← Chapters

အခန်း (၃၆၇-၃၆၉)

Vol. 25 Ch. 367-369

အခန်း (၃၆၇-၃၆၉)

Vol. 25 Ch. 367-369

အခန်း (၃၆၇) : ရူးသွပ်ဖွယ်ရာ

ကျိုးဟောင်မှာစိန်လျှို့ဝှက်ဆန်းကြယ်သေတ္တာအားစိုက်ကြည့်နေပေသည်။ အကြောင်းမှာ စိန်လျှို့ဝှက်ဆန်းကြယ်သေတ္တာထဲမှဆုလာဘ်များမှာမြင့်မားသည်ဟူသောအချက်ကြောင့်သာမဟုတ်ဘဲ စိန်အဆင့်အသုံးပြုသူဖြစ်လာမှသာ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်၏အဆင့်မြင့်အသုံးပြုသူတစ်ယောက်ဖြစ်လာနိုင်၍ဖြစ်သည်။

အဆင့်မြင့်နှင့် အလယ်အလတ်အသုံးပြုသူကြားရှိ ကွာခြားချက်မှာ စကားတစ်လုံးသာဆိုသော်ငြား လက်တွေ့တွင်တစ်ကမ္ဘာစာလောက်ကွာခြားသည်ဟုဆိုနိုင်ပေသည်။

သို့သော် ပလက်တီနမ်အဆင့်မှစိန်အဆင့်သို့တိုးမြှင့်ရန်လိုအပ်သော ကောင်းကင်ဘုံဒင်္ဂါးပြားပမာဏမှာ အတော်လေးများ‌ပေသည်။

ထိုပမာဏမှာ သာမန်လူများတတ်နိုင်သောပမာဏလုံးဝမဟုတ်ပေ။ အလွန်များလှသောပမာဏဖြစ်သည်။

ကျိုးဟောင်မှာလိုအပ်သော ကိန်းလုံးအရေအတွက်ကိုကြည့်ပြီးနောက် တစ်ဝက်လောက်တွင်ရပ်တန့်သွားခဲ့သည်။

အဆင့်မြှင့်တင်ရန် ကောင်းကင်ဘုံဒင်္ဂါး တစ်ထရီလီယံကျော်လိုအပ်ပေသည်။

ကျိုးဟောင်မှာချက်ချင်းပင်တိတ်ဆိတ်သွားခဲ့သည်။ သူ၏သိမ်းဆည်းရေးအိတ်အားကြည့်လိုက်လေရာ ကောင်းကင်ဘုံဒင်္ဂါးဘီလီယံရာချီမျှသာလဲလှယ်လို့ရတော့မည်ဖြစ်ကြောင်းသိလိုက်ရပေသည်။ ထို့အပြင် ကျိုးဟောင်မှာယခုတစ်လော လက်ဆောင်များအားရူးသွပ်စွာဝယ်ယူခဲ့ပေရာ စိန်လျှို့ဝှက်ဆန်းကြယ်သေတ္တာအားဖွင့်ရန်ဆိုပါက ၂ ထရီလီယံကျော်လိုအပ်နေသေးပေသည်။

ထိုမျှလောက် ပိုက်ဆံပမာဏအများကြီးအား မည်သို့ရှာဖွေရမည်နည်း။

အမြန်ဆုံးနည်းလမ်းမှာ သားရဲများအားသတ်ပြီးရောင်းချခြင်းသာဖြစ်သည်။

ကံဆိုးသည်မှာ သူ၏ဥက္ကဌကျိုးဟူသောအဆင့်အတန်းအားဆက်လက်အသုံးပြု၍မရတော့ပေ။

ပထမဆုံးအနေဖြင့် ကောင်းကင်ဘုံဘုရင်ကျူးနှင့်ပူးပေါင်းမှုကိုလည်းဆက်မလုပ်နိုင်တော့ပေ။ ထို့အပြင် ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲများအားသတ်ပြီးအလောင်းများအားရောင်းချရန်ဆိုပါက အခြားသရုပ်တစ်ခုအားထပ်သုံးရမည်လော။

ဤအကြံသည်လက်တွေ့မဆန်သော်ငြား ကျိုးဟောင်ထံတွင်တခြားရွေးချယ်စရာမရှိပေ။

သို့သော်ထိုအချိန်တွင် ကျိုးဟောင်၏အကြည့်မှာ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ရှိစျေးဆိုင်ဟူသောနေရာသို့ ရောက်ရှိသွားခဲ့ပေသည်။

ရှားပါးအဆင့်ရတနာပစ္စည်းအခု ၁၀၀ ရမှသာ ဈေးဆိုင်အားဖွင့်နိုင်မည်ဖြစ်ပြီး ကျိုးဟောင်ရရှိထားသောရှားပါးအဆင့်ပစ္စည်းများမှာ ဆယ်ဂဏန်းကျော်ကျော်သာရှိသေးပေသည်။

ဤစျေးဆိုင်အားအသက်သွင်းကြည့်သင့်ပါသလား။

ဤစျေးဆိုင်ထဲတွင် ဘာရှိနေမလဲဆိုသည်အားကျိုးဟောင်အလွန်သိချင်ပေသည်။ အကယ်၍သူ့အားအကူအညီပေးနိုင်မည့်အရာတစ်ခုခုရှိသည်ဆိုပါက ကျိုးဟောင်အတွက်ပွပေါက်တိုးမည်ဖြစ်သည်။

ထို့အပြင်ဤကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်သည် သူ့အားဘယ်သောအခါမှစိတ်မပျက်စေခဲ့ပေ။ ဤစျေးဆိုင်နှင့်ပတ်သက်ပြီး တစ်ခုခုထူးခြားသည့်အချက်ရှိသည်မှာ သေချာပေသည်။

ထိုသို့တွေးရင်းကျိုးဟောင်မှာစကားတစ်ခွန်းမှမပြောဘဲ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်တွင်အုတ်အော်သောင်းနင်းဖြစ်အောင်လုပ်ရန်စတင်ပြင်ဆင်တော့သည်။

ထို့နောက်ကျိုးဟောင်ဆော့ဖ်ဝဲလ်တွင်ပေါ်လာချိန်တွင်လူများစွာမှာသူ့နာမည်အားရူးသွပ်စွာခေါ်ဆိုရင်းစကားများပြောလာကြသည်။

"@ငါကသာမန်လူတစ်ယောက်ပါပဲ သခင်ကြီးဒီနေ့အလုပ်ရှုပ်နေတာလား ဒါမှမဟုတ်လျှို့ဝှက်ဆန်းကြယ်သေတ္တာတွေဖွင့်နေတာလား"

"@ငါကသာမန်လူတစ်ယောက်ပါပဲ ဟုတ်တယ်သခင်ကြီး ခုတစ်လောတိုက်ရိုက်ထုတ်လွှင့်မှုကိုရော လျှို့ဝှက်ဆန်းကြယ်သေတ္တာဖွင့်တဲ့နေရာကိုရောမလာဘူးအားလုံးကသခင်ကြီးမရှိတော့အထီးကျန်နေကြတာ"

"ဟုတ်တယ် အားလုံးသတိရနေကြတာ ဒီနေ့ရောသခင်ကြီးဘာလုပ်ဖို့စီစဉ်ထားလဲ @ငါကသာမန်လူတစ်ယောက်ပါပဲ"

ကျိုးဟောင်မှာပြုံးရင်းစကားနှစ်လုံးတည်းဖြင့်ထိုမေးခွန်းအားပြန်ဖြေလိုက်သည်။

"ဈေးဆိုင်"

ထိုစကားနှစ်လုံးအားပြောလိုက်သည်နှင့် ပေါက်ကွဲအားပြင်းသောဗုံးတစ်လုံးပစ်ချလိုက်သည့်ပမာ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်၏အသုံးပြုသူများစွာအား ရုတ်ရုတ်သဲသဲဖြစ်သွားစေလေသည်။

"သေစမ်း ဈေးဆိုင်တဲ့"

"သခင်ကြီးကလျှို့ဝှက်ဆန်းကြယ်သေတ္တာဖွင့်ပြီး ဈေးဆိုင်ကိုအသက်သွင်းဖို့စီစဉ်နေတာလား ရှားပါးအဆင့်ရတနာ အခု ၁၀၀တောင်လိုမှာ"

"ဟာသပဲအခုပြောတဲ့သူကိုဘယ်သူလို့ထင်နေတာလဲ အခုပြောနေတာကသခင်ကြီးပါ"

"ဟုတ်တယ်သခင်ကြီးကလျှို့ဝှက်ဆန်းကြယ်သေတ္တာဖွင့်တဲ့နေရာမှာကြိုတင်ခန့်မှန်းလို့မရဘူး @ငါကသာမန်လူတစ်ယောက်ပါပဲ သခင်ကြီးစကြစို့ ရှားပါးအဆင့်ရတနာတွေနဲ့ကျွန်တော်တို့ကိုစိုးမိုးလိုက်ပါဦး"

ထိုမှတ်ချက်များအားကြည့်ကာကျိုးဟောင်မှာပြုံးလိုက်သည်။ ထို့နောက်သေတ္တာမဖွင့်ခင် ပိုက်ဆံကုန်သုံးကာ ကောင်းကင်ဘုံဒင်္ဂါးသန်းထောင်ချီလဲလှယ်လိုက်သည်။

ကျိုးဟောင်၏အိတ်ထဲသို့ အဖြူရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာများစွာရောက်ရှိလာခဲ့ပြီးနောက် တွေဝေမနေဘဲ လျှို့ဝှက်ဆန်းကြယ်သေတ္တာများအားရူးသွပ်စွာစတင်ဖွင့်တော့သည်။

"ဒင်...လျှို့ဝှက်ဆန်းကြယ်သေတ္တာအားဖွင့်ကာ အဆင့်မြင့်ပစ္စည်း 'နဂါးချိုအပိုင်းအစ' ရရှိသည့်အတွက် ဂုဏ်ပြုပါသည်။ ဤပစ္စည်းအားသင့်လွယ်အိတ်ထဲသို့ထည့်လိုက်ပါပြီ ကျေးဇူးပြု၍မှတ်သားထားပေးပါ"

"ဒင်...လျှို့ဝှက်ဆန်းကြယ်သေတ္တာအားဖွင့်ကာ အဆင့်မြင့်ပစ္စည်း 'ပါရိုသွေးအနှစ်သာရ' အားရရှိသည့်အတွက် ဂုဏ်ပြုပါသည်။ ဤပစ္စည်းအားသင့်လွယ်အိတ်ထဲသို့ထည့်လိုက်ပါပြီ ကျေးဇူးပြု၍မှတ်သားထားပေးပါ"

"ဒင်...လျှို့ဝှက်ဆန်းကြယ်သေတ္တာအားဖွင့်ကာ အဆင့်မြင့်ပစ္စည်း 'ဘုရင့်လက်စွပ်" ရရှိသည့်အတွက် ဂုဏ်ပြုပါသည်။ ဤပစ္စည်းအားသင့်လွယ်အိတ်ထဲသို့ထည့်လိုက်ပါပြီ ကျေးဇူးပြု၍မှတ်သားထားပေးပါ"

"ဒင်... လျှို့ဝှက်ဆန်းကြယ်သေတ္တာအားဖွင့်ကာ ရှားပါးအဆင့်ပစ္စည်း 'နတ်ဘုရားရှိုက်သံ' ရရှိသည့်အတွက် ဂုဏ်ပြုပါသည်။ ဤပစ္စည်းအားသင့်လွယ်အိတ်ထဲသို့ထည့်လိုက်ပါပြီ ကျေးဇူးပြု၍မှတ်သားထားပေးပါ"

"ဒင်...လျှို့ဝှက်ဆန်းကြယ်သေတ္တာအားဖွင့်ကာ ရှားပါးအဆင့်ပစ္စည်း 'စတုရန်းကမ္ဘာ' ရရှိသည့်အတွက် ဂုဏ်ပြုပါသည်။ ဤပစ္စည်းအားသင့်လွယ်အိတ်ထဲသို့ထည့်လိုက်ပါပြီ ကျေးဇူးပြု၍မှတ်သားထားပေးပါ"

"ဒင်...လျှို့ဝှက်ဆန်းကြယ်သေတ္တာအားဖွင့်ကာ ရှားပါးအဆင့်ပစ္စည်း 'ဝိဉာဉ်ပေါက်ကွဲဓား' ရရှိသည့်အတွက် ဂုဏ်ပြုပါသည်။ ဤပစ္စည်းအားသင့်လွယ်အိတ်ထဲသို့ထည့်လိုက်ပါပြီ ကျေးဇူးပြု၍မှတ်သားထားပေးပါ"

"ဒင်...လျှို့ဝှက်ဆန်းကြယ်သေတ္တာအားဖွင့်ကာ ရှားပါးအဆင့်ပစ္စည်း 'ပြန်လည်ဝင်စားခြင်းဆေးလုံး' ရရှိသည့်အတွက် ဂုဏ်ပြုပါသည်။ ဤပစ္စည်းအားသင့်လွယ်အိတ်ထဲသို့ထည့်လိုက်ပါပြီ ကျေးဇူးပြု၍မှတ်သားထားပေးပါ"

တစ်ခဏအတွင်း အများပြည်သူစကားပြောခန်းတွင် ကျိုးဟောင်မှနေရာယူသွားခဲ့ပြီး ဤမြင်ကွင်းအားစောင့်ကြည့်နေသူအားလုံးမှာ ရူးသွပ်သွားကြပေသည်။

"သေစမ်း ၁ ၂ ၃ ၄ ၅.....ရှားပါးအဆင့်ရတနာစုစုပေါင်း...၁၅ခု"

"ဘုရားရေ @ငါကသာမန်လူတစ်ယောက်ပါပဲ သခင်ကြီးအရမ်းရက်စက်တာပဲ လျှို့ဝှက်ဆန်းကြယ်သေတ္တာဘယ်နှစ်လုံးတောင်ဖွင့်နေတာလဲ"

"သူရှားပါးအဆင့်ပစ္စည်းတွေဒီလောက်အများကြီးရနေတာ သခင်ကြီးကတော့ဒီနေ့ဈေးဆိုင်ကိုသေချာပေါက်ဖွင့်နိုင်တော့မှာပဲ @ငါကသာမန်လူတစ်ယောက်ပါပဲ"

"ဟုတ်တယ် သခင်ကြီး ငါအရင်ကအဲဒီပြန်လည်ဝင်စားခြင်းဆေးလုံးကိုမြင်ဖူးတယ် ဘယ်နေရာမှာသုံးတာလဲ အဲဒါသုံးပြီးတကယ်ပဲပြန်ဝင်စားလို့ရလား"

အားလုံးမှာအလွန်အမင်းအံ့ဩနေကြကာ ကျိုးဟောင်၏ နာမည်အားရူးသွပ်စွာခေါ်ပြီးမေးခွန်းများစွာမေးလာကြသည်။

သို့သော်ကျိုးဟောင်ထံတွင် သူတို့အားဂရုစိုက်ဖို့အချိန်မရှိပေ။ ထိုအစားသူသည်ဈေးဆိုင်ဟူသောနေရာကိုသာစိုက်ကြည့်နေသည်။ ၎င်းမှာအနည်းငယ်အရောင်လင်းလာသော်ငြား ရှားပါးအဆင့်ပစ္စည်းများစွာလိုအပ်နေဆဲပင်ဖြစ်သည်။

သူသည်လည်းယခုအချိန်အထိ မပြီးဆုံးသေးပေ။

ထို့ကြောင့်ကျိုးဟောင်မှာစကားတစ်ခွန်းမှမပြောဘဲ ဒုတိယအကြိမ်အဖြစ်ပဟေဠိသေတ္တာများအားစတင်ဖွင့်တော့သည်။

"ဒင်..လျှို့ဝှက်ဆန်းကြယ်သေတ္တာအားဖွင့်ကာ ရှားပါးအဆင့်ပစ္စည်း 'စက်ရုပ်လက်' ရရှိသည့်အတွက် ဂုဏ်ပြုပါသည်။ ဤပစ္စည်းအားသင့်လွယ်အိတ်ထဲသို့ထည့်လိုက်ပါပြီ ကျေးဇူးပြု၍မှတ်သားထားပေးပါ"

"ဒင်...လျှို့ဝှက်ဆန်းကြယ်သေတ္တာအားဖွင့်ကာ ရှားပါးအဆင့်ပစ္စည်း 'အ‌မွေခံ‌ငွေတောင်ပံ' ရရှိသည့်အတွက် ဂုဏ်ပြုပါသည်။ ဤပစ္စည်းအားသင့်လွယ်အိတ်ထဲသို့ထည့်လိုက်ပါပြီ ကျေးဇူးပြု၍မှတ်သားထားပေးပါ"

"ဒင်...လျှို့ဝှက်ဆန်းကြယ်သေတ္တာအားဖွင့်ကာ ရှားပါးအဆင့်ပစ္စည်း '‌စွမ်းအားအနှစ်သာရ ၃ဆသိုင်း' ရရှိသည့်အတွက် ဂုဏ်ပြုပါသည်။ ဤပစ္စည်းအားသင့်လွယ်အိတ်ထဲသို့ထည့်လိုက်ပါပြီ ကျေးဇူးပြု၍မှတ်သားထားပေးပါ"

"ဒင်... လျှို့ဝှက်ဆန်းကြယ်သေတ္တာအားဖွင့်ကာ ရှားပါးအဆင့်ပစ္စည်း 'သန်းချီအာကာသအပိုင်းအစ' ရရှိသည့်အတွက် ဂုဏ်ပြုပါသည်။ ဤပစ္စည်းအားသင့်လွယ်အိတ်ထဲသို့ထည့်လိုက်ပါပြီ ကျေးဇူးပြု၍မှတ်သားထားပေးပါ"

"ဒင်... လျှို့ဝှက်ဆန်းကြယ်သေတ္တာအားဖွင့်ကာ ရှားပါးအဆင့်ပစ္စည်း 'ပြန်လည်တိုးပွားသိုင်း' ရရှိသည့်အတွက် ဂုဏ်ပြုပါသည်။ ဤပစ္စည်းအားသင့်လွယ်အိတ်ထဲသို့ထည့်လိုက်ပါပြီ ကျေးဇူးပြု၍မှတ်သားထားပေးပါ"

ကျိုးဟောင်မှာကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်အား ထပ်မံကာရုတ်ရုတ်သဲသဲဖြစ်သွားစေကာ ကြည့်ရှု‌နေသူများအား ပို၍ပင်ကြက်သေသေသွားစေခဲ့ပေသည်။

အများပြည်သူစကားပြောခန်းတွင်ရှားပါးအဆင့်ရတနာများ တစ်ခုပြီးတစ်ခုပေါ်လာခြင်းသည် အားလုံးကိုအားကျစေပေသည်။

ယ‌နေ့တွင်ရှားပါးအဆင့်ရတနာများမှာတစ်‌နေ့တည်းဖြင့် အခု ၂၀မှ ၃၀အထိပေါ်လာခဲ့သည်ဟုဆိုနိုင်ပေသည်။ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်၏သမိုင်းတွင် လူတစ်ယောက်တည်းမှတစ်နေ့တည်းဖြင့် ဤမျှလောက်ရတနာပစ္စည်းအများကြီးရခြင်းသည် ယခုအကြိမ်မှာပထမဆုံးအကြိမ်ဖြစ်လောက်သည်။

စိန်အဆင့်အသုံးပြုသူများပင် လှုပ်လှုပ်ရွရွဖြစ်လာကြသည်။

"သေစမ်း @ငါကသာမန်လူတစ်ယောက်ပါပဲ တကယ့်သခင်ကြီးအစစ်ဆိုတာဒါမျိုးဖြစ်ရမှာ ဒီနေ့ဈေးဆိုင်ကိုဖွင့်နိုင်မဲ့ပထမဆုံးလူက သခင်ကြီးဖြစ်နိုင်တယ်"

"ပထမဆုံး.....ဘုရားရေ @ငါကသာမန်လူတစ်ယောက်ပါပဲ ကံကောင်းပါစေ သခင်ကြီးကိုယုံတယ်"

" @ငါကသာမန်လူတစ်ယောက်ပါပဲ သခင်ကြီးလုပ်ထား ဒီသမိုင်းဝင်မြင်ကွင်းကိုကျွန်တော်တို့မျက်မြင်ကြုံချင်တယ် သခင်ကြီးဈေးဆိုင်ဆ်ိုတဲ့အစီအစဥ်ကိုဖွင့်လို့ရမှာမြင်ချင်တယ်"

"သခင်ကြီးကပြိုင်ဘက်ကင်းပြီးစွမ်းအားကြီးတယ် သခင်ကြီး"

ကျိုးဟောင်မှာ ထိုသို့ပြောစကားများအားလျစ်လျူရှူကာ သူသုံးလိုက်သောကံကြမ္မာအမှတ်များနှင့်ဈေး‌ဆိုင်အားကြည့်လိုက်သည်။ ယခုတစ်ကြိမ်တွင်ရလဒ်အားအဆုံးအဖြတ်ပေးမည်ဖြစ်ကြောင်းကို ကျိုးဟောင်သိပေသည်။

ကျိူးဟောင်မှာတွေဝေမနေဘဲ ကျန်ရှိနေသောလျှို့ဝှက်ဆန်းကြယ်သေတ္တာများအားလုံးအားဖွင့်လိုက်သည်။

ကျယ်လောင်သောအသံတစ်ခုနှင့်အတူ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်မှာ ဆက်လက်ရူးသွပ်ဖွယ်ကောင်းလာပေသည်။

...................................................................................

အခန်း(၃၆၇) ပြီးပါပြီ။

အခန်း (၃၆၈) : အစီအစဉ်မှူးဖြစ်လာခြင်း

"ဒင်...လျှို့ဝှက်ဆန်းကြယ်သေတ္တာအားဖွင့်ကာ ရှားပါးအဆင့်ပစ္စည်း 'အာဒိကပ္ပဆေးလုံး ၃လုံး' ရရှိသည့်အတွက် ဂုဏ်ပြုပါသည်။ ဤပစ္စည်းအားသင့်လွယ်အိတ်ထဲသို့ထည့်လိုက်ပါပြီ ကျေးဇူးပြု၍မှတ်သားထားပေးပါ"

"ဒင်....လျှို့ဝှက်ဆန်းကြယ်သေတ္တာအားဖွင့်ကာ ရှားပါးအဆင့်ပစ္စည်း 'ဖူရှီးလေးအပိုင်းအစ' ရရှိသည့်အတွက် ဂုဏ်ပြုပါသည်။ ဤပစ္စည်းအားသင့်လွယ်အိတ်ထဲသို့ထည့်လိုက်ပါပြီ ကျေးဇူးပြု၍မှတ်သားထားပေးပါ"

"ဒင်...လျှို့ဝှက်ဆန်းကြယ်သေတ္တာအားဖွင့်ကာ ရှားပါးအဆင့်ပစ္စည်း 'ကမ္ဘာအပိုင်းအစ' ရရှိသည့်အတွက် ဂုဏ်ပြုပါသည်။ ဤပစ္စည်းအားသင့်လွယ်အိတ်ထဲသို့ထည့်လိုက်ပါပြီ ကျေးဇူးပြု၍မှတ်သားထားပေးပါ"

"ဒင် ...လျှို့ဝှက်ဆန်းကြယ်သေတ္တာအားဖွင့်ကာ ရှားပါးအဆင့်ပစ္စည်း 'ဝိဉာဥ်သွေးကြော' ရရှိသည့်အတွက် ဂုဏ်ပြုပါသည်။ ဤပစ္စည်းအားသင့်လွယ်အိတ်ထဲသို့ထည့်လိုက်ပါပြီ ကျေးဇူးပြု၍မှတ်သားထားပေးပါ"

"ဒင်... လျှို့ဝှက်ဆန်းကြယ်သေတ္တာအားဖွင့်ကာ ဒဏ္ဍာရီအဆင့်ပစ္စည်း 'အာဏာရှင်နဂါးလှံသိုင်း' ရရှိသည့်အတွက် ဂုဏ်ပြုပါသည်။ ဤပစ္စည်းအားသင့်လွယ်အိတ်ထဲသို့ထည့်လိုက်ပါပြီ ကျေးဇူးပြု၍မှတ်သားထားပေးပါ"

လျှို့ဝှက်ဆန်းကြယ်သေတ္တာများမှာဆက်လက်ပွင့်နေဆဲဖြစ်ပြီး အများပြည်သူစကားပြောခန်းမှာလည်း ဆက်လက်ပွက်လောရိုက်နေဆဲပင်။

ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ထဲရှိလူများမှာ ထိတ်လန့်နေကြပြီး အားလုံးမှာထိုမြင်ကွင်းအားကြည့်နေကြသည်။ ကြည့်ရသည့်မှာယနေ့တွင် ကျိုးဟောင်ဈေးဆိုင်အားဖွင့်သည်ကို အားလုံးမျက်မြင်ကြုံရနိုင်ပေသည်။

ကျိုးဟောင်သည်လည်းအလွန်ရူးသွပ်နေပြီဖြစ်သည်။ ဈေးဆိုင်ဟူသောစာတန်းအရောင်တောက်လာသည်ကိုကြည့်ပြီး လျှို့ဝှက်ဆန်းကြယ်သေတ္တာများအားဆက်တိုက်ဖွင့်နေပေသည်။

သူ့ထံတွင်ရတနာများစွာရှိပေသည်။ များလွန်း၍ ကျိုးဟောင်ပင်ဂရုမစိုက်နိုင်ပေ။ ထိုအစားကျိုးဟောင်မှာထိုပစ္စည်းများအားအိတ်ထဲတန်းထည့်ကာ လျှို့ဝှက်ဆန်းကြယ်သေတ္တာများအားဆက်ဖွင့်နေပေသည်။

နတ်မိမယ်ယွဲ့လင်သည်လည်း ထိတ်လန့်နေပေသည်။ အများပြည်သူစကားပြောခန်းရှိမြင်ကွင်းအားမြင်ပြီးနောက် သူမသည်တိုက်ရိုက်ထုတ်လွှင့်မှုသို့မသွားတော့ဘဲ ထိုထိတ်လန့်ဖွယ်မြင်ကွင်းအားကြည့်ရန်ရှေ့စာမျက်နှာသို့ရောက်လာခဲ့ပေသည်။

ကျိုးဟောင်၏လက်မှာတည်ငြိမ်နေသလို အမူအရာသည်လည်းတည်ငြိမ်နေပေသည်။ ကျိုးဟောင်မှာဤရတနာများအားကြည့်ပြီးနောက် ရုတ်တရက်သူ့အကြည့်သည် ဒဏ္ဍာရီအဆင့်ကျင့်ကြံရေးသိုင်းအပေါ်သို့ရောက်ရှိသွားခဲ့ပေသည်။

"အာဏာရှင်နဂါးလှံသိုင်း"

ကျိုးဟောင်မှာဤကျင့်ကြံရေးသိုင်းအားမြင်လိုက်ချိန်တွင် ချက်ချင်းပင်အလွန်စိတ်လှုပ်ရှားသွားသည်။ အကြောင်းမှာ သူ့ထံတွင်နဂါးနက်လှံရှိထား၍သာဖြစ်သည်။ အကယ်၍ အာဏာရှင်နဂါးလှံသိုင်း၏အထောက်အပံ့သာရှိပါက သေချာပေါက်ကျားအားအတောင်တပ်ပေးလိုက်သကဲ့သို့ပင်ဖြစ်မည်ဖြစ်သည်။

သို့သော်ကျိုးဟောင်ထံတွင် ဤကိစ္စအားဂရုစိုက်ရန်အချိန်မရှိသေးပေရာ လျှို့ဝှက်ဆန်းကြယ်သေတ္တာများအားဆက်ဖွင့်နေပေသည်။ ယနေ့တွင်ဈေးဆိုင်အားဖွင့်ကာ အထဲတွင်ရှိသည့်အရာအားကြည့်ချင်ပေသည်။

"ဒင်...လျှို့ဝှက်ဆန်းကြယ်သေတ္တာအားဖွင့်ကာ ရှားပါးအဆင့်ပစ္စည်း '‌ရှေးဟောင်းမူလအစီအရင်' ရရှိသည့်အတွက် ဂုဏ်ပြုပါသည်။ ဤပစ္စည်းအားသင့်လွယ်အိတ်ထဲသို့ထည့်လိုက်ပါပြီ ကျေးဇူးပြု၍မှတ်သားထားပေးပါ"

"ဒင်...လျှို့ဝှက်ဆန်းကြယ်သေတ္တာအားဖွင့်ကာ ရှားပါးအဆင့်ပစ္စည်း 'လင်သုန်းကျင့်ကြံရေးသိုင်း' ရရှိသည့်အတွက် ဂုဏ်ပြုပါသည်။ ဤပစ္စည်းအားသင့်လွယ်အိတ်ထဲသို့ထည့်လိုက်ပါပြီ ကျေးဇူးပြု၍မှတ်သားထားပေးပါ"

ကြေညာချက်စာများမှာဆက်လက်ထွပ်ပေါ်‌နေပြီးလက်ရှိအချိန်တွင်အားလုံးမှာတိတ်ဆိတ်နေကြပေသည်။ အများပြည်သူစကားပြောခန်းရှိအဆက်မပြတ်လင်းနေသောကြေညာချက်များအားကြည့်ကာ အားလုံးမှာကြက်သေသေနေကြပေသည်။

"ရှားပါးအဆင့်ပစ္စည်းရရှိသည့်အတွက် 'ငါကသာမန်လူတစ်ယောက်ပါပဲ' အားဂုဏ်ပြုပါသည်....."

" 'ငါကသာမန်လူတစ်ယောက်ပါပဲ' အားဂုဏ်ပြုပါသည်....."

"ဂုဏ်ပြုပါသည်...."

အဆုံးတွင် ကြေညာစာ၏အရှိန်မှာ လျှို့ဝှက်ဆန်းကြယ်သေတ္တာထဲတွင်ပေါ်လာသော ရှားပါးအဆင့်ပစ္စည်းများ၏အရှိန်ကိုလိုက်ပင်မမီတော့ပေ။

ကျိုးဟောင်မှာရတနာများအားလျစ်လျူရှူကာ ဈေးဆိုင်ဟူသောနေရာကိုသာစိုက်ကြည့်နေပေသည်။

အချိန်တစ်ခုကြာပြီးနောက် ကျိုးဟောင်မှာလက်ပင်ထုံလာပြီဖြစ်သည်။

သို့သော်ထိုအချိန်မှာပင် ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်တစ်ခုလုံးမှာ ရွှေရောင်အလင်းတန်းတစ်ခုဖြင့်ပြည့်နှက်သွားပြီး အားလုံးမှာထိုမြင်ကွင်းအားမြင်လိုက်ကြရပေသည်။

ထို့နောက် အများပြည်သူစကားပြောခန်းတွင် ကြီးမားသောစာကြောင်းတစ်ကြောင်းပေါ်လာခဲ့ပေသည်။

"ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်၏လျှို့ဝှက်လုပ်ဆောင်ချက်ဖြစ်သော_ဈေးဆိုင်အားဖွင့်လှစ်နိုင်ခဲ့သည့်အတွက် အသုံးပြုသူ 'ငါကသာမန်လူတစ်ယောက်ပါပဲ' အားဂုဏ်ပြုပါသည်"

"ကောင်းကင်ဘုံဒင်္ဂါး ၅ထရီလီယံဆုလာဘ်ရရှိသည့်အတွက် အသုံးပြုသူ 'ငါကသာမန်လူတစ်ယောက်ပါပဲ' အားဂုဏ်ပြုပါသည်"

"အသုံးပြုသူအားလုံးအားဂုဏ်ပြုပါသည်။ ဈေးဆိုင်လုပ်ဆောင်ချက်အားအဆင့်မြှင့်တင်ပြီးပါပြီ အသုံးပြုသူအားလုံး ထိုလုပ်ဆောင်ချက်အားမိမိဘာသာ ဖွင့်လှစ်ရန်လိုအပ်ပါသည်"

ကြေညာစာ ၃ကြောင်းမှာလျင်မြန်စွာပင်ပေါ်လာခဲ့သည်။ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်အရောင်တောက်လာသည်နှင့် အားလုံးမှာအံ့ဩသွားခဲ့ကြသည်။

"ဘုရားရေ.....ဒါကပွင့်သွားပြီလား"

"ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်က အများပြည်သူစကားပြောခန်းမှာပေါ်လာပြီ ဒါကသေချာပေါက်....."

"ပထမဆုံး....ပထမဆုံး....မိုက်လိုက်တာ @ငါကသာမန်လူတစ်ယောက်ပါပဲ သခင်ကြီး သခင်ကြီးကအရမ်းစွမ်းအားကြီးတာပဲ"

အားလုံးမှာအံ့သြထိတ်လန့်နေကြသော်လည်း လက်ရှိအချိန်တွင်စာများဆက်တိုက်ပို့နေကြပေသည်။

"သခင်ကြီး တိုက်ရိုက်လွှင့်ပြီးဒီဆိုင်ထဲမှာဘာရှိလဲကျွန်တော်တို့ကိုပြပါလား @ငါကသာမန်လူတစ်ယောက်ပါပဲ"

"ဟုတ်တယ် @ငါကသာမန်လူတစ်ယောက်ပါပဲ သခင်ကြီး တကယ်လို့သခင်ကြီးစပြီးတိုက်ရိုက်လွှင့်မယ်ဆို ကျွန်တော်သေချာပေါက်လက်ဆောင်တွေပေးမယ်"

"@ငါကသာမန်လူတစ်ယောက်ပါပဲ ဟုတ်တယ်ဟုတ်တယ် သခင်ကြီးကျွန်တော်တို့စိတ်ကျေနပ်အောင် သေချာပေါက်တိုက်ရိုက်ထုတ်လွှင့်ပေးရမယ်"

ကျိုးဟောင်မှာထိုစာများအားမြင်လိုက်ချိန်တွင် ဤလူများမှာသူ့အားတိုက်ရိုက်ထုတ်လွှင့်မှုလုပ်ခွင့်ပြုမည်ဟုမထင်ထားခဲ့ပေ။

ရိုးရိုးသားသားပြောရလျှင် သူ့ထံတွင်လည်းအကြံရှိပေသည်။ မည်သို့ပင်ဖြစ်စေ သူ၏ကောင်းကင်ဘုံဒင်္ဂါးရရှိရာ အရင်းအမြစ်မှာပြတ်တောက်သွားပြီဖြစ်သည်။ အကယ်၍တိုက်ရိုက်ထုတ်လွှင့်မှုအားစတင်လိုက်ပါက ဤလူများမှာသူ့အားလက်ဆောင်များပေးမည်ဖြစ်ပေရာ သူ့အတွက်အလွန်အဆင်ပြေမည်ဖြစ်သည်။

ထိုအကြောင်းအားစဉ်းစားကာ ကျိုးဟောင်မှာအများပြည်သူစကားပြောခန်းတွင် စာတစ်လုံးအားရိုက်လိုက်သည်။

"ကောင်းပြီ"

ဤစကားမှာအားလုံးကိုပျော်ရွှင်သွားစေပေသည်။

"@ငါကသာမန်လူတစ်ယောက်ပါပဲ သခင်ကြီးကစွမ်းအားကြီးတယ် သခင်ကြီးကအကောင်းဆုံးပဲ"

"သခင်ကြီးကသခင်ကြီးပဲ ဘာကိုမှဂရုမစိုက်ဘူး @ငါကသာမန်လူတစ်ယောက်ပါပဲ"

"သခင်ကြီးက ဈေးဆိုင်နဲ့ပတ်သက်တာကို ငါတို့ကိုပေးပြချင်တယ်တဲ့ ဒါကတကယ်ပျော်စရာကြီး သခင်ကြီးရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကြောင့်မဟုတ်ရင် ငါ့ဘဝမှာဈေးဆိုင်ထဲမှာဘာရှိသလဲဆိုတာကို ဘယ်တော့မှမြင်ရမှာမဟုတ်ဘူး"

အားလုံးမှာအလွန်အမင်းစိတ်လှုပ်ရှားနေကြပေသည်။ ကျိုးဟောင်သည်လည်းလက်ရှိအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုအားစတင်ရန်ပြင်ဆင်နေပေသည်။ ထိုအချိန်တွင်နတ်မိမယ်ယွဲ့လင်၏ သီးသန့်စာတစ်စောင်ရောက်ရှိလာခဲ့ပေသည်။

"သခင်ကြီး တကယ်တိုက်ရိုက်ထုတ်လွှင့်တော့မလို့လား"

ကျိုးဟောင်မှာခေတ္တမျှငြိမ်သွားပြီးနောက်မေးလိုက်သည်။

"ဘာဖြစ်လို့လဲ နတ်မိမယ်ယွဲ့လင်"

"သခင်ကြီး ဒီတိုက်ရိုက်ထုတ်လွှင့်မှုကိုမစဖို့ကျွန်မအကြံပေးချင်တယ် တိုက်ရိုက်ထုတ်လွှင့်မှုစလိုက်တာနဲ့ အချိန်အကန့်အသတ်ကိုမှီအောင်လုပ်ပေးရမှာ မဟုတ်ရင်စည်းမျဉ်းချိုးဖောက်ရာကျပြီး အကောင့်ပိတ်ခံရလိမ့်မယ်"

ထိုစကားအားကြားသောအခါ ကျိုးဟောင်မှာချက်ချင်းပင်ကြက်သေသေသွားခဲ့သည်။ တိုက်ရိုက်ထုတ်လွှင့်မှုအားဆက်လုပ်ရန် ကျိုးဟောင်အတွက်ထိုမျှလောက်အချိန်အများကြီးမရှိပေ။

"ဒါဆိုဘယ်လိုလုပ်ရမလဲ တခြားနည်းလမ်းမရှိဘူးလား"

ကျိုးဟောင်မှမနေနိုင်ဘဲမေးလိုက်သည်။

နတ်မိမယ်ယွဲ့လင်မှာ ချက်ချင်းပင်စာရေးရာနေရာ၌ စာရိုက်လိုက်သည်။

"တခြားနည်းလမ်းတွေရှိတယ် သခင်ကြီးစာချုပ်ကိုလက်မှတ်မထိုးသရွေ့ ကိစ္စမရှိဘူး လွတ်လပ်တဲ့တိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်အနေနဲ့ဆို ကိုယ်ကြိုက်တဲ့အချိန်တိုက်ရိုက်လွှင့်လို့ရတယ် တကယ်လို့တိုက်ရိုက်မလွှင့်ချင်ရင်လည်း အဆင်ပြေသလိုလုပ်လို့ရတယ် ဘယ်သူမှလိုက်ပြီးကန့်သတ်မနေဘူး ဒါပေမဲ့ကျွန်မကြောက်တာက တကယ်လို့ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်နဲ့စာချုပ်မချုပ်ရင် သခင်ကြီးရဲ့ရေပန်းစားမှုကိုကန့်သတ်နိုင်တယ်"

နတ်မိမယ်ယွဲ့လင်မှာ မည်သို့ပင်ဖြစ်စေတိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်ဖြစ်ပေရာ ဤကိစ္စများအားကောင်းကောင်းသိပေသည်။ ထို့ကြောင့်ကျိုးဟောင်မှာ သူမ၏စကားများအားယုံကြည်ပါသည်။

ထို့အပြင် နတ်မိမယ်ယွဲ့လင်၏ဤစကားအားကြားလိုက်ရချိန်တွင် သူတကယ်ကိုအနည်းငယ်စိတ်ပါသွာပေသည်။

"ဒါဆိုရင်ရော လက်ဆောင်တွေရနိုင်သေးလား"

ကျိုးဟောင်မှမေးလိုက်သည်။

"သေချာတာပေါ့ ဒါပေမဲ့သူတို့နဲ့စာချုပ်ချုပ်မထားတဲ့အတွက် ရလာတဲ့လက်ဆောင်ကိုကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်နဲ့ တစ်ဝက်စီခွဲယူရမှာ စာချုပ်ချုပ်ထားရင်တော့ ၇၀ရာခိုင်နှုန်းရတယ်"

ထိုကွာခြားချက်မှာအတော်လေးကြီးမားပေရာ တိုက်ရိုက်ထုတ်လွှင့်သူအများစုစာချုပ်အားလက်မှတ်ထိုးထားကြသည်မှာမဆန်းတော့ပေ။

သို့သော် ကျိုးဟောင်မှာသူ၏လွတ်လပ်မှုအားလိုချင်ပြီး တကယ်ပင်တိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်မလုပ်ချင်ပေ။ သူသည်ဤကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်၏ ဈေးဆိုင်လုပ်ဆောင်ချက်အား အားလုံးနှင့်မျှဝေနိုင်ရန်ကြိုးစားခဲ့ခြင်းသာဖြစ်သည်။

"ဒါဆို စာချုပ်မချုပ်ဘဲ အလွတ်တမ်းတိုက်ရိုက်ထုတ်လွှင့်သူပဲလုပ်တော့မယ် ဘယ်လိုလုပ်ရမလဲ"

ကျိုးဟောင်မှမေးလိုက်သည်။

"အရမ်းရိုးရှင်းပါတယ် အစီအစဉ်မှူးဆိုတဲ့စာမျက်နှာကိုဖွင့်လိုက် အဲဒီစာမျက်နှာရဲ့ဘယ်ဘက်အပေါ်ထောင့်မှာ ကိုယ်တိုင်တိုက်ရိုက်ထုတ်လွှင့်ခြင်း ဆိုတဲ့ခလုတ်လေးရှိတယ် အဲဒါကိုနှိပ်လိုက်ရင်ရွေးချယ်စရာနှစ်ခုရှိတယ် တစ်ခုကစာချုပ်ချုပ်တာနဲ့နောက်တစ်ခုကအလွတ်တမ်းတိုက်ရိုက်ထုတ်လွှင့်တာ ဈေးနှုန်းနဲ့ပတ်သက်တာဖြစ်ဖြစ် သတ်မှတ်ချက်နဲ့ပတ်သက်တာဖြစ်ဖြစါ အသေးစိတ်ရှင်းပြထားလိမ့်မယ် သခင်ကြီးသေချာကြည့်လို့ရတယ်"

လက်ရှိအချိန်တွင် နတ်မိမယ်ယွဲ့လင်မှာစကားပြောနေပြီး ကျိုးဟောင်မှာသူမ ပြောသလိုလိုက်လုပ်နေပေသည်။

မကြာမီပင် ကျိုးဟောင်စာချုပ်ချုပ်မည် မချုပ်ဘူးဟုရွေးချယ်ရမည့်အချိန်ရောက်လာခဲ့သည်။ ကျိုးဟောင်မှာတွေဝေနေခြင်းမရှိဘဲ "မချုပ်ဆိုပါ" ဟူသောနေရာကိုသာနှိပ်လိုက်သည်။

ထို့နောက် အသိပေးစာတစ်ခုရောက်ရှိလာခဲ့သည်။

" 'အပျော်တမ်းတိုက်ရိုက်ထုတ်လွှင့်သူ' ဖြစ်လာသည့်အတွက် 'ငါကသာမန်လူတစ်ယောက်ပါပဲ'အားဂုဏ်ပြုပါတယ်"

....................................................................................

အခန်း(၃၆၈) ပြီးပါပြီ။

အခန်း (၃၆၉) : ဈေးဆိုင်အားဖွင့်လှစ်ခြင်း

ဤသတင်းပေါ်ပေါ်လာခြင်းမှာပင် ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ထဲမှအသုံးပြုသူများမှာ ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။

"@ငါကသာမန်လူတစ်ယောက်ပါပဲ သခင်ကြီးအရမ်းမိုက်တယ်"

"@ငါကသာမန်လူတစ်ယောက်ပါပဲ သခင်ကြီးမြန်မြန်တိုက်ရိုက်လွှင့်ပါတော့ ကျွန်တော်တို့ဈေးဆိုင်ထဲဝင်ပြီးတစ်ချက်လောက်ကြည့်ချင်လို့"

"ဟုတ်တယ် @ငါကသာမန်လူတစ်ယောက်ပါပဲ မြန်မြန်တိုက်ရိုက်လွှင့်ပါတော့ ကျွန်တော်တို့ကြည့်ချင်နေပြီ"

ဤလူများမှာကျိုးဟောင်၏နာမည်အားရူးသွပ်စွာခေါ်ဆိုနေကြပေသည်။ ကျိုးဟောင်မှာပြုံးကာ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအားတန်းဖွင့်လိုက်ကာ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတစ်ခုအားတည်ဆောက်လိုက်သည်။

ကျိုးဟောင်မှာအခြားတိုက်ရိုက်ထုတ်လွှင့်မှုအခန်းအချို့ကိုရောက်ဖူးသော်ငြား ယခုလိုသူ့ဘာသာလုပ်ဖူးခြင်းသည်ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ကြောင့်အနည်းငယ်စပ်စုလိုပြီး တိုက်ရိုက်ထုတ်လွှင့်မှုစာမျက်နှာအားကြည့်လိုက်သည်။

အလားတူပင်၎င်းမှာအလွန်ရိုးရှင်းပြီး ရှုပ်ရှုပ်ထွေးထွေးအရာများများစားစားမပါပေ။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင်လုပ်ဆောင်ချက်များစွာပါရှိပြီး ၎င်းတို့ထဲမှတစ်ခုမှာ လက်ဆောင်အိတ်ဖြစ်သည်။ ဤအိတ်မှာအသုံးပြုသူများမှပေးသောလက်ဆောင်များအားလက်ခံရာတွင်သုံးခြင်းဖြစ်သည်။

ဒုတိယအနေနှင့် တိုက်ရိုက်ထုတ်လွှင့်မှုနှင့်ပတ်သက်ပြီးရရှိနိုင်သောရွေးချယ်စရာများစွာရှိပေသည်။ ၎င်းတို့မှာ ရုပ်သံဖြင့်တိုက်ရိုက်ထုတ်လွှင့်ခြင်းနှင့် အသံဖြင့်တိုက်ရိုက်ထုတ်လွှင့်ခြင်းတို့ဖြစ်သည်။

နောက်ဆုံးရွေးချယ်စရာတစ်ခုမှာ မျက်နှာပြင်အားပြသကာတိုက်ရိုက်ထုတ်လွှင့်ခြင်းဖြစ်ပြီး ၎င်းမှာမိမိ၏ ဆော့ဖ်ဝဲလ်မျက်နှာပြင်ပေါ်တွင်ပါဝင်သောအရာများကိုသာ မျှဝေပေးခြင်းဖြစ်သည်။

ဤအရာသည်လက်ရှိအချိန်တွင် ကျိုးဟောင်အရွေးချယ်ချင်ဆုံးအရာဖြစ်သည်။

ဤအရာများအပြင် အဆင့်သက်မှတ်ချက်လည်းရှိပေသည်။ ကျိုးဟောင်၏လက်ရှိအဆင့်တွင် မည်သည့်နံပါတ်မျှလုံးဝမရှိသေးပေ။ ဤပုံအရဆိုပါကတစ်ဘီလီယံအောက်တွင် ရှိနိုင်ပေသည်။

တိုက်ရိုက်လွှင့်သူ၏ရေပန်းစားမှုသည် အဆင့်တစ်ခုအထိရောက်ရှိလာချိန်မှသာ နတ်မိမယ်ယွဲ့လင်ကဲ့သို့ တစ်ဘီလီယံအတွင်းဝင်ရောက်နိုင်သည့်အခွင့်အရေးရရှိမည်ဖြစ်သည်။

သို့သော် ဤအဆင့်သတ်မှတ်ချက်တွင် အချက်နှစ်ခုအားထည့်သွင်းစဉ်းစားပေသည်။ တစ်ခုမှာရေပန်းစားမှုဖြစ်ပြီး နောက်တစ်ခုမှာလက်ဆောင်၏တန်ဖိုးဖြစ်သည်။

တစ်နည်းဆိုသော် ရေပန်းစားမှုနှင့်ရရှိသောလက်ဆောင်အားပေါင်းပြီးမှသာ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်တစ်ခုလုံးရှိအဆင့်သတ်မှတ်ချက်များအား တွက်ချက်နိုင်မည်ဖြစ်သည်။

သို့သော် ကျိုးဟောင်၏တိုက်ရိုက်ထုတ်လွှင့်မှုစာမျက်နှာအပေါ်ဘယ်ဘက်ထောင့်တွင် စကားလုံးတစ်ခုရှိနေပေသည်။

၎င်းမှာအပျော်တမ်းဟူသော၏စကားလုံးပင်ဖြစ်သည်။

တစ်နည်းဆိုသော်ကျိုးဟောင်မှာ ဆော့ဖ်ဝဲလ်နှင့်စာချုပ်မချုပ်ဆိုခဲ့ပေရာ အဆင့်သတ်မှတ်ချက်အတွင်းဝင်နိုင်လျှင်ပင် စာချုပ်အားလက်မှတ်မထိုးထားပါကအထူးအခွင့်အရေးအများအပြားဆုံးရှုံးမည်ဖြစ်သည်။

ကျိုးဟောင်မှာဤအထူးအခွင့်အရေးများအားဂရုမစိုက်ဘဲ ဆန့်ကျင်ဘက်အနေဖြင့်ထိန်းချုပ်မခံရခြင်းအားပိုမိုသဘောကျပေသည်။

သို့သော်ကျိုးဟောင်မှာများများစားစားမစဉ်းစားပေ။ ဤအဆင့်သတ်မှတ်ချက်များကိုလည်းဂရုမစိုက်ပေ။

ထိုအချက်များထက် သူ့ထံတွင်တိုက်ရိုက်ထုတ်လွှင့်ခြင်းနှင့်ပတ်သက်သော အထူးအခွင့်အရေးအချို့ရှိသေးပေသည်။

ဥပမာဆိုရလျှင် ဆန္ဒရှိပါကမည်သူ့ကိုမဆိုတိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ထုတ်ပယ်ပိုင်ခွင့်ရှိပြီး စွမ်းရည်စိိန်ခေါ်ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ပိုင်ခွင့်ရှိပေသည်။

ကျိုးဟောင်မှာအကြည့်လွှဲလိုက်ကာဂရုမစိုက်တော့ပေ။ ဤစာမျက်နှာများအားပိတ်ကာ တိုက်ရိုက်ထုတ်လွှင့်မှုအားဝေမျှရန် မျက်နှာပြင်အားဖွင့်လိုက်သည်။

ဤကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်မှာအတော်ထူးဆန်းပေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအားဖွင့်လှစ်လိုက်ပြီဖြစ်သော်လည်း အများပြည်သူစကားပြောခန်းရှိလူများမှာကျိုးဟောင်စနာမည်အားရူးသွပ်စွာခေါ်ဆိုနေကြဆဲပင်။ ထိုအရာအားကြည့်ကာ ကျိုးဟောင်မှာမျှတသည့်သဘောဖြင့် သူ၏အခန်းနံပါတ်အားရိုက်ကာပို့လိုက်လေသည်။ တစ်ခဏအတွင်း အသုံးပြုသူသန်းတစ်ရာကျော်မှာ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းအလုအယက်ဝင်ရောက်လာခဲ့ကြပေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်ရိုက်ထုတ်လွှင့်မှု၏ရေပန်းစားမှုမှာတစ်ရှိန်ထိုးတက်လာခဲ့သည်။ လူမည်မျှဝင်ရောက်လာကြောင်းမပြသော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုမှာ ချက်ချင်းပင်စာများဖြင့်ပြည့်လျှံခဲ့သွားသည်။

"ဟဟ သခင်ကြီးကနောက်ဆုံးတော့သူ့ကိုယ်ပိုင်တိုက်ရိုက်ထုတ်လွှင့်မှုစပြီ"

"သခင်ကြီး ကျွန်တော်စွမ်းအင်ဘား ၁၀၀ အရင်ဆုံးပေးမယ်"

"ပြီးတော့ကျွန်တော်ရောပဲသခင်ကြီး အလကားတော့မကြည့်နိုင်ပါဘူး အခုပဲလက်ဆောင်တွေဝယ်ပေးမယ်"

ထိုကဲ့သို့သောစာများမှာမျက်နှာပြင်ပေါ်တွင်ပေါ်လာပြီး လက်ဆောင်များသည်လည်းချက်ချင်းပင်ရူးသွပ်စွာထွက်ပေါ်လာခဲ့သည်။

ကျိုးဟောင်၏အသိပေးစာအရေအတွက်မှာ ချက်ချင်းပင်အများအပြားဝင်ရောက်လာခဲ့သည်။ ထို့နောက်ထိုအသိပေးစာများအားမြင်လိုက်ရသည်။

" တောင်တန်းများ၏အရှင်သခင်သိမ်းငှက်'ထံမှ စွမ်းအင်ဘား ၅၀ ရရှိသည့်အတွက် တိုက်ရိုက်ထုတ်လွှင့်သူ 'ငါကသာမန်လူတစ်ယောက်ပါပဲ'အားဂုဏ်ပြုပါသည်"

" 'မူလတန်းကျောင်းသားတစ်ယောက်'ထံမှ စွမ်းအင်ဘား ၃၀ ရရှိသည့်အတွက် တိုက်ရိုက်ထုတ်လွှင့်သူ 'ငါကသာမန်လူတစ်ယောက်ပါပဲ'အားဂုဏ်ပြုပါသည်"

" 'လူအိုကြီးကမအို‌သေးဘူး'ထံမှ စွမ်းအင်ဘား ၃၀ ရရှိသည့်အတွက် တိုက်ရိုက်ထုတ်လွှင့်သူ 'ငါကသာမန်လူတစ်ယောက်ပါပဲ'အားဂုဏ်ပြုပါသည်"

"တိုက်ရိုက်ထုတ်လွှင့်သူ 'ငါကသာမန်လူတစ်ယောက်ပါပဲ'အားဂုဏ်ပြုပါသည် သင်သည် 'ကိုကာကိုလာကအရသာမရှိဘူး'ထံမှ ပလက်တီိနမ်အဆင့်စွမ်းအင်ဘား ၁၀၀ ရရှိပါသည်"

" 'ရက်စက်သောနဂါးတောင်ပေါ်ကိုဆင်းလာပြီ'ထံမှ စွမ်းအင်ဘား ၅၀ ရရှိသည့်အတွက် တိုက်ရိုက်ထုတ်လွှင့်သူ 'ငါကသာမန်လူတစ်ယောက်ပါပဲ'အားဂုဏ်ပြုပါသည်"

ဤအသိစာများမှာတစ်ခုပြီးတစ်ခုဝင်ရောက်လာခဲ့ပေသည်။ ကျိုးဟောင်၏လွယ်အိတ်သည်လည်း တစ်ခဏအတွင်းပြည့်သွားပေရာ မျက်လုံးများမှာတလက်လက်အရောင်တောက်လာခဲ့ပေသည်။

သူ၏အဆင့်မှာလည်းမည်သည့်နံပါတ်မျှမပေါ်ရာမှ ၉၀၀မီလီယံအထိရောက်ရှိလာခဲ့ကာ ချက်ချင်းပင် ၈၀၀မီလီယံအထိတိုးသွားပေသည်။

ကျိုးဟောင်အားလန့်စေသည်မှာ ထိုအဆင့်များသည်ဆက်လက်လျော့ကျနေပြီး ၇၀၀မှ ၆၀၀၊ ၆၀၀ မှ ၅၀၀အထိကပြောင်းလဲသွားပေသည်.....

ဤအရှိန်မှာဒုံးပျံတစ်စင်းစီးသွားသည့်ပမာ အလွန်လျင်မြန်လှပေသည်။

" 'နတ်မိမယ်ယွဲ့လင်'ထံမှ ရှားပါးအဆင့်စွမ်းအင်ဘား ၅၀၀ ရရှိသည့်အတွက် တိုက်ရိုက်ထုတ်လွှင့်သူ 'ငါကသာမန်လူတစ်ယောက်ပါပဲ'အားဂုဏ်ပြုပါသည်"

ထိုအချိန်တွင်နတ်မိမယ်ယွဲ့လင်မှ သူ့အားလက်ဆောင်ပေးလာသည်ကိုမြင်သောအခါ ကျိုးဟောင်မှာချက်ချင်းပင်ပြုံးလိုက်သည်။

တစ်ကြိမ်တည်းဖြင့် အခု၅၀၀ပေးပုံအရ နတ်မိမယ်ယွဲ့လင်သည်တကယ်ပင် ရက်ရောလှပေသည်။

"ဟဟ နတ်မိမယ်ယွဲ့လင်လည်းရောက်လာပြီ သူတကယ်ကြီသခင်ကြီးကိုစွမ်းအင်ဘားတွေအများကြီးလက်ဆောင်ပေးတာပဲ"

"ဒါပေါ့ နတ်မိမယ်ယွဲ့လင်တိုက်ရိုက်ထုတ်လွှင့်တုန်းကသခင်ကြီးကနတ်မိမယ်ယွဲ့လင်ကို စွမ်းအင်ဘားဘယ်လောက်တောင်လက်ဆောင်ပေးခဲ့လဲမင်းသိလား စွမ်းအင်ဘားအခု ၅၀၀ကို အခါ ၅၀၀လောက်ကိုပေးခဲ့တာ"

"သခင်ကြီး အရမ်းမိုက်တယ်"

"သခင်ကြီး အခုလောက်ဆိုကျွန်တော်တို့ကိုဈေးဆိုင်ကိုပြသင့်ပြီနော်"

"ဟုတ်တယ် အားလုံးကဒါကိုစောင့်မျှော်နေကြတာ"

အားလုံးသည်အလောတကြီးကြည့်ချင်နေပြီဖြစ်ရာ ကျိုးဟောင်သည်လည်းအမြန်လိုလာပေသည်။ ထို့ကြောင့်အချိန်မဖြုန်းတော့ဘဲ ဈေးဆိုင်အားစိတ်လှုပ်ရှားစွာဖြင့်ဖွင့်လိုက်သည်။

ကျိုးဟောင်ဈေးဆိုင်အားဖွင့်လိုက်သည့်အချိန်တွင် ကဏ္ဍလေးခုပေါ်လာခဲ့သည်။ တစ်ခုမှာ "ရောင်းချရေးဧရိယာ" နောက်တစ်ခုမှာ "ဝယ်ယူရေးဧရိယာ" ၊ အခြားတစ်ခုမှာ "ပေါင်းစပ်ရေးဧရိယာ" နှင့် နောက်ဆုံးတစ်ခုမှာ "လဲလှယ်ရေးဧရိယာ" တို့ဖြစ်ကြသည်။

ကျိုးဟောင်မှာပြုံးလိုက်မိသည်။ ဤကဏ္ဍများ၏ အဓိပ္ပာယ်မှာရိုးရှင်းပေသည်။

ကျိုးဟောင်မှာလက်ရှိအချိန်တွင်မည်သည့်ပစ္စည်းအား ရောင်းချနိုင်မည်ကိုတွေးကာစိတ်ပူနေပေရာ "ရောင်းချရေးဧရိယာ" အားတန်းဖွင့်လိုက်သည်။

ထိုနေရာအားဝင်ပြီးနောက် စာရင်းတစ်ခုပေါ်လာခဲ့သည်။ ထိုစာရင်းတွင်အမျိုးအစားများစွာပါဝင်ပေသည်။

"သန္ဓေပြောင်းသားရဲများ၊ ကျင့်ကြံရေးသိုင်းများ၊ အပိုင်းအစများ၊ ဆေးလုံးများ နဲ့ လက်နက်များ"

ထိုစာရင်းတွင်အမျိုးအစား စုစုပေါင်း၅မျိုးပါဝင်ပေသည်။ အမျိုးအစားမှာ ၅မျိုးတည်းဆိုသော်ငြား အားလုံးပါဝင်သည်ဟုဆိုနိုင်ပေသည်။

ကျိုးဟောင်မှာတွေဝေမနေဘဲ သန္ဓေပြောင်းသားရဲများဟူသောအတန်းအား တန်းနှိပ်လိုက်သည်။

ချက်ချင်းပင်ထိုနေရာတွင် သန္ဓေပြောင်းသားရဲအမည်များစွာပေါ်လာခဲ့ပြီး အားနည်းသည့်အမျိုးအစားမှ အားကြီးသည့်အမျိုးအစားအထိ အားလုံးရှိပေသည်။

ကျိုးဟောင်မှာ ထိုစာရင်းတွင်ရင်းနှီးနေသောအမည်အချို့ကိုပင်မြင်လိုက်ရလေသည်။

"နယ်မြေ_စကြဝဠာ၇၊ အမည် : မုန်တိုင်းမိစ္ဆာမျောက်ဝံ၊ ခွန်အား : ကောင်းကင်ဘုံအဆင့်တစ်ဝက်၊ ဈေးနှုန်း : ကောင်းကင်ဘုံဒင်္ဂါး ၅၀ ဘီလီယံ"

ကျိုးဟောင်မှာချက်ချင်းပင်ကြက်သေသေသွားခဲ့သည်။ ဤမုန်တိုင်းမိစ္တာမျောက်ဝံ့သည်တကယ်ပင် ဤမျှလောက်တန်ပေသည်။ သို့သော် ကျိုးဟောင်မှာထိုသားရဲအားသတ်ပြီးနောက်အလောင်းအားသိမ်းယူရန်မေ့ခဲ့ပေသည်။

ထို့နောက်ကျိုးဟောင်မှာဆက်လက်ကြည့်ရှုလိုက်သည်။

"နယ်မြေ_စကြဝဠာ၇၊ အမည် : ရွှေချပ်ဝတ်ခေါင်းတိုလိပ် ၊ ခွန်အား : ကောင်းကင်ဘုံအဆင့်တစ်ဝက်၊ ဈေးနှုန်း : ကောင်းကင်ဘုံဒင်္ဂါး ၈၀ ဘီလီယံ"

"နယ်မြေ_စကြဝဠာ၇၊ အမည် : မြေရိုင်းလွှမ်းမိုးနဂါး၊ ခွန်အား : ကောင်းကင်ဘုံအဆင့်တစ်ဝက်၊ ဈေးနှုန်း : ကောင်းကင်ဘုံဒင်္ဂါး ၃၀၀ ဘီလီယံ"

ကျိုးဟောင်မှာထိုအချက်များအားကြည့်ကာအလွန်ပျော်သွားသည်။ ဤသန္ဓေပြောင်းသားရဲများမှာ သူ့အတွက်ရည်ရွယ်ကာဖန်တီးပေးထားသလိုပင်။ ကံကြမ္မာအမှတ်များရရုံသာမက ယခုလိုဈေးကောင်းကောင်းဖြင့်လည်းရောင်းလို့ရသေးပေသည်။

ပြဿနာကိုလည်း ကျိုးဟောင်သေချာပေါက်တွေ့လိုက်ရပေသည်။

၎င်းမှာ နယ်မြေ ၇ဟူသောအရာပင်ဖြစ်သည်။

ကျိုးဟောင်မှာမျက်မှောက်ကြုတ်လိုက်ပြီး အမူအရာမှာပြောင်းလဲသွားခဲ့သည်။

သူသည်တစ်ခုခုအားခန့်မှန်းမိပုံပေါ်ကာ ဆက်လက်ကြည့်လိုက်သည်။

"နယ်မြေ_စကြဝဠာ၆၊ အမည် : သတ္တုအမျိုးသား၊ ခွန်အား : ကောင်းကင်ဘုံအဆင့်တစ်ဝက်၊ ဈေးနှုန်း : ကောင်းကင်ဘုံဒင်္ဂါး ၆၀ ဘီလီယံ"

"နယ်မြေ_စကြဝဠာ၃၊ အမည် : ဇီဝဗေဒစစ်သည် ၊ ခွန်အား : ကောင်းကင်ဘုံအဆင့်တစ်ဝက်၊ ဈေးနှုန်း : ကောင်းကင်ဘုံဒင်္ဂါး ၄၀ ဘီလီယံ"

ကျိုးဟောင်မှာဤအချက်များအားမြင်လိုက်ရချိန်တွင်အသက်ရှူမြန်လာခဲ့ပြီး မဖြစ်နိုင်သောအတွေးတစ်ခုမှာ သူ့ခေါင်းထဲတွင်ချက်ချင်းပင် နေရာယူလာခဲ့သည်။

.................................................................................

အခန်း(၃၆၉) ပြီးပါပြီ။

All Chapters