အခန်း (၄၁၅-၄၁၇)
Vol. 28 Ch. 415-417
အခန်း (၄၁၅) : လမ်းကြောင်း
ရှုလင်တယောက်ညဘက်ကြီးဘာကြောင့်ရောက်လာမှန်းမသိတာကြောင့် ကျိုးဟောင်အံ့ဩနေလေသည်။
အချိန်မှာနောက်ကျနေပြီဖြစ်သောကြောင့်ရှုလင်တယောက်အရေးကြီးကိစ္စမရှိဘဲ သူ့အားလာရှာမည်မဟုတ်ပေ။ နေ့ဘက်တုန်းက အနားတွင်လူများစွာရှိနေခဲ့ပြီး ရှုလင်အနေနဲ့သူ့အား တခုခုပြောချင်လို့သာ ညဘက်မှလာရခြင်းဖြစ်နိုင်လေသည်။
ကျိုးဟောင်ကအလျင်အမြန်ပင်တံခါးထဖွင့်လိုက်လေသည်။
"မအိပ်သေးဘူးလား နောက်ကျနေပြီလေ"
ကျိုးဟောင်ကရှုလင်ကိုတွေ့သောအခါပြုံးပြီးပြောလိုက်လေသည်။သို့သော်ရှုလင်၏မျက်နှာတွင်စိုးရိမ်နေသောအရိပ်အယောင်မျိုးမရှိပေ။
"နင်ကျတော့ရော မအိပ်သေးဘဲနဲ့"
ရှုလင်ကသူမ၏မျက်စောင်းလေးထိုးလိုက်လေသည်။ ထို့နောက်သူမသည် အခန်းထဲ၀င်လာပြီး ဆိုဖာပေါ်တွင်ထိုင်နေလေသည်။
ကျိုးဟောင်ကသူခေါင်းသူကိုင်ကာ ရှုလင်အားကြည့်လိုက်လေသည်။ ဒီညတော့ စိတ်လှုပ်ရှားစရာတွေများဖြစ်တော့မှာလား။ သူ့အနေဖြင့်ဒီကိစ္စအတွက်ကြိုတင်မပြင်ဆင်ထားရသေးပေ။
ဒါတွေက ကျိုးဟောင်၏အတွေးသက်သက်သာဖြစ်လေသည်။ ရှုလင်မှာ ထိုကိစ္စများနှင့်ပတ်သက်ပြီး ရှက်တတ်သူဖြစ်ပြီး ထိုကိစ္စများနှင့်လည်းအကန့်ခွဲထားသူဖြစ်လေသည်။
"ငါနင့်အတွက်လက်ဖက်ရည်ယူပေးမယ်"
ကျိုးဟောင်ကပြောပြီးနောက် အလျင်အမြန်ပဲ လက်ဖက်ရည်တခွက်သွားဖျော်လိုက်ပြီး ရှုလင်ဆီသို့ယူလာပေးလေသည်။
ရှုလင်ကလက်ဖက်ရည်တငုံလောက်သောက်ပြီးနောက် အသက်မပါသောမျက်လုံးများဖြင့်ထိုင်နေပြီးဘာမှမပြောပေ။ ဒီအခြင်းအရာကကျိုးဟောင်အားစိတ်ပူသွားစေလေသည်။
ကျိုးဟောင်လည်းရှုလင်အနားသွားထိုင်ကာသူမကိုကြည့်ပြီးမေးလိုက်လေသည်။
"ဘာဖြစ်လို့လဲ မင်းကိုဘာကစိတ်အနှောင့်အယှက်ဖြစ်စေတာလဲ"
ကျိုးဟောင်အနေနဲ့ရှုလင်တခုခုထူးဆန်းနေတာကိုသဘောပေါက်လိုက်လေသည်။ ဘာဖြစ်နေသလဲသူ မသိသော်လည်း ရှုလင်အနေနဲ့တခုခုပြောစရာရှိနေသလိုသူခံစားရလေသည်။
"ဟူး... ငါနင့်ကိုပြောစရာတခုတော့ရှိတယ် ဒါပေမဲ့ ငါဘယ်လိုစပြောရမှန်းမသိဘူး"
ရှုလင်ကသက်ပြင်းချပြီးပြောလိုက်လေသည်။ သူမ၏၀မ်းနည်းနေသောအမူအရာကကျိုးဟောင်အားအံ့အားသင့်စေလေသည်။
"မင်းစိတ်ထဲရှိတဲ့အတိုင်းပြောပါ မင်းနဲ့ကိုယ်ကြားမပြောနိုင်စရာကိစ္စမှမရှိတာ ဟီးဟီး....မဟုတ်ဘူးလား"
ကျိုးဟောင်က အရွှန်းဖောက်ပြီး ရှုလင်အားစလိုက်လေသည်။ သူ့အနေဖြင့်ရှုလင်အား ပြုံးအောင်လုပ်ချင်သောကြောင့် ဒီလိုကြောင်တောင်တောင်အမူအရာများလုပ်နေခြင်းဖြစ်လေသည်။
သို့သော်ရှုလင်ကမလှုပ်မယှက်ဖြစ်နေပြီး သူမ၏ မျက်လုံးများတွင်အထီးကျန်ဆန်မှုများပြည့်နေလေသည်။ကျိုးဟောင်အနေနဲ့ရှုလင်တခုခုဖြစ်နေပြီလို့သဘောပေါက်လိုက်လေသည်။
" ရှုလင်ဘာဖြစ်လို့လဲ နေလို့မကောင်းလို့လား ဒါမှမဟုတ် ကျင့်ကြံရေးမှာတခုခုဖြစ်လို့လား"
ကျိုးဟောင်မှာအလွန်စိတ်ပူနေလေသည်။ သူ့အနေဖြင့်တခုခုမှားနေကြောင်းခံစားလိုက်ရပြီး သူ့ဂရုမစိုက်ခဲ့မှုတွေကိုအပြစ်တင်နေမိလေသည်။သူပေါ့ပေါ့ဆဆနေခဲ့ပြီး ရှုလင်၏ခံစားချက်တွေကို သတိမထားမိခဲ့ချေ။
"မဟုတ်ပါဘူး ငါ့ကျင့်ကြံရေးကလည်းအဆင်ပြေပါတယ် ငါအလျင်အမြန်ပဲတိုးတက်နေပြီး နင်ပေးထားတဲ့ စွမ်းအင်ဘားတွေတောင် အကုန်မစုပ်ယူရသေးပါဘူး"
ရှုလင်ကသူမ၏ခေါင်းလေးကိုခါပြီးပြောလိုက်လေသည်။
ထိုစကားကြောင့်ကျိုးဟောင်မှာ အလွန်စိတ်ပူသွားပြီး သူမ၏လက်ကလေးကို ဆုပ်ကိုင်လိုက်မိလေသည်။
"ရှုလင်ဘာဖြစ်လို့လဲကိုယ့်ကိုပြောစမ်းပါ စိတ်ပူလွန်းလို့သေတော့မယ်"
ရှုလင်၏နူးညံ့သောလက်ကလေးမှာဆုပ်ကိုင်ခံထားရ သောကြောင့် သူမ၏မျက်နှာလေးမှာရဲလာလေသည်။ သို့သော်လည်း သူမမှာလက်ကလေးကိုပြန်မရုတ်ဘဲကျိုးဟောင်အားဆက်ကိုင်ထားစေလေသည်။
"ငါ...ငါ မူလအဆင့်ကိုချိုးဖောက်နိုင်တော့မယ်"
ထိုစကားကိုကြားသောအခါ ကျိုးဟောင်ပဟေဠိဖြစ်သွားလေသည်။ မူလအဆင့်တို့တက်လှမ်းနိုင်သည်မှာ ကောင်းသောအရာဖြစ်ပြီးသူမက အဘယ့်ကြောင့်စိုးရိမ်နေသနည်း။
မူလအဆင့်ရောက်ဖို့ကသိုင်းပညာရှင်တိုင်းရဲ့မျှော်မှန်းချက်ဖြစ်လေသည်။အခုတော့ သူမက မူလအဆင့်ကိုရောက်မှာကိုစိုးရိမ်နေပြီး မလိုချင်နေသည့်ပုံစံဖြစ်နေလေသည်။
"ရှုလင်ဒါက ကောင်းတဲ့ကိစ္စမဟုတ်ဘူးလား။ ငါတို့သိုင်းပညာရှင်တွေက ဒီအဆင့်ရောက်နိုင်ဖို့အချိန်တွေရင်းနှီးပြီးထပ်တလဲလဲကျင့်ကြံကြရတာလေ။ မင်းမူလအဆင့်ကိုတက်လှမ်းနိုင်သွားတဲ့အတွက်ကိုယ်အရမ်းပျော်တယ်"
"ဪဒါနဲ့ မင်းကမူလအဆင့်ကိုရောက်သွားပြီးကိုယ်ကနောက်ကောက်ကျန်နေခဲ့မှာကိုစိတ်ပူတာလား။ အဲ့ဒါဆိုစိတ်မပူပါနဲ့ ကိုယ်လည်း မူလအဆင့်ကိုချိုးဖောက်နိုင်တော့မှာပါ"
ရှုလင်ကဒီကိစ္စကိုစိတ်ပူနေကြောင်းသူတွေးမိလိုက်ပြီး သူမအား နှစ်သိမ့်ဖို့သူကြိုးစားနေလေသည်။သူမကမူလအဆင့်ကိုရောက်သွားပြီးကျိုးဟောင်ကကျန်ခဲ့ပါက ကျိုးဟောင်၏မာနအားထိခိုက်စေလိမ့်မည်လို့ထင်နေခဲ့သလား။
ရှုလင်ကကျိုးဟောင်ကိုကြည့်ကာပြုံးပြီးပြောလိုက်လေသည်။
"အို နင်လည်း မူလအဆင့်ကိုရောက်တော့မှာလား ဒါကောင်းတာပဲ ဒါပေမဲ့...."
"ဒါပေမဲ့ ဘာလဲ"
ကျိုးဟောင်ကမှင်တက်သွားရပြန်သည်။
"အဲ့လောက်နဲ့မလုံလောက်ဘူး ကျိုးဟောင် နင်ဘာတွေးနေသလဲငါမသိပေမဲ့ ငါတွေးထားတာကိုနင့်ကိုပြောပြမယ်။ ငါနင့်ကိုတကယ်သဘောကျပြီး နင်နဲ့အတူရှိချင်တယ် ငါအစက ငါ့ကံကြမ္မာကိုငါကိုယ်တိုင်ပြောင်းလဲနိုင်လိမ့်မယ်လို့ထင်ပေမဲ့ ငါမလုပ်နိုင်မှာ ငါကြောက်တယ်"
ရှုလင်၏စကားများက ကျိုးဟောင်အားတုန်လှုပ်စေလေသည်။ သူမ၏စကားအစပိုင်းလေးက ကျိုးဟောင်အား အလွန်စိတ်လှုပ်ရှားစေပြီး နောက်ဆုံးစကားကကျိုးဟောင်အားမှင်တက်စေလေသည်။
သူမဘာကိုဆိုလိုချင်သနည်း။ သူတို့တယောက်နဲ့တယောက်သဘောကျနေသရွေ့အတူရှိနိုင်သည်မဟုတ်ဘူးလား။
"ရှုလင်ဘာဖြစ်လို့လဲ ကိုယ့်ကိုပြောပါ ဖြစ်လာသမျှအကျိုးဆက်တွေကိုမင်းနဲ့အတူရင်ဆိုင်ပါ့မယ်"
ကျိုးဟောင်ကစိုးရိမ်နေသောအမူအရာဖြင့်ပြောလိုက်လေသည်။
" ကျိုးဟောင်မူလအဆင့်ပညာရှင်တယောက်ရဲ့အဓိပ္ပာယ်ကိုနင်မသိဘူးလား "
ရှုလင်ကရုတ်တရက်မေးလိုက်လေသည်။
ကျိုးဟောင်အနေဖြင့် မူလအဆင့်ပညာရှင်ကဘာကိုဆိုလိုသလဲမသိပေ။ဒါက တယောက်ယောက်၏ အဆင့်တိုးတက်သွားသည့်သဘောမဟုတ်လား။
"ဒါတော့ ငါသေချာမသိဘူး"
ကျိုးဟောင်က၀န်ခံလိုက်လေသည်။
"မူလအဆင့်ပညာရှင်တယောက်ဖြစ်လာတာနဲ့ ငါတို့ရဲ့ကျောင်းသားဆိုတဲ့အချက်အလက်တွေထားခဲ့ရပြီး အဖွဲ့ကလည်းထွက်ခွာရမယ်။ ငါတို့တိုးတက်ဖို့အတွက်ကိုယ်ပိုင်နေရာတခုရှာဖွေရမယ်။ ငါတို့အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းမှာဆက်နေမယ်ဆိုရင်မူလအဆင့်ပညာရှင်ဖြစ်လာရင်ရွေးချယ်စရာနှစ်ခုရှိတယ်"
"ပထမတခုက ရှေ့တန်းခံတပ်တွေဆီသွားတာပဲ။ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းက အက်ကွဲကြောင်း ၇ခုကိုတာ၀န်ယူရတာကြောင့် မူလအဆင့်ပညာရှင်တွေက အက်ကွဲကြောင်းတွေကိုစောင့်ကြပ်ရတယ်။ ရှေ့တန်းခံစစ်လိုင်းအထိမသွားရင်တောင်မှ ခံတပ်ထဲမှာနေပြီး မျိုးနွယ်ခြားတွေမကျူးကျော်လာအောင်စောင့်ကြပ်ရတယ်"
"ဒုတိယတခုက နောက်တန်းမှာနေခဲ့တာပဲ။ ရှေတန်းခံတပ်ကအန္တရာယ်အလွန်များတယ် ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မြို့တွေကိုလည်းစောင့်ကြပ်ဖို့လိုအပ်တယ်။ ငါတို့မူလအဆင့်ပညာရှင်ဖြစ်လာရင် ကျန်းနန်မြို့ကိုစောင့်ကြပ်ရမယ်။ အဲ့အချိန်ကျရင် ငါတို့ကလုံခြုံရေးသံတမန်တွေဖြစ်လာပြီး ဧရိယာတခုလုံးဘေးကင်းဖို့တာ၀န်ယူရမယ်"
ထိုစကားများကိုကြားပြီးနောက်ကျိုးဟောင်သဘောပေါက်သွားလေသည်။ သူ့အနေဖြင့် မူလအဆင့်ပညာရှင်အကုန်လုံး ရှေ့တန်းခံတပ်သွားရမည်လို့သိထားခဲ့သော်လည်း ယခုမူဒုတိယရွေးချယ်မှုရှိနေလေသည်။
ရှုလင်ဘာကိုစိုးရိမ်နေသလဲဆိုတာ ကျိုးဟောင်သဘောပေါက်လာလေသည်။ ရှုလင်ပြောပုံအရ သူမသည် ဒုတိယရွေးချယ်မှုကိုစဉ်းစားထားပုံရလေသည်။
ကျိုးဟောင်မျက်မှောင်ကြုတ်မိလိုက်သည်။ ဒုတိယရွေးချယ်မှုက ကျန်းနန်မြို့ကိုစောင့်ရှောက်ရမည့်တာ၀န်ဖြစ်ပြီး ဒီအဓိပ္ပာယ်သူမနှင့်ကျိုးဟောင် ကွဲကွာသွားမည်ဖြစ်လေသည်။
တကယ်တမ်းပြောရရင် ကွဲကွာသွားသည်မျိုးမဟုတ်ဘဲ နေရာအနည်းငယ်ဝေးသွားခြင်းသာဖြစ်လေသည်။ ဒီနေရာအကွာအဝေးကသူ့အတွက်ဘာကိစ္စမှမရှိပေ။
သူတို့နှစ်ယောက်၏ဆက်ဆံရေးမှာ ယခုလို တယောက်က ကျန်းနန်မှာရှိပြီးတယောက်က ရှေ့တန်းမှာရှိနေရုံဖြင့် တခုခုသက်ရောက်သွားမည့်အရာမျိုးလည်းမဟုတ်ပေ။
ဒါဆိုသူမဘာကြောင့် စိုးရိမ်ပူပန်နေသနည်း။
"ရှုလင်ဘာဖြစ်လို့လဲ ကိုယ်ခုထိနားမလည်နိုင်သေးဘူး"
ကျိုးဟောင်ကအလျင်အမြန်ပြောလိုက်လေသည်။
....................................................................................
အခန်း (၄၁၅) ပြီးပါပြီ။
အခန်း (၄၁၆) : စိတ်ဆန္ဒ
ကျိုးဟောင်မှာ ရှုလင်ဘာဆိုလိုချင်နေမှန်းမသိသောကြောင့် ဇဝေဇဝါဖြစ်နေလေသည်။
ထိုနေရာနှစ်ခုမှာ ကွာဝေးသော်လည်း ဒါကကိစ္စကြီးမဟုတ်ပေ။ မူလအဆင့်ပညာရှင်တယောက်အတွက် မြို့သို့အချိန်မရွေးပြန်လာလို့ရလေသည်။ သူတို့နှစ်ယောက်မတွေ့ရတော့မည်အခြေအနေမျိုးမဟုတ်ပေ။
ရှုလင်ကသက်ပြင်းချပြီး ၀မ်းနည်းနေသောအမူအရာဖြင့်ပြောလေသည်။
"ငါပြောချင်တာက ငါအခုမူလအဆင့်ကိုရောက်ပြီး အသက်လည်း ၁၈ပြည့်ပြီးနေပြီ တနည်းပြောရရင် အိမ်ကငါ့ကိုလက်ထပ်ပေးဖို့စဉ်းစားနေပြီ"
ရှုလင်၏စကားက ကျိုးဟောင်၏အမူအရာကိုကြီးကြီးမားမားပြောင်းလဲသွားစေလေသည်။ဒီကိစ္စကသူသည်းခံပြီးလက်ခံပေးလို့မရသောအရာဖြစ်လေသည်။
"မူလအဆင့်ပညာရှင်တယောက်အနေနဲ့ နင်မတတ်နိုင်ဘူးလား....."
ကျိုးဟောင်မှာ အံ့ဩနေလေသည်။ မူလအဆင့်ပညာရှင်တယောက်အနေနဲ့ သူမ ကံကြမ္မာကို သူမကိုယ်တိုင်ဖန်တီးခွင့်ရှိလေသည်။
"မူလအဆင့်ပညာရှင်တွေက စွမ်းအားကြီးပေမဲ့ မိသားစုကြီးတွေနဲ့ယှဉ်လိုက်ဘာမှမဟုတ်တော့ဘူး။ သူတို့အနေနဲ့မူလအဆင့်ပညာရှင်တွေကို အချိန်မရွေးခေါ်ပြီး ကူညီခိုင်းလို့ရတယ်။ တချို့မိသားစုတွေဆို ၁၂ဆင့်မြောက်ကောင်းကင်ဘုံပညာရှင်တွေကိုတောင်ခေါ်ယူနိုင်တယ်"
"ဒါကသူတို့ရဲ့အင်အားတခုပဲ သိုင်းပညာရှင်တွေကတိုက်ပွဲထဲသွားပြီးတိုက်ခိုက်ချိန်မှာတောင်အနောက်ကအမိန့်ပေးမယ့်သူလိုအပ်တယ်။အဲ့အမိန့်ပေးနိုင်တဲ့သူတွေကလည်း အကုန်လုံးသိုင်းပညာရှင်တွေမဟုတ်ကြဘူး။ တချို့ကတော့ သိုင်းပညာရှင်တွေဖြစ်ပေမဲ့ တချို့ကသာမန်လူတွေပဲ"
"ပွင့်ပွင့်လင်းလင်းပြောရရင် မျိုးနွယ်စုအကြီးကြီးကလူတွေက သိုင်းပညာရှင်တွေကိုသိပ်ဂရုမစိုက်ကြဘူး။ သူတို့အနေနဲ့ဌာနချုပ်မှာထိုင်ပြီး အမိန့်တွေပေးရုံနဲ့ သိုင်းပညာရှင်တွေက အပြေးအလွှားလုပ်ကြရတယ်။ ဒါ့အပြင် မျိုးနွယ်ခြားတွေနဲ့တိုက်ခိုက်ရာမှာအန္တရာယ်များလွန်းတာကြောင့် မိသားစုမျိုးနွယ်ကြီးကလူတွေကသူတို့ရဲ့ အမွေခံတွေကို သိုင်းပညာလောကထဲမ၀င်ခိုင်းကြဘူး"
"မိသားစုရဲ့အချုပ်အခြာအာဏာကိုတည်တံ့စေဖို့အတွက် မဟာမိတ်အဖွဲ့ထဲကထိပ်တန်းအဆင့်သိုင်းပညာရှင်တွေတော့ မိသားစုတိုင်းမှာရှိကြတယ်။အဆင့်မြင့်သိုင်းပညာရှင်တယောက်ကတော့ မိသားစုဂုဏ်ကိုမြှင့်တင်ပေးနိုင်တယ်လေ ဒါပေမဲ့ သိုင်းပညာ လောက ကအန္တရာယ်များမှန်းသိတာကြောင့်သူတို့ရဲ့အမွေခံတွေကိုတော့ သိုင်းလောကထဲမ၀င်ခိုင်းကြဘူး။
"ဒါ့ကြောင့် တိုက်ပွဲထဲသွားပြီး ရန်သူတွေ သတ်မဲ့အစားအနောက်မှာပဲနေပြီး လုံခြုံရေးကိုတာ၀န်ယူတဲ့အလုပ်တွေပဲလုပ်ကြတယ်။ရှေ့တန်းမှာမတိုက်ခိုက်ကြပေမဲ့ သူတို့ရဲ့ရာထူးနဲ့လုပ်ပိုင်ခွင့်တွေက သိုင်းပညာရှင်တွေထက်မနိမ့်ဘူး။ ဒါကမျိုးနွယ်စုကြီးတွေတွေးခေါ်တဲ့အရာတွေပဲ"
ရှုလင်မှာစိတ်ညစ်နေသောအမူအရာဖြင့်ပြောနေလေသည်။
"အရေးအကြီးဆုံးအချက်က ထိုမျိုးနွယ်စုကြီးတွေက သိုင်းပညာရှင်မိန်းမပျိုလေးတွေကိုလက်ထပ်ဖို့ကမ်းလှမ်းကြတယ်။ သူတို့လက်ထပ်ပြီးအဲ့မိသားစုကြီးတွေထဲရောက်သွားရင် ကလေးမွေးပေးဖို့သာမက သူတို့ရဲ့ယောကျာ်းကိုလည်းကာကွယ်ပေးရတယ်။ပွင့်ပွင့်လင်းလင်းပြောရရင် အဲ့မိသားစုကြီးတွေက ကလေးလွယ်ပေးနိုင်ရုံသာမက ကိုယ်ရံတော်ပါလုပ်ပေးနိုင်မယ့်သူမျိုးကိုရှာနေကြတာ"
ရှုလင်စကားဆုံးသောအခါကျိုးဟောင်မှာလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်မိလိုက်လေသည်။
ဒါကအမျိုးသမီးသိုင်းပညာရှင်တွေသွားရမည့်လမ်းကြောင်းတခုလား။ အရမ်းကို၀မ်းနည်းဖွယ်ကောင်းလှပေသည်။
"တချို့သောမိန်းမပျိုလေးတွေကထိုလမ်းကိုရွေးချယ်ကပြီး အများအပြားကတော့ ရှေ့တန်းခံတပ်ကိုသွားကာ သူတို့စိတ်စေရာကိုလုပ်ကြတယ်"
"ဒါပေမဲ့ ငါက ရှုမိသားစုကဖြစ်နေတာကြောင့် ငါမလုပ်နိုင်မှာကြောက်မိတယ်"
ခုမှကျိုးဟောင်သေချာသဘောပေါက်သွားလေသည်။
ရှုမိသားစုမှာ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းအတွက် မိသားစုကြီးတခုဖြစ်လေသည်။ရှုမိသားစုမှာ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းရဲ့မိသားစုကြီး ၁၂ခုထဲမှတခုဖြစ်ပြီး လုပ်ပိုင်ခွင့်အတော်များများလည်းရှိလေသည်။ အကြောင်းမှာ ရှုမိသားစုထဲကတယောက်မှာ ၁၂ဆင့်မြောက်ကောင်းကင်ဘုံပညာရှင် ဒါမှမဟုတ် ပိုမြင့်တဲ့အဆင့်ထိရောက်အောင်ကျင့်ကြံနိုင်ခဲ့သောကြောင့်ဖြစ်လေသည်။
ရှုလင်တို့မိသားစုမှာ ရှုမိသားစုမှာ မိသားစုအခွဲလေးဖြစ်လေသည်။ ဘိုးဘေးတူ၀မ်းကွဲမိသားစုတခုလို့လည်းဆိုနိုင်လေသည်။ ထို့ကြောင့်သူမတို့အနေဖြင့် အဓိကဆက်ခံသူတို့၏ညွှန်ကြားချက်ကိုလိုက်နာရလေသည်။
ထိုအဓိကဆက်ခံသူမိသားစုမှာ ရှုလင်တယောက်မူလအဆင့်ရောက်သွားသည်ကိုသိပြီး သူမကို ပစ္စည်းတခုအနေနဲ့သဘောထားကာ တခြားမိသားစုကြီးတခုနဲ့လက်ဆက်ပေးချင်နေလေသည်။
ရှုလင်ဆီသို့ဒီလိုကိစ္စမျိုးရောက်လာလိမ့်မည်လို့ကျိုးဟောင်မထင်ထားခဲ့ပေ။
"ငါငယ်ငယ်လေးကတည်းက ငါ့ကံကြမ္မာကိုပြောင်းလဲနိုင်ဖို့ကြိုးစားလေ့ကျင့်ခဲ့တယ် ကျောင်းမှာတုန်းလည်း စာမေးပွဲတိုင်းမှာ အဆင့်တစ်ရအောင်ကြိုးစားခဲ့တယ်။ သိုင်းပညာရှင်အဖြစ်လျှောက်လှမ်းတော့လည်း ငါအရမ်းပိုကြိုးစားခဲ့တယ်။ ငါလုပ်ခဲ့သမျှအရာအားလုံးက ငါ့ကံကြမ္မာကိုငါ စိုးမိုးနိုင်ဖို့ပဲ"
"ဒါပေမဲ့ ငါကြိုးစားအားထုတ်ခဲ့ရတာတွေအကုန်လုံး မဝေးတော့တဲ့အနာဂတ်မှာငါ မချစ်မနှစ်သက်တဲ့သူကိုကာကွယ်ဖို့သက်သက်လား။ ငါကသူ့ကိုကာကွယ်ပေးရုံသာမက ခင်ပွန်းလို့လည်းခေါ်ရဦးမယ် သူ့အတွက်ကလေးလည်းမွေးပေးရဦးမဲ့အပြင်သူ့နေစဉ်ဘ၀ကိုပါဂရုစိုက်ပေးဦးမယ်"
"ငါဒီလိုမျိုးမဖြစ်ချင်ဘူး။ငါက အရာ၀တ္ထုတခုမဟုတ်ဘူး ငါက ငါပဲ။ ငါဘဝကိုငါ့စိတ်တိုင်းပဲဖြစ်စေချင်တယ်"
ရှုလင်ကကျိုးဟောင်၏လက်မောင်းပေါ်ကိုမှီရင်းမျက်ရည်များကျလာလေသည်။
ကျိုးဟောင်၏နှလုံးသားမှာလည်းပြောလို့မရအောင်နာကျင်နေလေသည်။ သူသည် ရှုလင်ကိုကြည့်ပြီး ပြောလိုက်လေသည်။
" ရှုလင်စိတ်မပူပါနဲ့ ကိုယ်ဒီလိုအဖြစ်မခံပါဘူး။ မူလအဆင့်ပညာရှင်တယောက်ကို ရှုမိသားစုက လက်မခံနိုင်ဘူးဆိုရင် ရတယ် ကိုယ်ကောင်းကင်ဘုံအဆင့်ပညာရှင်ဖြစ်အောင်လုပ်မယ်။ ကောင်းကင်ဘုံအဆင့်ကိုတောင်မှ မကျေနပ်သေးရင် ကိုယ်၁၂ဆင့်မြောက်ကောင်းကင်ဘုံပညာရှင်ဖြစ်အောင်လုပ်ပြီး မင်းတို့အိမ်တံခါးကိုလာခေါက်မယ် ပြီးရင်မင်းနဲ့လက်ထပ်ခွင့်ပြုဖို့ခွင့်တောင်းမယ်"
ထိုသို့ပြောချိန်မှာ ကျိုးဟောင်မှလက်သီးကိုဆုပ်ထားပြီး ဆုံးဖြတ်ချက်ပြတ်သားနေလေသည်။
ထိုစကားကြောင့်ရှုလင်၏နူးညံ့သောခန္ဓာကိုယ်လေးမှာတုန်ရီသွားရလေသည်။ သူမသည် မျက်ရည်စလေးများဖုံးလွှမ်းနေသောမျက်၀န်းလေးများနှင့်ကျိုးဟောင်အားမော့ကြည့်လိုက်လေသည်။
ထို့နောက်က ရှုလင်ကကျိုးဟောင်အားနမ်းလိုက်လေသည်။ သူတို့နှုတ်ခမ်းချင်းထိမိချိန်တွင် ရင်ထဲမီးတောင်များထပေါက်သလိုခံစားလိုက်ရလေသည်။
သို့သော် ရှုလင်က ကျိုးဟောင်အား ဖွဖွလေးနမ်းပြီးနောက် တံခါးပေါက်မှ ထွက်ပြေးသွားလေသည်။
ကျိုးဟောင်လည်း ရှုလင်ရဲ့ထွက်ခွာသွားသောကျောပြင်လေးကိုငေးကြည့်ရင်း သူ့စိတ်ထဲ အင်အားများတိုးပွားအောင်လုပ်လိုစိတ်များ ပြည့်နှက်လာလေသည်။
သူ့အနေဖြင့်ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်ဖြစ်လာပြီးနောက် စိတ်အေးခဲ့ရသည်။ သူ့စိတ်ထဲ ဒီလောက်သန်မာရင်ရပြီလို့တွေးထားမိခဲ့သည်။
အသက်၁၈နှစ်အရွယ်ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်ဟူသောဂုဏ်ပုဒ်မှာခမ်းနားလေသည်။သို့သော်လည်း ခုအခြေအနေဖြင့် သူရိုးရိုးလေးတွေးနေလို့မဖြစ်တော့ပေ။
ရှုမိသားစုမှာအထူးအင်အားကြီးလေသည်။ အထူးသဖြင့်အဓိကအမွေခံများမှာပိုအင်အားကြီးလေသည်။ သူတို့သည် အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်း၏အဓိကနေရာတွင်ပါ၀င်နေကြသူများဖြစ်လေသည်။
ရှုလင်အနေနဲ့ မူလအဆင့်သို့ရောက်လာချိန်တွင် သူမမိသားစုက သူမအား နောက်တန်းတွင်နေခိုင်းဖို့စီစဉ်ကြမည်ဖြစ်သည်။ သူမအနေနဲ့ ကျန်းနန်မြို့၏လုံခြုံရေးသံတမန်ဖြစ်လာပြီး မျိုးနွယ်ကြီးတခုမှသားတယောက်နှင့်လက်ထပ်ပေးကာ ကျန်းနန်းမြို့တွင်အေးချမ်းသောဘ၀ထူထောင်ခိုင်းမည်ဖြစ်လေသည်။ ဒါက ရှုမိသားစုဖြစ်စေချင်သောကိစ္စဖြစ်လေသည်။
ဒီလိုလုပ်ခြင်းက မိသားစု၏နောက်ခံအင်အားကိုတောင့်တင်းစေရုံသာမက မျိုးနွယ်စုအချင်းချင်းလည်းမဟာမိတ်ဖြစ်လာစေနိုင်လေသည်။ ဒါတွေက မိသားစုကြီးတွေလုပ်လေ့ရှိသောကိစ္စပင်ဖြစ်လေသည်။
ကျိုးဟောင်အနေဖြင့် ဒီလိုမျိုးဖြစ်လာဖို့ ခွင့်မပြုနိုင်ပေ။
"တနေ့ကျရင် ငါရှုမိသားစုကို တံခါးကိုတွန်းဖွင့်ပြီး ရှုအိမ်တော်ကရှိသမျှလူတွေအကုန်ငါ့ကိုကြောက်လန့်ပြီး ရှုလင်နဲ့လက်ထပ်ပေးရအောင်လုပ်တယ်။ သူတို့အနေနဲ့ ရှုလင်ကိုဘာဖိအားမှမပေးနိုင်အောင်အထိ ငါလုပ်မယ်"
ကျိုးဟောင်ရင်ထဲကတိုင်တည်လိုက်လေသည်။
ထိုနေ့မှစ၍ကျိုးဟောင်၏ အင်အားကိုဆာလောင်စိတ်တဖြေးဖြေးတိုးပွားလာလေသည်။
....................................................................................
အခန်း (၄၁၆) ပြီးပါပြီ။
အခန်း (၄၁၇) : မူလအဆင့်ပညာရှင်၂ယောက်
ရှုလင်တယောက်အဆင့်တက်ဖို့ဘာလို့ကြာနေမှန်းကျိုးဟောင်သဘောပေါက်သွားလေသည်။ ရှုလင်မှာအဆင့်မတက်ချင်၍မဟုတ်ဘဲ သူမ မလိုလားသောကြောင့်ဖြစ်လေသည်။
အကြောင်းမှာ သူမ၏ကံကြမ္မာကို သူမ ကြိုသိနေခဲ့ပြီး သူမ မူလအဆင့်သို့ချိုးဖောက်နိုင်ပါက သူမ မိသားစု၏အစီအစဉ်များကိုသိနေခဲ့လေသည်။
ကျိုးဟောင်မှာ ထိုကိစ္စကြောင့် သူ့နှလုံးသားအား ဓားနဲ့ထိုးမွှေလိုက်သလိုခံစားနေရလေသည်။
အနီရောင်မဟူရာချောက်ထဲမှကိစ္စများမှာလည်း ပိုမိုပြင်းထန်လာလေသည်။ကမ္ဘာ့အပြင်မှလာသောအသိဉာဏ်ဝိညာဉ်မှာမရှိသော်လည်း အနီရောင်မဟူရာချောက်ထဲမှ ကိစ္စများမှာ ပိုမိုရှုပ်ထွေးလာကြောင်း ကျိုးဟောင်ခံစားမိလေသည်။
ကျိုးမိသားစု၏အရေးမှာလည်း အနီရောင်မဟူရာချောက်ထဲပြဿနာများအတွက်လောင်စာသဖွယ်ဖြစ်နေလေသည်။ သို့သော်အနီရောင်မဟူရာချောက်ထဲမှ ပြဿနာများမှာ ကျိုးဟောင်အတွက်တော့ကိစ္စမရှိပေ။
ဒီနေ့တွင်ကျိုးဟောင်မှာ အပြင်းအထန်ကျင့်ကြံနေလေသည်။သူ့ခန္ဓာကိုယ်အား ပုံသွင်းခြင်းမှာလည်း ၇၀%ထိရှိနေပြီး ပြီးပြည့်စုံသောအခြေအနေရောက်ဖို့ ၃၀%သာလိုတော့လေသည်။ သူ့ခန္ဓာကိုယ်အား ပုံသွင်းခြင်းပြီးမြောက်သွားပါက သူ့အနေဖြင့် ကောင်းကင်ဘုံအဆင့်သို့တက်လှမ်းသွားမည်ဖြစ်လေသည်။
ကျိုးဟောင်ကျင့်ကြံနေစဉ်မှာပဲ ထူးဆန်းသောစွမ်းအင်အတက်အကျများကိုအာရုံခံမိလိုက်လေသည်။ထိုစွမ်းအင်လှိုင်းများကြောင့်ကျိုးဟောင်လည်း အံအားသင့်သွားလေသည်။မကြာခင်ပဲ ယင်ဖုန်းနှင့်အခြား၂ယောက်မှာအသည်းအသန်ပြေးလာလေသည်။
"မကောင်းတော့ဘူး စီနီယာကျိုး မဟူရာချောက်ထဲမှာမျိုးနွယ်ခြားပေါင်းစုံပေါ်လာပြီးတိုက်ခိုက်နေကြပြီ"
ယင်ဖုန်းတို့တသိုက်မှာ အလွန်စိုးရိမ်နေပုံပေါ်တာကြောင့် ကျိုးဟောင်အံ့ဩနေမိလေသည်။ဘာမှပြောမနေဘဲ ကျိုးဟောင်မှာထိုနေရာသို့တန်းထွက်လာလေသည်။
ရှုလင်နှင့်အခြားလူများမှာလည်းနောက်ကလိုက်လာလေသည်။သူတို့အနီရောင်မဟူရာချောက်သို့ရောက်ခါနီးတွင် ကောင်းကင်မှာရော မြေပြင်မှာပြည့်နှက်နေသော သန္ဓေပြောင်းသားရဲအုပ်ကြီးကို အဝေးကပင်မြင်နေရလေသည်။
သူတို့၏ကျင့်ကြံဆင့်များမှာ မနိမ့်သည့်အပြင်မူလအဆင့်ပညာရှင်များပါနေသော်လည်း ထိုသားရဲအုပ်ကြီးက ကြက်သီးထဖွယ်ကောင်းလှပေသည်။
"ဘာတွေဖြစ်ကုန်တာလဲ ဘာလို့သားရဲတွေက ဒီနေရာကိုရုတ်တရက်တိုက်ခိုက်လာတာလဲ"
ကျိုးဟောင်တယောက်မျက်မှောင်ကြုတ်မိလိုက်လေသည်။ဒါက ကမ္ဘာ့အပြင်ကအသိဉာဏ်ဝိညာဉ်နှင့်များပတ်သက်နေမလားလို့တွေးမိလေသည်။
တွေးနေလည်းအပိုသာဖြစ်ပြီး ယခုပေါ်ပေါက်လာသောစိန်ခေါ်မှုကိုသာရင်ဆိုင်ရန်ဆုံးဖြတ်လိုက်သည်။
"ငါတို့ချည်းပဲ ဒီပြဿနာကိုမဖြေရှင်းနိုင်မှာ စိုးရိမ်မိတယ် ဒါ့ကြောင့်ကျုပ် အနီရောင်မဟူရာချောက်ထဲကဂိုဏ်းတချို့နဲ့ဆုံပြီးပြောပြထားပြီးပြီ သူတို့ကူညီလိမ့်မယ်လို့မျှော်လင့်မိတယ်"
ယင်ဖုန်းကပြောလာလေသည်။
တကယ်လို့ဒီနေရာသာ မျိုးနွယ်ခြားများ၏သိမ်းပိုက်ခြင်းခံလိုက်ရပါက သူတို့အတွက်နေစရာ နေရာမရှိတော့ပေ။ ဒါ့ကြောင့် အနီရောင်မဟူရာချောက်ထဲရှိအမာခံဂိုဏ်းများအနေဖြင့်ဘာပဲဖြစ်ဖြစ်ထွက်တိုက်ကြမည်ဖြစ်လေသည်။
"ထားလိုက်ဦး လောလောဆယ် ဒီမူလအဆင့်သားရဲကြီးတွေကိုအရင်ဖြေရှင်းရအောင်"
ကျိုးဟောင်ကပြောလိုက်လေသည်။ ကျိုးဟောင်၏စကားကြောင့် ယင်ဖုန်းမှာ အံ့အားသင့်သွားလေသည်။
"ဘာ... ငါတို့မှာ မူလအဆင့်ပညာရှင်က ၃ယောက်ပဲရှိတာ ဒီမူလအဆင့်သားရဲ ၇ကောင်ကို ဘယ်လိုလုပ်ဖြေရှင်းနိုင်မှာလဲ"
ယင်ဖုန်းက ကျိုးဟောင်တယောက်ရူးများသွားပြီလားလို့တွေးမိလိုက်လေသည်။
သို့သော်လည်း ကျိုးဟောင်က ပြုံးပြီးပြောလိုက်လေသည်။
"ငါတို့မှာ မူလအဆင့်ပညာရှင် ၃ယောက်ထဲလို့ ဘယ်သူပြောလဲ တကယ်တော့ ငါတို့မှာ ၅ယောက်ရှိပါတယ်"
ကျိုးဟောင်ကပြောပြီးနောက် ရှုလင်ကိုကြည့်လိုက်လေသည်။ လွန်ခဲ့သောရက်ပိုင်းတုန်းက ရှုလင်မှာ မူလအဆင့်ကိုချိုးဖောက်သွားကြောင်းအာရုံခံမိလိုက်လေသည်။ ရှုလင်မှာ ပထမအဆင့်မူလပညာရှင်သာဖြစ်သော်လည်း သူမ၏ ရေခဲခန္ဓာကိုယ်အားအကုန်လွှင့်ထုတ်လိုက်ပါကသူမ၏တိုက်ခိုက်ရေးစွမ်းရည်မှာ ဒုတိယ ဒါမှမဟုတ် တတိယအဆင့်မူလပညာရှင်နှင့်ညီမျှလေသည်။
ကျိုးဟောင်ကတော့ထွေထွေထူးထူးပြောနေစရာကိုမလိုပေ။
"ငါးယောက်ဟုတ်လား နောက် ၂ယောက်ကဘယ်သူလဲ"
ယင်ဖုန်းမှာ အံ့ဩနေပြီး ဘေးပတ်လည်အားလိုက်ရှာနေလေသည်။ယွမ်ချန်းတို့မှာလည်း ဇဝေဇဝါဖြစ်သွားလေသည်။
သို့သော်လည်း ယွင်ယန်နှင့် ဖန်းယွီတို့၏မျက်လုံးများပြူးသွားပြီး ကျိုးဟောင်နှင့်ရှုလင်အား မယုံကြည်နိုင်သော မျက်လုံးများဖြင့်ကြည့်ရင်းမေးလိုက်လေသည်။
" နင်တို့၂ယောက်မူလအဆင့်ကိုချိုးဖောက်နိုင်သွားတာလား"
ယွင်ယန်မှာ စေ့စေ့စပ်စပ်ရှိသောမိန်းကလေးဖြစ်သောကြောင့် ကျိုးဟောင်ဘာတွေးနေသလဲသဘောပေါက်သွားလေသည်။ကျိုးဟောင်ကပြုံးပြီး ရှုလင်အားနူးညံ့စွာကြည့်နေလေသည်။
ရှုလင်ကလည်းပြုံးပြီး ကျိုးဟောင်အားကြည့်နေလေသည်။ကျိုးဟောင်မူလအဆင့်ကိုချိုးဖောက်နိုင်သွားသည့်အတွက်သူမအလွန်ပျော်ရွှင်နေလေသည်။ ကျိုးဟောင်မှာ သူမအတွက်အလွန်ကြိုးစားနေခြင်းက သူမအားစိတ်ချမ်းသာစေလေသည်။သို့သော်လည်း သူမ ကျိုးဟောင်အတွက်စိတ်ပူနေမိသေးလေသည်။
"မင်း... မင်းတို့၂ယောက်..."
ယင်ဖုန်းမှာအလွန်ထိတ်လန့်သွားလေသည်။ သူတို့နှစ်ယောက်မှာ တစ်ရာမြို့ကိုရောက်သည်မှာ ရက်အနည်းငယ်သာရှိသေးသော်လည်း မူလပညာရှင်အဆင့်သို့ရောက်ရှိသွားကြလေသည်။
ယင်ဖုန်းတို့မဟာဆရာသခင်အဆင့်တုန်းက သူတို့အနေဖြင့် မူလအဆင့်သို့ရောက်ရန် အချိန်သုံးလေးနှစ်ယူခဲ့ရလေသည်။
ကျိုးဟောင်နှင့်ရှုလင်မှာအတူရပ်လိုက်ပြီး သူတို့၏မူလအဆင့်အရှိန်အဝါများထုတ်လိုက်လေသည်။
ရှုလင်၏ခန္ဓာကိုယ်မှာ အလွန်အေးစက်လာပြီး နှင်းမှုန်လှိုင်းလေးများပင်ထုတ်လွှတ်နေလေသည်။ သူမသည်ကောင်းကင်ပေါ်ကဆင်းသက်လာသော နတ်သမီးလေးကဲ့သို့ပင် လှပနေလေသည်။
ယခုရှုလင်၏မူလအဆင့်ကျင့်ကြံရေးကြောင့် ထိုရုပ်သွင်ခန္ဓာသိုင်းအား အစွမ်းကုန်အပြည့်အ၀အသုံးပြုလို့ရလေပြီ။
ကျိုးဟောင်ကတော့ မူလအဆင့်အရှိန်အဝါထုတ်လွှတ်နေသော်လည်း ထူးထူးခြားခြားအရိပ်အယောင်မျိုးမတွေ့ရပေ။ သို့သော်သူသည်အားလုံးထဲတွင်အသန်မာဆုံးဖြစ်ကြောင်း လူတိုင်းသိလေသည်။သူသည် ဆရာသခင်အဆင့်တုန်းကပင် မဟာဆရာသခင်အဆင့်သားရဲများအား သတ်ခဲ့ဖူးလေသည်။ သူ၏တိုက်ခိုက်ရေးစွမ်းရည်မှာ မြင်ရသူတိုင်းအတွက် ရင်သပ်ရှုမောဖွယ်ဖြစ်လေသည်။
"ကောင်းပြီ အချိန်ဖြုန်းမနေတော့ဘဲ အစွမ်းကုန်သုံးပြီးတိုက်ခိုက်ကြ ဒီမူလအဆင့်သားရဲ၇ကောင်ကိုဖြေရှင်းနိုင်ရန်ပြဿနာမရှိတော့ဘူး"
ကျိုးဟောင်ကစကားဆုံးသည်နှင့်စတင်တိုက်ခိုက်လေသည်။ သူ့ဓားရှည်ကိုဆုပ်ကိုင်ကာ ရှေ့ဆုံးက ဦးဆောင်တိုက်ခိုက်လေသည်။ ဒီပြင်ပလောကတွင် သူ၏အရိပ်ဓား၇ချောင်းသိုင်းမှာ သူ့၏အဓိကတိုက်ကွက်ဖြစ်လေသည်။
သူ့ဓားသိုင်းမှာ နှိုင်းယှဉ်မရအောင်စွမ်းအားကြီးပြီး ဖျက်စီးနိုင်စွမ်းလည်းမြင့်လေသည်။ ကျိုးဟောင်၏ အရှိန်အဝါမှာအလွန်စွမ်းအားကြီးသောကြောင့် ယင်ဖုန်းနှင့်အခြားသူများကိုပင် ထိတ်လန့်သွားစေလေသည်။
"သူအခုမှ မူလအဆင့်ကိုရောက်တာမှတ်လား ဒုတိယအဆင့်မူလပညာရှင်တောင်မှ ဒီလိုတိုက်ခိုက်ရေးစွမ်းရည်မျိုးကို မထုတ်လွှတ်နိုင်ဘူး"
"ပြီးတော့သူ့ရဲ့ဓားသိုင်းကအံ့ဖွယ်ပဲ တတိယအဆင့်မူလပညာရှင်တောင်မှ ဒီဓားသိုင်းကနေ အထိအခိုက်မရှိဘဲ မလွတ်မြောက်နိုင်ဘူး"
ယင်ဖုန်း၊ ဟွားမန်လော့နှင့် တူရှန်းတို့ ၃ယောက်မှာ တွေးတောလေသည်။ ကျိုးဟောင်ထူးခြားသောအရည်အသွေးများကို ကြည့်ပြီးအံ့အားသင့်နေလေသည်။
ဒါ့အပြင်ကျိုးဟောင်မှာ ဉာဏ်ထက်ပြီးခွန်အားလည်းကြီးမားလေသည်။သူသည်အခုမှ အထက်တန်း ကျောင်းကဆင်းလာသည့်သူတယောက်ဖြစ်ပြီး လူကြီးအဖြစ်သို့စတင်ကူးပြောင်းစရှိသေးလေသည်။ ဒီလိုအခြေအနေမျိုးကလုံး၀ဆန်းကြယ်ဖြစ်စဉ်ပင်ဖြစ်သည်။
ကျိုးဟောင်ကတခြားဘာမှ ဂရုမစိုက်နေဘဲ ရှုလင်ကိုသာကြည့်နေလေသည်။ရှုလင်သည်မူလအဆင့်ကိုရောက်လာသောကြောင့် သူမ၏ရေခဲခန္ဓာအား အင်ပြည့်အားပြည့်အသုံးချနိုင်ပြီဖြစ်လေသည်။
သူမအနေဖြင့်တခြားဘာလက်နက်ကိုမှမသုံးဘဲ ရေခဲဖြင့်ဖန်တီးထားသောဓားတလက်ကိုသာကိုင်စွဲထားလေသည်။သူမ ဓားတချက်ရမ်းလိုက်တိုင်း ပတ်၀န်းကျင်ရှိလေထုမှာအေးခဲထားလေသည်။ ဒါကလုံး၀ထိတ်လန့်ဖွယ်ကောင်းလေသည်။
ယင်ဖုန်းတို့ ၃ယောက်ကလည်း သန္ဓေပြောင်းသားရဲတကောင်စီတာ၀န်ယူတိုက်ခိုက်နေလေသည်။ရှုလင်ကသူမ၏ရေခဲဓားကိုအသုံးပြုပြီး သားရဲနှစ်ကောင်အားထိန်းထားလေသည်။ ကျိုးဟောင်လည်း သူ၏အရိပ်ဓား၇ချောင်းကိုသုံးကာ သားရဲနှစ်ကောင်အားတိုက်ခိုက်နေလေသည်။
ကျိုးဟောင်မှာ ဘယ်လောက်ပဲသူ၏ခွန်အားကိုထိန်းချုပ်ထားသော်လည်း သူသည်အရိပ်ဓား၇ချောင်းအား အကန့်အသတ်ရောက်သည်အထိလေ့ကျင့်ထားသောကြောင့် သူ၏ဓားချက်များမှာပြင်းထန်နေလေသည်။
ကျိုးဟောင်အရိပ်ဓား၇ချောင်းကိုသုံးပြီး သားရဲ၂ ကောင်အားခုတ်ပိုင်းလိုက်ချိန်တွင် ထိုသားရဲ ၂ကောင်မှာ ဘယ်လိုမှ မခုခံနိုင်ဘဲချက်ချင်းသေဆုံးသွားလေသည်။
ရှုလင်ကလည်း အင်အားပြည့်သုံးနိုင်နေပြီဖြစ်သောကြောင့် သားရဲ၂ကောင်အား ချက်ချင်းသတ်ပစ်နိုင်လိုက်လေသည်။သူမကအေးစက်သောအရှိန်အဝါကိုထုတ်လွှင့်ပြီး ထိုသားရဲနှစ်ကောင်အား ရေခဲအဖြစ်သို့ပြောင်းလဲကာ သူမ၏ရေခဲဓားဖြင့်တစစီလုပ်လိုက်လေသည်။
တိုက်ပွဲအတွင်း၌ မူလအဆင့် သားရဲ၄ကောင်မှာ ချက်ချင်းပင်ရှင်းလင်းခံလိုက်ရလေသည်။ ထိုမြင်ကွင်းကယွမ်ချန်းနှင့်အခြားလူများအားမှင်တက်သွားစေလေသည်။
ထိုသားရဲကောင်များအား သူတို့၏ဘော်ဒါများသတ်ခဲခြင်းဖြစ်နေလေသည်။
"ဒီနှစ်ယောက်ကအရမ်းကိုစွမ်းအားကြီးတာပဲ"
ယွမ်ချန်းကိုစိတ်မထိန်းထားနိုင်တော့ပဲပြောလိုက်လေသည်။
....................................................................................
အခန်း (၄၁၇) ပြီးပါပြီ။