အခန်း (၄၀၉-၄၁၁)
Vol. 28 Ch. 409-411
အခန်း (၄၀၉) : ဖိတ်ခေါ်ခြင်း
ထိုစကားကိုကြားလိုက်သောအခါ မည်သည့်အမူအရာမှမပြသသော်လည်း စိတ်ထဲကကတော့ ကျိန်ဆဲလိုက်မိလေသည်။
ဒီစီနီယာချန်းက သူ့အားစမ်းသပ်နေခြင်းဖြစ်လေသည်။ စီနီယာချန်းအနေဖြင့် ဒီကိစ္စကသူတို့နှင့်ဆက်နွယ်နေကြောင်း သံသယ၀င်နေသေးလေသည်။
သို့သော်ကျိုးဟောင်တို့နှင့်ပတ်သက်နေကြောင်းလည်း မည်သည့်သဲလွန်စမှမရှိပေ။ ဒီသံသယ၀င်နေသည့်အချက်မှာလည်း သူ့စိတ်ထင်သာဖြစ်လေသည်။
"စီနီယာချန်း ခင်ဗျားကရော သူဌေးကျိုးသေတဲ့ကိစ္စကကျုပ်တို့နဲ့ပတ်သက်နေတယ်ထင်သလား"
ကျိုးဟောင်ကဒီလိုပြန်မေးလိမ့်မည်လို့ စီနီယာချန်းမထင်ထားခဲ့ပေ။
"ငါကတော့ မင်းနဲ့တခုခုပတ်သက်နေလိမ့်မယ်လို့ထင်တယ်"
စီနီယာချန်းက ဒီလိုပြန်ပြောလိုက်သောအခါ အခြေအနေများချက်ချင်းပြောင်းလဲသွားလေသည်။
ယင်ဖုန်းနှင့် အခြားလူ၂ယောက်မှာ သက်ပြင်းချလိုက်ပြီး အချိန်မရွေးတိုက်ခိုက်နိုင်ဖို့ပြင်ဆင်ထားလိုက်လေသည်။ ရှုလင်နဲ့အခြားသူများ ရင်ခုန်သံများဗြောင်းဆန်လာလေသည်။ သူတို့အားလုံး စီနီယာချန်းက တိုက်ခိုက်ဖို့ ပြင်ဆင်ထားပြီလို့ထင်နေကြလေသည်။
"စစ်သေနာပတိကျိုး ကျုပ်ပွင့်ပွင့်လင်းလင်းပြောတတ်တာကိုစိတ်ထဲမထားပါနဲ့ ဒီကိစ္စမှာ အကျိုးအမြတ်အရှိဆုံးသူက ခင်ဗျားဖြစ်နေလို့ပါ။ ခင်ဗျားဒီကိုဘာကိစ္စနဲ့လာလဲမသိပေမဲ့ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းက ဒီကို လူမလွှတ်တာကြာပြီ။သူတို့ ခင်ဗျားကို ရုတ်တရက်ဒီကိုလွှတ်ရတဲ့အကြောင်းအရင်းတော့ရှိရမယ်"
"တကယ်လို့ ခင်ဗျား မပြောပြချင်ရင်လည်း ကျုပ်ဘာမှထပ်မမေးတော့ပါဘူး ဒါပေမဲ့ ကျုပ်ပြောချင်တာကတော့ ခင်ဗျားဘယ်လိုလုပ်ခဲ့လဲမသိပေမဲ့ ခင်ဗျားက သံသယ၀င်ဖို့အကောင်းဆုံးပဲ"
စီနီယာချန်း၏စကားများက လက်ခံဖွယ်ရှိပေသည်။သူပြောသောအချက်များကလည်း မှန်ကန်နေလေသည်။
သို့သော်လည်း ကျိုးဟောင်က ခေါင်းခါပြရင်းစီနီယာချန်းကိုကြည့်ပြီး ပြောလိုက်လေသည်။
" စီနီယာချန်း ခင်ဗျား ကျုပ်တို့ကို အထင်ကြီးလွန်းနေပါပြီ ပထမအချက်အနေနဲ့ ကျုပ်တို့ကခုမှပထမဆုံး တစ်ရာမြို့နဲ့ အနီရောင်မဟူရာချောက်ကိုရောက်တာပါ ကျုပ်တို့အဖွဲ့အနေလည်း တည်မငြိမ်သေးဘူး ခင်ဗျားတို့ကိုရင်ဆိုင်ဖို့မပြောနဲ့ စစ်သေနာပတိချုပ်စံအိမ်တော်ကသိုင်းပညာရှင်တွေကိုတောင် နာခံလာအောင်ကြိုးစားနေရတုန်းပါ ကျုပ်တို့ကဘယ်လိုလုပ်ခင်ဗျားတို့ကိုရန်စရဲမှာလဲ"
"ဒုတိယအချက်အနေနဲ့က ကျုပ်တို့မှာခုလိုလုပ်နိုင်တဲ့အရည်အချင်းမျိုးရှိနေရင်လည်း ဘာလို့ကွယ်ဝှက်ထားရမှာလဲ ခင်ဗျားနည်းနည်းအတွေးလွန်နေတာဖြစ်မှာပါ"
ကျိုးဟောင်က သေချာပြောပြလိုက်လေသည်။ ထိုစကားများကြောင့် စီနီယာချန်းကသက်ပြင်းရှည်ကြီးချလိုက်လေသည်။
"ကျုပ်နားလည်ပါတယ် ဒါပေမဲ့ ဒီအနီရောင်မဟူရာချောက်မြို့ထဲမှာ သူဌေးကျိုးကိုသတ်ချင်တဲ့သူဘယ်သူလဲဆိုတာကိုကျုပ်စဉ်းစားလို့မရနေဘူး ဒါတွေရဲ့ရည်ရွယ်ချက်ကရောဘာလဲ"
စီနီယာချန်းမှာ ပဟေဠိဖြစ်နေလေသည်။ သူ့အနေဖြင့်ကျိုးဟောင်၏စကားကိုအရင်ကတည်းကယုံခဲ့ပြီးသားဖြစ်သော်လည်း ကျိုးဟောင်အတွေးထဲဘာရှိနေသလဲသိချင်သောကြောင့် အစ်မေးခဲ့ခြင်းဖြစ်လေသည်။
"ဒါတော့ ကျုပ်လည်းမသိဘူး ကျုပ်တို့က အခုမှ ဒီကိုရောက်တာဖြစ်ပြီး အခြေတကျတောင်မဖြစ်သေးဘူး။ အနီရောင်မဟူရာချောက်ထဲကိုလည်း ဒီနေ့မှပထမဆုံးရောက်ဖူးတာ ဒါ့ကြောင့် ဒီနေရာမှာ ဖြစ်ခဲ့တာအဲ့ကိစ္စအတွက် ကျုပ်လုပ်ပေးနိုင်တာကတော့ ခွဲခြမ်းစိတ်ဖြာပေးတာပဲ။ တရားခံဘယ်သူလဲဆိုတဲ့ကိစ္စကိုတော့ ကျုပ်လည်းမသိဘူး"
ကျိုးဟောင်ကပြုံးပြီးပြောလိုက်လေသည်။ စီနီယာချန်းလည်း ခုမှ စိတ်သက်သာရာရသွားပုံပေါ်လေသည်။
"ဟူးး... ဒီကိစ္စက လက်လှမ်းမှီတဲ့အခြေအနေမဟုတ်ဘူးပဲ။ စစ်သေနာပတိချုပ်ကျိုး ခင်ဗျားတို့ကအစိမ်း ရောင်တိမ်တိုက်အဖွဲ့အစည်းအပေါ် အပြစ်ကျူးလွန်ခဲ့တာကြောင့် ထွက်ပြေးပုန်းရှောင်နေရတဲ့သူတွေဆိုတာ ခင်ဗျားသိပြီးသားပါ"
"ဒါပေမဲ့ အမှန်တိုင်းပြောရရင် ကျုပ်တို့အများစုကဒီကိစ္စအတွက် အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းအပေါ် အပြစ်တင်စောဒကတက်တာမျိုးမလုပ်ဖူးပါဘူး။ ရှင်းရှင်းပြောရရင် ကျုပ်တို့ကမကောင်းတာတွေလုပ်ခဲ့တာကြောင့် ပြည်နှင်ဒဏ်ပေးခံခဲ့ရတာဖြစ်ပြီး ဒီကိစ္စအတွက်ဘယ်သူ့ကိုမှလည်းအပြစ်မတင်ဖူးပါဘူး။ ပြီးတော့ မင်းတို့ကိုလည်း လှည့်စားဖို့ရည်ရွယ်ချက်မရှိပါဘူး။ မင်းတို့ဒီကိုလာတာ ရိုးရိုးသားသားမဟုတ်ဘူးလို့ခံစားမိတာကြောင့် ကျုပ်တို့နည်းနည်းရန်လိုမိခဲ့တာပါ ဒါကိုစိတ်ထဲမထားပါနဲ့"
စီနီယာချန်းက အနည်းငယ်တော့ဖြောင့်မတ်လေသည်။ ကျိုးဟောင်လည်းစိတ်ထဲကခေါင်းညိတ်လိုက်မိသည်။
"စီနီယာချန်း ခင်ဗျားကတကယ်ကိုဖြောင့်မတ်တာပဲ"
ကျိုးဟောင်ကပြုံးပြီးပြောလိုက်လေသည်။
"စစ်သေနာပတိချုပ်ကျိုး တကယ်လို့ ကိစ္စထွေထွေထူးထူးမရှိတော့ရင်ကျုပ်ကိုအရင်သွားခွင့်ပြုပါဦး။ ကျိုးခမ်းကိစ္စကပြဿနာအနည်းငယ်ပေးနေလို့ပါ။ အခုကျိုးမိသားစုက ခွေးရူးတကောင်လို မြင်မြင်သမျှလိုက်ကိုက်နေလို့ပါ"
စီနီယာချန်းကသက်ပြင်းချပြီးပြောလေသည်။
ဒီအချိန်တွင်ကျိုးမိသားစုကလူတိုင်းကိုသံသယ၀င်နေပြီး အနီရောင်မဟူရာချောက်မြို့ထဲမှာလည်း ၀ရုန်းသုန်းကားဖြစ်စေလေသည်။
ကျိုးဟောင်ကခေါင်းညိတ်ပြလိုက်လေသည်။ထို့နောက်စီနီယာချန်းလည်းထွက်ခွာသွားလေသည်။ကျိုးဟောင်လည်း စီနီယာချန်း၏သဘောထားကိုနားလည်လိုက်ပြီး စိတ်အေးသွားရလေသည်။ ဒီအနီရောင်မဟူရာချောက်မှာ ပျက်စီးနေပြီး သူ့နောက်လှုပ်ရှားမှုကလည်း စီနီယာချန်း၏သဘောထားအပေါ်မူတည်နေလေသည်။
ကျိုးဟောင်တို့အဖွဲ့အနေဖြင့် ကလပ်ကထွက်လာပြီးနောက်မြို့ထဲလျှောက်ကြည့်ဖို့စဉ်းစားထားသော်လည်း ကျိုးမိသားစုဆီမှ မမျှော်လင့်သော ဖိတ်ကြားချက်တခုရရှိခဲ့လေသည်။
"စစ်သေနာပတိချုပ်တို့ ကျုပ်က ကျိုးမိသားစုအိမ်တော်က အိမ်တော်ထိန်းပါ။ မိသားစုရဲ့ သခင်ကြီးနဲ့သခင်မကြီးက ဆရာတို့ကို လေလံအိမ်တော်ကိုလာရောက်ဖို့ ဖိတ်ခေါ်ခိုင်းလိုက်လို့ပါ"
အထွတ်အထိပ်မဟာဆရာသခင်အဆင့်ရှိသော အသက်ကြီးကြီးလူတယောက်ရောက်လာပြီး သူ့လက်ထဲတွင်ဖိတ်စာတခုကိုင်ထားသောကြောင့် ကျိုးဟောင်တို့ အံ့ဩသွားလေသည်။
"တကယ်လို့ စီနီယာကျိုးက ဖိတ်တာဆိုရင်တော့ ကျုပ်သွားရမှာပေါ့"
ကျိုးဟောင်ကပြုံးပြီးပြောလိုက်သည်။
သို့သော်လည်း ယင်ဖုန်းကအနည်းငယ်စိုးရိမ်နေလေသည်။
"စစ်သေနာပတိချုပ်ကျိုး ကျုပ်တို့မသွားသင့်ဘူးလို့ထင်တယ်။ ကျိုးမိသားစုကအရမ်းစွမ်းအားကြီးတယ်။ ကျိုးခမ်းရဲ့အဖေက ဆဌမအဆင့်မူလပညာရှင်ဖြစ်ပြီး ကျိုးခမ်းရဲ့မိန်းမကတောင်မှ တတိယအဆင့်မူလပညာရှင်ပဲ ပြီးတော့ ကျိုးမိသားစုကလေလံအိမ်တော်ကိုဦးစီးလာတာကြာပြီး ဩဇာလည်းကြီးမားတယ်။။ တကယ်လို့ ကျုပ်တို့ရင်ဆိုင်ရင် ...."
ယင်ဖုန်းကထိတ်လန့်နေလေသည်။ ယခုကျိုးမိသားစုမှာ ခွေးရူးတကောင်နှင့်တူနေပြီး မြင်သမျှကိုက်ချင်နေလေသည်။ဒါ့ကြောင့် သူတို့အပေါ်တွင်လည်း တခုခုသက်ရောက်လာမည်စိုးသောကြောင့် ကျိုးဟောင်အားသတိကပ်ပေးနေလေသည်။
သို့သော်လည်း ကျိုးဟောင်ကပြုံးပြီးပြောလိုက်လေသည်။
"လက်ထောက်စစ်သေနာပတိယင် အရမ်းအတွေးမလွန်ပါနဲ့။ ကျိုးမိသားစုကကျုပ်တို့ကိုအခက်အခဲဖြစ်အောင်မလုပ်ပါဘူး။ ကျုပ်တို့မသွားမှသာ ကျုပ်တို့အပေါ်ပိုပြီး သံသယ၀င်မှာမဟုတ်ဘူးလား"
ကျိုးဟောင်ကပြောပြီးသည်နှင့် အိမ်တော်ထိန်းအားလမ်းပြခိုင်းလေသည်။သိပ်မကြာခင်ပဲ လေလံအိမ်တော်သို့ရောက်လာခဲ့လေသည်။ ပြောင်မြောင်သောကလပ်ကဲ့သို့ပင် လေလံအိမ်တော်မှာလည်း ဇိမ်ခံပစ္စည်းများနှင့်ပြည့်နှက်နေလေသည်။ ၀တ္ထုတွေထဲပါသော နန်းတော်ကြီးများနှင့်တောင်ဆင်တူနေလေသည်။ သူတို့နေထိုင်ဖူးသော သမာရိုးကျအဆောက်အအုံများနှင့်လုံး၀မတူပေ။
လေလံအိမ်တော်တိုင်းကသန်မာဖို့လိုအပ်လေသည်။ မဟုတ်ပါက တန်ဖိုးကြီးရတနာများအား လေလံတင်နိုင်မည်မဟုတ်ပေ။ဒါ့ကြောင့် လေလံအိမ်တော်၏အင်အားက ပြောင်မြောက်သောကလပ်ပိုင်ရှင်ထက်ပိုကြီးမားလေသည်။
သူတို့အားလုံးလေလံအိမ်တော်ထဲ၀င်လာခဲ့ပြီး ဓာတ်လှေကားစီးကာ ထိပ်ဆုံးအထပ်သို့တက်လာခဲ့လေသည်။
ထိပ်ဆုံးအထပ်မှာ လေလံအိမ်တော်၏ရုံးခန်းဖြစ်လေသည်။ ထိုအထဲတွင်လူအများအပြားထိုင်နေပြီး သူတို့ထဲမှခေါင်းဆောင်မှာ ခေါင်းဖြူနေသောအဖိုးကြီးတဦးဖြစ်လေသည်။ထိုလူကြီး၏အမူအရာမှာအေးဆေးနေပြီး မူလအဆင့်ပညာရှင်တယောက်၏အံ့ဖွယ်အရှိန်အဝါများလည်းထုတ်လွှင့်နေလေသည်။
ထိုပုဂ္ဂိုလ်မှာ ကျိုးခမ်း၏အဖေ ကျိုးချန်သောင့် ဖြစ်လေသည်။ အနီရောင်မဟူရာချောက်တွင် ထိုလူမှာတဦးတည်းသော ဆဌမအဆင့်မူလပညာရှင်စစ်မှုထမ်းဟောင်းတယောက်အဖြစ်သတ်မှတ်လို့ရလေသည်။ ထိုလူမှာအလွန်ထူးချွန်ပြီး သူခြေတချက်စောင့်ရုံဖြင့် အနီရောင်မဟူရာချောက်မြို့တခုလုံးတုန်ခါသွားနိုင်လေသည်။
သူ့ဘေးတွင်ထိုင်နေသူက အသက်လတ်အရွယ်အမျိုးသမီးတဦးဖြစ်ပြီး သူမ၏မျက်လုံးများမှာ နီရဲကာဖောင်းအစ်နေလေသည်။ ဒါသည် သူမအရမ်းငိုထားကြောင်းသိသာလေသည်။ ကျိုးဟောင်အထင်မမှားပါက သူမသည်ကျိုးခမ်း၏ဇနီးဖြစ်နိုင်လေသည်။
ကျိုးပေရှန်းလည်း ထိုနေရာတွင်ထိုင်နေပြီး သူ့အမူအရာမှာလည်းသိပ်မကောင်းပေ။ ကျိုးဟောင်တို့အဖွဲ့၀င်လာသောအခါသူတို့အားလုံး လှမ်းကြည့်လိုက်ကြလေသည်။
ယင်ဖုန်း၏အမူအရာမှာ အတော်တုန်လှုပ်နေလေသည်။ သူ့နောက်တွင်ရှိနေသော ဟွားမန်လော့နှင့်တူရှန်းတို့ ၂ယောက်လည်းထိုနည်းလည်းကောင်းပင်။ ကျိုးဟောင်တယောက်တည်းအေးဆေးတည်ငြိမ်နေလေသည်။
"စီနီယာကျိုး"
ကျိုးဟောင်သည်ပြုံးပြီး ကျိုးချန်သောင့်အားနှုတ်ဆက်လိုက်လေသည်။ရှုလင်နှင့်အခြားလူများကတော့ ခေါင်းညွတ်ပြလိုက်ပြီးဘာမှမပြောပေ။
ကျိုးဟန်တောင်က နှာခေါင်းရှုတ်လိုက်ပြီးအေးစက်စွာပြောလိုက်လေသည်။
" စစ်သေနာပတိချုပ်ကျိုး ခင်ဗျား ကျုပ်သားကိုဘယ်လိုတောင်အကွက်ချရဲတာလဲ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းချက်တခုခုမပေးနိုင်သရွေ့ ခင်ဗျားတို့ ဒီလေလံအိမ်တော်ထဲက ထွက်သွားနိုင်ဖို့မတွေးနဲ့"
ကျိုးချန်သောင့်ကထိုကဲ့သို့ပြောပြီးနောက်ပတ်၀န်းကျင်ရှိလေထုမှာ သိပ်သည်းလာပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ပျံနှံ့လာလေသည်။
....................................................................................
အခန်း (၄၀၉) ပြီးပါပြီ။
အခန်း (၄၁၀) :ဂြိုလ်သားလား
ကျိုးချန်သောင့်ကဒီလိုပြောလာလိမ့်မည်လို့ ဘယ်သူမှ မထင်ထားခဲ့ပေ။ သို့သော်သူတို့ဒီအတွက်လည်းကြိုတင်ပြင်ဆင်ထားခဲ့လေသည်။
ယင်ဖုန်း ၊ ဟွားမန်လော့နှင့်တူရှန်းတို့ကလည်းသူတို့၏အရှိန်အဝါများကိုချက်ချင်းလှုံ့ဆော်ပြီးထုတ်လွှတ်လိုက်လေသည်။ ကျိုးချန်သောင့်မှာ ဆဌမအဆင့်မူလပညာရှင်တယောက်ဖြစ်သော်လည်း သူတို့ပေါင်းပြီးအသေအကြေတိုက်ပါက အခွင့်အရေးတော့ရှိနိုင်သေးလေသည်။
ရှုလင်နှင့်အခြားသူများကတော့သူတို့၏အမူအရာများပြောင်းလဲသွားသော်လည်း ဘာမှတော့ထုတ်မပြောသေးပေ။
"ဆရာသခင်ကြီးကျိုး ခင်ဗျားဒါကဘာအဓိပ္ပာယ်လဲ ခင်ဗျားပဲကျုပ်တို့ကိုလေလံအိမ်တော်ကိုဖိတ်ခေါ်ခဲ့ပြီး ခုကျဖြေရှင်းချင်တောင်းနေပါလား ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတဲ့အပေါ်ခင်ဗျားတခုခုအထင်မှားနေပြီထင်တယ်။ ကျုပ်တို့သူဌေးကျိုးကို မတိုက်ခိုက်ခဲ့ပါဘူး"
ယင်ဖုန်းကအလျင်အမြန်ပင်ပြောလိုက်လေသည်။ သူသည် ကျိုးချန်သောင့်တိုက်ခိုက်လာမည်ကိုစိုးရိမ်နေခဲ့လေသည်။
"ဟမ် အဲ့လိုလား ကဲဒါဆိုပြောစမ်းပါဦး..... စစ်သေနာပတိချုပ်ကျိုးကို အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းကဘာလို့ဒီကိုလွှတ်လိုက်တာလဲ တကယ်လို့မပြောပြဘူးဆိုရင်တော့ ကျုပ်မယဉ်မကျေးဆက်ဆံတဲ့အတွက်အပြစ်မတင်နဲ့"
ကျိုးချန်သောင့်က မတ်တပ်ရပ်လာပြီး သူ၏ကျင့်ကြံရေးစွမ်းအားများမှာလည်း သူ့ခန္ဓာကိုယ်မှ ပျံ့လွှင့်နေလေသည်။
သူသည်ဆဌမအဆင့်မူလပညာရှင်တယောက်သာဖြစ်သော်လည်း သူ့အရှိန်အဝါကလူတိုင်းအား ဖိနှိပ်ထားနိုင်လေသည်။
ရှုလင် နှင့်အခြားလူများမှာလည်း ထိုအရှိန်အဝါဖြင့်ဖိနှိပ်ခြင်းခံရသောကြောင့် မျက်နှာများဖြူဖျော့လာလေသည်။သူတို့အားလုံးမှာ မဟာဆရာသခင်အဆင့်သာရှိသေးသောကြောင့် ထိုအရှိန်အဝါ၏ဖိနှိပ်မှုကို တောင့်မခံနိုင်ကြပေ။
ကျိုးဟောင်ကတော့ ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်ဖြစ်သောကြောင့် တောင့်ခံနိုင်ပြီး ကျိုးချန်သောင့်အား သတ်နိုင်သော်လည်း သူလည်းဖိနှိပ်ခံထားရသလိုဟန်ဆောင်နေလေသည်။
"စီနီယာကျိုး ခင်ဗျားအထင်မှားနေပြီ ကျုပ်တို့ သူဌေးကျိုးကိုမသတ်ခဲ့ဘူး။ ကျုပ်တို့မှာအဲ့လိုလုပ်ဖို့အကြောင်းအရင်းလည်းမရှိဘူး ဒုတိယအချက်အနေနဲ့ တကယ်လို့ ကျုပ်တို့သတ်ချင်ရင်လည်း ဒီလိုအငြင်းပွားဖွယ်ရာတွေလုပ်မနေဘဲ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းက ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်ကိုခေါ်ပြီး ဖြေရှင်းခိုင်းလို့ရတယ်"
ကျိုးဟောင်က ထိတ်လန့်မနေပေ အဘယ့်ကြောင့်ဆိုသော် ကျိုးချန်သောင့်က အခြေအနေတွေပိုမိုကြပ်တည်းလာအောင်လုပ်မည့်သူမဟုတ်ကြောင်းသူသိနေလေသည်။ စီနီယာချန်းကဲ့သို့ပင် သူလည်း ကျိုးဟောင်တို့အား စမ်းသပ်နေခြင်းဖြစ်လေသည်။
ကျိုးပေရှန်း နှင့် ကျိုးခမ်းအမျိုးသမီးတို့၏အမူအရာများမပြောင်းလဲသည်ကိုကြည့်ချင်းအားဖြင့် သူတို့အဖွဲ့သည် ကျိုးခမ်းသေဆုံးမှုနှင့် မပတ်သက်ကြောင်းသူတို့ဆုံးဖြတ်ထားခဲ့ပြီးပုံပေါ်လေသည်။
ကျိုးချန်သောင့်က မျက်လုံးများမှေးကာ ကျိုးဟောင်ကိုတချက်ကြည့်လိုက်ပြီး သူ၏အရှိန်အဝါများကိုပြန်ရုတ်သိမ်းကာ ပြန်ထိုင်လိုက်လေသည်။
"အစေခံတွေ ငါတို့ရဲ့ဧည့်သည်တွေအတွက်လက်ဖက်ရည်နဲ့ ထိုင်ခုံတွေယူလာခဲ့စမ်း"
သူ့စကားဆုံးသောအခါ လက်ဖက်ရည်ခွက်နှင့်ခုံများရောက်လာလေသည်။
"စစ်သေနာပတိချုပ်ကျိုး ခင်ဗျား အနေနဲ့ကျုပ်သားသေဆုံးရသည့်အပေါ်ဘာများပြောစရာရှိလဲ"
ကျိုးချန်သောင့်က အေးဆေးပင်မေးလိုက်လေသည်။
"စီနီယာကျိုး ဒီကိစ္စနဲ့ပတ်သက်ပြီးကျုပ်မှာ ဘာမှပြောစရာမရှိပေမဲ့ သူဌေးကျိုးသေဆုံးမှုကတော့ ကျုပ်တို့နဲ့မသက်ဆိုင်ပါဘူး။ ဘယ်သူသတ်တာလဲဆိုတာကိုတော့ကျုပ်လည်းမသိပါဘူး။ ကျုပ်အနေနဲ့ သူ့ကိုဖမ်းဆီးချင်ပေမဲ့ ကျုပ်အင်အားနဲ့ကမတတ်နိုင်ပြီး ကျုပ်အနေနဲ့ သူ့ကိုသတ်ဖို့မသန်မာတာကတော့ သေချာပါတယ်"
ကျိုးဟောင်ကပြုံးပြီးပြောလိုက်သည်။
"ကျုပ်အဲ့အချက်ကိုနားလည်ပါတယ် မင်းတို့အထဲကတယောက်ယောက်လုပ်ခဲ့တယ်လို့လည်းကျုပ်မယုံပါဘူး ဒါကမင်းတို့မသန်မာတာကြောင့်မဟုတ်ဘဲ မဖြစ်နိုင်ဘူးလို့ကျုပ်တွေးထားလို့ပါ။ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းအနေနဲ့လည်း ကျုပ်တို့ကိုထိပါးချင်ရင်အစောကြီးကတည်းကလုပ်ခဲ့ပြီးလောက်ပြီ ဒါပေမဲ့သူတို့မလုပ်ခဲ့ဘူး။ဘာလို့သူတို့မလုပ်လဲဆိုတာအကြောင်းပြချက်ကို တခြားသူတွေမသိပေမဲ့ကျုပ်တော့သိတယ်"
ကျိုးချန်သောင့်ကလည်း ပြန်ပြောလိုက်လေသည်။
ထိုစကားကြောင့် ကျိုးဟောင်တယောက်မျက်မှောင် ကြုတ်မိလိုက်လေသည်။ သူ့အနေဖြင့်ဘာအကြောင်းပြချက်လဲဆိုတာကိုမေးချင်နေလေသည်။
ထိုအကြောင်းပြချက်နောက်တွင် ကြီးမားသောလျှို့ဝှက်ချက်တခုရှိနိုင်လေသည်။ မဟုတ်ပါက အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းအနေနဲ့ အနီရောင်မဟူရာချောက်အား ဒီအတိုင်းလွှတ်ထားမည်မဟုတ်ပေ။
"ဘာအကြောင်းပြချက်လဲဆိုတာ မင်းမသိချင်ဘူးလား"
ကျိုးချန်သောင့်က ကျိုးဟောင်၏အမူအရာကိုတချက်ကြည့်ပြီး မေးလိုက်လေသည်။
"စီနီယာကျိုး အမှန်တိုင်း၀န်ခံရရင်တော့ ကျုပ်သိချင်ပါတယ် ဒါပေမဲ့ ကျုပ်အနေနဲ့ ပိုပြီး သိတာများလေလေ ကျုပ်အတွက်ပိုပြီး အန္တရာယ်ရှိလေလေပဲလေ။ ကျုပ်အနေနဲ့ ဒီအနီရောင်မဟူရာချောက်ထဲမှာ ဖြစ်နေတဲ့ပြဿနာတွေထဲ၀င်မပါချင်သေးဘူး"
ကျိုးဟောင်၏စကားကိုကြားသောအခါ ကျိုးချန်သောင့်က မျက်မှောင်ကြုတ်လိုက်လေသည်။
"စစ်သေနာပတိချုပ်ကျိုး မင်းကဒီကိစ္စတွေမှာ မပါဘူးထင်နေလား မင်းဒီနေ့ပြောပုံအရဆို ငါ့သားသေဆုံးမှုက မင်းနဲ့တိုက်ရိုက်မဟုတ်ပေမဲ့လည်းသက်ဆိုင်နေတယ် ဒါကိုတော့ မင်းမငြင်းဘူးမှတ်လား"
ကျိုးချန်သောင့်က မေးလိုက်လေသည်။
"ကျွန်တော် စီနီယာကျိုးပြောတာကို မငြင်းပါဘူး အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းကကျွန်တော့်ကို ဒီနေရာကိုပြုပြင်မွမ်းမံဖို့လွှတ်လိုက်တာပါ အဲ့ဒါကြောင့် ကျုပ်အနေနဲ့ လုပ်ရမယ့်အရာတွေကိုလုပ်ဖို့ကြိုးစားခဲ့တာပါ ဒါပေမဲ အခြေအနေတွေဒီလိုဖြစ်သွားလိမ့်မယ်မထင်ထားခဲ့ဘူး စီနီယာကျိုးအနေနဲ့စာနာထောက်ထားပေးဖို့မျှော်လင့်ပါတယ်"
ကျိုးချန်သောင့်က မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်ပြီး ဘာမှထပ်မမေးတော့ပေ။
"စစ်သေနာပတိချုပ်ကျိုး မင်းက လူတော်တယောက်ပါ။ ဒီနေ့မင်းကို ဖိတ်ကြားရတဲ့အကြောင်းကလည်း လူသတ်သမားကိုကူရှာပေးဖို့ပါ"
ကျိုးချန်သောင့်ကပြောလိုက်လေသည်။
"လူသတ်သမားကို ရှာပေးရမယ်.... စီနီယာကျိုး ဒီကိစ္စကအနည်းငယ်တော့ခက်ခဲတယ် ကျုပ်ကခုမှဒီကိုစရောက်တာဖြစ်ပြီး ဒီနေရာနဲ့လည်း မရင်းနှီးဘူး။ ခင်ဗျားနဲ့ အနီရောင်မဟူရာချောက်အဖွဲ့နဲ့ကြားမှာ ဘယ်လိုပြဿနာတွေရှိလဲလည်း ကျုပ်မသိဘူး "
ကျိုးဟောင်တယောက်အကူအညီမဲ့နေခဲ့လေသည်။ ဒီအဘိုးအိုကြီးက သူ့အားအဘယ့်ကြောင့် လူသတ်သမားအား ကူရှာခိုင်းရပါသနည်း။
"စစ်သေနာပတိကျိုးက အရမ်းနှိမ့်ချတတ်တာပဲ မင်းကတခြားသူတွေထက်ပိုဉာဏ်ကောင်းပါတယ်။ ဒါ့အပြင်မင်းရဲ့စိစစ်သုံးသပ်ချက်တွေကလည်း အကူအညီဖြစ်တယ်။ ပေရှန်းဆီကနေ မင်းအကြောင်းတွေကြားပြီးပါပြီ။ မင်းကြောင့်သာမဟုတ်ရင် ငါတို့က ရန်သူကိုမိတ်ဆွေလို့ထင်နေခဲ့ကြမှာ"
ကျိုးချန်ထောင့်က သူ၏သုံးသပ်ချက်များကို သိနေခဲ့လေသည်။
"ချီးကျူးပေးလို့ကျေးဇူးတင်ပါတယ် စီနီယာကျိုး ကျွန်တော်တကယ်မတတ်နိုင်လို့ပါ"
ကျိုးဟောင်ကလက်ကာပြပြီးပြောလိုက်လေသည်။
"စစ်သေနာပတိချုပ်ကျိုး ကျုပ်စကားကိုဆုံးအောင်နားထောင်ပါဦး မင်းအနေနဲ့မသိသေးတာတွေရှိသေးတယ် ကျုပ်စကားဆုံးသွားတဲ့အခါကျရင်မင်းလည်းရိပ်မိလာမှာပါ"
"တကယ်တော့ ဒီကိစ္စကလျှို့ဝှက်ချက်ပါ ကျုပ်သိရသလောက်ဆိုရင် ဒါက အနီရောင်မဟူရာချောက်ရဲ့ လျှို့ဝှက်ချက်ကြီးပဲ"
ကျိုးချန်သောင့်၏စကား ကျိုးဟောင်၏သိချင်စိတ်ကို သွားထိုးစလိုက်လေသည်။
"တကယ်တော့ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းက ဒီနေရာကိုပြန်မသိမ်းပိုက်ချင်တာမဟုတ်ဘဲ သူတို့မှာ သိမ်းပိုက်နိုင်ဖို့အင်အားမရှိတာ လူသားတွေရော သန္ဓေပြောင်းသားရဲတွေကောက ဒီနေရာကိုသိမ်းပိုက်လိုကြပေမဲ့ သူတို့မတတ်နိုင်ဘူး"
ကျိုးချန်သောင့်၏စကားများက ကျိုးဟောင်အား တုန်လှုပ်သွားစေလေသည်။
ဒီကိစ္စကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလို့ ကျိုးဟောင်တွေးနေလေသည်။ လူသားများကထက် သန္ဓေပြောင်းသားရဲများအနေနဲ့တောင် ဒီနေရာအားသိမ်းပိုက်ဖို့ မဖြစ်နိုင်လေဘူးလား။ ဒီကိစ္စကဟာသတခုကဲ့သို့ပင်ဖြစ်နေလေသည်။
"မင်းမယုံနိုင်ဖြစ်နေမှာ ငါသိပါတယ် ငါလည်းပဲ အရင်ကမယုံခဲ့ဘူး ဒါပေမဲ့ ဒါက အနီရောင်မဟူရာချောက်ကြီးရဲ့ လျှို့ဝှက်ချက်ပဲ။ ပြီးတော့ ဒါက ကမ်းပါးနီဘုရင်နဲ့လည်း ပတ်သက်နေတယ်။ ဒီလျှို့ဝှက်ကြီးက ကမ္ဘာလောကကြီးကိုပင်လှုပ်ခတ်သွားနိုင်တယ်"
ကျိုးချန်သောင့်၏စကားများကပိုပိုပြီး ထူးဆန်းလာပြီး ကျိုးဟောင်ကိုပင် ထူပူလာစေခဲ့လေသည်။ရှုလင်နှင့်အခြားလူများအတွက်လည်းထိုနည်းလည်းကောင်းပင်ဖြစ်လေသည်။ ဘယ်လိုလျှို့ဝှက်ချက်မျိုးမို့ ကမ္ဘာလောကကြီးတောင်လှုပ်ခတ်စေသနည်း။
"ဒီအနီရောင်မဟူရာချောက်မှာ စည်းမျဉ်းတွေချမှတ်ပေးနေတဲ့ ကမ်းပါးနီဘုရင်ကိုသိတယ်မှတ်လား ငါပြောချင်တဲ့လျှို့ဝှက်ချက်က အဲ့ကမ်းပါးနီဘုရင်နဲ့ပတ်သက်နေတယ် "
ကျိုးချန်သောင့်၏စကားကို ကျိုးဟောင်တို့အားလုံး မလှုပ်မယှက်နားထောင်နေလေသည်။
ဒီကမ်းပါးနီဘုရင်ရဲ့နောက်ကြောင်းကဘာဖြစ်နိုင်သနည်း။ ဒီလျှို့ဝှက်ချက်ကရော သူနဲ့ဘယ်လိုပတ်သက်နေသနည်း။
"စီနီယာကျိုး ကျုပ်တို့ကိုစောင့်နေရအောင်မလုပ်ပါနဲ့ အမြန်ပြောပြပါ"
ကျိုးဟောင်ကအလောတကြီးပြောလိုက်လေသည်။
ကျိုးချန်သောင့်က အသက်ပြင်းပြင်းရှူလိုက်ပြီးနောက်ပြောလိုက်လေသည်။
"တကယ်တော့ လျှို့ဝှက်ချက်ကြီးဆိုတာ အဲ့ ကမ်းပါးနီဘုရင်ကိုယ်တိုင်ပဲ။ သူက လူသားမျိုးနွယ်ကရော မျိုးနွယ်ခြားတွေဘက်ကရောမဟုတ်ဘူး။ သူကတကယ်တော့ ကမ္ဘာ့အပြင်ဘက်က ဂြိုလ်...ဂြိုလ်သားတဦးပဲ"
....................................................................................
အခန်း (၄၁၀) ပြီးပါပြီ။
အခန်း (၄၁၁) :အကြောင်းအရင်း
ထိုစကားကြောင့် အားလုံး မှင်တက်အံ့ဩသွားကြလေသည်။
"ဂြိုလ်သားတကောင်လား"
"ဘယ်လိုရုပ်ရှင်မျိုးထင်နေတာလဲ"
"အဲ့ဂြိုလ်သားကဘယ်ကလာတာလဲ"
အားလုံးမှာ အံ့ဩတုန်လှုပ်သွားကြလေသည်။ သို့သော်ကျိုးဟောင်တော့မပါပေ။
ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ကျေးဇူးကြောင့် သူသည် ဂြိုလ်သားများတည်ရှိနေသည့်အကြောင်းကိုသိနေခဲ့ပြီးသားဖြစ်လေသည်။
ကျိုးဟောင်တို့၏ကမ္ဘာဂြိုလ်ကြီးမှာ စကြာ၀ဠာအမှတ်၇တွင်ပါ၀င်ပြီး ထိုကဲ့သို့စကြာ၀ဠာပေါင်းများစွာရှိပြီး သက်ရှိများစွာလည်းရှိလေသည်။
သူ၏ငှက်မွှေးတစ်ထောင်ချပ်ဝတ်မှာလည်း ဒီစကြာ၀ဠာ၇မှ ပစ္စည်းတခုမဟုတ်ပေ။ ကျိုးဟောင်အနေဖြင့် ဂြိုလ်သားများရှိနေသည်ကိုသိထားသော်လည်း ကျိုးချန်သောင့်စကားများကြောင့် အံ့ဩတော့သွားလေသည်။
အဘယ့်ကြောင့်ဆိုသော်ထိုဂြိုလ်သားမှာ ကမ္ဘာမြေကြီးပေါ်သို့ရောက်နှင့်နေပြီးသားဖြစ်သောကြောင့်ဖြစ်လေသည်။ ဒီကိစ္စသည် ကောင်းသောကိစ္စတခုတော့မဟုတ်ပေ။
ကျိုးဟောင်အနေဖြင့်ထိုသတ္တဝါများမှာ ဘယ်လိုပုံစံရှိသလဲမသိသော်လည်း အားမနည်းကြောင်းတော့သိလေသည်။ ၎င်းတို့အနေဖြင့် ကမ္ဘာဂြိုလ်ကြီးအကြောင်းသိရှိသွားပါက သေချာပေါက်ကျူးကျော်လာကြမည်ဖြစ်လေသည်။
ကျိုးဟောင်အနေဖြင့်ထိုအကြောင်းတွေးနေစဉ်မှာပဲ ရှုလင်တို့တသိုက်မှာမယုံကြည်နိုင်ဖြစ်နေကြပြီး မျက်လုံးပြူးပြီးကာကြည့်နေကြလေသည်။ဂြိုလ်သားများဆိုတာ ရုပ်ရှင်တွေထဲမှာသာရှိပြီး အဘယ့်ကြောင့်လက်ရှိလောကထဲပေါ်လာရသလဲလို့ တွေးနေကြလေသည်။
"စီ....စီနီယာကျိုးက ဂျုနီယာတွေကို နောက်နေတာတော့မဟုတ်ဘူးမှတ်လား ဒါကြီးကိုတကယ်ယုံခိုင်းနေတာလား"
ထိုအချိန်မှာပဲ ယွမ်ချန်းကမနေနိုင်တော့ပဲမေးလိုက်လေသည်။သူ့မျက်နှာတွင်လည်းမယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေလေသည်။
"မင်းတို့ငါ့ကိုမယုံကြတာဘူးဆိုတာနားလည်ပါတယ် ငါလည်း အရင်တုန်းကမင်းတို့လိုပါပဲ ဒါပေမဲ့ငါ့မျက်လုံးနဲ့ကိုယ်တိုင်မြင်ပြီးတဲ့နောက်မှာတော့ ငါယုံကြည်ခဲ့တယ်။ ငါတွေ့ခဲ့ရတာက ၎င်းရဲ့ကျင့်ကြံရေးတွေကငါတို့နဲ့ လုံး၀မတူတာပဲ"
ကျိုးချန်သောင့်၏စကားကတကယ့်ကို ထူးဆန်းလှပေသည်။သူတကယ်ပဲထိုဂြိုလ်သားကြီးကိုမြင်ခဲ့လေသလား။
"စီနီယာကျုပ်တို့ကို အတိအကျပြောပြနိုင်မလား"
ကျိုးဟောင်က အလျင်အမြန်ပင်မေးလိုက်လေသည်။ရှုလင်တို့အနေဖြင့်ဒီကိစ္စကိုယုံသင့်မယုံသင့်သံသယဖြစ်နေသော်လည်း ကျိုးဟောင်ကတော့ အမှန်ဖြစ်ကြောင်းယုံနေလေသည်။
ရှုလင်တို့ကလည်း သူတို့မယုံကြည်နိုင်သော်လည်း ကျိုးချန်သောင့်ပြောမည့်အကြောင်းအရာများကို ကြားချင်နေသေးလေသည်။
"ဒါကတကယ့်ကို ဇာတ်လမ်းအရှည်ကြီးပဲ။ ငါသိသလောက်ဆိုရင် အဲ့ဂြိုလ်သားမရောက်လာခင်တုန်းက အနီရောင်မဟူရာချောက်က သဲကန္တာရကြီးတခုအဖြစ်သာရှိခဲ့ပြီး သူရောက်လာပြီးနောက်မှာ ဒီလိုဖြစ်လာတာပဲ။ ငါတော့ လူသားတွေနဲ့ မျိုးနွယ်ခြားတွေ ဒီကိစ္စကိုသိသင့်တယ်လို့ထင်တယ် ဘာလို့လဲဆိုတော့ အဲ့တာမှအခြေအနေတွေကိုထိန်းချုပ်နိုင်မှာ"
"ငါသူ့ကိုတွေ့ခဲ့တုန်းက လွန်ခဲ့တဲ့ ၃နှစ်တုန်းကပဲ။ ငါကသူ့ကိုမရှာဖွေခဲ့ပေမဲ့ သူက ငါ့ကိုဖိတ်ခေါ်ခဲ့တယ်။ ငါသူ့အသွင်အပြင်ကိုသေချာမတွေ့ခဲ့ရပါဘူး။ ငါတွေ့ခဲ့တာက စူးရှတဲ့အဖြူရောင်အလင်းတန်းတခုပေါ်လာပြီး ငါ့ကိုစကားပြောတာပဲ"
ကျိုးချန်သောင့်က အသက်၀၀ရှူလိုက်လေသည်။ ဒီကိစ္စကသူ့အား ကြောက်လန့်စေနေသေးလေသည်။
"သူဘာပြောခဲ့တာလဲ "
ကျိုးဟောင်ကချက်ချင်းမေးလိုက်လေသည်။
"သူပြောတာက သူ့ကိုယ်သူပြန်ကုသနိုင်ဖို့စွမ်းအင်တွေလိုအပ်တယ်တဲ့ တကယ်လို့ငါသာသူ့ကိုကူညီမယ်ဆိုရင် အခွင့်အလမ်းကောင်းတွေရမယ်လို့လည်းသူပြောတယ်။ ငါအဲ့အချိန်တုန်းကအရမ်းကြောက်ခဲ့တာ။ သူကတကယ့်ကိုစွမ်းအားကြီးပြီး ငါ့ကိုချုပ်ထားခဲ့တာများ ငါနည်းနည်းလေးမှကိုမလှုပ်ရှားနိုင်ခဲ့ဘူး။ ထိုအခိုက်အတန့်မှာပဲ မူလအဆင့်ပညာရှင်ဖြစ်တဲ့ငါ့ကိုတောင် အသာလေး သတ်နိုင်တာပဲလို့ နားလည်လိုက်ပြီး သဘောတူခဲ့လိုက်တယ်"
"သူကငါ့ကို အလွန်ထူးခြားတဲ့ရတနာတွေရှာခိုင်းပြီး သူ့ဆီလွှဲပြောင်းပေးခိုင်းတယ် ငါလည်းရွေးချယ်စရာမရှိဘဲလက်ခံပြီးဆောင်ရွက်ပေးခဲ့တယ် ဒါပေမဲ့ နှစ်တ၀က်ကျော်လောက်အတွင်းမှာ တခုခုထူးဆန်းလာတယ်"
ကျိုးချန်သောင့်ကပြောပြီးနောက် ပုံဆောင်ခဲလေးတခုကိုထုတ်လိုက်လေသည်။ထိုပုံဆောင်ခဲမှာထူးခြားပြီးမဲနက်နေလေသည်။ ၎င်းဆီမှလည်းထူးဆန်းသောအရှိန်အဝါများထုတ်လွှတ်နေလေသည်။ ကျိုးဟောင်မှာ ထိုအရာကိုသေချာကြည့်နေသော်လည်း ဘာမှန်းမပြောနိုင်သေးပေ။
"ဒီပုံဆောင်ခဲက အနီရောင်မဟူရာချောက်ထဲမှာပဲ ပျိုးထောင်လို့ရတယ် ဒါ့အပြင်ဒီပုံဆောင်ခဲကိုပျိုးထောင်နည်း ကအရမ်းကိုရက်စက်တယ်။ ဒီလိုလုပ်ဖို့အတွက် ၎င်းက သက်ရှိလူတယောက်ရဲ့သွေးအနှစ်သာရကိုပေါင်းစပ်ဓာတ်ပြုဖို့လိုအပ်တယ်။ သူကငါ့ကို ဒီပုံဆောင်ခဲပေးပြီး အသက်ရှင်နေတဲ့လူတယောက်ကိုစတေးခိုင်းပြီး ဒီပုံဆောင်ခဲကိုပျိုးထောင်အသက်သွင်းခိုင်းခဲ့တယ်။ ငါက မလုပ်ချင်ပေမဲ့သူက အတင်းအကြပ်စေခိုင်းခဲ့တာကြောင့် ငါလျှို့ဝှက်ပြီးလုပ်ဆောင်ခဲ့ရတယ်"
"ဒါပေမဲ့ ပြဿနာက ဒီတခုထဲမဟုတ်ဘူး အဲ့ဂြိုလ်သားတွေ လူတွေအများအပြားကို သူ့ဆီအလုပ်အကျွေးပြုခိုင်းခဲ့တယ်။ ငါသိသလောက်ဆိုရင် ဒီအနီရောင်မဟူရာချောက်ထဲကတခြားလူအတော်အများများလည်း သူ့ဆီ လျှို့ဝှက်အမှုထမ်းနေကြတယ်။ သူတို့သိုဝှက်ပြီးလုပ်နေကြပေမဲ့ ဒီပုံဆောင်ခဲရဲ့ အရှိန်အဝါကအရမ်းထူးခြားလွန်းတာကြောင့် ငါအာရုံခံနိုင်ခဲ့တယ်။ တတုံးထက်ပိုတဲ့ပုံဆောင်ခဲတွေကိုငါအာရုံခံမိခဲ့တယ်"
"ပုံမှန်ဆိုရင်တော့ငါအများကြီးမတွေးပါဘူး။ ငါ့သားက ရတနာတွေကိုအနီမဟူရာချောက်နက်ကြီးထဲကို လွှဲပြောင်းပေးတဲ့တာ၀န်ကို လက်လွှဲယူလိုက်ပြီး ဒီပုံဆောင်ခဲတွေရလာခဲ့တယ်။ သူအဲ့တာတွေကိုနေ့တိုင်းစုပ်ယူပြီး သု့ကျင့်ကြံဆင့်တွေတဖြေးဖြေးတိုးလာခဲ့တယ်။ တကယ်တော့ သူကအရမ်းမထူးချွန်ပါဘူးဆရာသခင်အဆင့်မှာပဲနှစ်အတော်ကြာရပ်နေခဲ့တာ ဒါပေမဲ့သူအဲ့ပုံဆောင်ခဲတွေကိုစုပ်ယူပြီးနောက် မဟာဆရာသခင်အဆင့်ကိုတက်လှမ်းနိုင်ခဲ့တယ်။ တနှစ်လောက်ထပ်ကြာပြီးနောက်မှာတော့ မူလအဆင့်ကိုချိုးဖောက်နိုင်ခဲ့ပြီး စတုတ္ထအဆင့်ကျွမ်းကျင်သူတောင်ဖြစ်လာခဲ့တယ်"
"ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့်နဲ့ပဲ ဒီကိစ္စကို အနီရောင်မဟူရာချောက်ထဲကတခြားဂိုဏ်းတွေကသိသွားခဲ့ပြီး လေလံစံအိမ်မှာ ကျင့်ကြံရေးကိုအထောက်အကူပြုတဲ့ အဖိုးတန်ရတနာတခုရှိနေပြီဆိုပြီး သတင်းတွေလွှင့်ခဲ့တယ်။ သူတို့က လူတိုင်းကို ကျိုးခမ်းက အဲ့ရတနာကျေးဇူးကြောင့် မူလအဆင့်ကိုတက်လှမ်းနိုင်တာဆိုပြီး လူတိုင်းကိုလိုက်ပြောခဲ့တယ်"
ကျိုးချန်သောင့်ဒီအထိပဲပြောပြီးရပ်သွားသော်လည်း ကျိုးဟောင်တို့သဘောပေါက်လိုက်လေသည်။
ဒီလူတွေက ဂြိုလ်သားနဲ့အပေးအယူလုပ်ပြီး ၎င်းရဲ့စွမ်းအားတွေပြန်ဖြည့်ဖို့ကူညီနေခဲ့ကြလေသည်။ အကျိုးအမြတ်အနေဖြင့် ကျိုးခမ်းကဆန်းကြယ်ဝိဉာဉ်စွမ်းအင်ခန္ဓာကိုရရှိခဲ့ပြီး နှစ်အနည်းငယ်အတွင်း မူလအဆင့်ထိတက်လှမ်းနိုင်ခဲ့လေသည်။
ဒါပေမဲ့ လူတွေရဲ့အကြည့်တွေကိုတော့မရှောင်လွှဲနိုင်ခဲ့ဘူး။ လူတိုင်းက အဲ့ဂြိုလ်သားကိုတော့ ကြောက်ရွံ့ကြပေမယ် ပုံဆောင်ခဲကိုတော့ လောဘတက်ခဲ့ကြတယ်။
နောက်ဆုံးတော့ ကျိုးခမ်းရဲ့သေဆုံးမှုကို ကျိုးချန်သောင့်က ဒါတွေကိုလိုချင်တဲ့တယောက်ယောက်လုပ်တာလို့သံသယ၀င်နေတာခဲ့ခြင်းဖြစ်လေသည်။
"ဒီသတင်းကို ဘယ်သူကသိပြီး ဘယ်သူကဖြန့်ခဲ့လဲ ငါမသိဘူး အဲ့ပစ္စည်းတွေကို လေလံတင်ဖို့လာပြောတဲ့လူတိုင်းကိုတော့ ငါထိန်းချုပ်နိုင်ခဲ့တယ် ဒါပေမဲ့ ငါ့သားက အခုလိုအဖြစ်ဆိုးနဲ့သေခဲ့ရတယ်"
"ဒါ့ကြောင့် သူတို့က ငါ့သားနဲ့စွမ်းအင်ခန္ဓာကို လိုချင်လို့လို့သတ်တာလို့ငါသံသယ၀င်မိတယ်"
ကျိုးချန်သောင့်၏စကားများကိုနားထောင်ပြီးနောက်သူ့ရဲ့ စိစစ်မှုတွေက ကျိုးကြောင်းဆီလျော်ကြောင်းသဘောပေါက်လိုက်သည်။
ဒါ့ကြောင့်ပဲ ကျိုးဟောင်တို့အပေါ်သံသယ၀င်မှုများလည်း လျော့ကျသွားပြီး သူတို့အား အပြစ်ကင်းသူများအဖြစ်ထင်နေကြလေသည်။
တကယ်လို့ကျိုးချန်သောင့်သာ သူ့သားအားသတ်သည့်လူမှာ ကျိုးဟောင်ဖြစ်ကြောင်းသိသွားပါက ဘယ်လောက်အံ့ဩသွားမည်နည်း။
"ဒါဆိုဒီကိစ္စမှာ သူတို့က အဲ့တာကိုလိုချင်လို့ကျိုးခမ်းကိုသတ်တာပေါ့"
ယင်ဖုန်းက အလျင်အမြန်ပြောလိုက်လေသည်။
"အဲ့စွမ်းအင်ခန္ဓာကိုယ်ကဒီမှာရှိသေးလား"
ကျိုးဟောင်ကမေးလိုက်လေသည်။ သူ့အနေဖြင့် စွမ်းအင်ခန္ဓာကဘာလဲသိချင်နေလေသည်။
"မရှိတော့ဘူး ငါ့သားကအဲ့အရာကိုအိမ်မှာချန်မထားခဲ့တတ်ဘူး ပြီးတော့ သူ့အလောင်းကိုစစ်တော့လည်းမရှိတော့ဘူး အဲ့အရာကပျောက်ကွယ်သွားပြီ"
ကျိုးချန်သောင့်ကပြောလိုက်လေသည်။
ကျိုးဟောင်မှာ ဇဝေဇဝါဖြစ်သွားလေသည်။ သူသည် ကျိုးခမ်းကိုသတ်ခဲ့သူဖြစ်ပြီး ဘယ်သူက ထိုစွမ်းအင်ခန္ဓာကို ယူသွားခဲ့သနည်း။
ကျိုးဟောင်မှာ စဉ်းစားမရသော်လည်း တယောက်ယောက်သူ ကျိုးခမ်းကိုသတ်ပြီးနောက် ထိုအရာအားယူသွားခဲ့ခြင်းဖြစ်နိုင်သည်လို့တွေးမိလိုက်သည်။
တနည်းအားဖြင့် သူကျိုးခမ်းအားသတ်စဉ်က တယောက်ယောက်ရှိနေသည့်သဘောဖြစ်လေသည်။
....................................................................................
အခန်း (၄၁၁) ပြီးပါပြီ။