အခန်း (၉၄၆-၉၄၈)
Vol. 64 Ch. 946-948
အခန်း (၉၄၆) ခေါင်းနှစ်လုံး ငွေရောင်ဝံပုလွေကို သတ်ခြင်း
ချူးယွင်ဖန်းသည် အချိန်တိုလေးအတွင်းမှာပင် သူ၏ သတ်ဖြတ်မှုစွမ်းရည်ကို အမှန်တကယ်ပြသခဲ့သည်။ သူ၏ လေးရှည်အောက်တွင် ပထမမြောက်၊ ဒုတိယမြောက်နှင့် တတိယမြောက် နတ်အဆင့်တို့ကြားတွင် ကွာခြားမှုမရှိခဲ့ပေ။ ဤသည်မှာ ကြောက်မက်ဖွယ်အကောင်းဆုံးအပိုင်းဖြစ်သည်။
နတ်အဆင့် ကျွမ်းကျင်သူများက မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် အလားတူပင် ဖြစ်သည်။ သတ္တမမြောက်၊ အဋ္ဌမမြောက် သို့မဟုတ် နဝမမြောက် မွေးဖွားခြင်းနယ်မြေအဆင့်ဖြစ်ပါစေ၊ နတ်အဆင့် ကျွမ်းကျင်သူ ရှေ့မှောက်တွင် အဓိပ္ပါယ်မဲ့နေပေလိမ့်မည်။
သာမန်နတ်အဆင့်များသည် ချူးယွင်ဖန်းအရှေ့တွင် လုံးလုံးလျားလျား အဓိပ္ပါယ်မရှိပေ။ ဤဒါဇင်ကျော်မျှသော ပြင်းထန်သည့် မွန်းစတားများသည် ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရာတွင် ခေတ္တမျှပင် မတောင့်ခံနိုင်ကြပေ။ သူ၏ မြှားတစ်စင်းသည် နတ်အဆင့် မွန်းစတားတစ်ကောင်ကို သတ်ဖြတ်ရန် လုံလောက်သည်။ သူတစ်ယောက်တည်းဖြင့် စစ်တပ်ကို ဖြိုခွင်းနိုင်ပုံရသည်။
"သူက ဘယ်လို လေးမျိုးကို သုံးနေတာလဲ၊ ဘာလို့ ဒီလောက်ထိ ကြောက်စရာကောင်းနေရတာလဲ" ထိုမြင်ကွင်းကို ကြည့်နေသော နတ်အဆင့်များအနက် တစ်ဦးက ကြောက်လန့်တကြားပြောလိုက်သည်။
မြင်တွေ့နေရသော အခြေအနေသည် လူတိုင်းကိကို အံအားသင့်သွားစေသည်။ ချူးယွင်ဖန်းသည် နတ်အဆင့် မွန်းစတားများကို တစ်ကောင်ပြီး တစ်ကောင် သတ်ဖြတ်နေကြောင်း မြင်တွေ့လိုက်ရသဖြင့် အားလုံး အံ့အားသင့်သွားကြသည်။ အကယ်၍ ဤမြင်ကွင်းကိုသာ ၎င်းတို့၏ မျက်လုံးများဖြင့် ကိုယ်တိုင် မမြင်ခဲ့ပါက၊ တစ်စုံတစ်ဦးသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကို သတ်ဖြတ်သကဲ့သို့ နတ်အဆင့်များကို အမှန်တကယ် သတ်ဖြတ်နိုင်လိမ့်မည်ဟု စိတ်ကူးမိမည် မဟုတ်ပေ။
ဤအခိုက်အတန့်တွင် ၎င်းတို့သည် ဤမွန်းစတားများအတွက် စာနာစိတ်များ ခံစားလာရသည်။ ၎င်းတို့သည်လည်း နတ်အဆင့်တွင်ရှိနေသော်ငြား ချူးယွင်ဖန်းသည် ၎င်းတို့၏ သာလွန်မှု အသိစိတ်များကို ချက်ချင်း ဖျောက်ဖျက်ပစ်လိုက်သည်။ ထိုအချိန်တွင် ၎င်းတို့အားလုံးသည် သာမန်လူများထက် အနည်းငယ်ပို၍ အစွမ်းထက်သည့် သာမန်လူများသာဖြစ်ကြောင်း သိရှိလိုက်ရသည်။ ၎င်းတို့သည်လည်း မြက်ပင်များကဲ့သို့ ခုတ်ဖြတ်ခံရ၍ သေဆုံးသွားနိုင်ကြသည်။
ဤအကြောင်းကြောင့်ပင် ဤနတ်အဆင့်များက အမှန်တကယ် တုန်လှုပ်ခြောက်ခြားကုန်ကြ၏။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများသည် ပို၍ပင် အံ့ဩနေကြသည်။ ချူးယွင်ဖန်းသည် ထိုနတ်ဘုရားများကဲ့သို့ တန်ခိုးကြီးသော နတ်အဆင့်များကို သတ်ပစ်နိုင်သည့်အပြင် သူ့ကို မည်သူမျှ မတားဆီးနိုင်ကြပေ။
“ပြည်ထောင်စုကို စော်ကားတဲ့သူ ဘယ်သူပဲဖြစ်ပါစေ၊ ဘယ်လောက်ပဲ ဝေးကွာအောင် ထွက်ပြေးပါစေ သေဒဏ်ပေးခံရမယ်”
ချူးယွင်ဖန်း၏ စကားလုံးများသည် ကိရိယာများမှတစ်ဆင့် စစ်မြေပြင်ရှိ လူသားများထံ ပျံ့နှံ့သွားခဲ့သည်။
"ပြည်ထောင်စုကြီး တည်တံ့ပါစေ"
"ပြည်ထောင်စုကြီး တည်တံ့ပါစေ"
"ပြည်ထောင်စုကြီး တည်တံ့ပါစေ"
ကြိုးတစ်ချောင်းကဲ့သို့ တင်းမာစွာ ဆွဲဆန့်ခံရ၍ စိတ်ဓာတ်ကျနေသော ပြည်ထောင်စုရှိ စစ်သားများအားလုံး ရုတ်တရက် ပြန်လည် တက်ကြွလာခဲ့သည်။ နတ်အဆင့် မွန်းစတားတစ်ဒါဇင်ကျော်ကို သတ်ဖြတ်လိုက်သော ချူးယွင်ဖန်း၏ အပြုအမူသည် အထက်အရာရှိများအတွက် အလွန် ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းစေသော်လည်း ထိုဖြစ်စဉ်သည် ၎င်းတို့၏ သွေးများကို ဆူပွက်သွားစေသည်။ နဂိုက နိမ့်ကျနေသော စိတ်ဓာတ်များ ရုတ်တရက် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
"သောက်ကျိုးနည်း၊ ဒီကောင်လေးက တော်တော် သန်မာတာပဲ" ကျူးပုဖျင်သည် သွေးများ ထွေးထုတ်ပြီးနောက် ထိတ်လန့်စွာ ပြောလိုက်သည်။
ချူးယွင်ဖန်းသည် ကျန်းမိသားစု ဘိုးဘေးကြီးကို ထိုနေ့တွင် မည်သို့သတ်ပစ်ခဲ့သည်ကို သူ မြင်တွေ့ခဲ့သည်။ ယခုအခါမူ ချူးယွင်ဖန်း ပေးအပ်ခဲ့သည့် အဆင့်ဖြတ်ကျော်မှုနည်းလမ်းများဖြင့် စတုတ္ထမြောက် နတ်အဆင့်သို့ ၎င်းတို့ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။ သူနှင့် ချူးယွင်ဖန်းကြားက ကွာဟချက် ကျဉ်းမြောင်းသွားမည်ဟု ထင်မှတ်ခဲ့သော်လည်း ယခုအခါ မဖြစ်နိုင်ကြောင်း သူ သဘောပေါက်သွားသည်။
ထိုအချိန်က ကျန်းမိသားစု ဘိုးဘေးကြီးကို သတ်ဖြတ်ခဲ့သော ချူးယွင်ဖန်းလျှင်ပင် ၎င်းတို့၏ ယခုစွမ်းအင်ထက် များစွာ အားကောင်းနေပေလိမ့်မည်။ ၎င်းတို့သည် ချူးယွင်ဖန်းကဲ့သို့ပင် ကျန်းမိသားစု ဘိုးဘေးကြီးကို အလွယ်တကူ မသတ်ဖြတ်နိုင်ကြောင်း ကောင်းကောင်းသိနေသည်။
၎င်းတို့သည် ကျန်းမိသားစု ဘိုးဘေးကြီးကို ရင်ဆိုင် ခုခံနိုင်လျှင်ပင် ကောင်းမွန်နေပေလိမ့်မည်။ ယခုမူ ချူးယွင်ဖန်းသည် အနည်းငယ်မျှသာမဟုတ်ဘဲ ယခင်ကထက် များစွာ ပို၍ ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။
ထိုအချိန်တွင် ချူးမိသားစု ဘိုးဘေးကြီး၊ ကျူးပုဖျင်နှင့် ပထမအကျဉ်းထောင်၏ ထောင်မှူးတို့ကို တိုက်ခိုက်ရန်အတွက် အနက်ရောင် ပုတ်သင်ကြီးနှင့် ပူးပေါင်းနေခဲ့သော ခေါင်းနှစ်လုံး ငွေဝံပုလွေသည် ကျယ်လောင်စွာ အူမြည်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့သည် စစ်မြေပြင်မှ ပျောက်ကွယ်သွား၍ ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ချူးယွင်ဖန်းကို တိုက်ခိုက်လိုက်သည်။
"သေစမ်း၊ ဒီမွန်းစတားက ချူးယွင်ဖန်းကို ဦးတည်နေတာ" ကျူးပုဖျင်က ချက်ခြင်းသဘောပေါက်သွားသော်လည်း အသုံးမဝင်တော့ပေ။
ပုတ်သင်ကြီးသည် အလွန်သန်မာလှသည်။ ၎င်းသည် ပဉ္စမမြောက် နတ်အဆင့်တွင်ရှိနေ၍ စတုတ္ထမြောက် နတ်အဆင့်တွင်ရှိသော အဓိက ခံစစ်သုံးဦးကို အလွယ်တကူ ဖိနှိပ်နိုင်ခဲ့သည်။
"စိတ်မပူနဲ့၊ ပြဿနာရှိမှာ မဟုတ်ဘူး၊ ကျုပ် ယွင်ဖန်းကို ယုံတယ်" ချူးမိသားစု ဘိုးဘေးကြီးက ကျယ်လောင်စွာ ပြောလိုက်သည်။
"ကျန်းမိသားစု ဘိုးဘေးကြီးက အဲ့ဒီ့အချိန်တုန်းက စတုတ္ထမြောက် နတ်အဆင့်မှာ ရှိနေခဲ့တာကို မမေ့နဲ့ဦး။ သူ့ရန်သူက နတ်ဆိုးဆိုရင်တောင် ကွဲပြားသွားမှာ မဟုတ်ဘူး"
ချူးမိသားစု ဘိုးဘေးကြီးနှင့် အခြားနှစ်ဦးသည် အကူအညီပေးရန် ကြိုးစားနေစဉ် ငွေရောင်ဝံပုလွေသည် ချူးယွင်ဖန်းအရှေ့သို့ ရောက်ရှိလာသည်။
"ခင်ဗျားက ကျုပ် အနွယ်ဝင်တွေ အများကြီးကို သတ်ပစ်ခဲ့တယ်၊ ဒီတော့ ခင်ဗျားအသက်နဲ့ ပေးဆပ်စေရမယ်"
ငွေရောင် ဝံပုလွေသည် ဒေါသစိတ်ဖြင့် လောင်ကျွမ်းနေသည်။ ချူးယွင်ဖန်း သတ်ပစ်ခဲ့သော နတ်အဆင့် မွန်းစတားများစွာသည် ၎င်း၏ လက်အောက်ငယ်သားများဖြစ်ကြသည်။ နတ်အဆင့်များသည် ပြည်ထောင်စုတွင် ဒေသတစ်ခုကို စိုးမိုးနိုင်၍ အင်အားကြီးမားသည့် ကျွမ်းကျင်သူများ ဖြစ်လာနိုင်သော်လည်း အနတ္တ နတ်ဆိုးတောင်တန်း၏ အဆင့်များကြားတွင်အလွန် ခြားနားမှုမျိုးရှိနေသည်။
အုပ်ချုပ်သူ နတ်ဆိုး မျိုးနွယ်စုသုံးခု၏ ထိပ်တန်း တပ်ဖွဲ့များမှ အောက်ခြေ မျိုးနွယ်စုကြီး အသီးသီးအထိ၊ ၎င်းတို့ အသီးသီးအနက် ရှင်းလင်းသော ရာထူးဂုဏ်များရှိနေသည်။ အနတ္တ နတ်ဆိုးတောင်တန်း၏ စတုတ္ထမြောက် နတ်အဆင့် မွန်းစတားများသည် နတ်အဆင့် မွန်းစတား လက်အောက်ငယ်သားများ ရှိကြသည်။ ယခုအခါ ချူးယွင်ဖန်းသည် ၎င်းတို့အများအပြားကို သတ်ဖြတ်လိုက်သောကြောင့် အနတ္တ နတ်ဆိုးတောင်တန်းရှိ ငွေရောင်ဝံပုလွေများ၏ ဂုဏ်သိက္ခာ အဆင့်အတန်းများ ကျဆင်းသွားမည်ဖြစ်သည်။ ဤသည်မှာ နေရာတိုင်းရှိ အခြေအနေဖြစ်သည်။ ခွန်အားသည်သာ အလုံးစုံသော အမှန်တရားဖြစ်၏။
"ကျုပ်ကို သတ်မယ်တဲ့လား၊ ပြောရုံပဲ မပြောဘဲ အလုပ်နဲ့လည်း သက်သေပြပါဦး" ချူးယွင်ဖန်းက ပြောလိုက်သည်။
ခေါင်းနှစ်လုံးပါရှိသော ငွေရောင်ဝံပုလွေသည် ဘယ်ဘက်တစ်ခု ညာဘက်တစ်ခုစီရှိသော ၎င်း၏ သွေးရောင်ပါးစပ်များကို ဖွင့်ဟကာ မီးတောက်နှင့် ရေခဲများကို အသီးသီး ထွေးထုတ်လိုက်လေသည်။ အစွမ်းကုန် ပြင်းထန်သော စွမ်းအင်နှစ်မျိုးကို ၎င်း၏ ခန္ဓာကိုယ်တွင် စုစည်းနေခဲ့သည်။
ထိုစွမ်းအင်နှစ်ခုသည် တခဏချင်းမှာပင် တစ်ခုတည်းအဖြစ် ရောယှက်ကာ ထိတ်လန့်တုန်လှုပ်ဖွယ် အင်အားများအဖြစ် ပြောင်းလဲသွားကာ ချူးယွင်ဖန်းဆီ ရောက်ရှိလာသည်။
"အသေးအဖွဲ လှည့်ကွက်တွေ" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
သူသည် လက်သီးကို ကျစ်ကျစ် ဆုပ်၍ လက်သီးဖြင့် ထိုးနှက်လိုက်သည်။ သူသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေရောင်ငှက်ကြီးအဖြစ် ပြောင်းလဲသွားသည်။ ရွှေရောင်ငှက်ကြီးသည် ဝရုန်းသုန်းကား သောင်းကျန်းပစ်လိုက်သည်။ မီးနှင့်ရေခဲတို့သည် ရွှေရောင်ငှက်ကြီးနှင့် တိုက်မိသည့်အခိုက်တွင် ချက်ချင်းပင် လွင့်စဉ် ပျက်ပြယ်သွားခဲ့ရာ၊ ချူးယွင်ဖန်းကို မည်သည့်ခြိမ်းခြောက်မှုမှ မပြုလုပ်နိုင်ခဲ့ပေ။
ချူးယွင်ဖန်း၏ လက်သီးချက် အရှိန်အဟုန်သည် နှေးကွေးသွားခြင်းမရှိဘဲ ငွေရောင်ဝံပုလွေဆီ ရုတ်တရက် ရောက်ရှိလာသည်။ ငွေရောင်ဝံပုလွေ၏ မူလက ခက်ထန်သော မျက်လုံးများသည် ထိတ်လန့်မှုများ ပေါ်ပေါက်လာသည်။ ၎င်းသည် ချူးယွင်ဖန်းနှင့် အမှန်တကယ် မတိုက်မိခဲ့ဖူးသောကြောင့် မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သူ နားမလည်ခဲ့ပေ။ သို့သော် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုသည် မြန်ဆန်လွန်းသောကြောင့် ဝံပုလွေသည် ရှောင်ရှားရန် နေရာမရှိခဲ့ပေ။ ချူးယွင်ဖန်းသည် လက်သီးချက် တစ်ချက်တည်းဖြင့် ၎င်း၏ဦးခေါင်းကို ထိမှန်သွားသည်။
ဘုံး
ဝံပုလွေ၏ ဦးခေါင်းတစ်ခုသည် နေရာတွင်ပင် ထိုးနှက်ခံလိုက်ရသောကြောင့် အလွန် နာကျင်စွာ အော်ဟစ်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ၎င်းတွင် ခေါင်းနှစ်လုံးပါရှိနေခဲ့သည်။ ၎င်းတွင် ဦးခေါင်းတစ်ခုတည်းသာပါရှိခဲ့လျှင် သေဆုံးပေလိမ့်မည်။ ဤသည်မှာ ချူးမိသားစု ဘိုးဘေးကြီး ခန့်မှန်းထားသည့်အတိုင်း အတိအကျဖြစ်ခဲ့သည်။ ကျန်းမိသားစု ဘိုးဘေးကြီးထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသော မွန်းစတားများလျှင်ပင် ချူးယွင်ဖန်းအရှေ့တွင် အသုံးမဝင်ပေ။
ဝံပုလွေသည် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။ ၎င်းသည် တစ်စက္ကန့်ပင် မနေရဲတော့ဘဲ လှည့်၍ ထွက်ပြေးလေသည်။ သို့သော် အလွန် နောက်ကျနေပြီဖြစ်သည်။ ချူးယွင်ဖန်းသည် ပါ့လျော့သော ဆုပ်ကိုင်မှုမျိုး ပြုလုပ်လိုက်သည်နှင့် သူ၏လက်ထဲတွင် လျှပ်စီးစွမ်းအင်လုံးတစ်လုံး ပေါ်ထွက်လာ၍ လျှပ်စီး လှံအဖြစ် ပြောင်းလဲသွားခဲ့သည်။ လျှပ်စီးလှံသည် ကောင်းကင်ကို ဖြတ်သန်းကာ ဝံပုလွေ၏ခန္ဓာကိုယ်ကို ချက်ချင်း ထိမှန်သွားသောအခါ ၎င်းသည် လေထုထဲတွင် ပေါက်ကွဲ၍ ချက်ချင်း သေဆုံးသွားလေ၏။
အခန်း (၉၄၇) ပဉ္စမမြောက် နတ်အဆင့် ဟုတ်လား။ ခင်ဗျားလည်း သွားရမှာပဲ
နောက်ထပ် ပွဲချင်းပြီး သေဆုံးသွားခြင်း။
ကျူးပုဖျင်နှင့် အခြား စစ်ဗိုလ်ချုပ်နှစ်ဦး အားကိုးရာမဲ့သည်အထိ ရက်စက်ကြမ်းကြုတ်ခဲ့သော သားရဲသည် ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရာတွင် လှုပ်ရှားမှုနှစ်ခုကိုပင် မခုခံနိုင်ခဲ့ပေ။
"ခင်ဗျားရဲ့ မျိုးဆက်က တော်တော်လေး သန်မာတာပဲ"
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ထောင်မှူးသည် နောက်ဆုံးတွင် သူ၏ပါးစပ်ကို ဖွင့်ဟလိုက်သည်။ သူသည် အလွန် အံ့အားသင့်သွားခဲ့သည်။ ချူးမိသားစု ဘိုးဘေးကြီးသည် ဤမျှ အစွမ်းထက်ခဲ့လျှင် သူ လက်ခံနိုင်ပေလိမ့်မည်။ သို့သော် ချူးယွင်ဖန်းသည် ဘိုးဘေးကြီးများ၏ မျိုးဆက်များအနက်မှ တစ်ဦးဖြစ်သည်။
ချူးယွင်ဖန်းကဲ့သို့သော သားစဉ်မြေးဆက်သည် ချူးမိသားစုတွင် အနည်းဆုံးလျှင် သိန်းနှင့်ချီ၍ ရှိခဲ့ရာ၊ ထိုကဲ့သို့သော မွန်းစတားတစ်ကောင်သည် ၎င်းတို့ကြားတွင် မည်သို့မျှ ပေါ်ပေါက်လာခဲ့သနည်း။
"ဟားဟား၊ အဲဒါ ကျုပ် မျိုးဆက်ပေါ့ကွ" ချူးမိသားစု ဘိုးဘေးကြီးသည် ရယ်မောလိုက်သည်။
၎င်းတို့သုံးဦးသည် စကားစမြည်ပြောနေစဉ် ရက်စက်ကြမ်းကြုတ်သော အနက်ရောင် ပုတ်သင်ကြီး၏ဖိနှိပ်မှုကြောင့် ဆုတ်ခွာခဲ့ရသည်။ ပုတ်သင်ကြီးသည် ကနဦး ဖြစ်ပွားခဲ့သော တုန်လှုပ်ချောက်ချားဖွယ် တိုက်ပွဲကို သတိပြုမိသွားသည်။ ၎င်းသည် ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ် စွမ်းအင်ကြောင့် တုန်လှုပ်သွားခဲ့သည်။ ၎င်းသည် ငွေရောင်ဝံပုလွေနှင့် တိုက်ခိုက်ခဲ့မည်ဆိုလျှင်ပင် ထိုဝံပုလွေကို အလွယ်တကူ သတ်ဖြတ်နိုင်မည် မဟုတ်ပေ။
ချူးယွင်ဖန်း၏မျက်လုံးများသည် ထိုအချိန်တွင် ၎င်းအပေါ်ရောက်ရှိနေကြောင်း ပုတ်သင်ကြီးက ခံစားမိလိုက်သည်။ အကြောင်းအရင်းကို မသိသော်လည်း ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုတစ်ခုသည် သူ့ကို စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။ ဤခံစားချက်သည် အလွန် ရယ်ဖွယ်ရာကောင်းနေသောခံစားချက်မျိုးဖြစ်သော်လည်း အမှန်တကယ် ဖြစ်ပေါ်နေသည်။
ပုတ်သင်ကြီးသည် ဟိန်းဟောက်သံနှင့်အတူ နဂါး အငွေ့အသက်များကို မှုတ်ထုတ်၍ သူနှင့် တိုက်ခိုက်နေသော ကာကွယ်သူ သုံးဦးကို ပြန်တွန်းလှန်လိုက်သည်။ အသာစီးရထားပြီးသားဖြစ်သောကြောင့် ထိုသို့ပြုလုပ်ရန် မခက်ခဲလှပေ။ သို့သော်လည်း ၎င်းသည် ပြန်ဆုတ်ခွာရန်အတွက် ဆုံးဖြတ်ချက်မချနိုင်မီတွင် ပုံရိပ်တစ်ခုသည် အလင်းတန်းအလွှာတစ်ခုကို စီးနင်း၍ စစ်မြေပြင်ကို ဖြတ်ကျော်ကာ ၎င်းဆီသို့ ဦးတည်လာကြောင်း မြင်တွေ့လိုက်ရသည်။
"အခု ခင်ဗျားအလှည့်ပဲ" ချူးယွင်ဖန်းက ပုတ်သင်ကြီးကို အေးစက်စက် အမူအရာဖြင့် ပြောနေစဉ် ချီတက်လိုက်သည်။
ပုတ်သင်ကြီးသည် ဝံပုလွေထက် သိသိသာသာ သန်မာသော်လည်း ချူးယွင်ဖန်း၏ ထင်မြင်ချက်တွင် ကွာခြားမှု မရှိပေ။
"လူသား၊ မင်း လွန်သွားပြီ"
ပုတ်သင်ကြီးသည် ချူးယွင်ဖန်း၏ အပြုအမူများအနက် ၎င်းအပေါ် လျစ်လျူရှုမှုကို ခံစားလိုက်ရသောကြောင့်အလွန် ဒေါသထွက်သွားလေသည်။ ၎င်းသည် ဟိန်းဟောက်လိုက်ပြီးနောက် အနက်ရောင်ဝတ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးအဖြစ် ချက်ချင်းပြောင်းလဲသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ကြောက်မက်ဖွယ် အငွေ့အသက်များ ထွက်ပေါ်လာ၍ ချူးယွင်ဖန်းကို စူးရှစွာ စိုက်ကြည့်လိုက်သည်။
"ဒီနေ့ ကောင်းကောင်းပျော်ရွှင်ရမယ်လို့ မစဉ်းစားလိုက်နဲ့။ မင်း အနတ္တ နတ်ဆိုးတောင်တန်းက အနွယ်ဝင်တွေ အများကြီးကို သတ်ခဲ့တဲ့အတွက်၊ မင်းက သေလူပဲ" ပုတ်သင်ကြီးသည် ချူးယွင်ဖန်းကို စိုက်ကြည့်၍ ပြောလိုက်သည်။
"အဲ့ဒီ့တော့ ဘာဖြစ်လဲ။ ကျုပ် ခင်ဗျားရဲ့အစီအစဥ်ကို ကြိုမြင်ပြီးသား။ ပိုင်ယွီလင်းက ပထမအကျဉ်းထောင်ထဲမှာ ပြဿနာရှာပြီး အကျဉ်းသားတွေကို လွှတ်ပေးနိုင်ဖို့အတွက် ခင်ဗျားက အချိန်ဆွဲဖို့ ကြိုးစားနေတာ မဟုတ်လား" ချူးယွင်ဖန်းက အနက်ရောင်ဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသားကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။
"ဘာ" အနက်ရောင်ဝတ်စုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားက အံ့အားသင့်သွားသည်။ ဤသည်မှာ ၎င်းတို့၏ ထိပ်တန်းလျှို့ဝှက် အစီအစဉ်ဖြစ်၍ မိမိကဲ့သို့သော ထိပ်တန်း နတ်အဆင့်များသာ ထိုအကြောင်းအရာကို သိရှိထားသည်။
ယခုမူ ချူးယွင်ဖန်းသည် ၎င်းအကြောင်းအရာကို ညွှန်ပြခဲ့သည့်အပြင် သူ၏အပြုအမူကို ကြည့်ခြင်းအားဖြင့် အလျင်စလို ဖြစ်ပုံမပေါ်ပေ။ ဤဖြစ်စဉ်အရ အလွန်ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု ဖြစ်ပွားခဲ့ကြောင်း ပြသနေသည်။ အစီအစဥ်သည် ထိုးဖောက်မြင်တွေ့သွားရုံသာမကဘဲ အစီအစဥ်တစ်ခုလုံး နှောင့်နှေးသွားနိုင်ချေရှိသည်။
"မင်းက ဘယ်လိုလုပ် သိသွားတာလဲ" အနက်ရောင်ဝတ်စုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားက မယုံကြည်နိုင်စွာ မေးမြန်းလိုက်သည်။
"ဘာလို့လဲဆိုတော့ ပိုင်ယွီလင်းကို ကျုပ် အနိုင်ယူခဲ့လို့ပဲ။ အဲ့ဒါကြောင့်သာ မဟုတ်ရင် ခင်ဗျားရဲ့အစီအစဥ်ကို ကျုပ် ဘယ်လိုလုပ်ပြီး သိမှာလဲ၊ အကျဉ်းသားလေးနည်းနည်းလောက် လွှတ်ပေးလိုက်တာက အသုံးဝင်မယ် ထင်နေတာလား။ အရေအတွက်ဆိုတာ ကျုပ်အတွက် ဘာအဓိပ္ပာယ်မှ မရှိဘူး" ချူးယွင်ဖန်းက ဘာသိဘာသာ ပြောလိုက်သည်။
"ဒါဆိုရင် ခင်ဗျားတို့အားလုံးက မြင့်မြတ်တဲ့ နဂါးပျံတိုင်းပြည်က ကျွမ်းကျင်သူတွေပေါ့လေ။ ဒီတစ်ကြိမ်မှာ ခင်ဗျားတို့ထဲက တစ်ယောက်မှ လွတ်မြောက်မယ် မထင်နဲ့။ မြင့်မြတ်တဲ့ နဂါးပျံတိုင်းပြည်က သူ့တို့ရဲ့ နတ်အဆင့် ကျွမ်းကျင်သူတွေ အများကြီးကို ဆုံးရှုံးပြီးတာတောင် ဘာမှမခံစားရဘူးဆိုတာကို ကျုပ် မယုံဘူး"
ချူးယွင်ဖန်းသည် ထိုအမျိုးသားကို ထောင်ချောက်ဆင်ရန် ဤနေရာ၌ ရှိနေသော်လည်း ရလဒ်သည် သူ့အတွက် များစွာ ကွာခြားခြင်း မရှိခဲ့ပေ။ ပိုင်ယွီလင်း လွတ်မြောက်နိုင်ခဲ့သော်လည်း ချူးယွင်ဖန်းသည် သူ့ကို ပြင်းထန်စွာ ဒဏ်ရာရရှိသည်အထိ တိုက်ခိုက်ခဲ့သည်။ ထိုအခြေအနေတွင် ပိုင်ယွီလင်းဘက်မှ လွတ်မြောက်နိုင်ခြင်းသည် လုံလောက်နေပြီဖြစ်သည်။
အနက်ရောင်ဝတ်စုံနှင့် အမျိုးသားသည် ချွေးစေးများ ထွက်လာလေသည်။ အခြေအနေများသည် ဤသို့ ဖြစ်လာလိမ့်မည်ဟု သူ မည်သည့်အချိန်ကမျှ မတွေးခဲ့မိပေ။ ယခင်အချိန်တွင် တစ်စုံတစ်ယောက်က ပြောခဲ့ဖူးလျှင်ပင် ယုံကြည်မည် မဟုတ်ပေ။ ပိုင်ယွီလင်းသည် မိမိထက် အလွန် သန်မာသည့်အပြင် သူ့ကို ယှဉ်ပြိုင်နိုင်သည့် လူသားကျွမ်းကျင်သူ အများအပြား မရှိကြောင်း သိထားခဲ့သည်။
သို့သော် ဤယှဉ်ပြိုင်နိုင်သော လူသည် ချူးယွင်ဖန်းသာဖြစ်သည်။ သူသည် ချူးယွင်ဖန်း၏ အံ့ဩဖွယ်ကောင်းသော စွမ်းဆောင်မှုကို မြင်တွေ့ခဲ့ရသည်။ ထိုနတ်အဆင့်တို့သည် သူ၏လက်ထဲတွင် မြက်ပင်ကဲ့သို့ ခုတ်ဖြတ်ခံလိုက်ရ၏။ ပုတ်သင်ကြီးသည် ချူးယွင်ဖန်းနှင့် မယှဉ်နိုင်ပေ။ တစ်နည်းဆိုရသော် ပိုင်ယွီလင်းသည် နတ်အဆင့် ကျည်းသားများအားလုံးကို လွှတ်ပေးနိုင်ခဲ့လျှင်ပင် ချူးယွင်ဖန်းသည် ၎င်းတို့အားလုံးကို နှိမ်နင်းရန် လုံလောက်ပေလိမ့်မည်။
တွေးကြည့်မိသောအခါ ပိုင်ယွီလင်းသည် သေဆုံးသွားနိုင်ချေရှိသည်။ သို့မဟုတ်လျှင် သူသည် ယခုအချိန်တွင် စတင် လှုပ်ရှားနေပေလိမ့်မည်။ ဤသည်မှာ အမှန်တကယ် ပြင်းထန်သော ထိုးနှက်ချက်ဖြစ်သည်။ နတ်အဆင့် မွန်းစတားများသည် အသေအပျောက် ပြင်းထန်စွာ ခံစားခဲ့ရရုံသာမကဘဲ မြင့်မြတ်သော နဂါးပျံတိုင်းပြည်၏ တော်ဝင်မိသားစုဝင်တစ်ဦးကိုလည်း ဆုံးရှုံးခဲ့ရသည်။ ပုတ်သင်ကြီးသည် တော်ဝင်မိသားစု၏ အမျက်ဒေါသကို တွေးတောမိသောအခါ တုန်လှုပ်နေမိသည်။
မြင့်မြတ်သော နဂါးပျံတိုင်းပြည်တွင် ကနဦးကတည်းက တော်ဝင်မိသားစုများစွာမရှိသည့်အပြင် ၎င်းတို့၏မျိုးဆက်သည် အလွန် ရှားပါးလှသည်။ ထို့ကြောင့် ၎င်းတို့မျိုးဆက်အနက် တစ်ဦးသေဆုံးမှုသည် အဓိကကျသော ဖြစ်စဉ်တစ်ခုဖြစ်သည်။
သို့သော် သူသည် ဤကဲ့သို့ ဆက်လက် တိုက်ခိုက်ရန် မဖြစ်နိုင်ကြောင်း ချက်ချင်း သဘောပေါက်သွားသည်။ ချူးယွင်ဖန်းသည် ဤနတ်အဆင့် မွန်းစတားများ၏ ထက်ဝက်ခန့်ကို သတ်ဖြတ်ခဲ့၍ ဤနေရာတွင် စောင့်ကြည့်နေသည့် အင်အားကြီး ပုဂ္ဂိုလ်တစ်ဦးရှိနေသောကြောင့် ၎င်းတို့ဘက်မှ အနိုင်ရရှိရန် အခွင့်အလမ်း မရှိပေ။
"ချီတက်ကြ"
ပုတ်သင်ကြီးက ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။ သူသည် ဝံပုလွေကဲ့သို့ မလှုပ်ရှားရန် ရွေးချယ်လိုက်သည်၊ သို့မဟုတ်လျှင် ချူးယွင်ဖန်းသည် သူ့ကို အနောက်ဘက်မှ တိုက်ခိုက်မည်မှာ သေချာသည်။ သူ့အတွက် တစ်ခုတည်းသော ရွေးချယ်မှုသည် တွန်းအားပေး၍ ဖောက်ထွက်ရန်ဖြစ်သည်။
ပုတ်သင်ကြီးသည် ချက်ခြင်းဆိုသလိုပင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သူသည် ကျယ်လောင်စွာ ဟိန်းဟောက်ပြီးနောက် ဟင်းလင်းပြင်ထဲမှ ဓားရှည်တစ်ချောင်းကို ဆွဲယူလိုက်သည်။ ၎င်းသည် အလွန် မည်းနက်၍ အနက်ရောင် အကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။ ထိုဓားသွား ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် အင်အားကြီးမား၍ ပြင်းထန်သော စွမ်းအင်များကို ထုတ်လွှတ်လာသည်။
"မင်းသေရမယ့် အချိန်ပဲ" အနက်ရောင်ဝတ်စုံနှင့် အမျိုးသားသည် ဟိန်းဟောက်ပြီးသည်နှင့် ချူးယွင်ဖန်းကို ဓားဖြင့် ခုတ်ဖြတ်လိုက်သည်။
ဓားသွားသည် ရိုးရှင်း၍ အဆင်တန်ဆာကင်းမဲ့ကာ ၎င်းအတွင်း မည်သည့်သိုင်းပညာကိုမျှ ထည့်သွင်းထားခြင်း မရှိပေ။ သို့သော်လည်း ထိုအမျိုးသား၏ အစွမ်းထက်သော ကိုယ်ခန္ဓာပံ့ပိုးမှုအရ တိုက်ခိုက်မှုကို မတားဆီးနိုင်ပါက တူညီသောနယ်ပယ်ရှိ လူသားတစ်ဦးလျှင်ပင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားပေလိမ့်မည်။
'လစ်ဟာမှုတစ်ခု လစ်ဟာမှုတစ်ခုပဲလိုတယ်” ထိုအမျိုးသားသည် စိတ်ထဲတွင် ကြိမ်းဝါးလိုက်သည်။ ချူးယွင်ဖန်းသည် တိုက်ခိုက်မှုကို တားဆီးလျှင် သေဆုံးရမည်ဖြစ်၍ မတားဆီးခဲ့ပါက မိမိအတွက် လွတ်လမ်းရရှိနိုင်မည်ဖြစ်သည်။
အမျိုးသားသည် သေးငယ်သော လစ်ဟင်းမှုကိုသာ လိုချင်နေခဲ့သည်။ သို့သော် သူ၏ အံ့အားသင့်မှုအရ ချူးယွင်ဖန်းသည် တိုက်ခိုက်မှုကို မရှောင်တိမ်းခဲ့ဘဲ အနည်းငယ်မျှပင် ရွေ့လျားခြင်း မရှိသည့်အပြင် ဓားသွားကို သူ၏ခန္ဓာကိုယ်ပေါ် သက်ရောက်ခွင့်ပြုလိုက်သည်။ ဓားသွားသည် သူ့ကို ထိမိခါနီးတွင် ချူးယွင်ဖန်းက လက်သီးကို တင်းတင်းဆုပ်၍ ဝှေ့ယမ်းလိုက်သည်။ ဤလက်သီးချက်၏ စွမ်းအင်သည် ကမ္ဘာတဝှမ်းလုံးကို ပျံ့နှံ့သွားစေသည့် အသူရကာယ်တစ်ပါးအဖြစ် ပြောင်းလဲသွားသည်။
ဓားသွား အရောင်အဝါသည် အသူရကာယ်နှင့် တိုက်မိကာ ကြောက်မက်ဖွယ်ကောင်းသော ဒီရေလှိုင်းများ ထွက်ပေါ်လာစေသည်။ စွမ်းအင်လှိုင်းများသည် စစ်မြေပြင်တစ်ခုလုံးကို လွှမ်းခြုံသွားလေ၏။ သူ၏ ပထမတိုက်ခိုက်မှု ကျရှုံးပြီးနောက် ချူးယွင်ဖန်း၏ နောက်ထပ်တိုက်ခိုက်မှုလှိုင်းများသည် နှောင့်နှေးခြင်းမရှိဘဲ ကျရောက်သောကြောင့် ထိုအမျိုးသားတွင် တွေးတောချိန်ပင် မရလိုက်ပေ။
ဘုံး
ဘုံး
ဘုံး
ထိုအမျိုးသားသည် ထိတ်လန့်ဖွယ်ရာ တိုက်ခတ်မှုများစွာနှင့် ကြုံတွေ့ပြီးနောက် နောက်ဆုံးတွင် တောင့်မခံနိုင်တော့ပေ။ သူသည် သွေးများ အန်ထွက်၍ လွင့်ပျံသွားရသည်။ သူ၏ခန္ဓာကိုယ်သည် အက်ကွဲကြောင်းများ သွေးများဖြင့် ဖုံးလွှမ်းသွား၍ အလျင်အမြန် ရှုံးနိမ့်သွားခဲ့သည်။
'ပဉ္စမမြောက် နတ်အဆင့် ဟုတ်လား။ သူလည်း အထိုးခံရမှာပဲ'
အခန်း (၉၄၈) အနက်ရောင်နဂါးဘုရင်ကို အနိုင်ယူ၍ အဘက်ဘက်သို့ သတ်ဖြတ်ခြင်း
နောက်ဆုံးတွင် အနက်ရောင် ၀တ်စုံနှင့် အမျိုးသားသည် သူ၏ လူသားပုံသဏ္ဌာန်ကို မထိန်းသိမ်းနိုင်တော့ပေ။ သူသည် သူ၏ မူလပုံသဏ္ဌာန်ဖြစ်သည့် အနက်ရောင် ပုတ်သင်ကြီးအဖြစ်သို့ ပြန်လည် ရောက်ရှိသွားသည်။
ထိုအချိန်တွင် ဤပုတ်သင်ကြီးသည် အဓိက ခံစစ်သုံးဦးကို နှိမ်နှင်းသည့်အချိန်ကဲ့သို့ သောင်းကျန်းနိုင်တော့မည် မဟုတ်ပေ။ ချူးယွင်ဖန်း၏ လက်သီးစွမ်းအင်သည် ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံအားလုံးကို ကွဲကြေသွားခဲ့စေ၍ ကျိုးနေသော အကြေးခွံများမှ သွေးများ စိမ့်ထွက်လာခဲ့သည်။ ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းမျိုးသာ ဖြစ်သည်။
ပုတ်သင်ကြီးတွင် ယခင်ကကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုမျိုး မရှိတော့ပေ။ ဝံပုလွေသည် ချူးယွင်ဖန်းကို ထိတွေ့မိသည်နှင့် မည်သို့ကြောင့် ထွက်ပြေးချင်ခဲ့ရသည်ကို ပုတ်သင်ကြီး နားလည်သွားခဲ့သည်။ ဝံပုလွေသည် ၎င်း၏စွမ်းအင်အရ ချူးယွင်ဖန်းကဲ့သို့သော ဖြစ်တည်မှုကို အနိုင်ယူရန် မဖြစ်နိုင်လုနီးပါးသာဖြစ်သည်။
'လူသားတွေကြားမှာ ဒီလို မွန်းစတားမျိုး ဘယ်လိုလုပ်ရှိနေရတာလဲ။ လူသားတွေက နည်းပညာလမ်းကြောင်းမှာ ကောင်းကင်ဘုံရဲ့ ကောင်းချီး ပေးတာကို ခံခဲ့ရပေမယ့် ကျင့်ကြံမှုလမ်းကြောင်းမှာ အားသာမှုဆိုပြီး မရှိတာ သေချာတယ်။ အထူးသဖြင့် ထူးခြားတဲ့ မွန်းစတားစွမ်းရည်တွေနှင့် နှိုင်းယှဉ်ရင်' ထိုအချိန်တွင် ပုတ်သင်ကြီးသည် သူ၏စိတ်ထဲတွင် တွေးနေမိသည်။
သို့သော် ချူးယွင်ဖန်းသည် သူ့ကို အမှန်တကယ် လုံးလုံးလျားလျား ဖိနှိပ်ခဲ့သည်။ မည်သို့သော မွန်းစတားမျိုး ဖြစ်သနည်း။
"အညံ့ခံမလား၊ အသေခံမလား" ချူးယွင်ဖန်းသည် ပုတ်သင်ကြီးကို ကြည့်၍ မေးမြန်းလိုက်သည်။
ပုတ်သင်ကြီးသည် ချူးယွင်ဖန်းကို စိုက်ကြည့်ပြီးနောက် အဆုံးတွင် အညံ့ခံရန် ရွေးချယ်လိုက်သည်။ အညံ့မခံရန် ငြင်းဆန်ခဲ့လျှင် ချူးယွင်ဖန်းက သူ့ကို ချက်ချင်း သတ်ပစ်ရန် တွန့်ဆုတ်နေမည် မဟုတ်ကြောင်း ခံစားလိုက်ရသည်။
ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ ပုတ်သင်ကြီးသည် အတော်လေး လိမ္မာပါးနပ်လှသည်။ ချူးယွင်ဖန်းသည် သာမန်နတ်အဆင့်များကို အထင်မကြီးခဲ့သော်လည်း ဤပုတ်သင်ကြီး၏ ကျင့်ကြံမှုသည် ပဉ္စမမြောက် နတ်အဆင့်တွင် ရှိနေသည်။
ထိုကဲ့သို့သော ကျင့်ကြံမှု အဆင့်မျိုးသည် လက်ရှိ ပြည်ထောင်စုတွင် အလွန် ရှားပါးလှသည်။ လူသားတို့သည် တာအိုသိုင်းပညာနယ်ပယ်တွင် အရှိန်အဟုန်ဖြင့် တိုးတက်နေလျှင်ပင် ထိပ်တန်းကျွမ်းကျင်သူအဖြစ် အချိန်အတော်ကြာ အဆင့်သတ်မှတ်ခံရရန် မလုံလောက်ကြောင်း ခန့်မှန်းနိုင်သည်။
ချူးယွင်ဖန်းသည် လက်ဖြင့် စည်းတံဆိပ်တစ်ခု ပြုလုပ်လိုက်သည်နှင့် ဧရာမ ရွှေရောင် လက်ကြီးအဖြစ် ပြောင်းလဲကာ ပုတ်သင်ကြီးကို ဖမ်းဆုပ်လိုက်လေသည်။ ၎င်းသည် ပုတ်သင်ကြီး၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်းပင် ဝင်ရောက်သွားကာ ခဏအကြာတွင် ပုတ်သင်ကြီး၏ ခန္ဓာကိုယ်ထဲမှ အရိပ်တစ်ခုကို ဆွဲထုတ်လိုက်သည်။
၎င်းသည် ပုတ်သင်ကြီး၏ အာဒိကပ္ပဝိညာဉ် သို့မဟုတ် ယင်းဝိညာဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ၎င်းသည် ယခုအခါ ချူးယွင်ဖန်း၏လက်ထဲတွင် ရှိနေ၍ အတွေးတစ်ခုတည်းဖြင့် သတ်ဖြတ်နိုင်မည်ဖြစ်သည်။
ပုတ်သင်ကြီးသည် လုံးလုံးလျားလျား မခုခံဝံ့ပေ။ မဟုတ်လျှင် ချူးယွင်ဖန်းသည် သူ့ကို အလွယ်တကူ သတ်ဖြတ်နိုင်သောကြောင့် သူ ချက်ချင်း သေဆုံးသွားနိုင်သည်။
ဤအာဒိကပ္ပဝိညာဉ်၏ အစိတ်အပိုင်းကို စုပ်ယူပြီးနောက် ပုတ်သင်ကြီးသည် ချူးယွင်ဖန်းထံမှ မည်သည့်လျှို့ဝှက်ချက်ကိုမျှ ဖုံးကွယ်ထားနိုင်တော့မည် မဟုတ်ပေ။ အရာအားလုံးသည် သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။ ဤပုတ်သင်ကြီး၏အမည်သည် “အနက်ရောင် နဂါးဘုရင်” ဖြစ်ကြောင်း ယခုအခါ ချူးယွင်ဖန်း သိသွားခဲ့သည်။ သို့ရာတွင် ၎င်းသည် အရှေ့တိုင်းမှလာသည့် နဂါးမျိုးမဟုတ်သော်လည်း အေဒီခေတ်၏ အနောက်တိုင်းဒဏ္ဍာရီမှ ဆက်သက်လာသော နဂါးမျိုးကွဲတစ်ကောင်ဖြစ်သည်။
သို့သော် ချူးယွင်ဖန်းအတွက် အရေးမကြီးလှပေ။ သူသည် အင်အားကြီးမားသော လက်ရွေးစင်တစ်ဦးကို ရရှိလိုက်သည်။ သူသည် ဤအင်အားစုမျိုးကို သိပ်ဂရုမစိုက်သော်လည်း သူ၏မိသားစုအတွက် အကာအကွယ်အဖြစ် ကောင်းကောင်းအသုံးချနိုင်သည်။
"ခင်ဗျား ကျုပ်ဆီမှာ အညံ့ခံပြီးပြီဆိုမှတော့ ကျုပ်ကလည်း တွန့်တိုနေမှာ မဟုတ်ပါဘူး။ ဒီမှာ ခင်ဗျားအတွက် ဆုလာဘ်"
ချူးယွင်ဖန်းသည် သူ၏လက်ချောင်းများကို ဝှေ့ယမ်းလိုက်သည်နှင့် အနက်ရောင် နဂါးဘုရင်၏ စိတ်ထဲတွင် အလင်းတန်းတစ်ခု ရောက်ရှိလာသည်။ အနက်ရောင် နဂါးဘုရင်သည် သူ့စိတ်ထဲတွင် ကျင့်ကြံနည်းတစ်ခု ပေါ်ပေါက်လာကြောင်း ချက်ချင်း ခံစားလိုက်ရသည်။ ဤသိုင်းပညာသည် နတ်ဆိုးကျင့်ကြံမှု သိုင်းပညာဖြစ်၍ သူ အသုံးပြုခဲ့သော သိုင်းပညာနှင့် နှိုင်းယှဉ်ရင် ပို၍ အဆင့်မြင့်လှသည်။
ဤအဆင့်သို့ ကျင့်ကြံနိုင်ခဲ့သည့် အဓိကအကြောင်းအရင်းသည် သူ၏ မွေးရာပါ ပင်ကိုယ်သွေး အရည်အချင်းကြောင့်သာဖြစ်သည်။ သူ အသုံးပြုခဲ့သည့် သိုင်းပညာ လမ်းစဉ်သည် အနတ္တ နတ်ဆိုးတောင်တန်းတွင် အစွမ်းထက်သော သိုင်းပညာဟု ယူဆထားသော်လည်း သူ၏စိတ်ထဲသို့ ချူးယွင်ဖန်း ထည့်သွင်းခဲ့သည့် သိုင်းပညာနှင့် နှိုင်းယှဉ်ပါက မပြောပါ့လောက်ပေ။
အနက်ရောင် နဂါးဘုရင်သည် ဤသိုင်းပညာဖြင့် နတ်အဆင့်၏ အထွတ်အထိပ်သို့ တက်လှမ်းခြင်း သို့မဟုတ် အနာဂတ်တွင် ၎င်းအဆင့်ကိုပင် ကျော်ဖြတ်ခြင်းသည် သူ့အတွက် အလွန် လွယ်ကူပေလိမ့်မည်။ ၎င်းအတွက် အချိန်တစ်ခုသာ လိုအပ်မည်ဖြစ်သည်။
သူသည် ကနဦးတွင် စိတ်မကျေမနပ်ဖြစ်နေခဲ့လျှင် ဤအချိန်တွင် အရာအားလုံး ပျောက်ပြယ်သွားခဲ့သည်။ အဆုံးတွင် မည်သူအတွက် တာဝန်ထမ်းဆောင်ရခြင်းဖြစ်ပါစေ အရေးမကြီးပေ။ သူသည် အနတ္တ နတ်ဆိုးတောင်တန်းတွင် တာဝန်ထမ်းဆောင်ပါက၊ သူ၏ ကျင့်ကြံမှုများသည် ခုန်ပျံ ကျော်လွှား၍ တိုးတက်လာမည် မဟုတ်သော်လည်း ချူးယွင်ဖန်းသည် သူ့ကို ထိုကဲ့သို့သော အခွင့်အရေးမျိုး ပေးစွမ်းခဲ့သည်။
သူသည် အနတ္တ နတ်ဆိုးတောင်တန်းတွင် မွေးဖွားခဲ့၍ သန်မာသူများက အားနည်းသူများအပေါ် အနိုင်ကျင့်အမြတ်ထုတ်သည့် တောတွင်းဥပဒေများကိုသာ နားလည်သည်။ ထိုနေရာ၌ သန်မာသူများသာ ပြောရေးဆိုခွင့်ရှိပေလိမ့်မည်။
"ကျေးဇူးတင်ပါတယ် အရှင်" အနက်ရောင် နဂါးဘုရင်၏ အပြုအမူများသည် လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ ခဏလေးအတွင်းမှာပင် ချူးယွင်ဖန်းသည် သူ့ကို ထိန်းချုပ်နေပြီဟူသော အချက်ကို လက်ခံလိုက်သည်။
သူ့တွင် တခြားသော ရွေးချယ်စရာ မရှိတော့ပေ။ ချူးယွင်ဖန်း၏ ထိန်းချုပ်မှုသည် သူ၏စိတ်ဝိညာဉ်ထဲထိ နက်ရှိုင်းနေသည်။ သူသည် မည်မျှပင် သန်မာနေပါစေ ချူးယွင်ဖန်း၏ အတွေးတစ်ခုဖြင့် သေဆုံးသွားပေလိမ့်မည်။ သူ၏ အာဒိကပ္ပဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာရှိ စည်းတံဆိပ် တည်ရှိမှုကိုပင် ရှင်းရှင်းလင်းလင်း သိရှိနိုင်သည်။
ယခုအခါ သူ၏အသက်သည် ချူးယွင်ဖန်း၏ လက်ထဲတွင်ရှိနေ၍ သူ့ထံ အဆင့်ဖြတ်ကျော်မှု မျှော်လင့်ချက်ကို ပေးစွမ်းခဲ့သောကြောင့် သူသည် ချူးယွင်ဖန်းကို ချက်ချင်း ဒူးထောက်လိုက်သည်။ သို့သော် ဤသည်မှာ ချူးယွင်ဖန်းအတွက် အကျိုးရှိ၍ အကုန်ကျသက်သာသော အခြေအနေမျိုးဖြစ်သည်။ ဤနတ်ဆိုး ကျင့်ကြံမှု နည်းပညာသည် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များထဲမှ နည်းပညာတစ်ခုဖြစ်၍ နတ်ဆိုးများကို လေ့လာရာတွင် အသုံးပြုခဲ့သော်လည်း ဆေးဧကရာဇ်သည် သူကိုယ်တိုင် မကျင့်ကြံခဲ့ပေ။
မည်သို့ဆိုသော် လူသားများနှင့် နတ်ဆိုးများ၏ဖွဲ့စည်းပုံသည် လုံးလုံးလျားလျား ကွဲပြားသောကြောင့်ဖြစ်ရာ၊ ၎င်းကျင့်ကြံမှုကို ကိုးကားချက်အဖြစ်သာ အသုံးပြုနိုင်သော်လည်း တူညီသော နည်းလမ်းအဖြစ် အသုံးမပြုနိုင်ပေ။
"ခင်ဗျားရဲ့တန်ဖိုးကို ပြသဖို့ အချိန်တန်ပြီ။ ကျုပ် ဒီအကောင်တွေကို လုံးဝ မမြင်ချင်တော့ဘူး"
ချူးယွင်ဖန်းသည် စစ်မြေပြင်ရှိ ဒါဇင်ကျော်မျှသော နတ်အဆင့် မွန်းစတားများကို အလွန် အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ အနက်ရောင် နဂါးဘုရင်သည် ချက်ချင်းပင် ပြန်ဖြေကြားလိုက်သည်။ သူ၏ပြင်းထန်သော ပြန်လည်ကုသနိုင်စွမ်းသည် ထိုကာလတိုလေးအတွင်းမှာပင် သူ၏ဒဏ်ရာများစွာကို ကုသပေးနေပြီဖြစ်သည်။ သူ၏ခန္ဓာကိုယ်ရှိ ဒဏ်ရာများသည် သွေးများ တိတ်သွားခဲ့သည်။ သူ၏အထွတ်အထိပ် အခြေအနေအထိ အပြည့်အဝ ကောင်းမွန်လာခြင်း မဟုတ်သော်လည်း လုံလောက်နေပြီဖြစ်သည်။
သူသည် ဧရာမ အတောင်ပံများကို လှုပ်ခတ်၍ ယခင်က သူ၏ အပေါင်းအဖော်ဖြစ်ခဲ့သော နတ်အဆင့် မွန်းစတားများကို တိုက်ခိုက်လိုက်သည်။ သူသည် သူ၏ သခင်အသစ်ဖြစ်သော ချူးယွင်ဖန်း အရှေ့တွင် အထင်အမြင်ကောင်းတစ်ခု ကျန်ရစ်စေရန် အရူးအမူး တိုက်ခိုက်နေခဲ့သည်။ ဤမွန်းစတားများသည် ကနဦးကတည်းက သူနှင့် မယှဉ်နိုင်ခဲ့ရာ၊ အနက်ရောင် နဂါးဘုရင်သည် ၎င်းတို့ကို ရုတ်တရက် တိုက်ခိုက်လာရန် မမျှော်လင့်ထားကြပေ။
ပထမ တိုက်ခိုက်မှုတွင် အနက်ရောင် နဂါးဘုရင်သည် မွန်းစတားတစ်ကောင်ကို ဆွဲဖြဲပစ်လိုက်သည်။ ဤအခိုက်အတန့်တွင် ချူးမိသားစု ဘိုးဘေးကြီးနှင့် အခြားလူများသည် “သဘာဝအတိုင်းပါပဲ” ဟူသော အသွင်အပြင်မျိုး ထုတ်ဖော်ပြသလာသည်။ ဤသည်မှာ ၎င်းတို့ကြိုတင်ခန့်မှန်းနိုင်သော မြင်ကွင်းတစ်ခုဖြစ်သည်။ အနက်ရောင် နဂါးဘုရင်သည် အမှန်တကယ် သန်မာလွန်းခဲ့ရာ၊ အဓိက ခံစစ်သုံးဦးတို့၏ ပူးပေါင်းတိုက်ခိုက်မှုဖြင့်ပင် အနောက်သို့ ဆုတ်ခွာစေရန် ပြုလုပ်နိုင်ခဲ့သည်။
သို့သော် ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်နဂါးဘုရင်သည် ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရသောအခါ လုံးလုံးလျားလျား ရှုံးနိမ့်သွားခဲ့သည်။ ယင်းသည် ၎င်းတို့၏ ကမ္ဘာကြီးအပေါ် ထားရှိသောအမြင်နှင့် ယုံကြည်ချက်များကို ပျက်ပြယ်စေခဲ့သောကြောင့် ယခုအခါ လေထုအခြေအနေသည် သာမာန်ဖြစ်စဉ်ဟုသာ နောက်တစ်ကြိမ် ခံစားလိုက်ရသည်။ အနက်ရောင် နဂါးဘုရင်သည် သူ၏နတ်စွမ်းအင်ကို လွှတ်ထုတ်လိုက်ကာ တိုက်ခိုက်မှု တစ်ခုတည်းဖြင့် နတ်အဆင့် မွန်းစတားတစ်ကောင်ကို ချက်ချင်း သတ်ပစ်လိုက်သည်။
'ဒီလိုမှပေါ့'
“အားလုံးပဲ၊ ကျန်တဲ့ နတ်ဆိုးစစ်တပ်ကို သတ်ပြီးမှပဲ စကားပြောကြရအောင်"
ချူးယွင်ဖန်းသည် ထိုစကားကို ပြောပြီးသည်နှင့် စကြဝဠာထဲသို့ တစ်ဖန်ပျောက်ကွယ်သွားကာ အခြားသော စစ်မြေပြင်သို့ အပြေးနှင်လိုက်လေသည်။