← Chapters

အခန်း (၃၄၆-၃၄၈)

Vol. 24 Ch. 346-348

အခန်း (၃၄၆-၃၄၈)

Vol. 24 Ch. 346-348

အခန်း (၃၄၆) : နားလည်မှုလွဲခြင်း

"အဲ့တာက အရမ်း လွယ်ပါတယ်။ ဒီယင်ယန်စုံတွဲကျင့်ကြံရေးအသက်၀င်ဖို့ဆိုရင် မင်းတို့နှစ်ယောက်လုံး ခန္ဓာကိုယ်ထဲမှာရှိတဲ့ ယင်စွမ်းအင်နဲ့ ယန်စွမ်းအင်ကိုအာရုံခံဖို့လိုမယ်။ ပြီးရင် အဲ့ စွမ်းအင်နှစ်ခုကိုဖလှယ်ဖို့ လုပ်ရမယ်။ မင်းတို့နှစ်ယောက်လုံး တယောက်နဲ့ တယောက် လက်ဖဝါးခြင်းရောယှက်ပြီးနောက်မှာ ယင်စွမ်းအင်က ယန်စွမ်းအင်ထဲကို၀င်လာလိမ့်မယ်။ မင်းရဲ့ လေးခုမြောက်နံရိုးကြားက စွမ်းအင်လမ်းကြောင်လေးတွေမှာ ကျင့်ကြံမှု တခုပြီးဆုံးသွားချိန်ရောက်ရင် ယန်စွမ်းအင်က ယင်ထဲကိုပြန်၀င်လာလိမ့်မယ်။ အဲ့လိုနဲ့မင်းတို့ဆက်တိုက်ကျင့်ကြံပြီးနောက်မှာတော့ ယင်နဲ့ယန်စွမ်းအားတွေကို ကျစ်ကျစ်လျစ်လျစ်စုစည်းမိလာလိမ့်မယ်"

မုရုံရွှင်းက ချက်ချင်းရှင်းပြလေသည်။

ထိုစကားကိုကြားမှ ကျိုးဟောင်လည်းသက်ပြင်းချလိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။

"ဒီအတိုင်းဆိုရင်တော့ မဆိုးလှဘူး။ ဒါကမကောင်းတဲ့မိစ္ဆာကျင့်စဉ်တခုမဟုတ်ဘူးဆိုတာ ကျုပ်နားလည်ပြီ"

"မင်းထပ်မှားပြန်ပြီ"

ကျိုးဟောင်လည်း မှင်တက်သွားရပြန်သည်။

"ဘာကိုဆိုလိုတာလဲ ကျုပ်ထင်တာမှားတယ်ဟုတ်လား။ ဒါဆို ဒါက မိစ္ဆာကျင့်စဉ်တခုပဲလား"

"ဘယ်ဟုတ်ပါ့မလဲ။ ဒါပေမဲ့ ဒါက တဦးချင်းကျင့်ကြံရတဲ့ကျင့်စဉ်မဟုတ်ဘူး။ မင်းတို့နှစ်ယောက် ယင်နဲ့ယန်ကို လိုက်ဖက်ညီအောင်လုပ်နေစဉ်မှာပဲ ခန္ဓာကိုယ်ချင်းမထိသော်ငြားလည်း တူညီတဲ့ခံစားချက်မျိုးကို ခံစားရလိမ့်မယ်။ ဒါက အဖိုအမ သဘာ၀မို့ တယောက်နဲ့တယောက်ဆွဲငင်ကြတာမဆန်းပါဘူး။မင်းတို့ စွမ်းအင်တွေကို ၀င်လိုက်ထွက်လိုက်တလှည့်စီ ဖလှယ်နေစဉ်မှာပဲ မင်းတို့စိတ်တွေလှုပ်ရှားလာလိမ့်မယ်"

မုရုံရွှင်းကရယ်ပြီးပြောလိုက်လေသည်။

ထိုစကားများကိုကြားပြီး ကျိုးဟောင်တယောက်ပိုပြီးစိတ်ဓာတ်ကျသွားလေသည်။

ရှင်းရှင်းပြောရလျှင် သူတို့ခန္ဓာကိုယ်ခြင်းဘာမှ မကျူးလွန်သော်လည်း စိတ်ခံစားမှုများကတော့အတွေ့အကြုံများရသွားကြမည်ဖြစ်သည်။

သို့သော်လည်း ကျိုးဟောင်မှာ အနည်းငယ်တော့ စိတ်အေးရသည်။ ခန္ဓာကိုယ်ချင်း နှီးနှောတာမဟုတ်သရွေ့ အဆင်ပြေပေသည်။ စိတ်ခံစားမှု အတွေ့ အကြုံအတွက်ကျလည်း ကျိုးဟောင်မှာ ချစ်တင်းနှောခြင်းနှင့်ပတ်သက်သည့် အတွေ့အကြုံမျိုးမရှိသလို ခံလည်း မခံစားဖူးခဲ့ပေ။

"မင်း သူမကို ရှင်းရှင်းလင်းလင်းပြောသင့်တယ်လို့ငါထင်တယ်။ မပြောပြဘဲ စတင်ကျင့်ကြံပြီးမှ သူမဆက်မလုပ်ချင်တော့တဲ့အခါကျရင် ယင်ယန်စွမ်းအင် မင်းတို့နှစ်ယောက်လုံးကို ဒဏ်ရာရစေလိမ့်မယ်။ မင်းငါပြောတာသဘောပေါက်လား"

မုရုံရွှင်းကအမှန်အတိုင်းပြောနေခြင်းဖြစ်လေသည်။

ကျင့်ကြံနေစဉ်ရုတ်တရက်ရပ်လိုက်ခြင်းက နှစ်ယောက်လုံးအတွက် အန္တရာယ်ဖြစ်စေနိုင်သည်။ ထိုသို့ရပ်လိုက်ချိန်တွင် ဖြစ်ပေါ်လာသော စွမ်းအင်ပေါက်ကွဲမှုက နှစ်ယောက်လုံး၏ ခန္ဓာကိုယ်များပျက်စီးသွားစေနိုင်သည်အထိဖြစ်‌နိုင်လေသည်။

"ဟူးးးး...."

ကျိုးဟောင်တယောက်စိတ်ပျက်လက်ပျက်ဖြင့်သက်ပြင်းချလိုက်လေသည်။

ကျိုးဟောင်၏ ဘေးတွင်ရှိနေသော ပိုင်လင်းလုံကလည်း ကျိုးဟောင်သက်ပြင်းချသည်ကိုကြည့်ရင်း သူမပါ လိုက်ပြီး သက်ပြင်းချမိလိုက်လေသည်။

သူမသည် ကျိုးဟောင်ဘာတွေးနေသလဲမသိသော်လည်း စိတ်အဆင်မပြေဖြစ်နေသည်ကိုတော့ သူမ ခံစားမိလေသည်။

"ဥက္ကဌကျိုး ဘာဖြစ်လို့လဲ ဘယ်လိုအခြေအနေရှ်ိလို့လဲ ကျွန်မကိုပြောပြပါ"

သူမသည်စိတ်မရှည်တော့သောကြောင့် မေးလိုက်လေသည်။

ကျိုးဟောင်က ချောင်းတချက်ဟန့်လိုက်သည်။ သူအတန်ငယ်တုံးဆိုင်းနေပြီးနောက်ပြောလိုက်လေသည်။

"အဟမ်း မိန်းကလေးပိုင် အခုကျုပ်မင်းကိုပြောမယ့် အဖြေက ငါတို့နှစ်ယောက်လုံး အပြင်ကိုထွက်နိုင်ဖို့ပဲ တခြား ဘာရည်ရွယ်မှမပါတာကြောင့် အထင်မလွဲပါနဲ့"

"တကယ်လို့ မင်းမလုပ်ချင်ရင်လည်း ရတယ်။ ကျုပ်မင်းကို အတင်းဖိအားမပေးပါဘူး"

ကျိုးဟောင်မှာ ပိုင်လင်းလုံစိတ်ဆိုးသွားမည်ကိုကြောက်သောကြောင့် စပြောကတည်း သေချာချင့်ချိန်ပြီး ချောမွေ့အောင်ပြောနေရလေသည်။

ပိုင်လင်းလုံမှာ ပဟေဠိဖြစ်နေခဲ့လေသည်။ ယခုပြဿနာမှာ သူတို့နှစ်ယောက်လုံးနှင့်သက်ဆိုင်နေပြီး သူမ အနေနှင့်လည်း ဒီနေရာမှ လွတ်မြောက်နိုင်ရန်လိုလိုလားလား ကူညီပေးမည်ဖြစ်လေသည်။

ဒါပေမဲ့ ဥက္ကဌကျိုးကဘာကြောင့် သူမ စိတ်ဆိုးမည်ကိုစိုးရိမ်နေသည့်ပုံဖြင့်ပြောဆိုနေရသနည်း။

" ဥက္ကဌကျိုးဘာတွေပြောနေတာလဲ။ ကျွန်မအနေနဲ့ ဒီနေရာကထွက်နိုင်ဖို့ဆိုရင် ဘာပဲဖြစ်ဖြစ်လုပ်ရမှာပဲ။ ကျွန်မတို့အတွက် တုံ့ဆိုင်းနေဖို့အချိန်မရှိဘူး။ မြန်မြန်ကျွန်မကိုဘာလုပ်ရမလဲပြောပြစမ်းပါ"

ပိုင်လင်းလုံကသူမ၏ဆုံးဖြတ်ချက်ကို ခပ်မြန်မြန်ပင်ပြောပြလိုက်လေသည်။

သူမ၏စကားများကြောင့် ကျိုးဟောင်မှာ ပြောဖို့ပိုတွန့်ဆုတ်သွားလေသည်။သို့သော်လည်း ဒီနေရာမှ ထွက်သွားနိုင်မည့်အခွင့်အရေးဖြစ်သောကြောင့် အံကိုကြိတ်ပြီးပြောလိုက်သည်။

"ကောင်းပြီ မင်းလည်းထွက်သွားဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ ငါပြောပြမယ်။ ဒီကျင့်ကြံရေးနည်းလမ်းက ကျင့်စဉ်တခုကနေထွက်ပေါ်လာတဲ့အရာပဲ။ ဒီကျင့်ကြံရေးနည်းလမ်းက ငါတို့ရဲ့ ကျင့်ကြံရေးအစွမ်းတချို့ကို ပြန်သုံးလို့ရအောင်လုပ်ပေးလိမ့်မယ်။ အဲ့တာက ငါတို့ကို ခံတပ်က အက်ကွဲကြောင်းသယ်ယူပို့ဆောင်ရေးရဲ့ဆက်သွယ်ရေးစက်နဲ့ ခဏလောက်ဆက်သွယ်နိုင်လိမ့်မယ်"

"ဒါပေမဲ့ ဒီကျင့်ကြံရေးနည်းလမ်းက ငါတို့အတူတွဲလုပ်ဖို့လိုအပ်တယ်။ ရှင်းရှင်းလင်းလင်းပြောရရင် ယောကျာ်းနဲ့မိန်းမတို့ရဲ့ သဘောသဘာ၀တွေကို လိုအပ်တာကြောင့် ဒီစုံတွဲကျင့်ကြံရေးက ငါတို့ရဲ့ကိုယ်ခန္ဓာတွေကိုပါ ထည့်ကျင့်ကြံဖို့လိုအပ်တယ်"

ကျိုးဟောင်‌စကားဆုံးသောအခါ ပိုင်လင်းလုံမှာခဏလောက်မှင်တက်သွားပြီးနောက် မျက်နှာကြီးရဲလာကာ ဒေါသတကြီးအော်ဟစ်လေသည်။

"ရှင် ...ရှင်ကစက်ဆုပ်ဖို့ကောင်းတဲ့လူပဲ။ ရှင့်ရဲ့ရည်ရွယ်ချက်ကအဲ့လိုပေါ့။ ရှင်ဘာလို့တုံ့ဆိုင်းနေတာလဲဆိုတာသိချင်နေခဲ့တာ။ ရှင်ကဒီလိုအရာတွေကိုစဉ်းစားနေခဲ့တာပေါ့"

"ကျွန်...ကျွန်မ သေရမယ်ဆိုရင်တောင်သဘောမတူဘူး"

ပိုင်လင်းလုံမှာ ဒေါသထွက်နေခဲ့လေသည်။

သူမသည် ဒီနေရာမှထွက်နိုင်တော့မည်ဖြစ်သောကြောင့်ပျော်ရွှင်နေခဲ့ပြီး ယခုလိုအဖြေကိုကြားလိုက်ရသောအခါ သူမ ဒေါသမထွက်ဘဲ မနေနိုင်ခဲ့ပေ။

ဒါ့အပြင် သူမကျင့်ကြံခဲ့သည့်သက်တမ်းတလျှောက်ယခုလိုစုံတွဲလေ့ကျင့်ရေးမျိုးကို မကြားခဲ့ဖူးပေ။ ဒါကနောက်ပြောင်သကဲ့သို့ဖြစ်နေလေသည်။

"မိန်း...မိန်းကလေးပိုင် မင်းအထင်မှားနေပြီ။ ငါမင်းအပေါ်မှာအဲ့လိုစိတ်တွေမရှိဘူး။ တကယ်လို့ငါမင်းအပေါ်မှာသာအခွင့်အရေးယူချင်ရင် မင်းတွန်းလှန်နိုင်မှာတောင်မဟုတ်ဘူး။ မင်းက ငါ့ကိုအနိုင်ယူနိုင်ဖို့အထိမသန်မာဘူး။ အဲ့တာကြောင့် ငါသာတကယ်လုပ်ချင်ရင် မင်းဘယ်လိုမှ တတ်နိုင်မှာမဟုတ်ဘူး"

"ပြီးတော့ မင်းအထင်မှားနေတာရှိသေးတယ်။ ငါဒီနည်းလမ်းကို အကြံပေးတာကလည်း မင်းကိုငါနဲ့အတူအိပ်စေချင်လို့မဟုတ်ဘူး။ ဒီနည်းလမ်းက တကယ့်ကို အကျိုးသက်ရောက်မှုရှိလို့ပဲ။ အဲ့တာမင်းထင်သလိုညစ်ပတ်တဲ့အရာမျိုးမဟုတ်ဘဲ စစ်မှန်တဲ့ကျင့်ကြံရေးနည်းစနစ်တခုပဲ။"

ကျိုးဟောင်က‌စိတ်ဆိုးသံဖြင့် အေးစက်စွာပြောလိုက်လေသည်။သူမကို သူ့အား အတင်းမယုံကြည်ခိုင်းသော်လည်း သူ့အားသွားပုတ်လေလွင့်တော့ မပြောဆိုသင့်ပေ။

"ဟမ်... ဥက္ကဌကျိုးတော်လိုက်တော့။ ရှင်ဘာတွေးနေလဲကျွန်မသိတယ်"

ပိုင်လင်းလုံက နှာခေါင်းရှုံ့ပြီးပြောလိုက်လေသည်။ကျိုးဟောင်ဘာပြောပြော သူမ မယုံကြည်တော့ပေ။

"ကောင်းပြီ မင်းမယုံကြည်လည်းရတယ်။ ငါဘာမှထပ်ပြောမှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်း ငါ့အပေါ်မှာအထင်မှားနေပြီ။ ငါအခု မင်းကို ဒေါသထွက်နေတာတောင်မှ ဒီစုံတွဲကျင့်ကြံရေးက စစ်မှန်တဲ့နည်းစနစ်ဖြစ်တယ်ဆိုတာကိုတော့သိစေချင်တယ်။ အဲ့တာကမင်းထင်သလိုယုတ်ညံ့တဲ့အရာမဟုတ်ဘူး။

" အဲ့ကျင့်စဉ်က ငါတို့ရဲ့ ခန္ဓာကိုယ်က ယင်၊ ယန်အနှစ်သာရစွမ်းအင်တွေကို မိုးနဲ့မြေကြီးရဲ့ စွမ်းအင်တွေလိုမျိုးဖြစ်အောင် ဖွဲ့စည်းတဲ့နည်းစနစ်တခုပဲ။ မင်းငါ့ကို မယုံကြည်ရင်တော့ ဒီကိစ္စကိုမေ့လိုက်တော့"

ကျိုးဟောင် ကဒေါသတကြီးပြောပြီးနောက် မြေကြီးပေါ်တွင်ထိုင်ချလိုက်ပြီး ဘာတခွန်းမှ ထပ်မပြောတော့ပေ။

ဒီနည်းစနစ်ကလည်း လွယ်လွယ်ကူကူပြုလုပ်နိုင်သောအရာမဟုတ်ပေ။ ဒါ့ကြောင့်သူ့အနေဖြင့်တခြားနည်းလမ်းတခုစဉ်းစာရတော့မည်ဖြစ်သည်။

မုရုံရွှင်းပြောသကဲ့သို့ပင် ပိုင်လင်းလုံသာ‌သဘောမတူခဲ့ပါက သူတို့နှစ်ယောက်ပြီး ယင်ယန်စွမ်းအင်မှ မိုးနှင့်မြေကြီးတို့၏စွမ်းအင်အနှစ်သာရကို ဖွဲ့စည်းတည်ဆောက်ဖို့ မဖြစ်နိုင်တော့ပေ။

ပိုင်လင်းလုံလည်း ကျိုးဟောင်စကားကိုကြားသောအခါ သေချာ လေးလေးနက်နက်တွေးနေလေသည်။

....................................................................................

အခန်း (၃၄၆) ပြီးပါပြီ။

အခန်း (၃၄၇) : စိတ်စွမ်းအင်ပေါင်းစပ်ခြင်း

ပိုင်လင်းလုံသည် စိတ်လိုက်မာန်သူလုပ်တတ်သူဖြစ်သည်။ သို့သော်သူမသည် ကျိုးဟောင်၏စကားများကိုကြားသောအခါ စိတ်ပြန်ငြိမ်သွားလေသည်။

ဥက္ကဌကျိုးပြောသည်ကလည်းမှန်ပေသည်။ တကယ်လို့ သူသာ သူမအား အခွင့်အရေးယူချင်ပါက အစောပိုင်းကတည်း က ယူခဲ့လို့ရလေသည်။ သူ့အ‌နေဖြင့် ဒီလိုအခြေအမြစ်မရှိသော အလိမ်အညာမျိုး ဖန်တီးနေဖို့မလိုအပ်ပေ။

ဒါ့အပြင်သူသည် ငတုံးငအတယောက်မဟုတ်ဘဲ အမှန်တကယ်ကို စွမ်းအားကြီးသူဖြစ်ပေသည်။ဒီလိုအခြေအတင်မဖြစ်ခင်က ပိုင်လင်းလုံသည် ကျိုးဟောင်မှာ အမျိုးသမီးများအား သေရေး‌ရှင်ရေးအခြေအနေများတွင် ကာကွယ်တတ်သူဖြစ်သည်လို့တွေးခဲ့လေသည်။

ကျိုးဟောင်၏အဆိုပြုချက်ကသူမအား ချက်ချင်းဒေါသထွက်စေခဲ့သော်လည်း သေချာရှင်းပြသည်ကို ကြားပြီးနောက် သူမအထင်မှားသွားကြောင်းနားလည်လိုက်သည်။

ပုံမှန်အခြေအနေတွင်ဆိုပါက သူမသည် ဥက္ကဌကျိုးအား လျစ်လျူရှုလိုက်တော့မည်ဖြစ်သည်။ သို့သော် ဒီအချိန်တွင်တော့ သူမ မကြိုးစားကြည့်ပါက ဒီနေရာမှထွက်နိုင်မည်မဟုတ်ပေ။

ဒါ့ကြောင့်သူမသည် ဒေါသစိတ်အား ထိန်းချုပ်လိုက်ပြီး ကျိုးဟောင်အားကြည့်ကာမေးလိုက်လေသည်။

"ရှင်ပြောသမျှကအမှန်ပဲလား ကျွန်မထင်နေသလိုမဟုတ်တာရော သေချာလား"

သူမ၏စကားများကို ကြားသောအခါ ကျိုးဟောင်က မျက်စောင်းထိုးကြည့်လိုက်ပြီး ဒေါသတကြီးပြောလိုက်လေသည်။

" မိန်းကလေးပိုင် ကျုပ် မင်းကိုပြောပြီးပြီပဲမင်းယုံယုံမယုံယုံ ငါဂရုမစိုက်တော့ဘူး"

"ရှင်တယောက်ပဲဒေါသထွက်သင့်တယ်ထင်တာလား။ အစကတည်းကရှင်းရှင်းလင်းလင်းပြောလေ ရှင်အစကတည်း ယင်၊ယန် စွမ်းအင်တွေကို ကျွန်မတို့ခန္ဓာကိုယ်တွေထဲမှာ သုံးချင်တာလို့‌ရှင်းရှင်းပြောလေ။ အဲ့တာဆို ကျွန်မနားလည်မှုလွဲခဲ့မှာမဟုတ်ဘူး"

ပိုင်လင်းလုံက နှာခေါင်းရှုံ့ပြီးပြောလေသည်။

ပိုင်လင်းလုံပြောသည်ကလည်း မှန်ပေသည်။ ကျိုးဟောင်အနေဖြင့်ပိုမိုကောင်းမွန်သည့်နည်းလမ်းဖြင့်ရှင်းပြဖို့စဉ်းစားခဲ့သင့်ပေသည်။

ကျိုးဟောင်တယောက်စိတ်ညစ်သွားခဲ့သည်။ သူမသည် သူ့စကားအားဆုံးအောင်နားမထောင်ဘဲ စိတ်ဆိုးခဲ့ပြီး ခုတော့ သူ့အားသေချာမရှင်းပြလို့ အပြစ်တင်နေလေသည်။

"ကောင်းပြီ ရှင်နဲ့အချိန်ဖြုန်းဖို့ကျွန်မမှာ စိတ်ကူးမရှိဘူး။ ကဲပြောအဲ့ကျင့်ကြံးရေးနည်းစနစ်ကဘယ်လိုအလုပ်လုပ်လဲ"

ပိုင်လင်းလုံကသေချာဂရုစိုက်မေးလေသည်။

"ဟုတ်ပြီ ငါမင်းကို အဲ့ကျင့်ကြံရေးနည်းစနစ်ဘယ်လိုအလုပ်လုပ်လဲပြောပြမယ်။ မင်းအနေနဲ့ ယင်ယန်စွမ်းအင်တွေကို မင်းခန္ဓာကိုယ်ရဲ့ဗဟိုချက်မှာ ကျစ်လစ်အောင်စုစည်းရမယ်။ ပြီးရင်ငါတို့ရဲ့လက်ဖဝါးချင်းတွေထိထားပြီး ယင်ယန်စွမ်းအင်တွေကိုရောယှက်အောင်ပြုလုပ်ပြီး ငါတို့ခန္ဓာကိုယ်ထဲမှာလှည့်ပတ်ရမယ်။ အဲ့လိုလုပ်ရင်းလုပ်ရင်းနဲ့ ကျင့်ကြံရေးစွမ်းအင်အချို့ပြန်ပွင့်လာပြီး အက်ကွဲကြောင်းကူးပြောင်းရေးအစီအရင်ကိုအသုံးပြုနိုင်လိမ့်မယ်"

ကျိုးဟောင်လည်းသေချာရှင်းပြလိုက်သည်။

ကျိုးဟောင်၏စကားကိုကြားသောအခါ ပိုင်လင်းလုံလည်းအဆင်ပြေသလိုခံစားမိသည်။ တယောက်ယောက်ရဲ့စွမ်းအင်အနှစ်သာရများကို သူမ၏ကိုယ်ထဲစီးဆင်းစေရန်မှာ ပြဿနာသိပ်မရှိပေ။ သူမဒဏ်ရာရခဲ့စဉ်တုန်းကလည်း တယောက်ယောက်ကသူမအား ယခုလိုစွမ်းအင်ဖလှယ်ပြီးကုသပေးဖူးလေသည်။

သိုင်းပညာရှင်တယောက်အနေဖြင့် ယခုလိုစွမ်းအင်ဖလှယ်ကြသည်မှာသာမန်ပင်ဖြစ်သည်။ ဒီလိုဖလှယ်ရင်းဘာမှ ထူးဆန်းတာမျိုးလည်းခံစားရမည်မဟုတ်ပေ။

သို့သော်လည်း ကျိုးဟောင်ကဆက်ပြီး‌ပြောပြ‌လေသည်။

" ဒါပေမဲ့ ဒီကျင့်စဉ်ရဲ့အထူးနည်းလမ်းက ယင်ယန်စွမ်းအင်တွေကို အချင်းချင်းညို့ယူပြီး ပြီးပြည့်စုံအောင်ဖလှယ်ရတာဖြစ်တာကြောင့် ငါတို့ရဲ့စိတ်ထဲမှာ ခံစားမှုအတက်အကျလေးတွေကိုတော့ခံစားရလိမ့်မယ်"

"ဒါကြောင့် အဲ့လိုအချိန်ဖြစ်လာတဲ့အချိန်ကျရင်ငါတို့စိတ်ငြိမ်ငြိမ်ထားဖို့လိုတယ် နားလည်လား။ တကယ်လို့စိတ်ကိုတည်ငြိမ်အောင်မလုပ်နိုင်ခဲ့ရင်အမှားအယွင်းတွေဖြစ်သွားလိမ့်မယ်။ အဲ့အခါကျ ငါတို့နှစ်ယောက်လုံး ဒီနေရာကမထွက်သွားနိုင်ယုံသာမက ဒဏ်ရာအပြင်းအထန်ပါရသွားလိမ့်မယ်"

ကျိုးဟောင်အနေဖြင့်သူမအား အကြောင်းအရာအပြည့်အစုံအားပြောပြလိုက်လေသည်။ သူမအနေဖြင့် အကုန်သိထားဖို့လိုပြီး စိတ်ကိုပြင်ဆင်ထားဖို့လိုလေသည်။ တကယ်လို့ သူမ သာစိတ်ကိုကြိုတင်မပြင်ဆင်ထားပါက အမှားအယွင်းများဆီသို့ ဦးတည်သွားနိုင်လေသည်။

ကျိူးဟောင်၏စကားများကြောင့် ပိုင်လင်းလုံတယောက်မျက်မှောင်ကြုတ်မိလိုက်သည်။ သူမသေချာစဉ်းစားပြီးနောက် ဒီကိစ္စမှာ ကိစ္စကြီးတခုမဟုတ်ကြောင်း ဆုံးဖြတ်လိုက်လေသည်။

ကိုယ်ခန္ဓာခြင်းထိ‌တွေ့နှီးနှောနေတာမဟုတ်သရွေ့ စိတ်ခန္ဓာပေါင်းစပ်ယှက်နွယ်ခြင်းက အဆင်ပြေသေးပေသည်။

"ကောင်းပြီ ငါ့အရင်ပြောလိုက်မယ် စိတ်ခံစားမှုအတက်အကျဖြစ်လာတဲ့အခါကျရင်ငါ့ကိုယ်ငါထိန်းမယ်။ ဒါပေမဲ့ ငါ့ကိုတော့ ဇယားလာမရှုပ်နဲ့။ မဟုတ်ရင်ရှင့်ကိုဒီအတိုင်းခွင့်မလွှတ်ဘူး"

ပိုင်လင်းလုံကပြောပြီးနောက် မြေပေါ်သို့ တင်ပလ္လင်ခွေထိုင်ချလိုက်သည်။

"ကောင်းပြီ ငါတို့ဘယ်လိုလုပ်ရမလဲ"

ဒီတခါတော့ ကျိုးဟောင်က စိတ်ခန္ဓာထဲရှိ မုရုံရွှင်းအားမေးလိုက်လေသည်။သို့သော်မုရုံရွှင်းက ပြန်မဖြေပဲ ရယ်မောနေလေသည်။ ကျိုးဟောင်တို့နှစ်ယောက်ရန်ဖြစ်သည့်ကိစ္စသည် သူ့အတွက် ဟာသဖြစ်နေခဲ့လေသည်။

"တော်ပြီ ရယ်နေတာကို ရပ်တော့"

ကျိုးဟောင်က ဒေါသတကြီးပြောလိုက်လေသည်။

"အဲ့တာက လွယ်ပါတယ်။ ငါအခုပဲမင်းကို အဲ့ကျင့်ကြံရေးနည်းစနစ်ကိုပြပေးမယ်"

မုရုံရွှင်း၏ စကားဆုံးသောအခါ မြောက်မြားစွာသော အသိပညာများ ကျိုးဟောင်၏ ခေါင်းထဲ၀င်လာလေသည်။

ကျိုးဟောင်ကလည်း ပိုင်လင်းလုံအား ကျင့်ကြံရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို တခုမကျန်ပြောပြလိုက်လေသည်။

ပိုင်လင်းလုံလည်း ကျိုးဟောင်ပြောပြသည်ကိုနားထောင်ပြီးမှ တကယ့် ကျင့်စဉ်ဖြစ်ကြောင်းသဘောပေါက်သွားပြီး စိတ်အေးသွားလေသည်။

"ကောင်းပြီ အချိန်ဖြုန်းမနေတော့ပဲ အခုပဲစလိုက်ရအောင်"

ပိုင်လင်းလုံမှာ ဒီနေရာမှ မြန်မြန်လွတ်မြောက်ချင်နေလေသည်။ ဒီနေရာပတ်၀န်းကျင်၏ နေရထိုင်ရခက်ခဲသော ရာသီဥတုကို သူမ တောင့်ခံမထားနိုင်ပေ။

ကျိုးဟောင်၏ ပိုင်လင်းလုံ၏ မျက်နှာချင်းဆိုင်တွင်ထိုင်ချလိုက်ပြီး သူ၏ခန္ဓာကိုယ်ဗဟိုချက်ရှိယန်စွမ်းအင်ကို စတင်ရွေ့လျားလိုက်လေသည်။

ပိုင်လင်းလုံလည်း သူမ၏ယန်စွမ်းအင်ကိုစတင်လှုပ်ခတ်လိုက်လေသည်။ ခဏအကြာတွင် ပိုင်လင်းလုံမှာယန်စွမ်းအင်နွေးနွေးသူမ၏ ခန္ဓာကိုယ်ထဲ ရေစီးသကဲ့သို့ ၀င်ရောက်လာသည်ကို ခံစားလိုက်ရသည်။

ထိုခံစားမှုက သူမ၏ အသက်ရှူနှုန်းများကို မြန်ဆန်လာစေပြီး သူမ အား အမျိုးသားတယောက်က ဖက်ထားသကဲ့သို့ခံစားလာရစေလေသည်။ သူမမှာ ထူပူလာပြီး မျက်နှာလေးမှာရဲလာလေသည်။

ဒါ့အပြင်ထိုစွမ်းအင်မှာ ပိုင်လင်းလုံ၏ခန္ဓာကိုယ်အား အားနည်းသွားစေခဲ့သည်။

ပိုင်လင်းလုံမှာကျိုးဟောင်နှင့်မျက်နှာချင်းဆိုင်ထိုင်ပြီး ဘာမှမလုပ်နေသော်လည်း သူမနှင့်ကျိုးဟောင် နှီးနှောနေသကဲ့သို့ ထူးထူးဆန်းဆန်းခံစားချက်ကြီး ခံစားလိုက်ရလေသည်။

ကျိုးဟောင်ကတော့ အခုမှ သူ့ကိုယ်ထဲ၀င်ရောက်လာသော ယင်စွမ်းအင်အား ခံစားမိရုံရှိသေးလေသည်။သူသည် ပိုင်လင်းလုံ၌ ပြောင်းလဲမှုများ ဖြစ်နေသည်ကိုမြင်သောအခါ မှင်တက်သွားရလေသည်။

မုရုံရွှင်းက ဒီကျင့်ကြံရေးနည်းစနစ်မှာ စိတ်ခံစားမှု အတက်အကျများကို ခံစားရနိုင်သည်လို့ ပြောခဲ့သော်လည်း ယခုလို ကြီးမားသောတုံ့ပြန်မှုမျိုးခပ်မြန်မြန်ပေါ်လာမည်လို့ ကျိုးဟောင်မထင်ခဲ့ပေ။

သို့သော်လည်း နောက်စက္ကန့်အနည်းငယ်တွင်ကျိုးဟောင်လည်း သူ့ကိုယ်ထဲ၀င်ရောက်လာသောယင်စွမ်းအင်ကိုခံစားလိုက်မိပြီး မှင်တက်သွားလေသည်။ထို့နောက်သူ၏ခန္ဓာကိုယ်လည်း ပူလာခဲ့လေသည်။

သူ့ခန္ဓကိုယ်ထဲတိုး၀င်လာသော ယင်စွမ်းအင်နှင့်အတူ မိန်းမတယောက်၏အ‌ထိအတွေ့၊နူးညံ့မှုနှင့် လှုံ့ဆော်မှုတို့ကိုတပြိုင်နက်ထဲ ခံစားလိုက်ရလေသည်။

ကျိုးဟောင်၏အသက်ရှူသံများမှာလည်း မြန်ဆန်လာခဲ့လေသည်။ သူ့ခန္ဓာကိုယ်၏ဗဟိုချက်တွင် ယင်စွမ်းအင်မှာ ယန်စွမ်းအင်၏လှုံဆော်မှုကြောင့် ပိုမိုအားကောင်းလာသည်ကိုခံစားမိသည်။

"ငါတို့တွေ မျက်နှာချင်းဆိုင်ထိုင်ရင်း ကိုယ်ခန္ဓာချင်းမထိတွေ့နေတာတောင်မှ ယင်ယန်စွမ်းအင်တွေ ရောယှက်သွားချိန်မှာ အချင်းချင်းနှီးနှောနေသလိုခံစားရတာပဲ"

ကျိုးဟောင်မှာ တံထွေးများမြိုချရင်း တီးတိုးရေရွတ်မိလေသည်။

"တကယ်တော့ ဟိုဒင်းလုပ်တာနဲ့ ထူးမခြားနားပဲ.."

ထိုသို့တွေးမိသောကြောင့် ကျိုးဟောင်မှာ ပိုင်လင်းလုံဘက်သို့မသိသာခိုးကြည့်လိုက်မိသည်။

သူမ သည်ထိုကဲ့သို့ခံစားမှုများကြောင့် ဒေါသထွက်နေလိမ့်မည်လို့သူတွေးထားခဲ့သည်။ သို့သော်ပိုင်လင်းလုံတယောက်ဒေါသထွက်မနေဘဲ စီးမျောခံစားနေပုံရသောကြောင့် သူအံ့ဩသွားခဲ့လေသည်။

သူမမှာ မျက်လုံးများကို ခပ်တင်းတင်းမှိတ်ထားပြီး မျက်နှာလေးနီရဲနေကာ အသက်ရှူသံများလည်း မြန်ဆန်နေလေသည်။

သူမ မှာ နှုတ်ခမ်းလေးများကိုက်ထားပြီး တခုခုကိုအောင့်အီးသည်းခံဖို့ တတ်နိုင်သမျှကြိုးစားနေပုံရလေသည်။

မကြာမီတွင် ပိုင်လင်းလုံတယောက်လက်ပြန်ရုတ်လိုက်ပြီး သူမလက်ထဲတွင် နေရာကူးပြောင်းရေးအစီအရင်မှာ အလင်းတန်းများနှင့်အတူပေါ်လာခဲ့လေသည်။။

"ငါတို့ထွက်သွားလို့ရပြီ"

ပိုင်လင်းလုံကပင်ပန်းနေသံလေးဖြင့်ပြောလိုက်လေသည်။

ထိုကျင့်စဉ်ကြောင့်သူမ၏ ကျင့်ကြံရေးနည်းစနစ်အချို့ ပြန်သုံးလို့ရလာခြင်းဖြစ်လေသည်။ ထိုသို့ပြန်သုံးရဖို့အတွက် ကြုံတွေ့ခဲ့ရသောကိစ္စများက တန်သလိုပင်။

....................................................................................

အခန်း (၃၄၇) ပြီးပါပြီ။

အခန်း (၃၄၈) :ကန့်လန့်ကာအဖွင့်

ပိုင်လင်းလုံမှာ နေရာကူးပြောင်းရေးအစီအရင်ကို သုံးလိုက်ပြီးနောက် နေရာကူးပြောင်းရေးအာကာသရောင်ခြည်များ နှစ်ယောက်လုံးပေါ်သို့ကျရောက်လာခဲ့ပြီး ထိုနေရာမှ နှစ်ယောက်လုံးပျောက်ကွယ်သွားလေသည်။

သူတို့နှစ်ယောက်ပြန်ပေါ်လာချိန်၌ ၁၃ခုမြောက်အက်ကွဲကြောင်းဆီသို့ပြန်ရောက်နေခဲ့လေသည်။

ပိုင်လင်းလုံ နှင့် ကျိုးဟောင်တို့ နှစ်ယောက်လုံး ၂ရက်လောက်ပျောက်သွားသောကြောင့် စခန်းရှိလူအားလုံး အလွန်အမင်းစိတ်ပူနေကြလေသည်။

ကောင်းကင်ဘုရင်ကျူးမှာ ပို၍ပင် စိတ်ပူနေခဲ့လေသည်။ အစက သူတို့နှစ်ယောက်တိုက်ခိုက်ဖို့သွားသည်ကို သိသောကြောင့် သူသိပ်ဂရုမစိုက်ခဲ့ပေ။

သို့သော်အချိန်ကြာမြင့်နေသောကြောင့် တခုခုမှားနေပြီလို့ ခံစားရပြီးသူထွက်လာကြည့်သောအခါ နှစ်ယောက်လုံး မရှိတော့ပေ။

ပထမတုန်းကတော့ ကျူးဇောင်မှာ သိပ်မတုန်လှုပ်သော်လည်း အချိန်တရက်လုံးကုန်သည်အထိ ထိုနှစ်ယောက်ကိုဆက်သွယ်မရသောကြောင့် စတင်တုန်လှုပ်လာလေသည်။

ဥက္ကဌကျိုးမှာ အသန်မာဆုံး ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်ဖြစ်ပြီး တမိုးအောက်တယောက်ထွန်းဖြစ်လေသည်။

ဒါ့အပြင်ပိုင်လင်းလုံသည်လည်း ပိုင်မိသားစု၏ အထူးချွန်ဆုံး အမွေဆက်ခံသူဖြစ်ပြီး ကမ္ဘာကြီးအတွက်လည်းအဖိုးတန်သော ပညာရှင်တယောက်ဖြစ်လေသည်။

ဒီလိုလူနှစ်ယောက်တပြိုင်နက်ထဲပျောက်သွားခြင်းက သူ့အား ထိန်လန့်စေလေသည်။ ဒါ့ကြောင့်စစ်သူကြီးအများအပြားအားစေလွှတ်ပြီး လှည့်ပတ်ရှာခိုင်းလေသည်။

ထိုအချိန်တွင်ကောင်းကင်ထက်မှ အာကာသနေရာကူးပြောင်းလေး စက်ဝိုင်းပေါ်လာသောကြောင့် သူတို့နှစ်ယောက်အားရှာဖွေနေသူအားလုံး ထိုနေရာသို့ရောက်လာကြလေသည်။

အဆုံး၌ ထိုစက်ဝိုင်းထဲမှ ပိုင်လင်းလုံ နှင့် ကျိုးဟောင်ထွက်လာတော့မှ သူတို့အားလုံး စိတ်သက်သာရာရသွားလေသည်။

"ရှင် ဒီထဲကကျွန်မတို့အကြောင်းတွေကို လျှောက်မပြောရဘူးနော်။ မဟုတ်ရင်ရှင့်ကိုကျွန်မဒီအတိုင်းမထားဘူး"

ပိုင်လင်းလုံက ကျိုးဟောင်အားသတိပေးလိုက်သည်။ သူမသည် ထိုစက်ဝိုင်းထဲမှ မထွက်ခင် ချပ်၀ပ်တခုကို တင်းကျပ်စွာ ၀တ်ဆင်လိုက်လေသည်။

ကျိုးဟောင်ကလည်း ဂရုမစိုက်ဟန်ဖြင့် နှုတ်ခမ်းတွန့်ပြလိုက်လေသည်။

"မင်းတို့နှစ်ယောက်ဘယ်တွေသွားနေကြတာလဲ။ ငါအရမ်းစိတ်ပူနေတာ"

ကျူးဇောင်မှာ ရုတ်ချည်းရောက်ရှိလာပြီး စိုးရိမ် တကြီးမေးလိုက်လေသည်။

ကျိုးဟောင်နှင့် ပိုင်လင်းလုံမှာ ဘေးကင်းကြောင်း မြင်ရသောအခါ သူလည်းစိတ်အေးသွားရလေသည်။

"ကျွန်... ကျွန်မတို့တိုက်ခိုက်ရင်း ခြေဦးတည့်ရာလျှောက်သွားမိတာပါ။ မစိုးရိမ်ပါနဲ့"

ပိုင်လင်းလုံမှာ သူတို့ပြစ်မှုအသူရာချောက်ထဲရောက်သွားသည့်အကြောင်းကိုမသိစေချင်ပုံရသည်။ သူမ နှင့်ကျိုးဟောင်အတူဖြတ်သန်းခဲ့သည့် အရှက်ရစရာကိစ္စများကို ဘယ်သူ့ကိုမှမသိစေချင်ပေ။

"တကယ်လား"

ကောင်းကင်ဘုရင်ကျူးက မယုံကြည်ဟန်ဖြင့်မေးလိုက်ပြီး ကျိုးဟောင်အား ကြည့်လိုက်လေသည်။

"မိန်းကလေးပိုင်ပြောတာအမှန်ပါပဲ"

ကျိုးဟောင်ကလည်းထောက်ခံလိုက်သည်။ သူမ က မသိစေချင်လိုပါက သူ့ဘက်ကလည်း ထိုနည်း၎င်းပင်ဖြစ်သည်။

"ကောင်းကင်ဘုရင်ကျူး ကျုပ်လုပ်စရာလေးတွေရှိလို့ အရင်သွားခွင့်ပြုပါဦး"

ကျိုးဟောင်ကပြောပြီးသည်နှင့် ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။ထို့နောက်သူသည် ၇ခုမြောက်လေ့ကျင့်ရေးစခန်းဆီသို့ပြန်ရောက်သွားလေသည်။

သူနှစ်ရက်လောက်ပျောက်သွားသောကြောင့် ရှုလင်နှင့်အခြားလူများအားလုံး အလွန်အမင်းစိတ်ပူနေကြလေသည်။

သူ၇ခုမြောက်လေ့ကျင့်ရေးစခန်းဆီသို့ပြန်ရောက်သွားသည်နှင့် ယွမ်ချန်း၊ယွင်ယန်၊ကျန်းယိတို့အားလုံး ရှုလင်၏အခန်းထဲတွင်ရှိနေသည်ကိုတွေ့လိုက်ရလေသည်။

"အရမ်းလည်းစိတ်မပူပါနဲ့ ကျိုးဟောင်က အရမ်းသန်မာပါတယ်။ ငါတို့၇ခုမြောက်လေ့ကျင့်ရေးစခန်းကအဆင့်၁ကို ဘယ်လိုအရာမှထိခိုက်အောင်လုပ်လို့ရမှာမဟုတ်ပါဘူး"

"ဟုတ်တယ်။ ငါကျိုးဟောင်ကို သေချာသိတယ် သူအဆင်ပြေနေမှာပါ"

ရှုလင်ဘေးတွင်ရှိသောလူတိုင်းက ရှုလင်အားဝိုင်းနှစ်သိမ့်နေကြလေသည်။

ရှုလင်၏မျက်လုံးလေးများမှာ နီရဲနေပြီး သူမအတော် ပင် ငိုထားပုံရလေသည်။

"သူ...သူ့အနေဖြင့် ထွက်သွားတော့မယ်ဆိုရင် ငါ့ကိုအသိပေးသွားတတ်တယ်။ ဒါ့အပြင် သူဒီလောက်အကြာကြီးလည်းတခါမှ မပျောက် သွားဖူးဘူး"

ရှုလင်မှာ ခွန်အားမရှိတော့သည့် မိန်းမငယ်လေးအလားဖြစ်နေပြီး ပုံစံမှာလည်း အားပျက်နေပုံပေါက်နေလေသည်။

ကျိုးဟောင်လည်း အမြန်ပင် အခန်းထဲ၀င်လိုက်ပြီးပြောလိုက်သည်။

"ရှုလင် ငါပြန်ရောက်ပါပြီ"

ကျိုးဟောင်၏အသံကြားသောအခါ အားလုံး၏ မျက်နှာ များ၀င်းလက်သွားလေသည်။

ရှုလင်မှာပို၍ပင် သိသာလေသည်။ သူမ၏ အခန်း၀ တွင် ဘေးကင်းကင်းဖြင့်ရပ်နေသောကျိုးဟောင်ကိုမြင်သောအခါ မျက်ရည်များတသွင်သွင်စီးကျလာလေသည်။ထို့နောက်သူမသည် ကျိုးဟောင်၏ရင်ခွင်ထဲအားပစ်၀င်လိုက်လေသည်။

"နင်ဘယ်တွေသွားနေလို့ ခုမှ ပြန်လာရတာလဲ။ ရှုလင်နင့်ကိုဘယ်လောက်စိတ်ပူနေလဲသိလား"

ယွင်ယန်ကရန်စတွေ့လေသည်။ သူမ၏ခန္ဓာကိုယ်လုံးလုံးလေးမှာ ဒေါသစိတ်ကြောင့် ရဲတက်လာပြီး ကျိုးဟောင်အားကျိန်ဆဲနေလေသည်။

တဖက်မှာတော့ ယွမ်ချန်း နှင့် ကျန်းယိမှာမျက်စပစ်ပြပြီး သူမအား အခန်းထဲမှ ခေါ်ထုတ်သွားလေသည်။

"ဟဲ့ ဟဲ့ နင်တို့ငါ့ကိုဘာလို့ ဆွဲထုတ်နေကြတာလဲ။ နင်တို့ပြောတော့ အဲ့ကောင်ပြန်လာရင် သင်ခန်းစာပေးမယ်ဆို ခုတော့ဘာတွေဖြစ်ကုန်တာလဲ"

ယွင်ယန်မှာ အနည်းငယ်တုံးအလေသည်။

"နင်တုံးလှချည်လား သူတို့နှစ်ယောက်သီးသန့်အချိန်ပေးရမယ်ဆိုတာမသိတာလား နင်က သူတို့နှစ်ယောက်ကို နှောင့်ယှက်ချင်လို့လား"

ယွမ်ချန်းကယွင်ယန်အားဆူလိုက်လေသည်။ ကျန်းယိကလည်းခေါင်းညိမ့်ပြလေသည်။

"ယွမ်ချန်းပြောတာမှန်တယ်။ ပြီးမှ ငါတို့ ကျိုးဟောင်ကိုအကျိုးအကြောင်းမေးကြမယ်။ခုတော့သူတို့နှစ်ယောက်ကို မနှောက်ယှက်တာကောင်းမယ်"

ကျန်းယိကပြောပြီး သူ့အခန်းသို့ပြန်သွားလေသည်။

ယွင်ယန်လည်းဘာမှထပ်မပြောတော့ဘဲ နှာခေါင်းလေးရှုံ့ပြီး သူမအခန်းသို့ပြန်သွားလေသည်။

ထိုအချိန်တွင် ရှုလင်နှင့် ကျိုးဟောင်သာအခန်းထဲတွင် ကျန်ခဲ့လေသည်။ ကျိုးဟောင်မှာရှုလင်၏တုန်ရီနေသောခန္ဓာကိုယ်လေးကိုဖက်ထားပြီး သူမ၏မက်ေရည်များကိုသုတ်ပေးနေလေသည်။ ကျိုးဟောင်ကိုယ်တိုင်လည်းဒီကိစ္စအတွက်အတော်စိတ်မကောင်းဖြစ်ခဲ့ရလေသည်။

အစောပိုင်းကကျိုးဟောင်မှာပြစ်မှုအသူတရာချောက်ထဲတွင်ရှိနေခဲ့ပြီးခုတော့ သူချစ်ရသောအမျိုးသမီးလေးအားဖက်ထားရသောကြောင့် စိတ်ထဲပျော်ရွှင်သလိုခံစားရလေသည်။

"ရှုလင်ကိုယ်မင်းကို အရမ်းသတိရတယ်"

ကျိုးဟောင်မှာ ပြောချင်တာတွေရင်ထဲပြည့်နှက်နေသော်လည်း နောက်ဆုံးတော့ ဒီစကားလေးသာထွက်လာခဲ့လေသည်။

ကျိုးဟောင်မှာ ရှုလင်အားဖက်ထားပြီး သူ့မျက်နှာလေးအားရှုလင်၏ဆံနွယ်များကြားတွင်နှစ်ထားပြီး သူမ၏ကိုယ်သင်းနံ့လေးအားခံစားနေလေသည်။

ရှုလင်လည်း ကျိုးဟောင်ကိုပြန်ဖက်ထားပြီး ခဏအကြာမှ စိတ်ပြန်တည်ငြိမ်လာလေသည်။ သူမ ငိုနေတာရပ်ပြီး ကျိုးဟောင်အားမော့ကြည့်လိုက်သည်။ သူမ ကစိတ်လည်းမဆိုးသလို စိတ်လည်းမပျက်ပေ။

အခြေအနေထူးထူးခြားမရှိဘဲ ကျိုးဟောင် ဒီလို၂ရက်လောက်ပျောက်သွားမည်မဟုတ်ကြောင်းသူမ သိလေသည်။ တကယ်လို့သွားရင်လည်း သူမ ကိုအရင်ဆုံး အသိပေးသွားမည်ဖြစ်လေသည်။

ဒါ့အပြင်ကျိုးဟောင်၏အမူအရာများအရ သူအန္တရာယ်ကြုံခဲ့ရကြောင်းသိသာလေသည်။

သူမသည် ကျိုးဟောင်အားဘာတွေဖြစ်ပျက်ခဲ့သလဲမေးမနေဘဲ သူဘေးကင်းကင်းနဲ့ပြန်ရောက်လာရုံဖြင့်သူမအတွက်အဆင်ပြေလေသည်။

"ဗိုက်ဆာနေလား"

ရှုလင်ကတခြားဘာမှမေးမနေဘဲ ကျိုးဟောင်အားထိုစကားလေးသာမေးလိုက်လေသည်။ ထိုစကားလေးကြောင့် ကျိုးဟောင်မှာ စိတ်မထိန်းနိုင်တော့ပဲ ရှုလင်အား ဖက်ပြီး နမ်းလိုက်လေသည်။

ဒီလိုသူ့အပေါ်ချစ်သောအမျိုးသမီးလေးတယောက်ရှိနေသောကြောင့် သူဘာများထပ်လိုအပ်မည်နည်း။

ကျိုးဟောင်မှာ ဒီလိုအမျိုးသမီးလေးအားပိုင်ဆိုင်ထားခြင်းကကံကောင်းခြင်းပင်ဖြစ်လေသည်။

နမ်းပြီးနောက် ရှုလင်၏မျက်နှာလေးမှာရဲသွားပြီး ကျိုးဟောင်အား တွန်းထုတ်ကာ အသံပျော့ပျော့လေးဖြင့် ပြောလိုက်လေသည်။

"ရှင်စားဖို့တခုခုလုပ်ပေးမယ် ရေသွားချိုးလိုက်ပြီး ရှင့်ဆီက အနံ့အသက်ထွက်နေပြီ"

ပြောပြီးနောက်ရှုလင်မှာ အခန်းထဲကထွက်သွားလေသည်။ ကျိုးဟောင်ကလည်းပြုံးပြီးကြည့်နေလေသည်။

ယန်ဟွေ့လည်းကျိုးဟောင်ပျောက်နေသည်ကို သတိထားမိလေသည်။ သို့သော် ကျိုးဟောင်နောက်တွင်ဘယ်သူရှိနေလဲသိသောကြောင့် သူ့စိတ်အထင်ဖြင့် ကျိုးဟောင်ဘယ်သွားနေလဲ ခန့်မှန်းထားခဲ့လေသည်။

"ကျိုးဟောင် ငါမင်းရဲ့ ကိုယ်ရေးကိုယ်တာတွေကိုတော့၀င်စွက်ဖက်ဖို့မရည်ရွယ်ပါဘူး ဒါပေမဲ့နောက်တခါကျ ငါ့ကိုအသိပေးသွားပါ သဘောပေါက်လား"

ယန်ဟွေ့မှာ ကျိုးဟောင်အပေါ်အများကြီးမျှော်လင့်ထားလေသည်။ ကျိုးဟောင်မှာ စီနီယာကျိုးနှင့်အတူသွားခြင်းဖြစ်ကြောင်းသိသောကြောင့် ဘာမှထပ်မမေးခဲ့ပေ။

ရှုလင်အပါအ၀င်အခြားလူများကလည်း ဘာမှထပ်မမေးကြပေ။

၁၃ခုမြောက်အက်ကွဲကြောင်းမှာလည်း တဖြေးဖြေးအသက်၀င်လာလေသည်။ ၇ခုမြောက်လေ့ကျင့်ရေးစခန်းမှ ကျောင်းသားများအပြင် အခြားလေ့ကျင့်ရေးစခန်းအသီးသီးမှ ကျောင်းသားများလည်းရောက်လာကြလေသည်။

ပြင်းထန်သောငရဲပမာ လေ့ကျင့်ရေးမှာစတင်ပြီဖြစ်လေသည်။

....................................................................................

အခန်း (၃၄၈) ပြီးပါပြီ။

All Chapters