အခန်း (၉၃၇-၉၃၉)
Vol. 63 Ch. 937-939
အခန်း (၉၃၇) လူပေါင်းများစွာကို ဆက်တိုက် သတ်ဖြတ်၍ အသာစီးရခြင်း
အဘိုးအိုသည် တိုက်ရိုက်ထိမှန်သွားကာ သူ၏ရင်ဘတ်သည် အမြောက်များဖြင့် ပြင်းပြင်းထန်ထန် ပစ်ခတ်ခံထားရပုံပေါ်သည်။ သူသည် ချက်ချင်းပင် သွေးထွက်သံယို ဖြစ်သွားခဲ့ရာ၊ ပို၍ ကြောက်မက်ဖွယ်ကောင်းသောအရာသည် သွေးများ ယိုစီးနေသော အပေါက်ကြီးတစ်ခု ပေါ်ပေါက်လာခြင်းဖြစ်သည်။ သူသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ပြင်းထန်စွာ ဒဏ်ရာရသွားသော်လည်း ဤသည်မှာ ချူးယွင်ဖန်း၏ ပေါ့လျော့သော တိုက်ခိုက်မှုသာဖြစ်သည်။
"ကျုပ်ကိုသတ်ချင်တယ်ဆိုရင် ခင်ဗျားမှာ အရည်အချင်းရှိမရှိ ကြည့်ဦးမှပေါ့" ချူးယွင်ဖန်းက ဘာသိဘာသာ ပြောလိုက်သည်။
ပြီးနောက် ရင်ဘတ်ကို ထိုးဖောက်ခံထားသော အဘိုးအို မသေဆုံးသွားကြောင်း တွေ့လိုက်ရသောအခါ သူ အံ့အားသင့်သွားသည်။ အဘိုးအို၏ ခန္ဓာကိုယ်သည် ဦးခေါင်းမှ ခြေဖျားအထိ တုန်ခါနေပြီးနောက် သူ၏အရေပြားများ ကွဲထွက်သွားခဲ့သည်။ ထိုမှတစ်ဆင့် သွေးများစွန်းပေနေသော လူတစ်ဦးသည် တွားသွား၍ ထွက်လာလေသည်။ ချူးယွင်ဖန်း၏ ကနဦး တိုက်ခိုက်မှုသည် မဖြစ်ပေါ်ခဲ့သည့်ပုံဖြင့် အရေပြားများသာ ကျန်ရစ်ခဲ့သည်။ ပြီးနောက် ထိုအရေပြားပေါ်တွင် သွေးသံရဲရဲ ဖြစ်နေသော အပေါက်ကြီးတစ်ခု ရှိနေလေသည်။
"တစ်ချိန်က သမ္မတကြီးကို လုပ်ကြံရဲခဲ့တဲ့ သွေးနက်ကန်ရဲ့ ဂိုဏ်းခေါင်းဆောင်ဆိုတဲ့အတိုင်း ခင်ဗျားက တကယ့်ကို တစ်ခုခုတော့ တစ်ခုခုပဲ"
ချူးယွင်ဖန်းသည် အနည်းငယ် အံ့အားသင့်သွားသော်လည်း ဂိုဏ်းခေါင်းဆောင်ကို နှလုံးမသွင်းဘဲ အမူမထားစွာ ပြောလိုက်သည်။
သွေးနက်ကန်သည် သူ့ကို တစ်ကြိမ်ထက်မက သတ်ဖြတ်ရန် ကြိုးစားဖူးသည်။ မှန်ကန်စွာပြောရမည်ဆိုလျှင် သူ့ကို လိုက်လံ သတ်ဖြတ်သူများထဲတွင် လူသတ်အဖွဲ့အစည်း သုံးခုရှိ လူများလည်း ပါဝင်နေသည်။ ထို့ကြောင့် သူသည် ဤလူများ၏ ကျင့်ကြံမှု နည်းစနစ်များနှင့် အလွန်ရင်းနှီးသူဟု ဆိုနိုင်သည်။
ကောင်းကင်တွင် ပြည့်နှက်နေသော သွေးပင်လယ်သည် သွေးနက်ကန်၏ အင်အားကြီး သိုင်းပညာတစ်ခုဖြစ်သည်။ ၎င်းသည် လွန်ကဲသော အဆင့်သို့ ကျင့်ကြံသောအခါ သွေးပင်လယ်အဖြစ် ဖြစ်ပေါ်လာနိုင်သည်။ ၎င်းတို့သည် သွေးအိုင် မပျက်စီးသရွေ့ မသေဆုံးနိုင်ဘူးဟုပင် ဆိုကြသည်။
ဤသည်မှာ အဆိုတစ်ခုသာဖြစ်သော်လည်း ချူးယွင်ဖန်းသည် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များထဲရှိ တစ်စုံတစ်ခုကို ပြန်တွေးမိသွားခဲ့သည်။ တစ်ချိန်တစ်ခါကလည်း အလားတူ သိုင်းပညာများကို ကျင့်ကြံထားသူများ ရှိခဲ့ဖူးသည်။ ထိုသို့ဆိုလျှင် ဤသည်မှာ အဆိုတစ်ခု မဟုတ်ဘဲ အမှန်တရားသာဖြစ်ပေလိမ့်မည်။
ဆေးဧကရာဇ်၏ မှတ်ဉာဏ်များအနက် ထိုဖန်တီးပြုလုပ်ထားသော သွေးပင်လယ်သည် ကမ္ဘာတစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားနိုင်သည်။ သွေးအိုင်မခြောက်သရွေ့ သေဆုံးသွားမည် မဟုတ်ပေ။ ဤသည်မှာ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ဖြစ်သည်။
ဤဂိုဏ်းခေါင်းဆောင်သည် ထိုပုဂ္ဂိုလ်နှင့် နှိုင်းယှဥ်ရန် မဖြစ်နိုင်ပေ။ ထိုအချိန်က သွေးနက်ကန် ဂိုဏ်းခေါင်းဆောင်သည် သမ္မတကြီးကို လုပ်ကြံသတ်ဖြတ်ခဲ့သောကြောင့် ပြည်ထောင်စုတစ်ခုလုံး အလွန် အမျက်ထွက်ခဲ့ရသည်။ နောက်ပိုင်းတွင် ဂိုဏ်းခေါင်းဆောင်သည် ပြည်ထောင်စု၏ လက်စားချေမှုဖြင့် သေဆုံးသွားခဲ့ကြောင်း လူအချို့က ပြောကြားခဲ့ကြသည်။ ယခုအခါ မှသာ တစ်ချိန်က ကောလဟာလများ မမှန်ကန်ခဲ့ကြောင်း သဘောပေါက်သွားကြသည်။
ဂိုဏ်းခေါင်းဆောင်သည် ထိုအချိန်တွင် အမှန်ပင် လက်တုံ့ပြန်ခြင်းခံခဲ့ရသော်လည်း မသေဆုံးသွားခဲ့ဘဲ ဤနေရာတွင် အချိန်အတော်ကြာ အကျဉ်းချခံခဲ့ရခြင်းဖြစ်သည်။
"မင်းကများ ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲရတယ်လို့။ မင်း သေဖို့ ပြင်ထား" သွေးများနှင့် ဖုံးလွှမ်းနေသောလူက ဟိန်းဟောက်လေ၏။ သူ၏ဒေါသသည် အထွတ်အထိပ်ရောက်နေခဲ့သည်။ ချူးယွင်ဖန်း၏ လုပ်ရပ်သည် သူ့ကို အလွန်တရာ ဒေါသထွက်သွားစေသည်။ ချူးယွင်ဖန်းကြောင့်သာ မဟုတ်လျှင် သူ ဤမျှ ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေမည် မဟုတ်ပေ။
"အဲဒီအချိန်တုန်းက အသက်ရှင်နေခဲ့တာကို ခင်ဗျား ကျေးဇူးတင်ရမှာ။ ခင်ဗျားကများ အခုလိုအချိန်မှာ ပြဿနာရှာရဲရတယ်လို့"
ချူးယွင်ဖန်းသည် ပြောပြီးသည်နှင့် အကြွေစေ့တစ်ခုကို လေထဲသို့ ပစ်တင်လိုက်သည်။ သူ၏လက်ကို မရေတွက်နိုင်သော လျှပ်စီးကြောင်းများ ရစ်ပတ်ကာ မိုးကြိုးမုန်တိုင်းအဖြစ်သို့ ပြောင်းလဲ၍ နောက်ဆုံးတွင် ဒင်္ဂါးပြားကို ထိမှန်သွားသည်။
ဘုံး
၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော လျှပ်စစ်သံလိုက် အမြောက်များအဖြစ် အလွန် လျင်မြန် ဖျတ်လတ်စွာ ပြောင်းလဲသွား၍ သွေးများစွန်းပေနေသော ဂိုဏ်းခေါင်းဆောင်၏ အရှေ့သို့ ချက်ချင်းရောက်ရှိလာသည်။ ဂိုဏ်းခေါင်းဆောင်သည် ချူးယွင်ဖန်းက ဤမျှ မှန်းဆရန် ခက်ခဲမည်ဟု မည်သည့်အချိန်ကမှ မမျှော်လင့်ထားခဲ့ပေ။ ချူးယွင်ဖန်းသည် သူ့ကို မည်သည့်စကားမျှ ပြောရန်ပင် မစီစဉ်ထားဘဲ တိုက်ရိုက် တိုက်ခိုက်လာခဲ့သည်။
ဘုံး
လျှပ်စစ်သံလိုက် အမြောက်များသည် ဂိုဏ်းခေါင်းဆောင်ကို ထိမှန်လာခဲ့သည်။ သူသည် သူ၏ အစွမ်းထက်ဆုံး အသက်ကယ်စွမ်းရည်ကို ယခုတင် အသုံးပြုထားသောကြောင့် သူ၏အသက်ကို ထပ်မံ ကယ်တင်နိုင်ရန် မဖြစ်နိုင်တော့ပေ။ သူသည် အပြင်းအထန် ဒဏ်ရာရရှိသွားကာ ဆိုးရွားဖွယ် သေဆုံးသွားခဲ့သည်။ သွေးရောင် ခန္ဓာကိုယ်သည် ချက်ခြင်း ပေါက်ကွဲသွား၍ ဂိုဏ်းခေါင်းဆောင်ကြီးသည် ဆိုးရွားဖွယ် သေဆုံးသွားခဲ့သည်။
နေရာတစ်ခုလုံး အလွန်တရာ တိတ်ဆိတ်သွားခဲ့သည်။ လူတိုင်းသည် ထိုအချိန်တွင် ချူးယွင်ဖန်းကို ယခင်ကကဲ့သို့ လျစ်လျူရှုစွာ မဆက်ဆံရဲတော့ပေ။ သို့မဟုတ်၊ သူသည် ၎င်းတို့အားလုံးကို အလွန် ကြောက်လန့်သွားစေခဲ့သည်။ ၎င်းတို့သည် မည်မျှပင် အားနည်းနေပါစေ၊ နတ်အဆင့်များ ဖြစ်နေဆဲဖြစ်သည်။ သို့သော် ၎င်းတို့သည် ချူးယွင်ဖန်း၏ အရှေ့တွင် အားနည်းလွန်းလှသည်။ ဤသည်မှာ ကြောက်မက်ဖွယ်အကောင်းဆုံး အချက်ဖြစ်သည်။
"ခင်ဗျားတို့ရဲ့အကျဉ်းခန်းထဲကို ပြန်မသွားရင် ခင်ဗျားတို့လည်း သူ့လိုပဲ ဖြစ်လိမ့်မယ်"
ချူးယွင်ဖန်းသည် အရေးမပါသော လူတစ်ဦးကို သတ်ဖြတ်လိုက်သည့်ဟန်ဖြင့် ဂိုဏ်းခေါင်းဆောင်ကို တစ်ချက်မျှပင် မလှည့်ကြည့်ခဲ့ပေ။ ထိုအချိန်တွင် ဤအကျဉ်းသားများသည် ချူးယွင်ဖန်းသည် မည်သို့ကြောင့် တစ်ဦးတည်း လာဝံ့ခဲ့သည်ကို နောက်ဆုံးတွင် နားလည်လာခဲ့သည်။ သူသည် စိတ်ကြီးဝင်နေသောကြောင့် မဟုတ်ဘဲ တိုက်ခိုက်ရန်အတွက် ယုံကြည်မှုနှင့် ခွန်အားများ အမှန်တကယ် ရှိနေခြင်းကြောင့်ဖြစ်သည်။ ထိုအုပ်စုအနောက် လိုက်ပါလာသော အဘိုးအိုသည် ချူးယွင်ဖန်းကို စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
"အခန်းတစ်မှာရှိတဲ့ အကျဉ်းသားတွေက ပိုပြီး သန်မာတယ်လို့ လူတိုင်းက ပြောကြပေမယ့် အများကြီး ကွာခြားမှုတော့ မရှိဘူးထင်ပါရဲ့" ချူးယွင်ဖန်းသည် ဤအကျဉ်းသားများကို အမျက်ထွက်လာရန် လှုံ့ဆော်နေသကဲ့သို့ လှောင်ရယ်လိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း ထိုအကျဉ်းသားများ၏ မျက်နှာများသည် ဒေါသများဖြင့် ပြည့်နှက်လာသည်။ ၎င်းတို့အတွက် ချူးယွင်ဖန်း၏ ရှုတ်ချမှုသည် ကြီးစွာသော အရှက်ရမှုဖြစ်သည်။
"ဒါက ခက်ခဲတဲ့ ပြဿနာဆိုပေမယ့် အားလုံးပဲ ကျုပ်တို့ အတူတူ တိုက်ခိုက်ကြရအောင်" အကျဉ်းသားတစ်ဦးက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
ဤတိုက်ခိုက်မှုအပြီးတွင် ၎င်းတို့အားလုံး တုံးအကြလျှင်ပင် ချူးယွင်ဖန်းသည် ပေါ့သေးသေး သတ်မှတ်ရန် သင့်သူမဟုတ်ကြောင်း ၎င်းတို့ မြင်တွေ့နိုင်သည်။ ၎င်းတို့၏ အထွတ်အထိပ်ရောက်ချိန်တွင်ပင် ဤမျှ မသန်မာခဲ့သောကြောင့် သူ့ကို မည်သို့မျှ လျှော့တွက်နိုင်မည်နည်း။ အချိန်အတိုင်းအတာတစ်ခုအထိ ရိုင်းစိုင်းသော စကားလုံးများကိုပင် အော်ပြောလာကြသည်။ ဤလူများသည် မြန်မြန်ဆန်ဆန် သဘောတူညီမှုရရှိသွား၍ ပူပေါင်းတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။
ထိုလူများသည် သဘောတူပြီးကြသည်နှင့် ၎င်းတို့ မူလနေရာမှ ပျောက်ကွယ်သွားကြသည်။ ၎င်းတို့သည် အလွန် လျင်မြန်သဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ချူးယွင်ဖန်းကို နေရာပေါင်းစုံမှ ပတ်ပတ်လည် ဝိုင်းရံထားကြပြီဖြစ်သည်။ ၎င်းတို့၏ ခန္ဓာကိုယ်များသည် အံ့ဩဖွယ် စွမ်းအင်များဖြင့် လောင်ကျွမ်းနေကြသည်။ ၎င်းတို့သည် အထွတ်အထိပ် အခြေအနေတွင် မရှိကြသော်လည်း ယခုအချိန်တွင် လျော့တွက်ရန် မပြုမူဝံ့ကြပေ။ သွေးနက်ကန် ၏ဂိုဏ်းခေါင်းဆောင်သည် ဤအချက်အတွက် အကောင်းဆုံးဥပမာဖြစ်သည်။
ချူးယွင်ဖန်းကမူ ဤလူများကို လုံးလုံးလျားလျား ဂရုမစိုက်သည့်ဟန်ဖြင့် အလွန် တည်ငြိမ်နေသည်။ အခန်းနှစ်ရှိ အကျဉ်းသားများသည် ပထမမြောက် သို့မဟုတ် ဒုတိယမြောက် နတ်အဆင့်တွင် ရှိနေကြ၍ တတိယမြောက် နတ်အဆင့်တွင် ရှိနေသူသည် အရေအတွက် အနည်းငယ်သာ ရှိခဲ့သည်။ သို့သော် ဤနေရာသည် ကွဲပြားခြားနားသည်။ ဤနေရာရှိ အများစုသည် တတိယမြောက် နတ်အဆင့်တွင်ရှိနေကြ၍ စတုတ္ထမြောက် နတ်အဆင့်ကျွမ်းကျင်သူ အနည်းငယ်ပင် ရှိနေသည်။
ကျန်းမိသားစု ဘိုးဘေးကြီးသည် ချူးမိသားစု ဘိုးဘေးကြီးနှင့် အခြားလူများကို တစ်ပြိုင်နက်တည်း ဇောက်ထိုးမိုးမျှော် ပြုလုပ်ခဲ့ပုံကို ပြန်တွေးကြည့်လျှင် ဤအဆင့်ရှိ ကျွမ်းကျင်သူများသည် မည်မျှ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည်ကို တွေးကြည့်နိုင်သည်။
ဘုံး
ရုတ်တရက်ဆိုသလိုပင် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်မှ သွေးနီရောင် လက်တစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ သွေးနီရောင် အရိုးအဆစ်လက်တစ်ဖက်ဖြစ်၍ ၎င်းသည် အကျဉ်းသားတစ်ဦးကို ချက်ခြင်း ဖမ်းဆွဲလိုက်သည်။ အကျဉ်းသားက မတုံ့ပြန်နိုင်မီတွင် အရိုးစုလက်သည် သူ့ကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အင်အားသည် ယခင်ကထက် အဆများစွာ ပို၍ ပြင်းထန်လာခဲ့သည်။
အကျဉ်းသားသည် တိုက်ခိုက်မှု တစ်ခုတည်းဖြင့် အသတ်ခံလိုက်ရသည်။ တစ်ချိန်တည်းမှာပင်၊ ချူးယွင်ဖန်း၏ အခြားသော သွေးနီရောင် အရိုးစုလက်တစ်ဖက်သည်လည်း ထွက်ပေါ်လာ၍ အခြားအကျဉ်းသားတစ်ဦးကို မတုံ့ပြန်နိုင်မီ သတ်ဖြတ်လိုက်လေသည်။ ဤအကျဉ်းသားများသည် လျင်မြန်သော်လည်း ဂဠုန်အပိုင်းကို အသက်သွင်းခဲ့သော ချူးယွင်ဖန်းနှင့် မည်သို့မျှ နှိုင်းယှဉ်နိုင်မည်နည်း။ ၎င်းတို့သည် ခဏအတွင်းမှာပင် ဝိုင်းရံလာကာ လှုပ်ရှားမှုပြုခါနီးတွင် ချူးယွင်ဖန်းက ၎င်းတို့အနက် နှစ်ဦးကို သတ်ဖြတ်၍ အသာစီးမှုရယူလိုက်သည်။
အခန်း (၉၃၈) အလွယ်တကူ သုတ်သင်ခံရခြင်း
ဤသို့ ဖြစ်လာလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားကြပေ။ ချူးယွင်ဖန်းသည် လျင်မြန်၍ ရက်စက်ကြမ်းကြုတ်လှရာ၊ ၎င်းတို့ကို တုံ့ပြန်ရန်ပင် အခွင့်မပေးခဲ့ပေ။ သူသည် မျက်စိတစ်မှိတ်အတွင်းမှာပင် လူနှစ်ဦးကို သတ်ပစ်လိုက်သည်။
သို့သော် ဤလူများသည် ဤအခြေအနေအထိ ရောက်ရှိနေပြီဖြစ်သောကြောင့် အလွယ်တကူ အရှုံးပေးကြမည် မဟုတ်ပေ။၎င်းတို့သည် အလွယ်တကူ ကြောက်လန့်တတ်သော လူများဖြစ်ကြလျှင် ၎င်းတို့၏ လက်ရှိ ကျင့်ကြံမှုအဆင့်သို့ ရောက်ရှိရန် မဖြစ်နိုင်ပေ။
"ခင်ဗျားမှာ ခေါင်းသုံးလုံးနဲ့ လက်ခြောက်ချောင်းရှိရင်တောင် ကျုပ်တို့ကို အနိုင်တိုက်နိုင်မယ်လို့ ကျုပ် မယုံဘူး" အကျဉ်းသားတစ်ဦးက ဟိန်းဟောက်လိုက်သည်။ ပြီးနောက် သူသည် ချူးယွင်ဖန်းကို မီးရှို့သတ်ချင်နေဟန်ဖြင့် သူ၏လက်ဖဝါးပေါ်တွင် မရေတွက်နိုင်သော မီးတောက်များ ပေါ်ပေါက်လာသည်။
မှော်စွမ်းအင်များနှင့် သိုင်းစွမ်းရည်အမျိုးမျိုးတို့သည် ဒီရေကဲ့သို့ ပေါက်လာထွက်လာခဲ့ရာ၊ ချူးယွင်ဖန်းသည် ၎င်းတို့အနက် ချက်ချင်းပင် နစ်မြုပ်သွားလေသည်။ သို့သော်လည်း ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပွားခဲ့ရသည်။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် မှိန်ဖျော့ဖျော့ ကျောက်စိမ်းအလွှာ အလင်းရောင်ကို ထုတ်လွှတ်လာသည်။ သူသည် ဘေးအန္တရာယ်အမျိုးမျိုးကို ဖြတ်သန်းနေသည့် နတ်ဘုရားတစ်ပါးနှင့် ဆင်တူလှရာ၊ ၎င်းတို့အနက် မည်သူကမျှ သူ့ကို မထိခိုက်နိုင်ကြပေ။
ဤသည်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုသို့သော အရာသည် ပြင်ပကမ္ဘာတွင် အံ့ဖွယ်ဖြစ်စဉ်တစ်ခုဖြစ်၍ လူတိုင်းကို ကြောက်ရွံ့ထိတ်လန့်စေပေလိမ့်မည်။ ၎င်းတို့၏ တိုက်ခိုက်မှုများသည် ချူးယွင်ဖန်းကို မထိခိုက်နိုင်ကြောင်း ၎င်းတို့ သဘောပေါက်သွားကြသည်။ ၎င်းတို့သည် ကျောက်စိမ်းရောင် အလင်းတန်းကိုပင် မဖြတ်သန်းနိုင်ကြပေ။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ" ဦးဆောင်နေသော လူငယ်၏ မျက်လုံးများပင် ပြူးကျယ်လာသည်။
သူ၏ မျက်လုံးများတွင် တုန်လှုပ်ချောက်ချားမှု အရိပ်အမြွက်များ ထွက်ပေါ်လာသည်။ ချူးယွင်ဖန်း၏ အံ့ဖွယ် ကိုယ်ခန္ဓာကျင့်ကြံမှုသည် သူ့ကို ထိတ်လန့်သွားစေသည်။
မျက်မှောက်ခေတ်တွင် စစ်မှန်သော ကိုယ်ခန္ဓာ ကျင့်ကြံမှု ရှိသူဟူ၍ အများအပြား မရှိလှပေ။ မည်သို့ဆိုသော် ကိုယ်ခန္ဓာကျင့်ကြံမှုသည် အလွန် ခက်ထန်၍ သာမန်ကျင့်ကြံမှုများထက် ပိုမိုခက်ခဲသောကြောင့်ဖြစ်သည်။ ဤသည်မှာ သာမာန်လူများ အောင်မြင်စွာ ကျင့်ကြံနိုင်သော အရာမဟုတ်ပေ။ ၎င်းသည် တူညီသော အဆင့်တွင်ရှိနေသည့် အရာတစ်ခု မဟုတ်ခဲ့ပေ။
ချူးယွင်ဖန်းသည် ကြီးမြတ်သော ကိုယ်ခန္ဓာကျင့်ကြံမှု သိုင်းပညာကို ပိုင်ဆိုင်ထားသောကြောင့် အံ့ဩဖွယ် စွမ်းဆောင်ရည်များကို ပိုင်ဆိုင်နိုင်ခြင်းဖြစ်သည်။ ထိန်းချုပ်ထားသော အဘိုးအို၏ မျက်လုံးများသည်လည်း စူးရှစွာ တောက်ပလာ၏။
တိုက်ပွဲသည် အချိန်တိုလေးအတွင်းမှာပင် ပြင်းထန်သောအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။ ဤလူများ၏ တိုက်ခိုက်မှုများသည် ချူးယွင်ဖန်းကို မသက်ရောက်နိုင်ကြပေ။ ယခုအချိန်မဆိုနှင့် ၎င်းတို့၏ အထွတ်အထိပ် အဆင့်တွင်ပင် ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်ကို အရိုးအဆင့်အထိ ကျင့်ကြံခဲ့သော ချူးယွင်ဖန်း၏ပြိုင်ဘက် မဟုတ်ကြပေ။
"ခင်ဗျားတို့ရဲ့တိုက်ခိုက်မှုက ဒါအကုန်ပဲလား။ ကျုပ် အရမ်းစိတ်ပျက်မိတယ်" ချူးယွင်ဖန်းက အေးစက်စွာ ပြောလိုက်သည်။ သူသည် လက်ကို ဆန့်ထုတ်၍ မရေတွက်နိုင်သော မိုးကြိုးသွားများကို ဖမ်းဆုပ်လိုက်သည်နှင့် ဓါးသွား နှစ်ချောင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။
သူသည် အကျဉ်းသားများကို ဓားဖြင့် ထိုးစိုက်၍ အကြောက်အလန့်မရှိစွာ တိုက်ခိုက်နိုင်ခဲ့သည်။ ၎င်းတို့တွင် မြင့်မားသော ကျင့်ကြံမှုများ မရှိသည့်အတွက် တိုက်ခိုက်မှုများသည် သူ့ကို မည်သို့ မထိခိုက်နိုင်ကြပေ။ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုများသည် အလွန် ပြင်းထန်လှသည်။ သူ၏ တိုက်ခိုက်မှုဖြင့် ပွတ်တိုက်မိသူတိုင်းသည် ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြ၍ တိုက်ရိုက်ထိတွေ့သူများသည် ချက်ချင်းပင် သေဆုံးသွားကြသည်။
လူအများအပြားသည် ခဏအကြာတွင် ချူးယွင်ဖန်း၏လျှပ်စီး ဓားသွားနှစ်ချောင်းအောက်သို့ ကျရောက်ကာ ၎င်းတို့၏ကိုယ်ခန္ဓာများ တစ်ဝက် ဖြတ်တောက်ခံလိုက်ရသည်။ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုများသည် ယခုအခါ အဆင့်အမြင့်ဆုံး စစ်ဘုရင်ကြီးတစ်ဦး၏ တိုက်ခိုက်မှုများကဲ့သို့ ထင်မှတ်ရစေသည်။ သူ၏ လှုပ်ရှားမှုတိုင်းတွင် သတ်မှတ်သော ပုံသဏ္ဌာန် မရှိသည့်အပြင် အလွန် အစွမ်းထက်လှသည်။
"ကျုပ်တို့က ဒါကို ဘယ်လိုလုပ် တိုက်ခိုက်ရမှာလဲ"
ယခုအချိန်တွင် အကျဉ်းသား အရေအတွက်သည် ဆယ်ဦးအောက်သာ ကျန်ရစ်တော့သည်။ ချူးယွင်ဖန်းသည် ခဏလေးအတွင်းမှာပင် ၎င်းတို့၏ တစ်ဝက်နီးပါးခန့်ကို သတ်ဖြတ်လိုက်ပြီဖြစ်သည်။
၎င်းတို့အားလုံးသည် အလွန် တုန်လှုပ်ခြောက်ခြား၍ ဒေါသထွက်နေကြသည်။ ၎င်းသည် ကိုယ်ခန္ဓာကျင့်ကြံသူများက မည်မျှထိတ်လန့်စရာကောင်းသည်ကို သိခဲ့ကြသော်လည်း ချူးယွင်ဖန်းကို တိုက်ခိုက်ပြီးနောက် ယခင်က ကြုံတွေ့ခဲ့ရဖူးသော ကိုယ်ခန္ဓာကျင့်ကြံသူများသည် သူနှင့် နှိုင်းယှဉ်ရန်ပင် မပြောသာကြောင်း သိရှိလိုက်ရသည်။ ထိုကိုယ်ခန္ဓာကျင့်ကြံသူများသည် ကိုင်တွယ်ရ ခက်ခဲသော်လည်း ၎င်းတို့ကို ပုရွက်ဆိတ်များ သတ်ဖြတ်ကဲ့သို့ သတ်ဖြတ်နိုင်သော ချူးယွင်ဖန်းနှင့် မတူညီပေ။
"ဒီကောင် မွန်းစတားတစ်ကောင်လား" ဤအကျဉ်းသားများသည် အလွန် တုန်လှုပ်သွားကြသည်။ အချိန်တိုအတွင်းမှာပင် အခြားသော လူနှစ်ဦး ထပ်မံ သေဆုံးသွားခဲ့သည်။
ချူးယွင်ဖန်း၏ လျှပ်စီးကြောင်း ဓားသွားနှစ်ခုဖြင့် ထိမှန်ခြင်းခံရသူများသည် မလွဲမသွေ ထက်ဝက် ဖြတ်တောက်ခံရကာ ၎င်းတို့၏ဝိညာဉ်များ ပျက်သုဉ်းသွားကြသည်။ ၎င်းတို့သည် ယခုထက် ပို၍ မသေဆုံးနိုင်ကြရာ၊ ၎င်းဖြစ်စဉ်၏သော့ချက်မှာ ချူးယွင်ဖန်းသည် လျှပ်စီးကဲ့သို့ မြန်ဆန်နေသောကြောင့်ဖြစ်သည်။
သူသည် အစွမ်းထက်ရုံသာမကဘဲ ၎င်းတို့အားလုံးထက် များစွာ လျင်မြန် ဖျတ်လတ်သည်။ ကမ္ဘာပေါ်ရှိ သိုင်းပညာအားလုံးနှင့် အရှိန်အဟုန်တို့သည် ဖျက်ဆီး၍ မရနိုင်ပေ။ ချူးယွင်ဖန်းသည် ထိုအားသာချက် နှစ်ခုစလုံးကို ပိုင်ဆိုင်ထားခဲ့သည်။ ဤသည်မှာ ချူးယွင်ဖန်းက အလွန် ကြောက်မက်ဖွယ်ကောင်းနေသော အခြေခံ အကြောင်းရင်းဖြစ်သည်။
မရှောင်တိမ်းနိုင်သူများသည် သေခြင်းတရားနှင့်သာ ရင်ဆိုင်ရလေသည်။ ၎င်းတို့ကို အမှန်တကယ် ကြောက်လန့်စေသော အချက်သည် ၎င်းတို့အနက် အချို့လူများက ခုခံရန် ခက်ခက်ခဲခဲ ရုန်းကန်နိုင်ခဲ့သော်လည်း ၎င်းတို့၏ ခုခံကာကွယ်မှုများသည် ချူးယွင်ဖန်း၏အရှေ့တွင် စက္ကူတစ်လွှာကဲ့သို့ ဖြစ်နေသည်။
ခုခံကာကွယ်မှုသည် ခဏလေးအတွင်းမှာပင် ပျက်စီးသွားကာ ချူးယွင်ဖန်း၏ ဓားသွားဖြင့် ထိုးသတ်ခံလိုက်ရသည်။ ၎င်းတို့၏ ရုန်းကန်မှုသည် အခြေအနေကို ကွာခြားအောင် ပြုလုပ်နိုင်ခဲ့ပုံမပေါ်ပေ။ ၎င်းသည် အနည်းငယ် ပိုမိုကြန့်ကြာကာ အနည်းငယ် ရုန်းကန်မှုမျှသာဖြစ်သည်။
သေမိန့် အကျဉ်းသားများသည် တစ်ချက်တည်းဖြင့် သတ်ဖြတ်ခံလိုက်ရသည်။ ထိုသို့သော ကြောက်မက်ဖွယ် သတ်ဖြတ်မှုမျိုးသည် လူများစွာကို ယင်ကောင်များကဲ့သို့ သတ်ဖြတ်ခဲ့သော ဤနတ်ဆိုးဘုရင်များကို ထိတ်လန့်သွားစေသည်။
ချူးယွင်ဖန်းသည် ဆက်တိုက် သတ်ဖြတ်ပြီးနောက် လူငါးယောက်သာ ကျန်ရစ်တော့သောကြောင့် ဤလူများသည် အဆုံးတွင် သွေးပျက်လာကြသည်။ ၎င်းတို့သည် ချူးယွင်ဖန်း၏ သတ်ဖြတ်မှုများကို ကြောက်ရွံ့လာကြသည်။ ဤအရာအားလုံးသည် အချိန်တိုလေးအတွင်းမှာပင် ဖြစ်ပွားခဲ့လေသည်။ တိုတောင်းလွန်းသဖြင့် ၎င်းတို့သည် ခေတ္တမျှသာ ငေးငိုင်နေပြီးနောက် အရာအားလုံး ဖြစ်ပျက်သွားလေသည်။ ထိုအချိန်တွင် ၎င်းတို့အားလုံး နေရာအရပ်ရပ်သို့ ထွက်ပြေးသွားကြသည်။
"ခင်ဗျားတို့တော့ ပြီးဆုံးပြီပဲ" အဘိုးအိုသည် ထိုစကားများကို ပြောပြီးနောက် ထွက်ပြေးသွားသော ထိုလူများကို သေလူများကဲ့သို့ စိုက်ကြည့်နေလေသည်။
ချူးယွင်ဖန်းသည် ကနဦးကတည်းက ကိုင်တွယ်ရခက်ခဲသူဖြစ်ရာ၊ ယခုကဲ့သို့ ကွဲကွာ၍ ထွက်ပြေးကြလျှင် တစ်ယောက်ပြီး တစ်ယောက် အသတ်ဖြတ်ခံရရန် စောင့်ဆိုင်းနေခြင်း မဟုတ်လေသလော။ သို့သော် ဤလူများ အတွေးများကို သူ နားလည်နိုင်သည်။ ၎င်းတို့သည် တစ်ပြိုင်နက်တည်း ထွက်ပြေးသွားကြသော်လည်း ချူးယွင်ဖန်းသည် ၎င်းတို့အားလုံးကို တစ်ချက်တည်း သတ်ပစ်ရန် မဖြစ်နိုင်သောကြောင့် လွတ်မြောက်ရန် အခွင့်အလမ်း ရှိနေသေးသည်။
၎င်းတို့အစား အခြားသူများကို လိုက်လံဖမ်းဆီးလိမ့်မည်ဟု မျှော်လင့်ရခြင်းသည် သူတစ်ဦးတည်း၏ တိုက်ခိုက်မှုကို ကြောက်လန့်နေခြင်းကြောင့်ဖြစ်သည်။ ပြည်ထောင်စုသည် ဤအရာအားလုံးကို တစ်ဦးတည်း လုပ်ဆောင်နိုင်သည့် ဤမျှ ထိတ်လန့်ဖွယ်ကောင်းသော ပုဂ္ဂိုလ်မျိုးကို မည်သည့်အချိန်က ရရှိခဲ့ခြင်းဖြစ်သနည်း။
ပြီးနောက် အဘိုးအိုသည် ဦးဆောင်လာသူ လူငယ်ကို ကြည့်လိုက်ရာ၊ ဤဦးဆောင်သူ လူငယ်သည် ချူးယွင်ဖန်းဟုခေါ်သော ဤဂျုနီယာကို မည်သို့ကြောင့် သတ်ပစ်ရန် ပြင်းပြနေကြောင်း နားလည်သွားပုံပေါ်သည်။ ထိုသို့သော လူမျိုးကို ဆက်လက် ကြီးထွားခွင့်ပေးလိုက်လျှင် အနာဂတ်သည် မှန်းဆ၍ ရနိုင်မည် မဟုတ်ပေ။
ရလဒ်သည် အဘိုးအို ကြိုတင်မှန်းဆထားသည့်အတိုင်း ဖြစ်ခဲ့သည်။ ချူးယွင်ဖန်း၏ ခွန်အားအရ ထွက်ပြေးသွားသော အကျဉ်းသားများကို မည်ကဲ့သို့ လွတ်မြောက်ခွင့်ပေးမည်နည်း။
ချူးယွင်ဖန်းသည် သူ၏လက်ကို ဆန့်ထုတ်လိုက်သည်နှင့် ရုတ်တရက်ဆိုသလိုပင် အဆုံးမဲ့ လျှပ်စီးကြောင်းများ ဆူပွက်လာခဲ့သည်။ ချူးယွင်ဖန်း၏ လက်ရှိ နက်နဲသော ကျင့်ကြံမှုအရ သူ၏ စွမ်းအင် အတိုင်းအတာကို စိတ်ကူးကြည့်နိုင်သည်။ မရေတွက်နိုင်သော မိုးကြိုးသွားများသည် မိုးကြိုးလှံများစွာအဖြစ် ပြောင်းလဲကာ တခဏချင်းမှာပင် လူငါးဦးကို သုတ်သင်ပစ်လိုက်သည်။
ချူးယွင်ဖန်း၏အမူအရာသည် ပြောင်းလဲသွားခြင်း မရှိပေ။ သူ၏ ကျင့်ကြံမှုအဆင့်တွင် နတ်အဆင့်ရှိ ကျွမ်းကျင်သူများလျှင် အသုံးမဝင်ကြပေ။
"အခု ခင်ဗျားအလှည့်ပဲ"
ချူးယွင်ဖန်းက ကျန်လူနှစ်ဦးကို ကြည့်လိုက်ရာ၊ တစ်ဦးသည် အသက်ကြီး၍ ကျန်တစ်ဦးမှာ လူငယ်ဖြစ်သည်။ ဤလူနှစ်ဦး၏ ကျင့်ကြံမှုသည် အခြားသူများနှင့် မတူညီကြောင်း သူ ခံစားနိုင်သည်။
"ခင်ဗျားရော နာခံမှုရှိရှိနဲ့ အရှုံးပေးမှာလား၊ ဒါမှမဟုတ်ရင် သေချင်တာလား"
အခန်း (၉၃၉) တော်ဝင် နတ်ဆိုး
ချူးယွင်ဖန်းသည် လူငယ်ကို စိုက်ကြည့်လိုက်သည်။ လူငယ်သည် နတ်ဆိုး အရောင်အဝါများ ထုတ်လွှတ်နေပုံပေါ်သည်။ ၎င်းကို ကောင်းမွန်စွာ ဖုံးကွယ်ထားသော်လည်း ချူးယွင်ဖန်း၏ အမြင်အာရုံမှ မလွတ်မြောက်နိုင်ပေ။ ချက်ချင်းဆိုသလိုပင် ချူးယွင်ဖန်းသည် ဤလူငယ်သည် နတ်ဆိုးတစ်ကောင်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချလိုက်သည်။ ပြီးနောက် သူသည် သာမာန် ကျွမ်းကျင်သူတစ်ဦးဟုတ်ပုံ မပေါ်ပေ။
ချူးယွင်ဖန်း၏ ဆက်တိုက် သတ်ဖြတ်မှုအပြီးတွင်ပင် အနည်းငယ်မျှ ထိတ်လန့်သွားပုံမပေါ်ပေ။ ထိုသို့သော အခြေအနေမျိုးတွင်ပင် ချူးယွင်ဖန်းကို အနိုင်ယူနိုင်မည်ဟု ယုံကြည်မှု အပြည့်ရှိနေပုံရသည်။
"ခင်ဗျား တော်တော်လေး သန်မာသားပဲ။ ခင်ဗျားနာမည်က ကမ္ဘာအနှံ့ ပျံ့နှံ့နေတာ မဆန်းတော့ပါဘူး"
လူငယ်သည် ချူးယွင်ဖန်းကို ကြောက်လန့်မှု အနည်းငယ်ဖြင့် လှမ်းကြည့်သော်လည်း ၎င်းတို့အနက် ပို၍ ခက်ထန်သော အကြည့်များ ပါရှိနေသည်။ ချူးယွင်ဖန်း၏စွမ်းဆောင်မှုများ ပို၍ ထူးချွန်လေ၊ သူ၏ နှလုံးသားထဲတွင် သတ်ဖြတ်လိုစိတ်များ ပိုမို ပြင်းထန်လေဖြစ်သည်။ သူသည် ချူးယွင်ဖန်း၏ သေဆုံးမှုကို မြင်တွေ့ရန် မစောင့်ဆိုင်းနိုင်တော့ပေ။
ချူးယွင်ဖန်းကဲ့သို့သော လူမျိုးသည် နတ်ဆိုးများ၏ အဆိုးဝါးဆုံး ရန်သူဖြစ်သည်။ အဘိုးအိုကမူ စွက်ဖက်လိုစိတ် မရှိသကဲ့သို့ ထူးမခြားသော အမူအရာဖြင့် ကြည့်နေခဲ့သည်။ သူသည် ဤလူနှစ်ဦးကို စိတ်ဝင်တစား စိုက်ကြည့်နေသည်။
၎င်းတို့နှစ်ဦးသည် သက်ဆိုင်ရာ မျိုးနွယ်စုနှစ်ခု၏ ထိပ်တန်းလူငယ်များ ဖြစ်နိုင်သည်။ နတ်ဆိုးများသည် ထိုသို့သော အခြေခံအုတ်မြစ်ရှိ၍ ထိုကဲ့သို့သော အရည်အချင်းများကို မွေးထုတ်ပေးနိုင်ခဲ့ခြင်းကို သူ မအံ့ဩမိပေ။ သို့သော် ထိုကဲ့သို့သော အရည်အချင်းမျိုးသည် ပြည်ထောင်စုတွင် ပေါ်ထွက်လာခြင်းကို သူ မသိခဲ့ပေ။
ပြည်ထောင်စု၏ အမွေအနှစ်များနှင့် ဖွံ့ဖြိုးတိုးတက်မှုအရ နတ်ဆိုးများ၏ သက်တမ်းအနက် ဆယ်ပုံတစ်ပုံခန့်ပင် မရှိပေ။ ရှေ့ဆက်ရန် လမ်းကြောင်းသည် ပြတ်တောက်သွားပြီဖြစ်သောကြောင့် ဆက်လျှောက်ရန် ခက်ခဲပေလိမ့်မည်။ ထိုအချိန်တွင် ချူးယွင်ဖန်းသည် စူးရှစွာ တောက်ပနေပုံပေါ်သည်။
လူအချို့၏ ခွန်အားသည် အံ့မခန်းဖြစ်သော်ငြားလည်း ၎င်းဖြစ်စဉ်သည် ကိုယ်ပိုင်အခွင့်အလမ်းနှင့် သက်ဆိုင်သည်။ အရေးကြီးဆုံးအချက်မှာ ချူးယွင်ဖန်း၏အသက်အရွယ်ဖြစ်သည်။ ဤကဲ့သို့ ခေတ်မျိုးတွင် ထိုသို့သော အသက်အရွယ်မျိုးသည် အံ့ဩဖွယ်ကောင်းလှသည်။
ချူးယွင်ဖန်းသည် မူလက ဤအဘိုးအိုကို သတိထားနေခဲ့သော်လည်း ဤအဘိုးကြီးသည် အရှေ့သို့ တိုးလာရန် ကြံရွယ်ထားပုံမပေါ်ဘဲ ဘာသိဘာသာဖြင့် ကြည့်နေလိမ့်မည်ဟု မည်သူသိမည်နည်း။
"ခင်ဗျားက ဘယ်သူလဲ။ ကျုပ်ကို ခင်ဗျားနာမည် ပြောပြပါဦး။ ကျုပ် အခု ခင်ဗျားနာမည်ကို နည်းနည်း စိတ်ဝင်စားမိတယ်" ချူးယွင်ဖန်းက ပေါ့ပေါ့တန်တန် ပြောလိုက်သည်။
လူငယ်က ချူးယွင်ဖန်းကို ကြည့်၍ ပြောလိုက်သည်။
"ခင်ဗျားကို ကျုပ်နာမည်ပြောလိုက်လို့ ကိစ္စမရှိပါဘူး။ ကျုပ်နာမည် ပိုင်ယွီလင်း"
"ပိုင်ယွီလင်း" ချူးယွင်ဖန်း၏ မျက်လုံးများ တောက်ပလာသည်။
"အနတ္တနတ်ဆိုးတောင်တန်းမှာ စုစုပေါင်း နတ်ဆိုးနိုင်ငံ သုံးနိုင်ငံရှိပြီး အဲဒီထဲက နာမည်တစ်ခုက ပိုင်လို့ ကြားဖူးတယ်။ ဒါဖြင့်ရင် ခင်ဗျားက မြင့်မြတ်တဲ့ နဂါးပျံတိုင်းပြည်ရဲ့ တော်ဝင်မိသားစုထဲကပဲ ဖြစ်ရမယ်"
ထိုသို့ပြောနေစဉ် အနတ္တနတ်ဆိုးတောင်တန်းနှင့်ပတ်သက်သော အချက်အလက်များသည် ချူးယွင်ဖန်း၏ စိတ်ထဲတွင် လျင်မြန်စွာ ထွက်ပေါ်လာသည်။ လူအများစုသည် ထိုအကြောင်းနှင့် ပတ်သက်၍ သိပ်မသိကြပေ။ ၎င်းတို့သည် လူသား-နတ်ဆိုး စစ်မြေပြင်၏ ဖြစ်တည်မှုကို သိသော်လည်း လူသားတို့ တိုက်ခိုက်ခဲ့သော နတ်ဆိုးများအကြောင်း သိပ်မသိကြပေ။ ၎င်းတို့သိခဲ့လျှင်ပင် အနတ္တနတ်ဆိုးတောင်တန်းကိုသာ သိကြပေလိမ့်မည်။
သို့သော် ချူးယွင်ဖန်း၏ အဆင့်အတန်းအရ အနတ္တနတ်ဆိုးတောင်တန်းအကြောင်း အနည်းငယ်မျှ သိထားသည်။ နောက်ဆုံးတွင် လူသားမျိုးနွယ်နှင့် အနတ္တနတ်ဆိုးတောင်တန်းတို့သည် အကြိမ်များစွာ တိုက်ခိုက်ခဲ့ကြသည့်အပြင် ပြိုင်ဘက်ဟောင်းများဖြစ်ကြသည်။ အနတ္တနတ်ဆိုးတောင်တန်း၏ အသေးစိတ်အချက်အလက်များကို ၎င်းတို့ မသိသော်လည်း အခြေအနေနှင့် ပတ်သက်၍ ယေဘုယျအားဖြင့် စိတ်ကူးကြည့်နိုင်သည်။
အနတ္တနတ်ဆိုးတောင်တန်းကို မြင့်မြတ်သော နဂါးပျံတိုင်းပြည်၊ ငွေလမင်းတိုင်းပြည်နှင့် ကြီးမြတ်သော ခြင်္သေ့တိုင်းပြည်ဟူ၍ အဓိက နတ်ဆိုးတိုင်းပြည် သုံးမျိုးအဖြစ် ခွဲခြားထားသည်။ ဤနတ်ဆိုးတိုင်းပြည်သုံးခုအောက်တွင် နတ်ဆိုးမျိုးနွယ်များစွာရှိခဲ့ကြသည်။ ၎င်းတို့သည် ခွန်းလွန်နယ်မြေအနှံ့ ပြန့်ကျဲနေသော မျိုးနွယ်စုများ၏ အုပ်စိုးသူများဖြစ်ကြသည်။
၎င်းတို့အထဲတွင် မြင့်မြတ်သော နဂါးပျံတိုင်းပြည်၏အုပ်ချုပ်သူများသည် နဂါးပျံသွေးရှိသူများဟု ဆိုကြသည်။ အလွန် နည်းပါးသော ၎င်းသည် အထူးတလည် ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့သည် နတ်ဆိုးဘုရင်သုံးပါးတွင် အင်အားအကြီးဆုံးဖြစ်သည်။ ဤနိုင်ငံကို အုပ်စိုးသူများသည် ပိုင်ဟုသော မျိုးရိုးနာမည်ရှိကြသည်။
မြင့်မြတ်သော နဂါးပျံတိုင်းပြည်မှလွဲလျှင် ငွေလမင်းတိုင်းပြည်၏ အုပ်ချုပ်သူများသည် ငွေရောင်လမင်းဝံပုလွေဟုခေါ်သော အနွယ်ဝင်များဖြစ်ကြသည်။ ၎င်းတို့သည် အလွန် ကြောက်မက်ဖွယ်ကောင်း၍ ထောင်ပေါင်းများစွာသော နတ်ဆိုးများကိုပင် အုပ်စိုးနိုင်ကြသည်။ ပြီးနောက် ခွန်းလွန်နယ်မြေ၏ ကျော်ကြားသော ရွှေရောင် ခြင်္သေ့မျိုးနွယ်ဝင် အုပ်ချုပ်နေသော ကြီးမြတ်သော ခြင်္သေ့တိုင်းပြည်သည်လည်း တည်ရှိနေသည်။
ဤနတ်ဆိုးမျိုးနွယ်စု သုံးခုကို ခွန်းလွန်နယ်မြေတစ်လျှောက် တော်ဝင်မျိုးနွယ်များအဖြစ် လူသိများကြသည်။ ၎င်းတို့သည် လူသား-နတ်ဆိုး တိုက်ပွဲကဲ့သို့ ကြီးမားသော တိုက်ပွဲများတွင်သာ ထွက်ပေါ်လာလေ့ရှိသည်။ ချူးယွင်ဖန်းသည် ပထမအကျဉ်းထောင်တွင် မြင့်မြတ်သော နဂါးပျံတိုင်းပြည်၏ တော်ဝင်မျိုးနွယ်ဝင်တစ်ဦးနှင့် တွေ့ဆုံရန် မမျှော်လင့်ထားခဲ့ပေ။
ဤမျိုးနွယ်စုသုံးခုသည် အလွန် အစွမ်းထက်သော်လည်း မျိုးကောင်းမျိုးသန့် အများအပြား မရှိကြပေ။ မျိုးနွယ်စုတစ်ခုစီရှိ မျိုးကောင်းမျိုးသန့် အရေအတွက်သည် အကန့်အသတ်ရှိ၍ တိုင်းပြည်သုံးခုတို့အနက် မြင့်မြတ်သော နဂါးပျံတိုင်းပြည်၏ မိသားစုသည် အကြီးမားဆုံးဖြစ်သည်။ နဂါးပျံများတွင် သဘာဝအလျှောက် ရာဂစိတ်ကြီးသည့် နဂါးများ၏ လက္ခဏာရပ် တချို့ရှိသောကြောင့် မျိုးစိတ်ခွဲများစွာရှိသော်လည်း မျိုးကောင်းမျိုးသန့်များစွာ မရှိလှပေ။
ထို့ကြောင့် ချူးယွင်ဖန်းသည် ဤနေရာတွင် မြင့်မြတ်သော နဂါးပျံတိုင်းပြည်၏ စစ်မှန်သော တော်ဝင်မျိုးနွယ်ဝင် တစ်ဦးကို တွေ့လိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားသည်။ သူသည် နတ်ဆိုး၏အသက်အရွယ်အရ နတ်ဆိုးများကြားတွင်ပင် အလွန်ငယ်ရွယ်သည်ဟု ယူဆနိုင်သည်။ ထိုသို့သော လူသည် မြင့်မြတ်သော နဂါးပျံတိုင်းပြည်တွင်ပင် အလွန်ရှားပါးလှသည်။ ချူးယွင်ဖန်း၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှု အရိပ်အမြွက် ပေါ်ထွက်လာသည်။ သူသည် နောက်ဆုံးတွင် ငါးကြီးတစ်ကောင်ကို ဖမ်းမိပြီဖြစ်သည်။
"မဆိုးပါဘူး။ ခင်ဗျား တော်တော်လေး အသိပညာရှိတာပဲ" ပိုင်ယွီလင်းသည် မျက်နှာတွင် ဂုဏ်ယူဝံ့ကြွားသော အရိပ်အမြွက်များဖြင့် ပြုံးလိုက်သည်။ သူ့မျိုးနွယ်စု၏ အောင်မြင်မှုများကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် အမှန်တကယ် ဂုဏ်ယူဖွယ်ကောင်းလှသည်။
"ပြည်ထောင်စုက တော်ဝင်မျိုးနွယ်ဝင်တွေကို တခါမှမဖမ်းဖူးတာနဲ့ အတော်ပဲ၊ ဒီတော့ ခင်ဗျားနဲ့ပဲ စကြတာပေါ့"
ချူးယွင်ဖန်းသည် ကြောက်ရွံ့မည့်အစား အလွန် စိတ်လှုပ်ရှားနေခဲ့သည်။ စစ်မြေပြင်တွင် နတ်ဆိုး တော်ဝင်မျိုးနွယ်စုများ၏ ကျွမ်းကျင်သူများကို ဖမ်းဆီးယူရန် အလွန်ခက်ခဲသည်။ ၎င်းတို့ကို ဖမ်းဆီးရခြင်းသည် သတ်ဖြတ်ရခြင်းထက် အဆပေါင်းများစွာ ပိုမို ခက်ခဲလှသည်။
"ချူးယွင်ဖန်း၊ ခင်ဗျား တကယ့်လူပဲ။ ခင်ဗျားကို အရမ်း မောက်မာတဲ့လူတယ်ဆိုပြီး ကောလဟာလတွေ ကြာဖူးတယ်၊ ကြည့်ရတာတော့ အမှန်တွေချည်းပါလား" ပိုင်ယွီလင်းသည် ချူးယွင်ဖန်းကို အေးစက်စက် စိုက်ကြည့်လိုက်ရာ၊ သူ၏မျက်လုံးများရှိ သတ်ဖြတ်ချင်စိတ်များ ပို၍ ပြင်းထန်လာသည်။
"ခင်ဗျားလည်း အတူတူပါပဲ" ချူးယွင်ဖန်းက ပိုင်ယွီလင်းကို ပြောလိုက်သည်။
ရုတ်တရက်ဆိုသလို ပိုင်ယွီလင်းက ဦးစွာ လှုပ်ရှားလုိက်သည်။ သူ၏လက်ချောင်းကို ပေါ့လျော့စွာ တောက်လိုက်ရုံသာဖြစ်သော်လည်း ကမ္ဘာကြီးတစ်ခုလုံး ဖောက်ထွင်းခံလိုက်ရပုံပေါ်သည်။ တခဏချင်းမှာပင် သူ၏လက်ချောင်းများသည် နဂါးလက်သည်းများအဖြစ် ပြောင်းလဲသွားသည်။
"အရိုးဖျက်ဆီးခြင်း လက်ချောင်း၊ ခင်ဗျား အသက်ကို နှုတ်ယူပြမယ်"
ဤလက်ချောင်းဖြင့် ချူးယွင်ဖန်းကို တိုက်ရိုက် ထိုးညွှန်လိုက်သည်။ ပိုင်ယွီလင်းသည် ချူးယွင်ဖန်းကို အနည်းငယ်မျှ လွတ်မြောက်ရန် အခွင့်အလမ်း မပေးဘဲ တတ်နိုင်သမျှ မြန်မြန်သတ်ပစ်ချင်နေသည်။
ဘန်း
ဤလက်ချောင်းသည် ချူးယွင်ဖန်း၏ နဖူးကို ထိမိသွားသည်။ သာမာန်လူတစ်ဦးသာဆိုပါက တောင်တစ်စင်းကဲ့သို့ သန်မာခဲ့လျှင်ပင် ပြင်းထန်စွာ ပေါက်ကွဲသွားပေလိမ့်မည်။ သို့သော်လည်း ပိုင်ယွီလင်းသည် ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်ကို လွန်ကဲစွာ ကျင့်ကြံခဲ့သော ချူးယွင်ဖန်းနှင့် တွေ့ဆုံခဲ့ရသည်။
ချူးယွင်ဖန်းသည် သူ၏ခွန်အားကို အနည်းငယ် အားစိုက်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်ရှိ နတ်စွမ်းအင်များ အဆုံးမဲ့ မြစ်တစ်စင်းကဲ့သို့ ပေါက်ကွဲထွက်လာသည်။ လက်ချောင်းသည် တခဏအတွင်း ဘေးဘက်သို့ လှုပ်ရှားသွားခဲ့သည်။
ပိုင်ယွီလင်းသည် ချူးယွင်ဖန်း၏ တန်ပြန်တိုက်ခိုက်မှုကြောင့် နောက်ပြန်ဆုတ်ခဲ့ရ၍ သူ့မျက်လုံးများသည် မယုံကြည်နိုင်သော အကြည့်များဖြင့် ပြည့်နှက်နေသည်။ သူ၏ ခွန်အားကို မထိန်းချုပ်ထားကြောင်း သူ သိသော်လည်း ချူးယွင်ဖန်းသည် သူ့ကို ချက်ခြင်း ပြန်တွန်းထုတ်နိုင်ဆဲဖြစ်သည်။
"စိတ်ဝင်စားစရာပါလား။ ခင်ဗျားရဲ့ ကိုယ်ခန္ဓာကျင့်ကြံမှုမှုက တော်တော်ဆန်းကြယ်သားပဲ" ပိုင်ယွီလင်းသည် ချူးယွင်ဖန်းကို အေးစက်စွာ စိုက်ကြည့်နေသည်။
"ဒါပေမယ့် ကျုပ်ရဲ့ နောက်ထပ် လှုပ်ရှားမှုကို ခင်ဗျား တွန်းလှန်နိုင်ပါ့မလား"
ပိုင်ယွီလင်းသည် စကားပြောပြီးသည်နှင့် သူ၏လက်ကို ဆန့်ထုတ်၍ ဓားရှည်တစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်ဖြင့် တောက်ပနေ၍ ကမ္ဘာပေါ်ရှိ သတ်ဖြတ်ချင်စိတ်အားလုံးသည် မုန်တိုင်းတစ်ခုကဲ့သို့ စုစည်းလာသည်။ သတ်ဖြတ်ချင်စိတ်များသည် ပိုင်ယွီလင်း၏ဓားရိုးပေါ်တွင်သာ စုစည်းနေကြခြင်းကို သာမန်မျက်စိဖြင့်ပင် မြင်တွေနိုင်သည်။
"ကဲကွာ၊ သေပေတော့။ ဘဝအဆုံးသတ်သူ"