← Chapters

အခန်း (၃၅၂-၃၅၄)

Vol. 24 Ch. 352-354

အခန်း (၃၅၂-၃၅၄)

Vol. 24 Ch. 352-354

အခန်း (၃၅၂) : ပြီးပြည့်စုံသော ပူးပေါင်းဆောင်ရွက်မှု

ယခုလိုအချိန်တွင် ပိုင်လင်းလုံဤမျှလောက်ရက်စက်လိမ့်မည်ဟု ကျိုးဟောင်လုံးဝမထင်ထားခဲ့ပေ။ သူမသည်တကယ်ပင် ရန်သူများအားဤနေရာအားမောင်းထုတ်ကာ သူတို့အားနားရန်အခွင့်အရေးမပေးဘဲ သားရဲများအား သူတို့အဖွဲ့ကိုတိုက်ခိုက်စေလေသည်။

"ဘာဖြစ်တာလဲ"

ကျန်းယိမှာစွမ်းအင်ဘားအားစုပ်ယူနေသည့်အချိန်တွင် ကျယ်လောင်သောအသံတစ်ခုအားကြားလိုက်ရ၍ စိတ်ဆိုးတကြီးအော်ဟစ်ပြီးကြည့်လိုက်ပေရာ ထိတ်လိန့်သွားခဲ့လေသည်။

"ဘာမှမဟုတ်ဘူး အဲဒီသားရဲတွေငါတို့ကိုရှာတွေ့သွားတာ"

ကျိုးဟောင်မှာအလွန်စိတ်ဆိုးသွားခဲ့ပေသည်။ သူ့အဖွဲ့ရှိအခြားလူများမှာပိုင်လင်းလုံ၏နည်းလမ်းများအားမသိသော်ငြား သူကတော့သတိထားမိပေသည်။

သို့သော်ဘာမှပြောလို့မရပေရာ သက်ပြင်းသာချပြီးဤသန္ဓေပြောင်းသားရဲများနှင့် ဆက်တိုက်ရုံသာရှိပေသည်။

"ငါတို့မှာဘာအထောက်အကူပစ္စည်းမှမရှိတော့ဘူး တကယ်လို့ထိပ်တိုက်ဆက်တိုက်နေရင် အလွယ်တကူဒဏ်ရာရသွားလိမ့်မယ် ဒီလိုလုပ်....ငါ၊ ရှုလင်၊ ကျန်းယိနဲ့ ယွမ်ချန်းက ကာပေးမယ် ဖန်းယွီနဲ့ ယွင်ယန် မင်းတို့ကငါတို့နောက်မှာနေပြီးထောင်ချောင်ဆင်ကြ များလေကောင်းလေပဲ"

"ငါတို့အချိန်ဆွဲထားမယ် မင်းတို့ပြီးရင်ပြော ငါတို့အကုန်လုံးကိုမသတ်နိုင်ရင်တောင် တတ်နိုင်သမျှများများသတ်နိုင်အောင်အကောင်းဆုံးကြိုးစားပေးမယ်"

ကျိုးဟောင်၏စကားဆုံးသည်နှင့် အားလုံး၏မျက်လုံးများမှာအရောင်တောက်သွားခဲ့သည်။ သူတို့နှင့် သန္ဓေပြောင်းသားရဲများကြားရှိ အကြီးဆုံးကွာခြားချက်မှာ အသက်စွန့်တိုက်ခိုက်မှရမည်မဟုတ်ပေ။ သူတို့သည်သားရဲများထက် ဉာဏ်ရည်များစွာမြင့်မားပေရာ ဤအချက်အားအသုံးချကာ ထောက်ချောက်ဆင်ပြီး နည်းလမ်းအမျိုးမျိုးဖြင့် ထိုသတ္တဝါများအားသတ်နိုင်ပေသည်။

တစ်ဖက်တွင် ထိုသန္ဓေပြောင်းသားရဲများမှာ ကြီးမား သောခွန်အားသာရှိပေသည်။

ထိုစကားအားကြားသောအခါ ဤကိစ္စမှာအရေးကြီးကြောင်း ယွင်ယန်နှင့်ဖန်းယွီတို့မှာသိလိုက်ပေသည်။ သူတို့သာ်ဘာစကားမှမပြောတော့ဘဲ ချက်ချင်းပင်သွားရောက်စီစဉ်လေတော့သည်။

"ငါတို့ ၄ယောက်လုပ်ရမှာကသူတို့ကိုသတ်ဖို့မဟုတ်ဘူး အချိန်ဆွဲဖို့ပဲ ရှုလင်နဲ့ငါကအရမ်းမြန်တယ်ဆိုတော့ကိစ္စမရှိဘူး ဒါပေမဲ့ မင်းတို့နှစ်ယောက်....ယွမ်ချန်းကထွက်ပြေးတဲ့နေရာမှာတော်တယ် ကျန်းယိနဲ့နေပြီး သူနဲ့နေရာအနှံ့ပတ်ပြေးနေလိုက် ကျန်းယိကစွမ်းအားကြီးပြီးမင်းကိုကာကွယ်ပေးနိုင်တယ် ဒီလိုဆိုမင်းတို့နှစ်ယောက်အတွက်အဆင်ပြေတယ်"

အချိန်တိုအတွင်း ကျိုးဟောင်မှာဤနည်းလမ်းတစ်ခုသာတွေးလို့ရပေသည်။

"ကောင်းပြီ ကျန်းယိသွားကြမယ်"

ထိုစကားအားကြားသောအခါ ယွမ်ချန်းမှာဘာမှမပြောဘဲ ကျန်းယိနှင့်ထွက်သွားလေသည်။

သို့သော်ထွက်မသွားခင်တွင် အရှိန်မြန်ပြီး သန္ဓေပြောင်းသားရဲများအားရှောင်နိုင်ရန် သူ့ထံတွင်ရှိသောအသေးစားဒုံးစက်များအား ကျိုးဟောင်၊ ရှုလင်နှင့် ကျန်းယိတို့အား ပေးထားခဲ့ပေသည်။

သူတို့ထွက်သွားသည်ကိုကြည့်ပြီး ကျိုးဟောင်မှာလက်ဆန့်ကာပြုံးပြီးပြောလိုက်သည်။

"မမလေးရှု ကျွန်တော်တို့ရှေ့မှာရန်သူတွေရှိနေတာ ကျွန်တော်နဲ့အတူတွဲပြီးရန်သူတွေကိုတိုက်နိုင်မလားမသိဘူး"

ကျိုးဟောင်မှာ လျှို့ဝှက်စွာပြုံးပြီးပြောလိုက်လေရာ ရှုလင်မှာမထိန်းနိုင်ဘဲ အားပါးတရထရယ်လေတော့သည်။

"နင်ဘာလို့ဒီလိုအချိန်မျိုးမှာတောင် နောက်နေသေးတာလဲ ပြီးတော့သူတို့ဒဏ်ရာရသွားမှာနင်မစိုးရိမ်ဘူးလား ပြီးတော့ယွင်ယန်နဲ့ ဖန်းယွီ သူတို့ကိုအနောက်ဘက်မှာထောင်ချောက်သွားဆင်ခိုင်းလိုက်တာကရောကောင်းလား"

ရှုလင်နှင့်ကျိုးဟောင်မှာ သန္ဓေပြောင်းသားရဲများအားမျှားခေါ်လာရင်း ရှုလင်မှမေးလိုက်လေသည်။

"ငါတို့ကအခု အဖွဲ့တစ်ခုအနေနဲ့အလုပ်လုပ်နေတာ စွမ်းအားကြီးတဲ့ရန်သူကိုရင်ဆိုင်ရတဲ့အချိန်မှာ ပူးပေါင်းရုံပဲတတ်နိုင်တယ် မဟုတ်ရင် ရှေ့မှာစောင့်နေတာကသေခြင်းတရားပဲ ယွမ်ချန်းရဲ့ထွက်ပြေးတဲ့စွမ်းရည်ကထိပ်တန်းပဲ ပြီးတော့ အဲဒီကောင်ကသူခိုးလိုပဲ ကျန်းယိကတော့အရမ်းရက်စက်ပြီးကြမ်းတမ်းတယ် တစ်ခါတစ်လေသူ့မျက်လုံးတွေက သတ်နေရင်းအနီရောင်ပြောင်းသွားသလိုပဲ သူတို့နှစ်ယောက်အတူရှိနေရင် ငါလုံးဝစိတ်မပူဘူး"

"ယွင်ယန်နဲ့ဖန်းယွီကတော့ ယန်ကျင်းလေ့ကျင့်ရေးစခန်းကလူတွေပေမဲ့ မိန်းကလေးဆိုတာအမြဲအားနည်းတာပဲ ပြီးတော့ သူတို့နှစ်ယောက်က်ကဒီလောက်စွမ်းအားမကြီးသလို ဒီသားရဲတွေနဲ့တိုက်တဲ့နေရာမှာလည်းအသုံးမဝင်ဘူး အဲဒါကြောင့်ထောင်ချောက်ဆင်ခိုင်းတာကပဲ သူတို့အတွက်ပိုကောင်းတယ်"

ကျိုးဟောင်၏ခန္ဓာကိုယ်မှာ သန္ဓေပြောင်းသားရဲများဘေးရှိတောင်များကြားတွင် မျောက်တစ်ကောင်သဖွယ်ပုန်းကွယ်ရင်းပြန်ဖြေလာလေသည်။ တစ်ချိန်တည်းမှာပင် သူသည်သန္ဓေပြောင်းသားရဲများအားရှင်းပစ်ရန် အရိပ်ဓားခုနစ်ချောင်း‌ဓားသိုင်းကိုလည်း ရံဖန်ရံခါထုတ်သုံးနေပေသည်။

ရှုလင်မှာထိုစကားအားကြားသောအခါ ခေါင်းညိတ်ပြလိုက်သည်။ ကျိုးဟောင်ပြောသည်မှာအဓိပ္ပာယ်ရှိသော်လည်း သူမသည် ကျိုးဟောင်ကိုတော့ စိတ်လေဟန်လုပ်ပြလိုက်လေသည်။

"နင်ပြောတာယွင်ယန်နဲ့ဖန်းယွီကမိန်းကလေးတွေဆိုတော့ ငါကရောမိန်းကလေးမဟုတ်လို့လား ဘယ်လိုလုပ်ပြီး ငါ့ကျဒီမှာနေခဲ့ခိုင်းတာလဲ"

ရှုလင်မှာစိတ်ဆိုးချင်ယောင်ဆောင်ကာမေးလိုက်သော်လည်း ကျိုးဟောင်မှာထိုစကားအားကြားသောအခါပြုံးလိုက်လေသည်။

"ဟီးဟီး ငါ့ရည်းစားလေးကသာမန်မိန်းကလေးမှမဟုတ်တာ သူကယောက်ျားလေးတွေနဲ့တန်းတူပဲ ပြီးတော့နင်သန္ဓေပြောင်းသားရဲတွေကိုရှင်းပစ်ဖို့ဆုံးဖြတ်ထားပြီးသားလေ ရှေ့တက်ပြီးမတိုက်ရရင် စိတ်ဆိုးလောက်မှာပဲ"

"အခုငါတို့ကြားမှာ နင်ကအသန်မာဆုံးပဲ တကယ်လို့နင်ငါ့ကိုအဖော်မလုပ်ပေးဘူးဆိုရင် ငါ့ကိုဒီသန္ဓေပြောင်းသားရဲတွေ မျိုချသွားမှာမကြောက်ဘူးလား"

ကျိုးဟောင်မှာရှုလင်အကြောင်းကောင်းကောင်းသိပေသည်။ သူမသည်မိမိကိုယ်ကိုဂုဏ်ယူသောမိန်းကလေးဖြစ်ပြီး အခြားမိန်းကလေးများနှင့်မတူပေ။ သူမ သည်အလွန်သန်မာပြီး ယခုထက်ပိုသန်မာလာရန်လည်းမျှော်လင့်ပေသည်။ ထို့အပြင် ကျိုးဟောင်ရှိနေပါက သူမအတွက်တကယ်ပင် အများကြီးပိုမိုလုံခြုံလေသည်။

သို့သော် ရှုလင်မှာထိုစကားအာကြားလိုက်ရသည့်အချိန်တွင် သူမ၏မျက်နှာလေးမှာချက်ချင်းပင်နီရဲလာပြီး ကျွတ်ဆတ်ဆတ်ပြောလာလေသည်။

"နင်အရှက်ကိုမရှိဘူး ဘယ်သူကနင့်ကောင်မလေးလဲ ဟမ့်"

ရှုလင်မှာနှာခေါင်းရှုံ့ကာ ကျိုးဟောင်အားစိုက်ကြည့်လိုက်သည်။ သူမ၏အကြည့်သည်ကျိုးဟောင်အားစိုက်ကြည့်နေသည်ထက် ဆွဲဆောင်နေသည့်ပုံနှင့်ပိုတူနေပေရာ ကျိုးဟောင်ပင်တောင့်မခံနိုင်ပေ။

"ပြီးတော့ နည်းပြပိုင်ကဘာလို့ငါတို့ကိုဒီလိုခက်တဲ့တာဝန်လုပ်ခိုင်းမှန်း ငါလုံးဝနားမလည်ဘူး တကယ်ဆိုဒါကလုံးဝမဖြစ်နိုင်တဲ့တာဝန်မျိုးပဲ"

ထိုအချိန်တွင်ရှုလင်မှာမနေနိုင်ဘဲထုတ်မေးလိုက်သည်။

"သေရေးရှင်ရေးနဲ့ကြုံမှပဲ ငါတို့ရင့်ကျက်မှာ သူ့ရဲ့နည်းလမ်းကမမှားဘူး ပြီးတော့ နည်းပြပိုင်ကကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက် တကယ်လို့သူသာငါတို့ကိုကယ်ချင်ရင် အလွယ်လေးပဲ သူငါတို့အသက်အန္တရာယ်ဖြစ်လောက်တဲ့အထိတော့ အဖြစ်မခံဘူးလို့ငါယုံတယ်"

ကျိုးဟောင်စကားဆုံးသောအခါ ရှုလင်မှာသဘောပေါက်သွားပေသည်။

ထိုအချိန်၌ ဖန်းယွီနှင့်ယွင်ယန်သည်လည်း သူမတို့ထောင်ချောက်များပြင်ဆင်ပြီးကြောင်း သတင်းပို့လာခဲ့သည်။

ထိုစကားအားကြားလိုက်ရသောအခါ ကျိုးဟောင်တို့အဖွဲ့မှာ ချက်ချင်းပင်ဤသန္ဓေပြောင်းသားရဲများအား ထောင်ချောက်ဆီသို့မျှားခေါ်သွားကြပြီး ယွင်ယန်နှင့်ဖန်းယွီ အားမြင်လိုက်ရသောအခါ ပြုံးမိလိုက်ကြသည်။

ယွင်ယန်မှာအမြဲတမ်းခပ်မိုက်မိုက်ပုံစံနှင့် ခေတ်ရှေ့ပြေးသူဖြစ်သလို ဖန်းယွီသည်လည်းအေးစက်သောမိန်းမလှလေးတစ်ယောက်ဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် သူမတို့နှစ်ယောက်လုံးမှာ မီးသွေးတူးထားသည့်အတိုင်းဖုန်များဖြင့်ပေရေနေကာ စုတ်ပေနေကြပေသည်။ ထို့ကြောင့် သူမတို့၏ပုံစံအားမြင်လိုက်ရသည့်အချိန်တွင် ကျိုးဟောင်တို့အဖွဲ့မှာမထိန်းချုပ်ထားနိုင်ဘဲ ပြုံးလိုက်မိကြခြင်းဖြစ်သည်။

"ဟမ့် ငါတို့နှစ်ယောက်အများကြီးအပင်ပန်းခံထားရတာ ငါ့ရဲ့ပုံရိပ်ကိုတောင်ဂရုစိုက်တာမဟုတ်ဘူး တကယ်လို့သူတို့ကိုသာမဖြေရှင်းနိုင်ရင်တော့လား ကျိုးဟောင် ဖန်းယွီနဲ့ငါ နင့်ကိုလုံးဝအလွတ်မပေးဘူး"

ယွင်ယန်နှင့်ဖန်းယွီတို့နှစ်ယောက်လုံးမှာ သူမတို့အားဤကိစ္စခိုင်းသောကျိုးဟောင်အားစိတ်ဆိုးနေကြပေသည်။

ကျိုးဟောင်မှာ နောက်မှလိုက်လာသောသန္ဓေပြောင်းသားရဲများအားကြည့်ကာပြုံးရင်းပြောလိုက်သည်။

"ဟုတ်ပြီ နင်တို့အခုစလိုက်တော့ သူတို့ထောင်ချောက်ထဲဝင်လာရင် ငါတို့ကအခွင့်အရေးရှာပြီး သူတို့ကိုသတ်ပစ်မယ်"

စကားဆုံးသည်နှင့်ဖန်းယွီမှာ ထိန်းချုပ်ရေးခလုတ်အားနထုတ်လိုက်သည်။ ထောင်ချောက်နားသို့ သန္ဓေပြောင်းသားရဲများရောက်လာသည်ကိုမြင်လိုက်ရချိန်တွင် သူမသည်ချက်ချင်းပင်ခလုတ်အားနှိပ်လိုက်လေသည်။

မျက်စိတစ်မှိတ်အတွင်း သူမတို့ဆင်ခဲ့သောထောင်ချောက်များမှာအသက်ဝင်လာခဲ့ပြီး ဗုံးများစွာမှာပေါက်ကွဲလာခဲ့သည်။ သူမတို့အဖွဲ့မှာ ရပ်တန့်ရေးသေနတ်နှင့် အပူလက်နက်အမျိုးမျိုးကိုပင်အသုံးပြုနေကြပေသည်။ ထို့နောက်မြေပြင်‌ပေါ်တွင်ကြီးမားသောတွင်းပေါက်ကြီးများပင်ပေါ်လာခဲ့သည်။ ထိုတွင်းများမှာ အားလုံးသူမတို့နှစ်ယောက်တူးထားခဲ့သော တွင်းများဖြစ်ကြသည်။

ဗုံးများအပြင် အခြားထောင်ချောက်များစွာကိုလည်း ဆင်ထားကြသေးပေသည်။

ဤထောင်ချောက်အတွင်းသို့ဝင်ပြီးပြီးချင်းမှာပင် သန္ဓေပြောင်းသားရဲအားလုံးမှာ ချက်ချင်းပင်ဒဏ်ရာအပြင်းအထန်ရသွားသည်ဟုပြောလို့ရပေသည်။

တိုက်ခိုက်ရေးထောင်ချောက်များနှင့်တွေ့သော သန္ဓေပြောင်းသားရဲအချို့ဆိုလျှင် ချက်ချင်းပင်သတ်ဖြတ်ခံလိုက်ကြရပေသည်။ ကံကောင်း၍ထောင်ချောက်မှလွတ်မြောက်လာသောသားရဲများနှင့် ထိတ်လန့်တကြားထွက်ပြေးလာသောသားရဲများမှာလည်း ကျိုးဟောင်လက်ချက်ဖြင့်သေဆုံးသွားကြရပေသည်။

ပိုင်လင်းလုံမှာထိုမြင်ကွင်းအားကြည့်ကာ ခေါင်းညိတ်လိုက်သည်။ ဤအဖွဲ့မှာစွမ်းအားအလွန်မကြီးသော်ငြား သူတို့၏အဖွဲ့လိုက်ပူးပေါင်းလုပ်ဆောင်မှုမှာ ညီညွတ်ကာ ရလဒ်မှာလည်းအလွန်ကောင်းသည်ဟုဆိုနိုင်ပေသည်။

တစ်ဖက်တွင် အခြားအဖွဲ့များသည်လည်းရဲရင့်စွာတိုက်ခိုက်နေသော်ငြား ကျိုးဟောင်တို့အဖွဲ့နှင့်ယှဉ်ပါက မမှီသေးပေ။

တစ်ချိန်တည်းမှာပင် ၁၃ခုမြောက်အက်ကွဲကြောင်းလေ့ကျင့်ရေးအခြေစိုက်စခန်း၏အပြင်ဘက်တွင် ကြီးမားသောမျက်နှာပြင်ပေါ်ရှိ အားလုံး၏နာမည်များမှာ အပေါ်ရောက်လိုက်အောက်ရောက်လိုက်ဖြင့်ရှိနေပေသည်။

ယခုတစ်ကြိမ်တွင် အားလုံး၏နောက်တွင်အမှတ်များပေါ်လာခဲ့ပြီး အဆင့်သတ်မှတ်ချက်များပင်ပေါ်လာခဲ့ပေသည်။

ပထမနေရာတွင်မူလူ ၆ယောက်ရှိနေခဲ့ပြီး ၎င်းတို့မှာ ကျိုးဟောင်၊ ရှုလင်၊ ယွမ်ချန်း၊ ကျန်းယိ၊ ယွင်ယန်နှင့် ဖန်းယွီတို့ဖြစ်ကြသည်။

ထို ၆ယောက်လုံးမှာ ပထမနေရာတွင်အတူရှိနေကြပြီး တစ်ယောက်လျှင်အမှတ် ၁၀၀ စီရရှိထားကြပေသည်။

...................................................................................

အခန်း(၃၅၂) ပြီးပါပြီ

အခန်း (၃၅၃) : သင်ကြားပေးခြင်း

မျက်နှာပြင်ပေါ်တွင်အဆင့်သတ်မှတ်ချက်များပေါ်လာသည်နှင့် အားလုံးမှာမှင်တက်သွားကြပြီး ၇ခုမြောက်လေ့ကျင့်ရေးစခန်းမှလူများမှာမူ ချက်ချင်းပင်အားတက်သွားကြပေသည်။

အားလုံးအကြီးအကျယ်အံ့သြနေရင်းပင် အခြား ၆ဖွဲ့မှာ ၇ခုမြောက်အဆင့်မြင့်အဖွဲ့အား မယှဉ်ပြိုင်နိုင်ကြောင်းကို မယုံဝံ့ကြပေ။ မည်သို့သောအကြောင်းပြချက်ကြောင့် ဤအဖွဲ့မှာ ပထမနေရာအားပူးတွဲရယူထားပြီး အမှတ် ၁၀၀ စီရထားရပါသနည်း။

တစ်ဖက်တွင် အခြားအဖွဲ့များမှာ အဖွဲ့လိုက်ပေါင်းမှ အမှတ် ၁၀၀ စီသာရထားခြင်းဖြစ်သည်။

ဘာတွေဖြစ်ပျက်နေသလဲဆိုသည်အား နားမလည်နိုင်ပေ။

ယန်ဟွေ့မှာဂုဏ်ယူနေဟန်ဖြင့်ပြုံးလိုက်သည်။

"ဒါကအဖွဲ့လိုက်လုပ်ဆောင်မှုရဲ့စွမ်းအားပဲ ဒီကလေးတွေကစည်းလုံးကြတယ် ဒါကအတိအကျပြောရရင် နည်းပြပိုင်ရဲ့ပထမဆုံးသင်ခန်းစာက သူတို့ကိုအဖွဲ့အစည်းနဲ့ပူးပေါင်းလုပ်ဆောင်တတ်ဖို့ကို သင်ယူလို့ရအောင်စီမံထားတာ...."

"ဟုတ်တယ် တကယ်လို့လူသားတွေသာမစည်းလုံးရင် မျိုးနွယ်ခြားတွေကိုဘယ်လိုတိုက်ကြမလဲ"

"တကယ်လို့ လူသားတွေသာမစည်းလုံးရင် မျိုးနွယ်ခြားသန်းချီကို ဘယ်လိုရင်ဆိုင်ကြမလဲ"

"တကယ်လို့ လူသားတွေသာမစည်းလုံးရင်ဘယ်လိုများ အကျပ်အတည်းကိုဖြေရှင်းပြီး ငြိမ်းငြိမ်းချမ်းချမ်းနေလို့ရမလဲ"

"လူသောင်းချီပေါင်းတိုက်ရင်တောင် ပညာရှင်တစ်ယောက်ကိုမနိုင်ဘူးပြောကြတာ ဒါပေမဲ့အခုကတစ်ဦးချင်းရဲ့ခွန်အားကအဓိကမဟုတ်ဘဲ အဖွဲ့အစည်းနဲ့ပူးပေါင်းလုပ်တာကမှ အဓိကပဲ"

ယန်ဟွေ့မှာတစ်ကိုယ်တည်း တီးတိုးရေရွတ်နေရင်း အခြားဘာစကားမျှမပြောပေ။ ကျိုးဟောင်တို့ ၆ ယောက်မှာသင်ခန်းစာအားသဘောပေါက်သွားပြီဖြစ်ကြောင်း သူသိပေသည်။

သားရဲရာချီအားသတ်ပြီးနောက် ကျိုးဟောင်တို့အဖွဲ့မှာ ပိုင်လင်းလုံတို့ရှိရာနေရာသို့ပြန်လာပြီး တိတ်ဆိတ်စွာစောင့်ဆိုင်းနေကြရင်း တစ်ချိန်တည်းမှာပင် အခြားအဖွဲ့များ၏သားရဲများအားသတ်ဖြတ်ပုံကိုကြည့်ကာ အံ့ဩနေကြပေသည်။

"ကြည့် အဲဒါအဖွဲ့ ၁ ကလုကျစ်မော့ပဲ သူကအရမ်းရက်စက်တယ် သူ့ရဲ့ကျင့်ကြံရေးအဆင့်က မဟာဆရာသခင်အဆင့်ကိုတောင်ခြေတစ်လှမ်းရောက်နေလောက်ပြီ ဟုတ်တယ်မလား သတ်တာများခွေးတွေကိုသတ်နေသလိုပဲ သူတို့အဖွဲ့က သန္ဓေပြောင်းသားရဲအများစုက သူ့လက်ချက်နဲ့သေကြတာပဲ"

"အဖွဲ့ ၂ ကကောင်းကုန်းရန်လည်းရှိသေးတယ် သူကစွမ်းအားကြီးကျင့်ကြံရေးသိုင်းပိုင်တဲ့မိသားစုကလာတာ သူကကောင်းကင်ဘုံအဆင့်ပညာရှင်နဲ့ ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်ရှိတဲ့ ကောင်းမိသားစု ကပဲ သူလည်းတကယ်စွမ်းအားကြီးတယ်"

"အဖွဲ့ ၃ နဲ့ အဖွဲ့ ၄ကလူတွေလည်း အရမ်းစွမ်းအားကြီးကြတာပဲ သူတို့နဲ့ယှဉ်ရင်ငါတို့ကအဝေးကြီးလိုသေးတယ်......"

အခြားအဖွဲ့များ၏တိုက်ခိုက်မှုများကိုကြည့်ပြီး ရှုလင်တို့အဖွဲ့မှာအံ့သြနေကြပေသည်။ ရိုးရိုးသားသားပြောရလျှင် စိတ်ထဲပင်အနည်းငယ်နေလို့မကောင်းသလိုပေ။

သို့သော် ပိုင်လင်းလုံမှာမူဘာမှမပြောပေ။

မကြာမီ အခြားအဖွဲ့များသည်လည်းသန္ဓေပြောင်းသားရဲများအား ဖြေရှင်းပြီးသွားကြပေသည်။ ထိုအဖွဲ့များ၏အခြေအနေမှာအတော်လေးမကောင်းသော်ငြား တာဝန်ကိုတော့ပြီးမြောက်ခဲ့ပေသည်။

အထူးခြွင်းချက်မှာ အဖွဲ့ ၁ မှ လုကျစ်မော့သာဖြစ်ပြီး လုကျစ်မော့မှာသူတစ်ယောက်တည်း သန္ဓေပြောင်းသားရဲအကောင် ၆၀အားသတ်ခဲ့ပေသည်။ ထိုလူမှာ စွမ်းအားကြီးပြီး ပြိုင်ဘက်ကင်းလှပေသည်။

သို့သော် သူတို့တာဝန်ပြီးချိန်တွင် မတ်တပ်ရပ်ကာကြည့်နေပြီဖြစ်သော ကျိုးဟောင်တို့အဖွဲ့အားတွေ့လိုက်ရချိန်တွင် ကျိုးဟောင်တို့အဖွဲ့သည် ပေးထားသောတာဝန်အားမပြီးမြောက်ခဲ့ဘူးဟု တွေးထင်ကာအားလုံးမှာအံ့ဩသွားခဲ့ကြသည်။

"အရမ်းကောင်းတယ် မင်းတို့အားလုံးပေးထားတဲ့တာဝန်ပြီးသွားကြပြီ မင်းတို့သတ်ခဲ့တဲ့သားရဲအရေအတွက်ကိုအစီရင်ခံကြ ဒါမှငါမင်းတို့အမှတ်ကိုမှတ်လို့ရမှာ"

ပိုင်လင်းလုံမှာ မထူးဆန်းသလိုပင်ပြောလာလေရာ အဖွဲ့ ၁မှ စ၍ တစ်ဖွဲ့ချင်းအစီရင်ခံလာကြပေသည်။ နံပါတ်တစ်မှာလုကျစ်မော့ဖြစ်ပြီး ဒုတိယမြောက်မှာ ကောင်းကုန်းရန်ဖြစ်သည်။ ထိုနှစ်ယောက်မှာ သန္ဓေပြောင်းသားရဲအရေအတွက် ၆၀ နှင့် ၅၀ အသီးသီးသတ်ခဲ့ကြပေသည်။ တကယ်ကိုပင် အလွန်စွမ်းအားကြီးကြပေသည်။

အခြားအဖွဲ့များသည်လည်း မဆိုးပေ။

"ခဏနေ ငါတို့အလှည့်ရောက်ရင် ငါတို့ရတဲ့အမှတ်ကိုခွဲယူမယ်လို့ပြောလိုက်မယ် ရတဲ့အမှတ်ကိုအညီအမျှပဲလိုချင်တယ်လို့"

ကျိုးဟောင်မှာ တီးတိုးပြောကာအသိပေးလိုက်သည်။ ရှုလင်နှင့်ကျန်လူများသည်လည်း မငြင်းဆန်ကြပေ။

ကျိုးဟောင်တို့အစီရင်ခံရမည့်အလှည့်ရောက်လာချိန်တွင် အခြားအဖွဲ့များမှာနှာခေါင်းရှုံ့ကြလေသည်။

ထို ၆ယောက်အဖွဲ့ဆိုပါက တစ်ယောက်လျှင် ၁၆ ကောင် သို့မဟုတ် ၁၇ကောင်လောက်သာသတ်နိုင်မည်ဖြစ်ပေရာ ယခုလိုအမှတ်မျိုးဖြင့် တစ်ယောက်မှထိပ်ဆုံး ၁၀ယောက်ထဲမပါနိုင်ပေ။ ဤဖြစ်ရပ်မှာအလွန်ရယ်ဖွယ်ရာကောင်းပေသည်။

ပိုင်လင်းလုံမှာ ကျိုးဟောင်တို့အဖွဲ့အစီရင်ခံသည်ကိုနားထောင်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ အမှတ်တွေထွက်လာပြီ ဝေပေးမယ် မင်းတို့စစ်ကြည့်ကြ"

ပိုင်လင်းလုံစကားဆုံးသည်နှင့် အားလုံးမှာမိမိတို့၏ အဆင့်အားသိချင်စိတ်ကို ထိန်းမရကြတော့ပေ။

သို့သော်ပထမနေရာတွင်လူ ၆ယောက်ရှိနေပြီးအားလုံးမှာ အဖွဲ့ ၇မှလူများဖြစ်ကြောင်းတွေ့လိုက်ရချိန်တွင် အားလုံးမှာကြက်သေသေသွားခဲ့ကြသည်။

မကျေနပ်ဆုံးလူမှာလုကျစ်မော့ဖြစ်သည်။ သူသည်တစ်ယောက်တည်း သားရဲအကောင် ၆၀ သတ်ခဲ့ပြီး အမှတ် ၆၀ရခဲ့သည်။ တစ်ဖက်တွင် အဖွဲ့၇ရှိ အဖွဲ့သားအားလုံးမှာ တစ်ယောက်လျှင်အမှတ် ၁၀၀စီရထားကြပေသည်။

ထို့အပြင် သန္ဓေပြောင်းသားရဲအကောင် ၁၀၀ သာရှိသည့်အချိန်တွင် ထိုအဖွဲ့၏အမှတ်ပေါင်းမှာ ဘာကြောင့် ၁ထောင်ဖြစ်နေရပါသနည်း။ ဤအချက်သည်တကယ်ကို မဖြစ်နိုင်ပေ။

"နည်းပြပိုင် အမှတ်တွေမှားတွက်ထားမိတာများလား...."

လုကျစ်မော့မှ အလျင်အမြန်ပင်ပြောလာလေသည်။

အားလုံး၏အမြင်တွင်နည်းပြပိုင်မှာ အမှတ်များအားမှားယွင်းတွက်ချက်ထားသည်ဟုထင်နေကြသော်လည်း ပိုင်လင်းလုံမှာမူခေါင်းယမ်းပြလာလေသည်။

"မှားနေတာမျိုးမရှိဘူး အဖွဲ့ ၇ကလူအားလုံး တစ်ယောက်ကိုအမှတ် ၁၀၀ စီရကြတာ"

"ဘာရယ်ဘာလို့လဲ နည်းပြပိုင်သန္ဓေပြောင်းသားရဲစုစုပေါင်းမှအကောင် ၁၀၀ ပဲရှိတာ သူတို့တစ်ယောက်ကိုအကောင် ၁၀၀ သတ်ခဲ့လို့လား"

ကောင်းကုန်းရန်မှပြောလိုက်သည်။

"မဟုတ်ဘူး တစ်ဖွဲ့ကိုအကောင် ၁၀၀ပဲ သူတို့လည်းအကောင် ၁၀၀ပဲသတ်ခဲ့တာ"

ပိုင်လင်းလုံမှပြန်ဖြေလိုက်သည်။

"အာ ဒါဆိုရင်...ဒီအမှတ်ကတစ်ခုခုမှားနေတာမဟုတ်ဘူးလား နည်းပြပိုင် ကျွန်တော်တို့နားမလည်ဘူး"

လုကျစ်မော့မှာအလွန်မခံမရပ်နိုက်ဖြစ်ကာ ချက်ချင်းပင်ပြောလိုက်သည်။

"ဒီအမှတ်ကမှားနေတယ်လို့ထင်တာလား ကောင်းပြီလေ မင်းတို့ဘာလို့အမှတ် ၁၀၀ မရလဲငါပြောပြမယ်"

ထိုအချိန်တွင် ပိုင်လင်းလုံမှာချက်ချင်းပင်ထပြောလိုက်ပြီး အဖွဲ့၇၏တိုက်ပွဲအားမှတ်တမ်းတင်ထားသော ဗီဒီယိုအားဖွင့်ပြလိုက်လေသည်။

ဗီဒီယိုထဲတွင် ကျိုးဟောင်တို့အဖွဲ့သန္ဓေပြောင်းသားရဲများအားတိုက်ခိုက်နေသည့်မြင်ကွင်းအားပြသထားပြီး သူတို့ ၆ယောက်သည် တာဝန်အညီအမျှခွဲဝေယူပြီး အလွန်စနစ်တကျဖြင့်သန္ဓေပြောင်းသားရဲများအား အတူတကွတိုက်ခိုက်နေကြပေသည်။ ထိုမြင်ကွင်းအားမြင်လိုက်ရသောအခါ လုကျစ်မော့နှင့်အခြားလူများပင် အံ့ဩသွားခဲ့ရပေသည်။

ဤနေရာတွင်ရှိနေသော လူများမှာ အားလုံးမှာဆရာသခင်အဆင့်များဖြစ်ကြပြီး မဟာဆရာသခင်အဆင့်ပင်မရောက်သေးသော်ငြား ဤသန္ဓေပြောင်းသားရဲများကိုတော့ ဖြေရှင်းနိုင်ကြပေသည်။

အားလုံးမှာအံ့ဩနေကြသော်ငြား ဘာဖြစ်နေသလဲဆိုသည်ကိုတော့ နားမလည်ကြသေးပေ။

"ငါမင်းတို့ကိုပေးတဲ့တာဝန်က သန္ဓေပြောင်းသားရဲတွေကိုရှင်းပစ်ဖို့ပဲ မင်းတို့အားလုံးလုပ်နိုင်ခဲ့တယ် ဒါပေမဲ့အဖွဲ့ ၇ကလွဲလို့ မင်းတို့ရဲ့ရလဒ်တွေကိုငါမကျေနပ်ဘူး"

"ဒါကမင်းတို့မသန်မာလို့မဟုတ်ဘူး တစ်ဖက်မှာကျ အဘက်ဘက်ကြည့်ရင်အဖွဲ့ ၇ ရဲ့စွမ်းအားက အရမ်းအားနည်းလွန်းတယ် ဒါပေမဲ့သူတို့အဖွဲ့ကဘာလို့ ပေးထားတဲ့တာဝန်ကို ပထမဆုံးအနေနဲ့ပြီးသွားခဲ့တာလဲ"

"မင်းတို့လည်းမြင်လိုက်မှာပဲ သူတို့ ၆ယောက်ကပူးပေါင်းပြီးတော့ ဒီသန္ဓေပြောင်းသားရဲရာချီကိုသတ်ပစ်ခဲ့တယ် သူတို့တစ်ယောက်ချင်းစီက ကြီးကြီးမားမားမားပံ့ပိုးပေးပြီးတော့ အရမ်းအရေးကြီးတဲ့အခန်းကဏ္ဍတွေကနေ ပါဝင်လုပ်ဆောင်ခဲ့ကြတယ်"

ပိုင်လင်းလုံမှာစကားဆုံးသည်နှင့် အခြားအဖွဲ့များအားကြည့်ကာ ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။

"ငါမင်းတို့ကိုပြောချင်တာ မင်းတို့ရဲ့ပြိုင်ဘက်က သန္ဓေပြောင်းသားရဲ ၁၀၀တည်းမဟုတ်ဘူး သန်းနဲ့ချီတယ် ငါတို့လူသားတွေကအမြဲတမ်း သူတို့ထက်တစ်ပန်းရှုံးနေတာ တကယ်လို့ငါတို့သာမပူးပေါင်းရင် အက်ကွဲကြောင်းကနေငါတို့ကို မျက်စိဒေါက်ထောက်ကြည့်နေတဲ့ သန္ဓေပြောင်းသားရဲတွေကို ခုခံနိုင်မှာမဟုတ်ဘူး"

"မင်းတို့တွေအတွက်ကတော့ မင်းတို့ရဲ့ပင်ကိုလက္ခဏာတွေကအရမ်းထက်သန်ပြီး အားလုံးထင်ပေါ်ချင်ကြတယ် မင်းတို့ကစွမ်းအားကြီးကြပေမဲ့ သန္ဓေပြောင်းသားရဲတွေကိုအတူတူပူးပေါင်းလုပ်ကြမယ်လို့မတွေးခဲ့ကြဘူးမှတ်လား"

"အထူးသဖြင့် မင်းတို့သန္ဓေပြောင်းသားရဲများများသတ်လေ ငါပိုဒေါသထွက်လေပဲ စစ်မြေပြင်ဆိုတာက လူတစ်ယောက်တည်းအားနဲ့အခြေအနေတွေကိုပြောင်းလဲနိုင်တဲ့နေရာမဟုတ်ဘူး အားလုံးအပေါ်မှီခိုနေရတာ တစ်ဖက်မှာကျ မင်းတို့တွေကတစ်ယောက်တည်းတိုက်နေကြတယ် ဘယ်လောက်ဉာဏ်မရှိလိုက်လဲ"

"မင်းတို့မှာစွမ်းအားရှိတယ်ဆိုတာနဲ့ပဲ သတ္တိရှိလှပါတယ်ဆိုပြီးဘဝင်မြင့်လို့ရမယ်ထင်နေတာလား မှားတယ် မင်းတို့အားလုံးမှားတယ် အဖွဲ့တစ်ခုဆိုတာရှုံးလည်းအတူတူ နိုင်လည်းအတူတူပဲ မင်းတို့ ၆ယောက်တစ်ဖွဲ့ဖွဲ့လိုက်ပြီဆိုကတည်းက အားလုံးကအဖွဲ့သားတွေဖြစ်ပြီး အဆုံးသတ်ရောက်တဲ့အချိန်အထိ အချင်းချင်းကူညီထောက်ပံ့ပေးရမယ်ဆိုတာကိုသိရမှာ"

"အသင်းဖော်‌တွေအနေနဲ့ မင်းတို့တွေကအချင်းချင်းအသက်ကိုပုံအပ်လို့ရတဲ့ရဲဘော်ရဲဘက်တွေဖြစ်ရမှာ"

ပိုင်လင်းလုံမှာ ဟွန့် ခနဲအသံပြုလိုက်ပြီး သူမ၏အသံမှာ အခြားအဖွဲ့မှလူအားလုံး၏ရင်ထဲသို့ပစ်ချလိုက်သည့်မိုးကြိုးတစ်စင်းပမာပင်။

"ငါမင်းတို့ကိုဒီတစ်ခေါက်ပေးတဲ့တာဝန်က စိတ်ရင်းနဲ့အတူပူးပေါင်းလုပ်ဆောင်ဖို့ပဲ တကယ်လို့မင်းတို့ကတစ်ဦးချင်းတိုက်ပွဲပဲတိုက်ချင်တယ်ဆိုရင်တော့ မင်းတို့ရဲ့အာသီသတွေပြေ‌ဖို့လေ့ကျင့်ရေးကွင်းထဲကို တစ်ယောက်တည်းလွှတ်ပေးလို့ရတယ်..."

"အဲဒါကြောင့် အဖွဲ့ ၇ကငါသတ်မှတ်ထားတဲ့သတ်မှတ်ချက်နဲ့ကိုက်ညီတယ် သူတို့သန္ဓေပြောင်းသားရဲအကောင် ၁၀၀ကိုပူးပေါင်းပြီးသတ်ခဲ့တယ် သတ်ဖြတ်မှုတိုင်းကလည်းသူတို့အဖွဲ့လိုက်ပူးပေါင်းပြီးမှရလာတာဒါကြောင့်သူတို့ကတစ်ယောက်ကို အမှတ်၁၀၀စီရကြတာပဲ ဒါကိုလက်မခံချင်တဲ့လူရှိလား"

ပိုင်လင်းလုံမှမေးခွန်းထုတ်လိုက်လေသည်။

....................................................................................

အခန်း(၃၅၃) ပြီးပါပြီ

အခန်း (၃၅၄) : မသိနိုင်ဘူး

ပိုင်လင်းလုံ၏စကားဆုံးသည်နှင့် အားလုံးမှာခေတ္တမျှမှင်တက်သွားခဲ့ကြပြီးနောက် အမူအရာများမှာတဖြည်း ဖြည်းပြောင်းလဲသွားခဲ့ကြပေသည်။

ထိုအချိန်မှသာ အားလုံးပိုင်လင်းလုံ၏ဆိုလိုရင်းအားသဘောပေါက်လိုက်ကြပေသည်။

လူသားနှင့်မျိုးနွယ်ခြားများမှာအမြဲတမ်းတိုက်ခိုက်နေကြပြီး အဆင်ပြေဖို့ရာမှမဖြစ်နိုင်ပေ။ စင်စစ်တွင် ရှေ့တန်းရှိလတ်တလောစစ်ပွဲအခြေအနေမှာ အားလုံးအားအန္တရာယ်ကြီးကြီးဖြစ်နိုင်သည့် အငွေ့အသက်အားခံစားရစေပေသည်။

ဤနေရာတွင်ရှိနေသောလူအားလုံးမှာ လူသားမျိုးနွယ်မှပျိုးထောင်ထားသော ပါရမီရှင်များဖြစ်ကြပြီး ကိစ္စအတော်များများကိုလည်းသိထားကြပေသည်။ ထို့ကြောင့် ပိုင်လင်းလုံ၏စကားအားကြားလိုက်ရသည့်အချိန်တွင် မည်သူမှကန့်ကွက်ခြင်းမရှိပေ။

"မင်းတို့အားလုံး ဒါကိုမှတ်ထား ငါတို့လူသားတွေမျိုးနွယ်ခြားတွေကိုတိုက်နိုင်တဲ့အကြောင်းပြချက်က ငါတို့လူသားသိုင်းပညာရှင်တွေစွမ်းအားကြီးလို့မဟုတ်ဘဲ စည်းလုံးလို့ပဲ"

"မျိုးနွယ်ခြားသောင်းချီရှိပြီးတော့ မျိုးနွယ်တိုင်းမှာသူတို့ရဲ့ပင်ကိုလက္ခဏာရှိတယ် သူတို့ဆီမှာအဆုံးမရှိတဲ့ခွန်အားရှိပြီး ပေါ့ပါးဖျတ်လတ်တယ် အားလုံးမှာမွေးရာပါအားသာချက်တွေရှိတယ် ငါတို့လူသားတွေကအမြဲတမ်းအားနည်းနေတာ တကယ်လို့ငါတို့မပူးပေါင်းရင် သူတို့ကိုဘယ်လိုခုခံကြမလဲ"

ပိုင်လင်းလုံမှာ ဒေါသတကြီးပြောလာလေသည်။ သူမပြောသွားသည့်စကားထဲတွင်အမှားမပါပေရာ ကျိုးဟောင်ပင်သူမစကားကြားပြီး ခေါင်းညိတ်မိလိုက်သည်။

ဤအမျိုးသမီးမှာတကယ်ကို ယောက်ျားများဖြင့်ရင်ဘောင်တန်းနိုင်ပေသည်။ ယခုလိုပညာရှင်တစ်ယောက်မှ ခံတပ်အားထိန်းချုပ်ထားသရွေ့ လူသားမျိုးနွယ်များမှာ သန္ဓေပြောင်းသားရဲများအား မရှင်းထုတ်နိုင်သော်ငြား အေးအေးချမ်းချမ်းတော့နေနိုင်သေးပေသည်။

ပိုင်လင်းလုံမှာပြောစရာရှိသည်များကိုပြောပြီးနောက် ကျိုးဟောင်တို့အဖွဲ့အားကြည့်လိုက်လေသည်။

"မင်းတို့တွေက ပူးပေါင်းလုပ်ဆောင်ပြီးအရမ်းစည်းလုံးကြတယ်ဆိုပေမဲ့ လိုအပ်ချက်ရှိနေတုန်းပဲ အဖွဲ့လိုက်ပူးပေါင်းလုပ်ဆောင်ဖို့ကအရေးကြီးတယ်ဆိုပေမဲ့ မင်းတို့တွေအားလုံးမဟာဆရာသခင်အဆင့်ရောက်နေရင် ဒီသန္ဓေပြောင်းသားရဲတွေကိုသတ်ဖို့က ပိုမလွယ်ဘူးလား"

"ဒါကြောင့်တစ်ယောက်အမှတ် ၁၀၀ရတယ်ဆိုတာနဲ့ပဲမာန်တက်မနေကြနဲ့ အမှန်တိုင်းပြောရရင် အခြား ၆ဖွဲ့ကိုပညာပေးချင်လို့သာမင်းတို့ကိုတစ်ယောက်အမှတ် ၁၀၀စီပေးလိုက်တာ"

"အဖွဲ့ ၇ဖွဲ့ထဲမှာမင်းတို့အဖွဲ့ကအားအနည်းဆုံးပဲ မင်းတို့ဘာနည်းလမ်းတွေသုံးသလဲဆိုတာငါဂရုမစိုက်ဘူး မင်းတို့စွမ်းအားတိုးလာတာပဲလိုချင်တယ် မဟုတ်ရင် မင်းတို့အဖွဲ့က အဖွဲ့တစ်ဖွဲ့လုံးအားအပေါ်ပဲမှီခိုနေရလိမ့်မယ်"

ပိုင်လင်းလုံမှာ တကယ်ကိုအရည်အချင်းရှိပေသည်။ အခြားအဖွဲ့ ၆ဖွဲ့အားပညာပေးပြီးနောက်တွင်ပင် သူမသည်အဖွဲ့ ၇ကိုလည်း ပညာပေးနိုင်သေးပေရာ ကျိုးဟောင်မှာသူမအားမလေးစားဘဲမနေနိုင်တော့ပေ။

ကျူးဇောင်မှာ သူမအားအဆင့်မြင့်အဖွဲ့၏နည်းပြအဖြစ်လွှတ်လိုက်သည်မှာမထူးဆန်းတော့ပေ။ ပိုင်လင်းလုံထံတွင် သိုင်းကညာရှင်များအားသင်ကြားပေးနိုင်သည့် အသုံးဝင်သည့်နည်းလမ်းများတကယ်ရှိပေသည်။

"ကောင်းပြီ အဖွဲ့စခန်းကိုပြန်ကြတော့ မနက်ဖြန်အထူးလေ့ကျင့်ရေးဆက်ကြမယ်"

ပြောပြီးသည်နှင့်ပိုင်လင်းလုံမှာထွက်ခွာသွားပြီး အခြားလူများသည်လည်းသက်ဆိုင်ရာအဖွဲ့များဆီပြန်လာခဲ့ကြပေသည်။

ကျိုးဟောင်တို့အဖွဲ့သည်လည်း အလောတကြီးပြန်ရောက်လာခဲ့ကြပေသည်။

အရိုးသားဆုံးပြောရလျှင် ယနေ့အမှတ် ၁၀၀ စီရရှိခဲ့ခြင်းအား သူတို့အလွန်ပင်ပျော်ရွှင်ခဲ့ရသလို သူတို့၏စိတ်ထဲရှိဖိအားမှာလည်း တိုးလာခဲ့ပေသည်။

မည်သို့ပင်ဖြစ်စေ အခြားအဖွဲ့ ၆ဖွဲ့နှင့်ယှဉ်ပါက သူတို့အဖွဲ့၏စွမ်းအားမှာ တကယ်ကိုနိမ့်ကျနေသေးပေသည်။

ညအချိန်တွင် ကျိုးဟောင်မှာအိပ်ရာထက်လှဲရင်း ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်အားဖွင့်လိုက်သည်။

ပြီးခဲ့သည့်တစ်ခေါက်က "နတ်ဘုရားဖျက်စီးသိုင်း" အားမရခဲ့သည့်အတွက် အနည်းငယ်စိတ်ပျက်ခဲ့ရသော်ငြား ဤကျင့်ကြံရေးသိုင်းမှာ သေချာပေါက်ထူခြားကြောင်းကို ကျိုးဟောင်လည်းသိပေသည်။ မဟုတ်ပါက ဤသိုင်းအားရရန်မှာထိုမျှလောက် မခက်ခဲလောက်ပေ။

ကျိုးဟောင်မှာရုတ်တရက် နတ်မိမယ်ယွဲ့လင်အားတွေးမိလိုက်သည်။

"နတ်ဘုရားဖျက်စီးသိုင်း" အားသူမလိုချင်သလားဟုမေးပြီးနောက် သူမသည်လိုင်းပေါ်မှဆင်းသွားခဲ့ပေသည်။ ယခုတစ်ကြိမ်တွင် ထိုကိစ္စနှင့်ပတ်သက်ပြီး သူမအားသေချာမေးရပေဦးမည်။

တိုက်ရိုက်ထုတ်လွှင့်မှုစာမျက်နှာအားဖွင့်ကာ သူမတကယ်ကပင်လိုင်းပေါ်ရှိနေကြောင်းသိလိုက်ရပြီးနောက် ကျိုးဟောင်မှာအချိန်မဖြုန်းတော့ဘဲ တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ ဝင်ရောက်သွားလေတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိပရိတ်သတ်များမှာ အုတ်အော်သောင်းနင်းဖြစ်လာကြလေသည်။

"သေစမ်း သခင်ကြီးကလာနေပြီဟေ့ ကြိုဆိုပါတယ် @ငါကသာမန်လူတစ်ယောက်ပါပဲ"

"@ငါကသာမန်လူတစ်ယောက်ပါပဲ ဒီနေ့တိုက်ရိုက်ထုတ်လွှင့်မှုကို ကြီးစိုးတော့မှာလား"

"သခင်ကြီး ဒီရက်ပိုင်းအတွင်းလိုင်းပေါ်တက်မလာတာ ဘယ်သူမှကြီးစိုးမဲ့လူမရှိဘူး ကျွန်တော်တို့တကယ်သတိရနေတာ @ငါကသာမန်လူတစ်ယောက်ပါပဲ"

ကျိုးဟောင်မှာတိုက်ရိုက်ထုတ်လွှင့်မှုထဲရှိပရိတ်သတ်များ၏မှတ်ချက်များအားမြင်သော်လည်း ဂရုမစိုက်ဘဲ သီးသန့်စာပို့ရာနေရာသို့သွားကာ နတ်မိမယ်ယွဲ့လင်ထံစာပို့လိုက်လေသည်။

"နတ်မိမယ် ပြီးခဲ့တဲ့တစ်ခေါက်ကမေးခွန်းကိုမဖြေသွားဘူး"

နတ်မိမယ်ယွဲ့လင်မှာ ကျိုးဟောင်တိုက်ရိုက်ထုတ်လွှင့်မှုသို့ ချက်ချင်းဝင်ရောက်လာသည်ကိုမြင်လိုက်ပေရာ သူမ၏မျက်နှာပေါ်တွင်ထိတ်လန့်သွားသောအမူအရာတစ်ခု ဖျက်ခနဲပေါ်လာသော်ငြား ချက်ချင်းပင်ဘာမှမဖြစ်ခဲ့သလိုပြောင်းလဲလိုက်လေသည်။

ထိုအချိန်တွင် ကျိုးဟောင်ထံမှစာပို့လိုက်သည်ကိုမြင်လိုက်ရပေရာ အသက်ပြင်းပြင်းရှူကာ ပို့ထားသည့်စာအားဝင်ဖတ်လိုက်လေသည်။

"သခင်ကြီး 'နတ်ဘုရားဖျက်စီးသိုင်း' အကြောင်းမသိတာ ရှင့်အတွက်အကောင်းဆုံးပဲလို့ထင်တယ် ပြီးတော့ ' နတ်ဘုရားဖျက်စီးသိုင်း' ကိုရှင်သိတယ်ဆိုမှတော့ 'နတ်ဘုရားသုတ်သင်သိုင်း' ကိုလည်းသေချာပေါက်သိမှာပဲ အဲဒီသိုင်းကိုမကျင့်ကြံဖို့ကျွန်မအကြံပေးချင်တယ်"

ကျိုးဟောင်မှာနတ်မိမယ်ယွဲ့လင်၏စကားအားကြားကြားချင်းပင် စိတ်ရှုပ်သွားခဲ့ပေသည်။

"နတ်မိမယ်ယွဲ့လင် ငါအတော်လေးနားမလည်ဘူး မင်းဒီထက်ပိုပြီးရှင်းအောင်ရှင်းပြလို့ရမလား ဒီကျင့်ကြံရေးသိုင်းကို ငါဘာလို့ကျင့်မရတာလဲ"

ဤကျင့်ကြံရေးသိုင်းမှာ အမှန်တကယ်စွမ်းအားကြီးလှပေရာ ကျိုးဟောင်မှာသူ့ထံတွင်ရှိနေသော သစ်သားဝိဉာဉ်သိုင်း၊ အရိပ်ဓား ခုနစ်ချောင်းသိုင်းနှင့် ရွှေကျီးလွတ်မြောက်ရေးသိုင်းတို့ပင် ဤကောင်းကင်ဘုံအဆင့်ကျင့်ကြံရေးသိုင်းထက် နိမ့်ကျသလိုခံစားရပေသည်။

"ကျွန်မရှင့်ကိုပြောပြလို့မရတဲ့ကိစ္စတွေ အများကြီးရှိတယ် ဒါပေမဲ့သခင်ကြီးနတ်မိမယ်ယွဲ့လင်က ရှင့်ကိုမလိမ်ဘူးဆိုတာကိုတော့ ယုံရမယ်"

နတ်မိမယ်ယွဲ့လင်မှာလျှို့ဝှက်ချက်အား ကျိုးဟောင်ကိုမပြောပြလိုပေ။ ကျိုးဟောင်သည်လည်း ဤကိစ္စမှာလျှို့ဝှက်ချက်ကြီးဖြစ်နိုင်ကြောင်းကို သဘောပေါက်ပေသည်။

သို့သော် ဤကျင့်ကြံရေးသိုင်းမှာအလွန်အဖိုးတန်လှပေရာ ကျိုးဟောင်စိတ်ထဲတွင်အနည်းငယ်တွေဝေနေသလိုခံစားနေရပေသည်။

နတ်မိမယ်ယွဲ့လင်မှာ သူ့အားမပြောပြလိုကြောင်းသိလိုက်ရသောအခါ ကျိုးဟောင်မှာခေါင်းသာယမ်းမိတော့သည်။ တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် လက်ဆောင်အချို့ဝယ်ကာ ရှားပါးအဆင့်စွမ်းအင်ဘားအချို့ရပြီးနောက် ကျိုးဟောင်မှာအားလုံးဂုဏ်ပြုနေရင်းပင် တိုက်ရိုက်ထုတ်လွှင့်မှုထဲမှထွက်သွားလေသည်။

ယခင်တစ်ခေါက်ဝင်ရောက်သွားပြီးကတည်းက အချိန်အားရေတွက်ကြည့်ပါက လဝက်ကျော်သွားပြီဖြစ်ပေရာ ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်အား ထပ်မံကာသွားရောက်ယူလို့ရနိုင်ပြီဖြစ်သည်။

ကျိုးဟောင်မှာထိုအကြောင်းအားစဉ်းစားရင်း ချပ်ဝတ်အားလဲလှယ်ဝတ်ဆင်လိုက်ပေသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်မှာရွေ့လျားသွားကာ ၁၂ခုမြောက်အက်ကွဲကြောင်းအတွင်းရှိ သံမဏိဝက်ဝံဘုရင်စောင့်ကြပ်ရာနေရာသို့ရောက်ရှိလာခဲ့ပေသည်။

"အစ်ကိုကြီးဝက်ဝံ ကျွန်တော်အစ်ကိုကြီးနဲ့စီးပွားရေးထပ်လုပ်ဖို့လာတာ"

ကျိုးဟောင်မှာရောက်လာသည်နှင့်အော်ပြောလိုက်သည်။ ကျိုးဟောင်၏စကားဆုံးသည်နှင့် အဖြူရောင်အလင်းတန်းတစ်ခုမှာဖျက်ခနဲပေါ်လာခဲ့လေသည်။ ကျိုးဟောင်မှာထိုအလင်းတန်းအားအာရုံစိုက်ကြည့်လိုက်ပြီးနောက် အမူအရာမှာအနည်းငယ်ပြောင်းလဲသွားခဲ့သည်။

အနာဂတ်တွင် သံမဏိအရိုးဝက်ဝံဘုရင်၏လည်ဆံမွေးများမှာ အဖြူရောင်အဖြစ်ပြောင်းလဲလာမည့်အရိပ်လက္ခဏာများစတင်ပေါ်ပေါက်နေပေရာ ဤအဓိပ္ပာယ်မှာ ၎င်းသည်ငွေရောင်အရိုးဝက်ဝံဘုရင်အဖြစ်တစ်စတစ်စပြောင်းလဲလာနေပြီဟူသော အဓိပ္ပာယ်ဖြစ်ကြောင်းကို ကျိုးဟောင်သိလိုက်ပေသည်။

တစ်နည်းဆိုရသော် ဤသံမဏိအရိုးဝက်ဝံဘုရင်မှာ သွေးမျိုးဆက်အချုပ်အနှောင်အားချိုးဖောက်ကာ ကောင်းကင်ဘုံအဆင့်ထိပင် အဆင့်ချိုးဖောက်ကာတက်လှမ်းသွားနိုင်လောက်ပေသည်။

ကျိုးဟောင်မှာအသက်ခပ်ပြင်းပြင်းတစ်ချက်ရှူကာ အနည်းငယ်စိုးရိမ်သွားခဲ့ပေသည်။ သူသည်ဤဝက်ဝံဖြင့်အလဲအလှယ်လုပ်ရင်း မျိုးနွယ်ခြားများအတွက်နောက်ထပ်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ရရှိသွားအောင် ကူညီပေးလိုက်သလိုဖြစ်သွားမည်ကို အလွန်စိုးရိမ်မိပေသည်။

"လူသားညီငယ်လေး မင်းနောက်ဆုံးတော့ရောက်လာပြီပဲ ငါကဒီနေ့ရောက်လာဖို့ နေ့နေ့ညညစောင့်နေတာ လာအပိုတွေပြောမနေတော့ဘူး ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်သွားယူကြစို့"

သံမဏိအရိုးဝက်ဝံဘုရင်မှာ ကျိုးဟောင်အားမြင်လိုက်သည့်အချိန်တွင် အလွန်စိတ်လှုပ်ရှားကာပျော်ရွှင်နေပေသည်။

ဤကာလအတောအတွင်း စွမ်းအင်ဘားအားလုံးအားစုပ်ယူပြီးနောက် တကယ်ပင်အဆင့်ချိုးဖောက်နိုင်ခဲ့ပေသည်။ ဤပုံအတိုင်း နောက်ထပ် ၁၀ကြိမ် သို့မဟုတ် ၈ကြိမ်မျှစုပ်ယူပြီးပါက သေချာပေါက်ကောင်းကင်ဘုံအဆင့်သို့ ချိုးဖောက်ဝင်ရောက်နိုင်မည်ဟုယုံကြည်ပေသည်။

ထိုအချိန်ရောက်ပါက ကောင်းကင်ဘုံအဆင့်သို့ချိုးဖောက်ဝင်ရောက်နိုင်ရုံတင်မကဘဲ ငွေရောင်အရိုးဝက်ဝံဘုရင်အဖြစ်လည်းအသွင်ပြောင်းနိုင်ပေလိမ့်မည်။

ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ဖြစ်လာသည်နှင့်တစ်ပြိုင်နက် သူ၏သွေးမျိုးဆက်အချုပ်အနှောင်အားချိုးဖောက်နိုင်မည်ဖြစ်ပြီး မျက်လုံးတစ်ရာအင်းဆက်ဘုရင်သည်လည်း သူနှင့်ပြိုင်ဘက်မဖြစ်နိုင်တော့ပေရာ ထိုအင်းဆက်ကောင်အား တန်းကာတစ်စစီလုပ်ပစ်နိုင်ပြီဖြစ်သည်။

"အာ အစ်ကိုကြီးဝက်ဝံ ခဏလေးနေပါဦး ကျွန်တော်တို့စကားအရင်ပြောကြတာပေါ့"

ကျိုးဟောင်မှာ ထွက်သွားမည့်ဟန်ပြင်နေသည့် ဝက်ဝံဘုရင်အားတားဆီးလိုက်သည်။

"အို လူသားညီငယ်လေး မင်းဘာပြောချင်လို့လဲ"

သံမဏိအရိုးဝက်ဝံဘုရင်မှာ ခေတ္တမျှအံ့ဩသွားပြီးနောက်မေးလိုက်သည်။

"အရမ်းရိုးရှင်းပါတယ် နောက်ကိုကျွန်တော်တို့စစ်မြေပြင်မှာတွေ့ကြရင် အချင်းချင်းဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ဆွေးနွေးချင်တာပါ"

ကျိုးဟောင်ထိုစကားအားပြောလိုက်သည်နှင့် သံမဏိအရိုးဝက်ဝံဘုရင်သည်လည်း ဇဝေဇဝါဖြစ်သွားခဲ့သည်။

"ငါတို့စစ်မြေပြင်မှာတွေ့ရင်လား သေချာပေါက်ကိုယ့်မျိုးနွယ်ဘက်မှာပဲနေမှာပေါ့ ဘာလို့လဲလူသားညီငယ်လေး ဒီအချိန်အတောအတွင်း မင်းငါ့အပေါ်သံယောဇဉ်ဖြစ်လာလို့ ငါနဲ့ရန်သူဖြစ်လာဖို့ကို မခံစားနိုင်တော့လို့လား"

"ဒါမှမဟုတ် ငါကကောင်းကင်ဘုံအဆင့်ကိုချိုးဖောက်သွားပြီး မင်းငါ့ကိုမနိုင်တော့မှာစိုးလို့လား"

သံမဏိအရိုးဝက်ဝံဘုရင်မှာ တုံးအသူမဟုတ်ပေရာ ချက်ချင်းပင်မေးလိုက်လေသည်။

..................................................................................

အခန်း(၃၅၄) ပြီးပါပြီ

All Chapters