← Chapters

အခန်း (၄၂၄-၄၂၆)

Vol. 29 Ch. 424-426

အခန်း (၄၂၄-၄၂၆)

Vol. 29 Ch. 424-426

အခန်း (၄၂၄) : ခေါင်းဆောင်အန်း၏သေဆုံးမှု

ကျိုးဟောင်မှာထို‌နေရာမှထွက်ခွာလာပြီးနောက် တစ်ရာမြို့စစ်သေနာပတိချုပ်အိမ်တော်သို့ပြန်လည်ရောက်ရှိလာခဲ့သည်။ ယနေ့ကြုံခဲ့ရသောကိစ္စကြောင့်ကျိုးဟောင်မှာအလွန်အံ့ဩနေခဲ့ပေသည်။ ပြင်ပလောကနှင့်ပတ်သက်သောကိစ္စသည်ဤမျှလောက်ရှုပ်ထွေးလိမ့်မည်ဟုမထင်ထားခဲ့ပေ။

"မူလကျောက်စာရဲ့ဇာစ်မြစ်ကတကယ်ပဲ ကမ္ဘာဂြိုဟ်ပေါ်မှာရှိနေတာအမှန်ပဲလား"

မုရုံရွှင်းမှာအတော်လေးအံ့ဩနေပြီးနောက် ထိုအချိန်မှာပင်စကားပြောလာခဲ့သည်။

သူသည်အလွန်အံ့ဩနေသည်ဆိုသော်ငြားကျိုးဟောင်မှာဂရုမစိုက်ဟန်ဖြင့်ပြောလာခဲ့သည်။

"ဒါကအမှန်ဟုတ်ဟုတ်မဟုတ်ဟုတ် ဘယ်လိုဖြစ်ဖြစ်အားလုံးကကြိုးစားကြမှာပဲ ဒါကအမှန်ဆိုရင်တောင် သူတို့ကအလွတ်ပေးမှာမဟုတ်ဘူး အဲဒါကြောင့်ကမ္ဘာဂြိုဟ်အကြောင်း စကြဝဠာထဲကတခြားမျိုးနွယ်စုတွေသိသွားလို့မရသေးဘူး"

"တကယ်လို့သူတို့သာသိသွားရင် ကမ္ဘာဂြိုဟ်ကငရဲခန်းလိုအခြေအနေမျိုးဖြစ်သွားနိုင်တယ်"

ကျိုးဟောင်မှာလက်ရှိအချိန်တွင်စီနီယာဟွမ်း၏အတွေးများအား ကောင်းမွန်စွာသဘောပေါက်သွားပြီဖြစ်သည်။ သူသည်ကမ္ဘာဂြိုဟ်အားထိုကဲ့သို့သောအခြေအနေမျိုးဖြစ်မလာစေချင်ပေ။ ထို့ကြောင့်သိုင်းပညာလမ်းစဉ်အားဖျက်ဆီးရုံမှလွဲ အခြားရွေးချယ်စရာမရှိပေ။ သူ၏နည်းလမ်းမှာအနည်းငယ်အစွန်းရောက်ကာ ရက်စက်သော်ငြား ထာဝရငြိမ်းချမ်းရေးအတွက် ဤရွေးချယ်မှုသည်သာတစ်ခုတည်းသောနည်းလမ်းဖြစ်သည်။

အကယ်၍အနာဂတ်တွင်ကျိုးဟောင်လည်း တူညီသောဆုံးဖြတ်ချက်မျိုးချရမည်ဆိုပါကလည်း စီနီယာဟွမ်းလုပ်သကဲ့သို့သာလုပ်မည်ဖြစ်သည်။

"မုရုံရွှင်း ကျွန်တော်တစ်ခုပြောထားမယ် ခင်ဗျားအခုကျွန်တော့်ကိုနားလည်ပေးနိုင်မပေးနိုင်ကိုကျွန်တော်ဂရုမစိုက်ဘူး ဒါပေမဲ့ကျွန်တော်တစ်ခုတော့သတိပေးထားမယ် အနာဂတ်မှာခင်ဗျားခန္ဓာကိုယ်ပြန်ဖွဲ့စည်းသည်ဖြစ်စေ ကျွန်တော်နဲ့နေသည်ဖြစ်စေ ကမ္ဘာဂြိုဟ်ကိုဆုတ်ယုတ်စေမဲ့ကိစ္စမျိုးကိုတော့လုပ်ခွင့်မပြုဘူး တကယ်လို့လုပ်ခဲ့ရင် ကျွန်တော််ခင်ဗျားကိုမသတ်နိုင်ရင်တောင်ဖယ်ရှားပစ်ဖို့နည်းလမ်းတော့ရှာမှာပဲ"

ကျိုးဟောင်၏စကားအားကြားသောအခါ မုရုံရွှင်းမှာသက်ပြင်းချကာပြောလာ‌သည်။

"ငါသိပါတယ် ငါ့ကိုရူးနေတယ်များထင်နေတာလား ငါကကမ္ဘာဂြိုဟ်ပေါ်ကနေတောင်ထွက်သွားချင်တာမဟုတ်ဘူး ၁၂ဆင့်မြောက်ကောင်းကင့်ဘုံအဆင့်ပညာရှင်တစ်ယောက်ကကမ္ဘာဂြိုဟ်ပေါ်မှာ လေနဲ့မိုးကိုဆင့်ခေါ်နိုင်တယ် ငါကအနှိပ်စက်ခံဖို့အတွက်နဲ့ ဘာလို့ကမ္ဘာဂြိုဟ်ကနေထွက်သွားရမှာလဲ"

ကျိုးဟောင်မှာ မုရုံရွှင်း၏စကားများမှာအမှန်ဟုတ်မဟုတ်မသိသော်ငြား မည်သို့ပင်ဖြစ်စေ မုရုံရွှင်းသည်လျှို့ဝှက်ချက်အားသိခဲ့ပေရာ သူ့အားသတိထားရမည်သာဖြစ်သည်။

သတိထားရမည်မှာ မုရုံရွှင်းတစ်ယောက်သာမဟုတ်ပေ။ စီနီယာဟွမ်းအားအန္တရာယ်ပြုခဲ့သောထိုလူလည်းရှိသေးပေသည်။

ထိုလူအသက်ရှင်နေသေးသလားဆိုသည်အားကျိုးဟောင်မသိပေ။ သူသည်တစ်ဖက်လူအကြောင်းဘာမှမသိထားပေ။

သို့သော်ဘယ်လိုပင်ဖြစ်ဖြစ် ကျိုးဟောင်သည်လက်ရှိအချိန်တွင်အတော်လေးစိုးရိမ်နေရပြီဖြစ်သည်။

ကမ္ဘာဂြိုဟ်မှာထိုမျှလောက်အန္တရာယ်မကင်းနိုင်လောက်တော့ပေ။ပြင်ပအာကာသရှိတစ်စုံတစ်ယောက်မှာ ကမ္ဘာဂြိုဟ်အားစောင့်ကြည့်နေပြီးနေတာမျိုးပင်ဖြစ်နိုင်ပေသည်။ ကျိုးဟောင်မှာစိုးရိမ်နေသော်လည်း ဘာမှမတတ်နိုင်ပေ။

နောက်တစ်နေ့မနက်တွင် ယင်ဖုန်းမှာလေးနက်ကာအလွန်စိုးရိမ်နေသောအမူအရာဖြင့် ကျိုးဟောင်ထံရောက်လာခဲ့သည်။

"စစ်သေနာပတိချုပ်ကျောက် မကောင်းတော့ဘူး"

ကျိုးဟောင်မှာထိုစကားကြားသောအခါမျက်မှောင်ကြုတ် သွားခဲ့သည်။ လက်ရှိအချိန်တွင်ကိစ္စကြီးတစ်ခုမှာ အနီရောင်မဟူရာချောက်နက်ထဲတွင် သေချာပေါက်ဖြစ်ပွားခဲ့ပြီးပြီဖြစ်သည်။

"ဘာဖြစ်လို့လဲ လက်ထောက်စစ်သေနာပတိချုပ်ယင် ‌ဖြည်းဖြည်းပြောပါ"

ကျိုးဟောင်မှအလျင်အမြန်ပင်ပြောလိုက်သည်။

"ခေါင်းဆောင်...ခေါင်းဆောင်အန်း...သေပြီ"

ယင်ဖုန်း၏စကားမှာကျိုးဟောင်အားထိတ်လန့်သွားစေခဲ့ကာ မယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးပင်ပြူးသွားခဲ့သည်။

"ဘာ ခေါင်းဆောင်အန်းသေပြီ မနေ့ကမှတွေ့ခဲ့တာကို ဘယ်လိုဖြစ်ပြီးဒီနေ့သေသွားတာလဲ"

ကျိုးဟောင်မှာ‌ခေါင်းဆောင်အန်း၏သေဆုံးမှုကြောင့်အတော်လေးထိတ်လန့်နေပေသည်။ ဤကိစ္စသည်ဘာကြောင့်ယခုလိုရုတ်တရက်ကြီးထဖြစ်မှန်းကျိုးဟောင်နားမလည်ပေ။

"ဘာဖြစ်ခဲ့လဲဆိုတာအသေးစိတ်ပြောပြ"

ကျိုးဟောင်မှလျင်မြန်စွာမေးလိုက်သည်။

ထိုသေဆုံးမှုအကြောင်း ယနေ့မနက်တွင် ခေါင်းဆောင်အန်း၏မိသားစုမှသိသွားပြီး သတင်းရောက်လာခြင်းဖြစ်သည်။ ခေါင်းဆောင်အန်းမှာသူ၏စာဖတ်ခန်းထဲတွင် မရှုမလှသေဆုံးနေခဲ့ခြင်းဖြစ်သည်။ သူ၏ရင်ဘတ်မှာအပေါက်ဖြစ်နေပြီး နှလုံးလည်းမရှိတော့ပေ။ ယခုလိုအခြေအနေကြောင့် ယင်ဖုန်း၏မျက်နှာမှာလည်းထိတ်လန့်မှုများဖြင့်ပြည့်နေပေသည်။

ကျိုးဟောင်မှာထိုစကားအားကြားသောအခါ အမူအရာမှာသိသိသာသာပြောင်းလဲသွားခဲ့သည်။

"အခုလိုရက်စက်တဲ့နည်းလမ်းကိုသေချာပေါက်ခေါင်းဆောင်အန်းကိုအရိုးစွဲအောင်မုန်းနေတဲ့လူပဲသုံးမှာ အဲဒီလိုမှမဟုတ်ရင် မျိုးနွယ်ခြားတွေရဲ့လက်ချက်ဖြစ်နိုင်တယ် မနေ့ညကဘာဖြစ်ခဲ့သလဲဆိုတာခေါင်းဆောင်အန်းရဲ့မိသားစုတွေသိလား"

ထိုအချိန်တွင်ကျိုးဟောင်မှမေးလိုက်သည်။ ခေါင်းဆောင်အန်းသည်အကြောင်းမဲ့သေသွားစရာအကြောင်းမရှိပေ။ ဤကိစ္စသည်သေချာပေါက်တစ်ခုခုမှားယွင်းနေပေသည်။

သို့သော်မှားယွင်းနေသောပြဿနာအားကျိုးဟောင်မသိပေ။ သို့သော်အန်းမိသားစုကတော့သိလောက်ပေသည်။

အနည်းဆုံး တိုက်ခိုက်သံတော့ကြားကြမည်ဖြစ်သည်။

"ကျွန်တော်အန်းမိသားစုဆီကကြားတာတော့ ညကသူစာကြည့်ခန်းကိုပြန်လာတော့ ခေါင်းဆောင်အန်းကအရမ်းစိတ်ဆိုးနေတာတဲ့ ဘာဖြစ်ခဲ့သလဲဆိုတာဘယ်သူမှအတိအကျမသိဘူး သူစာကြည့်ခန်းထဲကမထွက်လာဘဲ နောက်နေ့ကျအဲဒီအခန်းထဲမှာပဲသေနေတာ ဘယ်သူမှတိုက်ခိုက်နေတဲ့အသံမျိုး အော်တဲ့အသံမျိုးတောင်မကြားခဲ့ရဘူး"

ထို့ကြောင်ပင်ယင်ဖုန်းသည်ကြောက်လန့်နေခြင်းဖြစ်သည်။

ခေါင်းဆောင်အန်းမှာစတုတ္ထမြောက်မူလအဆင့်ပညာရှင်ဖြစ်ပြီး သူဌေးကျိုးနှင့်အဆင့်အတူတူပင်ဖြစ်သည်။ သူယခုလိုအသတ်ခံရခြင်းသည် တကယ်ကိုမယုံကြည်နိုင်စရာဖြစ်သည်။

ကြည့်ရသည်မှာ ဤလူသတ်မှုသည်လည်း တစ်ချက်တည်းဖြင့်ချက်ချင်းသတ်ဖြတ်ခဲ့ခြင်းဖြစ်ပေလိမ့်မည်။ ထို့အပြင်ခေါင်းဆောင်အန်းအားသတ်ဖြတ်ခဲ့သူမှာ အလွန်ရက်စက်သူဖြစ်သည်။ ကျိုးဟောင်မှာ မျက်လုံးများအားကျဉ်းမြောင်းကာစဉ်းစားနေရင်း သက်ပြင်းချလိုက်ကာမေးလိုက်သည်။

"ကျိုးချန်သောင့်ဘယ်မှာလဲ သူအနီရောင်မဟူရာချောက်မှာပဲရှိနေသေးတာလား"

"ဒီကိစ္စဖြစ်ပြီးနောက်ပိုင်းအန်းမိသားစုက ကျိုးမိသားစုရဲ့လေလံအိမ်ကိုအလောတကြီးသွားပြီးတော့ ဖြေရှင်းချက်တောင်းခဲ့တယ် လူသတ်သမားဘယ်သူ‌ဆိုတာကို ဘယ်သူမှမသိပေမဲ့အကြမ်းဖျဉ်းခန့်မှန်းလို့ရတယ်လေ ကျိုးချန်သောင့်ကထွက်လာခဲ့ပေမဲ့ လုံးဝဝန်မခံဘူး သခင်ကြီးအန်းကတိုက်ခိုက်ချင်ပေမဲ့ ကမ်းပါးနီဘုရင်နဲ့ပတ်သက်ပြီးစိုးရိမ်လို့ဒီတိုင်းပြန်ထွက်လာခဲ့တာ"

ကျိုးဟောင်မှာ ယင်ဖုန်း၏စကားအားကြားချိန်တွင်လေးလေးနက်နက်စဉ်းစားနေပေသည်။ ဤကိစ္စသည်အတော်လေးရှုပ်ထွေးပေသည်။

ခေါင်းဆောင်အန်း၏သေဆုံးမှုမှာတကယ်ပင်ထူးဆန်းလွန်းလှသည်။ ပြင်ပအာကာသရှိစွမ်းအင်ခန္ဓာကိုယ်ကိုလည်း ရှောင်ယွီမှဝါးမျိုထားလိုက်ပြီဖြစ်သည်။ ထိုအရာမရှိဘဲ ဆဌမမြောက်မူလအဆင့်ပညာရှင်ဖြစ်သော ကျိုးချန်သောင့်မှာ စတုတ္ထမြောက်မူလအဆင့်ပညာရှင်တစ်ယောက်ကို မည်သည့်နည်းလမ်းဖြင့်ချက်ချင်းသတ်နိုင်ခဲ့သနည်း။ ဤအချက်သည်ယုတ္တိမရှိပေ။

"ဘယ်လိုလုပ်ကြမလဲ စစ်သေနာပတိချုပ်ကျိုး"

ယင်ဖုန်းမှအလျင်အမြန်ပင်မေးလိုက်သည်။

ကျိုးဟောင်မှပြုံးကာပြန်ဖြေလာသည်။

"ဒီကိစ္စကအခြေအနေပေါ်မူတည်တယ် ကျွန်တော်တို့ဝင်စွက်ဖက်ဖို့မသင့်ဘူး"

စင်စစ်တွင်သူတို့အချင်းချင်းတိုက်ခိုက်နေခြင်းသည် ကျိုးဟောင်အတွက်ပိုတောင်ကောင်းသေးပေသည်။ ဤပုံအတိုင်းဆိုပါက ကမ်းပါးနီဘုရင်အားကိုင်တွယ်ရမည့်ပြဿနာလည်းအေးသွားမည်ဖြစ်သည်။ ထိုလူအိုကြီးများနှစ်ဖက်လုံးဒဏ်ရာရသည့်အခြေအနေအထိတိုက်ခိုက်ပြီးခါမှ ကိုယ်ယောင်ပြလိုက်ရုံပင်ဖြစ်ပြီး ဤသည်မှာအရိုးရှင်းဆုံးသောဖြေရှင်းနည်းဖြစ်သည်။

ယခုအချိန်တွင် ကျိုးဟောင်သည်ဘေးမှာထိုင်ကာ သူတို့အချင်းချင်းတိုက်ခိုက်ခိုင်းထားရုံပင်။ ခေါင်းဆောင်အန်းဖြစ်စေ သူဌေးကျိုးဖြစ်စေ အားလုံးမှာလူကောင်းများမဟုတ်ကြပေရာ သူတို့အားဘယ်သူမှဂရုစိုက်မနေပေ။ အထူးအခြေအနေတစ်ရပ်ကြောင့်မဟုတ်ပါက အစိမ်းရောင်တိမ်တိုက်ဌာနမှာ သူတို့အားထိတောင်မထိလိုပေ။ သို့သော်လက်ရှိအချိန်တွင်သူတို့သည်အချင်းချင်းတိုက်ခိုက်နေကြပေသည်။

အကယ်၍ရေညှောင့်ကောင်ငှက်နှင့်ခုံးတို့တိုက်ခိုက်ကြပါက အကျိုးအမြတ်ရမည့်လူမှာတံငါသည်များသာဖြစ်သည်။အဆုံးတွင်အစိမ်းရောင်တိမ်တိုက်ဌာနသည် ၎င်းတို့အားအလိုလိုဖြေရှင်းရမည်သာဖြစ်သည်။

ဤကိစ္စသည်ကျိုးဟောင်အားစိုးရိမ်စေပေသည်။

"ကောင်းပါပြီ"

ယင်ဖုန်းမှာစိုးရိမ်နေသော်လည်း ကျိုးဟောင်ယခုလိုပြောလာသောအခါသူလည်းဘာမှမတတ်နိုင်ပေ။ မည်သို့ပင်ဖြစ်စေဤကိစ္စတွင်ဆုံးဖြတ်နိုင်သည့်တာဝန်ရှိသူမှာ ကျိုးဟောင်သာဖြစ်သည်။ ယင်ဖုန်းထွက်သွားပြီးနောက် ရှုလင်ရောက်ရှိလာခဲ့သည်။ သူမ၏အမူအရာမှာအလွန်ဆိုးဝါးနေပြီး ကျိုးဟောင်မှာသူမ၏မျက်နှာအားမြင်လိုက်ရချိန်တွင် မျက်မှောင်ကြုတ်သွားခဲ့သည်။

"ရှုလင် ဘာဖြစ်လို့လဲ"

ကျိုးဟောင်မှာရှုလင်ပြောခဲ့သောကိစ္စအားအမြဲတမ်းအမှတ်ရနေ‌ပေသည်။ စိုးရိမ်သော်လည်း ဤပြဿနာအားဖြေရှင်းနိုင်သည့်စွမ်းရည်မျိုး ကျိုးဟောင်ထံတွင်မရှိသေးပေ။ မည်သို့ပင်ဖြစ်စေ သူ၏ကောင်းကင်ဘုံအဆင့်တစ်ဝက်သရုပ်မှန်အားဖော်ပြလိုက်လျှင်ပင် အစိမ်းရောင်တိမ်တိုက်ဌာန၏ အထူးမိသားစုဖြစ်သောရှုမိသားစုအတွက်မူ မလုံလောက်သေးပေ။

သူမတို့ရှုမိသားစု၏‌ဘိုးဘေးဟောင်းမှာ ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်တွင် အထူးပညာရှင်ဖြစ်နိုင်ခြေများပေရာ သူ့အောက်တွင်ရှိနေသောကောင်းကင်ဘုံအဆင့်ပညာရှင်များမှာ ဘာမှမဟုတ်ပေ။ ကျိုးဟောင်သည်လည်း ရှုမိသားစုမှသူ့အားအလေးအနက်ထားရလောက်သည်အထိမသန်မာသေးပေ။

ရှုလင်မှာသူမ၏အနီရောင်နှုတ်ခမ်းလေးအားကိုက်ကာ ခပ်တိုးတိုးပြောလာခဲ့သည်။

"ငါမူလအဆင့်ကိုချိုးဖောက်နိုင်သွားပြီဆိုတာငါ့မိသားစုကသိသွားပြီ ပြီးတော့ငါလုပ်ရမဲ့တာဝန်ကိုလည်း အမိန့်ချပြီးပြီ"

....................................................................................

အခန်း(၄၂၄) ပြီးပါပြီ။

အခန်း (၄၂၅) : နှုတ်ဆက်ပွဲ

ထိုစကားကြားလိုက်သည်နှင့် ကျိုးဟောင်၏အမူအရာမှာချက်ချင်းပင်ပြောင်းလဲသွားခဲ့သည်။

ထိုကိစ္စသည်ဤမျှလောက်မြန်လိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ပေ။

"တာဝန်ကဘာလဲ"

ကျိုးဟောင်မှာသက်ပြင်းချနေကာ အမူအရာမှာလည်းစိုးရိမ်နေပုံပေါ်နေပေသည်။

"ကျန်းနန်အခြေစိုက်စခန်းရဲ့ အထူးသံတမန်"

ထိုစကားပြောလိုက်သောရှုလင်၏အမူအရာမှာအထီးကျန်ဆန်နေခဲ့ပေသည်။ သူမသည်ဤတာဝန်အားနှောင့်နှေးစေရန် အစွမ်းကုန်ကြိုးစားခဲ့သော်လည်း အခြားလူများ၏အမြင်တွင် ဤကိစ္စသည်မျှော်လင့်ထားသောကိစ္စဖြစ်သော်ငြား ရှုလင်အတွက်မူသူမ၏ရည်ရွယ်ချက်ပန်းတိုင်လုံးဝမဟုတ်ပေ။

သူမသည်ကောင်းကင်ဘုံအဆင့်သို့တက်လှမ်းနိုင်ပြီး ကမ္ဘာဂြိုဟ်အားစောင့်ရှောက်ပေးနိုင်သည့် တကယ့်စစ်မှန်သောပညာရှင်တစ်ယောက်ဖြစ်လာချင်ပေသည်။ သို့သော်လက်ရှိအချိန်တွင် သူမမိသားစု၏စီစဉ်မှုကိုလိုက်နာရုံသာတတ်နိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ သူမ၏မိဘများပင်ဤကိစ္စတွင်ဝင်ရောက်စွက်ဖက်နိုင်စွမ်းမရှိပေ။

တစ်နည်းဆိုရသော် ရှုလင်၏မိဘများသည်လည်းဤကိစ္စအားစိတ်မပါဘဲခွင့်ပြုခဲ့ရခြင်းဖြစ်သည်။ တကယ်တမ်းတွင် မည်သည့်မိဘမျှမိမိ၏ရင်သွေးအား အချိန်ပြည့်အန္တရာယ်တောထဲစွန့်စားကာ သေမင်းနှုတ်ခမ်းဝတွင် လမ်းမလျှောက်စေလိုကြပေ။

မူလအဆင့်ပညာရှင်များမှာအလွန်စွမ်းအားကြီးသော်ငြား ဤရှုပ်ထွေးသောလောကကြီးတွင် အရေးမပါသောအခြေအနေတွင်သာရှိသေးပေသည်။

ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ပင်သေဆုံးနိုင်ပေရာ မူလအဆင့်မျှဆိုပါကပြောနေစရာပင်မလိုပေ။

၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်တွင် ထူးချွန်သောပညာရှင်ဖြစ်သည့်မုရုံရွှင်းပင်သေ‌ဆုံးခဲ့ရပေရာ မူလအဆင့်ပညာရှင်တစ်ယောက်မှာဘာမှမဟုတ်ပေ။ စစ်မြေပြင်တွင်အကြွင်းမဲ့စွမ်းအားမရှိပါက မည်သည့်အရာကိုမျှမထိန်းချုပ်နိုင်ပေ။ ယခုအချိန်ထိပင် အတူတူပင်ဖြစ်သည်။ ကျိုးဟောင်မှာထိုစကားအားကြားလိုက်ရချိန်တွင် အလွန်စိတ်မသက်မသာဖြစ်သွားခဲ့ကာ ရှုလင်အားတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားလိုက်သည်။ သို့သော်အခြေအနေအားမပြောင်းလဲနိုင်မှန်းကိုတော့သိပေသည်။

"ငါ့ကိုစောင့်နေ ငါနင့်ကိုလာရှာမယ်"

ကျိုးဟောင်မှာချက်ချင်းပင်ပြောလိုက်သည်။ ယခုအချိန်တွင်စကားအများကြီးပြောလည်း အသုံးမဝင်သည့် အတွက်အများကြီးမပြောချင်ပေ။

ကျိုးဟောင်သည်ဤလက်ထပ်ပွဲအားရှုမိသားစုမှသဘောတူလာရန် သူ့နည်းသူ့ဟန်ဖြင့်ကြိုးစားကာ သူမ ရှိရာအရောက်ပြန်ခဲ့မည်ဖြစ်ကြောင်းကို လုပ်ရပ်ဖြင့်သာသက်သေပြချင်ပေသည်။

ရှုလင်သည်လည်းကျိုးဟောင်အားပြန်လည်ပွေ့ဖက်ထားကာ လေးပင်စွာခေါင်းညိတ်ပြလိုက်သည်။

"ငါစောင့်နေပါ့မယ်"

ရှုလင်မှာကျိုးဟောင်အားယုံကြည်သည့်အတွက် အခြားစကားများပြောမနေပေ။

"မနက်ဖြန်ငါ့မိသားစုက ငါ့ကိုလာကြိုဖို့လူလွှတ်လိုက်လိမ့်မယ် တကယ်တော့ငါ့ဘာသာပြန်လည်းကိစ္စမရှိတာကို သူတို့ဘာလို့ငါ့ကိုကြိုဖို့လူလွှတ်လိုက်လဲဆိုတာ ငါနားမလည်ဘူး"

ကျိုးဟောင်မှာထိုစကားအားကြားသောအခါ အခြေအနေအားသဘောပေါက်လိုက်သည်။

ရှုမိသားစုသည်သူ့အကြောင်းနှင့် ရှုလင်မှာသူ့အားသဘောကျနေကြောင်းကို သိထားပြီးလောက်ပြီဖြစ်သည်။

ထို့ကြောင့်သူတို့သည်ယခုတစ်ကြိမ်တွင် သူ့အားပညာပေးလို၍လာရောက်ခြင်းဖြစ်နိုင်ပေသည်။

"မနက်ဖြန် ငါနင့်ကိုလိုက်ပို့ပေးမယ်"

ကျိုးဟောင်မှာပြုံးကာပြောလိုက်သော်လည်း ရင်ထဲရှိခံစားချက်များကိုတော့ မဖုံးကွယ်ထားနိုင်ပေ။

ယွမ်ချန်းနှင့်ကျန်လူများသည်လည်း ရှုလင်ထွက်သွားတော့မည့်အကြောင်းအား သိထားပြီးပြီဖြစ်သည်။ ထို့အပြင်ရှုလင်နှင့်ကျိုးဟောင်တို့၏ဆက်ဆံရေးကိုပါသိထားကြပေရာ ရှုမိသားစုမှာရှုလင်အတွက်ဘာစီစဉ်ထားမှန်းမသိရသလို အတွေ့အကြုံမရှိကြသော်ငြား အလိုလိုသဘောပေါက်ပေသည်။

ညဘက်တွင်ကျိုးဟောင်တို့အဖွဲ့မှာနှုတ်ဆက်သည့်အနေဖြင့်စားသောက်ပွဲကျင်းပနေကြသော်လည်း ယွမ်ချန်းတို့မှာစိတ်ပျော်မနေပေ။ မည်သို့ပင်ဖြစ်စေ သူတို့အားလုံးသည်ရှုလင်နှင့်ဘေးချင်းယှဉ်တိုက်ခိုက်ခဲ့သည်မှာကြာလှပြီဖြစ်ပြီး သူမကိုလည်းသံယောဇဉ်တွယ်နေပြီဖြစ်သည်။ ထို့ကြောင့်ရှုလင်ထွက်သွားတော့မည့်အကြောင်းသိလိုက်ရချိန်တွင် အတော်လေးဝန်လေးနေပေသည်။

"ဟင်း လောကကြီးကကျယ်ပြန့်ပေမဲ့ ငါတို့ကမိတ်ဆွေတွေပဲ လူချင်းဝေးနေတယ်ဆိုပေမဲ့ဒါကအရေးမကြီးပါဘူး ရှူလင်စိတ်ချငါတို့နင့်ကိုကူပြီး ကျိုးဟောင်ကိုစောင့်ရှောက်ပေးထားမယ်"

ထိုအချိန်တွင်ယွင်ယန်မှထပြောလိုက်သည်။ သူမသည်ယနေ့တွင်ပို၍ရူးသွပ်ဖွယ်ကောင်းအောင်ဝတ်ဆင်ထားကာ သူမ၏ခန္ဓာကိုယ်အလှအားဖော်ပြထားလေသည်။ သူမသည်ရှုလင်အားပွေ့ဖက်ထားပြီး မျက်နှာလေးမှာလည်းအရက်ရှိန်ကြောင့်နီရဲနေကာ အလွန်နှစ်လိုဖွယ်ကောင်းလှပေသည်။

"ကျေးဇူးပဲ"

"ငါ့အမြင်တော့ဘာလို့ပြန်သွားရမှာလဲ ကျန်းနန်ကိုပြန်ပြီး အထူးကင်းလှည့်သံတမန်သွားလုပ်တော့ရော ဘာတွေများကောင်းနေလို့လဲ အဲဒီနရာကတပ်ရင်းတစ်ခုပဲမဟုတ်ဘူးလား ငါတို့လောက်အပူအပင်မကင်းဘူး"

ထိုအချိန်တွင် ယွမ်ချန်းမှာမရည်ရွယ်ဘဲအာပေါင်အာရင်းသန်သန်ဖြင့်ထပြောလိုက်သည်။

သို့သော်ယွင်ယန်နှင့်ကျန်လူများမှာထိုစကားအားကြားလိုက်ရချိန်တွင် စိတ်လေသလိုအမူအရာများပေါ်လာခဲ့‌ကြပေသည်။

"နင်ဘာလို့ဒီလောက်စကားများနေတာလဲ ကိုယ့်အရက်သာကိုယ်သောက်စမ်းပါ"

ယွင်ယန်မှာသူ့အားခပ်ပြင်းပြင်းရိုက်လိုက်ပေရာ မျက်နှာမှာရှုံ့မဲ့သွားကာစကားတစ်ခွန်းမှထပ်မထွက်ရဲတော့ပေ။

"ရှုလင် ငါတို့ချင်းဝေးနေကြတယ်ဆိုပေမဲ့ ငါတို့ကအစိမ်းရောင်တိမ်တိုက်ဌာနကလူတွေပဲကို ငါတို့မှာဒေသဆိုင်ရာဆက်သွယ်ရေးကွန်ယက်ရှိနေတာပဲ တွေ့လို့ရသေးတယ်"

ဖန်းယွီမှာပါးနပ်သူဖြစ်ပေရာ ရှုလင်စိုးရိမ်နေသည့်ကိစ္စအားအလိုလိုသဘောပေါက်ပေသည်။ ထို့ကြောင့်သူမသည်မျက်စိမှိတ်ပြကာ စိတ်သက်သာရာရအောင်ပြောလိုက်သည်။

"ဟုတ်တယ် ငါတို့မှာအစိမ်းရောင်တိမ်တိုက်ဌာနရဲ့ဒေသဆိုင်ရာဆက်သွယ်ရေးကွန်ယက်ရှိသေးတာပဲ အကြာကြီးတွေ့လို့ရသေးတယ် သဘောတူညီချက်တစ်ခုလုပ်ကြရအောင် နောက်ကိုငါတို့ဘယ်နေရာပဲသွားကြပါစေ အပတ်တိုင်းဒေသဆိုင်ရာဆက်သွယ်ရေးကွန်ယက်မှာတွေ့ဖို့ တစ်ရက်တော့အချိန်ပေးရမယ် အလုပ်ရှုပ်နေရင်တောင်မှပေါ့ ဘယ်လိုလဲ"

ယွင်ယန်မှရုတ်တရုက် စိတ်အားထက်သန်စွာဖြင့်ထပြောလိုက်သည်။

ဤနည်းလမ်းဖြင့်‌တွေ့ဆုံနိုင်သော်လည်း လူတိုင်း အပြင်၌လူကိုယ်တိုင်တွေ့ချင်ကြသည်သာဖြစ်သည်။ ပုံရိပ်ယောင်ဆက်သွယ်ရေးမှတစ်ဆင့်တွေ့‌ဆုံခြင်းသည်လက်တွေ့မဆန်ပေ။ သို့သော်တစ်ချိန်တည်းမှာပင် ယွင်ယန်၏စကားများမှာ အဓိကမေးခွန်းတစ်ခုကိုလည်းပေါ်ပေါက်လာခဲ့စေပေသည်။

အဆုံးမသတ်သွားမည့်အခြေအနေအတွက် ယခုလိုနှုတ်ဆက်စားသောက်ပွဲဆိုတာမျိုးမရှိပေ။ သူတို့သည်မူလအဆင့်ပညာရှင်များဖြစ်လာပြီးနောက် အစိမ်းရောင်တိမ်တိုက်ဌာန၏ညွှန်ကြားမှုအတိုင်းလိုက်နာရပေသည်။ နောက်တန်းမှာနေသည်ဖြစ်စေ သို့မဟုတ်ရှေ့တန်းသို့သွားသည်ဖြစ်စေ အတူတူပင်ဖြစ်သည်။

သူတို့သည်အတော်လေးဝန်လေးနေကြသော်ငြား တိုင်းပြည်ပိုမိုကောင်းမွန်လာရန်အတွက်ဆိုပါက သူတို့၏ကိုယ်ပိုင်ခံစားချက်များမှာအရေးမပါတော့ပေ။ သူတို့ဆန္ဒမရှိလျှင်တောင် အနာဂတ်အတွက်သည်းခံရမည်သာဖြစ်သည်။ ဤနေရာတွင်ရှိနေသောလူအားလုံးသည် အဆင့်မြင့်အဖွဲ့မှလူများဖြစ်ကြသည်။ အမြဲတမ်းသူရဲဘောင်ကြောင်နေတတ်သောယွမ်ချန်းပင် ပါရမီရှင်များကြားထဲမှပါရမီရှင်တစ်ယောက်ဖြစ်သည်။

သူတို့အားလုံးသည်အနာဂတ်တွင် ကြီးမားစွာပျိုးထောင်ခံရမည်ဖြစ်ပြီး မည်သို့ပင်ဖြစ်စေ သူတို့သည်ယခုမှအရွယ်ရောက်ခါစဖြစ်ပြီးမဟာဆရာသခင်အဆင့်သို့ရောက်ခါစဖြစ်ပေရာ အနာဂတ်တွင်မူလအဆင့်သို့ချိုးဖောက်နိုင်မည့်အခွင့်အရေးရှိပေသည်။

ယခုလိုပါရမီမျိုးဖြင့်ဆိုပါက သေချာပေါက်ပါရမီရှင်ဟုခေါ်ထိုက်ပေသည်။

အနာဂတ်တွင်သူတို့သည်မျိုးနွယ်ခြားများအားခုခံနိုင်မည့် ကြားဖြတ်ခွန်အားများဖြစ်လာမည်ဖြစ်သည်။ သို့သော်သူတို့မြင်ခဲ့ရသည့်အရာမှာမျိုးနွယ်ခြားများသာဖြစ်ပြီး ကျိုးဟောင်မြင်ခဲ့ရသောအရာမှာကြယ်စုံသည့်ကောင်းကင်ကျယ်ကြီးဖြစ်သည်။

အနာဂတ်တွင် မည်သူကရန်သူဖြစ်မလာလဲဆိုသည်အားပြောရန်တကယ်ခက်ပေသည်။ အကယ်၍ဂြိုဟ်သားများကျူးကျော်လာပါက လူသားများနှင့်မျိုးနွယ်ခြားများမှာ ဖြစ်ပျက်ခဲ့သမျှအားအတိတ်တွင်ထားခဲ့ကာရန်သူအားခုခံရန် ပူးပေါင်းလာနိုင်ပေသည်။

ကျိုးဟောင်မှာမူရှုလင်ကိုသာကြည့်နေပေသည်။ ကျိုးဟောင်မှာခွဲခွာရန်ဆန္ဒမရှိသော်ငြား ထို‌ဆန္ဒအားနှလုံးသားအနက်ပိုင်းတွင်သာမြှုပ်နှံထားလိုက်သည်။ သူသည်ထိုဆန္ဒအားခွန်အားအနေဖြင့်အသုံးချလိုပေသည်။ တစ်နေ့တွင်သူ၏တည်ရှိမှုအား ရှုမိသားစုတွေ့မြင်စေရပေမည်။

ညစာစားပြီးနောက်ကျိုးဟောင်နှင့်ရှုလင်မှာကမ်းပါးနားတွင်ထိုင်ပြီး ပြောင်းလဲနေသောကြယ်များအားကြည့်ကာ သူတို့အတူရှိသောနောက်ဆုံးည၏စည်းစိမ်အားခံစားနေကြပေသည်။

ရှုလင်မှာကျိုးဟောင်၏ပခုံးပေါ်ခေါင်းမှီထားရင်းမှပြုံးနေပေသည်။ သူမတို့နှစ်ယောက်သည်စကားမပြောဘဲ ထိုနေရာတွင်ထိုင်ကာ ကြယ်များကိုသာစိုက်ကြည့်နေကြပေသည်။

တဖြည်းဖြည်းချင်းနေထွက်လာပြီး နှစ်ယောက်ကြားရှိတိတ်ဆိတ်မှုသည်လည်း ပြိုကွဲလာခဲ့ပေသည်။ ခေတ္တမျှကြာပြီးနောက်ရှုလင်မှပြောလာခဲ့သည်။

"ကျိုးဟောင် နင်အထက်တန်းတုန်းကဘာလို့အလေလိုက်နေတဲ့ အပေအတေလုပ်ခဲ့တာလဲ တစ်နေ့လုံးစာလည်းကောင်းကောင်းမသင်ဘူး အခုစဉ်းစားကြည့်လိုက်ရင်ရယ်ချင်တယ်"

ကျိုးဟောင်မှာထိုစကားအားကြားသောအခါ ချက်ချင်းပင်အူမြူးလာခဲ့သည်။

"အဲဒီအချိန်တုန်းက ငါကမလိမ္မာတဲ့ကျောင်းသားပြီးတော့ ဘာရည်မှန်းချက်မှမရှိဘဲပေါ့ပေါ့တန်တန်ပဲနေခဲ့တာ"

ဤစကားသည်အမှန်ဖြစ်သည်။ ထိုအချိန်တုန်းကကျိုးဟောင်သည်တကယ်ပင်အရှုံးသမားတစ်ယောက်ဖြစ်ခဲ့ပေသည်။

"ဟမ့် ငါနင့်ကိုအမြဲတမ်းဆုံးမနေလို့ပေါ့ မဟုတ်လို့ကတော့ ဒီနေ့ရဲ့နင်ဆိုတာဖြစ်လာမှာမဟုတ်ဘူး ‌နင်ငါ့ကိုကောင်းကောင်းကျေးဇူးဆပ်ရမယ် သဘောပေါက်လား"

ရှုလင်မှာနှာခေါင်းရှုံ့ကာပြုံးရင်းပြောလိုက်သည်။

"ဟုတ်ပါတယ် ဟုတ်ပါတယ်ကျွန်တော့်ရဲ့အဘွားလေးရယ် စိတ်ချပါ ကျွန်တော်သေချာကျေးဇူးဆပ်ပါ့မယ် ကျေးဇူးဆပ်တဲ့အနေနဲ့တစ်သက်လုံးအပါးတော်မြဲလုပ်ပေးပါ့မယ် ဘယ်လိုလဲ"

ကျိုးဟောင်မှာရွှန်းရွှန်းဝေအောင်ပြောလိုက်ပေရာ ရှုလင်မှာစိတ်ကုန်နေသည့်အမူအရာမျိုးလုပ်ပြလာလေသည်။ သို့သော်ယနေ့တွင်သူမသည် ကျိုးဟောင်၏စကားများအားလေးလေးနက်နက်နားထောင်နေပေသည်။ ငြိမ်းချမ်းသောအချိန်များမှာအမြဲတမ်းလျင်မြန်စွာကုန်ဆုံးသွားတတ်ပေရာ ရှုလင်မှာဆက်သွယ်ရေးကိရိယာအားကြည့်ကာသက်ပြင်းချပြီးပြောလာခဲ့သည်။

"သူတို့ရောက်လာကြပြီ"

....................................................................................

အခန်း(၄၂၅) ပြီးပါပြီ

အခန်း (၄၂၆) : ရှုချန်း

ထိုအချိန်တွင်နေလုံးကြီးသည်လည်း ကောင်းကင်ပေါ်သို့မြင့်တက်လာပြီဖြစ်သည်။ ရှုလင်မှာဆက်သွယ်ရေးကိရိယာအားကြည့်ကာ အဝေးကိုလှမ်းကြည့်လိုက်သည်။ ထိုနေရာတွင်အထူးတိုက်လေယာဉ်တစ်စင်းပျံသန်းလာနေပြီး ၎င်း၏အရှိန်မှာမြန်လွန်းလှပေရာ မျက်စိတစ်မှိတ်အတွင်းအနီးသို့ရောက်လာခဲ့ပေသည်။

"သူတို့ကရှုမိသားစုကလား ရောက်လာတာမြန်သားပဲ"

ကျိုးဟောင်မှာသက်ပြင်းချရင်းရှုလင်ဘက်လှည့်ကာပြောလိုက်သည်။

"သွားစို့ သူတို့ကိုသွားကြိုကြမယ်"

စကားပြောရင်းပင်ကျိုးဟောင်တို့နှစ်ယောက်မှာ တစ်ရာမြို့၏စစ်သေနာပတိချုပ်အိမ်တော်သို့ပြန်လာခဲ့ကြသည်။

သူတို့စစ်သေနာပတိချုပ်အိမ်တော်သို့ပြန်ရောက်သည်နှင့် အထူးတိုက်လေယာဉ်မှာဆင်းသက်လာခဲ့ပြီးအထဲမှလူတစ်ချို့ထွက်လာခဲ့ကာ အားလုံးမှာ မူလအဆင့်ပညာရှင်များဖြစ်ကြသည်။

သို့သော် အလယ်ရှိအမျိုးသားမှာအနောက်တိုင်းဝတ်စုံနှင့်သားရေဖိနပ်အားဝတ်ဆင်ထားပေသည်။ သူ့ထံတွင်မည်သည့်ကျင့်ကြံရေးအငွေ့အသက်မျှမရှိပေ။ သူသည်သာမန်လူတစ်ယောက်သာဖြစ်သည်။ သို့သော်ဤလူသည် ယခုလာသောအဖွဲ့၏ခေါင်းဆောင်ဖြစ်ကြောင်း ကျိုးဟောင်သိပေသည်။

"ညီမလေး"

ထိုလူငယ်သည်ရှုလင်အားမြင်သောအခါ ချက်ချင်းပင်ပြုံးကာအနားသို့လျှောက်လာခဲ့သည်။

"အစ်ကိုရှုချန်း ဘာလို့ဒီရောက်လာတာလဲ ဒီတစ်ခေါက်ညီမကိုလာကြိုမဲ့လူက အစ်ကိုလို့မထင်ထားခဲ့ဘူး"

ရှုလင်သည်လည်းအလွန်အံ့ဩနေဟန်ပင် သူမအားလာကြိုသည့်လူသည်ရှုချန်းဖြစ်နေလိမ့်မည်ဟုသူမ မထင်ထားခဲ့ပေ။ ရှုချန်းသည်ရှုမျိုးရိုး၏တိုက်ရိုက်မျိုးဆက်မှဆင်းသက်လာသောသခင်လေးတစ်ယောက်ဖြစ်ပြီး အလွန်မျိုးရိုးမြင့်သည့်အဆင်အတန်းမျိုးရှိပေသည်။

အခြားမျိုးရိုးခွဲများမှလူများအတွက် ဤသခင်လေးနှင့်တွေ့ဆုံရန်မှာအလွန်ခက်ခဲလှပေသည်။အထက်တန်း ကျောင်းတက်စဉ်ကပင် သူမ၏ဤအစ်ကိုဝမ်းကွဲဖြစ်သူအားအကြိမ်ရေအနည်းငယ်မျှသာမြင်ဖူးပေသည်။ ယခုတစ်ကြိမ်သူမအားလာကြိုသူမှာ ထိုမျှလောက်အာဏာရှိသောဝမ်းကွဲအစ်ကိုဖြစ်လိမ့်မည်ဟူသူမမထင်ထားခဲ့ပေ။

"ဟီးဟီး ညီမလေးကအခုမူလအဆင့်ပညာရှင်ဖြစ်သွားပြီပဲကို အစ်ကိုတို့ရှုမိသားစုကပါရမီရှင်တစ်ယောက်ကိုလာကြိုတယ်ဆိုတာ အစ်ကို့အတွက်အရမ်းကိုပုံမှန်ပဲမဟုတ်ဘူးလား မင်းမသိဘူးလား ရှုမိသားစုရဲ့လူငယ်မျိုးဆက်တွေထဲမှာ သေချာပေါက်မင်းကအတော်ဆုံးပဲ အဲဒါကြောင့်လူအိုကြီးတွေက အစ်ကို့ကိုကိုယ်တိုင်လာကြိုခိုင်းတာ"

ရှုချန်းမှာပြုံးကာပြောလိုက်သည်။

"ဦးလေး...ဦးလေးက တကယ်ကြီးကျွန်မကိုလာကြိုခိုင်းလိုက်တာလား"

ရှုလင်မှာအတော်လေးထိတ်လန့်နေခဲ့သည်။ ယခုလိုဖြစ်မည်ဟုသူမလုံးဝမမျှော်လင့်ထားခဲ့ပေ။

"ညီမလေး ဘာလို့ဒီလောက်ယုံကြည်မှုမရှိဖြစ်နေတာလဲ အစ်ကိုပြောပြီးလေ မင်းကရှုမိသားစုကပါရမီရှင်တစ်ယောက်လို့ အစိမ်းရောင်တိမ်တိုက်ဌာနတစ်ခုလုံးမှာ မင်းထက်ပိုပြီးပါရမီရှိတဲ့လူဘယ်နှစ်ယောက်မှမရှိဘူး အဘိုးကအခုဆိုအပြင်မှာ မင်းအကြောင်းပဲအမြဲတမ်းပြောနေတာ အသက် ၁၈နှစ်အရွယ်မူလအဆင့်ပညာရှင်တစ်ယောက် အဲဒီအချိန်တုန်းကအဘိုးတောင်မှ မင်းကိုမယှဉ်နိုင်ဘူး"

ရှုလင်မှာထိုစကားအားကြားသောအခါပြုံးလိုက်မိသည်။

ထိုအချိန်တွင်ယွမ်ချန်းတို့အဖွဲ့လည်း ရောက်ရှိလာခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ ရှူလင်သည်ထွက်သွားတော့မည်ဖြစ်ပေရာ သူမအားလိုက်ပို့ပေးရပေမည်။

ရှုချန်းသည်လည်းကျိုးဟောင်တို့အဖွဲ့အားကြည့်လာလေသည်။ သူ၏ပုံစံမှာဂရုမစိုက်ဟန်ပေါ်သော်လည်း နှုတ်မှစကားသံထွက်လာလေသည်။

"သူတို့တွေက ၇ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းကပါရမီရှင်တွေလား ဦးလေးကျူးက ဒီလောက်စွမ်းအားကြီးတဲ့လူငယ်တွေအများကြီးပြုစုနိုင်ပုံထောက်ရင်တကယ်လေးစားစရာပဲ နောင်ကို မင်းတို့အားလုံးကငါတို့ကမ္ဘာဂြိုဟ်ရဲ့ အုတ်မြစ်တွေဖြစ်လာမှာပဲ"

ရှုချန်းမှာစကားပြောကောင်းပေရာ သူ၏စကားများမှာယွမ်ချန်းတို့အဖွဲ့အား ပျော်ရွှင်သွားစေပေသည်။ ထိုအချိန်တွင်ရှုချန်းမှာကျိုးဟောင်အားကြည့်ကာပြုံးရင်းပြောလိုက်သည်။

"ဒီဘက်ကကျိုးဟောင်ဖြစ်ရမယ် မဆိုးဘူး မဆိုးဘူး မင်းရဲ့ပါရမီကငါ့ညီမထက်တောင်ပိုမြင့်တာပဲ မင်းကိုဒီနေ့တွေ့လိုက်ရတာ မင်းကတကယ်ကိုသာမန်ထက်ထူးခြားတဲ့လူဆိုတာသိသာတယ်"

ကျိုးဟောင်သည်လည်းပြုံးရုံသာပြုံးလိုက်သည်။ ရှုချန်းပြောသည့်စကားများမှာမှန်သော်လည်း ရှုချန်းမှာသူ၏စွမ်းရည်အားလုံးဝဂရုမစိုက်ကြောင်း ကျိုးဟောင်သိပေသည်။ သူသည်ရန်လိုနေသောပုံစံဖြင့်ပင် ကျိုးဟောင်အားကြည့်နေပေသည်။

"ကျေးဇူးတင်ပါတယ် သခင်လေးရှု"

ကျိုးဟောင်မှ အပြုံးဖြင့်တုံ့ပြန်လိုက်သည်။

"ညီမလေးစကားတွေထပ်ပြောမနေတော့ဘူး ပစ္စည်းတွေသွားသိမ်းတော့ အစ်ကိုဒီမှာပဲစောင့်နေမယ် မင်းသိမ်းပြီးရင်သွားကြတာပေါ့"

ရှုချန်းမှပြောလာသောအခါ ရှုလင်သည်ခေါင်းညိတ်ပြလာခဲ့သည်။ သူမသည်ပြန်မသွားလိုသော်လည်း ဘာမှမပြောင်းလဲနိုင်ကြောင်သိပေသည်။ ထို့ကြောင့်ပစ္စည်းများအားထုပ်ပိုးကာ ထွက်သွားရန်ပြင်ဆင်ဖို့ပဲတတ်နိုင်ပေသည်။

ရှုလင်ထွက်သွားပြီးနောက် ရှုချန်းမှာကျိုးဟောင်အားကြည့်ကာပြောလာခဲ့သည်။

"ကျိုးဟောင် စကားပြောကြစို့"

ထိုစကားအားကြားသောအခါ ကျိုးဟောင်၏မျက်လုံးများမှာကျဉ်းမြောင်သွားခဲ့ကာ စိတ်ထဲမှတွေးလိုက်မိပေသည်။ တကယ်ကိုသူထင်ထားခဲ့သလိုပင်။

ရှုချန်းသည်ရည်ရွယ်ချက်ရှိရှိရောက်လာခဲ့ခြင်းဖြစ်လောက်သည်။ သို့သော်ကျိုးဟောင်မှာကြောက်ရွံ့မနေဘဲခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ"

ရှုချန်းမှာပြုံးကာဘေးဘက်သို့လမ်းလျှောက်သွားသလို ကျိုးဟောင်သည်လည်းနောက်မှလိုက်သွားခဲ့သည်။ သူတို့သည်စစ်သေနာပတိချုပ်အိမ်တော်မှထွက်မသွားခဲ့သော်ငြား ယွမ်ချန်းတို့နှင့်ဝေးရာနေရာသို့ရောက်သွားခဲ့ပေရာ သူတို့နှစ်ယောက်၏စကားအားမကြားရတော့ပေ။

ရှုချန်းမှာကျိုးဟောင်အားကြည့်ကာ စိတ်ထဲမှသရော်ပြုံးပြုံးလိုက်သည်။ သူသည်မူလအဆင့်ပညာရှင်အဆင့်သာရှိပြီး သူ၏ဝမ်းကွဲညီမအားတကယ်ကိုစိတ်ဝင်စားနေပေသည်။ ကျိုးဟောင်သည်တကယ်ပင်ငန်းသားကိုမှစားချင်သော ဖားပြုပ်တစ်ကောင်ပင်။ ဤနေရာသို့မလာခင်က သူသည်ကျိုးဟောင်၏နောက်ခံအားစုံစမ်းခဲ့ပေသည်။

သူတို့၏မျက်လုံးထဲတွင် ကျိုးဟောင်၏နောက်ခံမှာအမှိုက်သာသာသာဖြစ်ပြီး ယခုလိုလူတစ်စုအားလက်ဝါးတစ်ချက်တည်းဖြင့်သတ်ပစ်လိုက်လို့ရပေရာ ကျိုးဟောင်အားလုံးဝဂရုမစိုက်ပေ။

"ကျိုးဟောင် ငါ့ညီမကပုံမှန်ဆိုနှိမ့်ချပြီးနေလေ့ရှိလား"

ရှုချန်း၏ပထမဆုံးမေးခွန်းသည် ကျိုးဟောင်အားခေတ္တမျှကြက်သေသေသွားစေခဲ့သော်လည်း ခေါင်းညိတ်ပြလိုက်လေသည်။

"ဟုတ်တယ်"

"ဟုတ်တယ် အဲဒါအမှန်ပဲ ငါ့ညီမကရှုမိသားစုကဖြစ်ပြီး မိသားစုခွဲတစ်ခုကလူတစ်ယောက်ပဲဆိုပေမဲ့ သူ့ရဲ့အဆင့်အတန်းကသူများတွေနဲ့မတူဘူး ပြီးတော့ငါ့ညီမရဲ့လက်ရှိပါရမီနဲ့ဆို ဘာမှပြောနေစရာကိုမလိုဘူး သူ့မိသားစုရဲ့အရေးကြီးတဲ့နေရာမှာရှိနေပြီးသား အဲဒီတုန်းကသူနှိမ့်ချပြီးနေခဲ့တယ်ဆိုတာက ကျောင်းတက်နေလို့ပဲ"

"ငါတို့ရှုမိသားစုကဒီလိုပဲဆိုတာမင်းမသိဘူး ငါတို့ကတခြားလူတွေရှေ့မှာငါတို့ရဲ့ကြွယ်ဝမှုကိူထုတ်မပြဘူး ဒါကငါတို့မိသားစုကလူအိုကြီးတွေ ငါတို့ဆီကလိုချင်တဲ့အရာပဲ ငါတို့မျိုးနွယ်ကကလေးတွေအားလုံး ကျောင်းမှာအဲဒီလိုနှိမ့်ချပြီးနေရတယ်"

"ထားပါ ဒါနဲ့ပတ်သက်ပြီးဘာမှများများစားစားပြောစရာမရှိဘူး ငါတို့မျိုးရိုးမြင့်တွေရဲ့ဘဝကြီးကျယ်ပြီးခမ်းနားတယ်ဆိုပေမဲ့ အတော်လေးလည်းပြဿနာများတယ် ဥပမာပြောရရင် ဒီလက်ထပ်မှုပဲ ဟင်း ဒါကအရမ်းစိတ်ရှုပ်စရာကောင်းတယ်"

ရှုချန်းမှာထိုစကားများအားပြောပြီးနောက်ခေတ္တမျှရပ်တန့်သွားခဲ့သည်။ ကျိုးဟောင်မှာမူစိတ်ထဲမှသရော်ပြုံးပြုံးနေခဲ့ပေသည်။ သူနဂိုကတည်းကသဘောပေါက်ပေသည်။ ရှုချန်းသည်ဤစကားလုံးများအားသုံးကာ ရှုလင်၏လက်ထပ်ပွဲအားသူမ၏မိသားစုမှထိန်းချုပ်ထားကြောင်း သူ့အားအသိပေးလိုခြင်းဖြစ်သည်။

"မင်းလည်းငါ့ညီမအကြောင်းသ်ိပါတယ် သူကလှတယ် ကြင်နာတတ်တယ် ပြီးတော့စွမ်းအားကြီးတယ် ငါ့ညီမကိုသဘောကျနေတဲ့ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်တောင်ရှိတယ် သူကငါ့ညီမထက်၁၀ နှစ်ကျော်လောက်ကြီးပေမဲ့ သူ့လိုအဆင့်ရှိတဲ့သိုင်းပညာရှင်တစ်ယောက်အနေနဲ့ဆိုရင်တော့ အသက်မကြီးသေးဘူးလို့ပြောလို့ရတယ်"

ထိုစကားအရောက်တွင် ကျိုးဟောင်၏မျက်နှာမှာပြောင်းလဲသွားခဲ့သည်။ ရှုချန်းမှာကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်အကြောင်းပင်ထည့်ပြောလာပေသည်။ ကြည့်ရသည်မှာ ဤရှုချန်းသည်သူ့အားသေအောင်ခြောက်လှန့်ချင်ပုံပင်။

"ဟုတ်တာပေါ့ သူကတကယ်လည်းမအိုသေးဘူး ကောင်းကင်ဘုံအဆင့်တဝက်ကျင့်ကြံဆင့်နဲ့ဆို ပညာရှင်တစ်ယောက်လို့တောင်ပြောလို့ရတယ်"

ကျိုးဟောင်မှာခေါင်းညိတ်ကာ ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။

"အဟက် ဘာကောင်းကင်ဘုံအဆင့်တစ်ဝက်လဲ အဲဒီလောက်ကျင့်ကြံဆင့်လောက်နဲ့ငါ့ညီမနဲ့လက်ထပ်နိုင်လိမ့်မယ်လို့ တကယ်ကြီးထင်နေတာလား"

သို့သော်ထိုအချိန်တွင်ရှုချန်းမှာရုတ်တရက်သဘောထားပြောင်းကာ ချက်ချင်းပင်နှာခေါင်းရှုံ့ကာပြောလာခဲ့သည်။

"သူကဒီတိုင်းကောင်းကင်ဘုံအဆင့်တစ်ဝက်သိုင်းပညာရှင်တစ်ယောက်ပဲ တစ်နေ့လုံးရှေ့တန်းမှာ သန္ဓေပြောင်းသားရဲတွေသတ်ပြီး အသက်အန္တရာယ်လည်းရှိတယ် သူ့မိသားစုကလည်းဘာအာဏာမှမရှိဘူး ဒီတော့ရှေ့တန်းကိုလွှတ်ဖို့ပဲတတ်နိုင်တယ် တစ်နေ့ကျရင်သူ့အသက်တောင်မှဆုံးရှုံးသွားနိုင်တယ် အဲဒီလိုလူမျိုးကဘယ်လိုလုပ်ပြီး ငါ့ညီမရဲ့ခင်ပွန်းဖြစ်ထိုက်မှာလဲ သူသာသေသွားခဲ့ရင် ငါ့ညီမမုဆိုးမဖြစ်သွားမှာမဟုတ်ဘူးလား"

"ပြီးတော့ငါတို့လိုမိသားစုက သားမက်အနေနဲ့သိုင်းပညာရှင်တစ်ယောက်ကိုလက်ခံစရာလား မင်းရောအဲဒီလိုမထင်ဘူးလား အိုး .....အိုး..... ကျိုးဟောင်အများကြီးမစဉ်းစားပါနဲ့ မင်းကငါ့ညီမရဲ့အတန်းဖော် မင်းသူ့ကိုသေချာပေါက်ပျော်ရွှင်စေချင်တယ်ဆိုတာငါသိပါတယ် အဲဒါကြောင့် ငါပြောချင်တဲ့အဓိပ္ပာယ်ကိုမင်းလည်းနားလည်တယ်မလား"

ရှုချန်းမှာကျိုးဟောင်အားကြည့်ရင်းပြုံးကာပြောလာခဲ့သည်။ သို့သော်သူ၏စကားများမှာ ကျိုးဟောင်အားလှီးဖြတ်နေသောဓားသွားများပမာပင်။ ကျိုးဟောင်သည်လည်းတုံးအတဲ့သူမဟုတ်ပေရာ တစ်ဖက်လူ၏ဆိုလိုရင်းအားနားမလည်ဘဲနေမည်လော။

သူ၏ဆိုလိုရင်းမှာ သူတို့ရှုမိသားစုသည်ရှုလင်အားသိုင်းပညာရှင်တစ်ယောက်နှင့်လက်ထပ်ခွင့်မပြုဘူးဟူသော သဘောဖြစ်သည်။

အကယ်၍ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်ပင် အရည်အချင်းမပြည့်မီဘူးဟုဆိုပါက မူလအဆင့်ဆိုပါကထည့်ပြောနေစရာပင်မလိုတော့ပေ။

....................................................................................

အခန်း(၄၂၆) ပြီးပါပြီ။

All Chapters