အခန်း (၃၇၃-၃၇၅)
Vol. 25 Ch. 373-375
အခန်း (၃၇၃) : မဟူရာလှိုင်းလုံး
ကျူးဇောင်သည်မူလကျောက်စာ၏စွမ်းအားကိုစိုးရိမ်သော်ငြား ဥက္ကဌကျိုးအားပိုစိုးရိမ်ပေသည်။
ရှေ့တန်းတွင် ဥက္ကဌကျိုးသည်ဘယ်နှစ်ကြိမ်တိုက်ခိုက်ပေးခဲ့ပါသနည်း။ ယခုလိုလူတစ်ယောက်မှာ ဘယ်လိုများလူသားတွေအားတိုက်ခိုက်နိုင်မည်လဲ။
သူဤအချက်အားလုံးဝသဘောမတူနိုင်ပေ။ သူသာမက ၁၃ခုမြောက်အက်ကွဲကြောင်း၊ ၁၂ခုမြောက်အက်ကွဲကြောင်းနှင့် ၇ခုမြောက်အက်ကွဲကြောင်းမှစစ်သည်များသည်လည်း သဘောတူမည်မဟုတ်ပေ။
သူတို့အတွက်တိုက်ခိုက်ပေးခဲ့သောဥက္ကဌကျိုးမှာ အထက်လူကြီးများ၏ပစ်မှတ်ထားခြင်းအားခံရတော့မည်ဖြစ်ပြီး ဖမ်းဆီးကာရှင်းလင်းပင်ခံရတော့မည်ဖြစ်ပေရာ မည်သူမျှဤကိစ္စအားလက်ခံမည်မဟုတ်ချေ။
"ကောင်းကင်ဘုံဘုရင်ကျူး ဘုံသဘောတူညီချက်ကိုမေ့သွားပြီလား ဒါကကျုပ်တို့လူသားမျိုးနွယ်တွေပဲစိတ်ပူတဲ့ကိစ္စမဟုတ်ဘူး မျိုးနွယ်ခြားတွေလည်းစိတ်ပူတယ် မူလကျောက်စာသိုင်းတတ်တဲ့စစ်သည်ကိုပျိုးထောင်တာကို မျိုးနွယ်ခြားတွေကသဘောတူမယ်ထင်လား"
ကောင်းကင်ဘုံဘုရင်ကျူးနှင့်သိပ်မဝေးသောနေရာတွင်ရှိနေသည့် အခြားဌာနတစ်ခု၏ကိုယ်စားပြုပုဂ္ဂိုလ်မှာအပြစ်တင်လိုသည့်ဟန်ဖြင့်ပြောလာလေသည်။
ထိုဥက္ကဌကျိုးသည်သာမန်ထက်ထူးချွန်ကြောင်း သူတို့လည်းသတိထားမိပေသည်။ သို့သော်ဤနေရာတွင်ရှိနေသောလူအားလုံးမှာ ဖုံးကွယ်ထားသောလျှို့ဝှက်ချက်ကိုလည်းသိကြပေရာ ထိုကဲ့သို့သောအဖြစ်အပျက်မျိုးထပ်မံဖြစ်လာမည်ကိုမလိုလားသည်မှာသဘာဝကျပေသည်။
"ဒါပေမဲ့ ဥက္ကဌကျိုးကအဲဒီလိုလူမျိုးမဟုတ်ဘူးဆိုတာကျုပ်ယုံတယ် ပြီးတော့အဲဒီတုန်းကမူလကျောက်စာကိုကျင့်ကြံခဲ့တဲ့ပညာရှင်ကကမ္ဘာကြီးကိုဖျက်စီးချင်တယ်လို့ပဲဖော်ပြထားခဲ့တဲ့စာရွက်စာတမ်းတွေပဲရှိတာ အဲဒါကမူလကျောက်စာနဲ့ဘာမှမဆိုင်ဘဲ သူ့ရဲ့ရည်ရွယ်ချက်လည်းဖြစ်နိုင်တာပဲ"
"အဲဒီတုန်းကဖြစ်ခဲ့တဲ့ကိစ္စကိုအခြေခံပြီး မူလကျောက်စာကျင့်တဲ့လူတိုင်းကိုမကောင်းတဲ့လူလို့သတ်မှတ်ပြီး လုံးဝဆုံးဖြတ်လိုက်လို့မရဘူး"
ကျူးဇောင်မှာမနေနိုင်ဘဲထပ်ပြောလိုက်သည်။ သူသည်ကျိုးဟောင်အားအလွန်ကျေးဇူးတင်မိပေသည်။ ကျိုးဟောင်သာမရှိပါက အကျပ်အတည်းအများစုအားဖြေရှင်းနိုင်မည်မဟုတ်ပေ။ ၇ ခုမြောက်အက်ကွဲကြောင်းမဆိုထားနှင့် ၁၂ခုမြောက်အက်ကွဲကြောင်းနှင့် ၁၃ခုမြောက်အက်ကွဲကြောင်းတို့၏အကျပ်အတည်းသည်လည်းအတူတူပင်ဖြစ်သည်။
ကျိုးဟောင်သည်သူ၏အသုံးဝင်မှုထက်ပိုနေသည့်အချိန်တွင် သူသည်ကျိုးဟောင်အားရှင်းပစ်မည်မဟုတ်ပေ။
ထို့အပြင်မည်သည့်အချက်ကိုမှရေရေရာရာသဘောမပေါက်ဘဲ နိဂုံးတန်းချုပ်လိုက်ခြင်းသည် ကျူးဇောင်၏စိတ်ထဲတွင်တစ်ခုခုမှားယွင်းနေသလိုခံစားရပေသည်။
"ကောင်းကင်ဘုံဘုရင်ကျူး ဒီကိစ္စမှာခင်ဗျားနည်းနည်းအတွေးလွန်နေတယ် ကျုပ်တို့ရဲ့ရည်ရွယ်ချက်ကဥက္ကဌကျိုးကိုဖမ်းဖို့ပဲ တကယ်လို့ပြဿနာမရှိရင် သူ့ကိုထိခိုက်အောင်မလုပ်ပါဘူး ဒါပေမဲ့လက်ရှိမှာဒါကကျုပ်တို့လူသားမျိုးနွယ်တွေအတည်ပြုလို့ရတဲ့အရာမဟုတ်ဘူး မျိုးနွယ်ခြားတွေကဒီသတင်းကိုသိပြီးတဲ့နောက် သူတို့ဘက်ကလည်းကျုပ်တို့ဘက်ကရာထူးကြီးလူတွေနဲ့ညှိနှိုင်းချင်နေတယ်"
"ဘာပဲဖြစ်ဖြစ် အဲဒီအရင်ကစွမ်းအားကြီးတဲ့ပုဂ္ဂိုလ်ကမျိုးနွယ်ခြားတွေရဲ့ ၇၀ရာခိုင်နှုန်းနီးပါးကိုဖျက်စီးခဲ့တာ မျိုးနွယ်ခြားတွေကဒီသမိုင်းတစ်ကျော့ပြန်လာမှာကို အရမ်းကြောက်ကြတယ်"
"အခုကျုပ်တို့လုပ်ရမှာကဥက္ကဌကျိုးကိုရှာဖို့ပဲ ကျန်တဲ့ကိစ္စနောက်မှဆွေးနွေးလို့ရတယ် ဘယ်လိုလဲ"
"အဖွဲ့အစည်းပေါင်းစုံ၏ကိုယ်စားပြုပုဂ္ဂိုလ်များသည်လည်း ဤသို့သာတွေးကြပြီး အဖွဲ့များ၏ခေ ါင်းဆောင်သည်လည်းထိုစကားအားခေါင်းညိတ်ကာထောက်ခံပေသည်။
"ဒီလိုဆိုမှတော့ သူ့ကိုဖမ်းသင့်မဖမ်းသင့်ကိုမဲခွဲပြီးဆုံးဖြတ်ကြတာပေါ့"
ထိုပုဂ္ဂိုလ်မှာပြောရင်းအားလုံးကိုကြည့်လိုက်သည်။
ကျူးဇောင်မှလွဲအားလုံးလက်ထောင်ကြပေသည်။ သူတို့၏အဓိပ္ပာယ်မှာအလွန်သိသာလှပေသည်။ အားလုံးသည်ကျိုးဟောင်အားဖမ်းချင်ကြပေသည်။
ကျူးဇောင်၏အမူအရာမှာအလွန်ပျက်ယွင်းသွားခဲ့သည်။ သူသည်အစိမ်းရောင်တိမ်တိုက်ဌာနအားကိုယ်စားပြုပြီး အစိမ်းရောင်တိမ်တိုက်ဌာနမှပညာရှင်အများစုမှာ အက်ကွဲကြောင်းများတွင်ခုခံရင်းကာကွယ်ပေးနေကြခြင်းဖြစ်သည်။ အခြားလူများမှာမသိလောက်သော်လည်း ဥက္ကဌကျိုးမှာသူတို့နှင့်သေသည်အထိ အတူတကွတိုက်ခိုက်မည်ဖြစ်ကြောင်းကို ကျူးဇောင်သေချာသိပေသည်။ သို့သော်ယခုအချိန်တွင်သူသည်ဥက္ကဌကျိုး၏လုံခြုံရေးကိုပင်မကာကွယ်ပေးနိုင်ပေရာ အလွန်ဒေါသဖြစ်မိလေသည်။
"ဟမ့်"
ကျူးဇောင်မှာစားပွဲအာအားဖြင့်ရိုက်ကာ နေရာမှထွက်လာခဲ့ပေသည်။
သူထွက်လာသည်နှင့် ပိုင်ကျန်းဟိုင်မှာသူ့အားအလျင်အမြန်ပင်ကြိုဆိုလာလေသည်။
"စီနီယာကျူးဘယ်လိုဖြစ်သွားလဲ"
ပိုင်ကျန်းဟိုင်သည်လည်း အလွန်စိတ်ပူနေပေသည်။
သို့သော်ကျူးဇောင်၏အမူအရာမှာအလွန်ပျက်ယွင်းနေပေရာ ပိုင်ကျန်းဟိုင်မှာချက်ချင်းပင်သဘောပေါက်လိုက်သည်။
"ဘာရယ် သူတို့ကအခုချိန်အထိဥက္ကဌကျိုးကိုဖမ်းချင်နေတုန်းလား ဒါပေမဲ့ သူ...သူကလူသားမျိုးနွယ်အပေါ်ဘာအမှားမှမလုပ်ခဲ့ဘူးလေ"
ပိုင်ကျန်းဟိုင်မှာအလွန်မခံမရပ်နိုင်ဖြစ်နေပေသည်။ ဥက္ကဌကျိုးကြောင့်သာမဟုတ်ပါက ၇ခုမြောက်အက်ကွဲကြောင်းမှာ သေချာပေါက်သိမ်းပိုက်ခံရမည်ဖြစ်သည်။ ပိုင်ကျန်းဟိုင်ဟုခေါ်သည့်သူကိုယ်တိုင်ပင် အသက်မရှင်နိုင်လောက်ပေ။
သို့သော်လက်ရှိအချိန်တွင် ၇ခုမြောက်အက်ကွဲကြောင်းအားကယ်တင်ခဲ့သည့်ဥက္ကဌကျိုးမှာ တကယ်ပင်အလိုရှိနေသည့်လူတစ်ယောက်ဖြစ်သွားခဲ့ပေရာ အလွန်ဝမ်းနည်းဖွယ်ရာကောင်းလှပေသည်။
"ဟမ့် စာအုပ်ကြီးအတိုင်းသွားနေတဲ့လူတွေ ငါတကယ်သူတို့ကိုနားကိုမလည်ပေးနိုင်ဘူး"
ကျူးဇောင်မှာအလွန်စိတ်ဆိုးနေသော်လည်း ယခုအချိန်တွင်ဘာမှမလုပ်နိုင်ပေ။ အသေအကျေတိုက်ပွဲမှာအဆုံးသတ်သွားပြီဖြစ်ရာ မည်မျှပင်မခံချင်ပါစေ ဘာမှမတတ်နိုင်ပေ။
"ကျန်းဟိုင်ငါတ်ို့ဥက္ကဌကျိုးကိုအရင်ရှာရမယ် သူ့ကိုသာရှာတွေ့ရင်အားလုံးအဆင်ပြေသွားမှာ သူကငါတို့ကိုအများကြီးကူညီပေးခဲ့တာ ငါတို့သူ့ကိုအထက်လူကြီးတွေလက်ထဲသေချာပေါက်လွှဲပေးလိုက်လို့မဖြစ်ဘူး"
ပိုင်ကျန်းဟိုင်မှာထိုစကားအားကြားသောအခါ ကြက်သေသေသွားခဲ့သည်။
"ဒါပေမဲ့....ကျွန်တော်တို့ဒီလိုလုပ်ရင်သူတို့အမိန့်ကိုမနာခံရာမကျဘူးလား"
"အမိန့်မနာခံရာကျမှန်း ငါသေချာပေါက်သိတာပေါ့ ဒါပေမဲ့...ဥက္ကဌကျိုးကိုအထက်လူကြီးတွေလက်ထဲလွှဲပေးလိုက်ရင် ရွေးချယ်စရာနှစ်လမ်းပဲရှိတယ် တစ်သက်လုံးအကျဉ်းချခံရရင်ခံရ ဒါမှမဟုတ် ချီပင်လယ်ဖျက်စီးခံရတာပဲ အဲဒါအပြင် အထက်လူကြီးတွေကဥက္ကဌကျိုးကိုဘယ်လိုဖြေရှင်းမလဲဆိုတာငါမသိဘူး"
ကျူးဇောင်မှာပျက်ယွင်းနေသောအမူအရာဖြင့်ပြောလိုက်သည်။
"မဖြစ်နိုင်တာ....ဥက္ကဌကျိုးကလူသားတွေကိုဘာအန္တရာယ်မှမှမပေးခဲ့တာ ဘာလို့အထက်လူကြီးတွေက.."
ပိုင်ကျန်းဟိုင်မှာ ထိတ်လန့်သွားခဲ့သည်။ သူမူလကထင်သည်မှာ ဥက္ကဌကျိုးအားဖမ်းရမည်ဆိုလျှင်တောင် အခြေအနေအားသိရအောင်ဖမ်းမည်ဟုသာတွေးထားခဲ့ခြင်းဖြစ်သည်။
အဆိုးဝါးဆုံးဖြစ်လာနိုင်ချေမှာ မူလကျောက်စာ၏ အစွမ်းအားချိတ်ပိတ်ကာရှင်းပစ်ရုံမျှသာလုပ်မည်ဟု တွေးထားခဲ့ခြင်းဖြစ်သည်။
သို့သော်ယခုလိုအခြေအနေမျိုးကိုတော့ မမျှော်လင့်ထားခဲ့ပေ။
"ဟမ့် လူသားတွေကစည်းလုံးတယ်လို့ထင်နေတာလား တစ်ယောက်ယောက်ကတော့ဥက္ကဌကျိုးကိုပစ်မှတ်ထားနေပြီ"
ထိုသို့ပြောပြီးနောက် ကျူးဇောင်မှာဘာမှထပ်မပြောတော့ဘဲအက်ကွဲကြောင်းဆီသို့ တန်းကာထွက်သွားတော့သည်။
ပိုင်ကျန်းဟိုင်သည်လည်းအချိိန်အတော်ကြာသည်အထိထိတ်လန့်ကာ စိတ်ငြိမ်အောင်မထားနိုင်ဘဲ နောက်မှလိုက်ပါလာခဲ့သည်။
ကျိုးဟောင်မှာဤကိစ္စများအားမသိပေ။ သူသည်အခြားကိရိယာများဖြင့်လဲလှယ်ပြီး ၁၂ခုမြောက်အက်ကွဲကြောင်းသို့တိတ်တဆိတ်ရောက်ရှိလာခဲ့သည်။
ငှက်မွေးတစ်ထောင်ချပ်ဝတ်မှာပြုပြင်ရန်လိုအပ်နေပြီး ၎င်းအားပြုပြင်နိုင်သည့်နေရာမှာတစ်နေရာတည်းသာရှိပေသည်။
ထိုအရာအားပြုပြင်နိုင်ရန် ရှေးဟောင်းအနှစ်သာရကျောက်များလိုအပ်ပေသည်။
ကျိုးဟောင်မှာယခုတစ်ကြိမ်တွင် သံမဏိဝက်ဝံဘုရင်အားမခေါ်တော့ဘဲ ခိုးဝင်လာခဲ့ပေသည်။
လမ်းတွင်ကျိုးဟောင်မှာ ရှောင်ယွီအားမေးလိုက်သည်။
"စွမ်းအင်အနှစ်သာရအလုံအလောက်ရှိတဲ့နေရာဆီငါမင်းကိုခေါ်သွားပေးလို့ရတယ် ဒါပေမဲ့မင်းမှာကိုယ့်ဘာသာပြန်ပြင်နိုင်မဲ့နည်းလမ်းရှိလား"
ရှေးဟောင်းအနှစ်သာရကျောက်တွင်းမှာ အက်ကွဲကြောင်းအတွင်းပိုင်းတွင်ရှိပေသည်။ ကျိုးဟောင်၏စွမ်းရည်နှင့်ဆိုပါက အထဲမဝင်သွားနိုင်သလို ဖိအားကိုလည်းခံနိုင်ရည်မရှိပေ။
"သခင် တကယ်လို့အဲဒီလိုနေရာမျိုးသာရှာပေးနိုင်ရင် ရှောင်ယွီဘာသာပြန်ပြင်လို့ရပါတယ်"
ကျိုးဟောင်မှာထိုစကားကြားမှသာ သက်ပြင်းချနိုင်တော့သည်။
မကြာမီပင် ထိုနေရာသို့ရောက်ရှိလာခဲ့သည်။ ကျိုးဟောင်မှာဤနေရာရှိရှုပ်ထွေးနေသောအက်ကွဲကြောင်းစွမ်းအင်အားကြည့်ကာရှေ့ဆက်မသွားတော့ဘဲ ငှက်မွေးတစ်ထောင်ချပ်ဝတ်အားထုတ်လိုက်သည်။
"ငါပြောတဲ့နေရာကရှေ့နားမှာပဲ လမ်းရှိမရှိကြည့်လိုက်ဦး မရှိရင်အသေးစိတ်ဆွေးနွေးကြမယ်"
ကျိုးဟောင်မှတန်းကာပြောလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤငှက်မွေးတစ်ထောင်ချပ်ဝတ်အားရရန် ကောင်းကင်ဘုံဒင်္ဂါးများစွာနှင့် ကံကြမ္မာအမှတ်သန်း ၁၀၀ကျော်သုံးခဲ့ရပေသည်။ အကယ်၍ဤပစ္စည်းသည်အက်ကွဲကြောင်းထဲတွင်ကျန်ခဲ့ပါက သူ့အတွက်အကြီးအကျယ်ဆုံးရှုံးမည်ဖြစ်သည်။
သို့သော်ကျိုးဟောင်အားအံ့ဩသွားစေသည့်အရာမှာ ငှက်မွေးတစ်ထောင်ချပ်ဝတ်သည် ရှေးဟောင်းအနှစ်သာရကျောက်တွင်းအားတွေ့ပြီးနောက် ၎င်းမှာဝှစ်ခနဲအသံနှင့်အတူ ကျောက်တွင်းထဲသို့တန်းဝင်သွားခဲ့ခြင်းပင်ဖြစ်သည်။ ၎င်း၏အရှိန်မှာအလွန်မြန်ပေရာ ကျိုးဟောင်ပင်လန့်သွားခဲ့သည်။
ထို့အပြင်၎င်း၏ဖိအားအား ခံနိုင်ရည်သည်လည်းအလွန်သန်မာလှပေသည်။ အက်ကွဲကြောင်းများစွာ၏ဖျက်စီးရေးအစွမ်းဖြင့် တစ်စစီဖျက်စီးခြင်းအားခံနေရသော်ငြား ၎င်းမှာလုံးဝဒဏ်ရာမရပေ။
၎င်း၏ပုံစံမှာသတ္တုအပိုင်းအစပုံဖြစ်နေသော်လည်း အလွန်စွမ်းအားကြီးလှပေရာ ဤအချက်သည်ကျိုးဟောင်အားအလွန်စိတ်လှုပ်ရှားစေပေသည်။
"ဒါတောင်ပျက်စီးနေတဲ့အခြေအနေမှာပဲရှိသေးတာ...ပြန်သာကောင်းသွားရင်ဒီထက်ပိုစွမ်းအားကြီးလာမှာမဟုတ်ဘူးလား ပြီးတော့ဒါကသူ့မူလအခြေအနေရဲ့ ၈ပုံပုံ ၁ပုံပဲရှိသေးတာ အပြည့်အဝသာပြန်ကောင်းသွားရင်.....ဒီငှက်မွေးတစ်ထောင်ချပ်ဝတ်ရဲ့စွမ်းရည်က....မယုံနိုင်စရာပဲ"
...................................................................................
အခန်း(၃၇၃) ပြီးပါပြီ။
အခန်း (၃၇၄) : လောဘကြီးတဲ့ကျိုးဟောင်
ငှက်မွေးတစ်ထောင်ချပ်ဝတ်ဝင်ရောက်သွားသည်နှင့် ကျိုးဟောင်မှာထိုနေရာတွင်ရူးမိုက်စွာရပ်မနေဘဲ ပုန်းခိုရန်နေရာအားရှာလိုက်လေသည်။
ဤနေရာအား တစ်ယောက်ယောက်မှအာရုံစိုက်နေသည်ဟု သံမဏိဝက်ဝံဘုရင်မှပြောခဲ့ဖူးပေသည်။ အကယ်၍ရှေးဟောင်းအနှစ်သာရကျောက်များလျင်မြန်စွာပျောက်ကွယ်သွားကြောင်းသိရှိသွားပါက တစ်ယောက်ယောက်မှာသေချာပေါက်သတိထားမိသွားမည်ဖြစ်သည်။
သံမဏိဝက်ဝံဘုရင်အားကြောက်ရွံ့စေသူမှာ ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်သာဖြစ်ကြောင်း သံသယဝင်စရာမလိုပေ။
"ရှောင်ယွီမင်းတတ်နိုင်သလောက်သာစုပ်ယူ တကယ်လို့တစ်ယောက်ယောက်လာရင် ငါတို့ချက်ချင်းပြေးကြမယ်"
ကျိုးဟောင်မှာရှောင်ယွီအားသတိပေးပြီးနောက် တိတ်ဆိတ်စွာစောင့်နေလိုက်သည်။
ငှက်မွေးတစ်ထောင်ချပ်ဝတ်မှာ ဝင်သွားပြီးနောက် ၎င်း၏က်ိုယ်ထည်တစ်ခုလုံးမှ ချက်ချင်းပင်ငွေဖြူရောင်အလင်းတန်းများထွက်ပေါ်လာကာ ရှေးဟောင်းအနှစ်သာရကျောက်တွင်း၏အချင်းဝက် ၅ကီလိုမီတာအထိ ဖုံးလွှမ်းသွားပေသည်။
ထိုအချိန်တွင်ရှောင်ယွီမှာအခြေမရှိသောတွင်းတစ်တွင်းကဲ့သို့ ရှေးဟောင်းအနှစ်သာရကျောက်များအားရူးသွပ်စွာစုပ်ယူနေပေသည်။ အဆုံးမရှိသောစွမ်းအင်အနှစ်သာရကျောက်တုံးများမှာ တန်းကာပေါက်ကွဲသွားကြကာ ရှောင်ယွီစုပ်ယူနေသောသန့်စင်သောစွမ်းအင်များအဖြစ်ပြောင်းလဲသွားခဲ့သည်။
"ပြန်လည်ပြင်ဆင်မှုနှုန်း .....၁ရာခိုင်နှုန်း...."
"ပြန်လည်ပြင်ဆင်မှုနှုန်း .....၃ရာခိုင်နှုန်း...."
"ပြန်လည်ပြင်ဆင်မှုနှုန်း .....၇ရာခိုင်နှုန်း...."
ထိုအချိန်တွင်ကျိုးဟောင်မှာ ငှက်မွေးတစ်ထောင်ချပ်ဝတ်၏အခြေအနေအား ခံစားမိပေသည်။
ပြန်လည်ပြင်ဆင်မှုနှုန်း ၃၀ ရာခိုင်နှုန်းသို့ရောက်ပါက ၎င်းမှာအသက်ဝင်လာမည်ဖြစ်ပြီး သုံးမရသောအခြေအနေတွင်ရှိနေတော့မည်မဟုတ်ပေ။
ကျိုးဟောင်မှာမျှော်လင့်နေသလို စိုးလည်းစိုးရိမ်လာပေသည်။
သိပ်မကြာမီပင်ပြုပြင်နှုန်းမှာ ၁၅ရာခိုင်နှုန်းအထိရောက်လာပြီဖြစ်ပြီး ၎င်းမှာလိုအပ်သော ၃၀ ရာခိုင်နှုန်း၏တစ်ဝက်အထိရောက်နေပြီဖြစ်သည်။
ကျိုးဟောင်မှာစိတ်ပူနေသလို တစ်ချိန်တည်းမှာပင် ၁၂ခုမြောက်အက်ကွဲကြောင်း၏အနက်ဆုံးအပိုင်းရှိ မြေပြင်အောက်ရှိနေရာတစ်ခုတွင် မျက်စိတစ်ဆုံးအထိမြင်ရသည့် ရှည်လျားသောအင်းဆက်တစ်ကောင်မှာ မြေပြင်ပေါ်တွင်လှဲနေပေသည်။ ၎င်းမှာအနားယူနေပုံရပြီး ၎င်း၏အသက်ရှုသံမှာစွမ်းအားကြီးသောအရှိန်ဖြင့်ပစ်ချလာသောမိုးကြိုးတစ်စင်းပမာကျယ်လောင်လှပေသည်။
၎င်း၏အငွေ့အသက်မှာ အလွန်စွမ်းအားကြီးကာ ဘေးတွင်အဆုံးမရှိသောစွမ်းအင်အနှစ်သာရများဖွဲ့စည်းနေပေရာ အသက်ရှုလိုက်တိုင်း မြေပြင်မှာတုန်ခါသွားပေသည်။
ထိုသတ္တဝါသည်ကောင်းကင်ဘုံအဆင့်သားရဲသာဖြစ်သည်။
ဤမိစ္ဆာသားရဲမှာကောင်းကင်ဘုံအဆင့်သားရဲဖြစ်ပြီး နာမည်ကျော်သည့်ပေတစ်ရာအင်းဆက်ဘုရင်သာဖြစ်သည်။
ပဉ္စမမြောက်ကောင်းကင်ဘုံအဆင့် ပေတစ်ရာအင်းဆက်ဘုရင်မှာ ၁၂ခုမြောက်အက်ကွဲကြောင်းအားစောင့်ကြပ်နေခြင်းဖြစ်သည်။ ၎င်းမှာတိုက်ခိုက်ခဲသော်လည်း ၎င်း၏ဂုဏ်သတင်းမှာမျိုးနွယ်ခြားများကြားတွင်သာမက လူသားများကြားတွင်လည်းကျော်ကြားပေသည်။
လက်ရှိအချိန်တွင်ထိုသတ္တဝါမှာအနားယူနေခြင်းဖြစ်ပြီး ထိုအချိန်မှာပင်ရုတ်တရက်အလင်းတန်းတစ်ခုပေါ်လာပေရာ ထိုအလင်းတန်းသည်မျက်လုံးတစ်ရာအင်းဆက်ဘုရင်၏မျက်လုံးများအားပွင့်လာစေပေသည်။
၎င်းမှာခေါင်းအားငုံ့ကာ ခြေချောင်းများကြားမှပစ္စည်းတစ်ခုအားထုတ်ယူလိုက်ပေသည်။ ထိုပစ္စည်းပေါ်ရှိနံပါတ်များမှာ တကယ်ပင် မြင်သာသည်အထိ နှေးသွားခဲ့ပေသည်။
"ဟမ် ၁၈ခုမြောက်ရှေးဟောင်းအနှစ်သာရကျောက်တွင်းက စွမ်းအင်တုံ့ပြန်မှုကဘာလို့ဒီလောက်အများကြီးလျော့သွားတာလဲ မဟုတ်မှလူသားတွေကျူးကျော်လာလို့များလား"
ပေတစ်ရာအင်းဆက်ဘုရင်မှာတစ်ယောက်တည်းစဉ်းစားနေပြီး ၎င်း၏ခေါင်းအားမြေပြင်မှထောင်ကာဆန့်လိုက်လေရာ ၎င်း၏ကြီးမားသောခန္ဓာကိုယ်ကြီးမှာတုန်ခါလာလေသည်။
"ဒီရှေးဟောင်းအနှစ်သာရကျောက်တွင်းကို သံမဏိဝက်ဝံဘုရင်စောင့်တာ ဒီကောင်ဘာလုပ်နေတာလဲ တွင်းရဲ့စွမ်းအင်တွေဒီလောက်အမြန်လျော့ကျနေတာတောင် သတိတောင်မထားမိတာ အရူးပဲ"
ထိုသတ္တဝါမှာအလွန်စိတ်ဆိုးနေပေသည်။ ထို့နောက်အော်ဟစ်ကာ ကောင်းကင်ပေါ်သို့ပျံတက်သွားပေရာ ၎င်း၏ကြီးမားသောကိုယ်ကြီးမှာကောင်းကင်ပေါ်ရှိနေရောင်ကိုပင်ဖုံးကွယ်သွားခဲ့ပေသည်။ ၎င်းသည် ၁၂ခုမြောက်အက်ကွဲကြောင်းရှိရှေးဟောင်းအနှစ်သာရကျောက်တွင်းထံသို့ဦးတည်သွားခြင်းဖြစ်သည်။
၎င်းမှာပျံနေရင်း သံမဏိဝက်ဝံဘုရင်အားဆက်သွယ်လိုက်သည်။
ကံဆိုးသည်မှာထိုအချိန်တွင်သံမဏိဝက်ဝံဘုရင်သည်အနားယူနေပြီး ဆက်သွယ်ရေးကိရိယာကိုလည်းဘေးတွင်ပစ်ထားလေသည်။
"အရူးကောင်"
ပေတစ်ရာအင်းဆက်ဘုရင်မှာအလွန်စိတ်ဆိုးနေပြီး အရှိန်မြှင့်ကာလျင်မြန်စွာပျံသန်းလာပေသည်။ ကြီးမားသောစွမ်းအင်မှာဘေးရှိလေဟာနယ်အားဖျက်စီးကာ ကျယ်လောင်သောအသံတစ်ခုနှင့်အတူ ၎င်းမှာကျောက်တွင်းနှင့် ၅၀ကီလိုမီတာအကွာသို့ရောက်ရှိလာခဲ့သည်။
စွမ်းအားကြီးအငွေ့အသက်တစ်ခုလာနေသည်ကိုအာရုံခံမိပြီးနောက် ကျိုးဟောင်၏စိတ်ထဲတွင်ချက်ချင်းပင်စိုးရိမ်သွားခဲ့သည်။ ဤအငွေ့အသက်သည်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်၏ အငွေ့အသက်ဖြစ်ပေသည်။
"တကယ့်ကိုပဲ....."
ကျိုးဟောင်၏အမူအရာမှာပြောင်းလဲသွားခဲ့သည်။ ပြန်လည်ပြုပြင်နှုန်းမှာ ၂၀ရာခိုင်နှုန်းအထိရောက်နေပြီဖြစ်ကြောင်း ကျိုးဟောင်ခံစားမိပေသည်။ ကျိုးဟောင်မှာထွက်သွားချင်သော်ငြား အခွင့်အရေးကောင်းအားလက်လွတ်လိုက်ရမလိုခံစားနေရပေသည်။
အကယ်၍ယခုတစ်ကြိမ်တွင် ၃၀ရာခိုင်နှုန်းအထိမစုပ်ယူနိုင်ပါက နောက်တစ်ကြိမ်ဆိုပါက အနည်းငယ်ပိုခက်မည်ဖြစ်သည်။
"ကောင်းကင်ဘုံအဆင့် ငါ့ရဲ့လက်ရှိတိုက်ခိုက်ရေးစွမ်းအားနဲ့ဆို ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ကိုရင်မဆိုင်နိုင်ဘူး ဒါပေမဲ့မူလကျောက်စာကိုသုံးလိုက်ရင်ရော နှေးအောင်တော့လုပ်လို့ရမလားမသိဘူး"
ကျိုးဟောင်မှာအသက်ပြင်းပြင်းရှူကာခေတ္တမျှစဉ်းစားပြီးနောက် လက်အားဆန့်ထုတ်လိုက်သည်။
ကျိုးဟောင်မှာလက်ချောင်းများအား ဝေ့ယမ်းလိုက်သည်။ ၎င်းသည်မူလကျောက်စာ၏စွမ်းအားအပြည့်အဝမဟုတ်သော်ငြား ကျိုးဟောင်မှာစွမ်းအားအတော်များများကိုတော့ထုတ်လွှတ်နိုင်သေးပေသည်။
အကယ်၍မူလကျောက်စာအားသုံးပြီးတစ်ခုခုလုပ်ပါက ထိုသတ္တဝါအားတားနိုင်လောက်ပေသည်။
ထိုသို့တွေးကာကျိုးဟောင်လှုပ်ရှားတော့မည့်အချိန်မှာပင် မုရုံရွှင်းမှစကားပြောလာလေသည်။
"ပေတစ်ရာအင်းဆက်ဘုရင်နဲ့ရင်ဆိုင်ဖို့မူလကျောက်စာသုံးရလောက်တဲ့အထိကို မင်းကရဲတင်းနေတာပဲ မူလကျောက်စာကိုပြိုင်ဘက်ကင်းလို့များထင်နေတာလား ပေတစ်ရာအင်းဆက်ဘုရင်ကပဉ္စမမြောက်မူလအဆင့်ပညာရှင်တစ်ယောက်ပဲ မင်းရဲ့မဖြစ်စလောက်မူလအဆင့်စွမ်းအားလေးနဲ့ ဘာမှမလုပ်နိုင်ဘူး"
မုရုံရွှင်း၏စကားများမှာ ကျိုးဟောင်၏အမူအရာအားအတော်လေးပျက်ယွင်းသွားစေပေသည်။ သို့သော် အချိန်ဆွဲလျှင်ဆွဲ သို့မဟုတ်ချက်ချင်းဆုတ်ခွာရတော့မည်ဖြစ်သည်။ အခြားနည်းလမ်းမရှိပါ"
"ဒါဆိုကျွန်တော့်ကိုပြော ဘယ်လိုလုပ်ရမလဲ"
ကျိုးဟောင်မှမေးလိုက်သည်။
"ကျစ်အဲဒါကလွယ်တယ် ငှက်မွေးတစ်ထောင်ချပ်ဝတ်ကိုပြန်ပြင်ဖို့ကမင်းရဲ့ရည်ရွယ်ချက်မဟုတ်ဘူးလား ဒီမှာရှိတဲ့ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တွေအားလုံးကိုယူသွားလိုက်ရင် ပြီးသွားပြီမဟုတ်ဘူးလား"
မုရုံရွှင်းမှ ဒေါသတကြီးပြောလိုက်သည်။
"ဒါပေမဲ့ကျွန်တော်မှလုံးဝဝင်မရတာ ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တွေကို ဘယ်လိုယူရမှာလဲ"
ကျိုးဟောင်မှာအမှန်တိုင်းပြောနေခြင်းဖြစ်သည်။ ကျောက်တွင်းအနီးမချဉ်းကကပ်ရဲ၍ ဘာမှလည်းမလုပ်ရဲသည်မှာသဘာဝကျပေသည်။
"မူလကျောက်စာနဲ့ဆို ဒါကမခက်ပါဘူး"
မုရုံရွှင်း၏စကားဆုံးသည်နှင့်ကျိုးဟောင်၏မျက်လုံးများမှာအရောင်တောက်သွားခဲ့သည်။ စင်စစ်ပင် မူလကျောက်စာအားသုံးကာ ယူနိုင်ပေသည်။
"မင်းအဲဒီလောက်စွမ်းအင်အများကြီးမသုံးသရွေ့ ကိစ္စမရှိဘူး"
မုရုံရွှင်း၏စကားဆုံးသည်နှင့်ကျိုးဟောင်မှာတွေဝေမနေတော့ဘဲ မူလကျောက်စာအားတန်းကာအသက်သွင်းလိုက်သည်။ ထို့နောက်လက်ထဲတွင်ထူးဆန်းသောသင်္ကေတတစ်ခုပေါ်လာပေသည်။
ချိတ်ပိတ်ကျောက်စာမှာလေထဲတွင်ကြီးမားလာပြီး ကျောက်တွင်းရှိရာသို့ဆင်းသက်သွားခဲ့သည်။ ထူးဆန်းသောအားတစ်ခုနှင့်အတူ များစွာသောအက်ကွဲကြောင်းစွမ်းအင်အတက်အကျများမှာ မိမိ၏တားဆီးခြင်းအားခံလိုက်ရသလိုခံစားလိုက်ရပေသည်။
"အခုပဲ"
ကျိုးဟောင်၏စိတ်ထဲတွင် မုရုံရွှင်း၏အသံထွက်ပေါ်လာသည်နှင့် ကျိုးဟောင်လည်းလှုပ်ရှားလိုက်သည်။ ထို့နောက်ရွှေကျီးလွတ်မြောက်ရေးသိုင်းအားသုံးကာရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တွင်းထဲတွင်ပေါ်လာခဲ့သည်။ ထိုသို့ပေါ်လာပြီးနောက်လက်ဖြင့်တစ်ချက်ဝေ့ကာ ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်သောင်းကျော်အားသိမ်းယူလိုက်ပေသည်။
စင်စစ်တွင် ထိုပမာဏလောက်ရသည်ကို ကျိုးဟောင်မှာမကျေနပ်သေးပေရာ မြေပြင်အားလက်သီးဖြင့်ထိုးကာ မြေကြီးတစ်ခုလုံးအစိတ်စိတ်အမြွှာမြွှာဖြစ်သွားစေခဲ့ပေသည်။ ထို့နောက်ကျိုးဟောင်မှာ ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်လား သတ္တုအပိုင်းအစလားဂရုမစိုက်တော့ဘဲ အားလုံးကိုသိမ်းယူနေပေသည်။
မုရုံရွှင်းမှာဤမြင်ကွင်းအားမြင်လိုက်ရချိန်တွင် မတတ်နိုင်သောအမူအရာမျိုးပေါ်လာခဲ့ပြီး ဤကောင်စုတ်လေးသည်လောဘကြီးလွန်းသည်ဟု စိတ်ထဲမှတွေးမိလိုက်သည်။ ကျိုးဟောင်သည်ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်အားယူရုံသာမက သတ္တုရိုင်းများကိုပင်ချန်မထားဘဲ အားလုံးယူနေပေသည်။
"မြန်မြန်သွားကြစို့ အဲဒီအငွေ့အသက်ကနီးသထက်နီးလာပြီ အခုမသွားရင်အရမ်းနောက်ကျသွားလိမ့်မယ်"
မုရုံရွှင်းမှာအတော်လေးစိုးရိမ်နေပေသည်။ ထိုသတ္တဝါသည် ပဉ္စမမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ဖြစ်ပြီး ကျိုးဟောင်၏လက်ရှိစွမ်းအားနှင့်ဆိုပါက ခုခံနိုင်စွမ်းမရှိပေ။
ကျိုးဟောင်သည်လည်းဤအချက်အားသိပေသည်။ ဤနေရာတွင်ရှိနေသောပစ္စည်းအများစုအားယူကြီးနောက် ကျိုးဟောင်မှာငှက်မွေးတစ်ထောင်ချပ်ဝတ်အားသိမ်းဆည်းကာ ပျောက်ကွယ်သွားခဲ့ပေသည်။
သူထွက်သွားသည်နှင့် လေဟာနယ်မှာတစ်စစီအက်ကွဲသွားကာ ကောင်းကင်ပေါ်တွင်အလွန်ကြီးမားသောပုံရိပ်တစ်ခုပေါ်လာခဲ့ပေသည်။
ပျက်စီးနေသောကျောက်တွင်းအားမြင်လိုက်ရချိန်တွင် ၎င်း၏မျက်လုံးများမှာပြူးကျယ်သွားပြီး အမူအရာသည်လည်းအလွန်ပျက်ယွင်းသွားခဲ့သည်။
"သေစမ်း"
၎င်းမှာဒေါသတကြီးအော်ဟစ်လိုက်ပေရာ တောအားတစ်စစီဖြစ်သွားစေပြီး ၁၂ခုမြောက်အက်ကွဲကြောင်းအား တုန်ခါသွားစေခဲ့သည်။
အစောပိုင်းကမှထွက်လာခဲ့သောကျိုးဟောင်မှာ အလွန်မောဟိုက်နေပြီး အခန်းထဲသို့ဝင်ကာ အဝတ်အစားများအားအမြန်ချွတ်လိုက်ပြီး အငွေ့အသက်အားလုံးအားပိတ်ဆို့လိုက်ပေသည်။
ပေတစ်ရာအင်းဆက်ဘုရင်၏ရောက်ရှိလာမှုသည် ၁၂ခုမြောက်အက်ကွဲကြောင်းတစ်ခုလုံးရှိန်ရသည့်ရန်သူရောက်လာသကဲ့သို့ဖြစ်သွားစေခဲ့သည်။ ကျိုးဟောင်မှာပြန်ရောက်ရောက်လာခြင်းပင် ပေတစ်ရာအင်းဆက်ဘုရင် ၏အငွေ့အသက်အားခံစားလိုက်ရပေရာ သူ၏အမူအရာမှာပြောင်းလဲသွားခဲ့ပြီး သူသည်လည်း ၁၂ခုမြောက်အက်ကွဲကြောင်း၏ ကောင်းကင်ပေါ်တွင်ပေါ်လာခဲ့သည်။ ထို့နောက်ပေတစ်ရာအင်းဆက်ဘုရင်အား ထိတ်လန့်စွာဖြင့်ကြည့်လိုက်မိသည်။
....................................................................................
အခန်း(၃၇၄) ပြီးပါပြီ။
အခန်း (၃၇၅) : ခုနစ်ရက်တာလေ့ကျင့်ရေး
ကျိုးဟောင်မှာ၎င်းအားလျစ်လျူရှူထားလိုက်ပေသည်။ သူလိုချင်သောပစ္စည်းအားရခဲ့ပြီဖြစ်ပေရာ ကျန်တာကိုဂရုမစိုက်တော့ပေ။
ထိုအချိန်တွင်ကျိုးဟောင်မှာအခန်းထဲတွင်ပေါ်လာပြီး ငှက်မွေးတစ်ထောင်ချပ်ဝတ်အားတန်းထုတ်ကာ ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်များအားဆက်လက်စုပ်ယူစေပေသည်။
မကြာမီ ပြန်လည်ကောင်းမွန်မှုနှုန်း ၃၀ ရာခိုင်နှုန်းမှာအဆုံးသတ်သွားခဲ့သည်။
ကျိုးဟောင်၏မျက်လုံးထဲတွင် စုတ်ပြတ်နေသောငှက်မွေးတစ်ထောင်ချပ်ဝတ်မှာ ချက်ချင်းပင်အသစ်ဖြစ်သွားပြီး စွမ်းအားကြီးအငွေ့အသက်လှိုင်းများထုတ်လွှတ်နေသည့် သာမန်ထက်ထူးခြားသည့်အငွေ့အသက်ရှိသည့်ချပ်ဝတ်တစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပေသည်။
ကျိုးဟောင်မှာအလွန်ပင်ထိတ်လန့်သွားခဲ့သည်။ ထိုအချိန်တွင်ကျိုးဟောင်၏စိတ်ထဲ၌ ရှောင်ယွီ၏အသံအားကြားလိုက်ရပေသည်။
"သခင် ရှောင်ယွီ ၃၀ရာခိုင်နှုန်းအထိပြန်ကောင်းသွားပါပြီ ဆက်လက်ပြီးပြုပြင်ချင်ပါသလား"
ကျိုးဟောင်မှာအလွန်စိတ်လှုပ်ရှားနေပေသည်။ သူသည်ချောင်းတစ်ချက်ဟန့်ကာ ကျန်ရှိနေသောရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက် ၁သောင်းနှင့် ကြီးမားသောကမ္ဘာ့သွေးကြောအစိတ်အပိုင်းကြီးအားကြည့်လိုက်သည်။ စိတ်ထဲတွင်လည်းအတော်အဆင်ပြေနေပေရာ ရှောင်ယွီ၏အမေးအားပြန်ပြောလိုက်သည်။
"ဆက်ပြင်မယ်"
ကျိုးဟောင်မှရယ်ရင်းပြောလိုက်သည်။ ဤငှက်မွေးတစ်ထောင်ချပ်ဝတ်၏အငွေ့အသက်ကတကယ်ပင် သာမန်ထက်ထူးခြားပေသည်။၎င်းအားအပြည့်အဝပြင်ဆင်ပြီးပါက မည်သို့ဖြစ်မလဲအားတွေးကာကျိုးဟောင်မှာအလွန်စိတ်လှုပ်ရှားနေပေသည်။
ထိုအချိန်တွင် လေ့ကျင့်ရေးစခန်၏အချက်ပေးသံထွက်ပေါ်လာခဲ့သည်။ ကျိုးဟောင်မှာအလျင်အမြန်ပင်အခန်းထဲမှလမ်းလျှောက်ထွက်လိုက်ကာ ရှုလင်၊ အခြားသူများနှင့်အတူကွင်းပြင်သို့ရောက်လာခဲ့သည်။
လက်ရှိအချိန်တွင်အဖွဲ့ ၇ခု၏အဖွဲ့သားများအားလုံးစုံနေကြပြီဖြစ်ပြီး ပိုင်လင်းလုံမှာသူတို့အားအေးစက်စွာကြည့်နေပေသည်။
"ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းပြောင်းလဲမှုတစ်ချို့ရှိတယ် အခုကစပြီးကျင့်ကြံရေးတွေဆက်လုပ်မယ် ဒုတိယတာဝန်က ၁၃ခုမြောက်အက်ကွဲကြောင်းထဲ ၇ရက်တိတိဝင်ဖို့ပဲ"
"ဒါပေမဲ့ အရင်ဆုံးပြောချင်တာတစ်ခုရှိတယ် ဒီတာဝန်မှာငါမင်းတို့နဲ့လိုက်မှာမဟုတ်ဘူး မင်းတို့ကိုလိမ်လည်းမလိမ်ချင်ဘူး မင်းတို့အတွက်အသက်အန္တရာယ်ရှိတယ် ဒါပေမဲ့မင်းတို့ရဲ့လုံခြုံရေးအတွက် အားလုံးအက်ကွဲကြောင်းနေရာရွှေ့ပြောင်းရေးကိရိယာတစ်ခုစီရမယ် တကယ်လို့မင်းတို့မခံနိုင်တော့ဘူးဆို ခလုတ်ကိုနှိပ်လိုက်အဲဒီပစ္စည်းက မင်းတို့ကိုဒီနေရာကိုရွှေ့ပြောင်းပေးလိမ့်မယ်"
"ဒါပေမဲ့အဲဒီလိုလုပ်လိုက်ရင် တာဝန်ကနေထွက်လိုက်တယ်လို့သတ်မှတ်မယ် ဒီတစ်ခေါက်အကဲဖြတ်မှုရဲ့ အဓိကအချက်ကလေ့ကျင့်ရေးနဲ့ပတ်သက်တာပဲ ဒါပေမဲ့လေ့ကျင့်ရေးဖြစ်တဲ့အတွက်ဆုလာဘ်တွေရှိတယ် ပြီးတော့ဆုလာဘ်တွေကလည်း အမှတ်တွေအပေါ်မူတည်တယ်"
ပိုင်လင်းလုံမှာစကားဆုံးသည်နှင့် အားလုံးအားကိရိယာအသေးစားတစ်ခုစီပေးလိုက်သည်။ ဤပစ္စည်းမှာဤနေရာတွင်ရှိနေသော အက်ကွဲကြောင်းအစီအရင်ဖြင့်ဆက်သွယ်ထားပေရာ ခလုတ်အားနှိပ်လိုက်သည်နှင့် ဤနေရာသို့အမြန်ဆုံးပြန်လည်ရောက်ရှိလာမည်ဖြစ်သည်။
ထို့အပြင်ဤပစ္စည်းအသေးလေးသည် အားလုံး၏အမှတ်များကိုလည်းမှတ်တမ်းတင်ပေးနိုင်ပေသည်။
ရရှိလာမည့်အမှတ်များအား သန္ဓေပြောင်းသားရဲများအားသတ်ခြင်းတစ်ခုတည်းဖြင့်သာကန့်သတ်မထားဘဲ အက်ကွဲကြောင်းထဲတွင်ကြာသည့်ကြာချိန်ကိုလည်းထည့်သွင်းစဉ်းစားမည်ဖြစ်ကာ အသေးစိတ်နှိုင်းယှဉ်ပြီးနောက် အကဲဖြတ်မှုတစ်ခုထွက်လာမည်ဖြစ်သည်။
ယခုတစ်ကြိမ်တာဝန်မှာအလွန်မျှတပေသည်။ မည်သို့ပင်ဖြစ်စေ အကဲဖြတ်မှုအား အချိန်တစ်ခုတည်းပေါ်တွင်သာအခြေခံထားပါက ပုန်းခိုရန်နေရာတစ်ခုရှာပြီး ထို၇ရက်လုံးကိုရှင်သန်နေနိုင်ပေသည်။
ထို့ကြောင့် အားလုံးထိုသို့လှည့်စားခြင်းမှကြိုတင်ကာကွယ်နိုင်ရန် ပိုင်လင်းလုံမှာစည်းကမ်းချက်ထုတ်ထားခြင်းဖြစ်သည်။
၎င်းမှာမပြည့်စုံသေးသော်ငြားမှားယွင်းနေတာမျိုးလည်းမဟုတ်ပေ။
"ဒီတစ်ခေါက်အမှတ်တွေက တစ်ယောက်တစ်ယောက်ချင်းတိုက်ပွဲကလည်းရမယ် မင်းတို့အတူပူးပေါင်းလုပ်မလား မလုပ်ဖူးလားဆိုတာက မင်းတို့အဖွဲ့ဘယ်လိုရွေးချယ်မလဲဆိုတာအပေါ်မူတည်တယ် ဒါပေမဲ့နောက်ဆုံးအကဲဖြတ်မှုက တစ်ယောက်ချင်းစီရဲ့အမှတ်အပေါ်မူတည်တယ် ဒီစည်းမျဉ်းကမပြောင်းဘူးပြီးတော့အမှတ်ပေးတာကလည်း အရင်တစ်ခေါက်နဲ့တူမှာမဟုတ်ဘူး နားလည်ကြလား"
ပိုင်လင်းလုံ၏စကားမှာ အဖွဲ့ ၇ခုရှိလူများအားအတော်လေးစိုးရိမ်စေပေသည်။
သူတို့ကြားတွင်ကျင့်ကြံမှုအဆင့်အမြင့်ဆုံးလူမှာ ဆရာသခင်အဆင့်သာရှိပြီး မူလအဆင့်ပညာရှင်များနှင့်ယှဉ်ပါက သူ့အစွမ်းသည်အလွန်နိမ့်ကျနေသေးပေသည်။
မူလကတည်းကလူသားများသည်သန္ဓေပြောင်းသားရဲများ၏ပြိုင်ဘက်မဟုတ်လို အဆင့်တူချင်းဆိုပါကလည်းသန္ဓေပြောင်းသားရဲများနှင့်လုံးဝမယှဉ်ပြိုင်နိုင်ပေ။ အက်ကွဲကြောင်းထဲတွင် အဆင့်မြင့်သန္ဓေပြောင်းသားရဲများစွာရှိသေးပေရာ အားလုံးမှာတကယ်ပင်အတော်လေးစိုးရိမ်နေကြပေသည်။
"စစ်မှန်တဲ့တိုးတက်မှုက သေရေးရှင်ရေးအခြေအနေနဲ့တွေ့ကြုံရခြင်းပဲ သေရေးရှင်ရေးအခြေအနေနဲ့မတွေ့ဘဲ မင်းတို့ဘယ်လိုတိုးတက်မှာလဲ ဖန်လုံအိမ်ပန်းကဒီခေတ် ဒါမှမဟုတ် ငါတို့အတွက်မသင့်တော်ဘူး အဲဒါကြောင့် မင်းတို့ဒီလမ်းကြောင်းကိုရွေးချယ်ထားမှတော့ စိုးရိမ်နေလို့မရဘူး"
ပိုင်လင်းလုံမှာထိုစကားဆုံးသည်နှင့် အားလုံးအားကြည့်ကာပြောလိုက်သည်။
"ကောင်းပြီ နေရာရွှေ့ပြောင်းရေးအစီအရင်ကိုအသက်သွင်းပြီးပြီ ဝင်သွားကြတော့"
ပိုင်လင်းလုံမှာသူမ၏လက်အားဝေ့ယမ်းလိုက်ပေရာ ရွှေ့ပြောင်းရေးအစီအရင်၏စွမ်းအင်အတက်အကျမှာ ချက်ချင်းပင်ကွင်းပြင်တွင်ပေါ်လာကာ အားလုံးမတုံ့ပြန်နိုင်သေးခင် တစ်စက္ကန့်အတွင်းမှာပင် အလင်းရောင်များမှာပြန့်ကျဲသွားကာ ပုံရိပ်များမှာစင်မြင့်ထက်မှတန်းကာပျောက်ကွယ်သွားခဲ့သည်။
အားလုံးပြန်ပေါ်လာချိန်တွင် ၁၃ခုမြောက်အက်ကွဲကြောင်းသို့ရောက်နေပြီဖြစ်သည်။
သို့သော်...
အားလုံးမှာတစ်ယောက််ချင်းစီသာ ပို့ဆောင်ခံလိုက်ရခြင်းဖြစ်သည်။ တစ်နည်းဆိုသော် အဖွဲ့၇ဖွဲ့မှလူတိုင်းမှာ ယခုတစ်ကြိမ်တွင်တစ်ယောက်တည်းသာရှိနေကြပေသည်။
ဤစစ်ဆေးမှုမှာသူတို့၏အင်အားကိုသာမက ပင်ကိုစိတ်ထားကိုပါစစ်ဆေးခြင်းဖြစ်ကြောင်းကို ပိုင်လင်းလုံမပြောပြလိုက်ရပေ။
မည်သို့ပင်ဖြစ်စေအားလုံးမှာ မိမိကိုယ်တိုင်အတွက်တိုက်ခိုက်နေကြခြင်းဖြစ်ပြီး မတူညီသောအဖွဲ့များမှ လာရောက်ကြခြင်းဖြစ်ပေသည်။ ဤရှုပ်ထွေးသောလောကကြီးတွင် အချင်းချင်းထောက်ပံ့ပေးနိုင်မည်လား သို့မဟုတ် အချင်းချင်းလှည့်စားရန်ကြိုးစားမလားဆိုသည်အား မည်သူမျှမသိနိုင်ပေ။
ဤသည်မှာအားလုံး သူတို့ကိုယ်တိုင်ဆုံးဖြတ်ရမည့်ဆုံးဖြတ်ချက်ဖြစ်ကာ အားလုံး၏ပင်ကိုစရိုက်ကိုလည်း ပေါ်လွင်စေမည်ဖြစ်သည်။
သို့သော်ကျိုးဟောင်နှင့်အခြားလူများမှာ ဤအချက်အားမသိပေ။ လက်ရှိ ၁၃ခုမြောက်အက်ကွဲကြောင်းတွင်ပေါ်လာချိန်၌ ကျိုးဟောင်မှလွဲအားလုံးမှာစိုးရိမ်လာကြပေသည်။
အခြားအဖွဲ့များမှဆရာသခင်အဆင့်များပင်အတူတူပင်ဖြစ်သည်။
ရှုလင်မှာပတ်ဝန်းကျင်ရှိကျတ်တီးမြေနှင့် အန္တရာယ်ရှိသောအငွေ့အသက်အားလှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက် သူမ၏လှပသောမျက်နှာလေးမှာအစပိုင်းတွင်ပြောင်းလဲသွားခဲ့သော်လည်း ချက်ချင်းပင်အငွေ့အသက်အားဖုံးကွယ်ကာ ပုန်းရန်အတော်လေးလုံခြုံသည့်နေရာတစ်ခုအားရှာဖွေလိုက်လေသည်။
ထိုသို့လုပ်သည်မှာသူမတစ်ယောက်တည်းမဟုတ်ဘဲ အခြားလူများသည်လည်းအတူတူပင်ဖြစ်သည်။
ကျန်းယိ၊ ယွမ်ချန်း၊ ယွင်ယန်၊ ဖန်းယွီနှင့်အခြားလူများသည်လည်း အတူတူပင်။
ပေါ်လာသည့်အချိန်တွင် ကျိုးဟောင်တစ်ယောက်သာအမူအရာမပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။ သူ၏အာရုံအလုံးစုံမှာ ငှက်မွေးတစ်ထောင်ချပ်ဝတ်အပေါ်တွင်သာရှိနေပေသည်။
သို့သော် ကြည့်ရပိုမိုယုံကြည်စေရန်ကျိုးဟောင်မှာချက်ချင်းပင်ချပ်ဝတ်အားဝတ်ဆင်ကာ ဓားအားထုတ်ပြီးပုန်းလိုက်သည်။
"အားလုံးကိုသက်သက်စီ ပို့လိုက်တာဖြစ်မယ် အားလုံးမှာနေရာရွှေ့ပြောင်းရေးပစ္စည်းရှိတယ်ဆိုပေမဲ့ ငါရှုလင်နဲ့အခြားလူတွေကို တတ်နိုင်သမျှအမြန်ဆုံးရှာရမယ်"
ကျိုးဟောင်မှာ တွေးရင်းမျက်မှောင်ကြုတ်သွားခဲ့သည်။ ဤနေရာအားတစ်ယောက်ယောက်စောင့်ကြည့်နေမလားဆိုသည်အား မသိရပေရာ သူ၏ကျင့်ကြံမှုအဆင့်အစစ်အားထုတ်မသုံးရဲပေ။ ထိုအစားသူသည်အငွေ့အသက်အားဆရာသခင်အဆင့်အဖြစ် ထိန်းချုပ်ကာဂရုတစိုက်ဖြင့်ရှေ့ဆက်သွားနေပေသည်။
ကျိုးဟောင်သည် ၁၃ခုမြောက်အက်ကွဲကြောင်းသို့ကြိမ်ဖန်များစွာရောက်ဖူးကာ ဤနေရာရှိမြေပြင်အနေအထားအကိုလည်း အနည်းငယ်သိပေသည်။ သို့သော် ၁၃ခုမြောက်အက်ကွဲကြောင်းမှာအလွန်ကြီးမားလှပေရာ ကျိုးဟောင်ပင်အလုံးစုံမသိပေ။
ကျိုးဟောင်သည်သူ၏တည်နေရာအားအတည်ပြုကာ စတင်ရှာဖွေရုံသာတတ်နိုင်ပေသည်။
"၁၃ခုမြောက်အက်ကွဲကြောင်းကအရမ်းကြီးတယ် သူတို့ကိုဦးတည်ချက်မရှိလျှောက်ရှာဖို့ဆိုတာ ငါ့အတွက်မလွယ်လောက်ဘူး တစ်ယောက်တည်းရှာမဲ့အစား ငါ့ကိုကူညီပေးနိုင်မဲ့လူတစ်ယောက်ရမဲ့နည်းလမ်းကိုစဉ်းစားရမယ်"
ကျိုးဟောင်၏ခေါင်းထဲတွင်အကြံတစ်ခုပေါ်လာခဲ့သည်။ သန္ဓေပြောင်းသားရဲအချို့အားဖမ်းဆီးကာ ၎င်းတို့၏အကူအညီနှင့်ဆိုပါက ရှုလင်နှင့်အခြားလူများအား လျင်မြန်စွာရှာနိုင်ပေလိမ့်မည်။
ထိုသို့တွေးကာကျိုးဟောင်မှာ စတင်လှုပ်ရှားလိုက်သည်။
ထိုအချိန်တွင်ပိုင်လင်းလုံမှာကွင်းပြင်တွင်ခြေချိတ်ထိုင်နေပေသည်။ သူမသည်သူမ၏စိတ်အသိအားကိရိယာနှင့်ချိတ်ဆက်လိုက်ပေရာ ၁၃ခုမြောက်အက်ကွဲကြောင်းမှာချက်ချင်းပင် သူမ၏နတ်ဘုရားအာရုံဖြင့်ဖုံးလွှမ်းသွားခဲ့ပေသည်။
တစ်ခဏအတွင်း သူမ၏ရှေ့တွင်ကြီးမားသောမြေပုံတစ်ခုပေါ်လာခဲ့သည်။ ထိုမြေပုံပေါ်တွင်ကျိုးဟောင်နှင့်အခြားလူများအားကိုယ်စားပြုသည့် အစိမ်းရောင်အစက်အခု ၄၀ကျော်ရှိနေပေသည်။
ကျိုးဟောင်တို့ဘေးရှိ များစွာသောအနီစက်များမှာ သန္ဓေပြောင်းသားရဲများဖြစ်ကြသည်။
အထက်လူကြီးများမှာ၁၃ခုမြောက်အက်ကွဲကြောင်းအား အလွန်အလေးထားကြပေရာ ဤနေရာတွင် ခေတ်အမီဆုံးထောက်လှမ်းရေးကိရိယာများကိုလည်းအသုံးပြုပေသည်။
ပိုင်လင်းလုံမှာထိုအစိမ်းရောင်အစက်လေးများအားကြည့်နေပြီး တစ်ချက်တွေးရုံဖြင့် အားလုံး၏လက်ရှိအခြေအနေနှင့်သရုပ်အား သူတို့၏ကိုယ်ပေါ်ရှိနေရာရွှေ့ပြောင်းရေးကိရိယာမှတစ်ဆင့် ပြောနိုင်ပေသည်။ သူမသည်ဝင်စွက်ဖက်ခြင်းမပြုဘူးဟုပြောခဲ့သော်ငြား သေရေးရှင်ရေးနှင့်ပတ်သက်သောကိစ္စဖြစ်ချိန်တွင် သူမသည်အားလုံးအား တကယ်လျစ်လျူမရှုထားခဲ့ပေ။
လူသားမျိုးနွယ်၏ ဤတက်သစ်စကြယ်ပွင့်လေးများမှာ အနာဂတ်တွင်သူတို့မှီခိုလို့ရမည့်ခွန်အားများသာဖြစ်ကြသည်။ သူတို့ပျိုးထောင်ပေးခဲ့သောမဟာဆရာသခင်အားလုံးအတွက်ကုန်ကျစရိတ်မှာအလွန်များပြားလှကာ ပါရမီဆိုပါကပြောနေစရာပင်မလိုပေ။
ထို့ကြောင့်အမှန်တကယ်လိုအပ်သည့်အခြေအနေမဟုတ်ပါက ပိုင်လင်းလုံမှာသူတို့အားအန္တရာယ်အဖြစ်ခံမည်မဟုတ်ပေ။
သို့သော်ထိုအချိန်တွင် သူမသည်ရုတ်တရက်မျက်တောင်ခတ်ကာ အစိမ်းရောင်အစက်တစ်ခုအားဖွင့်ကြည့်လိုက်သည်။ ထို့နောက် ခေတ္တမျှကြက်သေသေသွားခဲ့သည်။
"ကျိုးဟောင် သူဘာလုပ်ဖို့ကြိုးစားနေတာလဲ မြေပြင်အနေအထားနဲ့အကျွမ်းဝင်အောင်လုပ်ပြီး အဖွဲ့သားတွေကိုရှာရမဲ့အစား သန္ဓေပြောင်းသားရဲတွေကိုသတ်ဖို့လုပ်နေတာလား"
.................................................................................
အခန်း(၃၇၅) ပြီးပါပြီ။