← Chapters

အခန်း (၄၀၃-၄၀၅)

Vol. 27 Ch. 403-405

အခန်း (၄၀၃-၄၀၅)

Vol. 27 Ch. 403-405

အခန်း (၄၀၃) : ထောင်ချောက်

ကျိုးဟောင်မှာအမှောင်ထုအားအသုံးချကာ သူ့ခန္ဓာကိုယ်အားဖုံးကွယ်ထားပြီး သူ့ကိုယ်ပေါ်ရှိငှက်မွေးတစ်ထောင်ချပ်ဝတ်သည်လည်းသတ်ဖြတ်လိုသောအငွေ့အသက်ဖြင့် အမှောင်ထဲတွင်ပုန်းအောင်းနေပေသည်။

သူ၏မူလအဆင့်ကျင့်ကြံမှုသည်ကျိုးဟောင်၏မျက်လုံးထဲတွင်အရေးမပါသည့်အကြောင်းအား သူဌေးကျိုးမသိခဲ့ပေ။

"သူကတကယ်နှေးတာပဲ တကယ်ကြီးငါ့ရဲ့သတ်ဖြတ်ချင်တဲ့ရည်ရွယ်ချက်ကိုမခံစားမိဘူး ဒါဖြင့်ရင်လည်းငါပဲသိအောင်လုပ်ပေးရတာပေါ့"

ကျိုးဟောင်မှာပြုံးကာလေထဲတွင်မတ်တပ်ရပ်လိုက်သည်။ သူ၏စွမ်းအားကြီးသောကျင့်ကြံရေးအဆင့်မှာဖြည်းညှင်းစွာစိမ့်ထွက်လာကာ စွမ်းအားကြီးသောသတ်ဖြတ်လိုသည့်ရည်ရွယ်ချက်ဖြင့်ပျံ့နှံ့သွားခဲ့သည်။

သူဌေးကျိုးသည်ယနေ့ညတွင်ပုံမှန်ထက် အဆပေါင်းများစွာပိုသောက်ခဲ့ပေသည်။ ပုံမှန်အားဖြင့် မူလအဆင့်ပညာရှင်တစ်ယောက်၏ခန္ဓာကိုယ်နှင့်ဆိုပါက လုံးဝအရက်မမူးပေ။ အရက်ခန္ဓာကိုယ်ထဲဝင်သွားသည်နှင့် စွမ်းအားသုံးလိုက်ပါကခြောက်ခမ်းသွားမည်ဖြစ်သည်။

သို့သော်သူဌေးကျိုးသည်မူးသည့်ခံစားချက်အားသဘောကျပေရာ ကိုယ်ထဲရှိအရက်အားဖယ်ရှားရန်အစွမ်းမသုံးခဲ့ပေ။။

သို့သော်ထိုအချိန်တွင် အလွန်စွမ်းအားကြီးသောသတ်ဖြတ်ရေးရည်ရွယ်ချက်တစ်ခုပျံ့နှံ့လာသည်ကိုခံစားလိုက်ရပြီး ခေါင်းမှာတစစ်စစ်ဖြစ်လာကာဆံပင်‌မွေးများပါထောင်သွားခဲ့သည်။

သူဌေးကျိုးမှာစကားတစ်ခွန်းမှမဆိုဘဲ သူ၏ကျင့်ကြံရေးအားအသက်သွင်းကာ အရက်၏အကျိုးသက်ရောက်မှုအားပျောက်ကွယ်သွားအောင်လုပ်လိုက်သည်။ ထို့နောက်ချက်ချင်းပင်ကောင်းကင်ပေါ်အားမော့ကြည့်လိုက်သည်။

ထိုနေရာတွင် ငွေရောင်အဆင်းရှိသောလူတစ်ယောက်မှာ သူ့အားငုံ့ကြည့်နေခဲ့ကာ ထိုလူ့ထံမှထွက်ပေါ်နေသောစွမ်းအားကြီးသည့်ကျင့်ကြံရေးအစွမ်းမှာ သူ့အားရင်တုန်စေပေသည်။

"ဒီလူက...ငါ့ကိုသတ်ချင်နေတာပဲ"

သူဌေးကျိုးသည်ကြောက်လန့်နေခဲ့ပေသည်။ အနီရောင်မဟူရာချောက်ရှိလေလံအိမ်တော်မှပိုင်ရှင်တစ်ယောက်ဖြစ်သည့်အပြင်၊ မူလအဆင့်ပညာရှင်တစ်ယောက်အနေဖြင့်တစ်ဖက်လူမှာသူ့အပေါ်မကောင်းသည့်ရည်ရွယ်ချက်ထားနေမှန်းသဘောပေါက်ပေသည်။ သူသည်လွတ်မြောက်ချင်သော်လည်း ထိုအငွေ့အသက် ၏ရှေ့မှောက်တွင် အလောတကြီးမလှုပ်ရှားဝံ့ပေ။

"ဒီလူက....ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်ပဲ သူကအရမ်းစွမ်းအားကြီးလွန်းတယ် သေစမ်းဘာလို့ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်ကပေါ်လာရတာလဲ အစိမ်းရောင်တိမ်တိုက်ဌာနကငါ့ကိုသတ်ဖို့များလူလွှတ်လိုက်တာလား အဲဒီလိုလည်းမဟုတ်လောက်ပါဘူး..."

သူဌေးကျိုးမှာနားမလည်သော်လည်း ကျိုးဟောင်အားကြည့်ကာပြောလိုက်သည်။

"ဆရာကျွန်တော့်နာမည်ကကျိုးခန်းပါ ဘာများလိုချင်လို့လဲဆိုတာမေးပါရစေ"

သတ်ဖြတ်ရေးရည်ရွယ်ချက်အားခံစားနိုင်သော်ငြား ၎င်းမှာကျိုးဟောင်ဖြစ်ကြောင်းမသိပေရာ အစ်အောက်ကြည့်ရုံသာတတ်နိုင်ပေသည်။

တစ်ဖက်တွင်ကျိုးဟောင်မှာပြုံးကာပြောလိုက်သည်။

"သူဌေးကျိုး စားသောက်ပွဲကစစ်သေနာပတိချုပ်ရဲ့အမိန့်ကိုမေ့သွားပြီလား"

"အမိန့်"

သူဌေးကျိုးမှာခေတ္တမျှကြက်သေသေသွားခဲ့သော်လည်း အလျင်အမြန်ပင်သတိပြန်ဝင်လာခဲ့ကာရုတ်တရက်ထိတ်လန့်သွားခဲ့သည်။

"မင်းက ငါ့ကိုသတ်ချင်တယ်လို့ပြောနေတာလား"

ထိုသို့တွေးမိသောအခါ အဆုံးသတ်သွားပြီဖြစ်ကြောင်းသိလိုက်ပေသည်။ ဤလူသည်သူ့အားသတ်ရန်ဤနေရာသို့ရောက်လာခဲ့ခြင်းဖြစ်သည်။ သူဌေးကျိုးသည်စကားတစ်ခွန်းမှမဆိုဘဲ ထွက်ပြေးရန်ခန္ဓာကိုယ်အားလှုပ်ရှားလိုက်သည်။

သူအနီရောင်မဟူရာချောက်ထဲဝင်လိုက်သည်နှင့်အသက်ရှင်နိုင်ခြေရှိပေသည်။

သို့သော်ကျိုးဟောင်မှာသူ့အားဤအခွင့်အရေးမျိုးပေးမည်မဟုတ်ပေ။ ငှက်မွေးတစ်ထောင်ချပ်ဝတ်၏ ဆွဲငင်အားပိုင်နက်မှာချက်ချင်းပင် သူဌေးကျိုး၏ခန္ဓာကိုယ်အားလွှမ်းခြုံသွားခဲ့ပြီး ထိုအချိန်တွင်ကျိုးဟောင်၏ခန္ဓာကိုယ်မှာသူ့ရှေ့သို့ရောက်ရှိလာပြီဖြစ်သည်။ ထို့နောက်ကျိုးဟောင်သည်တွေဝေမနေဘဲ ပြောင်းလဲမှုကိုးသွယ်အရှင်သခင်ခန္ဓာသိုင်းအားထိန်းချုပ်ကာ အလွန်ပြင်းထန်သောစွမ်းအားဖြင့်လက်သီးဖြင့်ထိုးချလိုက်သည်။

သူဌေးကျိုးမှာထိုလက်သီးအားကြည့်နေရင်း မျက်လုံးထဲတွင်အကြောက်တရားတို့ဖျက်ခနဲပေါ်လာခဲ့သည်။ ထို့နောက်လက်သီးချက်မှာတွေဝေမှုမရှိဘဲသူ့ကိုယ်ပေါ်သို့ကျရောက်လာခဲ့သည်။ ထိုခွန်အားအား သူဌေးကျိုးမှာလုံးဝမခုခံနိုင်ပေရာကိုယ်ထဲရှိအသက်ဓာတ်မှာချက်ချင်းပင် ရှင်းလင်းခံလိုက်ရလေသည်။

သေဆုံးသွားသည့်အချိန်ထိ မျက်စိရှေ့ရှိလူမှာဘယ်သူမှန်းမသိခဲ့ရပေ။

သို့သော်သူဌေးကျိုးသည်သေဆုံးသွားခဲ့ပြီဖြစ်ပြီး ဘယ်တော့မှအဖြေရှာနိုင်တော့မည်မဟုတ်ပေ။

သူဌေးကျိုးမှာချက်ချင်းပင်သေသွားခဲ့ပြီး ကျိုးဟောင်မှာအလောင်းအားကျောပိုးလိုက်သည်။ ထို့နောက်သူ၏ပုံရိပ်မှာ လက်ထောက်စစ်သေနာပတိချုပ်အိမ်တော်ထဲတွင်ပေါ်လာခဲ့ပြီး အလောင်းအားခြံဝန်းထဲတွင်ချခဲ့လိုက်သည်။

ကျိုးဟောင်၏ကျင့်ကြံဆင့်ဖြင့် သူ၏လှုပ်ရှားမှုသည် ဤမူလအဆင့်ပညာရှင်များထောက်လှမ်းနိုင်သောအရာမဟုတ်ပေရာ လွတ်လွတ်လပ်လပ်ပင်သွားလာနိုင်ပေသည်။

"မနက်ဖြန်လာမဲ့ ပွဲကောင်းကိုပဲစောင့်ရတော့မယ်"

ကျိုးဟောင်မှာပြုံးကာထွက်သွားခဲ့သည်။

သူယခုလိုလုပ်ရသည့်အကြောင်းအရင်းမှာ ဤလက်ထောက်စစ်သေနာပတိချုပ် ၃ ယောက်အားသီးသန့်ခွဲထုတ်ကာ အနီရောင်မဟူရာချောက်၏သခင်ကြီးနှင့်သူတို့ကြားရှိဆက်ဆံရေးအား လုံးဝဖြတ်တောက်ပစ်လို၍ဖြစ်သည်။

ဤကိစ္စသည်သူတို့ကြားသဘောထားကွဲလွဲအောင်အစပျိုးပေးနိုင်ကာ ကျိုးဟောင်မှာဘေးမှအေးဆေးထိုင်ကာကျားများတိုက်ခိုက်နေသည်ကိုထိုင်ကြည့်နေရုံပင်။ ကျိုးဟောင်သည် ဤ ၃ယောက်အားအသုံးချကာအနီရောင်မဟူရာချောက်အား အားနည်းအောင်လုပ်ရန်စီစဉ်ထားပေသည်။

ကျိုးဟောင်သည်ဤသုံးယောက်အား သူ့အတွက်အသုံးချရန် အနီရောင်မဟူရာချောက်၏စွမ်းအားဖြင့်ဖိနှိပ်လာမည်ကိုလည်းထိုင်ကြည့်နေဦးမည်ဖြစ်သည်။

ဤသည်မှာကျိုးဟောင်၏ဖြေရှင်းနည်းဖြစ်ပြီး အရိုးရှင်းဆုံးနည်းလမ်းလည်းဖြစ်ပေသည်။

ကျိုးဟောင်မှာထိုနေရာမှထွက်ခွာသွားကာ အိပ်စက်ရန်အခန်းသို့ပြန်လာလေသည်။

နောက်တစ်နေ့မနက်တွင် ကိုယ်ရံတော်ချန်မှာပုံမှန်အတိုင်းနိုးလာပြီး လက်ထောက်စစ်သေနာပတိချုပ် ၃ယောက်အတွက်မနက်စာပြင်ဆင်နေပေသည်။

မနေ့ညကနောက်ကျသည်အထိပျော်ပါးခဲ့ပြီး အရက်လည်းအများကြီးသောက်ခဲ့ပေရာနိုးလာသည့်အချိန်တွင်ခေါင်းကိုက်သည့်ဝေဒနာအားခံစားနေရပေသည်။ ထို့နောက်အိပ်ချင်မူးတူးဖြင့်အခန်းထဲမှလမ်းလျှောက်ထွက်ကာ ခြံဝန်းထဲသို့ဆင်းလာခဲ့သည်။

ခြေလှမ်းအနည်းငယ်မျှလှမ်းပြီးနောက် သွေးနံ့ဖျော့ဖျော့အားရလိုက်ကာ ခေတ္တမျှကြက်သေသေသွားခဲ့သည်။

မဟာဆရာသခင်တစ်ယောက်အနေဖြင့် သူ့ထံတွင်ဤစွမ်းရည်တော့ရှိပေသည်။ ထိုသွေးနံ့ဘယ်နေရာမှလာသလဲမသိသော်လည်း အနည်းငယ်အံ့ဩသွားခဲ့သည်။ လှည့်ပတ်ကြည့်လိုက်ပြီးနောက် ချက်ချင်းပင်ထိတ်လန့်သွားခဲ့သည်။

တံခါးအပြင်ဘက်တွင်အလောင်းတစ်ခုရှိနေပြီး ၎င်း၏သွေးများမှာကုန်ခမ်းနေပြီဖြစ်သည်။

သူ့အတွက်လူတစ်ယောက်၏သေဆုံးမှုမှာဘာမှမဟုတ်သော်ငြား သေဆုံးသည့်လူအပေါ်တော့မူတည်ပေသည်။

သို့သော်အလောင်းအနားသို့လျှောက်သွားပြီး သေဆုံး‌နေသည့်လူမှာသူဌေးကျိုးဖြစ်ကြောင်းတွေ့လိုက်ရသည့်အချိန်တွင် ကိုယ်ရံတော်ချန်၏မျက်နှာမှာဖြူဖျော့သွားခဲ့ကာ ခြေလက်များမှာမလှုပ်ရှားနိုင်တော့ဘဲ နောက်ကျောတွင်ချွေးများစီးကျလာခဲ့သည်။

"မကောင်း....မကောင်းတော့ဘူး...လက်ထောက်စစ်သေနာပတိချုပ် မကောင်းတော့ဘူး"

ကိုယ်ရံတော်ချန်မှာ ချက်ချင်းပင်အော်ဟစ်ကာယင်ဖုန်း၏အခန်းထဲသို့အလောတကြီးဝင်သွားခဲ့သည်။

ယင်ဖုန်းမှာမျက်မှောင်ကြုတ်ကာမေးလိုက်သည်။

"ဒီလောက်မနက်အစောကြီးကို ဘာတွေအလန့်တကြားဖြစ်နေတာလဲ"

"မကောင်း...မကောင်းတော့ဘူး သူသေသွားပြီ...သေသွားပြီ...."

ကိုယ်ရံတော်ချန်မှာအထစ်ထစ်အငေါ့ငေါ့ဖြစ်နေပြီး ဘာပြောနေမှန်းမသိပေ။

"သေတယ်ဆိုတာဘာစကားလဲ ဘယ်သူသေတာလဲပြောစမ်း"

ယင်ဖုန်းမှာဒေါသဖြစ်လာကာ မျက်နှာအားဖြတ်ရိုက်လိုက်သည်။

ဤရိုက်ချက်သည်ကိုယ်ရံတော်ချန်၏နှာခေါင်းမှသွေးထွက်သွားစေခဲ့သော်လည်း လျင်မြန်စွာပြောလာခဲ့လေသည်။

"စီနီယာကျိုး...လေလံအိမ်တော်ကစီနီယာကျိုး..သေပြီ..သူကျွန်တော်တို့အိမ်တော်ရဲ့ဝင်ပေါက်မှာသေနေတာ...သူ့အလောင်း...သူ့အလောင်းကဝင်ပေါက်မှာ"

ကိုယ်ရံတော်ချန်မှာတုန်ယင်နေပြီး ထိုစကားအားကြားလိုက်သည့်အချိန်တွင်ယင်ဖုန်း၏မျက်နှာအမူအရာမှာလည်း ချက်ချင်းပင်ပြောင်းလဲသွားခဲ့သည်။

ယင်ဖုန်းသည်ခြေတစ်လှမ်းလှမ်းလိုက်ရာ ပေါ်လာသည့်အချိန်တွင်လက်ထောက်စစ်သေနာပတိချုပ်အိမ်တော်၏ဝင်ပေါက်သို့ရောက်နေပြီဖြစ်သည်။ ဝင်ပေါက်တွင်ဆိုးဝါးစွာသေဆုံးနေသောကျိုးခန်းအားတွေ့လိုက်ရချိန်တွင် ယင်ဖုန်းခေါင်းထဲတွင်မူးခနဲမိုက်ခနဲပင်ဖြစ်သွားခဲ့သည်။

"အစ်ကိုကြီး ဘာဖြစ်တာလဲ"

ထိုအချိန်တွင် ဟွားမန်လော့နှင့်ထူရှန်းတို့သည်လည်းအနားသို့လျှောက်လာခဲ့ကြပြီး ဝင်ပေါက်၌ရုတ်ရုတ်သဲသဲဖြစ်နေသောအခြေအနေအားအတော်လေးအံ့ဩနေခဲ့ကြသည်။

သို့သော်မြေပြင်ပေါ်တွင်လှဲလျောင်းနေသောကျိုးခန်းအားမြင်လိုက်ရချိန်တွင်သူတို့လည်းကြက်သေသေသွားခဲ့သည်။

"ဘာ...ဘာဖြစ်တာလဲ ဘာလို့စီနီယာကျိုးခန်းက‌သေနေတာလဲ"

ထူရှန်း၏မျက်လုံးများမှာ မယုံကြည်နိုင်စွာဖြင့်ပြူးကျယ်နေခဲ့သည်။

တစ်ဖက်တွင် ဟွားမန်လော့၏အမူအရာမှာအတော်လေးပျက်ယွင်းနေခဲ့သည်။

"ဒါဘယ်လိုဖြစ်နိုင်မှာလဲ ဒါကျွန်တော်တို့ကိုအမှုလာပတ်တော့မှာမဟုတ်ဘူးလား ဒီကိစ္စကသေချာပေါက်ကျိုးဟောင်တို့အဖွဲ့လုပ်တာဖြစ်ရမယ် သူတို့ကစီနီယာကျိုးရဲ့သေဆုံးမှုမှာ ကျွန်တော်တို့ကိုပါအမှုပတ်စေချင်နေတာ"

ဟွားမန်လော့မှာ ချက်ချင်းပင်အခြေအနေအားသုံးသပ်လိုက်သည်။ သူပြောတာမှန်ပေသည်။ အရူးမဟုတ်သူတိုင်းဤကိစ္စအားလုပ်ခဲ့သူကို ခန့်မှန်းနိုင်ပေသည်။

သို့သော်ယင်ဖုန်းမှာချက်ချင်းပင်ခေါင်းယမ်းလိုက်သည်။

"သူတို့လုပ်ခဲ့တာမှန်ရင်တောင် ဒီကိစ္စကငါတို့ ၃ယောက်ခေါင်းပေါ်ကျဦးမှာပဲ အဲဒီကောင်တွေကမဟာဆရာသခင်အဆင့်ပဲရှိသေးတာ သူတို့ကစတုတ္ထမြောက်မူလအဆင့်ပညာရှင်တစ်ယောက်ကိုသတ်နိုင်တယ်ဆိုတာ ဘယ်သူမှယုံမှာမဟုတ်ဘူး"

"အဲ‌ဒါကြောင့်သူတို့ငါတို့ကိုသံသယဝင်ဝင် မဝင်ဝင်ကျိုးခန်းကငါတို့အိမ်တော်အပေါက်ဝမှာသေနေကတည်းက ငါတို့ကသံသယဖြစ်စရာအကောင်းဆုံးလူတွေပဲ"

ယင်ဖုန်းမှာအတော်လေးတည်ငြိမ်နေကာ ချက်ချင်းပင်သေချာသဘောပေါက်လိုက်လေသည်။

ထိုစကားအားကြားသောအခါ ထူရှန်းနှင့်ဟွားမန်လော့တို့၏အမူအရာများမှာပြောင်းလဲသွားခဲ့သည်။

ကိစ္စများမှာဤကဲ့သို့ဖြစ်လာလိမ့်မည်ဟု သူတို့လုံးဝမမျှော်လင့်ထားခဲ့ပေ။

မနေ့ညကအားလုံးအဆင်ပြေနေခဲ့ပါလျက်နှင့် မနက်အစောပိုင်းသူတို့မျက်စိဖွင့်လိုက်ချိန်တွင်ဘာကြောင့်ယခုလိုကိစ္စမျိုးဖြစ်ပျက်သွားခဲ့ရပါသနည်း။ အားလုံးမှာအလွန်ထိတ်လန့်နေခဲ့ကြသည်။ သူဌေးကျိုးအားသတ်ခဲ့သူမှာမည်သူနည်း။

သို့သော်ထိုအချိန်တွင်အဝေးမှဒေါသတကြီးအော်သံတစ်ခုထွက်ပေါ်လာခဲ့ကာ ကျိုးခန်း၏တရားဝင်သားဖြစ်သူ ကျိုးပေရှန်းမှာအလောတကြီးဖြင့်ရောက်လာခဲ့သည်။

"မင်းတို့မကောင်းတဲ့ကောင်တွေ ငါ့အဖေကိုသတ်ရဲတယ် သေချင်နေကြတာလား"

...................................................................................

အခန်း(၄၀၃) ပြီးပါပြီ။

အခန်း (၄၀၄): ပြပွဲ‌ထဲထည့်သွင်းခြင်း

ကျိုးပေရှန်း သည် မနက်အစောပိုင်းကတည်း ထူးဆန်းသောလူတယောက်ဆီမှ သူ့အဖေအားယင်ဖုန်းနှင့်အခြား၂ယောက်သတ်လိုက်သည့်သတင်းကိုရခဲ့သောကြောင့် အပြေးလာခဲ့လေသည်။

မြေပေါ်တွင်လဲကျနေသော သူ့အဖေ၏အလောင်းကိုတွေ့သောအခါ သူ့မျက်နှာမှာ‌မည်းမှောင်သွားပြီး သူ၏အထွတ်အထိပ်မဟာဆရာသခင်အရှိန်အဝါမှာလည်းပေါက်ကွဲထွက်လာလေသည်။

ယင်ဖုန်းနှင့်အခြား၂ယောက်၏အမူအရာမှာလည်း ချောက်ချားသွားလေသည်။ ကျိုးခမ်းသေသွားသော်လည်း သူ့လေလံအိမ်ရှိအခြားသူများ၏အစွမ်းကိုလျော့တွက်လို့မရပေ။ ဒါ့အပြင်အနီရောင်မဟူရာချောက်အဖွဲ့မှာလည်း အလွန်စည်းလုံးလေသည်။ ကျိုးခမ်းသေသွားသည့်ကိစ္စကိုဒီအတိုင်းလက်ပိုက်ကြည့်နေမည်မဟုတ်ပေ။

"တူလေး ငါတို့ပြောတာနားထောင်ပါဦး ငါတို့မင်းအဖေကိုမသတ်ခဲ့ပါဘူး ငါတို့နဲ့မင်းအဖေရဲ့ဆက်ဆံရေးကိုမင်းသိတာပဲ ငါတို့ဘာလို့သူ့ကိုသတ်ရမှာလဲ"

ယွင်ဖုန်းကအလျင်အမြန်ပင်ပြောလိုက်လေသည်။ သို့သော်ကျိုးပေရှန်းက သူ့စကားအားမယုံကြည်ပေ။

"မင်းတို့မဟုတ်ဘူးဟုတ်လား သောက်ရေးမပါတာတွေ.... အစိမ်းရောင်တိမ်တိုက်အဖွဲ့က အနီရောင်မဟူရာချောက်ကိုပြန်သိမ်းဖို့ကြိုးစားနေတာလေ ပြီးတော့ မနေ့ညကလည်း မင်းတို့တွေအဖေ့ကိုသတ်ဖို့အမိန့်ရခဲ့ကြတယ်မှတ်လား အဲ့တာတွေပြီးတော့ ငါ့အဖေကမင်းတို့ခြံ၀န်းထဲမှာသေနေတာကို မင်းကဘယ်သူ့ကိုအရူးကွက်လာနင်းနေတာလဲ"

ကျိုးပေရှန်းကကြိမ်းဝါးနေလေသည်။ သူအစကမယုံကြည်သော်လည်း ထူးဆန်းသောစာကိုဖတ်ခဲ့ရပြီး ယခုလိုမျက်မြင်တွေ့ရသောကြောင့် သူသေချာသိသွားလေသည်။

ယင်ဖုန်းနှင့်အခြား၂ယောက်တို့မှာ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းထံမှ နှင်ထုတ်ခြင်းခံခဲ့ကြရပြီး သူတို့အတွက် ဒီနေရာကလွဲပြီး တခြားသွားစရာနေရာမရှိပေ။

ဒီနေရာတွင် ကျင့်ကြံရေးအရင်းအမြစ်များမှာမလုံလောက်ဘဲရှားပါးလှလေသည်။ တကယ်လို့ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းကသာအလုံအလောက်ပေးပါက သူတို့အနေဖြင့်လှုပ်ရှားကြမည်ဖြစ်သည်။

ထူးဆန်းသောစာထဲတွင်ထိုကဲ့သို့ရေးထားပြီး သူတို့၃ယောက်အနေဖြင့်အနီရောင်မဟူရာချောက်ကိစ္စကိုဖြေရှင်းနိုင်ပါကသူတို့၏ လွတ်လပ်ခွင့်ကိုပြန်ပေးမည့်အပြင် ကောင်းကင်ဘုံအဆင့်တ၀က်ရောက်အေအောင်လည်းထောက်ပံ့ပေးမည်ဟူသောအချက်များလည်းထိုစာထဲတွင်ပါ၀င်လေသည်။

ဘယ်သူကထိုကဲ့သို့ကမ်းလှမ်းမှုကို ငြင်းဆိုနိုင်မည်နည်း။

"တူလေး မင်းဘာတွေပြောနေတာလဲ ငါတို့အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းရဲ့အမိန့်တွေကိုမလိုက်နာပါဘူး "

ယင်ဖုန်းကစိုးရိမ်တကြီးပြောလိုက်လေသည်။

"အရေးမပါတာတွေ.... ခုထိခင်ဗျားတို့ကျုပ်ကိုလိမ်ချင်နေသေးတာလား ခင်ဗျားတို့ကကျုပ်အဖေကိုသတ်တဲ့သူတွေပဲ ပြီးတော့ ကျုပ်ကမ်းလှမ်းချက်ကိုလည်းသိထားတယ် ကျုပ်အဖေကိုသတ်ပြီးအနီရောင်မဟာရာချောက်ကိုပြန်ထိန်းချုပ်နိုင်ရင် ခင်ဗျားတို့လွတ်ငြိမ်းခွင့်နဲ့ အရင်းအမြစ်တွေရမယ်ဆိုတာကျုပ်မသိဘူးထင်နေတာလား"

ကျိုးပေရှန်းက အကုန်ပြော‌ပြနေလေသည်။ ထိုစကားများကြားသောအခါ သူတို့၃ယောက်လုံးမျက်မှောင်ကြုတ်မိလိုက်ကြသည်။

"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ....ဘယ်လိုအခြေအနေတွေရောက်ကုန်တာလဲ"

ယင်ဖုန်းတယောက်ခေါင်းကိုက်သွားလေသည်။ဟွားမန်လော့လည်းထိုနည်းလည်းကောင်းပင်ဖြစ်လေသည်။

"ချီးပဲ.... ငါတို့ကျိုးဟောင်ရဲ့ထောင်ချောက်ထဲကျသွားပြီး ဒီကောင်ကငါတို့နဲ့ အနီရောင်မဟူရာချောက်အဖွဲ့၀င်ကြားသွေးကွဲအောင်လုပ်ချင်နေတာပဲ"

ဟွားမန်လော့ကသဘောပေါက်လိုက်လေသည်။

ထိုအချိန်တွင်ပုံရိပ်အသီးသီးအနားသို့ရောက်လာကြလေသည်။ထိုသူများမှာ စီနီယာချန်း၊ခေါင်းဆောင်အန်းနှင့် ဥက္ကဌစွင်းတို့ဖြစ်လေသည်။ဒါ့အပြင်နောက်ထပ်မူလအဆင့်ပညာရှင်၂ယောက်လည်းပါသေးလေသည်။

" ယင်ဖုန်း ၊ ဟွားမန်လော့ ၊ ထူရှန်း မင်းတို့၃ယောက်ကတော်တော်သတ္တိရှိနေတယ်ပေါ့ မင်းတို့က ငါတို့ အနီရောင်မဟူရာချောက်အဖွဲ့၀င်သူ‌ဌေးကျိုးကိုသတ်ရဲတယ်ပေါ့ မင်းတို့တကယ်ပဲသေချင်နေတာလား"

စီနီယာချန်းကကြိမ်းဝါးလိုက်လေသည်။ အရင်ကသူတို့၃ယောက်နှင့် အနီရောင်မဟူရာချောက်အဖွဲ့မှာ ဆက်ဆံရေးကောင်းရှိခဲ့သော်လည်း ယခုတော့အခြေအနေများပြောင်းလဲသွားလေပြီ။

"အကျိုးအမြတ်ရလာ‌ရင် လူတွေကတကယ့်ကိုစက်ဆုပ်ဖွယ်ပြောင်းလဲသွားတာပဲ မင်းတို့ကလွတ်ငြိမ်းချမ်းသာခွင့်အတွက် သူဌေးကျိုးကိုသတ်ရဲတယ်ပေါ့ မင်းတို့သေချင်နေတာလား"

ခေါင်းဆောင်းအန်းကလည်းပြောလာပြီး သူ၏မူလအဆင့်အရှိန်အဝါမှာလည်းပေါက်ကွဲထွက်လာကာ အချိန်မရွေးတိုက်ခိုက်တော့မည့်အလားဖြစ်နေလေသည်။

"ခေါင်းဆောင်အန်း ကျုပ်တို့ တကယ်မလုပ်ခဲ့ပါဘူး သေချာစဉ်းစားကြည့်ပါဦး ကျုပ်တို့သာတကယ်သတ်ချင်ရင် သူဌေးကျိုးကသတ်ပြီးဘာလို့ကျုပ်၀င်ပေါက်မှာထားရမှာလဲ တခြားနေရာကိုသွားပစ်ထားမှာပေါ့ ဒါတယောက်ယောက်ရဲ့ ချောက်ချမှုပဲဖြစ်ရတယ် အဲ့အထဲမကျရောက်သွားပါနဲ့"

ဟွားမန်လော့ကချက်ချင်းစိုးရိမ်တကြီးထပြောလေသည်။

ထိုအချိန်မှာပဲ ၀င်ပေါက်ဆီမှအသံလေးတ‌သံထွက်လာခဲ့လေသည်။

"လက်ထောက်ခေါင်းဆောင်ဟွား သူတို့ကိုဘာလို့ကြောက်နေတာလဲ ကျုပ်တို့လုပ်ပြီးမှတော့ ဘာလို့ပေါ်ပေါက်သွားမှာကိုစိုးရိမ်နေတာလဲ ဒါ့အပြင်ကျုပ်တို့အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းက ဒီအနီရောင်ကမ်းပါး ကပြဿနာတွေကိုဖြေရှင်းချင်နေတယ် တခြားလူတွေလည်းခုချိန်ကစပြီး ဥ‌ပဒေတွေကိုလိုက်နာပါ မဟုတ်ရင် သူဌေးကျိုးလိုဖြစ်သွားရလိမ့်မယ်"

ထိုအသံမှာကျိုးဟောင်၏အသံဖြစ်ပြီး သူတို့ ၆ယောက်၀င်လာခဲ့လေသည်။

ကျိုးဟောင်၏စကားကိုကြားသောအခါ ကျိုးပေရှန်း၏အမူအရာမှာပိုပြီးဆိုးရွားလေသည်။

"မင်းဘယ်လိုတောင်လုပ်ရဲတာလဲ မင်းသေချင်နေပြီလား"

"ဦးလေးတို့က အဖေ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေပါ အခုအဖေကဒီစက်ဆုပ်ဖွယ်ကောင်းတဲ့လူတွေရဲ့သတ်ခြင်းကိုခံလိုက်ရပြီး ကျေးဇူးပြု၍သူ့အတွက်လက်စားပြန်ချေပေးပါ"

ကျိုးပေရှန်းက အလျင်အမြန်တောင်းဆိုလိုက်လေသည်။

ယင်ဖုန်းတို့တသိုက်လည်း အတော်ထိတ်လန့်နေလေသည်။

"အားလုံးပဲ ကျုပ်တို့ဘုရားကိုတိုင်တည်ပြီးပြောရဲပါတယ် ကျုပ်တို့တကယ်သူဌေးကျိုးကိုမသတ်ခဲ့ပါဘူး ပြီးတော့ သူဌေးကျိုးကစတုတ္ထအဆင့်မူလပညာရှင်တယောက်ပါ တကယ်လို့ကျုပ်တို့သတ်ခဲ့ရင်တောင်မှ အုတ်အော်သောင်းနင်းဖြစ်မှာအသေအချာပါပဲ"

ယင်ဖုန်းကအားလုံးအားဖျောင်းဖျဖို့ကြိုးစားနေလေသည်။ ဒါ့အပြင်သူ့စကားများမှာလည်း အဓိပ္ပာယ်ရှိပေသည်။

သို့သော်ကျိုးဟောင်ကသူ့အားချေပခွင့်မပေးနိုင်ချေ။

"လက်ထောက်စစ်သေနာပတိ ယင် ကျုပ်‌မကြောက်ပါနဲ့လို့မပြောခဲ့ဘူးလား ခင်ဗျားတို့အားလုံး မူလအဆင့်ပညာရှင်တွေလေ ဘာလို့ကြောက်နေမှာလဲ သူတို့ခင်ဗျားကိုတိုက်ခိုက်ရဲရင် ကျုပ်အစိမ်းရောင်တိမ်တိုက်အဖွဲ့ကိုလှမ်းအကြောင်းကြားပြီးစစ်ကူခေါ်လိုက်မှာပေါ့ ဒီမိုက်မဲတဲ့မူလအဆင့်ပညာရှင်အနည်းငယ်ကိုသတ်ဖို့မခက်ခဲပါဘူး"

"ဒါ့အပြင်ဒီကိစ္စတွေပြီးရင် ရမယ့်ခင်ဗျားတို့ရဲ့လွတ်ငြိမ်းချမ်းသာခွင့်တွေ ကောင်းကင်ဘုံအဆင့်တ၀က်ရောက်စေမယ့်အရင်းအမြစ်တွေကိုမေ့သွားပြီလား သေချာစဉ်းစားပါ ဒီဆုလာဘ်တွေနဲ့ယှဉ်ရင် လူအချို့ကိုသတ်ရတာပြဿနာမရှိပါဘူး"

ကျိုးဟောင်၏စကားများကြောင့် ယင်ဖုန်းတယောက်ပြောစရာစကားမဲ့သွားလေသည်။ ခေါင်းဆောင်အန်းနှင့်အခြားလူများ၏အမူအရာမှာလည်း ပိုမိုအကျည်းတန်လာလေသည်။

သူတို့အားလုံးကျိုးဟောင်၊ယင်ဖုန်းနှင့်အခြားလူများကိုကြည့်ပြီး မီးလောင်ပြာချချင်စိတ်များဖြစ်နေလေသည်။

"မဟုတ်ဘူး .....အဓိပ္ပာယ်မရှိတာတွေမပြောနဲ့ ကျုပ်တို့သူဌေးကျိုးကိုမသတ်ခဲ့ဘူး မင်းတို့ကောင်တွေပဲလုပ်တာဖြစ်ရမယ် ဒါတွေကအကုန်မင်းတို့စီစဉ်ထားပြီးကျုပ်တို့ကိုသွေးကွဲအောင်ချောက်ချနေတာပဲ"

ယင်ဖုန်းက အော်ဟစ်ပြောဆိုလာလေသည်။သူတို့မှာ အနီရောင်မဟူရာချောက်အဖွဲ့၀င်များအပေါ်အပြစ်မကျုးလွန်ရဲပေ မဟုတ်ပါက သူတို့ဘ၀ပြီးဆုံးသွားလေမည်။

သူတို့မှာကျိုးဟောင်တို့နှင့်မတူပေ။သူတို့မှာ ဒီကိုတာ၀န်အရလာရောက်ခြင်းမဟုတ်ပေ။ ကျိုးဟောင်တို့ဒဏ်ရာရသွားပါက အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းမှ ပညာရှင်များလာကူမည်ဖြစ်လေသည်။ သို့သော်သူတို့ဒဏ်ရာရသွားပါက သေဖို့အတွက်ထိုင်စောင့်နေရမည်ဖြစ်လေသည်။

"ကျုပ်တို့ဟုတ်လား လက်ထောက်စစ်သေနာပတိယင်ခင်ဗျားနောက်နေတာလား ကျုပ်တို့အားလုံးပေါင်းရင်တောင် သူဌေးကျိုးကိုဘယ်ယှဉ်နိုင်မလဲ ခင်ဗျားကျုပ်တို့အပေါ်လွှဲချချင်ရင်လည်းယုတ္တိရှိတာလေးအရင်စဉ်းစားပါဦး သူတို့ကရော ဒီလိုဟာသကြီးကိုယုံမယ်ထင်နေတာလား"

ကျိုးဟောင်က ရယ်ပြီးပြောလိုက်လေသည်။သူ့နောက်တွင်ရှိနေသော ယွမ်ချန်းနှင့်အခြားလူများကတော့တုန်လှုပ်နေလေသည်။သူတို့မှာ သူဌေးကျိုးဘယ်လိုသေသွားလဲမသိကြသေးပေ။

ပြီးခဲ့တဲ့ညတုန်းက ကျိုးဟောင်က ယင်ဖုန်းအား သူဌေးကျိုးအားသတ်ရန်ပြောခဲ့ပြီး မနက်ကျ သူဌေးကျိုးသေဆုံးနေခြင်းကသူတို့အားလုံးတွင်တာ၀န်ရှိ‌လေသည်။

ဒါ့အပြင် သူတို့အားလုံးထဲတွင်လက်ထောက်စစ်သေနာပတိ၃ယောက်မှာ သံသယအ၀င်အခံရဆုံးဖြစ်လေသည်။သူတို့၃ယောက်မှာ မူလအဆင့်ပညာရှင်များဖြစ်ပြီး သူတို့၆ယောက်မှာ မဟာဆရာသခင်အဆင့်သာရှိသေးလေသည်။

"မဟုတ်ဘူး ...မဟုတ်ဘူး မင်းတို့‌က ကျုပ်တို့ထက်သန်မာတဲ့သခင်ကြီးကြီးတယောက် ယောက်ကို ဖိတ်ခေါ်လိုက်တာဖြစ်မယ် အဲ့လူကပဲ သူဌေးကျိုးကိုသတ်လိုက်တာဖြစ်မယ် မင်းကငါတို့အပေါ်လွှဲချနေတာပဲ"

....................................................................................

အခန်း (၄၀၄) ပြီးပါပြီ။

အခန်း (၄၀၅) : သတ်ရသည့်ရည်ရွယ်ချက်အစစ်အမှန်

ယင်ဖုန်းကအလျင်အမြန်ပြောနေလေသည်။ သူအလွန်ကြောက်လန့်နေသောကြောင့်စိတ်ထင်ရာခန့်မှန်းနေခြင်းဖြစ်လေသည်။

ကျိုးဟောင်ကလည်း ယင်ဖုန်းဒီလိုပြောလာလိမ့်မည်လို့အစကတည်းကကြိုတွေးထားခဲ့လေသည်။

"လက်ထောက်စစ်သေနာပတိယင် ခင်ဗျားအရက်နာကျနေတာကနေမသက်သာသေးတာလား ဘာကြောင့်ဒီလိုတွေပြောနေတာလဲ တကယ်လို့ခင်ဗျားပြောသလိုသာကျုပ်ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်ကိုဖိတ်ခေါ်နိုင်ရင်ဒီလောက်အားထုတ်မနေဘဲ အဲ့ပညာရှင်ကိုခေါ်ပြီး ခင်ဗျားတို့အားလုံးကိုသတ်ပလိုက်ပြီးပြီ ဒီလိုသာဆိုရင်ကျုပ်အတွက်အတော်၀န်ပေါ့သွားမှာပဲ"

ကျိုးဟောင်၏အ‌ဖြေမှာ နားမချမ်းမြေ့စရာဖြစ်သော်လည်း အမှန်တရားပင်ဖြစ်နေလေသည်။

တကယ်လို့အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းကသူတို့အားသတ်ချင်လိုပါကလွယ်ကူလှပေသည်။ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်ကိုလွှတ်ပြီး သူတို့အားအမှုန့်ခြေ‌လို့ရလေသည်။သို့သော်ထိုကဲ့သို့လုပ်ချင်ပါက အရင်နှစ်ပေါင်းများစွာကတည်းကလုပ်ခဲ့မှာဖြစ်ပြီး အခုမှ တိတ်တဆိတ်စေလွှတ်ပြီး သူဌေးကျိုးကိုသတ်ခိုင်းလိမ့်မည်မဟုတ်ချေ။

"မင်းပြောတာလည်း အဓိပ္ပာယ်ရှိပါတယ် ဒါပေမဲ့အခု ဘာတွေဖြစ်ကုန်ပြီလဲ"

ယင်ဖုန်းက ထက်မြက်သောလူဖြစ်လေသည်။

တခြားသူများလည်းဇဝေဇဝါအမူအရာများဖြစ်ကုန်လေသည်။ သို့သော်လည်း ယင်ဖုန်းတို့၃ယောက်မှာ သံသယ၀င်ဖို့အကောင်းဆုံးဖြစ်လေသည်။

ကျိုးဟောင်က ကပြုံးပြီးပြောလိုက်လေသည်။

"ကဲအားလုံးမစိုးရိမ်ကြပါနဲ့ ဒီပြဿနာကိုဖြေရှင်းကြတာပေါ့ ပြီးခဲ့တဲ့ညတုန်းက သူဌေးကျိုးကို ဖမ်း‌ဖို့ ကျုပ် ယင်ဖုန်းတို့ ၃ယောက်ကိုအမိန့်ပေးခဲ့တာ အားလုံးလည်းကြားမှာပါ အခု သူဌေးကျိုးကသေသွားတော့ ယင်ဖုန်းတို့ ၃ယောက်က သံသယ၀င်ခံရတယ် မဟုတ်လား"

ကျိုးဟောင်စကားကြောင့် ကျိုးပေရှန်းနှင့်အခြားလူများကခေါင်းညိတ်လိုက်ကြသည်။

"ဟုတ်တယ် သူတို့ ၃ယောက်သတ်လိုက်မှာပေါ့ ဒါ့အပြင်ငါမနက်တုန်းကထူးဆန်းတဲ့စာတစောင်လည်းရခဲ့သေးတယ် အဲ့စာထဲမှာ ငါ့အဖေကိုသတ်ပေးရင်အစိမ်းရောင်တိမ်တိုက်အဖွဲ့က ယင်ဖုန်းတို့ကို ဆုချမယ့်အကြောင်းပါတယ် သူတို့ အနီရောင်မဟူရာချောက်နှင့်ပတ်သက်တဲ့ပြဿနာတွေကိုဖြေရှင်းပေးရင်လွတ်ငြိမ်းခွင့်ရမယ့်အကြောင်းလည်းပါတယ် ဒီကောင်တွေ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းကိုပြန်ပူးပေါင်းပြီး ကောင်းကင်ဘုံအဆင့်တ၀က်ဖြစ်အောင်အရင်းအမြစ်တွေလိုချင်နေတာလေ"

ကျိုးပေရှန်းကပြောလေသည်။

"အဲ့လိုကိစ္စမျိုးမရှိဘူး ငါ ယင်ဖုန်း ကောင်းကင်ကိုတိုင်တည်ရဲတယ် အဲ့လိုကိစ္စမျိုးလုပ်ခဲ့ပါက မိုးကြိုး ပစ်ခံရပြီးသေဆုံးပါစေ"

ယင်ဖုန်းကလည်းချက်ချင်းကျိန်ဆိုပြလေသည်။ သူထိုကဲ့သို့ကျိန်ဆိုပြလိုက်သောအခါ ခေါင်းဆောင်အန်းတို့လည်း သံသယစိတ်အနည်းငယ်လျော့သွားလေသည်။

"ဒါဆို လက်ထောက်စစ်သေနာပတိယင် တို့က သူဌေးကျိုးကိုမသတ်ခဲ့ရင် ဘယ်သူကသတ်တာလဲ ကျုပ်သတင်းကြားတော့ လက်ထောက်စစ်သေနာပတိတို့လုပ်ခဲ့တယ်ထင်တာ "

"ဒါပေမဲ့အခုကြည့်ရတာ လက်ထောက်စစ်သေနာပတိယင်ဖုန်း နဲ့အခြားလူတွေက တရားခံဟုတ်ပုံမပေါ်ဘူး"

ကျိုးဟောင်ကစတင် ကျိုးကြောင်းစိစစ်ပြနေလေသည်။ သူဒီလိုလုပ်ခြင်းကလည်း သူတို့အားလုံးအား မျှားချင်၍ဖြစ်လေသည်။

"ဟုတ်တယ် ကျုပ်တို့ သူဌေးကျိုးကိုမသတ်ခဲ့ဘူး ကျုပ်တို့ဘယ်လောက်ပဲ လွတ်ငြိမ်းခွင့်လိုချင်ရင်တောင် ခင်ဗျားတို့ကို ဆန့်ကျင့်ပြီးသေတွင်းမတူးပါဘူး"

ဟွားမန်လော့နှင့် တူရှန်းတို့ကလည်း ခေါင်းညိတ်ပြီးပြောလာလေသည်။

ခေါင်းဆောင်အန်း ၊ စီနီယာချန်း နှင့်အခြားလူများလည်း တယောက်မျက်နှာ တယောက်ကြည့်ပြီး စိတ်လျော့လိုက်ကြလေသည်။ ယင်ဖုန်းပြောတာကလည်းအကျိုးအကြောင်းဆီလျော်လေသည်။ သူတို့၃ယောက်မှာ အနီရောင်မဟူရာချောက်အဖွဲ့အား မလွန်ဆန်ဝံ့ပေ။

"ဒီကိစ္စမှာ သူဌေးကျိုးကို ကျုပ်တို့ရော ယင်ဖုန်းတို့ ၃ယောက်ရောသတ်တာမဟုတ်ဘူး ဒီလိုပြောတာကလည်း ပြဿနာကိုရှောင်ပြေးချင်တာလည်းမဟုတ်ဘူး ကျုပ်တို့မှာတကယ်အဲ့လိုအင်အားမျိုးမရှိဘူး ရှိခဲ့ရင်လည်း အရင်တုန်းကတည်းကအသုံးချခဲ့ပြီးပြီ"

"တကယ်လို့ ကျုပ်တို့ထဲက တယောက်က သူဌေးကျိုးကိုသတ်ခဲ့ရင်တောင်မှ ခင်ဗျားတို့ကျုပ်တို့ကိုထိပါးလို့မရဘူး ဘာလို့ဆို အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းကကျုပ်တို့ကိုကာကွယ်ပေးထားပြီး ကျုပ်တို့တခုခုဖြစ်ခဲ့ရင်သည်းခံပြီးကြည့်နေမှာမဟုတ်ဘူး ဒါ့အပြင်ကျုပ်တို့နဲ့နည်းပြတွေက ယန်ဟွေ့နဲ့ပိုင်လင်းလုံပဲ။ တယောက်က အဌမအဆင့်မူလပညာရှင်ဖြစ်ပြီး နောက်တယောက်က ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်ပဲ သူတို့အတွက်ကခင်ဗျားတို့ကိုရှာပြီးသတ်ဖို့လွယ်ကူလွန်းတယ်"

ကျိုးဟောင်၏စကားများမှာနားကြားပျင်းကပ်သော်လည်း အမှန်တရားများဖြစ်လေသည်။ကျိုးဟောင်တို့ သူဌေးကျိုးကိုသတ်ခဲ့ရင်တောင်မှ အဆင်ပြေသေးလေသည်။

"ဒါ့အပြင်အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းကလည်းအရင်ကတည်းကခင်ဗျားတို့ကိုမတိုက်ခိုက်ခဲ့တာမို့ ခုမှရုတ်တရက်ထပြီးတိုက်ခိုက်မှာလည်းမဟုတ်ဘူး။ တကယ်လို့သူတို့တိုက်ခိုက်ခဲ့ရင်လည်း ဒီလိုလျှို့ဝှက်ပြီးလုပ်နေမှာမဟုတ်ဘူး။ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းကဘယ်လောက်စွမ်းအားကြီးလဲခင်ဗျားတို့လည်းသိတာပဲ ဒီတော့ ကျုပ်ပြောနိုင်တာက ကျုပ်တို့ကတရားခံတွေမဟုတ်ဘူးဆိုတာပဲ ။အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းရော ကျုပ်တို့ရော လက်ထောက်စစ်သေနာပတိယင်ဖုန်းတို့ရော ဘယ်သူကမှ သူဌေးကျိုးကိုမသတ်ခဲ့ဘူး ကျုပ်ပြောတာသဘောပေါက်မယ်ထင်တယ်"

ကျိုးဟောင်၏စကားကိုအားလုံးကခေါင်းညိတ်ကြလေသည်။ ထိုစကားမှာ ကြားရတာအဆင်မပြေသော်လည်း အဓိပ္ပာယ်မရှိသောအရာတော့မဟုတ်ပေ။

"ဟုတ်ပြီ ဒါဆိုမင်းစကားအရ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းရော ကျုပ်တို့ရောယင်ဖုန်းတို့ရော ဘယ်သူကမှ သံသယရှိသူမဟုတ်ဘူးဆိုရင် သူဌေးကျိုးကိုဘယ်သူသတ်သွားတာလဲ ငါတို့သတ်တာလို့ဆိုလိုချင်တာလား"

ခေါင်းဆောင်အန်းက ပြောလိုက်လေသည်။ သူ့စကားမှာ သာမန်သာဖြစ်သော်လည်း အားလုံး၏အမူအရာများပြောင်းလဲသွားလေသည်။

အထူးသဖြင့် ယင်ဖုန်းတို့၃ယောက်မှာ ခေါင်းဆောင်အန်းတို့အား မျက်လုံးပြူးပြီးကြည့်နေကြလေသည်။ကျိုးဟောင်လည်းပြုံးပြီးသူတို့ကိုကြည့်နေလေသည်။

"မင်းအကြည့်ကဘာလဲ အနီရောင်မဟူရာချောက်အဖွဲ့ကသူဌေးကျိုးကိုသတ်ခဲ့တယ်ထင်နေတာလား ငါတို့အဖွဲ့ကဘယ်လောက်စည်းလုံးလဲ မသိဘူးလား ဒါကမဖြစ်နိုင်တဲ့အရာပဲ"

ခေါင်းဆောင်အန်းကဒေါသတကြီးပြောလာလေသည်။ သူကသာမန်သာပြောလိုက်လည်း ဒီလိုမျိုးကြီးကြီးမားမားဖြစ်သွားမည်လို့မထင်ထားခဲ့ပေ။

ယင်ဖုန်းလည်းခေါင်းလေးငုံ့သွားလေသည်။ ဟွားမန်လော့လည်း ခေါင်းဆောင်အန်းတို့ဆီမှအကြည့်လွှဲလိုက်လေသည်။

"ကျုပ်ပြောနိုင်တာကတော့ သူဌေးကျိုးသေဆုံးမှုက အဖြေထွက်နေပြီးသားပါ မူလအဆင့်ပညာရှင်တယောက်ကိုသတ်နိုင်တာ မူလအဆင့်ပညာရှင်ပဲရှိတယ်။ အဲ့လိုအစွမ်းရှိသူတွေကလည်း ယင်ဖုန်းတို့ ၃ယောက်နဲ့ ခင်ဗျားတို့ အနီရောင်မဟူရာချောက်အဖွဲ့၀င်တွေပဲရှိတာပဲ တခြားဘယ်သူများကျန်သေးလို့လဲ"

"ဒါ့အပြင် ကျိုးသခင်လေးက ဒီမနက်ထူးဆန်းတဲ့လူဆီကစာတစောင်ရခဲ့သေးတယ်မှတ်လား အဲ့လူကဘယ်လိုသတင်းကိုဒီလောက်မြန်မြန်ရသွားတာလဲ။ ယင်ဖုန်းတို့၃ယောက်ကလည်း ငတုံးမဟုတ်ဘူး ကျုပ်တို့လည်းငတုံးမဟုတ်ဘူး ကျုပ်တို့သာသူဌေးကျိုးကိုသတ်ခဲ့တယ်ဆိုရင် တောထဲတနေရာရာမှာသွားမြှုပ်ထားလိုက်မှာပေါ့ ဒီကိစ္စရဲ့နောက်ကွယ်မှာ တယောက်ယောက်ရှိနေတာသေချာတယ်"

ကျိုးဟောင်စကားဆုံးသွားသောအခါ ခေါင်းဆောင်အန်းနှင့်အခြားသူများအမူအရာမှာသိသိသာသာသက်ရောက်မှုတခုရှိသွားလေသည်။ ကျိုးပေရှန်းလည်းအတူတူပင်ဖြစ်လေသည်။

ကျိုးပေရှန်းလည်း ခေါင်းဆောင်အန်းတို့ကိုသံသယမျက်လုံးတို့ဖြင့်လှည့်ကြည့်လိုက်လေသည်။ သူသည်လည်း ကျိုးဟောင်၏စကားကိုယုံကြည်သွားခဲ့လေသည်။

ဒါသည်ကျိုးဟောင်လိုချင်သောအရာပင်ဖြစ်သည်။ဒီလိုအခြေအနေမျိုးဖန်တီးချင်၍သူဌေးကျိုးအားသူသတ်ခဲ့ခြင်းဖြစ်လေသည်။

....................................................................................

အခန်း (၄၀၅) ပြီးပါပြီ။

All Chapters