← Chapters

အခန်း (၃၈၅-၃၈၇)

Vol. 26 Ch. 385-387

အခန်း (၃၈၅-၃၈၇)

Vol. 26 Ch. 385-387

အခန်း (၃၈၅) : နှစ်ဦးချင်းယှဉ်ပြိုင်ခြင်း

ကျိုးဟောင်၏အမူအရာမှာလည်းခက်ထန်နေလေသည်။ဒီကောင်းကုန်းရန်က တကယ့်ကိုစက်ဆုပ်ဖို့ကောင်းနေလေသည်။ ယွင်ယန်အပေါ် တဖက်သတ်ထိပါးပြောဆိုနေခြင်းကို ကျိုးဟောင်လက်မခံနိုင်သောကြောင့် ထွက်ပြောခြင်းဖြစ်လေသည်။

"ယို... လူစွမ်းကောင်းက မိန်းမလှလေးကို၀င်ကယ်တာလား မင်းတို့အဖွဲ့၇ကရွံစရာပဲ ငါအခုယွင်ယန်နဲ့ပြောနေတာလေ မင်းကဘာကိစ္စပါလာတာလဲ ဒါမှမဟုတ် ဒီမိန်းကလေးက မင်းနဲ့တခုခုပတ်သက်ဖူးနေလို့လား"

ကောင်းကုန်းရန်က နှာခေါင်းရှုတ်ပြီးဒဲ့တိုးပြောနေလေသည်။

ကျိုးဟောင်က မျက်မှောင်ကြုတ်ပြီး ဒီကောင်က စကားကို အကြောက်အလန့်မရှိပြောတတ်တာပဲလို့တွေးမိလိုက်သည်။

"ကောင်းကုန်းရန် နင်ထပ်ပြောရဲပြောကြည့်စမ်း ငါနင့်ကိုသတ်ပစ်မယ်"

ယွင်ယန်မှာ လုံး၀ဒေါသထွက်နေပြီး အော်ဟစ်ကြိမ်းမောင်းလေသည်။

"ငါ့ကိုသတ်မယ်ဟုတ်လား... မင်းတို့အဲ့လောက်သတ္တိရှိပါ့မလား ကောင်းမိသားစုက လူသားမျိုးနွယ်ထဲမှာအင်အားအကြီးမားဆုံးမိသားစုတခုပဲ မင်းတို့က ဘာနောက်ခံမှမရှိတဲ့ သိုင်းပညာရှင်လေးတွေပဲ ဘာများလုပ်နိုင်မှာလဲ အထူးလက်ရွေးစင်အဖွဲ့လေးထဲမှာပါ၀င်ခွင့်ရရုံလောက်နဲ့ ဘ၀င်မြင့်ပြီး ‌အကြောက့်အလန့်မရှိဖြစ်နေကြနဲ့ဦး တကယ်လို့ ကောင်းမိသားစုကမင်းတို့ကိုသတ်ချင်ရင် လက်ချောင်းလေးမြှောက်လိုက်တာထက်တောင်လွယ်သေးတယ်"

ကောင်းကုန်းရန်က ဘာကိုဂရုမစိုက်ဟန်ဖြင့် သူတို့ကိုကြည့်ပြီးပြောလေသည်။

"ဒါ့အပြင်ခုနက သားရဲကောင်ကိုသတ်ပြီးရခဲ့တဲ့အမှတ်တွေကိုလည်း ငါ့ကိုပြန်ပေးရမယ် ငါတယောက်ထဲ အဲ့ကောင်ကိုသတ်နိုင်တာကို မင်းက၀င်လာပြီးခွဲဝေယူသွားတယ် အတော်ရှက်ဖို့ကောင်းတဲ့ကောင်တွေပဲ ငါ့ကိုအမှတ်တွေချက်ချင်းပြန်ပေးစမ်း မဟုတ်ရင်ငါညှာနေတော့မှာမဟုတ်ဘူး"

ကောင်းကုန်းရန်က သူတို့အား မျက်စောင်းထိုးပြီးကြည့်ကာပြောလာလေသည်။

တကယ်တမ်းတွင် ကျိုးဟောင်တို့အဖွဲ့သာပေါ်မလာပါက သူသည်ထိုသားရဲကောင်လက်ချက်ဖြင့်ဒဏ်ရာအပြင်းအထန်ရပြီး ထုတ်ပယ်ခံရမည်ဖြစ်လေသည်။သို့သော် သူသည် စကားကိုလှည့်ပတ်ပြောက အခြေအနေအားပြောင်းဖို့ကြံနေလေသည်။

"နင်.... နင် တကယ်ကိုအရှက်မရှိတာပဲ ငါတို့ကြောင့်သာမဟုတ်ရင် နင်ဒီနေရာမှာ ရပ်ပြီးစကားတောင်ပြောနေနိုင်မှာမဟုတ်ဘူး နင်အစကတည်းက ထုတ်ပယ်ခံလိုက်ရပြီးပြီ"

ယွင်ယန်ကချက်ချင်းပင်ပြန်ပြောလေသည်။ထိုစကားများမှာ အမှန်ဖြစ်သော်လည်း ကောင်းကုန်းရန်က ၀န်မခံချင်ပေ။

"စောက်ရေးမပါတာတွေ ငါက မဟာဆရာသခင်တယောက်ပဲ မင်းတို့ထဲကဘယ်သူကငါ့ကိုအနိုင်ယူနိုင်မှာလဲ အတော်ရယ်စရာကောင်းလိုက်တဲ့အရာပဲ အဓိပ္ပာယ်မရှိတာတွေပြောမနေဘဲ ငါ့ကိုအမှတ်တွေမြန်မြန်လာပြန်ပေးစမ်း မဟုတ်ရင်ငါသက်ညှာနေမှာမဟုတ်ဘူး"

ကောင်းကုန်းရန်က အကြောက်အလန့်ကင်းကင်းဖြင့်ပြောနေလေသည်။

ကျိုးဟောင်က သူ၏မျက်လုံးများကိုမှေးကာ ကောင်းကုန်းရန်အားစိုက်ကြည့်နေလေသည်။

"ကောင်းပြီ မင်းကဒီအမှတ်တွေကိုလိုချင်တာလား ရတယ်လေ ဒါပေမဲ့ အလောင်းအစားတခုလုပ်ရအောင်မင်းနိုင်ခဲ့ရင် ငါမင်းကိုဘာမှစောဒကတက်မနေဘဲ ဒီအမှတ်တွေကိုပေးမယ် ဒါ့အပြင်ငါတို့စုဆောင်းထားခဲ့တဲ့အမှတ်တွေကိုလည်းပေးမယ်။ တကယ်လို့မင်းရှုံးရင်တော့ မင်းယွင်ယန်ကိုပြန်တောင်းပန်ရမယ်။ ငါ့အပေးအယူကိုမင်းလက်ခံရဲလား"

ကျိုးဟောင်က ပြောလိုက်လေသည်။

ကျိုးဟောင်စကားဆုံးသောအခါ သုန်းရန်တယောက်မှင်တက်သွားလေသည်။ ဆရာသခင်အဆင့်က မဟာဆရာသခင်အဆင့်ကို‌စိန်ခေါ်နေခြင်းက ကိုယ့်သေတွင်းကိုယ်တူးနေသကဲ့သို့ပင်။

ဒါ့အပြင်သူက သူ့အဖွဲ့ရှိလူတိုင်း၏အမှတ်များကိုအလောင်းအစားပြုလုပ်နေခြင်းက အားလုံးကို ဒုက္ခတွင်းထဲဆွဲခေါ်နေသည့်အလားဖြစ်နေလေသည်။

သူသည်ကျိုးဟောင်အား ဖြောင်းဖျတားမြစ်ဖို့ကြိုးစားချင်သော်လည်း သူ့အဖွဲ့ရှိသူများက ဘာတခွန်းမှမပြောသောကြောင့် သူအံ့ဩနေလေသည်။သူတို့အားလုံး၏အမှတ်များ ဆုံးရှုံးသွားနိုင်သည့်အခြေအနေဖြစ်နေသော်လည်း သူတို့အတွက် အထူးအဆန်းမဟုတ်သလိုဖြစ်နေလေသည်။

"ဒါ ....ဒါက...ငါအဖွဲ့၇ရဲ့ပူးပေါင်းဆောင်ရွက်နိုင်စွမ်းကိုသိပေမဲ့ ဒီလောက်စည်းလုံးလိမ့်မယ်မထင်ခဲ့ဘူး သူတို့ကကျိုးဟောင်ကိုတကယ်ယုံကြည်ကြတာပဲ သူတို့အဖွဲ့ရဲ့စည်းလုံးမှုကတကယ်လေးစားစရာပဲ"

သုန်းရန်မှာ မှင်တက်နေလေသည်။

ကောင်းကုန်းရန်လည်း ခဏလောက် မှင်တက်သွားပြီးနောက်ပြုံးပြီးပြောလာလေသည်။

" ဟုတ်ပြီ ငါမင်းနဲ့ အလောင်းအစားလုပ်ပေးရမှာပေါ့ ဒါပေမဲ့ မင်းစကားမင်းတည်ပါ့မလားဆိုတာကိုငါမသေချာဘူး သူတို့ကရော သူ့တို့ရဲ့အမှတ်တွေကို အလောင်းအစားအလုပ်ခံပါ့မလား"

"ဟုတ်ပြီလေ"

ကျိုးဟောင်က ခေါင်းညိတ်ပြီးအားလုံးကိုလှည့်ကြည့်လိုက်သည်။

"ငါတို့သဘောတူတယ် ကျိုးဟောင်အဲ့ခွေးသူတောင်း စားကိုသင်ခန်းစာပေးလိုက်စမ်းပါ"

ယွင်ယန်ကစပြောလေသည်။

"ကျိုးဟောင်လုပ်လိုက်စမ်းပါ ငါတို့မင်းကိုကူညီမယ်"

ဖန်းယွီကလည်းပြောလာလေသည်။

"ဒါတွေက အမှတ်လေးတွေပါပဲ မင်းအတွက်သုံးလိုက်ရတယ်"

ယွမ်ချန်းကလည်းလက်ခါပြရင်းပြော‌လေသည်။

"ကျိုးဟောင် လုပ်လိုက်ရတယ်"

ကျန်းယိကလည်းအားပေးလေသည်။

ရှုလင်ကတော့ဘာမှမပြောဘဲခေါင်းညိတ်ပြလိုက်သည်။

"ကဲမင်းမြင်ပြီလား ငါတို့အဖွဲ့ကအမှတ်တွေအားလုံးကို ယူသုံးလို့ရတယ်"

ကျိုးဟောင်ကမထူးဆန်းသလိုပင်ပြောလိုက်လေသည်။

ကောင်းကုန်းရန်က မျက်မှောင်ကြုတ်ပြီးကျိုးဟောင်အားကြည့်နေလေသည်။ ဒီကောင်က ဆရာသခင်အဆင့်သာရှိသေးလေသည်။ သူ့လက်ထဲတွင်လှည့်ကွက်တွေရှိရင်တောင်မှ မဟာဆရာသခင်တယောက်ရှေ့တွင်တော့ အသုံးမ၀င်ပေ။

ရှုံးမည့်အကြောင်းကိုကောင်းကုန်းရန်တွေးမနေပေ။ သူသည်မဟာဆရာသခင်အဆင့်တယောက်ဖြစ်ပြီး သူ့မိသားစု၏ကျင့်ကြံရေးနည်းစနစ်များနှင့် ရတနာများရှိနေသောကြောင့် သူ့အနေဖြင့်မရှုံးနိုင်ချေ။

"ကောင်းပြီ ငါမင်းစိန်ခေါ်တာကိုလက်ခံတယ် ရှုံးတော့မှ စကားပြောင်းမပြောနဲ့"

ကောင်းကုန်းရန်က ဒဲ့တိုးပြောလိုက်လေသည်။

"ငါစကားမတည်ခဲ့ရင် မင်းစိတ်ကြိုက်ငါ့ကိုအပြစ်ပေးလို့ရတယ် တကယ်လို့မင်းရှုံးပြီးစကားမတည်ရင်လည်း ငါ့အဆိုးမဆိုနဲ့ အဲ့အချိန်ကျရင်သာမန်တောင်းပန်ရုံလေးနဲ့ရတော့မှာမဟုတ်ဘူး"

ကျိုးဟောင်ကလည်းပြန်ပြောလေသည်။

"ငါရှုံးမယ်လို့ မင်းထင်နေတာလား အဓိပ္ပာယ်မရှိတာတွေ ပြောမနေဘဲ စကြရအောင်"

ကောင်းကုန်းရန်က စိတ်မရှည်‌သည့်လေသံဖြင့်ပြောလိုက်လေသည်။ ဘာပဲဖြစ်ဖြစ်သူအမှတ်အများအပြားရတော့မည်ဖြစ်သောကြောင့်စိတ်လှုပ်ရှားနေလေသည်။

အခြားလူများကဘေးကိုဖယ်ပေးလိုက်ကြပြီး အလယ်တွင် ကောင်းကုန်းရန်နှင့်ကျိုးဟောင်တို့အတွက်နေရာတခုပေါ်လာလေသည်။

"ငါမင်းကိုအလျော့မပေးလို့အပြစ်မတင်နဲ့နော် လာစမ်းကျိုးဟောင်အရင်စတိုက်စမ်း ငါမင်းကိုအခွင့်အရေးပေးလိုက်မယ်"

ကောင်းကုန်းရန်ကပြောလိုက်သည်။

"ကောင်းပြီလေ"

ကျိုးဟောင်ကပြုံးပြီးပြန်ပြောလေသည်။ထို့နောက်ကျိုးဟောင်က သူ၏ဓားရှည်အားဆွဲထုတ်လိုက်လေသည်။

ကျိုးဟောင်၏ ဓားသိုင်းမှာ အလွန်ထက်မြက်လှ‌သည်။ သူသည်ဆရာသခင်အဆင့်သာရှိသော်လည်း သာမန်မူလအဆင့်ပညာရှင်တောင်မှ ထိုဓားသိုင်းကိုအလွယ်တကူမရင်ဆိုင်နိုင်ပေ။ကျိုးဟောင်၏ဖျက်ဆီးနိုင်စွမ်းမှာ ပြင်းထန်လှပေသည်။

ကောင်းကုန်းရန်မှာ ကျိုးဟောင်၏ဓားသိုင်းကိုမြင်ပြီးနောက်အမူအရာများပြောင်းလဲသွားလေသည်။ သူဒီလိုဓားသိုင်းထွက်လာမည်လို့မထင်ထားခဲ့ပေ။

ကျိုးဟောင်တို့အဖွဲ့၇မှာ ကိုယ်စွမ်းကိုယ်စများရှိသည်ကိုသူသိသော်လည်း သိပ်ဂရုမစိုက်ခဲ့ပေ။ ကျိုးဟောင်မှာ အခြားလူများထက်ပိုသန်မာနေသည်ကိုတော့ သူထင်ထားမိခဲ့သည်။

"မင်းရဲ့ဓားသိုင်းက မဆိုးပါဘူး ဒါပေမဲ့ မင်းကအားနည်းလွန်းတယ် ဒီလိုဓားသိုင်းက မင်းဆီမှာရှိနေတာ နှမြောဖို့ကောင်းလိုက်တာ"

ကောင်းကုန်းရန်က ပြောရင်း သူ့အရှိန်အဝါမှာတုန်လှုပ်လာပြီး မိုးကြိုးများပေါ်ပေါက်လာလေသည်။

"ကောင်းမိသားစုရဲ့မိုးကြိုးသိုင်းဘယ်လိုလဲဆိုတာမင်းကိုပြမယ် "

ကောင်းကုန်းရန်စကားဆုံးသည်နှင့် မိုးကြိုးများဖြာထွက်လာလေသည်။ အရှိန်အဝါမှာအလွန်စွမ်းအားကြီးပြီး ပတ်ပတ်လည်တွင်လည်း မိုးကြိုးစွမ်းအားများ ပြည့်နှက်သွားလေသည်။သူ့ဘေးပတ်လည်ရှိ မီတာ၁၀၀အတွင်းတွင် အစိမ်းရောင်နှင့်အဖြူရောင်မိုးကြိုးများနှင့်ပြည့်နှက်နေသော မိုးကြိုးကမ္ဘာဖြစ်သွားလေသည်။

သူပြင်းထန်စွာ‌ခြေစောင့်လိုက်ပြီး ရှေ့သို့တိုးလာလေသည်။ သူ့လက်ထဲတွင်မိုးကြိုးလှံရှည်တချောင်း ပေါ်ပေါက်လာပြီး ကျိုးဟောင်အားအပြင်းအထန်တိုက်ခိုက်လေသည်။

....................................................................................

အခန်း (၃၈၅) ပြီးပါပြီ။

အခန်း (၃၈၆) အရမ်းအားနည်းလွန်းတယ်

သူတို့နှစ်ယောက်သည်ချက်ချင်းပင်တိုက်ခိုက်လိုက်ကြသည်။ ကောင်းကုန်းရန်မှာမုန်းစရာကောင်းသည့်လူတစ်ယောက်ဖြစ်သော်ငြား စွမ်းရည်ရှိသည်ဟုတော့ဆိုနိုင်ပေသည်။

ကောင်းမိသားစု၏လျှပ်စီးကျင့်ကြံရေးသိုင်းမှာတကယ်ပင် ပြိုင်ဘက်ကင်းအနေအထားတစ်ခုအထိရောက်ရှိနေပြီဖြစ်သည်။

လျှပ်စီးကျင့်ကြံရေးသိုင်းသည် ကောင်းကုန်းရန်၏ဖျက်ဆီးရေးစွမ်းအားနှင့်အမြန်နှုန်း နှစ်ခုလုံးအားတိုးမြှင့်ပေးနိုင်ပြီးအထူးခန္ဓာကိုယ်လိုအပ်သော အလွန်ထူးခြားသည့်ကျင့်ကြံရေးသိုင်းတစ်ခုဖြစ်သည်။

ကောင်းကုန်းရန်မှာ ရှုလင်ရေခဲကြွက်သားခန္ဓာကိုယ်အားအသက်သွင်းခဲ့သကဲ့သို့ ဤခန္ဓာကိုယ်အားအသက်သွင်းထားခြင်းတော့သေချာပေါက်မဟုတ်ပေ။ ထိုအစားဤကျင့်ကြံရေးသိုင်းနှင့်လိုက်ဖက်မှုရှိစေရန် ကောင်းမိသားစု၏သိုင်းပညာရှင်များမှာ ငယ်စဉ်ကတည်းကလျှပ်စီးဖြင့်ပုံသွင်းကြရသည်။

ဤသို့ဖြင့်ငယ်စဉ်ကတည်းက သူတို့၏ခန္ဓာကိုယ်သည် လျှပ်စီးကြောင့်ပြောင်းလဲခံခဲ့ရပေသည်။ ထိုသို့ပုံသွင်းပြီးနောက် ကောင်းမိသားစု၏ကျင့်ကြံရေးသိုင်းအားကျင့်ကြံသည့်အချိန်တွင် ရုတ်ခြည်းဆိုသလိုတိုးတက်လာနိုင်ကြပေသည်။

သို့သော်သူသည်ကျိုးဟောင်အတွက်ပြိုင်ဘက်မဟုတ်သေးပေ။

ကျိုးဟောင်မှာလျှပ်စီး၏အစွမ်းအားအသုံးပြုပုံကိုလည်းသိထားပေသည်။ သို့သော် သူသည်ဥက္ကဌကျိုးဆိုသည့်အချက်အားအခြားလူများသတိမထားမိစေရန်အတွက် မသုံးရန်သာဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သို့သော်ကျိုးဟောင်အလိုရှိပါက သုံးလို့ရပေသည်။

"ကောင်းကုန်းရန်ကလူကောင်းမဟုတ်ဘူးဆိုပေမဲ့ သူကအတော်လေးအထင်ကြီးစရာကောင်းတာတော့ဝန်ခံရမယ် အဖွဲ့ ၂ကအသန်မာဆုံးလူကသေချာပေါက်အားမနည်းဘူး"

ထိုအချိန်တွင်ယွမ်ချန်းမှ မနေနိုင်ဘဲပြောလိုက်သည်။

"ဟမ့် နင်ကကျိုးဟောင်ရှုံးမယ်ထင်နေတာလား"

ယွင်ယန်မှဒေါသတကြီးမေးလာလေသည်။

"ငါပြောချင်တာအဲဒီသဘောမဟုတ်ပါဘူး ကျိုးဟောင်ရဲ့တိုက်ခိုက်ရေးပါရမီကအားလုံးထက်သာတဲ့အပြင် သူ့ဓားသိုင်းဆိုပိုလို့တောင်ပြည့်စုံသေးတယ် ဒါပေမဲ့ငါစိုးရိမ်တာက ကောင်းကုန်းရန်ကအရမ်းစွမ်းအားကြီးတယ် အခုကသန္ဓေပြောင်းသားရဲတစ်ကောင်နဲ့တိုက်ခိုက်တာနဲ့မတူဘူး ဘာပဲဖြစ်ဖြစ်သန္ဓေပြောင်းသားရဲတွေက ကောင်းကုန်းရန်လိုအသိဉာဏ်မရှိဘူး"

ယွမ်ချန်းမှလျင်မြန်စွာ ပြန်ပြောလာသည်။သူပြောသည်မှာကျိုးကြောင်းမဆီလျော်တာတော့မဟုတ်ပေ။ လူသားများမှာသန္ဓေပြောင်းသားရဲများ၏ကျင့်ကြံရေးအဆင့်အားလိုက်မမီသော်ငြား ဉာဏ်ရည်မှာတော့သာလွန်ကြပေသည်။

သို့သော်လူသားနှစ်ယောက်ကြားရှိတိုက်ပွဲမှာမူမတူပေ။ နှစ်ဦးတိုက်ခိုက်ရသည့်ပွဲတွင် နှစ်ဖက်လုံးမှာမိမိ၏စွမ်းအားအစစ်အမှန်ကိုသာအားကိုးနိုင်သည်။ အကယ်ဤဉာဏ်ကိုသာအသုံးပြုပါက အောင်မြင်မှုကြီးကြီးမားမားရနိုင်မည်မဟုတ်ပေ။

"ငါကျိုးဟောင်ကိုယုံတယ် သူသေချာပေါက်နိုင်မှာ ကောင်းကုန်းရန်ကဒီတိုင်းဆရာသခင်တစ်ယောက်ပဲကို"

ကျန်းယိမှာမူ ကျိုးဟောင်အားအပြည့်အဝယုံကြည်ပေသည်။

"ငါလည်းဒီလိုတွေးချင်ပေမဲ့ လက်ရှိအခြေအနေကိုကြည့်ပြီးဆုံးဖြတ်ရရင် ကျိုးဟောင်ရဲ့တိုက်ခိုက်ရေးပါရမီက‌အထင်ကြီးစရာကောင်းတယ်ဆိုပေမဲ့ ဖျက်ဆီးရေးစွမ်းအားတော့ ကောင်းကုန်းရန်ကိုမမီတဲ့ပုံပဲ ပြီးတော့နင်မြင်တဲ့အတိုင်းပဲကောင်းကုန်းရန်ရဲ့ကျင့်ကြံရေးသိုင်းက သူ့ရဲ့ခန္ဓာကိုယ်နဲ့အရမ်းလိုက်ဖက်တယ် သူ့ကြည့်ရတာဘာမှအားစိုက်ထုတ်စရာမလိုသလိုပဲ"

ထိုအချိန်တွင်ဖန်းယွီမှာဝင်ပြောလာပြီး အဓိကအချက်အားအသားပေးပြောလာခဲ့သည်။

ရှုလင်သည်လည်းခေါင်းညိတ်လိုက်မိသည်။ သို့သော်ကျိုးဟောင်ရှုံးမည်ဟုသူမ မယုံကြည်ပေ။ အကြောင်းမှာသူမသည်ကျိုးဟောင်အားမျက်စိမှိတ်ယုံ၍မဟုတ်ဘဲ ကျိုးဟောင်ထံတွင်ကျင့်ကြံရေးအဆင့်အား ခိုင်ခိုင်မာမာမြင့်တက်လာစေနိုင်သည့်ကျင့်ကြံရေးသိုင်းရှိကြောင်းကိုသိထား၍သာဖြစ်သည်။

ကျိုးဟောင်မှာသူ၏ကျင့်ကြံအဆင့်အား ကောင်းကုန်းရန်နှင့်အဆင့်တူအောင် ခိုင်ခိုင်မာမာမြှင့်တင်လိုက်သည်နှင့်တစ်ပြိုက်နက် ကောင်းကုန်းရန်မှာကျိုးဟောင်၏ ပြိုင်ဘက်မဖြစ်နိုင်တော့ပေ။

ကျိုးဟောင်၏တိုက်ခိုက်ရေးပါရမီမှာအလွန်မြင့်သည်။ ထို့အပြင် သူ၏သိုင်းများမှာလည်းထိပ်တန်းဖြစ်ပေရာ ကောင်းကုန်းရန်ယှဉ်နိုင်သောလူတစ်ယောက်မဟုတ်ပေ။

ကောင်းကုန်းရန်၏လက်ရှိအားသာချက်မှာ သူ၏ကျင့်ကြံရေးအဆင့်သည်ကျိုးဟောင်ထက်မြင့်နေခြင်းပင်ဖြစ်သည်။ ထိုအချက်မှလွဲအခြားအချက်မရှိပေ။

သုန်းရန်မှာဘေးမှနေပြီး ဤတိုက်ပွဲအားစောင့်ကြည့်နေပေသည်။ မူလကသူသည်ကျိုးဟောင်နှင့်ပတ်သက်၍ များများမစဉ်းစားခဲ့ပေ။ သို့သော်ယခုအချိန်တွင် ကျိုးဟောင်တို့နှစ်ယောက်သွားလိုက်ပြန်လိုက်ဖြင့်တိုက်ခိုက်နေသည်ကိုကြည့်ပြီး အလွန်ထိတ်လန့်သွားခဲ့သည်။

"ဆရာသခင်အဆင့်တစ်ယောက်က တကယ်ကြီးမဟာဆရာသခင်အဆင့်နဲ့သရေကျအောင်တိုက်နိုင်တယ်တဲ့ ဒါကအရမ်းလန့်စရာကောင်းတယ်....တကယ်လို့ကျိုးဟောင်သာမဟာဆရာသခင်အဆင့်ရောက်လာရင် သူကမဟာဆရာသခင့်အဆင့်တွေကြားထဲမှာပြိုင်ဘက်ကင်းဖြစ်လာမှာမဟုတ်ဘူးလား"

သုန်းရန်မှာ အဖွဲ့ ၇မှလူများသည် ဘာကြောင့်ကျိုးဟောင်အားအလွန်ယုံကြည်ကြကြောင်းကို နောက်ဆုံးတွင်နားလည်သွားခဲ့ပြီဖြစ်သည်။

အကြောင်းမှာသူတို့၏စည်းလုံးသောစိတ်ဓာတ်ကြောင့်သာမဟုတ်ဘဲ ကျိုးဟောင်မှာအဖွဲ့အားထောက်ပံ့ပေးနိုင်သည့်ခွန်အားမျိုးတကယ်ရှိနေ၍လည်းဖြစ်သည်။

လက်ရှိအချိန်တွင် သူပင်ကျိုးဟောင်အားအနိုင်ယူနိုင်မည်ဟုအာမမခံရဲပေ။

သူတို့ထိတ်လန့်နေစဉ်မှာပင်ကျိုးဟောင်နှင့်ကောင်းကုန်းရန်မှာအလွန်ပြင်းထန်သည့်မတိုးသာမဆုတ်သာအခြေအနေသို့လုံးဝရောက်ရှိနေပြီဖြစ်သည်။

ကျိုးဟောင်၏အရိပ်ဓားခုနစ်ချောင်းမှာအလွန်စွမ်းအားကြီးပြီးလှည့်ကွက်များသော်လည်း ကောင်းကုန်းရန်၏လျှပ်စီးကျင့်ကြံရေးသိုင်းမှာလည်း သာမန်ထက်အလွန်ထူးခြားလှသည်။ အားပြင်းသောပေါက်ကွဲအားနှင့် ဖျက်ဆီးရေးစွမ်းအားအောက်တွင် ကျိုးဟောင်၏အရိပ်ဓားခုနစ်ချောင်းမှာ မည်မျှပင်စွမ်းအားကြီးစေကာမူ အသာစီးမရနိုင်ပေ။

သို့သော် ကောင်းကုန်းရန်သည်ဆရာသခင်အဆင့်ပညာရှင်တစ်ယောက်ဖြစ်ပေရာ ကျိုးဟောင်နှင့်မတိုးသာမဆုတ်သာအခြေအနေအထိတိုက်ခိုက်လိုမည်မဟုတ်ပေ။

သူ၏မျက်လုံးထဲတွင် အကယ်၍ကျိုးဟောင်အားချက်ချင်းမသတ်နိုင်လျှင်ပင်အနည်းဆုံးကျိုးဟောင်အားဖိနှိပ်ထားနိုင်သည်ဟုတွေးခဲ့ခြင်းဖြစ်သည်။

သို့သော်ယခုဤမြင်ကွင်းအားမြင်လိုက်ရချိန်တွင် ကျိုးဟောင်သည်တကယ်ပင်အနည်းငယ်ပြဿနာများသည်ဟုခံစားလာရပေသည်။

"သူဘာလို့ငါ့ကိုစိန်ခေါ်ရဲလဲဆိုတာအံ့ဩတယ် ဘယ်လိုဖြစ်ဖြစ်သူ့မှာလည်းစွမ်းရည်တော့ရှိတဲ့ပုံပဲ ဒါပေမဲ့အဲဒီလောက်ကမလုံလောက်သေးဘူး"

ကောင်းကုန်းရန်မှာသရော်သလိုပြောရင်း ဒေါသလည်းဖြစ်နေပေသည်။ သူသည်ချက်ချင်းပင်အော်ဟစ်လိုက်ရာ ပတ်ပတ်လည်ရှိလျှပ်စီးစွမ်းအားမှာပို၍သန်မာလာခဲ့သည်။ သူ့ကိုယ်ပေါ်ရှိအစိမ်းရောင်နှင့်အဖြူရောင်ရောယှက်နေသောလျှပ်စီးကြောင်းသည်လည်း ချက်ချင်းပင်ခရမ်းရင့်ရောင်သို့ပြောင်းလဲသွားခဲ့သည်။

ဤခရမ်းရင့်ရောင်မှာ နက်ရှိုင်းပြီးလေးပင်သောခံစားချက်မျိုးဖြစ်စေပေရာ ကျိုးဟောင်ပင်အနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့သည်။

"မင်းကတကယ်ငါ့ရဲ့ခရမ်းရောင်လျှပ်စီးကိုသုံးဖို့ဖိအားပေးနိုင်ခဲ့တာပဲ ငါမင်းကိုအထင်သေးခဲ့မိတယ် ဒါပေမဲ့အခုငါ့ရဲ့ခရမ်းရောင်လျှပ်စီးကိုထုတ်လိုက်ပြီဆိုတော့ ဒီတိုက်ပွဲကအဆုံးသတ်တော့မယ်ဆိုတဲ့အဓိပ္ပာယ်ပဲ"

ကုန်းကောင်းရန်မှာ ချက်ချင်းပင်နှာခေါင်းရှုံ့ကာ ကြီးစိုးနိုင်စွမ်းရှိသောအငွေ့အသက်ဖြင့် ကျိုးဟောင်အားအထင်သေးစွာကြည့်နေပေသည်။

"‌‌ဒါက.....ကောင်းမိသားစုကလျှပ်စီးကျင့်ကြံရေးသိုင်းရဲ့ ခရမ်းရောင်လျှပ်စီးပဲ"

"ကောင်းမိသားစုရဲ့လျှပ်စီးကျင့်ကြံရေးသိုင်းကသာမန်ထက်အရမ်းထူးခြားတယ်လို့ကြားဖူးနေတာကြာပြီ အစိမ်းရောင်နဲ့အဖြူရောင်ရောနေတဲ့လျှပ်စီးက သာမန်လျှပ်စီးပဲ သူ့အထက်မှာကခရမ်းရောင်လျှပ်စီးပဲ ဒီလျှပ်စီးရဲ့တိုက်ခိုက်ရေးခွန်အားက အစိမ်းရောင်နဲ့အဖြူရောင်ရောထားတဲ့လျှပ်စီးထက် ၂ဆများတယ်"

"ဒီနှစ်ခုအထက်မှာက အမဲရောင်လျှပ်စီးရှိတယ် ဒီအမဲရောင်လျှပ်စီးကပိုပြီးတော့တောင်ထူးခြားသေးတယ် ပြောကြတာတော့ဒီလျှပ်စီးက ကောင်းကင်ဒုက္ခကကျလာတဲ့လျှပ်စီးကိုသူတို့ကောင်းမိသားစုကသန့်စင်ပြီး သူတို့မိသားစုရဲ့ကျင့်ကြံရေးသိုင်းရဲ့အစိတ်အပိုင်းဖြစ်လာတယ်လို့ပြောကြတယ်"

"ဒါပေမဲ့ ဒီအမဲရောင်လျှပ်စီးကိုမူလအဆင့်အထက်လူတွေပဲသုံးနိုင်တာ ကောင်းကုန်းရန်ကအထွတ်အထိပ်မဟာဆရာသခင်အဆင့်ဆိုပေမဲ့ ဒီလျှပ်စီးရဲ့သုံးနည်းကိုမသိလောက်ဘူး ဒါပေမဲ့ဒီခရမ်းရောင်လျှပ်စီးကလည်း ရင်ဆိုင်ဖို့မလွယ်လောက်ဘူး"

ထိုအချိန်တွင်ယွမ်ချန်းမှစကားပြောလာပြီး သူ၏စကားများမှာအခြားလူများ၏အမူအရာအားပျက်ယွင်းသွားစေကာ အတော်လေးစိတ်ပူသွားစေခဲ့သည်။

"ဒီကောင်းကုန်းရန်က တကယ်အထင်ကြီးစရာကောင်းတယ် ခရမ်းရောင်လျှပ်စီးသုံးနည်းကိုတောင်သိတာ အခုဆိုအခြေအနေတွေကမလွယ်လောက်တော့ဘူး"

သို့သော်ရှုလင်သည်ဘေးမှပြောစကားများအားလုံးဝဂရုမစိုက်ဘဲ တည်ငြိမ်နေဆဲပင်ဖြစ်သည်။

တစ်ဖက်တွင်သုန်းရန်မှာသက်မသာချလိုက်သည်။ ကောင်းကုန်းရန်ခရမ်းရောင်လျှပ်စီးအားသုံးလိုက်ကတည်းက ဤတိုက်ပွဲမှာမကြာခင်အဆုံးသတ်တော့မည်ဖြစ်ကြောင်းကိုသူသိပေသည်။

တိုက်ပွဲမှာတကယ်ပင် သုန်းရန်၏အတွေးအတိုင်းဆက်ဖြစ်မည့်ပုံပင်။

ခရမ်းရောင်လျှပ်စီးများမှာကောင်းကုန်းရန်၏ခန္ဓာကိုယ်အနှံ့ဖုံးလွှမ်းနေပြီး လက်ထဲတွင်တစ်မီတာခန့်ရှည်လျားသောလှံတစ်ခုပေါ်ပေါက်လာခဲ့သည်။ ၎င်းမှာအံ့သြဖွယ်ဖြစ်ပြီး အရှိန်သည်လည်းတစ်ဟုန်ထိုးမြင့်တက်လာပေရာကျိုးဟောင်ထံသွားရာလမ်းတစ်လျှောက်တွင်လေထဲ၌ ပုံရိပ်ယောင်များပင်ထင်ကျန်ခဲ့လေသည်။

"မင်းဒီတိုက်ခိုက်မှုကိုလုံးဝမခုခံနိုင်ဘူး ကျိုးဟောင်အရှုံးကိုဝန်ခံလိုက် မဟုတ်ရင်မင်းကိုဒဏ်ရာရစေတယ်ဆိုပြီးငါ့ကိုအပြစ်မတင်နဲ့"

ကောင်းကုန်းရန်မှာထိုသို့ပြောလိုက်သော်လည်း လုံးဝတွေဝေနေခြင်းမရှိဘဲ ပို၍ပင်ရက်စက်လာလေသည်။

ကျိုးဟောင်မှာသူ့အားထပ်တလဲလဲအတိုက်အခံလုပ်ခဲ့ကာ စိန်ပင်ခေါ်ဝံ့လေရာ ဤလူအားသင်ခန်းစာမပေးဘဲမည်သို့နေနိုင်မည်နည်း။

ထို့ကြောင့် မရပ်တန့်ခြင်းဖြစ်သည်။

ကျိုးဟောင်မှာမလှုပ်ရှားဘဲနေရာတွင်ပင်ရပ်နေသည်မှာ ကြောက်၍စိတ်လွတ်သွားသည်လား သို့မဟုတ်အခြားတစ်ခုခုကြောင့်လားမသိပေ။ သို့သော်ကောင်းကုန်းရန်မှာထိုမြင်ကွင်းအားမြင်သောအခါ ရယ်မောလာလေသည်။

"မင်းမသိနားမလည်တဲ့ကောင် ကြောက်နေပြီလား နှမြောစရာကအရမ်းနောက်ကျသွားပြီ ကျိုးဟောင်မင်းရှုံးပြီ"

သူသည်ဒေါသတကြီးအော်ဟစ်ကာ လှံဖြင့်ထိုးလိုက်လေရာ ထွက်ပေါ်လာသောမိုးခြိမ်းသံများမှာအလွန်စွမ်းအားကြီးလှပေသည်။

သူ၏အမြင်တွင် ကျိုးဟောင်သည်ဤတိုက်ခိုက်မှုကြောင့် သေချာပေါက်ဒဏ်ရာအပြင်းအထန်ရသွားမည်ဟုထင်နေခြင်းဖြစ်သည်။ သို့သော်သိပ်မကြာမီကျိုးဟောင်၏လက်မှာသူ၏လျှပ်စီးလှံအားဆုပ်ကိုင်ထားကြောင်း သိလိုက်ရပေသည်။

"အဟက် မင်းရဲ့ယုံကြည်ချက်တွေဘယ်ကရလာလဲသိချင်မိတယ် မင်းကအရမ်းအားနည်းလွန်းတယ်"

ဤမြင်ကွင်းမှာ ချက်ချင်းပင်ရုတ်ရုတ်သဲသဲဖြစ်သွားစေခဲ့ပေသည်။

...................................................................................

အခန်း(၃၈၆) ပြီးပါပြီ။

အခန်း (၃၈၇) : အနိုင်ရရှိခြင်း

ကျိုးဟောင်မှာကောင်းကုန်းရန်၏စွမ်းအားအပြည့်ဖြင့်တိုက်ခိုက်မှုအား လက်တစ်ဖက်တည်းဖြင့်တားဆီးနိုင်မည်ဟုမည်သူမှမမျှော်လင့်ထားခဲ့ပေ။

ကျိုးဟောင်စွမ်းအားကြီးမှန်းသိထားသောရှုလင်ပင် ဤမျှလောက်စွမ်းအားကြီးမည်ဟုမမျှော်လင့်ထားခဲ့ပေ။

သုန်းရန်မှာမူပါးစပ်အဟောင်းသားဖြင့် ကြက်သေသေနေလေသည်။

အစောပိုင်းကတိုက်ခိုက်မှုသည်မဟာဆရာသခင်အဆင့်ကောင်းကုန်းရန်၏တိုက်ခိုက်မှုဖြစ်သည်။ သို့သော်ထိုတိုက်ခိုက်မှုမှာ တကယ်ပင်....တကယ်ပင်ကျိုးဟောင်၏လက်တစ်ဖက်တည်းဖြင့်တားဆီးခြင်းအားခံလိုက်ရပေသည်။

သူတို့မပြောနှင့် ဤနှစ်ယောက်၏ပြိုင်ပွဲအားအာရုံစိုက်နေသောပိုင်လင်းလုံပင်မှင်တက်သွားခဲ့သည်။

ပိုင်လင်းလုံမှာဤနေရာတွင်ဘာဖြစ်နေမှန်းသိသော်လည်းဝင်ရောက်နှောင့်ယှက်ခြင်းမပြုပေ။ မည်သို့ပင်ဖြစ်စေဤသည်မှာလည်းကျိုးဟောင်တို့လေ့ကျင့်ရေး၏တစ်စိတ်တစ်ပိုင်းပင်ဖြစ်သည်။

လူသားမျိုးနွယ်တစ်ခုလုံးမှာစည်းလုံးသယောင်ထင်ရသော်လည်း တကယ်တမ်းအတွင်းတွင်ပဋိပက္ခများစွာရှိနေသေးပေသည်။ သိုင်းပညာရှင်များကြားယခုလိုကိစ္စများဖြစ်သည်မှာပုံမှန်ပင်ဖြစ်သည်။ ထို့ကြောင့်သူမသည်လုံးဝဂရုမစိုက်ဘဲသူတို့အားတိုက်ခိုက်ခွင့်ပေးထားခြင်းဖြစ်သည်။

သို့သော်ကောင်းကုန်ရန်၏စွမ်းအားပြည့်တိုက်ခိုက်မှုအားမြင်လိုက်ရချိန်တွင် ကျိုးဟောင်မှာဒဏ်ရာမရလျှင်ပင် စွမ်းအားအပြည့်ဖြင့်ခုခံရမည်ဖြစ်ကြောင်းကိုတော့သူမသိပေသည်။

သို့သော်ယခုတွင်ကျိုးဟောင်သည်လက်တစ်ဖက်တည်းကိုသာသုံးသွားခဲ့ပေရာအလွန်လန့်စရာကောင်းလှပေသည်။

အကယ်၍ကျိုးဟောင်သာမူလအဆင့်ပညာရှင်တစ်ယောက်ဖြစ်ပါက ဤခုခံမှုအားသူမနားလည်ပေးနိုင်သော်လည်း မည်သို့ပင်ဖြစ်စေကျိုးဟောင်မှာ ဆရာသခင်အဆင့်သာရှိသေးပေသည်။

ကောင်းကုန်းရန်မှာပို၍ပင်ထိတ်လန့်နေခဲ့ပြီး လုံးဝကြက်သေသေသွားခဲ့သည်။ ဤလှံတိုက်ခိုက်မှုသည်သူ၏အားအပြည့်ဖြင့်တိုက်ခိုက်မှုဟုဆိုနိုင်ပေသည်။ သို့သော်တကယ်ပင်ကျိုးဟောင်၏လက်ထဲတွင်ရပ်တန့်သွားခဲ့ရသည်။ ဘာဖြစ်သွားသလဲဆိုသည်အား သူပင်နားမလည်လိုက်ပေ။

"ဒါကမင်းရဲ့အားအပြည့်နဲ့တိုက်ခိုက်မှုပဲ ဒါကကောင်းမိသားစုရဲ့ခရမ်းရောင်လျှပ်စီးတဲ့လား ဒီသိုင်းကလည်းသာမန်ပါပဲလား"

ကျိုးဟောင်မှာကောင်းကုန်းရန်အားဂရုမစိုက်ဟန်ဖြင့်မော့ကြည့်ကာပြောလိုက်သည်။

ထိုအချိန်တွင်ကျိုးဟောင်၏အငွေ့အသက်မှာရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ကျိုးဟောင်သည်မဟာဆရာသခင်အဆင့်အထိရောက်လာခဲ့ပြီး မူလအဆင့်အထိပင်ရောက်သွားလားမသိနိုင်ပေ။

"နတ်ဘုရားသတ်သိုင်း...."

ကျိုးဟောင်မှာချက်ချင်းပင်နတ်ဘုရားသတ်သိုင်းအားသုံးလိုက်သည်။ စင်စစ်တွင်သူသည်နတ်ဘုရားသတ်သိုင်းအားသုံးစရာပင်မလိုသော်လည်း အားလုံးအားအရူးလုပ်ရန် ဤသိုင်းအားသုံးနေရဆဲပင်ဖြစ်သည်။

သူ၏ကျင့်ကြံရေးအဆင့်မှာတည်ငြိမ်စွာမြင့်တက်သွားပြီး ချက်ချင်းပင်မဟာဆရာသခင်အဆင့်၏ အထွတ်အထိပ်အဆင့်သို့ရောက်ရှိသွားခဲ့သည်။ သူသည်မူလအဆင့်သို့ပင်ရောက်လုနီးဖြစ်ကာ မူလအဆင့်စွမ်းအားတစ်စွန်းတစ်စပင်ထွက်ပေါ်လာခဲ့သည်။

ထို့ကြောင့်အစောပိုင်းကလက်တစ်ဖက်တည်းဖြင့် လှံအားဖမ်းဆုပ်ခဲ့သည်မှာလုံးဝသာမန်ပင်ဖြစ်သည်။

"ကောင်းမိသားစုရဲ့ပါရမီရှင် ပြီးတော့အဖွဲ့ ၂ရဲ့ခေါင်းဆောင်...မင်းကတကယ်အရမ်းအားနည်းလွန်းတယ်"

ကျိုးဟောင်မှာသရော်ပြုံးပြုံးကာ လက်ဝါးတွင် အားအားပိုမိုထည့်လိုက်လေရာ လျှပ်စီးလှံမှာကျိုးဟောင်၏လက်ထဲတွင်တစ်စစီဖြစ်သွားခဲ့သည်။

ကောင်းကုန်းရန်၏အမူအရာမှာသိသိသာသာပြောင်းလဲသွားခဲ့သည်။ သူသည်မျက်စိရှေ့ရှိမြင်ကွင်းအားမယုံကြည်နိုင်စွာကြည့်နေမိသည်။ ကျိုးဟောင်သည်မူလကဆရာသခင်အဆင့်သာရှိပေရာ ဘာကြောင့်ရုတ်တရက်မဟာဆရာသခင်အဆင့်ပညာရှင်တစ်ယောက်ဖြစ်လာရပါသနည်း။

ထို့အပြင် ကျိုးဟောင်သည်မူလအဆင့်သို့ခြေလှမ်းတစ်ဝက်ရောက်နေပြီဖြစ်သောမဟာဆရာသခင်တစ်ယောက်ဖြစ်လာခြင်းဖြစ်သည်။ ဤဖြစ်ရပ်သည်ဘယ်လိုများဖြစ်နိုင်မည်နည်း။

သူသည်ဤဖြစ်ရပ်အားမယုံကြည်ဝံ့သော်လည်း ဤသည်မှာလက်တွေ့အမှန်တရားပင်ဖြစ်သည်။

ကျိုးဟောင်မှာခရမ်းရောင်လျှပ်စီးအား အေးဆေးပင်ဖျက်ဆီးပစ်လိုက်ကာ ကောင်းကုန်းရန်အားအပြုံးခပ်ရေးရေးဖြင့်ကြည့်လာခဲ့သည်။

"တကယ်လို့ဒါကပါရမီရှင်တစ်ယောက်ရဲ့ကျင့်ကြံရေးသိုင်းနဲ့ အသန်မာဆုံးသိုင်းဆိုရင်တော့စိတ်မကောင်းပါဘူး မင်းရှုံးသွားပြီ"

ကျိုးဟောင်မှာခပ်ဖြည်းဖြည်းပြောကာ ဓားအားမြှောက်လိုက်သည်။

ထိုအချိန်တွင်ဓားမှာအသံထွက်လာကာ သားရဲရိုင်းအားဖိနှိပ်ထားသကဲ့သို့သော စွမ်းအားကြီးစွမ်းအင်အတက်အကျတစ်ခုမှာဝုန်းခနဲအသံတစ်ခုနှင့်အတူပေါက်ကွဲထွက်လာခဲ့သည်။

ချက်ချင်းပင် များစွာသောဓားများမှာကောင်းကင်ပေါ်တွင်ပြည့်နှက်သွားခဲ့သည်။

ဤသည်မှာအရိပ်ဓားခုနစ်ချောင်းသာဖြစ်သည်။

ကျိုးဟောင်ယခုသုံးလိုက်သောသိုင်းသည် အရိပ်ဓားခုနစ်ချောင်းပင်ဖြစ်သော်ငြား ယခုတစ်ကြိမ်တွင် သာမန်အရိပ်ဓားများမဟုတ်တော့ဘဲ မဟာဆရာသခင်တစ်ယောက်၏ကျင့်ကြံမှုအစွမ်းများအားသယ်ဆောင်ထားသည့်အရိပ်ဓားများဖြစ်ကြသည်။

အကယ်၍ဤစွမ်းအားဖြင့်သာကောင်းကုန်းရန်အားတိုက်ခိုက်လိုက်ပါက တိုက်ခိုက်မှုအားရှောင်တိမ်းနိုင်မည်မဟုတ်ကြောင်း ကောင်းကုန်းရန်လည်းသိပေသည်။

များစွာသောအရိပ်ဓားများအားကြည့်ရင်း ကောင်းကုန်းရန်မှာချက်ချင်းပင်ကြက်သေသေသွားခဲ့သည်။

ကျိုးဟောင်မှာသူ့အားကြည့်ကာဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။

"အခုအရှုံးကိုဝန်ခံလိုက်လည်းအရမ်းနောက်မကျသေးပါဘူး မဟုတ်ရင်ဒီဓားသိုင်းကမင်းကိုမသတ်နိုင်ရင်တောင် ဒဏ်ရာအပြင်းအထန်ရဖို့ကတော့လွယ်တယ်နော်"

ကျိုးဟောင်၏စကားဆုံးသည်နှင့် ကောင်းကုန်းရန်၏အမူအရာမှာပျက်ယွင်းသွားခဲ့သည်။ သူသည်ကောင်းမိသားစုမှမိသားစုဝင်တစ်ယောက်ဖြစ်ပြီး အဖွဲ့ ၂၏ခေါင်းဆောက်ဖြစ်သည်။ ထို့အပြင်လူသားမျိုးနွယ်၏ တကယ့်အဆင့်မြင့်ပါရမီရှင်တစ်ယောက်ဖြစ်သည်။

သူသည်သေချာပေါက် ကျိုးဟောင်ကဲ့သို့နိမ့်ကျသောလူတစ်ယောက်က လာယှဉ်နိုင်သည့်လူမျိုးမဟုတ်ပေ။

"ငါ ကောင်းကုန်းရန်က ကောင်းမိသားစုရဲ့သိုင်းပညာရှင်ပြီးတော့ ကောင်းမိသားစုရဲ့ပါရမီရှင်တစ်ယောက်ပဲ ငါသုံးနှစ်သားကတည်းကသိုင်းပညာကိုလေ့ကျင့်ခဲ့တာ ငယ်ငယ်လေးကတည်းက လျှပ်စီးစွမ်းအားနဲ့ငါ့ခန္ဓာကိုယ်ကိုသန့်စင်ခဲ့တာ ငါ့ရဲ့ပါရမီကြောင့် ခရမ်းရောင်လျှပ်စီးကိုပဲကျင့်ကြံနိုင်ခဲ့တယ်"

"မင်းကတော့လား မင်းကတော့နေရာသေးသေးလေးတစ်ခုကလာတဲ့ တောသားတစ်ယောက်ပဲ မင်းမှာဘာနောက်ခံ၊ ဘာအရင်းအမြစ်မှမရှိဘူး ဒါပေမဲ့မင်းတကယ်ကြီးငါ့ကိုနိုင်ခဲ့တယ် ငါဒါကိုမယုံဘူး"

ကောင်းကုန်းရန်မှာအော်ဟစ်နေသော်လည်း သူအော်ဟစ်နေသည်မှာအသုံးမဝင်ပေ။

အကြောင်းမှာအရိပ်ဓား၏‌အငွေ့အသက်သည် ထက်ရှသောရည်ရွယ်ချက်ဖြင့် တစ်ဟုန်ထိုးတက်လာခဲ့၍ဖြစ်သည်။ တွေဝေမှုမရှိဘဲ ထိုဓားချက်မှာကောင်းကုန်းရန်အားခုတ်ပိုင်းရန်ပြင်လိုက်သည်။

"တကယ်လို့မင်းရှုံးကြောင်းဝန်မခံရင် မင်းကိုငါကိုယ်တိုင်အဆုံးသတ်မယ်"

ကျိုးဟောင်မှာနှာခေါင်းရှုံ့လိုက်သည်။ အရိပ်ဓားများမှာအဆုံးမရှိဘဲ ဓားတစ်ချောင်းစီတိုင်းသည်မဟာဆရာသခင်တစ်ယောက်၏အငွေ့အသက်အား သယ်ဆောင်ထားပေသည်။ ကောင်းကုန်းရန်မှာ နှလုံးခုန်မြန်လာကာချက်ချင်းပင်အန္တရာယ်အငွေ့အသက်အားခံစားမိလိုက်သည်။

သူသည်သေခြင်းတရားနှင့်ခြေတစ်လှမ်းသာလိုတော့သည်။ ဤတိုက်ခိုက်မှုဖြင့်ဆိုပါကအခြေအနေအား‌မဖြေရှင်းနိုင်ကြောင်းသိပေရာ စိတ်ထဲကမပါသော်လည်းအံကြိတ်ကာအော်ပြောလိုက်သည်။

"ကောင်းပြီရပ်တော့ ငါရှုံးတာဝန်ခံတယ်"

ဤမြင်ကွင်းမှာကျန်လူများအားအံ့ဩသွားစေခဲ့သည်။ အားလုံးသည်ကောင်းကုန်းရန်အားသတ္တိမရှိသူဟုစိတ်ထဲမှတွေးလိုက်ကြသည်။ သူမနိုင်နိုင်သည်ကိုမြင်သောအခါ ကောင်းကုန်းရန်မှာချက်ချင်းပင်အရှုံးကိုဝန်ခံလိုက်လေသည်။

သို့သော်ယခုအချိန်တွင်သူသည်အရှုံးအားဝန်ခံလိုက်ပြီဖြစ်ရာ ကိစ္စများသည်လည်းပိုမိုလွယ်ကူသွားပြီဖြစ်ပြီး အားလုံးမှာသက်ပြင်းချလိုက်ကြသည်။

ကျိုးဟောင်မှာပြုံးကာ ဓားအငွေ့အသက်အားပြန်လည်ရုပ်သိမ်းလိုက်ပြီး မြေပြင်ပေါ်သို့ဆင်းလာကာကောင်းကုန်းရန်အားကြည့်ရင်း ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။

"ကောင်းသခင်လေးကအရှုံးကိုဝန်ခံလိုက်ပြီဆိုမှတော့ ဒါဆိုကတိအတိုင်းကျွန်တော်တို့ရဲ့ယွင်ယန်ကိုတောင်းပန်ပေးပါ"

ကျိုးဟောင်၏စကားများမှာကောင်းကုန်းရန်၏အမူအရာအားအလွန်အမင်းပျက်ယွင်းကာ မဲမှောင်သွားစေခဲ့သည်။

သို့သော်သဘောတူထားပြီးပြီဖြစ်ပေရာ စကားမတည်ပါက သူ့ဘဝတစ်လျှောက်လုံးအထင်သေးခံရတော့မည်ဖြစ်သည်။ ထို့ကြောင့်အံကြိတ်ကာသက်ပြင်းချပြီးဆိုလိုက်သည်။

"ကောင်းပြီ ငါတောင်းပန်မယ် ယွင်ယန်တောင်းပန်ပါတယ် ငါခုနကပြောခဲ့တဲ့စကားကိုပြန်ရုပ်သိမ်းတယ်"

ကောင်းကုန်းရန်မှာအံကြိတ်ပြီးပြောရုံသာတတ်နိုင်ပေသည်။

"ဟမ့်ငါလည်းနင်နဲ့ငြင်းမနေချင်ပါဘူး နင်ကအရှုံးကိုဝန်ခံတယ်ဆိုမှတော့ ကိစ္စမရှ်ိပါဘူး"

ယွင်ယန်မှာလက်ခါပြရင်းပြောလိုက်သည်။ အကြောင်းမှာသူမသည်သဘောထားကြီး၍မဟုတ်ဘဲ ဤလူအားတကယ်ပင်ပြောစရာစကားမရှိ၍သာဖြစ်သည်။

တောင်းပန်ခဲ့သည်ဆိုလျှင်ပင် ဤတောင်းပန်မှုမှာကောင်းကုန်းရန်၏စိတ်ရင်းမဟုတ်ပေ။ သို့သော်ကျိုးဟောင်သည်သူ့အားတောင်းပန်လာအောင်လုပ်နိုင်ခဲ့ပေရာ ထိုမျှလောက်ဖြင့်လုံလောက်ပေသည်။

ကျိုးဟောင်မှာကောင်းကုန်းရန်အားတစ်ချက်ကြည့်ကာမည်သည့်စကားမျှမဆိုပေ။ သူသည်ရှုလင်နှင့်ကျန်အဖွဲ့သားများပျံသန်းပိုးကောင်ဘုရင်ကု၏ကျောပေါ်သို့တက်သွားကြသည်ကိုသာကြည့်နေပေသည်။

ကောင်းကုန်းရန်၏အမူအရာမှာပျက်ယွင်းနေပြီး သုန်းရန်မှာဘာမှမတတ်နိုင်သလိုသက်ပြင်းသာချနေလေသည်။

"ကောင်းပြီ အစ်ကိုကောင်းကျွန်တော်တို့ရဲ့တခြားအဖွဲ့သားတွေကိုဆက်ရှာကြရအောင်"

သုန်းရန်မှာ ကောင်းကုန်းရန်ဤမျှလောက်အလွယ်တကူဖြင့်ရှုံးသွားမည်ဟုမထင်ထားခဲ့ပေ။ ကျိုးဟောင်၏ စွမ်းအားကိုကြည့်ပြီးထိတ်လန့်သွားခဲ့သည်မှာလည်း ဧကန်ပင်ဖြစ်သည်။

ထိုကောင်စုတ်လေး၏ကိုယ်မှ အဆုံးတွင်ယခုလိုစွမ်းအားကြီးတိုက်ခိုက်ရေးစွမ်းအားမှာရုတ်တရက်ထွက်ပေါ်လာခဲ့ပေရာ သေချာပေါက်လျှို့ဝှက်သိုင်းတစ်ခုခုအားအသက်သွင်းခဲ့ခြင်းဖြစ်ပေလိမ့်မည်။

ကြည့်ရသည်မှာသူတို့အားလုံးကျိုးဟောင်အားအထင်သေးခဲ့မိပုံပင်။ အကယ်၍ကျိုးဟောင်သာတကယ့်မဟာဆရာသခင်တစ်ယောက်ဖြစ်လာပါက သူတို့သည်ကျိုးဟောင်အားအနိုင်မယူနိုင်လောက်တော့ပေ။

ထိုအချိန်တွင် ကောင်းကုန်းရန်၏အမူအရာမှာမူမဲမှောင်နေခဲ့သည်။

"သေစမ်း ကောင်းလိုက်တဲ့ကျိုးဟောင် ငါ့အထင်ဒီတစ်ခေါက်ငါအမှားလုပ်ခဲ့မိတယ်ထင်တယ် ပြန်ရောက်တဲ့အခါ မင်းသေချာပေါက်ပြန်ခံစားစေရမယ်"

ကောင်းကုန်းရန်မှကောက်ကျစ်စွာပြောါလိုက်သည်။

ထိုစကားအားကြားသောအခါသုန်းရန်မှာစိတ်ပူသွားခဲ့သည်။

"အစ်ကိုကောင်း ကျိုးဟောင်ကိုပညာပေးဖို့မိသားစုအင်အားကိုသုံးမှာတော့မဟုတ်ဘူးမလား သူကကောင်းကင်ဘုံဘုရင်ကျူးရဲ့ကြီးကြပ်မှုအောက်မှာရှိတဲ့အဆင့်မြင့်အဖွဲ့တစ်ခုကလူ တကယ်လို့သူ့ကိုတိုက်ခိုက်ရင် ကောင်းကင်ဘုံဘုရင်ကျူးကိုရန်သွားစသလိုဖြစ်မှာစိုးရိမ်ရတယ်"

"ဟမ့် ကောင်းကင်ဘုံဘုရင်ကျူးကဘာလုပ်နိုင်မှာလဲ ငါ့အဘိုးကအဆင့်မြင့်တတိယမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက် တကယ်လွှမ်းမိုးနိုင်တဲ့လူတစ်ယောက် သူ့အတွက်ကျိုးဟောင်ကိုကိုင်တွယ်ဖို့ကပုရွက်ဆိတ်သတ်သလိုကိုလွယ်တယ်"

ကောင်းကုန်းရန်မှာလုံးဝဂရုမစိုက်ဘဲ မထူးဆန်းသလိုပြောလိုက်သည်။

....................................................................................

အခန်း(၃၈၇) ပြီးပါပြီ။

All Chapters