← Chapters

အခန်း (၄၀၆-၄၀၈)

Vol. 28 Ch. 406-408

အခန်း (၄၀၆-၄၀၈)

Vol. 28 Ch. 406-408

အခန်း (၄၀၆): လူတိုင်းကသံသယရှိသူပဲ

သူဌေးကျိုးကိုသတ်ခြင်းဖြင့် ကျိုးဟောင်အတွက်ကိစ္စ၂ခုပြီးမြောက်သွားလေသည်။ ပထမတခုမှာ ယင်ဖုန်းတို့အား ဘောင်ကျဉ်းသွားအောင်လုပ်နိုင်ခဲ့ပြီး နောက်တခုမှာအနီရောင်မဟူရာချောက်အဖွဲ့၀င်တွေကြားသွေးထိုးနိုင်ခဲ့လေသည်။

နောက်ဆုံးတော့ ကျိုးဟောင်တို့အဖွဲ့မှာ သူဌေးကျိုးအားသတ်နိုင်လောက်သည်အထိမသန်မာကြောင်း အားလုံး၏မျက်စိထဲတွင်မြင်လာခဲ့လေသည်။ ဒါ့ကြောင့်သူတို့အဖွဲ့မှာ သံသယ၀င်ခံရခြင်းမှ ရှောင်ထွက်နိုင်ခဲ့လေသည်။

ယင်ဖုန်းတို့အဖွဲ့ကတော့ သံသယရှိသူစာရင်းတွေပါ၀င်နေဆဲဖြစ်လေသည်။သို့သော် သူတို့အနေဖြင့်တကယ် သူဌေးကျိုးကိုသာ သတ်ခဲ့ပါက သက်သေများကိုဖောက်ဖျက်ပစ်ပြီး သတင်းအပေါက်ကြားခံမည်မဟုတ်ပေ။ ဒါ့ကြောင့်သူတို့အပေါ်တွင်လည်း သံသယရှိသော်လည်း အနည်းငယ်တော့လျော့သွားလေသည်။

တယောက်ယောက်က လက်ထောက်စစ်သေနာပတိ အဖွဲ့နှင့် အနီရောင်မဟူရာချောက်အဖွဲ့ကြား သွေးကွဲအောင်ချောက်ချနေလေခြင်းဖြစ်သည်။

ကျိုးပေရှန်းက ငတုံးမဟုတ်ပေ။ သူ့အနေဖြင့် ဒေါသကြောင့် တည်ငြိမ်မှုပျောက်ဆုံးသွားသော်လည်း ကျိုးဟောင်၏စကားများကြောင့် အသိစိတ်ပြန်၀င်လာခဲ့လေသည်။

"ခေါင်းဆောင်အန်း၊ ဥက္ကဌစွင်း ၊စီနီယာချန်း... ခင်ဗျားတို့ ကျုပ်အဖေအပေါ် အာဃာတအနည်း အကျဉ်းတော့ရှိကြတယ်မှတ်လား တခြားသူတွေမသိပေမဲ့ကျုပ်တော့သိတယ် ဒီနေ့ကျုပ်ကို ခင်ဗျားတို့ဖြေရှင်းချက်တခုတော့ပေးမှရမယ် မဟုတ်ရင် ကျုပ်တို့လေလံအိမ်တော်က အရာအားလုံး ဆုံးရှုံးရ‌ရင်တောင်ခင်ဗျားတို့ကိုအလွတ်မပေးဘူး"

ကျိုးပေရှန်း၏မျက်လုံးများမှာနီရဲနေပြီး ဒဲ့တိုးပြောလာခဲ့လေသည်။

"တူလေးစိတ်ငြိမ်ငြိမ်ထားပါ ဒီကိစ္စကတခုခုတော့မှားနေတာအမှန်ပါ ဒါပေမဲ့ ဒီကောင်လေးရဲ့အလိမ်အညာတွေကို နားမ၀င်မိစေနဲ့ ဒါတွေအကုန်လုံးက အကွက်ချထားတာဖြစ်နေနိုင်တယ်"

သူဌေးကျိုးသေသွားသော်လည်း လေလံအိမ်တော်က ဩဇာကြီးမားသေးလေသည်။ သူဌေးကျိုးက အနီရောင်‌မဟူရာချောက်ထဲရှိလူအတော်တော်များနှင့်ရင်းနှီးပြီး မူလအဆင့်ပညာရှင်အတော်များများနှင့် လည်း ဆက်ဆံရေးကောင်းရှိလေသည်။

သူတို့အချင်းချင်းတကယ်သာတိုက်ခိုက်ကြပါက ခေါင်းဆောင်အန်းနှင့် အခြားလူများအနေဖြင့် လေလံအိမ်တော်ကိုဖျက်ဆီးနိုင်ခဲ့ရင်တောင်မှ ဒဏ်ရာအပြင်းအထန်ရသွားကြမည်ဖြစ်လေသည်။

"ခေါင်းဆောင်အန်း ဒီလိုတော့မပြောပါနဲ့ ကျုပ်ကပဲအကုန်လုံးကို အထင်မှားအောင်လုပ်သလိုဖြစ်နေပြီ။ ကျုပ်မနေ့ညက သူဌေးကိုဖမ်းခေါ်လာဖို့ ယင်ဖုန်းတို့အဖွဲ့ကို အမိန့်ပေးခဲ့တဲ့ကိစ္စကိုကျုပ်မငြင်းပါဘူး ဒါပေမဲ့တယောက်ယောက်က ကျုပ်နာမည်ကိုသုံးပြီး သူဌေးကျိုးကို သတ်ခဲ့တယ်ဖြစ်မယ် ဒီအချက်ကိုတော့ အားလုံးနားလည်ကြမယ်ထင်တယ်"

ကျိုးဟောင်က ဆိုလိုရင်းကိုတည့်တည့်မတ်မတ်ပြောလိုက်လေသည်။ သူက သူဌေးကျိုးအားဖမ်းဆီးရန်အမိန့်ပေးခဲ့ကြောင်း၀န်ခံခဲ့ပြီး သူတို့တွင် သူဌေးကျိူအားသတ်နိုင်သည့်အစွမ်းအစမရှိသည်ကိုလည်း အားလုံးသိအောင်ပြောပြလိုက်လေသည်။ဒါ့အပြင်တယောက်ယောက်ကလည်း လက်ထောက်စစ်သေနာပတိယင်ဖုန်းတို့အပေါ် အပြစ်ပုံချခဲ့ကြောင်းလည်း သိသာလေသည်။

"အမှန်အတိုင်းပြေရရင် ဒီကိစ္စကကျုပ်တို့အတွက်အရေးသိပ်မပါဘူး ခင်ဗျားယင်ဖုန်းတို့အပေါ်သဘောထားကွဲလွဲလည်း ကိစ္စမရှိဘူး တကယ်လို့ ကျိုးသခင်လေးက အင်အားအကုန်လုံး ယင်ဖုန်းနဲ့ သူ့လူ၂ယောက်ကိုသတ်မယ်ဆိုရင် ကျုပ်တို့အတွက် တစ်ရာမြို့ကိုလက်လွှဲယူတဲ့နေရာမှာပိုပြီးတောင်လွယ်ကူသွားဦးမယ် ဒါ့အပြင် ခင်ဗျားတို့ အနီရောင်မဟူရာချောက်အဖွဲ့လည်း အင်အားနည်းသွားဦးမယ် ဘယ်လိုအခြေအနေဖြစ်ဖြစ်ကျုပ်တို့အတွက် အကောင်းတွေချည်းပဲ"

"ဒါပေမဲ့ အဲ့လိုမလုပ်ဘဲကျုပ်၀င်ဖြေရှင်းဖို့ကြိုးစားတာ အမှန်တရားကိုသိချင်လို့ပဲ ကျုပ်တို့က တစ်ရာမြို့မှာလာရောက်လေ့ကျင့်ရုံပဲ အချိန်သိပ်မကြာခင်မှာကျုပ်တို့ကပြန်ထွက်သွားမယ့်လူတွေပါ ဒါပေမဲ့ကျုပ်တို့က အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းကို ရလဒ်ကောင်းတချို့ပြချင်တယ်"

"သို့ပေမဲ့ ကျုပ်တို့ရဲ့အင်အားက အကန့်အသတ်ရှိတာကျုပ်နားလည်တယ် ကျုပ်တို့အပြင်းအထန်ကြိုးစားပြီး ကျရှုံးခဲ့ရင်တောင်မှ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းမှာရှိတဲ့ ကျုပ်တို့ရဲ့ပုံရိပ်က မသေးဘူး။ ကျုပ်တို့က အရွေးချယ်ခံ လက်ရွေးစင်စစ်သည်တွေပဲ။ ကျုပ်တို့အပေါ် အများကြီးကြိုးစားပြီးပျိုးထောင်ပေးခဲ့တာကြောင့် အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းကလွယ်လွယ်နဲ့စွန့်ပစ်မှာမဟုတ်ဘူး "

"ကျုပ်ဘက်ကအခြေအနေကိုကျုပ် ရှင်းရှင်း လင်းလင်းသိတယ် ခင်ဗျားတို့အချင်းချင်းကြားက အဃာတတွေကို ကျုပ်ဂရုမစိုက်ဘူး ခင်ဗျားအတွင်းထဲမှာ ဘယ်လိုပဲ တိုက်ပွဲတွေရှိပါစေ ကျုပ်စိတ်မ၀င်စားဘူး"

ကျိုးဟောင်က စိတ်မ၀င်စားဟန်ကာ ပုခုံးတွန့်ကာပြောလိုက်ပြီး ‌ရှုလင်တို့အားခေါ်ပြီးထွက်သွားလေသည်။

သူတို့ထွက်သွားသော်လည်း အခြေအနေကတင်းမာခက်ထန်ပြီးကြောက်မက်ဖွယ်ကောင်းနေဆဲဖြစ်လေသည်။

ကျိုးပေရှန်း၏အမူအရာမှာ ပိုမိုခက်ထန်လာပြီး ခေါင်းဆောင်အန်း နှင့်အခြားလူများအား စူးရှစွာစိုက်ကြည့်နေလေသည်။

"ကျုပ်ဒီကိစ္စကိုအဆုံးထိစုံစမ်းသွားမယ်"

သူပြောပြီးသည်နှင့် ကျိုးခမ်း၏အလောင်းကိုယူပြီးထွက်ခွာသွားလေသည်။ ခေါင်းဆောင်အန်း နှင့်အခြားလူများကလည်း ဘေးပတ်၀န်းကျင်ကိုသံသယမျက်လုံးများဖြင့်ကြည့်နေကြလေသည်။

တခြားတဖက်တွင်တော့ ယင်ဖုန်းတို့၃ယောက်မှာ ခုမှ သက်ပြင်းချနိုင်ကြလေသည်။ သူတို့အပေါ်ကျရောက်နေသော သံသယများက လျော့ကျသွားခြင်းကြောင့် သူတို့စိတ်သက်သာရာရသွားလေသည်။

ယင်ဖုန်းမှာ သက်ပြင်းရှည်ကြီးချလိုက်မိပြီး အကြောက်တရားကတော့ ရင်ထဲရှိနေသေးလေသည်။ ဟွားမန်လော့နှင့် တူရှန်းတို့လည်း အတူတူပင်ဖြစ်လေသည်။

"အစ်ကိုကြီး ဒီနေ့ဒီပြဿနာကြီးကို ဖြေရှင်းနိုင်လိုက်တာက ဟိုသူတောင်းစားလေး ကျိုးဟောင်ဉာဏ်ပြေးလို့ပဲ မဟုတ်ရင်ကျုပ်တို့ ပဲလှော်ကြားဆားညပ်ပြီး အပြစ်ပေးခံရတော့မှာ "

တူရှန်းမှာ အမှန်တိုင်းပြောတတ်သူ‌ဖြစ်သောကြောင့် ကျိုးဟောင်၏စကားများမှာ လိုရင်းတိုရှင်းဖြစ်ပြီး ဉာဏ်ပညာရှိကြောင်းပြောနေလေသည်။

ပြန်စဉ်းစားကြည့်ပါက ကျိုးဟောင်တို့အဖွဲ့မှာ မောက်မာသော်လည်း နောက်ဆုံးတွင် သူတို့အားကယ်တင်ပေးခဲ့ခြင်းကြောင့် တူရှန်းစိတ်ထဲ တခုခုခံစားလိုက်ရလေသည်။

"တကယ်လို့ကျိုးဟောင်သာ ဒီနေ့မကူညီပေးခဲ့ပါက ကျုပ်တို့...."

ယင်ဖုန်းလည်း ပြောရင်း ဟွားမန်လော့၏အမူအရာကိုမြင်သောကြောင့် ခဏတန့်သွားလေသည်။

" ညီလေး ၂ မင်းက ထက်မြက်တဲ့သူပဲ ဘာတွေဖြစ်ကုန်တာလဲ ဘာလို့ ကျိုးဟောင်ကကူညီခဲ့တာလဲ"

ဟွားမန်လော့မှာ ဇဝေဇဝါဖြစ်ပြီးမေးလိုက်လေသည်။

"ဒီကိစ္စမှာ ကျိုးဟောင်ပြောတာတွေကမမှားဘူး အနီရောင်မဟူရာချောက်အဖွဲ့ထဲကတယောက်ယောက်က ကျုပ်တို့ကိုချောက်ချချင်နေပြီး လေလံအိမ်တော်နဲ့ အသေအကြေတိုက်စေချင်နေတာပဲ"

"ဒါပေမဲ့ ကျိုးဟောင်ကသူတို့ရည်ရွယ်ချက်ကိုကြိုမြင်ခဲ့တာကြောင့် ငါတို့အခြေအနေဆိုးကြီးကနေလွတ်မြောက်လာနိုင်ခဲ့တယ် ဒါပေမဲ့ ငါပဟေဠိ‌ဖြစ်နေတာရှိတယ်။ ဘယ်လိုလိုပဲဖြစ်ဖြစ်ဒီကိစ္စကသူတို့အတွက် အကျိုးရှိတဲ့ကိစ္စပဲလေ ကျုပ်တို့နဲ့ အနီရောက်မဟူရာချောက်အဖွဲ့နဲ့တိုက်တိုက် အနီရောင်မဟူရာချောက်အဖွဲ့၀င်အချင်းချင်းပဲတိုက်တိုက် သို့အတွက် အကျိုးရှိစေမှာမဟုတ်ဘူးလား"

"ဒါပေမဲ့ ဒီနေ့ သူကျုပ်တို့ကိုကူညီခဲ့တယ် ဧကန ကျုပ်တို့ကိုသူ့လက်အောက်ခံဖြစ်စေချင်တာလား"

ဟွားမန်လော့က သေချာစိစစ်နေလေသည်။

"လခွမ်း မဟာဆရာသခင်အဆင့်လေးက ကျုပ်တို့ကိုသူ့လက်အောက်ခံဖြစ်စေချင်နေတာလား ဘယ်လိုတောင်ရူးလိုက်တဲ့အိပ်မက်လဲ"

တူရှန်း ကရုတ်တရက်ထပြောလေသည်။

"ညီနောင်၃ ကျိုးဟောင်တို့အဖွဲ့ရဲ့အနာဂတ်က မှန်းဆမရနိုင်ဘူး။ သူတို့က အသက်ငယ်ငယ်လေးနဲ့ မဟာဆရာသခင်အဆင့်ကိုရောက်လာကြတာ သူတို့ကျိန်းသေပေါက် မူလအဆင့်ကိုမကြာခင်ရောက်လာကြလိမ့်မယ် အနာဂတ်မှာကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်တွေတောင်ဖြစ်လာနိုင်တယ်"

ယင်ဖုန်းကခေါင်းခါပြီးပြောလိုက်သည်။

"ဒါ့အပြင် ကျိုးဟောင်ကအရမ်း ဉာဏ်ကောင်းတယ် သူသာမရှိရင်ဒီနေ့ ငါတို့ ခေါင်းဆောင်အန်း နဲ့အခြားလူတွေလက်ချက်ကြောင့် သေနေလောက်ပြီ။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ကျိုးဟောင်ကိုအကြွေးတင်သွားပြီ"

"မင်းပြောတာမှန်တယ် ကျိုးဟောင်ကကျုပ်တို့ကိုကြိုးချည်ချင်နေတာပဲ ဒါပေမဲ့ သူချည်နိုင်တယ်လို့အတွေးမ၀င်စေဘဲ ကျုပ်တို့ကချည်ခွင့်ပြုလိုက်တယ်ဆိုတာမျိုးပဲဖြစ်ရမယ်"

ယင်ဖုန်းက သက်ပြင်းချလိုက်ပြီး ဘေးကျပ်နံကျပ်ထဲရောက်နေသလိုခံစားလိုက်ရလေသည်။ သူတို့အနေဖြင့် အနီရောင်မဟူရာချောက်အဖွဲ့ကိုရော ကျိုးဟောင်တို့ကိုရော မလွန်ဆန်နိုင်ပေ။

အနီရောင်မဟူရာချောက်အဖွဲ့ရင် ယှဉ်ပါပ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းကပိုအင်အားကြီးပြီး သူတို့က အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းရှေ့တွင် ပုရွက်ဆိတ်သာသာဖြစ်လေသည်။ သူတို့အားသတ်ဖို့အရမ်းလွယ်ကူပေသည်။

ဟွားမန်လော့က အသက်ပြင်းပြင်းရှူပြီးပြောလိုက်လေသည်။

"ညီအကိုတို့ ကျုပ်တို့ ကျိုးဟောင်တို့အဖွဲ့ဆီ နာခံလိုက်ကြတာမကောင်းဘူးလား"

....................................................................................

အခန်း (၄၀၆) ပြီးပါပြီ။

အခန်း (၄၀၇) : အရှုံးပေးခြင်း

ထိုစကားကိုကြားသောအခါ ယင်ဖုန်း၏အမူအရာပြောင်းသွားလေသည်။ တူရှန်းလည်း အတူတူပဲဖြစ်လေသည်။

"ညီလေး၂ မင်းတကယ်ပြောတာလား"

ယင်ဖုန်းကအံ့ဩသွားလေသည်။ သူလည်း အစက ထိုကဲ့သို့တွေးသော်လည်း သူသည် မူလအဆင့်ပညာရှင်တယောက်ဖြစ်လေသည်။ သူ့အနေဖြင့် ကျိုးဟောင်တို့အဖွဲ့ဆီ နာခံလိုက်ဖို့က အနည်းငယ်ရှက်စရာဖြစ်နေလေသည်။

ဒါ့အပြင် သူတို့အနေဖြင့် ကျိုးဟောင်တို့ဘက်သွားလိုက်ပါက အနီရောင်မဟူရာချောက်အဖွဲ့နှင့်အဆက်အသွယ် ဖြတ်ရမည်ဖြစ်လေသည်။

"အစ်ကိုကြီး ဘာတွေးနေလဲ ကျွန်တော်သိပါတယ် အနီရောင်မဟူရာချောက်အဖွဲ့နဲ့ပတ်သတ်ပြီး စိတ်ပူနေတာကိုသိပါတယ် ဒါပေမဲ့ သူဌေးကျိုးသေပြီးနောက် သူတို့အချင်းချင်းကြားရန်ပွဲတွေဖြစ်ပွားကျုပ်တို့ကို အကူအညီပေးနိုင်ဦးမှာမဟုတ်ဘူး"

"သူတို့အချင်းချင်းကြား သဘောထားတွေကွဲလွဲနေတာလည်း ကောင်းတာပါပဲ ဒါပေမဲ့ ဒီကိစ္စနဲ့နောက်ကွယ်ကလက်မဲကြီးက ပြဿနာတွေရှုပ်အောင်လုပ်နေမှာကိုတော့ စိုးရိမ်မိတယ်"

"ဒီလိုအခြေအနေမျိုးမှာ ကျုပ်တို့အနေနဲ့ တဖက်ဖက်မှာရှိနေဖို့လိုတယ် မဟုတ်ရင် သူဌေးကျိုးလိုအဖြစ်မျိုးကျုပ်တို့ဆီရောက်လာလိမ့်မယ်"

ဟွားမန်လော့ကစိုးရိမ်ပူပန်စွာပြောလေသည်။

"မင်းပြောချင်တာက ဒါတွေက အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းကလုပ်တယ်လို့ပြောချင်တာလား"

ယင်ဖုန်းက အံ့ဩစွာမေးလိုက်လေသည်။သူ့အနေဖြင့် အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းက ဘာကြောင့်ဒီလိုလုပ်လဲစဉ်းစားမရပေ။အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းအနေဖြင့် ယခုလိုကိစ္စအတွက် အပင်ပန်းခံပြီး လုပ်စရာအကြောင်းမရှိပေ။

ဟွားမန်လော့က ခေါင်းကိုခါရမ်းလိုက်ပြီး မျက်နှာချင်းဆိုင်ရှိ စစ်သေနာပတိချုပ်အိမ်တော်အားကြည့်လိုက်လေသည်။

" ကျုပ်ထင်တာကတော့ ဒါက အစိမ်းရောင်တိမ်တိုက်အဖွဲ့ရဲ့ နည်းလမ်း မဟုတ်ဘဲ ကျိုးဟောင်ရဲ့ နည်းလမ်းထင်တယ်"

ထိုအချိန်မှာပဲ ကျိုးဟောင်နဲ့ အခြားလူများလည်း အိမ်တော်လို့ ပြန်ရောက်လာကြလေသည်။ အခြားလူများမှာ ဒီနေ့အဖြစ်အပျက်အတွက်နားမလည်နိုင်ဖြစ်နေကြလေသည်။

" ကျိုးဟောင် ဒီနေ့ဘာတွေဖြစ်ကုန်တာလဲ သူဌေးကျိုးကရော ဘယ်လိုသေသွားတာလဲ"

ရှုလင်နှင့်အခြားလူများမှာ နားမလည်နိုင်ဖြစ်နေကြပြီး ကျိုးဟောင်အား စိတ်မရှည်စွာဖြင့်မေးလိုက်‌ကြလေသည်။

ကျိုးဟောင်ကပြုံးပြီး သူဌေးကျိုးအား သူသတ်ခဲ့ကြောင်းမပြောပေ။ အဲ့ဒီအစား

"အနီရောင်မဟူရာချောက်မှာက အလိမ်အညာတွေအပြည့်ပဲ ငါမနေ့က ဒီအတိုင်းပြောလိုက်တာပါပဲ ဒါပေမဲ့ ငါးအကြီးကြီးဖမ်းမိလိမ့်မယ်တော့မထင်ခဲ့ဘူး" လို့ပြောလိုက်လေသည်။

"အခြားလူတွေက ယင်ဖုန်းတို့အပေါ်ကို သူဌေးကျိုးသေတဲ့ကိစ္စကိုလွှဲချချင်နေကြတယ် အနီရောင်မဟူရာချောက်အဖွဲ့၀င်အချင်းချင်းအပြစ်တင်ဖို့ ငါဖြောင်းဖျခဲ့တာကလည်း သူတို့ကိုကာကွယ်ပေးချင်လို့ပဲ။ ဒီနည်းနဲ့ပဲ အနီရောင်မဟူရာချောက်အဖွဲ့ကိုအားနည်းအောင်လုပ်နိုင်မှာ ယင်ဖုန်းတို့ကလည်း အနီရောင်မဟူရာချောက်အဖွဲ့မှာအတွင်းထဲမှာ သဘောထားတွေကွဲလွဲပြီး ပြိုကွဲသွားဖို့အချိန်တခုပဲလိုတော့တာကိုလည်း သဘောပေါက်မှာပဲ ဒါ‌ကြောင့် သူတို့အနေနဲ့ ငါတို့ဘက်ကို ဘက်ပြောင်းဖို့ကလွဲပြီးရွေးစရာမရှိဘူး"

ကျိုးဟောင်ကပြုံးပြီးရှင်းပြလိုက်သည်။

သူ့စကားဆုံးသောအခါ အားလုံးအံ့ဩသွားကြလေသည်။ အခြေအနေတခုလုံးအား ကျိုးဟောင်ကစကားဖြင့်ပြောင်းလဲနိုင်ခဲ့လေသည်။ ဒါ့အပြင် အနီရောင်မဟူရာချောက်အဖွဲ့၀င်အချင်းချင်းကြားတွင်လည်းရန်စများကြီးထွားစေခဲ့ပြီး ယင်ဖုန်းတို့အဖွဲ့ကိုလည်းသူတို့ဘက်ပါချင်လာအောင်လုပ်နိုင်ခဲ့လေသည်။

ဒီလိုအချိန်တိုအတွင်း အခြေအနေကောင်းတရပ်ဖန်တီးကျိုးဟောင်ဖန်တီးနိုင်လိမ့်မည်လို့သူတို့မထင်ထားခဲ့ကြပေ။

"ကျိုးဟောင်နင်က တကယ့်ကိုမျက်နှာနှစ်ဖက်နဲ့လူပဲ အနီရောင်မဟူရာချောက်အဖွဲ့၀င်အချင်းချင်းရန်တိုက်ခဲ့ရုံသာမက ယင်ဖုန်းတို့အဖွဲ့ကိုလည်း ချည်ပြီးတုပ်ပြီးအခြေအနေရောက်အောင်လုပ်ခဲ့တာပဲ"

ယွင်ယန်က သူမ၏နှုတ်ခမ်းလေးကိုတွန့်ပြီးပြောလာလေသည်။

"နင်ဘာသိလို့လဲ ဒါ‌ကသွေးမကျအောင်စီမံဆောင်ရွက်ခြင်းလို့ခေါ်တယ် "

ယွမ်ချန်းက ရယ်ပြီးပြောလေသည်။ သူ့အတွက်လည်းဘေးကင်းဖို့ကအရေးအကြီးဆုံးဖြစ်လေသည်။

ကျိုးဟောင်ယခုလိုလုပ်ခဲ့သောကြောင့် သူတို့အပေါ်ကျရောက်နေသောအမြင်များကိုလည်းဖယ်ရှားနိုင်ခဲ့လေသည်။

"ကျိုးဟောင်ရဲ့လုပ်ဆောင်ချက်ကြောင့် ငါတို့အတွက်အချိန်အတော်ရသွားပြီ"

ရှုလင်ကလည် ခေါင်းညိတ်လိုက်လေသည်။

" ကဲဒါဆိုနောက်ဘာဆက်လုပ်ကြမလဲ ယင်ဖုန်းတို့ကရော တကယ်ကြီး ငါတို့ဘက်ရောက်လာမှာလား တကယ်လို့ သူတို့ငါတို့ဘက်ပါချင်လာရင်ရော ငါတို့လက်ခံကြမှာလား"

ဖန်းယွီကအဓိကမေးခွန်းကိုမေးလိုက်လေသည်။

"ဒါပေါ့ သူတို့ကမူလအဆင့်ပညာရှင်တွေလေ သူတို့မှာ အတော်အတန်ကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေရှိတယ်"

ကျိုးဟောင်ကချက်ချင်းပြန်ဖြေလိုက်လေသည်။

"ဒါပေမဲ့ အဲ့တာက မလုံခြုံသလိုငါခံစားရတယ် သူတို့ကကောင်းတဲ့လူတွေမဟုတ်ဘူး"

ဖန်းယွီကစိတ်ပူနေလေသည်။

"အဆင်ပြေပါတယ် ငါတို့သူတို့ကို အရမ်းမမြှောက်ပင့်လွန်းသ‌ရွေ့ သူတို့ငါတို့ကိုဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ ဒါ့အပြင် ငါတို့နောက်မှာလည်း အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းရှိသေးတယ် သူတို့ရဲ့အနာဂတ်ကိုငါတို့လို မဟာဆရာသခင်အဆင့်လောက်လေးတွေကြောင့်တော့ အပျက်စီးခံမှာမဟုတ်ဘူး"

"တခြားတဖက်ကကြည့်ရင်လည်း သူတို့အနေနဲ့ ငါတို့နောက်လိုက်တာက အကျိုးအမြတ်တွေရနိုင်တာပဲ ဒီကိစ္စတွေပြီးရင် သူတို့အနေနဲ့ လွတ်ငြိမ်းခွင့်ရမယ်ဆိုတာ ငါဟာသလုပ်ပြီးပြောခဲ့တာမဟုတ်ဘူး တကယ်လို့ အနီရောင်မဟူရာချောက်မှာရှိတဲ့ပြဿနာတွေကိုငါတို့ဖြေရှင်းနိုင်ရန်ကျိန်းသေပေါက်ငါတို့ မူလအဆင့်ကိုတက်လှမ်းနိုင်မှာပဲ အဲ့လိုအချိန်ကျ သူတို့ကို အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းဆီခေါ်သွားလည်း ဘယ်သူမှ ကန့်ကွက်ကြမှာမဟုတ်ဘူး"

ကျိုးဟောင်ပြောပြပြီးသောအခါ သူတို့အားလုံး သဘောပေါက်သွားကြလေသည်။

ထိုအချိန်မှာပဲ ကျိုးဟောင်က ယင်ဖုန်းနှင့်အခြား၂ ယောက်၏အရှိန်အဝါကိုအာရုံခံလိုက်မိသောကြောင့် ပြုံးလိုက်လေသည်။

"ငါတို့ဧည့်သည်တွေရောက်လာကြပြီ"

ကျိုးဟောင်ကပြောပြီးနောက် အားလုံးကိုခေါ်ပြီး စံအိမ်တော်အပြင်ဘက်သို့ထွက်လာလေသည်။ တံခါးအပြင်တွင် ယင်ဖုန်းတို့ ၃ယောက်နှင့်အတူ အခြားသိုင်းပညာရှင်များက ရိုကျိုးစွာမတ်တပ်ရပ်နေကြလေသည်။

"စစ်သေနာပတိချုပ်တို့ကိုနှုတ်ဆက်ပါတယ်"

ကျိုးဟောင်တို့အပြင်ထွက်လာသည်နှင့် ယင်ဖုန်းနှင့်အခြား၂ယောက်က ကျယ်လောင်စွာနှုတ်ဆက်လိုက်လေသည်။အခြားသိုင်းပညာရှင်များကလည်း တညီတညာတည်း လိုက်ပါနှုတ်ဆက်ကြလေသည်။

" လက်ထောက်စစ်သေနာပတိချုပ်ယင်ဖုန်း ခင်ဗျားတို့ဘာလုပ်နေကြတာလဲ"

ကျိုးဟောင်က မသိချင်ယောင်ဆောင်ပြီးမေးလိုက်လေသည်။

"စစ်သေနာပတိချုပ်ကျိုး ကျုပ်တို့အရင်ကပေါ့ပေါ့ဆဆလုပ်ခဲ့မိတဲ့အတွက်တောင်းပန်ပါတယ်။ ခင်ဗျားတို့က အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းကစေလွှတ်လိုက်တဲ့စစ်သေနာပတိချုပ်တွေဖြစ်ပြီး ကျုပ်တို့က လက်ထောက်စစ်သေနာပတိတွေဖြစ်ပါတယ် ကျုပ်တို့လည်း အဲ့လိုပဲဖြစ်စေချင်ပါတယ်"

ဟွားမန်လော့ပြုံးပြီးပြောလိုက်လေသည်။

"ကျုပ်‌သဘောပေါက်ပြီ အဲ့လိုဆိုမှတော့ ကျုပ်မငြင်းတော့ပါဘူး"

ဟွားမန်လော့မှာ တကယ့်ကိုဉာဏ်ပြေးပေသည်။သူတို့အနေဖြင့် ဒီနေရာတွင် အညံ့ခံဖို့လာသော်လည်း လေသံကအထက်စီးဆန်နေစဲဖြစ်လေသည်။

"ကျေးဇူးတင်ပါတယ် စစ်သေနာပတိချုပ်တို့ ကျုပ်တို့ သိုင်းပညာရှင်တွေအကုန်လုံးကိုခေါ်လာပါတယ် ညွှန်ကြားလိုတာအားလုံး ညွှန်ကြားနိုင်ပါတယ် သူတို့မနာခံဘဲ မနေရဲပါဘူး"

ယင်ဖုန်းကလည်းချက်ချင်းပြောလာလေသည်။

"ကျေးဇူးတင်ပါတယ် စီနီယာတို့ ကျုပ်တို့အားလုံးကဉာဏ်ပြေးတဲ့သူတွေပဲဆိုတော့ ကျုပ်ဒီမှာပဲ တည့်ပဲပြောတော့မယ် ကျုပ်တို့တာ၀န်အောင်မြင်‌တာနဲ့ခင်ဗျားတို့ကို ဒီကခေါ်ထုတ်သွားပေးမယ်"

ကျိုးဟောင်စကားဆုံးသောအခါ သူတို့၃ ယောက်လုံး ၏မျက်နှာ၌ပျော်ရွှင်နေသောအမူအရာများပြည့်သွားလေသည်။

သူတို့အားလုံး ထွက်သွားနိုင်ပါက ဒီလိုငရဲခန်းလိုနေရာမျိုးတွင်အဘယ့်ကြောင့်နေမည်နည်း။

ဒါ့အပြင် သူဌေးကျိုးသေသွားသောကြောင့် တိုက်ပွဲများအချိန်မရွေးဖြစ်ပွားနိုင်လေသည်။

"ကျေးဇူးတင်ပါတယ် စစ်သေနာပတိချုပ်ကျိုး"

သူတို့၃ယောက်လုံး တပြိုင်တည်း လက်များမြှောက်ကာ ကျေးဇူးတင်စကားဆိုလိုက်လေသည်။

"ခင်ဗျားတို့ ၃ယောက်လုံး အရမ်းယဉ်ကျေးနေဖို့မလိုပါဘူး ကျုပ်တို့က စစ်သေနာပတိချုပ်တွေဆိုပေမဲ့ ခင်ဗျားတို့က စီနီယာတွေပါ။ ခင်ဗျားတို့ ၃ယောက်အကူအညီနဲ့ဆို ကျုပ်တို့အတွက်အများကြီးလွယ်ကူသွားမှာပါ ကျုပ်တို့အတူတူဒီလိုပူးပေါင်းလုပ်ဆောင်နိုင်တာ ကောင်းတဲ့အရာပဲ"

"ဒိလိုပျော်ရွှင်ဖွယ်အခိုက်အတန့်လေးမှာ ကျုပ်တို့ စီနီယာချန်းရဲ့ ပြောင်မြောင်တဲ့ကလပ်ကိုသွားပြီး အောင်ပွဲခံကြရင်မကောင်းဘူးလား"

ကျိုးဟောင်ကပြောလိုက်လေသည်။

ကျိုးဟောင်၏စကားကြောင့် ယင်ဖုန်းတို့အဖွဲ့၏ အမူအရာများပြောင်းလဲသွားလေသည်။သူတို့အနေဖြင့်ကျိုးဟောင်တို့အဖွဲ့အား ထိုနေရာသို့ခေါ်သွားပါက သူတို့ကျိုးဟောင်တို့ဘက်ပါလိုက်ကြောင်း အခြားသူများသိသွားမည်ဖြစ်လေသည်။

သို့သော် ဘယ်လိုပဲဖြစ်ဖြစ် ဒီအကြောင်းကို အချိန်တိုတိုအတွင်း ဒါမှမဟုတ် အချိန်ခပ်ကြကြာအတွင်းတဖက်လူများသိသွားကြမည်ဖြစ်သောကြောင့် ယင်ဖုန်းလည်း သက်ပြင်းချပြီးခေါင်းညိတ်လိုက်လေသည်။

....................................................................................

အခန်း (၄၀၇) ပြီးပါပြီ။

အခန်း (၄၀၈):ပြဿနာ

ကျိုးဟောင်ကပြုံးလိုက်သည်။ သူ့အနေဖြင့် အနီရောင်မဟူရာချောက်သို့အရင်ကတည်းကသွားရောက်ကြည့်ချင်နေပြီး အခွင့်အရေးမရခဲ့ပေ။ ယခုမူသူ့အတွက်အခွင့်အလမ်းရှိလာလေသည်။

ဒီလိုသွားခြင်းက သူတို့အတွက်အန္တရာယ်ရှိနိုင်ကြောင်းတွေးမိသည်။ သို့သော်လည်း သေချာစဉ်းစားပြီးနောက် အန္တရာယ်ကြုံတွေ့လာပါက သူတို့တွင်ဖြေရှင်းနိုင်စွမ်းရှိလေသည်။

ပထမအချက်အနေဖြင့် ယင်ဖုန်းတို့၃ယောက်ကဲ့သို့ မူလအဆင့်ပညာရှင်များသူတို့အနားတွင်ရှိနေလေသည်။

ဒါ့အပြင်သူတို့မှာ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းမှပညာရှင်များဖြစ်သောကြောင့် တဖက်ကအလောတကြီး အန္တရာယ်မပြုရဲကြပေ။

နောက်ဆုံး ဝှက်ဖဲတချပ်အနေဖြင့်ကျိုးဟောင်ကိုယ်တိုင်လည်း တိုက်ခိုက်နိုင်စွမ်းရှိလေသည်။ကောင်းကင်ဘုံအဆင့်တ၀က်ကျင့်ကြံရေးနှင့် ကောင်းကင်ဘုံအဆင့် တိုက်ခိုက်ရေးစွမ်းရည်ရှိသောသူ့အတွက် ထိုလူများမှာ သူ့အတွက်ပြိုင်ဘက်မဟုတ်ပေ။ သူ့အတွက်ထိုလူများကို သတ်ရန်လိုအပ်လာပါက အသာလေးသတ်နိုင်လေသည်။

သေချာစဉ်းစားပြီးနောက် ကျိုးဟောင်မှာ သွားရောက်ကြည့်ရှုဖို့ဆုံးဖြတ်လိုက်လေသည်။ဒါ့အပြင်အနီရောင်မဟူရာချောက်ထဲတွင် ဖြစ်ပျက်နေသော ၀ရုန်းသုန်းကားဖြစ်စဉ်များကို နားလည်ထားပါက သူ့အနေဖြင့်ကိုင်တွယ်ရပိုလွယ်ကူလေမည်။

သူတို့အားလုံးမှာ ဆွေးနွေးပြီးနောက်ထွက်ခွာလာကြလေသည်။ သိပ်မကြာခင်မှာပဲ အနီရောင်ကမ်းပါးအချို့ကိုကျော်ဖြတ်လာခဲ့ပြီး ကန္တာရမြို့သို့ရောက်ရှိလာကြလေသည်။

ကန္တာရထဲတွင် တည်ရှိသော်လည်း အနီရောင်မဟူရာချောက်သည် အလွန်စည်ကားအသက်၀င်လေသည်။ ကျိုးဟောင်ကိုယ်တိုင်လည်းရှင်းပြနိုင်သောခံစားချက်များဖြင့်ဤနေရာမှာ ထူးခြားကြောင်းခံစားမိနေလေသည်။

အနီရောင်မဟူရာချောက်ထဲတွင် အလွန်ဇိမ်ခံဖွယ်နေရာများပြည့်နှက်နေလေသည်။ ဒီနေရာမှာ ကျတ်တီးမြေဖြစ်သော်လည်း လူများစွာ၀င်ထွက်သွားလာနေကြလေသည်။ သန္ဓေပြောင်းသားရဲများနှင့် မျိုးနွယ်ခြားအချို့ကိုပင်သူတို့တွေ့နေရလေသည်။ လူသားများနှင့် မျိုးနွယ်ခြားများ ပူးတွဲနေထိုင်သည့်အခြေအနေမျိုးမှာ ရှားပါးလှလေသည်။

အနီရောင်မဟူရာချောက်ဆိုသည်မှာ ဒီနေရာ၏ အခေါ်အဝေါ်တခုသာဖြစ်လေသည်။ ဒီကန္တာရမြို့မှာသူ၏ကိုယ်ပိုင်နာမည်ရှိပြီး ထိုနာမည်မှာ တစ်ရာမြို့ဖြစ်လေသည်။ဒီမြို့မှာ အနီရောင်မြေပေါ်တွင် တည်ရှိပြီး မိုင်တရာကျော်ကျယ်၀န်းလေသည်။ ၎င်းမှာ အရမ်းမကြီးမားသော်လည်း လိုအပ်သော ပစ္စည်းကိရိယာများအကုန်ရှိလေသည်။

ဒီမြို့တွင်လာရောက်နေထိုင်သူများမှာလည်း လူဆိုးများ နှင့် ရန်သူများလိုက်သတ်နေခြင်းကြောင့်ပုန်းခိုနေကြသောသူများဖြစ်လေသည်။

ကျိုးဟောင်တို့မှာ ဒီမြို့အကြောင်းကြိုတင်တွေးထားခဲ့ကြသော်လည်း လူကိုယ်တိုင်မြင်တွေ့လိုက်ရချိန်တွင်တော့ အနည်းနှင့်အများ အံ့အားသင့်သွားကြလေသည်။

ဒီမြို့မှာ လုံး၀ပျက်စီးနေခြင်းမျိုးမဟုတ်ဘဲ သာမန်မြို့များကဲ့သို့ပင်ရှိနေလေသည်။

"ဟုတ်တယ် ဒါက အနီရောင်မဟူရာချောက်ပဲ ဒီမြို့မှာနေထိုင်တဲ့သူတွေက လူဆိုးတွေများပေမဲ့ ဒီနေရာမှာ တင်းကြပ်တဲ့စည်းကမ်းတွေရှိတယ် အဲ့ဒါကတော့ ဘယ်သူမှ မြို့ထဲမှာ တိုက်ခိုက်ခွင့်မရှိဘူး တကယ်လို့အဲ့စည်းကမ်းကိုချိုးဖောက်တဲ့သူက သေချာပေါက်သေရမယ်"

ယင်ဖုန်းကရှင်းပြလေသည်။ သူ့စကားဆုံးသောအခါ ကျိုးဟောင်တို့အဖွဲ့မှာ မှင်တက်သွားကြလေသည်။

"မလိုက်နာသူတွေက သေရမယ်ဟုတ်လား ဒါဆို ဒီနေရာမှာ အမိန့်ပေးနေတဲ့သူရှိတာလား"

တကယ်လို့ဒီနေရာတွင်စည်းကမ်းများရှိပါက ထိုစည်းကမ်းများကိုချမှတ်ပေးသည့်လူရှိရလေမည်။ မဟုတ်ပါက စည်းကမ်းချိုးဖောက်သူများကို ဘယ်လိုလုပ်အပြစ်ပေးနိုင်မည်နည်း။

"ဟုတ်တယ် အဲ့လူကတော့ ကမ်းပါးနီဘုရင်ပဲ"

ယင်ဖုန်းရဲ့အမူအရာမှာ အရမ်းတည်ငြိမ်နေလေသည်။ သူ့စကားကြောင့် ကျိုးဟောင်တို့အဖွဲ့မှာ မျက်မှောင်ကြုတ်မိလိုက်ကြလေသည်။

"ကမ်းပါးနီဘုရင်ဟုတ်လား ကောင်းကင်ဘုံအဆင့်ပညာရှင်လား"

သူတို့အားလုံးမေးလိုက်ကြသည်။

"ဘယ်သူမှ သူ့ရဲ့ကျင့်ကြံရေးအဆင့်ကိုမသိကြဘူး ပြီးတော့ လူအနည်းငယ်ကသာသူ့ကိုမြင်ဖူးကြတာ ဒါပေမဲ့ တယောက်ယောက်က စည်းကမ်းဖောက်ပြီးတော့မြို့ထဲမှာ တိုက်ခိုက်ရင်တော့ အပြစ်ပေးခံရမှာပဲ။ လွန်ခဲ့တဲ့၃နှစ်‌တုန်းက တတိယအဆင့်မူလပညာရှင်တိုက်ခိုက်နေကြတာတွေ့ဖူးတယ် သိပ်မကြာခင်ပဲ လက်ကြီးတခုကောင်းကင်ကျလာပြီး သူတို့နှစ်ယောက်လုံးကိုသတ်လိုက်တယ်"

"ကမ်းပါးနီဘုရင်ရဲ့တကယ့်နာမည်က အတိတ်ကအရာ၀တ္တုတဲ့ လူအများအပြားကတော့ မယုံကြဘဲ စမ်းသပ်ကြည့်ဖို့ကြိုးစားကြတယ် ဒါပေမဲ့ လွန်ခဲ့တဲ့၃နှစ်ကကိစ္စကြောင့် လူတိုင်းပါးစပ်ပိတ်ပြီးငြိမ်သွားခဲ့ကြတယ် သူတို့အားလုံး ကမ်းပါးနီဘုရင်အသက်ရှိသေးကြောင်းသိလိုက်ကြရတယ်"

ယင်ဖုန်း၏စကားများကြောင့် ကျိုးဟောင်တို့တုန်လှုပ်သွားကြလေသည်။ သူတို့သည် အနီရောင်မဟူရာချောက်တွင်ရှိသော ကမ်းပါးနီဘုရင်နှင့်ပတ်သက်သော အချက်အလက်များကို မသိခဲ့ကြပေ။

ဒါ့အပြင် ၎င်း၏နာမည်မှာ ကျိုးဟောင်နှင့်အခြားလူများအတွက်ကြားရသည်မှာ တမျိုးဖြစ်နေလေသည်။

"ဒီအတိုင်းဆိုရင်တော့ သူက ကောင်းကင်ဘုံအဆင့်ပညာရှင်ပဲဖြစ်ရမယ်"

ကျိုးဟောင်တုန်လှုပ်သွားခဲ့လေသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် သူဌေးကျိုးအား အပြန်လမ်းတွင်သတ်ခဲ့ခြင်းဖြစ်ပြီး တကယ်လို့ ဒီမြို့ထဲရောက်မှသတ်မိပါက ကောင်းကင်ဘုံအဆင့်ပညာရှင်တယောက်ကို သွားလှုပ်နိုးမိလေမည်။ သူသည် တတိယအဆင့်ကောင်းကင်ဘုံပညာရှင်၏တိုက်ခိုက်ချက်ကိုခုခံနိုင်သော်လည်း တကယ်လို့ကမ်းပါးနီဘုရင်က တတိယအဆင့်အထက်ကောင်းကင်ဘုံပညာရှင်ဖြစ်နေပါက သူ့အတွက်ဘယ်လိုဖြစ်သွားမည်နည်း။

ထိုအကြောင်းများကိုတွေးနေရင်းသူတို့ အနီရောင်မဟူရာချောက်ထဲရောင် ပြောင်မြောင်သောကလပ်ကိုရောက်လာကြလေသည်။

အဝေးကကြည့်နေရင်း ကလပ်မှာ လက်ရာသေသပ်လှပြီး တင့်တယ်လေသည်။ယင်ဖုန်းနှင့်သူ့လူ၂ယောက်အတွက်က ဒီနေရာကို၀င်ထွက်ဖို့မခက်ခဲပေ။ သူတို့၃ယောက်မှာ ဒီနေရာသို့လာနေကြဖောက်သည်များဖြစ်ကြလေသည်။ သူတို့၃ယောက်လာသည်ကိုမြင်သောအခါ ဧည့်ကြိုမိန်းမပျိုလေးများက နွေးထွေးစွာကြိုဆိုပြီး သီးသန့်အခန်းထဲသို့ခေါ်သွားလေသည်။

ထိုနေရာတွင်အရာအားလုံးရှိပြီး ၀န်ဆောင်မှုကလည်းကောင်းမွန်လှပေသည်။ သို့သော်ကျိုးဟောင်ဒီနေရာကိုလာခဲ့သည်မှာအပျော်ရှာဖို့မဟုတ်ဘဲ စီနီယာချန်းနှင့်တွေ့ချင်၍ဖြစ်လေသည်။

ကျိုးဟောင်၏ပထမရည်ရွယ်ချက်မှာ ထိုသူနှင့်တွေ့ရန်ဖြစ်ပြီး ဒုတိယရည်ရွယ်ချက်က အနီရောင်မဟူရာမြို့အားလှည့်ပတ်ကြည့်ရန်ဖြစ်လေသည်။သူ့လိုသိုင်းပညာရှင်မျိုးကအပျော်အပါးကိစ္စကိုသိပ်စိတ်မ၀င်စားပေ။

"စီနီယာချန်းအနေနဲ့ ငါတို့ဒီမှာရောက်နေတဲ့သတင်းကိုကြားမှာပဲ သူမကြာခင်ဒီကိုရောက်လာမှာပဲ သူ့သဘောထားဘယ်လိုရှိမလဲ ငါသိချင်မိတယ်"

ယင်ဖုန်းက ‌မျက်မှောင်ကြုတ်မိလေသည်။ စီနီယာချန်းမှာ ခေသူမဟုတ်ပေ။ အနီရောင်မဟူရာချောက်တွင်သူ့အဖွဲ့အစည်းမှာ နက်နက်ရှိုင်းရှိုင်းပါ၀င်ပတ်သက်မှုရှိလေသည်။ သူသည် မူလအဆင့်ပညာရှင်သာဖြစ်သော်လည်း တကယ်လို့သူတို့တိုက်ခိုက်ကြပါက အနီရောင်မဟူရာချောက်မြို့တ၀က်လောက်ကသူ့ဘက်ကပါမည်ဖြစ်လေသည်။

သူတို့လူနည်းစုလေးကိုအလွယ်တကူသတ်နိုင်လေသည်။

"စိတ်မပူပါနဲ့ စီနီယာချန်းက ကျုပ်တို့ကိုဧည့်၀တ်မကျေဘဲနေမှာမဟုတ်ပါဘူး"

ကျိုးဟောင်ကပြုံးပြီးပြောလိုက်လေသည်။ သူတို့မှာ မကောင်းတဲ့ရည်ရွယ်ချက်ဖြင့်လာခြင်းမျိုးမဟုတ်ပေ။ စီနီယာချန်းကလည်း သူ့ပိုင်နက်ထဲမှာ သူတို့ကိုသတ်ရလောက်အောင်အထိလည်း မတုံးအပေ။

ကျိုးဟောင်စကားဆုံးသောအခါ အခန်းတံခါးပွင့်လာပြီး စီနီယာချန်းက ပြုံးကာ၀င်ရောက်လာလေသည်။

"ဒါက တစ်ရာမြို့ရဲ့စစ်သေနာပတိချုပ်တွေပေါ့ ကြိုဆိုပါတယ်... ကြိုဆိုပါတယ်.."

စီနီယာချန်းကဖော်ဖော်ရွေရွေရှိလေသည်။ ပြီးခဲ့သောကြောင့် ညကသူ၏ရန်လိုသောသဘောထားကိုသာမတွေ့ခဲ့ပါက စီနီယာချန်းက သဘောကောင်းပြီးစကားပြောလို့ကောင်းသူလို့အထင်မှားနိုင်လောက်ပေသည်။

သို့သော်ကျိုးဟောင်က ဒီလူသည်အားလုံးမှာ ညှိနှိုင်းရအခက်အခဲဆုံးဖြစ်ပြီး ကိုင်တွယ်ရမလွယ်ကူသောသူဖြစ်ကြောင်းသဘောပေါက်လေသည်။

"စီနီယာချန်း အရမ်းယဉ်ကျေးဖို့မလိုပါဘူး။ ကျုပ်တို့ကဒီကိုပျော်ဖို့လာခဲ့တာပါ ကျုပ်တို့ခင်ဗျားကိုအထိတ်တလန့်လုပ်ဖို့မဟုတ်ပါဘူး"

ကျိုးဟောင်ကပြုံးပြီးပြန်ပြောလိုက်သည်။သူ့စကားကြောင့်စီနီယာချန်းမှာ မှင်တက်သွားလေသည်။ သူပိုပြီးမှင်တက်သွားရသည့်အချက်မှာ သူနှုတ်ဆက်စကားပြောနေစဉ်တွင် ကျိုးဟောင်တို့အဖွဲ့နောက်တွင် ယင်ဖုန်းတို့အဖွဲ့မှ ဘာစကားမှ ၀င်မပြောဘဲငြိမ်နေသည့်အချက်ကိုပင်ဖြစ်လေသည်။

ယင်ဖုန်းတို့မှာ ကျိုးဟောင်တို့နှင့်ပူးပေါင်းလိုက်ကြောင်းသူသဘောပေါက်လိုက်လေသည်။ သူအံ့ဩသလိုတုန်လှုပ်သွားရသည့်အချက်မှာ ကျိုးဟောင်ကဲ့သို့မဟာဆရာသခင်အဆင့်သာရှိသေးသည်လူက ယင်ဖုန်းဆို့အား သူ့လက်အောက်ခံဖြစ်လာအောင်သိမ်းသွင်းနိုင်ခဲ့ခြင်းကိုပင်ဖြစ်လေသည်။

ဒီနေ့တွင် ကျိုးဟောင်၏စကားများက အနီရောင်မဟူရာချောက်အဖွဲ့၀င်များကြားခြောက်ခြားသွားစေလေသည်။ သူ့အနေဖြင့် ဒီလူငယ်လေးအား လျော့မတွက်ရဲတော့ပေ။

"စစ်သေနာပတိကျိုးတို့လို တော်၀င်အဆင့်အတန်းနဲ့လူတွေရောက်နေတာကို ကျုပ်က မလာဘဲနေလို့မဖြစ်ဘူးလေ"

"စစ်‌သေနာပတိကျိုး ကျုပ်တ‌ခုလောက်မေးစရာရှိတယ် ဒါပေမဲ့မေးသင့်ရဲ့လားတော့ ကျုပ်သေချာမသိဘူး"

စီနီယာချန်းကပြောလိုက်လေသည်။

"စီနီယာချန်းသိချင်တာ လွတ်လွတ်လပ်လပ်မေးလို့ရပါတယ်"

ကျိုးဟောင်ကခေါင်းညိတ်ပြပြီးပြန်ပြောလိုက်သည်။

စီနီယာချန်းက အသက်၀၀ရှူပြီးနောက်မေးလိုက်လေသည်။

" ကျုပ်မေးချင်တာကတော့ မင်း သူဌေးကျိုးသေဆုံးရခြင်းနဲ့တခုခုများပတ်သက်နေလား"

စီနီယာချန်းစကားကြောင့်သူတို့အားလုံး တုန်လှုပ်သွားလေသည်။

....................................................................................

အခန်း (၄၀၈) ပြီးပါပြီ။

All Chapters