← Chapters

အခန်း (၃၇၀-၃၇၂)

Vol. 25 Ch. 370-372

အခန်း (၃၇၀-၃၇၂)

Vol. 25 Ch. 370-372

အခန်း (၃၇၀) : ဆိုင်အားလုံးအပါအဝင်

ကျိုးဟောင်အမြဲတမ်းထင်ခဲ့သည်မှာ ကမ္ဘာကြီးမှာတစ်ခုသာတည်ရှိပြီး ၎င်းမှာ ကမ္ဘာဂြိုဟ်ဟုသာထင်မှတ်ခဲ့ခြင်းဖြစ်သည်။ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်သည်လည်း ကမ္ဘာဂြိုဟ်၏လူသားများကိုသာ ဝန်ဆောင်မှုပေးသည်ဟုလည်း ယုံကြည်ခဲ့ပေသည်။

သို့သော်လက်ရှိအချိန်တွင် ဤကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်သည် ကမ္ဘာဂြိုဟ်တစ်ခုတည်းတွင်သာကန့်သတ်ထားခြင်းမဖြစ်နိုင်ပေ။

ကျိုးဟောင်မှာအလွန်ထိတ်လန့်သွားခဲ့သည်။ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်မှာ မည်သည့်အရာဖြစ်ကြောင်းသူတစ်ခါမှမတွေးခဲ့ဖူးပေ။

ဤအချက်အားယခင်ကစူးစမ်းခဲ့ခြင်းမရှိသော်ငြား သူ့ပတ်ဝန်းကျင်ရှိလူများတွင်ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်မရှိပေ။ ဤသို့ဆိုပါကကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်၏ဖိတ်ကြားမှုအား သူမည်ကဲ့သို့ရရှိခဲ့ပါသနည်း။

ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်၏အသုံးပြုသူတစ်ယောက်အနေနှင့် ဤဆော့ဖ်ဝဲလ်သည်သူ့အား ပစ္စည်းများသာမက သာမန်ထက်သာလွန်သောလုပ်ဆောင်ချက်များပါ ယူဆောင်လာပေးနိုင်ကြောင်းကိုကျိုးဟောင်သိပေသည်။

ကျိုးဟောင်မူလကထင်ခဲ့သည်မှာ ဤအရာသည်သူ့အားချမ်းသာစေနိုင်သည့်ရိုးရှင်းသောဆော့ဖ်ဝဲလ်တစ်ခုဟုသာထင်ခဲ့ခြင်းဖြစ်သည်။ သို့သော်ယခုအချိန်တွင် ကြည့်ရသည်မှာဤဆော့ဖ်ဝဲလ်သည် ဤမျှလောက်ရိုးရှင်းပုံမပေါ်ပေ။

ထို့အပြင် ဤစကြဝဠာဟူသောစကားလုံးများမှာ မည်သည့်အဓိပ္ပာယ်ဆောင်ပါသနည်း။ သို့တည်းမဟုတ်ကမ္ဘာဂြိုဟ်၏အပြင်ဘက်တွင် တကယ်ပင်ဂြိုဟ်သားများရှိသည်လော။

ထိုသို့စဉ်းစားမိကာ ကျိုးဟောင်မှာအလွန်ထူးဆန်းသလိုခံစားလာရပေသည်။ဤကဲ့သို့သောစိတ်ကူးယဉ် ဇာတ်လမ်းကြောင်းများမှာ ဝတ္တုများနှင့်ဇာတ်လမ်းများထဲတွင်အမြဲတမ်းပေါ်လာတတ်သော်လည်း ယခုအချိန်တွင် အမှန်တကယ်ဖြစ်လာသည်ဟု ကျိုးဟောင်စိတ်ထဲတွင်ရုတ်တရက်ခံစားလာရပေသည်။

အကြောင်းပြချက်အားကျိုးဟောင်သေချာပေါက်နားမလည်ပေ။ မည်သို့ပင်ဖြစ်စေ သူသည်မွေးဖွားလာစဉ်ကတည်းက ဤသန္ဓေပြောင်းကာလနှောင်းပိုင်းခေတ်တွင်ရှိနေခဲ့ခြင်းဖြစ်ပြီး ယခင်ခေတ်မှလူသားများမှာ သူ့အတွက်အတော်လေးစိမ်းသက်နေပေသည်။

ကျိုးဟောင်မှာဂြိုဟ်သားများ၏တည်ရှိမှုနှင့်ပတ်သက်ပြီးစိတ်လှုပ်ရှားခဲ့ခြင်းမရှိသော်လည်း ယနေ့တွင်အတော်လေးထိတ်လန့်သွားခဲ့ရပေသည်။

ဤသို့ဖြစ်ရသည့်အကြောင်းအရင်းမှာ ဘာကြောင့်များပါလဲ။

ကျိုးဟောင်မှာအသက်သာပြင်းပြင်းရှူလိုက်သည်။ ဤကိစ္စများနှင့်ပတ်သက်ပြီးနားမလည်သော်ငြား လက်ရှိအချိန်တွင်ထပ်မံစဉ်းစားလျှင်လည်းအကျိုးမရှိပေ။

ကျိုးဟောင်မှာဈေးဆိုင်အားဖွင့်လိုက်သောအခါ တိုက်ရိုက်ထုတ်လွှင့်မှုရှိလူအားလုံးမှာထိတ်လန့်သွားခဲ့ကြပြီး အားလုံး၏စာများမှာ မျက်နှာပြင်တွင်ပြည့်နှက်သွားခဲ့သည်။

"ဘုရားရေ မိုက်လိုက်တာ ကြည့်ရတာနောက်ကိုငါဒီဈေးဆိုင်ကိုဖွင့်နိင်တဲ့အချိန်ကျ ပစ္စည်းတွေရောင်းလို့ရပြီ"

"ဈေးဆိုင်ကိုဖွင့်မယ် မင်းကိုယ်မင်းသခင်ကြီးတွေလိုများထင်နေလား"

"ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်မှာအသုံးပြုသူတွေအများကြီးရှိပေမဲ့ ရွေးချယ်ခံထားရတဲ့အနည်းစုပဲဒီစျေးဆိုင်ဆိုတဲ့လုပ်ဆောင်ချက်ကိုဖွင့်လို့ရတာ စိတ်ကူးဘယ်လိုယဉ်ရမလဲဆိုတာတော့သိသားပဲ"

အားလုံးမှာစာများအားဆက်တိုက်ပို့နေပြီး ကျိုးဟောင်သည်လည်းအချက်အလက်များအားဆက်လက်ကြည့်ရှူနေပေသည်။ သို့သော်အားလုံးမှာ အမျိုးမျိုးသောစကြဝဠာများအကြောင်းမည်သည့်စကားများမပြောကြပေရာ အားလုံးသိထားကြပြီးသားကိစ္စဖြစ်နိုင်ပေသည်။

ကျိုးဟောင်သည်လည်းသက်ပြင်းသာချကာ ဘာမှမပြောတော့ပေ။ ထိုအစားသူသည် အခြားနေရာများအားနှိပ်ကာလိုက်လံကြည့်ရှုနေပေသည်။

ဤနေရာတွင်ရောင်းချနိုင်သောပစ္စည်းများစွာရှိပေသည်။ ကျိုးဟောင်မှာထိုပစ္စည်းများအားကြည့်ကာ သူအစောပိုင်းကလျှို့ဝှက်ဆန်းကြယ်သေတ္တာများဖွင့်ရာမှရခဲ့သော အသုံးမဝင်သည့်ရတနာအချို့ကိုပင် ရောင်းချလိုက်လေသည်။

စနစ်မှပစ္စည်းများအားသုံးသပ်ပြီးနောက် အဆင့်အစီရင်ခံစာများပေါ်လာပေသည်။ ရောင်းချသောပစ္စည်းများအရ ဖျက်စီးရေးစွမ်းအား၊ ပုံသွင်းနိုင်စွမ်း အစရှိသဖြင့်တို့အား စစ်ဆေးပြီးနောက် နောက်ဆုံးပြည့်စုံသောအကဲဖြတ်မှုအားဆောင်ရွက်ပေသည်။

ကျိုးဟောင်မှာသေချာပင်မကြည့်ဘဲ အားလုံးကိုရောင်းပစ်လိုက်သည်။ သိပ်မကြာမီ သူ၏ကောင်းကင်ဘုံဒင်္ဂါးအရေအတွက်မှာ ဘီလီယံ ၁၀၀ကျော်သွားခဲ့ပေသည်။

အစောပိုင်းက ကျိုးဟောင်မှာစိန်အဆင့်အသုံးပြုသူဖြစ်လာရန် မည်သို့လုပ်ရမလဲဟူသောအချက်အားတွေးကာ စိတ်ညစ်နေခဲ့သော်လည်း ဤမျှလောက်လျင်မြန်စွာဖြစ်လာနိုင်သည်ဟုမထင်ထားခဲ့ပေ။

ကျိုးဟောင်မှာအံ့ဩနေရင်းပင် "ဝယ်ယူရေးဧရိယာ" အားဖွင့်လိုက်လေသည်။

ဤနေရာသည်လည်း "ရောင်းချရေးဧရိယာ" နှင့်အလားတူပင်ဖြစ်ပြီးအမျိုးအစားများစွာပိုင်းခြားထားပေသည်။ ထို့အပြင် အထဲတွင်ကျိုးဟောင်အားအထင်ကြီးစေသည့် ပစ္စည်းများအားကောင်းမွန်စွာစီထားသည့် အစီအစဥ်တစ်ခုလည်းရှိပေသည်။

လက်နက်များအတွက်အဆင့်သတ်မှတ်သည့်စနစ်ပင်ရှိပြီး အဆင့်မှာ ၁မှ ၁၀အတွင်းဖြစ်ကာ အထူးအဆင့်လက်နက်များ၊ ကမ္ဘာအဆင့်လက်နက်များနှင့် စကြဝဠာအဆင့်လက်နက်များဟူ၍ရှိပေသည်။

ကျိုးဟောင်မှာထိုအရာများအားသေချာမကြည့်ပေ။ မည်သို့ပင်ဖြစ်စေ စောင့်ကြည့်နေသူများစွာရှိပေသည်။ ထို့အပြင်ကျိုးဟောင်ထံတွင်ပိုက်ဆံများရှိနေပြီဖြစ်ရာ ဝယ်ရန်လောမနေပေ။ ထို့ကြောင့်ကောင်းကောင်းရွေးချယ်ပြီးဝယ်ယူနိုင်သည့်အချိန်မှသာ ဝယ်ယူရန်ဆုံးဖြတ်လိုက်သည်။ ထို့အပြင်ယခုသည် တိုက်ရိုက်ထုတ်လွှင့်နေသည်ဖြစ်ပေရာ သူကျင့်ကြံနေသောကျင့်ကြံရေးသိုင်းများအား လူမသိစေချင်ပေ။

ဝယ်ယူရေးဧရိယာအားပိတ်လိုက်ပြီးနောင် ကျိုးဟောင်မှာလဲလှယ်ရေးဧရိယာအားဖွင့်လိုက်သည်။

ဤဧရိယာသည်စိတ်ဝင်စားစရာကောင်းပေသည်။ အထဲတွင်ဘာမှမရှိသော်ငြား ရောင်းချမည့်ပစ္စည်းများကိုဤနေရာတွင်စာရင်းပြုစုပေသည်။

တဲ့တိုးပြောရလျှင် ဤလဲလှယ်ရေးဧရိယာမှာပစ္စည်းများအား မိမိကိုယ်တိုင်ရောင်းချနိုင်ရန်စီစဉ်ထားပေးခြင်းဖြစ်သည်။ ပစ္စည်းများအားလဲလှယ်လို့ပင်ရပေသည်။ နှစ်ဖက်စလုံးကျေနပ်ပါက ကိစ္စမရှိပေ။

မည်သို့ပင်ဖြစ်စေ ဤဧရိယာသည်စိတ်ဝင်စားစရာကောင်းပေသည်။ ယခုအချိန်တွင်ဈေးဆိုင်အားဖွင့်လှစ်နိုင်သည့်အသုံးပြုသူများများစားစားမရှိသေးဘူးဆိုသော်ငြား ယခုထက်ပိုများလာပါက မိမိလိုချင်သောအရာအားသေချာပေါက်လဲလှယ်နိုင်ပေါလိမ့်မည်။

နောက်ဆုံးတစ်ခုမှာ ပေါင်းစပ်ရေးဧရိယာဖြစ်သည်။

ကျိုးဟောင်၏အိတ်ထဲတွင်ဤနေရာတွင်ပေါင်းစပ်ရန်လိုအပ်သည့်အပိုင်းအစများစွာရှိပေသည်။

ဤပေါင်းစပ်ရေးသည်ကျပန်းဖြစ်ပြီး ကံကြမ္မာအမှတ်လည်းလိုအပ်ပေသည်။ ပေါင်းစပ်ရေးအဆင့်မြင့်လေ ကံကြမ္မာအမှတ်ပိုကုန်လေဖြစ်သည်။

ကျိုးဟောင်မှာလျှောက်ကြည့်ပြီးနောက် နားလည်သွားခဲ့သည်။ ဈေးဆိုင်ထဲရှိပစ္စည်းများမှာအချို့ဂိမ်းဆော့ဖ်ဝဲလ်များနှင့်ဆင်ပြီးအတော်လေးရိုးရှင်းပေရာ အမြန်ပင်နားလည်သွားလေသည်။

လက်ရှိအချိန်တွင် ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ထဲမှဈေးဆိုင်ကဏ္ဍအားလေ့လာသည့်ခရီးစဉ်မှာအဆုံးသတ်သွားပြီဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုရှိလူအားလုံးမှာ စိတ်ကျေနပ်စွာဖြင့်အော်ဟစ်လာကြပြီး လက်ဆောင်များမှာမရပ်တန့်တော့ပေ။ လက်ဆောင်ပေးသည့်ကြေညာစာများမှာမျက်နှာပြင်တွင်တောက်လျှောက်ပေါ်လာနေပြီး လူအရေအတွက်သည်လည်း တောက်လျှောက်တိုးလာနေပေသည်။

ကျိုးဟောင်မှာပြုံးကာ အများပြည်သူစကားပြောခန်းတွင် စာသားအချို့ရိုက်ကာပို့လိုက်သည်။

"အားလုံးပဲ လုပ်စရာရှိလို့လိုင်းအရင်ဆင်းနှင့်တော့မယ်နော်"

အားလုံးမှာကျိုးဟောင်အားမဆင်းစေချင်သေးသော်ငြား ဈေးဆိုင်အားမြင်တွေ့လိုက်ရပြီးပြီဖြစ်သည်။ ကျိုးဟောင်၏ကြေညာချက်အားကြားလိုက်သောအခါ အားလုံးမှာနှုတ်ဆက်လာကြလေသည်။

ကျိုးဟောင်မှာပြုံးရင်း တိုက်ရိုက်ထုတ်လွှင့်မှုအားပိတ်လိုက်သည်။

ယခုသူ့ထံတွက်ကောင်းကင်ဘုံဒင်္ဂါးများစွာနှင့် ကံကြမ္မာအမှတ်များစွာရှိနေပြီဖြစ်သည်။ ဈေးဆိုင်၏လုပ်ဆောင်ချက်နှင့်ဆိုပါက ရှေ့လျှောက်အဆင်ပြေတော့မည်ဟုဆိုနိုင်ပေသည်။

အစောပိုင်းကလူအများအပြားစောင့်ကြည့်နေကြပေရာ ကျိုးဟောင်မှာသေချာမလေ့လာရဲပေ။ လက်ရှိအချိန်တွင်သူသည်တိုက်ရိုက်ထုတ်လွှင့်မှုအားပိတ်ကာ သေချာစတင်လေ့လာတော့သည်။

ယခုသူ့ထံတွင်နဂါးနက်လှံရှိနေပြီဖြစ်ပြီး ချပ်ဝတ်ကောင်းကောင်းတစ်ခုလိုအပ်နေသေးပေသည်။ ထို့ကြောင့်ကျိုးဟောင်မှာချပ်ဝတ်ကောင်းကောင်းတစ်ခုဝယ်သင့်သည်ဟုတွေးလိုက်သည်။

ထို့အပြင် လက်ရှိအချိန်တွင်သူ၏ကျင့်ကြံရေးသိုင်းအများစုမှာသုံးရန်မလွယ်ကူတော့ပေရာ ကျင့်ကြံရေးသိုင်းအသစ်များလည်းလိုအပ်ပေသည်။

စင်စစ်သူ့မျက်လုံးထဲတွင် သူ၏လှံတံအားကြုံသလိုထုတ်သုံးရန်မှာမသင့်တော်ပေ။ မည်သို့ပင်ဖြစ်စေလူသားမျိုးနွယ်တစ်ခုလုံးသည်သူ့အားရှာဖွေနေကြပေသည်။

အကယ်၍သူ့အားဖမ်းမိသွားပါက အားလုံးအဆုံးသတ်သွားမည်ဖြစ်သည်။

ထို့ကြောင့်ကျိုးဟောင်မှာခေတ္တမျှစဉ်းစားပြီးနောက် လက်နက်များအားဝယ်ယူရန်သွားရောက်ကြည့်ရှုလေသည်။

ဈေးဆိုင်ရှိပစ္စည်းများမှာအလွန်ဈေးကြီးသည်ဟုဆိုနိုင်ပေသည်။ အထူးတလည်တန်ဖိုးမရှိသောရတနာတစ်ခုပင်ကောင်းကင်ဘုံဒင်္ဂါးသန်း ၁၀၀ကျော်တန်လေသည်။

ကျိုးဟောင်လိုချင်သောချပ်ဝတ်သည်လည်း ၁၀ဘီလီယံကျော်တန်ပေရာ ကျိုးဟောင်မှာအနည်းငယ်စဉ်းစားနေပေသည်။ ထို့အပြင်ထိုပစ္စည်း၏တန်ဖိုးမှာလုံးဝထိုမျှလောက်မတန်ပေ။

သို့သော်ရုတ်တရက်ဆိုသလိုပင် ကျိုးဟောင်မှာပေါင်းစပ်ရေးဧရိယာ၌အလွန်အံ့ဩစရာကောင်းသောချပ်ဝတ်တစ်ခုအားတွေ့လိုက်ရပေသည်။

၎င်း၏ကာကွယ်ရေးမှာသာမန်ထက်ထူးခြားကာ အဆင့်မြှင့်တင်လို့လည်းရပေသည်။

၎င်းအားအစိတ်အပိုင်း ၈ခုခွဲထားကာ အစိတ်အပိုင်းတစ်ခုစီမှာ အဆင့် ၁၀သို့ရောက်ရှိနေပြီဖြစ်သည်။

သူ၏နဂါးနက်လှံမှာ အဆင့် ၁၀သာရှိသေးသည်ဟုဆိုနိုင်ပေသည်။ ထိုအကြောင်းကိုလည်း စမ်းသပ်ပြီးနောက်တွင်သိရှိခဲ့ရခြင်းဖြစ်သည်။

သို့သော် ဤချပ်ဝတ်၏အစိတ်အပိုင်းတစ်ခုစီမှာ အဆင့် ၁၀ သို့ရောက်ရှိပြီးသားဖြစ်ပေရာ ကျိုးဟောင်မှာစိတ်မဝင်စားဘဲမနေနိုင်တော့ပေ။

ကျိုးဟောင်မှာချက်ချင်းပင် ဤပစ္စည်း၏မိတ်ဆက်အကြောင်းအရာအားဖွင့်ကာသေချာဖတ်လိုက်သည်။ ထိုပစ္စည်းအကြောင်းပိုသိလာရလေ ပိုအံ့ဩရလေဖြစ်သည်။

ဤပစ္စည်းအားမတူညီသောစကြဝဠာတွင်သွန်လုပ်ထားပြီး အကြမ်းခံပေသည်။ ၎င်းမှာလူဖန်တီးထားသောဝိဉာဉ်ပါရှိသည့် စကြဝဠာအဆင့်ရတနာတစ်ခုဖြစ်သည်။ နှမြောစရာကောင်းသည်မှာ၎င်းသည်စစ်ပွဲအတွင်းတွင်ဖျက်စီးခံလိုက်ရပြီး အစိတ်အပိုင်း ၈ခုအဖြစ်ကွဲသွားခဲ့ပေသည်။

အစိတ်အပိုင်းတိုင်းတွင် မတူညီသောလုပ်ဆောင်ချက်များရှိသည်။ ထိုအစိတ်အပိုင်း ၈ခုလုံးမှာချပ်ဝတ်၏အစိတ်အပိုင်းများဖြစ်ကြသော်လည်း အစိတ်အပိုင်းတစ်ခုစီတိုင်းမှာ ချပ်ဝတ်စကြဝဠာအဆင့်ရောက်ရှိသည်အထိ ဝတ်ဆင်သူ၏အဆင့်အားတိုးမြှင့်ပေးနိုင်ပေသည်။

သို့သော်ဤအချက်များသည် ရိုးရှင်းသောမိတ်ဆက်တစ်ခုသာဖြစ်ပြီးမပြည့်စုံပေ။ ထိုသို့ဆိုသော်ငြားကျိုးဟောင်မှာ ဤချပ်ဝတ်အားစိတ်ဝင်စားဆဲပင်ဖြစ်သည်။

ကျိုးဟောင်သည်ချက်ချင်းပင်ဤပစ္စည်းအားမည်သို့ဝယ်ယူရမလဲဆိုသည်အားစစ်ဆေးပြီးနောက် ဝယ်ယူလို့မရမှန်းသဘောပေါက်သွားလေသည်။ ထိုပစ္စည်းအားလျှို့ဝှက်ဆန်းကြယ်သေတ္တာများအားဖွင့်ခြင်းဖြင့်သာရရှိနိုင်ပေသည်။

ထို့အပြင်လျှို့ဝှက်ဆန်းကြယ်သေတ္တာအားဖွင့်ရာမှရရှိမည့်အစိတ်အပိုင်းသည်လည်း ၄ပိုင်းသာရှိပြီး ကျန် ၄ပိုင်းမှာယခုအချိန်အထိပျောက်ဆုံးနေဆဲပင်ဖြစ်သည်။

.................................................................................

အခန်း(၃၇၀) ပြီးပါပြီ။

အခန်း (၃၇၁) : ရှောင်ယွီ

ကျိုးဟောင်မှာမျက်မှောင်ကြုတ်သွားခဲ့သည်။ ထိုအစိတ်အပိုင်းအားလုံးအားမရနိုင်သည့်အချက်အားတွေးကာ ကျိုးဟောင်မှာစိတ်ညစ်သွားပေသည်။

သို့သော်မည်သို့ပင်ဖြစ်စေ ငှက်မွေးတစ်ထောင်ချပ်ဝတ်မှာသာမန်ထက်လွန်ကဲသောစွမ်းရည်မျိုးရှိကြောင်း ကျိုးဟောင်ခံစားရပေရာ ဤပစ္စည်းအားရရန်ဈေးဆိုင်အားဖွင့်ခဲ့သည့်အချက်အားအသုံးချသင့်ပေသည်။

မည်သို့ပင်ဖြစ်စေ ငှက်မွေးတစ်ထောင်ချပ်ဝတ်မှာတိုက်စစ်နှင့်ထိုးစစ်အားပေါင်းစပ်ထားခြင်းဖြစ်သည်။ ချပ်ဝတ်မှာခုခံနိုင်ပြီး တိုက်လည်းတိုက်ခိုက်နိုင်ပေသည်။ ထို့အပြင် ၅ထောင်ကီလိုဂရမ်ရှိသောအားကိုလည်း ခံနိုင်ရည်ရှိပေသည်။

၎င်း၏ငှက်မွေးတစ်ထောင်ဓားသွားသည်လည်း ရန်သူများအားသတ်နိုင်ပေသည်။

၎င်းမှာအလွန်ပြည့်စုံသောရတနာတစ်ခုဟုဆိုနိုင်ပေသည်။

အရေးကြီးဆုံးအချက်မှာ ဤငှက်မွေးတစ်ထောင်ချပ်ဝတ်တွင် တောင်ပံတစ်စုံပါရှိခြင်းပင်ဖြစ်သည်။ ၎င်းအားအသုံးပြုချိန်တွင် အသုံးပြုသည့်လူအားအလွန်လျင်မြန်စေပေသည်။ ကျိုးဟောင်မှာထိုအချက်အားကြည့်ပြီးနောက် ၎င်း၏အရှိန်မှာသူ၏ရွှေကျီးလွတ်မြောက်ရေးသိုင်းထက်ပင်ပိုမြန်ကြောင်း သိလိုက်ရပေသည်။

ဤအယူအဆသည်မည်ကဲ့သို့သောအယူအဆမျိုးဆိုသည်ကို ကျိုးဟောင်မှာစဉ်းပင်စဉ်းစားလို့မရပေ။

ထိုသို့တွေးမိပြီးနောက်ကျိုးဟောင်မှာ ကောင်းကင်ဘုံဒင်္ဂါး ၁၀၀ ဘီလီယံအား လျှို့ဝှက်ဆန်းကြယ်သေတ္တာအခု ၁၀၀၀နှင့်လဲလှယ်ကာဖွင့်ရန်ပြင်လိုက်သည်။

ဤစိန်လျှို့ဝှက်ဆန်းကြယ်သေတ္တာ၏ပစ္စည်းရနှုန်းမှာအလွန်နိမ့်သော်လည်း ပလက်တီနမ်အဆင့်လျှို့ဝှက်ဆန်းကြယ်သေတ္တာထက်တော့ ပို၍သေချာပေသည်။

လျှို့ဝှက်ဆန်းကြယ်သေတ္တာအားဖွင့်ကာ ပလက်တီနမ်အဆင့်လျှို့ဝှက်ဆန်းကြယ်သေတ္တာကဲ့သို့ပင် ကျင့်ကြံရေးသိုင်းများ၊ လက်နက်များ အစရှိသည်တို့အားဖြည့်စွက်လိုက်သည်။

ထို့အပြင်ယခုတစ်ခေါက်တွင် ကျိုးဟောင်သည်နာမည်အားတန်းဖြည့်လိုက်သည်။ အကယ်၍သူပစ္စည်းတစ်ခုအားလိုချင်ပါက တန်းဖြည့်လိုက်ရုံတင်ဖြစ်သည်။ ထိုသို့ဖြည့်ပြီးပါက မိမိလိုချင်သည့်ပစ္စည်းရလာနိုင်သည့်နှုန်းမှာ သေချာသောဖြစ်နိုင်ခြေရှိပေသည်။

အကယ်၍ထိုပစ္စည်းမကျလျှင်တောင် အခြားဆုလာဘ်များစွာရှိသေးပေသည်။

ကျိုးဟောင်မှာစကားတစ်ခွန်းမှမပြောဘဲ ကွက်လပ်‌နေရာတွင်ငှက်မွေးတစ်ထောင်ချပ်ဝတ်နှင့် နတ်ဘုရားဖျက်စီးသိုင်းအားတန်းထည့်လိုက်ပေသည်။ ထို့နောက် လျှို့ဝှက်ဆန်းကြယ်သေတ္တာအားစဖွင့်တော့သည်။

ပလက်တီနမ်အဆင့်လျှို့ဝှက်ဆန်းကြယ်သေတ္တာနှင့်ယှဉ်ပါက စိန်လျှို့ဝှက်ဆန်းကြယ်သေတ္တာမှာပို၍သီးသန့်ဆန်ပေသည်။ ရွှေအဆင့်အထက်အသုံးပြုသူများသာထိုပစ္စည်းများအားမြင်နိုင်ပေသည်။ အခြားမည်သူမျှကျိုးဟောင်၏ဆုလာဘ်အားမမြင်ရပေ။

"တီ... လျှို့ဝှက်ဆန်းကြယ်သေတ္တာအားဖွင့်ပြီး ရှားပါးအဆင့်ပစ္စည်း _ ခရမ်းရောင်နဂါးချပ်ဝတ် အားရရှိသည့်အတွက်ဂုဏ်ယူပါသည်။ ဤပစ္စည်းအားသင့်အိတ်ထဲတွင် သိမ်းဆည်းလိုက်ပါပြီ ကျေးဇူးပြု၍မှတ်သားထားပေးပါ"

"တီ...လျှို့ဝှက်ဆန်းကြယ်သေတ္တာအားဖွင့်ပြီး ရှားပါးအဆင့်ပစ္စည်း _ သွေးပန်း ချီကျင့်ကြံရေးသိုင်းအားရရှိသည့်အတွက်ဂုဏ်ယူပါသည်။ ဤပစ္စည်းအားသင့်အိတ်ထဲတွင် သိမ်းဆည်းလိုက်ပါပြီ ကျေးဇူးပြု၍မှတ်သားထားပေးပါ"

"တီ... လျှို့ဝှက်ဆန်းကြယ်သေတ္တာအားဖွင့်ပြီး ရှားပါးအဆင့်ပစ္စည်း _ ငွေနဂါးချပ်ဝတ် အားရရှိသည့်အတွက်ဂုဏ်ယူပါသည်။ ဤပစ္စည်းအားသင့်အိတ်ထဲတွင် သိမ်းဆည်းလိုက်ပါပြီ ကျေးဇူးပြု၍မှတ်သားထားပေးပါ"

"တီ...လျှို့ဝှက်ဆန်းကြယ်သေတ္တာအားဖွင့်ပြီး ရှားပါးအဆင့်ပစ္စည်း _ ကြယ်စင်ခုနစ်သွယ်ချပ်ဝတ် အားရရှိသည့်အတွက်ဂုဏ်ယူပါသည်။ ဤပစ္စည်းအားသင့်အိတ်ထဲတွင် သိမ်းဆည်းလိုက်ပါပြီ ကျေးဇူးပြု၍မှတ်သားထားပေးပါ"

"တီ....လျှို့ဝှက်ဆန်းကြယ်သေတ္တာအားဖွင့်ပြီး ရှားပါးအဆင့်ပစ္စည်း _ မီးတောက်ချပ်ဝတ် အားရရှိသည့်အတွက်ဂုဏ်ယူပါသည်။ ဤပစ္စည်းအားသင့်အိတ်ထဲတွင် သိမ်းဆည်းလိုက်ပါပြီ ကျေးဇူးပြု၍မှတ်သားထားပေးပါ"

ကျိုးဟောင်မှာစိန်လျှို့ဝှက်ဆန်းကြယ်သေတ္တာများအားရူးသွပ်စွာဖွင့်နေသော်လည်း သူလိုချင်သောပစ္စည်းများများစားစားမရပေ။ အများစုမှာချပ်ဝတ်များနှင့်ကျင့်ကြံရေးသိုင်းများဖြစ်သည်။

သူလိုချင်သော နတ်ဘုရားဖျက်စီးသိုင်း သို့မဟုတ် ငှက်မွေးတစ်ထောင်ချပ်ဝတ်တို့အား မရပေ။

"တီ... လျှို့ဝှက်ဆန်းကြယ်သေတ္တာအားဖွင့်ပြီး ဒဏ္ဍာရီအဆင့်ပစ္စည်း _ ရေခဲဧကရာဇ်ချပ်ဝတ် အားရရှိသည့်အတွက်ဂုဏ်ယူပါသည်။ ဤပစ္စည်းအားသင့်အိတ်ထဲတွင် သိမ်းဆည်းလိုက်ပါပြီ ကျေးဇူးပြု၍မှတ်သားထားပေးပါ"

ထိုအချိန်တွင် ရေခဲဧကရာဇ်ချပ်ဝတ်အားမြင်လိုက်ရ‌ပေရာ ကျိုးဟောင်၏အမူအရာမှာပြောင်းလဲသွားခဲ့သည်။

ဤချပ်ဝတ်သည် ဒဏ္ဍာရီအဆင့်ရတနာတစ်ခုဖြစ်ကာ တကယ်ပင်အဆင့် ၁၀အထိရောက်ရှိနေပြီဖြစ်သည်။

ထို့အပြင်ဤချပ်ဝတ်၏ ရေခဲကြွက်သားခန္ဓာကိုယ်နှင့်လိုက်ဖက်မှုမှာ ၁၀၀ရာခိုင်နှုန်းရှိပေရာ ဤအချက်သည်ကျိုးဟောင်အားအလွန်ပျော်ရွှင်စေလေသည်။

ရှုလင်ထံတွင်ရေခဲကြွက်သားခန္ဓာကိုယ်ရှိပေရာ ဤချပ်ဝတ်သည်သူမအတွက်အသင့်တော်ဆုံးဖြစ်သည်။

ကျိုးဟောင်မှာထိုပစ္စည်းအား အလျင်အမြန်ပင်သိမ်းဆည်းလိုက်ကာ ဤရတနာကို ရှုလင်အားအခွင့်အရေးရှာကာပေးရန်ပြင်လိုက်လေသည်။ ထို့နောက်တွေဝေနေခြင်းမရှိဘဲလျှို့ဝှက်ဆန်းကြယ်သေတ္တာအား ဆက်ဖွင့်လေသည်။

စိန်လျှို့ဝှက်ဆန်းကြယ်သေတ္တာများမှာ တကယ်ပင်သာမန်ထက်ထူးကဲလှပြီး ကံကြမ္မာအမှတ်အများအပြားလည်းကုန်ပေသည်။ မိနစ်အနည်းငယ်အတွင်းမှာပင် ကံကြမ္မာအမှတ်တစ်ဝက်နီးပါးကုန်သွားပြီဖြစ်သော်လည်း ငှက်မွေးတစ်ထောင်ချပ်ဝတ်အားယခုအချိန်ထိမရသေးပေ။

ကျိုးဟောင်မှာသက်ပြင်းသာချလိုက်သည်။ လက်ရှိအချိန်တွင်တကယ်ကိုလက်မလျှော့ချင်ပေ။

ကျိုးဟောင်မှာစိတ်မပါသော်ငြား အများပြည်သူစကားပြောခန်းမှာ စာအများအပြားဖြင့်ပြည့်နေဆဲပင်ဖြစ်ကာ ကျိုးဟောင်အားတွေ့သောရွှေအဆင့်အသုံးပြုသူများနှင့် အခြားလူများမှာချက်ချင်းပင်ဂုဏ်ပြုလာကြသည်။

"‌@ငါကသာမန်လူတစ်ယောက်ပါပဲ အရမ်းစွမ်းအားကြီးတာပဲ အခုမှဈေးဆိုင်ကိုဖွင့်ပြီးခါစပဲရှိသေးတာကို အခုလျှို့ဝှက်ဆန်းကြယ်သေတ္တာကိုထပ်ဖွင့်ပြန်ပြီ"

"ပြီးတော့......ရှားပါးအဆင့်ရတနာတွေလည်းအများကြီးပဲ @ငါကသာမန်လူတစ်ယောက်ပါပဲ သခင်ကြီးကိုကိုးကွယ်ပါတယ်"

"ဟဟဟ သခင်ကြီးကတော့တကယ်သာမန်ထက်ထူးကဲတာပဲ သူဒီနေ့သေချာပေါက်သမိုင်းစာအုပ်တွေမှာ မှတ်တမ်းတင်ခံရတော့မှာ"

စာများမှာမျက်နှာပြင်တွင်ရူးသွပ်စွာပေါ်လာနေသော်လည်း ကျိုးဟောင်မှာလျစ်လျူရှုကာ လျှို့ဝှက်ဆန်းကြယ်သေတ္တာများအားရူးသွပ်စွာဖွင့်နေပေသည်။

ကျိုးဟောင်သည်ငှက်မွေးတစ်ထောင်ချပ်ဝတ်အားရရမည်ဟု ဆုံးဖြတ်ထားပေသည်။ သူ၏ပိုက်ဆံအားလုံးနှင့်ကံကြမ္မာအမှတ်အကုန်လုံးအားသုံးလိုက်ရလျှင်ပင် ဂရုမစိုက်ပေ။

သို့သော် ကျိုးဟောင်မှာဤမျှရှားပါးအဆင့်ရတနာများစွာရထားပေရာ ထိုပစ္စည်းများအားပြန်ရောင်းပါက ပိုက်ဆံမရှားပေ။ သူလိုအပ်သောအရာမှာကံကြမ္မာအမှတ်သာဖြစ်သည်။

သို့သော် အကယ်၍ငှက်မွေးတစ်ထောင်ချပ်ဝတ်အားရပါက ကျိုးဟောင်မှာကောင်းကင်ဘုံအဆင့်သို့ချက်ချင်းပင်ခြေလှမ်းနိုင်မည်ဖြစ်သည်။

သူ့ထံတွင်နတ်ဘုရားသတ်ဖြတ်ရေးသိုင်းရှိနေပြီဖြစ်ပြီး မူလကျောက်စာကိုလည်းသင်ယူခဲ့ပြီးပြီဖြစ်သည်။ ငှက်မွေးတစ်ထောင်ချပ်ဝတ်သာရပါက ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲတစ်ကောင်အားသတ်ခြင်းသည် ခွေးတစ်ကောင်အားသတ်သကဲ့သို့လွယ်ကူပေလိမ့်မည်။

သူသာဂရုစိုက်ပါက အကောင်ရေအနည်းငယ်လောက်သတ်ရုံဖြင့်အန္တရာယ်မရှိနိုင်ပေ

စိတ်ထဲတွင်ထိုသို့တွေးကာ ကျိုးဟောင်မှာလျှို့ဝှက်ဆန်းကြယ်သေတ္တာများအား ရူးသွပ်စွာဖွင့်နေပေသည်။

နော‌က်ဆုံးတွင် တီခနဲအသံတစ်ခုနှင့်အတူ ကျိုးဟောင်၏အမူအရာမှာပြောင်းလဲသွားခဲ့သည်။

"တီ...လျှို့ဝှက်ဆန်းကြယ်သေတ္တာအားဖွင့်ပြီး ဘုရင်အဆင့်ပစ္စည်း _ ငှက်မွေးတစ်ထောင်ချပ်ဝတ်အစိတ်အပိုင်း အားရရှိသည့်အတွက်ဂုဏ်ယူပါသည်။ ဤပစ္စည်းအားသင့်အိတ်ထဲတွင် သိမ်းဆည်းလိုက်ပါပြီ ကျေးဇူးပြု၍မှတ်သားထားပေးပါ"

ထိုစာအားမြင်လိုက်ရပြီးနောက် ကျိုးဟောင်မှာအလွန်စိတ်လှုပ်ရှားသွားခဲ့သည်။

ထို့နောက်တွေဝေမနေဘဲ ကျောပိုးအိတ်အားဖွင့်ကာ ထိုပစ္စည်းအားစစ်ဆေးလိုက်သည်။

သို့သော်ပစ္စည်းအားမြင်လိုက်ရချိန်တွင် ကျိုးဟောင်၏အမူအရာမှာပျက်ယွင်းသွားခဲ့သည်။ ဤပစ္စည်းသည်ငှက်မွေးတစ်ထောင်ချပ်ဝတ်မဖြစ်နိုင်ပေ။

သူ့အမြင်တွင် ဤပစ္စည်းသည်အမှိုက်ပုံတစ်ခုသာဖြစ်သည်။

၎င်းသည်သွေးများနှင့်စွန်းထင်းနေရုံသာမကသံချေးလည်းတက်နေပေသည်။

ကျိုးဟောင်မှာလှည့်စားခံလိုက်ရသလို ခံစားလိုက်ရသော်လည်း ဒီတိုင်းတော့လွှတ်မပစ်လိုက်နိုင်ပေ။ မည်သို့ပင်ဖြစ်စေ ဤပစ္စည်းအားရရန်ကံကြမ္မာအမှတ်နှင့် ကောင်းကင်ဘုံဒင်္ဂါးများစွာသုံးခဲ့ရပေသည်။

ထို့ကြောင့်အံကြိတ်ကာသာ ဖွင့်လိုက်သည်။

တီ! ငှက်မွေးတစ်ထောင်ချပ်ဝတ်အားအသက်သွင်းပြီးပါပြီ လက်ခံသူကျေးဇူးပြုပြီးသင်၏သွေးစက်အားချပ်ဝတ်ပေါ်သို့ချပေးပါ

ထိုပစ္စည်းအားဖွင့်လိုက်သည်နှင့် ခံစားချက်မပါသောအလွန်သိမ်မွေ့သည့်အသံတစ်ခုထွက်ပေါ်လာခဲ့ပေသည်။

ဤအရာသည်ငှက်မွေးတစ်ထောင်ချပ်ဝတ်၏လူဖန်တီးထားသောဝိဉာဉ်ဖြစ်ကြောင်း ကျိုးဟောင်သိထားသော်လည်း ယခုလိုအမှိုက်အဖြစ်ပြောင်းသွားပြီးနောက် ၎င်းမှာယခုအချိန်အထိရှင်သန်နေဦးမည်ဟုမထင်ထားခဲ့ပေ။

ထို့နောက်ကျိုးဟောင်မှာတွေဝေမနေဘဲ သွေးစက်အားချကာအမှတ်အသားပြုလိုက်သည်။

တစ်ခဏအတွင်း ကျိုးဟောင်မှာဤငှက်မွေးတစ်ထောင်ချပ်ဝတ်အား နှုတ်ဆက်လိုက်သလိုခံစားလိုက်ရပြီးတစ်ချိန်တည်းမှာပင် ချပ်ဝတ်၏ဒဏ်ရာများမှာမည်မျှပြင်းထန်ကြောင်းကိုလည်း ခံစားမိလိုက်ပေသည်။

"မင်္ဂလာပါသခင် ကျွန်တော်ကရှောင်ယွီပါ"

သခင်ဖြစ်သူအားအောင်မြင်စွာမှတ်သားပြီးနောက် ငှက်မွေးတစ်ထောင်ချပ်ဝတ်၏လူဖန်တီးထားသောစိတ်ဝိဉာဉ်မှာ တကယ်ပင်ပါးစပ်ဖွင့်ကာစကားပြောလာခဲ့သည်။ ၎င်း၏ပုံစံအရ အသိဉာဏ်အချို့ကျန်ရှိနေပုံပင်။

"ရှောင်ယွီ မင်းအခုဒီလောက်ဒဏ်ရာအပြင်းအထန်ရထားတာ မင်းပြန်သက်သာဖို့ငါဘယ်လိုလုပ်ပေးလို့ရမလဲ"

ကျိုးဟောင်မှမေးလိုက်သည်။

"သခင် ကျွန်တော်ကိုယ့်ကိုယ်ကိုယ်ပြန်ပြင်ဖို့အတွက်ဆို ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအင်အနှစ်သာရကို စုပ်ယူဖို့လိုပါတယ်"

"မင်းကမင်းဘာသာပြန်ပြင်နိုင်တယ်လား"

ကျိုးဟောင်မှာ ထိုစကားအားကြားလိုက်ရချိန်တွင် ချက်ချင်းပင်ထိတ်လန့်သွားခဲ့သည်။

"ဟုတ်ပါတယ်သခင် ကျွန်တော်ကကိုယ့်ဘာသာပြန်ပြင်နိုင်ပါတယ်"

လက်နက်ဝိဉာဉ်လေးမှာ ချက်ချင်းပင်ပြန်ပြောလိုက်သည်။

ကျိုးဟောင်မှာအတော်လေးအံ့ဩသွားခဲ့သည်။ ထို့နောက်ခေတ္တမျှစဉ်းစားကာမေးလိုက်သည်။

"ရှောင်ယွီ ငှက်မွေးတစ်ထောင်ချပ်ဝတ်က တကယ်ကြီး၈ပိုင်းဖြစ်သွားတာလား အဲဒီအပိုင်းတွေကဘာတွေလဲ ပြီးတော့မင်းကရောဘာလဲ မင်းကဘယ်အစိတ်အပိုင်းနဲ့ပတ်သက်နေတာလဲ"

ကျိုးဟောင်ဤမေးခွန်းအားမေးသည်မှာ ငှက်မွေးတစ်ထောင်ချပ်ဝတ်၏အခြေအနေအားနားလည်ချင်၍သာဖြစ်သည်။

"သခင် ငှက်မွေးတစ်ထောင်ချပ်ဝတ်ရဲ့အစိတ်အပိုင်းက ၈ပိုင်းရှိပါတယ် ငှက်မွေးတစ်ထောင်ချပ်ဝတ်ရဲ့အခြားအစိတ်အပိုင်း ၇ခုကို အားလုံးကျွန်တော်ကပဲထိန်းချုပ်တာပါ"

"ဒါပေမဲ့ ရှောင်ယွီကဒဏ်ရာအပြင်းအထန်ရသွားပြီးတော့ အခြားအစိတ်အပိုင်း ၇ခုရဲ့လုပ်ဆောင်ချက်တွေကိုမေ့သွားပါပြီ အခြားအစိတ်အပိုင်းတွေကိုရှာပြီး ပြည့်စုံအောင်ပေါင်းစပ်မှပဲ ရှောင်ယွီကမူလအခြေအနေကိုပြန်ရောက်မှာပါ"

ထိုစကားအားကြားသောအခါ ကျိုးဟောင်မှာသက်ပြင်းသာချမိပြီး အတော်လေးစိတ်ညစ်သွားခဲ့သည်။ ယခုလိုဖြစါမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

"ကောင်းပြီလေ မင်းပြန်ကောင်းဖို့ကိုငါအရင်ကူညီပေးမယ်...ပြော မင်းပြန်ကောင်းဖို့ငါဘာလုပ်ပေးရမလဲ"

ကျိုးဟောင်မှမေးလိုက်သည်။

....................................................................................

အခန်း(၃၇၁) ပြီးပါပြီ။

အခန်း (၃၇၂) : ဆွေးနွေးခြင်း

"သခင် ကျွန်တော်ပြန်ကောင်းဖို့ဆိုသန့်စင်တဲ့စွမ်းအင်အနှစ်သာရပမာဏအများအပြားလိုပါတယ်"

ကျိုးဟောင်မှာခေါင်းညိတ်ပြကာ ရှားပါးအဆင့်စွမ်းအင်ဘားအားထုတ်ယူလိုက်သည်။

"ဒီပစ္စည်းကမင်းကိုကူညီနိုင်လား"

ထိုသို့ပြောလိုက်သည်နှင့် သူ၏အိတ်ထဲရှိငှက်မွေးတစ်ထောင်ချပ်ဝတ်မှာလျင်မြန်စွာလှုပ်ရှားသွားကာ ရှားပါးအဆင့်စွမ်းအင်ဘားအပေါ်တွင် လင်းလက်နေကြောင်းကိုမြင်လိုက်ရပေသည်။

"စိတ်မကောင်းပါဘူးသခင် ဒီပစ္စည်းရဲ့စွမ်းအင်ကအရမ်းနိမ့်လို့ကျွန်တော့်ကိုမကူညီနိုင်ပါဘူး"

ကျိုးဟောင်မှာထိုစကားအားကြားကာအလွန်စိတ်ညစ်သွားခဲ့သည်။ မည်သို့ပင်ဖြစ်စေပလက်တီနမ်အဆင့်စွမ်းအင်ဘားသည် သူ့မျက်လုံးထဲတွင်အဖိုးတန်သောပစ္စည်းတစ်ခုဖြစ်သည်။

ထိုသို့စဉ်းစားရင်း ကျိုးဟောင်မှာရှားပါးအဆင့်စွမ်းအင်ဘားတစ်ခုအားထုတ်လိုက်သည်။

"ဒါဆိုရင်ရော"

အလင်းတန်းလေးမှာလျင်မြန်စွာလှုပ်ရှားသွားပြီးနောက် ရှောင်ယွီမှပြောလာလေသည်။

"ဒါကအဆင်ပြေပါတယ် ဒါပေမဲ့ရှောင်ယွီ....ဒီပစ္စည်း ၉၉.၉သန်းလိုပါတယ်"

"သေစမ်း"

အေးဆေးကာတည်ငြိမ်သည့်စိတ်ထားစရိုက်ရှိသောကျိုးဟောင်ပင်ကျိန်ဆဲလိုက်မိသည်။

ဤမျှလောက်ပမာဏဆိုပါက ကျိုးဟောင်ကျောက်ကပ်အားထုတ်ရောင်းလိုက်လျှင်ပင်အသုံးမဝင်ပေ။

ကျိုးဟောင်မှာအံကြိတ်ကာ ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်ကိုသာထုတ်ယူလိုက်တော့သည်။

"ဒါကငါ့မှာရှိသမျှထဲမှာ တန်ဖိုးအကြီးဆုံးအရင်းအမြစ်ပဲ ဒါကအလုပ်ဖြစ်မဖြစ်တစ်ချက်ကြည့်ကြည့်ပါဦး"

ကျိုးဟောင်၏စကားဆုံးသည်နှင့် ရှောင်ယွီမှစစ်ဆေးကာပြန်ပြောလာသည်။

"ဒါကအဆင်ပြေပါတယ် ဒါမျိုးဆိုကျွန်တော်အခု ၃သောင်း၃ထောင်လိုပါလိမ့်မယ်"

ကျိုးဟောင်မှာ ထိုစကားအားကြားပြီးနောက်ပိုင်းတွင်လည်းအတော်လေးစိတ်ညစ်နေရဆဲပင်ဖြစ်သည်။ ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက် ၃သောင်း၃ထောင်မှာ သေးငယ်သောပမာဏမဟုတ်ပေ။ သံမဏိအရိုးဝက်ဝံဘုရင်တွင် ထိုကျောက်များစွာရှိသော်လည်း သူ့ထံတွင်စွမ်းအင်ဘားများများစားစားမရှိပေ။ အတင်းအကြပ်အားသုံးကာရယူမှသာဖြစ်နိုင်ပေလိမ့်မည်။

ကျိုးဟောင်မှာအခြားရွေးချယ်စရာမရှိကြောင်းသဘောပေါက်လိုက်ပေသည်။

"‌ဒါနဲ့ မင်းပြန်သက်သာမလာခင်ဘာလုပ်နိုင်လဲ"

ကျိုးဟောင်မှာအခုချိန်တွင် အနည်းငယ်နောင်တရနေပြီဖြစ်သည်။

အကယ်၍လက်ရှိအချိန်တွင်ဤချပ်ဝတ်အား မည်သည့်နေရာတွင်မှသုံးမရပါက ၎င်းသည်အကြီးစားအလိမ် အညာတစ်ခုသာဖြစ်ပေလိမ့်မည်။

"သခင်ရှောင်ယွီ့ကိုအသုံးပြုဖို့ဆို လုပ်ဆောင်ချက်ရဲ့ ၃၀ရာခိုင်နှုန်းအထိပြန်ကောင်းဖို့လိုပါတယ်"

"၃၀ ရာခိုင်နှုန်း...ကောင်းပြီလေ ငါမင်းအတွက်နည်းလမ်းတစ်ခုစဉ်းစားလိုက်မယ်"

ကျိုးဟောင်မှာထိုသို့ပြောပြီးနောက် ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်မှထွက်လိုက်သည်။

ကျိုးဟောင်သည်ဥက္ကဌကျိုးဟူသောသရုပ်အားဆုံးရှုံးခဲ့ရသော်ငြား ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်၏ဈေးဆိုင်လုပ်ဆောင်ချက်အားဖွင့်လှစ်နိုင်ခဲ့ကာ ငှက်မွေးတစ်ထောင်ချပ်ဝတ်အားရရှိခဲ့ရုံဖြင့် အတော်လေးကျေနပ်နေပြီဖြစ်သည်။

ယခုသူ့ထံတွင်ရည်ရွယ်ချက် ၂ခုသာရှိသည်။ ပထမတစ်ခုမှာ ငှက်မွေးတစ်ထောင်ချပ်ဝတ်အားပြန်လည်ကောင်းမွန်စေလိုခြင်းဖြစ်ကာ ဒုတိယတစ်ခုမှာကောင်းကင်ဘုံအဆင့်အားချိုးဖောက်ရောက်ရှိလိုခြင်းဖြစ်သည်။

သူ၏ခွန်အားမှာမလုံလောက်သေးပေ။ အကယ်၍ လုံလောက်ပါက သူ့အတွက်မူလကျောက်စာ ၏အကူအညီလိုအပ်တော့မည်မဟုတ်ပေ။ အကယ်၍သူသာမြေရိုင်းလွှမ်းမိုးနဂါးအားတစ်ချက်တည်းဖြင့်သတ်နိုင်ပါက အလိုရှိသောလူဖြစ်လာမည့်အဖြစ်မှ ရှောင်ရှားနိုင်မည်ဖြစ်သည်။

ထိုသို့ဆိုလျှင်တောင် ယခုမှနောင်တရရန်မှာအလွန်နောက်ကျသွားပြီဖြစ်သည်။

၇ ခုမြောက်အက်ကွဲကြောင်းတွင်ဖြစ်ပွားခဲ့သော ယခုလိုကြိုတင်မခန့်မှန်းနိုင်သောဖြစ်ရပ်မျိုးကြောင့် အဆင့်မြင့်အသင်းများမှာမလေ့ကျင့်ရဘဲ မြို့တော်သို့ပြန်လည်ပို့ဆောင်ခံခဲ့ရပေသည်။ လမ်းတွင် ထိုအဖွဲ့များသည်လည်းပိုင်လင်းလုံအားမေးခွန်းများစွာ မေးကြပေသည်။

သို့သော်ပိုင်လင်းလုံ၏စိတ်အခြေအနေမှာမကောင်းကြောင်း ကျိုးဟောင်သိပေသည်။ သူမ၏မျက်နှာတွင်စိုးရိမ်နေသောအမူအရာအားတွေ့နေရပေသည်။ ဤသည်မှာသူ့အားအနည်းငယ်မသက်မသာဖြစ်စေပေသည်။

မထင်မှတ်ထားစွာပင်ပိုင်လင်းလုံမှာဝမမ်းနည်းနေပုံပေါ်ပေသည်။ ဤအမျိုးသမီးသည်သူ့အားသဘောကျနေသည်လော။

ကျိုးဟောင်မှာချောင်းတစ်ချက်ဟန့်ကာ အလျင်အမြန်ပင်အတွေးများအားရုပ်သိမ်းလိုက်သည်။

ဥက္ကဌကျိုးသည်အလိုရှိစာရင်းတွင်ပါနေကြောင်းကို သိသည့်လူများများစားစားမရှိပေ။ ဤသတင်းသည်ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်များကြားတွင်သာပျံ့နှံ့နေခြင်းဖြစ်ပြီး မူလအဆင့်ပညာရှင်များပင်မသိကြပေ။

ထိုအချိန်တွင် ပထမအက်ကွဲကြောင်းရှိ ကျယ်ဝန်းသောခန်းမထဲတွင် ချပ်ဝတ်ဝတ်ဆင်ထားသည့်စစ်သည် ၇ယောက်မှာ စားပွဲဝိုင်း ၇လုံးတွင်ထိုင်နေကြပေသည်။

သူတို့၏အငွေ့အသက်များမှာသာမန်ထက်ထူးခြားကာအလွန်စွမ်းအားကြီးကြပေသည်။ သူတို့တစ်ယောက်ချင်းစီနောက်တွင်အလံတစ်ခုစီရှိပြီး စုစုပေါင်းအလံခုနစ်ခုရှိနေပေသည်။

အကယ်၍ကျိုးဟောင်သာဤနေရာတွင်ရှိနေပါက သူတို့ထဲမှတစ်ယောက်အားသေချာပေါက်မှတ်မိမည်ဖြစ်သည်။

အလံများကြားတွင် မျောလွင့်နေသောတိမ်တိုက်ပုံစံဖြင့်အစိမ်းရောင်အလံတစ်ခုရှိနေပေသည်။

ဤအလံသည်အစိမ်းရောင်တိမ်တိုက်ဌာန၏အလံဖြစ်သည်။

အစိမ်းရောင်တိမ်တိုက်ဌာနအားကိုယ်စားပြုကာ ယခုတစ်ကြိမ်အစည်းအဝေးအားတက်ရောက်လာသူမှာ ကျူးဇောင်ပင်ဖြစ်သည်။

သို့သော်လက်ရှိအချိန်တွင်ကျူးဇောင်၏အမူအရာမှာ အတော်လေးစိုးရိမ်ကာပူပန်‌နေပုံပေါ်ပေသည်။

လူ ၇ယောက်သည်အဖွဲ့ ၇ဖွဲ့အားကိုယ်စားပြုပေသည်။ အရှေ့ဆုံးတွင် ထိုင်နေသူ၏နောက်တွင်ရှိနေသောအလံမှာ ဤခေါင်းဆောင် ၇ယောက်၏အလံများ၏ ခေါင်းဆောင်အလံဖြစ်ပြီး ထိုအလံတွင် အနီရောင်မီးတောက်ပုံတစ်ခုရှိနေပေသည်။

ဤသည်မှာအဖွဲ့ ၇ခု၏ခေါင်းဆောင်ဖြစ်သည့် အနီရောင်မီးတောက်ဌာနသာဖြစ်သည်။

၎င်းမှာကမ္ဘာဂြိုဟ်ပေါ်ရှိလူသားမျိုးနွယ်၏အကြီးဆုံးအဖွဲ့အစည်းဖြစ်ကာ လူသားမျိုးနွယ်တစ်ခုလုံးတွင် အရေးကြီးသောအခန်းကဏ္ဍတွင်ပါဝင်ပေသည်။

လက်ရှိအချိန်တွင် ထိုနေရာတွင်ထိုင်နေသောအနီရောင်ဝတ်စုံနှင့်အသက်ကြီးကြီးလူမှာ ဝါးဦးထုပ်တစ်လုံးအားဆောင်းထားပေသည်။ သူ၏အမူအရာမှာအေးဆေးနေကာ အချိန်အတော်ကြာပြီးနောက် စကားစပြောလာခဲ့ပေသည်။

"ငါတို့အစည်းအဝေးမလုပ်တာအတော်ကြာပြီ ဒီနေ့အစည်းအဝေးကအလောတကြီးဖြစ်သွားတယ်ဆိုပေမဲ့ လုပ်မှရမှာ"

"ကောင်းကင်ဘုံဘုရင်ကျူး အခြေအနေကိုရှင်းပြပါဦး"

လူအိုကြီးမှာရိုးရိုးရှင်းရှင်းသာပြောလိုက်ပြီး ကျူးဇောင်အားကြည့်လိုက်သည်။

ကျူးဇောင်မှာအသက်ပြင်းပြင်းရှုကာ မတ်တပ်ရပ်ရင်းအားလုံးကိုဝေ့ကြည့်လိုက်သည်။ ထို့နောက်အဝေးမှဦးညွတ်ကာ ပြောလာလေသည်။

"အားလုံးပဲ အားလုံးလည်း ၇ခုမြောက်အက်ကွဲကြောင်းကဖြစ်ရပ်ကိုသိသင့်ပါတယ် စက်ရုပ်မျိုးနွယ်ကပိုးတစ်မျိုးတီထွင်ပြီးတာဝါတိုင်တစ်ခုတည်ဆောက်ခဲ့ပါတယ် အဲဒီနေ့မှာ ကျုပ်တို့အက်ကွဲကြောင်းတွေကစစ်ပွဲကလည်းမတိုးသာမဆုတ်သာအခြေအနေကိုရောက်နေခဲ့ပါတယ် ဖြစ်ခဲ့တဲ့ကိစ္စကလည်း ၇ခုမြောက်အက်ကွဲကြောင်းအတွက်ပဲဖြစ်ခဲ့ရတာပါ"

"အခြေအနေကအရမ်းဆိုးပါတယ် ဒါကိုလူတိုင်းဗီဒီယိုထဲမှာမြင်ခဲ့ရမှာပါ ကျုပ်တို့ဘက်ကသေကြေပျက်စီးမှုတွေလည်းအများကြီးရှိခဲ့ပါတယ် ဒါပေမဲ့ သန္ဓေပြောင်းသားရဲတွေနဲ့ယှဉ်ရင်တော့ အသေအပျောက်နည်းပါတယ်"

"သူတို့ဘက်ကကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲစုစုပေါင်း ၆ကောင်ဆုံးရှုံးခဲ့ပြီး အားလုံးကစွမ်းအားကြီးတဲ့စစ်သူကြီးတွေပါ ဒါပေမဲ့သူတို့အားလုံးကိုလူသားသိုင်းပညာရှင်တစ်ယောက်တည်းကသတ်ခဲ့တာပါ အဲဒီလူကဥက္ကဌကျိုးပါပဲ"

ထိုသို့ပြောပြီးနောက် ကျိုးဟောင်၏ပုံမှာမျက်နှာပြင်တွင်ပေါ်လာခဲ့သည်။ သို့သော်သူ၏ချပ်ဝတ်မှာ မျက်နှာအားဖုံးကွယ်ထားပြီး ရှင်းရှင်းလင်းလင်းမမြင်ရပေ။

"ဒီလူကဥက္ကဌကျိုးပါ သူကသန္ဓေပြောင်းသားရဲ ၆ကောင်ကိုသတ်ပစ်ခဲ့ပြီး လူသားမျိုးနွယ်အတွက် အထောက်အကူအကြီးအမားပြုခဲ့ပါတယ် ဒါပေမဲ့ဒီလူက....ကျုပ်တို့လူသားမျိုးနွယ်တွေနဲ့ သန္ဓေပြောင်းသားရဲတွေတားမြစ်ထားတဲ့ မူလကျောက်စာကိုကျင့်ကြံခဲ့တယ်"

"သေရေးရှင်ရေးအခြေအနေမှာ ဥက္ကဌကျိုးကမူလကျောက်စာရဲ့စွမ်းအားကိုသုံးပြီး တာဝါတိုင်ကိုဖျက်ဆီးပြီးတော့ပိုးကူးစက်ခံထားရတဲ့လူသားမျိုးနွယ်ကျင့်ကြံသူတွေအားလုံးကိုကယ်တင်ခဲ့တယ် အဲဒီလိုလုပ်ပြီးတော့ သူလည်းစွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်လှုပ်ရှားလာအောင် ဆွဲဆောင်မိခဲ့ပါတယ် ဒါပေမဲ့အဆုံးကျ ဥက္ကဌကျိုးကလွတ်သွားခဲ့ပါတယ်"

"ဒါကဒီနေ့အစည်းအဝေးရဲ့ရည်ရွယ်ချက်ပါပဲ ကျုပ်တို့ဥက္ကဌကျိုးကိုအလိုရှိစာရင်းထဲထည့်သင့်မထည့်သင့်ကိုလည်းဆွေးနွေးရမယ်"

အပြောနှင့်အတူကျူးဇောင်မှာပြန်ထိုင်လိုက်သည်။ သို့သော်ကျူးဇောင်မှာကျိုးဟောင်အားအလွန်ကာကွယ်နေမှန်း ကြည့်ရုံဖြင့်သိသာပေသည်။

ဤသို့ကာကွယ်သည်မှာသဘာဝကျပေသည်။ ဥက္ကဌကျိုးသည်ကျူးဇောင်အားအများအပြားကူညီပေးခဲ့ပေသည်။ ထို့အပြင် ရိုးရိုးရှင်းရှင်းတိုက်ပွဲရလဒ်အားအခြေခံပြောရပါက ဥက္ကဌကျိုးသည်လူသားမျိုးနွယ်အတွက် အများကြီးအကျိုးပြုခဲ့ပေသည်။

သို့သော်သူသည်တားမြစ်ထားသောသိုင်းဖြစ်သည့်မူလကျောက်စာအား ကျင့်ကြံခဲ့ပေသည်။

ဤသိုင်း၏စွမ်းအားသည်သာမန်မဟုတ်ပေ။ ဤစွမ်းအားအားကျင့်ကြံသည့်မည်သူမဆို လူသားမျိုးနွယ်နှင့်ကမ္ဘာကြီးရှိသိုင်းပညာရှင်အားလုံးအား သစ္စာဖောက်သူအဖြစ် ထင်မြင်ခံရမည်ဖြစ်သည်။

ဤအချက်မှာရှင်းလင်းပေသည်။

ကျူးဇောင်မှာအလွန်စိုးရိမ်နေပေသည်။ သူသည်ကျိုးဟောင်အားအလိုရှိစာရင်းတွင်ပါဝင်သောလူတစ်ယောက်လုံးဝဖြစ်မလာစေချင်သော်လည်း ထုတ်မပြောရဲပေ။ အားလုံးရှေ့တွင်ကျိုးဟောင်၏အကျိုးဆောင်မှုများအားဖော်ပြကာ အားလုံးရင်ထဲရောက်သွားရန်သာကူညီပေးနိုင်ပေသည်။

သို့သော် ကျုးဇောင်မှာခေါင်းထဲတွင်တော့အတွေးလွန်နေဆဲပင်ဖြစ်သည်။

"မူလကျောက်စာလိုမျိုးတားမြစ်သိုင်းကိုကျင့်ကြံတယ်ဆိုရင် ကျုပ်တို့လူသားမျိုးနွယ်ရဲ့ရန်သူဖြစ်လာမှာပဲ ကျုပ်အကြံပေးချင်တာကတော့သူ့ကိုသတ်ပစ်သင့်တယ်"

ထိုစကားအားပြောပြီးနောက် လူအများစုမှာခေါင်းညိတ်လိုက်ကြသည်။ အခြားလူများမှာ ထိုစဉ်ကဖြစ်ခဲ့သောကိစ္စအားမသိသော်လည်း ဤနေရာရှိလူများမှာတော့သိကြပေသည်။

"အဲဒီတုန်းက မုရုံရွှင်းလို့ခေါ်တဲ့ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်က မူလကျောက်စာကိုခိုးပြီးသင်ယူခဲ့တယ် ကျုပ်တို့သူ့ကိုသတ်ပစ်ခဲ့ပြီးပြီဒါပေမဲ့အခုကျ နောက်တစ်ယောက်ပေါ်လာပြန်ပြီ"

"တကယ်လို့ မူလကျောက်စာကိုမရှင်းပစ်ရင် လုံးဝစိတ်ချလက်ချနေလို့ရမှာမဟုတ်ဘူး ကျုပ်အကြံပေးချင်တာကတော့ချက်ချင်းဥက္ကဌကျိုးကိုဖမ်းပြီး သူ့ရဲ့ကျင့်ကြံရေးသိုင်းတွေအကုန်လုံးကိုလုံးဝဖျက်စီးပစ်ပြီးတော့ မူလကျောက်စာအမွေခံမှုကိုအဆုံးသတ်ပစ်ရမယ်"

အားလုံးမှာတစ်ယောက်လျှင်တစ်ကြိမ်သာပြောကြသော်လည်း အကြောင်းမှာကျိုးဟောင်အားရှင်းပစ်လိုခြင်းသာဖြစ်သည်။ ကျူးဇောင်မှာထိုစကားများအားကြားသောအခါ ပို၍ပင်စိတ်ပူလာခဲ့သည်။

"အားလုံးပဲဥက္ကဌကျိုးက ၇ခုမြောက်အက်ကွဲကြောင်းကိုကယ်တင်ပေးခဲ့တာကိုမမေ့ကြနဲ့ သူသာမရှိရင် ကမ္ဘာဂြိုဟ်ပေါ်ကလူသားမျိုးနွယ်တွေရဲ့ပိုင်နက်က ဒီနေ့ကစပြီးနှစ်ပိုင်းပိုင်းခံလိုက်ရလောက်ပြီ"

.................................................................................

အခန်း(၃၇၂) ပြီးပါပြီ။

All Chapters