လုံးထဲတွင် ကောက်ကျစ်သောအမူအရာတစ်ခုပေါ်လာလေသည်။
"ဟုတ်ကဲ့"
ငါးခူမှာချက်ချင်းပင်ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်လက်တစ်ချက်ဝေ့ပြလိုက်ကာ အခြားကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲ ၇ကောင်၊ ၈ကောင်အားဦးဆောင်ကာ ထွက်သွားလေသည်။
ဤမြင်ကွင်းမှာလူသားများအားထိတ်လန့်စေပေသည်။ ရွှေချပ်ဝတ်ခေါင်းတိုလိပ်မှ ဤမျှလောက်များသောကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲများအားလွှတ်လိုက်မည်ဟု မထင်ထားခဲ့ပေ။
ကြည့်ရသည်မှာသူတို့သည်တာဝါတိုင်အားကာကွယ်ရန်ဆုံးဖြတ်ထားကြပုံပင်။ လူသားစစ်သည်များသည်လည်း တစ်ခုခုအားနားလည်လိုက်ကြပေသည်။
သူတို့ဤတာဝါတိုင်အားဖျက်ဆီးပစ်မှဖြစ်ပေလိမ့်မည် မဟုတ်၍ ၇ခုမြောက်အက်ကွဲကြောင်းအားဆုံးရှုံးလိုက်ရပါက အားလုံးအဆုံးသတ်သွားမည်ဖြစ်သည်။
"ဥက္ကဌကျိုး သတိထား သူတို့နောက်ထပ်ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တွေအများကြီးထပ်လွှတ်လိုက်ပြန်ပြီ"
ထိုမြင်ကွင်းအားမြင်လိုက်သောလူသားပညာရှင်များမှာ ချက်ချင်းပင်ထိတ်လန့်တကြားအော်ဟစ်လာကြလေသည်။ အကြောင်းမှာ ဤကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်များမှာသူတို့ထံလာခြင်းမဟုတ်ဘဲ ကျိုးဟောင်ထံဦးတည်သွားနေ၍ဖြစ်သည်။
"၁ ၂ ၃.....၇ တကယ်ကြီးငါ့ကိုအထင်ကြီးနေတာပဲ"
ထိုမြင်ကွင်းအားမြင်သောအခါ ကျိုးဟောင်၏အမူအရာသည်လည်း မဲမှောင်သွားခဲ့ပေသည်။ သူသည်အလွန်စွမ်းအားကြီးသည်ဆိုသော်ငြား ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင် ၁၁ယောက်ကိုတော့ အတော်လေးခုခံရမည်ဖြစ်သည်။
ထို့အပြင်ထိုသတ္တဝါများသည် သူနှင့်လုံးဝထိပ်တိုက်မတိုက်လိုပေ။ ထိုအစား သူ့အားအချိန်ဆွဲရန်သာရည်ရွယ်ထားပုံပင်။ အားလုံးမှာရှောင်တိမ်းရုံသာရှောင်တိမ်းနေပြီး လုံးဝဖမ်းမမိပေ။
ကျိုးဟောင်မှာအလွန်စိတ်ပူနေပြီဖြစ်သည်။ အကယ်၍ဤပုံအတိုင်းဆက်သွားပါက စက်ရုပ်မျိုးနွယ်၏ပိုးရောက်လာပါက အဆုံးသတ်သွားမည်ဖြစ်သည်။
ထိုအကြောင်းအားစဉ်းစားမိသောအခါ ကျိုးဟောင်မှာစွမ်းအားကိုထိမ်ချန်မနေတော့ဘဲ ကိုယ်တွင်းရှိ နတ်ဘုရားသတ်သိုင်းအားအပြည့်အဝအသက်သွင်းလိုက်ပေရာ သူ၏တစ်ကိုယ်လုံးရှိသွေးအနှစ်သာရများမှာ ဆူပွက်လာပေသည်။ ထို့နောက် ကျင့်ကြံရေးသိုင်းအားလုံးကိုသုံးလိုက်လေသည်။
ဓားကိုလည်းထုတ်လိုက်ပြီး ဘယ်လက်တွင်ဓားကိုင်ကာ ညာလက်တွင်လှံအားကိုင်ဆောင်ထားပေသည်။
ဘယ်လက်ထဲရှိဓားမှအေးစက်သောအလင်းတန်းများစွာထွက်ပေါ်လာခဲ့ပြီး ၎င်းမှာအရိပ်ဓားခုနစ်ချောင်းသာဖြစ်ပေသည်။
ယခုကျိုးဟောင်နှင့်အသင့်တော်ဆုံးလက်နက်မှာ အရိပ်ဓားခုနစ်ချောင်းဖြစ်ပြီး ထိုဓားအားအပြည့်အဝသန့်စင်ပြီးပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကျိုးဟောင်သည် သစ်သားဝိဉာဉ်သိုင်းကိုလည်းသုံးလိုက်ပေရာ ဘေးပတ်ဝန်းကျင်မှာသစ်တောပင်လယ်ကြီးအဖြစ်ပြောင်းလဲသွားကာ ဤသန္ဓေပြောင်းသားရဲများအားလူစုကွဲသွားစေလေသည်။
ဤအရာသည်ကျိုးဟောင်လိုချင်သောအရာသာဖြစ်သည်။ သူသည်ထိုသားရဲများအားတစ်စုတည်း မနေစေလိုပေ။
အလားတူပင်ကျိုးဟောင်သည် ယခုထက်ပိုပြီးမကြန့်ကြာချင်ပေ။ သူတို့အတွက်အခွင့်အရေးရရန် တာဝါတိုင်အားဖြေရှင်းရပေဦးမည်။
သေစေနိုင်သောအကွက် ၂ကွက်အားသုံးပြီးနောက် သားရဲများသစ်သားဝိဉာဉ်သိုင်းအားခုခံနေသည်ကိုအခွင့်ကောင်းယူကာ ကျိုးဟောင်သည်တာဝါတိုင်ဆီသို့ တန်းကာပြေးဝင်သွားလိုက်သည်။
"ဥက္ကဌကျိုးက တာဝါကိုတန်းဖျက်ဆီးဖို့ကြိုးစားနေတာလား"
"ဟုတ်တယ် ဥက္ကဌကျိုးလုပ်တာမှန်တယ် ဒီကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲတွေကိုသတ်ဖို့ ငါတို့မှာအချိန်အလုံအလောက်မရှိတော့ဘူး"
"စူပါမော်လီကျူလာပိုးပေါ်လာတာနဲ့ ငါတို့ရဲ့ ၇ခုမြောက်အက်ကွဲကြောင်းက သေချာပေါက်ကျရှုံးသွားမှာ"
သူတို့၏တိုက်ခိုက်ရေးစွမ်းအားအား အပြည့်အဝအသုံးချရမည်ဖြစ်ကြောင်း အားလုံးနားလည်ကြပေသည်။
"အားလုံး ဥက္ကဌကျိုးအတွက်အခွင့်အရေးရအောင် အကောင်းဆုံးကြိုးစားကြ"
လက်ရှိအချိန်တွင် သူသည်ကျိုးဟောင်မည်မျှစွမ်းအားကြီးကြောင်းမြင်လိုက်ရပြီးပြီဖြစ်ပေရာ ကျိုးဟောင်အားအလွန်ပင်လေးစားနေလေသည်။
ယနေ့အနိုင်ရနိုင်မည့်အဓိကသော့ချက်မှာ ဥက္ကဌကျိုးဖြစ်ကြောင်းကို အားလုံးလည်းသိကြပေသည်။ အကယ်၍ကျရှုံးသွားပါက အားလုံးပြီးဆုံးသွားပေလိမ့်မည်။
ထို့ကြောင့် အားလုံးမှာထိန်းချုပ်မထားတော့ဘဲ မကြုံစဖူးတိုက်ခိုက်ရေးစွမ်းအားများအားထွက်ပေါ်လာခဲ့ပေသည်။
ပိုင်လင်းလုံသည်လည်းအတော်လေးစိတ်ပူနေပေသည်။ သူမ၏လက်ထဲတွင်လှံတံတစ်ခုအားကိုင်ထားပြီး ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲ ၂ကောင်နှင့်တိုက်ခိုက်လိုက်တိုင်း သူမ၏လှံမှအလင်းတန်းများစွာထွက်ပေါ်နေပေသည်။
ပိုင်လင်းလုံမှာအလွန်သန်မာသည်ဟုပြောလို့ရပေသည်။ ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်များကြားတွင် သူမ၏အဆင့်မှာသေချာပေါက်မြင့်မားပေသည်။
အကြောင်းပြချက်မှာ ပိုင်လင်းလုံ၏ကျင့်ကြံရေးမှာစွမ်းအားကြီးရုံသာမက သူမ၏လှံသိုင်းမှာလည်းပြောင်မြောက်၍ဖြစ်သည်။ စင်စစ်တွင်လှံသိုင်းပြိုင်ပါက ကျိုးဟောင်ပင်သူမ၏ပြိုင်ဘက်မဖြစ်နိုင်ပေ။
"သတ်ကြ"
ကျိုးဟောင်ရဲဝံ့စွာရှေ့တက်သွားသည်ကိုကြည့်ပြီးနောက် ပိုင်လင်းလုံမှာအော်ဟစ်လိုက်ကာသူမ၏အငွေ့အသက်သည်လည်းထိုးတက်လာခဲ့ပေသည်။
...................................................................................
အခန်း(၃၅၈) ပြီးပါပြီ။
အခန်း (၃၅၉) : ကံကြမ္မာသခင်မ၏အနမ်း
များစွာသောစစ်သားများမှာကျိုးဟောင်၏ရဲရင့်သောပုံရိပ်အားကြည့်ကာ လေးစားနေကြပြီး ထိုအထဲတွင်ပိုင်ကျန်းဟိုင်လည်း အပါအဝင်ဖြစ်သည်။
သူသည်လက်သီးအားတင်းတင်းဆုပ်လိုက်မိသည်။ အက်ကွဲကြောင်းထဲမှသူ့အားစိုက်ကြည့်နေသည့် အလွန်နက်ရှိုင်းလှသည့်အငွေ့အသက်အားခံစားမိ၍မဟုတ်ပါက အစောကြီးကတည်းကဝင်ရောက်တိုက်ခိုက်နေပြီဖြစ်သည်။
သို့သော်သူ့ထံတွင်ရွေးချယ်စရာမရှိပေ။ သူဝင်တိုက်ခိုက်လျှင်ပင် တစ်ဖက်ရှိကောင်းကင်ဘုံအဆင့်ပညာရှင်အားမသတ်နိုင်ပေရာ အလွန်သောကရောက်ခံပြီး အကူအညီမဲ့စွာထိုင်ကြည့်နေရုံမှတစ်ပါးမတတ်နိုင်ပေ။
"ဥက္ကဌကျိုး ကမ္ဘာကြီးပေါ်က ၇ခုမြောက်အက်ကွဲကြောင်းရဲ့လုံခြုံရေးက ခင်ဗျားလက်ထဲမှာပဲရှိနေပြီ"
ပိုင်ကျန်းဟိုင်သည်အလွန်စိုးရိမ်နေသောအမူအရာဖြင့်တီးတိုးရေရွတ်မိလေသည်။
လက်ရှိအချိန်တွင် ကျိုးဟောင်မှာတာဝါတိုင်အနီးရောက်နေပြီဖြစ်သည်။
ရွှေချပ်ဝတ်ခေါင်းတိုလိပ်မှာ ထိုအရာအားမြင်လိုက်ချိန်တွင် ချက်ချင်းပင်ထိတ်လန့်သွားလေသည်။ အထက်မှလူကြီးများအားတာဝါတိုင်အားစောင့်ရှောက်ခိုင်းထားခြင်းဖြစ်သည်။ အကယ်၍သူတာဝန်ယူထားသောအချိန်အတွင်း ဤတာဝါတိုင်ပျက်စီးသွားပါက သူ့ဘဝမှာအဆုံးသတ်သွားမည်ဖြစ်သည်။
ထို့ကြောင့် ကျိုးဟောင်အားရင်မဆိုင်ချင်လျှင်ပင် အံကြိတ်ပြီးရင်ဆိုင်ရုံသာရှိသည်။ ထို့နောက် ၎င်း၏ခန္ဓာကိုယ်မှာရွှေရောင်အလင်းတန်းအဖြစ်ပြောင်းလဲသွားပြီး ထိုးတက်လာသောဖိအားနှင့်အတူ ရှေ့သို့ခုန်ထွက်သွားခဲ့ပေသည်။
ကျိုးဟောင်၏အမူအရာမှာအလွန်အမင်းရုပ်ဆိုးသွားသည်။ ထို့နောက်နှာခေါင်းရှုံ့ကာ အရိပ်ဓားခုနစ်ချောင်းအားတန်းသုံးလိုက်ပေရာ များစွာသောဓားအလင်းတန်းများမှာ မိုးရွာသကဲ့သို့ကျလာပေသည်။
သာမန်ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်များမှာ ယခုလိုတိုက်ခိုက်မှုအားလုံးဝမခံနိုင်ပေ။ သို့သော်ရွှေချပ်ဝတ်ခေါင်းတိုလိပ်မှာမူ အခွံထဲတန်းဝင်သွားကာပုန်းလိုက်လေသည်။ ဓားအလင်းတန်းမှာသူ၏ကိုယ်ပေါ်သို့ကျရောက်လာပြီး သတ္တုချင်းထိခတ်မိသံတစ်ခုထွက်ပေါ်လာခဲ့ပေသည်။ ထိုဓားချက်ကြောင့် သူ၏အစိမ်းရောင်အမွေးအများအပြားဆုံးရှုံးလိုက်ရသည်ကလွဲ အခြားဘာမှမထိခိုက်သွားခဲ့ပေ။
ရွှေချပ်ဝတ်ခေါင်းတိုလိပ်မှာ ဒဏ်ရာမရခဲ့ဘူးဆိုသော်ငြား အတော်လေးအံ့ဩထိတ်လန့်သွားခဲ့သည်။ ကျိုးဟောင်၏စွမ်းအားမှာတကယ်ကိုစွမ်းအားကြီးလှပေသည်။ ဤတိုက်ခိုက်မှုသည် သူ၏သွေးအနှစ်သာရကိုပင်ဆူပွက်သွားစေခဲ့လေသည်။
"လူသားမျိုးနွယ်မှာ ဒီလောက်စွမ်းအားကြီးတဲ့လူရှိမယ်လို့မထင်ထားခဲ့ဘူး ဒါပေမဲ့ဥက္ကဌကျိုး မင်းငါတို့ကိုသတ်မရသလို တားလို့လည်းမရဘူး"
တိုက်ခိုက်မှုအားခုခံနိုင်လိုက်ပြီးနောက် ရွှေချပ်ဝတ်ခေါင်းတိုလိပ်သည် အတော်လေးယုံကြည်ချက်ရှိသွားခဲ့ပေသည်။ သူဥက္ကဌကျိုးအားသတ်ရန်မှာအနည်းငယ်ခက်ခဲနိုင်သော်လည်း ကျိုးဟောင်သူ့အားသတ်ရန်မှာလည်းမဖြစ်နိုင်ပေ။
ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်မဆိုထားနှင့် တတိယမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ပင် သူ့အားမသတ်နိုင်ပေ။
ဤရွှေချပ်ဝတ်ခေါင်းတိုလိပ်မှာ အမှန်တကယ်ပင်တစ်ခုခုထူးခြားကြောင်း စဉ်းစားမိပြီးနောက် ကျိုးဟောင်၏အမူအရာမှာ ချက်ချင်းပင်မဲမှောင်သွားခဲ့သည်။ ၎င်း၏ကိုယ်ပေါ်ရှိရွှေရောင်ချပ်ဝတ်မှာ သူ၏အရိပ်ဓားခုနစ်ချောင်းအား တကယ်ပင်ခုခံနိုင်ပေသည်။
ဤရွှေချပ်ဝတ်ခေါင်းတိုလိပ်မှာ ကြားရသောဂုဏ်သတင်းအတိုင်းထိုက်တန်ကြောင်း ဝန်ခံရပေမည်။
"ဟမ့် လိပ်စုတ်ကများ အရှက်မရှိလေကျယ်နေတယ်"
ကျိုးဟောင်မှာသရော်ကာ လှံအားတန်းထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် အနောက်ရှိသန္ဓေပြောင်းသားရဲများမှာ သစ်သားဝိဉာဉ်သိုင်းမှလွတ်မြောက်လာကြပြီး ကျိုးဟောင်ထံခုန်ဝင်လာကြသည်။
နှစ်ဖက်လုံးမှအဝိုင်းခံလိုက်ရသည့်အချိန်တွင် ကျိုးဟောင်အပေါ်ဖိအားသည်လည်းနှစ်ဆတိုးလာခဲ့ပေသည်။
သို့သော် သူလက်လျှော့လို့မဖြစ်ပေ။ မည်သို့ပင်ဖြစ်စေ ဤတာဝါတိုင်အားသေချာပေါက်ဖျက်ဆီးပစ်ရပေမည်။
ဤသန္ဓေပြောင်းသားရဲများကိုတော့ အသက်စွန့်ကာဖြေရှင်းရုံသာရှိတော့သည်။
တာဝါအားခိုးတိုက်ရန်မှာမဖြစ်နိုင်ကြောင်း ကျိုးဟောင်သဘောပေါက်ပေသည်။ ထို့ကြောင့်လက်ရှိအချိန်တွင်ကျိုးဟောင်သည် သွေးသံရဲရဲတိုက်ပွဲတစ်ခုအားတိုက်ရန်ပြင်ဆင်နေပေသည်။
ကျိုးဟောင်မှာဒေါသတကြီးကြုံးဝါးလိုက်ပြီး နဂါးနက်လှံသည်လည်းချက်ချင်းပင် ပေါက်ကွဲထွက်လာလေသည်။ ထို့နောက် ရွှေကျီးလွတ်မြောက်ရေးသိုင်းအားအသက်သွင်းလိုက်လေရာ သူ၏ကိုယ်ပေါ်ရှိအလင်းရောင်များမှာကျက်သရေရှိစွာထွက်ပေါ်နေပြီး သတ်ဖြတ်ရေးနတ်ဘုရားတစ်ပါးသဖွယ်ဖြစ်နေပေသည်။
တစ်ဖက်တွင် ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်စုစုပေါင်း ၁၃ယောက်ရှိသော်လည်း ကျိုးဟောင်မှာမကြောက်ပေ။ ကောင်းကင်ယံတွင် လျှပ်စီးကြောင်းများဖြင့်ပြည့်နှက်နေပြီး လက်ထဲတွင်လှံအားကိုင်ကာရန်သူများအားရင်ဆိုင်လိုက်ပေသည်။
ကျိုးဟောင်မှာထိုသတ္တဝါများနှင့်ယှဉ်ပါကသေးငယ်ကာ ဘေးတွင်ရပ်နေသောယင်ကောင်တစ်ကောင်သာသာပင်ရှိသော်လည်း ကျိုးဟောင်၏အငွေ့အသက်မှာ ကောင်းကင်၏တစ်ဝက်မျှကိုပင် ဖုံးကွယ်ထားရန်လုံလောက်ပေသည်။
"ဥက္ကဌကျိုး....စွမ်းအားကြီးလိုက်တဲ့အငွေ့အသက်"
"ဒါကမှလူသားကျင့်ကြံသူပီသတာ သူကစစ်တပ်တစ်ခုလုံးကို လှံတစ်ချောင်းတည်းနဲ့ခုခံနေတာ"
"အရမ်းစွမ်းအားကြီးလွန်းတယ်....အရမ်းစွမ်းအားကြီးလွန်းတယ်...."
ထိုမြင်ကွင်းအားမြင်လိုက်ရသောအခါ လူသားစစ်သည်များမှာထိတ်လန့်သွားသလိုစိုးလည်းစိုးရိမ်လာကြပေသည်။ ဥက္ကဌကျိုးသည် လူသားမျိုးနွယ်အတွက်အဖိုးတန်ရတနာတစ်ခုဖြစ်ပြီး ယခုအချိန်တွင် သူသည်သန္ဓေပြောင်းသားရဲအများအပြားအား တစ်ယောက် တည်းတိုက်ခိုက်နေရပေသည်။
အကယ်၍သူသာသေဆုံးသွားခဲ့ပါကသူတို့မည်ကဲ့သို့လုပ်ရမည်နည်း။
သူတို့စိုးရိမ်သည်မှာအကြောင်းမဲ့မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ လူတစ်ယောက်တည်းဖြင့် ဤသန္ဓေပြောင်းသားရဲအများအပြားအား မည်ကဲ့သို့ခုခံနိုင်မည်နည်း။
သို့သော် ကျိုးဟောင်မှာအားလုံးစိုးရိမ်စရာမလိုကြောင်းကို အလုပ်ဖြင့်သက်သေပြလိုက်ပေသည်။
တစ်ဖက်လူမှာစွမ်းအားကြီးသော်ငြား ကျိုးဟောင်မှာစာမဖွဲ့ပေ။
အော်သံတစ်ချက်နှင့်အတူ ကျိုးဟောင်မှာရှေ့သို့တိုးဝင်သွားခဲ့သည်။
ထိုအချိန်၌ကျိုးဟောင်သာမက လူသားစစ်သည်များ၏သွေးများပါ ဆူပွက်လာခဲ့ပေသည်။ ပိုးအားသယ်ဆောင်လာသောစက်ရုပ်မျိုးနွယ်ရောက်ရှိလာသည်နှင့် သူတို့အတွက်အဆုံးသတ်သွားပြီဖြစ်သည်။
ထို့ကြောင့် ဤစစ်ပွဲတွင်လူသားများမှာ အဆုံးမရှိသောတိုက်ပွဲစွမ်းအားများအား ထုတ်သုံးနေကြခြင်းဖြစ်သည်။
သွေးသောက်မိစ္ဆာပုရွတ်ဆိတ်များမှာချက်ချင်းပင်ရှင်းလင်းခံလိုက်ရသော်ငြား မျိုးနွယ်ခြားများမှာသေချာပြင်ဆင်လာခဲ့ပေသည်။ သွေးသောက်မိစ္ဆာပုရွတ်ဆိတ်များပျောက်ကွယ်သွားသည်နှင့် ရေခဲချွန်အများအပြားမှာ ထပ်မံပေါ်ထွက်လာလေသည်။ ထိုအရာများသည်လည်းအတော်ပြဿနာများပေသည်။
စင်စစ်တွင် မူလအဆင့်သားရဲများစွာပင်ပေါ်လာခဲ့ပေသည်။ ထိုသားရဲများမှာနဝမမြောက်မူလအဆင့်မဟုတ်သော်ငြား လူသားပညာရှင်များကိုတော့အနှောင့်အယှက်ပေးနိုင်သေးပေသည်။
ထိုမျှသာမက ဆရာသခင်အဆင့်နှင့်မဟာတရာသခင်အဆင့်ရှိသောသားရဲများသည်လည်း မြေပြင်ပေါ်ရောဝေဟင်တွင်ပါပြည့်နှက်နေပေသည်။
တာဝါတိုင်မှစူပါမော်လီကျူလာပိုးထုတ်လွှတ်လိုက်သည်နှင့် အဆုံးသတ်သွားမည်ဖြစ်ကြောင်း လူသားများနားလည်သကဲ့သို့ တာဝါတိုင်မှပိုးအားလွှတ်နိုင်ပါက လူသားများမခုခံနိုင်ကြောင်းကို မျိုးနွယ်ခြားများလည်းသဘောပေါက်ကြပေသည်။
ထို့ကြောင့်နှစ်ဖက်စလုံးမှာအားကုန်သုံးကာတိုက်ခိုက်နေကြခြင်းဖြစ်သည်။
သို့သော် လူသားများမှာအလွန်စိုးရိမ်နေကြပြီး သားရဲများမှာလည်းအလွန်သတိထားနေကြသည်။ လူသားများအားအချိန်ဆွဲနိုင်ပါက အားလုံးအဆင်ပြေသွားမည်ဖြစ်ကြောင်းကို မျိုးနွယ်ခြားများသဘောပေါက်ကြပေသည်။
"ချီးပဲ အားလုံးသူတို့ကိုသတ်ကြ ငါတို့ကိုအချိန်မဆွဲစေနဲ့"
"ဟုတ်တယ် တာဝါတိုင်ကပိုးထုတ်လွှတ်မယ်ရင်တောင် အဲဒီမတိုင်ခင်သူတို့ကိုတော့သတ်ရမှာပဲ"
အားလုံး၏မျက်လုံးများမှာသတ်ဖြတ်လိုစိတ်များဖြင့်နီရဲနေကြပြီး အားလုံးကိုလျစ်လျူရှုကာ မျိုးနွယ်ခြားများအားတိုက်ခိုက်နေကြပေသည်။
သွေးများမှာမြေပြင်ပေါ်တွင်ဖုံးလွှမ်းနေပြီး ၇ခုမြောက်အက်ကွဲကြောင်းမှာ ချက်ချင်းပင်သွေးချောင်းစီးနေသောစစ်မြေပြင်တစ်ခုဖြစ်လာခဲ့ပေသည်။
"ဒီတိုက်ပွဲကသေချာပေါက် သမိုင်းမှာမှတ်တမ်းတင်ခံရမှာပဲ"
ပိုင်ကျန်းဟိုင်သည်လည်း မျက်စိရှေ့ရှိမြင်ကွင်းအားကြည့်ကာအလွန်စိတ်လှုပ်ရှားနေပေသည်။
"အမြောက်တွေပြင် လေဆာအမြောက်တွေပြင် လေဆာအမြောက်တွေပြင် သူတို့ကိုသတ်ပစ်"
ပိုင်ကျန်းဟိုင်မှာ စစ်တပ်ရှေ့တွင်နေကာအမိန့်ပေးနေသည်။ ထိုနေရာတွင်လူသားစစ်သည်များသာမက နည်းပညာမြင့်လက်နက်များပါရှိနေပေသည်။
စက်ရုပ်မျိုးနွယ်နှင့်ယှဉ်ပါက လူသားတို့၏အမြင့်ဆုံးနည်းပညာမှာ နိမ့်ကျသည်ဆိုသော်ငြား ဤအမြောက်များ၏စွမ်းအားမှာ မျိုးနွယ်ခြားများအားခြိမ်းခြောက်ရန်တော့လုံလောက်ပေသည်။
အခြေအနေမှာမတိုးသာမဆုတ်သာရှိနေပြီး ကျိုးဟောင်မှာမူပိုပိုရဲတင်းလာခဲ့ကာ ကိုယ်ပေါ်ရှိချပ်ဝတ်မှာလည်း သွေးများဖြင့်စွန်းထင်းနေခဲ့ပေသည်။
သို့သော်ဤသွေးများမှာမျိုးနွယ်ခြားများ၏သွေးများဖြစ်သည်။
တိုက်ခိုက်မှုအနည်းငယ်အတွင်း ကျိုးဟောင်မှာရန်သူများ၏ခြေလက်များအားဖြတ်ပစ်ကာ လက်နက်များအားဖျက်ဆီးပစ်ခဲ့လေသည်။ အချို့သားရဲများဆိုလျှင် ကိုယ်ပေါ်တွင်သွေးချင်းချင်းရဲနေသောအပေါက်ကြီးများပင်ရှိနေလေသည်။
အချိန်ခဏအတွင်း ကျိုးဟောင်မှာရန်သူများအားပြန်လည်တိုက်ခိုက်နေရင်း မျက်လုံးများသည်လည်းနီရဲနေပေသည်။
ထိုမျှသာမက ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲအချို့ပင် ကျိုးဟောင်၏တိုက်ခိုက်မှုများကြောင့်ဒေါသဖြစ်နေကြပေသည်။
သူတို့၏သန္ဓေပြောင်းသားရဲများမှာ စစ်ပွဲစစဉ်ကတည်းကသွေးဆာနေခဲ့ကြပေသည်။ ရန်သူ၏သွေးတင်မဟုတ်ဘဲ မျိုးနွယ်တူများသွေးသည်လည်း သူတို့အားသွေးဆာလာစေပေသည်။
ထို့အပြင် သားရဲများသည် ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်များစွာဖြင့်ပူးပေါင်းတိုက်ခိုက်နေကြခြင်းဖြစ်ပေရာ တစ်ဖက်မှလူတစ်ယောက်တည်းကြောင့် အရေအတွက်များသည့် မိမိတို့ဘက်မှာ ဒဏ်ရာရသွားကြသည်ဟုသတင်းပျံ့သွားပါက မျက်နှာပျက်ရပေလိမ့်မည်။
"ဒီလူသားကိုသတ်ကြ"
သူတို့သည်ဒေါသတကြီးအော်ဟစ်ကာ ပိုမိုရူးသွပ်လာကြလေသည်။
ကျိုးဟောင်မှာဖိအားအတော်များနေပြီဖြစ်သည်။ သူသည် ဒြပ်စင်ငါးသွယ်မဟာယန်မှတ်တမ်းအပါအဝင် သစ်သားစိမ်းသိုင်း၊ အရိပ်ဓားခုနစ်ချောင်းသိုင်း အစရှိသဖြင့် သိုင်းများစွာအားသုံးခဲ့ပေသည်။
ထို့အပြင် သူ၏အားအကြီးဆုံးဝှက်ဖဲဖြစ်သော နတ်ဘုရားသတ်သိုင်း ကိုလည်းသုံးခဲ့ပေသည်။
ယခုအချိန်တွင် ကျိုးဟောင်ရှေ့တိုးလာသည်နှင့်အမျှ ကိုယ်တွင်းရှိတိုက်ခိုက်ရေးစွမ်းအားမှာလည်း တိုးလာခဲ့ပေသည်။
"သေစမ်း"
ကျိုးဟောင်၏အသံမာမိုးခြိမ်းသံပမာပင်။ ထိုအချိန်တွင် အားလုံးမှာ မည်သူပိုကံဆိုးမလဲသိရရန်ယှဉ်ပြိုင်နေကြခြင်းဖြစ်သည်။
မည်သူကပိုရက်စက်ကြောင်းကြည့်ချင်ပေသည်။
ကျိုးဟောင်မှာတိုက်ခိုက်နေရင်း မျက်လုံးများမှာနီရဲနေပေသည်။ ယခုတစ်ကြိမ်တွင် တိုက်ခိုက်မှုအနည်းငယ်အတွင်းမှာပင် ကျိုးဟောင်သည်ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲ ၂ကောင်အား ချက်ချင်းသတ်ပစ်ခဲ့လေသည်။
မုန်တိုင်းမိစ္ဆာမျောက်ဝံအပါအဝင်ဆိုပါက ကျိုးဟောင်သည်ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲ ၃ကောင်တိတိသတ်ပြီးပြီဖြစ်ပေရာ သူ၏ကံကြမ္မာအမှတ်သည်လည်း သန်း ၁၀၀ကျော်သွားခဲ့ပြီဖြစ်ကာ အဆင့်သည်လည်း "ကံကြမ္မာသခင်မ၏အနမ်း" အဆင့်သို့ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
...................................................................................
အခန်း(၃၅၉) ပြီးပါပြီ။
အခန်း (၃၆၀) : ရောက်ရှိလာခြင်း
ကျိုးဟောင်မှာကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ရှိ ကံကြမ္မာအမှတ်များအားအာရုံစိုက်နေပြီး အမှတ်အဆင့်ပြောင်းလဲသွားသည်ကိုမြင်လိုက်ရသောအခါ ချက်ချင်းပင်စိတ်လှုပ်ရှားသွားလေသည်။
ဤကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲများအားသတ်ခြင်းမှ သူ့အတွက်ကံကြမ္မာအမှတ်ထိုမျှလောက်ရမည်ဟုမထင်ထားခဲ့ပေ။
အကယ်၍သူသာရွှေချပ်ဝတ်ခေါင်းတိုလိပ်အားသတ်နိုင်ပါက ကံကြမ္မာအမှတ်ဘယ်လောက်ရမလဲဆိုသည်အား မည်သူမျှမသိနိုင်ပေ။
ကျိုးဟောင်မှာအလွန်စိတ်လှုပ်ရှားသွားသော်လည်း ဤသူရဲဘောကြောင်သောလိပ်အားသတ်ရန်မှာ အနည်းငယ်ခက်ကြောင်းသဘောပေါက်ပေသည်။
သို့သော် ဤလိပ်၏ခေါင်းအားသူသေချာပေါက်အရယူရပေမည်။
ကျိုးဟောင်မှာတိုက်နေရင်း ပျော်ရွှင်ကာပိုမိုရဲတင်းလာခဲ့သည်။ သူ့လက်ထဲရှိနဂါးနက်လှံမှာ နတ်ဘုရားလက်နက်တစ်ခုပမာပင်။ ဤသန္ဓေပြောင်းသားရဲများမှာ ၎င်းအားလုံးဝမခုခံဝံ့ပေ။
ကျိုးဟောင်မှာဒြပ်စင်ငါးသွယ်မဟာယန်မှတ်တမ်းနှင့် သစ်စိမ်းသိုင်းကိုလည်းတွဲသုံးနေပြီး သားရဲများအားပျာယာခတ်နေစေပေသည်။
ရွှေချပ်ဝတ်ခေါင်းတိုလိပ်မှာ အလွန်ထိတ်လန့်နေပြီး မယုံကြည်ဝံ့ပေ။
"ဒီလူရဲ့စွမ်းအင်အနှစ်သာရက တကယ်ကိုပေါတာပဲ ဒါဘယ်လိုဖြစ်နိုင်မှာလဲ ဒီလောက်အကြာကြီးတိုက်ပြီးနောက်ပိုင်း ငါတောင်ပင်ပန်းနေပြီ သူကလုံးဝပင်ပန်းတဲ့ပုံမပေါ်ဘူး"
ရွှေချပ်ဝတ်ခေါင်းတိုလိပ်၏မျက်လုံးများမှာပြူးကျယ်နေသည်။
ထိုသို့တွေးသည်မှာသူတို့တင်မဟုတ်ပေ။ လူသားမျိုးနွယ်စစ်သည်များသည်လည်း ကျိုးဟောင်ပိုပိုရဲတင်းလာသည်ကိုမြင်သောအခါ မှင်တက်နေကြပေသည်။
"ဥက္ကဌကျိုး အရမ်းစွမ်းအားကြီးတာပဲ....အရမ်းစွမ်းအားကြီးတယ်"
"သူကစွမ်းအားကြီးတာမဟုတ်ဘူး စွမ်းအားအရမ်းကြီးလွန်းနေတာ ဟုတ်ပြီလား သူတစ်ယောက်တည်းဒီလောက်သန္ဓေပြောင်းသားရဲအများကြီးနဲ့တိုက်ပြီးတာတောင်မရှုံးရုံတင်မကဘူး ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲ ၄ကောင်ထဲက ၃ကောင်ကိုတောင်သတ်လိုက်သေးတယ် တကယ်ဆိုဥက္ကဌကျိုးရဲ့အငွေ့အသက်က နည်းနည်းတောင်အားနည်းမသွားဘူး"
"ဥက္ကဌကျိုး ....အရမ်းလေးစားစရာကောင်းတာပဲ"
"ဥက္ကဌကျိုးက...ပြိုင်ဘက်ကင်းပဲ"
လူသားကျင့်ကြံသူများမှာအားပါးတရဟစ်ကြွေးလာကြပြီး ပို၍ရဲတင်းလာကာအကြောက်တရားကင်းမဲ့လာကြလေသည်။
တစ်ဖက်တွင်မျိုးနွယ်ခြားများမှာ တစ်လှမ်းပြီးတစ်လှမ်းဖိအားပေးခံရကာ ဆုတ်ခွာနေရေပေသည်။
မူလကလူသားမျိုးနွယ်တို့၏ရန်မှကာကွယ်ရန် ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲအကောင် ၂၀မှာ ဤနေရာတွင်စောင့်ကြပ်နေကြခြင်းဖြစ်သည်။ အစပိုင်းတွင် လူသားများမှာထိပ်တိုက်မတိုက်ခိုက်ဝံ့ဘဲ တာဝါတိုင်အား ခြုံခိုတိုက်ရန်သာကြိုးစားနိုင်ခဲ့ပေသည်။
သို့သော်ဥက္ကဌကျိုးရောက်လာပြီးနောက် အခြေအနေမှာမတူတော့ပေ။ ဥက္ကဌကျိုးသည်မျိုးနွယ်ခြားများအားဖိနှိပ်နိုင်ရုံသာမက ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲအများအပြားအား သတ်ပစ်နိုင်သည်အထိလည်းစွမ်းအားကြီးပေသည်။
ယခုလိုတိုက်ခိုက်ရေးစွမ်းအားမျိုးမှာ တကယ်ပင်လူသားမျိုးနွယ်၏မျှော်လင့်ချက်ဖြစ်ပြီး ၇ခုမြောက်အက်ကွဲကြောင်းတွင်အနိုင်ရနိုင်မည့်အဓိကသော့ချက်လည်းဖြစ်သည်။
"တော်တယ်"
ပိုင်ကျန်းဟိုင်သည်လည်းအလွန်စိတ်လှုပ်ရှားနေပြီး မယုံရဲပေ။
"ကျူးဇောင်ပြောပြဖူးတာ ဥက္ကဌကျိုးကအရမ်းစွမ်းအားကြီးတယ်တဲ့ အဲဒီအချိန်တုန်းကမယုံခဲ့ဘူး ဒါပေမဲ့အခုတော့ကြည့်ရတာ သူပြောတာအမှန်ပဲထင်တယ် တကယ်တော့သူကအရမ်းကိုစွမ်းအားကြီးတာပဲ သူကအထွတ်အထိပ်မူလအဆင့်ပညာရှင်တစ်ယောက်ဖြစ်ပြီး ကောင်းကင်ဘုံအဆင့်တစ်ဝက်ပဲရှိသေးပေမဲ့ တကယ်ကြီးကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ရဲ့တိုက်ခိုက်ရေးစွမ်းအားမျိုးထုတ်သုံးနိုင်တာ တကယ်စွမ်းအားကြီးတာပဲ"
"သူကကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်ဆိုပေမဲ့ စွမ်းအင်အနှစ်သာရကိုလည်းပုံသွင်းနိုင်တယ် ဒီကိစ္စကတကယ်အံ့ဩစရာပဲ ဒီကိစ္စကြောင့်အထက်လူကြီးတွေရဲ့အာရုံစိုက်ခံရမှာစိုးတယ် ငါတို့တိုက်ပွဲနိုင်ဖို့ကဖြစ်နိုင်ပေမဲ့ ဒီကိစ္စပြီးရင် အထက်လူကြီးတွေကသူ့ကိုပစ်မှတ်ထားမလားမသိဘူး"
"ဓားဘုရင်ချင်ပြောတာတော့လူသားတွေကစည်းလုံးတယ်ထင်ရပေမဲ့ အမှောင်နတ်ဘုရားများအဖွဲ့လိုမျိုးချောင်းတိုက်ဖို့ကြံနေတဲ့သစ္စာဖောက်တွေရှိတာနဲ့တင် လူသားမျိုးနွယ်ရဲ့လုံခြုံရေးကဆုတ်ယုတ်နေပြီ တကယ်လို့သူတို့သာဥက္ကဌကျိုးအပေါ်မကောင်းကြံရင် သူ့အတွက်မကောင်းမှာစိုးရိမ်မိတယ်"
"ဒီလောက်နှစ်တွေအကြာကြီးမှာ ငါတို့လူသားမျိုးနွယ်က မျိုးနွယ်ခြားတွေကိုမဖျက်ဆီးနိုင်ခဲ့ဘူး ဒါကမျိုးနွယ်ခြားတွေအင်အားကြီးလို့တင်မဟုတ်ဘဲ ငါတို့လူသားမျိုးနွယ်ရဲ့သစ္စာဖောက်တွေက မျိုးနွယ်ခြားတွေနဲ့ တိတ်တဆိတ်ပူးပေါင်းနေလို့လည်းပါတယ်"
ပိုင်ကျန်းဟိုင်၏ပုံစံမှာကြမ်းတမ်းသည်ဟုထင်ရသော်လည်း အထက်လူကြီးများကြားတွင်သစ္စာဖောက်များရှိနေကြောင်းကိုသိပေသည်။ စင်စစ်တွင် အထက်လူကြီးများ၏အခြေအနေမှာသူထင်ထားသည်ထက် အများကြီးပိုမိုဆိုးရွားပေသည်။
လက်ရှိအချိန်တွင် စစ်မြေပြင်မှာအားလုံးအတွက် စိတ်လှုပ်ရှားစရာဖြစ်နေပြီဖြစ်သည်။ ကျိုးဟောင်မှာတစ်ယောက်တည်းဖြစ်သော်ငြား ပြိုင်ဘက်ကင်းလှပေသည်။
ရွှေချပ်ဝတ်ခေါင်းတိုလိပ်မှာလည်း အခွံထဲခေါင်းဝင်ပုန်းကာကြွက်လိုပြေးနေရသည့်အခြေအနေအထိ အရိုက်ခံနေရပေရာ နောက်ဆုတ်ရန်တွေးနေပြီဖြစ်သည်။
"ဒီတိုင်းဆက်သွားရင် သူတိုက်လို့မသေရင်တောင် သေအောင်နှိပ်စက်ခံရလိမ့်မယ်"
ရွှေချပ်ဝတ်ခေါင်းတိုလိပ်၏အသိဉာဏ်မှာအလွန်မြင့်မားလှသည်။ သူသည်အချိန်ကြာမြင့်စွာနေထိုင်လာခဲ့ပြီး အတော်များများကိုလည်းမြင်ဖူးခဲ့ပေသည်။ သူ၏ဉာဏ်ရည်မှာလူသားများထက်မနိမ့်ကျပေ။ သူ့ရှေ့ရှိဤလူသားကောင်စုတ်လေးမှာ တစ်ခုခုမှားယွင်းနေကြောင်းကို သဘောပေါက်နေပြီဖြစ်သည်။
သာမန်ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်များဆိုပါက အစောကတည်းကစွမ်းအင်ကုန်ခမ်းသွားလောက်ပြီဖြစ်သော်လည်း ကျိုးဟောင်မှာဘာကြောင့်မှန်းမသိ တိုက်လေပိုတက်ကြွလာလေဖြစ်နေပေသည်။
"စက်ရုပ်မျိုးနွယ်တွေခုထိမရောက်သေးဘူးလား သူတို့အခုချိန်ထိမလာသေးရင် ငါလည်းဆက်မတောင့်ခံနိုင်တော့ဘူး"
ရွှေချပ်ဝတ်ခေါင်းတိုလိပ်မှာ စိုးရိမ်လာခဲ့ပေသည်။
သို့သော် ထိုအချိန်တွင်အန္တရာယ်အငွေ့အသက်တစ်ခုအားခံစားလိုက်ရ၍ ရုတ်တရက်အပေါ်အားမော့ကြည့်လိုက်လေရာ ကျိုးဟောင်၏လှံမှာသူ့ခေါင်းတည့်တည့်သို့ကျလာပြီဖြစ်ကြောင်း မြင်လိုက်ရပေသည်။
"မကောင်းဆိုးဝါးကြီး ငါနဲ့တိုက်နေတုန်းကိုမင်းကတကယ်အာရုံပျံ့ရဲတယ်ပေါ့ မင်းတကယ်သေမှာမကြောက်ဘူးလား"
ကျိုးဟောင်ကြုံးဝါးလိုက်သည့်အချိန်တွင် နဂါးနက်လှံမှအလင်းစွမ်းအားများထွက်ပေါ်လာခဲ့သည်။ ထို့နောက်ကျယ်လောင်သောအသံတစ်ခုနှင့်အတူ ရွှေချပ်ဝတ်ခေါင်းတိုလိပ်၏ကိုယ်ပေါ်သို့ကျရောက်သွားခဲ့ပေသည်။
ထိုသတ္တဝါမှာအလျင်အမြန်ပင်သတိဝင်လာကာ လိပ်ခွံထဲဝင်ပုန်းလိုက်သော်လည်း ကျိုးဟောင်၏လက်ချက်ဖြင့် မြေပြင်ပေါ်သို့လွင့်ထွက်သွားခဲ့ပေသည်။
ထိုမြင်ကွင်းအားမြင်လိုက်ရသောအခြားမျိုးနွယ်ခြားများမှာ ထိတ်လန့်သွားခဲ့သည်။ ဤနေရာတွင်ရွှေချပ်ဝတ်ခေါင်းတိုလိပ်သည်တိုက်ခိုက်ရေးစွမ်းရည်အသန်မာဆုံးဖြစ်သည်။ သူပင်အသတ်ခံရပါက သူတို့ဆိုပါကသေချာပေါက်အပြတ်အသတ်အနိုင်ယူခံရမည်ဖြစ်သည်။
သို့သော်သူတို့သည်လိပ်ကဲ့သို့ဉာဏ်မများပေရာ ထွက်ပြေးဖို့လုံးဝမစဉ်းစားဘဲ စက်ရုပ်မျိုးနွယ်၏တပ်ကူများရောက်လာရန်ကိုသာစောင့်ဆိုင်းနေကြလေသည်။
ကြီးမားသောငါးခူကြီးမှာ သူ၏ကြီးမားသောနှုတ်ခမ်းမွေးများအားလှုပ်ယမ်းလိုက်ပေရာ ကောင်းကင်တွင်မိုးခြိမ်းသံများထွက်ပေါ်လာပြီး ကျိုးဟောင်အားပြင်းထန်စွာထိုးဖောက်သွားလေသည်။ ၎င်း၏အင်အားမှာကြီးမားပြီးအရှိန်သည်လည်း လျှပ်စီးကြောင်းပမာမြန်ဆန်လှပေသည်။
"အချိန်ကိုက်ပဲ"
ကျိုးဟောင်မှာအော်ပြောလိုက်ပြီး နတ်ဘုရားသတ်သိုင်း၏စွမ်းအားသည်လည်း ထွက်ပေါ်လာခဲ့ပေသည်။ သူ၏လှံမှာလေထုအားကြမ်းတမ်းစွာထိုးဖောက်ကာ ငါးခူ၏နှုတ်ခမ်းမွေးတစ်ချောင်းအားဖြတ်တောက်လိုက်လေသည်။ ကျန်လက်တစ်ဖက်ဖြင့် ဓားအားလွှဲလိုက်ရာ များစွာသောဓားအလင်းတန်းများမှာ ငါးခူ၏ကြီးမားသောကိုယ်ကြီးအား ခုတ်ပိုင်းလိုက်လေတော့သည်။
ချက်ချင်းပင်ဒဏ်ရာများစွာပေါ်လာပြီး သွေးများလည်းစီးကျလာခဲ့ပေသည်။ ငါးခူကြီးမှာနာကျင်စွာအော်ဟစ်ကာ မြေပြင်ပေါ်သို့ရုတ်တရက်ပြုတ်ကျသွားပေရာ ကြီးမားသောတွင်းကြီးတစ်ခုဖြစ်ပေါ်လာပေသည်။
ကျိုးဟောင်မှာနှာခေါင်းရှုံ့ကာပြောလိုက်သည်။
"မင်းနေမကောင်းဖြစ်နေတုန်း မင်းအသက်ကိုယူလိုက်မယ်"
ထို့နောက်ညှာတာမှုမရှိဘဲ စွမ်းအားကုန်သုံးကာတိုက်ခိုက်လိုက်ပေသည်။
ဤလှံချက်တွင် များစွာသောလျှပ်စီးကြောင်းများသယ်ဆောင်ထားပေရာ ကောင်းကင်တွင်ပင်အစိမ်းရောင်အလင်းတို့ဖြင့်ပြည့်နေလေသည်။
ငါးခူ၏နှုတ်ခမ်းမွေးမှာ တည်းတည်းသာကျန်ခဲ့ပြီး စိတ်ထဲတွင်သေခြင်းတရားအငွေ့အသက်တစ်ခုလည်း ပေါ်ပေါက်လာခဲ့ပေသည်။
သို့သော်ထိုအချိန်တွင် ရွှေချပ်ဝတ်ခေါင်းတိုလိပ်မှာ ရုတ်တရက်ဆိုသလိုအား
အပြည့်ဖြင့်လေများထွေးလိုက်ပေရာ ၎င်းတို့မှာရေစီးကြောင်းအဖြစ်ပြောင်းလဲသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းမှာရေခဲအဖြစ်ထပ်မံပြောင်းလဲသွားပြီး ကျိုးဟောင်အားတိုက်ခိုက်လိုက်လေသည်။
ထိုအချိန်တွင်ကျိုးဟောင်၏အမူအရာမှာပြောင်းလဲသွားခဲ့သည်။ ထို့နောက်လက်ထဲရှိဓားအားဝေ့ယမ်းလိုက်ပေရာ ရေခဲတုံးမှာချက်ချင်းပင်အငွေ့ပျံသွားခဲ့လေသည်။ ရွှေချပ်ဝတ်ခေါင်းတိုလိပ်သည်လည်း ငါးခူအားပါးစပ်တွင်းကိုက်ချီကာ ကျိုးဟောင်၏သေစေနိုင်သောတိုက်ခိုက်မှုမှလွတ်မြောက်သွားခဲ့ပေသည်။
"ဒီမကောင်းဆိုးဝါးအိုကြီးက ခုခံတိုက်ခိုက်တဲ့နေရာမှာတကယ်တော်တာပဲ ငါတိုက်ခိုက်တာခံရပြီးတာတောင် အသက်ရှင်နေသေးတယ်"
ကျိုးဟောင်မှာအသက်ပြင်းပြင်းရှူကာအနည်းငယ်စိတ်ပူလာခဲ့သည်။ သူသည်ပျော်ရွှင်စွာသတ်နေသော်ငြား အားလုံးကိုစိတ်ပူပေသည်။ နောက်တစ်စက္ကန့်အတွင်း စက်ရုပ်မျိုးနွယ်များရောက်ရှိလာမလားဆိုသည်အားမသိနိုင်သလို ၎င်းတို့သည် စူပါမော်လီကျူလာပိုးအားယူလာမလားဆိုသည်ကိုလည်းမသိနိုင်ပေ။
အကယ်၍ဤပိုးသာထွက်ပေါ်လာပါက လူသားမျိုးနွယ်များအတွက် လုံးဝမျှော်လင့်ချက်မရှိနိုင်တော့ပေ။
ထို့ကြောင့် စစ်ပွဲအားတတ်နိုင်သမျှအမြန်ဆုံးဖြေရှင်းချင်ပေသည်။
ဒေါသဖြစ်နေသောကြုံးဝါးသံတစ်ခုနှင့်အတူ ကျိုးဟောင်၏အဆုံးမရှိသောတိုက်ခိုက်ရေးစွမ်းအားသည်လည်း ထွက်ပေါ်လာခဲ့ပေသည်။ လှံနှင့်ဓားပေါ်တွင်လည်း အလင်းတန်းများတဖျက်ဖျက်လင်းလက်လာခဲ့သည်။ ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲတစ်ကောင်အားတန်းသတ်ပြီးနောက် သူ၏ခန္ဓာကိုယ်မှာ နတ်ဘုရားတစ်ပါးပမာဆင်းသက်လာပြီး ထပ်မံတိုက်ခိုက်လိုက်လေသည်။
သို့သော်ထိုအချိန်တွင် ထူးဆန်းသောအက်ကွဲကြောင်းစွမ်းအင်တစ်ခုမှာ တာဝါတိုင်ပေါ်သို့ တန်းကာဆင်းသက်လာခဲ့ပြီးကောင်းကင်ဘုံအဆင့်တစ်ဝက်အငွေ့အသက်တစ်ခုလည်း ပေါ်လာခဲ့ပေသည်။
ကျိုးဟောင်၏အမူအရာမှာသိသိသာသာပြောင်းလဲသွားခဲ့သော်လည်း သန္ဓေပြောင်းသားရဲများ၏အမူအရာများမှာ စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နေပေသည်။
"သူတို့ရောက်လာပြီ စက်ရုပ်မျိုးနွယ်တွေရောက်လာပြီ သူတို့ပိုးယူပြီးရောက်လာကြပြီ"
ပထမဆုံးသတိဝင်လာသူမှာ ရွှေချပ်ဝတ်ခေါင်းတိုလိပ်ဖြစ်ပြီး ကျယ်လောင်စွာရယ်မောလာလေသည်။ ၎င်း၏အသံမှာတောတစ်ခုလုံးအားတုန်ခါစေကာ အရပ်မျက်နှာအနှံ့ပျံ့နှံ့သွားခဲ့ပေသည်။
ထိုအချိန်တွင် လူသားမျိုးနွယ်များမှာမူကြက်သေသေသွားခဲ့ကြပေသည်။ အားလုံးမှာစက်ရုပ်မျိုးနွယ်ရောက်လာမည်ဟုမထင်ထားခဲ့ကြပေ။
အက်ကွဲကြောင်းစွမ်းအင်အတက်အကျသည်လည်း ပိုပိုသိပ်သည်းလာကာ နောက်ဆုံး၌ အလင်းရောင်အောက်တွင် စက်ရုပ်မျိုးနွယ်စစ်သည်တစ်ယောက်ပေါ်လာသည်ကို ကျိုးဟောင်တွေ့လိုက်ရပေသည်။
၎င်းမှာသတ္တုချပ်ဝတ်အားဝတ်ဆင်ထားပြီး စက်ရုပ်နှင့်တူသော်ငြား လက်လေးဘက်ရှိပေသည်။
လက်ရှိအချိန်တွင် သူ၏လက်လေးဘက်ထဲတွင် မနှစ်မြို့စရာအငွေ့အသက်အားထုတ်လွှတ်နေသည့် ကြီးမားသည့်သတ္တုလုံးကြီးအားကိုင်ထားပေသည်။
ထိုပစ္စည်းအားမြင်လိုက်ရသောအခါ ကျိုးဟောင်၏မျက်ဆံများမှာ လှုပ်ရှားသွားခဲ့သည်။
တစ်ဖက်လူသည် စူပါမော်လီကျူလာပိုးအား သယ်ဆောင်လာခဲ့မှန်း ကျိုးဟောင်သိလိုက်ပေသည်။
...................................................................................
အခန်း(၃၆၀) ပြီးပါပြီ။