← Chapters

အခန်း (၃၉၄-၃၉၆)

Vol. 27 Ch. 394-396

အခန်း (၃၉၄-၃၉၆)

Vol. 27 Ch. 394-396

အခန်း (၃၉၄) : အစိမ်းရောင်တိမ်တိုက်အဖွဲ့သို့၀င်ရောက်ခြင်း

"ဘာတွေဖြစ်ကုန်တာလဲ ဥက္ကဌကျိုးက အဖမ်းခံရတော့မှာလား ဘာဖြစ်လို့လဲ"

"ဟုတ်တယ် ဥက္ကဌကျိုးက သူရဲကောင်းစစ်သည်လေ ဘာလို့အဖမ်းခံရမှာလဲ"

"ပြဿနာတခုခုတော့ရှိတယ် ဒီမှာရေးထားတာတော့ဥက္ကဌကျိုးက မဟာမိတ်အဖွဲ့အစည်းရဲ့ဆုံးဖြတ်ချက်တွေကိုချိုးဖောက်ပြီး အန္တရာယ်တွေဖြစ်စေတယ်တဲ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ယွမ်ချန်း၊ယွင်ယန် ၊ကျန်းယိ ၊ဖန်းယွီနှင့်ရှုလင်တို့တယောက်မှထိုကိစ္စကိုမယုံနိုင်ဖြစ်နကြလေသည်။

မကြာသေးမီကပင် ဥက္ကဌကျိုးက ၁၃ခုမြောက်အက်ကွဲကြောင်း၏ပြဿနာကိုဖြေရှင်းပေးခဲ့သေးလေသည်။ ဥက္ကဌကျိုးကြောင့်သာမဟုတ်ပါက ဒီ၁၃ခုမြောက်အက်ကွဲကြောင်းကလေ့ကျင့်ရေးစခန်းတခုဖြစ်မလာနိုင်ပေ။

ထိုကိစ္စဖြစ်ခဲ့သည်မှာလအနည်းငယ်လောက်သာရှိသေးလေသည်။သို့သော်ယခုမူ ဥက္ကဌကျိုးက အလိုရှိသော၀ရမ်းပြေးစာရင်းထဲတွင်ပါလာခဲ့လေသည်။

ဒီကိစ္စကတကယ့်ကိုဟာသကြီးတခုတဖွယ်ဖြစ်နေလေသည်။

"ကျိုးဟောင် နင်ရောဘယ်လိုထင်လဲ"

ရှုလင်ကကျိုးဟောင်ကိုလှမ်းမေးလိုက်လေသည်။ကျိုးဟောင်၏ဆရာမှာဥက္ကဌကျိုးဖြစ်ကြောင်းသူမ သိလေသည်။ဒါ့ကြောင့် ကျိုးဟောင်အနေဖြင့်တခုခုတော့သိလိမ့်မည်လို့သူမ ထင်နေခဲ့လေသည်။

"ငါမသိလို့တောင်းပန်ပါတယ် ငါဒီအတိုင်းသင်ယူရုံပါပဲ ပြီးတော့ဆရာကပဲအမြဲငါ့ကိုအရင်ဆက်သွယ်တာ ငါ့ဘက်ကစဆက်သွယ်တာရှားတယ် အဲ့တာကြောင့် ဘာတွေဖြစ်နေလဲငါတကယ်မသိဘူး"

ကျိုးဟောင်က သေချာပြန်ဖြေလိုက်လေသည်။ သူတို့ကိုငါကဥက္ကဌကျိုးပါဆိုပြီး အမှန်အတိုင်းပြောလို့မဖြစ်သေးပေ။

"နင်တောင်မသိဘူးဆိုမှတော့ တခြားဘယ်သူမှသိတော့မှာမဟုတ်ပါဘူး"

ရှုလင်ကမျက်မှောင်ကြုတ်ပြီးပြန်ပြောလိုက်လေသည်။

"နေဦး နည်းပြပိုင်....ဟုတ်တယ်နည်းပြဆိုသိလောက်တယ် သူမလည်း ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်ပဲလေ"

ယွမ်ချန်းကရုတ်တရက်ပြောလာလေသည်။

"ဟုတ်တယ် နည်းပြပိုင်ဆိုသိလောက်တယ်။ လာ ငါတို့သွားမေးရအောင်"

ယွင်ယန်နှင့် ဖန်းယွီ‌တို့ကစိုးရိမ်စိတ်များပြင်းထန်နေလေသည်။ ထို့နောက်သူတို့၆ယောက်လုံးနည်းပြပိုင်အားသွားရှာကြလေသည်။

ပိုင်လင်းလုံမှာလည်း ထိုသတင်းကိုကြားပြီးနောက်ဒေါသထွက်နေလေသည်။ ဥက္ကဌကျိုးကတကယ်ပဲ မျိုးနွယ်ခြားတို့၏ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်များအား သတ်ခဲ့လား မသတ်ခဲ့လား သူမ မသိသော်လည်း ဒါက ကိစ္စကြီးမဟုတ်ပေ။

ဥက္ကဌကျိုးမှာ ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်ဖြစ်ပြီး သူ့‌အနေဖြင့် ကောင်းကင်ဘုံအဆင့်တ၀က်သားရဲများကိုသတ်ခြင်းကကိစ္စကြီးမဟုတ်‌ဘဲ အကျိုးအကြောင်းသင့်လေသည်။ ဒါကိုအဘယ့်ကြောင့် ဥက္ကဌကျိုးအားဖမ်းဆီးရန်အမိန့်ချလိုက်ပါသနည်း။

ဒါ့အပြင်မူလကျောက်စာကိုကျင့်ကြံမိရုံဖြင့်ဘာကြောင့်သူ့အား လူဆိုးအဖြစ်သတ်မှတ်နေကြသနည်း။ပိုင်လင်းလုံတယောက်မယုံကြည်နိုင်ဖြစ်နေလေသည်။

၇ခုမြောက်အက်ကွဲကြောင်းတွင်ကိစ္စကြီးကြီးမားမားဖြစ်ပွားခဲ့ပြီး ဥက္ကဌကျိုး၏ မူလကျောက်စာအစွမ်းဖြင့် မဖြေရှင်းခဲ့ပါက ၇ခုမြောက်အက်ကွဲကြောင်းမှာ ကျဆုံးသွားမည်ဖြစ်လေသည်။

ယခုလို၇ခုမြောက်အက်ကွဲကြောင်းတည်ငြိမ်အေးချမ်းနေရသည်မှာလည်း ဥက္ကဌကျိုးကြောင့်သာဖြစ်လေသည်။ ဒါ့အပြင်သူက ကောင်းကင်ဘုံအဆင့်တ၀က်သားရဲအနည်းငယ်ကိုရှင်းလင်းပေးခဲ့သောကြောင့် ရှေ့တန်းခံတပ်လိုင်းအတွက်ဖိအားများလည်း လျော့ကျသွားစေခဲ့လေသည်။

ဒါပေမဲ့ လူသားတွေက ဥက္ကဌကျိုးကိုခုလိုပြန်ကျေးဇူးဆပ်သလား။ ဥက္ကဌကျိုးကို တကယ်ပဲဖမ်းဆီးဖို့လုပ်ခြင်းက ကျွေးသည့်လက်အားပြန်ကိုက်သည့်သဘောပင်ဖြစ်လေသည်။

ပိုင်လင်းလုံဒေါသထွက်နေစဉ်မှာပဲ ကျိုးဟောင်တို့အဖွဲ့က သူမကိုတွေ့သွားပြီး ထိုကိစ္စအားမေးကြလေသည်။

ပိုင်လင်းလုံက ရှုလင်နှင့် ယွင်ယန်တို့၏မျက်လုံးထဲတွင်နားမလည်နိုင်မှုများတွေ့ပြီး အခြားသူများ၏ မျက်လုံးထဲတွင်လည်း မယုံကြည်နိုင်မှုနှင့်ဒေါသအနည်းငယ်ကိုတွေ့လိုက်သောကြောင့် သူမ သက်ပြင်းချလိုက်မိသည်။သူတို့အားလုံးသူမနှင့်အတွေးတူနေကြလေသည်။ ဒါ့အပြင်ကျိုးဟောင်မှာ ဥက္ကဌကျိုး၏တပည့်ဖြစ်သောကြောင့်သူလည်း အတော်စိတ်ပျက်နေလောက်လေမည်။

"ငါလည်းဘာတွေဖြစ်နေလဲဆိုတာမသိဘူး ဒါပေမဲ့ မင်းတို့လိုပဲ ငါလည်း ဥက္ကဌကျိုးကိုယုံတယ် တခုခုအထင်လွဲနေကြတာဖြစ်မယ် ဒါတွေကလည်း ဥက္ကဌကျိုးနဲ့တွေ့မှဖြေရှင်းနိုင်မယ့်ကိစ္စပဲ ဒါပေမဲ့အရမ်းစိတ်ပူမနေကြပါနဲ့"

ပိုင်လင်းလုံက လူတိုင်းကိုနှစ်သိမ့်ပြီးပြောလိုက်သည်။ ယခုအချိန်တွင် သူမ အနေဖြင့် ဒီလောက်ပဲတတ်နိုင်လေသည်။

သို့သော်လည်း ထိုစကားလောက်ဖြင့် သူတို့အဖွဲ့ကို စိတ်ကျေနပ်မှုမပေးနိုင်ပေ။ ရှုလင်တို့တသိုက်မှာလည်း တုံးအအ ကလေးများမဟုတ်သောကြောင့် ပိုင်လင်းလုံ၏အမူအရာပြောင်းလဲနေသည်ကိုသတိထားမိကြလေသည်။

ပိုင်လင်းလုံလည်း သူတို့ကိုပြောပြလို့မဖြစ်သည့်အကြောင်းအရင်းရှိနေလေသည်။ ဒါ့ကြောင့် သူတို့ဆက်မေးမနေကြတော့ပဲ ပိုင်လင်းလုံ၏နေရာမှပြန်လာကြလေသည်။သူတို့အားလုံးစိတ်ဓာတ်ကျနေကြနေကြလေသည်။သူတို့အားလုံးဥက္ကဌကျိုးကို အထက်တန်းကျောင်းထဲကသိခဲ့ကြပြီး သူတို့အတွက်အရေးကြီးသော လူတဦးဖြစ်လေသည်။

ယွင်ယန်တို့အတွက်လည်း ဥက္ကဌကျိုးကအသက် သခင်ကျေးဇူးရှင်ပင်ဖြစ်လေသည်။သူတို့ယန်ကျင်းလူငယ်လေ့ကျင့်ရေးစခန်းကနေထွက်လာခဲ့စဉ်က သန္ဓေပြောင်းသားရဲကြီးများ၏တိုက်ခိုက်မှုကိုခံခဲ့ရပြီး ဥက္ကဌကျိုးသာမကယ်ပါက သေသွားခဲ့ရမည်ဖြစ်လေသည်။

ရှေ့တန်းခံတပ်လိုင်းတွင်ရဲရဲဝံ့ဝံ့တိုက်ခိုက်ခဲ့ပြီး အသက်များစွာကိုကယ်ခဲ့သည့်သူမှာ အခုတော့ အလိုရှိစာရင်း‌တွင်ပါလာခဲ့လေပြီ။

အကြောင်းအရင်းကလည်း ဥက္ကဌကျိုးက မဟာမိတ်အဖွဲ့အစည်း၏ဆုံးဖြတ်ချက်ကိုဆန့်ကျင်လို့ဟူသောအချက်ဖြင့် ဖြစ်နေလေသည်။

သူတို့အနေဖြင့်ဘယ်လိုပင်မေးမေး အဖြေရမည်မဟုတ်ပေ။ ဒါသည် လူသားမျိုးနွယ်အတွက်လျှို့ဝှက်ချက်တခုလိုဖြစ်နေပြီး သူတို့လက်လှမ်းမမီသည့်အနေအထားဖြစ်နေလေသည်။

သူတို့အနေဖြင့်မူလအဆင့် ဒါမှမဟုတ် ကောင်းကင် ဘုံအဆင့်တ၀က်လောက်မှ သိနိုင်မည့်အခွင့်အရေးရှိလေသည်။

ကျိုးဟောင်ကတော့ ဒီလိုဖြစ်ရသည်မှာကောင်းကင် ဘုံအဆင့်တ၀က်သားရဲ၃ကောင်အားသတ်ပြီး ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တွင်းများကိုအပိုင်စီးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

ကျိုးဟောင်သည်အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဒီလိုမျိုးထပ်မလုပ်ခင်အထိ လျှို့လျှို့ဝှက်ဝှက်နေဖို့လိုအပ်နေလေသည်။

လေ့ကျင့်ရေးစခန်း၌ နေ့စွဲများတရွေ့ရွေ့ကုန်ဆုံးနေသော်လည်း သူတို့အားလုံး ဥက္ကဌကျိုးအကြောင်း တွေးနေကြသေးလေသည်။

ဒါ့အပြင်မျိုးနွယ်ခြားတို့၏ခြေလှမ်းများမှာလည်း ပိုပိုပြင်းထန်လာပြီး စစ်ပွဲများဆက်တိုက်ဖြစ်ပွားနေလေသည်။ ပိုင်လင်းလုံမှာလည်း ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်ဖြစ်သောကြောင့် ရံဖန်ရံခါ ရှေ့တန်းခံစစ်လိုင်းသို့သွားရလေသည်။

အချိန်များတဖြေးဖြေးကုန်ဆုံးသွားပြီး မျက်စိတမှိတ်အတွင်းမှာပင် နှစ်တနှစ်ကုန်ဆုံးသွားလေသည်။ ဒီနှစ်အတွင်း ရှုလင်မှာအထွတ်အထိပ်မဟာဆရာသခင်အဆင့်ကိုရောက်ရှိသွားပြီး အခြားသူများလည်း မဟာဆရာသခင်အဆင့်သို့အသီးသီးတက်လှမ်းလာနိုင်ကြလေသည်။

သူတို့အားလုံးမဟာဆရာသခင်အဆင့်ရောက်ရှိလာသော်လည်း လက်ရွေးစင်အဖွဲ့ကတော့ ဖျက်သိမ်းလိုက်ခြင်းမရှိပေ။ လေ့ကျင့်ရေးများကိုဆက်လက်လုပ်ဆောင်ပြီး အရင်တုန်းကကဲ့သို့ပင် ၁၃ခုမြောက်အက်ကွဲကြောင်းထဲသို့သွားပြီး သန္ဓေပြောင်းသားရဲများအား ပိုင်လင်းလုံ၏ကွပ်ကဲမှုအောက်တွင် ရှင်းလင်းရလေသည်။

"မနက်ဖြန်ကစပြီး မင်းတို့အားလုံးရှေ့တန်းခံတပ်မှာရှ်ိတဲ့အဖွဲ့၇ဖွဲ့နဲ့ပူးပေါင်းပြီး ဌာန၇ခုထဲကတခုချင်းစီကို ၀င်ရမယ် ဒါကမင်းတို့လက်ရွေးစင်အဖွဲ့ထဲကိုစရောက်ကတည်းကသတ်မှတ်ထားတာပဲ မင်းတို့နဲ့သက်ဆိုင်ရာနယ်မြေက မင်းတို့ကိုလာခေါ်ပြီး တာ၀န်တွေချမှတ်ပေးလိမ့်မယ်။ အခုကစပြီးမင်းတို့အားလုံး ဘွဲ့ရသွားပြီလို့သတ်မှတ်လို့ရပြီ"

ပိုင်လင်းလုံးက ပထမဆုံးအကြိမ်ပြုံးပြီးပြောလေသည်။

"ဘာ ငါတို့ဘွဲ့ရသွားပြီဟုတ်လား ငါတို့ လေ့ကျင့်ရတာ ၂နှစ်တောင်မကြာလိုက်ဘူးပဲ"

"ဟုတ်တယ် မြန်လိုက်တာ"

ကျောင်းသားများအားလုံး ဇဝေဇဝါဖြစ်နေကြသည်။

"ဒီ၁၃ခုမြောက်အက်ကွဲကြောင်းရဲ့လက်ရွေးစင်လေ့ကျင့်ရေးစခန်းက အဖိုးတန်တယ် မင်းတို့လက်ရွေးစင်အဖွဲ့တွေကပိုအဖိုးထိုက်တန်တယ် ဒါပေမဲ့ ငါတို့မင်းတွေအပေါ်မှာပဲ မျှော်လင့်နေလို့မရဘူး သွေးသစ်တွေကိုလည်းပျိုးထောင်ပေးရဦးမယ် ပြီးတော့ မင်းတို့အားလုံးကျောင်းမှာ အမြဲနေပြီး လေ့လာနေလို့မရဘူး။ မင်းတို့လေ့လာထားတွေကိုပေါင်းစပ်ပြီးတိုက်ပွဲမှာ အသုံးချရမယ်။ တကယ့်ကမ္ဘာလောကကြီးထဲမှာလည်းမင်းတို့သင်ယူရမှာတွေရှိသေးတယ်"

ပိုင်လင်းလုံကကျောင်းသားများစိတ်အားထက်သန်စေရန်ထိုစကားများကိုပြောကြားနေခြင်းဖြစ်လေသည်။

မကြာမီပင် သူတို့အားလုံးအား သက်ဆိုင်ရာဌာနအသီးသီးမှလာရောက်ခေါ်ဆောင်သွားလေသည်။ ကျိုးဟောင်နှင့်အခြားသူများကိုတော့ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းမှခေါ်ဆောင်ခဲ့ပြီး သူတို့ကို လာကြိုသူမှာလည်း တခြားသူမဟုတ် ယန်ဟွေ့ဖြစ်နေလေသည်။

..................................................................................

အခန်း (၃၉၄) ပြီးပါပြီ။

အခန်း (၃၉၅) : တစ်ရာမြို့

ကျိုးဟောင်နှင့်အခြားလူများမှာယန်ဟွေ့ကိုထပ်တွေ့ရသောကြောင့် စိတ်လှုပ်ရှားနေကြလေသည်။ သူတို့သည် ဒီလေ့ကျင့်ရေးကာလတလျှောက်လုံးယန်ဟွေ့နှင့်မတွေ့ခဲ့ရပေ။

သူတို့အားလုံးနှင့် အချိန်ကြာမြင့်စွာအတူမရှိခဲ့သော်လည်း ကောင်းမွန်သောဆက်ဆံရေးရှိကြလေသည်။ ဒီ‌တခေါက် အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းတွင် သူတို့အား ဦးဆောင်မည့်သူမှာ ယန်ဟွေ့ဖြစ်နေသောကြောင့် သူတို့အားလုံးပျော်နေကြလေသည်။

"မင်းတို့အားလုံးမဟာဆရာသခင်အဆင့်ရောက်လာတဲ့အတွက်ဂုဏ်ပြုပါတယ် မင်းတို့အားလုံး မဟာဆရာသခင်အဆင့်ရောက်ဖို့သိပ်မကြာဘူးလို့ငါယုံကြည်ခဲ့တယ်။ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းကကျောင်းနဲ့မတူဘူး ကျောင်းတို့ကတော့မင်းတို့ကငါတို့ရဲ့မျှော်လင့်ချက်တွေပဲ ဒါပေမဲ့အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းမှာတော့မင်းတို့ကစစ်သည်တွေဖြစ်သွားပြီ မင်းတို့အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းအပေါ်ပဲ သစ္စာရှိရမယ် နားလည်ကြလား"

ယန်ဟွေ့က ဒီလူငယ်ခြောက်ယောက်အားကြည့်ပြီးပြောလိုက်လေသည်။ ဒီကလေး၆ယောက်မှာ တချိန်က ဆရာသခင်အဆင့်ကိုတောင် မနည်းတက်လှမ်းခဲ့ရပြီး ခုတော့မဟာဆရာသခင်အဆင့်သာမက တနေ့ကျရင်မူလအဆင့်ကိုပင်တက်လှမ်းလာနိုင်လိမ့်မည်လို့မည်သူကထင်ထားမည်နည်း။

သူတို့အားလုံးယန်ဟွေ့စကားကြောင့်အနည်းငယ်အံ့ဩသွားကြလေသည်။ သူတို့အရင်တုန်းကလူသားမျိုးနွယ်ရဲ့အနာဂတ်အတွက်ကျင့်ကြံခဲ့ကြပြီး အခုတော့ ယန်ဟွေ့က လူသားမျိုးနွယ်ခြား ခွဲခြားသတ်မှတ်ထားသကဲ့သို့ဘာကြောင့်ပြောနေသနည်း။

"နည်းပြယန် အဲ့တာဘာအဓိပ္ပာယ်လဲဟင်"

ရှုလင်ကမနေနိုင်တော့ဘဲမေးလိုက်လေသည်။

"ဟဲဟဲ ...မင်းတို့ဒီလိုမေးမယ်လို့ငါတွေးထားပြီးသားပါ ဘယ်လိုပြောရမလဲ ငါတို့လူသားမျိုးနွယ်တွေကစည်းလုံးတယ်ဆိုပေမဲ့ တချို့လျှို့ဝှက်ဧရိယာတွေမှာတော့သဘောထားကွဲလွဲမှုတွေရှိသေးတယ်။ ငါတို့လူသားတွေအတွက်အရင်းအမြစ်တွေကလည်းကန့်သတ်ချက်တွေရှိပြီး ဌာနကြီး၇ခုလုံးကလည်း ပိုပြီးလိုချင်နေကြတယ် အဲ့ဒါကြောင့်သဘောထားကွဲလွဲမှုတွေရှိတတ်တာပုံမှန်ပါပဲ"

"ငါတို့လည်းမင်းတို့လိုပဲလေ ကျောင်းတုန်းကအတန်းဖော်အချင်းချင်းတခါတလေရန်ဖြစ်ကြတယ်မှတ်လား အဲ့လိုပါပဲ"

ယန်ယွေ့၏စကားများကအဓိပ္ပာယ်ရှိလေသည်။လူမျိုးပေါင်းများစွာအတူတကွစုစည်းနေထိုင်ကြခြင်းကြောင့် အနည်းနဲ့အများတော့ အကြံအဖန်များရှိတတ်လေသည်။ ဒါသည်ဘယ်တော့မှမပြောင်းလဲမည့်အရာဖြစ်လေသည်။

"ကောင်းပြီ သိပ်အများကြီးမတွေးကြနဲ့တော့ အခုမင်းတို့ကအစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းရဲ့တစိတ်တပိုင်းဖြစ်လာပြီ ငါမင်းတို့ကိုစီမံခန့်ခွဲရေးဌာနကိုခေါ်သွားပေးမယ်"

ယန်ယွေ့ကဘာမှဆက်မပြောလိုတော့ပေ။ သူတို့အားလုံးမှာ ခုမှကျောင်းဆင်းလာကြသည့်ရိုးသားသောကလေးများဖြစ်ကြ‌ပြီး သူ၏စကားကြောင့် သူတို့အပေါ်သက်ရောက်မှမဖြစ်စေလိုပေ။

ယန်ယွေ့သူတို့အားစီမံခန့်ခွဲရေးဌာနကိုခေါ်သွားပြီးနောက်ထွက်သွားခဲ့လေသည်။ သူတို့ရုံးခန်းထဲ၀င်လာသောအခါ အသက်လတ်အမျိုးသားတဦးဒေါသထွက်နေသောအမူအရာဖြင့်ထိုင်နေသည်ကိုတွေ့လိုက်ကြလေသည်။

"မင်းတို့က၇ခုမြောက်လေ့ကျင့်ရေးစခန်းရဲ့ကျောင်းသားတွေလား"

ထိုလူကကျိုးဟောင်တို့အားကြည့်ပြီး အေးစက်သောလေသံဖြင့်မေးလိုက်လေသည်။

"ဟုတ်ပါတယ်ဆရာ"

"ဟုတ်ပြီ မင်းတို့ငါ့ကိုလျှို့စွမ်လို့ခေါ်လို့ရတယ် မင်းတို့ကအခုအစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းရဲ့ အဖွဲ့၀င်တွေဖြစ်နေကြပြီး ကျောင်းတုန်းကလိုမဟုတ်တော့ဘူး။ မင်းတို့အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းအတွက်အလုပ်လုပ်ပေးရမယ် ပြီးတော့ ကမ္ဘာမြေပေါ်ကလူသားတွေအတွက်လည်း လုပ်ပေးရမယ်"

ထိုလူကြီးကစကားဆုံးသည်နှင့် ကျိုးဟောင်တို့အားချိပ်စ်ပြားနှင့်တူသော အရာလေးတယောက်တခုစီပေးလေသည်။

"ဒါကမင်းတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေပဲ မင်းတို့ကမဟာဆရာသခင်အဆင့်ပဲရှိသေးတာကြောင့် အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းရဲ့လုံခြုံရေးအရတချို့နေရာတွေကို၀င်ခွင့်ကန့်သတ်ထားခံရဦးမယ်။ ဒါပေမဲ့မင်းတို့မစိုးရိမ်ပါနဲ့ မင်းတို့ မူလအဆင့်ဒါမှမဟုတ် ကောင်းကင်ဘုံအဆင့်တ၀က်ကိုရောက်လာရင်တော့ ကန့်သတ်ချက်တွေတဖြေး‌ဖြေးလျော့လာလိမ့်မယ်"

ကျိုးဟောင်နှင့်အခြားလူများက ထိုလူကြီး၏စကားများကိုစိတ်ထဲသိပ်မထားပေ။ အသန်မာဆုံးသူက အရာအားလုံးကိုသိနိုင်သည်မှာ ထုံးတမ်းတခုလိုဖြစ်နေလေသည်။

"မင်းတို့ကလက်ရွေးစင်အဖွဲ့ကနေလာတဲ့ မဟာဆရာသခင်တွေဖြစ်တာကြောင့် အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းအတွက်မင်းတို့အတွက်နေရောကောင်းလေးသေချာစီစဉ်ပေးထားပါတယ်"

ထိုသို့ပြောပြီးနောက် အသက်လတ်လူကြီးမှာ သူ၏လက်ကိုဝှေ့ယမ်းလိုက်ပြီး ပုံရိပ်ယောက်မြေပုံတခုပေါ်လာလေသည်။

"ငါတို့အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းက အက်ကွဲကြောင်း ၇ကနေ ၁၃အထိလုံခြုံမှုရှိစေဖို့အဓိကတာ၀န်ယူရတယ် ဒါ့အပြင်တချို့အရေးကြီးတဲ့မြို့တွေရဲ့လုံခြုံရေးကိုရောပဲ"

သူ့စကားဆုံးသောအခါ ကျိုးဟောင်တို့အားလုံးအံ့အားသင့်သွားကြလေသည်။ သူတို့အနေဖြင့် အက်ကွဲကြောင်း ၇ခုကနေ ၁၃အထိတာ၀န်ယူရသည့် အက်ကွဲကြောင်း ၇ခုတောင် စောင့်ရှောက်ရသည့်သဘောပင်ဖြစ်လေသည်။ လျှို့စွမ်ပြောကြားချက်အရ ဌာနကြီး ၇ခုရှိပြီး သူတို့အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းကအက်ကွဲကြောင်း၇ခုအတွက်တာ၀န်ယူထားလျှင်တခြားဌာနများက အက်ကွဲကြောင်းတခုသာတာ၀န်ယူထားသည့်သဘော‌ဖြစ်နေလေသည်။

ပါးနပ်သောလျှို့စွမ်က သူတို့၏အမူအရာများကိုကြည့်ပြီးဘာတွေးနေသလဲသဘောပေါက်လေသည်။

"မင်းတို့ဘာတွေးနေသလဲငါသိပါတယ်။ မင်းတို့က ဒီအက်ကွဲကြောင်း ၁၃ခုကပဲ အန္တရာယ်ရှိနေတယ်လို့ထင်တာလား ငါတို့ကမ္ဘာမြေကြီးကအလွန်ကျယ်ပြန့်ပြီးဌာနအသီးသီးကလည်းမတူညီတဲ့တာ၀န်တွေယူထားကြတယ် နှိုင်းယှဉ်ပြီးပြောရမယ်ဆိုရင်တော့ ငါတို့တာ၀န်ယူထားရတဲ့အရာက အရမ်းမခက်ခဲပါဘူး"

လျှို့စွမ်၏စကားများကကျိုးဟောင်တို့အားပိုပြီးထိတ်လန့်စေလေသည်။

ကျိုးဟောင်အနေဖြင့်တခြားဌာနတွေကဘာတွေတာ၀န်ယူထားသလဲသူ မသိပေ။ သူ့အနေဖြင့်လူသားတွေက အက်ကွဲကြောင်း ၁၃ခုကိုစောင့်ကြပ်နေသည်လို့သာသိထားလေသည်။

"ကောင်းပြီ မင်းတို့ကိုဒါတွေပြောနေလို့လည်း အကျိုးမရှိပါဘူး မင်းတို့ကာကွယ်ရမယ့်မြို့ကိုအရင်ကြည့်ကြရအောင် အစကတော့ငါ မင်းတို့ကို ချူမြို့ကိုပြန်ပို့ပြီး ကိုယ့်မွေးရပ်မြေကိုကာကွယ်ခိုင်းမလို့ပါပဲ ဒါပေမဲ့မင်းတို့က လက်ရွေးစင်အဖွဲ့ကလာတာဖြစ်ပြီး အနာဂတ်မှာလည်း မင်းတို့ရဲ့စွမ်းအားတွေကိုမျှော်လင့်ထားတာကြောင့် ဒီလိုမျိုးအေးဆေးနေလို့မဖြစ်ချေဘူး အဲ့လိုဆိုမင်းတို့ရဲ့တိုးတက်မှုတွေနှောင့်နှေးသွားလိမ့်မယ် ဒါ့ကြောင့် ငါမင်းတို့ကို 'တစ်ရာ'မြို့ကိုသွားဖို့စီစဉ်လိုက်တယ်"

ထိုအချိန်တွင် ပုံရိပ်ယောင်မြေပုံမှပြောင်းလဲသွားပြီး ကျတ်တီးမြေဖြစ်နေသော မြို့တခုပေါ်လာလေသည်။ ထိုနေရာမှာ စုတ်ပြတ်နေပြီး အရမ်းခေတ်နောက်ကျနေသောကြောင့်ကျိုးဟောင်တို့အားလုံးအံ့ဩသွားလေသည်။

"အဲ့နေရာက ဓာတ်ရောင်ခြည်တခါသင့်ခံခဲ့ရပြီး တစ်ရာမြို့မှာယခုလို‌ ကျတ်တီးမြေဖြစ်သွားရတာပဲ။ နှစ်အတော်ကြာအောင်ဒီနေရာကိုတိုးတက်လာဖို့ငါတို့ကြိုးစားခဲ့ပေမဲ့ အောင်မြင်ဖို့ဝေးကွာနေသေးတယ်။ အဲ့လိုဖြစ်ရတာက ဒီနေရာရဲ့မြေဆီလွှာကအရမ်းအားနည်းသည့်အပြင် ကမ်းပါးနီအသူရာချောက်နက်တွေနဲ့လည်းကပ်လျက်ဖြစ်နေတာကြောင့်ပဲ အဲ့နေရာက အရမ်းအန္တရာယ်များပြီး ဥပဒေလည်း မရှိဘူး"

"အဲ့မှာရက်စက်တဲ့သန္ဓေပြောင်းသားရဲတွေနဲ့ လူသားမျိုးနွယ်ရဲ့သစ္စာဖောက်တွေပုန်းခိုနေတာကြောင့် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ခက်ခဲတယ် ငါမင်းတို့ကိုအဲ့နေရာကိုစောင့်ကြပ်ဖို့စေလွှတ်မယ် သုံးနှစ်အတွင်းမင်းတို့အကောင်းဆုံးကြိုးစားပြီး ကမ်းပါးနီအသူရာချောက်ကိုပြန်သိမ်းနိုင်ဖို့ကြိုးစားကြပါ။ ဒါကအစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းကမင်းတို့အတွက်ချမှတ်ထားတဲ့ တာ၀န်ပဲ"

လျှို့စွမ်ကပြောပြီးနောက်အနည်းငယ်စိုးရိမ်နေလေသည်။ ထိုမြို့မှာအလွန်ကပ်ဆိုက်နေပြီး သာမန်မူလအဆင့်ပညာရှင်များတောင်မှ သွားဖို့လက်တွန့်ကြလေသည်။

ကောင်းကင်ဘုံအဆင့်ပညာရှင်ကိုလွှတ်ပြီး ထိုမြို့အားပြားပြား၀ပ်၀ပ်အောင်ဖျက်ဆီးပြီး ပြန်တည်ထောင်လို့ရသော်လည်း ထိုမြို့ထဲရှိပြဿနာများကို မဖြေရှင်းနိုင်ပါက ထိုကဲ့သို့လုပ်လည်း အချည်းအနှီးသာဖြစ်လေမည်။

"မင်းတို့ရောက်တဲ့အခါ အခြေအနေတွေကိုအသေး စိတ်သိလာပါလိမ့်မယ်"

ပြောပြီးနောက်လျှို့စွမ်ကလက်ခုပ်တီးလိုက်သောအခါ ပုံရိပ်ယောင်မြေပုံမှာပျောက်ကွယ်သွားလေသည်။

"ဒီတာ၀န်ကခက်ခဲပေမဲ့ မင်းတို့လုပ်နိုင်မယ်လို့ငါယုံကြည်တယ် မင်းတို့ကအစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းရဲ့ အဖွဲ့၀င်တွေဖြစ်တာကြောင့် အဖွဲ့အစည်းရဲ့ကိုယ်ပိုင်ကွန်ရက်ထဲကို၀င်ရောက်ခွင့်ရှိတယ် မင်းတို့လိုအပ်တာတွေအားလုံးကိုအဲ့မှာတွေ့နိုင်တယ်"

"ကောင်းပြီ ဘာပြဿနာမှမရှိဘူးဆိုရင်တော့ မင်းတို့သွားလို့ရပြီ"

လျှို့စွမ်စကားဆုံးသောအခါ ယူနီဖောင်းနဲ့လူတယောက်၀င်လာပြီး လေယာဉ်ဆီသွားဖို့ပြင်ဆင်ပေးလေသည်။ ကျိုးဟောင်တို့လည်းတုံ့ဆိုင်းမနေဘဲ လေယာဉ်ပေါ်တက်ပြီး တစ်ရာမြို့ဆီသို့ထွက်လာခဲ့လေသည်။

...................................................................................

အခန်း (၃၉၅) ပြီးပါပြီ။

အခန်း (၃၉၆) : မျှော်စင်အားစိန်ခေါ်ခြင်း

လေယာဉ်ပေါ်ရှိကျိုးဟောင်နှင့်ကျန်လူများသည်လည်း အချိန်ဖြုန်းမနေပေ။ သူတို့သည်တစ်ရာမြို့နှင့် ‌အစိမ်းရောင်တိမ်တိုက်ဌာနအကြောင်းအကြမ်းဖျဉ်း သဘောပေါက်ထားကြပြီဖြစ်သည်။

"ဒီတစ်ရာမြို့ကတကယ့်ကိုရှုပ်ထွေးတဲ့နေရာပဲ လူသားတွေနဲ့ သန္ဓေသားပြောင်းရဲတွေနှစ်ဖက်လုံးနဲ့ဆိုင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေလည်းအများကြီးပဲ ဒါကလျစ်လျူရှူခံထားရတဲ့နေရာတစ်ခုပဲကို ဒီလိုနေရာမျိုးဘယ်လိုဖြစ်ပြီးရှိနေလဲဆိုတာ ငါတကယ်နားမလည်ဘူး"

ယွမ်ချန်းမှာထိုဖြစ်ရပ်အားမယုံရဲပေ။ ယခုလူသားများနှင့်မျိုးနွယ်ခြားများမှာ ဆန့်ကျင်ဘက်ဖြစ်နေကြခြင်းဖြစ်ပေရာတွေ့ကြသည်နှင့်သေချာပေါက်အချင်းချင်း တိုက်ခိုက်ကြမည်သာဖြစ်သည်။ ယခုလိုမြို့မျိုးမှာ အဘယ်သို့တည်ရှိနိုင်ပါသနည်း။

အနီရောင်မဟူရာချောက်မှာ ပို၍ပင်ဆိုးဝါးသေးသည်။ လူသားများနှင့်သန္ဓေပြောင်းသားရဲများ၏လက်နက်ကိုင်တပ်ဖွဲ့အချို့မှာတကယ်ပင် ပူးပေါင်းဖွဲ့စည်းထားကြလေသည်။

သန္ဓေပြောင်းသားရဲများနှင့်လူသားများမှာတကယ်ပင် အေးအေးချမ်းချမ်းနှင့်ယှဉ်တွဲနေထိုင်နိုင်သည်လော။

"ငါ့အထင်တော့အစိမ်းရောင်တိမ်တိုက်ဌာနကငါတို့ကိုဒီနေရာကိုပို့လိုက်တာကလေ့ကျင့်ဖို့ပဲ အဲဒီကအန္တရာယ်အဆင့်က ချွီမြို့ထက်သေချာပေါက်အများကြီးမြင့်တယ် အဲဒါကြောင့်တကယ်လို့ငါတို့အဲဒီကိုသွားလေ့ကျင့်ရင် အချိန်တိုအတွင်းကောင်းမွန်တဲ့ရလဒ်တွေရနိုင်လိမ့်မယ်"

ဖန်းယွီမှာအလွန်တည်ငြိမ်နေပြီး သူမ၏သုံးသပ်ချက်မှာလည်းအဓိပ္ပာယ်ရှိပေသည်။

"ဘယ်သူကဂရုစိုက်မှာလဲ တကယ်လို့လက်နက်ကိုင်တပ်ဖွဲ့တွေကိုသိမ်းသွင်းလို့မရရင် သူတို့အရှုံးပေးတဲ့အထိရိုက်ပစ်လိုက်မှာပေါ့"

ကျန်းယိမှာအကြောက်အလန့်မရှိသကဲ့သို့ လုံးဝလည်းဂရုမစိုက်ပေ။

"ကောင်းပြီ ငါတို့ရောက်တဲ့အချိန်မှတစ်ရာမြို့ရဲ့ကိစ္စကိုဆုံးဖြတ်ချက်ချကြမယ် အစိမ်းရောင်တိမ်တိုက်ဌာနရဲ့ပုံရိပ်ယောင်နယ်မြေကိုမြင်ပြီးပြီလား အဲဒါကငါတို့ကျောင်းတုန်းက ပုံရိပ်ယောင်တိုက်ခိုက်ရေးအခန်းနဲ့ဆင်တယ် အထဲမှတကယ်စိတ်ဝင်စားစရာကောင်းတယ်"

ယွင်ယန်မှာလက်ရှိတွင် အစိမ်းရောင်တိမ်တိုက်ဌာန၏ နယ်မြေကွန်ယက်အားစစ်ဆေးနေသည်။ သူမသည်အစိမ်းရောင်တိမ်တိုက်ဌာန၏ပုံရိပ်ယောင်လောကအားကြည့်ပြီး အတော်အံ့ဩနေသည်။

"တကယ်ပဲ အစိမ်းရောင်တိမ်တိုက်ဌာရဲ့ပုံရိပ်ယောင်လောကမှာလုပ်လို့ရတဲ့အရာတွေအများကြီးရှိတယ်လို့ကြားဖူးနေတာကြာလှပြီ အဲဒီထဲမှာလေ့ကျင့်လို့ရတယ် ပြီးတော့အထဲမှာတာဝန်တွေကိုတောင်မှသတ်မှတ်ပေးထားတာတဲ့ အဲဒီမှာလုပ်ဆောင်ချက်တွေဒီလောက်များမယ်လို့ ငါမထင်ထားခဲ့ဘူး"

ထိုအချိန်တွင်ရှုလင်သည်လည်းစကားပြောလာခဲ့ပြီး သေချာပေါက်အတော်လေးအံ့ဩနေပုံပေါ်ပေသည်။

"ဒီကလေ့ကျင့်ရေးကအပြင်လောကလေ့ကျင့်ရေးရဲ့ ၉၀ရာခိုင်နှုန်းလောက်အထိအကျိုးရှိတယ်တဲ့ ဒီမှာဆိုရင်ငါတို့အထူးလေ့ကျင့်ရေးတွေလုပ်လို့ရတယ်ဒါပေမဲ့လေ့ကျင့်ရေးလုပ်တိုင်းရွှေဒင်္ဂါးတွေအများကြီးကုန်လို့အရမ်းအကုန်အကျများတယ်"

ကျန်းယိမှာမျက်မှောင်ကြုတ်နေသည်။ ကျန်းယိသည်လေ့ကျင့်လိုသော်လည်း ပိုက်ဆံအနည်းငယ်မျှမသုံးချင်သောစိတ်ရှိသည်လူများ၏အကောင်းဆုံးစံမူနာတစ်ခုပင်ဖြစ်သည်။

တစ်ဖက်တွင်ကျိုးဟောင်သည်လည်း ဤပုံရိပ်ယောင်လောကအကြောင်းသိချင်လာခဲ့သည်။ သူသည်ပုံရိပ်ယောင်လောကအားနှိပ်လိုက်ပြီးနောက် ချက်ချင်းပင်ကြက်သေသေသွားခဲ့သည်။ လူကိုယ်တိုင်ဝင်ရောက်သွားသည့်အလားသူ့ရှေ့ရှိမြင်ကွင်းမှာချက်ချင်းပင်ပြောင်းလဲသွားခဲ့သည်။

သို့သော်ဤနေရာသည်ပုံရိပ်ယောင်လောကဖြစ်ကြောင်းကို ကျိုးဟောင်ခံစားလို့တော့ရသေးပေသည်။ မြင်သမျှအရာအားလုံးသည်ပုံရိပ်ယောင်ဖြစ်ပြီး သူတို့၏ခန္ဓာကိုယ်များပင်ပုံရိပ်ယောင်များဖြစ်ကြသည်။

သူတို့၏လက်ရှိခန္ဓာကိုယ်မှာမူလခန္ဓာကိုယ်၏ခွန်အားနှင့်အစွမ်း ၉၀ရာခိုင်နှုန်းအထိရှိသော်လည်း ဤသည်မှာအပြင်လောကတွင်လူသိရှင်ကြားထုတ်ပြထားသောခွန်အားနှင့်အစွမ်းသာဖြစ်သည်။

"ကြည့်ရတာအစိမ်းရောင်တိမ်တိုက်ဌာနရဲ့စနစ်က အကုန်လုံးကိုအပြည့်အဝမထိန်းသိမ်းပေးနိုင်တဲ့ပုံပဲ အဲဒီအစားသူတို့ကသူတို့စုဆောင်းထားတဲ့အချက်အလက်တွေအပေါ်အခြေခံပြီးငါတို့အင်အားကိုဆုံးဖြတ်ထားတာဖြစ်လောက်တယ် ဥပမာပြောရရင် ငါ့မှာဆိုလက်ရှိအရိပ်ဓားခုနစ်ချောင်းနဲ့ နတ်ဘုရားသတ်သိုင်းရှိတယ်"

"သူတို့‌ငါ့ရဲ့ပုံရိပ်ယောင်ခန္ဓာကိုယ်ကိုတည်ဆောက်ဖို့သေချာပေါက်ငါ့ရဲ့အချက်အလက်ကိုစုဆောင်းပြီးခွဲခြမ်းစိတ်ဖြာခဲ့တာပဲ"

ကျိုးဟောင်မှာဤအချက်အားလုံးကိုအဖြေရှာပြီးနောက်စိတ်အေးသွားသည်။ သူ၏စွမ်းရည်အားလုံးကို စနစ်မှစုံစမ်းသိရှိသွားမည်ကိုစိုးရိမ်နေခဲ့ခြင်းဖြစ်ပြီး ထိုသို့သာဖြစ်ပါက အလွန်ဆိုးဝါးမည်ဖြစ်သည်။

အစိမ်းရောင်တိမ်တိုက်ဌာန၏စနစ်မှာအတော်လေးစိတ်ဝင်စားစရာကောင်းပေသည်။ ၎င်းမှာမြို့တစ်မြို့လိုပင်။ ကျိုးဟောင်မှာဝင်ထွက်နေသောလူအများအပြားအား‌မြင်နေရပေသည်။ ယူဆရန်ရှိသည်မှာ အားလုံးသည်အတူတကွချိတ်ဆက်ထားခံရခြင်းပင်ဖြစ်လောက်သည်။ ဤနည်းဖြင့်ဆိုပါကပို၍လည်းအဆင်ပြေပေသည်။

ထိုအချိန်တွင်ရှုလင်နှင့်ကျန်လူများသည်လည်း ပုံရိပ်ယောင်လောကသို့ဝင်ရောက်လာခဲ့သည်။ သူတို့အဖွဲ့မှာအချင်းချင်းတွေ့လိုက်ကြရပြီး စုံစမ်းရန်ပြင်လိုက်ကြသည်။

အစိမ်းရောင်တိမ်တိုက်ဌာန၏ပုံရိပ်ယောင်လောကမှာ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်နှင့် အကျိုးရလဒ်အတူတူပင်ဖြစ်သည်။

၎င်းတွင်ဆိုင်များ၊ လဲလှယ်ရေးဧရိယာများအပြင် အခြားအရာများလည်းပါဝင်ပေသည်။

အထူးလေ့ကျင့်ရေးဧရိယာများ၊ စိန်ခေါ်ဧရိယာများနှင့် ပြိုင်ပွဲဧရိယာများလည်းသေချာပေါက်ပါဝင်ပေသည်။

ကျိုးဟောင် ဥက္ကဌကျိုးအဖြစ်ရှိနေစဉ်ကာလအတွင်းအစိမ်းရောင်တိမ်တိုက်ဌာနမှာ ဘာကြောင့်သူ့အားဤအရာကိုမပေးခဲ့ကြောင်းမသိပေ။ သူ့အားပေးရန်မေ့လျောနေခဲ့ခြင်းပေလော သို့မဟုတ်လုံးဝမပေးလိုခြင်းပေလော သေချာမသိပေ။

ကျိုးဟောင်မှာအလွန်ပဟေဠိဖြစ်နေသော်လည်းအကြောင်းပြချက်ကိုတော့နားမလည်နိုင်ပေ။ မည်သို့ပင်ဖြစ်စေဥက္ကဌကျိုးသည်အလွန်လျှို့ဝှက်ဆန်းကြယ်လှပေသည်။ ကျူးဇောင်နှင့်အခြားလူများမှာသူ၏သရုပ်မှန်အားမသိခဲ့ရပေရာ သူ၏ပုံရိပ်ယောင်ခန္ဓာကိုယ်ကိုလည်းမတည်ဆောက်နိုင်ခဲ့ပေ။ ထို့အပြင် အစိမ်းရောင်တိမ်တိုက်ဌာန၏ကိုယ်ပိုင်ကွန်ယက်တွင်လျှို့ဝှက်ချက်များစွာရှိပေသည်။ သူတို့ဘက်မှဥက္ကဌကျိုးအား ၁၀၀ရာခိုင်နှုန်းအပြည့်ထိန်းချုပ်နိုင်သည်ဟုယုံကြည်ချက်မရှိပါက သူ့အတွက်ကွန်ယက်အား သေချာပေါက်ဖွင့်ပေးဝံ့မည်မဟုတ်ပေ။

ထိုအကြောင်းအားစဉ်းစားမိပြီး ကျိုးဟောင်မှာစိတ်အေးသွားသည်။

ကျိုးဟောင်တို့အဖွဲ့သည်နေရာများစွာကိုလှည့်ပတ်ကြည့်ပြီးနောက် စိန်ခေါ်ရေးဧရိယာတွင်ရပ်တန့်သွားခဲ့ကြသည်။

ကျိုးဟောင်၏ရှေ့တွင်ကြီးမားသောမျှော်စင်ကြီးတစ်ခုရှိနေပြီး ထိုမျှော်စင်မှာအလွန်မြင့်မားကာဘေးတွင်မိတ်ဆက်အချက်အလက်ရှိနေပေသည်။

"စိန်ခေါ်ရေးမျှော်စင်မှာစုစုပေါင်းအထပ် ၁၃ ထပ်ရှိတယ် အထပ်တစ်ခုအောင်မြင်တိုင်းဆုလာဘ်ရမယ် အထပ်တစ်ခုကိုရွှေဒင်္ဂါးတစ်သန်းကုန်မယ်"

မိတ်ဆက်အချက်အလက်မှာအလွန်ရိုးရှင်းကာတည့်တိုးဆန်ပေသည်။ စိန်ခေါ်မှုတစ်ခုအတွက်ရွှေဒင်္ဂါးတစ်သန်းဟူသောပမာဏသည် သေးငယ်သောပမာဏမဟုတ်ပေ။

သို့သော် ကျိုးဟောင်မှာထိုမျှလောက်ပမာဏလေးအားဂရုစိုက်မနေပေ။ သူ့ထံတွင်ကောင်းကင်ဘုံဒင်္ဂါးဘီလီယံများစွာရှိပေရာသန်းရာချီအား အလွယ်လေးလဲလှယ်လိုက်လို့ရပေသည်။

သို့သော်ဤစိန်ခေါ်မှုမှာ ကျိုးဟောင်အားသိလိုစိတ်ဖြစ်စေပေသည်။

သူတို့အဖွဲ့သည်မိတ်ဆက်အားဆက်ကြည့်ပြီးနောက် ပို၍ပင်အံ့ဩသွားခဲ့သည်။

"ဒီစိန်ခေါ်ရေးမျှော်စင်ကတကယ်သာမန်ထက်ထူးခြားတာပဲ စုစုပေါင်းအထပ် ၁၃ထပ်ရှိတယ် တတိယအထပ်ကိုရောက်ရင် ဆရာသခင်တစ်ယောက်ဆိုတဲ့သဘောပဲ ၆ထပ်မြောက်ကိုရောက်ရင် မူလအဆင့်ပညာရှင်တစ်ယောက်နဲ့ညီမျှတယ် တကယ်လို့ ၉ထပ်မြောက်ကိုရောက်ရင် ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်ပဲ အဲဒီထက်မြင့်တဲ့အထပ်တွေကိုရောက်ရင်တော့ ကောင်းကင်ဘုံအဆင့်ကိုရောက်သွားပြီ"

ယွမ်ချန်းမှာအတော်လေးစိတ်လှုပ်ရှားနေပေသည်။ သူတို့တစ်ဖွဲ့လုံးသည်လက်ရှိအချိန်တွင်မဟာဆရာသခင်အဆင့်သို့ရောက်သွားကြပြီဖြစ်သည်။ တစ်နည်းဆိုရသော် သူတို့ထံတွင်တတိယမြောက်အထပ်ထိတက်နိုင်သောစွမ်းရည်မျိုးရှိကြပေသည်။

"စိန်ခေါ်မှုအတွက်ဆုလာဘ်တော့ရှိမှာပဲ ငါအရင်စမ်းကြည့်မယ်"

ယွမ်ချန်းမှာအလွန်စိတ်လှုပ်ရှားနေသည်။ ထို့နောက်စကားတစ်ခွန်းမျှမဆိုဘဲ ရွှေဒင်္ဂါးတစ်သန်းအားသုံးကာမျှော်စင်ထဲချက်ချင်းဝင်သွားလေသည်။

ကျိုးဟောင်နှင့်ကျန်လူများသည်လည်း ဤမျှော်စင်အားစိန်ခေါ်ခြင်းသည် မည်သို့မည်ပုံရှိမည်ကိုသိချင်နေကြပြီး ယွမ်ချန်းမည်သည့်ဆုလာဘ်ရလာမလဲဆိုသည်ကိုလည်း မြင်ချင်နေကြပေသည်။ ထို့ကြောင့်ဤနေရာတွင်သာရပ်စောင့်ပြီးစောင့်ကြည့်ကြရန်ဆုံးဖြတ်လိုက်ကြသည်။

သို့သော်ယွမ်ချန်းဝင်သွားပြဖိး ၁၀စက္ကန့်မပြည့်ခင်မှာပင် ချက်ချင်းပျောက်ကွယ်သွားမည်ဟုမည်သူမျှမထင်ထားခဲ့ကြပေ။ ထို့နောက်အသစ်ဖြစ်တည်လာသောယွမ်ချန်းမှာ အားလုံး၏ဘေးတွင်ပေါ်လာခဲ့သည်။

"ဟမ်ဘာဖြစ်တာလဲ ယွမ်ချန်းမင်းတတိယထပ်ကိုရောက်ခဲ့ပြီးပြီလား"

ကျန်းယိမှာယွမ်ချန်းကိုမြင်ပြီးနောက် သိလိုစိတ်များစွာဖြင့်မေးလိုက်သည်။

ယွမ်ချန်း၏မျက်နှာမှာရှုံ့မဲ့နေကာငိုတော့မည့်ပုံပင်ဖြစ်နေပေသည်။

"ငါ...တစ်သန်းရအောင်အများကြီးကြိုးစားခဲ့ရတာ ဒါပေမဲ့အခုတော့ဒီတိုင်းပဲကုန်သွားပြီ ကြောင်တောင်တောင်အလိမ်အညာတွေ မဟာဆရာသခင်အဆင့်ကတတိယထပ်ကိုရောက်တယ်လို့တောင်အတိအကျပြောထားလိုက်သေးတယ် ငါဝင်သွားတာနဲ့မကောင်းဆိုးဝါးတစ်ကောင်ရဲ့တန်းသတ်ခံရတော့တာပဲ"

"ဘာ"

ထိုစကားအားကြားသောအခါ အားလုံးမှာထိတ်လန့်သွားခဲ့သည်။

ယွမ်ချန်း၏ကျင့်ကြံဆင့်မှာ မဟာဆရာသခင်အဆင့်သာရှိပြီး အားလုံးကြားတွင်အသန်မာဆုံးမဟုတ်သော်ငြား စွမ်းရည်တော့ရှိပေသည်။ ယွမ်ချန်းချက်ချင်းအသတ်ခံလိုက်ရသည်မှာ သူ့ဘက်ကကြည့်ပါက အနည်းငယ်တော့ယုတ္တိမတန်ပေ။

"ဘာဖြစ်ခဲ့တာလဲ ငါ့ကိုအသေးစိတ်ပြောပြ"

ကျိုးဟောင်မှာအလွန်သိချင်သွားကာချက်ချင်းပင်မေးလိုက်သည်။

"ငါ....ငါဝင်သွားပြီးတော့မကောင်းဆိုးဝါးတစ်ကောင်ပေါ်လာတာမြင်လိုက်ရတယ် သူကလည်းမဟာဆရာသခင်အဆင့်ပဲ ပြင်ပလောကမှာဆိုရင်ငါအဲဒီသတ္တဝါကိုအလွယ်လေးသတ်နိုင်တယ် ဒါပေမဲ့....ငါတိုက်ခိုက်တော့မဲ့အချိန်မှာပဲငါ့စွမ်းအားရဲ့ ၆၀ရာခိုင်နှုန်းကိုပဲထုတ်သုံးလို့ရတယ်ဆိုတာကိုသိလိုက်ရတယ် ကျန်တဲ့ ၄၀ ရာခိုင်နှုန်းကဖိနှိပ်ခံထားရပြီးထုတ်သုံးလို့မရဘူး အဲဒါကြောင့်....ချက်ချင်းအသတ်ခံခဲ့ရတာ"

...................................................................................

အခန်း(၃၉၆) ပြီးပါပြီ။

All Chapters