← Chapters

အခန်း (၃၅၅-၃၅၇)

Vol. 24 Ch. 355-357

အခန်း (၃၅၅-၃၅၇)

Vol. 24 Ch. 355-357

အခန်း (၃၅၅) : စူပါမော်လီကျူလာပိုး

ကျိုးဟောင်မှာ သံမဏိအရိုးဝက်ဝံဘုရင်၏စကားအားကြားသောအခါ ဤပုဂ္ဂိုလ်မှာအလွန်အထင်ကြီးစရာကောင်းသည်ဟု စိတ်ထဲမှတွေးလိုက်မိပြီး ချက်ချင်းပင်တစ်စုံတစ်ခုအားစဉ်းစားမိလိုက်လေသည်။

မူလကကျိုးဟောင်ထင်ခဲ့သည်မှာ ဤသတ္တဝါသည်အလွန်တုံးအသည်ဟုထင်ခဲ့ခြင်းဖြစ်သည်။ သို့သော်နှစ်ကြိမ် အလဲအလှယ်လုပ်ပြီးသည့်အချိန်တွင် ဤဝက်ဝံမှာအလွန်ဉာဏ်ကောင်းကြောင်းကိုသိလိုက်ရပေသည်။

"အစ်ကိုကြီးဝက်ဝံက ဒီလောက်တည့်တိုးပြောနေမှတော့ ကျွန်တော်လည်းအချိန်မဖြုန်းနေတော့ပါဘူး အစ်ကိုကြီးပြောတာမှန်တယ် ၁၃ခုမြောက်အက်ကွဲကြောင်းထဲကမျိုးနွယ်ခြားတွေက လက်လျှော့သွားပြီလို့ကျွန်တော်ယုံတယ် ဒါပေမဲ့တခြားအက်ကွဲကြောင်းတွေကတော့ သေချာ ပေါက်တိုက်ခိုက်ဦးမှာပဲ တကယ်လို့အခုနေမှာ အစ်ကိုကြီးကကောင်းကင်ဘုံအဆင့်ထဲဝင်ခါစဆိုရင်တောင် ကျွန်တော့်အတွက်စိုးရိမ်စရာပဲ"

ကျိုးဟောင်မှာကွေ့ပတ်ကာပြောမနေတော့ချေ။ သံမဏိအရိုးဝက်ဝံဘုရင်မှာ ထိုစကားအားကြားသောအခါ ပြုံးကာပြန်ပြောလိုက်သည်။

"လူသားညီလေး မင်းရှေ့ကိုအရမ်းကြိုတွေးလွန်းနေပြီ ငါတို့မျိုးနွယ်ခြားတွေကို မင်းတို့လူသားတွေလိုထင်နေတာလား တကယ်လို့ငါသာ ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ဖြစ်လာခဲ့ရင် မင်းတို့လူသားတွေအစား တခြားမျိုးနွယ်ခြားတွေနဲ့ အရင်ရင်ဆိုင်ရမှာ"

"ကောင်းပြီ ငါဒီကိစ္စကိုမပြောတော့ဘူး ဒါကမျိုးနွယ်ခြားတွေရဲ့လျှို့ဝှက်ချက်ပဲ ငါ့ကိုပြော မင်းအလဲအလှယ်လုပ်ချင်သေးရဲ့လား"

သံမဏိအရိုးဝက်ဝံဘုရင်မှာလက်ယမ်းပြကာပြောလိုက်ပြီး လုံးဝဂရုမစိုက်ပေ။

"ကောင်းပြီလေ ကျွန်တော်အစ်ကိုကြီးဝက်ဝံနဲ့သဘောတူညီချက်တစ်ခုလုပ်ချင်တယ်"

ထိုကိစ္စအားစဉ်းစားလိုက်ပြီးနောက် ကျိုးဟောင်မှာ သဘောတူညီချက်တစ်ခုလုပ်သင့်သည်ဟုခံစားလိုက်ရပေသည်။ ဒီလိုမှသာ သူလည်းစိတ်အေးနိုင်ပေလိမ့်မည်။

"သဘောတူညီမှု ဘာပြောချင်တာလဲ"

သံမဏိအရိုးဝက်ဝံဘုရင်မှာ တိုက်ရိုက်ပင်မေးလိုက်သည်။

"ရိုးရှင်းပါတယ် ကျွန်တော်တို့အလဲအလှယ်ဆက်လုပ်လို့ကရတယ် ဒါပေမဲ့အခြေအနေတစ်ခုတော့ရှိတယ် အစ်ကိုကြီး ကောင်းကင်ဘုံအဆင့်ကိုချိုးဖောက်ပြီးရောက်သွားတဲ့အချိန်ကစပြီး နောက်ထပ်၃နှစ်အတွင်း ကျွန်တော်တို့လူသားမျိုးနွယ်တွေနဲ့ရန်သူလုပ်လို့မရဘူး မဟုတ်ရင် ရှေးဟောင်းစွမ်းအင်ကျောက်ကိုဆုံးရှုံးရမယ်ဆိုရင်တောင် ကျွန်တော်အလဲအလှယ်မလုပ်တော့ဘူး"

ကျိုးဟောင်၏အတွေးမှာအလွန်ရိုးရှင်းပေသည်။ ရှေ့တန်းရှိတိုက်ပွဲမှာအလွန်ပြင်းထန်နေသောအခြေအနေဖြစ်နေပေရာ အကယ်၍ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်သာရုတ်တရက်ပေါ်ပေါက်လာပါက ရှေ့တန်းအတွက်အလွန်အန္တရာယ်များမည်ဖြစ်သည်။ ဤသို့ဆိုပါက အကြောင်းပြချက်မရှိရှေ့တန်းအတွက် ဖိအားပိုပေးလိုက်သလိုဖြစ်ပေလိမ့်မည်။

သံမဏိအရိုးဝက်ဝံဘုရင်မှာ ထိုစကားအားကြားသောအခါရယ်မောလိုက်သည်။

"ငါကရောရှေ့တန်းကိုသွားချင်တယ်လို့ထင်လို့လား အမှန်တိုင်းပဲပြောပြမယ် လူသားညီလေး ငါတို့မျိုးနွယ်ခြားတွေဆီလာလို့ရတဲ့ဝင်ပေါက်ပွင့်သွားမယ်ဆိုရင်တောင် မင်းတို့လူသားမျိုးနွယ်တွေတိုက်ဖို့ကခက်ဦးမှာပဲ။ လူသားမြေကိုငါတို့တိုက်ချင်တဲ့ရည်ရွယ်ချက်က ငါတို့မျိုးနွယ်ခြားတွေရဲ့မြေအများစုက ကျက်တီးမြေဖြစ်နေလို့ပဲ"

"ပြီးတော့ ရှေ့တန်းကအန္တရာယ်တွေနဲ့ပြည့်နေတာ ငါသေသွားရင်ဘယ်လိုလုပ်မလဲ ဒီလောက်နှစ်တွေအများကြီးကြိုးစားပြီးကျင့်ကြံခဲ့တာကိုအလကားအဖြစ်မခံနိုင်ပါဘူး ငါ့ကိုရူးနေတယ်ထင်လား"

သံမဏိအရိုးဝက်ဝံဘုရင်မှာ အတော်လေးဖြောင့်မတ်ပေရာ သူ၏ပုံစံမှာလိမ်နေပုံလည်းမပေါ်ပေ။ မည်သို့ပင်ဖြစ်စေ ဤဝက်ဝံဘုရင်မှာဉာဏ်မရှိသူမဟုတ်ဘဲ ထိုအရာနှင့်ဆန့်ကျင်ဘက် အလွန်ဉာဏ်ကောင်းလှပေသည်။

"ကောင်းပြီလေ အစ်ကိုကြီးစကားအတိုင်းဆို ကျွန်တော်စိတ်အေးရပါပြီ"

စကားဆုံးသည်နှင့် ကျိုးဟောင်တို့ ၂ယောက်မှာ အက်ကွဲကြောင်း၏အနက်ပိုင်းသို့ဝင်ရောက်သွားကြလေသည်။ ယခုတစ်ကြိမ်တွင် ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက် အတုံး ၅၀ ရရှိခဲ့ပေသည်။ ကျိုးဟောင်မှာထိုကျောက်များအားယူပြီးနောက် ချက်ချင်းပင်လေ့ကျင့်ရေးစခန်းသို့ပြန်လာလိုက်သည်။

လေ့ကျင့်ရေးစခန်းရှိနေ့ရက်များမှာအေးချမ်းနေပြီး ပိုင်လင်းလုံပေးသောတာဝန်များမှာလည်း ပိုပိုပြင်းထန်လာခဲ့ပေသည်။ ကံကောင်းသည်မှာ သူတို့အားလုံးယခင်ကထက်သန်မာလာကြပြီး တာဝန်တိုင်းကိုအန္တရာယ်ကင်းကင်းဖြင့် ဖြတ်သန်းနိုင်ခြင်းပင်ဖြစ်သည်။

ထို့အပြင် ကျိုးဟောင်မှာနံပါတ်တစ်ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရရှင်တစ်ယောက်ဖြစ်ပေရာ အကယ်၍မတော်တဆမှုတစ်ခုခုဖြစ်ပါကလည်း အခြားလူများ၏လုံခြုံရေးအတွက် အလွယ်တကူကာကွယ်ပေးနိုင်ပေသည်။

ထိုကဲ့သို့သောနေ့ရက်များကိုဖြတ်သန်းလာရင်း အချိန်မှာတစ်လနီးပါးကုန်လွန်သွားခဲ့ပြီး ဤကာလအတွင်းမျိုးနွယ်ခြားများမှလာရောက်တိုက်ခိုက်ခြင်းမရှိသည်ကိုကျိုးဟောင်အတော်လေးအံ့ဩနေပေသည်။

ထိုသို့တိတ်ဆိတ်နေခြင်းကြောင့်ကျိုးဟောင်မှာ အတော်လေးစိတ်ဖိစီးနေပေသည်။ အကြောင်းပြချက်မှာ ကံကြမ္မာအမှတ်များမစုဆောင်းနိုင်၍သာဖြစ်သည်။

ယနေ့တွင် ကျိုးဟောင်မှာအားလပ်ချိန်အားအသုံးချကာ ချပ်ဝတ်ကိုဝတ်ဆင်လိုက်ပြီးနောက် ၁၂ခုမြောက်အက်ကွဲကြောင်း၏ရှေ့တန်းသို့ ရောက်ရှိလာခဲ့ပေသည်။

၁၃ ခုမြောက်အက်ကွဲကြောင်းမှာ ယခုအချိန်တွင် လေ့ကျင့်ရေးအခြေစိုက်စခန်းတစ်ခုဖြစ်နေပြီဖြစ်ရာ ကျူးဇောင်နှင့်အခြားလူများမှာလည်း အခြားအက်ကွဲကြောင်းများထံသို့ ထွက်သွားကြပြီဖြစ်သည်။

၁၂ခုမြောက်အက်ကွဲကြောင်းအားတာဝန်ယူနေရသော ကျူးဇောင်မှာ ကျိုးဟောင်အားတွေ့လိုက်ရသောအခါ ချက်ချင်းပင်ပြုံးပြကာနှုတ်ဆက်လာလေသည်။

"ဥက္ကဌကျိုး မတွေ့ရတာတောင်ကြာပြီ"

"ခုတစ်လောအတော်လေးငြိမ်းချမ်းနေတယ်ဆိုတော့ ကျွန်တော်လည်းအတော်လေးအားလပ်နေတာ"

ကျိုးဟောင်သည်လည်း ပြုံးကာပြန်နှုတ်ဆက်လိုက်သည်။

"ဟင်း...."

သို့သော် အစောပိုင်းကပြုံးပြုံးရွှင်ရွှင်ဖြင့်နှုတ်ဆက်လာသော ကျူးဇောင်မှာယခုအခါခေါင်းယမ်းရင်းသက်ပြင်းချလိုက်လေသည်။

"ကောင်းကင်ဘုံဘုရင်ကျူး ဘာလို့ သက်ပြင်းတွေချနေတာလဲ ဘာကိစ္စရှိလို့လဲ"

ကျူးဇောင်၏အမူအရာကိုကြည့်ပြီးနောက် ကျိုးဟောင်မှာမျက်မှောင်ကြုတ်သွားကာ အလျင်အမြန်ပင်မေးလိုက်သည်။

"ဥက္ကဌကျိုး လက်ရှိအချိန်မှာအကုန်လုံးကအေးချမ်းနေတယ်လို့ထင်ရပေမဲ့ တကယ်တော့ စက်ရုပ်မျိုးနွယ်ရဲ့ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက် လက်နက်အသစ်တစ်မျိုးတီထွင်လိုက်တယ်ဆိုတဲ့သတင်းကို ငါတို့ရထားတယ် ဒီလက်နက်စစ်မြေပြင်ဆီရောက်လာပြီဆိုတာနဲ့ အရမ်းဖျက်ဆီးအားပြင်းထန်မှာပဲ ဒါကိုအတော်လေးစိတ်ပူမိတယ်"

ကျူးဇောင်၏မျက်နှာပေါ်ရှိစိုးရိမ်မှုအားမြင်လိုက်ရချိန်တွင် ကျိုးဟောင်၏ရင်ထဲတွင် တင်းကျပ်သွားရသည်။

"ဘာလက်နက်မလို့လဲ"

ကျိုးဟောင်မှအလျင်အမြန်ပင်မေးလိုက်သည်။

"စူပါမော်လီကျူလာပိုးပဲ ဒီပိုးကမျိုးနွယ်ခြားတွေအပေါ်အသုံးမဝင်ပေမဲ့ ငါတို့လူသားတွေအတွက်တော့အရမ်းအန္တရာယ်များတယ် ကူးစက်ခံရတာနဲ့ ခန္ဓာကိုယ်ထဲကအရေးကြီးတဲ့အရာဖျက်ဆီးပစ်တော့တာပဲ ငါတို့လူသားကျင့်ကြံသူတွေရဲ့ သွေးအနှစ်သာရစွမ်းအားက မျိုးနွယ်ခြားတွေကိုမယှဉ်နိုင်တာ မင်းလည်းသိတာပဲ"

"ဒီပစ္စည်းကိုသုံးလိုက်တာနဲ့ ငါတို့လူသားမျိုးနွယ်ရဲ့တိုက်ခိုက်ရေးစွမ်းအားက ချက်ချင်းလျော့ကျသွားလိမ့်မယ်"

ကျူးဇောင်စကားဆုံးသည်နှင့် ကျိုးဟောင်သည်လည်းထိတ်လန့်သွားခဲ့ပေသည်။

"ဘာ အဲဒီလိုလက်နက်မျိုးရှိတယ်လား"

ဤပစ္စည်းသည်လူသားမျိုးနွယ်အတွက် ဘေးအန္တရာယ်တစ်ခုသာဖြစ်ပေသည်။ မျိုးနွယ်ခြားများအပေါ်သက်ရောက်မှုမရှိပါက လူသားတွေအတွက်အလွန်အန္တရာယ်များလှပေသည်။

"ဟုတ်တယ် စက်ရုပ်မျိုးနွယ်ရဲ့သုတေသနလုပ်နိုင်စွမ်းကို ငါတို့လူသားတွေမယှဉ်နိုင်ဘူး စစ်ပွဲအတွင်း သူတို့ဘက်ကငါတို့ရဲ့စစ်သည်တွေအများကြီးကိုဖမ်းဆီးသွားကြပြီးတော့ ဖမ်းသွားတဲ့လူတွေနဲ့နေ့နေ့ညညသုတေသနလုပ်ပြီး နောက်ဆုံးမှာအောင်မြင်သွားခဲ့တာ"

ကျူးဇောင်မှာအလွန်ပူပန်နေပြီး သက်ပြင်းနက်နက်ကိုသာချနေပေသည်။

"ကောင်းကင်ဘုံဘုရင်ကျူး နည်းလမ်းတစ်ခုခုများရှိလား"

ကျိုးဟောင်မှာ ချက်ချင်းပင်မေးလိုက်သည်။

"အထက်ကလူကြီးတွေတော့ လောလောဆယ်ဒီကိစ္စကိုဆွေးနွေးနေကြတယ် သူတို့အဲဒီလက်နက်ကိုတီထွင်လိုက်နိုင်ပြီဆိုပေမဲ့ ငါကြားတာတော့ ဒါကအရမ်းရှူပ်ထွေးပြီးတော့ ထုတ်လုပ်ဖို့အခက်အခဲအနည်းအကျဉ်းရှိနေသေးတယ်တဲ့ ပြီးတော့မျိုးနွယ်ခြားတွေဒီဟာထုတ်လုပ်ဖို့အတွက် အရင်းအမြစ်တွေလည်းရှားပါးနေတယ် ဒီတော့သူတို့ဒါကိုထုတ်ဖို့ဆိုတာအရမ်းခက်တယ်"

"ငါကြားတာတော့ ၇ခုမြောက်အက်ကွဲကြောင်းမှာ ရေဒီယိုသတ္တိကြွတာဝါတိုင်ဆောက်နေတယ်တဲ့ ဒီတာဝါတိုင်သုံးလို့ရတဲ့အချိန်ကျ သူတို့ကစူပါမော်လီကျူလာပိုးကိုအသက်သွင်းလိမ့်မယ် ၇ခုမြောက်အက်ကွဲကြောင်းက စစ်သားတွေက ၇ခုမြောက်အက်ကွဲကြောင်းကိုတိုက်ခိုက်လို့ရမဲ့နည်းလမ်းတွေစဉ်းစားနေကြတယ်"

ကျူးဇောင်စကားဆုံးသွားသောအခါ ကျိုးဟောင်မှာမျက်မှောင်ကြုတ်သွားလေသည်။

၇ ခုမြောက်အက်ကွဲကြောင်းမှာ လူသားမျိုးနွယ်နှင့်ကမ္ဘာဂြိုဟ်၏အစာအိမ်ဖြစ်သည်။ ထိုနေရာအားဆုံးရှုံးလိုက်ရပါက လူသားမျိုးနွယ်အတွက် တကယ်ကိုအန္တရာယ်များမည်ဖြစ်သည်။

ထိုအချိန်ရောက်ပါကမျိုးနွယ်ခြားများမှာ ၇ခုမြောက်အက်ကွဲကြောင်းအားသိမ်းပိုက်ကာ လူသားများအားနှစ်ပိုင်းပိုင်းပစ်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။ ထိုကဲ့သို့သောအခြေအနေသို့ရောက်ရှိသွားပါက လူသားမျိုးနွယ်လည်းအဆုံးသတ်ရမည်ဖြစ်သည်။

"ဒီပွဲကိုရှုံးလို့မဖြစ်ဘူး ကျွန်တော်အခုပဲ ၇ ခုမြောက်အက်ကွဲကြောင်းကိုသွားမယ်"

ကျိုးဟောင်အခြားစကားမပြောဘဲ ထွက်သွားတော့မည့်အချိန်မှာပင် ကျူးဇောင်မှာအလျင်အမြန်ပြောလာလေသည်။

"ဥက္ကဌကျိုးကသွားချင်တယ်‌ဆိုမှတော့ ပိုင်လင်းလုံကိုပါခေါ်သွားလိုက်ပါ သူ့အစ်ကိုက ၇ ခုမြောက်အက်ကွဲကြောင်းကအခြေအနေတွေကိုတာဝန်ယူထားတဲ့ ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ပဲ မင်းတို့နှစ်ယောက်အတူသွားရင် သေချာပေါက်သူ့ကိုကူညီပေးနိုင်မှာ"

ကောင်းကင်ဘုံဘုရင်ကျူးမှ ပြောလာပေသည်။

"ဟမ် ပိုင်မိန်းကလေးက ၁၃ ခုမြောက်အက်ကွဲကြောင်းရဲ့အခြေစိုက်စခန်းမှာ အဆင့်မြင့်အဖွဲ့တစ်ဖွဲ့ကိုလေ့ကျင့်ပေးနေတာမဟုတ်ဘူးလား"

ကျိုးဟောင်မှာခေတ္တမျှရပ်သွားပြီးနောက် မေးလိုက်သည်။

"ဟုတ်တယ် အဲဒါကြောင့်ဒီတစ်ခေါက် ပိုင်လင်းလုံတစ်ယောက်တည်းမဟုတ်ဘူး သူနဲ့အတူအဖွဲ့ ၇ဖွဲ့ကိုပါခေါ်သွားလိမ့်မယ်"

"၁၃ခုမြောက်အက်ကွဲကြောင်းက သူတို့လေ့ကျင့်ဖို့အကောင်းဆုံးနေရာဆိုပေမဲ့ ပိုင်လင်းလုံကသူတို့လေ့ကျင့်ဖို့ရှေ့တန်းကိုခေါ်သွားချင်နေတယ် ဘာပဲဖြစ်ဖြစ် သူတို့ကဆရာသခင်အဆင့်တွေဖြစ်နေပြီပဲ တစ်ချို့ဆိုမဟာဆရာသခင်အဆင့်တောင်ရောက်နေပြီ ရှေ့တန်းမှာလေ့ကျင့်ရမဲ့အချိန်ရောက်နေပြီ"

ကျူးဇောင်ထံမှ ထိုစကားမျိုးကြားရလိမ့်မည်ဟု ကျိုးဟောင်မမျှော်လင့်ထားခဲ့ပေ။

"ဒီကိစ္စပြီးရင် ပိုင်လင်းလုံမင်းကိုဆက်သွယ်လိမ့်မယ် အချိန်ကျလာရင် အတူသွားကြမှာမလား"

ကျူးဇောင်မှမေးလိုက်သည်။

"ကျွန်တော်သူနဲ့အတူမသွားဘူး အဲဒီကျောင်းသားတွေနဲ့သွားမယ်ဆို သူကအရမ်းနှေးလိမ့်မယ်"

ကျိုးဟောင်လည်း သူမ နှင့်အတူသွားချင်ပေသည်။ သို့သော်သူမသည်အဖွဲ့ ၇ဖွဲ့အားဦးဆောင်သွားရမည်ဖြစ်သည်။ ဥက္ကဌကျိုးရော ကျိုးဟောင်ရောမှာသူတစ်ယောက်တည်းဖြစ်ပေရာ နှစ်ယောက်တစ်ပြိုင်တည်းပေါ်လာရန်မှာ မဖြစ်နိုင်ပေ။

"အဲဒါလည်းကောင်းပါတယ် ငါ့မှာအစည်းအဝေးတက်စရာရှိသေးလို့ ဥက္ကဌကျိုးကိုအဖော်မလုပ်ပေးတော့ဘူးနော်"

ထို့နောက် ကျူးဇောင်မှခေါင်းညိတ်ပြရင်းနေရာမှထွက်ခွာသွားလေသည်။

....................................................................................

အခန်း(၃၅၅) ပြီးပါပြီ။

အခန်း (၃၅၆) : ၇ ခုမြောက်အက်ကွဲကြောင်းဆီသို့

ကျိုးဟောင် ၁၂ခုမြောက်အက်ကွဲကြောင်းမှထွက်ခွာလာချိန်တွင် ပိုင်လင်းလုံထံမှစာတစ်စောင်ဝင်လာခဲ့သည်။ သူမရေးထားသည့်အဓိပ္ပာယ်မှာအလွန်ရိုးရှင်းပေသည်။ သူမသည် ကျိုးဟောင်ထွက်ခွာမည့်အချိန်အားသိလိုခြင်းဖြစ်သည်။

ကျိုးဟောင်မှာတိုတိုတုတ်တုတ်ပင်စာပြန်ကာ လေ့ကျင့်ရေစခန်းသို့ပြန်လာလိုက်သည်။

ပိုင်လင်းလုံမှာကျိုးဟောင်၏ပြန်စာအားကြည့်ကာမျက်မှောင်ကြုတ်သွားပြီး စိတ်ထဲတွင် ကျိုးဟောင်မှာသူမအားကူးစက်တတ်သောရောဂါပိုးလို ရှောင်ဖယ်နေသလိုခံစားလိုက်ရပေသည်။ ဤလူမှာဘာကြောင့် ထိုမျှလောက်ရှက်တတ်မှန်း သူမ နားမလည်ပေ။

ပြစ်မူအသူတရာချောက်ထဲတွင်ရှိခဲ့စဉ်က ကျိုးဟောင်၏အပြုအမူမှာအတော်လေးဆိုးဝါးပြီး ထိုလူသည်သူမနှင့် စုံတွဲကျင့်ကြံရေးသိုင်းပင်ကျင့်ကြံခဲ့ပေသည်။ ယခုပြန်ရောက်ပြီးနောက်ပိုင်းတွင် သူမအားလေထုထဲအငွေ့ပျံကာပျောက်ကွယ်သွားသလိုသဘောထားနေပေသည်။ သူမအား ကျိုးဟောင်ထံဆက်သွယ်လို့ရမည့်အချက်အလက်ကို ကျူးဇောင်သာမပေးခဲ့ပါက သူမသည်ထိုလူအားလုံးဝဆက်သွယ်လို့ရမည်မဟုတ်ပေ။

နောက်တစ်နေ့မနက်အစောပိုင်းတွင် အားလုံး၇ ခုမြောက်အက်ကွဲကြောင်းသို့သွားရမည်ဟူသောသတင်းမှာ အဖွဲ့ ၇ဖွဲ့၏နားထဲသို့ ရောက်ရှိလာခဲ့ပေသည်။

"၇ ခုမြောက်အက်ကွဲကြောင်းကစစ်ပွဲကပြင်းထန်နေတယ် မင်းတို့ကလူသားမျိုးနွယ်ကပျိုးထောင်ထားတဲ့ အဆင့်မြင့်အဖွဲ့တွေဆိုမှတော့ မင်းတို့အဲဒီကိုလူကိုယ်တိုင်သွားပြီး ကြိုတင်လေ့ကျင့်သင့်တယ် မှန်လုံအိမ်ထဲမှာစိုက်ထားတဲ့ပန်းတွေကအမြဲတမ်းမျက်စိပသာဒဖြစ်စေတယ်ဆိုပေမဲ့ တကယ့်အကျပ်အတည်းနဲ့ကြုံရင်ပျက်စီးလွယ်ပြီး အသုံးမဝင်ဘူး"

"အဲဒါကြောင့် မင်းတို့ကြောက်မကြောက် ကိုငါစိတ်မဝင်စားဘူး ဒီတစ်ခေါက် မင်းတို့အားလုံးငါနဲ့အတူလိုက်ရမယ်နားလည်ကြလား"

ပိုင်လင်းလုံမှာ အဖွဲ့ ၇ဖွဲ့အားကြည့်ပြီး တန်းအမိန့်ပေးလိုက်သည်။

ဤအမိန့်သည် အဖွဲ့ ၇ဖွဲ့အားထိတ်လန့်သွားစေခဲ့ပေသည်။

အခြားအဖွဲ့များ၏အတွေးကိုတော့ ကျိုးဟောင်သေချာပေါက်မသိပေ။

တစ်ဖက်တွင် အဖွဲ့ ၇ မှာထိုသတင်းအားကြားပြီး အနည်းငယ်စိတ်လှုပ်ရှားနေကြပေသည်။

"ငါတို့နောက်ဆုံးတော့ တကယ့်ရှေ့တန်းကိုသွားပြီးရန်သူတွေကိုသတ်ရတော့မှာလား ကောင်းလိုက်တာ ဒီလိုအချိန်ရောက်ဖို့စောင့်နေတာကြာလှပြီ"

သတင်းအားကြားပြီး ပထမဆုံးစကားပြောလာသူမှာကျန်းယိဖြစ်သည်။ ကျန်းယိသည်အမြဲတမ်းအကြောက်တရားကင်းကာ သတ္တိကောင်းသူတစ်ယောက်ဖြစ်သည်။

"ဟင်း....၇ ခုမြောက်အက်ကွဲကြောင်းကသေချာပေါက် အန္တရာယ်အရမ်းများမှာပဲ..."

တစ်ဖက်တွင်ယွမ်ချန်းမှာအနည်းငယ်စိုးရိမ်နေပေသည်။ သူသည်အနည်းငယ်ကြောက်တတ်သည်ဆိုသော်ငြား တိုက်ပွဲမစခင်ထွက်ပြေးမည့်လူမျိုးတော့မဟုတ်ပေ။

"ငါ့အထင်တော့ ငါတို့ထွက်ပြေးလို့ရမဲ့တစ်ခုခုစီစဉ်သွားသင့်တယ်နော် ပြီးခဲ့တဲ့အခေါက်ငါတို့လက်နက်ဆိုင်ကိုသွားတုန်းက ငါဒုံးစက်အသစ်တစ်မျိုးတွေ့ခဲ့တယ် အဲဒါဝယ်သွားကြမလား"

ယွမ်ချန်းမှာခေတ္တမျှစဉ်းစားပြီးနောက် ပြောလာလေသည်။

"ယွမ်ချန်းငါတို့တိုက်တောင်မတိုက်ရသေးဘူး နင်ကထွက်ပြေးဖို့ကိုစဉ်းစားနေပြီ တကယ်ရယ်ရတယ်"

ယွင်ယန်မှာကျက်သရေရှ်ိစွာပြုံးပြီး ပြောလာလေသည်။

တစ်ဖက်တွင် ထိုစကားအားနားထောင်ပြီးနောက် ဖန်းယွီမှာခေါင်းညိတ်ရင်းဝင်ရောက်ထောက်ခံလာသည်။

"ထွက်ပြေးဖို့တင်မဟုတ်ဘူး ရန်သူတွေကိုသတ်လို့ရမဲ့ ပစ္စည်းတွေလည်းပြင်သွားရမယ် ဖြစ်လာမှထက်မဖြစ်ခင်ကြိုပြင်ထားတာကပိုကောင်းတယ်"

ကျိုးဟောင်မှာခေါင်းညိတ်ကာဝင်ပြောလိုက်သည်။

"ဟုတ်တယ် ဒီတစ်ခေါက်သွားရမဲ့ ၇ ခုမြောက်အက်ကွဲကြောင်းကတကယ့်စစ်မြေပြင်တစ်ခု ငါတို့ပုံမှန်လေ့ကျင့်ရေးလိုမဟုတ်ဘူး အဲဒါကြောင့်ငါတို့တကယ်ပိုပြီးပြင်ဆင်သွားသင့်တယ်"

ဆွေးနွေးပြီးနောက် သူတို့သည်ချက်ချင်းပင်လမ်းခွဲလိုက်ကြပြီး ယွမ်ချန်းနှင့်ကျန်းယိမှာ ထွက်ပြေးလို့ရမည့်ကိရိယာများဝယ်ယူရန်ထွက်လာကြပြီး ယွင်ယန်နှင့်ဖန်းယွီမှာ ရန်သူများအားသတ်ဖြတ်နိုင်မည့်ပစ္စည်းများသွားရောက်ဝယ်ယူကြပေသည်။ တစ်ဖက်တွင် ကျိုးဟောင်နှင့်ရှုလင်မှာမူအားနေကြပေသည်။

ကျိုးဟောင်မှာ ရှုလင်နှင့်နှစ်ယောက်အချိန်အတူဖြုန်းနိုင်သည့်အခွင့်အရေးရသည်ကို အလွန်ပျော်ရွှင်နေပေသည်။

"ရှုလင် ငါတို့ကျောင်းမှာတုန်းကအချိန်ကိုမှတ်မိလား ငါပျင်းလို့ဆိုပြီးနင်အမြဲငါ့ကိုအော်နေတာလေ အခုငါအဲဒီအကြောင်းစဉ်းစားမိတော့ အဲဒီအချိန်တွေကိုတကယ်လွမ်းတယ်"

ကျိုးဟောင်စကားဆုံးသောအခါ ရှူလင်မှာပြုံးလိုက်သည်။ သူမသည်ချက်ချင်းပင် ကျိုးဟောင်၏နားရွက်အားဆွဲကာစနောက်ကာဆူလိုက်သည်။

"နင်အရင်ကထက် ပိုသန်မာလာလို့မဆူတော့ဘူးလို့မထင်လိုက်နဲ့ ငါတို့၆ယောက်ထဲမှာ နင်အပျင်းဆုံးပဲ ငါမသိဘူးမထင်နဲ့"

"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် သူရဲကောင်းမလေးရှူရဲ့မျက်လုံးအောက်ကနေ ဘယ်ဟာမှပြေးမလွတ်ပါဘူး နားရွက်ကိုမြန်မြန်လွှတ်ပေးပါတော့ မှားမှန်းသိပါပြီ"

"ဟမ့်..."

ရှုလင်မှာကျိုးဟောင်၏စကားကြောင့်ပြုံးသွားသော်လည်း ချက်ချင်းပင်စိုးရိမ်စွာဖြင့်မေးလာလေသည်။

"ကျိုးဟောင် နင်ရော...ငါတို့ဒီတစ်ခေါက်အန္တရာယ်နဲ့ကြုံရမယ်လို့ထင်လား"

ရှုလင်၏ရုတ်တရက်အမေးကြောင့် ကျိုးဟောင်မှာသက်ပြင်းချလိုက်လေသည်။

"သေချာပေါက်အန္တရာယ်ရှိမှာပေါ့ ဒါပေမဲ့နင့်ဘေးမှာငါရှ်ိနေမှာ အဲဒါကြောင့်စိတ်ချ အန္တရာယ်ရှိလာရင်တောင် ငါနင့်ကိုကာကွယ်ပေးမယ်"

ကျိုးဟောင်မှာရှုလင်၏လက်လေးအားကိုင်ကာ အခိုင်အမာပြောလိုက်သည်။

ကျိုးဟောင်၏အပြောကြောင့်ရှုလင်မှာချစ်စဖွယ်ကောင်းစွာပြုံးသွားသော်လည်း အမူပိုကာထပ်မံပြောလာလေသည်။

"ဟမ့် နင်ငါ့ကိုကာကွယ်ပေးစရာမလိုပါဘူး ငါကနင့်ထက်တော့အားမနည်းဘူး"

ရှုလင်မှာပြောရင်းပင် လက်သီးထောင်ပြလိုက်သည်။

"ငါတို့ကတော့အပြင်သွားပြီးပစ္စည်းသွားဝယ်ရတယ် နင်တို့နှစ်ယောက်ကတော့ ဒီမှာလာကြည်နူးနေကြတယ်"

ယွင်ယန်တို့မှာပြန်ရောက်လာချိန်တွင် ကျိုးဟောင်နှင့်ရှုလင်တို့ချစ်ကြည်နူးနေသည်အားတွေ့လိုက်ရသောအခါ ချက်ချင်းပင်စိတ်ပျက်နေဟန်ဖြင့် ဒေါသတကြီးပြောဆိုလာကြလေသည်။

ထိုစကားအားကြားသောအခါ ရှုလင်၏မျက်နှာလေးမှာ ချက်ချင်းပင်နီရဲသွားပြီး အတော်လေးရှက်သွားလေသည်။

"ဘာဝယ်လာကြလဲ"

ကျိုးဟောင်မှာနေရခက်စွာဖြင့် ချောင်းဟန့်ရင်း အလျင်အမြန်ပင်စကားလမ်းကြောင်းလွှဲလိုက်သည်။

ကျိုးဟောင်စကားလမ်းကြောင်းလွှဲလိုက်သည်ကိုမြင်သောအခါ ယွင်ယန်မှာဘာမှထပ်မပြောတော့ပေ။

"ဖန်းယွီနဲ့ငါက ရပ်တန့်ရေးဗုံးရယ်၊ အဆင့်မြင့်အသံလှိုင်းသေနတ်ရယ် ဖောက်ခွဲရေးဗုံးတွေရယ်ဝယ်လာတယ် အများကြီးမရခဲ့ပေမဲ့ အားလုံးပစ္စည်းကောင်းတွေကြီးပဲ"

ယွင်ယန်၏စကားဆုံးသည်နှင့် ယွမ်ချန်းမှာအလျင်အမြန်ပင်ပြောလိုက်သည်။

"ကျန်းယိနဲ့ငါကဒုံးစက်တွေဝယ်လာတယ် ပြီးတော့မီးခိုးဗုံးတွေလည်းဝယ်လာတယ် ဒါကငါတို့ထွက်ပြေးတဲ့အချိန်ကျ လိုလာလိမ့်မယ်"

လုံလုံလောက်လောက်ပြင်ဆင်ပြီးသည်ကိုတွေ့လိုက်ရပြီးနောက် ကျိုးဟောင်မှာစိတ်ကျေနပ်စွာဖြင့်ခေါင်းညိတ်လိုက်သည်။

နောက်တစ်နေ့မနက်အစောပိုင်းတွင် အဖွဲ့ ၇ဖွဲ့မှာလေယာဉ် ၇စင်းဖြင့် ၇ခုမြောက်အက်ကွဲကြောင်းဆီသို့ဦးတည်ထွက်ခွာလာခဲ့ကြသည်။

ခရီးစဉ်မှာသိပ်မဝေးသော်လည်း ၇ခုမြောက်အက်ကွဲကြောင်းသို့ရောက်ရန် နေ့တစ်ဝက်မျှအချိန်ယူလိုက်ရပေသည်။

အားလုံးမှာ ၇ခုမြောက်အက်ကွဲကြောင်းသို့ရောက်ရောက်ချင်းထိတ်လန့်သွားခဲ့ကြသည်။

၇ခုမြောက်အက်ကွဲကြောင်းမှာ အနိဠာရုံမြင်ကွင်းများဖြင့်ပြည့်နှက်နေပေရာ ဤနေရာသည်တိုက်ပွဲပေါင်းစုံကိုကြုံတွေ့ခဲ့ရမှန်းသိသာလှပေသည်။ ဤနေရာ၏ အခြေအနေမှာ ၁၂ခုမြောက်အက်ကွဲကြောင်း နှင့် ၁၃ ခုမြောက်အက်ကွဲကြောင်းတို့ထက်ပင် ပိုမိုပြင်းထန်လေသည်။

ကျိုးဟောင်မှာထိုမြင်ကွင်းအားကြည့်ပြီး အသက်ပြင်းပြင်းရှူလိုက်မိသည်။ လက်ရှိမြင်ကွင်းကိုကြည့်ရုံဖြင့် သေချာပေါက်ကြီးမားသောတိုက်ပွဲတစ်ခုဖြစ်ခဲ့ကြောင်း ကျိုးဟောင်သိပေသည်။ ထို့အပြင် ထိုတိုက်ပွဲမှာသေချာပေါက်ပြင်းထန်သော တိုက်ပွဲတစ်ခုဖြစ်သည်။

ထိုမျှသာမက ၇ခုမြောက်အက်ကွဲကြောင်း၏အနက်ပိုင်းတွင် ရှည်လျားသောတာဝါတိုင်တစ်ခုရှိနေကြောင်းကိုလည်း ကျိုးဟောင်မြင်လိုက်ရပေသည်။

တာဝါတိုင်ဘေးတွင် ကာကွယ်ရေးခံတပ်တစ်ခုတည်ဆောက်ထားပြီး အဝေးမှကြည့်ပုံအရ ကာကွယ်ရေးခံတပ်၏ပုံစံမှာအလွန်အစောင့်ထူထပ်လှပုံပေါ်ပေသည်။ ဤအရာအားလုံးကိုစီစဉ်ထားသူများမှာ သေချာပေါက် သန္ဓေပြောင်းသားရဲများပင်ဖြစ်ကြသည်။

"ကြည့်ရတာ ဒီတာဝါတိုင်မပျက်စီးသရွေ့ လက်ရှိအကျပ်အတည်းအားဖြေရှင်းနိုင်မယ့်ပုံမပေါ်ဘူး မျိုးနွယ်ခြားတွေတာဝါတိုင်ကိုအသုံးမပြုရသေးဘူးလားမသိဘူး"

ကျိုးဟောင်မှာအလွန်ပင်စိုးရိမ်နေလေသည်။

အားလုံး ၇ခုမြောက်အက်ကွဲကြောင်းသို့ရောက်ရှိပြီးနောက် ပိုင်လင်းလုံမှာအားလုံးအတွက်စီစဉ်စရာရှိသည်များစီစဉ်ပေးနေလေသည်။ ကျိုးဟောင်မှာလည်း ထိုအခွင့်အရေးအားအရယူကာ ချပ်ဝတ်ဝတ်ဆင်လိုက်ပြီး ပိုင်လင်းလုံအားဆက်သွယ်လိုက်သည်။

ပိုင်လင်းလုံမှာကျိုးဟောင်၏စာအားမြင်ပြီး နှာခေါင်းရှုံ့လိုက်သော်လည်း ကျိုးဟောင်မှာအမှန်ပင် ပညာရှိတစ်ယောက်ဖြစ်ကြောင်းခံစားလိုက်ရပေသည်။

ကျိုးဟောင်သည် သူမရောက်ရောက်ချင်းပင်သူမထံဆက်သွယ်လာခဲ့လေသည်။

ပိုင်လင်းလုံမှာဘာမျှဂရုမစိုက်ဘဲ ကျိုးဟောင်အားသွားတွေ့လိုက်သည်။

"ဟမ့် ခုတစ်လောအရမ်းတွေလျှို့ဝှက်နေတာမဟုတ်ဘူးလား ဘာလဲကျွန်မတို့ပြစ်မှုအသူတရာချောက်ကထွက်ပြီးနောက်ပိုင်း ကျွန်မရဲ့လျှို့ဝှက်ချက်မပေါက်ကြားအောင်ရှင့်ကိုသတ်မှာစိုးလို့လား"

ပိုင်လင်းလုံမှာ ကျိုးဟောင်အားတွေ့သောအခါ မနေနိုင်ဘဲထုတ်ပြောလိုက်မိသည်။

ထိုစကားအားကြားပြီးနောက် ကျိုးဟောင်မှာကြက်သေသေသွားသည်။

ဤအမျိုးသမီးဘာဖြစ်နေသလဲသူမသိသော်လည်း သူမအသံအားနားထောင်ရသည်မှာမကျေနပ်သည့်လေသံမျိုးဖြစ်နေပေသည်။ ဖြစ်နိုင်သည်မှာ သူရက်ပေါင်းများစွာပေါ်မလာခဲ့၍ လွမ်းနေသည်ဖြစ်ရမည်။

"အာ...မဟုတ်ပါဘူး ဖြေရှင်းစရာကိစ္စလေးတွေရှိနေလို့ပါ မင်းအစ်ကိုကိုသွားတွေ့ကြရအောင်လေ ငါ၇ခုမြောက်အက်ကွဲကြောင်းအကြောင်း ကောင်းကောင်းမသိရသေးဘူး"

ကျိုးဟောင်မှာ အလျင်အမြန်ပင်စကားလမ်းကြောင်းလွှဲလိုက်သည်။

ပိုင်လင်းလုံမှာဟမ့်ခနဲနှာမှုတ်ကာ အဓိပ္ပာယ်မရှိသည့်ကိစ္စများအားပြောမနေတော့ဘဲ ကျိုးဟောင်အား ၇ခုမြောက်အက်ကွဲကြောင်း၏ စစ်တပ်စခန်းဆီသို့တန်းခေါ်သွားလေတော့သည်။ပိုင်ကျန်းဟိုင်မှာ ၇ခုမြောက်အက်ကွဲကြောင်း၏ စစ်သေနာပတိချုပ်ဖြစ်ပြီး ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ဖြစ်ကာ အလွန်သတ္တိရှိလှသည်။ ဤပုဂ္ဂိုလ်၏ပုံစံမှာ ပိုင်လင်းလုံလောက်ကြည့်မကောင်းသော်ငြား အရပ်ရှည်ပြီးချောမောကာ ရဲရင့်သောခံစားချက်မျိုးပေးစွမ်းပေသည်။

ပိုင်ကျန်းဟိုင်မှာကျိုးဟောင်အားမြင်လိုက်သောအခါ အားရပါးရရယ်ကာကြိုဆိုလာလေသည်။

"ဥက္ကဌကျိုး ကျွန်တော်ခင်ဗျားအကြောင်းအများကြီးကြားဖူးပါတယ် စီနီယာကျူးဆီက ခင်ဗျားအကြောင်းအများကြီးကြားဖူးပါတယ် လူကိုယ်တိုင်တွေ့ရတော့ တယ် ခင်ဗျားကတကယ်ကိုသာမန်ထက်ထူးခြားတဲ့လူပဲ"

....................................................................................

အခန်း(၃၅၆) ပြီးပါပြီ။

အခန်း (၃၅၇) : ထိတ်လန့်ခြင်း

"အရမ်းမြှောက်ပင့်လွန်းနေပါပြီ ကောင်းကင်ဘုံဘုရင်ပိုင်"

ကျိုးဟောင်မှပြုံးကာပြောလိုက်သည်။

"ဥက္ကဌကျိုး ကောင်းကင်ဘုံအဆင့်ပညာရှင်တွေကခွင့်ပြုချက်မရှိဘဲတိုက်ခိုက်လို့မရဘူးဆိုတာ ခင်ဗျားလည်းသိတာပဲ အဲဒါကြောင့်၇ခုမြောက်အက်ကွဲကြောင်းရဲ့အကျပ်အတည်းကို ကျွန်တော်စိတ်ပူပေမဲ့ ဘာမှလုပ်မရဘူးဖြစ်နေတာ တာဝါတိုင်ကိုစောင့်နေတဲ့ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲ အားလုံးပေါင်းအကောင် ၂၀ရှိတယ် လုံးဝတိုက်လို့မရဘူး"

"ဒီတာဝါတိုင်ကိုအပြည့်အစုံမဆောက်ရသေးလို့သာမဟုတ်ရင် ကျွန်တော်တို့ရဲ့၇ခုမြောက်အက်ကွဲကြောင်းက အစောကတည်းကကျရှုံးသွားလောက်ပြီ ကောင်းကင်ဘုံဘုရင်ကျူးပြောတာတော့ ခင်ဗျားရဲ့တိုက်ခိုက်ရေးစွမ်းအားက ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ထက်မနိမ့်ဘူးတဲ့ ပြီးတော့ကောင်းကင်ဘုံအဆင့်အောက်ဆို ခင်‌ဗျားကအသန်မာဆုံးပဲတဲ့ ခင်ဗျားမှာနည်းလမ်းတစ်ခုခုများရှိမလား"

ပိုင်ကျန်းဟိုင်မှာဘာကိုမှဖုံးကွယ်မထားဘဲ တွေ့တွေ့ချင်းပင်အမေးစကားဆိုလိုက်လေသည်။

"ကောင်းကင်ဘုံဘုရင်ပိုင် ဒီတာဝါတိုင်ကိုဖျက်ဆီးလိုက်တာနဲ့အကုန်အဆင်ပြေသွားမှာလား"

ကျိုးဟောင်မှာ အလျင်အမြန်ပင်မေးလိုက်သည်။

"အဲဒီလိုပဲ ဒါပေမဲ့ကောင်းကင်အဆင့်တစ်ဝက်သားရဲအကောင် ၂၀ ရှိနေတော့ တခြားတိုက်ပွဲနယ်မြေတွေကို လူအများကြီးလျှော့လိုက်လို့လုံးဝမရဘူး။ ဒါတောင်မှ အက်ကွဲကြောင်းထဲကစစ်တပ်စခန်းပေါင်းစုံက လူ ၁၀ယောက်ကျော်ပို့ထားတယ် ၇ခုမြောက်အက်ကွဲကြောင်းမှာအရင်ကတည်းကရှိတဲ့ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင် ၅ယောက်နဲ့ပေါင်းရင်တောင် သားရဲအရေအတွက်ထက်နည်းနေတုန်းပဲ"

"ကျွန်တော်တို့ရဲ့တိုက်ခိုက်မှုတွေက အားလုံးကျရှုံးခဲ့တာကြီးပဲ"

ပိုင်ကျန်းဟိုင်မှာ မတတ်နိုင်သလိုသက်ပြင်းချလိုက်သည်။

"ကောင်းကင်ဘုံဘုရင်ပိုင် တကယ်လို့ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တွေနဲ့ပဲရင်ဆိုင်ရမယ်ဆိုရင် ကျွန်တော့်မှာနည်းလမ်းရှိပါသေးတယ် ဒါပေမဲ့အဲဒီတာဝါတိုင်ကိုဖျက်ဆီးလို့ရပါ့မလားမသိဘူး ကျွန်တော်အရင်ကစစ်ဆေးခဲ့ဖူးတယ် စက်ရုပ်မျိုးနွယ်ကတည်ဆောက်ထားတဲ့ဟာတွေက အတော်လေးခိုင်ခံ့တယ် ကျွန်တော်စိုးရိမ်တာသူတို့ဘက်ကသန္ဓေပြောင်းသားရဲတွေကိုချေမှုန်းနိုင်ရင်တောင် ဒီတာဝါတိုင်ကိုဘာမှလုပ်နိုင်မှာမဟုတ်ဘူး"

ကျိုးဟောင်စိတ်ပူသည်မှာဤကိစ္စသာဖြစ်သည်။ သူ၏လက်ရှိတိုက်ခိုက်ရေးစွမ်းအားဖြင့်ဆိုပါက ကောင်းကင်ဘုံအဆင့်အောက်တွင် ကျိုးဟောင်မှာနံပါတ်တစ်ဖြစ်ပေရာ ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲများအား လုံးဝမကြောက်ပေ။

ထို့အပြင်ပြီးခဲ့သည့်တစ်ခေါက်က သံမဏိအရိုးဝက်ဝံဘုရင်နှင့်အလဲအလှယ်လုပ်ထားသော ရှေးဟောင်းကျောက်များအားလုံးကို အပြည့်အဝစုပ်ယူခဲ့ပြီးပြီဖြစ်သည်။ ဤအဓိပ္ပာယ်မှာ "နတ်ဘုရားသတ်သိုင်း"နှင့်လိုက်ဖက်မှုမှာ ၃၀ ရာခိုင်နှုန်းအထိရှိနေပြီဟူသောအဓိပ္ပာယ်ဖြစ်ပြီး ပို၍ပင်စွမ်းအားကြီးလာပြီဟူသောအဓိပ္ပာယ်ပင်ဖြစ်သည်။

"ကျွန်တော်လည်းဒီအကြောင်းကိုအရမ်းစိုးရိမ်နေတာ ကျွန်တော်တို့လျှပ်စစ်အမြှောက်တွေလည်းပြင်ထားတယ် ဒါကမျိုးနွယ်ခြားတွေအတွက်အားအပြင်းဆုံးလက်နက်ပဲ ဒီဟာနဲ့မှဘာမှမလုပ်နိုင်ရင်တော့...."

ပိုင်ကျန်းဟိုင်မှ ဆက်မပြောဘဲသက်ပြင်းချလိုက်သည်။

"အဲဒီလိုဆို စမ်းကြည့်ကြတာပေါ့"

ကျိုးဟောင်မှာအချိန်ဖြုန်းမနေပေ။ အကယ်၍သူတို့မစမ်းကြည့်ဘဲ စက်ရုပ်မျိုးနွယ်၏ ပြင်ဆင်မှုများပြီးဆုံးကာ စူပါမော်လီကျူလာပိုးအားထုတ်လွှတ်လိုက်ပါက အဆုံးသတ်သွားမည်ဖြစ်သည်။

ထို့ကြောင့် အမြန်လုပ်ရန်မှာအရေးကြီးပေရာ ချက်ချင်းတိုက်ခိုက်ရမည်ဖြစ်သည်။

ပိုင်ကျန်းဟိုင်မှာ ကျိုးဟောင်ဤမျှလောက်စိုးရိမ်နေမည်ဟုမထင်ထားခဲ့ပေရာ အလွန်ပင်စိတ်ထဲခံစားသွားရလေသည်။

"ဥက္ကဌကျိုးကတကယ် တိုင်းပြည်ရဲ့ကျောရိုးဖြစ်ထိုက်တာပဲ ကောင်းပြီဒီလိုဆိုရင် တိုက်ကြတာပေါ့"

ပိုင်ကျန်းဟိုင်မှာ ချက်ချင်းပင်သူ့လူများအားစုဝေးကာ တိုက်ပွဲစလိုက်ပေသည်။

တစ်လျှောက်လုံး မျိုးနွယ်ခြားများကသာလက်ဦးမှုယူကာတိုက်ခိုက်ကြသည်ဖြစ်ပြီး လူသားများမှာခုခံခဲ့ရခြင်းဖြစ်သည်။

သို့သော်ယခုတစ်ကြိမ်သည်မတူတော့ပေ။ မျိုးနွယ်ခြားများမှာ ယခုတစ်ကြိမ်တွင်အချိန်ဆွဲချင်နေပေသည်။ စက်ရုပ်မျိုးနွယ်၏ပြင်ဆင်မှုများပြီးမြောက်သွားပါက စူပါမော်လီကျူလာပိုးအားလွှတ်ကာ တစ်ချက်တည်းဖြင့် ၇ခုမြောက်အက်ကွဲကြောင်းအား သိမ်းပိုက်မည်ဖြစ်သည်။

ထို့ကြောင့် ဤကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲအကောင် ၂၀မှာ ရန်သူများအားသတ်ရန် ဤနေရာသို့ရောက်ရှိနေခြင်းလုံးဝမဟုတ်ဘဲ စက်ရုပ်မျိုးနွယ်၏တာဝန်အောင်မြင်စွာအဆုံးသတ်နိုင်ရန်ရောက်ရှိနေခြင်းသာဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူတို့၏အဓိကတာဝန်ပြီးမြောက်ပြီးမှ ရန်သူများအားသတ်ပါကလည်း အချိန်နောက်မကျသေးပေ။

လူသားစစ်တပ်အားစုဝေးပြီးနောက် ပိုင်ကျန်းဟိုင်မှာချက်ချင်းပင်အမိန့်ပေးကာ အလောတကြီးထွက်ခွာခိုင်းလေသည်။

လူသားစစ်သည်များလှုပ်ရှားလိုက်သည်နှင့် မြေပြင်မှာတုန်ခါပြီးအက်ကွဲလာသည်။ မြောက်မြားစွာသောသန္ဓေပြောင်းသားရဲများမှာလည်း အက်ကွဲကြောင်းထဲမှတိုးထွက်လာကြသည်။

"သတိထား ဒါကသာမန်ထက်စွမ်းအားကြီးတဲ့ သွေးသောက်မိစ္ဆာပုရွတ်ဆိတ်တွေပဲ ပြီးတော့သူတို့မှာချပ်ဝတ်ပါတယ်အားလုံးသတိထားကြ"

သွေးသောက်မိစ္ဆာပုရွတ်ဆိတ်များအားမြင်သောအခါ ကျိုးဟောင်မှာမျက်မှောင်ကြုတ်လိုက်မိသည်။ ဤသတ္တဝါများအားလုံးမှာ မျိုးနွယ်ခြားများကြားတွင် ရက်စက်သောသားရဲများဖြစ်သည်။

သွေးသောက်မိစ္ဆာပုရွတ်ဆိတ်များ၏ပင်ကိုစရိုက်မှာ ကြမ်းတမ်းလှသည်။ လူသား၏သွေးအားအရသာခံမိလိုက်သည်နှင့် ထိုသတ္တဝါများအားသွေးဆာကာရူးသွပ်လာကြပေသည်။ ထို့အပြင် ၎င်းတို့မှာအလွန်အမင်းစွမ်းအားကြီးပြီး ကြံ့ခိုင်သောခန္ဓာကိုယ်များရှိကြသည်။ ၎င်းတို့အားခုခံရန်မှာ လူသားစစ်သည်များအတွက်အလွန်ခက်ခဲလှပေသည်။

သို့သော်ထိုကဲ့သို့ဆိုလျှင်ပင် လူသားစစ်သည်များမှာအရူးများမဟုတ်ပေ။ သူတို့သည်မျိုးနွယ်ခြားများနှင့် အချိန်အကြာကြီးတိုက်ခိုက်လာကြပေရာ သွေးသောက်မိစ္ဆာပုရွတ်ဆိတ်များအားမည်သို့ကိုင်တွယ်ရမည်ကိုသိကြပေသည်။

ကျိုးဟောင်မှာတစ်ချက်မျှကြည့်လိုက်ပြီးနောက်ဂရုစိုက်မနေတော့ပေ။ သူ၏အဓိကပစ်မှတ်မှာ ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲများသာဖြစ်သည်။ အကယ်၍ ထိုသတ္တဝါများအားသတ်လိုက်ပါက သူ၏ကံကြမ္မာအမှတ်များတိုးလာရုံသာမက တာဝါတိုင်ကိုလည်းဖျက်ဆီးနိုင်ပေလိမ့်မည်။

ထို့နောက်ကျိုးဟောင်မှဦးဆောင်ကာ ပစ်မှတ်ရှိရာနေရာသို့ထွက်ခွာသွားကြပေသည်။

ကျိုးဟောင်မှာနဂါးနက်လှံအားထုတ်ကာ လက်ထဲကိုင်လိုက်သည်နှင့်မိုးခြိမ်းသံများထွက်ပေါ်လာပေသည်။

အဝေးရှိသန္ဓေပြောင်းသားရဲများသည်လည်း မရပ်မနားအော်ဟစ်လာကြလေသည်။

ကျိုးဟောင်မှာမျိုးနွယ်ခြားအုပ်ထဲတန်းကာတိုးဝင်သွားပြီး သူ့နောက်တွင်ပိုင်လင်းလုံနှင့် ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင် ၁၀ယောက်ကျော်လည်း လိုက်ပါလာခဲ့သည်။ သူတို့အဖွဲ့၏အရှိန်အဟုန်မှာအလွန်ကျယ်ပြန့်ကာ စွမ်းအားကြီးလှပေသည်။

သို့သော် သန္ဓေပြောင်းသားရဲစစ်တပ်နှင့်ယှဉ်ပါက အတော်လေးသေးငယ်နေသေးပေသည်။

"ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်လေးတစ်အုပ်လောက်နဲ့များ တာဝါတိုင်ကိုတိုက်ခိုက်ရဲတယ် သူတို့ကတကယ်သေလမ်းရှာနေတာပဲ မုန်တိုင်းမိစ္တာမျောက်ဝံညီအစ်ကို ၁၀ယောက်ခေါ်ပြီး သူတို့ကိုတစ်စစီသွားဆွဲဖြဲလိုက်"

ထိုစကားအား မြင့်မားသောတာဝါတိုင်အောက်တွင် တစ်ကိုယ်လုံးအမွေးအစိမ်းရောင်များဖြင့်ဖုံးလွှမ်းနေသည့် ကြီးမားသောခေါင်းတိုလိပ်ကြီးတစ်ကောင်မှပြောလိုက်ခြင်းဖြစ်သည်။ ၎င်း၏ကျင့်ကြံရေးအဆင့်မှာအလွန်စွမ်းအားကြီးလှပေသည်။ ထိုသတ္တဝါမှစကားပြောလိုက်သည့်အချိန်တွင် ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲအကောင် ၂၀ကျော်မှာ ဘာမှမပြောရဲကြပေ။

၎င်း၏ဘယ်ဘက်တွင် အမွေးအနက်ရောင်များဖြင့်ဖုံးလွှမ်းနေသော မိစ္ဆာမျောက်ဝံတစ်ကောင်ရှိနေပေသည်။ ခေါင်းတိုလိပ်မှာထိုစကားအားကြားသောအခါ သန္ဓေပြောင်းသားရဲ ၁၀ကောင်ကျော်ပါဝင်သောအဖွဲ့တစ်ခုဖြင့် ထွက်ခွာသွားလေတော့သည်။

"ဒါကမုန်တိုင်းမိစ္ဆာမျောက်ဝံပဲ သူ့ရဲ့မြန်ဆန်ပြီးဖျတ်လတ်တဲ့စွမ်းရည်က လေဒဏ်ကိုခံနိုင်တယ် ပြီးတော့အရမ်းစွမ်းအားကြီးတယ် သူ့နောက်ကကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲတွေကိုလည်းလျှော့တွက်လို့မရဘူး ကျွန်တော်တို့စစ်တပ်အဲဒီသတ္တဝါတွေတိုက်တိုင်း အမြဲတမ်းအသတ်ခံရခါနီးအခြေအ‌နေနဲ့ပဲအဆုံးသတ်တာပဲ ကံကောင်းတာကသူတို့ကတာဝါတိုင်ကိုပဲကာကွယ်ပြီးကျွန်တော်တို့နဲ့အသေအကျေမတိုက်လို့ မဟုတ်ရင် ဒီမုန်တိုင်းမိစ္ဆာမျောက်ဝံကိုသတ်ဖို့ဆို အနည်းဆုံးကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင် ၃ယောက်လောက်စတေးမှရမှာ"

ထိုစကားအားပြောလိုက်သူမှာ ၇ခုမြောက်အက်ကွဲကြောင်းမှ ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်ဖြစ်ပြီး သူ၏အမည်မှာဝမ်ဝေ့ဖြစ်သည်။

ကျိုးဟောင်မှာခေါင်းညိတ်ပြကာ သားရဲအဖွဲ့အားကြည့်လိုက်သော်လည်းခေတ္တမျှသာဖြစ်ပြီး ထို့နောက်သူ၏အကြည့်မှာစင်မြင့်ပေါ်ရှိ အမွေးစိမ်းများနှင့်လိပ်အပေါ်ကျရောက်သွားပေသည်။

"အဲဒီလိပ်ကသူတို့ရဲ့ခေါင်းဆောင်လား"

ကျိုးဟောင်မှာ တည့်ပင်မေးလိုက်လေသည်။

"ဟုတ်တယ် အဲဒါကရွှေချပ်ဝတ်ခေါင်းတိုလိပ်ပဲ သူကဒီသားရဲအုပ်ကြားထဲမှာအသန်မာဆုံးပဲသူ့ကိုယ်ပေါ်ကအခွံက ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ရဲ့တိုက်ခိုက်မှုကိုခံနိုင်ရည်ရှိတယ် ပြီးတော့ တိုက်ခိုက်ရေးစွမ်းအားကလည်း သာမန်ထက်စွမ်းအားကြီးပြီး ကိုက်အားကလည်းကြောက်စရာကောင်းတယ် အကိုက်ခံရရင် အဆုံးသတ်ပြီပဲ"

ဝမ်ဝေ့မှာရွှေချပ်ဝတ်ခေါင်းတိုလိပ်အား အလွန်ကြောက်ရွံ့နေပေသည်။ အကြောင်းပြချက်မှာ သူ၏စွမ်းအားမှာနိမ့်ကျ၍မဟုတ်ဘဲ သူပြောသည်မှာအမှန်တရားဖြစ်၍သာဖြစ်သည်။

ကျိုးဟောင်မှာပြုံးရုံသာပြုံးလိုက်သည်။

"‌အစိမ်းရောင်အမွေးတွေနဲ့ဖုံးနေတာတောင် ရွှေချပ်ဝတ်ခေါင်းတိုလိပ်လို့ခေါ်တာလား စိတ်ဝင်စားစရာပဲ"

ဝမ်ဝေ့မှာထိုစကားအားကြားသောအခါ ခေတ္တမျှမှင်တက်သွားပြီး မနေနိုင်ဘဲထုတ်ပြောလိုက်လေသည်။

"ဥက္ကဌကျိုး ကျွန်တော့်အထင်ရွှေချပ်ဝတ်ခေါင်းတိုလိပ်ကိုအထင်မသေးသင့်ဘူးနော် သူကကျွန်တော်တို့လူသားမျိုးနွယ် ၇ ခုမြောက်အက်ကွဲကြောင်းရဲ့ စွမ်းအားကြီးရန်သူပဲ"

ကျိုးဟောင်မှာခေါင်းညိတ်ပြကာပြောလိုက်သည်။

"စိတ်ချပါ လျှော့မတွက်ပါဘူး"

သို့သော်အကယ်၍ ဤရွှေချပ်ဝတ်ခေါင်းတိုလိပ်သာ ယနေ့တိုက်ခိုက်ပါ ကျိုးဟောင်မှာသေချာပေါက် ထိုသတ္တဝါအားသတ်ပစ်မည်ဖြစ်သည်။

လက်ထဲတွင်နဂါးနက်လှံအားကိုင်ဆောင်ကာ ကျိုးဟောင်မှာပြေးဝင်သွားသည်။ သူသည်နတ်ဘုရားသတ်သိုင်းအား ချက်ချင်းမသုံးဘဲ လှံအားမြောက်လိုက်လေရာလျှပ်စီးကြောင်များမှာကောင်းကင်တွင်ပေါက်ကွဲသွားပြီး မုန်တိုင်းမိစ္ဆာမျောက်ဝံအပါအဝင် သန္ဓေပြောင်းသားရဲ ၅ကောင်အားရှင်းပစ်လိုက်လေသည်။

"ခင်ဗျားတို့ကကျန်တဲ့သန္ဓေပြောင်းသားရဲတွေကိုတာဝန်ယူလိုက်ကြပါ ဒီကောင်တွေကိုသတ်ပြီးရင် ကျွန်တော်လာကူပေးမယ်"

ကျိုးဟောင်မှာစကားဆုံးသည်နှင့် နေရာမှပြေးထွက်သွားသည်။ သို့သော် ဝမ်ဝေ့နှင့်အခြားလူများမှာထိတ်လန့်သွားကြပေသည်။

လူသားမျိုးနွယ်ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်မှာ မျိုးနွယ်ခြားပညာရှင်တစ်ယောက်နှင့် တစ်ယောက်ချင်းတိုက်ပါကစွမ်းအားအရာတွင် သေချာပေါက်နိမ့်ကျပေသည်။ သို့သော် ဥက္ကဌကျိုးမှာတကယ်ပင် သားရဲ ၅ကောင်အား တစ်ယောက်တည်းတိုက်ချင်နေပေရာ မိမိသေတွင်းမိမိတူးနေသလိုဖြစ်နေပေသည်။

အားလုံးမှာစိတ်ပူနေကြပြီး စိတ်ထဲတွင်လည်းကျိုးဟောင်မှာအတွေ့အကြုံနည်းကာ သေရမှာမကြောက်သူဟုတွေးလိုက်ကြပေသည်။ သို့မဟုတ် ၁၂ခုမြောက်အက်ကွဲကြောင်းမှလူမှာ အလွန်ရဲရင့်ကာတုံးအလွန်းသည်ဟုဆိုရမလားပင်မသိပေ။

သို့သော် တစ်စက္ကန့်မျှကြာပြီးနောက် ကြီးမားသောခေါင်းကြီးတစ်လုံးမှာ ကောင်းကင်မှပြုတ်ကျလာလေသည်။ ၎င်းမှာ အနက်ရောင်အမွေးရှိသောမုန်တိုင်းမိစ္ဆာမျောက်ဝံ၏ခေါင်းသာဖြစ်သည်။

ထိုအချိန်တွင် အားလုံးမှာကြက်သေသေသွားကြသည်။ လျှပ်စီးရောင်အောက်တွင်ရှိနေသောကျိုးဟောင်အားကြည့်ကာ သူတို့၏မျက်လုံးများမှာလည်းပြူးကျယ်နေကြပေသည်။ အစောပိုင်းကဖြစ်ရပ်အားမြင်လိုက်ရချိန်တွင် အားလုံး၏အမူအရာများမှာအေးခဲသွားခဲ့ပေသည်။

...................................................................................

အခန်း(၃၅၇) ပြီးပါပြီ။

All Chapters