အခန်း (၃၇၆-၃၇၈)
Vol. 26 Ch. 376-378
အခန်း (၃၇၆) : စစ်သူကြီးတစ်ယောက်၏စရိုက်လက္ခဏာ
ပိုင်လင်းလုံ၏မျက်နှာတွင်အံ့ဩသောအမူအရာပေါ်လာခဲ့သည်။ ထို့အပြင်သန္ဓေပြောင်းသားရဲအုပ်အားမြင်လိုက်ရချိန်တွင်သူမသည်မျက်မှောင်ကြုတ်သွားခဲ့သည်။
"ဒီကောင်စုတ်လေးတကယ်ကြီး မဟာဆရာသခင်အဆင့်ပျံသန်းပိုးကောင်ဘုရင်ကုကိုရန်သွားစရဲတယ် သူသေချင်နေတာလား"
ကျိုးဟောင်၏စွမ်းအားမှာ ဆရာသခင်အဆင့်သာဖြစ်ပြီး ထိုပျံသန်းပိုးကောင်ဘုရင်ကု၏တိုက်ခိုက်ရေးစွမ်းအားမှာ မဟာဆရာသခင်အဆင့်ဖြစ်သည်။ ထို့အပြင် အရေးကြီးဆုံးအရာမှာဤပျံသန်းပိုးကောင်မှာ အင်းဆက်ဘုရင်များဖြစ်ကြသည်။ သူတို့၏လက်အောက်တွင်ဆရာသခင်အဆင့်ပျံသန်းကုပိုးကောင်များစွာရှိပြီး သာမန်သိုင်းပညာရှင်အဆင့်ရှိ ပျံသန်းပိုးကောင်အမြောက်အမြားသည်လည်း ဥမှပေါက်လာသည်မှာမကြာသေးပေ။ အကယ်၍ကျိုးဟောင်၏ခွန်အားဖြင့် ထိုသတ္တဝါများအားတစ်ယောက်တည်းရင်ဆိုင်ပါက သေချာပေါက်သေမည်ဖြစ်သည်။
ပိုင်လင်းလုံ၏အမူအရာမှာသိပ်အဆင်ပြေမနေပေ။ မည်သို့ပင်ဖြစ်စေကျိုးဟောင်၏ဆရာမှာ ဥက္ကဌကျိိုးဖြစ်ပေရာ သူမသည်ကျိုးဟောင်အပေါ်အနည်းနှင့်အများမျှော်လင့်ချက်တော့ထားဆဲသာဖြစ်သည်။
ယခုတော့ကြည့်ရသည်မှာ ဤကောင်လေးသည်ပါရမီရှိသော်ငြား ဦးနှောက်ရှိပုံမပေါ်ပေ။
ထိုအချိန်တွင်ကျိုးဟောင်မှာဓားရှည်တစ်ချောင်းအားကိုင်ကာ ပျံသန်းပိုးကောင်ဘုရင်ကုအားရှာဖွေနေပြီဖြစ်သည်။
ကျိုးဟောင်ပျံသန်းပိုးကောင်ဘုရင်ကုအားရှာဖွေနေရသည့်အကြောင်းအရင်းမှာ ပျံသန်းပိုးကောင်ဘုရင်၏ လက်အောက်ငယ်သားများစွာအားစိတ်ဝင်စား၍ဖြစ် သည်။
ထို့အပြင် ပျံသန်းပိုးကောင်ဘုရင်ကုသည် ၎င်း၏ လက်အောက်ငယ်သားများအပေါ်အပြည့်အဝထိန်းချုပ်နိုင်သည်။ တစ်နည်းဆိုသော် အကယ်၍ကျိုးဟောင်သာပျံသန်းပိုးကောင်ဘုရင်ကုအားထိန်းချုပ်လိုက်ပါက ရှုလင်နှင့်အခြားလူများအားရှာဖွေရန်ကူညီပေးနိုင်သည့်ကောင်းမွန်သောအသုံးချခံတစ်ဖွဲ့ရသွားသည်နှင့်ညီမျှပေသည်။
ပျံသန်းပိုးကောင်ဘုရင်ကု၏အသိဉာဏ်မှာမမြင့်သော်လည်း ယခုလိုကိန်းကြီးခမ်းကြီးဖြင့်သူတို့ရှေ့လာဝံ့သောလူသားအားမြင်တွေ့ရချိန်တွင် ၎င်းမှာသည်းမခံနိုင်တော့ဘဲ ကျိုးဟောင်အားတစစီဖြစ်အောင်ဆွဲဖြဲရန် ငယ်သားများအားချက်ချင်းထိန်းချုပ်လေတော့သည်။
ကျိုးဟောင်မှာသရော်ပြုံးပြုံးလိုက်သည်။ သူသည်တိုက်ခိုက်ရေးစွမ်းအင်အများအပြားမသုံးလိုသော်ငြား သူ၏ဆရာသခင်အဆင့်ကျင့်ကြံရေးနှင့် ဤကဲ့သို့မဟာဆရာသခင်အဆင့်စွမ်းအားဖြင့်ဆိုပါက ယခုကဲ့သို့လုပ်ခြင်းသည်လက်ခံဖွယ်ရာရှိသေးပေသည်။
ထို့ကြောင့်ကျိုးဟောင်မှာလုံးဝတွေဝေမနေပေ။ သူ၏ဓားအားလွှဲလိုက်သည်နှင့် ပျံသန်းပိုးကောင်အမြောက်အမြားမှာထက်ပိုင်းပြတ်သွားကြပြီး ကျိုးဟောင်သည်လည်းပျံသန်းပိုးကောင်ဘုရင်ကုရှိရာသို့တန်းသွားလိုက်သည်။
ပျံသန်းပိုးကောင်ဘုရင်ကုမှာထိုမြင်ကွင်းအားကြည့်ပြီးအော်ဟစ်လိုက်သည်။ ဤလူသားမှာထိုမျှလောက်ဘဝင်မြင့်ကာ ၎င်း၏မျက်စိရှေ့တွင်ပင်ငယ်သားများအားသတ်ဝံ့မည်ဟုလုံးဝမထင်ထားခဲ့ပေ။
အရေးကြီးဆုံးအချက်မှာ ဤလူသားသည်သူ့ကိုပင်စိန်ခေါ်ဝံ့ပေရာ အသက်အားအလေးမထားသည့်ပုံပင်။
စူးရှသောကျယ်လောင်သံနှင့်အတူ ပျံသန်းပိုးကောင်ဘုရင်ကုမှာအတောင်ပံများအားခတ်ကာ ကျိုးဟောင်ထံစွမ်းအားကြီးခွန်အားတစ်ခုအားပစ်သွင်းလိုက်သည်။
ကျိုးဟောင်၏ပုံစံမှာထူးဆန်းကာ ခြေလှမ်းများမှာအလွန်လျင်မြန်လှသည့်အပြင် လက်ထဲရှိဓားရှည်ပါထည့်ပေါင်းလိုက်သောအခါ သူ၏တိုက်ခိုက်ရေးစွမ်းအားမှာအလွန်မြင့်သွားပေသည်။ ထို့နောက်ကျိုးဟောင်သည် ချက်ချင်းပင်ပြန်လည်တိုက်ခိုက်လိုက်တော့သည်။
"စွမ်းအားကြီးလိုက်တဲ့တိုက်ခိုက်ရေးပါရမီ ပြီးတော့ဒီဓားသိုင်း...ကဥက္ကဌကျိုးရဲ့သင်ကြားမှုတွေကိုတကယ်ရထားတာပဲ"
ပိုင်လင်းလုံမှာထိုမြင်ကွင်းအားမြင်သောအခါ ချက်ချင်းပင်အံ့ဩသွားခဲ့သည်။
ဤဓားသိုင်းမှာချို့ယွင်းချက်မရှိဟုဆိုနိုင်ပေသည်။ ပိုင်လင်းလုံပင်ဆရာသခင်အဆင့်တွင်ရှိနေစဉ်က မည်သည့်ကျင့်ကြံရေးသိုင်းကိုမှ ယခုအတိုင်းအတာအထိထုတ်သုံးနိုင်ခဲ့ခြင်းမရှိပေ။
"ဥက္ကဌကျိုးသင်ပေးထားတဲ့တပည့်လို့မပြောရဘူး ဟင်း...."
ပိုင်လင်းလုံမှာသက်ပြင်းသာချလိုက်မိသည်။ ဥက္ကဌကျိုးအကြောင်းတွေးလိုက်မိသောအခါ သူမ၏ရက်ဘတ်အားကြီးမားသောကျောက်တုံးကြီးတစ်တုံးဖြင့်ဖိထားသကဲ့သို့ လေးလံသွားခဲ့ရသည်။
အထက်လူကြီးများ၏ရည်ရွယ်ချက်အား သေချာပေါက်သဘောပေါက်ကာ ထိုအရာပေါ်တွင်အလွန်မခံမရပ်နိုင်ဖြစ်နေပေသည်။ သို့သော်ကောင်းကင်ဘုံဘုရင်ကျူးနှင့်အခြားလူများကဲ့သို့ပင် ဥက္ကဌကျိုးဘေးကင်းပါစေဟုဆုတောင်းပေးရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။
ထိုအချိန်တွင် ကျိုးဟောင်၏အရိပ်ဓားခုနစ်ချောင်းအောက်တွင် မဟာဆရာသခင်အဆင့်ပျံသန်းပိုးကောင်ဘုရင်ကုပင် ပြန်လည်မတိုက်ခိုက်နိုင်သည့်အခြေအနေထိဖိနှိပ်ခံထားရပေသည်။
ဤမြင်ကွင်းမှာတကယ်ပင်ထိတ်လန့်စရာကောင်းလှပေသည်။ ကျိုးဟောင်၏ကျင့်ကြံဆင့်မှာဆရာသခင်အဆင့်သာရှိသေးသော်ငြား သူ့ထံမှထွက်ပေါ်လာသောတိုက်ခိုက်ရေးစွမ်းအားမှာမူ မဟာဆရာသခင်တစ်ယောက်နှင့်ယှဉ်နိုင်ပေသည်။
"ပျံသန်းပိုးကောင်ဘုရင်ကု မင်းငါပြောချင်တဲ့အဓိပ္ပာယ်ကိုနားလည်လောက်ပါတယ် အညံ့ခံမလားသေမလား ကိုယ့်ဘာသာရွေးချယ်"
ကျိုးဟောင်မှာဓားရှည်အားကိုင်ကာအလွန်စိတ်ဓာတ်တက်ကြွနေပေသည်။ သု၏ကျင့်ကြံဆင့်အားဖုံးကွယ်ထားရ၍မဟုတ်ပါက ဤပျံသန်းပိုးကောင်ဘုရင်ကုမှာတစ်ချက်တည်းဖြင့်ပျောက်သွားမည်ဖြစ်သည်။
ပျံသန်းပိုးကောင်ဘုရင်ကုမှာအသိဉာဏ်မမြင့်သော်ငြား ကျိုးဟောင်ပြောသောစကား၏အဓိပ္ပယ်ကိုတော့ သဘောပေါက်သေးပေသည်။ ၎င်းမှာအတောင်ပံများအားခတ်ရင်းရန်လိုနေပေသည်။
ကျိုးဟောင်သည်စွမ်းအားကြီးကြီးထုတ်သုံးလိုက်ပါက ၎င်းအားနှိမ်နင်းနိုင်မည်ဖြစ်သော်လည်း အကျိုးမရှိကြောင်းကိုသိပေရာ အင်အားနှင့်မျက်နှာသာပေးမှုနှစ်ခုလုံးအားသုံးမှသာ အဆင်ပြေမည်ဖြစ်သည်။
သန္ဓေပြောင်းသားရဲများ၏အသိဉာဏ်မှာ အလွန်နိမ့်ပါးလှပြီး အားလုံးမှာလူသားများအားအလိုလိုဆန့်ကျင်နေကြခြင်းဖြစ်သော်လည်း သေရမည်ကိုတော့ကြောက်ကြပေသည်။
မည်သို့ပင်ဖြစ်စေ ၎င်းထံတွင်သံမဏိဝက်ဝံဘုရင်ကဲ့သို့သောအသိဉာဏ်မျိုးမရှိပေ။
သို့သော် အကယ်၍ဤသတ္တဝါသဘောကျသောတစ်ခုခုအားကျိုးဟောင်ထုတ်လိုက်ပါက ၎င်းအားသိမ်းသွင်းနိုင်မည်ဖြစ်သည်။
ဤသည်မှာသန္ဓေပြောင်းသားရဲများ၏ သဘောသဘာဝဖြစ်ကြောင်းကို ကျိုးဟောင်ကောင်းကောင်းသိပေသည်။
"ငါမင်းကိုသတ်လို့ရတယ် ဒါပေမဲ့အခုမင်းငါ့ကိုကူညီပေးရမဲ့ကိစ္စတစ်ခုရှိတယ် ဒီပစ္စည်းကရှားပါးအဆင့်စွမ်းအင်ဘားပဲ ဒါကမင်းတို့သန္ဓေပြောင်းသားရဲတွေအတွက်အရမ်းအသုံးဝင်တယ် တကယ်လို့မင်းငါ့ကိုကူညီမယ်ဆိုရင် ငါမင်းကိုဒါမျိုးထပ်ပေးမယ် ဒါပေမဲ့လို့မကူညီဘူးဆိုရင်တော့သတ်ပစ်ရုံပဲရှိတယ်"
ကျိုးဟောင်သည်ပြောရင်း ရှားပါးအဆင့်စွမ်းအင်ဘားအားပစ်ပေးလိုက်သည်။ ပျံသန်းပိုးကောင်ဘုရင်ကုမှာထိုပစ္စည်းအားရပြီးနောက် ငမ်းငမ်းတက်နေသောအကြည့်မျိုးချက်ချင်းပင်ပေါ်လာခဲ့ပေရာ လူသားတစ်ယောက်နှင့်ပင်အလွန်တူလှပေသည်။ ၎င်းမှာအတောင်ပံများအားခတ်ရင်း အလွန်ပျော်ရွှင်စွာဖြင့်စွမ်းအင်ဘားအား လောဘကြီးစွာစုပ်ယူနေပေသည်။
ကျိုးဟောင်မှာဘေးကသာစောင့်ကြည့်နေပြီး နှောင့်ယှက်ခြင်းမရှိပေ။ တစ်ဖက်မှစွမ်းအင်ဘားအားသဘောကျပါက မည်သည့်ကိစ္စမဆိုဆွေးနွေးလို့ရပေသည်။ သို့သော်၎င်းသည်လောဘကြီးပါက ကျိုးဟောင်လည်းအလွတ်ပေးမည်မဟုတ်ပေ။
ပျံသန်းပိုးကောင်ဘုရင်ကုမှာ ထိုအရာအားစုပ်ယူပြီးနောက် ကျိုးဟောင်အားလောဘတကြီးဖြင့်ကြည့်လာလေသည်။ ထိုပစ္စည်းအားစုပ်ယူပြီးနောက် ၎င်းအတွက်ဤပစ္စည်းမှာမည်မျှအသုံးဝင်ကြောင်းသိသွားပေရာ ထပ်လိုချင်သည်မှာသဘာဝကျပေသည်။
သို့သော် သူ့ရှေ့ရှိလူသားမှာ၎င်းခုခံနိုင်သောလူမျိုး လုံးဝမဟုတ်ကြောင်းကိုလည်းသဘောပေါက်ပေသည်။ ထို့ကြောင့် ၎င်းမှာအလောတကြီးမတိုက်ခိုက်ပေ။
ကျိုးဟောင်မှာပြုံးကာ ရှားပါးအဆင့်စွမ်းအင်ဘားအနည်းငယ်အားထုတ်လိုက်သည်။
"ငါ့မှာထပ်ရှိသေးတယ် ဒါပေမဲ့မင်းငါ့ဆီမှာအညံ့ခံရမယ် မဟုတ်လို့ကတော့မင်းကိုဒါမပေးတဲ့အပြင်သတ်ပါပစ်မှာ"
ကျိုးဟောင်၏သတ်ဖြတ်လိုစိတ်နှင့်ဓားအရှိန်အဝါမှာ ပျံသန်းပိုးကောင်ဘုရင်ကုအား အလိုလိုပင်ကြောက်စိတ်တစ်စွန်းတစ်စဝင်လာစေခဲ့ပေသည်။
ကျိုးဟောင်၏ဖိအားပေးမှုကြောင့်လား သို့မဟုတ် အစောပိုင်းကပစ္စည်း၏ဆွဲဆောင်မှုကြောင့်လားမသိသော်လည်း ပြောင်းလဲမှုတစ်ခုတော့ဖြစ်သွားခဲ့ပေသည်။ ပျံသန်းပိုးကောင်ဘုရင်ကုမှာ ခေတ္တမျှတွေးတောနေပြီးနောက် မြေပြင်ပေါ်သို့တန်းကာဝပ်ချလိုက်ပြီး အညံ့ခံ့လာလေသည်။
ကျိုးဟောင်မှာထိုမြင်ကွင်းအားကြည့်ပြီးနောက် ချက်ချင်းပင်ပြုံးလိုက်သည်။
"အရမ်းကောင်းတယ်...."
ကျိုးဟောင်၏ခန္ဓာကိုယ်မှာချက်ချင်းပင်ရွေ့လျားသွားပြီးပျံသန်းပိုးကောင်ဘုရင်ကု၏ကြီးမားသောခေါင်းပေါ်တွင်မတ်တပ်ရပ်ကာ နောက်ထပ်စွမ်းအင်ဘားတစ်ခုပစ်ပေးလိုက်လေသည်။
"ငါ ၁၃ ခုမြောက်အက်ကွဲကြောင်းမှာလူတစ်ချို့ကိုရှာချင်တယ် တကယ်လို့မင်းတစ်ယောက်ရှာတွေ့ရင် ငါမင်းကိုဒါတစ်ခုပေးမယ်"
ကျိုးဟောင်၏စကားဆုံးသည်နှင့်ပျံသန်းပိုးကောင်ဘုရင်ကုမှာ ချက်ချင်းပင်အော်ဟစ်လာသည်။ များစွာသောပျံသန်းပိုးကောင်များမှာ ချက်ချင်းပင်အမိန့်အားနာခံကာ လူစုခွဲသွားကြလေသည်။
ထိုမြင်ကွင်းအားကြည့်ပြီးကြောင်အနေရာမှ ပိုင်လင်းလုံမှာနောက်ဆုံးတွင်အသိဝင်လာခဲ့သည်။ ထိုသို့လုပ်ခြင်းကမှကျိုးဟောင်၏တကယ့်အစီအစဉ်ဖြစ်ပုံပင်။
"ဉာဏ်ကောင်းလိုက်တာ ပျံသန်းကုပိုးကောင်တွေကအမြဲတမ်း သူတို့ဘုရင်ရဲ့အမိန့်တွေကိုလေးစားပြီး အတိုက်အခံမလုပ်ဘဲလိုက်နာကြတာ ပြီးတော့ပျံသန်းကုပိုးကောင်တွေမှာ အားကောင်းတဲ့မျိုးပွားစွမ်းရည်ရှိပြီး နေရာအနှံ့သက်ရောက်မှုရှိတယ်လို့ပြောလို့ရတယ် ဒါကတကယ်ဖန်တီးနိုင်စွမ်းရှိတဲ့ဖြေရှင်းနည်းတစ်ခုပဲ"
ပိုင်လင်းလုံ၏မျက်နှာတွင်ချီးကျူးလိုသောအရိပ်အယောင်များဖြင့်ပြည့်နေပေသည်။
သူမ၏စိတ်ထဲတွင်ကျိုးဟောင်၏နည်းလမ်းများမှာပွဲမတိုးဟုမခံစားဘဲ ကျိုးဟောင်၏လုပ်ရပ်များမှာအန္တရာယ်အား အလွန်အမင်းလျှော့ချနိုင်သည်ဟုသာခံစားရပေသည်။ တစ်ချိန်တည်းမှာပင် ကျိုးဟောင်သည်လိုချင်သောပန်းတိုင်ကိုလည်း အရောက်သွားနိုင်ပေသည်။
မည်သို့ပင်ဖြစ်စေလူသားနှင့်သန္ဓေပြောင်းသားရဲများကြားရှိတိုက်ပွဲတွင် ဘာမဆိုဖြစ်သွားနိုင်ပေသည်။ တစ်ခါတစ်ရံတွင် တိုက်ခိုက်ရေးစွမ်းအားမှာအားလုံးကိုအဆုံးအဖြတ်မပေးနိုင်ဘဲ ထိုးထွင်းဉာဏ်ရှိသောဖြေရှင်းနည်းများကသာ အလွန်အရေးကြီးပေသည်။
လက်ရှိအချိန်တွင်အခြားပါရမီရှင်များမှာ ပုန်းလျှင်ပုန်း သို့မဟုတ်အမှတ်ရရန်သန္ဓေပြောင်းသားရဲများအားသတ်ဖြတ်နေကြပေသည်။ အချို့အဖွဲ့များရှိမဟာဆရာသခင်များပင် ကြမ်းတမ်းသောခွန်အားအားအမှီပြုကာ ၎င်းတို့၏ပြိုင်ဘက်များအားရှာဖွေနေကြပေသည်။
သို့သော်ထိုအချိန်တွင် ကျိုးဟောင်၏နည်းလမ်းမှာအကျိုးသက်ရောက်မှုအများဆုံးဖြစ်ရုံသာမက အခြားသူများအားရှာဖွေရာ၌လည်းအမြန်ဆုံးဖြစ်ပေသည်။
"ဥက္ကဌကျိုးကသူ့ကိုတပည့်အဖြစ်လက်ခံတာမထူးဆန်းတော့ဘူး သူကဉာဏ်ကောင်းပြီး စစ်သူကြီးတစ်ယောက်ရဲ့စရိုက်လက္ခဏာမျိုးတောင်ရှိနေတာပဲ"
...................................................................................
အခန်း(၃၇၆) ပြီးပါပြီ။
အခန်း (၃၇၇) : စိန်ခေါ်မှုအားလက်ခံခြင်း
ပိုင်လင်းလုံမှာထိတ်လန့်သွားခဲ့သည်။ ထိုသို့ထိတ်လန့်သွားရသည့်အကြောင်းပြချက်များလည်းရှိပေသည်။ အခြားသူများနှင့်ယှဥ်ပါက ကျိုးဟောင်၏ လုပ်ဆောင်ချက်များမှာ တကယ်ပင်ထူးခြားလှပေသည်။
၁၃ ခုမြောက်အက်ကွဲကြောင်းရှိလေ့ကျင့်ရေးမှာ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။ ထိုအချိန်တွင်ရှုလင်သည် မဟာဆရာသခင်အဆင့်သားရဲ၏ခန္ဓာကိုယ်ထဲမှ သူမ၏ဓားအားဆွဲထုတ်လိုက်ပြီး သက်ပြင်းချကာမြေပြင်ပေါ်တွင်ထိုင်ချလိုက်သည်။
သူမဝင်လာစဉ်ကတည်းကအန္တရာယ်ပတ်လည်ဝိုင်းနေသော်ငြား ၁၃ခုမြောက်အက်ကွဲကြောင်းတွင် အန္တရာယ်မှာနေရာတိုင်းတွင်ရှိနေဆဲပင်ဖြစ်သည်။ ထို့အပြင် သူမသည်လေ့ကျင့်ရေးကာလတစ်လျှောက်လုံးလည်းပုန်းမနေချင်ပေ။ သူမ၏သိက္ခာရှိသေးပေသည်။ ထို့ကြောင့် သူမ၏အခြေအနေအားပြင်ဆင်ပြီးနောက် ရှုလင်မှာသားရဲများအားစတင်အမဲလိုက်တော့သည်။
ရှုလင်သည်လည်းကိစ္စများကိုဆောင်ရွက်ရာတွင် သူမ၏အစီအစဉ်နှင့်သူမ ရှိသူဖြစ်သည်။ သူမသည်ပုံမှန်အားဖြင့် သန္ဓေပြောင်းသားရဲများ၏အားနည်းချက်အားအဖြေရှာပြီးမှသာ လှုပ်ရှားလေ့ရာ ထို့ကြောင့်မဟာသခင်အဆင့်သန္ဓေပြောင်းသားရဲအချို့အား ဘေးကင်းစွာရင်ဆိုင်နိုင်ခြင်းဖြစ်သည်။
သူမ၏အမှတ်များအားကြည့်ကာ ရှုလင်မှာအသက်ပြင်းပြင်းရှူလိုက်သည်။ သူမသည်စိတ်လှုပ်ရှားနေခြင်းလုံးဝမရှိပေ။ ထိုအစားသူမသည်အနည်းငယ်စိုးရိမ်နေပေသည်။
"သူတို့ဘယ်လိုနေလဲမသိဘူး..."
ရှုလင်သည် ကျိုးဟောင်နှင့်ကျန်လူများကိုအစိုးရိမ်ဆုံးဖြစ်သည်။ ကျိုးဟောင်သည်အလွန်စွမ်းအားကြီးသည်ဆိုသော်ငြား ဆရာသခင်အဆင့်သာရှိသေးပေသည်။
သူမသည် ယွင်ယန်နှင့်ဖန်းယွီအားပိုလို့ပင်စိတ်ပူပေသည်။
သို့သော် ၁၃ ခုမြောက်အက်ကွဲကြောင်းမှာအလွန်ကျယ်ပြန့်လှပေရာ ကျိုးဟောင်နှင့်အခြားလူများအားရှာဖွေရန်မှာအပြောလွယ်ပြီးအလုပ်ခက်ပေသည်။
ရှုလင်သည်စဉ်းစားနေရင်း သူမ၏မျက်နှာမှာရုတ်တရက်ပြောင်းလဲသွားခဲ့သည်။ စွမ်းအားကြီးသောစွမ်းအင်အတက်အကျတစ်ခုပျံ့နှံ့လာသည်ကိုခံစားလိုက်မိပြီးနောက် သူမ၏အမူအရာမှာ ချက်ချင်းပင်ပျက်ယွင်းသွားခဲ့သည်။
စကားတစ်ခွန်းမျှမဆိုဘဲ ရှုလင်မှာသူမ၏ရေခဲကြွက်သားခန္ဓာကိုယ်အားအသက်သွင်းလိုက်ရာ ပတ်ဝန်းကျင်အပူချိန်မှာချက်ချင်းပင်လျော့ကျသွားခဲ့သည်။ ထို့နောက်တွေဝေမနေဘဲ သူမ၏ဓားရှည်အားဝေ့ယမ်းလိုက်ကာ အေးစက်သောရေခဲအငွေ့အသက်တစ်ခုအားထုတ်လွှတ်လိုက်လေသည်။
ထိုအချိန်တွင် အမွေးများဖုံးအုပ်နေသောလက်သည်းတစ်ခုမှာမြေကြီးထဲမှတိုးထွက်လာပြီး ရှုလင်အားကြမ်းကြုတ်စွာတိုက်ခိုက်လာသည်။
ရှုလင်မှာအေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး သူမ၏ဓားရှည်လည်းလေထဲတွင်ယိမ်းနွဲ့နေပေသည်။ ထိုဓားယိမ်းနွဲ့ရာမှထွက်ပေါ်လာသော အေးစက်သောစွမ်းအင်လှိုင်းလုံးများသည်လည်းပေါက်ကွဲထွက်လာခဲ့သည်။ ရေခဲကြွက်သားခန္ဓာကိုယ်သည်အထူးလက္ခဏာရပ်ရှိပြီး သာမန်ထက်အလွန်ထူးခြားပေသည်။ ထို့အပြင်ရှုလင်၏ကျင့်ကြံဆင့်မှာမဟာဆရာသခင်အဆင့်သို့ရောက်နေပြီဖြစ်ပေရာ သူမ၏အစွမ်းသည်အတော်လေးစွမ်းအားကြီးလှပေသည်။
ဓားချက်တစ်ချက်တည်းဖြင့် အမွေးတို့ဖြင့်ဖုံးလွှမ်းနေသောလက်သည်းမှာ ပြတ်တောက်သွားခဲ့သည်။ သို့သော်မည်သည့်သွေးမျှစီးကျမလာခဲ့ပေ။ ဒဏ်ရာမှာသေသပ်နေပြီး သွေးတစ်စက်မျှပင်မရှိပေ။
ဂါး!
ဒေါသတကြီးအော်ဟစ်သံတစ်ခုနှင့်အတူ မြေပြင်ထဲမှကြီးမားသောဝက်ဝံဖြူကြီးတစိကောင်မှာတိုးထွက်လာခဲ့သည်။ ၎င်း၏သွေးနီရောင်မျက်လုံးများနှင့် သန်မာသောခန္ဓာကိုယ်ကြီးမှာအလွန်ပင်စွမ်းအားကြီးမားလှသည်။
ရှုလင်မှာထိုသန္ဓပြောင်းသားရဲအားမြင်လိုက်သောအခါမျက်မှောင်ကြုတ်သွားခဲ့ပြီး သူမ၏အမူအရာသည်လည်းလေးနက်သွားခဲ့သည်။
"အမွေးဖြူရေခဲဝက်ဝံ....အထွတ်အထိပ်မဟာဆရာသခင်အဆင့် သူကဘာလို့ဒီမှာရှိနေတာလဲ"
ရှုလင်၏ကိုယ်မှာတန်းကာဆုတ်ခွာသွားခဲ့သည်။ သူမသည်အစောပိုင်းကဤသတ္တဝါ၏ခြုံခိုတိုက်ခိုက်ခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့်ရှုလင်မှာအရည်အချင်းရှိပြီး သူမ၏ရေခဲကြွက်သားခန္ဓာကိုယ်မှာလည်းစွမ်းအားကြီးလှပေရာ ဓားတစ်ချက်တည်းဖြင့်ထိုသတ္တဝါ၏လက်အားဖြတ်တောက်နိုင်ခဲ့ပေသည်။
သို့သော်ထိုသို့ဖြတ်နိုင်သည်ဆိုရုံဖြင့် ဤအမွေးဖြူရေခဲဝက်ဝံမှာ သုံးစားမရဟုမဆိုလိုပေ။
ဆန့်ကျင်ဘက်အနေဖြင့် ၎င်းသည်အစောပိုင်းကသူမအားချောင်းမြောင်း၍ပင်တိုက်ခိုက်ခဲ့ပေသည်။ သို့သော်၎င်း၏စွမ်းရည်အစစ်သည်လည်း ရေခဲနှင့်နှင်းမုန်တိုင်းအားထိန်းချုပ်ခြင်းပင်ဖြစ်ပြီး ဤစွမ်းရည်မှာထိုသားရဲ၏ပါရမီပင်ဖြစ်သည်။
ရှုလင်မှာအသက်သာပြင်းပြင်းရှူလိုက်မိသည်။ သူမ၏ရေခဲကြွက်သားခန္ဓာကိုယ်ကပို၍သန်မာသလား သို့မဟုတ် ဤအမွေးဖြူရေခဲဝက်ဝံက၏ပါရမီကပို၍သန်မာသလား သူမမသိပေ။ သို့သော်လက်ရှိအချိန်တွင် သူမသည်ဤသတ္တဝါ၏ပစ်မှတ်ထားခြင်းကိုခံနေရပြီးလွတ်မြောက်ရန်မလွယ်ပေ။
"ရေခဲကြွက်သားခန္ဓာကိုယ်ပိုင်ရှင်နဲ့ အလယ်အလတ်အဆင့်သွေးမျိုးဆက်ရှိတဲ့အမွေးဖြူဝက်ဝံကြားကတိုက်ပွဲက အတော်လေးစိတ်ဝင်စားစရာကောင်းသားပဲ ရှုလင်ရဲ့ရေခဲကြွက်သားခန္ဓာကိုယ်ကနိုးထနေတာကြာပြီဆိုပေမဲ့ ရေခဲကြွက်သားခန္ဓာကိုယ်ကနဂိုကတည်းကအဖိုးတန်တာ ဟိုးအရင်ကတည်းကဒီသွေးမျိုးဆက်ကိုအသက်သွင်းနိုင်တဲ့သိုင်းပညာရှင်များများစားစားမရှိဘူး ဒါကြောင့်သူ့ရဲ့တိုက်ခိုက်ရေးပုံစံကိုသူ့ဘာသာရှာဖွေရမှာပဲ"
"အခုသူကဒီအမွေးဖြူရေခဲဝက်ဝံနဲ့တိုက်နေပြီဆိုတော့ ဒီတိုက်ပွဲကနေသူ့အတွက်အတွေ့အကြုံတွေအများကြီးရလာမှာပဲ"
"ဒါပေမဲ့... အန္တရာယ်ကတော့...."
ပိုင်လင်းလုံမှာမျက်လုံးများအားမှေးစင်းကာရှုလင်နှင့် အမွေးဖြူရေခဲဝက်ဝံကြားရှိတိုက်ပွဲအားကြည့်နေပြီး သူမ၏အမူအရာမှာလည်း အနည်းငယ်စိုးရိမ်သည့်ပုံပေါ်လာခဲ့သည်။
လက်ဖြတ်ခံလိုက်ရသောအမွေးဖြူရေခဲဝက်ဝံမှာအလွန်ဒေါသဖြစ်နေပြီဖြစ်သည်။ ဤသတ္တဝါသည်မူလက ဤလူသားအားချောင်းမြောင်းတိုက်ခိုက်ကာသတ်ပစ်လိုခြင်းဖြစ်သော်လည်း ဤလူသားမှာထိုမျှလောက်စွမ်းအားကြီးမည်ဟုမမျှော်လင့်ထားခဲ့ပေ။ ထိုလူသား၏လက်ထဲရှိဓားမှာလည်းအလွန်ထက်ရှကာ သူ၏လက်အားတစ်ချက်တည်းဖြင့်ပြတ်စေခဲ့ပေသည်။
၎င်း၏မျက်လုံးများမှာကြက်သွေးရောင်သန်းနေပြီး ဒေါသတကြီးအော်ဟစ်လာခဲ့သည်။
ထိုသို့အော်ဟစ်နေရင်း ၎င်း၏ခန္ဓာကိုယ်မှာချက်ချင်းကြီးထွားလာခဲ့သည်။ ထိုကြီးမားသောခန္ဓာကိုယ်ကြီးမှအေးစက်သောအငွေ့အသက်တစ်ခုသည်လည်းပျံ့နှံ့လာခဲ့သည်။ ၎င်းမှာလက်တစ်ချက်ဝေ့လိုက်သည်နှင့် ကြီးမားသောရေခဲချွန်များမှာလေထဲတွင်ပေါ်လာခဲ့ပြီးရှုလင်ထံရက်စက်စွာတိုးဝင်လာခဲ့သည်။
ရှုလင်သည်လည်းတွေဝေမနေခဲ့ပေ။ သူမသည်ရုတ်တရက်လက်ထဲရှိဓားရှည်အားလွှဲလိုက်ရာ လှိုင်းတစ်ခုထွက်ပေါ်လာပြီး လေထဲတွင်ရေခဲတုံးများပေါ်လာခဲ့သည်။
တဝုန်းဝုန်းမြည်သံကြားတွင် ရေခဲဖြစ်စေ ရေခဲချွန်များဖြစ်စေ အားလုံးမှာတစ်စစီဖြစ်သွားကာ အေးစက်သောလေအများအပြားမှာပျံ့နှံ့သွားခဲ့သည်။
ပတ်ဝန်းကျင်တွင်အဖြူရောင်မြူများဖြင့်ဖုံးလွှမ်းနေပြီး ရှုလင်သည်လည်းသတိမလွတ်ပေ။ သူမသည်လက်ထဲတွင်ဓားအားကိုင်ထားပြီး သူမဘေးရှိအငွေ့အသက်အားအာရုံစိုက်နေပေသည်။
ထိုအချိန်တွင်ပင်သူမသည်လက်ထဲရှိဓားအားမြှောက်ကာ ရှေ့ဘက်သို့ရက်စက်စွာထိုးချလိုက်သည်။ ကျယ်လောင်သောအသံတစ်ခုနှင့်အတူ ကြီးမားသောရေခဲတုံးအပိုင်းအစတစ်ခုမှာ ချက်ချင်းပင်တစ်စစီဖြစ်သွားခဲ့သည်။ ထို့နောက်ချက်ချင်းပင် ကြီးမားသောအမွေးဖြူရေခဲဝက်ဝံကြီးမှာ သူမ၏နောက်တွင်ပေါ်လာခဲ့ပြီး သူ၏ကြီးမားသောလက်သည်းကြီးအားမြှောက်ကာ ရက်စက်စွာတိုက်ခိုက်လိုက်သည်။
ရှုလင်မှာနှာခေါင်းရှုံ့လိုက်သည်။ ဤအမွေးဖြူဝက်ဝံမှာအသိဉာဏ်ရှိပြီး အယောင်ပြတိုက်ကာအနောက်ဘက်မှရုတ်တရက်ဝင်ရောက်လာမည်ဖြစ်ကြောင်းကို သူမအစောကတည်းကသတိထားမိခဲ့ပေသည်။
သို့သော် ထိုမျှလောက်ဉာဏ်ရည်လေးမှာ လူသားတို့၏ရှေ့မှောက်တွင်မပြောပလောက်ပေ။
ရှုလင်၏ကိုယ်ပေါ်ရှိအငွေ့အသက်မှာအလွန်ပြင်းထန်နေပေသည်။ ကျယ်လောင်သောအသံတစ်ခုနှင့်အတူ ကြီးမားသောအငွေ့အသက်တစ်ခုပေါက်ကွဲထွက်လာခဲ့သည်။ သူမ၏လက်ထဲရှိဓားမှာနှစ်ချောင်းမှ သုံးချောင်း ထို့နောက်ဓားအချောင်းပေါင်းများစွာအဖြစ်ကွဲထွက်သွားခဲ့သည်။
"ရေခဲသိုင်း-ရေခဲမိုးဆင်းသက်"
သူမသည်နှုတ်မှအော်လိုက်ရင်း သူမကျင့်ကြံထားသည်မှာကြာပြီဖြစ်သောကျင့်ကြံရေးသိုင်းအားထုတ်သုံးလိုက်သည်။
ဤသိုင်းသည် သူမမိသားစုမှငွေပမာဏအများအပြားဖြင့်ဝယ်ယူလာခဲ့ခြင်းဖြစ်ပြီး ၎င်းမှာရေခဲကြွက်သားခန္ဓာကိုယ်နှင့်အလွန်လိုက်ဖက်မှုရှိပေသည်။ ရှုလင်၏ဤသိုင်းနှင့်လိုက်ဖက်မှုမှာ အလွန်မြင့်မားလှပေသည်။
ထို့အပြင်သူမသည်ကြိုးစားလေ့ကျင့်ထားခဲ့ပေရာ သူမဤသိုင်းအားသုံးလိုက်သည့်အချိန်တွင် အလွန်အမင်းစွမ်းအားကြီးလာခဲ့သည်။
များစွာသောရေခဲဓားများမှာမိုးစက်များသဖွယ် ကြမ်းတမ်းစွာကျဆင်းလာခဲ့သည်။
အဝေးမှကြည့်ပါကမိုးရွာနေသည်နှင့်တူပြီး အလွန်ပင်သာမန်ထက်ထူးခြားလှသည်။
အမွေးဖြူရေခဲဝက်ဝံမှာ ချက်ချင်းပင်ထပ်ခါတလဲလဲအော်ဟစ်လာခဲ့သည်။ ၎င်းမှာအော်ဟစ်နေရင်းပင် များစွာသောဓားများကြောင့် ကြီးမားသောခန္ဓာကိုယ်တွင် ဒဏ်ရာများဖြစ်ပေါ်လာကာသွေးများစီးကျလာခဲ့သည်။
သန္ဓေပြောင်းသားရဲများ၏ခန္ဓာကိုယ်မှာအလွန်စွမ်းအားကြီးလှသော်လည်း မည်မျှပင်စွမ်းအားကြီးသည်ဖြစ်စေ ယခုလိုသိုင်းမျိုးနှင့်ကြုံပါကဒဏ်ရာအပြင်းအထန်ရနိုင်ပေသည်။
ရှုလင်မှာနှာခေါင်းရှုံ့လိုက်ပြီး သက်ညှာနေခြင်းမရှိပေ။ သူမ၏ဓားမှာကြီးစိုးသောအငွေ့အသက်တစ်ခုဖြင့် သူမ၏ခေါင်းပေါ်မြောက်တက်သွားသည်မှာ ဘုရင်မတစ်ပါးရောက်ရှိလာသကဲ့သို့ပင်
"ရေခဲသိုင်း-ရေခဲကြွေဓား"
သူမ၏စကားသံဆုံးသည်နှင့် ကြီးမားသောဓားတစ်ချောင်းအဖြစ်ဖွဲ့စည်းလာပြီး ဘေးရှိအေးစက်သောအငွေ့အသက်တို့မှာထိုဓားဖြင့်ပေါင်းစပ်သွားကာ ကြီးမားသောဓားတစ်ချောင်းဖြစ်ပေါ်လာခဲ့သည်။
ဤသိုင်းသည်ရှုလင်၏အသန်မာဆုံးဝှက်ဖဲဖြစ်သည်။ ၎င်းသည်စွမ်းအားကြီးသော်ငြား စွမ်းအင်လည်းအများအပြားကုန်ပေသည်။ သို့သော်လက်ရှိအချိန်တွင် အမွေးဖြူဝက်ဝံအားသတ်ရန်အခွင့်အရေးရနေပြီဖြစ်ရာ သူမသည်ဤအခွင့်အရေးအားအရယူကာ တိုက်ပွဲအားအဆုံးသတ်ချင်နေခြင်းဖြစ်သည်။
ကြီးမားသောရေခဲဓားကြီးမှာကျယ်လေင်သောအသံနှင့်အတူချက်ချင်းကျရောက်လာကာ အမွေးဖြူဝက်ဝံအားရက်စက်စွာခုတ်ပိုင်းလိုက်သည်။ ထိုတိုက်ခိုက်မှုကြောင့် ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာပြီး မမြင်ရသောမုန်တိုင်းတစ်ခုပမာပြောင်းလဲသွားကာ အရပ်မျက်နှာအနှံ့ပျံ့နှံ့သွားခဲ့သည်။
အမွေးဖြူဝက်ဝံမှာကြိမ်ဖန်များစွာအော်ဟစ်လာကာ ၎င်း၏ခန္ဓာကိုယ်တစ်ဝက်မှာဓားဖြင့်ပိုင်းခြင်းခံထားရပေရာ အတွင်းမှအရိုးဖြူများကိုပင်မြင်နေရပေသည်။ သွေးများမှာလည်းရေတံခွန်တစ်ခုသဖွယ်စီးကျနေခဲ့သည်။
ဤပုံအတိုင်းဆိုပါက ၎င်းသည်အသက်မရှင်နိုင်လောက်တော့ပေ။
သေဖို့ရန်အချိန်အတိုင်းအတာတစ်ခုသာလိုပေသည်။
ရှုလင်မှာမြေပြင်ပေါ်ဆင်းလိုက်ပြီး မောပန်းစွာအသက်ရှူလိုက်သည်။ သူမသည်ဤကြီးမားသောစွမ်းအင်ကုန်ဆုံးမှူအား အတော်လေးမကိုင်တွယ်နိုင်ပေ။ ကံကောင်းစွာဖြင့် ဤပြဿနာများသောကောင်ကြီးအားဖြေရှင်းပြီးနောက် ဂရုတစိုက်လှုပ်ရှားပါက ပြန်လည်စွမ်းအားဖြည့်တင်းနိုင်ပေသည်။
သို့သော်ကိစ္စများသည်သူမဆန္ဒအတိုင်းဖြစ်မလာပေ။ ထိုအချိန်တွင်ရှုလင်အားရင်တုန်စေသည့်အငွေ့အသက်တစ်ခုမှာပျံ့နှံ့လာခဲ့သည်။
သူမမတုံ့ပြန်နိုင်ခင်မှာပင် အလွန်ကြီးမားတုတ်ခိုင်သည့်အမြီးကြီးမှာ အမွေးဖြူဝက်ဝံအားရစ်ပတ်လာခဲ့သည်။ ထို့နောက်ကြီးမားသောစပါးအုံးကြီးတစ်ကောင်ပေါ်လာခဲ့ပြီး အမွေးဖြူဝက်ဝံ၏လည်ပင်းအားကိုက်ကာ သွေးများအား အားပါးတရစုပ်ယူနေတော့သည်။
စပါးအုံးမြွေ၏အငွေ့အသက်မှာလည်း ရုတ်တရက်တိုးလာခဲ့သည်။
"ဒါ...ဒါက...သွေးသောက်စပါးအုံးပဲ"
ရှုလင်၏အမူအရာမှာ နောက်ဆုံးတွင်ပြောင်းလဲသွားခဲ့သည်။
...................................................................................
အခန်း(၃၇၇) ပြီးပါပြီ။
အခန်း(၃၇၈) : ခက်ခဲသောဘေးအန္တရာယ်အားဖြေရှင်းခြင်း
ရှုလင်တိုက်ခိုက်နေစဉ်တွင် ကျိုးဟောင်မှာပျံသန်းပိုးကောင်ဘုရင်ကု၏ခေါင်းပေါ်တွင် မျက်လုံးများအားမှိတ်ကာထိုင်နေပေသည်။
ကျိုးဟောင်၏အောက်ရှိပျံသန်းပိုးကောင်ဘုရင်ကုမှာအလောတကြီးမလှုပ်ရှားရဲပေ။ ဤသည်မှာကျိုးဟောင်အားကြောက်၍သာမက ကျိုးဟောင်ထံမှစွမ်းအင်ဘားကိုလည်းလိုချင်၍ဖြစ်သည်။
သိပ်မကြာမီပင်အားနည်းသော ပျံသန်းပိုးကောင်ဘုရင်ကုများမှာပြန်လည်ရောက်ရှိလာပြီး သတင်းအချက် အလက်များအားမျှဝေလာခဲ့သည်။
ပျံသန်းပိုးကောင်ဘုရင်ကုသည်လည်းရရှိလာသောသတင်းများအားကျိုးဟောင်အားပြောပြနေကာ ကျိုးဟောင်စစ်ဆေးနိုင်ရန်၎င်း၏စိတ်စွမ်းအင်ကိုပင်ထုတ်လွှတ်ပေးနေပေသည်။
ကျိုးဟောင်မှာမျက်လုံးများအားမှိတ်လိုက်သောအခါ အခြားအဖွဲ့မှအဖွဲ့သားများအားတွေ့လိုက်ရသော်လည်း သူ့အဖွဲ့မှအဖွဲ့သားတစ်ယောက်ကိုပင်မတွေ့ရလေရာ အတော်လေးစိုးရိမ်လာခဲ့သည်။
"ဆက်ရှာကြ ဒီလူတွေကိုငါ့အတွက်စောင့်ကြည့်ပေးထားကြ တကယ်လို့တစ်ခုခုတွေ့ရင်ငါ့ကိုချက်ချင်းပြော"
ကျိုးဟောင်သည်လည်း ပျံသန်းပိုးကောင်ဘုရင်ကုအား ရှုလင်နှင့်အခြားလူများ၏အချက်အလက်များအားပေးလိုက်သည်။ ထိုသတ္တဝါမှာချက်ချင်းပင်နားလည်ကာ ပျံသန်းပိုးကောင်ငယ်များအားရှာဖွေရန် အော်ဟစ်အမိန့်ပေးလိုက်လေသည်။
ကျိုးဟောင်မှာမလှုပ်ရှားဘဲ ဤနေရာတွင်သာစောင့်နေပေသည်။ ရှုလင်နှင့်ကျန်လူများ၏သဲလွန်စအားရရှိသည်နှင့် တွေဝေမနေဘဲချက်ချင်းသွားမည်ဖြစ်သည်။
အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ကျိုးဟောင်မှာပို၍စိုးရိမ်လာခဲ့သည်။ ကံဆိုးသည်မှာ ၁၃ ခုမြောက်အက်ကွဲကြောင်းမှာအလွန်ကြီးမားလှပြီး အချို့အဖွဲ့သားများမှာပုန်းပင်ပုန်းနေကြပေရာ သူတို့အားရှာဖွေရန်မှာမလွယ်ကူပေ။
ကျိုးဟောင်မှာစိတ်ပူပန်မှုအားသည်းခံကာ ဖြည်းဖြည်းချင်းရှာရုံသာတတ်နိုင်ပေသည်။
ကျိုးဟောင်မှာပိုစိတ်ပူလေ ပိုဂနာမငြိမ်လာလေဖြစ်သည်။ ကျိုးဟောင်၏လက်ရှိခံစားချက်အား ခံစားမိ၍လားမသိ ပျံသန်းပိုးကောင်ဘုရင်ကုမှာမြေပြင်တွင်ဝပ်နေပြီး မလှုပ်ရဲပေ။
မကြာမီနောက်ထပ်တစ်နာရီထပ်မံကုန်ဆုံးသွားပြီး ပျံသန်းပိုးကောင်စစ်သည်အများအပြားသည်လည်းပြန်လည်ရောက်ရှိလာခဲ့ပေရာ ကျိုးဟောင်၏အမူအရာမှာပြောင်းလဲသွားခဲ့သည်။
"သွေးသောက်စပါးအုံးမြွေ"
ပျံသန်းပိုးကောင်ငယ်လေးမှသူ့ထံမျှဝေလာသောမြင်ကွင်းအားကြည့်ကာ ကျိုးဟောင်မှာတုန်လှုပ်သွားခဲ့သည်။ ရှုလင်မှာသွေးသံရဲရဲတိုက်ပွဲတစ်ပွဲအားတိုက်ခိုက်နေကြောင်းသိရပြီးနောက် ကျိုးဟောင်သည်ချက်ချင်းပင်တွေဝေမှုမရှိဘဲ သွေးသောက်စပါးအုံးမြွေရှိရာနေရာသို့ ပျံသန်းပိုးကောင်ဘုရင်ကုအားပျံသန်းစေလေသည်။
ထိုအချိန်တွင်ကြီးမားသောသွေးသောက်စပါးအုံးမြွေအားကြည့်ကာ ရှုလင်မှာထိတ်လန့်နေခဲ့သည်။
ဤသန္ဓေပြောင်းသားရဲမှာအရက်စက်ဆုံးနှင့် အန္တရာယ်အများဆုံးဖြစ်သည်။ ၎င်းသည် လူသားနှင့်ရင်ဆိုင်ရသည်ဖြစ်စေ သို့မဟုတ် သန္ဓေပြောင်းသားရဲများနှင့်ရင်ဆိုင်ရသည်ဖြစ်စေ ဂရုမစိုက်ပေ။ ၎င်း၏ကျင့်ကြံဆင့်အားတိုးမြှင့်နိုင်သရွေ့ တစ်ဖက်လူအားဝါးမျိုမည်သာဖြစ်သည်။
၎င်းသည်အစောပိုင်းကအမွေးဖြူရေခဲဝက်ဝံနှင့်တိုက်နေသည့်အချိန်တွင် ရှုလင်အားသတိထားမိသွားခြင်းဖြစ်ပေလိမ့်မည်။ သို့သော်မပေါ်လာခဲ့သည့်အကြောင်းအရင်းမှာ အခွင့်အရေးအားစောင့်နေ၍ဖြစ်သည်။
၎င်းသည်အခြေအနေအားအသုံးချလိုခြင်းဖြစ်သည်။
၎င်းသည်ပြည့်စုံသောအခွင့်အရေးအားအတိအကျဖမ်းဆုပ်ခဲ့သည်ဟုဆိုနိုင်ပေသည်။ အမွေးဖြူရေခဲဝက်ဝံမှာရှုလင်၏ဓားချက်ဖြင့်ဖျက်ဆီးခံရပြီးနောက် အားကုန်သွားပြီဖြစ်သည်။
အားကုန်နေသောအခြေအနေတွင် ၎င်းသည်သွေးသောက်စပါးအုံးမြွေအားမခုခံနိုင်ပေ။
စကားတစ်ခွန်းမှမဆိုဘဲ ရှုလင်သည်ထွက်ပြေးရန်ကြံလိုက်သည်။ သို့သော်သွေးသောက်စပါးအုံးမြွေသည်ရှုလင်အား ထွက်ပြေးရန်အခွင့်အရေးမပေးပေ။ ၎င်းသည်အမွေးဖြူရေခဲဝက်ဝံ၏အလောင်းအားအမြီးဖြင့်ရစ်ပတ်ထားသည်။ လက်ရှိအချိန်တွင် အမွေးဖြူရေခဲဝက်ဝံမှာ ၎င်း၏သွေးအနှစ်သာရအများစုအားဆုံးရှုံးလိုက်ရပြီဖြစ်ပြီးသေလုမြောပါးဖြစ်နေပြီဖြစ်သည်။ ထို့အပြင်၎င်း၏ကြီးမားသောခန္ဓာကိုယ်ကြီးမှာလည်း တဖြည်းဖြည်းခြောက်ကပ်လာခဲ့သည်။
မြွေကြီးမှာဝက်ဝံအားအမြီးဖြင့်ရစ်ပတ်ထားရင်း သွေးအနှစ်သာရအားစုပ်ယူဖို့လည်းမမေ့ပေ။
တစ်ချိန်တည်းမှာပင် ရှုလင်အားရက်စက်စွာရစ်ပတ်ရန်ကြိုးစားလာခဲ့သည်။
ရှုလင်မှာစွမ်းအင်ကုန်ခန်းနေပြီဖြစ်ပြီး နောက်ထပ်သန္ဓေပြောင်းသားရဲတစ်ကောင်ထပ်ရောက်လာမည်ဟုမထင်ထားခဲ့ပေရာ လက်ရှိအချိန်တွင်သူမသည်လုံးဝမခုခံနိုင်တော့ပေ။
"ငါသာစောစောကသိခဲ့ရင် ဒီလောက်လောဘကြီးပြီးအမွေးဖြူဝက်ဝံကိုမသတ်ခဲ့ပါဘူး အခုတော့စွမ်းအင်တွေအများကြီးကုန်သွားပြီဆိုတော့ ငါကသူ့ပြိုင်ဘက်မဟုတ်တော့ဘူး ပြီးတော့ဒီစပါးအုံးမြွေက အမွေးဖြူဝက်ဝံထက်ဖြေရှင်းရပိုခက်ရုံပဲရှိမှာ"
ရှုလင်၏မျက်နှာလေးမှာဖြူလျော်နေပေသည်။ အကြောင်းမှာအစောပိုင်းကစွမ်းအင်အများအပြားကုန်ဆုံးခဲ့၍သာမဟုတ်ဘဲ ကြောက်ရွံ့နေ၍လည်းပါပေသည်။
အသက်အန္တရာယ်ခြိမ်းခြောက်မှုသည် သူမအားထိတ်လန့်စေပေသည်။
မည်သို့ပင်ဖြစ်စေ သူမသည်မိန်းကလေးတစ်ယောက်သာဖြစ်သည်။ သူမသည်ယောက်ျားတွေထက်မနိမ့်ကျဘူးဆိုသော်ငြား အချိန်တော့လိုသေးပေသည်။
သူမ နောက်ရှိသွေးသောက်စပါးအုံးမြွေမှာအလျင်မလိုပေ။ ၁၃ခုမြောက်အက်ကွဲကြောင်းတွင်နေရာတိုင်းတွင်သန္ဓေပြောင်းသားရဲများရှိကြသော်လည်း မဟာဆရာသခင်တစ်ယောက်အနေဖြင့်၎င်း၏တိုက်ခိုက်ရေးစွမ်းရည်မှာထိပ်တန်းဖြစ်ပြီးသာမန်သန္ဓေပြောင်းသားရဲများမှာ ၎င်း၏ပြိုင်ဘက်မဟုတ်ပေ။
သာမန်သားရဲများမှာ ၎င်း၏အငွေ့အသက်အားအနံ့ခံမိပါက ပုန်းပင်နေကြမည်ဖြစ်သည်။
၎င်းသည်ရှုလင်၏နောက်သို့ လှောင်ပြောင်လိုသောပုံဖြင့်လိုက်နေပြီး သူမအားစားရန်အလျင်လိုမနေပေ။
၎င်းသည်အချိန်ယူနေပေသည်။
အမွေးဖြူဝက်ဝံမှာသေအံ့ဆဲဆဲဖြစ်နေပြီဖြစ်သည်။ ၎င်း၏အသက်စွမ်းအားမှာလျင်မြန်စွာပျောက်ကွယ်နေပြီး သိပ်မကြာခင်၎င်း၏ကိုယ်တွင်းရှိသွေးများမှာ လုံးဝစုပ်ယူခံလိုက်ရပေသည်။ သွေးသောက်စပါးအုံးမြွေမှာ ချက်ချင်းပင်အလောင်းအားမြေပြင်ပေါ်ပစ်ချကာအော်ဟစ်လိုက်သည်။
၎င်း၏အငွေ့အသက်မှာရုတ်တရက်ထိုးတက်သွားခဲ့ပြီး မူလအဆင့်ရောက်ရန်ခြေတစ်လှမ်းသာလိုတော့ပေသည်။
သန္ဓေပြောင်းသားရဲများ၏ဆင့်ကဲဖြစ်စဉ်မှာအလွန်ရိုးရှင်းလှသည်။ သန္ဓေပြောင်းသားရဲတစ်ကောင်သည်အခြားစွမ်းအားကြီးသောသန္ဓေပြောင်းသားရဲများ၏သွေးမျိုးဆက်အားဝါးမျိုလိုက်သည်နှင့် အဆင့်တက်နိုင်ပေသည်။
ကျင့်ကြံရေးနှင့် မိုးနှင့်မြေကြားရှိဝိဉာဏ်ရတနာများအားစုပ်ယူပြီးမှအဆင့်တက်နိုင်သော သန္ဓေပြောင်းသားရဲများလည်းသေချာပေါက်ရှိပေသည်။ သို့သော် အခြားသန္ဓေပြောင်းသားရဲများအားတန်းကာဝါးမျိုသော ရက်စက်သည့်သန္ဓေပြောင်းသားရဲများလည်းများစွာရှိပေသည်။
သွေးသောက်စပါးအုံးမြွေမှာ ယခုလိုသန္ဓေပြောင်းသားရဲမျိုးဖြစ်သည်။
၎င်းသည်မူလကတည်းကကြမ်းကြုတ်ကာ သွေးမျိုးဆက်သည်လည်းသာမန်ထက်ထူးခြားပေသည်။ ကောင်းကောင်းအရွယ်ရောက်လာပါကမူလအဆင့်သို့ရောက်ရန်မှာ ပြဿနာတစ်ခုမဟုတ်ပေ။
ဤသည်မှာထိုသတ္တဝါ ၁၃ခုမြောက်အက်ကွဲကြောင်းမှထွက်မသွားရသည့် အကြောင်းအရင်းများထဲမှတစ်ခုဖြစ်သည်။
၎င်းသည် ၁၃ခုမြောက်အက်ကွဲကြောင်းရှိစွမ်းအားကြီးသန္ဓေပြောင်းသားရဲအများစုအားဝါးမျိုကာ မူလအဆင့်ပညာရှင်တစ်ယောက်ဖြစ်လာလိုခြင်းဖြစ်သည်။
သို့သော်လူသားများနှင့်ကြုံရမည်ဟုမမျှော်လင့်ထားခဲ့ပေ။
ထို့အပြင်ဤလူသားသည် ဆရာသခင်အဆင့်သားရဲအားတိုက်ခိုက်နိုင်သူတစ်ယောက်ဖြစ်သည်။
ဤအချက်သည်သူ့အားအလွန်ပျော်ရွှင်စေပေသည်။ ထို့ကြောင့်အစောပိုင်းကမစောင့်နိုင်ဘဲတိုက်ခိုက်လုနီးပါးပင်ဖြစ်ခဲ့လေသည်။
ယခု၎င်းသည်အမွေးဖြူရေခဲဝက်ဝံ၏သွေးအနှစ်သာရအားစုပ်ယူလိုက်ပေရာ ပို၍ပင်သန်မာလာခဲ့သည်။ သို့သော်သူ့ရှေ့ရှိဤလူသားမှာ တကယ့်စားကောင်း သောက်ဖွယ်ဖြစ်ကြောင်းကိုလည်းသိပေသည်။
အကြောင်းမှာသူမ၏အသားမှာအရသာရှိရုံသာမက သူမ၏သွေးမျိုးဆက်ထဲရှိစွမ်းအင်ပါဝင်မှုနှုန်းမှာလည်း အမွေးဖြူရေခဲဝက်ဝံထက် အများကြီးပိုမိုကြွယ်ဝ၍ဖြစ်သည်။
အမွေးဖြူရေခဲဝက်ဝံအားစုပ်ယူပြီးနောက် သွေးသောက်စပါးအုံးမြွေမှာ ထပ်မံပြီးဝေ့ပတ်မနေတော့ပေ။၎င်း၏ကိုယ်မှာလျင်မြန်စွာရှေ့တိုးလာပြီး ပါးစပ်ကြီးအားဟကာရှုလင်အားမျိုချရန်ခုန်ဝင်လာခဲ့သည်။
ရှုလင်မှာသူမ၏ကျင့်ကြံရေးအားလှည့်ပတ်လိုက်လေရာ သူမ၏ရေခဲကြွက်သားခန္ဓာကိုယ်အစွမ်းမှာ ပေါက်ကွဲထွက်လာပြီး ပတ်ပတ်လည်တွင်ရေခဲသလင်းကျောက်များဖွဲ့စည်းလာကာ သွေးသောက်စပါးအုံးမြွေ၏တိုက်ခိုက်မှုအားခုခံရန်ကြိုးစားလိုက်သည်။
သွေးသောက်စပါးအုံးမြွေ၏ခန္ဓာကိုယ်မှာမူလကတည်းကအလွန်လျင်မြန်လှပြီး ၎င်း၏ကိုယ်ပေါ်ရှိအကြေးခွံများပါထပ်ပေါင်းလိုက်ပါကကာကွယ်နိုင်စွမ်းမှာ အမွေးဖြူဝက်ဝံထက်ပင်ပို၍ထိတ်လန့်စရာကောင်းပေသည်။
၎င်းသည်ရေခဲသလင်းကျောက်အများစုအားရှောင်တိမ်းလိုက်သည်။ ကျန်ရှိနေသောရေခဲသလင်းကျောက်များမှာ၎င်း၏ကိုယ်ပေါ်ကျရောက်လာသော်လည်းမည်သည့်ဒဏ်ရာမျှမရပေ။
၎င်း၏ကြီးမားသောအမြီးကြီးမှာချက်ချင်းပင်လွှဲယမ်းလာပြီးလေထဲတွင်ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာခဲ့သည်။ ၎င်း၏အရှိန်မှာအံ့ဩစရာကောင်းလောက်အောင်လျင်မြန်ပြီး ရှုလင်၏နောက်ဘက်သို့ချက်ချင်းပင်ရောက်ရှိလာခဲ့ပေသည်။
ရှုလင်မှာသူမ၏နောက်တွင်ရေခဲနံရံအားဖွဲ့စည်းကာတိုက်ခိုက်မှုအားတားဆီးလိုက်သော်လည်း သူမသည်ပြင်းထန်စွာတိုက်ခိုက်ခံလိုက်ရပေသည်။
ရေခဲနံရံမှာကြေမွသွားကာသူမသည်လည်းရုတ်တရက် သွေးတစ်ပွက်အန်လိုက်ရကာမြေပြင်ပေါ်သို့ပြုတ်ကျသွားခဲ့သည်။
ရှုလင်မှာအစောပိုင်းကတိုက်ပွဲကြောင့်အားကုန်နေပြီဖြစ်သည်။ ယခုအချိန်တွင်သူမသည်တိုက်ခိုက်မှုအားတိုက်ရိုက်ခံလိုက်ရပေရာ ပြန်လည်တိုက်ခိုက်ရန်မှာမဖြစ်နိုင်တော့ပေ။
သူမသည်သွေးသောက်စပါးအုံးမြွေအားကြည့်ရင်းမျက်နှာလေးမှာဖြူဖျော့နေကာ နောင်တများဖြင့်ပြည့်နှက်နေသည်။ သူမသည်ယနေ့တွင်ဤနေရာတွင်သာအသက်သေရတော့မည်လော။
မဟုတ်ပါကဤအကဲဖြတ်မှုမှတကယ်ထွက်ရမည်လော မဆုံးဖြတ်နိုင်ပေ။
ရှုလင်သည်အတော်လေးလက်မလျှော့လိုပေ။ သို့သော်သူမသည်နေရာရွှေ့ပြောင်းရေးကိရိယာအားထုတ်ကာ အချိန်မရွေးနှိပ်နိုင်ရန်ပြင်ဆင်ထားပေသည်။
သို့သော်ထိုအချိန်တွင်အမဲရောင်အရိပ်တစ်ခုကျရောက်လာပြီး ကောင်းကင်အားဖုံးလွှမ်းသွားခဲ့သည်။ သူမသည်ရုတ်တရက်မော့ကြည့်လိုက်ရာ လေထဲတွင်လှည့်ပတ်နေသောကြီးမားသည့်ပျံသန်းပိုးကောင်ဘုရင်ကုအားမြင်တွေ့လိုက်ရသည်။
တစ်ချိန်တည်းမှာပင်ပျံသန်းပိုးကောင်ဘုရင်ကု၏ခေါင်းပေါ်မှ ထက်ရှသောဓားအငွေ့အသက်ခုထွက်ပေါ်လာပြီး သွေးသောက်စပါးအုံးမြွေအားချက်ချင်းတိုက်ခိုက်လိုက်သည်။
ဤမြင်ကွင်းမှာသူမအားခေတ္တမျှမှင်တက်သွားစေခဲ့သည်။ သို့သော်ချက်ချင်းပင်သူမ၏လှပသောမျက်နှာလေးသည် ပျော်ရွှင်မှုများဖြင့်ပြည့်နှက်သွားလေသည်။
အကြောင်းမှာ ပျံသန်းပိုးကောင်ဘုရင်ကု၏ခေါင်းပေါ်ရှိ ပိန်ပိန်ပါးပါးခန္ဓာကိုယ်အားမြင်လိုက်ရ၍သာဖြစ်သည်။
...................................................................................
အခန်း(၃၇၈) ပြီးပါပြီ။