အခန်း (၃၉၇-၃၉၉)
Vol. 27 Ch. 387-399
အခန်း (၃၉၇) : စစ်သေနာပတိချုပ်အိမ်တော်
အားလုံးမှာထိတ်လန့်သွားခဲ့ကြသည်။ ဤစိန်ခေါ်ရေးမျှော်စင်ကိုဝင်ပြီးနောက် သူတို့၏ခွန်အားအားများမှာတကယ်ကန့်သတ်ခံလိုက်ရမည်ဟု မထင်ထားခဲ့ကြပေ။
သို့သော်ဤအရာသည်လည်းပုံမှန်သာဖြစ်သည်။ အစိမ်းရောင်တိမ်တိုက်ဌာန၏စစ်ရေးသတင်းအချက်အလက်အရ သူ၏ခွန်အားများမှာကန့်သတ်ခံလိုက်ရကြောင်း ကျိုးဟောင်အစောပိုင်းကခံစားမိလိုက်ပေသည်။ ထို့ကြောင့်ယွမ်ချန်း၏အခြေအနေမှာ သူနှင့်ဆင်တူပေသည်။
ထို့အပြင်မည်သို့ပင်ဖြစ်စေဤနေရာသည်ပုံရိပ်ယောင်လောကသာဖြစ်သည်။ သူတို့တွင်ရှိသောမူလစွမ်းအား၏ ၉၀ရာခိုင်နှုန်းအားပြန်လည်ဖန်တီးပေးနိုင်တာပင် မဆိုးဘူးဟုပြောလို့ရပေသည်။ အခြေခံသဘောတရားအရ သူတို့၏တိုက်ခိုက်ရေးစွမ်းအားမှာပြင်ပလောကရှိတိုက်ခိုက်ရေးစွမ်းအားဖြင့်ယှဉ်လို့ရပေသည်။
"ငါဂရုမစိုက်မိဖြစ်သွားတယ် အရမ်းကိုဂရုမစိုက်မိတာ....တကယ်လို့အဲဒီလိုမှန်းသာသိခဲ့ရင်ငါဒီမျှော်စင်ကိုစိန်ခေါ်ခဲ့မှာမဟုတ်ဘူး ဒီနေရာကတကယ်အလိမ်အညာပဲ"
ယွမ်ချန်းမှာအလွန်စိတ်ညစ်နေပေသည် သို့သော်ထိုသို့ဆိုလျှင်တောင် ယခုကိစ္စမှာဖြစ်သွားပြီးပြီဖြစ်ပေရာ အလွန်အကြူးစဉ်းစားနေလျှင်လည်း အလကားပင်ဖြစ်သည်။
ထိုအချိန်တွင်သူတို့၏ဆက်သွယ်ရေးချန်နယ်မှတစ်ဆင့် လေယာဉ်ဆိုက်ရောက်လာပြီဖြစ်ကြောင်း သတင်းရလိုက်သည်။
ထို့နောက်သူတို့အဖွဲ့မှာချက်ချင်းပင်ပုံရိပ်ယောင်လောကကထွက်ခွာလာခဲ့ကြပြီး မျက်လုံးများအားဖွင့်လိုက်ကြသောအခါအလွန်အံ့ဩသွားခဲ့ကြသည်။
ဤတစ်ရာမြို့မှာတကယ်ပင်တိတ်ဆိတ်ခြောက်ကပ်နေခဲ့ပေသည်။ နေရာတိုင်းတွင်စုတ်ပြတ်နေသောနေရာများရှိနေပြီး မြို့နှင့်တူသောတစ်ခုတည်းသောနေရာမှာ လေယာဉ်ဆင်းသက်သည့်နေရာ၏အချင်းဝက် ၅၀ ကီလိုမီတာအတွင်းသာရှိသည်။ မြို၏ကျန်အပိုင်းများမှာခံတပ်များ ကာကွယ်ရေးသံမဏိတံတိုင်းများဖြင့်ပြည့်နှက်နေခဲ့သည်။
ဤနေရာသည်အလွန်ရှုပ်ထွေးနေကြောင်း ကြည့်ရုံဖြင့်သိနိုင်ပေသည်။
"ငါတို့တစ်ရာမြို့ကိုရောက်ပြီ မင်းတို့လည်းကိုယ့်ကံကြမ္မာကိုလက်ခံလိုက်ပြီးပြီ တစ်ရာမြို့ရဲ့စောင့်ရှောက်သူတွေအနေနဲ့ မင်းတို့ ၇ယောက်ကဒီနေရာရဲ့လုံခြုံရေးအတွက် အားလုံးမှာတာဝန်ရှိတယ် ဒါပေမဲ့ဒီတစ်ရာမြို့တစ်မြို့လုံးကိုသေချာလွှဲယူနိုင်မလားဆိုတာကတော့ မင်းတို့အပေါ်ပဲမူတည်တယ်"
ကျိုးဟောင်တို့အဖွဲ့အား တစ်ရာမြို့ဆီပို့ဆောင်ပေးရန်တာဝန်ယူထားသည့်မူလအဆင့်ပညာရှင်ကထိုစကားအားပြုံးကာပြောပြီးနောက်ထွက်သွားခဲ့သည်။
အခြားလူများမှာ မျက်စိသူငယ်နားသူငယ်ဖြင့်နားမလည်သော်ငြားကျိုးဟောင်မှာတော့ ဆိုလိုရင်းအားသဘောပေါက်သဖြင့်ပြုံးသာနေလေသည်။
မည်သို့ပင်ဖြစ်စေဤနေရာသည်အတော်လေးတိတ်ဆိတ်ခြောက်ကပ်နေကာ ဥပဒေဟူ၍လည်းမရှိပေ။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ဤနေရာတွင်ဥပဒေမရှိပေရာ ဤနေရာရှိလူများသည်လည်းအစိမ်းရောင်တိမ်တိုက်ဌာန၏စကားအားတကယ်ကိုနားမထောင်ကြပေ။
အစိမ်းရောင်တိမ်တိုက်ဌာနမှ ဤနေရာအားတမင်ချန်ခဲ့လေသလားဟုပင် ကျိုးဟောင်မှာသံသယဝင်လာမိသည်။
ဤအရာအားလုံးမှာ ယခုမှကျောင်းကထွက်ခွာလာစဖြစ်သည့် ဤလူသစ်ကလေးများအားလေ့ကျင့်ပေးရန်သာဖြစ်သည်။
သူတို့အားလုံးသည်မဟာဆရာသခင်များဖြစ်ကြသော်ငြား လူသားမျိုးနွယ်တွင်မဟာဆရာသခင်အဆင့်ပညာရှင်များစွာရှိပေသည်။ သူတို့အဖွဲ့သည်မဟာဆရာသခင်အဆင့်ရှိသောလူသန်းပေါင်းများစွာထဲမှ လူနည်းစုသာဖြစ်သည်။ ယခုလိုများပြားလှသည့်ပမာဏထဲတွင် သူတို့လိုလူနည်းစုမှာထိုမျှလောက်အရေးမကြီးပေ။
"ရောက်လာပြီဆိုမှတော့ ငါတို့တာဝန်ကိုပြီးအောင်လုပ်ကြတာပေါ့ တစ်ရာမြို့ရဲ့မြို့တော်အဖွဲ့ကို လွှဲပြောင်းယူနိုင်မဲ့နည်းလမ်းတစ်ခုလည်းစဉ်းစားရမယ်"
အဖွဲ့လိုက်မြို့တော်ရှိ စစ်ရေးဌာနဆီလမ်းလျှောက်လာရင်း ကျိုးဟောင်မှပြောလိုက်သည်။
ဤနေရာသည်အလွန်ယိုယွင်းပျက်စီးနေပြီးစစ်ရေးဌာနမှာလည်း မထူးခြားနားပင်။ ယိုယွင်းနေသောကျောက်တုံးအိမ်များမှာလည်း အတော်လေးဟောင်းနွမ်းနေပေသည်။
ကျိုးဟောင်တို့အဖွဲ့၏အမူအရာအားပျက်ယွင်းသွားစေသည့်အရာမှာ စစ်ရေးဌာနခြံဝန်းထဲတွင်သိုင်းပညာရှင်များစွာရှိနေခြင်းဖြစ်သည်။ အရေအတွက်မှာတစ်ရာကျော်သော်လည်း အများစုမှာအပူအပင်မရှိသည့်ပုံဖြင့် ဒယီးဒယိုင်သွားလာနေကြပေသည်။ ယခုမှချက်ချင်းအရက်စသောက်ကာ သီချင်းဆိုနေသူများပင် အများအပြားရှိနေပေသည်။
"ဒါကသိုင်းပညာရှင်စစ်သားတွေလား သူတို့ပုံစံကဒီနယ်မြေထဲကလူရမ်းကားတွေကျနေတာပဲ"
ထိုအရာအားမြင်ပြီးယွမ်ချန်းမှာမနေနိုင်ဘဲပြောလိုက်သည်။
သူတို့၏ယခုလိုတုံ့ပြန်ပုံမှာသာမန်ပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ယခုလိုပျင်းရိနေသောစစ်သားများအားတွေ့ရခြင်းသည် သူတို့အဖွဲ့အတွက်ပထမဆုံးအကြိမ်ဖြစ်ပေသည်။
"ဟမ့် ကြည့်ရတာသူတို့ကစည်းမျဉ်းတွေကိုမသိတဲ့ပုံပဲ တကယ်လို့ငါတို့သာသူတို့ကိုသင်ခန်းစာမပေးရင် သူတို့ရဲ့တာဝန်ကဘာလဲဆိုတာသိကြမှာမဟုတ်ဘူး"
ကျန်းယိမှာချက်ချင်းပင်ဒေါသတကြီးနှာခေါင်းရှုံ့ကာပြောလိုက်သည်။
"အရင်ဆုံးဒေါသမဖြစ်ကြနဲ့ဦး သူတို့ကဒီတိုင်းသာမန်စစ်သားလေးတွေ သူတို့ရဲ့ပုံစံကိုကြည့်တာနဲ့ တစ်ရာမြို့ရဲ့စစ်သေနာပတိချုပ်ကဘယ်လိုလူစားလဲဆိုတာပြောလို့ရတယ် ငါတို့သူ့ကိုအရင်ဖြေရှင်းရမယ် မဟုတ်ရင်ဒီလူတွေကအရမ်းယဉ်ကျေးနေမှာမဟုတ်ဘူး"
ကျိုးဟောင်မှဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။
"ဒါဆိုငါတို့ဘယ်လိုလုပ်ကြမလဲ"
ကျန်းယိမှမနေနိုင်ဘဲမေးလိုက်သည်။
"သူတို့စစ်သေနာပတိချုပ်ကိုအရင်ထွက်လာခိုင်းပြီး မြို့ထိန်းချုပ်ခွင့်ကိုအရင်တောင်းရမှာပေါ့ ငါတို့ကိုဒီနေရာမှာတာဝန်ပေးတယ်ဆိုမှတော့ အခုငါတို့ကစစ်သေနာပတိချုပ်ပဲ"
ကျိုးဟောင်မှမျက်လုံးများကိုကျဉ်းမြောင်းကာပြောလိုက်သည်။
သူရောက်ရှိသွားသည့်အချိန်တွင် ဤနေရာသည်အဆက်အသွယ်များအပေါ်မှီခိုနေခြင်းမဟုတ်ဘဲ လက်သီး(ခွန်အား)ပေါ်တွင်သာမှီခိုနေကြောင်းကိုသဘောပေါက်လိုက်ပေသည်။
ထို့ကြောင့် ဤနေရာရှိလူများအားအညံ့ခံစေလိုပါက သူ့ထံတွင်စွမ်းအားကြီးသောအဆင့်အတန်းနှင့်ခွန်အားမျိုးလိုအပ်ပေသည်။
ကျန်းယိမှာခေါင်းညိတ်ပြကာ ချက်ချင်းပင်အော်လိုက်သည်။
"တစ်ရာမြို့ရဲ့စစ်သေနာပတိချုပ် ကျုပ်တို့ကအဖွဲ့ ၇ကလူတွေပဲ စစ်ရေးဌာနကိုလက်လွှဲယူဖို့လာခဲ့တာ ကျေးဇူးပြုပြီး သက်ဆိုင်ရာတာဝန်ရှိသူကထွက်တွေ့ပေးပါ"
ကျန်းယိစကားဆုံးသည်နှင့် အခြားလူများမှာကြက်သေသေသွားကြပြီး မော့ကြည့်လာကြလေသည်။
သို့သော်ဘာမှမဖြစ်ခဲ့သလို ချက်ချင်းပင်အကြည့်များအားပြန်ရုပ်သိမ်းလိုက်ကြပြီး ဆက်လက်ကာသောက်စားပျော်ပါးနေကြပေရာ ကျိုးဟောင်တို့အဖွဲ့အတွက်ဤမြင်ကွင်းအားမြင်ရသည်မှာ အတော်လေးအဆင်မပြေလှပေ။
ကျန်းယိမှာမူအတော်လေးဒေါသဖြစ်သွားခဲ့သည်။
"မင်းတို့တွေနားကန်းနေကြတာလား မင်းတို့စစ်သေနာပတိချုပ်ကိုထွက်လာခိုင်းလိုက် ငါတို့စစ်ရေးဌာနကိုလက်လွှဲယူချင်တယ်"
ကံဆိုးစွာဖြင့် သူတို့၏ကျန်းယိအပေါ်တုံ့ပြန်မှုမှာအစောပိုင်းကနှင့်အတူတူပင်ဖြစ်သည်။
ကျိုးဟောင်မှာခပ်ဟဟပြုံးလိုက်ရင်းထိုလူများအားကြည့်ကာပြောလိုက်သည်။
"ကြည့်ရတာငါတို့ဒီနေရာကိုလက်လွှဲယူဖို့ကမလွယ်တဲ့ပုံပဲ"
စကားပြောရင်းကျိုးဟောင်မှာ မနီးမဝေးတွင်သိုင်းပညာရှင်အချို့နှင့်ကတ်ကစားရင်း သူတို့အဖွဲ့အားမထီမဲ့မြင်ပြုနေသောသိုင်းပညာရှင်များအားကြည့်နေပေသည်
"အဖွဲ့ ၇ကဌာနကိုလက်လွှဲယူဖို့ရောက်နေတယ်လို့ ခင်ဗျားတို့ရဲ့စစ်သေနာပတိချုပ်ကိုပြောပေးပါ"
သူ့စကားဆုံးသည်နှင့်ထိုလူမှာကျိုးဟောင်အားခေါင်းထောင်ကြည့်ကာပြုံးလိုက်သည်။
"အဖွဲ့ ၇ မင်းတို့ကဘယ်ကကောင်တွေလဲ တကယ်လို့မင်းနေရာမှာငါသာဆိုရင် ဒီနေရာကအမြန်ဆုံးထွက်သွားမှာ မဟုတ်ရင်စစ်သေနာပတိချုပ်ကထွက်လာပြီး မင်းတို့ကိုစစ်သေနာပတိချုပ်အိမ်တော်ကနေ သူကိုယ်တိုင်ကန်ထုတ်တော့မှာ"
ထိုလူမှာအလွန်အထက်စီးဆန်ကာ အသံမှာလည်းစိတ်မရှည်သည့်ပုံပင်။
ကျိုးဟောင်မှာထိုစကားအားကြားသောအခါ သရော်ရော်ပြုံးပြုံးကာမည်သည့်စကားမျှမဆိုပေ။ ထို့နောက်လက်အားမြှောက်လိုက်ပြီးကြမ်းတမ်းစွာမျက်နှာအားဖြတ်ရိုက်လိုက်ပေရာ မဟာဆရာသခင်အဆင့်ကျင့်ကြံရေးစွမ်းအားမှာချက်ချင်းပင်ထွက်ပေါ်လာခဲ့သည်။
ထိုလူမှာဆရာသခင်အဆင့်သာရှိပြီး ကျိုးဟောင်၏အငွေ့အသက်ကြောင့်ထိတ်လန့်သွားခဲ့သည်။ ဤရိုက်ချက်သည်သူ့အားမီတာတစ်ရာကျော်အထိလွင့်သွားစေခဲ့ကာ သွေးပင်အန်လိုက်ရသည်။
"အစကတည်းက မင်းနေ့ခင်းကြောင်တောင်ကြီးမှာ ကတ်မကစားသင့်ဘူး ပြီးတော့မင်းကအထက်လူကြီးရဲ့အမိန့်ကိုတောင်အာခံရဲတယ် တကယ်ကိုသေလမ်းရှာနေတာပဲ"
ကျိုးဟောင်စကားပြောလိုက်သည်နှင့် ထိုနေရာတွင်ရှိနေသောသိုင်းပညာရှင်များမှာထိတ်လန့်သွားခဲ့ကြသည်။ ဤလူငယ်လေးမှာတကယ်ကြီးတိုက်ခိုက်လာမည်ဟု မထင်ထားခဲ့ကြပေ။
သို့သော် သူတို့သည်ယခုအချိန်အထိဂရုမစိုက်သေးပေ။ ဤလူငယ်လေးမှာလူသစ်ကလေးသာရှိသေးပေရာဘာများတတ်နိုင်မည်လဲ ။ သူတို့ဆက်ပြီးအချောင်ခိုနေပါကလည်း ပြဿနာမရှိဟုတွေးလိုက်ကြပေသည်။
"ဒီလူတွေကတကယ်အကြောက်တရားမရှိတာပဲ လူသားသိုင်းပညာရှင်တွေအနေနဲ့ သူတို့ကဘယ်လိုဖြစ်ပြီးဒီလိုပုံဖြစ်နေတာလဲ"
ရှုလင်နှင့်ကျန်လူများ၏ပုံစံသည်လည်း မထီမဲ့မြင်ပုံပင်ဖြစ်နေကြပေသည်။ သူမသည်အလွန်ပဟေဠိဖြစ်နေပြီး အနည်းငယ်ပင်ဒေါသဖြစ်လာလေသည်။
"ဒီနေရာကအစကတည်းကဥပဒေမရှိတဲ့နေရာပဲ အစိမ်းရောင်တိမ်တိုက်ဌာနကဒီနေရာကိုမစီမံချင်သလို သူတို့ကလည်းအစိမ်းရောင်တိမ်တိုက်ဌာနရဲ့စီမံအုပ်ချုပ်မှုကိုမခံချင်ဘူး အဲဒါကြောင့်အခုလိုဖြစ်လာတာ"
ကျိုးဟောင်မှာပြုံးနေကာဂရုမစိုက်သည့်ပုံပင်။ ယခုလိုပုံစံသည်ပို၍ပင်စိတ်ဝင်စားစရာကောင်းပေသည်။
ကျိုးဟောင်၏စကားဆုံးသည်နှင့် သူ၏အမူအရာမှာရုတ်တရက်ပြောင်းလဲသွားခဲ့ပြီး ရှေ့မလှမ်းမကမ်းအားလှမ်းကြည့်လိုက်သည်။ စစ်သေနာပတိချုပ်အိမ်တော်သို့သွားရာတံခါးမှာကျယ်လောင်သောအသံဖြင့်ပွင့်လာခဲ့ပြီး အထဲမှပျင်းရိနေသောအမူအရာဖြင့်အမျိုးသားတစ်ဦးလမ်းလျှောက်ထွက်လာခဲ့သည်။
"အို..မင်းတို့ကအဖွဲ့ ၇ကမလား မင်းတို့တွေဒီကိုရာထူးလက်လွှဲယူဖို့လာကြတာ ဟုတ်တယ်မလား စိတ်မကောင်းပါဘူးစစ်သေနာပတိချုပ်က သန္ဓေပြောင်းသားရဲတွေကိုသတ်ဖို့သားရဲတောင်ကိုသွားတယ် မင်းတို့အပြင်မှာစောင့်နေလို့ရတယ်"
စကားပြောရင်း ထိုလူမှာတံခါးအားပိတ်ကာအဆောက် အဦးထဲပြန်ဝင်ရန်ပြင်လိုက်သည်။
သို့သော်ကျိုးဟောင်မှာအေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။ ထို့နောက်အရိပ်ဓားခုနစ်ချောင်းပေါ်လာခဲ့ပြီး ပျက်စီးနေသောအဆောက်အဦးအားချက်ချင်းပင်တစ်စစီဖြစ်သွားစေခဲ့လေသည်။
"ငါဒီအဆောက်အဦးကိုလုံးဝမကြိုက်ဘူး ငါတို့ဒီရောက်နေပြီဆိုမှတော့ပိုကောင်းတာလေးပြန်ဆောက်ကြတာပေါ့ ဒီတစ်ခုကိုဆက်ထားနေလည်းအသုံးမဝင်ဘူးဆိုတော့ ဖျက်ဆီးလိုက်ကြတာပေါ့
ကျိုးဟောင်မှာဂရုမစိုက်ဟန်ဖြင့်ပြောလိုက်လေသည်။ အစောပိုင်းကပျင်းရိနေသောအမူအရာဖြင့်လူမှာထိုစကားအားကြားလိုက်သောအခါ အမူအရာမှာပျက်ယွင်းသွားခဲ့သည်။
....................................................................................
အခန်း(၃၉၇) ပြီးပါပြီ။
အခန်း (၃၉၈) : လျှို့ဝှက်ပြိုင်ပွဲ
ကျိုဟောင်မှာလုံးဝဂရုမစိုက်ပေ။ သူသည်ရှုလင်နှင့်အခြားလူများအားကြည့်ကာပြောလိုက်သည်။
"သွားကြစို့ စစ်သေနာပတိချုပ်တွေရှိနေရင်တောင်အသုံးမဝင်ဘူး ဒီစစ်သေနာပတိချုပ်အိမ်တော်က အခုငါတို့ဟာပဲ"
ရှုလင်နှင့်အခြားလူများမှာခေတ္တမျှကြက်သေသေသွားခဲ့ကြသည်။ လက်လွှဲယူသည့်လုပ်ငန်းစဉ်မှာမပြီးဆုံးသေးသော်လည်း ကျိုးဟောင်သည်အထဲဝင်သွားပြီဖြစ်သည်။ ဤအပြုအမူသည် လုပ်ရိုးလုပ်စဥ်နှင့်အနည်းငယ်လွဲချော်နေသည်မဟုတ်ပါလော။
"ဒီနေရာမှာစည်းကမ်းဆိုတာမရှိဘူး ဒီနေရာကလူတွေအရမ်းပျင်းရိနေကြတာမင်းတို့မမြင်ကြဘူးလား သူတို့မျက်လုံးထဲမှာစစ်တပ်အမိန့်ဆိုတာမရှိဘူး အဲဒါကြောင့်ငါတို့လည်းဒီစည်းမျဉ်းတွေကိုလိုက်နာစရာမလိုဘူး"
ကျိုးဟောင်မှာဂရုမစိုက်ဘဲ စစ်သေနာပတိချုပ်အိမ်တော်ထဲသို့အရင်ဆုံးဝင်သွားလေသည်။
ကျိုးဟောင်အစောပိုင်းကဖျက်ဆီးခဲ့သည်မှာပျက်စီးနေသောအဆောက်အဦးသာဖြစ်ပြီး အလယ်ရှိစစ်သေနာပတိချုပ်အိမ်တော်ကိုတော့မဖျက်ဆီးရသေးပေရာ ထိုနေရာသို့ချက်ချင်းပင်လမ်းလျှောက်ဝင်သွားခဲ့သည်။
"မင်းတို့ကောင်တွေဘယ်လိုလုပ်ပြီး စစ်သေနာပတိချုပ်အိမ်တော်ကိုဝင်လာရဲတာလဲ မင်းတို့ကသေလမ်းရှာနေတာပဲ"
ပြောရင်းထိုလူမှာ အငွေ့အသက်အားချက်ချင်းထုတ်လိုက်သည်။ ထိုလူသည်လည်းတကယ်ပင် မဟာဆရာသခင်တစ်ယောက်ဖြစ်ပေသည်။
"ဒီလူကသူ့ရဲ့အထက်လူကြီးတွေကိုဆန့်ကျင်နေတယ် ကျန်းယိ၊ ယွမ်ချန်း သူ့ကိုဖမ်းလိုက်ကြ"
ကျိုးဟောင်မှာချက်ချင်းပင်ပြောလိုက်သည်။ ကျန်းယိမှာအစောကြီးကတည်းကတိုက်ခိုက်ချင်နေတာဖြစ်ပြီး ယွမ်ချန်းသည်လည်းအတူတူပင်။ သူတို့သည်ချက်ချင်းပင်တိုက်ခိုက်လိုက်ကြသည်။ မဟာဆရာသခင်တစ်ယောက်သည် အခြားမဟာဆရာသခင်၂ယောက်၏တစ်ပြိုင်နက်တိုက်ခိုက်မှုအားမခုခံနိုင်ပေ။
ထို့အပြင်ကျိုးဟောင်တို့အားလုံးသည် အဆင့်မြင့်အဖွဲ့မှဖြစ်ကြပေရာ သာမန်မဟာဆရာသခင်များထက်အများကြီးပို၍သန်မာကြပေသည်။
ထိုလူမှာယွမ်ချန်းနှင့်ကျန်းယိထံမှအရိုက်ခံလိုက်ရပြီးနောက်သွေးအန်သွားသည်အထိ တိုက်ပွဲမှာသိပ်မကြာလိုက်ပေ။
ကျိုးဟောင်နှင့်ကျန်လူများမှာချက်ချင်းပင်စစ်သေနာပတိချုပ်အိမ်တော်သို့ဝင်ရောက်သွားခဲ့ကြသည်။ အခြားနေရာများမှာယိုယွင်းပျက်စီးနေသော်လည်း ဤနေရာမှာတလက်လက်တောက်ပနေကာ သေချာအလှဆင်ထားသည်ဟုဆိုနိုင်ပေသည်။
ဤစစ်သေနာပတိချုပ်များမှာ တကယ်ကိုစွမ်းရည်ရှိကြပေသည်။
ကျိုးဟောင်တို့အဖွဲ့မှာဝင်ရောက်သွားပြီးသည်နှင့် ချက်ချင်းပင်အဓိကထိုင်ခုံများတွင်ထိုင်လိုက်ကြသည်။ အစောပိုင်းကလူမှာကြိုးတုပ်ခံထားရပြီး မြေပြင်ပေါ်သို့ဖြစ်သလိုပစ်ချထားခံလိုက်ရပေသည်။
သို့သော်ထိုလူမှာစိတ်မလျှော့သေးပေ။
"မင်းတို့ကောင်တွေကတကယ်သေလမ်းရှာနေတာပဲ လွှဲပြောင်းပေးတဲ့လုပ်ငန်းစဉ်မပြီးဆုံးခင်မှာမင်းတို့တွေကစစ်သေနာပတိချုပ်အိမ်တော်ကိုအပိုင်သိမ်းချင်နေကြတာ မင်းတို့တွေ တကယ်သေချင်နေကြတာ ငါတို့စစ်သေနာပတိချုပ်တွေပြန်ရောက်တဲ့အချိန်ထိစောင့်နေလိုက် သူတို့ကမင်းတို့ကိုအလွတ်ပေးမှာမဟုတ်ဘူး"
လက်ရှိအချိန်တွင်ထိုလူသည်လည်း စတင်ကာအော်ဟစ်ပြောဆိုလာပေသည်။ သို့သော်ကျိုးဟောင်မှာသူ၏စကားများအားလုံးဝဂရုမစိုက်ဘဲ ထိုလူအားပြရန်အမိန့်စာအားချက်ချင်းထုတ်လိုက်သည်။
"လုပ်ငန်းစဉ်ပြီးပြီးမပြီးပြီးကိစ္စမရှိဘူး ငါတို့ကတစ်ရာမြို့ရဲ့စစ်သေနာပတိချုပ်တွေအနေနဲ့ခန့်အပ်ခံထားရပြီးသား ဒီလက်လွှဲပေးတယ်ဆိုတာကလုပ်ငန်းစဉ်တစ်ခုသက်သက်ပဲ အစိမ်းရောင်တိမ်တိုက်ဌာနက တစ်ရာမြို့ကိုထိန်းချုပ်ဖို့ငါတို့ကိုဒီနေရာကိုလွှတ်လိုက်တာပဲ မင်းတို့လက်ခံခံမခံခံကိစ္စမရှိဘူး အခုကစပြီးငါတို့ကတစ်ရာမြို့ရဲ့စစ်သေနာပတိချုပ်တွေပဲ"
"ငါခုနကမှအထက်လူကြီးကိုဆန့်ကျင်တဲ့အတွက် မင်းကိုသင်ခန်းစာပေးပြီးပြီ ဒါပေမဲ့မင်းကြည့်ရတာမမှတ်သေးတဲ့ပုံပဲ သူ့ကိုတခြားလူတွေပါမြင်ရအောင်စစ်သေနာပတိချုပ်အိမ်တော်ရဲ့အပြင်မှာ တွဲလောင်းဆွဲထားလိုက်"
ကျိုးဟောင်မှာချက်ချင်းပင်ပြောလိုက်သည်။ ကျန်းယိနှင့်ယွမ်ချန်းမှာလည်းတွေဝေမနေဘဲချက်ချင်းပင် ထိုလူအားအပြင်ထုတ်ကာ မြေပြင်၏အထက် ၁၀၀မီတာခန့်တွင်တွဲလောင်းဆွဲထလိုက်လေသည်။
"မင်း..အတင့်ရဲလို့ ငါကစစ်သေနာပတိချုပ်ရဲ့အနီးကပ်ကိုယ်ရံတော် ချန်ထန်းလုံပဲ တကယ်လို့မင်းတို့ငါ့ကိုဒီလိုဆက်ဆံရဲရင် မင်းတို့စစ်သေနာပတိချုပ်တို့ပြန်လာပြီးသင်ခန်းစာပေးမှာကိုစောင့်နေလိုက်ကြ"
ထိုလူသည်ယခုအချိန်အထိဘဝင်မြင့်နေဆဲဖြစ်သော်လည်း ကျိုးဟောင်မှာဂရုမစိုက်ပေ။
သို့သော်ရှုလင်နှင့်ကျန်လူများမှာအနည်းငယ်စိုးရိမ်နေကြပေသည်။
"ကျိုးဟောင်ငါတို့ဒီလိုလုပ်တာ နည်းနည်းတရားလွန်မနေဘူးလား ဘာပဲဖြစ်ဖြစ်....သူလည်းလူသားစစ်သည်တစ်ယောက်ပဲလေ"
ဤလူမှာအလွန်စိတ်တိုစရာကောင်းကြောင်း ယွင်ယန်၊ ဖန်းယွီနှင့်ကျန်လူများမှာသေချာသိသော်ငြား သူတို့၏စိတ်ထဲတွင်ဤကဲ့သို့လုပ်ခြင်းသည်အနည်းငယ်တရားလွန်နေသလိုခံစားရပေသည်။
"ကျိုးဟောင်ငါတို့ကဒီကိုအခုမှရောက်လာတဲ့လူသစ်တွေ ပြီးတော့စစ်သေနာပတိချုပ်တွေရဲ့စွမ်းအားနဲ့ သရုပ်မှန်ကိုလည်းမသိဘူး သူတို့ရဲ့အနီးကပ်ကိုယ်ရံတော်ကိုဒီလိုမျိုးကိုင်တွယ်ထားရင် သူတို့ပစ်မှတ်ထားတာကိုခံရမယ်မဟုတ်ဘူးလား"
ကျိုးဟောင်မှာခေါင်းယမ်းပြရင်းပြန်ဖြေလိုက်သည်။
"သူတို့သေချာပေါက်ငါတို့ကိုပစ်မှတ်ထားနေမှာပဲ ဒါကအပြင်လောကမဟုတ်ဘူးဥပဒေမရှိတဲ့နေရာတစ်ခုပဲ တကယ်လို့ငါတို့ကြမ်းကြမ်းမကိုင်တွယ်ရင် သူတို့ကငါတို့ခေါင်းပေါ်တက်နင်းသွားလိမ့်မယ်"
ပြီးတော့ငါတို့ကိုအစိမ်းရောင်တိမ်တိုက်ဌာနကလွှတ်လိုက်တာ သူတို့ဘာမှလုပ်ရဲမှာမဟုတ်ဘူး တကယ်လို့ငါတို့လုပ်ရပ်ကိုမကျေနပ်ဘူးဆိုရင်တောင် ပေါ်တင်ဘာမှလုပ်ရဲမှာမဟုတ်ဘူး"
"ငါတို့နဲ့ရင်ဆိုင်ချင်တဲ့အဲဒီစစ်သေနာပတိချုပ်တွေကတော့ စိတ်ပူစရာမလိုဘူး ငါတို့အခုလုပ်ခဲ့တဲ့ကိစ္စကိုမလုပ်ခဲ့ရင်တောင် သူတို့ကငါတို့ကိုကောင်းကောင်းဆက်ဆံမယ်ထင်လား"
"အမိန့်ကိုဒီနေ့လက်ဆင့်ကမ်းပြီးပြီဆိုတာမမေ့နဲ့ အခုအချိန်မှာ အဲဒီစစ်သေနာပတိချုပ်အနည်းစုကတကယ်ဒီမှာမရှိဘူး သန္ဓေပြောင်းသားရဲတွေသတ်ဖို့ထွက်သွားကြတယ် သူတို့ငါတို့ကိုပစ်မှတ်ထားနေတယ်ဆိုတာအသိသာကြီး ငါတို့တစ်ဖက်အပေါ်ဘယ်လောက်ပဲယဉ်ယဉ်ကျေးကျေးဆက်ဆံနေပါစေ အသုံးမဝင်ဘူး ဒီလိုဆိုမှတော့ငါတို့ကသူတို့ထက်စိုးမိုးနိုင်စွမ်းရှိကြောင်းပြပြီး ဘယ်သူကမှအင်အားကြီးသူလဲဆိုတာကို ဘာလို့မပြရမှာလဲ"
ကျိုးဟောင်၏သုံးသပ်ချက်မှာအလွန်ကျိုးကြောင်းသင့်ပေသည်။ အမိန့်အားလက်ခံရရှိပြီးနောက် ထိုစစ်သေနာပတိချုပ်များမှာတကယ်ပင်တစ်ရာမြို့မှထွက်ခွာသွားခဲ့ကြပေသည်။ ဤလုပ်ရပ်သည် ကျိုးဟောင်တို့အဖွဲ့အားဖိနှိပ်ချင်၍လုပ်မှန်းသိသာပေသည်။
လက်ရှိအချိန်တွင် ထိုစစ်သေနာပတိချုပ် ၃ယောက်မှာအနီရောင်မဟူရာချောက်တွင်ရှိနေပြီး ဆန့်ကျင်ဘက်အနေဖြင့်ထိုနေရာသည် တစ်ရာမြို့ထက်များစွာပို၍ဇိမ်ရှိပေသည်။
ထိုနေရာရှိကြီးမားသောအသင်းတိုက်ထဲတွင် စစ်သေနာပတိချုပ် ၃ယောက်မှာစားလိုက်၊ သောက်လိုက်၊ ပျော်ပါးလိုက်ဖြင့်ရှိနေပြီး ၎င်းတို့၏ရှေ့တွင် လူသားအချို့နှင့် လူသားနှင့်ဆင်သောမျိုးနွယ်ခြားအချို့ထိုင်နေပေသည်။
၎င်းတို့အားလုံးသည် လှပသောမိန်းကလေးများအားပွေ့ဖက်ထားကြပြီး ထိုမိန်းကလေးများမှာ လူသားများနှင့်မိစ္ဆာများဖြစ်ကြသည်။
လူသားမျိုးနွယ်နှင့်မိစ္ဆာမျိုးနွယ်၏ပုံပန်းသဏ္ဍာန်မှာ အလွန်ဆင်ပေရာ မိစ္ဆာမျိုးနွယ်သည် မျိုးနွယ်ခြားများနှင့်ပူးပေါင်းသည့်လူသားမျိုးနွယ်မှဆင်းသက်လာသည်ဟူသောကောလဟလများပင်ရှိပေသည်။ မိစ္ဆာမျိုးနွယ်မှအမျိုးသမီးများမှာအလွန်လှပကာ ကျက်သရေရှိသောကိုယ်နေဟန်ထားပိုင်ဆိုင်ကြပေသည်။ ရှည်လျားသောနားရွက်များနှင့်အမြီးများပါရှိသည်ကလွဲ ကျန်အင်္ဂါရပ်များမှာလူသားများနှင့်မခြားပေ။
"အစ်ကိုကြီး အဲဒီဂျူနီယာလေးတွေဒီကိုလာပြီးတစ်ရာမြို့ကိုလက်လွှဲယူတာတကယ်စိတ်ဝင်စားစရာကောင်းတယ် ကျွန်တော့်ကိုပြောကြည့် အစိမ်းရောင်တိမ်တိုက်ဌာနကဘာလုပ်ချင်နေတာလဲ သူတို့ကကျွန်တော်တို့ကိုတိုက်ခိုက်တော့မလို့လား"
စစ်သေနာပတိချုပ် ၃ယောက်ထဲမှမုတ်ဆိတ်မွေးဖြင့်လူက မနေနိုင်ဘဲမေးလိုက်သည်။
"ညီ ၃ မင်းနားမလည်ပါဘူး အစိမ်းရောင်တိမ်တိုက်ဌာနက ငါတို့ကိုတိုက်မှာမဟုတ်ဘူး ဒီနေရာကအနီရောင်မဟူရာချောက် ပြီးတော့အစကတည်းကဥပဒေမရှိတဲ့နယ်မြေ သူတို့အတွက်ကဒီနေရာကိုဖွံ့ဖြိုးအောင်လုပ်ဖို့မလိုဘူး ဒါပေမဲ့ ငါတို့ကိုလျစ်လျူရှုထားတာကလည်းသင့်တော်တဲ့ဖြေရှင်းနည်းတစ်ခုမဟုတ်ဘူး အဲဒါကြောင့်အဲဒီကလေးတွေကိုဒီနေရာကိုပို့လိုက်တာ"
"သူတို့ကတစ်ရာမြို့ကိုစီမံခန့်ခွဲဖို့လာတယ်လို့အခိုင်အမာပြောနေပေမဲ့ တကယ်တော့ဒီကိုလေ့ကျင့်ဖို့ရောက်လာကြတာ သူတို့ကငါတို့ကိုအခမဲ့လေ့ကျင့်ရေးလိုအသုံးချနေတာ ငါပြောမယ်ဒီအစိမ်းရောင်တိမ်တိုက်ဌာနကအတော်လေးစိတ်ဝင်စားစရာကောင်းတယ်"
ထိုစကားအားပြောလာသူမှာ နားရွက်ရှည်များဖြင့်အလွန်စက်ဆုပ်ဖွယ်ကောင်းသောအသွင်သဏ္ဍာန်ရှိသည့် မိစ္ဆာမျိုးနွယ်၏အဖွဲ့ဝင်တစ်ယောက်သာဖြစ်သည်။
"ညီ ၂ပြောတာမှန်တယ် အဲဒီကလေးတွေကအဆင့်မြင့်ဌာနတွေကလာတဲ့ အရေးကြီးတဲ့ပျိုးပင်လေးတွေပဲ ဒီနေရာမှာလေ့ကျင့်တာကသူတို့အတွက်အရမ်းသင့်တော်တယ် ဘယ်လိုပဲဖြစ်ဖြစ် မဟာဆရာသခင်တစ်ယောက်ရဲ့ကျင့်ကြံမှုဆိုတာက သူတို့ကိုယ်သူတို့ကာကွယ်ဖို့လုံလောက်တယ်"
ဦးဆောင်သူဖြစ်ဟန်ပေါ်သည့်ခန္ဓာကိုယ်ထွားထွားနှင့်လူမှအထင်သေးစွာဖြင့်ဂရုမစိုက်သလိုပြောလာသည်။
"ဒါဆို ကျွန်တော်တို့ကသူတို့ကိုဂရုစိုက်စရာမလိုဘူးပေါ့ တကယ်လို့သူတို့ဘက်ကအေးဆေးမနေဘဲကြမ်းလာမယ်ဆိုရင် သင်ခန်းစာပေးပစ်လိုက်မယ်"
မုတ်ဆိတ်ဖြင့်လူမှ ရယ်မောကာပြောလိုက်လေသည်။
"သူတို့ကိုတိုက်လို့မရဘူး ဘာပဲဖြစ်ဖြစ်သူတို့ကဒီကိုတာဝန်နဲ့လာတာ တကယ်လို့တိုက်ခိုက်လိုက်မယ်ဆိုရင် အစိမ်းရောင်တိမ်တိုက်ဌာနကဒီကိစ္စကိုဒီတိုင်းထားမှာမဟုတ်ဘူး အခုချိန်မှာသူတို့ဘက်ကငါတို့ကိုလွှတ်ထားပေးတယ်ဆိုတာနဲ့ပဲ ငါတို့ဘက်ကတိုက်ခိုက်လာခဲ့ရင်လည်းလွှတ်ထားပေးမယ်ဆိုတဲ့သဘောမျိုးမဟုတ်ဘူး"
"အကောင်းဆုံးနည်းလမ်းက နာခံချင်ယောင်ဆောင်ပြီးဘာမှမလုပ်တာပဲ ငါတို့အားလုံးကိုနားထောင်မယ် ဒါပေမဲ့ဘာကိုမှမလုပ်ဘူး"
"ဘယ်လိုဖြစ်ဖြစ် လက်နက်ကိုင်တပ်ဖွဲ့တွေကကျွန်တော်တို့လက်ထဲမှာကို ဘာကြောက်စရာရှိလို့လဲ"
မိစ္ဆာ၏မျက်လုံးတွင်သရော်လိုသောအမူအရာတစ်ခုပေါ်လာပြီး ပြုံးကာပြောလိုက်သည်။
သို့သော်ထိုအချိန်မှာပင် ရုတ်တရက်အပြင်မှလူတစ်ယောက်မှာအခန်းတွင်းသို့အလောတကြီးပြေးဝင်လာခဲ့ပေသည်။
"စစ်သေနာပတိချုပ်တို့ မကောင်းတော့ဘူး...မကောင်းတော့ဘူး ကိုယ်ရံတော်ချန်...ကိုယ်ရံတော်ချန်ကိုလူသစ်ကလေးတွေကရိုက်ပြီးစစ်သေနာပတိချုပ်အိမ်တော်မှာ တွဲလောင်းဆွဲထားပါတယ်"
....................................................................................
အခန်း(၃၉၈) ပြီးပါပြီ။
အခန်း (၃၉၉) : လေ့ကျင့်ရေး၏ရည်ရွယ်ချက်
ထိုလူ၏စကားဆုံးသည်နှင့် အခန်းတွင်းရှိလူသုံးယောက်မှာ အံ့ဩသွားခဲ့ကြသည်။
ဦးဆောင်သူဖြစ်ဟန်တူသည့်ခန္ဓာကိုယ်ထွားထွားနှင့်လူ၏မျက်နှာမှာ ချက်ချင်းပင်အေးစက်သွားခဲ့ပြီး မုတ်ဆိတ်မွေးနှင့်လူမှာပို၍ပင်ဆိုးဝါးလေသည်။ သူသည်ရှေ့ရှိစားပွဲအားရိုက်ချလိုက်ပေရာ စားပွဲမှာချက်ချင်းပင်တစ်စစီဖြစ်သွားခဲ့သည်။
"သေစမ်း သူတို့ကစလာတဲ့နေ့ကတည်းကကျွန်တော်တို့ခေါင်းပေါ်တက်နင်းရဲတယ် သေချင်နေကြတာပဲ သူတို့ကမဟာဆရာသခင်အဆင့်ပဲရှိသေးပေမဲ့ကျွန်တော်ကပထမမြောက်မူလအဆင့်ပညာရှင်တစ်ယောက်ပဲ သူတို့ကိုသတ်ဖို့ဆိုတာကျွန်တော့်အတွက်အလွယ်လေး ကျွန်တော်သူတို့ကိုအခုပဲသွားသတ်ပစ်မယ်"
မုတ်ဆိတ်နှင့်လူမှာပြောရင်းချက်ချင်းပင်ထရပ်ကာ ထွက်သွားရန်ပြင်လိုက်သည်။
သို့သော်မိန်းမဆန်သောပုံစံရှိသည့်အမျိုးသားမိစ္ဆာတစ်ယောက်မှာ သူ့အားတားလာခဲ့သည်။
"ညီ၃ ဘာလုပ်နေတာလဲ ဘာလို့ဒီလောက်ဒေါသထွက်နေရတာလဲ"
"သေစမ်း သူတို့ကကျွန်တော်တို့ရဲ့အနီးကပ်ကိုယ်ရံတော်တွေကိုတောင်တိုက်ခိုက်ရဲတာ ဒါကကျွန်တော်တို့မျက်နှာကိုဖြတ်ရိုက်လိုက်တာနဲ့တူတူပဲ ဒီလိုကိုတောင်သူတို့ကိုမသစ်ပစ်ဘူးလား"
မုတ်ဆိတ်ဖြင့်လူမှာချက်ချင်းပင်ဒေါသတကြီး ပြောလာခဲ့သည်။
"ညီ၃ မင်းကိုယ့်စိတ်ကိုယ်ထိန်းချုပ်တတ်ဖို့သင်ယူရဦးမယ် ငါတို့လည်းဒီနေ့အချိန်ဖြုန်းဖို့အနီရောင်မဟူရာချောက်ကိုလာပြီး သူတို့မျက်နှာကိုဖြတ်ရိုက်ခဲ့တာပဲမလား သူတို့ပြန်ရိုက်တယ်ဆိုတာပုံမှန်ပဲလေ မင်းဂရုစိုက်စရာမလိုပါဘူး ပြီးတော့ကိုယ်ရံတော်ချန်ကဒုက္ခနည်းနည်းလေးခံရတာ ဒါကဘာမှမဟုတ်ပါဘူး"
အမျိုးသမီးဆန်သောယောက်ျားမှာပြုံးကာပြောလိုက်ပြီး လုံးဝဂရုမစိုက်ဟန်ဖြင့်ရှေ့ရှိဖန်ခွက်အားကောက်ကိုင်ကာ အရက်တစ်ငုံသောက်လိုက်သည်။
ခေါင်းဆောင်ဖြစ်သည့်သက်လတ်ပိုင်းအမျိုးသားမှာမူစကားတစ်ခွန်းမှမဆိုဘဲ ထိုင်ကြည့်နေပေသည်။ သို့သော်မုတ်ဆိတ်နှင့်လူမှာငြိမ်ငြိမ်မနေနိုင်ပေ။
"ဘယ်လိုလုပ်ပြီးဒီလိုစကားမျိုးပြောထွက်တာလဲ ကိုယ်ရံတော်ချန်ကိုတိုက်တာကကျွန်တော်တို့ကိုအရှက်ခွဲလိုက်တာပဲ ဒါကိုဒီတိုင်းပဲသည်းခံနေရမှာလား"
မုတ်ဆိတ်နှင့်လူမှဒေါသတကြီးပြောလာခဲ့သည်။
"သေချာပေါက်ဒီတိုင်းသည်းခံနေလို့မရဘူးပေါ့ သူတို့ဒီလိုတိုက်ခိုက်မယ်ဆိုတာမမျှော်လင့်ထားစရာပဲ ဘာပဲဖြစ်ဖြစ်သူတို့က ၇ခုမြောက်အဆင့်မြင့်ဌာနက သူတို့ဒီလိုဘဝင်မြင့်တယ်ဆိုတာကပုံမှန်ပဲ ဒါပေမဲ့သူတို့ဆီမှာရှိတဲ့အရာဆိုလို့လည်း ဘဝင်မြင့်နေတဲ့စိတ်ပဲရှိတာ"
"ငါတို့လုပ်ရမှာကသူတို့ကိုမောင်းထုတ်ရမှာ တကယ်လို့သူတို့ကိုသာသတ်လိုက်ရင် ငါတို့၃ယောက်ဒီလိုဆက်နေနိုင်မှာမဟုတ်ဘူး အဲဒါကြောင့်သူတို့နဲ့တိုက်ခိုက်လို့မရသေးဘူး အနည်းဆုံးတော့ခုချိန်မှာပေါ့"
အမျိုးသမီးဆန်သည့်ပုံရှိသော မိစ္ဆာပုံစံနှင့်အမျိုးသား၏မျက်နှာတွင်အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
ခေါင်းဆောင်သက်လတ်ပိုင်းလူမှာဂရုမစိုက်ဟန်ဖြင့်မေးလိုက်သည်။
"ညီ၂ မင်းဘာလုပ်ချင်လို့လဲ"
သူ၏ဒုတိယညီမှာမျိုးနွယ်ခြားမျိုးနွယ်မှဖြစ်သော်ငြား တကယ်ကိုဉာဏ်ကောင်းကြောင်းသိပေသည်။ သူ့ထံတွင်ဤပြဿနာအားသွေးမြေမခဘဲဖြေရှင်းနိုင်မည့်နည်းလမ်းရှိနိုင်လောက်ပေသည်။ သူတို့သည်အစိမ်းရောင်တိမ်တိုက်ဌာနအားမဆန့်ကျင်နိုင်ဘူးဆိုကတည်းက ဤလူများအားမောင်းထုတ်ရုံသာတတ်နိုင်ပေသည်။
"အစ်ကိုကြီးတကယ်တော့သူတို့ဒီကိုလာလေ့ကျင့်လို့ပဲရတာ တစ်ရာမြို့ရဲ့နေရေးထိုင်ရေးကခက်ခဲတယ်ပြီးတော့အနီရောင်မဟူရာချောက်က မကောင်းတဲ့လူပေါင်းစုံနဲ့ပြည့်နေတာ သူတို့ဒီမှာအကြာကြီးနေနိုင်မှာမဟုတ်ဘူး တကယ်လို့စိတ်ဝင်စားစရာဘာမှမရှိရင်ထွက်သွားမှာပဲ ကျွန်တော်တို့သူတို့ကိုစစ်သေနာပတိချုပ်အရင်လုပ်ခိုင်းထားလည်းကိစ္စမရှိပါဘူး"
"ဘာပဲဖြစ်ဖြစ် ဒီသိုင်းပညာရှင်တွေအားလုံးကကျွန်တော်တို့ထိန်းချုပ်မှုအောက်မှာပဲကို ပြီးတော့ ဒီတစ်ရာမြို့ကပျက်စီးနေတယ်ထင်ရပေမဲ့ နေရာတိုင်းမှာအန္တရာယ်တွေအပြည့်ပဲ စစ်သေနာပတိချုပ်တွေအနေနဲ့ သူတို့ဒီနေရာကိုစောင့်ကြပ်ရမှာသဘာဝပဲ အဲဒါကြောင့်ကျွန်တော်တို့ဘာမှလုပ်စရာမလိုဘဲမနက်ဖြန်ဖြစ်ဖြစ်သူတို့အလောင်းတွေကလမ်းပေါ်မှာပေါ်လာနိုင်တာပဲလေ အစိမ်းရောင်တိမ်တိုက်ဌာနကြောင့် အနီရောင်မဟူရာချောက်ထဲကျသွားတဲ့လူတွေမှအများကြီး ကျွန်တော်တို့ကသည်းခံနိုင်ရင်တောင်အခြားလူတွေကသည်းမခံနိုင်မှာစိုးရတယ် သူတို့ကကျွန်တော်တို့လက်ချက်နဲ့သေမဲ့အစား တခြားလူလက်ချက်နဲ့သေသွားတော့ပိုမကောင်းဘူးလား"
မိစ္ဆာပုံစံနှင့်အမျိုးသားမှာပြုံးကာပြောလိုက်သည်။ ထိုစကားအားကြားပြီးနောက်သက်လတ်ပိုင်းအရွယ်အမျိုးသား၏မျက်နှာမှာလည်းပြုံးယောင်သန်းလာခဲ့သည်။
"ဟုတ်တယ် သူတို့နဲ့ထိပ်တိုက်တွေ့ပြီးသဲလွန်စတွေချန်ခဲ့မဲ့အစား သူတို့ကိုရှင်းပစ်ဖို့တခြားလူတွေကိုအသုံးချလို့ရတာပဲ"
သက်လတ်ပိုင်းအရွယ်အမျိုးသားမှာခေါင်းညိတ်ပြီး မုတ်ဆိတ်မွေးနှင့်လူအားကြည့်လိုက်သည်။
"ညီ၃ ငါတို့နောက်ပိုင်းပြန်ရောက်ရင် မင်းမကျေနပ်တာကိုမသိသာစေနဲ့ ငါတို့သူတို့ပြောသမျှနားထောင်မယ် မဟာဆရာသခင်လေးတစ်ဖွဲ့လောက်က ဘာများလုပ်နိုင်မှာမလို့လဲ"
အစ်ကိုကြီးဖြစ်သူမှပြောလာသောအခါ မုတ်ဆိတ်နှင့်လူမှာလည်းဘာမှမပြောဝံ့တော့ဘဲခေါင်းညိတ်ပြရုံသာတတ်နိုင်ပေသည်။
ထို့နောက်သူတို့၃ယောက်မှာ အသင်းတိုက်ထဲမှထွက်ကာတစ်ရာမြို့ဆီသို့တန်းပြန်လာခဲ့ကြသည်။
စစ်သေနာပတိချုပ်အိမ်တော်တွင်ထိုင်နေသောကျိုးဟောင်နှင့်ကျန်လူများသည်လည်း အချိန်ဖြုန်းမနေကြပေ။
ဤစစ်သေနာပတိချုပ်အိမ်တော်မှာ မသေးပေ။ ထို့အပြင်စစ်သေနာပတိချုပ် ၃ယောက်သည်ကိုယ့်အတွက်ကိုယ်ရှာကြံပျော်ပါးရန်သိသူများဖြစ်ကြောင်း သိသာပေသည်။ ပြင်ပရှိအဆောက်အဦးမှာယိုယွင်းနေသော်ငြား အတွင်းပိုင်းမှာအလွန်ကောင်းလှပေသည်။ ကျိုးဟောင်တို့အဖွဲ့မှာနေထိုင်ရမည့်အဆောင်များအားရှာကာ နေရာချလိုက်ကြသည်။
မည်သို့ပင်ဖြစ်စေသူတို့သည်ဤနေရာတွင် အချိန်ကာလတစ်ခုအထိနေထိုင်ရမည်ဖြစ်သည်။
"ကျိုးဟောင်စစ်သေနာပတိချုပ် ၃ယောက်ပြန်လာရင်ငါတို့ဘာလုပ်ကြမလဲ တကယ်လို့သူတို့အမိန့်ကိုမနာခံရင် သူတို့ကိုနိုင်အောင်တိုက်နိုင်ပါ့မလား"
ထိုအချိန်တွင်ယွမ်ချန်းမှ စိုးရိမ်စွာပြောလိုက်သည်။
မည်သို့ပင်ဖြစ်စေ ထိုလူများအားလုံးမှာမူလအဆင့်ပညာရှင်များဖြစ်ကြသည်။
ကျိုးဟောင်တို့အဖွဲ့တွင်စွမ်းအားအကြီးဆုံးဖြစ်သောရှုလင်မှာ အထွတ်အထိပ်မဟာဆရာသခင်အဆင့်သာရှိသေးပေသည်။ သူမထံတွင်ပထမမြောက်မူလအဆင့်ပညာရှင်အားတိုက်ခိုက်နိုင်သည့်စွမ်းရည်မျိုးရှိသော်ငြား မူလအဆင့်ပညာရှင် ၃ယောက်၏တိုက်ခိုက်မှုကိုတော့မခုခံနိုင်ပေ။
"ကိစ္စမရှိဘူး သူတို့တိုက်မှာမဟုတ်ဘူး စိတ်မပူနဲ့ ငါတို့ကိုအစိမ်းရောင်တိမ်တိုက်ဌာနကလွှတ်လိုက်တာ သူတို့၃ယောက်သာဦးနှောက်ရှိတယ်ဆိုရင် ငါတို့ကြောင့်နဲ့ပြဿနာဖြစ်ခံမှာမဟုတ်ဘူး"
ကျိုးဟောင်မှာဤအချက်အားကောင်ကောင်းသိထားပေရာ ခပ်ဖျော့ဖျော့သာပြုံးလိုက်သည်။ ဤစစ်သေနာပတိချုပ်များမှာအမိန့်လက်ခံရရှိပြီးနောက် ချက်ချင်းပျောက်သွားကြောင်းသိလိုက်ရကတည်းက သူတို့သည်ကျိုးဟောင်တို့အဖွဲ့နှင့်ထိပ်တိုက်မတိုက်ခိုက်လိုကြောင်းသိလိုက်ပေသည်။ ဤကဲ့သို့လုပ်ခြင်းသည်သူတို့၏ခွန်အားအားပြသရန်သာဖြစ်သည်။
အလားတူပင်၎င်းသည်စမ်းသပ်မှုတစ်ခုလည်းဖြစ်သည်။ အကယ်၍ကျိုးဟောင်တို့မှာမတုံ့ပြန်ဘဲငြိမ်နေခဲ့ပါက ၎င်းတို့သည်တစ်ရာမြို့တွင်အလိုလိုနေရင်းအာဏာရှိသွားပေလိမ့်မည်။
သို့သော်သူတို့၏ကြီးစိုးနိုင်စွမ်းအားထုတ်ပြလိုက်ပါက စစ်သေနာပတိချုပ် ၃ယောက်မှာနည်းလမ်းပြောင်းပေလိမ့်မည်။ အကောင်းဆုံးနည်းလမ်းမှာအပေါ်ယံတွင်ပူးပေါင်းပြကာတိတ်တဆိတ်ဆန့်ကျင်ခြင်းသာဖြစ်သည်။ သူတို့သည်လက်ရှိအချိန်တွင်ကောင်းကောင်းမွန်မွန်နေကာ ကျိုးဟောင်တို့အဖွဲ့ တစ်ရာမြို့အပေါ်စိတ်ဝင်စားမှုမရှိတော့သည်အထိစောင့်နေပေလိမ့်မည်။
ကျိုးဟောင်မှာသူတို့၏အတွေးအားသိနေသဖြင့်သူ့ထံတွင် တန်ပြန်အစီအစဥ်လည်းရှိပေသည်။
"သူတို့ကငါတို့နဲ့ရင်မဆိုင်ဘူးလို့ပြောတာလား တကယ်လား ဒါဆိုသူတို့ဘာလုပ်ကြမှာလဲ"
လက်ရှိအချိန်တွင်ရှုလင်သည်လည်း သိချင်နေပေသည်။
"သူတို့ငါတို့နဲ့ရင်မဆိုင်ရတဲ့အကြောင်းအရင်းက အစိမ်းရောင်တိမ်တိုက်ဌာနရဲ့လွှမ်းမိုးနိုင်စွမ်းကိုကြောက်လို့ပဲ ဘာပဲဖြစ်ဖြစ်ငါတို့က ၇ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းကအဖွဲ့လေ သူတို့ငါတို့ကိုမဆန့်ကျင်ရဲဘူး"
"သူတို့ဘာလုပ်မလဲဆိုတော့ အပေါ်ယံမှာငါတို့ကိုမျက်နှာချိုသွေးဖို့ကြိုးစားပြီး နောက်ကွယ်ကနေတိုက်ခိုက်ဖို့အခွင့်အရေးရှာမှာ"
ကျိုးဟောင်မှာလုံးဝဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။
"ဟမ်...နောက်ကွယ်ကနေတိုက်ခိုက်မယ် ဒါဆို...ဒါဆိုငါတို့ဘယ်လိုလုပ်ကြမလဲ ဘာပဲဖြစ်ဖြစ်ငါတို့ကမဟာဆရာသခင်အဆင့်ပဲရှိတာ သူတို့ကမူလအဆင့်ပညာရှင်တွေလေ"
ယွမ်ချန်းမှပူပန်စွာပြောလာခဲ့သည်။ မည်သို့ပင်ဖြစ်စေသူသည်သေရမှာတော့ကြောက်ပေသည်။ သူ့အားငကြောက်ဟုမြင်ပါကလည်းကိစ္စမရှိပေ။
ကျိုးဟောင်မှာဝေ့ကြည့်လိုက်ကာခေါင်းယမ်းရင်း ပြန်ဖြေလိုက်သည်။
"ဒါကငါတို့လေ့ကျင့်ရေးရဲ့ရည်ရွယ်ချက်ပဲလေ ပထမတစ်ချက်ကစွမ်းအားတိုးဖို့နဲ့မူလအဆင့်ကိုတတ်နိုင်သမျှအမြန်ဆုံးရောက်ဖို့ပဲ ဒီလိုဆိုဒီလူ ၃ယောက်လောက်ကိုဘာမှစိုးရိမ်နေစရာမလိုတော့ဘူး"
"အခုငါတို့ကမူလအဆင့်ကိုမရောက်သေးဘူးဆိုတော့ သူတို့ကြိုးဆွဲသလိုလိုက်ကပြီး သူတို့နဲ့ရင်ဆိုင်ရမယ် ဘာပဲဖြစ်ဖြစ်ဒါကလည်းစွမ်းအားရဲ့တစ်စိတ်တစ်ပိုင်းပဲ အဲဒါကြောင့်အစိမ်းရောင်တိမ်တိုက်ဌာနရဲ့ရည်ရွယ်ချက်ကအရမ်းရိုးရှင်းတယ် သူတို့ကငါတို့ကိုဒီနေရာမှာနေခိုင်းပြီးတော့ ကျင့်ကြံရေးအဆင့်နိမ့်ပေမဲ့ ဒီကလူကိုအမိန့်ပေးစေချင်တာ ဒါကငါတို့ကိုဖိအားပေးပြီးအမြန်ဆုံးအဆင့်ချိုးဖောက်နိုင်အောင်လို့ပဲ တစ်ဆက်တည်း ငါတို့ရဲ့ပင်ကိုစရိုက်နဲ့နည်းလမ်းတွေကိုလေ့ကျင့်ပေးဖို့လည်းပါတယ်"
ကျိုးဟောင်မှာရှင်းလင်းစွာသုံးသပ်ပြလိုက်သည်။ ထို့ကြောင့်သူတို့အဖွဲ့အား တစ်ရာမြို့သို့လွှတ်လိုက်ခြင်းဖြစ်သည်။
ဤနေရာသည်လူသားပါရမီရှင်များမှာကျင့်ကြံရန်နေရာတစ်ခုသာဖြစ်သည်။
သူတို့သည်မူလအဆင့်ပညာရှင်အနည်းငယ်ဖြစ်ကာဘာမှမဟုတ်သော်ငြား ဤဥပဒေမဲ့နေရာတွင်မူ အားနည်းသောလူများအတွက်ဦးနှောက်မရှိဘဲ ရှင်သန်ရန်မှာမဖြစ်နိုင်ပေ။
"အဲဒါကြောင့် ကြောက်နေမဲ့အစားကြောက်စိတ်ကိုအားအဖြစ်ပြောင်းပြီး အမြန်ဆုံးအဆင့်ချိုးဖောက်နိုင်အောင်လုပ်ပါလား ငါတို့မူလအဆင့်ကိုချိုးဖောက်နိုင်တဲ့အခါကျရင် ဒီတစ်ရာမြို့ကလုံးဝငါတို့အပိုင်ဖြစ်သွားပြီ..အဲဒီအချိန်မှသာငါတို့အနီရောင်မဟူရာချောက်ကိုဖြေရှင်းနိုင်တဲ့အစွမ်းရှိမှာ နားလည်ကြလား"
....................................................................................
အခန်း(၃၉၉) ပြီးပါပြီ။