← Chapters

အခန်း (၃၆၁-၃၆၃)

Vol. 25 Ch. 361-363

အခန်း (၃၆၁-၃၆၃)

Vol. 25 Ch. 361-363

အခန်း (၃၆၁) : ငါတို့ကလူသားတွေမလို့ပဲ

စက်ရုပ်မျိုးနွယ်ပညာရှင်ရောက်လာသည့်အခါ သူတို့၏အမူအရာမှာသိသိသာသာပြောင်းလဲသွားခဲ့သည်။

ထို့အတူပင် စက်ရုပ်မျိုးနွယ်၏လက်ထဲမှ စက်လုံးသဏ္ဍာန်ပစ္စည်းတစ်ခုကိုလည်းမြင်လိုက်ရသည်။

ထိုပစ္စည်းထံမှဆိုးဝါးသောအနံအသက်တစ်ခုမှာလှိုင်လှိုင်ထွက်နေပေရာ လူသားစစ်သည်များပင်အဝေးမှ အနံ့ရနေလေသည်။

"စူပါမော်လီကျူလာပိုး ရောက်လာပြီ...."

"ဘုရားရေ....ဒါကဘယ်လိုဖြစ်နိုင်မှာလဲ..."

"လူသားတွေတော့အဆုံးသတ်ပြီ....လူသားတွေအဆုံးသတ်ပြီ"

လူသားပညာရှင်အားလုံး၏မျက်နှာများမှာ ထိတ်လန့်နေသောအမူအရာများဖြစ်နေကြပြီး ကြက်သေသေနေကြလေသည်။

စက်ရုပ်မျိုးနွယ်မှတီထွင်လိုက်သော စူပါမော်လီကျူလာပိုးမှာလူသားမျိုးနွယ်အတွက် ပကတိကပ်ဆိုးတစ်ခုဟုဆိုနိုင်ပေရာ ယခုထိုပစ္စည်းပေါ်လာခြင်းသည် လူသားမျိုးနွယ်များ၏စိတ်နှလုံးအား သမုဒ္ဒရာထဲစုန်းစုန်းနစ်မြုပ်သွားသကဲ့ခံစားရစေလေသည်။

"ဟဟဟ နောက်ဆုံးတော့မင်းရောက်လာပြီပဲ လူသားမျိုးနွယ်ပုရွတ်ဆိတ်တွေ မင်းတို့တော့အဆုံးသတ်ပြီ"

ထိုမြင်ကွင်းအားမြင်သောအခါ ရွှေချပ်ဝတ်ခေါင်းတိုလိပ်မှာကျယ်လောင်စွာရယ်မောရင်းပြောလိုက်သည်။ စက်ရုပ်မျိုးနွယ်ရောက်ရှိလာသည်နှင့် ၇ခုမြောက်အက်ကွဲကြောင်းအား မျိုးနွယ်ခြားများမှအပြည့်အဝပိုင်ဆိုင်သွားပြီဖြစ်သည်။

ထိုအချိန်ရောက်ပါက သူတို့အတွက် လူသားမျိုးနွယ်၏အခြားပိုင်နက်များအားဝင်ရောက်ရန်မှာ အများကြီးပိုမိုလွယ်ကူသွားမည်ဖြစ်သည်။

ဤသည်ကိုမျိုးနွယ်ခြားများသိသကဲ့သို့ လူသားများလည်းသိပေသည်။

ကျိုးဟောင်မှာစက်ရုပ်မျိုးနွယ်ပညာရှင်အားကြည့်ကာ အမူအရာပျက်ယွင်းသွားခဲ့သည်။ ဤပစ္စည်းမှာမည်မျှစွမ်းအားကြီးကြောင်းသူမသိပေ။ သို့သော် စက်ရုပ်မျိုးနွယ်၏နည်းပညာမှာ အလွန်စွမ်းအားကြီးလှပေရာ ဤပစ္စည်းသည်လည်း တကယ်ပင်အကျိုးသက်ရောက်မှုများနိုင်ပေသည်။

မျိုးနွယ်ခြားတို့၏စိတ်ဓာတ်မှာအကြီးအကျယ်တက်လာခဲ့သော်လည်း လူသားမျိုးနွယ်များမှာမူ စိတ်ပျက်အားလျော့လာခဲ့ကြပေသည်။

ပိုင်ကျန်းဟိုင်မှာထိုမြင်ကွင်းအားမြင်လိုက်ရချိန်တွင် ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ဘဲ သဘောတူညီချက်အားချိုးဖောက်မိမည်ကိုလည်းဂရုမစိုက်တော့ပေ။ ရှေ့တစ်လှမ်းတိုးလိုက်ပြီး လေထဲတွင်ပေါ်လာကာ သူ၏စွမ်းအားကြီးသောကျင့်ကြံရေးစွမ်းအားသည်လည်း ချက်ချင်းပင်ထွက်ပေါ်လာခဲ့ပေသည်။

"သေစမ်း"

ပိုင်ကျန်းဟိုင်မှာပေါ်လာသည်နှင့် လက်ထဲတွင်အလွန်ထက်မြက်သောအငွေ့အသက်ရှိသည့် ဓားရှည်တစ်ချောင်းအားကိုင်ဆောင်ထားပြီး တိုက်ခိုက်လိုက်သည်နှင့်တစ်ပြိုင်နက် ထိုဓားမှာကောင်းကင်အားခွင်းကာ အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာတိုးဝင်သွားလေသည်။

ပဉ္စမမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်အနေနှင့် သူသည်အလွန်စွမ်းအားကြီးလှပေသည်။ ပုံမှန်အားဖြင့် ကောင်းကင်ဘုံအဆင့်ပညာရှင်များ၏စွမ်းအားအားချိတ်ပိတ်ထားသည့်အခြေအနေတွင် ယခုလိုတိုက်ခိုက်ရေးစွမ်းအားမှာ လူတစ်ယောက်မှထိုးဖောက်မြင်နိုင်သောအရာမျိုးမဟုတ်ပေ။

သို့သော်ပိုင်ကျန်းဟိုင်ပေါ်လာသည့်အချိန်မှာပင် လေထုထဲတွင်မမြင်ရသောလှိုင်းတစ်ခုလည်းပေါ်လာခဲ့သည်။ ထို့နောက်လေဟာနယ်ထဲမှ ကြီးမားသောလက်ကြီးတစ်ဖက်ထွက်ပေါ်လာပြီး ပိုင်ကျန်းဟိုင်၏ဓားအားဆုပ်ကိုင်လိုက်ပေသည်။

"ပိုင်ကျန်းဟိုင် မင်းငြိမ်ငြိမ်ထိုင်မနေနိုင်ဘူးလား"

တိုးညှင်းသောမေးသံတစ်ခုထွက်ပေါ်လာခဲ့ပြီးနောက် ကြီးမားသောစပါးအုံးမြွေကြီးတစ်ကောင်မှာ အက်ကွဲကြောင်းထဲမှတိုးထွက်လာခဲ့သည်။

၎င်းမှာစပါးအုံးမြွေဖြစ်သော်ငြား ခေါင်းပေါ်တွင်ဦးချိုနှင့် ခန္ဓာကိုယ်အောက်ပိုင်းတွင်ခြေထောက်ပါရှိပေသည်။ ၎င်းမှာနဂါးအဖြစ်အသွင်းပြောင်းနေသည့် အရိပ်အယောင်များပင်ဖြစ်သည်။

ထိုကြမ်းကြုတ်သောသားရဲအားတွေ့လိုက်ရချိန်တွင် အားလုံးမှာပင့်သက်ရှိုက်လိုက်မိသည်။

"မြေရိုင်းလွှမ်းမိုးနဂါးပဲ"

"ဒါတကယ်ကြီးမြေရိုင်းလွှမ်းမိုးနဂါးပဲ..."

"ဒီသတ္တဝါကဒီနေရာမှာပုန်းနေမယ်လို့မထင်ထားခဲ့ဘူး ကြည့်ရတာဒီတစ်ခေါက်မျိုးနွယ်ခြားတွေ သေချာပြင်ဆင်လာခဲ့ကြပုံပဲ"

ထိုကြီးမားသောစပါးအုံးကြီးမှာလေထဲတွင်ခွေနေပြီး ၎င်း၏ကြီးမားသောမျက်လုံးကြီးများမှာလည်း အဝါရောင်ဖျော့ဖျော့ရှိကာ လူသေတစ်ယောက်၏မျက်လုံးများနှင့်ပင်တူလေသည်။ သို့သော်ထိုမျက်လုံးမှထွက်ပေါ်လာသောအေးစက်သည့်အငွေ့အသက်မှာတော့ အားလုံးကိုဖိမ့်ဖိမ့်တုန်စေပေသည်။

မြေရိုင်းလွှမ်းမိုးနဂါး....

မျိုးနွယ်ခြားတို့၏စစ်မှန်သောပညာရှင်တစ်ယောက်

မြေရိုင်းလွှမ်းမိုးနဂါးမှာ သဲကန္တာရထဲရှိကြီးမားသောမြွေကြီးတစ်ကောင်ဟုဆိုနိုင်ပေသည်။ သို့သော်ဘာကြောင့်မှန်းမသိ၎င်း၏သွေးမျိုးဆက်အားချိုးဖောက်နိုင်မည့်နည်းအားတွေ့ရှိသွားကာ တကယ်ပင်နဂါးအဖြစ်အသွင်းပြောင်းမည့်လက္ခဏာများပြလာခဲ့ပေသည်။

မြေရိုင်းလွှမ်းမိုးနဂါးမှာ ညနတ်ဘုရားနှင့်မတူပေ။ ညနတ်ဘုရားမှာ ၎င်း၏သာမန်ထက်ထူးခြားသောသွေးမျိုးဆက်ကြောင့် ကောင်းကင်ဘုံအဆင့်သို့တက်လှမ်းနိုင်ခြင်းဖြစ်ကာ မျိုးနွယ်၏ခွန်အားအပေါ် အားကိုးရပေသည်။

သို့သော် မြေရိုင်းလွှမ်းမိုးနဂါးမှာမူမတူပေ။ သူ၏စွမ်းအားများမှာ အားလုံးတစ်ဆင့်ပြီးမှတစ်ဆင့်ရရှိလာခဲ့ခြင်းဖြစ်သည်။

လက်ရှိအခြေအနေအထိရောက်လာနိုင်သော ယခုလိုရန်သူတစ်ယောက်သည် ရက်စက်သောစရိုက်မျိုးရှိမည်မှာလည်းသေချာပေသည်။ သန္ဓေပြောင်းမဟာမိတ်တပ်ဖွဲ့မှ ထိုသတ္တဝါအားဤနေရာသို့ပို့ခြင်းအားကြည့်ပါက မျိုးနွယ်ခြားများ ၇ ခုမြောက်အက်ကွဲကြောင်းအပေါ်မည်မျှအရေးထားကြောင်းသိနိုင်ပေသည်။

"မြေရိုင်းလွှမ်းမိုးနဂါး တကယ်မင်းပဲ"

ပိုင်ကျန်းဟိုင်မှာနေရာတွင်ရပ်တန့်သွားပြီး အမူအရာသည်လည်းပျက်ယွင်းသွားခဲ့ပေသည်။ မြေရိုင်းလွှမ်းမိုးနဂါး၏အဆင့်အတန်းအားသူသေချာစိပေသည်။ တစ်ယောက်ချင်းတိုက်သည့်တိုက်ပွဲတွင် သူသည်မြေရိုင်းလွှမ်းမိုးနဂါး၏ပြိုင်ဘက်မဖြစ်နိုင်ပေ။

"ဒီတစ်ခေါက် မင်းတို့ရဲ့၇ ခုမြောက်အက်ကွဲကြောင်းမလွတ်တော့ဘူး ပိုင်ကျန်းဟိုင် မင်းတကယ်လို့ထွက်မသွားသေးဘူးဆ်ိုရင် မင်းကိုသတ်တဲ့အတွက်ငါ့အဆိုးမဆိုနဲ့"

မြေရိုင်းလွှမ်းမိုးနဂါးမှာ အေးစက်စွာပြောလိုက်ပြီး စွမ်းအင်လှိုင်းများထွက်ပေါ်လာကာ စစ်ပွဲဧရိယာအားဖိနှိပ်ထားလိုက်လေသည်။

ပိုင်ကျန်းဟိုင်၏အမူအရာမှာအလွန်အမင်းပျက်ယွင်းသွားခဲ့သည်။ လက်ရှိအချိန်တွင် စက်ရုပ်မျိုးနွယ်ပညာရှင်မှာသတ္တုလုံးအားကိုင်ဆောင်ထားဆဲဖြစ်ပြီး ပိုးအားထုတ်လွှတ်ရန်အတွက် ၎င်းအားစတင်တပ်ဆင်ရန်ပြင်ဆင်နေပေသည်။

ပိုင်ကျန်းဟိုင်မှာရွေးချယ်စရာမရှိပေ။ သူသည် မြေရိုင်းလွှမ်းမိုးနဂါး၏တားဆီးခြင်းအားခံနေရပြီး အခြားကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်များသည်လည်း ဘာမှမတတ်နိုင်ပေ။ သူတို့နှင့်တာဝါတိုင်ကြားရှိ သန္ဓေပြောင်းသားရဲများ၏ခန္ဓာကိုယ်များမှာ သိပ်သည်းသောအတားအဆီးတစ်ခုပမာဖြစ်ပေါ်နေပြီး ဖြတ်သွားဖို့မဖြစ်နိုင်ပေ။

ဤမြင်ကွင်းမှာ အားလုံး၏မျက်နှာအားဖြူလျော်သွားစေခဲ့ပေသည်။ စက်ရုပ်မျိုးနွယ်ပညာရှင် တာဝါတိုင်ထဲသို့ဖြည်းညှင်းစွာလမ်းလျှောက်သွားသည်ကိုကြည့်ပြီး အားလုံးမှာစိုးရိမ်သောကရောက်နေကြပေသည်။

ဤတိုက်ပွဲမှာ မျှော်လင့်ချက်မရှိဘဲရှုံးနိမ့်သွားပြီဖြစ်ကြောင်း အားလုံးသိလိုက်ပေသည်။ စက်ရုပ်မျိုးနွယ်မှပညာရှင်ရောက်လာခဲ့ပြီး ကောင်းကင်ဘုံအဆင့်ပညာရှင်လည်းရောက်လာခဲ့ပေသည်။ လက်ရှိအချိန်တွင် နဂိုအခြေအနေအတိုင်းပြန်မဖြစ်နိုင်တော့ပေ။

အားလုံးမှာယနေ့တွင်သေချာပေါက်ရှုံးနိမ့်တော့မည်ဟု ခံစားနေကြရပေသည်။

သို့သော်ထိုအချိန်တွင် လှံအလင်းတန်းတစ်ခုထွက်ပေါ်လာခဲ့ပြီးနောက်ကောင်းကင်ယံတွင်လျှပ်စီးများဖြင့်ပြည့်ကာမိုးခြိမ်းသံများလည်းထွက်ပေါ်လာခဲ့ပေသည်။ ထို့နောက်ငွေရောင်အလင်းတန်းတစ်ခုမှာ အရှိန်ဖြင့်ရှေ့သို့တက်သွားခဲ့သည်။

ထိုအငွေ့အသက်မှာရှေ့သို့ရဲဝံ့စွာပင်တိုးသွားပြီး ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲနှစ်ကောင်အားဇီဝိန်ချုပ်လိုက်ကာ စက်ရုပ်မျိုးနွယ်ပညာရှင်ထံတိုးဝင်သွားခဲ့ပေသည်။

ယခုလိုလှုပ်ရှားလိုက်သူမှာ အခြားလူမဟုတ် ကျိုးဟောင်သာဖြစ်သည်။

ကျိုးဟောင်မှာထွက်ပြေးဖို့မဆိုထားနှင့် လက်ပင်မလျှော့ပေ။

ကမ္ဘာဂြိုဟ်၏လူသားတစ်ယောက်အနေနှင့် အလွယ်တကူအရှုံးမပေးနိုင်ပေ။ ထို့အပြင်ကျိုးဟောင်မှာ အခွင့်အရေးရှိနေသရွေ့ လက်လျှော့မည်မဟုတ်ပေ။

"ဟမ်?....ဒါက....ဥက္ကဌကျိုးပဲ..."

"ဥက္ကဌကျိုးက လက်မလျှော့သေးဘူးလား"

"ဟုတ်တယ် ဥက္ကဌကျိုးကလက်မလျှော့သေးဘူး"

ဥက္ကဌကျိုးသည်ယခုအချိန်အထိသတ္တိရှိကာ အရင်အနိုင်မခံအရှုံးမပေးကြောင်းကို အားလုံးမှာမယုံဝံ့ကြဘဲ ထိတ်လန့်နေကြသည်။ ဥက္ကဌကျိုး၏သဘောထားမှာ သူတို့အားထိတ်လန့်စေပေသည်။

စက်ရုပ်မျိုးနွယ်ပညာရှင်ပင်ထိတ်လန့်သွားခဲ့ပေသည်။ ကျိုးဟောင်၏လှုပ်ရှားမှုများမှာ အလွန်မြန်ဆန်လှပြီး မြေရိုင်းလွှမ်းမိုးနဂါးသည်လည်း ပိုင်ကျန်းဟိုင်ဖြင့်ရင်ဆိုင်နေရပေသည်။ ထို့အပြင် အခြားသန္ဓေပြောင်းသားရဲများမှာ ကျိုးဟောင်၏စွမ်းအားအားမြင်လိုက်ရချိန်တွင် သူတို့အားကျော်ဖြတ်ကာတိုက်ခိုက်သည်ကိုကြည့်ပြီး ထိတ်လန့်နေကြပေသည်။

သို့သော် သန္ဓေပြောင်းသားရဲများမှာ ကျိုးဟောင်အားအချိန်မီမတားဆီးနိုင်သော်လည်း စက်ရုပ်မျိုးနွယ်ပညာရှင်သည်လည်း သူတို့၏အကူအညီအားမလိုအပ်ပေ။

ကျယ်လောင်သောအသံတစ်ခုနှင့်အတူ ကောင်းကင်ဘုံအဆင့်တစ်ဝက်အငွေ့အသက်တစ်ခုထွက်ပေါ်လာခဲ့ပြီး မမြင်ရသောစွမ်းအင်လှိုင်းတို့သည်လည်း စက်ရုပ်မျိုးနွယ်ပညာရှင်၏ခန္ဓာကိုယ်မှထွက်ပေါ်လာခဲ့သည်။

စက်ရုပ်မျိုးနွယ်ပညာရှင်မှာလက်အားဆန့်ထုတ်လိုက်ရာ အက်ကွဲသံတစ်ခုနှင့်အတူချက်ချင်းပင်အကာ အကွယ်တစ်ခုပေါ်လာခဲ့သည်။ ၎င်းမှာပဟေဠိဆန်ကာ အဆုံးမရှိသောကာကွယ်နိုင်စွမ်းရှိပေသည်။

ကျိုးဟောင်၏စွမ်းအားကြီးသောလှံမှာ ထိုအကာအကွယ်ပေါ်သို့ကျရောက်သွားချိန်တွင် ချက်ချင်းဆိုသလိုပင်ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာခဲ့သည်။

အုန်းခနဲအသံတစ်ချက်နှင့်အတူ စက်ရုပ်မျိုးနွယ်ပညာရှင်၏ခြေထောက်အောက်ရိကျောက်ပြားမှာကျွံကျသွားခဲ့ပြီး ထိုအရှိန်ကြောင့်မြေပြင်သည်လည်း အနက် ၃ပေလောက်အထိတုန်ခါသွားခဲ့သည်။ သို့သော်ထိုပညာရှင်မှာလက်အားမြှောက်ကာ ကျိုးဟောင်၏ တိုက်ခိုက်မှုအား တားဆီးထားလေသည်။

"‌ဥက္ကဌကျိုး ခင်ဗျားကတကယ်လူသားမျိုးနွယ်ရဲ့ ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တွေကြားမှာ နံပါတ်တစ်လို့ခေါ်ထိုက်ပါပေတယ်"

စက်ရုပ်မျိုးနွယ်ပညာရှင်ထံမှထွက်ပေါ်လာသောအသံမှာ အသက်မပါဘဲ ခပ်တောင့်တောင့်ဖြစ်နေသော်လည်း ၎င်း၏အင်အားမှာအားလုံးကိုထိတ်လန့်စေပေသည်။

ဤပညာရှင်မှာသူ၏တိုက်ခိုက်မှုအား တားဆီးနိုင်လိမ့်မည်ဟု ကျိုးဟောင်ပင်မမျှော်လင့်ထားခဲ့ပေ။

"ဒါပေမဲ့ခင်ဗျားတို့တွေ ၇ ခုမြောက်အက်ကွဲကြောင်းကိုဒီထက်ပိုပြီးမထိန်းချုပ်နိုင်တော့ဘူး ခင်ဗျားတို့ရှေ့မှာစောင့်ကြိုနေတာကသေခြင်းတရားပဲ ဥက္ကဌကျိုး တကယ်လို့ခင်ဗျားသန္ဓေပြောင်းသားရဲစစ်တပ်မှာအမှုထမ်းမယ်ဆို ကျုပ်ခင်ဗျားအသက်ကိုချမ်းသာပေးလို့ရတယ်"

စက်ရုပ်မျိုးနွယ်ပညာရှင်မှာ တည့်ပင်ပြောလိုက်သည်။ သူ့စကားဆုံးသည်နှင့် ကျိုးဟောင်မှာကျယ်လောင်စွာရယ်မောလာခဲ့သည်။

"ဟဟဟ....ရယ်စရာပဲ စွမ်းအားကြီးတဲ့လူသားစစ်သည်တစ်ယောက်အနေနဲ့ ငါကဘယ်လိုလုပ်ပြီး မင်းတို့မျိုးနွယ်ခြားတွေနဲ့အလုပ်လုပ်ရမှာလဲ ငါတို့က ၇ခုမြောက်အက်ကွဲကြောင်းကိုထိန်းထားဖို့အထိစွမ်းအားမကြီးလောက်ဘူးဆိုပေမဲ့ ငါမင်းကိုပြောချင်တာက မင်းတို့သန္ဓေပြောင်းသားရဲတွေ ဒီ၇ခုမြောက်အက်ကွဲကြောင်းကို လွယ်လွယ်သိမ်းဖို့ကိစ္စကိုမေ့လိုက်တော့ဖို့ပဲ"

"ငါတို့သေရရင်တောင် လူသားစစ်သည်တွေအနေနဲ့ ဘယ်တော့မှပြန်မတိုက်ခိုက်ဘဲဒီတိုင်းအသေမခံဘူး စစ်သည်ဖြစ်နေပြီး သေမှာကိုကြောက်နေလို့ရမလား"

"ကမ္ဘာဂြိုဟ်ရဲ့နိုင်ငံသားတွေနဲ့လူသားမျိုးနွယ်တွေအတွက် ငါတို့သေရင်တောင်လုံးဝနောက်ဆုတ်မှာမဟုတ်ဘူး"

"ဘာလို့လဲဆို ငါတို့ကလူသားမျိုးနွယ်တွေမလို့ပဲ"

...................................................................................

အခန်း(၃၆၁) ပြီးပါပြီ။

အခန်း (၃၆၂) : လုပ်ရဲလား

"ဘာလို့လဲဆို ငါတို့ကလူသားတွေမလို့ပဲ"

ကျိုးဟောင်၏စကားများမှာ အရာအားလုံးအားအလင်းပေးသည့် မီးတောက်တစ်ခုပမာပင်။

လူသားမျိုးနွယ်များမှာထိုစကားအားကြားလိုက်ရချိန်တွင် ခန္ဓာကိုယ်မှအားများထွက်ပေါ်လာသကဲ့သို့ခံစားလိုက်ရပေသည်။

ထိုအရာသည် လူသားမျိုးနွယ်၏ဂုဏ်သိက္ခာပင်ဖြစ်သည်။

ထိုအရာသည်လူသားမျိုးနွယ်၏ ထိန်းချုပ်မရသောသဘာဝပင်ဖြစ်သည်။

လူသားစစ်သည်တစ်ယောက်သည် ဘာကြောင့်သေခြင်းတရားအားကြောက်ရွံ့ရမည်နည်း။

သူတို့နောက်တွင်လူသားမျိုးနွယ်၏ နိုင်ငံသားပေါင်းသန်းချီရှိနေပေသည်။ ထို့ကြောင့် သူတို့သေဆုံးသွားရလျှင်ပင် အခြားသူများအားကာကွယ်ပေးနိုင်ပေရာ ကိစ္စမရှိပေ။

သူတို့မသေချင်လျှင်ပင် ယခုလိုအခြေအနေတွင်အသက်ရှင်လမ်းမရှိတော့ပေ။

မည်သို့ပင်ဖြစ်စေ သေရမည်သာဖြစ်သည်။

သေခြင်းအားရှောင်လွှဲမရမှတော့ ဘာကြောင့်ဤမျှလောက်သရဲဘောကြောင်ကာ ကြောက်ရွံ့နေရမည်နည်း။

ထို့အပြင်လက်ရှိအချိန်တွင်ဥက္ကဌကျိုးမှာ ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲများစွာအား တစ်ယောက်တည်းတိုက်ခိုက်နေပေသည်။ ထိုမျှစွမ်းအားကြီးသောလူတစ်ယောက်အနေဖြင့် ဘာကြောင့်များအလွယ်တကူနောက်ဆုတ်ရမည်နည်း။

ကျိုးဟောင်မှာစကားများများမပြောသော်လည်း ပြောလိုက်သောစကားအနည်းငယ်တွင် အဆုံးမရှိသောခွန်အားများပါဝင်နေပေသည်။

ပိုင်ကျန်းဟိုင်မှာကျိုးဟောင်၏စကားကြောင့်ကျယ်လောင်စွာရယ်မောလိုက်ပြီး သူ့ကိုယ်ပေါ်ရှိအငွေ့အသက်သည်လည်းပိုမိုနက်ရှိုင်းကာအားကောင်းလာခဲ့ပေသည်။ ထို့နောက်အသံကျယ်ကျယ်ဖြင့်စကားပြောလာခဲ့သည်။

"ဟဟဟ ဟုတ်တယ်ဘာလိုငါတို့လူသားမျိုးနွယ်စစ်သည်တွေကသေမှာကိုကြောက်နေရမှာလဲ လာစမ်း မျိုးနွယ်ခြားကောင်စုတ်တွေ မင်းတို့ရဲ့ပိုးဘယ်လောက်စွမ်းအားကြီးလဲဆိုတာ ငါကြည့်ချင်သေးတယ်"

ပိုင်ကျန်ဟိုင်မှာလက်အားဝေ့ကာပြောလိုက်ပြီးနောက် လူသားကျင့်ကြံသူများ၏အငွေ့အသက်များမှာ အလွန်စွမ်းအားကြီးလာခဲ့ပေသည်။

"ဘာကြောက်စရာရှိလို့လဲ"

"အများဆုံးမှနည်းနည်းခံစားရရုံပေါ့ နှစ် ၂၀လောက်ကြာပြီးရင် အဆင်ပြေသွားမှာပဲ"

"ဟုတ်တယ်ငါတို့သေရရင်တောင် သူတို့ကိုလည်းရသလောက်အပါခေါ်သွားရမယ် တက်ကြ"

လူသားကျင့်ကြံသူများ၏ အစောပိုင်းကစိတ်ပျက်အားငယ်မှုများမှာလွင့်ပျောက်သွားကာ ချက်ချင်းပင်အားတက်လာခဲ့ကြသည်။ ထိုအငွေ့အသက်များမှာ မြေရိုင်းလွှမ်းမိုးနဂါး၏အမူအရာကိုပင်ပြောင်းလဲသွားစေပေသည်။

လူသားမျိုးနွယ်များနှင့်နှစ်ပေါင်းများစွာတိုက်ခိုက်လာသည့်တစ်လျှောက်တွင် လူသားမျိုးနွယ်များ ထိုကဲ့သို့စိတ်ဓာတ်တက်ကြွနေသည်ကိုမြင်ရသည်မှာ ယခုအကြိမ်သည်ပထမဆုံးအကြိမ်ဖြစ်သည်။

လူသားမျိုးနွယ်များတစ်ကြိမ်မှ ဤကဲ့သို့မဖြစ်ဖူးကြပေ။ လူသားများမှာပြင်းပြင်းထန်ထန်ခုခံသည်ဆိုသော်ငြား ကွာခြားချက်မှာကြီးမားလှပေသည်။

ယခုတစ်ကြိမ်တွင်မူ လူသားမျိုးနွယ်များ၏ အငွေ့အသက်များမှာ အတော်လေးစွမ်းအားကြီးနေပြီး သေမှာကိုပင်မကြောက်ကြပေ။ ပုံစံကြည့်ရသည်မှာ သေမှာသိရက်နှင့်ပင် လိုလိုလားလားတိုက်ခိုက်ချင်နေကြပုံပေါ်ပေသည်။

အကယ်၍သူတို့သာသေခြင်းတရားအားမကြောက်ပါက သူတို့၏စွမ်းအားမှာမည်မျှကြောက်စရာကောင်းကြောင်းပြောနေစရာပင်မလိုတော့ပေ။ ၎င်းသည်သာမန်သက်ရှိများခုခံနိုင်သည့်အရာမျိုး သေချာပေါက်မဟုတ်ပေ။

စစ်မြေပြင်မှာ ချက်ချင်းဆိုသလိုပင်ပြန်လည်တက်ကြွလာကာ အစောပိုင်းကမျိုးနွယ်ခြားများ၏အရှိန် အဟုန်အားဖိနှိပ်လိုက်လေသည်။

သို့သော် ထိုမျိုးနွယ်ခြားပညာရှင်မှာမူအေးစက်နေဆဲပင်။ သူသည်အသိဉာဏ်နှင့်မွေးဖွားလာခဲ့ခြင်းမဟုတ်ဘဲ ပြုစုပျိုးထောင်ကာဖန်တီးထားခြင်းဖြစ်ပေသည်။ သူ၏အဘိဓာန်တွင် ကြောက်ခြင်း မကြောက်ခြင်းဟူသောဝေါဟာရမရှိပေ။ သူသည်ဒီတိုင်းလူသတ်စက်တစ်ခုသာဖြစ်သည်။

ထို့ကြောင့်သူသည် လူသားမျိုးနွယ်၏လက်ရှိအငွေ့အသက်နှင့်ရင်ဆိုင်နေရချိန်တွင်ပင် ကြောက်လန့်နေခြင်းမရှိပေ။

လူသားမျိုးနွယ်ဘက်ရှိပြောင်းလဲမှုအားမျက်မြင်ကြုံလိုက်ရပြီးနောက်ပိုင်းတွင်ပင် သူသည်‌တွေဝေခြင်းမရှိဘဲ အမဲရောင်သတ္တုလုံးအားတာဝါတိုင်ထဲသို့ထည့်လိုက်လေသည်။

ထိုမြင်ကွင်းအားမြင်လိုက်ရသော ကျိုးဟောင်၏ အမူအရာမှာပြောင်းလဲသွားပြီး တစ်ဖက်လူအားတားရန်ပြင်လိုက်သည်။

သို့သော် မြေရိုင်းလွှမ်းမိုးနဂါးသည်လည်း သတိဝင်လာလေသည်။

"မကောင်းတဲ့ကောင်တွေ မင်းတို့တွေဘာကြည့်နေတာလဲ မြန်မြန်သူ့ကိုတားကြစမ်း တကယ်လို့သူသာဒီစစ်ဆင် ရေးကိုနှောင့်ယှက်နိုင်ခဲ့ရင် ငါမင်းတို့ကိုသတ်ပစ်မယ်"

မြေရိုင်းလွှမ်းမိုးနဂါးသည်ချက်ချင်းပင်ဒေါသတကြီးအော်ဟစ်လာပြီး ၎င်း၏အသံမှာကောင်းကင်ဘုံအ‌ဆင့်တစ်ဝက်သားရဲအချို့အား သတိဝင်လာစေခဲ့သည်။ သားရဲများသည် ကျိုးဟောင်ပြေးဝင်လာသည်ကိုမြင်သောအခါ ရှေ့မှပိတ်ကာတားဆီးလိုက်သည်။

မည်သို့ပင်ဖြစ်စေ ဤသတ္တဝါများသည်ကောင်းကင်ဘုံအ‌ဆင့်တစ်ဝက်သားရဲများဖြစ်ကြပေရာ ကျိုးဟောင်မှာသူတို့အားလျစ်လျူရှုထားလို့မရပေ။

ထိုအချိန်တွင် စက်ရုပ်မျိုးနွယ်ပညာရှင်မှာ အမဲရောင်သတ္တုလုံးအား တာဝါတိုင်ထဲရှိနေရာသို့ထည့်ကာဖိလိုက်လေသည်။

ထို့နောက်ချက်ချင်းပင် မမြင်ရသည့်အလင်းလှိုင်းတစ်ခုမှာပျံ့နှံ့သွားခဲ့ပြီး ထိုနေရာတစ်ဝိုက်တွင်အလင်းအကာ အကွယ်တစ်ခုဖြစ်ပေါ်လာခဲ့သည်။

အလင်းအကာအကွယ်အတွင်းတွင် မှင်ကဲ့သို့မဲနက်နေပြီး စွမ်းအားကြီးအငွေ့အသက်တစ်ခုပျံ့နှံ့လာသည်။

ဆိုးရွားသောအငွေ့အသက်တစ်ခုနှင့်အတူ ထိုအရာမှာပေါက်ကွဲသွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း ထိုအရာမှာအက်ကွဲကြောင်းတစ်ခုလုံးဆီ ပျံ့နှံ့သွားခဲ့သည်။

အမဲရောင်အငွေ့အသက်အားမြင်လိုက်ရချိန်တွင် အားလုံး၏အမူအရာမှာပြောင်းလဲသွားခဲ့ပြီး ကိုယ်တွင်းရှိသွေးအနှစ်သာရစွမ်းအင်မှာဖိနှိပ်ခံလိုက်ရကြောင်းကို ခံစားမိလိုက်ကြလေသည်။ ထိုမျှသာမက မျက်နှာများလည်းဖြူဖက်ဖြူရော်ဖြစ်လာခဲ့ကြပေသည်။ ဤပုံစံအရဆိုပါက အားလုံးမှာကူးစက်ခံလိုက်ရပြီဖြစ်သည်။

"မကောင်းတော့ဘူး"

ပိုင်ကျန်းဟိုင်၏အမူအရာမှာသိသိသာသာပြောင်းလဲသွားခဲ့ကာ ထိုအငွေ့အသက်အားတားဆီးရန် သူ၏ကိုယ်တွင်းသို့စွမ်းအင်အနှစ်သာရအား ပို့လွှတ်လိုက်သည်။

ဤအငွေ့အသက်မှာအလွန်စွမ်းအားကြီးသော်ငြား ထိုအရာအားတကယ်ပင်စွမ်းအင်အနှစ်သာရမှာခုခံနိုင်ကြောင်းသိလိုက်ရချိန်တွင် ပိုင်ကျန်းဟိုင်မှာအလွန်အံ့သြသွားခဲ့သည်။

ကျင့်ကြံသူအားလုံးအားစွမ်းအင်အနှစ်သာရသုံးကာ ကာကွယ်ခိုင်းရန်ပြင်လိုက်ချိန်တွင် ကိစ္စတစ်ခုအားသတိရလိုက်ပေသည်။

စွမ်းအင်အနှစ်သာရအား ကောင်းကင်ဘုံအ‌ဆင့်တစ်ဝက်နှင့် ကောင်းကင်ဘုံအဆင့်ပညာရှင်များသာ အသုံးပြုနိုင်ပေသည်။

အနည်းငယ်ပို၍အားနည်းသောကောင်းကင်ဘုံအ‌ဆင့်တစ်ဝက်ပညာရှင်များပင် စွမ်းအင်အနှစ်သာရအားမသုံးနိုင်ကြပေ။

ဤပစ္စည်းသည် ကောင်းကင်ဘုံအ‌ဆင့်တစ်ဝက်နှင့်အထက်ရှိသူများအားပစ်မှတ်ထားခြင်းမဟုတ်ဘဲ သာမန်သိုင်းပညာရှင်များကိုသာအထူးပစ်မှတ်ထားခြင်းဖြစ်သည်။

ထိုအငွေ့မှာသူ့ကိုယ်ထဲဝင်ဝင်လာချင်းပင် စွမ်းအင်အနှစ်သာရ၏စုပ်ယူခြင်းခံလိုက်ရကြောင်းကိုကျိုးဟောင်လည်းခံစားမိလိုက်ပေသည်။ ထိုအရာသည် သူ့အားထိခိုက်အောင်မလုပ်နိုင်ပေ။

သို့သော်အခြားသိုင်းပညာရှင်များမှာမူ မရှောင်နိုင်ကြပေ။

"သူတို့ကသာမန်သိုင်းပညာရှင်တွေကိုသတ်ပစ်ချင်နေတာ အဆင့်မြင့်ပညာရှင်တွေရှိနေရင်တောင် သာမန်သိုင်းပညာရှင်တွေအသတ်ခံလိုက်ရရင် ဘာမှမထူးဘူး ၇ ခုမြောက်အက်ကွဲကြောင်းကအသိမ်းခံရမှာပဲ"

ကျိုးဟောင်မှာအားလုံးကိုနားလည်သွားပြီးနောက်မျက်နှာပျက်သွားခဲ့ကာ စိတ်ထဲတွင်လည်းပူပန်လာသည်။

ထိုအချိန်တွင်မြေရိုင်းလွှမ်းမိုးနဂါးမှာကျယ်လောင်စွာရယ်မောလာလေသည်။

"ပိုင်ကျန်းဟိုင် မင်းထပ်ပြီးကြိုးစားစရာမလိုတော့ဘူး ဒီပစ္စည်းကမင်းအပေါ်အသုံးမဝင်ဘူးဆိုပေမဲ့ သာမန်သိုင်းပညာရှင်တွေကိုတော့သေစေနိုင်တယ် ‌ငါတို့သေချာ ပေါက်မင်းကိုဖြေရှင်းချင်တာပေါ့ ဒါပေမဲ့မင်းတို့လိုအဆင့်ရှိတဲ့လူတွေကို စွမ်းအင်အနှစ်သာရကကာကွယ်ပေးထားတော့ အဲဒီလိုလုပ်ဖို့ကတကယ်ခက်တယ်"

"ဒါပေမဲ့သူတို့ကိုဖြေရှင်းဖို့ကတော့လွယ်တယ်လေ"

"ဒီတစ်ခေါက်မင်းတို့ရဲ့ ၇ ခုမြောက်အက်ကွဲကြောင်းတော့ လုံးဝချေမှုန်းခံရတော့မှာ"

စကားဆုံးသည်နှင့်မြေရိုင်းလွှမ်းမိုးနဂါးမှာ ကျယ်လောင်စွာအော်ဟစ်အမိန့်ပေးလိုက်သည်။

"သတ်ကြ"

လူသားများကူးစက်ခံလိုက်ရကြောင်းမြင်လိုက်ရသောအခါ သန္ဓေပြောင်းသားရဲများမှာပြေးဝင်လာကြသည်။

လူသားများ၏အခြေအနေမှာ အစောကတည်းကဆုတ်ယုတ်နေပြီး ယခုအချိန်တွင်ပိုးလည်းကူးစက်ခံထားရပေရာ သားရဲများ၏တိုက်ခိုက်မှုကိုပြန်လည်ခုခံရုံသာတတ်နိုင်ပေသည်။

မျက်စိတစ်မှိတ်အတွင်း သန္ဓေပြောင်းသားရဲများမှာ တိုက်ပွဲအတွင်းလက်ဦးမှုယူကာတိုက်ခိုက်လာကြပြီး အလွန်စွမ်းအားကြီးကြပေသည်။

ထိုမျှသာမက မြေပြင်ပေါ်ရှိအက်ကွဲကြောင်းမှာပွင့်ထွက်သွားပြီး များစွာသောသန္ဓေပြောင်းသားရဲများသည်လည်း မြေကြီးထဲမှတိုးထွက်လာခဲ့ကြသည်။

တစ်ဖက်မှာလက်ရှိအခြေအနေအားအသုံးချရန်ကြိုးစားနေမှန်း သိသာလှပေသည်။သူတို့သည် လူသားမျိုးနွယ်များအားပြန်လည်ခုခံနိုင်မည့်အခွင့်အရေးမပေးလိုပေ။

ထိုအရာအားကြည့်ကာအားလုံး၏အမူအရာမှာပျက်ယွင်းသွားခဲ့သည်။

သူတို့သည်ကူးစက်ခံထားရပြီဖြစ်ပေရာ ကိုယ်တွင်းရှိအငွေ့အသက်များမှာ ချက်ချင်းပင်ဖိနှိပ်ခံလိုက်ရပြီး တိုက်ခိုက်ရေးစွမ်းအားသည်လည်း ထက်ဝက်မျှတန်းကာလျော့ကျသွားခဲ့သည်။

ထို့အပြင်သန္ဓေပြောင်းသားရဲများသည် စစ်တပ်တစ်ခုစေလွှတ်လိုက်ပေရာ လူသားများအပေါ်ဖိအားမှာ ချက်ချင်းပင်၂ဆတိုးလာခဲ့လေသည်။

ထိုမြင်ကွင်းအားကြည့်ပြီး ကျိုးဟောင်မှာစိုးရိမ်လာခဲ့သည်။ လူသားစစ်သည်များချေမှုန်းခံလိုက်သည်နှင့် ၇ ခုမြောက်အက်ကွဲကြောင်းမှာလုံးဝကျရှုံးသွားမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူသည်ပိုင်ကျန်းဟိုင်အားကြည့်ကာ နတ်ဘုရားအာရုံဖြင့်လှမ်းမေးလိုက်သည်။

"ကောင်းကင်ဘုံဘုရင်ပိုင် ဖြေရှင်းလို့ရမဲ့နည်းလမ်းရှိလား"

ပိုင်ကျန်းဟိုင်သည်လည်းအတော်လေးစိုးရိမ်နေပြီး စိတ်ဓာတ်ကျနေပေသည်။ စူပါမော်လီကျူလာပိုးပေါ်လာသည့်အချိန်မှစ လူသားစစ်သည်များ၏တိုက်ခိုက်ရေးစွမ်းအားမှာ ထက်ဝက်မျှလျော့သွားခဲ့ပြီး သူပင်ဘာမှမတတ်နိုင်ပေ။

ယခုလိုအခြေအနေတွင် တပ်ကူများမရောက်လာပါက ၇ ခုမြောက်အက်ကွဲကြောင်းမှာ အဆုံးသတ်သွားတော့မည်ဖြစ်သည်။

သို့သော် လက်ရှိအချိန်တွင်မည်သူမှလာရောက်မကူညီပေးနိုင်ပေ။

မျိုးနွယ်ခြားများအလွန်အားစိုက်ထုတ်ထားသည်ဆိုကတည်းက အခြားအက်ကွဲကြောင်းများသည်လည်း သေချာပေါက်ရှုပ်ထွေးနေမည်ဖြစ်သည်။ ၇ခုမြောက်အက်ကွဲကြောင်းအားသိမ်းပိုက်နိုင်ရေးအတွက် အချိန်ဆွဲရန် မျိုးနွယ်ခြားများမှာအခွင့်အရေးရှာကာ လူသားစစ်သည်အားလုံးမအားလပ်အောင်ပြုလုပ်မည်သာဖြစ်သည်။

ဤပုံအတိုင်းဆိုပါက တကယ်ပြီးဆုံးသွားမည်ဖြစ်သည်။

ပိုင်ကျန်းဟိုင်ထံမှစကားပြန်မလာသည်ကိုကြည့်ပြီး ကျိုးဟောင်၏စိတ်သည်လည်း လေးလံသွားခဲ့သည်။

သို့သော် ထိုအချိန်တွင်မုရုံရွှင်းမှာ မထူးဆန်းသည့်ပုံနှင့် စကားတစ်ခွန်းအားပြောလာခဲ့သည်။

"ကျိုးဟောင်မင်းတကယ်လို့လူသားမျိုးနွယ်ကိုကယ်တင်ချင်ရင်ငါ့မှာအကြံရှိတယ် မင်းဒါကိုစမ်းကြည့်ရဲပါ့မလားတော့ငါမသိဘူး"

...................................................................................

အခန်း(၃၆၂) ပြီးပါပြီ

အခန်း (၃၆၃) : မူလကျောက်စာမန္တန်

ကျိုးဟောင်မှာထိုစကားအားကြားလိုက်ရချိန်တွင် အမူအရာမှာချက်ချင်းပြောင်းလဲသွားပြီး အလောတကြီးမေးလိုက်သည်။

"ဖြေရှင်းနည်းကဘာလဲ"

မုရုံရွှင်းမှာသရော်ပြုံးပြုံးလိုက်သည်။

"ဘာပဲဖြစ်ဖြစ်ငါကကောင်းကင်ဘုံ‌အဆင့်မှာပါရမီရှင်တစ်ယောက်ပဲ ငါ့မှာသေချာပေါက်နည်းလမ်းရှိတာပေါ့ ငါ့နည်းလမ်းကိုမင်းမသုံးရဲမှာပဲစိုးတာ"

ကျိုးဟောင်မှာမုရုံရွှင်း၏စကားကြောင့်မျက်မှောင် ကြုတ်သွားသည်။ လက်ရှိအချိန်တွင်သူလုပ်နိုင်သည့်အရာဘာမှမရှိပေ။ အဆိုးဆုံးဆိုပါက ဘာမှပင်မစဉ်းစားနိုင်ပေ။

ပိုင်ကျန်းဟိုင်မှာ ကောင်းကင်ဘုံ‌အဆင့်ပညာရှင်တစ်ယောက်ဖြစ်သော်ငြား မြေရိုင်းလွှမ်းမိုးနဂါးရှိနေပါက လူသားသိုင်းပညာရှင်များအား ကူညီရန်မှာမဖြစ်နိုင်ပေ။

မြေရိုင်းလွှမ်းမိုးနဂါးသည်ပင်အလွန်စွမ်းအားကြီးလှပြီဖြစ်ပေရာ အခြားသူများကိုကူဖို့မဆိုထားနှင့် ထိုသတ္တဝါနှင့်ရင်ဆိုင်ရန်ပင် ခက်ခဲနေပြီဖြစ်သည်။

သူအပါအဝင် ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင် ၁၀ယောက်ကျော်မှာလည်း အကူအညီမပေးနိုင်ကြပေ။ ရွှေချပ်ဝတ်ခေါင်းတိုလိပ်၏ဦးဆောင်မှုအောက်တွင်ရှိနေသောသားရဲအချို့အား ရှေ့တက်ကာသတ်လိုက်ပါက လူသားမျိုးနွယ်အတွက်အဆုံးသတ်သွားမည်ဖြစ်သည်။

မျိုးနွယ်ခြားများသည်ယခုတစ်ကြိမ်တွင်လုံလုံလောက်လောက်ပြင်ဆင်လာခဲ့ပြီး မျိုးနွယ်ခြားစစ်တပ်ကိုလည်းစုစည်းခေါ်ဆောင်လာခဲ့ပေသည်။ ထို့အပြင်မော်လီကျူလာပိုးပါပျံ့နှံနေပေရာ လူသားသိုင်းပညာရှင်များအသတ်ခံရရန်မှာ အချိန်တစ်ခုသာလိုပေသည်။

ယခု သူတို့ထံတွင်လိုအပ်နေသည့်အရာမှာ အချိန်သာဖြစ်သည်။

ထိုအကြောင်းအားစဉ်းစားလိုက်ပြီး ကျိုးဟောင်ချက်ချင်းပင်မေးလိုက်သည်။

"ကျွန်တော့်ကိုပြော ဖြေရှင်းနည်းကဘာလဲ"

မုရုံရွှင်းမှာခပ်ဖွဖွပြုံးလိုက်ပြီး စကားသုံးလုံးအားထုတ်ပြောလိုက်ရင်း မျက်လုံးထဲတွင်လည်းထူးဆန်းသောအရိပ်အယောင်ပေါ်လာခဲ့သည်။

"မူလကျောက်စာမန္တန်"

"မူလကျောက်စာ....မန္တန်"

ထိုစကားအားကြားသောအခါ ကျိုးဟောင်မှာအံ့ဩသွားခဲ့သည်။ မူလကျောက်စာအပေါ်သူ၏နားလည်မှုမှာ မူလကျောက်စာမိတ်ဆက်စာအုပ်အဆင့်တွင်သာရှိသေးသည်။

ဤပစ္စည်းမှာသာမန်ထက်အလွန်ထူးခြားသော်လည်း မုရုံရွှင်းအား အစိမ်းရောင်တိမ်တိုက်ဌာနမှလိုက်လံဖမ်းဆီးခြင်းသည်လည်း မူလကျောက်စာကြောင့်ဖြစ်ကြောင်းကို ပြောပြဖူးလေသည်။

ထိုအချိန်တုန်းက ကျိုးဟောင်မှာထိုကိစ္စအားအလွန်မစဉ်းစားသလို ဂရုလည်းမစိုက်ခဲ့ပေ။ သို့သော်ယခုမုရုံရွှင်း၏ပြောစကားနှင့် ယခင်ကပြောခဲ့ဖူးသည့်စကားကိုကြားလိုက်ရသောအခါ ကျိုးဟောင်မှာချက်ချင်းပင် သိချင်စိတ်ဖြစ်လာခဲ့သည်။

ထို့ကြောင့်မနေနိုင်ဘဲထုတ်မေးလိုက်တော့သည်။

"စီနီယာတစ်ခါကပြောဖူးတယ် စီနီယာလိုက်ဖမ်းခံရတာမူလကျောက်စာကြောင့်လို့ ဘာကြောင့်လဲဆိုတာကျွန်တော်မမေးခဲ့ဘူး အခုဘာကြောင့်လဲဆိုတာကိုပြောပြလို့ရမလား"

"ငါ့မှာပြောစရာတွေကအများကြီးရှိတယ် မင်းကိုပြောပြဖို့ကကိစ္စမရှိဘူး ဒါပေမဲ့ ဒီလူတွေကအဲဒီအချိန်ထိအသက်ရှင်မယ်ထင်လား"

မုရုံရွှင်း၏စကားဆုံးသည်နှင့် ကျိုးဟောင်၏မျက်နှာမှာပျက်ယွင်းသွားခဲ့သည်။ ယခုအချိန်တွင်စစ်ပွဲမှာစတင်နေပြီဖြစ်ပေရာ သူ့အတွက်တကယ်ပင်အချိန်သိပ်မကျန်တော့ပေ။

သို့သော် မုရုံရွှင်းသည်သူ့ထိန်းချုပ်မှုအောက်တွင်ရှိနေသော်ငြား ထိုလူသည်ကျိုးဟောင်အတွက် ရန်သူလားမိတ်ဆွေလားဆိုသည်အား မသဲကွဲသေးပေ။

သို့သော်သူ့တွင်အခြားရွေးချယ်စရာမရှိပေ။

"ကောင်းပြီလေ ကျွန်တော်ဘာလုပ်ရမလဲ"

ကျိုးဟောင်မှာ တည့်ပင်မေးလိုက်သည်။

"ရိုးရှင်းပါတယ် မင်းလူသားမျိုးနွယ်ကိုကာကွယ်ဖို့အတွက် မူလကျောက်စာမန္တန်ကိုသုံးပြီး ပိုးတွေကိုချုပ်နှောင်ပြီးဖျက်ဆီးလို့ရတယ် မူလကျောက်စာဆရာသခင်တစ်ယောက်အနေနဲ့ ဒါကမျက်စိတစ်မှိတ်စာပဲကြာမှာ"

"ဒီကျင့်ကြံရေးသိုင်းမှာ မူလကျောက်စာအရင်းအမြစ်ပါတယ် မင်းရဲ့ပါရမီနဲ့ဆို ဒီအရင်းအမြစ်ကိုစုပ်ယူပြီးတာနဲ့ သေချာပေါက်ဒါကိုသုံးနိုင်မှာပဲ"

မုရုံရွှင်းမှာပြုံးကာပြောရင်း သူ၏ဝိဉာဉ်ထဲမှအဖြူရောင်သလင်းကျောက်တစ်တုံးအားထုတ်ကာ ကျိုးဟောင်အားပေးလိုက်သည်။

မုရုံရွှင်းမှာအလွန်ပေါ့ပေါ့ပါးပါးပြောနေသော်လည်း ကျိုးဟောင်မှာမုရုံရွှင်းမကောင်းတာကြံစည်နေသလို ခံစားနေရလေသည်။

ကျိုးဟောင်မှာ မူလကျောက်စာအရင်းအမြစ်အားကြည့်ကာတွေဝေနေသည်။

"မင်းတွေဝေနေတာငါသိတယ် ဒါပေမဲ့စိတ်ချပါ ငါမင်းကိုအန္တရာယ်ပေးဖို့ရည်ရွယ်ချက်မရှိဘူး ဘာပဲဖြစ်ဖြစ် အခုလောလောဆယ်ငါလည်းမင်းခန္ဓာကိုယ်ကိုသိမ်းပိုက်လို့မှမရသေးတာ ဒုတိယတစ်ချက်အနေနဲ့ ငါလည်းမသေချင်သေးဘူး ၇ ခုမြောက်အက်ကွဲကြောင်းကအခြေအနေက ပိုပိုပြီးပြင်းထန်လာပြီ ငါ့အထင်မင်းမပြောနဲ့ ပိုင်ကျန်းဟိုင် တောင်သေသွားနိုင်တယ်"

မုရုံရွှင်းပြောတာမှန်ပေသည်။ ၇ ခုမြောက်အက်ကွဲကြောင်းအားသိမ်းပိုက်ရန် သန္ဓေပြောင်းသားရဲများမှာအလွန်အားစိုက်ထုတ်ခဲ့သည်ဟုပြောလို့ရပေသည်။ ဝှက်ဖဲတစ်ချို့ကိုပင်ထုတ်သုံးခဲ့ပေသည်။

မြေပြင်မှာတုန်ခါနေပြီး သန္ဓေပြောင်းသားရဲများမှာအက်ကွဲကြောင်းထဲမှ ဆက်လက်တိုးထွက်လာနေကြသည်။

ဤရုတ်ရုတ်သဲသဲမြင်ကွင်းမှာ ထိတ်လန့်စရာကောင်းလှပေသည်။

"တတ်နိုင်သမျှအကောင်းဆုံးကြိုးစားကြတာပေါ့"

ကျိုးဟောင်မှာအံကြိတ်ကာအဖြူရောင်သလင်းကျောက်အားစုပ်ယူလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း မူလကျောက်စာကျင့်ကြံရေးသိုင်းမှာကျိုးဟောင်၏ခေါင်းထဲတွင်ပေါ်လာခဲ့သည်။

ကျိုးဟောင်မှာတွေဝေမနေဘဲ ချက်ချင်းပင်လိုက်ဖက်မှုအမှတ်အားစစ်ဆေးလိုက်သည်။ တစ်ခဏအတွင်းမှာပင်သူ၏လိုက်ဖက်မှုအမှတ်မှာ ၈၀ရာခိုင်နှုန်းအထိရောက်လာခဲ့သည်။

ဤမြင်ကွင်းသည်မုရုံရွှင်းအားထိတ်လန့်သွားစေခဲ့သည်။ သူပေးလိုက်သောမူလကျောက်စာအရင်းအမြစ်ကိုစုပ်ယူပြီးနောက်ပိုင်း ကျိုးဟောင်မှာချက်ချင်းပင်ယခုလိုလိုက်ဖက်မှုအဆင့်ထိရောက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကျိုးဟောင်သည်လည်း မူလကျောက်စာမှတစ်ဆင့်ရှေးဟောင်းစွမ်းအားတစ်ခုအားခံစားမိလိုက်ပေသည်။ ဤစွမ်းအားမှာအလွန်အမင်းလျှို့ဝှက်ဆန်းကြယ်ပြီး နက်ရှိုင်းလှသည်။

တစ်ချိန်တည်းမှာပင် ကျိုးဟောင်မှာသူ့အားကြည့်နေသည့်မျက်လုံးတစ်စုံအားခံစားမိလိုက်လေသည်။

ထိုခံစားချက်မှာ သူ့အားတစ်ယောက်ယောက်မှပစ်မှတ်ထားနေသလိုပင်။ ၎င်းမှာအေးစက်ကာ သူနားမလည်နိုင်သောအတွေးများအားသယ်ဆောင်ထားပေသည်။ ထိုခံစားချက်မှာသူ့အားထုံထိုင်းစေကာကျောမလုံဖြစ်စေလေသည်။

"မြန်မြန် ကျောက်စာတွေကိုသုံးပြီးပိုးတွေကိုချုပ်နှောင်လိုက်တော့"

မုရုံရွှင်းမှာချက်ချင်းပင်ပြောလိုက်သည်။ သို့သော်မူလကျောက်စာ၏အရင်းအမြစ် သူ့ခန္ဓာကိုယ်ထဲဝင်လာပြီးနောက်ပိုင်း ဘာကြောင့်ယခုလိုတုံ့ပြန်မှုအားခံစားရသလဲဆိုသည်ကိုစဉ်းစားရန် ကျိုးဟောင်၌အချိန်မရှိပေ။ လက်ရှိတွင်စစ်ပွဲမှာပြင်းထန်နေပေရာ ကျိုးဟောင်မှာတန်းကာတိုက်ခိုက်လိုက်တော့သည်။

ကျိုးဟောင်၏စိတ်ထဲမှ မူလကျောက်စာသိုင်းအားသုံးရသည်မှာ လက်တစ်ချောင်းအားလှုပ်ရသကဲ့သို့ပင်လွယ်ကူလှပေသည်။ ကျင့်ကြံရေးသိုင်းမှာ ၈၀ ရာခိုင်နှုန်းအထိလိုက်ဖက်ပေရာ သုံးရအလွန်လွယ်ကူလှပေသည်။

ကျိုးဟောင်မှာလက်အားဆန့်ထုတ်လိုက်လေရာ ချက်ချင်းပင်လေဟာနယ်မှာတုန်ခါသွားပြီး ရှေးဟောင်းစကားလုံးများပေါ်လာခဲ့ပေသည်။

ဤစာလုံးများအားမည်သူမျှမသိကြပေ။ ထိုစာလုံးများမှာ‌ ဤလောကကြီးနှင့်လေဟာနယ်အားအစိုးရသည့်ပုံနှင့် ရှေးဟောင်းစွမ်းအားတစ်ခုဖြင့်လေဟာနယ်ထဲတွင်ပေါ်လာခဲ့ပေသည်။

ကျောက်စာများပေါ်လာသည်နှင့် ကျိုးဟောင်၏ လောကကြီးအားထိန်းချုပ်မှုမှာ ပို၍ပင်ရှင်းလင်းလာခဲ့သည်။

လေဟာနယ်ထဲရှိနေသော လူသားအားလုံး၏ အငွေ့အသက်များကိုသာမက ပိုးများကိုပင်အာရုံခံနိုင်လေသည်။

"မူလကျောက်စာသင်္ကေတပေါ်လာပြီ လေဟာနယ်ကိုခဲပြီးပိုးတွေကိုချုပ်နှောင်လိုက်တော့ မင်းမှာမိနစ်နည်းနည်းပဲအချိန်ရမယ် ဒီလိုလုပ်ပြီးတာနဲ့ပြေးတော့ တကယ်လို့နောက်ကျရင်....မင်းသေချာပေါက်သေလိမ့်မယ်"

မုရုံရွှင်း၏အသံမှာအော်ပြောတော့မတတ်ကျယ်လောင်နေပြီး အလွန်စိတ်ပူနေပုံရလေသည်။

အန္တရာယ်တစ်ခုမှာဖြည်းဖြည်းချင်းချဥ်းကပ်လာမှန်း ကျိုးဟောင်ခံစားမိပေသည်။ လက်ရှိတွင်ဘာဖြစ်နေသလဲသူမသိသော်လည်း လက်ရှိတာဝန်အားအာရုံစိုက်ရန်မှာ သူ့အတွက်ပိုအရေးကြီးပေသည်။

ကျိုးဟောင်မှာတန်းကာတိုက်ခိုက်လိုက်သည်။ ထို့နောက် များစွာသောကျောက်စာများမှာ လေထုထဲတွင်ပေါ်လာကာ ထူးဆန်းသောအားတစ်ခုထွက်ပေါ်လာခဲ့ပြီး ၇ခုမြောက်အက်ကွဲကြောင်းပတ်လည်အား ခဲသွားစေခဲ့ပေသည်။

အားလုံးမှာထိတ်လန့်သွားခဲ့သည်။ လေထုထဲရှိများစွာသောကျောက်စာများအားကြည့်ကာ အားလုံးမှာကြက်သေသေနေကြသည်။ အားနည်းသောသိုင်းပညာရှင်များမှာ ဤအရာအားလုံးဝမသိကြပေ။ သို့သော်ပိုင်ကျန်းဟိုင်နှင့် ကောင်းကင်ဘုံအဆင့်တစ်ဝက်သိုင်းပညာရှင်အချို့မှာတော့သိကြပေသည်။ ထိုလူများမှာအံ့ဩနေရင်း မျက်နှာအမူအရာများမှာ ချက်ချင်းပင်သိသိသာသာပြောင်းလဲသွားခဲ့သည်။

"မူလကျောက်စာတားမြစ်သိုင်း"

ကျိုးဟောင်သည်လည်းထိုစကားအားကြားလိုက်သော်လည်းလျစ်လျူရှုလိုက်သည်။ ထို့နောက်ကျိုးဟောင်၏ခန္ဓာကိုယ်မှာ ကောင်းကင်ပေါ်သို့ပျံတက်သွားခဲ့ပြီး ခြေထောက်အောက်တွင်ကြာပန်းများပွင့်လာကာ ကျောက်စာများအဖြစ်ပြောင်းလဲသွားခဲ့ပေသည်။

ကျိုးဟောင်မှာလက်အားဝေ့ယမ်းကာနှုတ်မှအော်လိုက်သည်။

"ချုပ်နှောင်"

ထိုစကားလုံးသည်တော်ဝင်အမိန့်တစ်ခုပမာပင်။ ကျိုးဟောင်၏ခန္ဓာကိုယ်နှင့်လေဟာနယ်ထဲမှ များစွာသောကျောက်စာများထွက်ပေါ်လာခဲ့ပြီး တစ်စက္ကန့်အတွင်း ကြီးမားသောရှေးဟောင်းသင်္ကေတတစ်ခုမှာ လေထဲတွင်ပေါ်လာခဲ့သည်။

ထိုသင်္ကေတပေါ်လာသည်နှင့် လေထဲရှိပိုးများမဆိုထားနှင့် လူသားသိုင်းပညာရှင်များ၏ကိုယ်ထဲရှိပိုးများပင် ပြင်းထန်စွာတုန်ခါလာခဲ့ကြသည်။ ထို့နောက်၎င်းတို့မှာအမိန့်ပေးခံလိုက်ရသည့်ပမာ တန်းကာလွင့်ပျယ်သွားပြီး ကောင်းကင်ပေါ်ရှိသင်္ကေတ၏စုပ်ယူခြင်းအားခံလိုက်ရပေသည်။

ဤမြင်ကွင်းမှာအားလုံး၏မျက်လုံးများအား ပြူးကျယ်သွားစေခဲ့ပြီး ထိုအထဲတွင်မြေရိုင်းလွှမ်းမိုးနဂါးလည်းအပါအဝင်ဖြစ်သည်။

သို့သော်ရန်သူများ၏မျက်လုံးထဲရှိအကြောက်တရားနှင့်ထိတ်လန့်မှုမှာ ပို၍ပင်ကြီးမားလာလေသည်။

"ဒါ....ဒါက....မူလကျောက်စာရဲ့စွမ်းအား ပြစ်မှုရဲ့စွမ်းအားပဲ"

ကျိုးဟောင်ထိုသို့ချုပ်နှောင်ပြီးသည်နှင့် သူ၏ကိုယ်တွင်းရှိစွမ်းအင်အနှစ်သာရမှာချက်ချင်းပင်ကုန်ခန်းသွားခဲ့သည်။ အန္တရာယ်အငွေ့အသက်သည်လည်းပိုမိုထင်ရှားလာခဲ့သည်။ သို့သော်ကျိုးဟောင်မှာရန်သူ့ဘက်အားမျက်နှာမူကာ လက်သီးဆုပ်လိုက်သည်။

ထိုသို့လက်သီးဆုပ်လိုက်သည်နှင့်တစ်ပြိုင်နက် များစွာသောကျောက်စာများမှာဆက်လက်ထွက်ပေါ်လာပြီး တာဝါတိုင်ပေါ်သို့ကျရောက်သွားခဲ့သည်။ စက်ရုပ်မျိုးနွယ်ပညာရှင်များနှင့် တာဝါတိုင်အားစောင့်ကြပ်နေသောကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲများပင်ချုပ်နှောင်ခံလိုက်ရပေသည်။

"ဖျက်ဆီး"

ကျိုးဟောင်မှာနောက်ထပ်စကားတစ်ခွန်းအားထပ်မံအော်လိုက်လေရာ သူ၏ခန္ဓာကိုယ်တစ််ခုလုံးမှာတုန်ယင်လာခဲ့ပြီး ဒွါရ ၇ပေါက်မှသွေးများစီးကျလာခဲ့သည်။ သို့သော်တစ်စက္ကန့်ကြာပြီးနောက် ထိုနေရာတွင်ရှိနေသောတာဝါတိုင်အပါအဝင် သန္ဓေပြောင်းသားရဲများမှာ တန်းကာပျက်စီးသွားလေတော့သည်။

ထိုအချိန်မှာပင်ကောင်းကင်ပေါ်တွင်ကြီးမားသောလေဟာနယ်အက်ကွဲကြောင်းကြီးတစ်ခု ရုတ်တရက်ပေါ်လာပြီး ကျိုးဟောင်အားရက်စက်စွာဖမ်းယူဖမ်းဆုပ်လာခဲ့သည်။

သို့သော်ထိုသို့ဖျက်ဆီးလိုက်ပြီးနောက် ကျိုးဟောင်မှာစွမ်းအားကုန်သုံး၍ရွှေကျီးလွတ်မြောက်ရေးသိုင်အားသုံးကာ နေရာမှတန်းကာပျောက်ကွယ်သွားလေသည်။

...................................................................................

အခန်း(၃၆၃) ပြီးပါပြီ

All Chapters