← Chapters

အခန်း (၉၃၁-၉၃၃)

Vol. 63 Ch. 931-933

အခန်း (၉၃၁-၉၃၃)

Vol. 63 Ch. 931-933

အခန်း (၉၃၁) လက်သီး တစ်ချက်ဖြင့် အယောက်တစ်ရာကို သတ်ဖြတ်ခြင်း

အဘိုးအို၏ လွတ်မြောက်မှုသည် အခြားသော နတ်အဆင့် ကျွမ်းကျင်သူများ၏ စိတ်ဓာတ်များကို မြင့်တက်သွားစေသည်။ ဤလူများအားလုံးသည် အင်အားကြီး ပုဂ္ဂိုလ်များဖြစ်၍ တစ်ချိန်က ဂုဏ်ယူဝံ့ကြွားသူဖြစ်သည့်အပြင် သာမန်လူများထံ ဘေးအန္တရာယ်များစွာ ယူဆောင်လာခဲ့ကြသော်လည်း ဤအဘိုးကြီးနှင့် နှိုင်းယှဉ်လျှင် မပြောပါ့လောက်ပေ။ အဘိုးအိုကို ကြည့်သောအခါ လူတိုင်း၏မျက်လုံးများတွင် ဖုံးကွယ်၍မရနိုင်သော အကြောက်တရားများဖြင့် ပြည့်နှက်လာသည်။ အဘိုးအို၏ နောက်ခံနှင့် သူ၏ ပြင်းထန်သော ဂုဏ်သတင်းကို ၎င်းတို့အားလုံး သိကြသည်။

"ဟားဟား၊ ကျုပ် ဒီနေ့ထိ အသက်ရှင်နေမယ်လို့ မထင်ဘူး" အဘိုးအိုသည် အေးစက်စက် ပြုံး၍ အခြားသော နတ်အဆင့် အကျဉ်းသားများကို လှည့်ကြည့်လိုက်သော်လည်း ၎င်းတို့နှင့် ပတ်သက်၍ သိပ်ဂရုစိုက်ပုံမပေါ်ပေ။

သူသည် နောက်ဆုံးတွင် လမ်းပြလူငယ်ကိုသာ ကြည့်၍ ပြောလိုက်သည်။

"နတ်ဆိုး၊ ခင်ဗျား ကျုပ်ကို ဘာလို့ ကယ်တာလဲ"

သူက ဤလူငယ်၏ ပုံသဏ္ဌာန် အစစ်အမှန်ကို ချက်ချင်း ထောက်ပြလိုက်သည်။ ဤလူငယ်သည် လူသားတစ်ဦး မဟုတ်ဘဲ နတ်ဆိုးကျွမ်းကျင်သူတစ်ဦးဖြစ်သည်။

"ဘာလို့လဲဆိုတော့ ကျုပ် အကူအညီလိုနေလို့။ ခင်ဗျားကို ကယ်တင်ပေးရတဲ့ အဖိုးအခကတော့ ခင်ဗျား ကျုပ်အပေါ် သစ္စာစောင့်ရမယ်" လူငယ်သည် ဘာသိဘာသာ ပြောလိုက်သော်လည်း သူ၏ စကားများတွင် ယုံကြည်မှုများ ပြည့်နှက်နေသည်။

"ခင်ဗျားအပေါ် သစ္စာစောင့်သိရမယ် ဟုတ်လား" အဘိုးအိုက လူငယ်ကို စိုက်ကြည့်၍ အေးစက်စွာ ပြောလိုက်ပြီးနောက် အထိန်းအကွပ်မရှိစွာ ရယ်မောလိုက်သည်။

"ခင်ဗျား ကျုပ်ကို အမိန့်ပေးဖို့ ကြိုးစားနေတာလား"

"ခင်ဗျားမှာ တခြားရွေးချယ်စရာ မရှိဘူးလေ။ ခင်ဗျားရဲ့ လက်ရှိအခြေအနေနဲ့ ပြည်ထောင်စုကို ပြန်သွားချင်တယ်ဆိုရင်တောင် ဒီလိုမျိုး အခွင့်အရေး ရလိမ့်မယ်လို့ ထင်နေတာလား" လူငယ်သည် အမျက်ဒေါသမထွက်ဘဲ ဘာသိဘာသာ ပြောလိုက်သည်။

"ကျုပ်က ကမ္ဘာကြီးကို အုပ်စိုးဖို့ မွေးဖွားလာခဲ့တာ၊ ဒါပေမယ့် ခင်ဗျားကရော ဘာလဲ။ ကျုပ် ခွန်းလွန်နယ်မြေကို လာတဲ့အခါ ခင်ဗျားက လူသားမျိုးနွယ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ရှင်ဘုရင်အဖြစ် အုပ်ချုပ်ခွင့်ရလိမ့်မယ်၊ ပြီးရင်တော့ ကျုပ်ကို ခစားရမယ်"

"ဟားဟား" အဘိုးအိုက ခပ်ဖျော့ဖျော့ ပြုံး၍ ပြောလိုက်သည်။

"ခင်ဗျားက ငယ်ရွယ်ပေမယ့် ရည်မှန်းချက်ကတော့ တော်တော်ကြီးသကိုး။ ခွန်းလွန်နယ်မြေရဲ့ ဘုရင်ဆိုပါလား။ ဒါပေမယ့် ခင်ဗျား ပြောတာတစ်ခုတော့ မှန်တယ်။ ဒီလူသား ကမ္ဘာကြီးမှာ အခု ကျုပ်အတွက် နေရာမရှိတော့ဘူး။ အဲ့ဒီပုရွက်ဆိတ်လိုဟာတွေက အုပ်ချုပ်ခံရဖို့ မွေးဖွားလာခဲ့တယ်ဆိုတာကို နားမလည်ဘူးလေ။ ဒီအသိတွေက ဒင်းတို့ ဗီဇထဲမှာ ထွင်းထုထားကြတယ်"

"ဒါပေမယ့် စကားကြီးစကားကျယ်မျိုးကို အပြောမစောနဲ့ဦး။ ကျုပ်တို့ကို ဒီကနေ အရင် ထွက်သွားပြီးမှ ဆွေးနွေးကြတာပေါ့။ ကျုပ် သိသလောက်တော့ ဒီနေရာမှာ နျူကလီးယား ဗုံးတစ်လုံးထက်မက မြှုပ်ထားကြတယ်။ ပေါက်ကွဲသွားတာနဲ့ ကျုပ်တို့အားလုံး သေကုန်ကြလိမ့်မယ်" အဘိုးအိုက ဘာသိဘာသာ ပြောလိုက်သည်။

အခြားသော နတ်အဆင့် အကျဉ်းသားများ၏ အမူအရာများ ချက်ချင်း ပြောင်းလဲသွားသည်။ ၎င်းတို့သည် အဘိုးအို၏စကားနှင့် ပတ်သက်၍ သံသယမရှိကြပေ။ ပြည်ထောင်စု၏ ပုံမှန် လုပ်ထုံးလုပ်နည်းအရ ထိုသို့ဖြစ်နိုင်ခြေ များလွန်းလှသည်။ နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် မည်မျှပင် အံ့ဩဖွယ် အမှုကိစ္စများကို ဖန်တီးနိုင်ပါစေ ဤမျှသေးငယ်သော ဧရိယာအတွင်း နျူကလီယာဗုံးဖြင့် ထိပ်တိုက် ရင်ဆိုင်ရပါက ၎င်းတို့အားလုံး သေဆုံးရစမြဲဖြစ်သည်။ အခြားသော ဖြစ်နိုင်ခြေများရှိမည် မဟုတ်ပေ။

"ကျုပ် ဝင်လာတုန်းက ထွက်ပေါက်လမ်းဖွင့်ထားပြီးသား။ အားလုံးက ကျုပ် နောက်ကို လိုက်ဖို့ပဲလိုတယ်" လူငယ်က ပြောလိုက်သည်။

ထိုမှတစ်ဆင့် လူငယ်က အဝေးသို့ ပျံသန်းသွားရာ၊ နတ်အဆင့် ကျွမ်းကျင်သူအကျဉ်းသားများက အနောက်မှ လိုက်ပါသွားကြသည်။ အဘိုးအိုက ခေတ္တတွေးတောလိုက်ပြီးနောက် ကြောက်ရွံ့စိတ် အရိပ်အမြွက်များ ထွက်ပေါ်လာသည်။ ပြီးနောက် သူသည်လည်း လိုက်ပါ ပျံသန်းသွားလေသည်။

တစ်ချိန်တည်းမှာပင် အခန်းနှစ်သည်လည်း အလွန် ယောက်ယက်ခတ်နေကြသည်။ အခန်းတစ်ရှိ အန္တရာယ်များသော အကျဉ်းသားများနှင့် မတူညီဘဲ ဤနေရာတွင် ချုပ်နှောင်ထားသော အကျဉ်းသားများက အားနည်းသော်ကြလည်း ၎င်းတို့အားလုံးသည် နတ်အဆင့် ကျွမ်းကျင်သူများဖြစ်ကြသည်။ ဤနတ်အဆင့် ကျွမ်းကျင်သူ အကျဉ်းသားများသည် ယခင်အချိန်က ယုတ္တိမတန်သူများဖြစ်၍ ၎င်းတို့ကြားတွင် သွေးကြွေးများပင် ရှိကောင်းရှိနိုင်သော်လည်း အရေအတွက်များပြားခြင်းသည် ခွန်အားရှိမည်ဖြစ်ကြောင်း ၎င်းတို့ သိကြသည်။

၎င်းတို့သည် အကျဉ်းခန်းများကို တစ်ခုပြီး တစ်ခု ဖောက်ထွင်းဝင်ရောက်ကာ အစောင့်များကို သတ်ဖြတ်ပြီးနောက် အကျဉ်းသားများကို လွှတ်ပေးနေကြသည်။ မွေးဖွားခြင်းနယ်မြေအဆင့်အကျဉ်းသား အများအပြားပင် လွတ်မြောက်နိုင်ခဲဲ့ကြသည်။ ၎င်းတို့သည် ဤလူများကို ဂရုမစိုက်ကြသော်လည်း အနည်းဆုံးလျှင် ထောင်ဝန်ထမ်းများကို ချုပ်ကိုင်ရာတွင် နည်းလမ်းတစ်ခုအနေဖြင့် အသုံးပြုနိုင်ပေသည်။

ဤသောက်ကျိုးနည်း လှောင်အိမ်မှ လွတ်မြောက်ရန်အတွက် ၎င်းတို့အားလုံးအတူတူ ကြိုးစားရပေလိမ့်မည်။ သို့မှသာ ၎င်းတို့သည် အခြားအကြောင်းအရာများနှင့် ပတ်သက်၍ ပြောဆိုရန် အရည်အချင်း ပြည့်မီမည်ဖြစ်သည်။ အခန်းနှစ်၏ အလယ်ဗဟို၌ အသက်သုံးဆယ်ကျော် အမျိုးသမီးတစ်ဦးသည် အခြေအနေများကို ထိန်းချုပ်ရန် ရုန်းကန်နေရသည်။ သူမ၏ ဝိညာဉ်စွမ်းအင်သည် အလွန်အစွမ်းထက်၍ နတ်အဆင့် အကျဉ်းသား နှစ်ဦး သို့မဟုတ် သုံးဦးကို ကိုယ်တိုင် ချုပ်နှောင်နိုင်ခဲ့သည်။

ဤနတ်အဆင့် အကျဉ်းသားများသည် ၎င်းတို့၏အထွတ်အထိပ် အခြေအနေတွင် မရှိကြသော်လည်း ထိုအမျိုးသမီး၏ခွန်အားနှင့်ပတ်သက်၍ ယုံမှားသံသယဖြစ်ရန် မလိုပေ။ သို့သော် နတ်အဆင့် အကျဉ်းသားများ ပိုမို များပြားလာသည်နှင့်အမျှ သူမသည် မကြာမီတွင် ဆိုးရွားသော အနေအထားသို့ ရောက်ရှိသွားလေသည်။ သူမ၏ ကျင့်ကြံမှုသည် ပိတ်ဆို့လုနီးပါးဖြစ်လာသောကြောင့် သူမအတွက် ကြိုးစားအားထုတ်ရန် ခက်ခဲလာသည်။

သူမနှင့်အတူ ခေါ်ဆောင်လာသော လက်ရွေးစင်များ အသတ်ခံရခြင်းကိုသာ ကူကယ်ရာမဲ့စွာ စောင့်ကြည့်နေခဲ့ရသည်။ သူမသည် မည်သည်ကိုမျှ မပြုလုပ်နိုင်ခဲ့ပေ။ သူမ၏ ကျင့်ကြံမှုသည် ပြင်းထန်သော်လည်း လူတိုင်းကို မကာကွယ်နိုင်ခဲ့ပေ။ သူမကိုယ်တိုင်လျှင်ပင် ကြာကြာမထိန်းချုပ်နိုင်တော့ပေ။

သို့သော်လည်း သူမသည် ဤနတ်အဆင့် အကျဉ်းသားများကို မနှိမ်နင်းနိုင်ပါက အကျိုးဆက်များ တွေးကြည့်၍ မရနိုင်ကြောင်း သူမ သိသည်။ ဤလူများ လွတ်မြောက်သွားသည်နှင့် တစ်ပြိုင်နက် ပထမအကျဉ်းထောင် ပြိုကျသွားရန် အချိန်တစ်ခုသာ လိုအပ်မည်ဖြစ်သည်။ သူမသည် နတ်အဆင့် အကျဉ်းသားတစ်ဦး သို့မဟုတ် နှစ်ဦးကို သတ်နိုင်သော်လည်း ရန်သူအရေအတွက်သည် အလွန် များပြားနေသောကြောင့် သူမ၏ တိုက်ခိုက်ရေးစွမ်းအင်သည် လုံးလုံးလျားလျား ဖိနှိပ်ခံလိုက်ရသည်။

တစ်ဖက်တွင် လွတ်မြောက်လာသော အကျဉ်းသားများနှင့် ကမ္ဘာအရပ်ရပ်မှ အစောင့်များအားလုံး အပြန်အလှန် တိုက်ခိုက်နေကြသည်။ အခန်းနှစ် တစ်ခုလုံးသည် စစ်မြေပြင်ငယ်များစွာဖြင့် ပြည့်နှက်နေသည်။ သို့သော် ဤနတ်အဆင့် အကျဉ်းသားများ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ခံတပ်တစ်ခုလုံး ပြိုကျသွားလေသည်။ အစောင့်များသည် မွေးဖွားခြင်းနယ်မြေအဆင့်၏ အထက်တွင်ရှိနေကြ၍ လက်ရွေးစင်များအဖြစ် သတ်မှတ်နိုင်သည်။ ၎င်းတို့၏ အရေအတွက်သည် များပြားသော်လည်း မည်သည့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူကမျှ နတ်အဆင့် ကျွမ်းကျင်သူ၏ ထိုးနှက်ချက် တစ်ချက်ကိုပင် မခုခံနိုင်ခဲ့ပေ။

ဤမျှ များပြားသော နတ်အဆင့် အကျဉ်းသားများမဆိုနှင့် အဆုံးတွင် လူတိုင်းသည် ချူးယွင်ဖန်း၏ ပြိုင်ဘက် မဟုတ်ကြပေ။ အခန်းနှစ်ရှိ နတ်အဆင့် အကျဉ်းသားများအားလုံး လွတ်မြောက်လာသောအခါ ကာကွယ်ရေးလိုင်းတစ်ခုလုံး ချက်ချင်း ပြိုကျသွား၍ အသေအပျောက်များ ပြင်းထန်စွာ ခံစားလာရသည်။

အကျဉ်းသားများသည် အခန်းနှစ်၏ အထက်တွင်ရှိနေသော အပေါက်ဆီသို့ အပြေးနှင်ကြလျက် ရွှင်မြူးနေကြသည်။ ထိုနေရာတွင် ၎င်းတို့ကို ခေါ်ဆောင်ရန် တစ်စုံတစ်ယောက်ရှိနေမည်ဟု ပြောကြားခံခဲ့ခြင်းဖြစ်သည်။ သေဆုံးခါနီး အခိုက်အတန့်မှ ကယ်တင်ခံလိုက်ရသည်ဟူသော ခံစားချက်မျိုးသည် ၎င်းတို့၏နှလုံးသားထဲတွင် ပြည့်နှက်လာသည်။ ၎င်းတို့သည် သာမန်အကျဉ်းသားများ မဟုတ်ကြကြောင်း သိထားရပေလိမ့်မည်။ ဖမ်းဆီးခံရသည်နှင့် သေဆုံးသည်အထိ အပြင်ထွက်ရန် အခွင့်အလမ်းရှိမည် မဟုတ်ပေ။ မဟုတ်လျှင် ပြည်ထောင်စု၏ ဒဏ်ခတ်မှုကို ခံစားရမည်ဖြစ်သည်။

၎င်းတို့သည် သေသည့်နေ့အထိ အကျဉ်းကျနေထိုင်ရမည်ဟု တွေးခဲ့ကြသော်လည်း ဤသို့သော ဒအခွင့်အရေးမျိုးရရှိလိမ့်မည်ဟု မည်သူ သိသနည်း။ ၎င်းတို့အားလုံး အပြေးအလွှား ထွက်သွားခါနီးတွင် မရေတွက်နိုင်သော မိုးကြိုးသွားများ စုစည်းလာကာ ကောင်းကင်ယံကို လွှမ်းခြုံသွားစေသည့် ဓားအလင်းရောင်အဖြစ် ရုတ်တရက် ပြောင်းလဲသွားပြီးနောက် ချက်ချင်း ကျဆင်းလာလေသည်။

မရေတွက်နိုင်သော ဓားအလင်းတန်းများ ပြိုကျလာကာ အပြေးအလွှား ထွက်ပြေးရန် ကြိုးစားနေသော မွေးဖွားခြင်းနယ်မြေအဆင့် အကျဉ်းသားများကို ထိမှန်သွားလေ၏။ တခဏချင်းမှာပင် ရာနှင့်ချီသော မွေးဖွားခြင်းနယ်မြေအဆင့် အကျဉ်းသားများ မြေပြင်ပေါ်သို့ ထိုးစိုက်ခံလိုက်ရသည်။ ၎င်းတို့အားလုံးသည် အရှေ့သို့ အပြေးနှင်လာကြသော လူအုပ်စုအတွင်းရှိ အကျဉ်းသားများဖြစ်ကြသည်။

၎င်းတို့သည် မူလတွင် ဖောက်ထွက်ရန် မျှော်လင့်ချက်အရှိဆုံး အဖွဲ့ဖြစ်သော်လည်း ယခုအခါ အမြန်ဆုံး သေဆုံးသွားသည့် အဖွဲ့ဖြစ်သွားခဲ့ရသည်။ ပြီးနောက် အဝေးမှ တဖြည်းဖြည်း ချဉ်းကပ်လာသော ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။

"အခု ပြန်ဆုတ်မယ်ဆိုရင် ခင်ဗျားတို့ အသက်ကို သက်ညှာမယ်။ မဟုတ်ရင်တော့ ခင်ဗျားတို့လည်း ဒီလူတွေလိုပဲ အဆုံးသတ်ရလိမ့်မယ်"

အခန်း (၉၃၂) တစ်ချက်တည်းဖြင့် အားလုံး သေဆုံးခြင်း

ပုံရိပ်တစ်ခုသည် ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။ လူတိုင်းက သူ့ကို စိုက်ကြည့်သောအခါ ဤလူသည် ချူးယွင်ဖန်းမှလွဲ၍ အခြားလူမဟုတ်မှန်း သိလိုက်ရသည်။ သို့သော် ၎င်းတို့အားလုံးသည် အချိန်အတော်ကြာ အကျဉ်းချခံထားရသည့် သေမိန့်အကျဉ်းသားများဖြစ်ကြသောကြောင့် ချူးယွင်ဖန်း၏ ဂုဏ်သတင်းကို မသိခဲ့ကြပေ။ မှန်ကန်စွာပြောရမည်ဆိုလျှင် ဤနေရာရှိအစောင့်များလျှင်ပင် ချူးယွင်ဖန်းအကြောင်းနှင့် ပတ်သက်၍ မသိကြပေ။

အတွင်းရေးအဖြစ်ထားရန် လိုအပ်သောကြောင့် ဤနေရာသည် အင်တာနက်နှင့် ချိတ်ဆက်ထားခြင်း မရှိသည့်အပြင် ၎င်းတို့ကို ပြင်ပကမ္ဘာနှင့်ပင် အလွယ်တကူ ဆက်သွယ်ရန် ခွင့်မပြုကြပေ။ သို့သော် ချူးယွင်ဖန်းသည် ၎င်းတို့ဘက်တွင်ရှိနေကြောင်း သိသာထင်ရှားလှသည်။

ချူးယွင်ဖန်းသည် ဖြည်းညှင်းစွာ လျှောက်လာခဲ့ရာ၊ သူ၏အရှေ့တွင် ရာနှင့်ချီသော မွေးဖွားခြင်းနယ်မြေအဆင့် အကျဉ်းသားများ ရှိနေကြသည်။ ခြွင်းချက်မရှိဖြင့် ၎င်းတို့အားလုံးသည် အထက်ပိုင်း မွေးဖွားခြင်းနယ်မြေအဆင့်နှင့် ၎င်းအထက်ရှိ လက်ရွေးစင်များဖြစ်ကြသည်။ ၎င်းတို့အထဲမှ အားအနည်းဆုံးသည် သတ္တမအဆင့်တွင်ရှိနေ၍ နေရာတိုင်းတွင် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်များပင် ရှိသည်။

၎င်းတို့သည် အချိန်အတော်ကြာ အကျဉ်းချခံထားရသောကြောင့် အထွတ်အထိပ် အခြေအနေတွင် ရှိနေကြသော်လည်း လျှော့တွက်ရန် မသင့်ကြပေ။ ထောင်ထဲတွင် အစောင့်အကြပ် အများအပြားရှိလျှင်ပင် ၎င်းတို့၏ အရေအတွက်သည် တစ်ထောင်ကျော်သွားသောအခါ ရှင်သန်ရန် အရူးအမူး ကြိုးစားနေကြသော ဤလူများကို တားဆီးရန် မဖြစ်နိုင်ပေ။ သို့သော် ချူးယွင်ဖန်းသည် လှုပ်ရှားမှုတစ်ခုတွင် လူတစ်ရာကျော်ကို သတ်ဖြတ်ခဲ့သောကြောင့် ထိုလူများကို ထိတ်လန့်သွားစေသည်။ ၎င်းတို့သည် အရှေ့သို့ မတိုးတော့ဘဲ ထောင်နှင့်ချီသော တပ်များကိုသာ တွန်းလှန်တိုက်ခိုက်နေကြသည်။

"ဒီကျွမ်းကျင်သူက ဘယ်က ရောက်လာတာလဲ" အစောင့်အများအပြားသည် ချူးယွင်ဖန်းကို မည်သည့်နေရာမှ လာခဲ့သည်ကို သိချင်ဟန်ဖြင့် စိုက်ကြည့်နေကြသည်။ ၎င်းတို့တွင် ချူးယွင်ဖန်း၏ အရေးကိစ္စများနှင့် ပတ်သက်၍ သိရှိရန် အရည်အချင်းမရှိပေ။ နောက်ဆုံးတွင် ၎င်းတို့၏ တာဝန်အချိန်တွင် ပြင်ပကမ္ဘာနှင့် ဆက်သွယ်ရန် အခွင့်မရှိကြပေ။

သို့သော် ၎င်းတို့အားလုံးသည် ချူးယွင်ဖန်း၏ ခွန်အားကို မြင်လိုက်ရသောကြောင့် သက်သာရာရသွားကြသည်။ အကျဉ်းသားများသည် ချူးယွင်ဖန်း၏ စွမ်းအင်ကြောင့် တွန့်ဆုတ်သွားကြသည်။

"ကျုပ် ခင်ဗျားတို့ကို အခွင့်အရေးပေးမယ်။ အထဲပြန်ဝင်ရင် ခင်ဗျားတို့ကို မသတ်ဘူး၊ မဟုတ်လို့ကတော့ ခင်ဗျားတို့အားလုံး သေရလိမ့်မယ်" ချူးယွင်ဖန်းက အကျဉ်းသားများကို ကြည့်၍ ပြောလိုက်သည်။

"သူ့ကို ကျုပ်တို့တွေ အတူတူ တိုက်ခိုက်ကြရအောင်။ ကျုပ်တို့အားလုံးကို သူကိုယ်တိုင် သတ်နိုင်မယ်လို့ ကျုပ် မယုံဘူး။ ပြန်သွားရင်လည်း သေရမယ်။ သူ့ကို တိုက်ခိုက်ရင်လည်း သေရမှာပဲ ဒီတော့ တိုက်ခိုက်ကြရအောင်" တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ဤမွေးဖွားခြင်းနယ်မြေအဆင့် အကျဉ်းသားများအားလုံး ဆူပူထကြွလာကြသည်။ ဤနေရာတွင် နေထိုင်ခြင်းသည် ၎င်းတို့အားလုံး သေသည်အထိ အကျဉ်းကျခြင်းဖြင့်သာ အဆုံးသတ်ရပေလိမ့်သည်။ ထို့ကြောင့် သေသည်အထိ တိုက်ပွဲဝင်မှသာ လွတ်မြောက်နိုင်မည်ဖြစ်သည်။

ဤသို့တွေးပြီးနောက် လူအများအပြားက ချူးယွင်ဖန်းကို မုန်းတီးသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ကြသည်။ ထိုလူပြောပြီးသည်နှင့် ထောင်ပေါင်းများစွာသော အကျဉ်းသားများက စတင် ချီတက်လာကြသည်။ အခြေအနေတစ်ခုလုံးသည် အံ့မခန်းဖြစ်လှသည်။

"ဒီကောင်တွေ သေချင်နေကြတာပဲ" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

ဤအကျဉ်းသားများသည် အလွန် ခေါင်းမာသောကြောင့် ကရုဏာထားရန် မလိုအပ်တော့ပေ။ ချူးယွင်ဖန်းသည် သူ၏လက်မောင်းများကို လေထဲသို့ မြှောက်တင်လိုက်ရာ၊ မရေတွက်နိုင်သော မိုးကြိုးသွားများသည် ဟင်းလင်းပြင်ထဲတွင် ဓားရှည်ကြီး တစ်လက်အဖြစ်သို့ ရုတ်တရက် စုစည်းဖြစ်ပေါ်လာခဲ့သည်။ သူ၏အနောက်တွင် အလွန်ပြင်းထန်၍ ကြောက်မက်ဖွယ်ကောင်းသည့် ထူထပ်သော ဓားတံတိုင်းကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ဤအချိန်တွင် အကျဉ်းသားများသည် မည်သို့သော ဖြစ်တည်မှုမျိုးကို ရန်ဆွခဲ့ကြောင်း နောက်ဆုံးတွင် နားလည်သဘောပေါက်သွားသည်။ ၎င်းသည် သာမန် သိုင်းပညာထက် ကျော်လွန်၍ နတ်အဆင့် နယ်ပယ်သို့ တက်လှမ်းခဲ့သူဖြစ်သည်။

'နတ်အဆင့်'

ဤမြင်ကွင်းကို မြင်လိုက်သောအခါ လူအများအပြားက အံ့အားသင့်စွာ ပင့်သက်ရှိုက်လိုက်ကြတယ်။ သို့သော် ယခုအချိန်တွင် ၎င်းတို့အများစုသည် ချူးယွင်ဖန်းဆီ အပြေးနှင်နေပြီဖြစ်သောကြောင့် အစွမ်းကုန် တိုက်ခိုက်ရန်မှတစ်ပါး တခြားရွေးချယ်စရာ မရှိတော့ပေ။

ချူးယွင်ဖန်းသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အနောက်ဘက်တွင် ထူထပ်စွာ ကာရံထားသော ဓားတံတိုင်းများ ရုတ်တရက် လှုပ်ရှားလာခဲ့သည်။ လျှပ်စီး စွမ်းအင်ဖြင့် စုစည်းထားသော ဓားရှည်များစွာသည် ချက်ခြင်းပင် လွင့်ထွက်လာကြသည်။ ၎င်းတို့သည် မုန်တိုင်းကဲ့သို့ထင်မှတ်ရစေ၍ ထောင်ပေါင်းများစွာသော မွေးဖွားခြင်းနယ်မြေအဆင့် အကျဉ်းသားများကို ခုတ်ထစ်လိုက်ကြသည်။

တခဏလေးအတွင်းမှာပင် လွန်ခဲ့သည့် အခိုက်အတန့်တွင် အလွန်ခက်ထန် သောင်းကျန်းနေသော အကျဉ်းသားများအားလုံး မြေပြင်ပေါ်သို့ ထိုးစိုက်ခံလိုက်ရလေသည်။ ချူးယွင်ဖန်းသည် စွမ်းအင်ကို အပြည့်အဝ အသုံးမပြုခဲ့သောကြောင့် ဓားတစ်ချောင်းစီ၏ စွမ်းအင်သည် သူ၏ ခွန်အား အပြည့်အဝနှင့် မယှဉ်နိုင်သေးသော်လည်း ဤသာမန်အကျဉ်းသားများကို တိုက်ခိုက်ရာတွင် ပြိုင်ဘက်ကင်းသော ထိုးနှက်ချက်များဖြစ်ကြသည်။

မည်သို့ဆိုသော် ၎င်းတို့သည် ခွန်အားအဆင့်အတန်းချင်း မတူညီကြသောကြောင့်ဖြစ်သည်။ တခဏချင်းမှာပင် မွေးဖွားခြင်းနယ်မြေအဆင့် အကျဉ်းသားများ လုံးလုံးလျားလျား ပျက်သုဉ်းသွားခဲ့သည်။

အစောင့်များက အံ့ဩမှင်သက်သွားကြသည်။ လူသေကောင်များကြားတွင် ရပ်တန့်ပြီးနောက် ဖြည်းညှင်းစွာ လျှောက်လှမ်းနေသော ချူးယွင်ဖန်းသည် ၎င်းတို့ပင် အလွန် ကြောက်ရွံ့ရသော သေမိန့် အကျဉ်းသားတစ်စုကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည့် စစ်ပွဲအတွင်းရှိ အသူရကာယ်တစ်ပါးအဖြစ် ထင်မှတ်ရစေသည်။

ထိုမှသာလျှင် ၎င်းတို့သည် နတ်အဆင့်များက မည်မျှ ထိတ်လန့်ဖွယ်ကောင်းသည်ကို အမှန်တကယ် နားလည်သဘောပေါက်သွားကြသည်။ ဤခေတ်တွင် နတ်အဆင့်နှင့်ပတ်သက်သော ကောလာဟလအားလုံးကို သိပ္ပံပညာဖြင့်ပင် ငြင်းဆိုခဲ့ကြရာ၊ ၎င်းတို့ကို နတ်ဘုရားများအဖြစ် မှတ်ယူနေဆဲဖြစ်သည်။ အခြေခံအကြောင်းရင်းမှာ ၎င်းပုဂ္ဂိုလ်များသည် အစွမ်းထက်လွန်းသောကြောင့်ဖြစ်သည်။

၎င်းတို့၏ စွမ်းအင်သည် စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်သွားခဲ့သည်။ နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် တစ်ချက်ရိုက်နှက်ရုံဖြင့် စစ်တပ်တစ်ခုလုံးကို လုံးလုံးလျားလျား ချေမှုန်းပစ်နိုင်သည်။

သို့သော် နတ်အဆင့်တိုင်းသည် ဤမျှ အစွမ်းထက်သော အစွမ်းသတ္တိများမရှိခြင်းကို ၎င်းတို့ မသိကြပေ။ အကယ်၍ ကနဦးတွင် ချူးယွင်ဖန်း သတ်ဖြတ်ခဲ့သော ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ ဒုခေါင်းဆောင်သာဆိုလျှင် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူ ထောင်ပေါင်းများစွာကို ထိပ်တိုက်ရင်ဆိုင်ရန် ရှောင်ရှားရပေလိမ့်မည်။

နောက်ဆုံးတွင် ၎င်းတို့အားလုံးသည် သာမန်လူများမဟုတ်ဘဲ အထက်ပိုင်း မွေးဖွားခြင်း နယ်မြေအဆင့် ကျွမ်းကျင်သူများဖြစ်ကြသည်။ ဒုဂိုဏ်းခေါင်းဆောင်သည် ၎င်းတို့ကို ချေမှုန်းပစ်ချင်မည်ဆိုလျှင် အလွန်အကျွံ ကြိုးစား အားထုတ်ရပေလိမ့်မည်။

အရေးအကြီးဆုံးအချက်သည် ၎င်းတို့ထဲရှိ တချို့တလေသည် လွတ်မြောက်နိုင်ဆဲဖြစ်၍ ချူးယွင်ဖန်းကဲ့သို့ ရှင်းရှင်းလင်းလင်း ကိုင်တွယ်ဖြေရှင်းရန် မဖြစ်နိုင်ပေ။

ပြီးနောက် ချူးယွင်ဖန်းသည် အစောင့်များကိုကြည့်၍ ပြောလိုက်သည်။

"ကျုပ်က ပြည်ထောင်စုရဲ့ အထူးစစ်ဆင်ရေးဌာနက လက်ရှိခေါင်းဆောင် ချူးယွင်ဖန်းပဲ။ အခု အထူးစစ်ဆင်ရေးဌာန ခေါင်းဆောင်ရဲ့ အခွင့်အာဏာနဲ့ အမိန့်ပေးလိုက်မယ်"

"အဝင်ဝကို စောင့်ကြပ်ထား။ လွတ်သွားတဲ့ အကျဉ်းသားတွေ တွေ့ရင် သူတို့ကို တိုက်ခိုက်နိုင်တယ်။ ထွက်ပြေးဖို့ ကြိုးစားရင် အားလုံးကို သတ်ပစ်လိုက်"

အစောင့်များက ထိုသို့ ကြားသောအခါ အထူးစစ်ဆင်ရေးဌာန၏ ခေါင်းဆောင်အသစ်သည် မည်သို့ကြောင့် ဤမျှငယ်ရွယ်နေသည်ကို မသိကြသော်လည်း ၎င်းတို့အားလုံး သက်သာရာရသွားဆဲဖြစ်သည်။ ၎င်းတို့သည် ကနဦးတွင် အကျဉ်းသားအချို့ကြောင့် အခက်တွေ့နေခဲ့ရသည်။ ယခုမူ ၎င်းတို့သည် ချူးယွင်ဖန်း၏ အမိန့်ကြောင့် အစွမ်းကုန် တိုက်ခိုက်နိုင်ကြပြီဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်သည် အကျဉ်းသားများကို ဖမ်းဆီးရန်မဟုတ်ဘဲ သတ်ဖြတ်ရန်ဖြစ်သည်။

ချူးယွင်ဖန်းသည် ထိုစကားကို ပြောပြီးနောက် လျှပ်စီးကြောင်းတစ်ခုကို စီးနင်းကာ အခန်းနှစ်အတွင်းထဲသို့ ဦးတည်သွားလေသည်။ ထိုနေရာ၌ အင်အားကြီး နတ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ စွမ်းအင်အတက်အကျများကို သူ ခံစားရနိုင်သည်။ ဤအတောအတွင်း၌ အခန်းနှစ်၏ အနက်ရှိုင်းဆုံး နေရာတွင် ပထမလက်ထောက်တာဝန်ခံသည် ပြန်လည် တိုက်ခိုက်ခံနေရသည်။ သူမသည် ၎င်းတို့ကို တားဆီးရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း သူမ၏ အရှေ့ရှိ တစ်ဒါဇင်ကျော်သော အင်အားကြီး နတ်အဆင့် အကျဉ်းသားများကို သူမ တားဆီးနိုင်ခဲ့ပေ။

ထိုလူရမ်းကားများ၏ မျက်နှာများသည် ရက်စက်ကြမ်းကြုတ်၍ ရိုင်းပျသော ရယ်မောမှုများ ထင်ဟပ်လာကြသည်။ သူမကို ကြည့်လိုက်သောအခါ ၎င်းတို့မျက်လုံးများတွင် တဏှာဆန်သော အလင်းရောင်များဖြင့် လင်းလက်လာကြသည်။

"ကျုပ်တို့တွေ မိန်းမတွေနဲ့ မထိတွေ့ရတာ နှစ်တော်တော်ကြာနေပြီ၊ အခုတော့ ထောင်ကလွတ်လာတာနဲ့ မိန်းမတစ်ယောက် ရောက်လာတယ်ဆိုတော့ မဆိုးဘူး၊ မဆိုးဘူး ကွ"

"ကျုပ် အပြင်ရောက်တာနဲ့ ပြည်ထောင်စုကို ဇောက်ထိုးလှန်ပစ်ရမယ်"

ဤအစွန်းရောက် အကျဉ်းသားတစ်ဦးစီသည် အလွန် ရက်စက်ကြမ်းကြုတ်သူများဖြစ်ကြသည်။

"စဉ်းတာင် မစဉ်းစားလိုက်နဲ့"

ပထမလက်ထောက်တာဝန်ခံသည် အံ့များကို ဖိကြိတ်လိုက်သည်။ သူမသည် ချွေးများ တသွင်သွင် စီးကျနေ၍ ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများ ယိုစီးနေသည်။ သူသည် ခန္ဓာကိုယ်၏ နေရာအများအပြားတွင် ဒဏ်ရာရရှိနေခဲ့သည်။

"ဟားဟား၊ ခင်ဗျား ကိုယ့်ကိုကိုယ် အရင် ဂရုစိုက်တာ ပိုကောင်းလိမ့်မယ်။ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်မှ စကားပြောကြတာပေါ့" နတ်အဆင့်အကျဉ်းသားတစ်ဦးသည် မောက်မာစွာ ရယ်မောလိုက်သည်။

"ခင်ဗျားတို့ ထွက်သွားနိုင်မယ်လို့ ဘယ်သူပြောတာလဲ။ ခင်ဗျားတို့က အသက်မရှင်ချင်မှတော့ကျုပ်ကလည်း ခင်ဗျားတို့ကို ကောင်းကင်ဘုံဆီ ပို့ပေးရတာပေါ့"

အခန်း (၉၃၃) လျှပ်စစ်သံလိုက် ဒုံးကျည်နဲ့ အပစ်ခံရဖူးလား

အေးစက်စက် လေသံဖြင့် ချူးယွင်ဖန်း ပေါ်လာခဲ့သည်။

"မင်းက ဘယ်သူမို့လို့ ကျုပ်လမ်းကို လာပိတ်ရတာလဲ"

ဤလူများအားလုံးသည် ချူးယွင်ဖန်း ဝင်ရောက်လာသည်နှင့် ၎င်းတို့၏ မောက်မာသော အပြုအမူများကို ထုတ်ဖော်လာကြသည်။ သူ၏ အသက်အရွယ် ငယ်ရွယ်မှုကို မြင်လိုက်ရသည်နှင့် ကိုယ်နေရာကိုယ် မသိသော ကလေးတစ်ယောက်ဟု ၎င်းတို့ ထင်မှတ်လိုက်ကြသည်။

၎င်းတို့အနက် တစ်ဦးသည် ဂေါ်ဇီလာကဲ့သို့ အရပ် ဆယ်ပေမြင့်သော နတ်အဆင့် ကျွမ်းကျင်သူ တစ်ဦးဖြစ်သည်။ သူသည် လေထုထဲသို့ ဆုပ်ကိုင်ကာ ချီဖြင့် စုစည်းထားသော ဧရာမလက်ကြီးကို ဖန်တီး၍ ချူးယွင်ဖန်းထံ ရိုက်နှက်လိုက်လေသည်။

ဘုံး

ဤဧရာမ လက်ကြီးသည် ကောင်းကင်ကို ထက်ပိုင်း ဆွဲဆုပ်နိုင်ပုံပေါ်သည်။ အကျဉ်းသား၏ မျက်နှာပြင်တွင် ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။

ချူးယွင်ဖန်း၏အရှေ့တွင် လျှပ်စီးကြောင်းတစ်ခု ပေါ်ပေါက်လာကာ ၎င်းသည် ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုအခါ ပေါ့လျော့သော ဝှေ့ယမ်းမှုနှင့်အတူ ဧရာမလက်ကြီးသည် လေထုထဲတွင် ပေါက်ကွဲသွားလေသည်။

"ဂေါ်ဇီလာကောင်တော့၊ ခင်ဗျား သေချင်နေပြီလား" ချူးယွင်ဖန်းသည် ထိုနတ်အဆင့် အကျဉ်းသားကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

အကျဉ်းသားသည် ချက်ချင်း ဒေါသ ထွက်သွားသည်။ အခြားလူများက သူ့ကို ဂေါ်ဇီလာနှင့် ဆင်တူသည်ဟု ပြောကြသည့်အခါ သူ အလွန် မုန်းတီးမိသည်။

"မင်းကတော့ သေကြောင်းကြံစည်နေတာပဲ"

အကျဉ်းသားသည် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ၊ နောက်တစ်စက္ကန့်တွင် ချူးယွင်ဖန်းအရှေ့သို့ ရောက်နေပြီဖြစ်သည်။ ရုတ်တရက်ဆိုသလို သူ၏လက်သီးများမှ ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါအားလုံးကို လွှမ်းမိုးနိုင်သကဲ့သို့ ကြောက်မက်ဖွယ် မီးတောက်များ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ သူ၏ မျက်နှာထက်တွင် မောက်မာသော အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ သူသည် ယခင်က မီးလက်သီးအာဏာရှင်ဟု လူသိများခဲ့၍ လူအများကို ကြောက်ရွံ့တုန်လှုပ်စေခဲ့သူဖြစ်သည်။ သူ၏စကားများကို မနာခံသည့် လူပေါင်းများစွာကို ဤလက်သီးနှစ်ခုဖြင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ဘန်း

တောင်ကြီးတစ်ခုကို ဖြိုခွဲပစ်နိုင်သည့် ကြောက်မက်ဖွယ် လက်သီးနှစ်ခုသည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိသွားသော်လည်း သူ၏လက်သီးချက်များသည် ချူးယွင်ဖန်းကို မထိခိုက်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ ၎င်းတို့သည် ချူးယွင်ဖန်း အနည်းငယ်မျှပင် ရွေ့လျားအောင် မပြုလုပ်နိုင်ခဲ့ပေ။

"ဒါ ခင်ဗျားလက်သီးနဲ့ လုပ်နိုင်တာ အကုန်ပဲလား၊ ဂေါ်ဇီလာကောင်" ချူးယွင်ဖန်း၏မျက်နှာအမူအရာသည် လှောင်ရယ်နေပုံပေါ်သည်။

အကျဉ်းသားသည် သူ၏ ခွန်အား အထွတ်အထိပ်သို့ ရောက်သည့်အချိန်တွင် ဒုတိယမြောက် နတ်အဆင့်တွင်သာ ရှိနေသူဖြစ်၍ အချိန်အတော်ကြာ အကျဉ်းချခံရပြီးနောက် ပထမမြောက် နတ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနိုင်လျှင် လုံလောက်နေပြီဖြစ်သည်။ ချူးယွင်ဖန်းသည် ဤအဆင့်ရှိ ကျွမ်းကျင်သူတစ်ဦးကို မည်သို့ကြောင့် ဂရုစိုက်မည်နည်း။

ထိုအချိန်တွင် မာနထောင်လွှားနေသော အကျဉ်းသားသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သဘောပေါက်သွားသည်။ ချူးယွင်ဖန်းသည် သာမန်လူ မဟုတ်ကြောင်း သူ နားလည်သွားသည်။ သူသည် ချက်ချင်းဆိုသလို ဟိန်းဟောက်၍ ထောင်ပေါင်းများစွာသော လက်သီးချက်များကို ဝှေ့ယမ်းပစ်လိုက်သည်။ လက်သီးတစ်ချက်စီသည် ကမ္ဘာကြီးတစ်ခုလုံး လောင်မြိုက်နေသကဲ့သို့ မီးတောက်များနှင့် ပြည့်နှက်နေသည်။ ၎င်းသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။

ဤတိုက်ခိုက်မှုများသည် ချူးယွင်ဖန်းထံရောက်ရှိသွားသော်လည်း သူသည် အကန့်အသတ်မဲ့ ပင်လယ်ပြင်၏ အလယ်တွင်ရှိနေသော ကျောက်ဆောင်တစ်ခုကဲ့သို့ဖြစ်နေသည်။ သူ့ထံသို့ လှိုင်းလုံးများ မည်မျှ တိုက်ခတ်ပါစေ သူ မလှုပ်ရှားခဲ့ပေ။

"ချီးပဲ"

ဤအချိန်မှာ အကျဉ်းသားက နောက်ဆုံးတွင် တုံ့ပြန်လာခဲ့သည်။ သူ၏အရှေ့တွင်ရှိနေသော ဤလူငယ်သည် အလွန် ထူးခြား၍ သန်မာအားကောင်းပုံပေါ်သည်။ ထို့ကြောင့် အကျဉ်းသားက ဆုတ်ခွာရန် စီစဉ်ခဲ့သော်လည်း ချူးယွင်ဖန်းက သူ့ကို အခွင့်အရေးမပေးခဲ့ပေ။

"လျှပ်စစ်သံလိုက်အမြောက်နဲ့ အပစ်ခံရဖူးလား"

သူသည် ဒင်္ဂါးပြားတစ်ပြားကို လေထုထဲသို့ ပစ်လွှတ်လိုက်သည်။ ဒင်္ဂါးပြားသည် အောက်သို့ ဆင်းသက်လာသည်နှင့် ကြောက်မက်ဖွယ် လျှပ်စီးကြောင်းတစ်ခု ဖြတ်သန်းသွားကာ ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဘုံး

ထိုကြောက်မက်ဖွယ် လျှပ်စစ်သံလိုက်အမြောက်သည် ကောင်းကင်ကို ဖြတ်သန်း၍ အရပ်ရှည်သော အကျဉ်းသား၏ ရင်ဘတ်သို့ ထိမှန်သွားလေ၏။

ဘန်း

အကျဉ်းသားသည် မြေပြင်ပေါ်သို့ လဲကျသွားကာ ခေတ္တမျှ ရုန်းကန်လှုပ်ရှားခဲ့သော်လည်း သူ၏ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲသွားတာကြောင့် ထပ်မံ မလှုပ်ရှားနိုင်တော့ပေ။ သူသည် ချက်ချင်းပင် သေဆုံးသွားခဲ့သည်။ သူသည် ချူးယွင်ဖန်းကို ထောင်ပေါင်းများစွာသော လက်သီးချက်များဖြင့် တိုက်ခိုက်ခဲ့သော်လည်း ချူးယွင်ဖန်း၏ ဦးခေါင်းပေါ်ရှိ ဆံပင်တစ်ပင်ကိုပင် မထိခိုက်နိုင်ခဲ့ပေ။ တစ်ဖက်တွင်မူ ချူးယွင်ဖန်း၏ ပေါ့လျော့သော တိုက်ခိုက်မှုကိုပင် သူ မတားဆီးနိုင်ခဲ့ပေ။

ချူးယွင်ဖန်းသည် နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ပြီးနောက် အခြားလူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်လာခဲ့သည်။ အလွန် အင်အားကြီးမားသော ဤလူများသည် ချူးယွင်ဖန်းကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ဤမျှ အင်အားကြီးမားသော ပုဂ္ဂိုလ်သည် မည်သည့်အချိန်က ပေါ်လာခဲ့သည်ကို ၎င်းတို့ မသိကြပေ။

နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးကို တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခြင်းအရ အကျဉ်းသားသည် အထွတ်အထိပ် အခြေအနေသို့ မရောက်သေးသော်လည်း ထိုတိုက်ခိုက်ရေးစွမ်းရည်သည် ကြောက်မက်ဖွယ်ကောင်းဆဲဖြစ်သည်။ ပထမ လက်ထောက်တာဝန်ခံသည် သူမကို ဝိုင်းရံထားသော အကျဉ်းသားအား ပြန်လည်တွန်းလှန်ရန်အတွက် ဤရှားပါးသော အခွင့်အရေးကို အခွင့်ကောင်းယူကာ ချူးယွင်ဖန်းဘက်သို့ ပြန်လည် ဆုတ်ခွာသွားခဲ့သည်။

ထိုအချိန်တွင် သူမသည် အလွန် ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေသည်။ သူမ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာတစ်ခုမက ရရှိနေ၍ သွေးနှင့် ချွေးများ တစ်ပြိုင်နက်တည်း စီးဆင်းနေကာ ရံဖန်ရံခါတွင် မောဟိုက်နေခဲ့သည်။

"အကူအညီအတွက် ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ချူး"

သာမာန်လူများသည် ပြင်ပကမ္ဘာမှ သတင်းအချက်အလက်များကို မရယူနိုင်သော်လည်း ပထမထောင်၏ ထိပ်တန်း အရာရှိများက ၎င်းအချက်အလက်များကို မရရှိနိုင်ဟု မဆိုလိုပေ။ ချူးယွင်ဖန်းက မည်သူဖြစ်သည်ကို သူမ သိနေသည်။ သူသည် မကြာသေးမီက ပြည်ထောင်စုတွင် ကြီးမားသော ရုန်းရင်းဆန်ခတ် ကိစ္စများကို ဖန်တီးခဲ့သူဖြစ်ကြောင်း သူမဘက်မှ မသိထားရန် မဖြစ်နိုင်ပေ။

ပြည်ထောင်စုတွင် ဤသို့သောပါရမီရှင်များ မည်သည့်အချိန်က ပေါ်ပေါက်လာရသနည်းဟု ကနဦးတွင် သူမ တွေးနေမိသည်။ သို့သော် ဤတစ်ကြိမ်တွင် သူမကို ကယ်တင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။ အသက်နှစ်ဆယ်ကျော်အရွယ်တွင် နတ်အဆင့်ကျွမ်းကျင်သူတစ်ဦးဖြစ်နေခြင်းကို တွေးမိရုံဖြင့်ပင် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။

"ကျေးဇူးတင်နေစရာ မလိုပါဘူး။ ခဏ အနားယူလိုက်ပါဦး။ ကျုပ် ဒီအမျိုးယုတ်တွေကို ရှင်းပစ်လိုက်ဦးမယ်" ချူးယွင်ဖန်းက ပြောလိုက်သည်။

"ဘာလို့ တခြားလူတွေ ဘယ်သူမှ မလာသေးတာလဲ" ပထမ လက်ထောက်တာဝန်ခံသည် ချူးယွင်ဖန်း၏ အနောက်ဘက်သို့ ဆုတ်ခွာနေစဉ် ပြင်းထန်စွာ မောဟိုက်လျက် ပြောလိုက်သည်။

"တခြားလူတွေမှာ ကျုပ်တို့ကို အကူအညီလာပေးဖို့ အချိန်မရှိမှာကို ကြောက်မိတယ်" ချူးယွင်ဖန်းက ပြောလိုက်သည်။

အပြင်ဘက်တွင် မည်သို့သော အခြေအနေမျိုးရောက်ရှိနေသည် သူ သိနေသည်။ ၎င်းသည် မရေရာသော အခြေအနေတွင် ရှိနေသောကြောင့် နောက်ထပ်လူများကို ဆွဲထုတ်ရန် မဖြစ်နိုင်ပေ။

“ဘာ၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီမှာ နတ်အဆင့်အကျဉ်းသားတွေ အများကြီးရှိနေတာ။ ရှင် တစ်ယောက်တည်း ဘယ်လိုလုပ် ရင်ဆိုင်နိုင်မလဲ" ပထမ လက်ထောက်တာဝန်ခံသည် အော်ဟစ်လိုက်သည်။

သူမသည် ယခုအချိန်အထိ အစွမ်းကုန် ခုခံရန် ကြိုးစားနေသော်လည်း ယခုအခါ စစ်ကူများ ထပ်ရှိတော့မည်မဟုတ်ကြောင်း သူမကို ပြောကြားလာခဲ့သည်။ ၎င်းတို့သည် နျူကလီးယားဗုံးများဖြင့်သာ ဤနေရာကို ဖျက်စီးရတော့မည်ဖြစ်လေသလော။

"ကျုပ် တစ်ယောက်တည်းနဲ့ လုံလောက်တယ်။ ဒီအမျိုးယုတ်တွေက အကျဉ်းခန်းထဲကို ပြန်ဖို့ ဆန္ဒမရှိမှတော့ ဒင်းတို့အားလုံးကို သတ်ပစ်ရတာပေါ့။ အခန်းနှစ်တောင် ဒီလိုဖြစ်နေရင်အခန်းတစ်ရဲ့ အခြေအနေက ပိုပြီးတောင် ဖရိုဖရဲဖြစ်နေလောက်တယ်။ ကျုပ်မှာ အချိန်သိပ်မရှိတော့ဘူး" ချူးယွင်ဖန်းက ပြောလိုက်သည်။

ချူးယွင်ဖန်း၏ ယုံကြည်ချက်ရှိသော အကြည့်များကို မြင်ရသောအခါ ပထမလက်ထောက်တာဝန်ခံသည် သူ့ကိုမည်သို့ ဖြောင်းဖျရမည်ကို မသိပေ။ အဆုံးတွင် ဤနေရာတွင် နတ်အဆင့် အကျဉ်းသားသည် တစ်ဦး နှစ်ဦးထက်မက များပြားလှသည်။ အခန်းနှစ်တွင် အကျဉ်းချခံထားရသော အကျဉ်းသားများသည် အခန်းတစ်ရှိ အကျဉ်းသားများကဲ့သို့ အင်အားမကြီးမားသော်လည်း ၎င်းတို့သည် နတ်အဆင့်တွင် ရှိနေဆဲဖြစ်သည်။

"မင်းက ကျုပ်တို့အားလုံးကို တစ်ယောက်တည်း တားနိုင်မယ်လို့ ထင်နေတာလား"

"ဟုတ်ပါ့။ ခင်ဗျား အခုအချိန် ရှောင်သွားမယ်ဆိုရင် ခင်ဗျားအသက်ကို ငဲ့ညှာပေးလိုက်မယ်"

"အခုချက်ချင်း ကျုပ်တို့လမ်းကနေ ဖယ်စမ်း"

ဤနတ်အဆင့် အကျဉ်းသားများသည် ချူးယွင်ဖန်းကို စိုက်ကြည့်နေကြသည်။ ကနဦးတွင် ပြသခဲ့သည့် အံ့ဩဖွယ် ခွန်အားများသည် ၎င်းတို့ကို အလွန်ကြောက်လန့်စေခဲ့သော်လည်း ၎င်းတို့အားလုံး၏ ခွန်အားသည် ချူးယွင်ဖန်းထက် များစွာ အစွမ်းထက်သောကြောင့် အလွန်ကြောက်လန့်ခြင်းမရှိပေ။ သို့သော် မည်သူတစ်ဦးတစ်ယောက်ကမှ အရှေ့ထွက်၍ အခြားသူများကို ကူညီလိုစိတ် မရှိကြပေ။

"ကျုပ်အသက်ကို ငဲ့ညှာမယ်တဲ့လား။ ခင်ဗျားတို့တွေ အခြေအနေကို နားမလည်သေးဘူး ထင်တယ်" ချူးယွင်ဖန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ဒီနေ့ ခင်ဗျားတို့အားလုံး သေရလိမ့်မယ်။ ထွက်ပြေးဖို့တောင် မစဉ်းစားကြနဲ့"

All Chapters