← Chapters

မြူခိုးများဖုံးလွှမ်းနေသော ဘူတာရုံ

Vol. 3 Ch. 33

မြူခိုးများဖုံးလွှမ်းနေသော ဘူတာရုံ

Vol. 3 Ch. 33

Chapter 33

မြူခိုးပင့်ကူ

မြူခိုးများထူထပ်စွာ ဖုံးလွှမ်းထားသော လမ်းမသည် ထူးထူးခြားခြား တိတ်ဆိတ်နေပြီး၊ နေရောင်ခြည်ပင်လျှင် ဖောက်ဝင်ရန် ခက်ခဲနေသည်။

လင်းရှန်နှင့် ကီကီသည် ဆိုင်ကယ်ဖြင့် ရှင်းနေသော လမ်းတစ်ခုသို့ ရောက်ရှိလာသော်လည်း၊ ရုတ်တရက် ဆိုင်ကယ်ကို ရပ်တန့်လိုက်ကြသည်။

“တစ်ခုခုလွဲနေသလိုပဲ”

လင်းရှန်က တီးတိုးရေရွတ်လိုက်သည်။ သူလည်း စိတ်မသက်မသာဖြစ်စေသော တစ်စုံတစ်ရာကို ခံစားမိသည်။ ကျောပေါ်မှ ဓားတိုကို ဆွဲထုတ်ကာ သတိအနေအထားသို့ ပြောင်းလဲလိုက်သည်။

ရှီး-ရှီး… ဖလပ်-ဖလပ်…

အဝေးမှ အသံများ ထွက်ပေါ်လာပြီး၊ ကမ်းစပ်သို့ လှိုင်းလုံးများ ရိုက်ခတ်သည့်အလား ဆူညံသော အသံများအဖြစ် ပြောင်းလဲသွားသည်။

ထိုအသံကို ကြားလိုက်ရသောအခါ သူတို့၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။

“ဖုတ်ကောင်တွေလား’’

လင်းရှန်က အော်ပြောလိုက်သည်။

“ဒီအသံတွေက ဖုတ်ကောင်တွေလို့လည်း မထင်ရဘူး…’’

ဆက်လက်ပြောဆိုရန် အချိန်မရလိုက်မီ၊ ရုတ်တရက် ဖုတ်ကောင်အနည်းငယ်သည် ရှေ့မှ မြူခိုးထဲမှ ထွက်ပေါ်လာသည်။ လင်းရှန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ဤဖုတ်ကောင်များသည် သူယခင်က တွေ့ဖူးခဲ့သည့်အရာများနှင့် မတူပေ။ ၎င်းတို့၏ အရေပြားများသည် ပုပ်သိုးနေကာ မီးခိုးရောင်ခပ်ဖျော့ဖျော့ဖြစ်နေပြီး၊ လှုပ်ရှားမှုများမှာ ထူးထူးခြားခြား လျင်မြန်လှသည်။ ၎င်းတို့သည် လေးဘက်ထောက်ကာ ပြေးလာနေကြပြီး၊ လူသားများထက် သားရဲများနှင့် ပိုတူသည်။

ဤမြင်ကွင်းသည် ကျိအန်းမြို့ရှိ ခိုလှုံရာတွင် “ဦးလေးလီ” ဖြစ်ရပ်ဖြစ်ပွားခဲ့သည့် ညတစ်ည၊ လင်းရှန်က ကီကီကို ကယ်တင်ခဲ့ရသည့် အဖြစ်အပျက်ကို ချက်ချင်း အမှတ်ရစေသည်။

တစ်ခဏအတွင်း၊ ဖုတ်ကောင်များသည် လှိုင်းတံပိုးတစ်ခုလို တစ်လှိုင်းပြီး တစ်လှိုင်း တဟုန်ထိုး စီးဝင်လာသည်။ ကီကီ၏ မျက်နှာသည် ဖြူဖျော့သွားပြီး အော်ပြောလိုက်သည်၊၊

“ကိုင်ထား”

သူမသည် ဘရိတ်ကို လွှတ်လိုက်ပြီး ဆိုင်ကယ်၏ လီဗာကို အဆုံးထိ ဆွဲလိုက်ရာ ဆိုင်ကယ်၏ နောက်ဘီးသည် ကတ္တရာလမ်းပေါ်တွင် ကျယ်လောင်စွာ ပွတ်တိုက်သံဖြစ်ပေါ်ကာ မီးခိုးဖြူများ ထွက်ပေါ်လာသည်။

“ရှေ့ကိုမောင်း’’

လင်းရှန်သည် တွန်ဆုတ်မနေပဲ လက်တစ်ဖက်ကို မြှောက်ကာ ရှေ့သို့ လေအမြောက်တစ်ခုကို ပစ်လွှတ်လိုက်သည်။ လေပြင်းသည် လေထဲသို့ ထိုးဖောက်ထွက်သွားပြီး၊ ခုန်အုပ်လာသော ဖုတ်ကောင်တစ်ကောင်၏ ဦးခေါင်းကို ဖောက်ထွင်းပစ်လိုက်သည်။

အူး…

ဆိုင်ကယ်သည် ရှေ့သို့ တဟုန်ထိုး ထွက်သွားချိန်တွင်၊ ထိတ်လန့်ဖွယ်ရာ ဖုတ်ကောင်များ၏ လက်မှ ကပ်သီလေး လွတ်မြောက်သွားသည်။ လင်းရှန်သည် သတိအပြည့်ဖြင့်၊ လက်တစ်ဖက်နှင့် ဓားကို ဝှေ့ယမ်းရင်း၊ အခြားလက်တစ်ဖက်ဖြင့် လေအမြောက်များကို ပစ်လွှတ်ကာ၊ အဆက်မပြတ် တိုက်ခိုက်လာသော ဖုတ်ကောင်အုပ်ကြီးကို လမ်းရှင်းပေးနေသည်။

ဘန်း…

နောက်ထပ် လေအမြောက်တစ်ချက်သည် ဖုတ်ကောင်အမျိုးသမီးတစ်ကောင်ကို နှစ်ပိုင်းဖြတ်ပစ်လိုက်သည်။ ၎င်း၏ ကိုယ်လုံးပြိုလဲသွားချိန်တွင်၊ ကျောပေါ်မှ အနက်ရောင် ကင်းခြေများနှင့်တူသော သတ္တဝါတစ်ကောင်သည် ထွက်ပေါ်လာသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းရှန်၏ မျက်နှာသည် မည်းမှောင်သွားသည်။

“ဒါတွေ သာမန်ဖုတ်ကောင်တွေ မဟုတ်ဘူး’’

သူ အံ့အားသင့်သွားသည်။ ယခင်အတွေ့အကြုံများအရ၊ ဤထူးဆန်းသော သတ္တဝါများသည် ညအချိန်တွင်သာ ပေါ်ထွက်လေ့ရှိသည်။ သို့ဖြစ်ရာ နေ့အလင်းရောင်တွင် အဘယ်ကြောင့် ထွက်ပေါ်လာရသနည်း။

“သေစမ်း..”

ကီကီသည် အံကြိတ်ပြီး ဆိုင်ကယ်ကို မောင်းနှင်နေစဉ်၊ ဖုတ်ကောင်ဆယ်ကောင်ခန့်သည် ၎င်းတို့ဆီသို့ အနီးကပ်ရောက်ရှိလာသည်ကို မြင်လိုက်ရသည်။ စိတ်ပျက်အားငယ်စွာဖြင့် သူမသည် လက်ကို ဝှေ့ရမ်းလိုက်ပြီး အားပြင်းသော စွမ်းအားလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုအားလှိုင်းသည် ရှေ့မှ ဖုတ်ကောင်များကို ဖောက်ထွင်းပစ်လိုက်ပြီး၊ ဆိုင်ကယ်လွတ်မြောက်ရန် လမ်းကို ရှင်းလင်းပေးလိုက်သည်။

သို့သော် လင်းရှန်သည် တစ်စုံတစ်ခု မူမမှန်ကြောင်း သတိပြုမိသွားသည်။ ဆိုင်ကယ်သည် အနည်းငယ် ယိမ်းယိုင်သွားပြီး၊ ကီကီကို တစ်ချက်ကြည့်လိုက်သောအခါ၊ သူမမျက်နှာသည် ဖြူဖျော့နေသည်ကို တွေ့ရသည်။ လက်ကိုင်ကို ဆုပ်ကိုင်ထားသော သူမလက်များသည် တုန်ယင်နေသည်။

သူသည် ချက်ချင်း ယန္တရားနှလုံးသား စွမ်းရည်ကို အသက်သွင်းကာ ဆိုင်ကယ်ကို ထိန်းချုပ်လိုက်သည်။ ကီကီသည် စိတ်ရှုပ်ထွေးစွာဖြင့် ပတ်ဝန်းကျင်ကို လှည့်ကြည့်နေစဉ်၊ ဆိုင်ကယ်သည် သူမ၏ ထိန်းချုပ်မှုကို မတုံ့ပြန်တော့ကြောင်း သတိပြုမိသည့်အခါ၊ လင်းရှန်သည် သူမကို နောက်ထိုင်ခုံသို့ ဆွဲယူကာ ရှေ့ထိုင်ခုံကို လွှဲပြောင်းယူလိုက်သည်။

“ဟေ့… ဘာလုပ်နေတာလဲ။’’

“ဒီမြူခိုးက တစ်ခုခုမှားယွင်းနေတယ်၊၊ မင်းရဲ့စွမ်းရည်ကို အလျင်စလိုမသုံးနဲ့’’

အသက်ရှင်သူတိုင်းသိထားသည့် ထူးဆန်းသော သတ္တဝါများသည် ညအချိန်တွင်သာ ပေါ်ထွက်လေ့ရှိသည်။ လင်းရှန်သည် သူနှင့် ကီကီတို့သည် စွမ်းအားရှင်များဖြစ်သဖြင့် မည်သည့်ဒုက္ခမဆို အလွယ်တကူ ကိုင်တွယ်နိုင်မည်ဟု ထင်ခဲ့သည်။ သို့သော် ဤထိတ်လန့်ဖွယ်ရာ သတ္တဝါများသည် သူ့ကို မမျှော်လင့်ဘဲ အံ့အားသင့်စေခဲ့သည်။

ဤသတ္တဝါများသည် သာမန်ဖုတ်ကောင်များထက် အဆပေါင်းများစွာ လျင်မြန်လှသည်။ လက်နက်မရှိသူတစ်ဦးအတွက်ဆိုလျှင် တုံ့ပြန်ရန်ပင် အချိန်မရှိချေ။ ဤဖြစ်စဥ်သည် လင်းရှန်အား ၎င်းတို့၏ အစီအစဉ်ကို ပြန်လည်စဉ်းစားစေသည်။ ဤသတ္တဝါများကဲ့သို့ သတ္တဝါများသည် မြူခိုးထဲတွင် ပေါ်ထွက်လာပါက၊ အဖြူရောင်သတ္တဝါ သို့မဟုတ် အနီရောင် ဧရာမကင်းခြေများကဲ့သို့ ပို၍ကြီးမားသော အန္တရာယ်များ ပေါ်ထွက်လာနိုင်သည်မှာ လုံးဝဖြစ်နိုင်ချေရှိနေသည်။

လင်းရှန် ချက်ချင်း စိတ်ပြောင်းလိုက်ပြီး “မင်းပြောတဲ့နေရာကို မသွားတော့ဘူး။ ပြန်လှည့်မယ်’’

ကီကီသည် ၎င်းတို့နောက်မှ တဟုန်ထိုး ပြေးဝင်လာသော ဖုတ်ကောင်အုပ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး၊ မျက်နှာမည်းမှောင်သွားကာ တီးတိုးရေရွတ်လိုက်သည်၊၊

“ဘယ်လိုလုပ်ပြီး ပြန်လှည့်မှာလဲ…’’

လင်းရှန်သည် နောက်ကြည့်မှန်ကို စစ်ဆေးကြည့်ပြီး၊ မြေပုံကို တစ်ချက်ကြည့်လိုက်သည်။ ၎င်းတို့လာရာလမ်းကို ပြန်လှည့်ခြင်းမှလွဲ၍၊ တစ်ခုတည်းသော ရွေးချယ်စရာမှာ မြို့ပတ်ပတ်လည်ရှိ အပြင်ဘက်လမ်းများကို ဖြတ်သန်းရန်ဖြစ်သည်။ သို့သော် ဖုတ်ကောင်အုပ်ကြီးသည် ၎င်းတို့နောက်မှ လိုက်လာနေသဖြင့် ပြန်လှည့်ရန်မှာ မဖြစ်နိုင်ပေ။

ရုတ်တရက်၊စူးရှသော လေချွန်သံတစ်ခုသည် လေထုထဲမှ ထွက်ပေါ်လာသည်၊၊ လင်းရှန်၏ ဗီဇစိတ်က အလိုလိုနိုးကြားလာပြီး၊ သူ၏ ကိုယ်ပေါ်ရှိ အမွှေးအမျှင်တိုင်း ထောင်ထလာသည်။

တွန့်ဆုတ်မနေဘဲ၊ သူသည် ဘရိတ်ကို ဆွဲပြီး ဆိုင်ကယ်ကို ချာကနဲလှည့်လိုက်သည်။ နောက်တစ်စက္ကန့်တွင်၊ လှံတံတစ်ခုနှင့်တူသော တစ်စုံတစ်ရာသည် အထက်မှ ထိုးဆင်းလာပြီး၊ ၎င်းတို့ဘေးတွင် ကြမ်းပြင်ပေါ်သို့ ဝုန်းခနဲ ထိမှန်ကာ ကွန်ကရစ်အပိုင်းအစများကို လွင့်စင်သွားစေသည်၊၊

လင်းရှန်၏ ကိုယ်မှ ချွေးစေးများ ထွက်ပေါ်လာသည်။ အကယ်၍ သူသာ မလှည့်ခဲ့ပါက၊ ထိုအရာက ထိုးဖောက်သွားပေမည်၊၊

“အဲ့ဒါ ဘာကြီးလဲ’’

ကီကီက ထိတ်လန့်တကြားအော်လိုက်သည်။

ဆိုင်ကယ်၏ နောက်ဘီးသည် ထပ်မံအရှိန်မြှင့်ရင်း ကျယ်လောင်သော တာယာပွတ်တိုက်သံများဖြစ်ပေါ်လာသည်။ သို့သော် ရှေ့သို့ အနည်းငယ်သာ ရောက်ရှိသေးသည့်အခါ၊ လေချွန်သံသည် ထပ်မံထွက်ပေါ်လာသည်။

“သတိထား’’

ဝုန်း..

နောက်ထပ် ချွန်ထက်သော လှံတစ်ခုနှင့်တူသည့် အရာတစ်ခုသည် ထိုးဆင်းလာပြီး၊ လင်းရှန်က ထပ်မံလှည့်လိုက်ရာ ကပ်၍ လွဲချော်သွားသည်။ ဤတစ်ကြိမ်တွင်၊ သူသည် ပိုမိုရှင်းလင်းစွာ မြင်လိုက်ရသည်။ ထိုလှံတံများသည် သေးငယ်သော အနက်ရောင်အမွှေးများဖြင့် ဖုံးလွှမ်းထားပြီး၊ သက်ရှိသတ္တဝါ၏ အစိတ်အပိုင်းတစ်ခုနှင့် တူသည်။

“အပေါ်ကိုကြည့်စမ်း’’

ကီကီက ထိတ်လန့်စွာဖြင့် အော်ဟစ်ကာ လင်းရှန်၏ပခုံးကို ပုတ်လိုက်သည်။

လင်းရှန်သည် အပေါ်သို့ တစ်ချက်ကြည့်လိုက်သည်။ မြူခိုးအထက်တွင်၊ ဧရာမပင့်ကူတစ်ကောင်၏ ပုံသဏ္ဌာန်တစ်ခုသည် ထင်ရှားစွာ ပေါ်လွင်နေသည်။ ၎င်းသည် ပတ်ဝန်းကျင်အဆောက်အအုံများထက် သာလွန်ကြီးမားပြီး၊ ၎င်း၏ မဖြစ်နိုင်လောက်အောင် ရှည်လျားပြီး သေးငယ်သော ခြေထောက်ခြောက်ချောင်းသည် အနည်းဆုံး ဆယ်မီတာခန့် ရှိလေသည်။ ၎င်းတို့အပေါ်သို့ ရွာသွန်းလာသော လှံတံများသည် ထိုသတ္တဝါ၏ ပင့်ကူခြေထောက်များဖြစ်ကြောင်း ထင်ရှားသည်။

“သောက်ကျိုးနည်း ဒါက…’’

လင်းရှန်သည် မျက်လုံးများ ပြူးကျယ်လာကာ ခပ်တိုးတိုးကျိန်ဆဲလိုက်သည်။ တစ်ခါတစ်ရံ၊ အိပ်မက်ဆိုးတစ်ခုကို ပြောလိုက်ရုံဖြင့် ၎င်းကို အမှန်တကယ် ဖြစ်ပေါ်လာစေသလို ထင်ရသည်။

အဆောက်အအုံများကို အရုပ်များသဖွယ် သေးငယ်စေသော ဧရာမပင့်ကူသည် စစ်မှန်သော အိပ်မက်ဆိုးတစ်ခုပင်ဖြစ်သည်။ တွန့်ဆုတ်မနေဘဲ၊ လင်းရှန်သည် လီဗာကို ဆွဲလိုက်ပြီး၊ ဆိုင်ကယ်ကို ရှေ့မှ မြူခိုးထဲသို့ တဟုန်ထိုး မောင်းနှင်လိုက်သည်။

“ဘာလို့ အမြဲတမ်း ပိုးကောင်တွေ ဒါမှမဟုတ် ပင့်ကူတွေပဲ ဖြစ်နေရတာလဲ’’

ကီကီသည် လင်းရှန်ကို တင်းကျပ်စွာ ဖက်ထားရင်း၊ သူမ၏ မျက်နှာကို သူ၏ကျောပေါ်တွင် အပ်ထားကာ တုန်ယင်နေရင်း ကျိန်ဆဲလိုက်သည်။

လင်းရှန်သည် အာရုံစူးစိုက်ထားရင်း၊ မြူခိုးဖုံးလွှမ်းသော လမ်းကို မောင်းနှင်နေစဉ် မျက်နှာသည် တင်းမာနေသည်။

ထပ်-ထပ်-ထပ်-ထပ်

ထိုပင့်ကူသည် သူတို့ကို ပစ်မှတ်ထားနေသည်မှာ ထင်ရှားလေသည်။ ၎င်း၏ ရှည်လျားသော ခြေထောက်များသည် ထိတ်လန့်ဖွယ်ရာ အလျင်ဖြင့် လှုပ်ရှားကာ၊ မြူခိုးထဲမှ ထိုးဆင်းလာပြီး သူတို့ကို လိုက်လံတိုက်ခိုက်နေသည်။

“ဘယ်ကွေ့’’

ကီကီက အော်ပြောလိုက်သည်။

လင်းရှန်သည် လမ်းကြောင်းကို ချက်ချင်း ပြောင်းလဲလိုက်သည်။

“အပေါ်မှာ’’

လင်းရှန်သည် ဘရိတ်ကို ထပ်မံဆွဲလိုက်ပြီး၊ အထက်မှ ထိုးဆင်းလာသော နောက်ထပ်ခြေထောက်တစ်ချောင်းကို ကပ်၍ ရှောင်လိုက်သည်။ သို့သော် ပင့်ကူ၏ ခြေထောက်များသည် ရှည်လျားပြီး၊ အဆောက်အအုံများကြားတွင် အလွယ်တကူ ဖြတ်သန်းသွားလာနိုင်သည်။ ၎င်း၏ အမြန်နှုန်းသည် လင်းရှန်ထက် အဆပေါင်းများစွာ သာလွန်သည်။

ထပ်-ထပ်-ထပ်

ခဏအတွင်း၊ ထိုသတ္တဝါသည် ၎င်း၏ ခြေထောက်များစွာကို ဆန့်ထုတ်ကာ ရှေ့မှ လမ်းဆုံကို ပိတ်ဆို့လိုက်သည်၊ သားကောင်ကို ကစားနေသကဲ့သို့ပင်။

“သေစမ်း…”

လင်းရှန်သည် ဧရာမပင့်ကူသည် ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်သည် မြူခိုးထဲမှ ဖြည်းညှင်းစွာ နိမ့်ဆင်းလာပြီး တိုက်ခိုက်ရန် ပြင်ဆင်နေသည်ကို မြင်လိုက်ရသည်။ သူသည် လက်ကို မြှောက်လိုက်ပြီး၊ လေအမြောက်တစ်ခုကို ပစ်လွှတ်ရန် အသင့်ပြင်လိုက်သည်။

ထိုအချိန်တွင်၊ ကားတစ်စီး၏ အင်ဂျင်သံသည် အခြားတစ်ဖက်မှ ထွက်ပေါ်လာပြီး၊ မျက်စိကျိန်းလောက်သည့် အဖြူရောင်ရှေ့မီးများသည် မြူခိုးကို ဖောက်ထွင်းလာသည်။

ပြင်ဆင်တပ်ဆင်ထားသော ထရပ်ကားတစ်စီးသည် မြင်ကွင်းထဲသို့ တဟုန်ထိုး ဝင်ရောက်လာပြီး၊ ပင့်ကူ၏ ခြေထောက်များစွာကို အားပြင်းစွာ ဝင်တိုက်လိုက်သည်။ တိုက်ခိုက်မှုက ပင့်ကူကို မျှချေကိုပျက်စီးစေပြီး၊ ၎င်းကို မြေပေါ်သို့ ပြိုလဲသွားစေသည်။

တစ်ခဏအတွင်း၊ ထရပ်ကားသည် ၎င်းတို့ရှေ့တွင် ဒရစ်ဆွဲကာ ရပ်တန့်လိုက်သည်။

ကျွီ…

ထရပ်ကား၏ နောက်ဖုံးတံခါးဖွင့်လိုက်ပြီး၊ အသက်ဆယ့်တစ်နှစ်၊ ဆယ့်နှစ်နှစ်ခန့်သာ ရှိသေးသည့် မိန်းကလေးတစ်ဦးက အော်ပြောလိုက်သည်၊၊

“မြန်မြန်တက်’’

လင်းရှန်သည် တွန့်ဆုတ်မနေဘဲ၊ ဆိုင်ကယ်ကို အရှိန်မြှင့်ကာ ထရပ်ကား၏ ကုန်တင်နေရာထဲသို့ တိုက်ရိုက်မောင်းဝင်လိုက်သည်။ ထိုမိန်းကလေးသည် ထရပ်ကားဘေးကို ပုတ်လိုက်ပြီး အော်ပြောလိုက်သည်၊၊

“အစ်ကိုကြီး၊ မောင်းတော့’’

ဝူးး..

ပြင်ဆင်တပ်ဆင်ထားသော ထရပ်ကားသည် ချက်ချင်းပင် အရှိန်ဖြင့် မောင်းထွက်သွားသည်။

ပင့်ကူသည် လှည့်စားခံရသည့်အတွက် ဒေါသထွက်နေပုံရပြီး၊ နားကလောဖွယ် အော်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ၎င်း၏ ခြေထောက်ခြောက်ချောင်းကို မြေပေါ်တွင် ချကာ ထိတ်လန့်ဖွယ်ရာ အလျင်ဖြင့် လိုက်လာပြီး ထပ်မံတိုက်ခိုက်လာသည်။

All Chapters