အခန်း (၄၃၃-၄၃၅)
Vol. 29 Ch. 433-435
အခန်း (၄၃၃) : ရှုသုန်းလိုင်
ထိုသို့တွေးကာ ရှုချန်းမှာဖခင်ဖြစ်သူ၏ရုံးခန်းသို့တန်းသွားလိုက်သည်။
ထိုအချိန်တွင် ရှုချန်းအဖေဖြစ်သူ ရှုသုန်းလိုင်မှာ စာရွက်စာတမ်းများဖတ်နေခဲ့သည်။ အခန်းတံခါးမှာတွန်းဖွင့်ခံလိုက်ရပြီး သားဖြစ်သူရှုချန်းမှာစိုးရိမ်သောအမူအရာဖြင့် လမ်းလျှောက်ဝင်လာခဲ့သည်။
"အဖေကျွန်တော်ပြောစရာရှိလို့ အားလား"
ရှုသုန်းလိုင်မှာခေတ္တမျှကြက်သေသေသွားခဲ့သည်။ သူ့သား၏ပူပန်နေသောပုံပန်းသွင်ပြင်ကိုမြင်ပြီး အတော်လေးအံ့ဩသွားခဲ့သည်။ သူ့သား၏ယခုလိုအုံစံအားမမြင်ရသည်မှာကြာလှပြီဖြစ်ပေရာ ချက်ချင်းပင်ပဟေဠိဖြစ်သွားခဲ့သည်။
တစ်လျှောက်လုံး ရှုမိသားစု၏ထောက်ပံ့မှုဖြင့် သူ့သားမှာအမြဲတမ်းအကြောက်အလန့်ကင်းသူဖြစ်သည်။ ယခုလိုအခြေအနေမျိုးသည်အလွန်ရှားသည်။ ထို့ကြောင့်သေချာပေါက်ကိစ္စတစ်ခုခုဖြစ်ခဲ့မှန်း ခန့်မှန်းမိလိုက်ပေသည်။
"ချန်းအာ ဘာဖြစ်လို့လဲ"
ရှုသုန်းလိုင်မှာမျက်မှောင်ကြုတ်ကာမေးလိုက်သည်။
ရှုချန်းမှာအသက်ရှူသံကအစပြင်းထန်နေခဲ့ပြီး အတော်လေးစိုးရိမ်နေခဲ့သည်။ ဤကိစ္စအားအဖေဖြစ်သူကို ပြောသင့်မပြောသင့်ဆိုသည်ကိုလည်း ဝေခွဲမရတော့ပေ။ သို့သော်ဤကိစ္စအားသူမဖြေရှင်းနိုင်ပါ အကယ်၍အဖေလုပ်သူအားမပြောပါက မည်သူ့ကိုသွားပြောရမည်နည်း။
တစ်ခုခုဖြစ်လာပါက အခြေအနေအားဖြေရှင်းနိုင်သည့်စွမ်းရည်မျိုး သူ့မှာမရှိပေ။
မည်သို့ပင်ဖြစ်စေဤကျိုးဟောင်သည် အဆင့်မြင့်အဖွဲ့မှဖြစ်ကာ ကောင်းကင်ဘုံဘုရင်ကျူးပျိုးထောင်ထားသည့်လက်အောက်ငယ်သားတစ်ယောက်လည်းဖြစ်သည်။
ရှုချန်းမှာကောင်းကင်ဘုံဘုရင်ကျူးကိုလည်း သေချာပေါက်ဂရုမစိုက်ပေ။ သူတို့၏ရှုမိသားစုမှာ ကောင်းကင်ဘုံဘုရင်ကျူးကိုလည်းထိုမျှလောက်မကြောက်ပေ။
သို့သော်ကောင်းကင်ဘုံဘုရင်ကျူး၏ ကျောထောက်နောက်ခံမှာ ဓားဘုရင်ချင်ဖြစ်သည်။
ထိုလူမှာသာမန်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်မဟုတ်ဘဲ အာဏာမြင့်သော တကယ်လွှမ်းမိုးနိုင်စွမ်းရှိသူတစ်ယောက်ဖြစ်သည်။
ထိုလူသည်အစိမ်းရောင်တိမ်တိုက်ဌာန၏ခွန်အားဖြစ်သည်။ ဓားဘုရင်ချင်ရှိနေပါကအက်ကွဲကြောင်းအား ပူစရာမလိုဘူးဟူသောကောလဟလများပင်ရှိပေသည်။
ယခုရှုချန်းသည်သူတို့ဂရုတစိုက်ပျိုးထောင်ထားသောပါရမီရှင်တစ်ယောက်အားအန္တရာယ်ပြုလိုက်သည်မှာ သူတို့အားမလေးစားတာနှင့်အတူတူပင်ဖြစ်သည်။
ထို့အပြင် လူသားမျိုးနွယ်တွင်အချင်းချင်းသတ်ဖြတ်ခြင်းအားပြင်းထန်စွာတားမြစ်ထားပေသည်။ ဤစည်းမျဉ်းမှာသူတို့လိုကြီးမားသောမိသားစုရှိသည့်မျိုးနွယ်များအတွက်မရှိသလိုထားလို့ရသော်လည်း ထိုအချက်သည်လည်းတစ်ဖက်လူသည်မည်သူဖြစ်ကြောင်းအပေါ်မူတည်သေးပေသည်။
ရှုချန်းမှာနောက်ဆုံးတွင်သဘောပေါက်သွားခဲ့သည်။
"ဟမ့်အနည်းဆုံးနားတော့လည်နိုင်သေးလို့ပေါ့ အဲဒီစီနီယာကျိုးကအထွတ်အထိပ်ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်ဆိုပေမဲ့ သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားက ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ထက်မနိမ့်ဘူး တကယ်တော့သူဒီလောက်အကြာကြီးမပေါ်လာကတည်းက ငါ့အထင်သူကောင်းကင်ဘုံအဆင့်ကိုချိုးဖောက်ပြီးသွားလောက်ပြီ ပြီးတော့သူကမူလကျောက်စာကိုဘယ်လိုသုံးရမလဲဆိုတာတောင်သိတယ် အဲဒါဘယ်လိုစွမ်းအားမျိုးလဲဆိုတာမင်းသိလား"
ရှုသုန်းလိုင်၏အမူအရာမှာလေးနက်နေကာဆက်ပြောလာခဲ့သည်။
"တကယ်လို့ သူကျိုးထိုက်ကိုသတ်လိုက်ရင်ကိစ္စမရှိဘူး ဒါပေမဲ့မသတ်ဘဲနဲ့ဖမ်းချုပ်ထားမှာကိုစိုးတာ တကယ်လို့သူတို့ဒီကိစ္စကိုလူသိရှင်ကြားဖွင့်ထုတ်နိုင်မဲ့အခွင့်အရေးရသွားရင် ငါတို့ရှုမိသားစုအတွက်မဆုံးနိုင်တဲ့ပြဿနာတွေယူလာမှာ သေချာပေါက်ပဲ"
ရှုချန်းမှာထိုစကားအားကြားကာထိတ်လန့်သွားခဲ့သည်။ အကယ်၍စီနီယာကျိုးသာတကယ်လှုပ်ရှားခဲ့ပါက တကယ်ကိုသွားပြီဖြစ်သည်။
"သွားပြီ သွားပြီ..တကယ်အဲဒီလူသာဆိုကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ ဒီလောက်ဌာနတွေအများကြီးကသူ့ကိုဖမ်းဖို့ကြိုးစားနေကြပေမဲ့ တစ်ဖွဲ့မှမဖမ်းနိုင်ခဲ့ဘူး တကယ်လို့သူသာကျွန်တော်တို့ကိုလက်စားချေချင်ရင် သူ့ကိုကျေနေပ်စေဖို့က ကျွန်တော်တို့အတွက်လွယ်မှာမဟုတ်ဘူး"
ရှုချန်းမှာမနေနိုင်ဘဲမေးလိုက်မိသည်။
ရှုသုန်းလိုင်သည်လည်းအလွန်ဒေါသဖြစ်နေခဲ့ပေရာ အေးစက်စွာနှာခေါင်းရှုံ့ကာပြောလာခဲ့သည်။
"စီနီယာကျိုးမရှိရင်တောင် မင်းစိတ်တိုင်းကျလုပ်နိုင်မယ်လို့ထင်နေတာလား"
"မင်းမသိတာလည်းမဟုတ်ဘူး အဆင့်မြင့်အဖွဲ့ကကောင်းကင်ဘုံဘုရင်ကျူးဇောင်တည်ထောင်ထားတာ ပြီးတော့ဒီကိစ္စကဓားဘုရင်ချင်ရဲ့ထောက်ခံမှုကိုအပြည့်အဝရထားတာ တကယ်လို့မင်းသူ့ကျောင်းသားတွေကိုသွားထိလိုက်တယ်ဆိုရင် ဒါသူ့မျက်နှာကိုဖြတ်ရိုက်လိုက်တဲ့သဘောပဲမဟုတ်ဘူးလား"
"ပြီးတော့ ပိုင်မိသားစုနဲ့ယန်မိသားစုလည်းရှိသေးတယ် သူတို့ကလည်းဖြေရှင်းဖို့မလွယ်ဘူး ပိုင်လင်းလုံကသူတို့ရဲ့နည်းပြဖြစ်သလို ယန်ဟွေ့လည်းအတူတူပဲ ကျိုးဟောင်တို့ကမူလအဆင့်ပညာရှင်တွေပဲဆိုပေမဲ့ သူတို့ရဲ့နောက်ခံကလည်းမဆိုးဘူး တကယ်လို့သူတို့လက်တုံ့ပြန်ဖို့ကိုရွေးချယ်လိုက်ရင် ပိုင်လင်းလုံနဲ့ယန်ဟွေ့ကလည်းရိုးရိုးရှင်းရှင်းဖြေရှင်းလို့ရတဲ့လူတွေမဟုတ်ဘူး တကယ်လို့သူတို့ကျိုးဟောင်ဘက်မှာရပ်တည်ပေးလိုက်ရင် အတော်လေးပြဿနာများလိမ့်မယ်"
ရှုသုန်းလိုင်မှာအလွန်စိတ်ဆိုးနေကာဒေါသတကြီးပြောလာခဲ့သည်။ သူသည်တကယ်ပင်သားဖြစ်သူထံမှယခုထက်ပိုကောင်းသောရလဒ်အားမျှော်လင့်ခဲ့ပေသည်။ သူ့သားသည်ဤမျှလောက်အသုံးမကျသူဖြစ်မည်ဟုမထင်ထားခဲ့ပေ။ ရှုချန်းသည်တကယ်ကိုဦးနှောက်မရှိသူတစ်ယောက်သာဖြစ်ပေသည်။
ရှုချန်းမှာထိုစကားအားကြားသောအခါ မျက်နှာမှာဖြူဖျော့သွားခဲ့ပြီး ပို၍ပင်စိတ်ပူလာခဲ့သည်။
"အဖေ ဘယ်လိုလုပ်ကြလဲ ကျွန်တော်....ကျွန်တော်သူ့ကိုသတ်ချင်လို့မဟုတ်ပါဘူး....လင်အာ လုံမိသားစုရဲ့သခင်လေးနဲ့အတူရှိနေနိုင်ဖို့အတွက် ဒီလိုလုပ်ခဲ့ရတာပါ ...ကျိုးဟောင်ကိုသတ်လိုက်တာကရှုလင်ရဲ့အတွေးတွေကိုဖြတ်တောက်နိုင်မယ်ထင်လို့ပါ ဒီလိုဆိုကျွန်တော်တို့မိသားစုနှစ်ခုက ခမည်းခမက်တွေဖြစ်လာပြီး ဆက်ဆံရေးလည်းကောင်းလာနိုင်တယ် ဒါပေမဲ့ဒီလိုဖြစ်လာလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ"
ရှုချန်းမှာအလွန်နောင်တရနေသော်လည်း ယခုအချိန်မှပြောရန်မှာအလွန်နောက်ကျသွားခဲ့ပြီဖြစ်သည်။
"မင်းဘာတွေးနေလဲဆိုတာငါသိတယ် ဒါပေမဲ့မင်းအရမ်းမဆင်မခြင်လုပ်လွန်းတယ် ပြီးတော့သူ့ကိုသတ်ဖို့ဘာလို့ငါတို့ရှုမိသားစုကလူကိုသုံးခဲ့တာလဲ ဒါကသူ့ကိုငါတို့မိသားစုကိုဆန့်ကျင်နိုင်တဲ့တွန်းအားပေးလိုက်တာနဲ့အတူတူပဲမဟုတ်ဘူးလား မင်းသူ့ကိုသတ်ဖို့တခြားတစ်ယောက်ကိုခိုင်းခဲ့ရမှာ ဒီနေ့ခေတ်မှာ လူသတ်တာနဲ့လူသတ်သမားငှားတာက ဒီလောက်လွယ်ကူနေတာ ဘာလို့ဒီလိုမျိုးစွန့်စားရတာလဲ"
ရှုသုန်းလိုင်မှာသက်ပြင်းချလိုက်မိသည်။ယခုကိစ္စများမှာဖြစ်ပျက်ပြီးပြီဖြစ်ပေရာ သားဖြစ်သူအားအပြစ်တင်နေလို့လည်းအသုံးမဝင်ပေ။ ထို့နောက်ခေတ္တမျှစဥ်းစားကာပြောလိုက်သည်။
"တကယ်တော့ ငါတို့ထင်သလောက်မဆိုးတာလည်းဖြစ်နိုင်တယ် ကျိုးဟောင်ကအခုမသေသွားပေမဲ့ ကျိုးထိုက်ကိုဆက်သွယ်လို့်ရဘူး....ဖြစ်နိုင်တာက ကျိုးထိုက်ကတခြားတစ်နေရာရာမှာ သေသွားလောက်ပြီ"
....................................................................................
အခန်း(၄၃၃) ပြီးပါပြီ။
အခန်း (၄၃၄) : လုံအော့ထျန်း
ရှုချန်းမှာခေတ္တမျှကြက်သေသေသွားခဲ့သည်။ ထိုစကားအားကြားပြီးနောက် သူသည်အတော်လေးအံ့ဩသွားခဲ့သော်လည်း အလျင်အမြန်ပင်သဘောပေါက်လိုက်သည်။
"အဖေ ကျိုးထိုက်ရဲ့ပျောက်ဆုံးသွားမှုက ကျိုးဟောင်နဲ့မဖြစ်မနေပတ်သက်နေတာမျိုးမဟုတ်ဘူးလို့ပြောချင်တာလား"
ရှုချန်းမှာဤကဲ့သို့သာတွေးနိုင်သည်။ ဤသည်မှာသေချာပေါက်အကောင်းဆုံးရလဒ်ဖြစ်ပေသည်။
"ဟုတ်တယ် ဒါမှမဟုတ်ငါတို့အတွေးလွန်နေတာလည်းဖြစ်နိုင်တယ် ဘယ်လိုပဲဖြစ်ဖြစ်ကျိုးထိုက်ရဲ့စွမ်းအားကသိသာတယ် တကယ်လို့သူကျိုးဟောင်ကိုတိုက်ခိုက်ခဲ့ရင်ကျိုးဟောင်သေဖို့များတယ် တကယ်လို့စီနီယာကျိုးကိုယ်တိုင်လှုပ်ရှားခဲ့ရင် ကျိုးထိုက်သူ့ကိုမနိုင်ရင်တောင် လွတ်သွားဖို့ကဖြစ်နိုင်သေးတယ် အဲဒါကြောင့်ကျိုးဟောင်နဲ့မဖြစ်မနေပတ်သက်နေတာမျိုးမဟုတ်လောက်ဘူးလို့ခံစားရတာ"
ရှုသုန်းလိုင်မှာ အခြေအနေအရပ်ရပ်အားသုံးသပ်ပြနေပေသည်။
"အနီရောင်မဟူရာချောက်နက်ထဲကစိတ်ဝိဉာဉ်လို့ခေါ်တဲ့ဟာတွေရဲ့လက်ချက်လို့ပြောနေတာလား"
ရှုချန်းမှာချက်ချင်းပင်ထိတ်လန့်သွားကာမေးလိုက်သည်။
"ဖြစ်နိုင်တယ်ဒါပေမဲ့သတင်းအတိအကျမရှိဘဲ ဘာမှပြောလို့မရဘူး ဒါပေမဲ့ဘာပဲဖြစ်ဖြစ် ဒီကိစ္စကပြဿနာတစ်ခုဖြစ်နေတုန်းပဲ မင်းသေချာအာရုံစိုက်ထားရမယ် ဒီလောက်ရက်တွေအများကြီးကြာနေပြီကိုဘာသတင်းမှမရသေးဘူး ဒါကငါတို့အတွက်မကောင်းတဲ့ကိစ္စလည်းမဟုတ်လောက်ပါဘူး"
ရှုသုန်းလိုင်မှာ ကိုယ့်ဘာသာယခုလိုဖြေသိမ့်ရန်သာတတ်နိုင်ပေသည်။
"နားလည်ပါပြီအဖေ"
ရှုချန်းမှာသက်ပြင်းသာချလိုက်မိသည်။
"ဪဟုတ်သားပဲ ရှုလင်နဲ့သခင်လေးလုံရဲ့အခြေအနေရောဘယ်လိုလဲ"
ထိုအချိန်တွင် ရှုသုန်းလိုင်မှရုတ်တရက်မေးလိုက်ပေသည်။
"မကောင်းဘူး ရှုလင်ကပြန်လာပြီးနောက်ပိုင်းတစ်နေ့လုံးလေ့ကျင့်ရေးအခြေစိုက်စခန်းမှာပဲနေပြီးအပြင်ထွက်ခဲတယ် သခင်လေးလုံကခဏခဏသွားပေမဲ့စကားတစ်ခွန်းနှစ်ခွန်းပြောပြီးရင် ရှုလင်ကထွက်သွားရော ရှုလင်ကသခင်လေးလုံကိုတမင်ရှောင်နေတာသေချာတယ်"
ရှုချန်းမှပြောရင်းသက်ပြင်းချလိုက်သည်။
"ရှုလင်ဘာတွေးနေလဲကျွန်တော်တကယ်နားမလည်တော့ဘူး သခင်လေးလုံကလုံမိသားစုရဲ့အနာဂတ်ဆက်ခံသူ သူကသိုင်းပညာလမ်းကြောင်းကလူမဟုတ်ဘူးဆိုပေမဲ့ အရေးကြီးတဲ့အပိုင်းကိုတာဝန်ယူရတဲ့လူပဲ လုံမိသားစုကအဲဒီလူက အစိမ်းရောင်တိမ်တိုက်ဌာနရဲ့အဓိကကျောရိုးဖြစ်သလို ဒီအမှန်တရားကလည်းနှစ်ဆယ်ချီဒီတိုင်းပဲရှိနေမှာသူဘာလို့မိသားစုအတွက်မတွေးရတာလဲ"
ရှုချန်းမှာအလွန်စိတ်ဆိုးကာပြောလိုက်သည်။ သူ့အသံတွင်မကျေနပ်သောအရိပ်အယောင်များပါနေပေသည်။
"ဘာပဲဖြစ်ဖြစ် သူကအခွဲမိသားစုကပဲ အခြေအနေတစ်ရပ်လုံးကိုမမြင်နိုင်တာကပုံမှန်ပဲ ဒါပေမဲ့ရှုလင်ကိုလွယ်လွယ်နဲ့အပြစ်မပြုမိစေနဲ့ ဘာပဲဖြစ်ဖြစ်သူကရှုမိသားစုရဲ့ပါရမီရှင်ဖြစ်ပြီး အစကတည်းကချမ်းသာတဲ့မိသားစုနဲ့လက်ထပ်ဖို့ပျိုးထောင်ခံထားရတဲ့လူ သေချာပေါက်ဒီလမ်းကိုလျှောက်ရမှာပဲ"
ရှုသုန်းလိုင်မှာစားပွဲအားလက်ဖြင့်ခေါက်ကာ ငြင်သာစွာပြောလိုက်သည်။ ဤကိစ္စအားအစောကတည်းကစီစဉ်ထားခဲ့ခြင်းဖြစ်ပေရာ ကျိုးဟောင်ဝင်ရှုပ်နိုင်သောကိစ္စမျိုးမဟုတ်ပေ။
"ကျွန်တော်တော့သူ့မှာလုံးဝလက်ထပ်ချင်တဲ့ဆန္ဒရှိတယ်မထင်ဘူး ကောင်းကင်ဘုံအဆင့်ကိုရောက်ဖို့တစ်နေ့လုံးကျင့်ကြံနေတာ ပြီးတော့ရှုမိသားစုဌာနချုပ်ကိုပြန်ရောက်လာပြီးနောက်ပိုင်း အရင်းအမြစ်တွေပိုရတော့ စွမ်းရည်ကအမြန်တိုးတက်လာတယ်အဖေအဲဒီကျိုးဟောင်ကဘာကောင်းနေလို့ သူဒီလိုဖြစ်နေလဲဆိုတာ ကျွန်တော်နားမလည်ဘူး"
"သူကမူလအဆင့်ပဲရှိတာ တကယ်လို့ကောင်းကင့်အဆင့်ဆိုရင်တောင်စီစဉ်ပေးလို့ရသေးတယ် မူလအဆင့်လောက်နဲ့ဘာအသုံးဝင်မှာလဲ"
ရှုလင်သည်မျက်စိရှေ့တွင်သူမအမုန်းဆုံးဖြစ်သော လုံအော့ထျန်းအားတွေ့လိုက်ရသည်။
လုံအော့ထျန်းမှာအနောက်တိုင်းဝတ်စုံဝတ်ကာ နေကာမျက်မှန်အားတပ်ဆင်ထားသည်။ လက်ထဲတွင်နှင်းဆီပန်း ၉၉ပွင့်အားကိုင်ဆောင်ထားပြီး သူ၏ပုံစံမှာကြည့်ကောင်းကာအပူအပင်ကင်းပုံပေါ်ပေသည်။ ထို့နောက်သူသည်ရှုလင်၏ရှေ့သို့အပြုံးတစ်ပွင့်ဖြင့်လျှောက်လာခဲ့သည်။
ရှုလင်မှာလုံအော့ထျန်းအားတွေ့လိုက်ရချိန်တွင် သူမ၏မျက်နှာပေါ်၌မနှစ်မြို့သောအမူအရာတစ်ခုဖြတ်ပြေးသွားခဲ့သည်။
သို့သော်ထိုမနှစ်မြို့မှုသည်အလျင်အမြန်ပျောက်ကွယ်သွားကာ ဂရုမစိုက်ဟန်ဖြင့်ကြည့်ကာ မသာမယာဖြင့်မေးလိုက်သည်။
"ဘာလို့ ဒီကိုရောက်လာတာလဲ"
လုံအော့ထျန်း၏မျက်လုံးများတွင်စိတ်အားထက်သန်မှုများဖြင့်ပြည့်နေကာ ခပ်ဟဟရယ်ရင်းရှုလင်အနားသို့ကပ်ကာပြောလာခဲ့သည်။
"ဟီးဟီး ဒီပန်းတွေကကိုယ်မင်းအတွက်အထူးမှာပေးထားတာ မင်းသဘောကျလား ဒါကမင်းရဲ့ဗီဇနဲ့ပုံစံလေးနဲ့လိုက်ဖက်တယ်"
လုံအော့ထျန်းမှာချက်ချင်းပင်လက်ထဲရှိပန်းများအား ရှုလင်ထံကမ်းပေးလိုက်သည်။
သို့သော်ရှုလင်၏မျက်လုံးများမှာ မနှစ်မြို့မှုများဖြင့်ပြည့်နေပေသည်။ သူမသည်မျက်နှာပေါ်ရှိမနှစ်မြို့မှုအားမျိုသိပ်ကာ ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။
"တောင်းပန်ပါတယ် ကျွန်မကပန်းတွေနဲ့ဓာတ်မတည့်လို့ ဒါကိုလက်မခံနိုင်မှာစိုးတယ်"
စင်စစ်တွင်ရှုလင်သည်ပန်းများနှင့်ဓာတ်မတည့်ခြင်းလုံးဝမရှိပေ။ သူမသည်လုံအော့ထျန်းအားငြင်းဆန်ရန်ပြောလိုက်ခြင်းဖြစ်သည်။
လုံအော့ထျန်းမှာခေတ္တမျှကြက်သေသေသွားပြီးနောက် ချက်ချင်းပင်စိတ်ထဲအတော်လေးအဆင်မပြေသလိုခံစားလိုက်ရပေသည်။
လုံအော့ထျန်းသည်ယခင်က ဤကိစ္စအားသေချာမစုံစမ်းခဲ့မိသည်ကိုနောင်တရနေပေသည်။ ယခုသူမဓာတ်မတည့်သောနှင်းဆီပန်းများအား ပေးမိမလိုဖြစ်ခဲ့ပေရာ ဘယ်လိုတောင်းပန်ရမှန်းမသိတော့ပေ။
ရှုလင်စိတ်အနှောင့်အယှက်မဖြစ်စေရန်လုံအော့ထျန်းမှာချက်ချင်းပင်ပန်းပွင့်များအား အခြေစိုက်စခန်းဝင်ပေါက်ရှိအမှိုက်ပုံးထဲလွှတ်ပစ်လိုက်ပြီး ရှုလင်၏ဘေးသို့ရောက်လာကာ လိုက်ပါလာခဲ့သည်။
"တောင်းပန်ပါတယ် မင်းပန်းဝတ်မှုန်နဲ့ဓာတ်မတည့်တာကိုယ်မသိလိုက်လို့ ကိုယ့်အမှားပါ"
"ကိစ္စမရှိပါဘူး နောက်ကိုကျွန်မကိုဘာမှသာမပေးပါနဲ့"
ရှုလင်မှာအေးစက်စွာပြောလိုက်ပြီးလုံအော့ထျန်းအားအခွင့်အရေးလုံးဝမပေးပေ။
လုံအော့ထျန်းသည်လည်းသတ္တိမရှိသူမဟုတ်ပေရာ ချက်ချင်းပင်ရှေ့တစ်လှမ်းတိုးလာခဲ့ကာ ပြုံးရင်းပြောလိုက်သည်။
"မင်းကိုတောင်းပန်ဖို့အခွင့်အရေးပေးလေ ကိုယ်ထမင်းလိုက်ဝယ်ကျွေးမယ်ဆိုရင်ရော"
"ဒီနားကအနောက်တိုင်းစားသောက်ဆိုင်တစ်ခုကိုယ်သိတယ် ပြောကြတာတော့အရသာအရမ်းကောင်းတယ်တဲ့"
ရှုလင်မှာလုံအော့ထျန်းအားတစ်ချက်ပင်မကြည့်ဘဲ ဂရုမစိုက်ဟန်ဖြင့်ငြင်းလိုက်သည်။
"တောင်းပန်ပါတယ် ဒီနေ့စားပြီးပြီ ဗိုက်အရမ်းပြည့်နေလို့ ဘာမှထပ်မစားနိုင်တော့ဘူး"
"ဒါဆို...ဒါဆိုအရက်သောက်ရင်ရော အရက်ဆိုင်သွားကြမယ်လေ"
...................................................................................
အခန်း(၄၃၄) ပြီးပါပြီ။
အခန်း (၄၃၅) : ညစ်ပတ်တဲ့ခွေး
လုံအော့ထျန်းစကားမဆုံးခင်မှာပင် ရှုလင်မှာရောက်ရာနေရာတွင်ရပ်ကာ မနှစ်မြို့သောမျက်လုံးများဖြင့်ဒေါသတကြီစအော်ပြောလိုက်သည်။
"လုံအော့ထျန်း ရှင့်ကိစ္စပဲရှင်စိတ်ဝင်စားလို့မရဘူးလား ဘာလို့ကျွန်မကိုလိုက်နှောင့်ယှက်နေတာလဲ"
ရှုလင်မှာအလွန်စိတ်ဆိုးနေပြီဖြစ်သည်။ ဤလူသည်ဘာကြောင့်သူမနောက်ခွေးတစ်ကောင်လိုတစ်ကောက်ကောက်လိုက်နေရပါသနည်း။ ယခုအချိန်တွင်သူမသည် လုံအော့ထျန်း၏နှောင့်ယှက်မှုအားမခံလိုကြောင်းကိုနားမလည်သည်လော။
လုံအော့ထျန်းမှာလည်းအတော်လေးစိတ်မရှည်ဖြစ်နေပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူသည်ကြီးကျယ်သောသခင်လေးတစ်ယောက်ဖြစ်ပေရာယခုလိုအရှက်ခွဲမှုမျိုး တစ်ခါမှမခံရဖူးပေ။
သို့သော်သူသည်ဒေါသမဖြစ်ဘဲ ပြုံးကာပြောလိုက်သည်။
"ရှုလင်တကယ်တော့ ကိုယ်ကမင်းကိုလိုက်နှောင့်ယှက်နေတာမဟုတ်ဘူး ကိုယ်ဒီလိုလုပ်နေတာကိုယ်တို့မိသားစုတွေအတွက်ပဲ ကိုယ်ပြောချင်တဲ့သဘောကိုမင်းနားလည်မယ်ထင်ပါတယ်"
ရှုလင်မှာထိုစကားအားကြားသောအခါ ပို၍ပင်ဝမ်းနည်းသွားခဲ့သည်။ သူမမိသားစုသည်သူမအား ဤယောက်ျား၏အထိန်းတော်နှင့်ကိုယ်ရံတော်လုပ်ပေးရန်အတွက်ပျိုးထောင်ပေးခဲ့ခြင်းပေလော သူမကိုယ်ကိုယခုလိုစတေးပစ်ရမည်လော။
သူမသည်အလွန်ဒေါသဖြစ်နေပြီး ရှုမိသားစုကဘာကြောင့်ယခုလိုလုပ်ကြောင်းကိုလည်းနားမလည်ပေ။
"တောင်းပန်ပါတယ်ကျွန်မနားမလည်ဘူး"
ရှုလင်မှာမနှစ်မြို့သောပုံဖြင့်ပြောလိုက်သည်။
"ဟဟ မင်းနားမလည်တာလား ရှုလင်ကိုယ်တော့မင်းနားမလည်ဘူးဆိုတာမယုံဘူး ကိုယ်မင်းကိုအမှန်တိုင်းပြောပြမယ် မင်းတို့ရဲ့ရှုမိသားစုကကိုယ်တို့ဆက်ဆံရေးကိုခွင့်ပြုထားပြီးသား မဟုတ်ရင်ကိုယ်လည်းမင်းကိုနှောင့်ယှက်နေမှာမဟုတ်ဘူး မင်းကိုယ့်ကိုသဘောမကျဘူးဆိုတာသိပေမဲ့ ကိုယ်ကမင်းအတွက်ပြည့်စုံတဲ့လက်တွဲဖော်ဆိုတာကိုတော့ ပြောရမှာပဲ"
လုံအော့ထျန်းမှပြုံးလိုက်သည်။ ယခုအချိန်တွင်သူသည်မျက်နှာလိုမျက်နှာရလုပ်ရန်ဆန္ဒမရှိတော့ပေ။ အနည်းငယ်စိတ်မရှည်ဖြစ်လာပြီဖြစ်ပြီး အမှန်အတိုင်းဖော်ပြရန်ပြင်ဆင်နေပြီဖြစ်သည်။
"ပြည့်စုံတဲ့တွဲဖက်လား သခင်လေးလုံရှင်ဘာပြောနေလဲဆိုတာ ကျွန်မနားမလည်ဘူး ပြီးတော့ကျွန်မမှာအခုလက်ထပ်ဖို့အတွေးမရှိဘူး ကျွန်မဒီတိုင်းကျင့်ကြံပြီးတော့ လူသားမျိုးနွယ်အတွက်ပဲအလုပ်လုပ်ချင်တယ်"
ရှုလင်မှာချက်ချင်းပြောလိုက်သည်။
"အမယ်လေး သန္ဓေပြောင်းသားရဲလေးတွေသတ်တာလောက်ပဲမလား မင်းရဲ့အကျိုးဆောင်မှုကဘာမှထင်ရှားမှာမဟုတ်ဘူး ပြီးတော့တိုက်ခိုက်တာသတ်ဖြတ်တာတွေက အရမ်းစရိုက်ဆန်ပြီးအောက်တန်းကျတယ် ဘာအဓိပ္ပာယ်မှမရှိဘူး"
"ပြီးတော့ အခုသိုင်းပညာရှင်တွေကဘာတန်ဖိုးမှမရှိဘူး ကိုယ်တို့လိုမိသားစုကြီးတွေအတွက်ဆို မူလအဆင့်ပညာရှင်အဆင့်လောက်ကဘာမှမဟုတ်ဘူး"
လုံအော့ထျန်းမှာ ဤကဲ့သို့စကားအားပြောပိုင်ခွင့်ရှိပေသည်။ လုံမိသားစုမှာ ရှုမိသားစုထက်ပင်ပိုမိုသန်မာလေသည်။
သို့သော်ရှုလင်မှာထိုစကားအားကြားလိုက်ရချိန်တွင် ပို၍ပင်ဒေါသဖြစ်သွားခဲ့သည်။ ဤလူသည်သူမအတွက်အတော်လေးရွံရှာစရာကောင်းပေသည်။ ရှုမိသားစုသည်ဘာကြောင့် သူမအားဤလူနှင့်လက်ထပ်စေလိုကြောင်း သူမတကယ်နားမလည်နိုင်ပေ။
"သခင်လေးလုံ သိုင်းပညာရှင်တွေကိုဒီထက်ပိုပြီးလေးစားဖို့ကျွန်မရှင့်ကိုအကြံပေးလိုက်မယ် ရှင်အခုအနောက်တိုင်းဝတ်စုံဝတ်ပြီးသားရေဖိနပ်စီးထားတယ် ရှင်ညစ်ပတ်တဲ့ခွေးတစ်ကောင်လိုဝတ်စားထားရရင်တောင် ရှင်ဘာမှတန်ဖိုးမရှိဘူးလို့ထင်တဲ့သိုင်းပညာရှင်တွေရဲ့ကျေးဇူးကြောင့်ပဲ"
ရှုလင်မှာစကားဆုံးသည်နှင့် သူ့အားလျစ်လျူရှုပြီးပျောက်သွားခဲ့သည်။
လုံအော့ထျန်းမှာအလွန်ဒေါသဖြစ်ကာ မြေပေါ်ခြေဆောင့်ရင်းကျန်ရစ်ခဲ့ပေသည်။
ထိုအချိန်တွင်ကျိုးဟောင်မှာ အိပ်ရာထက်တွင်လှဲရင်းအတွေးထဲနစ်မြောနေပေသည်။
စစ်နတ်ဘုရားတပ်ရင်းသည် မည်ကဲ့သို့သောအဖွဲ့အစည်းဖြစ်ကြောင်းသူမသိသော်လည်း ပိုင်လင်းလုံမှအခိုင်အမာထောက်ခံသည်ဆိုကတည်းက ဤနေရာသည်သူ့ရည်မှန်းချက်ဖြစ်မြောက်ရန်တကယ်ကူညီပေးနိုင်လောက်သည်ဟု ခံစားရပေသည်။
ထို့ကြောင့်ပိုင်လင်းလုံထံမှသတင်းအားစောင့်ရင်း အလွန်စိတ်ပူနေပေသည်။
သန္ဓေပြောင်းသားရဲများနှင့်အလဲအလှယ်လုပ်ခြင်းသည်လည်း ဖြေရှင်းနည်းတစ်ခုဖြစ်သည်။
"ဒီလိုဖြစ်လာလိမ့်မယ်လို့မထင်ထားခဲ့ဘူး"
ကျိုးဟောင်မှာနှာခေါင်းရှုံ့ရင်း စိတ်ထဲတွင်လည်းမနှစ်မြို့သောခံစားချက်တစ်ခုဖြစ်ပေါ်လာပေသည်။
"ဒီဝိဉာဉ်ဝါးမျိုသားရဲကဘယ်အဆင့်လဲ"
ကျိုးဟောင်မှမေးလိုက်သည်။
"ကောင်းကင်ဘုံအဆင့်တစ်ဝက် ဒါပေမဲ့ဒီဝိဉာဉ်ဝါးမျိုသားရဲရဲ့တိုက်ခိုက်ရေးစွမ်းအားကအရမ်းသန်မာတယ် သူ့ရဲ့အားအကောင်းဆုံးတိုက်ခိုက်မှုက စိတ်ဝိဉာဉ်တိုက်ခိုက်မှုပဲ အဲဒါကဝိဉာဉ်တွေကိုစားသုံးပြီးတော့ ဦးနှောက်ကိုသုံးပြီးသေစေနိုင်တဲ့ပြင်းထန်တဲ့အထူးလျှပ်ကူးလှိုင်းတွေထုတ်လွှတ်ပြီးတိုက်ခိုက်တာပဲ သာမန်သိုင်းပညာရှင်တွေက တကယ်သူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး စိုးရိမ်ရတာက ကျွန်တော်တောင်သူ့ကိုနိုင်ဖို့ခက်မှာကိုပဲ"
ရွှေလင်းယုန်ငှက်ရိုင်းမှပြောလိုက်သည်။
"သိပြီ"
ကျိုးဟောင်မှာပြုံးကာပြောလိုက်သည်။
ထိုသို့ပြောပြီးနောက်ကျိုးဟောင်မှာထွက်ခွာသွားခဲ့သည်။ ကျိုးဟောင်မှာ ဘာဖြစ်နေသလဲဆိုသည်အားအဖြေရှာတွေ့သွားပြီဖြစ်ပေရာ ကိစ္စမှာဖြေရှင်းရပိုလွယ်လာပေသည်။
ကျိုးချန်သောင့်သည် အနီရောင်မဟူရာချောက်နက်ရှိလူများအားရှင်းပစ်နေခြင်းဖြစ်သည်။ ကျိုးဟောင်၏ ရည်မှန်းချက်သည်လည်းအတူတူပင်ဖြစ်ပေရာ ဘေးမှသာထိုင်ကြည့်နေပြီး ကျိုးချန်သောင့်အားသူ့ရည်မှန်းချက်ပြည့်ဝရန်ကူညီထားခိုင်းသည်က ပိုကောင်းပေသည်။
သို့သော်ကျိုးဟောင်သည် အနီရောင်မဟူရာချောက်နက်၏နယ်မြေတစ်ဝက်အားဝိဉာဉ်ဝါးမျိုသားရဲအားမပေးနိုင်ပေ။
ထို့ကြောင့်အနီရောင်မဟူရာချောက်နက်အားရှင်းလင်းပြီးပါက သူလှုပ်ရှားရမည့်အချိန်ရောက်လာမည်ဖြစ်သည်။
ကျိုးဟောင်မှာဤကိစ္စအားလျစ်လျူရှုထားသည်။ ထိုအချိန်တွင် ပိုင်လင်းလုံထံမှသတင်းရောက်လာခဲ့သည်။
"ကျိုးဟောင်စစ်နတ်ဘုရားတပ်ရင်းကသတင်းရတယ် သူတို့မင်းကိုအကဲဖြတ်မှုမှာပါဝင်နိုင်မဲ့အခွင့်အရေးပေးဖို့ဆုံးဖြတ်လိုက်တယ်တဲ့ တကယ်လို့အကဲဖြတ်မှုကိုအောင်ရင် မင်းစစ်နတ်ဘုရားတပ်ရင်းကိုတရားဝင်ဝင်ရောက်လို့ရပြီ"
ပိုင်လင်းလုံ၏စကားများမှာကျိုးဟောင်အားအတော်လေးပျော်ရွှင်သွားစေခဲ့ပြီး အလောတကြီးမေးလာခဲ့သည်။
"ဘယ်လိုအကဲဖြတ်မှုလဲ"
ထိုကိစ္စအားပိုင်လင်းလုံလည်းမသိပေ။
"ဒီကိစ္စကိုတော့ငါလည်းတကယ်မသိဘူး ဒါပေမဲ့ဒီအကြောင်းမင်းကိုတစ်ယောက်ယောက်ပြောပြလိမ့်မယ် ပြီးတော့ငါအစိမ်းရောင်တိမ်တိုက်ဌာနရဲ့အထက်လူကြီးတွေနဲ့စကားပြောပြီးပြီ အဓိကကတော့ကောင်းကင်ဘုံဘုရင်ကျူးရဲ့ကျေးဇူးကြောင့်မင်းဒီအခွင့်အရေးရတာပဲ"
ကျိုးဟောင်မှာပြုံးလိုက်မိသည်။ ကောင်းကင်ဘုံဘုရင်ကျူးသည်သူ့အားကူညီလိမ့်မည်ဟုမထင်ထားခဲ့ပေ။
ထိုသို့ကူညီခြင်းသည်စီနီယာကျိုးကြောင့်ဖြစ်နိုင်ပေသည်။
"နောက်နှစ်ရက်ကျော်ရင် ကောင်းကင်ဘုံဘုရင်ကျူးကမင်းဆီလာပြီး စီနီယာကျိုးရဲ့အခြေအနေကိုမေးလိမ့်မယ် အမှန်တိုင်းသာပြောလိုက်"
ပိုင်လင်းလုံမှပြောလိုက်သည်။
ကျိုးဟောင်မှာထိုစကားအားကြားသောအခါ မျက်မှောင် ကြုတ်သွားခဲ့သည်။
....................................................................................
အခန်း(၄၃၅) ပြီးပါပြီ။