အခန်း (၉၆၁-၉၆၃)
Vol. 65 Ch. 961-963
အခန်း (၉၆၁) ငြင်းဆို၍မရသော အထောက်အထားများ၊ လှိုင်းလေထန်သော ရေစီးကြောင်းများ
ဤပို့စ်သည် ဖြစ်နိုင်ခြေတစ်ခုဟုသာ ပြောခဲ့သော်လည်း ၎င်း၏ ပရော်ဖက်ရှင်နယ်အချက်အလက်များအရ ဟာသတစ်ခုဟု မထင်မှတ်ရပေ။ အထူးသဖြင့်၊ ဤအချက်အလက်များသည် သာမန်ဖြတ်သွားဖြတ်လာများ ထုတ်လုပ်နိုင်သည့် အရာမဟုတ်ပေ။ နောက်ကွယ်ရှိ ပုဂ္ဂိုလ်၏ ရည်ရွယ်ချက်ကို မသိကြသော်လည်း ထိုပုဂ္ဂိုလ် ပိုမို အားကောင်းလေ အကြောင်းအရာများက ပို၍ အဓိပ္ပာယ်ရှိလေဖြစ်ကြောင်း သိသာထင်ရှားသည်။
လူအများက သူ့ကို ပိုမို ယုံကြည်ကြလေ၊ ထိုဖြတ်သွားဖြတ်လာပုဂ္ဂိုလ်၏ စကားများက ရုန်းရင်းဆန်ခတ်ဖြစ်မှု နည်းပါးလေဖြစ်ပေသည်။ ချူးယွင်ဖန်းအကြောင်း အတင်းအဖျင်းမျိုးစုံသည် နေ့စဉ်နေ့တိုင်း အင်တာနက်ပေါ်တွင် ပေါက်ကြားနေခဲ့သော်လည်း ထိုသို့လူအများ၏ အာရုံကို ဆွဲဆောင်နိုင်သော သတင်းအချက်အလက်မျိုးသည် အလွန်နည်းပါးလှသည်။
သို့သော် ဤတစ်ကြိမ်တွင် အကြောင်းအရာများသည် ကွဲပြားခြားနားနေသည်။ အဆုံးတွင် ဤသည်မှာ ရှင်သန်ရန် အားကိုးနေရသော သူ၏ခွန်အားနှင့် ဆက်စပ်နေခဲ့သည်။ ချူးယွင်ဖန်းသည် သူ့ကို ပြည်ထောင်စုတွင် နံပါတ်တစ်ဟု လူသိများစေသည့် ဤခွန်အားသာမရှိလျှင် မည်သို့ အခြေမြဲနိုင်မည်နည်း။ အထူးသဖြင့် သူသည် လူများစွာကို စော်ကားပြုမူခဲ့သောအခါ ပို၍ပင် စိုးရိမ်ဖွယ်ဖြစ်လှသည်။
ဤသို့ဆိုလျှင်ပင် ထိုရယ်ဖွယ်ရာကောင်းသော အကြောင်းအရာကို မယုံကြည်ကြသူ အများအပြား ရှိနေဆဲဖြစ်သည်။ ၎င်းသတင်းကို လူအများစုက မယုံကြည်ကြပေ။ နောက်ဆုံးတွင် သူသည် အဘက်ဘက်၌ သတ်ဖြတ်မှုကို စတင်ရုံသာရှိသေးသော်လည်း ယခုအခါ ချူးယွင်ဖန်းသည် သူ၏တိုက်ခိုက်နိုင်စွမ်းများ ဆုံးရှုံးသွားပြီဟု ၎င်းတို့က ဆိုနေကြသည်။
ချူးယွင်ဖန်းသည် မည်သို့သော ပြဿနာမျိုးနှင့်မှ ကြုံတွေခဲ့ပုံမပေါ်ပေ။ သို့သော်လည်း ချူးယွင်ဖန်းသည် ဆေးဖော်စပ်ရန်အတွက် ဆေးဖက်ဝင်ပစ္စည်းများကို စုဆောင်းနေသည်ဟူသော အချက်ကို ထုတ်ဖော်ပြသခဲ့သည်။ ဤမတိုင်ခင်အချိန်အတွင်း ထိုအကြောင်းအရာနှင့်ပတ်သက်၍ တစ်စုံတစ်ခု အမှားအယွင်းနေသည်ဟု မည်သူမျှ မခံစားရပေ။ သူသည် ဆေးပညာရှင်တစ်ဦးဖြစ်သောကြောင့် သူ၏ ဆေးဖော်စပ်မှုသည် မထူးဆန်းလှပေ။
သို့သော် သတင်းပေါက်ကြားပြီးနောက် ဤကျင့်ကြံမှုအဆင့်တွင် ရှိနေသော ချူးယွင်ဖန်း၏ ဆေးပညာအပေါ် စွဲလမ်းနေမှုသည် ထူးဆန်းနေခဲ့သည်။ မည်သို့ပင်ကြည့်စေကာမူ သာမာန်ဖြစ်ပုံမပေါ်ပေ။ ဤအကြောင်းအရာကြောင့် ထိုပို့စ်နှင့်ပတ်သက်၍ ထင်ကြေးပေးမှုများ များပြားလာစေသည်။
သို့သော် လူအများအပြားက အနည်းငယ်မျှသာ သံသယဖြစ်နေကြ၍ အများစုက မယုံကြည်ကြပေ။ သို့သော်လည်း တစ်စုံတစ်ယောက်သည် ပို့စ်တွင် ပြောကြားခဲ့သမျှကို အတည်ပြုလာခဲ့သည်။ ချူးယွင်ဖန်းသည် သူ၏တိုက်ခိုက်ရေးစွမ်းအင်ကို ဆုံးရှုံးရသည့်အကြောင်းရင်းမှာ ရေနက်ပိုင်းမိကျောင်းမျိုးနွယ်စု၏ မှော်လက်နက်တစ်ခုကို လုယူသွားခြင်းကြောင့်ဖြစ်၍ ၎င်းမှော်လက်နက်၏ တုံ့ပြန်မှုကို ခံစားနေရသောကြောင့်ဖြစ်သည်။
ဤကိစ္စနှင့် ပတ်သက်၍၊ ချူးယွင်ဖန်းတွင် တစ်ခုခုဖြစ်ပွားခဲ့ကြောင်း အတည်ပြုချင်နေဟန်ဖြင့် ဤအရာအားလုံးသည် အမှန်တကယ်ဖြစ်ကြောင်း ရေနက်ပိုင်းမိကျောင်းမျိုးနွယ်စုက ကျိန်ဆိုခဲ့ကြသည်။ ရေနက်ပိုင်းမိကျောင်းမျိုးနွယ်စုသည် ဤအကြောင်းကြောင့် မိမိကိုယ်ကို ဖျက်ဆီးရန် တွန့်ဆုတ်မနေဘဲ ၎င်းတို့၏ကျွမ်းကျင်သူအများအပြားသည် ချူးယွင်ဖန်း၏လက်ချက်ဖြင့် ဆိုးရွားစွာ သေဆုံးသွားသည်ဟု ဆိုခဲ့ကြသည်။ ၎င်းသေဆုံးသူများအနက် နတ်အဆင့်ကျွမ်းကျင်သူများ ကင်းမဲ့ခြင်း မရှိခဲ့ပေ။
ချူးယွင်ဖန်းအတွက်မူ သူသည် မျက်ရည်လည်ရွဲနှင့် ညည်းညူနေခြင်းဟု ဆိုနိုင်သည်။ မှန်ကန်စွာပြောရလျှင် တောင်မြစ်ပန်းချီကားထဲတွင် ချူးယွင်ဖန်း အဆင့်ဖြတ်ကျော်စဉ် သူနှင့်ပတ်သက်သော သတင်းသည် ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စုထံ ရောက်ရှိနေပြီဖြစ်သည်။ ၎င်းတို့သည် မူလက ချူးယွင်ဖန်းကို ဖမ်းဆီးနိုင်မည်ဟု ထင်မှတ်ခဲ့ကြသည်။
နောက်ဆုံးတွင် သူ၏ကျင့်ကြံမှုအဆင့်အရ အဖြူရောင် မိကျောင်း၏ပြိုင်ဘက်ဖြစ်ရန် မဖြစ်နိုင်ပေ။ ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စုတွင် အဖြူရောင်မိကျောင်းသည် ၎င်းတို့အားလုံးအနက်ပင် အင်အားအကြီးဆုံးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ကမ်းပေါ်တက်လျှင် ၎င်းတို့အဏ္ဏဝါတပ်သားများရင်ဆိုင်ရမည့် ချူးယွင်ဖန်းနှင့်ပတ်သက်သည့် ကြီးမားသော ပြဿနာအကြောင်း စောင့်မျှော်နေကြခြင်းဖြစ်သည်။
အဖြူရောင်မိကျောင်းက ချူးယွင်ဖန်းကို သတ်ဖြတ်ရန် စောင့်မျှော်နေကြခြင်း သို့မဟုတ် အဖြူရောင်မိကျောင်း၏အဆိုအရ ချူးယွင်ဖန်းသည် မိုးကြိုးနတ်ဘုရားလှံတံ၏ ဝါးမျိုမှုဖြင့် ကမ္ဘာတစ်ခုတွင် သေဆုံးသွားခြင်းဖြစ်နိုင်သည်။ သို့သော် ၎င်းတို့ရရှိခဲ့သည့် အကြောင်းအရာသည် အလွန်ဆိုးရွားလိမ့်မည်ဟု မည်သူသိသနည်း။ ၎င်းတို့စေလွှတ်လိုက်သော တပ်သားများအနက် မည်သူမျှ ပြန်မလာနိုင်သည့်အပြင် ချူးယွင်ဖန်းသည် ဘေးကင်းစွာ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။
တိုက်ပွဲ၏ ရလဒ်သည် ရှင်းလင်းလှပေသည်။ အဖြူရောင်မိကျောင်းနှင့် အခြားသော နတ်အဆင့်ကျွမ်းကျင်သူများ၊ မွေးဖွားခြင်းနယ်မြေအဆင့် ထောင်ပေါင်းများစွာတို့သည် ချူးယွင်ဖန်း၏လက်ချက်၌ သေဆုံးခဲ့ရစဉ် သူကိုယ်တိုင်သည် ထိခိုက်ဒဏ်ရာမရှိဘဲ ပြန်ရောက်လာခဲ့သည်။
မှန်ကန်စွာပြောရမည်ဆိုလျှင် ဤပို့စ်ကို ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စုက ရေးသားခဲ့ကြကြောင်း မည်သူမျှ မသိခဲ့ကြပေ။ သာမာန်လူတစ်ယောက်သည် ချူးယွင်ဖန်းက နတ်စွမ်းအင် အတက်အကျများမရှိဘဲ သာမန်လူတစ်ဦးကဲ့သို့ ဖြစ်နေခြင်းကို မြင်တွေ့ကြလျှင် ထိုအကြောင်းအရာကို သိပ်စဉ်းစားတွေးတောကြမည် မဟုတ်ပေ။
နောက်ဆုံးတွင် သူ့ခွန်အားသည် မယုံကြည်နိုင်ဖွယ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် မယုံကြည့်နိုင်ဖွယ် ဖြစ်ရပ်များကို ပြုလုပ်ခြင်းသည် အလွန် လွယ်ကူလှသည်။ ထို့အပြင် သူသည် နတ်အဆင့် အယောက်ငါးဆယ်ကျော်ကို သတ်ဖြတ်ခဲ့သူဖြစ်သည်။ လူများစွာသည် ချူးယွင်ဖန်း၏ တည်နေရာကို အနီးကပ်အာရုံစိုက်နေကြလျှင်ပင် သူ၏တိုက်ခိုက်ရေးစွမ်းအင်များ ဆုံးရှုံးသွားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်ကြမည် မဟုတ်ပေ။
ဤအတွေးအမြင်များသည် ထူးဆန်းလွန်းလှသည်။ သို့သော် ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စုသည် ကွဲပြားခြားနားသည်။ အဖြူရောင်မိကျောင်းသည် ချူးယွင်ဖန်း၏လက်ချက်ဖြင့် မသေဆုံးမီတွင် ချူးယွင်ဖန်းသည် မိုးကြိုးနတ်ဘုရားလှံတံ၏ တုန့်ပြန်မှုကို ခံခဲ့ရသည်ဟူသော သတင်းကို ပြန်လည်ပေးပို့ခဲ့ပြီးဖြစ်သည်။ ချူးယွင်ဖန်း၏အခြေအနေကို ၎င်းတို့၏ကြိုတင်တွေးခေါ်မှုအောက်တွင် မတူညီသော အတွေးအမြင်များဖြင့် ကြည့်ရှုခဲ့ကြသည်။
ဤဖြစ်စဉ်သည် သာမာန်လူများ၏ အမြင်တွင် အလွန် ပုံမှန်ဖြစ်သော်လည်း ၎င်းတို့မျက်လုံးများတွင်မု လုံးလုံးလျားလျား ပုံမှန်မဟုတ်ခဲ့ပေ။ နောက်ဆုံးတွင် ချူးယွင်ဖန်းသည် မိုးကြိုးနတ်ဘုရားလှံတံ၏ တုံ့ပြန်မှုကို ခံစားနေမည်ဟု ဆုံးဖြတ်ထားကြ၍ သူ၏ လက်ရှိ လျစ်လျူရှုမှုသည် အတင်းအကြပ် လုပ်ယူမှုတစ်ခုသာ ဖြစ်ကောင်းဖြစ်နိုင်သည်။
ထို့ကြောင့် ၎င်းတို့သည် ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းအင်များ ဆုံးရှုံးသွားပြီဟု တိကျစွာ ကောက်ချက်ချနိုင်ရန်အတွက် နည်းမျိုးစုံ ကြိုးစားကာ နှစ်များအတွင်း ၎င်းတို့ တီထွင်ခဲ့သော နည်းလမ်းအားလုံးကို အသုံးပြုခဲ့သည်။ မည်သို့ဆိုသော် ၎င်းတို့သာ အကြောင်းအရာတစ်ခုခုကို ပေါ့ပေါ့တန်တန် ပြုလုပ်၍ ပို့စ်တင်မည်ဆိုလျှင် ဘယ်သူမျှ ဂရုစိုက်ကြမည် မဟုတ်ပေ။
ယခုအခါ အရာအားလုံး ကွဲပြားသွားပြီဖြစ်သည်။ ၎င်းတို့ကိုယ်တိုင် ဦးဆောင်သရုပ်ဆောင်မှုအောက်တွင် လူအများက ဤသတင်းကို ယုံကြည်လာကြသည်။ ဤကောလာဟလများသည် ချူးယွင်ဖန်းကို အမှန်တကယ် အန္တရာယ်ဖြစ်စေလိမ့်မည်ဟု မိကျောင်းမျိုးနွယ်စုက မမျှော်လင့်ထားသော်လည်း သူ၏တိုက်ခိုက်ရေးစွမ်းအင်များ ဆုံးရှုံးသွားသည်ဟု သံသယရှိသူများရှိနေသရွေ့ လုံလောက်ပြီဖြစ်သည်။
ချူးယွင်ဖန်း၏ စွမ်းဆောင်မှုကို ကြည့်ရှုမှုအရ သူသည် ပြည်ထောင်စု၏ နံပါတ်တစ်ဟူသော ရာထူးနှင့် ထိုက်တန်သူဖြစ်သည်။ ပြည်ထောင်စုသည် အဆင့်မြင့် သိုင်းပညာ တိုက်ခိုက်ရေးစွမ်းရည်တွင် မည်သည့်အခါမျှ အသာစီးမရခဲ့သော်ငြားလည်း ပြည်ထောင်စု၏ နံပါတ်တစ် နေရာသို့ ရောက်ရှိနိုင်သူတစ်ဦးသည် ထူးကဲလှပေလိမ့်မည်။
ချူးယွင်ဖန်းသည် လမ်းတစ်လျှောက်တွင် မရေတွက်နိုင်သော လူအများကို စော်ကားခဲ့သူဖြစ်သည်။ ၎င်းတို့အနက် မည်သူက ပြိုင်ဘက်ကင်း ကျွမ်းကျင်သူများ မဟုတ်ကြသနည်း။ သို့သော် ၎င်းတို့အားလုံးသည် သူ၏ ခွန်အားကို ကြောက်ရွံ့ကြသောကြောင့် ကမောက်ကမ ပြုမူဝံ့ခြင်း မရှိပေ။
သို့သော် ချူးယွင်ဖန်းသည် သူ၏ တိုက်ခိုက်ရေးစွမ်းအင် အမှန်တကယ် ဆုံးရှုံးသွားခြင်း ရှိ မရှိနှင့်ပတ်သက်၍ သံသယဝင်လာသရွေ့ ၎င်းတို့၏ နှလုံးသားထဲတွင် "သံသယ" ဟူသော စကားလုံးကို စိုက်ထူလိုက်မည်ဆိုလျှင် လုံလောက်ပေလိမ့်မည်။
လူအများအပြားသည် တည်ငြိမ်စွာ ပြုမူနိုင်သော်လည်း ၎င်းတို့အနက် မတည်ငြိမ်နိုင်သူများ အမြဲတစေ ရှိနေကြစမြဲဖြစ်သည်။ ထိုအချိန်တွင် ချူးယွင်ဖန်းသည် သူ၏ တိုက်ခိုက်ရေးစွမ်းအင်ကို အမှန်တကယ် ဆုံးရှုံးခြင်း ရှိမရှိနှင့်ပတ်သက်၍ သိသာထင်ရှားလာပေလိမ့်မည်။ ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု၏လက်ချက်ဖြင့် မသေဆုံးနိုင်သည့်အတွက် နှမြောစဖွယ်ကောင်းသော်လည်း ချူးယွင်ဖန်းသည် သူ၏တိုက်ခိုက်ရေးစွမ်းအင်များ ဆုံးရှုံးသွားခဲ့ပါက၊ အသတ်ဖြတ်ခံရပေလိမ့်မည်။
သို့သော် သူသည် ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စုအပေါ် နာကျင်မှုများစွာကို ပေးစွမ်းခဲ့သည်။ ၎င်းတို့တွင် အလွန်အစွမ်းထက်သော ကျွမ်းကျင်သူများရှိလျှင်ပင် ဤသို့ရူးသွပ်သော သတ်ဖြတ်မှုမျိုးကို မခံနိုင်ကြပေ။ ချူးယွင်ဖန်းသာ သေဆုံးသွားပါက အကြီးကျယ် အခမ်းအနားဆုံး သတင်းဖြစ်လာပေလိမ့်မည်။
ထိုသို့သော အခြေအနေအောက်တွင် ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စုနှ ညွှန်ကြားလုပ်ဆောင်ခဲ့သည့် သတင်းသည် မရေတွက်နိုင်သော လူများစွာ၏ အာရုံစူးစိုက်မှု ဖြစ်လာခဲ့သည်။ ဤသည်မှာ ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု ခန့်မှန်းထားသည့်အတိုင်း ဖြစ်လာခဲ့သည်။ ချူးယွင်ဖန်းသည် လူများစွာကို စော်ကားခဲ့သောကြောင့် သူ့ဘက်မှ အားနည်းသည့်လက္ခဏာ အနည်းငယ်ကို ပြသနေသရွေ့ တစ်စုံတစ်ဦးက လှုပ်ရှားမှု ပြုလုပ်ပေလိမ့်မည်။
ချူးယွင်ဖန်း ပြန်ရောက်ကတည်းက အံ့ဩဖွယ်တစ်စုံတစ်ရာမျှ မလုပ်ဆောင်ခဲ့သည့် အထူးစစ်ဆင်ရေးဌာနကြောင့် ဤသတင်းကို ခိုင်မြဲသွားစေခဲ့သည်။ ချူးယွင်ဖန်းသည် ပြန်ရောက်လာစဉ်က ကိုယ်တိုင် မပျံသန်းခဲ့ဘဲ အနက်ရောင် နဂါးဘုရင်ကို စီးနင်းခဲ့သည်။ ဤနိမိတ်လက္ခဏာများအားလုံးသည် သူ၏ရန်သူများ၏ အမြင်တွင် ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းအင်များ ဆုံးရှုံးသွားခဲ့သည်ဟူသော အကောင်းဆုံး အထောက်အထားများဖြစ်ကြသည်။
အခန်း (၉၆၂) အမှန်တရားဟုတ်လား။ ထောင်ပေါင်းများစွာသော ဝဲဂယက်များဖြစ်ပွားစေသည့် ကျောက်တုန်း
အကြောင်းအရာသည် ချူးယွင်ဖန်းကို ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု၏ ပြစ်တင်ရှုတ်ချမှုနှင့်အတူ ပြီးပြည့်စုံသွားခဲ့သည်။ ချူးယွင်ဖန်းသည် ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စုဖော်ပြခဲ့သည့် မိုးကြိုးနတ်ဘုရားလှံတံကို လုယူခဲ့သော်လည်း လှံတံ၏ တုံ့ပြန်မှုကို ခံစားခဲ့ရသည်။ ချူးယွင်ဖန်းသည် ပြန်လာပြီးနောက် အဆင်ပြေချင်ယောင်ဆောင်သော်လည်း သူသည် သူ၏ဒဏ်ရာများကို ကုသရန်အတွက် ဆေးဖက်ဝင်ပစ္စည်းများ တိတ်တဆိတ် စုဆောင်းနေခဲ့သည်။
ဤအရာအားလုံးကို ခွဲခြမ်းစိတ်ဖြာပြီးနောက် အကြောင်းအရာအားလုံး ကျိုးကြောင်းဆီလျော်သွားပုံပေါ်သည်။ ၎င်းတို့မသိသော အရာသည် ဤသည်မှာ မှန်းဆမှုများသာဖြစ်သော်လည်း ဤတစ်ကြိမ်တွင် မှန်ကန်သွားခဲ့သည်။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်တွင် တစ်စုံတစ်ရာ မှားယွင်းနေခြင်းသည် အမှန်တကယ်ဖြစ်၍ သူသည် ထိုအချိန်တွင် သူ၏ တိုက်ခိုက်ရေးစွမ်းအင်ကို အမှန်တကယ် မပြသနိုင်ပေ။
အင်တာနက်ပေါ်တွင် သူ၏နတ်စွမ်းအင်ကို စတင်ပြသလာခဲ့သော ချူးယွင်ဖန်းသည် သူ၏တိုက်ခိုက်ရေးစွမ်းအင်များကို ရုတ်တရက် ဆုံးရှုံးသွားခဲ့သည်။ ဤသည်မှာ ယခုအချိန်တွင် အပြင်းထန်ဆုံးသော အကြောင်းအရာဖြစ်သည်မှာ သေချာသည်။ အထူးသဖြင့် ငြိမ်သက်စပြုနေပြီဖြစ်သော ပြည်သူများ၏ နှလုံးသားများ တဖန်ပြန်လည် လှုပ်ရှားလာခဲ့သည်။
ချူးယွင်ဖန်းသည် ယခုအချိန်တွင် ၎င်းတို့၏ အကြီးမားဆုံး မျှော်လင့်ချက်ဖြစ်သော်လည်း ယခုအခါ သူကိုယ်တိုင်ပင် ပြဿနာရှိနေသောကြောင့် သူ့ကို အားကိုးရန် မဖြစ်နိုင်တော့ပေ။ အင်တာနက်ပေါ်တွင် ပို၍ပင် ပြင်းထန်သည့် ဂယက်ရိုက်မှုများ ရှိနေခဲ့သည်။ မကောင်းသောအကြံအစည်နှင့် လူအများအပြားသည် ချူးယွင်ဖန်းကို ဖြေရှင်းချက်ပေးရန် တောင်းဆိုနေကြသောကြောင့် အင်တာနက်တွင် ပါရမီရှင်များ၏ အသနားခံမှုများစွာ ဖြစ်ပေါ်လာစေသည်။
မကောင်းသောအကြံအစည်ရှိသူများအပြင် လူအများစုသည် ချူးယွင်ဖန်း၏ လက်ရှိအခြေအနေအတွက် စိုးရိမ်ပူပန်နေကြသည်။ ၎င်းတို့သည် ပြည်ထောင်စု၏ အနာဂတ် မဏ္ဍိုင် ဒုက္ခရောက်သွားမည်ကို ကြောက်ရွံ့နေကြသည်။ ဤသို့ဖြင့် အင်တာနက်ပေါ်ရှိ ချူးယွင်ဖန်းအကြောင်း ဆွေးနွေးမှုများ ပိုမို ပြင်းထန်လာစေသည်။
လူအများအပြားသည် ရှင်းပြရန် တောင်းဆိုနေကြရာ၊ သူ့အခြေနေသည် မည်သို့ပင်ဖြစ်နေပါစေ အနည်းဆုံးလျှင် လူရှေ့ထွက်၍ ရှင်းပြလာသင့်သည်။ ဤဖြစ်စဉ်သည် အလွန် ပြင်းထန်သောကြောင့် ပြည်ထောင်စု၏ အထက်အရာရှိများကိုပင် ထိတ်လန့်သွားစေသည်။ ထိုအချိန်တွင် ချူးယွင်ဖန်း၏ ဖြစ်တည်မှုသည် ပြည်ထောင်စုအတွက် အလွန် အရေးပါလှသည်။ သူသည် အထူးစစ်ဆင်ရေးဌာန၏ ခေါင်းဆောင်သာဖြစ်သော်လည်း ပြည်ထောင်စုအပေါ် သူ၏အရေးပါမှုသည် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး သုံးဦးထက်ပင် ကြီးမားလှသည်။
ဤကိစ္စသည် ပိုပို၍ပြင်းထန်လာသောကြောင့် နောက်ဆုံးတွင် မီးတောင်ဝတွင် ဖီးနစ် မြက်ဆေးပင် ရှာဖွေနေသည့် ချူးယွင်ဖန်းလျှင်ပင် နောက်ဆုံးတွင် ကြားသိသွားသည်။ ချူးယွင်ဖန်းသည် သူ၏စာပို့ပုံးတွင် ပေါ်လာသော စာတိုများကို ကြည့်၍ လှောင်ရယ်လိုက်သည်။
"ငါတို့အပေါ်မှာ ဂြိုလ်တု အရေအတွက်တွေ များလာတာ အံ့ဩစရာမဟုတ်တော့ပါဘူး"
ချူးယွင်ဖန်းသည် သူ၏ နတ်စွမ်းအင်များကို မသုံးနိုင်သော်လည်း ဂြိုလ်တုများစွာက သူ့အပေါ် ထောက်လှမ်းနေကြောင်း ခံစားနိုင်ဆဲဖြစ်သည်။ ယနေ့ခေတ်တွင် စစ်တပ်ဂြိုလ်တုများသည် လူတစ်ဦးကို အချိန်အတော်ကြာ စောင့်ကြည့်နေနိုင်သော်လည်း နတ်အဆင့်ရှိ ကျွမ်းကျင်သူတစ်ဦးအတွက်မူ ဂြိုဟ်တုများ၏ တိတ်တဆိတ် ကြည့်ရှုမှုကို တားဆီးရန် နည်းလမ်းများစွာရှိကြသည်။
ချူးယွင်ဖန်းသည် ယခုအချိန်တွင် သူ၏နတ်စွမ်းအင်ကို အသုံးမချနိုင်သေးသော်လည်း ၎င်းဂြိုလ်တုအရေအတွက် တိုးမြင့်လာကြောင်း ခံစားနိုင်ခဲ့သည်။ ဤသည်မှာ မည်သည့် နတ်စွမ်းအင်မျှ မလိုအပ်ဘဲ ဆဋ္ဌမအာရုံသက်သက်ဖြင့်သာ သိနိုင်သည်။ ကနဦးတွင် ထူးဆန်းသည်ဟု တွေးမိခဲ့သော်လည်း အင်တာနက်ပေါ်တက်လာမှသာ အဖြစ်အပျက်များကို နားလည်သဘောပေါက်သွားခဲ့သည်။
အကြောင်းအရာများကို ကြည့်ရှုပြီးနောက် ဤကိစ္စသည် သဘာဝမကျကြောင်း ချက်ခြင်း သဘောပေါက်သွားသည်။ နောက်ကွယ်တွင် တစ်စုံတစ်ယောက်ရှိနေနိုင်၍ သံသယဖြစ်စဖွယ် အကောင်းဆုံးသည် ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စုသာဖြစ်သည်။
ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု၏ ထုတ်ဖော်မှုအရ ချူးယွင်ဖန်း သီးသန့် ကျင့်ကြံနေချိန်တွင် အဖြူရောင်မိကျောင်းက ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စုထံ အကြောင်းပြန်ခဲ့ကြောင်း ချူးယွင်ဖန်းက ကောက်ချက်ချနိုင်သည်။ ၎င်းတို့သည် အခြေအနေအချို့ကို တိုက်တိုက်ဆိုင်ဆိုင်ဖြင့် မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့ကြသည်။ သူ၏ စာပို့ပုံးကို ဖွင့်လိုက်သည်နှင့် စာတိုမျိုးစုံသည် နှင်းပွင့်များကဲ့သို့ သူ့ထံ ရောက်ရှိလာကြသည်။
"ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်၊ အပြင်လောကကို ဘာစကားမှ မပြောနဲ့" ချူးမိသားစု ဘိုးဘေးကြီးက အကြံပေးခဲ့သည်။
"ကျွန်မတို့ဘက်က တုံ့ပြန်ဖို့လိုသေးလား" တန်စီယုက မေးမြန်းခဲ့သည်။
"ငါတို့တွေ အဆင်သင့်ပြင်ပြီးပြီ။ မင် တစ်ခုခုလိုအပ်ရင် ငါတို့ကို ဆက်သွယ်လိုက်" ချူးဟောက်ယွဲ့က ကမ်းလှမ်းလိုက်သည်။
***
ချူးယွင်ဖန်းသည် စာများကို တစ်လုံးပြီးတစ်လုံး ဖတ်ကြည့်လိုက်ရာ၊ သူ့ထံ နွေးထွေးမှုများ ပျံ့နှံ့လာသည်။ တစ်နေ့တာ၏ အဆုံးတွင် သူ့ကို ဂရုစိုက်သူများ ရှိနေဆဲဖြစ်သည်။ ဤလူများ၏ ယေဘုယျအမြင်အရ ချူးယွင်ဖန်းသည် ထိုအကြောင်းအရာများနှင့်ပတ်သက်၍ မည်သည့်စကားမျှ ထုတ်မပြောသင့်ပေ။ အင်တာနက်ပေါ်တွင် မည်မျှပင် ကောလဟာလများ ပျံ့နှံ့နေပါစေ ချူးယွင်ဖန်းက ရှေ့မထွက်လာရွေ့ သူ့တွင် ပြဿနာရှိနေခြင်း မရှိနေခြင်းကို မည်သူမျှ အသေအချာ ပြောနိုင်မည် မဟုတ်ပေ။
အဆုံးတွင် သူသည် နတ်အဆင့် အယောက်ငါးဆယ်ကျော်ကို သတ်ဖြတ်ခဲ့သူဖြစ်သည်။ ဤသည်မှာ ထိတ်လန့်ဖွယ်ကောင်းသော တိုက်ပွဲမှတ်တမ်းတစ်ခုဖြစ်သည်။ ချူးယွင်ဖန်းတွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း အတည်ပြုထားခြင်း မရှိလျှင် မည်သူမျှ အလွယ်တကူ လှုပ်ရှားနိုင်မည် မဟုတ်ပေ။ ချူးယွင်ဖန်း အသက်ရှင်နေသရွေ့ ကြီးစွာသော အဟန့်အတားမျိုး ဖြစ်နေပေလိမ့်မည်။
ချူးယွင်ဖန်းသည် နတ်အဆင့်ကျွမ်းကျင်သူ အယောက်ငါးဆယ်ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ကမ္ဘာပေါ်တွင် ချူးယွင်ဖန်းကြောင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားရုံသာမကဘဲ အင်တာနက်ပေါ်ရှိ မရေတွက်နိုင်သော လူများစွာ၏ အာရုံစိုက်မှုကိုလည်း ရရှိခဲ့သည်။ နေမထွန်းလင်းသည့် မှောင်မိုက်နေသော ဒုစရိုက်လောကတွင်လည်း ကြီးစွာသော ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားစေခဲ့သည်။ ချူးယွင်ဖန်း၏ ကြီးထွားမှုသည် လျင်မြန်လွန်းသောကြောင့် သူ့ကို တိုက်ခိုက်ခဲ့သူများ အားလုံးသည် သတ်ဖြတ်ခံခဲ့ရသည်။
ချူးယွင်ဖန်းသည် ယခုအခါ ဒုစရိုက်လောကတစ်ခုလုံး၏ အလိုရှိစာရင်းတွင် ပါဝင်နေ၍ သူ၏အန္တရာယ်အဆင့်သည် SSS အဆင့်တွင် ရှိနေသည်ဟု ဆိုနိုင်သည်။ ပြည်ထောင်စုအတွင်း SSS အဆင့်သို့ နောက်ဆုံးရောက်ရှိခဲ့သူသည် သမ္မတကြီးမှလွဲ၍ အခြားလူမဟုတ်ပေ။ သာမာန် နတ်အဆင့်များသည် S အဆင့် သို့မဟုတ် SS အဆင့်သာဖြစ်ကြ၍ ၎င်းအဆင့်ရှိ ပုဂ္ဂိုလ်များသည် ထိပ်တန်းဆုကြေးငွေဖြစ်နေကြပြီဖြစ်သည်။ SSS အဆင့် ကျွမ်းကျင်သူများအတွက် အကဲဖြတ်ချက်တစ်ခုသာရှိသည်၊ ၎င်းတို့နှင့်တွေ့ဆုံပါက အသက်အတွက် ထွက်ပြေးရပေလိမ့်မည်။ အသက်ရှင်သန်ခဲ့ပါက ကံကောင်းခြင်းဟု ဆိုနိုင်သည်။
ဒုစရိုက်လောကကြီးတစ်ခုလုံးသည် ချူးယွင်ဖန်းကို မည်မျှကြောက်ရွံ့နေကြသည်ကို စိတ်ကူးကြည့်ရန် မခဲယဉ်းလှပေ။ သမ္မတကြီးကို လုပ်ကြံသတ်ဖြတ်ဝံ့သည့် လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်းကြီးသုံးခုလျှင်ပင် ချူးယွင်ဖန်းနှင့်ပတ်သက်သည့် မစ်ရှင်များအားလုံးကို ပယ်ချထားခဲ့သည်။ ၎င်းတို့သည် မည်မျှသော ငွေကြေးများဥစ္စာများကို ပေးအပ်ခဲ့ပါစေ ထိုလုပ်ငန်းဆောင်တာများကို လက်ခံကြမည် မဟုတ်ပေ။
လူသတ်အဖွဲ့အစည်းကြီး သုံးခုသည် အကြောင်းပြချက် နှစ်ခုကိုသာ ပေးခဲ့ကြသည်။ တစ်ခုသည် ချူးယွင်ဖန်းက အလွန် သန်မာသောကြောင့်ဖြစ်သည်။ ကျန်းမိသားစု စေလွှတ်ခဲ့သော ကျွမ်းကျင်သူများကို ဘေးဖယ်ထား၍ ကျန်းမိသားစုသည် နျူကလီးယားဗုံးများကို အကြိမ်ကြိမ် အသုံးပြုခဲ့ကြသော်လည်း ချူးယွင်ဖန်းကို မည်သို့မျှ မထိခိုက်နိုင်ခဲ့ပေ။
လူသတ်အဖွဲ့အစည်းကြီး သုံးဖွဲ့အတွက် ချူးယွင်ဖန်း၏အဆင့်ရှိ ပုဂ္ဂိုလ်မျိုးကို ကိုင်တွယ်ရန် အလွန်ခက်ခဲလှသည်။ ထို့အပြင် သူ၏ အငြိုးထားသော စရိုက်သည်လည်း လူသိများလှသည်။ သူ့ကို တိုက်ခိုက်ခဲ့သူတိုင်းသည် ဆိုးရွားသော အဆုံးသတ်များနှင့် ကြုံတွေ့ခဲ့ရသည်။ ကျန်းမိသားစု၊ ဟွမ်မိသားစု၊ မီးလျှံစစ်သည်ဂိုဏ်း၊ အရိပ်ဂိုဏ်း စသည်ဖြင့် အားလုံးတို့သည် ဥပမာများသာဖြစ်သည်။
အင်အားကြီးမား၍ ရန်ငြိုးကြီးသူများသည် အန္တရာယ်အရှိဆုံး ပုဂ္ဂိုလ်များဖြစ်ကြသည်။ လူအများစုသည် ဤအရာများနှင့်ပတ်သက်၍ မသိခဲ့ကြပေ။ မကြာသေးမီက ချူးယွင်ဖန်းနှင့် ပတ်သက်သည့် မစ်ရှင်များကို ဘယ်သို့ ညာသို့ ပယ်ချခဲ့ကြောင်းကိုသာ ၎င်းတို့သိထားကြသည်။ သူနှင့် နီးစပ်သူများ၊ ဆက်နွယ်သူများနှင့်ပတ်သက်သော မစ်ရှင်များကိုပင် လက်ခံခဲကြသည်။
မစ်ရှင်များကို ကြော်ငြာရန်ပင် ခက်ခဲလာခဲ့ကြသည်။ ဤအရာအားလုံးသည် ချူးယွင်ဖန်း၏ ခွန်အားတွင် ပြဿနာမရှိဘူးဟူသော အခြေခံအုတ်မြစ်အပေါ် တည်ဆောက်ထားခြင်းဖြစ်သည်။ သို့သော် သူ၏အင်အားများ ချို့တဲ့နေပါက၊ ချူးယွင်ဖန်းနှင့် ပတ်သက်သည့် မစ်ရှင်များကို အစပိုင်းတွင် ငြင်းပယ်ခဲ့သည့် လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်းသုံးခုသည် သူ့အပေါ် လှုပ်ရှားမှုများ ထပ်မံ ပြုလုပ်လာနိုင်သည်။
၎င်းတို့ မလှုပ်ရှားခဲ့သည့် အကြောင်းရင်းသည် ငွေကြေးများ ပေးအပ်မှုနည်းပါးခြင်း သို့မဟုတ် ၎င်းတို့တွင် သတ္တိ အလုံအလောက်မရှိခြင်းတို့ကြောင့် မဟုတ်ပေ။ ၎င်းတို့သည် အထူးစစ်ဆင်ရေးဌာန၏ ခေါင်းဆောင် ချူးယွင်ဖန်းမဆိုနှင့် သမ္မတကြီးကို လုပ်ကြံသတ်ဖြတ်ရန် သတ္တိရှိကြသူများဖြစ်သည်။ တစ်ခုတည်းသော ပြဿနာသည် ၎င်းတို့ဘက်မှ အနိုင်ရရန် ယုံကြည်မှုမရှိသည့်အပြင် ချူးယွင်ဖန်း၏လက်စားချေမှုကိုလည်း ခုခံနိုင်ခြင်း မရှိပေ။
ချူးယွင်ဖန်းသာ အနည်းငယ်သော အားနည်းချက်ကို ပြသလာသည်နှင့် ထိုဆာလောင်နေသည့် ဝံပုလွေများအားလုံးသည် သူ့အပေါ် ခုန်အုပ်လာမည်ဖြစ်သည်။ သို့သော်လည်း ချူးယွင်ဖန်းသည် ဤအရေးဆုံးသော အခိုက်အတန့်တွင် သူ၏ စာပို့ပုံးမှတစ်ဆင့် အင်တာနက်ပေါ်တွင် အမှန်တကယ် ထုတ်ပြန်ကြေညာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားကြပေ။
"မကြာသေးခင်က၊ ကျုပ်နဲ့ပတ်သက်တဲ့ ထင်မြင်ယူဆချက်တွေက အမှားတွေပါ။ ကောလဟာလတွေထဲမှာ ပြောသလောက် မပြင်းထန်ပါဘူး။ ပြဿနာအချို့ရှိပေမယ့် အရာအားလုံးကို ကျုပ်ဘက်က ထိန်းချုပ်ထားနိုင်တာမို့လို့ အားလုံးပဲ စိတ်မပူကြပါနဲ့"
ဤသည်မှာ ထောင်ချီသော လှိုင်းလုံးကြီးများကို ဖြစ်ပွားစေသည့် ကျောက်တုံးကြီးသာဖြစ်ပေသည်။
အခန်း (၉၆၃) သမိုင်းတစ်လျှောက် အမြင့်မားဆုံဖြစ်သည့် ချူးယွင်ဖန်း၏ တစ်ထရီလျံဆုကြေးငွေ
ချူးယွင်ဖန်း၏ စကားများသည် တိုက်ခိုက်နိုင်စွမ်းများ ဆုံးရှုံးသွားကြောင်း တိုက်ရိုက်ဝန်မခံခဲ့သော်လည်း သူ့တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ဝန်ခံခဲ့သည်။ လူအများ၏အမြင်အရ ချူးယွင်ဖန်းသည် သူ့တွင် ပြဿနာရှိနေကြောင်း ပြတ်ပြတ်သားသား ပြောပြလာခြင်းနှင့် ဆင်တူလှသည်။
ချူးယွင်ဖန်းသည် တစ်စုံတစ်ခုကို ဖုံးကွယ်ရန် ကြိုးစားနေကြောင်း သိသာထင်ရှားသည်။ ပြဿနာရှိနေခြင်းနှင့် ပတ်သက်၍ မငြင်းဆန်ခဲ့သော်လည်း ၎င်းပြဿနာ ကြီးမားနေကြောင်းကို ဝန်မခံခဲ့ပေ။ ဤဖြစ်စဉ်သည် လှုပ်ရှားရန် အသင့်ရှိနေသော အင်အားစုများစွာအတွက် လုံလောက်ပေသည်။
ဤသည်မှာ ချူးယွင်ဖန်းတွင် တစ်ခုခုမှားယွင်းနေကြောင်း သိသာထင်ရှားသွားစေသည့် လက္ခဏာဖြစ်သည်။ ယခုအခါ သူသည် ထိုပြဿနာကို ဖြေရှင်းရန်အတွက် ဆေးဝါးများကို ရှာဖွေကာ ဆေးဖော်စပ်ရန် ကြိုးစားနေသည်။ ဤအရာအားလုံးသည် ယခုအခါ အလွန် မှန်ကန်လာပုံပေါ်သည်။
"မျှော်လင့်ထားသလိုပဲ။ ချူးယွင်ဖန်းမှာ တစ်ခုခုတော့ မှားယွင်းနေပြီ၊ ကျုပ်တို့ရဲ့ မှော်လက်နက်ကို ခိုးသွားမှတော့ ဒါက သူ့ရဲ့ ဝဋ်လည်မှုပဲ ဖြစ်ရမယ်" ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူ တစ်ဦးက အင်တာနက်ပေါ်တွင် ကြိမ်းဝါးလိုက်သည်။
"သူက အဲ့လောက်လည်း မဟုတ်ပါဘူး၊ တခြား သူရဲကောင်းတွေ မရှိလို့သာ ကျော်ကြားနေတာ"
ဤစကားများသည် ချူးယွင်ဖန်းကို ထောက်ခံသူများစွာ၏ ဒေါသကို လှုံ့ဆော်စေခဲ့သည်။
"စကားကြီး စကားကျယ်နဲ့ပါလား။ ချူးယွင်ဖန်း အထွတ်အထိပ်အခြေအနေမှာ ရှိနေတုန်းက သူ့အရှေ့မှာတောင် ပေါ်လာဖို့ သတ္တိရှိလို့လား"
"ဘယ်ရှိပါ့မလဲ။ သူ့ အဲ့လောက် သတ္တိရှိရင် အခုအချိန် ကင်ပြီးသားတောင် ဖြစ်နေပြီ။ အခုလို မောက်မာဖို့တောင် အခွင့်အရေးရှိမှာ မဟုတ်ဘူး"
"မှန်တယ်။ သူတို့တွေက အားနည်းတဲ့လူကို အနိုင်ကျင့်ပြီး အင်အားကြီးသူကို ကြောက်ကြတဲ့ လူတွေပဲ၊ အရင်က လူရှေ့တောင် ထွက်မလာရဲပေမယ့် အခုတော့ စကားကြီး စကားကျယ်နဲ့"
ရေနက်ပိုင်းမိကျောင်းမျိုနွယ်စုသည် မရေတွက်နိုင်သော ပြည်ထောင်စုနိုင်ငံသားများ၏ အမျက်ဒေါသကို ကြောက်ရွံ့ပုံမပေါ်ပေ။ အင်တာနက်မှာ ၎င်းတို့ဘာမှ မလုပ်နိုင်ကြဘူး။
“ဟားဟား အခုမှ ဒါတွေ လာပြောတော့ ဘာထူးမှာလဲ၊ အဲဒါတွေက အတိတ်မှာကျန်ခဲ့ပြီ။ ထူးခြားတဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိတာ မှန်ပေမယ့် ကျုပ်တို့က ပစ္စုပ္ပန်ကိုပဲ ကြည့်ကြတာ"
"ချူးယွင်ဖန်းက ကျုပ်မျိုးနွယ်ရဲ့ မှော်လက်နက်ကို အတင်းလုယူသွားခဲ့တာ၊ ဒါက တုံ့ပြန်မှု ပထမလှိုင်းပဲ ရှိသေးတာ။ အချိန်ကြာလာတာနဲ့အမျှ တုံ့ပြန်မှုက ပိုပိုပြီး ပြင်းထန်လာလိမ့်မယ်"
"အဲဒီအချိန်ကျရင် ဖျက်ဆီးပြီး သေသွားရင်တောင် ကံကောင်းတယ် မှတ်ရမယ်၊ သူက ဒီလိုဖြစ်ဖို့ တောင်းဆိုနေတာကိုး။ ကျုပ်တို့ရဲ့ အရေးပါတဲ့ မှော်လက်နက်ကို မခိုးယူခဲ့ရင်၊ သူ ဒီလောက် ဝဋ်လည်မှုမျိုး ခံစားရမှာ မဟုတ်ဘူး"
ဤရေနက်ပိုင်းမိကျောင်းမျိုးနွယ်သည် နောက်ထပ်အရေးကြီးသော အချက်အလက်တစ်ခုကို ထုတ်ဖော်ခဲ့ကြသည်။ သူ၏ လက်ရှိအခြေအနေတွင် ချူးယွင်ဖန်းသည် သူ၏အသက်ကို ထိန်းသိမ်းနိုင်တော့မည် မဟုတ်ပေ။ သူသည် အချိန်ကြာလာသည်နှင့်အမျှ မှော်လက်နက်၏ တုံ့ပြန်မှုကြောင့် သေဆုံးသွားနိုင်သည်။
လူအများအပြားသည် အလွန် ဒေါသထွက်နေကြသော်လည်း မည်သို့မျှ မပြုလုပ်နိုင်ကြပေ။ နောက်ဆုံးတွင် ၎င်းတို့ကြားရသမျှသည် ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စုထံမှ တစ်ဖက်သတ်ဇာတ်လမ်းသာဖြစ်၍ ချူးယွင်ဖန်းသည် မည်သည့်ရှင်းပြမှုကိုမျှ မပြုလုပ်ခဲ့ပေ။
"အခုတော့ သူက ဘယ်သူမဆို အနိုင်ကျင့်နိုင်တဲ့ အနေအထားအထိ ကျသွားရပြီ။ ကျုပ်တို့အရှေ့မှာ ပေါ်လာဖို့ သတ္တိရှိလို့ကတော့ ဒင်းရဲ့ ခေါင်းကို လိမ်ချိုးပစ်မယ်မှတ်"
ဤရေနက်ပိုင်း မိကျောင်းမျိုးနွယ်စုဝင်သည် ပိုပို၍ မောက်မာလာကြသည်။ သူသည် မူလက ချူးယွင်ဖန်းအဆင့်ကဲ့သို့ ကျွမ်းကျင်သူမျိုးသည် ရန်ဆွရန် တတ်နိုင်သူတစ်ဦး မဟုတ်ပေ။ ယခုမူကား သူသည် ချူးယွင်ဖန်းမှ လက်စားချေလာမည်ကို စိုးရိမ်စရာမလိုဘဲ စော်ကားနိုင်ပြီဖြစ်သည်။
လူတိုင်းက မုန်းတီးမှုကြောင့် အံများကို ကြိတ်ထားကြသော်လည်း ယင်းနှင့်ပတ်သက်၍ ၎င်းတို့အားလုံး မည်သို့မျှ မတတ်နိုင်ကြပေ။ ၎င်းတို့သည် အင်တာနက်ပေါ်တွင် ထိုသို့ မောက်မာနေသူမျိုးကို မထိခိုက်နိုင်ကြပေ။
အပေါ်ယံ၌ ပြည်ထောင်စုရှိ မရေတွက်နိုင်သူများသည် ချူးယွင်ဖန်းကို စိတ်ပူနေကြသည်။ သို့သော်လည်း ဒုစရိုက်လောက၌ မရေတွက်နိုင်သော ရေစီးကြောင်းများ တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။ မည်သည့်အချိန်ကမှန်း မသိသော်လည်း ဖြုတ်ချထားသည့် ချူးယွင်ဖန်းအတွက် ဆုကြေးငွေသည် စာရင်း၏ထိပ်တွင် ပြန်လည်ရောက်နေခဲ့သည်။ သူ၏အဆင့်သည် SSS သာရှိသေးသော်လည်း ၎င်းနောက်ကွယ်တွင် မေးခွန်းအမှတ်အသားတစ်ခုရှိနေခဲ့သည်၊ ဆိုလိုရင်းမှာ သူ့ကိုသတ်ဖြတ်ရန် ဖြစ်နိုင်ချေရှိပေသည်။
ချူးယွင်ဖန်းနှင့်ပတ်သက်သည့် မစ်ရှင်များအားလုံးကို အလိုအလျောက် ပယ်ဖျက်ခဲ့သည့် ကနဦးအချိန်ကကဲ့သို့ မဟုတ်တော့ပေ။ ချူးယွင်ဖန်းသည် ဒုစရိုက်လောက၌ ကြီးမားသော ပစ်မှတ်ဖြစ်လာသောအခါ ထိုမစ်ရှင်ကို ချက်ချင်း လက်ခံလိုက်ကြသည်။ ဆုကြေးငွေကန့်သတ်ချက်သည် ကောင်းကင်ယံကို ဖြတ်သန်းကာ နျူကလီယားဗုံး ပေါက်ကွဲသကဲ့သို့ ဒုစရိုက်လောကတစ်ခုလုံးကို ပေါက်ကွဲသွားစေခဲ့သည်။
ပြည်ထောင်စုငွေ တစ်တစ်ထရီလျံသည် အလွန် များပြားသော ပမာဏမျိုးဖြစ်သည်။ ကြီးမြတ်သော မိသားစုကြီး ခြောက်ခုလျှင်ပင် ဤငွေပမာဏကို မတတ်နိုင်ကြရာ၊ ဤပမာဏသည် ချူးယွင်ဖန်းကို သတ်ဖြတ်ရန်အတွက်ဖြစ်သည်။ ဤပမာဏသည် အင်အားတစ်ခုတည်းမှ ပေးအပ်နိုင်သည့် အရာမျိုး မဟုတ်ပေ။ ဤသို့ ထိတ်လန့်ဖွယ်ကောင်းသော ပမာဏကို ထုတ်လုပ်နိုင်ရန်အတွက် လူအများအပြား လက်တွဲခဲ့ကြပုံပေါ်သည်။
ချူးယွင်ဖန်းသည် နှစ်များအတွင်း လူများစွာကို စော်ကားခဲ့ခြင်းကြောင့် ၎င်းက မည်သူမည်ဝါဖြစ်သည်ကို ပြောကြားရန် မဖြစ်နိုင်ပေ။ သူသည် ပြည်ထောင်စုတွင် ဆုကြေးငွေ အများဆုံးရရှိသူအဖြစ် စံချိန်သစ်တင်နိုင်ခဲ့လေသည်။ ငှက်တို့သည် အစာအစားအတွက် အသေခံကြသည်ဟူသော ဆိုရိုးစကားအတိုင်း လူတို့သည်လည်း စည်းစိမ်ဥစ္စာအတွက် သေရစမြဲဖြစ်သည်။
လူပေါင်းများစွာသည် ကနဦးတွင် ချူးယွင်ဖန်း၏ ခွန်အားကို ကြောက်ရွံ့ခဲ့ကြသော်လည်း သူ့အတွက် ဆုကြေးငွေသည် တစ်တစ်ထရီလျံသို့ ရောက်ရှိသွားသောအခါ လူအများ၏ မျက်လုံးများ နီရဲလာ၍ ငွေ၏ သင်္ကေတများဖြင့် ပြည့်နှက်လာခဲ့သည်။ ဤတစ်တစ်ထရီလျံကို ရရှိနိုင်ပါက ၎င်းတို့ လိုချင်မှုမှန်သမျှ ရရှိနိုင်ပေလိမ့်မည်။ လူသတ်အဖွဲ့အစည်းကြီး သုံးခုလျှင်ပင် ထိုသို့များပြားသော ငွေပမာဏကို ရရှိပါက နေ့ချင်းညချင်း ချမ်းသာလာနိုင်သည်။ ၎င်းတို့၏ ခွန်အားများကို အချိန်တိုအတွင်း အဆပေါင်းများစွာ တိုးမြှင့်ခြင်းသည် ပြဿနာမဟုတ်တော့ပေ။
၎င်းပမာဏကို သာမန် သိုင်းပညာ ကျွမ်းကျင်သူတစ်ဦး ပိုင်နိုင်လျှင် သူ၏တစ်သက်တာလုံးတွင် အရင်းအနှီးကောင်းများ ချို့တဲ့တော့မည် မဟုတ်ပေ။ ထိုလူသည် ငွေတစ်ခုတည်းဖြင့် ထိပ်တန်းအင်အားစုကို တည်ဆောက်နိုင်မည်ဖြစ်သည်။ ထို့အပြင် အရေးကြီးဆုံးအချက်မှာ ချူးယွင်ဖန်းသည် သူ၏ခန္ဓာကိုယ်နှင့်ပတ်သက်၍ တစ်ခုခုမှားယွင်းနေကြောင်း ဝန်ခံထားခြင်းဖြစ်သည်။ ၎င်းအချက်အရ ချူးယွင်ဖန်းသည် ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စုများ ပြောခဲ့သည့်အတိုင်း သူ၏တိုက်ခိုက်ရေးစွမ်းအင်များ ဆုံးရှုံးသွားသည်ဟု ဆိုလိုခြင်းဖြစ်နိုင်သည်။
"ဒါက တိုက်ပွဲတစ်ခုတည်းနဲ့ နာမည်ကြီးနိုင်တဲ့ အနှစ်တစ်ထောင်မှာ တစ်ခါပဲ ရနိုင်တဲ့ အခွင့်အရေးပဲ"
"အဓိက လုပ်ကြံသတ်ဖြတ်သူအဖွဲ့အစည်း သုံးခုက ဘာလို့ ဒီလောက် အင်အားကြီးနေကြတာလဲ။ ဒါက သူတို့တွေ ပြည်ထောင်စု သမ္မတတွေကို သတ်ခဲ့လို့ပဲ မဟုတ်လား"
"သူတို့တွေသာ ချူးယွင်ဖန်းကို သတ်နိုင်ရင် သမ္မတကို သတ်နိုင်တာနဲ့ ထူးမခြားနားပဲ"
ဒုစရိုက်လောကကြီးတစ်ခုလုံး ရူးသွပ်သွားကြလေသည်။ ၎င်းတို့အားလုံး စိတ်မငြိမ်မသက်ဖြစ်လာ၍ ဒုစရိုက်လောကရှိ ဒိတ်ဒိတ်ကြဲ ပုဂ္ဂိုလ်ကြီးတချို့ပင် စတင် ကြေညာလာကြသည်။ တစ်ထရီလျံအတွက် ၎င်းတို့သည် ချူးယွင်ဖန်းမျှသော လူတစ်ဦးကိုမဆိုနှင့် နတ်ဘုရားတစ်ပါးကိုပင် သတ်ပစ်ကြမည်ဖြစ်သည်။ ဤထရီလျံ ငွေပမာဏသည် လူတိုင်း၏ခန္ဓာကိုယ်ရှိ ပြင်းထန်သော ဗီဇများကို လှုံ့ဆော်ပေးခဲ့သည်။
ဒုစရိုက်လောကရှိ ဤမျှကြီးမားသော လှုပ်ရှားမှုများသည် နောက်ဆုံးတွင် ဖုံးကွယ်ထား၍ မရတော့ဘဲ အင်တာနက်ပေါ်တွင် ပေါ်ပေါက်လာတော့သည်။ ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စုများနှင့် အပြန်အလှန် ဆဲရေးတိုင်းထွာနေသူများသည် ချူးယွင်ဖန်း၏ လုံခြုံရေးအတွက် ရုတ်တရက် စိုးရိမ်စပြုလာသည်။
တစ်ထရီလျံဟူသော ငွေပမာဏသည် မည်မျှရှိသည်ကို ၎င်းတို့မသိကြသော်လည်း လူတိုင်းကို ရူးသွပ်သွားစေရန် လုံလောက်ကြောင်း ၎င်းတို့ သိကြသည်။ ချူးယွင်ဖန်းသည် ယခုအချိန်တွင် သူ၏သမိုင်း၌ အားအနည်းဆုံးအချိန်တွင် ရှိနေသည်ဟု ၎င်းတို့ပင် ထင်မှတ်နေကြသည်။ ထိုအချိန်တွင် ယွမ်တစ်ထရီလျံကျော် စုကြေးငွေမျိုး ပေါ်ပေါက်လာခဲ့သည်။ ဤသည်မှာ ချူးယွင်ဖန်း၏ အသက်ကို တောင်းဆိုနေခြင်း မဟုတ်လေသလော။
အင်တာနက်အသုံးပြုသူများသည် ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စုကို အာရုံမစိုက်ကြတော့ဘဲ အားလုံး၏မျက်လုံးများသည် ချူးယွင်ဖန်းထံ ရောက်ရှိလာကြသည်။ မေးခွန်းထုတ်ခံရသူအနေဖြင့် ပြည်ထောင်စုတစ်ခုလုံးကို ပျံ့နှံ့စေသည့် ဤရေလှိုင်းဆိုးကြီးကို ဖန်တီးပြီးနောက် အေးဆေးတည်ငြိမ်နေဆဲဖြစ်သည်။ သူသည် ဒုစရိုက်လောက၏ လိုက်လံရှာဖွေမှုများမှ ပုန်းကွယ်ရန်အတွက် မည်သည့်လုပ်ဆောင်မှုမျှ မပြုလုပ်ခဲ့ပေ။ သူသည် ဖီးနစ်မြက်ဆေးပင်ကို ရှာဖွေခြင်းဖြင့်သာ အလုပ်ရှုပ်နေခဲ့သည်။