← Chapters

အခန်း (၃၈၈-၃၉၀)

Vol. 26 Ch. 388-390

အခန်း (၃၈၈-၃၉၀)

Vol. 26 Ch. 388-390

အခန်း (၃၈၈) : ငှက်မွေးတစ်ထောင်ချပ်ဝတ်၏စွမ်းအား

ကျိုးဟောင်မှာကောင်းကုန်းရန်၏အတွေးအားမသိပေ။ လက်ရှိအချိန်တွင်သူတို့သည် သန္ဓေပြောင်းသားရဲများအားသတ်ကာ အမှတ်များအားစုဆောင်းနေကြပြီဖြစ်သည်။

အဖွဲ့ ၇၏အဖွဲ့ဝင်အားလုံးရှိနေသဖြင့် သန္ဓေပြောင်းသားရဲများအားသတ်ရန်မှာ အခြားအဖွဲ့များထက်ပိုမိုလွယ်ကူနေပေသည်။

ယခုလိုအခြေအနေတွင်အမှတ်များအားအလွန်လျင်မြန်စွာစုဆောင်းမိပေသည်။ အထူးသဖြင့်ကျိုးဟောင်ပင်ဖြစ်သည်။ စုစုပေါင်းအမှတ် ၁ထောင်အထိရရှိနေပြီဖြစ်သည်။

ရှုလင်မှာ ၈၀၀ကျော်နှင့် အခြားလူများမှာလည်း ၆၀၀ ကျော်အသီးသီးရရှိထားကြပေသည်။

ဤခရီးပေါက်နှုန်းမှာအလွန်မြင့်သည်ဟုဆိုနိုင်ပေသည်။

၇ရက်မှာလျင်မြန်စွာကုန်ဆုံးသွားခဲ့သည်။ လေ့ကျင့်ရေးအဆုံးသတ်သည့်အချိန်တွင် အားလုံးမှာစခန်းသို့ပြန်လည်ပို့ဆောင်ခံကြရပြီး ကွင်းပြင်တစ်ခုလုံးအလင်းတန်းများဖြင့်ပြည့်နေပြီး ကျောင်းသားများမှာလမ်းလျှောက်ပြီးထွက်လာကြသည်။

ပိုင်လင်းလုံမှာသူတို့အားကြည့်ကာ ခေါင်းညိတ်လိုက်သည်။

"မဆိုးဘူးမင်းတို့ကြားမှာ ၇ရက်အထိခံတဲ့လူစုစုပေါင်း ၂၈ယောက်ရှိတယ် ဒါပေမဲ့ ၇ရက်အထိမခံတဲ့လူလည်း ၂၄ယောက်ရှိတယ် ဒါပေမဲ့စိတ်ဓာတ်မကျပါနဲ့နောက်ကိုဒီလိုအခွင့်အရေးတွေအများကြီးရှိဦးမှာ မင်းတို့မှာအခွင့်အရေးရှိပါသေးတယ်"

ပိုင်လင်းလုံမှာအားလုံးကိုဝေ့ကြည့်ကာလက်အားဝေ့ယမ်းလိုက်ပေရာ ကြီးမားသောအမှတ်စာရင်းပြမျက်နှာပြင်ကြီးတစ်ခုပေါ်လာခဲ့ပေသည်။

"မင်းတို့ရဲ့အမှတ်တွေကိုတွက်ပြီးပြီ ကိုယ့်ဘာသာကြည့်ကြည့်ကြ"

ထိုစကားသံဆုံးသည်နှင့် ထိုနေရာတွင်ရှိနေသောလူအားလုံးမှာ မစောင့်ဆိုင်းနိုင်ဘဲအမှတ်စာရင်းမျက်နှာပြင်အားတိုးဝှေ့ကြည့်ကြလေသည်။

အထူးသဖြင့်အဖွဲ့ ၁မှလုကျစ်မော့၊ အဖွဲ့ ၂မှကောင်းကုန်းရန်နှင့် အခြားအဖွဲ့များမှမဟာဆရာသခင်အဆင့်သိုင်းပညာရှင်များဖြစ်ကြသည်။

သူတို့အားလုံးသည် ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိကြပေသည်။ မည်သို့ပင်ဖြစ်စေ သူတို့သည်သန္ဓေပြောင်းသားရဲအများအပြားအားသတ်ခဲ့ပေသည်။

သို့သော်အမှတ်များအားမြင်လိုက်ရချိန်တွင် ချက်ချင်းပင်ကြက်သေသေသွားခဲ့ကြသည်။

ယခုတစ်ကြိမ်တွင်လည်း ထိပ်ဆုံး ၆ယောက်အဆင့်တွင်သူတို့ပါဝင်လာခဲ့ခြင်းမရှိပေ။ ထိပ်ဆုံး ၆နေရာအားအဖွဲ့ ၇မှအဖွဲ့သားများကနေရာယူထားဆဲပင်ဖြစ်သည်။

ကျိုးဟောင်မှာအမှတ် ၁၅၀၀ကျော်နှင့် ရှုလင်မှာ ၁၃၀၀ကျော်ဖြစ်သည်။ ထို ၆ယောက်တွင်အမှတ်အနည်းဆုံးလူမှာယွမ်ချန်းဖြစ်ပြီး အကြောင်းမှာအဖွဲ့နှင့်မတွေ့စဉ်က သန္ဓေပြောင်းသားရဲတစ်ကောင်မျှမသတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။

သို့သော်သူ၏အမှတ်မှာ ၉၀၀ကျော်သေးပေသည်။

သို့သော်အဆင့် ၇ရသောလုကျစ်မော့မှာ အမှတ် ၈၀၀ကျော်သာရပေသည်။

ဤမြင်ကွင်းသည် အားလုံးအားငြိမ်ငြိမ်ထိုင်မနေနိုင်အောင်ဖြစ်လာစေသည်။

"နည်းပြပိုင်မှားတွက်ထားတာလား ကျွန်တော်သန္ဓေပြောင်းသားရဲတွေကိုသတ်တာအမှတ် ၈၀၀ကျော်ပဲရတာ သူတို့ကဘယ်လိုလုပ်ပြီး ၁၅၀၀ကျော်ရတာလဲ"

လက်မခံဘဲပထမဆုံးပြောလာသူမှာလုကျစ်မော့ဖြစ်ပြီး အခြားသူများသည်လည်းလက်မခံကြပေ။

"အို လုကျစ်မော့ မင်းကမဟာဆရာသခင်အဆင့်သားရဲ ၃ကောင်နဲ့ ဆရာသခင်အဆင့်သားရဲ အကောင်၇၀သတ်ခဲ့တယ် ဒါကြောင့်စုစုပေါင်းအမှတ် ၈၀၀ ကျော်ရတယ် ဟုတ်တယ်လေ ဘာဖြစ်လို့လဲ မင်းမေးချင်တာကဘာလဲ"

ပိုင်လင်းလုံမှမေးလိုက်သည်။

"ကျွန်တော် မဟာဆရာသခင်အဆင့်သားရဲ ၃ကောင်နဲ့ ဆရာသခင်အဆင့်သားရဲ အကောင် ၇၀သတ်ခဲ့တာတောင် အမှတ် ၈၀၀ပဲရတာ ကျိုးဟောင်ကအမှတ် ၁၅၀၀ကျော်နေတယ် ဒီအဓိပ္ပာယ်ကသူ မဟာဆရာသခင်အဆင့်သားရဲ ၆ကောင်နဲ့ ဆရာသခင်အဆင့်သားရဲ အကောင် ၁၄၀ သတ်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘူးလား ဒါဘယ်လိုဖြစ်နိုင်မှာလဲ သူ့ရဲ့ခွန်အားနဲ့ဘယ်လိုလုပ်ပြီး မဟာဆရာသခင်အဆင့်သားရဲကိုသတ်နိုင်မှာလဲ"

လုကျစ်မော့၏ပုံစံမှာမခံမရပ်နိုင်ဖြစ်နေသည်။ လုကျစ်မော့မှာထိုသို့ပြောနေသော်ငြား ကောင်းကုန်းရန်မှာဝင်မပြောပေ။ အကြောင်းမှာကျိုးဟောင်၏ကျင့်ကြံဆင့်အားသိနေ၍ဖြစ်သည်။

သုန်းရန်သည်လည်းအတူတူပင်ဖြစ်သည်။

"ကောင်းပြီ ကျိုးဟောင်နဲ့သူ့အဖွဲ့ မဟာဆရာသခင်အဆင့်သားရဲ ဘယ်နှစ်ကောင်သတ်ခဲ့လဲဆိုတာမင်းကိုပြောပြမယ် စာရင်းအရ သူတို့မဟာဆရာသခင်အဆင့်သားရဲ အကောင် ၄၀နဲ့ ဆရာသခင်အဆင့်သားရဲ အကောင် ၁၀၀သတ်ခဲ့တယ် ဒါကြောင့်ဒီအမှတ် ၁၅၀၀ ကမများဘူး ဟုတ်တယ်မလား"

ပိုင်လင်းလုံမှဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။

"ဘာရယ် ၄၀ ဒါဘယ်လိုဖြစ်နိုင်မှာလဲ"

လုကျစ်မော့မှာ လုံးဝမယုံကြည်ပေ။

"မင်းငါ့ကိုမယုံဘူးဆိုတာငါသိတယ် ဒါပေမဲ့အဲဒါကအမှန်ပဲ ဒါနဲ့ငါမင်းကိုပြောဖို့မေ့တော့မလို့ ကျိုးဟောင်ကသားရဲတွေကိုတစ်ယောက်တည်းသတ်ခဲ့တာမဟုတ်ဘူး သူတို့အဖွဲ့ကအတူတူသတ်ခဲ့ကြတာ အဲဒါကြောင့်သူတို့အဖွဲ့ကိုအမှတ်တွေခွဲပေးထားတာ"

ပိုင်လင်းလုံ၏စကားများမှာ အားလုံးကိုပို၍ပင်ပဟေဠိဖြစ်သွားစေခဲ့သည်။

"သူတို့ကဘယ်လိုလူစုကြတာလဲ ဒီနေရာက ၁၃ခုမြောက်အက်ကွဲကြောင်းလေ အထဲကနေရာကဒီလောက်ကျယ်တာ...."

"ဟုတ်တယ်...သူတို့ဘာလုပ်ခဲ့တာလဲ လိမ်ပြောနေကြတာလား"

"ကျွန်တော်မယုံဘူး နည်းပြပိုင်ကျွန်တော်တို့ကိုမှတ်တမ်းဗီဒီယိုကိုကြည့်ခွင့်ပေးဖို့တောင်းဆိုပါတယ်"

မည်သည့်လေ့ကျင့်ရေးအတွက်မဆိုသက်သေအနေဖြင့်မှတ်တမ်းတင်ထားသောဗီဒီယိုအပြည့်အစုံရှိပေသည်။ ဤဗီဒီယိုအား အမြဲတမ်းလိုရမယ်ရအနေဖြင့်သိမ်းဆည်းထားခြင်းအပြင် အနာဂတ်သင်ကြားရေးအတွက် ပစ္စည်းထောက်ပံ့ပေးမည့်ရည်ရွယ်ချက်အတွက်ပါသိမ်းဆည်းထားခြင်းဖြစ်သည်။

ထို့ကြောင့်မှတ်တမ်းဗီဒီယိုရှိပေသည်။ သို့သော် တစ်ယောက်ယောက်ကြည့်လိုမကြည့်လိုသည် တစ်ဖက်လူ၏ကိုယ်ပိုင်ဆန္ဒအပေါ်တွင်သာမူတည်ပေသည်။ မည်သို့ပင်ဖြစ်စေ ဤအရာသည်ကိုယ်ရေးကိုယ်တာတည်ရှိမှုဖြစ်သည်။

"တကယ်လို့မင်းတို့ကြည့်ချင်ရင် ကောင်းပြီလေ ကျိုးဟောင်မင်းတို့အဖွဲ့ကကြည့်ခွင့်ပေးမှာလား"

ပိုင်လင်းလုံမှချက်ချင်းပင်မေးလိုက်သည်။

ကျိုးဟောင်မှာများများစားစားစဉ်းစားမနေဘဲခေါင်းညိတ်ပြလိုက်သည်။

"ကိစ္စမရှိပါဘူးပေးကြည့်လိုက်ပါ နည်းပြပိုင် ကျွန်တော်တို့အခုပြန်ပြီးနားလို့ရပြီလား"

ပိုင်လင်းလုံမှာခေါင်းညိတ်ကာပြောလိုက်သည်။

"ကောင်းပြီ မင်းတို့အရင်ပြန်လို့ရတယ် မဟုတ်ဘဲ အဖွဲ့ ၇ကိုမေးခွန်းထုတ်တဲ့အခြားလူတွေက မှတ်တမ်းကိုကြည့်ဖို့နောက်မှာနေခဲ့လို့ရတယ်"

ထိုစကားအားကြားသောအခါ အဖွဲ့ ၇မှလူများမှာအဆောင်သို့ပြန်သွားခဲ့ကြသည်။။

တစ်ဖက်တွင်အခြားလူများမှာမှတ်တမ်းအားမမှိတ်မသုန်ကြည့်နေကြသည်။

သူတို့သည်အစပိုင်းတွင်များများစားစားမတွေးခဲ့သော်ငြား ကျိုးဟောင်မှာပျံသန်းပိုးကောင်ဘုရင်ကုအားအသုံးချကာအဖွဲ့သားများအားရှာပြီး နောက်ဆုံးတွင်လူစုနိုင်ခဲ့သည်ကိုမြင်သောအခါ ပါးစပ်ပင်စေ့မရ‌ကြတော့ပေ။ အားလုံးမှာယခုလိုကိစ္စမျိုးဖြစ်ခဲ့မည်ဟုမမျှော်လင့်ထားခဲ့ကြပေ။

ထို့နောက်ကျိုးဟောင်နှင့်ကောင်းကုန်းရန်တို့၏တိုက်ပွဲကိုလည်းမြင်လိုက်ကြရပေသည်။ ကျိုးဟောင်မှာ ကောင်းကုန်းရန်အားအနိုင်ပိုင်းခဲ့သည်ကိုမြင်လိုက်ရသောအခါ မယုံကြည်နိုင်ကြပေ။

အထူးသဖြင့်လုကျစ်မော့ဖြစ်ပြီး သူ၏မျက်လုံးများမှာပြူးကျယ်နေလေသည်။

မူလကထင်ခဲ့သည်မှာကောင်းကုန်းရန်သည် သူ့အတွက်သန်မာသောပြိုင်ဘက်ဟုထင်ခဲ့ခြင်းဖြစ်သည်။ သို့သော်ကျိုးဟောင်မှကောင်းကုန်းရန်အားအနိုင်ပိုင်းနိုင်လိမ့်မည်ဟုမမျှော်လင့်ထားခဲ့ပေ။ ဤလူသည်အလွန်စွမ်းအားကြီးလှပေသည်။

"ကောင်းပြီ ဒါဆိုမင်းတို့အားလုံးအတွက်အဖြေရလောက်ပြီ ကျိုးဟောင်ကမင်းတို့ထက်အားနည်းတယ်လို့ထင်ရပေမဲ့ သူကတကယ်တော့အရမ်းဉာဏ်ကောင်းပြီး ပတ်ဝန်းကျင်နဲ့ဘယ်လိုကျင့်သားရအောင်နေရမလဲဆိုတာသိတယ် အဲဒါကြောင့် မင်းတို့လည်းသူ့ဆီကသင်ယူရမယ် ကောင်းပြီလူစုခွဲကြတော့ တစ်ရက်နားပြီးမနက်ဖြန်လေ့ကျင့်ရေးဆက်မယ်"

ပိုင်လင်းလုံမှာခေါင်းသာယမ်းရင်း နေရာမှဖျက်ခနဲပျောက်ကွယ်သွားခဲ့သည်။ အခြားအဖွဲ့များမှာမူ အချင်းချင်းမယုံကြည်နိုင်သောအကြည့်မျိုးဖြင့်ကြည့်ရင်းကျန်ရစ်ခဲ့ကြပေသည်။

ကျိုးဟောင်မှာသူ၏အခန်းအားပြန်လာခဲ့ပြီးနောက် မစောင့်နိုင်တော့ဘဲငှက်မွေးတစ်ထောင်ချပ်ဝတ်အားထုတ်ယူလိုက်သည်။ ချပ်ဝတ်သည် ၁၀၀ရာခိုင်နှုန်းအပြည့်ပြန်လည်ကောင်းမွန်နေပြီဖြစ်သော်လည်း ကျိုးဟောင်မှာလက်ရှိတွင် ၁၃ခုမြောက်အက်ကွဲကြောင်းတွင်ရှိနေပေရာ စမ်းကြည့်လို့မရပေ။

ထိုအချိန်တွင်ကျိုးဟောင်သည် ငှက်မွေးတစ်ထောင်ချပ်ဝတ်အားထုတ်ယူလိုက်ပြီး ချက်ချင်းမဝတ်ဆင်သေးဘဲ ရွှေကျီးလွတ်မြောက်ရေးသိုင်းအားသုံးကာ ၁၂ခုမြောက်အက်ကွဲကြောင်းသို့တန်းရောက်လာခဲ့သည်။

၁၃ခုမြောက်အက်ကွဲကြောင်းမှာ‌ နေရာတိုင်းတွင်စောင့်ကြည့်ရေးကင်မရာများတပ်ဆင်ထားသော လူသားမျိုးနွယ်၏လေ့ကျင့်ရေးအခြေစိုက်စခန်းဖြစ်နေပြီဖြစ်ပေရာ ကျိုးဟောင်မှာစမ်းသပ်မည့်ကိစ္စအားလူအများကြားတွင်မလုပ်ရဲပေ။

သို့သော် ၁၂ ခုမြောက်အက်ကွဲကြောင်းမှာမူမတူပေ။ အက်ကွဲကြောင်း၏အတွင်းပိုင်းတွင် သန္ဓေပြောင်းသားရဲများဖြင့်ပြည့်နေဆဲပင်ဖြစ်သည်။

ကျိုးဟောင်ထိုနေရာတွင်ပေါ်လာချိန်၌ လျှို့ဝှက်နေရာတစ်ခုအားတွေ့လိုက်ရပြီး ငှက်မွေးတစ်ထောင်ချပ်ဝတ်အားချက်ချင်းပင်ဝတ်ဆင်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်း ငှက်မွေးပုံစံရှိသည့်အကြေးခွံများစွာမှာ ငှက်မွေးတစ်ထောင်ချပ်ဝတ်၏အပေါ်တွင်ဖွဲ့စည်းလာခဲ့ပြီး ကျိုးဟောင်၏ခန္ဓာကိုယ်အားဖုံးလွှမ်းသွားကာ ကိုယ်ပေါ်တွင်ကပ်နေခဲ့သည်။

ဤခံစားချက်မှာသာမန်ချပ်ဝတ်များဝတ်ဆင်ရခြင်းထက် ပို၍ပင်သက်သောင့်သက်သာရှိသည့်အပြင် ဝတ်လိုက်သည့်အချိန်တွင်ဘာမှမခံစားရဘဲ အလွန်ပေါ့ပါးပေသည်။

ကျိုးဟောင်မှာသူ့ကိုယ်သူပြန်ကြည့်လိုက်သည်။ သူ၏ခေါင်းမှခြေအဆုံးချပ်ဝတ်ဖြင့်ဖုံးလွှမ်းနေပြီး ခန္ဓာကိုယ်တစ်ခုလုံးမှလင်းလက်သောငွေရောင်အလင်းတန်းများထွက်ပေါ်နေပေရာ အနည်းငယ်အဆင့်အတန်းမြင့်သည့်ပုံပင်ပေါက်နေပေသည်။

"ရှောင်ယွီ မင်းပြန်ကောင်းသွားပြီဆိုတော့ မင်းရဲ့လက်ရှိအခြေအနေနဲ့စွမ်းရည်တွေကိုမိတ်ဆက်ပေးလို့ရမလား"

ကျိုးဟောင်မှမေးလိုက်သည်။

ရှောင်ယွီမှာချက်ချင်းပင်ကျိုးဟောင်၏စိတ်ထဲသို့ သတင်းအချက်အလက်အစုလိုက်အပြုံလိုက်အားပို့ပေးလိုက်သည်။ ကျိုးဟောင်သည်လည်းဤသတင်းအချက်အလက်များအားမြင်သောအခါ ထိတ်လန့်သွားခဲ့သည်။

"ဒါကတတိယမြောက်မူလအဆင့်ပညာရှင်တစ်ယောက်ရဲ့စွမ်းအားအပြည့်နဲ့တိုက်ခိုက်မှုတစ်ချက်ကိုခုခံနိုင်ပါတယ်..."

"အက်ကွဲကြောင်းရဲ့သက်ရောက်မှုကိုမခံရဘဲ လေဟာနယ်ကိုဖြတ်သန်းပြီးသွားလာလို့ရပါတယ်...."

"ဒီချပ်ဝတ်မှာ သူ့ရဲ့ဆွဲငင်အားပိုင်နက်ရှိပြီး ဘေးပတ်လည်ဧရိယာရဲ့ ၁၀မီတာအထိဖုံးကွယ်ပေးနိုင်ပါတယ်..."

ကျိုးဟောင်မှာမိတ်ဆက်ချက်များအားကြည့်ကာကြက်သေသေသွားခဲ့ကာ ဝမ်းသာသောအမူအရာတစ်ခုပေါ်လာခဲ့သည်။

...................................................................................

အခန်း(၃၈၈) ပြီးပါပြီ။

အခန်း (၃၈၉) : စမ်းသပ်ချက်

ကျိုးဟောင်မှာသတင်းအချက်အလက်များအားမြင်လိုက်ရချိန်တွင်ထိတ်လန့်သွားခဲ့သည်။

ဤချပ်ဝတ်သည်အလွန်စွမ်းအားကြီးလှပေသည်။

"တတိယမြောက်ကောင်းကင်ဘုံအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့အားအပြည့်နဲ့တိုက်ခိုက်မှုကိုခုခံနိုင်တယ်.....အက်ကွဲကြောင်းရဲ့သက်ရောက်မှုကိုမခံရရုံတင်မဟုတ်ဘူး.....ဆွဲငင်အားပိုင်နက်ပါရှိသေးတယ်....."

"ဒါကအရမ်းစွမ်းအားကြီးတာပဲ"

ကျိုးဟောင်မှာအလွန်စိတ်လှုပ်ရှားနေပေသည်။ သူ၏လက်ထဲရှိဤရတနာဖြင့်ဆိုပါက သူသည်ပြိုင်ဘက်ကင်းဖြစ်လာတော့မည်မဟုတ်ပါလော။

"သခင့်ကိုအစီရင်ခံပါတယ် ငှက်မွေးတစ်ထောင်ချပ်ဝတ်ရဲ့အဓိကလုပ်ဆောင်ချက်က ၃မျိုးရှိပါတယ် ပထမလုပ်ဆောင်ချက်ကအထူးစွမ်းအားပြည့်အက်ကွဲကြောင်းခရီးသွားစွမ်းရည်ပါ ဒီစွမ်းရည်ကအက်ကွဲကြောင်းခရီးရဲ့အကျိုးသက်ရောက်မှုကိုလျစ်လျူရှုလို့ရပြီး ခုခံမှုရဲ့ ၉၉ရာခိုင်နှုန်းအထိခုခံပေးနိုင်ပါတယ် အမြန်နှုန်းကိုအဆပေါင်းများစွာတိုးမြင့်ပေးနိုင်ပြီး ၁၀ဆကျော်အထိတောင်တိုးပေးနိုင်ပါတယ်"

"ဒုတိယလုပ်ဆောင်ချက်က ဆွဲငင်အားပိုင်နက်ပါ ငှက်မွေးတစ်ထောင်ချပ်ဝတ်ကိုအသုံးပြုတဲ့သိုင်းပညာရှင်ရဲ့ကျင့်ကြံရေးအဆင့်မြင့်လေ ဆွဲငင်အားပိုင်နက်ကလည်းပိုအားကောင်းလာလေပါပဲ သခင့်ရဲ့လက်ရှိကောင်းကင်ဘုံအဆင့်ကျင့်ကြံရေးနဲ့ဆို ဆွဲငင်အားအကျိုးသက်ရောက်မှုက ၅ဆအထိပဲတိုးမှာပါ ပိုင်နက်ရဲ့နယ်နိမိတ်ကလည်း ၁၀မီတာအထိပဲရပါမယ် တကယ်လို့ကောင်းကင်ဘုံအဆင့်ကိုရောက်သွားရင်တော့ ဆွဲငင်အားအကျိုးသက်ရောက်မှုကို ၅ဆကနေ ၁၀ဆအထိတိုးနိုင်ပြီးတော့ နယ်နိမိတ်ကလည်း မီတာ ၂၀ အထိတိုးလာမှာပါ"

"တတိယလုပ်ဆောင်ချင်ကတော့ စွမ်းအင်တိုးမြှင့်ပေးတာပါ ကမ္ဘာဂြိုဟ်ရဲ့ဆွဲအားနဲ့သခင့်ရဲ့ကျင့်ကြံဆင့်ကြောင့် စကြဝဠာစွမ်းအား ၁သောင်းနဲ့ညီမျှတဲ့ အလေးချိန် ၁သိန်းကီလိုဂရမ်ကိုထုတ်လွှတ်နိုင်မှာပါ"

ရှောင်ယွီ၏အသံအားကျိုးဟောင်၏စိတ်ထဲတွင်ကြားနေရပြီး ထိုစကားများမှာသူ့အားအတော်လေးထိတ်လန့်စေပေသည်။

ဤချပ်ဝတ်သည်စွမ်းအင်ကိုပါတိုးမြှင့်ပေးနိုင်မည်ဟု ကျိုးဟောင်မမျှော်လင့်ထားခဲ့ပေ။ ဤငှက်မွေးတစ်ထောင်ချပ်ဝတ်မှာ နတ်ဘုရားဖန်တီးထားသောပစ္စည်းတစ်ခုသာဖြစ်ပေသည်။

"ဒါပေမဲ့ လက်ရှိငှက်မွေးတစ်ထောင်ချပ်ဝတ်ကအဓိကအပိုင်းပဲရှိပြီး ကျန်တဲ့အစိတ်အပိုင်းတွေပျောက်နေပါသေးတယ် အဲဒါကြောင့်အက်ကွဲကြောင်းခရီးသွားစွမ်းရည်တွေကတော့အကန့်အသတ်ရှိဦးမှာပါ လက်ရှိမှာချပ်ဝတ်ကသခင့်ကို အက်ကွဲကြောင်းတွေရဲ့ဆုတ်ဖြဲရေးစွမ်းအားကိုပဲကာကွယ်ပေးမှာဖြစ်ပြီး အရှိန်ကိုတော့မြှင့်လို့ရဦးမှာမဟုတ်ပါဘူး သခင့်ရဲ့ခွန်အားကိုမြှင့်တင်ပေးတဲ့တတိယလုပ်ဆောင်ချက်ကိုအဓိကထောက်ပံ့ပေးတာက ကျန်တဲ့အစိတ်အပိုင်းတွေဖြစ်တာမလို့ အဲဒီစွမ်းရည်ကိုလည်းအခုသုံးလို့မရသေးပါဘူး"

ရှောင်ယွီ၏စကားဆုံးသည်နှင့် ကျိုးဟောင်မှာသဘောပေါက်သွားခဲ့သည်။ ၎င်းသည်ဤအခြေအနေဖြင့်ပင် သာမန်ထက်အလွန်သာလွန်နေပြီဖြစ်သည်။ အက်ကွဲကြောင်းခရီးသွားစွမ်းရည်မှာ အက်ကွဲကြောင်း၏ဆုတ်ဖြဲရေးအားကိုသာခုခံပေးနိုင်သော်လည်း ထိုတစ်ချက်ဖြင့်ပင်အတော်လေးအသုံးဝင်နေပြီဖြစ်သည်။

ဆွဲငင်အားပိုင်နက်မှာတော့ တကယ်ပင်နတ်ဘုရားသိုင်းတစ်ခုဖြစ်သည်။

တိုက်ပွဲတစ်ခုအတွင်း ဆွဲငင်အားပိုင်နက်မှာတစ်ဖက်လူ၏ကာကွယ်ရေးအား ချက်ချင်းရှုပ်ထွေးသွားစေနိုင်သည်ဟုဆိုနိုင်ပေသည်။ ထို့အပြင်အနိုင်အရှုံးဆုံးဖြတ်နိုင်ရန် တစ်ခဏအတွင်းအခွင့်အရေးတစ်ခုဖန်တီးပေးနိုင်ပေသည်။

သေရေးရှင်ရေးတိုက်ပွဲတစ်ခုတွင် ဤစွမ်းရည်သည်အခြေအနေအားလုံးဝပြောင်းပြန်လှန်ပစ်နိုင်ပေသည်။

"လက်ရှိအချိန်မှာ ‌ဒီလောက်ကပဲငါ့အတွက်အတော်လေးကောင်းနေပါပြီ ဘယ်လိုပဲဖြစ်ဖြစ် ငါသာတခြားအစိတ်အပိုင်းတွေရမယ်ဆိုရင် ပြိုင်ဘက်မရှိဖြစ်လာမှာစိုးရတယ်"

ကျိုးဟောင်မှာအလွန်စိတ်လှုပ်ရှားနေပေသည်။ သူသည်ဘာမှမသိသည့်လူသစ်တစ်ယောက်မဟုတ်တော့ဘဲ လက်နက်၊ ချပ်ဝတ်အမျိုးမျိုးနှင့်ပတ်သက်ပြီး အတော်လေးဗဟုသုတနှံ့စပ်လာပြီဖြစ်သည်။ သူသိရသလောက် ဤကဲ့သို့လုပ်ဆောင်နိုင်သောလက်နက်နှင့် ချပ်ဝတ်များများစားစားမရှိပေ။

အဓိပ္ပာယ်မှာငှက်မွေးတစ်ထောင်ချပ်ဝတ်သည်သေချာပေါက် နတ်ဘုရားဖန်တီးမှုများထဲမှ ဖန်တီးမှုတစ်ခုပင်ဖြစ်သည်။

အကယ်၍သူသာဤငှက်မွေးတစ်ထောင်ချပ်ဝတ်အားမစမ်းသပ်ကြည့်ပါက ဖြုန်းတီးရာကျပေလိမ့်မည်။ ထိုသို့တွေးမိပြီး ကျိုးဟောင်မှာစွမ်းအားကြီးပြိုင်ဘက်တစ်ယောက်အားစဥ်းစားမိသွားသည်။

၎င်းမှာသံမဏိအရိုးဝက်ဝံဘုရင်သာဖြစ်သည်။

၎င်းသည်ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်ဖြစ်သော်ငြား သွေးမျိုးဆက်မှာထူးခြားပေသည်။ ကျိုးဟောင်ခွန်အားအပြည့်သုံးကာတိုက်လျှင်ပင် ၎င်းအားမသတ်နိုင်လောက်ပေ။

အကြောင်းမှာကျိုးဟောင်သည်အလွန်အားနည်းနေ၍မဟုတ်ဘဲ သံမဏိအရိုးဝက်ဝံဘုရင်၏သွေးမျိုးဆက်မှာနိုးထပြီးပြီဖြစ်ပြီး ငွေရောင်အရိုးဝက်ဝံဘုရင်အဖြစ်သို့ပြောင်းလဲခါနီးနေပြီဖြစ်သောကြောင့်ဖြစ်သည်။

သာမန်ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်များမှာ သူ၏ပြိုင်ဘက်လုံးဝမဟုတ်ပေ။ ဤသည်မှာယခင်ကကျိုးဟောင်၎င်းနှင့်အလုပ်အတူလုပ်ရုံသာတတ်နိုင်ပြီး ထိပ်တိုက်မတိုက်ခိုက်နိုင်သည့်အကြောင်းအရင်းလည်းဖြစ်သည်။

ကျိုးဟောင်မှာကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲများစွာအားသတ်ခဲ့သော်ငြား သံမဏိအရိုးဝက်ဝံဘုရင်မှာရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်များအားစောင့်ကြပ်နေဆဲပင်ဖြစ်ပေရာ ဤကိစ္စမှာပြဿနာပင်ဖြစ်သည်။

ထိုသို့တွေးရင်း ကျိုးဟောင်၏ခန္ဓာကိုယ်မှာလှုပ်ရှားသွားပြီး သံမဏိအရိုးဝက်ဝံဘုရင်စောင့်ကြပ်နေသော ၁၂ခုမြောက်အက်ကွဲကြောင်းသို့ချက်ချင်းဦးတည်သွားလေတော့သည်။

ကျိုးဟောင်မှာရွှေကျီးလွတ်မြောက်ရေးသိုင်းအားမသုံးသော်ငြား အမြန်နှုန်းမှာတကယ်ပင်အများအပြားတိုးလာခဲ့ပေရာ သမုဒ္ဒရာထဲလွှတ်လိုက်သောငါးတစ်ကောင်ပမာပင်။

မျက်စိတစ်မှိတ်အတွင်း ကျိုးဟောင်မှာသံမဏိအရိုးဝက်ဝံဘုရင်စောင့်ကြပ်ရာနေရာသို့ရောက်ရှိလာခဲ့သည်။

ပြီးခဲ့သည့်အခေါက်ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်များပျောက်သွားစဉ်ကတည်းက သံမဏိအရိုးဝက်ဝံဘုရင်မှာ ပေတစ်ရာအင်းဆက်ဘုရင်၏ပြင်းထန်စွာပညာပေးခြင်းအားခံခဲ့ရပေသည်။ အကယ်၍သံမဏိအရိုးဝက်ဝံဘုရင်မှာသန်မာ၍မဟုတ်ပါက ပေတစ်ရာအင်းဆက်ဘုရင်၏သတ်ဖြတ်ခြင်းကိုပင်ခံလိုက်ရလောက်ပြီဖြစ်သည်။

ဤကိစ္စဖြင့်သံမဏိအရိုးဝက်ဝံဘုရင်သည် ပေတစ်ရာအင်းဆက်ဘုရင်အားအငြှိုးအတေးထားနေပေသည်။ ၎င်းသည်အပေါ်ယံတွင်ဘာမှမပြောသော်ငြားတိတ်တဆိတ်စီစဉ်နေခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ၎င်းသည်ကောင်းကင်ဘုံအဆင့်အားချိုးဖောက်ကာ ပေတစ်ရာအင်းဆက်ဘုရင်အားသတ်ပစ်ချင်ပေသည်။

"သေစမ်း ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တွင်းကဓားပြတိုက်ခံလိုက်ရပြီ တကယ်လို့ဟိုကောင်စုတ်လေးလာရင် ငါဘာနဲ့အလဲအလှယ်လုပ်ရမလဲ တကယ်လို့ဒီတိုင်းပဲကျင့်ကြံနေရင်ကောင်းကင်ဘုံအဆင့်ကိုရောက်ဖို့နှစ်ပေါင်းဆယ်ချီကြာလိမ့်မယ် ငါ...ငါမစောင့်နိုင်ဘူး အဲဒီပေတစ်ရာအင်းဆက်ဘုရင်ကိုချက်ချင်းတောင်သတ်ပစ်ချင်တာ"

သံမဏိအရိုးဝက်ဝံဘုရင်မှာမြေပြင်ပေါ်တွင်လှဲရင်း အလွန်စိတ်ညစ်နေပေသည်။

သို့သော်ထိုအချိန်တွင်ပြင်းထန်သောလေပြင်းတစ်ခုတိုက်ခတ်လာခဲ့သည်။ သံမဏိအရိုးဝက်ဝံဘုရင်၏အမူအရာမှာပြောင်းလဲသွားခဲ့ပြီး ချက်ချင်းပင်အပေါ်သို့မော့ကြည့်လာခဲ့လေသည်။

သူ့ရှေ့တွင်ငွေရောင်ချပ်ဝတ်အားဝတ်ဆင်ထားသောအမျိုးသားတစ်ယောက်မှာ အေးစက်သောသတ်ဖြတ်လိုစိတ်ဖြင့်လေထဲတွင်မတ်တပ်ရပ်နေပေသည်။

"ကောင်းကင်ဘုံအဆင့်လား အင်း....အဲဒီလောက်မဟုတ်ဘူး ကောင်းကင်ဘုံအဆင့်တစ်ဝက်လား ကောင်းကင်ဘုံအဆင့်တစ်ဝက်လူသားတစ်ယောက်က ငါ့ကိုစိန်ခေါ်ရဲတယ်လား"

သံမဏိအရိုးဝက်ဝံဘုရင်မှာချက်ချင်းပင် အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး ကျိုးဟောင်အားအထင်သေးစွာကြည့်လိုက်သည်။

"လူသားလေးမင်းကငါ့ကိုစိန်ခေါ်ရဲတယ် မင်းအထင်မင်းအဘိုးငါက သာမန်ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်လို့ထင်နေတာလား မင်းကတကယ်သေလမ်းရှာနေတာပဲ"

သံမဏိအရိုးဝက်ဝံဘုရင်မှာတိုက်ခိုက်လိုစိတ်မရှိပေ။ ၎င်းသည်လက်ရှိတွင်ကောင်းကင်ဘုံအဆင့်သို့ချိုးဖောက်နိုင်ရန်သာအာရုံထားပြီး လူသားပညာရှင်များအားစိတ်မဝင်စားပေ။

သူသည်လူသားများအားသတ်ခြင်း သို့မဟုတ်လူသားများနှင့်တိုက်ခိုက်ရခြင်းတို့အား လုံးဝစိတ်မဝင်စားပေ။

သို့သော်၎င်းသည်စိတ်မဝင်စားသော်ငြား ကျိုးဟောင်မှာတော့စိတ်ဝင်စားပေသည်။ ကျိုးဟောင်သည်သူ၏ငှက်မွေးတစ်ထောင်ချပ်ဝတ်မည်မျှစွမ်းအားကြီးကြောင်းစမ်းသပ်ရန်လာခဲ့ခြင်းဖြစ်ပေရာ အချိန်ဖြုန်းမနေဘဲချက်ချင်းပင်တိုက်ခိုက်လိုက်သည်။

သူ၏ကောင်းကင်ဘုံအဆင့်တစ်ဝက်ကျင့်ကြံရေးအစွမ်းမှာကျယ်လောင်သောအသံတစ်ခုနှင့်အတူပေါက်ကွဲထွက်လာခဲ့ပြီး သံမဏိအရိုးဝက်ဝံဘုရင်အားရဲတင်းစွာတိုက်ခိုက်လိုက်သည်။

သံမဏိအရိုးဝက်ဝံဘုရင်မှာဤလူသားကောင်စုတ်လေးမှာထိုမျှလောက်ရဲတင်းကာသူ့အားစိန်ခေါ်ဝံ့မည်ဟုမထင်ထားခဲ့ပေရာ ချက်ချင်းပင်ဒေါသထွက်လာခဲ့သည်။

"မင်းကသေလမ်းရှာနေတာပဲ"

၎င်းသည်အော်ဟစ်လိုက်ရင်း ကြီးမားသောအားတစ်ခုမှာလည်းကျိုးဟောင်ထံရောက်ရှိလာခဲ့သည်။

"ဆွဲငင်အားပိုင်နက်"

ကျိုးဟောင်မှာစိတ်ထဲမှအော်ဟစ်လိုက်သည်။ ချက်ချင်းပင် ငှက်မွေးတစ်ထောင်ချပ်ဝတ်မှမမြင်နိုင်သောအလင်းလှိုင်းတစ်ခုထွက်ပေါ်လာပြီး ၁၀မီတာအကွာအဝေးအထိပျံ့နှံ့သွားကာ သံမဏိအရိုးဝက်ဝံဘုရင်အားလွှမ်းခြုံသွားခဲ့သည်။

သံမဏိအရိုးဝက်ဝံဘုရင်မှာဤလူသားကောင်လေးအားလက်ဖြင့်ရိုက်တော့မည့်အချိန်မှာပင် ထူးဆန်းသောစွမ်းအင်အတက်အကျတစ်ခုမှာ ရုတ်တရက်၎င်းအားလွှမ်းခြုံသွားခဲ့ကာ ခန္ဓာကိုယ်ကိုနစ်မြုပ်သွားစေပြီးဟန်ချက်ပျက်သွားစေလေသည်။ ၎င်း၏လက်ဝါးအရှိန်သည်လည်းလျော့ကျသွားကာ စွမ်းအင်အများစုမှာလည်း ဆွဲငင်အားပိုင်နက်ကြောင့် အချည်းနှီးဖြစ်သွားခဲ့သည်။

ကျိုးဟောင်၏လက်ဝါးမှာ သံမဏိအရိုးဝက်ဝံဘုရင်၏ကိုယ်ပေါ်တိုက်ရိုက်ကျရောက်သွားကာ ကြီးမားသောသံမဏိအရိုးဝက်ဝံဘုရင်အားလွင့်ထွက်သွားစေခဲ့ပေသည်။

ဤမြင်ကွင်းမှာကျိုးဟောင်အားအလွန်ထိတ်လန့်သွားစေခဲ့ပေသည်။

"စွမ်းအားကြီးလိုက်တာ ဒီဆွဲငင်အားပိုင်နက်ကိုသုံးလိုက်တဲ့အချိန် တစ်ဖက်ပြိုင်ဘက်ရဲ့အရှိန်ကိုလျှော့ချပေးနိုင်ပြီး စွမ်းအားတစ်စိတ်တစ်ပိုင်းကိုကာကွယ်ပေးနိုင်တာပဲ ဒါကတကယ်နတ်ဘုရားသိုင်းတစ်ခုပဲ"

ကျိုးဟောင်မှာအလွန်ပျော်ရွှင်နေကာစိတ်လှုပ်ရှားနေပေသည်။

သံမဏိအရိုးဝက်ဝံဘုရင်မှာမြေပြင်ပေါ်သို့ပြုတ်ကျသွားခဲ့သည်။ ၎င်းမှာဒဏ်ရာမရခဲ့သော်ငြား အတော်လေးစိတ်ညစ်နေလေသည်။

"ကောင်စုတ်လေး မင်းဘာလုပ်နေတာလဲ ငါ့ရဲ့လှုပ်ရှားမှုကိုဘယ်လိုထိန်းချုပ်လိုက်တာလဲ"

သံမဏိအရိုးဝက်ဝံဘုရင်၏အမူအရာသည်လည်းလေးနက်လာခဲ့သည်။ ၎င်းသည်လုံးဝမတုံးအပေ။ ဤလူသားမှာအလွန်စွမ်းအားကြီးလှပေသည်။ စွမ်းအားကြီးလွန်း၍ သူသည်ပင်ပြန်၍ဆုတ်ခွာချင်နေပေသည်။

သို့သော်ကျိုးဟောင်မှာသူ့အားလျစ်လျူရှုကာထပ်မံခုန်ဝင်လာပြန်သည်။ ကျိုးဟောင်သည်ဤငှက်မွေးတစ်ထောင်ချပ်ဝတ်အားစမ်းသပ်လိုခြင်းဖြစ်သည်။

သံမဏိအရိုးဝက်ဝံဘုရင်မှာဒေါသတကြီးအော်ဟစ်လိုက်သည်။ ကျိုးဟောင်လက်မလျှော့လိုသည်ကိုမြင်သောအခါ ၎င်းမှာဒေါသထွက်လာခဲ့သည်။ ၎င်း၏တစ်ကိုယ်လုံးပေါ်ရှိအမွေးများမှာ ချက်ချင်းပင်အဖြူရောင်ပြောင်းသွားပြီး ၎င်း၏စွမ်းအားမှာချက်ချင်းပင်ပေါက်ကွဲထွက်လာခဲ့ကာ လက်သီးဖြင့်ရက်စက်စွာတိုက်ခိုက်လိုက်သည်။

ကျိုးဟောင်မှာလုံးဝမရှောင်ဘဲ ဝက်ဝံ၏လက်သီးချက်အားထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။

....................................................................................

အခန်း(၃၈၉) ပြီးပါပြီ။

အခန်း (၃၉၀) : စွမ်းအားကြီးသော

ဘုန်း!

ကျယ်လောင်သောပေါက်ကွဲသံတစ်ခုထွက်ပေါ်လာကာ ကျိုးဟောင်မှာမြေပြင်ပေါ်သို့ပြုတ်ကျသွားခဲ့သည်။

ထိုနေရာတွင်ကြီးမားသောတွင်းကြီးတစ်ခုလည်းပေါ်လာခဲ့ပေသည်။

သံမဏိအရိုးဝက်ဝံဘုရင်မှာသရော်ပြုံးပြုံးလိုက်သည်။ ဤကောင်စုတ်လေးသည်စွမ်းရည်ရှိသော်ငြား သူ၏တိုက်ခိုက်မှုအားထိပ်တိုက်ရင်ဆိုင်မည်ဟုမမျှော်လင့်ထားခဲ့ပေ။

သူ၏စွမ်းအားမှာနောက်စရာမဟုတ်ပေ။ မူလကတည်းကလူသားများ၏ခုခံနိုင်စွမ်းမှာအားနည်းပြီး ပြင်ပအားများအားသူတို့ကိုယ်ပေါ်ရှိချပ်ဝတ်ဖြင့်ခုခံရန်မှာလည်းမဖြစ်နိုင်ပေ။ တိုက်ခိုက်မှုများမှာ ကိုယ်ပေါ်သို့ရောက်ရှိလာချိန်ဆိုပါက ခုခံဖို့ရာပို၍ပင်မဖြစ်နိုင်တော့ပေ။

ပွင့်ပွင့်လင်းလင်းပြောရလျှင် ချပ်ဝတ်မှာအပေါ်ယံအားက်ိုသာခုခံနိုင်ပေသည်။ သို့သော် စွမ်းအင်အများအပြားအားသုံးကာတိုက်ခိုက်လိုက်သည့်အချိန်တွင် စွမ်းအင်အများစုမှာချပ်ဝတ်မှတစ်ဆင့်ဖြတ်သန်းကာ ကိုယ်ပေါ်သို့ကျရောက်စမြဲပင်ဖြစ်သည်။

ထို့အပြင်ဤစွမ်းအားသည် လူသားများခုခံနိုင်သောအရာလုံးဝမဟုတ်ပေ။

သို့သော်ကျိုးဟောင်မှာခန္ဓာကိုယ်မှဖုန်များအားခါကာ ထလာလေသည်။

သူ၏မျက်လုံးများတွင်လည်း ထိတ်လန့်နေသောအမူအရာတို့ဖြင့်ပြည့်နေပေသည်။ အစောပိုင်းကလက်သီးချက်အားထိပ်တိုက်ရင်ဆိုင်လိုက်ခြင်းမှာ ငှက်မွေးတစ်ထောင်ချပ်ဝတ်၏ကာကွယ်ရေးစွမ်းအားအားစမ်းသပ်လို၍ဖြစ်ပြီး အကျိုးသက်ရောက်မှုမှာမယုံကြည်နိုင်လောက်အောင်ပင်ကောင်းမွန်လှပေသည်။

သံမဏိအရိုးဝက်ဝံဘုရင်သည်အားအပြည့်ဖြင့်ကျိုးဟောင်အားတိုက်ခိုက်လိုက်သော်ငြား အင်အား၏ ၉၉ရာခိုင်နှုန်းမှာ ငှက်မွေးတစ်ထောင်ချပ်ဝတ်၏စုပ်ယူခြင်းအားခံလိုက်ရပေသည်။

ကျိုးဟောင်မှာတွင်းနက်ကြီးဖြစ်ပေါ်သည်အထိအထိုးခံလိုက်ရသော်လည်း သူ့အားသက်ရောက်မှုလုံးဝမရှိပေ။ ငှက်မွေးတစ်ထောင်ချပ်ဝတ်မှစွမ်းအင်အနည်းငယ်မျှပင်စိမ့်ထွက်လာခဲ့ခြင်းမရှိပေ။

"စွမ်းအားကြီးလိုက်တာ ဒီကာကွယ်ရေးကတကယ်ကြီးတတိယမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်ရဲ့တိုက်ခိုက်မှုကို ခုခံနိုင်တာပဲ"

ကျိုးဟောင်မှာအလွန်အမင်းအံ့ဩနေကာ စိတ်လှုပ်ရှားနေပေသည်။

"ဒီငှက်မွေးတစ်ထောင်ချပ်ဝတ်နဲ့သာဆို ငါတော့ပြိုင်ဘက်ကင်းဖြစ်ပြီမဟုတ်ဘူးလား အခြားလူတွေကငါ့ကိုမတိုက်ခိုက်နိုင်ပေမဲ့ ငါကသူတို့ရဲ့တိုက်ခိုက်ရေးစွမ်းအားကိုတော့သက်ရောက်မှုရှိအောင်လုပ်လို့ရသေးတယ် ဒါကတကယ်နတ်ဘုရားသိုင်းပဲ"

ကျိုးဟောင်မှာမနေနိုင်ဘဲထပ်မံချီးကျူးလိုက်မိသည်။ သူသည်ချပ်ဝတ်အားခုခံမှုကောင်း၍သာချီးကျူးသည်မဟုတ်ပဲ တကယ်စွမ်းအားကြီး၍လည်းချီးကျူးခြင်းဖြစ်သည်။

ကျိုးဟောင်မှာမတ်တပ်ရပ်လိုက်ကာ သူ၏ခန္ဓာကိုယ်မှာချက်ချင်းပင်ကောင်းကင်ပေါ်သို့ထပ်မံထိုးတက်သွားခဲ့သည်။ ဤမြင်ကွင်းသည်သံမဏိအရိုးဝက်ဝံဘုရင်အားကြက်သေသေသွားစေခဲ့သည်။

"တကယ်လို့ငါ့ရဲ့တိုက်ခိုက်မှုကို တိုက်ရိုက်ခံလိုက်ရရင် ကောင်းကင်ဘုံအဆင့်ပညာရှင်တောင်ဒဏ်ရာရမှာကို သူကဘာလို့.....ဘာမှမဖြစ်တဲ့ပုံပေါက်နေတာလဲ"

သံမဏိအရိုးဝက်ဝံဘုရင်မှာအစောပိုင်းက သူ၏သွေးမျိုးဆက်စွမ်းအားကိုအသုံးပြုလိုက်ခြင်းဖြစ်သည်။ အစောပိုင်းကသူ၏တိုက်ခိုက်မှုသည် ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ကိုပင် ဒဏ်ရာရစေနိုင်ပေသည်။

သို့သော်ကျိုးဟောင်မှာ ထိုတိုက်ခိုက်မှုအားခံနိုင်ရည်ရှိနေဆဲပင်ဖြစ်သည်။

ကျိုးဟောင်မှာရယ်မောလိုက်ပြီး မည်သည့်စကားမျှထပ်မပြောတော့ပေ။

"သံမဏိအရိုးဝက်ဝံဘုရင် ခင်ဗျားကအရမ်းစွမ်းအားကြီးတယ် ဒါပေမဲ့ဒီနေ့ခင်ဗျားကျုပ်လက်ထဲမှာသေရမယ်"

သံမဏိအရိုးဝက်ဝံဘုရင်မှာအလွန်စွမ်းအားကြီးလှပေရာ ၎င်းအားသတ်ပါကကျိုးဟောင်မှာသေချာပေါက်ကံကြမ္မာအမှတ်အများအပြားအားရနိုင်ပေသည်။ ထို့အပြင် သံမဏိအရိုးဝက်ဝံဘုရင်၏အလောင်းကိုလည်း ကောင်းကင်ဘုံလမ်းကြောင်းဒင်္ဂါးအများအပြားဖြင့်ရောင်းချနိုင်ပေသည်။

သံမဏိအရိုးဝက်ဝံဘုရင်မှာထိုစကားအားကြားသောအခါ အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။ ကောင်းကင်ဘုံအဆင့်တစ်ဝက်လူသားသိုင်းပညာရှင်တစ်ယောက်မှာ ၎င်းအားအနိုင်ယူနိုင်မည်ဟုမယုံကြည်ပေ။

ထို့ကြောင့်တွေဝေမနေဘဲ ၎င်း၏တောင်တစ်လုံးသဖွယ်ခန္ဓာကိုယ်ကြီးမှာလှုပ်ရှားလာခဲ့သည်။ စွမ်းအင်များစွာပါဝင်သည့်ကြီးမားသောလက်ဝါးကြီးမှာ ကျိုးဟောင်ရှိရာသို့ရက်စက်စွာရောက်ရှိလာခဲ့သည်။

ကျိုးဟောင်မှာသရော်ပြုံးပြုံးကာ ဆွဲငင်အားပိုင်နက်အားချက်ချင်းသုံးလိုက်သည်။ ဤပိုင်နက်အောက်တွင် သံမဏိအရိုးဝက်ဝံဘုရင်၏အရှိန်မှာချက်ချင်းပင်နှေးလာခဲ့သည်။ ထိုမျှသာမက ၎င်း၏စွမ်းအားမှာလည်းကန့်သတ်ခံလိုက်ရပေသည်။

ကျိုးဟောင်မှာမူ ခုခံမှုမှာအံ့ဖွယ်ဖြစ်နေသည့်အပြင် ခွန်အားမှာလည်းသာမန်ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်များထက်အများကြီးပိုမိုသန်မာလာပေသည်။ ကျိုးဟောင်သည်သံမဏိအရိုးဝက်ဝံဘုရင်အား နောက်တစ်ကြိမ်ထပ်မံဖိနှိပ်လိုက်သည်ဟုဆိုနိုင်ပေသည်။

သံမဏိအရိုးဝက်ဝံဘုရင်မှာခေါင်းအားလက်ဖြင့်ကာကာ ကြွက်တစ်ကောင်လိုပြေးနေရပြီး ချက်ချင်းပင်ဆိုးဝါးသောအခြေအနေသို့ရောက်ရှိသွားခဲ့ပေသည်။

"အစ်ကိုကြီး...အစ်ကိုကြီး....မတိုက်ပါနဲ့တော့ မတိုက်ပါနဲ့တော့ အစ်ကိုကြီးနိုင်ပါတယ် ဟုတ်ပြီလား"

သံမဏိအရိုးဝက်ဝံဘုရင်မှာချက်ချင်းပင်အမြီးကုပ်သွားခဲ့သည်။ ၎င်းသည်မသေချင်သေးပေ။ ယခုအချိန်အထိကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ပင်ဖြစ်မလာသေးသလို ပေတစ်ရာအင်းဆက်ဘုရင်ကိုလည်းမသတ်ရသေးပေရာ သူသေလို့မဖြစ်သေးပေ။

ကျိုးဟောင်မှာထိုပုံစံအားကြည့်ကာ ရယ်စရာကောင်းကြောင်း သိလိုက်ရပေသည်။ ဤသံမဏိအရိုးဝက်ဝံဘုရင်မှာခန္ဓာကိုယ်ကြီးမှာအလွန်ကြီးမားသော်လည်း တကယ်တမ်းတွင်ကလေးတစ်ယောက်ကဲ့သို့ သနားပေးရန်တောင်းပန်နေပေသည်။

ခေတ္တမျှကြာပြီးနောက် ကျိုးဟောင်မှာ၎င်းအားသတ်ရန်မှာအနည်းငယ်ခက်ခဲမည်ဖြစ်ကြောင်းသိလိုက်ရပေသည်။

"သံမဏိအရိုးဝက်ဝံဘုရင် မျိုးနွယ်ခြားကကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်အနေနဲ့ ခင်‌ဗျားတကယ်ကြီးကျုပ်ကိုလွှတ်ပေးဖို့အသနားခံနေတာ မျိုးနွယ်ခြားတွေကြားအရှက်ရမှာကိုမစိုးရိမ်ဘူးလား"

ကျိုးဟောင်မှာမနေနိုင်ဘဲမေးလိုက်သည်။

"ငါမျက်နှာပျက်တော့ရောဘာဖြစ်လဲ အသက်သေရတာထက်စာရင်တော့တော်သေးတာပဲ"

သံမဏိအရိုးဝက်ဝံဘုရင်မှာရှက်သည်ဟုလုံးဝမခံစားရပေ။ ၎င်းမှာအတွင်းခံဘောင်းဘီအားဆုံးရှုံးလိုက်ရလျှင်ပင်ကိစ္စမရှိပေရာ မျက်နှာပျက်ရမည့်ကိစ္စဆိုပါက ထည့်ပြောနေစရာပင်မလိုပေ။

"ဒါပေမဲ့စစ်တပ်အမှတ်နဲ့လဲလို့ရအောင် ခင်ဗျားကိုသတ်ချင်တယ်လေ"

ကျိုးဟောင်မှထပ်မံပြောလိုက်သည်။

"စစ်တပ်အမှတ်ကဘာများကောင်းလို့လဲ လူသားတွေကမင်းကိုဘာအကျိုးအမြတ်တွေများပေးနေလို့လဲ"

သံမဏိအရိုးဝက်ဝံဘုရင်မှမေးလိုက်သည်။

"တကယ်လို့ခင်ဗျားကိုသာသတ်လိုက်ရင် ပိုက်ဆံတွေအများကြီးရမယ် ဘာမဆိုဝယ်လို့ရမယ်"

ကျိုးဟောင်မှစိတ်ဝင်တစားဖြင့်ပြောလိုက်ပြီး ၎င်းအားသတ်ရန်အလျင်လိုမနေပေ။

ထိုအခါသံမဏိအရိုးဝက်ဝံဘုရင်မှာချက်ချင်းပင်ပြောလိုက်သည်။

"မင်းငါ့ကိုသတ်ပြီးရင်အဲဒါတွေရမှာဟုတ်တယ် ဒါပေမဲ့ဒါတွေကရေရှည်အသုံးဝင်မှာလား မင်းတကယ့်ကောင်းကင်ဘုံအဆင့်ပညာရှင်တောင်မဖြစ်သေးတာ တကယ်လို့မင်းငါ့ကိုအသက်ချမ်းသာပေးမယ်ဆို ငါမင်းကိုအဆင့်ချိုးဖောက်နိုင်မဲ့နည်းလမ်းပြပေးနိုင်တယ်"

သံမဏိအရိုးဝက်ဝံဘုရင်မှာ ကျိုးဟောင်သူ၏အသက်အားချမ်းသာပေးမလားဟူသောမျှော်လင့်ချက်ဖြင့် အရေးကြီးသောသတင်းအချက်အလက်အားထုတ်ပြောရန်သာတတ်နိုင်ပေသည်။

ကျိုးဟောင်မှာအနည်းငယ်အံ့ဩသွားခဲ့သည်။ ဤဝက်ဝံဘုရင်မှာအနည်းငယ်ဉာဏ်ကောင်းပေရာ ၎င်းသည်အဓိပ္ပာယ်မရှိသောအရာများပြောနေသလားဆိုသည်အားမသိနိုင်ပေ။

"တကယ်လား ခင်ဗျားတကယ်ကျုပ်အဆင့်ချိုးဖောက်ဖို့ကူညီပေးနိုင်တာလား ခင်ဗျားကိုယ်တိုင်တောင် ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်ပဲရှိသေးတာကို တကယ်လို့အဆင့်ချိုးဖောက်နည်းကိုသိရင် ခင်ဗျားကျဘာလို့အခုထိအဆင့်မချိုးဖောက်နိုင်သေးတာလဲ"

ကျိုးဟောင်၏မျက်နှာမှာမယုံကြည်မှုများဖြင့်ပြည့်နေပေသည်။

"ငါ့ကိုသံသယမဝင်နဲ့ ငါကကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်ဆိုပေမဲ့လူသားမဟုတ်ဘူး မင်းတို့လူသားမျိုးနွယ်အတွက်အရမ်းအသုံးဝင်မဲ့ပစ္စည်းတစ်ခုအကြောင်းငါသိတယ်"

သံမဏိအရိုးဝက်ဝံဘုရင်မှာအလျင်အမြန်ပင်ပြောလိုက်သည်။ ၎င်းမှာရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်အကြောင်းပြောနေခြင်းဖြစ်ကြောင်းကို ကျိုးဟောင်ချက်ချင်းပင်သဘောပေါက်လိုက်သည်။

သို့သော်ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်များအား သူယူခဲ့ပြီးပြီဖြစ်ပေရာ ထပ်ရှိသေး၍ပေလော။

"အိုအဲဒီလိုလား ခင်‌ဗျားအတွေးကိုနားထောင်ချင်တယ်"

ကျိုးဟောင်မှမေးလိုက်သည်။

သံမဏိအရိုးဝက်ဝံဘုရင်မှာအချိန်မဆွဲရဲပေ။ ထို့နောက်မည်သည့်စကားတစ်ခွန်းမှမဆိုဘဲချက်ချင်းပင် ကျိုးဟောင်ထံရှေးဟောင်းစွမ်းအင်ကျောက်တုံးအချို့အားပစ်ပေးလိုက်သည်။

"ဒါကိုရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်လို့ခေါ်တယ် ဒါကိုလူသားတွေပဲသုံးပြီးကျင့်ကြံလို့ရတာ ငါတို့သန္ဓေပြောင်းသားရဲတွေအတွက်တော့ဘာမှအသုံးမဝင်ဘူး မင်းဒါကိုတစ်ချက်ကြည့်ပြီး မင်းအတွက်အကူအညီဖြစ်မဖြစ်ကြည့်ကြည့်ပါလား"

သံမဏိအရိုးဝက်ဝံဘုရင်မှာလေးနက်စွာပြောလိုက်သည်။ ၎င်းသည်လူသားအားလုံးမှာဤပစ္စည်းအား စိတ်ဝင်စားကြမည်ဟုခံစားမိပေသည်။

လူသားမျိုးနွယ်တွင်ယခုလိုအဆင့်မြင့်ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်မျိုးမရှိပေ။ သန္ဓေပြောင်းသားရဲများထံတွင်သာရှိပေသည်။

ကျိုးဟောင်မှာဤပစ္စည်း၏တန်ဖိုးအားသိသော်လည်း ဝက်ဝံဘုရင်စောင့်ကြပ်နေသောရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တွင်းမှာ သူယူလိုက်၍ကုန်သွားပြီဖြစ်ပေရာ သူ့အားမည်ကဲ့သို့ထပ်ပေးမည်နည်း။

"ခင်‌ဗျားမှာဒီလိုအဖိုးတန်ရတနာရှိတယ်ပေါ့"

ကျိုးဟောင်မှာမသိချင်ယောင်ဆောင်ကာမေးလိုက်သည်။

"သေချာပေါက်ရှိတာပေါ့ ဒါမျိုးအကုန်ရှိတယ် မင်းသာငါ့ကိုလွှတ်ပေးရင် မင်းကိုဒီပစ္စည်းပေးမယ်"

သံမဏိအရိုးဝက်ဝံဘုရင်မှာချက်ချင်းပင်ခေါင်းညိတ်ပြကာပြောလိုက်သည်။

"ကောင်းပြီ ခင်ဗျားသာလုံလုံလောက်လောက်ပေးရင် ခင်ဗျားအသက်ကိုချမ်းသာပေးလို့ရတယ်"

ကျိုးဟောင်မှာလည်းတည့်တိုးပင်ပြောလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤဝက်ဝံပြောသည့်စကားမှာအမှန်ဖြစ်နေပါက သူပွပေါက်တိုးမည်မဟုတ်ပေလော။

"ငါ...ငါ့မှာအခုမရှိသေးဘူး ဒါပေမဲ့ဒီရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တွေထုတ်တဲ့နေရာကိုငါသိတယ် မင်းလိုချင်ရင်ငါမင်းကိုကူပြီးယူပေးလို့ရတယ်"

သံမဏိအရိုးဝက်ဝံဘုရင်မှပြောလိုက်သည်။

ထိုစကားအားကြားသောအခါ ဤသံမဏိအရိုးဝက်ဝံဘုရင်သည်သူ့အားသေချာပေါက်လိမ်နေခြင်းဖြစ်ကြောင်းကိုကျိုးဟောင်သဘောပေါက်လိုက်ပေသည်။

မည်သို့ပင်ဖြစ်စေ ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တွင်းမှာသူ့လက်ချက်ဖြင့်ကုန်သွားပြီဖြစ်ပေရာ မည်သို့ထပ်ရနိုင်မည်နည်း။

"သံမဏိအရိုးဝက်ဝံဘုရင် ကျုပ်ကိုစမနေနဲ့တော့ ခင်ဗျားစောင့်နေတဲ့ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တွင်းက ဘာမှမရှိတော့တာကြာပြီဆိုတာကျုပ်မသိဘူးမထင်နဲ့ ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တစ်တုံးတောင်မကျန်လောက်တော့ဘူး ခင်ဗျားဒါကိုသုံးပြီးကျုပ်ကိုလှည့်စားချင်နေသေးတာလား"

ကျိုးဟောင်မှတွေဝေမနေဘဲပြောလိုက်သည်။

ဤစကားများမှာသံမဏိအရိုးဝက်ဝံဘုရင်အားချက်ချင်းပင်ကြက်သေသေသွားစေခဲ့သည်။

"မင်း...မင်းဘယ်လိုသိတာလဲ...မဟုတ်မှမင်းက"

....................................................................................

အခန်း(၃၉၀) ပြီးပါပြီ။

All Chapters