အခန်း (၄၂၇-၄၂၉)
Vol. 29 Ch. 427-429
အခန်း (၄၂၇) : နှုတ်ဆက်ခြင်း
ရှုချန်းမှာသူ့စကား၏ဆိုလိုရင်းအားကျိုးဟောင်သဘောပေါက်မည်ဖြစ်ကြောင်းသိပေရာ ဂရုမစိုက်ဘဲခပ်လွန့်လွန့်သာပြုံးလိုက်သည်။
"တကယ်တော့ နှိုင်းယှဥ်ပြီးပြောရရင် ငါတို့ရှုမိသားစုကပိုပြီးသင့်တော်တဲ့လူတစ်ယောက်ကိုရှာတွေ့ထားတယ် အဲဒါကအစိမ်းရောင်တိမ်တိုက်ဌာနအဖွဲ့ကဖြစ်တဲ့လုံမိသားစုပဲ သူတို့မိသားစုမှာ ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင် ၃ယောက်ရှိပြီးတော့ ဒီအဆင့်ထက်ကျော်လွန်နေတဲလူတစ်ယောက်ရှိတယ် သူတို့မိသားစုရဲ့သခင်လေးကတော့ သိုင်းပညာကိုမသိဘူးဆိုပေမဲ့ အစိမ်းရောင်တိမ်တိုက်ဌာနရဲ့အရေးကြီးကိစ္စတွေမှာတာဝန်ယူထားပြီးတော့ သူ့လက်အောက်မှာကောင်းကင်ဘုံအဆင့်ပညာရှင်တွေအများကြီးရှိတယ် သူကသာငါ့ညီမနဲ့ထိုက်တန်တာ"
"ငါတို့လိုမိသားစုကြီးတွေရဲ့လက်အောက်မှာလည်း ကောင်းကင်ဘုံအဆင့်ပညာရှင်တွေအများကြီးရှိတယ် ရိုးရိုးသားသားပြောရရင် သိုင်းပညာစွမ်းအားဆိုတာငါတို့အတွက်ဘာမှမဟုတ်တော့ဘူး အမိန့်တစ်ခုပေးလိုက်တာနဲ့တင်သိုင်းပညာရှင်တွေအများကြီး တစ်ယောက်ပြီးတစ်ယောက်အပြေးရောက်လာကြမှာ သခင်လေးလုံလိုလူမျိုးနဲ့မှသာ ငါ့ညီမလုံခြုံမှာ ဒီစစ်ပွဲကိစ္စကတော့သိုင်းပညာရှင်တွေကိုလွှဲထားလိုက်ပြီး အမိန့်ပေးလိုက်ရုံပဲကို ဘာလို့ငါတို့အသက်ကိုစွန့်ရမှာလဲ ဒီလိုနည်းလမ်းနဲ့ဆိုလည်း ငါတို့လူသားတွေအတွက်အလုပ်လုပ်ပေးနေသေးတာပဲကို မဟုတ်ဘူးလား"
ရှုချန်း၏မျက်နှာမှာပြုံးနေဆဲဖြစ်သော်လည်း ကျိုးဟောင်မှာစကားတစ်ခွန်းမှမပြောဘဲမျက်လုံးများမှာအေးစက်နေပေသည်။
"ဒါနဲ့ကျိုးဟောင်မင်းနဲ့ငါ့ညီမကအတန်းဖော်တွေမလား သူ့ကိုနောက်ကျနားချပေးပါဦး အခုလိုကောင်းကောင်းမွန်မွန်လူတွေ့ဖို့ဆိုတာမလွယ်ဘူး သူကချမ်းသာပြီးအာဏာရှိတယ် ပြီးတော့တစ်ဘဝလုံးပျော်ရွှင်အောင်ထားနိုင်မဲ့အာမခံချက်ရှိတယ် သူကအသင့်တော်ဆုံးပဲ မင်းငါ့ညီမအတွက်စဉ်းစားပေးမယ်ဆိုတာလည်း ငါသိပါတယ် ဒီကိစ္စမင်းကိုပဲလွှဲထားလိုက်တော့မယ် အဆင်ပြေတယ်မလား"
ရှုချန်းမှာကျိုးဟောင်၏ပခုံးအားပုတ်ကာပြောလာပေရာ ထိုအပြုအမူမှာကျိုးဟောင်အတွက်အလွန်ရွံရှာဖွယ်ရာကောင်းပေသည်။ ရှုချန်းသည် ရှုလင်အားရအောင်နားချရန် ကျိုးဟောင်အားအရပြောနေသည်မှာ တကယ်ပင်ရက်စက်လှပေသည်။
ကျိုးဟောင်သည်ရှုလင်အားသဘောကျကြောင်းသူသိသလို ရှုလင်သည်လည်းကျိုးဟောင်အားသဘောကျကြောင်းကိုသိလောက်ပေသည်။ မဟုတ်ပါကယခုလိုကိစ္စမျိုးအား ယွမ်ချန်းနှင့်ကျန်လူများအား ဘာကြောင့်မပြောရပါသနည်း။
တကယ်ပင်ယခုတစ်ကြိမ်လာရောက်ခြင်းသည် ရည်ရွယ်ချက်ကောင်းမရှိပေ။
ကျိုးဟောင်မှာခပ်ရေးရေးပြုံးကာပြောလိုက်သည်။
"စိတ်မကောင်းပါဘူး သခင်လေးရှု ဒီကိစ္စတော့ကျွန်တော်မကူညီနိုင်ပါဘူး"
ကျိုးဟောင်မှာရှုချန်းအားကြည့်ကာချက်ချင်းပင်ပြောလိုက်သည်။
ရှုချန်းမှာထိုစကားအားကြားသောအခါမျက်မှောင်ကြုတ်သွားခဲ့သည်။ သူ့စကား၏ဆိုလိုရင်းအား ကျိုးဟောင်သဘောပေါက်ပေသည်။ သို့သော် ကျိုးဟောင်သည်ဤစကားအားအရူးတစ်ယောက်လိုဖြစ်မသွားစေရန်ပြောခြင်းဖြစ်ကြောင်းကိုလည်းသိပေသည်။
"ဘာလို့လဲ ကျိုးဟောင်ကငါ့ညီမရဲ့သူငယ်ချင်းကောင်းမဟုတ်ဘူးလား"
ရှုချန်းမှမေးလိုက်သည်။
"သေချာပေါက် သူငယ်ချင်းကောင်းဟုတ်တာပေါ့ ဒါပေမဲ့သူ့ကိုနားချမှာမဟုတ်ဘူး ရှုလင်ကကာယကံရှင်ပဲ သူဆန္ဒရှိသလိုလုပ်လို့ရတယ် ဘယ်သူမှဝင်စွက်ဖက်လို့မရဘူး သူ့မိသားစုဖြစ်နေရင်တောင်မှပေါ့"
ကျိုးဟောင်မှာစကားဆုံးသည်နှင့် ရှုချန်းအားကြည့်ကာဂရုမစိုက်ဟန်ဖြင့်ဆက်ပြောလာသည်။
"ပြီးတော့ ကျွန်တော်လည်းရှုလင်ကိုအရမ်းသဘောကျတယ် တကယ်လို့တတ်နိုင်မယ်ဆိုရင် သူ့ကိုလက်တောင်ထပ်မှာ သူတခြားတစ်ယောက်နဲ့လက်ထပ်ဖို့ကိုဘာလို့နားချပေးရမှာလဲ သခင်လေးရှု အခုချိန်မှာကျွန်တော့်လိုမူလအဆင့်ပဲရှိတဲ့လူတစ်ယောက်ကိုအထင်မကြီးလောက်ဘူးဆိုတာ ကျွန်တော်သိပေမဲ့ဂရုမစိုက်ဘူး တစ်နေ့မှာ ခင်ဗျားနဲ့ရှုမိသားစုမြင့်တယ်လို့ထင်တဲ့အမြင့်ထက်မှာ ကျွန်တော်ရပ်ပြမယ်"
ကျိုးဟောင်မှတခြားဘာမှမပြောသလို ဘာမှပြောချင်စိတ်လည်းမရှိပေ။ ထိုစကားအားပြောပြီးနောက် ချက်ချင်းပင်ထွက်သွားခဲ့သည်။
ရှုချန်းမှာထိုစကားအားကြားသောအခါ သူ၏အမူအရာမှာပျက်ယွင်းသွားခဲ့သည်။ ထိုအချိန်တွင်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်မှာလမ်းလျှောက်လာပြီးပြောလိုက်သည်။
"သခင်လေး ဒီကျိုးဟောင်ကအတော်လေးဘဝင်မြင့်တယ်"
ရှုချန်းမှာခပ်လွန့်လွန့်ပြုံးလိုက်သည်။
"သူကတကယ်ကိုဘဝင်မြင့်တယ် ဒါပေမဲ့အဲဒီတော့ရောဘာဖြစ်လဲ ဒီတိုင်းမူလအဆင့်ပညာရှင်လေးတစ်ယောက်ပဲကို ဘာမှမဟုတ်ဘူး တကယ်လို့သူ့အတွက်ဘယ်လမ်းကကောင်းလဲဆိုတာသူမသိရင် သူ့ကိုသတ်ပစ်လိုက်ရုံပေါ့ မူလအဆင့်ပညာရှင်တစ်ယောက်ရဲ့သေဆုံးမှုကငါတို့ရှုမိသားစုအတွက် ဘာမှမဟုတ်ဘူး"
ရှုချန်းမှာလှောင်ပြုံးပြုံးကာပြောလိုက်သည်။ သူသည်ဤကျိုးဟောင်ဆိုသူအားလုံးဝဂရုမစိုက်သော်လည်း သူ့ညီမမှာမူဂရုစိုက်ကြောင်းကိုသိပေသည်။
ဤကိစ္စသည်ကောင်းသောကိစ္စမဟုတ်ပေ။
"သခင်လေး သူ့ကိုအသက်ရှင်ခွင့်ပေးထားမဲ့အစား အနာဂတ်မှာဖြစ်လာနိုင်တဲ့ပြဿနာတွေအတွက် ဒီတိုင်းသတ်လိုက်ကြရင်ရော"
ထိုကောင်းကင်ဘုံအဆင့်ပညာရှင်မှာချက်ချင်းလက်ဟန်ခြေဟန်ပြလိုက်လေရာ ရှုချန်းမှာမျက်မှောင်ကြုတ်ကာခေါင်းညိတ်ပြလိုက်ပေသည်။
"ခုချိန်မှာဒီလိုလုပ်တာကနည်းနည်းမသင့်တော်ပေမဲ့ ကိစ္စကြီးမဟုတ်ပါဘူး ဘယ်လိုပဲဖြစ်ဖြစ် သန္ဓေပြောင်းသားရဲတွေသတ်လိုက်သလိုပုံစံနဲ့ သူ့ကိုတိတ်တဆိတ်သတ်ပြီးအနီရောင်မဟူရာချောက်ကမ်းပါးထဲပစ်ချလိုက်လို့ရတာပဲ ဘာပဲဖြစ်ဖြစ်ဘယ်သူမှလည်းအမှန်တရားကိုရှာတွေ့နိုင်မှာမှမဟုတ်တာ ကျိုးထိုက် ဒီကိစ္စခင်ဗျားကိုပဲလွှဲထားလိုက်တော့မယ် ဘာသဲလွန်စမှမကျန်ခဲ့စေနဲ့"
ရှုချန်းမှမျက်မှောင်ကြုတ်ကာ အေးစက်စွာပြောလိုက်သည်။
"သခင်လေးစိတ်ချပါ သူသတိမထားမိလိုက်ခင်မှာပင် သူ့ကိုသတ်ပစ်ခဲ့ပါ့မယ်"
ထိုလူမှာသရော်ရော်ပြုံးပြုံးကာ လုံးဝဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။ ကျိုးဟောင်သည်မူလအဆင့်ပညာရှင်တစ်ယောက်သာဖြစ်သည်။ သူ၏ကောင်းကင်ဘုံအဆင့်ဖြင့်ဆိုပါက ကျိုးဟောင်အားသတ်ရန်မှာအလွန်လွယ်ကူလှပေသည်။
"အရမ်းကောင်းတယ်"
ရှုချန်းမှကြောက်မက်ဖွယ်အပြုံးဖြင့်ပြောလိုက်သည်။
ထိုအချိန်တွင်ရှုလင်သည် အားလုံးပြင်ဆင်ပြီးပြီဖြစ်ကာ အခန်းထဲမှထွက်လာခဲ့ပြီးမပြန်လိုသည့်ဟန်ဖြင့် ကျိုးဟောင်အားကြည့်နေပေသည်။
"ငါ....ငါသွားတော့မယ်...."
သူမသည်ကျိုးဟောင်နှင့်မခွဲချင်သလို တခြားလူများနှင့်လည်းမခွဲချင်ပေ။
"အင်း ငါ့ကိုစောင့်နေ"
ကျိုးဟောင်မှခေါင်းညိတ်ပြကာညင်သာစွာပြောလိုက်သည်။
ရှုလင်သည်လည်းလေးပင်စွာခေါင်းညိတ်ပြလာခဲ့သည်။
"ဒါဆိုသဘောတူပြီးပြီနော် ငါနင့်ကိုစောင့်နေမယ်"
ထိုစကားအားပြောပြီးနောက်ရှုလင်မှာအစောပိုင်းကဘာမှမဖြစ်ခဲ့သလိုပုံမျိုးဖြင့် လမ်းလျှောက်ထွက်သွားခဲ့ပေသည်။ ရှုလင်ထွက်လာသည်ကိုမြင်သောအခါ ရှုချန်းမှပြုံးကာပြောလာခဲ့သည်။
"ညီမလေး သွားကြစို့အဘိုးစောင့်နေတယ်"
ရှုချန်းမှာထိုစကားအားပြောရင်းကျိုးဟောင်အားတစ်ချက်မျှကြည့်လိုက်သည်။ ထိုအကြည့်ထဲတွင်အေးစက်သောအငွေ့အသက်တစ်ခုသည်လည်းဖြတ်ခနဲပေါ်လာခဲ့သည်။
ကျိုးဟောင်မှာထိုအရာအားမြင်လိုက်သော်လည်း လုံးဝဂရုမစိုက်ပေ။ သူသည်လက်ရှိအချိန်တွင် ကောင်းကင်ဘုံအဆင့်တစ်ဝက်သာရှိသေးသော်လည်း တိုက်ခိုက်ရေးစွမ်းအားမှာတော့ ကောင်းကင်ဘုံအဆင့်အားရောက်လုနီးနေပြီဖြစ်သည်။
လက်ရှိအချိန်တွင်သူသည် ရှုမိသားစုအတွက်ဘာမှမဟုတ်သော်ငြား အနာဂတ်တွင်လည်းအရေးမပါသောနေရာတွင်သာရှိနေမည်ဟုမဆိုလိုပေ။
ကျိုးဟောင်သည်မိမိကိုယ်မိမိယုံကြည်မှုရှိပေသည်။ ထို့အပြင်သူ့ထံတွင် မူလကျောက်စာ၏စွမ်းအားလည်းရှိသေးပေရာ ကျိုးဟောင်သည်တတိယမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်ကိုပင် တိုက်နိုင်သည်ဟုခံစားရပေသည်။
ကျိုးဟောင်မှာဤစွမ်းအားအားမဆင်မခြင်အသုံးမပြုဝံ့ပေ။ ဤစွမ်းအားမှာသာမန်ထက်အလွန်ထူးခြားလှသည့်အပြင်စောင့်ကြည့်နေသူများလည်းရှိပေသည်ရာ အကယ်၍အသုံးပြုလိုက်မိပြီး ထိုအထွတ်အထိပ်ဆင့်ပုဂ္ဂိုလ်အားရန်စမိလိုက်ပါက အားလုံးအဆုံးသတ်သွားမည်ဖြစ်သည်။
ရှုလင်မှာသူတို့အားနှုတ်ဆက်ပြီးနောက် လေယာဉ်ပေါ်တက်သွားလေသည်။
ကျိုးဟောင်မှာအတော်လေးစိတ်ပျက်နေသော်လည်း ဘာမှမတတ်နိုင်ပေ။ သူတတ်နိုင်သည်မှာဤစိတ်ပျက်မှုအားစိတ်ခွန်အားအဖြစ်ပြောင်းကာ စွမ်းအားတိုးတက်လာအောင်သာလုပ်နိုင်ပေသည်။ ဤနည်းလမ်းဖြင့်သာ ကျိုးဟောင်သည်ရှုမိသားစုတကယ်အထင်ကြီးလောက်မည့် ပညာရှင်တစ်ယောက်ဖြစ်လာနိုင်မည်ဖြစ်သည်။
အဆုံးတွင်ရှုလင်အားလက်ထပ်ရန်ရှုမိသားစု၏ ခွင့်ပြုချက်အား ရရှိရန်လိုအပ်သေးပေသည်။
ကျိုးဟောင်မှာရှုလင်တို့ထွက်ခွာသွားသည်ကိုကြည့်ပြီး မျက်လုံးထဲတွင်တွေဝေနေသောအရိပ်အယောင်များပေါ်နေပြီး ထိုအရိပ်အယောင်များအားကျန်သူများမှသတိထားမိပေသည်။
"ကျိုးဟောင်စိတ်ချပါ တစ်နေ့ငါတို့ရှုလင်ကိုမရီးလို့ခေါ်ရမှာပါဟီးဟီး"
ထိုအချိန်တွင်ယွမ်ချန်းမှပြုံးကာပြောလာခဲ့သည်။ ယွမ်ချန်းမှာပုံမှန်ဆိုလျှင်ကျီစယ်တတ်ကာ အရာရာတိုင်း၌တော်သော်လည်း လက်ရှိအချိန်တွင်သူသည်အပွင့်လင်းဆုံးလူဖြစ်သည်။
"ဟုတ်တယ်ကျိုးဟောင် ရှုမိသားစုကစွမ်းအားကြီးတယ်ဆိုပေမဲ့ ဒီတောင်ကိုငါတို့ကျော်မရတာမှမဟုတ်တာ စိတ်ချတစ်နေ့ကျရင်ငါတို့ရှုမိသားစုရဲ့တံခါးကိုတက်ပြီး မရီးဆိုတဲ့တံဆိပ်ကိုဂုဏ်အပြည့်နဲ့ယူနိုင်မှာ"
ကျန်းယိမှာလျင်မြန်စွာပင်ပြောလာခဲ့သည်။
"ကျိုးဟောင်မိန်းမကြီးလိုမျိုး ငိုတော့မဲ့မျက်နှာထားလုပ်မနေနဲ့ ယောက်ျားဆိုတာဒီလိုမဖြစ်ရဘူး တကယ်လို့နင်ယောက်ျားအစစ်ဆိုရင် ရှုလင်ကိုပြန်လုလာခဲ့လိုက် ဘာကြောက်စရာရှိလို့လဲ ငါတို့ကအမြဲတမ်းနင့်ဘက်ကပဲ"
ယွင်ယန်မှာကျိုးဟောင်၏ပခုံးအားပုတ်ကာပြောလိုက်သည်။
ကျိုးဟောင်မှာပြုံးကာ အားလုံးကိုကြည့်ပြီးပြန်ပြောလာလေသည်။
"စိတ်ချ ငါအဲဒီလိုပဲလုပ်မှာပါတစ်နေ့ကျရင် ငါရှုမိသားစုကိုသွားပြီး သူတို့ငါ့ကိုလေးလေးနက်နက်နဲ့တလေးတစားဆက်ဆံလာအောင်လုပ်မှာ အဲဒီလိုနေ့မျိုးရောက်လာမယ်လို့လည်း ငါယုံတယ်"
....................................................................................
အခန်း(၄၂၇) ပြီးပါပြီ။
အခန်း (၄၂၈) : မှောင်ရိပ်ကျတဲ့လနဲ့လေပြင်း
ရှုလင်ထွက်သွားပြီးနောက် ကျိုးဟောင်မှာစိတ်ညစ်နေသော်လည်း ဆက်လက်ရှင်သန်ရဦးမည်ဖြစ်ပေရာ စိတ်ညစ်မှုအားနှလုံးသားထဲမြှုပ်နှံ့ကာ ဆက်လက်ကျင့်ကြံနေပေသည်။
ကျိုးဟောင်မှာသူ၏ခန္ဓာကိုယ်အား ၈၀ရာခိုင်နှုန်းအထိပုံသွင်းပြီးပြီဖြစ်ပြီး အလုံးစုံပြီးမြောက်ရန် ၂၀ ရာခိုင်နှုန်းသာကျန်ပေတော့သည်။
သို့သော် သူ့ထံတွင်ရှိနေသောရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်များသည်လည်း အတော်လေးကုန်ခမ်းသွားပြီဖြစ်ပေရာ ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်ထပ်မံရရှိနိုင်မည့်နည်းလမ်းကိုလည်း ထပ်မံစဉ်းစားရတော့မည်ဖြစ်သည်။
"သံမဏိအရိုးဝက်ဝံဘုရင်က ငါ့ကိုနေရာတွေအများကြီးပေးခဲ့ပေမဲ့ ငါကအများကြီးခိုးခဲ့တာဆိုတော့ ဒီနေရာတွေမှာ အစောင့်တွေအများကြီးချထားမှာစိုးရတယ် ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်ရဖို့ဆိုတာ ငါ့အတွက်တော်တော်လေးခက်သွားလောက်ပြီ"
ကျိုးဟောင်မှာအတော်လေးစိတ်ညစ်နေပြီဖြစ်ပြီး အခြားနည်းလမ်းတစ်ခုအားစဉ်းစားရန်သာတတ်နိုင်တော့သည်။
"ငါလျှို့ဝှက်ပြီးတော့ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲတွေကိုအမဲလိုက်ရင်ရော အဲဒီလိုဆိုကံကြမ္မာအမှတ်နဲ့ကောင်းကင်ဘုံဒင်္ဂါးတွေပိုရနိုင်တယ် ဒါဆိုရှားပါးအဆင့်စွမ်းအင်ဘားတွေလည်းရမယ်"
ကျိုးဟောင်မှာနည်းလမ်းစဉ်းစားမိသော်လည်း ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲများမှာ ယခုအချိန်တွင်သတ်ရန်မလွယ်ကူတော့ပေ။
ထို့အပြင်သူသည်လက်ရှိအချိန်တွင်အနီရောင်မဟူရာချောက်နက်တွင်ရှိနေပြီး အက်ကွဲကြောင်းနှင့်အတော်လေးအလှမ်းဝေးပေရာ သွားလိုက်ပြန်လိုက်လုပ်ရန်မှာအတော်လေးမလွယ်ကူပေ။
"အစိမ်းရောင်တိမ်တိုက်ဌာနရဲ့အပြောအရဆို အနီရောင်မဟူရာချောက်နက်ရဲ့ အနက်ပိုင်းမှာလည်း မျိုးနွယ်ခြားတွေနဲ့ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲတွေအများကြီးရှိတယ်ပြောတယ် သူတို့ကိုပဲသွားသတ်လိုက်ရမလား"
ကျိုးဟောင်မှာနည်းလမ်းများစဉ်းစားကာရွေးချယ်နေပေသည်။ ခေတ္တမျှကြာအောင်စဥ်းစားပြီးနောက် လှုပ်ရှားရန်ဆုံးဖြတ်လိုက်ပေသည်။
ညအမှောင်နှင့်လေပြင်းအားအသုံးချရင်း သူသည်ချက်ချင်းပင်ထွက်ခွာလာခဲ့သည်။
သို့သော်သူအခန်းမှထွက်ခွာသွားသည်နှင့် လူတစ်ယောက်သည်လည်းလရောင်အောက်အမှောင်ထုကြားပုန်းကွယ်နေရာမှ ထွက်လာကြောင်းမသိလိုက်ပေ။ ထိုလူမှာကျိုးဟောင်အားကြည့်ကာသရော်ပြုံးပြုံးလိုက်သည်။
"ညကမှောင်ပြီးလေကပြင်းနေတာကို ဒီကောင်စုတ်လေးတစ်ယောက်တည်းထွက်လာတာ ငါ့ကိုအပြစ်မတင်နဲ့တော့"
ကျိုးထိုက်မှာရှုလင်ထွက်သွားကတည်းက ဤနေရာအားအမြဲတမ်းစောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ သူကျိုးဟောင်အားသတ်ရန်တောင်းဆိုလိုက်ကတည်းက တိတ်တဆိတ်နောက်တွင်ကျန်ရစ်ခဲ့ကာ အခွင့်အရေးအားစောင့်နေခဲ့ခြင်းဖြစ်သည်။
သို့သော်ပြီးခဲ့သည့် ၂ရက် ၃ရက်လုံးသူ့အတွက် ဘာမှလုပ်ချိန်မရခဲ့ဘဲ ယနေ့ညမှသာအခွင့်အရေးရခဲ့ခြင်းဖြစ်သည်။
သူသည်ချက်ချင်းပင်နောက်မှလိုက်သွားခဲ့ပြီး ကျိုးဟောင်အနီရောင်မဟူရာချောက်နက်ထဲသို့ဝင်ရောက်သွားသည်ကိုစောင့်ကြည့်ကာ အလွန်စိတ်လှုပ်ရှားနေပေသည်။
"အနီရောင်မဟူရာချောက်နက်ထဲမှာ မျိုးနွယ်ခြားတွေရှိတယ် မူလအဆင့်ပညာရှင်တစ်ယောက်က ညသန်းခေါင်ကြီးဒီထဲခိုးဝင်လာပြီးဒီမှာသေသွားတာ လည်းနားလည်လွယ်တာပဲ ကြည့်ရတာငါကိုယ်တိုင်ဒုက္ခခံစရာမလိုတော့တဲ့ပုံပဲ"
ကျိုးထိုက်မှာအလွန်စိတ်လှုပ်ရှားနေပေရာ စကားတစ်ခွန်းမှမဆိုဘဲလျင်မြန်စွာနောက်မှလိုက်လာခဲ့သည်။
ကျိုးဟောင်မှာမည်သည့်အရှိန်မြင့်ရွေ့လျားမှုသိုင်းမှမသုံးဘဲ ဖြည်းဖြည်းချင်းသာရှေ့တိုးလာခဲ့သည်။
ထိုအချိန်တွင်ကျိုးဟောင်သည် အနီရောင်မဟူရာချောက်နက်ဆီရောက်ရှိနေပြီဖြင်သော်လည်း ရုတ်တရက်မျက်မှောင်ကြုတ်သွားခဲ့သည်။ အကြောင်းမှာသူ့အပေါ်ပစ်မှတ်ထားနေသောအငွေ့အသက်တစ်ခုအား ဝိုးတဝါးခံစားမိ၍ဖြစ်သည်။
ဤအငွေ့အသက်မှာအလွန်နက်ရှိုင်းစွာဖုံးကွယ်ထားသော်လည်း မည်သို့ပင်ဖြစ်စေတစ်ဖက်လူသည် ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်ဖြစ်ပေသည်။ ထို့အပြင်ကျိုးဟောင်သည်သာမန်ပညာရှင်တစ်ယောက်မဟုတ်ပေရာ ထိုအငွေ့အသက်အားခံစားမိသည်မှာသာမန်ပင်ဖြစ်သည်။
ကျိုးဟောင်မှာထိုအငွေ့အသက်အားအလွန်သိလိုသွားပေရာ သူ၏ခန္ဓာကိုယ်မှာရုတ်တရက်အရှိန်မြင့်သွားကာ အနီရောင်မဟူရာချောက်ကမ်းပါး၏ ကမ်းပါးဆီသို့ ချက်ချင်းပင်ဦးတည်ထွက်ခွာသွားခဲ့သည်။
ကျိုးဟောင်ရုတ်တရက်အရှိန်မြှင့်လိုက်ခြင်းသည် ကျိုးထိုက်အားခေတ္တမျှမှင်တက်သွားစေခဲ့သည်။ ကျိုးထိုက်သည်အလျင်အမြန်ပင်လိုက်လာခဲ့သော်ငြား ထိုကောင်စုတ်လေး၏အရိပ်အယောင်အားမတွေ့ရတော့ပေ။
"ဒီကောင်စုတ်လေးကအရမ်းမြန်လွန်းတယ် တကယ်ကိုရုတ်တရက်ကြီးပျောက်သွားတာ ဒါဘယ်လိုဖြစ်နိုင်မှာလဲ"
ကျိုးထိုက်မှာစိတ်ထဲမှတွေးရင်းမျက်မှောင်ကြုတ်သွားခဲ့သည်။ သူသည်အစောပိုင်းက အရှိန်အပြည့်မသုံးဘဲနောက်မှသာလိုက်နေခဲ့ခြင်းဖြစ်သော်လည်း ကျိုးဟောင်၏ရုတ်တရက်ပျောက်ကွယ်သွားမှုသည် သူ့အားပဟေဠိဖြစ်စေပေသည်။
အကြောင်းပြချက်အားသိလိုသော်လည်း ကျိုးထိုက်မှာဂရုစိုက်မနေပေ။ မည်သို့ပင်ဖြစ်စေ ကျိုးဟောင်သည်ထွက်ပြေးသွားခဲ့ခြင်းမဟုတ်ပေရာ နောက်ဆုံးတွင်ပြန်ရောက်လာမည်သာဖြစ်သည်။ သူလုပ်ရမည့်အရာမှာဤနေရာတွင်စောင့်နေရန်သာဖြစ်သည်။
သို့သော် စိတ်ထဲထိုသို့တွေးနေစဉ်မှာပင် သူ့နောက်မှပေါ်လာသောအငွေ့သက်တစ်ခုအား ခံစားမိလိုက်သည်။ ရုတ်တရက်နောက်လှည့်ကြည့်လိုက်ရာ ကျိုးဟောင်မှာသူ့နောက်တွင်ရပ်နေကြောင်းသိလိုက်ရပြီး အမူအရာမှာရုတ်တရက်ပြောင်းလဲသွားခဲ့သည်။
"မင်းဘယ်တုန်းကငါ့နောက်ရောက်နေတာလဲ"
ကျိုးထိုက်မှချက်ချင်းပင်အော်မေးလိုက်သည်။
ကျိုးဟောင်မှာမျက်မှောင်ကြုတ်ကာထိုလူအားကြည့်လိုက်သည်။ ဤလူသည်ရှုချန်းခေါ်လာခဲ့သော ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်များထဲမှတစ်ယောက်ဖြစ်ကြောင်းသိလိုက်ချိန်တွင် ကျိုးဟောင်၏အမူအရာမှာအတော်လေးပျက်ယွင်းသွားခဲ့သည်။
"ခင်ဗျားကိုဘယ်သူကကျုပ်နောက်လိုက်ခိုင်းလိုက်တာလဲ ခင်ဗျားရဲ့သခင်လေးရှုချန်းလား"
ကျိုးဟောင်၏အမူအရာမှာအတော်လေးပျက်ယွင်းနေခဲ့ပြီး ဤလူသည်သူ့အားကာကွယ်ရန်ရောက် လာခဲ့သည်ဟုမခံစားရပေ။ ထို့အပြင်လူသည်ရှုချန်း၏လက်အောက်မှဖြစ်ပေရာ သူ့အားရှင်းပစ်ရန်လာခဲ့ခြင်းသာ ပိုဖြစ်နိုင်ပေသည်။
"ဟဟမင်းဒီလောက်ဉာဏ်ကောင်းပြီးသတိရှိမယ်လို့မထင်ထားခဲ့ဘူး ထားပါဘာမှဖုံးကွယ်မနေတော့ဘူး မင်းပြောတာမှန်တယ်ငါ့သခင်လေးက ငါ့ကိုမင်းနောက်လိုက်စေချင်ရုံတင်မဟုတ်ဘူး မင်းကိုပါသတ်စေချင်တာ"
ကျိုးထိုက်မှာခပ်လွန့်လွန့်ပြုံးကာပြောလိုက်သည်။ ကျိုးဟောင်၏ ရွေ့လျားမှုသိုင်းမှာမည်မျှပင်ထူးဆန်းနေပါစေ သူသည်မူလအဆင့်ပညာရှင်တစ်ယောက်သာဖြစ်ပြီး ဘာမှမဟုတ်ပေ။
သူ၏ကောင်းကင်ဘုံအဆင့်တစ်ဝက်ကျင့်ကြံဆင့်ဖြင့်ဆိုပါက ကျိုးဟောင်အားသတ်ရန်မှာအလွယ်လေးပင်ဖြစ်သည်။
ကျိုးဟောင်မှာခပ်လွန့်လွန့်ပြုံးလိုက်သည်။
"ခင်ဗျားလည်းအတော်လေးစိတ်ရှည်တာပဲ တကယ်ကြီးကိုဒီမှာ ၂ရက် ၃ရက်လောက်စောင့်နေတာ တကယ်လို့ကျုပ်သာဒီနေ့ထွက်မလာခဲ့ရင် ခင်ဗျားကျုပ်ကိုသတ်ဖို့အခွင့်အရေးရမဲ့အချိန်ထိစောင့်နေရလောက်တယ် ဟုတ်တယ်မလား"
"ဟုတ်တယ် ငါ့တာဝန်ကမင်းကိုသတ်ဖို့ပဲ အဲဒါကြောင့်ငါ့မိသားစုရဲ့သခင်လေးကိုဘယ်သူကရန်စခိုင်းလို့လဲ မင်းရဲ့မူလအဆင့်ကျင့်ကြံမှုလေးလောက်နဲ့ ကိုယ့်သေလမ်းကိုယ်ရှာနေတာပဲ"
ကျိုးထိုက်၏စကားအားကြားလိုက်ရချိန်တွင် ကျိုးဟောင်သည်ခေါင်းညိတ်လိုက်သည်။ ထို့နောက်ဘေးပတ်ဝန်းကျင်အားအလျင်အမြန်ဝေ့ကြည့်ကာ အတော်လေးစိတ်ကျေနပ်သွားခဲ့သည်။
"ဟုတ်ပ ခင်ဗျားအတွက်ခက်ခဲမှာပဲ ညကမှောင်ပြီးတော့ကျုပ်တို့ကလည်းတောနက်ထဲတောင်ရောက်နေသေးတယ် ဓားပြတိုက်ပြီးလုယက်ဖို့နေရာကောင်းပဲ အရမ်းကိုကောင်းတယ်"
ကျိုးဟောင်စကားဆုံးသောအခါ ကျိုးထိုက်မှာခေတ္တမျှကြက်သေသေသွားခဲ့သည်။ ဤကောင်စုတ်လေးနှင့်ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေသည်လော။ ကျိုးဟောင်အားသတ်ရန်လာခဲ့သူမှာသူဖြစ်သော်ငြား ယခုလိုစကားမျိုးအားကျိုးဟောင်မှပြောနေသည်မှာ တကယ်ကိုထူးဆန်းပေသည်။
သို့သော်ကျိုးထိုက်သည်ဂရုမစိုက်ဘဲပြောလိုက်သည်။
"မင်းကအတော်လေးဉာဏ်ကောင်းတာပဲ သေဖို့ရွေးချယ်ပြီးပြီဆိုမှတော့ သေဖို့ပြင်လိုက်တော့"
ကျိုးထိုက်မှာ ကျိုးဟောင်သူ့အားမနိုင်နိုင်သည်ကိုသိပြီး ထွက်ပြေးမနေဘဲကံကြမ္မာအားလက်ခံလိုက်သည်ဟုတွေးထင်လိုက်ခြင်းဖြစ်သော်လည်း ကျိုးဟောင်မှာပြုံးကာပြန်ပြောလာခဲ့ပေသည်။
"ကျုပ်သေပါ့မယ်လို့ဘယ်တုန်းကပြောလို့လဲ ခင်ဗျားကတကယ်နောက်တာပဲ"
"ဘာရယ် ငါတို့နှစ်ယောက်ကြားမှာ အသက်ရှင်မဲ့လူကမင်းလို့တကယ်ထင်နေတာလား စိတ်ဝင်စားစရာပဲမူလအဆင့်ကျင့်ကြံမှုလေးလောက်နဲ့များ မင်းကိုသတ်တာကပုရွတ်ဆိတ်သတ်ရသလိုပဲ"
ကျိုးထိုက်မှာ ကျိုးဟောင်၏စကားအားခွန်းတုံ့ပြန်လာခဲ့သည်။
"ခင်ဗျားမှားတယ် ကျုပ်တို့ကြားမှာပုရွတ်ဆိတ်ကခင်ဗျားပဲ"
စကားဆုံးသည်နှင့်ကျိုးဟောင်၏အငွေ့အသက်မှာ ချက်ချင်းပင်မြင့်တက်လာခဲ့သည်။ ကျိုးဟောင်သည်လက်ရှိအချိန်တွင် ဘာကိုမှဖုံးကွယ်ထားမနေတော့ပေ။
မျက်စိတစ်မှိတ်အတွင်း စွမ်းအားကြီးသောကျင့်ကြံရေးအငွေ့အသက်တစ်ခုမှာကျိုးဟောင်၏ခန္ဓာကိုယ်ထဲမှတိုးထွက်လာခဲ့ပြီး ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်၏အငွေ့အသက်မှာ အရပ်မျက်နှာအနှံ့ပျံ့နှံ့သွားခဲ့ပေရာ ကျိုးထိုက်၏အမူအရာမှာချက်ချင်းပင်ပြောင်းလဲသွားခဲ့သည်။
"မင်း...မင်း...မင်းကတကယ်ကို ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်ပဲ"
ဤကောင်စုတ်လေးသည် ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်ဖြစ်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဤကောင်စုတ်လေးသည်ကောင်းမွန်စွာဖုံးကွယ်ထားနိုင်ပေသည်။
စင်စစ်တွင် ဤအငွေ့အသက်သည်သူ့အငွေ့အသက်ထက်ပင် ပို၍အားကောင်းပေသည်။
"ကျုပ်ရဲ့ကျင့်ကြံဆင့်ကိုဘယ်သူမှမသိဘူး ပထမဆုံးသိတဲ့လူကခင်ဗျားပဲ အဲဒီတော့နောင်တမရှိဘဲသေလို့ရတယ် ဒီနေရာကလည်းမဆိုးပါဘူး ခင်ဗျားရဲ့အလောင်းမြှုပ်ဖို့ ဖုန်းရွှေကောင်းတဲ့နေရာကိုရွေးပေးပါ့မယ် နောက်ဘဝကျရင်တော့ လူကောင်းလုပ်ပေါ့"
စကားဆုံးသည်နှင့်ကျိုးဟောင်မှာချက်ချင်းလှုပ်ရှားလိုက်သည်။ သူသည်မည်သည့်ကျင့်ကြံရေးစွမ်းအားမျှမသုံးပေ။ အကြောင်းမှာဤလူအားဖြေရှင်းရန် အစွမ်းသုံးရန်ပင်မလိုအပ်သောကြောင့်ဖြစ်သည်။
၈၀ ရာခိုင်နှုန်းအထိပုံသွင်းထားပြီးပြီဖြစ်သောသူ၏ခန္ဓာကိုယ်မှာ ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်အားလုံးထက်သာလွန်နေပြီဖြစ်သည့်အပြင် တိုက်ခိုက်ရေးစွမ်းအားမှာလည်း သာမန်ထက်ထူးခြားပေရာ ကျိုးထိုက်အားသတ်ရန်မှာသူ့အတွက်အလွန်လွယ်ကူလှပေသည်။
ကျိုးထိုက်မှာကျင့်ကြံရေးစွမ်းအားအားသုံးရန်ပြင်လိုက်သော်လည်း ရင်ဘတ်နေရာမှရုတ်တရက်အေးစက်သွားကြောင်း သိလိုက်ရပေသည်။
ထို့နောက်စွမ်းအားကြီးသောအားတစ်ခုထွက်ပေါ်လာခဲ့ပြီး သူ၏ခန္ဓာကိုယ်အားထိုးဖောက်သွားလေသည်။
အောက်သို့ငုံ့ကြည့်လိုက်ချိန်တွင် ကျိုးဟောင်၏လက်မှာ သူ့ရင်ဘတ်ထဲစိုက်ဝင်နေပြီဖြစ်ပြီး ဘယ်အချိန်ကတည်းကထိုးဖောက်သွားကြောင်းမသိလိုက်ရပေ။
....................................................................................
အခန်း(၄၂၈) ပြီးပါပြီ။
အခန်း (၄၂၉) : သလင်းကျောက်ပြာ
ကျိုးထိုက်မှာ သူဘယ်လိုသေသွားမှန်းပင်နားမလည်လိုက်ပေ။
သူသည်ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်ဖြစ်သည်။ အကယ်၍ကျိုးဟောင်အားမနိုင်လျှင်ပင် ချက်ချင်းအသတ်ခံလိုက်ရသည်မှာမဖြစ်နိုင်သောကိစ္စပင်မဟုတ်ပေလော။
သို့သော် ကျိုးထိုက်မှာထိုမေးခွန်း၏အဖြေအားလုံးဝသိခွင့်မရှိတော့ပေ။ သေဆုံးခြင်းအငွေ့အသက်မှာ သူ့အားချက်ချင်းပင်ဝါးမျိုသွားပြီဖြစ်သည်။
သူ၏အသွေးအသားမှာကျိုးဟောင်၏လက်ချက်ဖြင့် တစ်စစီဖြစ်သွားပြီဖြစ်ပြီး နှလုံးဖြစ်စေချီပင်လယ်ဖြစ်စေ အားလုံးမှာဖျက်ဆီးခံလိုက်ရပြီဖြစ်ပေရာ အသက်ရှင်နိုင်မည့်မျှော်လင့်ချက်မျိုးမရှိတော့ပေ။
ထို့နောက်ချက်ချင်းပင် မျက်လုံးများမှေးမှိတ်သွားကာ အသက်ဓာတ်ကင်းမဲ့သွားခဲ့ပေသည်။
ကျိုးဟောင်မှာအလောင်းအားမြေကြီးပေါ်ဖြစ်သလိုပစ်ချလိုက်သည်။ ထို့နောက်လက်ဖျောက်တစ်ချက်တီးလိုက်ပေရာ မီးတောက်တစ်ခုထွက်ပေါ်လာပြီး အလောင်းအားဝါးမျိုသွားကာ မီးတောက်ကြားတွင်အလောင်းမှာပြာမှုန့်များအဖြစ်ပြောင်းလဲသွားခဲ့သည်။ ကျွမ်းလောင်နေသောမီးတောက်မှတစ်ဆင့်မြင်နေရသောကျိုးဟောင်၏ မျက်နှာမှာအေးစက်ကာ ရက်စက်ပုံပေါ်နေပေသည်။
"ရှုချန်း မင်းကတကယ်ကြီးငါ့ကိုသတ်ချင်နေတာပဲ မင်းစောင့်သာနေလိုက် တစ်နေ့ဒီနေ့ကိစ္စကိုငါမင်းနဲ့စာရင်းရှင်းမယ်"
ကျိုးဟောင်မှာလောင်ကျွမ်းသွားပြီဖြစ်သောကျိုးထိုက်၏အလောင်းအားကြည့်ကာ လက်ဖြင့်ဝေ့ယမ်းလိုက်ပေရာ ချက်ချင်းပင်ကျိုးထိုက်၏အလောင်းမှာပြာမှုန်များအဖြစ်ပြောင်းလဲသွားပြီး လောကကြီးမှပျောက်ကွယ်သွားခဲ့သည်။
ကျိုးဟောင်မှာထိုမြင်ကွင်းအားလျစ်လျူရှုကာ အနီရောင်မဟူရာချောက်နက်ဆီသို့ အရှိန်တင်ကာထွက်ခွာလာခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှုချန်းသည်ကျိုးထိုက်ထံမှသတင်းအားစောင့်မျှော်နေရင်း မျက်ခုံးများမှာလည်းတွန့်ချိုးနေခဲ့ပေသည်။
"ဘယ်လိုဖြစ်တာလဲ သူကဒီတိုင်းမူလအဆင့်ပညာရှင်တစ်ယောက်ပဲမဟုတ်ဘူးလား ဘာလို့ဒီလောက်ကြာနေတာတောင်ပြန်မလာသေးတာလဲ"
ရှုချန်းသည်ဤကိစ္စအကြောင်း မည်သူ့ကိုမျှမပြောဝံ့ပေ။ ရှုမိသားစုမှာမိသားစုကြီးဖြစ်သော်ငြား ကိစ္စအတော်များများအားတိတ်တဆိတ်သာလုပ်ဆောင်ကြရပြီး လူသိရှင်ကြားလုပ်လို့မရပေ။
ထို့ကြောင့်ဤကိစ္စအား ကျိုးထိုက်တစ်ယောက်သာသိပေသည်။ သို့သော်နှစ်ရက်သုံးရက်မျှကြာသွားသော်လည်း မည်သည့်သတင်းမျှမရသေးပေ။
ယနေ့အဆက်အသွယ်အားလုံးပါပြတ်တောက်သွားပြီဖြစ်ပေရာ အနည်းငယ်ပင်စိုးရိမ်လာပြီဖြစ်သည်။ ကျိုးထိုက်တစ်ယောက်မတော်တဆထိခိုက်မိ၍လော။
ထိုသို့လည်းမဖြစ်နိုင်ပေ။ ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်အနေဖြင့်အလွယ်တကူမသေနိုင်ပေ။ ဘာကြောင့်ရုတ်တရက်ဆက်သွယ်လို့မရတော့ပါသနည်း။
"သေစမ်းဒီသိုင်းပညာရှင်တွေကတကယ်စိတ်ချလို့ကိုမရဘူး အမှိုက်တွေတကယ့်အမှိုက်တွေ"
ရှုချန်းသည်အေးစက်စွာပြစ်တင်ပြောဆိုနေပေသည်။ သို့သော်စိတ်ပူနေလည်း ဘာမှအသုံးမဝင်ပေ။
ထိုအချိန်တွင်ကျိုးဟောင်မှာ အနီရောင်မဟူရာချောက်နက်၏အနက်ပိုင်းသို့ဝင်သွားပြီဖြစ်သည်။
"အနီရောင်မဟူရာချောက်နက်ကအရမ်းကြီးတာပဲ အက်ကွဲကြောင်းထက်တောင်အများကြီးပိုကြီးသေးတယ် ဒါပေမဲ့ဒါကန္တာရရဲ့ကြီးမားတဲ့အစိတ်အပိုင်းတစ်ခုပဲရှိသေးတာ အဲဒါကြောင့်လူသားဖြစ်ဖြစ် သန္ဓေပြောင်းသားရဲဖြစ်ဖြစ် ဘယ်သူမှဒီနေရာကိုကြိုးစားပြီး မလေ့လာချင်ကြတာ အဲဒါကြောင့်လည်းဒီနေရာကဒီခြေအနေထိစွန့်ပစ်ခံထားရတဲ့နေရာဖြစ်လာတာ"
ဒါပေမဲ့အဲဒီလိုဆိုရင်တောင် ဒီမှာအခြေချနေတဲ့မျိုးနွယ်ခြားအုပ်စု အများကြီးရှိသေးတယ်"
"ရွှေလင်းယုန်ငှက်ရိုင်းက ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်ပဲ သူ့ကိုသတ်ပြီးအမှတ်နဲ့ ကောင်းကင်ဘုံဒင်္ဂါးတွေစုရမယ်"
ကျိုးဟောင်မှာဘာမှမထူးဆန်းသလိုပင်။ သူ၏ကျင့်ကြံစွမ်းအားဖြင့်ဆိုပါက ဤသန္ဓေပြောင်းသားရဲများအားသတ်ခြင်းသည် အတော်လေးလွယ်ကူပေသည်။
ငှက်မွေးတစ်ထောင်ချပ်ဝတ်အားဝတ်ဆင်လိုက်သော ကျိုးဟောင်မှာ ချက်ချင်းပင်ရွှေဖြူရောင်ပုံရိပ်အဖြစ်ပြောင်းလဲသွားကာ ခန္ဓာကိုယ်မှာလည်းအရှိန်တိုးကာ ချက်ချင်းပင်တောနက်ထဲရှိရွှေလင်းယုန်ငှက်ရိုင်း၏ပိုင်နက်ထဲသို့ဦးတည်ထွက်ခွာသွားခဲ့သည်။
ထိုအချိန်တွင် ကန္တာရထဲမှချောက်ကမ်းပါးတစ်ခုအောက်ရှိရွှေလင်းယုန်ငှက်ရိုင်းမှာ သူ၏အသိုက်တွင်အနားယူနေပေသည်။
၎င်းသည်ဤနေရာတွင်မွေးဖွားလာခဲ့ပြီး တစ်ခါမှထွက်မသွာဖူးပေ။ ထို့အပြင် အနီရောင်မဟူရာချောက်နက်အားလာရောက်သူမှာလူနည်းစုသာရှိပေရာ ဤနေရာတွင်မည်သည့်သတ္တဝါရှိနေမှန်း ဘယ်သူမှမသိကြသော်လည်း ရွှေလင်းယုန်ငှက်ရိုင်းကတော့သိပေသည်။
"ဟမ့် အဲဒီအမှိုက်တစ်အုပ်ကငါ့ကိုသူရဲဘောကြောင်တယ်ဆိုပြီးသရော်ခဲ့ကြတာ ဟာသပဲ ဒီကန္တာရမှာရတနာတွေနဲ့ပြည့်နေတာကို ငါကောင်းကင်ဘုံအဆင့်ကိုချိုးဖောက်ပြီးရင်တော့လား သူတို့ပါးစပ်တွေပိတ်သွားအောင်လုပ်ပစ်မယ်"
ရွှေလင်းယုန်ငှက်ရိုင်းမှာ ဤဂူထဲတွင်အလွန်ပျော်ရွှင်နေကာ ၎င်းသည်နောက်ရှိကြီးမားသောသလင်းကျောက်ပြာကြီးအား ထူးဆန်းသောအမူအရာဖြင့်ကြည့်နေပေသည်။
"ဒီရတနာကတကယ်အထင်ကြီးစရာပဲ ငါနှစ်ဆယ်နဲ့ချီကျင့်ကြံပြီးတာတောင် သူ့စွမ်းအင်ကမကုန်ခန်းသွားဘူး ဒီပစ္စည်းကတကယ်ကိုဘယ်လိုပစ္စည်းမျိုးလဲမသိဘူး"
ရွှေလင်းယုန်ငှက်ရိုင်းမှာသလင်းကျောက်ပြာအောက်တွင်ဝပ်နေပေသည်။ ၎င်း၏ခန္ဓာကိုယ်မှာမီတာတစ်ရာမျှမြင့်မားသော်လည်း သလင်းကျောက်ပြာ၏အောက်တွင်လူပုလေးတစ်ကောင်လိုသာဖြစ်ပြီး ဘာမှမထင်ရှားပေ။
၎င်းသည်သလင်းကျောက်ပြာမှထုတ်လွှတ်နေသောမိုးနှင့်မြေ၏စွမ်းအင်အနှစ်သာရအားလောဘတကြီးစုပ်ယူနေပြီး ကျင့်ကြံဆင့်တိုးအောင်လုပ်နေပေသည်။
သို့သော်ထိုအချိန်တွင် လေပြင်းတစ်ချက်ရောက်ရှိလာခဲ့ပေရာ ရွှေလင်းယုန်ငှက်ရိုင်းအားချက်ချင်းပင်ကြက်သေသေသွားစေခဲ့ပေသည်။
၎င်းမှာမျက်လုံးများအားမှေးကျဉ်းကာပြောလိုက်သည်။
"ဒါကငါ့ပိုင်နက်ပဲ ငါ့ကိုနှုတ်မဆက်ဘဲဝင်လာရဲတာဘယ်သူလဲ ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ"
ရွှေလင်းယုန်ငှက်ရိုင်းမှာအလွန်ဒေါသဖြစ်နေပေသည်။ ထို့နောက်လက်တစ်ချက်ဝေ့လိုက်ပေရာ ယန္တရားများမှာအသက်ဝင်လာခဲ့ပြီး သလင်းကျောက်ပြာအားပိတ်ဆို့ထားနိုင်သည့် တံတိုင်းအကာအကွယ်ကြီးမှာအားပြင်းပြင်းဖြင့် ကျရောက်လာခဲ့သည်။
၎င်းသည်လည်းအတောင်ပံများအားခတ်ကာပျံသန်းရင်း အပြင်သို့ရောက်ရှိလာခဲ့သည်။
ထိုအချိန်တွင် ၎င်း၏ခေါင်းပေါ်သို့ငွေရောင်အလင်းတန်းတစ်ခုကျဆင်းလာခဲ့သည်။
"ကောင်းကင်ဘုံအဆင့်တစ်ဝက်လူသားတစ်ယောက်လား ဟမ့် သူကဒီကိုသေလမ်းလာရှာတာပဲနေမယ်"
ရွှေလင်းယုန်ငှက်ရိုင်းမှာစိတ်ထဲတွင်ထိုသို့တွေးနေသော်လည်း ကျိုးဟောင်အားကြည့်နေဆဲပင်ဖြစ်သည်။
ကျိုးဟောင်သည်လည်းရွှေလင်းယုန်ငှက်ရိုင်းအား အကဲခတ်နေပေသည်။ ဤသတ္တဝါ၏ကျင့်ကြံဆင့်မှာအတော်လေးမြင့်ပြီး ထိုဧရာမလိပ်ကြီးဖြင့်ယှဉ်နိုင်ပေသည်။
"ကောင်လေး ဒီကိုဘာလာလုပ်တာလဲ သေချင်လို့လား ငါလူသားမစားရတာကြာပြီမင်းရောက်လာပြီဆိုမှတော့ ငါလည်းစားချင်နေတဲ့အာသီသပြည့်တာပေါ့"
ရွှေလင်းယုန်ငှက်ရိုင်းမှာအန္တရာယ်အားမခံစားမိဘဲ ကျိုးဟောင်အားခြိမ်းခြောက်နေပေသည်။
ကျိုးဟောင်မှာပြုံးကာပြောလိုက်သည်။
"ရွှေလင်းယုန်ငှက်ရိုင်း ငါမင်းကိုလာရှာရဲတယ်ဆိုကတည်းက ငါ့မှာမင်းကိုသတ်နိုင်တဲ့စွမ်းရည်မျိုးရှိလို့ပေါ့ မဟုတ်ရင်မင်းအစာလာအဖြစ်ခံပေးရမှာလား"
စကားပြောနေရင်းပင် ကျိုးဟောင်၏ကျင့်ကြံရေးအငွေ့အသက်မှာ ဝုန်းခနဲအသံတစ်ခုနှင့်အတူထွက်ပေါ်လာခဲ့သည်။ ထို့နောက်စကားတစ်ခွန်းမျှမဆိုဘဲ နတ်ဘုရားသတ်သိုင်းနှင့် ပြောင်းလဲမှုကိုးသွယ်အရှင်သခင်ခန္ဓာကိုယ်သိုင်းအားအသက်သွင်းလိုက်ပေသည်။ ထိုသိုင်းနှစ်ခုဖြင့်သူ၏အငွေ့အသက်မှာ ကောင်းကင်ဘုံအဆင့်ရောက်လုနီးပါးအထိ ထိုးတက်သွားခဲ့ပေသည်။
ဤမြင်ကွင်းသည် ရွှေလင်းယုန်ငှက်ရိုင်းအားချက်ချင်းပင်ကြက်သေသေသွားစေခဲ့ပေသည်။
"သေစမ်း မင်းကဒီလောက်တောင်သန်မာတာလား"
၎င်းမှာမတုံးအပေ။ ထိုအစား ဆန့်ကျင်ဘက်ဖြစ်ကာအလွန်ဉာဏ်ကောင်းလှပေသည်။
လက်ရှိအချိန်တွင် ကျိုးဟောင်၏စွမ်းအားအားမြင်ပြီးနောက် ၎င်းမှာချက်ချင်းပင်မှင်တက်သွားခဲ့သည်။
"ဘာလို့ကြောက်နေတာလဲ ဒါပေမဲ့အရမ်းနောက်ကျသွားပြီ ငါဒီနေ့ဒီကိုလာခဲ့တာကမင်းကိုသတ်ဖို့ပဲ တကယ်လို့နောက်ဆုံးစကားချန်ခဲ့စရာမရှိတော့ရင်သေလိုက်တော့"
ကျိုးဟောင်မှာအချိန်ဖြုန်းမနေဘဲ ချက်ချင်းပင်နဂါးနက်လှံအားထုတ်လိုက်လေရာ သူတိုက်ခိုက်လိုက်သည်နှင့် ကောင်းကင်တွင်လျှပ်စီးကြောင်းများဖြင့်ပြည့်နှက်သွားခဲ့ပေသည်။
ရွှေလင်းယုန်ငှက်ရိုင်းမှာထိတ်လန့်သွားကာ စကားတစ်ခွန်းမှမဆိုဘဲ ကျိုးဟောင်၏တိုက်ခိုက်မှုအားခုခံရန် ကျင့်ကြံရေးစွမ်းအားအားချက်ချင်းအသက်သွင်းလိုက်သည်။
သို့သော်၎င်းသည်ကျိုးဟောင်အတွက်ပြိုင်ဘက်တစ်ယောက်မဟုတ်ပေ။ ကျိုးဟောင်၏လှုပ်ရှားမှုတစ်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရသွားခဲ့သည်။ သွေးများမှာရူးသွပ်စွာစီးကျနေပြီး ၎င်း၏ခြေထောက်တစ်ဝက်လောက်မှာကျိုးဟောင်၏လက်ချက်ဖြင့် တစ်စစီကြေမွသွားခဲ့ပေသည်။
ရွှေလင်းယုန်ငှက်ရိုင်း၏နှလုံးမှာပြင်းထန်စွာခုန်လာခဲ့သည်။ ဤလူသားကောင်စုတ်လေးမှာကြောက်မက်ဖွယ်ကောင်းလောက်အောင်စွမ်းအားကြီးလှပေသည်။ သူ၏ကျင့်ကြံဆင့်သည်ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်ဖြစ်ပါလျက် ဘာကြောင့်ကျင့်ကြံရေးစွမ်းအားမှာရုတ်တရက်ကောင်းကင်ဘုံအဆင့်အထိထိုးတက်သွားရပါသနည်း။
၎င်းသည်ထိုအချက်အားအတော်လေးနားမလည်နိုင်သော်လည်း ယခုလိုဆက်သွားနေပါက သေချာပေါက်သေရမည်ဖြစ်ကြောင်းသိပေသည်။
"လူသားအစ်ကိုကြီး အရင်ဆုံး....ကျွန်တော့်ကိုမသတ်ပါနဲ့ဦး လွှတ်ပေးပါ ကျွန်တော်....ကျွန်တော်အဖိုးတန်တဲ့ပစ္စည်းပေးနိုင်ပါတယ်"
ရွှေလင်းယုန်ငှက်ရိုင်းမှာချက်ချင်းပင်ပြောလိုက်သည်။ အကယ်၍သူသာဤနေရာတွင်သေသွားခဲ့ပါက ဘာမှကျန်တော့မည်မဟုတ်ပေ။ သေရတာထက်စာလျှင်အသက်ရှင်နေရသည်ကပိုကောင်းပေသည်။ အသက်အတွက်တစ်ခုခုဖြင့်အလဲအလှယ်လုပ်နိုင်ပါကလည်းကိစ္စမရှိပေ။
"မင်းကလား မင်းကဘယ်လိုပစ္စည်းမျိုးပေးနိုင်လို့လဲ ရွှေလင်းယုန်ငှက်ရိုင်းရုန်းကန်မနေနဲ့တော့ ငါမင်းကိုဒီနေ့သတ်မဲ့ကိစ္စမှာ ဘာဆွေးနွေးစရာမှမရှိဘူး"
သံမဏိဝက်ဝံဘုရင်နှင့်ကြုံတွေ့ခဲ့ရသော အတွေ့အကြုံပြီးနောက် ကျိုးဟောင်မှာဤသန္ဓေပြောင်းသားရဲများအား လျှော့မတွက်ရဲတော့ပေ။ သူတို့၏အသိဉာဏ်မှာလူသားများထက်မနိမ့်ပေ။
ဤရွှေလင်းယုန်ငှက်ရိုင်း၏ဉာဏ်ရည်ဖြင့်ဆိုပါက ၎င်းသည်သံမဏိအရိုးဝက်ဝံဘုရင်၊ ထိုမကောင်းဆိုးဝါးအိုကြီးတို့နှင့်သိပ်မခြားပေ။
ရွှေလင်းယုန်ငှက်ရိုင်းမှာထိုစကားအားကြားသောအခါထိတ်လန့်သွားခဲ့ကာ ချက်ချင်းပင်ပြောလိုက်သည်။
"ငါ့မှာပေးစရာဘာမှမရှိဘူးလို့ဘယ်သူပြောလဲ လူသားညီလေးတကယ်လို့မင်းငါ့ကိုလွှတ်ပေးရင် ငါမင်းကိုငါ့ရဲ့အဖိုးတန်ဆုံးရတနာပေးမယ်...မင်းသေချာပေါက်စိတ်ကျေနပ်စေရမယ်"
....................................................................................
အခန်း(၄၂၉) ပြီးပါပြီ။