အခန်း (၄၁၂-၄၁၄)
Vol. 28 Ch. 412-414
အခန်း (၄၁၂) : သီးခြားရပ်တည်နေသည့် ဉာဏ်ရည်မြင့်သောအရာ
ထိုအကြောင်းအရာကိုတွေးမိလိုက်ခြင်းကြောင့် ကျိုးဟောင်တယောက် သူ့ကိုယ်ထဲရှိသွေးများအေးစက်သွားသလိုခံစားလိုက်ရလေသည်။
တနည်းဆိုရလျှင် သူ ကျိုးခမ်းအားသတ်သည်ကို တယောက်ယောက်ကတွေ့ခဲ့ပြီး သူထွက်သွားပြီးချိန်မှ ထိုစွမ်းအင်ခန္ဓာကို ယူသွားခဲ့လေသည်။
ထိုသူဘယ်သူလဲ ကျိုးဟောင်မသိပေ။ သူ့သည်အစက သူ့လုပ်ရပ်များမှာ အကွက်စေ့လှသည်ဟုတွေးထားခဲ့သော်လည်း ကျိုးချန်သောင့်၏စကားများကြောင့် တခုခုမှားယွင်နေပြီလို့ခံစားလိုက်ရလေသည်။
တနည်းအားဖြင့်ထိုညက သူနှင့်အကြံတူနေသူများရှိနေခဲ့သည့်အဓိပ္ပာယ်ပင်ဖြစ်လေသည်။ ထိုစွမ်းအင်ခန္ဓာကို ယူသွားသည့်သူမှာ မည်သူနည်း။
ကျိုးဟောင်တယောက်စဉ်းစားမရဖြစ်နေလေသည်။ စတုတ္ထအဆင့်မူလပညာရှင်တယောက်ကိုသတ်နိုင်မည့်သူများများစားစားမရှိပေ။ ထိုလူမှာအနည်းဆုံး ဆဌမအဆင့်မူလပညာရှင်တယောက်ဖြစ်ရမည်။
မဟူရာချောက်တမြို့လုံးတွင် ဆဌမအဆင့်နှင့်အထက်ပညာရှင်များ သိပ်များများစားစားမရှိပေ။
"စီနီယာကျိုး ကြည့်ရတာ သေချာအထပ်ထပ်စိစစ်ပြီးပုံပဲ ဒါဆို ကျိုးခမ်းကိုသတ်တာဘယ်သူလဲ ခန့်မှန်းမိလောက်ပြီပေါ့ "
ကျိုးဟောင်ကထိုကဲ့သို့မေးလိုက်လေသည်။ အကြောင်းမှာ ဒီအနီရောင်မဟူရာချောက်ထဲတွင် ဆဌမအဆင့်မူလပညာရှင်ဘယ်နှယောက်ရှိသလဲသိချင်သောကြောင့်ဖြစ်လေသည်။
ဒါ့အပြင်တရားခံက ကောင်းကင်ဘုံအဆင့်တဝက် ဒါမှမဟုတ် ကောင်းကင်ဘုံအဆင့်ပညာရှင်လည်း ဖြစ်နိုင်သေးလေသည်။
"ကြေးစားစစ်တပ် ၊ လက်နက်ကုမ္ပဏီ နဲ့ အစွမ်းထက်အဖွဲ့ တို့အားလုံးမှာ ဒီလိုလုပ်နိုင်တဲ့သန်မာမှုမျိုးရှိတယ် သူတို့ကငါတို့ကျိုးမိသားစုရဲ့ စွမ်းအင်ခန္ဓာကို လောဘတက်နေခဲ့ကြတာ ဒါ့ကြောင့်ပဲငါ့သားကိုတိုက်ခိုက်ခဲ့ကြတာဖြစ်မယ်။ ဒါ့အပြင် ငါ့သားကိုဒီလိုအလျင်အမြန်သတ်နိုင်တာကလည်း တဖက်က အတော်ကို အင်အားကြီးလို့ဖြစ်ရမယ်။ ဒါပေမဲ့ ငါသိသလောက်တော့ ဒီအနီရောင်မဟူရာချောက်ထဲမှာ အဲ့လိုအင်အားကြီးတဲ့သူမျိုးမရှိဘူး။ဒီကောင်တွေပူးပေါင်းပြီးလုပ်တာပဲဖြစ်ရမယ်"
ကျိုးချန်သောင့်၏ကောက်ချက်ချမှုက အဓိပ္ပာယ်ရှိလေသည်။
"စီနီယာကျိုး ဒီကိစ္စမှာ ခင်ဗျားဘက်က ဘယ်လိုလုပ်ဖို့စီစဉ်ထားလဲ"
ကျိုးဟောင်ကရုတ်တရက်မေးလိုက်လေသည်။ကျိုးဟောင်က ကျိုးချန်သောင့်တယောက်ဟိုဂြိုလ်သားကိုသွားတွေ့ပြီး ဆဌမအဆင့်မူလပညာရှင်ကိုသတ်နိုင်မည့်ခွန်အားအတွက် တန်ရာတန်ကြေးကာ အမှုထမ်းမည်ကိုစိုးရိမ်နေလေသည်။
ဒီလိုလုပ်ခြင်းက အဖြေတခုမဟုတ်ပေ။ ဒါ့အပြင်ထိုဂြိုလ်သားမှာ အလွန်ထူးဆန်းပြီး လူတယောက်၏ကျင့်ကြံဆင့်ကိုတိုးမြှင့်ပေးနိုင်စွမ်းရှိကာ နှစ်အနည်းငယ်နဲ့ မူလအဆင့်ပညာရှင်တယောက်ဖန်တီးနိုင်လေသည်။
ကျိုးဟောင်တယောက်အန္တရာယ်ကိုခံစားမိနေလေသည်။ ကမ္ဘာ့အပြင်ကလာသော ကျင့်ကြံရေးလမ်းစဉ်များမှာ ကမ္ဘာမြေပေါ်ရှိကျင့်ကြံရေးနည်းစနစ်များထက်ပိုအားကောင်းနေလေသည်။ ဒါသည်တနေ့တွင် ဂြိုလ်သားများ ရုပ်ရှင်များထဲကလိုကမ္ဘာမြေပေါ်ကျူးကျော်လာကြမည့်အရိပ်အယောင်ဖြစ်လေသည်။
"ငါကသေချာပေါက်လက်စားပြန်ချေမှာ"
ကျိုးချန်သောင့်ကပြန်ဖြေလိုက်လေသည်။ ထိုစကားက ကျိုးဟောင်ထင်ထားသလိုဖြစ်လာတော့လေမည်။ ကျိုးချန်ထောင့်အနေဖြင့်ထိုလူများကို တယောက်ထဲဖြေရှင်းနိုင်သည့်အင်အားမျိုးမရှိပေ။ သူသည် ထိုဂြိုလ်သားအပေါ်တွင်သာ မျှော်လင့်ချက်သွားထားနေလေသည်။
"ကဲဒါဆိုရင်တော့ ကျုပ်တို့ခင်ဗျားကိုမနှောင့်ယှက်တော့ပါဘူး စီနီယာကျိုး "
ကျိုးဟောင်တယောက်ဒီနေရာမှာ ကြာကြာဆက်မနေလိုတော့ပေ။ ဒါ့အပြင် ရှုလင်တို့ကိုလည်း ထိုဂြိုလ်သားနှင့်မဆုံစေလိုပေ။
ထိုဂြိုလ်သားမှာ အရမ်းစွမ်းအားကြီးလေသည်။ တခုခုသာဖြစ်လာခဲ့ပါက ရှုလင်တို့ကိုကာကွယ်ပေးနိုင်မည့်ယုံကြည်ချက်မျိုးသူ့တွင်မရှိသေးပေ။
"ဟမ်... စစ်သေနာပတိချုပ်ကျိုးက ကျုပ်ပြောသမျှအကုန်နားထောင်ပြီးမှ တချက်လောက်တောင်ကြည့်မသွားချင်ဘူးလား"
ကျိုးချန်သောင့်က တည့်တိုးမေးလိုက်လေသည်။
"ဒါ့အပြင် မင်းက တစ်ရာမြို့ရဲ့စစ်သေနာပတိချုပ်ပဲ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းကမင်းကို ဒီကိစ္စတွေစုံစမ်းဖို့လွှတ်လိုက်တာမဟုတ်ဘူးလား"
ကျိုးချန်သောင့်က မျက်လုံးများမှေးကာပြောလိုက်လေသည်။
"စီနီယာကျိုး ခင်ဗျားကကျုပ်တို့ကို အထင်ကြီးလွန်းနေပါပြီ။ ကျုပ်တို့ရဲ့မဟာဆရာသခင်အဆင့်ကျင့်ကြံရေးလေးလောက်နဲ့ ဒီလိုတည်ရှိမှုမျိုးကြီးကိုမဆက်နွယ်ကောင်းပါတယ် ဒါ့အပြင်အဲ့လိုတည်ရှိမှုမျိုးတွေကိုလည်းရှောင်တာပိုကောင်းတယ်လို့ကျုပ်ထင်တယ်"
"ဒါ့အပြင် အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းကဒီကိစ္စကိုသိနေပြီးသားဖြစ်နေတာကြောင့် ကျုပ်အနေနဲ့ စုံစမ်းလုပ်ဆောင်စရာသိပ်မလိုဘူးထင်တယ်"
ကျိုးဟောင်၏စကားများကို ကျိုးချန်သောင့်က ခေါင်းညိတ်ပြလိုက်လေသည်။ သူ့အနေဖြင့် ကျိုးဟောင်နှင့်အခြားလူများကို စမ်းသပ်ချင်လို၍သာဖြစ်လေသည်။
ဒါပေမဲ့ကျိုးဟောင်က တခြားသူများကဲ့သို့မဟုတ်ဘဲ ကွဲပြားခြားနားသောကြောင့် သူစိတ်သက်သာရာရသွားလေသည်။
သူသည်အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းနှင့်ပတ်သက်၍စိတ်ပူနေခဲ့သော်လည်း ယခုတော့ ထိုကဲ့သို့စိတ်ပူစရာမလိုတော့ပေ။
ကျိုးဟောင်တို့အဖွဲ့လည်းလေလံအိမ်တော်မှ ထွက်လာခဲ့သည်။ အပြန်လမ်းတွင် ရှုလင်နှင့်အခြားလူများမှာ ထိန်းမထားနိုင်တော့ပဲ ဆွေးနွေးနေကြလေသည်။
"တကယ်ကြီးဂြိုလ်သားတွေရှိနေတာလား.... ငါတော့ ရုပ်ရှင်တွေစာအုပ်တွေထဲမှာပဲရှိတယ်ထင်ခဲ့တာ"
"ကျွတ် ငါတို့ကမ္ဘာကြီးက ခုချိန်မှာ မျိုးစိတ်တွေအားလုံးကျင့်ကြံရေးတွေ လုပ်ဆောင်နိုင်နေပြီလေ။ ဒီလိုအချိန်မှာ ဂြိုလ်သားအကြောင်းကြားရတာ ငါ့အတွက်တော့သိပ်မထူးဆန်းပါဘူး"
"ဒီလိုဆိုရင်တောင်မှ ငါတို့တွေဘာမှ မသိဟန်ဆောင်နေသင့်တယ်ထင်တယ် ကျိုးဟောင်နင်ရောဘယ်လိုထင်လဲ"
သူတို့အချင်းချင်းဆွေးနွေးပြီးနောက်မှာတော့ ကျိုးဟောင်အားတညီတညွတ်ထဲကြည့်လိုက်ကြလေသည်။
"ဒီကိစ္စကိုငါလည်းမသိဘူး ဘာပဲဖြစ်ဖြစ်ငါတို့ ၀င်မပတ်သက်တာတော့ကောင်းမယ်ထင်တယ်။ အဲ့ဂြိုလ်သားမှာ အစွမ်းတချို့ရှိပြီး ငါတို့သွားတွေ့ပါက ချိန်းခြောက်ခံရတာဒါမှမဟုတ် အန္တရာယ်ကြုံတာမျိုးဖြစ်နိုင်တယ် ငါတို့အတွက်ကမသွားတာအကောင်းဆုံးပဲ"
ကျိုးဟောင်က သူ့ဆုံးဖြတ်ချက်ကိုပြောပြလိုက်လေသည်။ ဒါပေမဲ့ ကျိုးဟောင်က တယောက်ထဲစုံစမ်းဖို့စဉ်းစားထားလေသည်။
သူတို့အားလုံးစစ်သေနာပတိချုပ်အိမ်တော်သို့ပြန်ရောက်လာကြလေသည်။ ကျိုးဟောင်မှာ သူသိရှိလာသောအကြောင်းအရာများအရ ဒီညတွင် ကျိုးချန်သောင့်တခုခုလှုပ်ရှားမည်ကိုရိပ်မိလေသည်။ ဒါ့ကြောင့် လေလံအိမ်တော်သိူ့ ညဉ့်နက်မှထွက်လာခဲ့လေသည်။
သူလေလံအိမ်တော်သို့ရောက်ပြီးမကြာခင်ပဲ ကျိုးချန်သောင့်က အိမ်တော်ထဲမှထွက်လာပြီး အနီရောင်မဟူရာချောက်အနက်ပိုင်းထဲသို့ အရှိန်အပြည့်ဖြင့်ထွက်သွားလေသည်။
ကျိုးဟောင်လည်း အလျင်အမြန်ပဲအနောက်ကလိုက်လာခဲ့လေသည်။ ကောင်းကင်ဘုံအဆင့်ပညာရှင်ကိုတောင်ယှဉ်တိုက်နိုင်သော ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်ဖြစ်သည့်ကျိုးဟောင်အတွက် ကျိုးချန်သောင့် မသိအောင် လိုက်လာရသည်မှာ လွယ်ကူလေသည်။
သူ ကျိုးချန်သောင့်နောက်က လိုက်လာရင်း အနီရောင်မဟူရာချောက်ထဲမှ ကြီးမားသောကန္တာရကြီးတခုဆီသို့ရောက်လာခဲ့လေသည်။
မကြာမီပင် ကျိုးချန်ထောင့်တယောက် ကြီးမားသောလှိုဏ်ဂူကြီးထဲသို့၀င်သွားသည်ကိုကျိုးဟောင်တွေ့လိုက်လေသည်။ ကျိုးဟောင်လည်း တုံ့ဆိုင်းမနေဘဲ လိုက်၀င်လာခဲ့လေသည်။
သို့သော်လည်း သူအလောတကြီးတော့မလုပ်ပေ။ သူသည် ငွေရောင်ငှက်မွှေးတစ်ထောင်ချပ်၀တ်ကို၀တ်ဆင်ထားပြီး ရှောင်ယွီနဲ့ဆက်သွယ်ထားလေသည်။
"ရှောင်ယွီမင်းအထဲက စွမ်းအင်အတက်အကျတွေကိုအာရုံခံမိလား"
"သခင့်ကိုသတင်းပို့ပါတယ် ရှောင်ယွီအနေနဲ့ သက်ရှိတွေကိုအာရုံမခံမိပါဘူး ဒါပေမဲ့သီးခြားရပ်တည်နေသည့် ဉာဏ်ရည်မြင့်သောအရာတခုတော့ရှိတယ်"
ရှောင်ယွီ၏စကားကြောင့်ကျိုးဟောင်မှင်တက်သွားလေသည်။
"သီးခြားရပ်တည်နေသည့် ဉာဏ်ရည်မြင့်သောအရာဟုတ်လား အဲ့တာကဘာလဲ"
ကျိုးဟောင်ကပြန်မေးလိုက်လေသည်။
"အဲ့တာက လူလုပ်အသိဉာဏ်တုနဲ့ဆင်တူတယ်။ ဒါပေမဲ့ လူလုပ်အသိဉာဏ်အတုက လူသားတွေရဲ့ထိန်းချုပ်မှာအောက်မှာရှိပြီး လူသားတွေခိုင်းတဲ့အတိုင်းပဲလုပ်ဆောင်ကြတယ် ဒါပေမဲ့သီးခြားရပ်တည်နေသည့် ဉာဏ်ရည်မြင့်သောအရာတွေကတော့ ကိုယ်ပိုင်အသိဉာဏ်ရှိတယ်။ တနည်းပြောရရင်သက်ရှိတမျိုးပဲ"
ထိုစကားကြောင့်ကျိုးဟောင်အံ့ဩသွားလေသည်။
" ဒါဆိုမင်းပြောချင်တာကအထဲမှာရှိနေတာသက်ရှိမဟုတ်ဘဲ စနစ်တခုရဲ့ အသိဉာဏ်ဝိညာဉ်လို့ဆိုလိုချင်တာလား"
"ဟုတ်ပါတယ် သခင်ကြီး အဲ့လိုနားလည်ထားလို့လည်းရပါတယ် ပြီးတော့ ကျွန်တော်ထပ်ထောက်လှမ်းမိတာက အဲ့အသိဉာဏ်ဝိညာဉ်က အားနည်းနေပြီး စွမ်းအင်အများအပြားမသုံးနိုင်ဘူး။ ငှက်မွှေးတထောင်ချပ်၀တ်လိုပဲ ပြန်လည်တည်ဆောက်ရေးအခြေအနေမှာပဲရှိသေးတယ်"
ရှောင်ယွီ၏စကားက ကျိုးဟောင်အား စိတ်အေးသွားစေလေသည်။ ၎င်းဒဏ်ရာရနေသရွေ့ သူ့အတွက်အဆင်ပြေလေသည်။
"ငါတို့သူ့ကိုအနိုင်ယူနိုင်မယ့်အခွင့်အရေးရှိလား"
ကျိုးဟောင်ကမနေနိုင်တော့ပဲ မေးလိုက်လေသည်။
ဒါကတကယ့်အဓိကအချက်ပင်ဖြစ်လေသည်။
....................................................................................
အခန်း (၄၁၂) ပြီးပါပြီ။
အခန်း (၄၁၃) : ဖျက်ဆီး၀ါးမျိုခြင်း
"ဒီအသိဉာဏ်ဝိညာဉ်က စွမ်းအားအပြည့်အ၀မရှိနေဘူး။ ၎င်းက စက်ပစ္စည်းဒါမှမဟုတ် ရတနာတွေကိုအားကိုးပြီး တိုက်ခိုက်ကြတာ။ ကျွန်တော်အကဲဖြတ်ကြည့်ရသလောက်ဆိုရင် ဒီအသိဉာဏ်ဝိညာဉ်က အပြင်းအထန်ဒဏ်ရာရထားကြောင့် ကျွန်တော်တို့အလွယ်တကူဖျက်ဆီး၀ါးမြိုနိုင်ပါတယ်"
ရှောင်ယွီ၏စကားကြောင့် ကျိုးဟောင်တယောက်မှင်တက်သွားလေသည်။
"ဖျက်ဆီးဝါးမြိုမယ် မင်းဘာကိုပြောချင်တာလဲ"
"အဲ့တာက အသိဉာဏ်ဝိညာဉ်တခုဖြစ်ပြီး ကျွန်တော်ကလည်း အသိဉာဏ်ဝိညာဉ်တခုပဲလေ။ အသိဉာဏ်ဝိညာဉ်တွေမှ ဖန်တီးထားတဲ့ အသိပညာတွေပါရှိပြီး အရှင်တို့ကမ္ဘာရဲ့ အချက်အလက်တွေလည်းပါ၀င်တယ်။ အဲ့အရာက ကျွန်တော့်ကို အစာအာဟာရအဖြစ်ဝါးမြိုလို့ရသလို ကျွန်တော်ကလည်း သူ့ကိုပြန်ပြီး ဝါးမြိုလို့ရတယ်။ တကယ်လို့ကျွန်တော်သာသူ့ကိုဝါးမြိုနိုင်မယ် ကျွန်တော်ပိုမိုသန်မာလာပြီး သူထိန်းချုပ်နိုင်တဲ့စက်ပစ္စည်းတွေကိုလည်း ကျွန်တော်ထိန်းချုပ်နိုင်လိမ့်မယ်"
ရှောင်ယွီကရှင်းပြလိုက်လေသည်။ ကျိုးဟောင်လည်းထိုစကားအဓိပ္ပာယ်ကိုချက်ချင်းသဘောပေါက်လိုက်လေသည်။
"ဒါဆိုရင် ငါတို့ဘာလို့ မဝါးမြိုဘဲနေရမှာတုန်း "
ကျိုးဟောင်က တည့်တိုးပြောလိုက်လေသည်။
"ဒီအသိဉာဏ်ဝိညာဉ်က အဆင့်နိမ့်တဲ့အထဲကမဟုတ်ဘူး။ သူ့ရဲ့ အထွတ်အထိပ်အခြေအနေမှာဆိုရင်တောင် ကျွန်တော့်ထက်တဆင့်နိမ့်တယ်ဆိုပေမဲ့ အဲ့အရာက အာကာသအဆင့် အသိဉာဏ်ဝိဉာဉ်တခုပဲ။ ဒါပေမဲ့ ကျွန်တော် ဝါးမြိုနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ရှိပါတယ်"
ရှောင်ယွီ၏စကားကြောင့် ကျိုးဟောင်စိတ်သက်သာရာရသွားလေသည်။ဒါ့အပြင်သူသည်အနားမှာနေပြီး ရှောင်ယွီအားအကူအညီလည်းပေးနေဦးမည်ဖြစ်လေသည်။
"ကောင်းပြီ ကျိုးချန်သောင့် ပြန်ထွက်လာတဲ့အထိစောင့်ကြတာပေါ့ "
ကျိုးဟောင်ကပြောပြီးနောက် ငြိမ်ငြိမ်လေးစောင့်နေလေသည်။
သိပ်မကြာခင်မှာပဲ ကျိုးချန်သောင့်မှာ သုန်မှုန်နေသောအမူအရာဖြင့်ပြန်ထွက်လာပြီး ထိုနေရာမှာ ကြာကြာမနေဘဲ ထွက်သွားလေသည်။
သူထွက်သွားပြီးနောက် ကျိုးဟောင်မှာသူ၏ အရှိန်အဝါကိုဖုံးထားလိုက်ပြီး တိတ်တဆိတ်၀င်လာလေသည်။
ကျိုးဟောင်ဂူထဲ၀င်လာပြီး မကြာခင်မှာပဲ ထူးဆန်းသောခံစားချက်တခုကိုခံစားလိုက်ရပြီး ပြန်လည်ဖော်ပြဖို့ခက်သည့်ခံစားချက်မျိုးဖြစ်နေလေသည်။
ဒါ့အပြင်ထိုဂူမှာထူးဆန်းနေလေသည်။ ၎င်းမှာ သဘာ၀အတိုင်းပေါ်ပေါက်နေသလိုမျိုးမဟုတ်ဘဲ တယောက်ယောက်ကဖန်တီးထားသကဲ့သို့ဖြစ်နေလေသည်။
ကျိုးဟောင်မှာ ထိုအသိဉာဏ်ဝိညာဉ်ကိုသူသေချာမနားလည်သေးသောကြောင့် စိတ်လှုပ်ရှားနေပြီး ဖြည်းဖြည်းချင်းလမ်းလျှောက်လာလေသည်။
"ရှောင်ယွီ မင်းအဲ့တာဘယ်မှာလဲ အာရုံခံမိလား"
ကျိုးဟောင်ကမေးလိုက်လေသည်။
"ဟုတ်ကဲ့ပါသခင် ကျွန်တော် အဲ့အရာရဲ့တည်နေရာကိုမှတ်သားထားတဲ့မြေပုံဆွဲပြပါ့မယ်"
ထို့နောက်ကျိုးဟောင်၏စိတ်ထဲတွင် ထိုအရာတည်ရှိနေသည့်အရာကို အနီရောင်အမှတ်လေးပြထားသည့်မြေပုံတခုပေါ်လာလေသည်။
သို့သော်လည်း ကျိုးဟောင်မှာ သူ့အနီးအနားပတ်၀န်းကျင်တွင် သတ်ဖြတ်လိုစိတ်များအာရုံခံမိလိုက်လေသည်။ ထို့နောက်ဂူနံရံများရွေ့လျားသွားပြီး စက်ယန္တရားမျိုးနွယ်မှ ချပ်၀တ်များနှင့်ဆင်တူသော ချပ်၀တ်များ၀တ်ဆင်ထားသည့်အရာများပေါ်လာလေသည်။ထိုအရာများလက်ထဲတွင်ဓားများကိုင်ဆောင်ထားပြီး အရှိန်အဝါအငွေ့အသက်များကလည်း ဆဌမအဆင့်မူလပညာရှင်နှင့်ညီမျှလေသည်။
ကျိုးဟောင်ချပ်၀တ်၀တ်ဆင်ထားသည့်စက်ရုပ်လိုအရာများကို တနေရာထဲစုပြုံတွေ့လိုက်သောကြောင့် အံ့ဩသွားလေသည်။
"အရှင် သူတို့ကျွန်တော်တို့ကိုသတိထားမိသွားပြီ ကြည့်ရတာ အတင်းထိုးဖောက်၀င်ရောက်ရမယ်ထင်တယ်"
ရှောင်ယွီမပြောရင်တောင်မှ ကျိုးဟောင်မှာ ထိုသို့လုပ်ရန်စဉ်းစားထားပြီးလေသည်။
ကျိုးဟောင်လည်းမိုးကြိုးများနှင့်ပြည့်နှက်နေသောသူ၏နဂါးနက်လှံရှည်ကိုဆွဲထုတ်လိုက်လေသည်။ တချိန်ထဲမှာပဲ နတ်ဘုရားသတ်သိုင်းနှင့် ပြောင်းလဲခြင်းကိုးသွယ် အရှင်သခင်ခန္ဓာသိုင်းကိုသုံးလိုက်လေသည်။
ရုတ်တရက်ပင် သူ့အရှိန်အဝါမှာ တုန်ခါလာပြီး စွမ်းအားများထိုးတက်လာလေသည်။ ထိုချပ်၀တ်ဖြင့်စက်ရုပ်များမှာ သန်မာသော်လည်း ကျိုးဟောင်၏ပြိုင်ဘက်မဟုတ်ခဲ့ပေ။ သူ သည် တစ်ယောက်ပြီး တယောက်သတ်ဖြတ်လိုက်လေသည်။
နတ်ဘုရားသတ်သိုင်းနှင့် ပြောင်းလဲခြင်းကိုးသွယ်အရှင်သခင်ကိုယ်ခန္ဓာသိုင်းကြောင့် ကျိုးဟောင်၏တိုက်ခိုက်ရေးစွမ်းရည်မှာ ပထမအဆင့် ကောင်းကင်ဘုံပညာရှင်တယောက်နှင့်ညီမျှလေသည်။
ထိုစက်ရုပ်များမှာ ကျိုးဟောင်၏တိုက်ခိုက်မှုများကိုမတောင့်ခံနိုင်ကြပေ။ ကျိုးဟောင်ကသူ့လမ်းတလျှောက်ရှိအရာတိုင်းကိုရှင်းလင်းသွားလေသည်။ ထိုအချိန်တွင် မြေကြီးမှာ တုန်ခါလာပြီး တခုခုကပျံသန်းထွက်ခွာဖို့ပြင်ဆင်နေလေသည်။
"အရှင် အဲ့အရာက ထွက်ပြေးဖို့ပြင်နေပြီ"
ရှောင်ယွီက အလျင်အမြန်သတိပေးလိုက်လေသည်။
"ဟမ် တကယ်ကြီးငါ့လက်ကထွက်ပြေးနိုင်မယ်ထင်နေတာလား"
ကျိုးဟောင်ကချက်ချင်း ရွှေကျီးလွတ်မြောက်ရေးသိုင်းကိုအသုံးပြုလိုက်ပြီး အနီစက်လေးရှိရာသို့တန်းသွားလိုက်လေသည်။ သို့သော် အလွန်ထူထဲသော သတ္တုနံရံကြီးတခု ကျိုးဟောင်ရှေ့တွင်ပေါ်လာလေသည်။
ဒါ့အပြင်ဘေးရှိနံရံများမှလည်းလေဆာအမြှောက်အများအပြားပေါ်ပေါက်လာလေသည်။ထိုလေဆာအမြှောက်များမှာ လူသားတို့၏လေဆာအမြှောက်များထက်ပိုမိုအဖျက်စွမ်းအားကြီးလေသည်။
"အရှင် ဒီလေဆာသေနတ်တွေက မျိုးနွယ်စုတို့၏အာဏာရှင်ရဲ့အမြှောက်တွေပဲ အဲ့တာတွေက အရမ်းစွမ်းအားကြီးပြီး ကောင်းကင်ဘုံအဆင့်ပညာရှင်ရဲ့ ခုခံရေးစနစ်ကိုတောင်ဖျက်ဆီးနိုင်တယ် သတိထားပါ...."
ရှောင်ယွီကအလျင်အမြန်ပင်သတိပေးလိုက်လေသည်။
ကျိုးဟောင်လည်း လေဆာသေနတ်များဘက်ကိုဦးတည်လိုက်ပြီး စတင်ဖျက်ဆီးလေသည်။ လေဆာသေနတ်များမှာ ကျိုးဟောင်အား ထိမှန်အောင်မပစ်နိုင်ပေ။
မကြာမီအားလုံးပျက်ဆီးသွားပြီး သတ္တုလုံးကြီးတခုသာကျန်ရစ်တော့လေသည်။ ကျိုးဟောင်လည်း ထိုသတ္တုနံရံကြီးဆီဦးတည်သွားပြီး သူ၏ကျင့်ကြံရေးစွမ်းအားများကိုသုံးကာ နဂါးနက်လှံရှည်ဖြင့် အပေါက်တခုထိုးဖောက်လိုက်လေသည်။
သတ္တုနံရံကြီးတခုလုံးတုန်ခါသွားပြီး အပေါက်တပေါက် ဖြစ်သွားလေသည်။ ကျိုးဟောင်လည်း ၀င်ရောက်သွားပြီး အထဲတွင် စက်ပစ္စည်းများရှိနေသော ကုန်လှောင်ရုံတခုနှင့်တူနေလေသည်။ နေရာအနှံ့တွင်လည်း ထူးဆန်းသောပစ္စည်းများနှင့်ပြည့်နေပြီး ထိုနေရာ၏အလယ်တည့်တည့်တွင် အလင်းလုံးကြီးတခုထိုင်နေလေသည်။
ထိုအလင်းလုံးကြီးဆီသို့ များစွာသော သတ္တုဝိုင်ယာကြိုးများဆက်သွယ်နေပြီး ထူးဆန်းလှပေသည်။
ကျိုးဟောင်ထိုအလင်းလုံးကြီးအား ကြည့်နေစဉ်မှာပင် ထိုအလင်းလုံးကြီးဆီမှာ ဒေါသတကြီး အော်သံတခုထွက်လာလေသည်။
"အဆင့်နိမ့်လူသားက ငါ့ရဲ့ လျှို့ဝှက်ယာဉ်ထဲကိုကျူးကျော်ရဲတယ်ပေါ့ မင်းသေချင်နေပြီလား"
ကျိုးဟောင်ကတော့ဘာမှ ပြန်မပြောခဲ့ပေ။ ထိုအချိန်တွင် ငှက်မွှေးတစ်ထောင်ချပ်၀တ်မှာ ငှက်မွှေးအဖြစ်ပြောင်းလဲသွားပြီး ထိုအလင်းလုံးထဲအား ထိုးဖောက်၀င်လိုက်လေသည်။ ငှက်မွှေးတထောင်ချပ်ဝတ်ဆီမှအနီဖျော့ရောင်အလင်းတန်းများထုတ်လွှတ်နေသည်ကိုကျိုးဟောင်မြင်လိုက်ရလေသည်။
"မင်းလိုမပြည့်စုံတဲ့အစုတ်အပြတ်ချပ်၀တ်က ငါ့ကိုဝါးမြိုဖို့လုပ်ရဲတယ်ပေါ့ဟုတ်လား... ငါကပဲမင်းကိုဝါးမြိုပစ်မှာကွ"
အလင်းလုံးမှာ ဒေါသတကြီးပြောဆိုနေလေသည်။
"အရှင် ဒီအရာက အရမ်းစွမ်းအားကြီးလွန်းတယ်။ ကျွန်တော့်ကိုကူညီပေးပါဦး ဒါက ဒီအရာရဲ့ စွမ်းအင်အရင်းအမြစ်ပဲ အဲ့စွမ်းအင်အရင်းအမြစ်ကိုဖြတ်ပေးပါလား ဒါမှ ဒီအရာကို ကျွန်တော်ဝါးမြိုလို့ရမှာ"
ကျိုးဟောင်၏စိတ်ထဲတွင်နောက်ထပ်အနီစက်တခုထပ်ပေါ်လာလေသည်။ ထိုအရာမှာ ဒီကြီးမားသောအလင်းလုံးကြီး၏ညာဘက်အောက်တွင်ဖြစ်လေသည်။
အခြေအနေမှာ အရေးပေါ်ဖြစ်နေသောကြောင့် ကျိုးဟောင်မှာ အချိန်ဆွဲမနေဘဲ သူ့နဂါးနက်လှံရှည်ဖြင့် မြေပြင်အား ထိုးဖောက်လိုက်လေသည်။
မြေပြင်ပေါ်၌ကြီးမားသောအပေါက်တခုဖြစ်သွားပြီး ကျိုးဟောင်ကထိုထဲခုန်ဆင်းသွားလေသည်။ထိုအောက်ထဲတွင် ထူးဆန်းသောအနက်ရောင်အလင်းတန်းများထုတ်လွှတ်နေသည့်အနက်ရောင်ကျောက်တုံးများရှိနေလေသည်။
ရုတ်တရက်ကျိုးဟောင်၏အမူအရာမှာပြောင်းလဲသွားလေသည်။ အကြောင်းမှာ လူအယောက်တရာကျော်လောက်အားတွေ့လိုက်ရသောကြောင့်ဖြစ်လေသည်။
ထိုလူများမှာ သိုင်းပညာရှင်များဖြစ်ကြပြီး လူသားများသာမက မျိုးနွယ်ခြားများလည်းပါ၀င်လေသည်။ ထိုလူများအားလုံးအချုပ်ခံထားရပြီး သူတို့၏စွမ်းအင်ဗဟိုချက်နှင့် နှလုံးများတွင်လည်း ပိုက်များဖြင့်ဆက်သွယ်ထားလေသည်။
တယောက်မှာ စွမ်းအင်မှားကုန်အောင်စုပ်ယူခံရပြီး ထိုတယောက်မသေအောင်အခြားတယောက်ကအာဟာရများပေးနေသည့်နည်းလမ်းဖြစ်နေသည်။ ဒီနည်းလမ်းမှာ အလွန်ရွံရှာမုန်းတီးဖွယ်ကောင်းလေသည်။
ကျိုးဟောင်မှာအလွန် ဒေါသထွက်သွားလေသည်။ ဒီလူအများစုမှာသေဆုံးနေကြပြီး မသေဆုံးသေးသည့်လူများမှာလည်း ကြာကြာအသက်မရှင်နိုင်တော့ပေ။ ကျိုးဟောင်လည်း နဂါးနက်လှံရှည်ဖြင့်ပိုက်များကိုဖြတ်တောက်လိုက်လေသည်။ ထိုအခါထိုလူများအားလုံးမြေပြင်ပေါ်တွင် သတိလစ်လဲကျသွားကြလေသည်။
ကျိုးဟောင်ထိုပိုက်များကိုဖြတ်တောက်ပြီးချိန်တွင် အလင်းလုံးဆီမှ နာနာကျင်ကျင်အော်ဟစ်သံတခုကြားလိုက်ရလေသည်။
" မဖြစ်နိုင်ဘူး..... မင်းလိုအဆင့်မြင့်အသိဉာဏ်ဝိညာဉ်တခုကဒီလိုနိမ့်ကျတဲ့ဂြိုလ်ပေါ်မှာဘာလို့ရှိနေရတာလဲ။ မင်း... မင်းက ဖျက်ဆီးရေးခေတ်က ရှေးဟောင်းစွမ်းအင်ခန္ဓာကိုယ်ပဲ။ မင်း....အား....."
....................................................................................
အခန်း (၄၁၃) ပြီးပါပြီ။
အခန်း (၄၁၄): တိုက်ခိုက်ရေးစွမ်းရည်အဆင့်
ထိုအသံရပ်သွားပြီးနောက် ပတ်၀န်းကျင်ရှိအငွေ့အသက်များကျဆင်းလာသည်ကို ကျိုးဟောင်ခံစားမိလိုက်သည်။
ကျိုးဟောင်လည်း စိတ်လှုပ်ရှားသွားပြီး ရှောင်ယွီအားလှမ်းခေါ်လိုက်လေသည်။
"ရှောင်ယွီအခြေအနေဘယ်လိုရှိလဲ"
ကျိုးဟောင်ကစိုးရိမ်နေလေသည်။ သူ့အနေဖြင့် ထိုစွမ်းအင်ခန္ဓာအား မရရင်တောင်မှ ရှောင်ယွီကိုတော့ မဆုံးရှုံးချင်ပေ။
"အရှင် ကျုပ်အားလုံးထိန်းချုပ်ပြီးပါပြီ အခုအဲ့အရာကိုကျွန်တော်စုပ်ယူနေပါတယ်။ ဒါကအချိန်တခုလောက်တော့ကြာလိမ့်မယ် ပြီးတော့ မကြာခင်ကျွန်တော်အိပ်ပျော်သွားလိမ့်မယ် အဲ့အချိန်ကျရင်ဒီနေရာကိုအရင်ဆုံးချိတ်ပိတ်ခဲ့ပါ့မယ်။ အရှင့်အနေနဲ့ ငှက်မွှေးတထောင်ချပ်၀တ်ကိုဆက်လက်အသုံးပြုလို့ရသေးပေမဲ့ ကျွန်တော်ကတော့ကူညီဖို့အနားမှာခဏလောက်ရှိနိုင်မှာမဟုတ်ဘူး။ ကျွန်တော်လိုအပ်တဲ့အထွေထွေလုပ်ဆောင်ချက်အကုန်လုံးကိုလည်းအရှင်အသုံးပြုလို့ရအောင်လုပ်ပေးခဲ့တယ်။ ကျွန်တော့်အနေနဲ့လအနည်းငယ်လောက်အိပ်ပျော်နေမှာဖြစ်ပြီး ကျွန်တော်နိုးလာတာနဲ့အရှင့်ကိုအသိပေးပါ့မယ်"
ရှောင်ယွီ၏အသံမှာ အားနည်းနေလေသည်။ ကျိုးဟောင်လည်းသဘောပေါက်လိုက်ပြီး ငှက်မွှေးတထောင်ချပ်၀တ်နဲ့အတူထိုနေရာမှထွက်ခွာသွားလေသည်။
ရှောင်ယွီ၏အသိဉာဏ်ဝိညာဉ်မှာ ငှက်မွှေးတစ်ထောင်ချပ်၀တ်ဆီမှခွဲထုတ်ခံလိုက်ရလေသည်။ ၎င်းအနေနဲ့ ထိုအလင်းလုံးကိုဝါးမြိုပြီးနောက်ပြန်လာလေမည်ဖြစ်လေသည်။ကျိုးဟောင်လည်း အများကြီးတွေးမနေဘဲ ထိုနေရာမှ ထွက်ခွာလာခဲ့လေသည်။
ကျိုးဟောင်က ထိုအကြောင်းအရာများကို ဘယ်သူ့ကိုမှမပြောပြဖို့တွေးထားလေသည်။အကြောင်းမှာ သူ့ဘော်ဒါများအား အတွေးမလွန်စေချင်၍ဖြစ်လေသည်။ တခြား လူသားပညာရှင်များကိုလည်း မပြောဖို့ဆုံးဖြတ်ထားလေသည်။ လူသားများမှာ အပေါ်ယံလောက်သာစည်းလုံးကြသောကြောင့်ဖြစ်လေသည်။
ဒါ့ကြောင့်ကျိုးဟောင်အနေနဲ့ဘယ်သူ့ကိုမှ မပြောပြဖို့ဆုံးဖြတ်လိုက်လေသည်။
စစ်သေနာပတိချုပ်အိမ်တော်သို့ပြန်ရောက်သောအခါ ကျိုးဟောင်ကပျင်းရိမနေဘဲ သူနေ့စဉ်ကျင့်ကြံရမည့်အရာကိုလုပ်ဆောင်နေလေသည်။
တခြားတဖက်တွင်လည်း တရာမြို့မှာ ယခုလုံခြုံသွားပြီး ရှုလင်နှင့်အခြားလူများအတွက်လည်း လေ့ကျင့်ချိန်ပိုရသွားလေသည်။
သူတို့မှာ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်း၏ပုံရိပ်ယောင်ကွန်ရက်ထဲတွင် လေ့ကျင့်နေကြသည်ကို ကျိုးဟောင်အာရုံခံမိလိုက်သည်။သူတို့အားလုံး လေ့ကျင့်ရေးမျှော်စင်ကိုအသုံးပြုနေကြသည်ကိုလည်းတွေ့လိုက်ရလေသည်။ယွမ်ချန်းတို့တသိုက်လည်း အပြင်းအထန်ကျင့်ကြံနေကြပြီး အထွတ်အထိပ်မဟာဆရာသခင်အဆင့်ကိုတောင်ရောက်လာလေသည်။ သိပ်မကြာခင် မူလအဆင့်သို့တက်လှမ်းနိုင်ကြတော့မည်ဖြစ်လေသည်။
သူတို့အားလုံးထဲတွင် ရှုလင်ကအရင်ဆုံးမူလအဆင့်ကိုတက်လှမ်းနိုင်မည့်သူဖြစ်လေသည်။ သူမအနေဖြင့် အထွတ်အထိပ်မဟာဆရာသခင်အဆင့်ကိုရောက်နေသည်မှာကြာပြီဖြစ်လေသည်။ သို့သော်သူမအနေဖြင့် အလောတကြီးမူလအဆင့်သို့မတက်လှမ်းခဲ့ပေ။ ဒီကိစ္စကကျိုးဟောင်အား ဇဝေဇဝါဖြစ်စေလေသည်။
ကျိုးဟောင်သည်သူမအား ရံဖန်ရံခါ ရှားပါးစွမ်းအင်ဘားများနှင့် နားလည်နိုင်စွမ်းစာလိပ်တို့ကိုပေးခဲ့ဖူးလေသည်။ ပုံမှန်အတိုင်းဆို ရှုလင်အနေဖြင့် မူလအဆင့်ကိုရောက်သင့်နေပြီဖြစ်လေသည်။
ကျိုးဟောင်လည်းဆက်မတွေးတော့ဘဲ အိပ်ယာပေါ်တွင်လှဲပြီး ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်အား ဖွင့်လိုက်လေသည်။
ကျိုးဟောင်ဆော့ဖ်ဝဲလ်ထဲသို့၀င်လိုက်သည်နှင့် လူအများက သူ့နာမည်အားခေါ်နေကြလေသည်။
" သခင်ကြီး @ငါသည်သာမန်လူတယောက် ရောက်လာပြီလား"
"သခင်ကြီးဒီနေ့ကော တိုက်ရိုက်အစမ်းထုတ်လွှင့်မှာလား လျှို့ဝှက်ဆန်းကြယ်သေတ္တာတွေဖွင့်ပြမှာလား "
ကျိုးဟောင်သည်စကားပြောခန်းထဲမှစာများကိုကြည့်ပြီး ပြုံးလိုက်လေသည်။ သူ့အနေဖြင့်နတ်မိမယ်ယွဲ့လင်၏ တိုက်ရိုက်ထုတ်လွှင့်မှုထဲမသွားဖြစ်တာကြာနေပြီဖြစ်လေသည်။
သူချက်ချင်းပင် နတ်မိမယ်ယွဲ့လင်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲ၀င်လိုက်လေသည်။ထိုအချိန်ကာလများထဲတွင် နတ်မိမယ်ယွဲ့လင်မှာ တိုက်ရိုက်ထုတ်လွှင့်နေဆဲဖြစ်ပြီး သူမ အနေဖြင့် ကျိုးဟောင်ကိုမတွေ့ရတာကြာသောအခါ အနည်းငယ်စိတ်ညစ်နေလေသည်။ သူမအနေဖြင့် ကျိုးဟောင်အား ဆက်သွယ်ချင်သော်လည်း သတ္တိမရှိခဲ့ပေ။
ထိုအချိန်မှာပဲ ကျိုးဟောင်က တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ရောက်လာပြီး အားလုံးကကြိုဆိုနေကြလေသည်။
"နတ်မိမယ်ယွဲ့လင် သခင်ကြီးရောက်လာပြီဆိုတော့ဒီတစ်ခါရောအဆင့်တွေချိုးဖျက်ကြည့်ဦးမလား"
"ဟုတ်တယ် ငါတို့ကပြီး အောင်ပွဲခံသင့်တယ်"
သုံးစွဲသူများ နတ်မိမယ်ယွဲ့လင်၏တိုက်ရိုက်ထုတ်လွှင့်ခန်းထဲ စုပြုံလာပြီး နတ်မိမယ်ယွဲ့လင်၏ အမူအရာလည်းပြောင်းလဲသွားလေသည်။
ကျိုးဟောင်ဘာမှ မပြောခင်မှာပဲ နတ်မိမယ်ယွဲ့လင်ကအလျင်အမြန်ပြောလိုက်လေသည်။
"အားပေးသူအားလုံးပဲ ကျွန်မလုပ်စရာလေးရှိလို့ အရင်လိုင်းပေါ်ကဆင်းခွင့်ပြုပါ"
နတ်မိမယ်ယွဲ့လင်က ပြောပြီးသည်နှင့်တိုက်ရိုက်ထုတ်လွှင့်မှုကိုပိတ်လိုက်သောကြောင့်ဖန်သားပြင်မှာ မည်းသွားလေသည်။
"ဘာတွေဖြစ်ကုန်တာလဲ ဘာလို့နတ်မိမယ်ယွဲ့လင်ထွက်သွားတာလဲ"
"ကြည့်ရတာ နတ်မိမယ်ယွဲ့လင်နဲ့ သခင်ကြီးကြားတခုခုတော့ဖြစ်ထားပုံရတယ်"
"ဟီးဟီး အဲ့လိုပဲဖြစ်ရမယ် ဒါ့ကြောင့်နတ်မိမယ်ယွဲ့လင်က သခင်ကြီးလာတာနဲ့တန်းထွက်သွားတာဖြစ်မယ်"
"သခင်ကြီးတို့ကြားတခုခုဖြစ်ထားတာလား သခင်ကြီးနတ်မိမယ်ယွဲ့လင်အပေါ်ဘာလုပ်ထားတာလဲ @ငါသည်သာမန်လူတယောက်သာ"
"သူ့အချစ်တွေကို၀န်ခံခဲ့တာကို သူမက ငြင်းလိုက်တာဖြစ်မယ် ဟီးဟီး..."
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲကလူများက ထင်ကြေးမျိုးစုံပေးနေကြလေသည်။
ကျိုးဟောင်လည်း မျက်မှောင်ကြုတ်ပြီး အခြေအနေကိုနားမလည်နိုင်ဖြစ်နေလေသည်။ သူ့အနေနှင့် နတ်မိမယ်ယွဲ့လင်နှင့်နောက်ဆုံးပြောခဲ့သည်မှာ နတ်ဘုရားသတ်သိုင်းအကြောင်းသာဖြစ်ပြီး တခြားမရှိပေ။ ထိုကိစ္စကကျိုးဟောင်အားဇဝေဇဝါဖြစ်စေလေသည်။
သူ့အနေဖြင့် နတ်မိမယ်ယွဲ့လင်မှာ နတ်ဘုရားသတ်သိုင်းနှင့်ပတ်သက်ပြီးတခုခုသိနေလောက်မည်လို့သေချာနေခဲ့လေသည်။
သို့သော်နတ်မိမယ်ယွဲ့လင်က ဘာမှမပြောသောကြောင့်သူထပ်မမေးခဲ့ပေ။ ကျိုးဟောင်မှာ သူ၏လျော့နည်းနေသော ကောင်းကင်ဘုံဒင်္ဂါးပြားများနှင့် ကံကြမ္မာအမှတ်များကိုကြည့်ပြီး သက်ပြင်းချလိုက်လေသည်။
ကျိုးဟောင်အနေဖြင့် မျိုးနွယ်ခြားများကို မသတ်ဖြတ်သည်မှာ အတော်ကြာပြီဖြစ်သောကြောင့် သူ၏ဒင်္ဂါးပြားများနှင့် ကံကြမ္မာအမှတ်များမှာ လျော့နည်းနေလေသည်။ဒီကိစ္စကကျိုးဟောင်အား စိတ်ဓာတ်ကျစေလေသည်။
ကံကောင်းထောက်မစွာဖြင့် သူ့ထံတွင် ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တုံးများစွာရှိပြီး ထိုကျောက်တုံးများဖြင့် ကောင်းကင်ဘုံအဆင့်တဝက်ခန္ဓာကိုယ်ကိုပုံသွင်းနိုင်လေသည်။ ဒါ့အပြင်သူသည် ပြောင်းလဲခြင်းကိုးသွယ်အရှင်သခင်ခန္ဓာကိုယ်သိုင်းကိုလည်း လေ့ကျင့်နေသေးလေသည်။
ကျိုးဟောင်ပြောင်းလဲခြင်းတတိယအဆင့်အထိလေ့ကျင့်ခဲ့ပြီးပြီး သူ့တိုက်ခိုက်ရေးစွမ်းရည်မှာ ငှက်မွှေးတစ်ထောင်ချပ်၀တ်၏အကူအညီမပါရင်တောင်မှ ပထမအဆင့်ကောင်းကင်ဘုံပညာရှင်နှင့်ယှဉ်နိုင်လေသည်။
ကျိုးဟောင်ကတွေးပြီးနောက်ဆက်လက်ကျင့်ကြံနေလေသည်။ သူ့ကျင့်ကြံရေးမှာ ကောင်းကင်ဘုံအဆင့်တ၀က်ရောက်နေသည်မှာကြာပြီဖြစ်သည်။ ဒါ့အပြင် သူ့ခန္ဓာကိုယ်အားပုံသွင်းခြင်းမှာလည်း ၄၀%အထိပြီးစီးသွားပြီး နောက်ထပ်၆၀%သာပြီးစီးသွားပါက ကျင့်ကြံသူတို့၏အထက်အဆင့်ကိုရောက်ရှိသွားမည်ဖြစ်လေသည်။
ပြောင်းလဲခြင်းကိုးသွယ်အရှင်သခင်ကိုယ်ခန္ဓာသိုင်းကြောင့် သူ၏ခန္ဓာကိုယ်စွမ်းအားကိုလည်း ကိုးဆအထိတိုးမြှင့်နိုင်သေးလေသည်။
ဒါ့အပြင်နတ်ဘုရားသတ်သိုင်းဖြင့်လည်းသူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ၃ဆအထိတိုးနိုင်သေးလေသည်။
ပထမဆင့်ကောင်းကင်ဘုံပညာရှင်မှာ ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်ထက်၁၀ဆပိုမိုသန်စွမ်းလေသည်။ ဒါကိုကြည့်ခြင်းဖြင့် သူသည် ပထမအဆင့်ကောင်းကင်ဘုံပညာရှင်တယောက်ကိုတိုက်ခိုက်နိုင်ပြီလို့ယူဆလို့ရလေသည်။
ဒုတိယအဆင့်ကောင်းကင်ဘုံပညာရှင်ကတော့ ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်ထက်အဆ၂၀လောက်တိုက်ခိုက်ရေးစွမ်းရည်ပိုများလေသည်။ ထိုပမာဏသည်ကြောက်မက်ဖွယ်ရာကောင်းလှပေသည်။
" တကယ်လို့ ပြောင်းလဲခြင်းကိုးသွယ်အရှင်သခင်ခန္ဓာသိုင်းနဲ့ နတ်ဘုရားသတ်သိုင်းတို့ကို ပြီးပြည့်စုံအောင်လေ့ကျင့်ပြီးသွားလို့ရှိရင် ကောင်းကင်ဘုံအဆင့်ရောက်ပြီးတာတောင်မှ ငါ့အင်အားတွေကို အဆပေါင်းများစွာတိုးမြှင့်နိုင်မှာပဲ"
ကျိုးဟောင်မှာ သူပထမအဆင့်ကောင်းကင်ဘုံပညာရှင်ဖြစ်လာပြီးနောက် ထိုသိုင်များကိုအသုံးပြုပြီးသူ၏တိုက်ခိုက်ရေးစွမ်းရည်ကိုမြှင့်တင်နိုင်သေးသောကြောင့်ကျေနပ်နေလေသည်။
သူ့စွမ်းအားများကို ယခုလိုအဆများစွာမြှင့်တင်နိုင်ပါက သူကောင်းကင်ဘုံအဆင့်သို့ရောက်ချိန်တွင် သူ့တိုက်ခိုက်ရေးစွမ်းရည်မှာအထွတ်အထိပ်ကောင်းကင်ဘုံပညာရှင်နှင့်ယှဉ်ပြိုင်နိုင်မည်လား။
ဒီလိုကိစ္စမျိုးကဖြစ်တော့မဖြစ်နိုင်ပေ။ ထိုကဲ့သို့လုပ်နိုင်ပါက ဒီကျင့်စဉ်များက ကောင်းကင်ကိုပင်အံတုနိုင်သည့်အရာများဖြစ်လေသည်။ဒါကတခြားသူများအတွက်မမျှတရာကျပေသည်။
ထိုအကြောင်းများကိုကျိုးဟောင်တွေးနေစဉ်မှာပဲ ခြေသံတခုကြားလိုက်ပြီး ရှုလင်၏အသံလေးထွက်လာလေသည်။
"ကျိုးဟောင် နင်အိပ်နေပြီလား"
....................................................................................
အခန်း (၄၁၄) ပြီးပါပြီ။