← Chapters

အခန်း (၄၃၀-၄၃၂)

Vol. 29 Ch. 430-432

အခန်း (၄၃၀-၄၃၂)

Vol. 29 Ch. 430-432

အခန်း (၄၃၀) : အပေးအယူ

ကျိုးဟောင်မှာရွှေလင်းယုန်ငှက်ရိုင်း၏စကားများအားကြားသောအခါ ချက်ချင်းပင်ပြုံးလိုက်သည်။ ဤသတ္တဝါသည်သေလုဆဲဆဲအခြေအနေအားရောက်နေပြီဖြစ်ပေရာ သူ့အားမလှည့်စားလောက်ပေ။ ထို့ကြောင့်၎င်းထံတွင် မည်သည့်ရတနာရှိနေကြောင်းကိုကြည့်လိုက်ပါကလည်း အကျိုးမယုတ်ပေ။

"ကောင်းပြီလေ တကယ်လို့ရတနာကကောင်းရင် မင်းအသက်ကိုချမ်းသာပေးဖို့စဉ်းစားပေးလို့ရတယ်"

ကျိုးဟောင်ထိုသို့ပြောလိုက်သောအခါ ရွှေလင်းယုန်ငှက်ရိုင်းမှာချက်ချင်းပင်ပျော်ရွှင်သွားခဲ့သည်။ ယနေ့ခေတ်အခါတွင် အရာအားလုံးသည်အသက်ထက်ပိုအရေးကြီးပေသည်။

ထို့အပြင်၎င်းသည်လက်ရှိကျင့်ကြံရေးအဆင့်မရောက်ခင်နှစ်ရာချီရှင်သန်လာခဲ့ပြီးပြီဖြစ်ပေရာ ရတနာတစ်ခုကြောင့်ဖြင့်အသက်သေမခံနိုင်ပေ။

"လူသားအစ်ကိုကြီး ကျွန်တော်နဲ့လိုက်ခဲ့ပါ"

ရွှေလင်းယုန်ငှက်ရိုင်းမှာ ချက်ချင်းပင်သူ၏ဂူထဲသို့ပျံသန်းသွားခဲ့ပြီး ကျိုးဟောင်သည်လည်းနောက်မှလိုက်ပါသွားခဲ့သည်။ ၎င်း၏ကျင့်ကြံရေးစွမ်းအားမှာအလွန်စွမ်းအားကြီးပေရာ သူသည်ဤသန္ဓေပြောင်းသားရဲနှင့်ပတ်သက်ပြီး လုံးဝစိတ်မပူပေ။

ဝင်သွားပြီးနောက်ကျိုးဟောင်မှာလှည့်ပတ်ကြည့်လိုက်သော်လည်း အသုံးဝင်သည့်ပစ္စည်းတစ်ခုမှမတွေ့ပေရာ မျက်မှောင်ကြုတ်ကာမေးလိုက်သည်။

"မင်းရဲ့ရတနာကဘယ်မှာလဲ"

ရွှေလင်းယုန်ငှက်ရိုင်းမှာအလျင်အမြန်ပင်ပြန်ဖြေလာခဲ့သည်။

"ဒီဘက်ကိုကြည့်လိုက်ပါ"

၎င်းသည်တွေဝေမနေဘဲယန္တရားအားချက်ချင်းဖွင့်လိုက်လေသည်။ ချက်ချင်းဆိုသလိုပင် ကြီးမားသောသလင်းပြာကျောက်ကြီးတစ်ခုပေါ်လာခဲ့ပေရာ ကျိုးဟောင်မှာချက်ချင်းပင်ကြက်သေသေသွားခဲ့သည်။

ဤသလင်းကျောက်သည်မည်ကဲ့သို့သောပစ္စည်းမျိုးဖြစ်ကြောင်းအတိအကျမသိသော်လည်း အလွန်စွမ်းအားကြီးသောစွမ်းအင်အနှစ်သာရအားထုတ်လွှတ်ပေးနေကြောင်းကိုတော့ခံစားမိပေသည်။

"ဒါကဘာလဲ"

ထိုသို့မေးလိုက်ချိန်တွင် ရွှေလင်းယုန်ငှက်ရိုင်းမှာပြန်ဖြေလာခဲ့သည်။

"ဒါက...ကျွန်တော်လည်းမသိပါဘူး ဒီပစ္စည်းကစွမ်းအင်အနှစ်သာရထုတ်ပေးနိုင်တယ်ဆိုတာပဲသိတယ်.... အခြားအကြောင်းအရာတွေကိုတော့ကျွန်တော်လည်းတကယ်မသိပါဘူး...."

ထိုစကားအားကြားသောအခါကျိုးဟောင်မှာခေါင်းညိတ်လိုက်သည်။ ထိုသတ္တဝါမသိသည်မှာလည်းသဘာဝကျပေသည်။ ကျိုးဟောင်ကိုယ်တိုင်ပင်ဤပစ္စည်းနဲ့ပတ်သက်ပြီး ဘာမှမသိပေ။

"စီနီယာမုရုံ ဒါဘာလဲဆိုတာခင်ဗျားသိလား"

မည်သို့ပင်ဖြစ်စေမုရုံရွှင်းသည် ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်တွင် ထူးချွန်သောပညာရှင်တစ်ယောက်ဖြစ်ပေရာ သိနိုင်ပေသည်။

မုရုံရွှင်းမှာထိုပစ္စည်းအားကြည့်ကာ အတော်လေးမျက်မှောင်ကြုတ်သွားခဲ့ကာ မျက်နှာတွင်လည်းရှုပ်ထွေးနေသောအမူအရာမျိုးပေါ်‌နေပေသည်။

"ငါလည်းမသိဘူး ပြီးတော့ဒီလိုပစ္စည်းမျိုးကိုမြင်ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ ဒါကကျောက်မျက်ရတနာလား ဒါမှမဟုတ်သတ္တုကြောလား"

မုရုံရွှင်းမှာဤပစ္စည်းသည် ကျောက်မျက်ရတနာပေလော သိုမဟုတ်သတ္တုကြောပေလောဝေခွဲမရပေ။

သို့သော်အနီရောင်မဟူရာချောက်နက်တွင် ယခုလိုရတနာမျိုးဘယ်လိုရှ်ိိနိုင်မည်နည်း ဤအချက်သည်တကယ်ပင်အံ့ဩစရာပေ။

ထို့နောက်ကျိုးဟောင်မှာ ရွှေလင်းယုန်ငှက်ရိုင်းအားကြည့်ကာမေးလိုက်သည်။

"ဒီပစ္စည်းကအရင်ကတည်းကဒီနေရာမှာရှိနေတာလား ဒါမှမဟုတ်မင်းသယ်လာခဲ့တာလား"

ကျိုးဟောင်ဤမေးခွန်းအားမေးရသည့်အကြောင်းပြချက်မှာ တစ်ဖက်လူသည်ဤပစ္စည်းအားမည်သည့်နေရာမှရလာခဲ့ကြောင်းသိချင်၍ဖြစ်သည်။

ရွှေလင်းယုန်ငှက်ရိုင်းမှာကျိုးဟောင်၏အမေးအား အလျင်အမြန်ပင်ဖြေလိုက်သည်။

"ဒီ...ဒီမှာပဲတွေ့ခဲ့တာပါ ဒီပစ္စည်းကအရမ်းထူးဆန်းတယ် လုံးဝဖျက်ဆီးပစ်လို့မရဘူး ပြီးတော့ယူသွားလို့လည်းမရဘူး ဒီပစ္စည်းနဲ့ပတ်သက်ပြီးဘာမှလုပ်မရလို့ ဒီနေရာမှာပဲထားထားတာ"

ရွှေလင်းယုန်ငှက်ရိုင်းမှာလိမ်နေခြင်းမဟုတ်ပေ။ အကယ်၍ဤပစ္စည်းအားသယ်သွားလို့ရပါက အစောကြီးကတည်းကသယ်သွားလောက်ပြီဖြစ်ပြီး ဤနေရာတွင်ထားစရာအကြောင်းမရှိ‌ပေ။

‌လူအရောက်နည်းသောနေရာတစ်ခုအားရှာပါက အများကြီးပိုကောင်းပေသည်။

မည်သို့ပင်ဖြစ်စေ ဤ‌နေရာသည်အလွယ်တကူရှာတွေ့သွားနိုင်သောနေရာဖြစ်သည်။ မျိုးနွယ်ခြားများဖြစ်စေ လူသားများဖြစ်စေ အားလုံးဤနေရာအကြောင်းသိကြပေရာ တကယ်ကိုမလုံခြုံပေ။

ကျိုးဟောင်မှာထိုစကားအားကြားသောအခါ မျက်မှောင်ကြုတ်သွားခဲ့ပြီး သယ်သွားလို့မရကြောင်းသိလိုက်ရချိန်တွင်အတော်လေးစိတ်ညစ်သွားခဲ့သည်။

"ပြီးတော့ လူသားအစ်ကိုကြီး ကျွန်တော်ဒီပစ္စည်းကစွမ်းအင်ကိုနှစ်ဆယ်နဲ့ချီပြီးစုပ်ယူခဲ့ပေမဲ့ ကုန်ခန်းလာတဲ့အရိပ်အယောင်မျိုးမပေါ်ဘူး"

ရွှေလင်းယုန်ငှက်ရိုင်း၏ထိုစကားမှာ ကျိုးဟောင်အားပို၍ပင်ထိတ်လန့်သွားစေခဲ့သည်။

"ဆယ်နှစ်ကျော်တာတောင်စွမ်းအင်ကကုန်မသွားသေးဘူးလား"

ကျိုးဟောင်မှာရွှေလင်းယုန်ငှက်ရိုင်းအားကြည့်လိုက်သည်။ ထိုသတ္တဝါသည်အလွန်ကြီးမားသောကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ဖြစ်ပေရာ ၎င်းမှစုပ်ယူသောစွမ်းအင်အနှစ်သာရပမာဏမှာသေချာပေါက်နည်းမည်မဟုတ်ပေ။ သို့သော်ဤပစ္စည်းထဲမှစွမ်းအင်သည် လုံးဝကုန်ခန်းမသွားခဲ့ပေရာ ၎င်းသည်သေချာပေါက်ရှားပါးရတနာတစ်ခုသာဖြစ်ပေတော့သည်။

"သိပြီ..."

ကျိုးဟောင်မှာဖြေရှင်းနည်းတစ်ခုအားစတင်စဉ်းစားနေပေသည်။ မည်သို့ပင်ဖြစ်စေ ကျိုးဟောင်သည်ဤနေရာတွင်သာနေ့တိုင်းနေနေလို့မဖြစ်ပေ။

ထို့အပြင်ရွှေလင်းယုန်ငှက်ရိုင်းသည်သူ့အားလက်စားချရေန်ဆုံးဖြတ်ထားပါက မည်သို့လုပ်မည်နည်း။ ကောင်းကင်ဘုံအဆင့်သားရဲတစ်ကောင် သို့မဟုတ် နှစ်ကောင်လောက်ဖြင့်ပြန်လာကာသူ့အားခြုံခိုတိုက်ခိုက်နိုင်ပေသည်။

ထိုသို့စဉ်းစားမိပြီး ကျိုးဟောင်မှာရွှေလင်းယုန်ငှက်ရိုင်းအားထိန်းချုပ်ရန်လိုကြောင်းခံစားလိုက်ရပေသည်။

ကံကောင်းသည်မှာ သိပ်မကြာသေးမီအချိန်ကရတနာသေတ္တအားဖွင့်ခဲ့စဉ်က သားရဲထိန်းချုပ်ကွင်းအပါအဝင် အဖိုးတန်ရတနာပေါင်းများစွာရခဲ့ပေသည်။

ကျိုးဟောင်မှာဤပစ္စည်းသည် တကယ်ပင်အသုံးမဝင်သလိုခံစားရပေသည်။ အကယ်၍ဤသားရဲထိန်းချုပ်ကွင်းဖြင့်သားရဲအားထိန်းချုပ်ရာ၌အောင်မြင်လျှင်ပင် ၎င်းသည်အသုံးသိပ်မဝင်သေးပေ။ အကြောင်းမှာကျိုးဟောင်အလွန်ဝေးကွာသောနေရာအားရောက်သွားပါက သားရဲအားထိန်းချုပ်ထားမှုမှာလွတ်မြောက်သွားမည်ဖြစ်သည်။ လက်ရှိအချိန်တွင်ကျိုးဟောင်သည် သူတို့ကြားရှိအကွာအဝေးခြားနားမှုကြောင့် မီးတောက်နီခြင်္သေ့အားတိတိကျကျမထိန်းချုပ်နိုင်ပေ။

ထို့အပြင်သူ၏ကျင့်ကြံဆင့်မှာ ယခုအချိန်တွင်ကျိုးဟောင်အတွက်အလွန်နိမ့်ကျပေရာ ကျိုးဟောင်သည်ဤသားရဲအားတကယ်ပင်အသုံးပြုခြင်းမရှိဘဲ လျစ်လျူရှုထားပေသည်။

သို့သော်ဤရတနာမှာအလွန်အရေးကြီးပေသည်။ လက်ရှိအချိန်တွင်သားရဲထိန်းချုပ်ကွင်းအားသုံးခြင်းသည်သာ အသင့်တော်ဆုံးနည်းလမ်းဖြစ်မည်ဟုခံစားနေရပေသည်။

"တကယ်လို့မင်းငါ့ကိုဒါပေးရင် ငါမင်းအသက်ကိုချမ်းသာပေးမယ် ဒါကအစောပိုင်းတုန်းလုပ်ထားခဲ့တဲ့ ငါတို့ကြားကသဘောတူညီမှုတစ်ခုပဲဟုတ်တယ်မလား"

ကျိုးဟောင်မှာသေချာတွေးကာပြောလိုက်သည်။ ရွှေလင်းယုန်ငှက်ရိုင်းမှာချက်ချင်းပင်ခေါင်းညိတ်ပြကာဖြေလာခဲ့သည်။

"ကျေးဇူးတင်ပါတယ် လူသားအစ်ကိုကြီး ဒါဆိုကျွန်တော်ခုသွားလို့ရပြီလားဟင်"

စင်စစ်တွင်ထိုသတ္တဝါသည်လည်းတစ်ကိုယ်ကောင်းဆန်ပေသည်။ ယခုလိုထွက်သွားပါက ၎င်းအတွက်လုံခြုံမည့်အပြင် ထိုပစ္စည်းအားပြန်လုရန်မှာလည်း သူ့အတွက်အရမ်းမခက်ပေ။

ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်အားရှာပြီး တစ်ဖက်လူအားသိမ်းသွင်းနိုင်ပါက ထိုပစ္စည်းအားပြန်ရနိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ ဤရတနာသည်မည်သည့်နေရာမှရောက်သွားမည်မဟုတ်ပေ။

ထို့အပြင်ဤရတနာသည်မကုန်ခမ်းနိုင်ပေရာ ထိုကောင်းကင်ဘုံအဆင့်ပညာရှင်၏ခွင့်ပြုချက်ရပြီးနောက်ဆက်လက်ကျင့်ကြံနိုင်မည်လည်းဖြစ်သည်။

ထို့ကြောင့်၎င်းသည်ဤနေရာမှထွက်သွားပြီး ကျိုးဟောင်အားသတ်နိုင်မည့်လူရှာရန်စိတ်လောနေခြင်းဖြစ်သည်။

ကျိုးဟောင်မှာထိုစကားအားကြားလိုက်ချိန်တွင် ဤသတ္တဝါသည်အစီအစဉ်ဆွဲကာအကူအညီနှင့်ပြန်လာမည်ဖြစ်ကြောင်းသိပေရာ စိတ်ထဲမှသရော်ပြုံးပြုံးလိုက်သည်။

"ငါပြောလို့မပြီးသေးဘူး အလျင်စလိုနဲ့ထွက်သွားချင်မနေနဲ့ ငါမင်းနဲ့အပေးအယူတစ်ခုလုပ်ချင်သေးတယ် မင်းဘက်ကဒီအပေးအယူကိုသေချာပေါက် သဘောတူရမယ် မဟုတ်ရင်သဘောတူညီချက်ကိုချိုးဖောက်ရမယ်ဆိုရင်တောင် မင်းကိုသတ်မှာပဲ"

ကျိုးဟောင်ရုတ်တရက်ထပြောလာသောစကားများမှာ ရွှေလင်းယုန်ငှက်ရိုင်းအားခေတ္တမျှကြက်သေသေသွားစေခဲ့ပြီးနောက် အလျင်အမြန်ပင်ပြောလာခဲ့သည်။

"လူသားအစ်ကိုကြီး ခင်ဗျားဒီလောက်ထိအရှက်မရှိမျက်နှာပြောင်မတိုက်လို့မရဘူးလား ခင်ဗျားကျွန်တော့်ကိုမသတ်ပါဘူးလို့ကတိပေးခဲ့ရဲ့သားရဲ့ ဘာလို့...ဘာလို့အခုချိန်ထိသတ်ချင်နေရတာလဲ"

"ငါမင်းကိုသတ်ချင်တယ်လို့မပြောဘူး မင်းနဲ့အပေးအယူတစ်ခုလုပ်ချင်တယ်လို့ပဲပြောတာ တကယ်လို့မင်းသဘောမတူရင်တော့မင်းကိုသတ်ပစ်မှာ ကွာခြားချက်ကိုသိပြီလား"

"ပြီးတော့မင်းမှာညှိနှိုင်းပိုင်ခွင့်မရှိဘူး မင်းအသက်ရှင်မရှင်က ငါ့အပေါ်ပဲမူတည်တယ် တကယ်လို့ငါ့စကားနားမထောင်ရင်တော့သတ်မဲ့လမ်းကိုရွေးလိုက်ရုံပဲ"

ဤသတ္တဝါသည်သေရမှာကိုကြောက်ကြောင်း ကျိုးဟောင်သိပေသည်။ ထိုသို့ဆိုပါကထိုသတ္တဝါအားခြိမ်းခြောက်ရန် ဤနည်းလမ်းအားအသုံးပြုလို့ရပေသည်။

"ဒါ...ဒါ..."

ရွှေလင်းယုန်ငှက်ရိုင်းမှာကျိုးဟောင်၏စကားအားသဘောပေါက်သွားခဲ့သည်။ ၎င်းသည်ဒေါသဖြစ်သော်ငြားဘာမှမတတ်နိုင်ပေ။

"ဒါ...ဒါဆိုကျွန်တော့်ကိုပြော"

၎င်းမှာမတတ်နိုင်သလိုစကားဆိုလာလေသည်။

"ရိုးရှင်းပါတယ် ငါမင်းကိုဒီမှာရှိနေတဲ့ရတနာထဲကစွမ်းအင်ကိုဆက်ပြီးစုပ်ယူခွင့်ပေးလို့ရတယ်ဆိုပေမဲ့ မင်းငါ့ဆီမှာအညံ့ခံရမယ်"

ကျိုးဟောင်မှပြောလိုက်သည်။

ရွှေလင်းယုန်ငှက်ရိုင်းမှာကျိုးဟောင်၏သတ်မှတ်ချက်အားကြားပြီးအတော်လေးအံ့ဩသွားခဲ့ပေသည်။ ထိုစကားအားကြားပြီးနောက် ၎င်းသည်ချက်ချင်းပင်သဘောတူလိုက်သည်။

"သေချာတာပေါ့ ကျွန်တော်အညံ့ခံမယ်"

ထိုသတ္တဝါသည်ဤသို့ပြောသော်ငြား စိတ်ထဲမှတိတ်တဆိတ်သရော်နေပြီး ကျိုးဟောင်အားရှင်းပစ်ရန် သခင်ကြီးတစ်ယောက်နှင့်ဤနေရာသို့ပြန်လာရန်တွေးနေပေသည်။

၎င်းသည်လူသားတွေထက်စာလျှင်မျိုးနွယ်ခြားများကိုသာပိုမိုယုံကြည်ပေသည်။

....................................................................................

အခန်း(၄၃၀) ပြီးပါပြီ။

အခန်း (၄၃၁) : အဆက်အသွယ်ပြတ်တောက်နေခြင်း

ကျိုးဟောင်မှာမျက်လုံးမှေးကာကြည့်နေရင်း ရွှေလင်းယုန်ငှက်ရိုင်း၏တုံ့ပြန်ပုံအားမြင်လိုက်ရချိန်တွင် လှောင်ပြုံးပြုံးလိုက်သည်။ သူသည်ထိုသတ္တဝါ၏ အတွေးကိုသိပေသည်။

"ရွှေလင်းယုန်ငှက်ရိုင်း အဲဒီလောက်ရိုးရှင်းလိမ့်မယ်လို့မထင်နဲ့ ငါပြောချင်တဲ့သဘောက မင်းငါ့စကားကိုနားထောင်စေမဲ့ပစ္စည်းတစ်ခုမင်းကိုယ်ထဲထည့်မယ်ပြောတာ ဘယ်လိုပဲဖြစ်ဖြစ် ပါးစပ်နဲ့ဒီတိုင်းသဘောတူလိုက်လည်းအသုံးမဝင်ဘူးလေ တကယ်လို့မင်းငါ့စကားနားမထောင်ရင် အတွေးတစ်ချက်နဲ့တင်မင်းကိုသတ်လို့ရတယ် အဲဒါကြောင့်မင်းငါ့ကိုအညံ့ခံချင်ရင် ဒီပစ္စည်းကိုမင်းကိုယ်ထဲထည့်ရမယ်"

ကျိုးဟောင်၏စကားဆုံးသည်နှင့် ရွှေလင်းယုန်ငှက်ရိုင်းမှာချက်ချင်းပင်ကြက်သေသေသွားခဲ့သည်။ လတ်စသတ်တော့ကျိုးဟောင်၏ဆိုလိုရင်းသည် ယခုလိုဖြစ်ပေသည်။

"လူသားအစ်ကိုကြီး ခင်...ခင်ဗျားအရမ်းတရားလွန်နေပြီမဟုတ်ဘူးလား"

ရွှေလင်းယုန်ငှက်ရိုင်းမှာချက်ချင်းပင်မနေနိုင်ဘဲထပြောလိုက်မိသည်။ ဤသို့လုပ်ခြင်းသည်သေရသည်နှင့်ဘာမှမခြားပေ။ အကယ်၍သူသည်ကျိုးဟောင်၏စကားအားနားမထောင်ပါက သေရမည်ဖြစ်ပေရာ အနာဂတ်တွင်လည်းဤအသက်သည် အသက်အန္တရာယ်ရှိနေဦးမည်ဟူသောအဓိပ္ပာယ်ပဲမဟုတ်ပေလော။

"အရမ်းများတယ်တဲ့လား မင်းခေါင်းထဲကအတွေးကိုငါမသိဘူးမထင်နဲ့ မင်းဒီကထွက်သွားပြီးရင်အကူအညီသွားရှာဖို့တောင်တွေးထားလောက်တယ် ဟုတ်တယ်မလား အဲဒီအချိန်ကျရင်မင်းငါ့ကိုအလစ်ဝင်တိုက်ပြီးသတ်ပစ်လို့ရပြီ ပြီးရင်ဒီရတနာရဲ့အကျိုးကျေးဇူးတွေကိုဆက်ရိတ်သိမ်းလို့ရပြီ ဟုတ်တယ်မလား"

ကျိုးဟောင်မှာတစ်ဖက်လူ၏အတွေးအား ချက်ချင်းပင်ဖော်ထုတ်ပြလိုက်ပေရာ ရွှေလင်းယုန်ငှက်ရိုင်း၏ အမူအရာမှာသိသိသာသာပြောင်းလဲသွားခဲ့ပေသည်။ ဤလူသားကောင်စုတ်လေးမှာ ထိုသို့စဉ်းစားမိမည်ဟုမထင်ထားခဲ့ပေ။

"ဟဟ ရွှေလင်းယုန်ငှက်ရိုင်းမင်းကငါ့ကိုတကယ်လျှော့တွက်တာပဲ မင်းဘာတွေးနေလဲဆိုတာငါမသိဘူးထင်နေတာလား အခုမင်းကိုရွေးချယ်စရာ ၂ခုပေးမယ် တစ်ခုကဒီနေရာမှာပဲသေမလား နောက်တစ်ခုက ငါ့စကားနားထောင်ပြီးသားရဲထိန်းချုပ်ကွင်းကိုမင်းကိုယ်ထဲထည့်မလား ရွေး"

ကျိုးဟောင်မှာပြောရင်းသားရဲထိန်းချုပ်ကွင်းအားထုတ်လိုက်ကာ တစ်ချိန်တည်းမှာပင်အခြားလက်တစ်ဖက်၌နဂါးနက်လှံအားတင်းကြပ်စွာကိုင်ဆောင်ထားပေသည်။ လှံမှာရွှေလင်းယုန်ငှက်ရိုင်းရှိရာဘက်သို့ချိန်ရွယ်ထားရင်း အေးစက်သည့်သတ်ဖြတ်လိုသောအငွေ့အသက်တ်ို့ထွက်ပေါ်နေကာ အလင်းရောင်တို့ဖြင့်တောက်ပနေပေသည်။

ရွှေလင်းယုန်ငှက်ရိုင်းမှာလည်း ဒေါသအလွန်ဖြစ်နေပေသည်။ ဤလူသားသည်သူ့ထက်ပင်အရှက်မဲ့လိမ့်မည်ဟုမထင်ထားခဲ့ပေရာအလွန်ဒေါသထွက်နေပေသည်။

သို့သော်၎င်းထံတွင်ကံကြမ္မာအားလက်ခံရုံမှလွဲရွေးချယ်စရာမရှိပေ။

"ကျွန်တော်....ကျွန်တော်အညံ့ခံဖို့ရွေးတယ်"

၎င်းသည်ခေါင်းငုံ့ထားရုံသာတတ်နိုင်ပြီး ယခုအချိန်တွင်အသေခံမည့်အစားခေါင်းငုံ့ကာအညံ့ခံလိုက်သည်မှာလည်းကောင်းပေသည်။ အကယ်၍တစ်နေ့တွင်ဤကောင်စုတ်လေးသေသွားပါက သူလည်းလွတ်လပ်မည်မဟုတ်ပေလော။

ကျိုးဟောင်မှာပြုံးလိုက်သည်။ တစ်ဖက်လူသည်သေချာပေါက်ဤဆုံးဖြတ်ချက်အားချလိမ့်မည်ဖြစ်ကြောင်း ကျိုးဟောင်သိပေသည်။ ထို့ကြောင့်ကျိုးဟောင်သည်၎င်း၏ကိုယ်ပေါ်တွင်သားရဲထိန်းချုပ်ကွင်းအား ချက်ချင်းပင်မြှုပ်နှံလိုက်တော့သည်။

ထို့နောက်ချက်ချင်းဆိုသလိုပင် အားတစ်ခုမှာရွှေလင်းယုန်ငှက်ရိုင်းအားထိန်းချုပ်သွားခဲ့ကာ ကျိုးဟောင်မှာမူတစ်ချက်တွေးရုံဖြင့် ဤသားရဲ၏ဘဝအားအချိန်မရွေးအဆုံးသတ်လိုက်နိုင်ပေသည်။

"ကောင်းပြီမင်းဒီမှာဆက်ကျင့်ကြံနေ ဒါပေမဲ့ငါမှာချင်တာက ဒီနေရာကိုတခြားလူမတွေ့သွားစေနဲ့ မဟုတ်ရင်မင်းလည်းသေလမ်းကမလွတ်စေရဘူး သဘောပေါက်လား"

ကျိုးဟောင်မှအမိန့်ပေးလိုက်သည်။

.......

ခေါ်ဆိုမှုအားချိတ်ဆက်လိုက်ချိန်တွင် ပိုင်လင်းလုံ၏အသံထွက်ပေါ်လာခဲ့သည်။

"ကောင်လေး မင်းငါ့ကိုမဆက်သွယ်တာကြာပြီ မင်းလည်းမူလအဆင့်ကိုချိုးဖောက်သွားနိုင်ပြီလို့ကြားတယ် ဂုဏ်ပြုပါတယ်"

ပိုင်လင်းလုံ၏အသံမှာအလွန်ပျော်ရွှင်နေပုံပေါက်နေပေသည်။ မည်သို့ပင်ဖြစ်စေ သူမသည်ကျိုးဟောင်အားပြုစုပျိုးထောင်ပေးခဲ့သူတစ်ယောက်ဖြစ်သည်။ ၎င်းမှာတိုတောင်းသောလှသောအချိန်ကာလတစ်ခုသာဖြစ်သော်ငြား သူတို့နှစ်ယောက်သည်အတော်လေးရင်းနှီးပေသည်။

"နည်းပြပိုင် ကျွန်...ကျွန်တော်နည်းပြကိုဆက်သွယ်ချင်ပါတယ် ဒါပေမဲ့နည်းပြအလုပ်ရှုပ်နေမှာစိုးလို့"

ကျိုးဟောင်မှချောင်းတစ်ချက်ဟန့်ကာပြောလိုက်သည်။

"ဟဟ ဟုတ်ပါပြီမင်းကိုခွင့်လွှတ်ပေးလိုက်မယ် ငါ့ကိုပြော ဘာကိစ္စရှိလို့လဲ"

ပိုင်လင်းလုံမှာပြုံးကာပြောလိုက်ပြီး လုံးဝဂရုမစိုက်ပေ။

"ဒီလိုပါနည်းပြပိုင် ရှုလင်ကိုရှုမိသားစုကခေါ်သွားတာ အခုအဆက်အသွယ်မရတာရက်ပိုင်းလောက်ရှိနေပြီမလို့ ကျွန်တော်စိုးရိမ်နေလို့ အဲဒါ...."

ကျိုးဟောင်မှာယခုလိုမေးရသည်အားရှက်သော်လည်း အားတင်းကာမေးလိုက်ပေသည်။

ပိုင်လင်းလုံမှာထိုစကားအားကြားသောအခါ သူမသည်သဘောပေါက်သွားကာ သက်ပြင်းချလိုက်သည်။

"ဟင်း...ကျိုးဟောင်ငါတကယ်စိတ်မကောင်းပါဘူး ငါမင်းကိုတကယ်မကူညီပေးနိုင်ဘူး ငါတို့နှစ်ယောက်လုံးကအစိမ်းရောင်တိမ်တိုက်ဌာနရဲ့မိသားစု ၁၂ခုထဲကလာတယ်ဆိုပေမဲ့ သူတို့ရဲ့ကိစ္စတွေမှာလုံးဝဝင်စွက်ဖက်ခွင့်မရှိဘူး အဲဒါကြောင့်ငါမင်းကိုအများကြီးမကူညီနိုင်ဘူး"

ထိုစကားအားကြားပြီးနောက် ကျိုးဟောင်မှာအတော်လေးစိတ်ညစ်သွားခဲ့သည်။ ပိုင်လင်းလုံပင်သူ့အားမကူညီနိုင်ပါက ဘယ်သူ့အားအကူအညီသွားတောင်းရမည်နည်း။

ကျူးဇောင်ဆိုပါက ကူညီနိုင်လောက်လားမသိပေ။

သို့သော်ကျိုးဟောင်၏သရုပ်ဖြင့်ဆိုပါက သူသည်ကျူးဇောင်အားလုံးဝဆက်သွယ်လို့မရပေ။ သူ၏စီနီယာကျိုးဟူသောသရုပ်အား ပြန်လည်အသုံးချသင့်သလားဆိုသည်အား ကျိုးဟောင်မှာတွေးတောနေသော်လည်း ဤကိစ္စသည်မသင့်တော်သလိုခံစားရပေသည်။

ထိုအချိန်တွင်ပိုင်လင်းလုံမှပြောလာခဲ့သည်။

"ကျိုးဟောင်မင်းဘာတွေးနေလဲဆိုတာငါသိတယ် ဒါပေမဲ့...ရှုမိသားစုကသာမန်မိသားစုမဟုတ်ဘူး ငါရှုမိသားစုရဲ့အလုပ်လုပ်ပုံတွေကိုလည်းကြားဖူးတယ် အဲဒါကြောင့် မင်းနဲ့‌ရှုလင်ကြားကဆက်ဆံရေးကအတော်လေးခက်ခဲမယ်လို့ခံစားရတယ် ‌ဒါပေမဲ့မဖြစ်နိုင်တာတော့မဟုတ်ပါဘူး"

ပိုင်လင်းလုံ၏ပထမစကားမှာကျိုးဟောင်အားအနည်းငယ်အံ့ဩသွားစေသော်လည်း နောက်စကားမှာကျိုးဟောင်၏အမူအရာအားပြောင်းလဲသွားစေခဲ့သည်။

ပိုင်လင်းလုံထံ၌ ဤသို့ပြောရသည့်အကြောင်းပြချက်ရှိပေသည်။

"နည်းပြပိုင်တစ်ခုခုဖြစ်နေတယ်ဆိုကျွန်တော့်ကိုပြောပြပါ..ကျွန်တော်သိချင်တယ်"

....................................................................................

အခန်း(၄၃၁) ပြီးပါပြီ။

အခန်း (၄၃၂) : စစ်နတ်ဘုရားတပ်ရင်း

ပိုင်လင်းလုံမှာသက်ပြင်းချကာ ခေတ္တမျှချင့်ချိန်စဉ်းစားပြီးနောက်ပြောလာခဲ့သည်။

"ကျိုးဟောင်မင်းအခြေအနေကိုငါသိပါတယ် ပြီးတော့မင်းနဲ့ရှုလင်ကြားဆက်ဆံရေးကိုလည်းသိတယ် ဒါပေမဲ့ရှုမိသားစုကကြီးမားတဲ့အတားအဆီးတစ်ခုပဲ သူတို့ရှုမိသားစုကအကြွင်းမဲ့အာဏာနဲ့စွမ်းအားကိုတန်ဖိုးထားတယ် မင်းကမူလအဆင့်ပညာရှင်တစ်ယောက်ဆိုတော့ သူတို့မင်းကိုအထင်မကြီးတာပုံမှန်ပဲ"

"ဒါပေမဲ့တကယ်လို့မင်း ကောင်းကင်ဘုံအဆင့် ဒါမှမဟုတ်အဲဒီထက်မြင့်တဲ့အဆင့်ကိုရောက်သွားမယ်ဆိုရင်ရော ဒါဆိုရှုမိသားစုကတောင်မင်းကိုတန်ဖိုးထားလာရလိမ့်မယ် ပြီးတော့ကောင်းကင်ဘုံအဆင့်သိုင်းပညာရှင်တွေမှာ အတိုင်းအတာတစ်ခုအထိလုပ်ပိုင်ခွင့်ရှိတယ်"

"အဲဒါကြောင့်မင်းမှာရွေးချယ်စရာနှစ်ခုရှိတယ် တစ်ခုကအကြွင်းမဲ့စွမ်းအားရအောင်လုပ်ရမှာ အဲဒီအချိန်ကျရင်ရှုမိသားစုကဘာမှမတတ်နိုင်ဘဲမင်းကို အလေးအနက်ထားလာရလိမ့်မယ် နောက်တစ်ခုကရှုမိသားစုကမင်းကိုအလေးအနက်ထားလာမဲ့ မြင့်မားတဲ့အဆင့်အတန်းတစ်ခုရအောင်လုပ်ဖို့ပဲ ဒါပေမဲ့အချိန်တိုအတွင်းကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ဖြစ်လာဖို့ဆိုတာ မင်းအတွက်မဖြစ်နိုင်ဘူး မင်းမှာသာမန်ထက်ထူးခြားတဲ့ပါရမီမျိုးရှိရင်တောင်အချိန်လိုသေးတယ် မင်းကစောင့်လို့ရပေမဲ့ ရှုလင်ကတော့မရလောက်ဘူး"

ပိုင်လင်းလုံမှာအမှန်အတိုင်းပြောနေခြင်းသာဖြစ်သည်။ အကြွင်းမဲ့စွမ်းအားရှိမှသာ ရှုမိသားစု၏တန်ဖိုးထားခြင်းခံရမည်ဖြစ်ကြောင်းကို ကျိုးဟောင်သည်လည်းအလိုလိုနားလည်သလို သိလည်းသိပေသည်။ ထို့အပြင်ထိုစွမ်းအားသည်သိုင်းပညာစွမ်းအားမဟုတ်ဘဲ အဆင့်အတန်းသာဖြစ်သည်။

ယခင်ကျိုးဟောင်မှာအချိန်တိုအတွင်းယခုလိုအနေအထားရောက်အောင်တည်ဆောက်ရန်ခက်ခဲနိုင်သော်လည်း ယခုကျိုးဟောင်အတွက်တော့ဖြစ်နိုင်ပေသည်။

ပိုင်လင်းလုံပြောသွားသောစကား၏ဆိုလိုရင်းမှာ ထိုကဲ့သို့သောအဓိပ္ပာယ်မျိုးဖြစ်ကြောင်း ကျိုးဟောင်သဘောပေါက်ပေသည်။

"ပြီးတော့ငါ့ရဲ့လက်ရှိအကြံပြုချက်ကတော့ အဆင့်အတန်းပဲ မင်းရဲ့လက်ရှိခွန်အားနဲ့ဆို မင်းဘာသာနာမည်ရအောင်လုပ်ပြီး ရှုမိသားစုလေးစားလာအောင်လုပ်ဖို့ကအရမ်းခက်နိုင်တယ် အကောင်းဆုံးနည်းလမ်းက ကျောထောက်နောက်ခံရှိတာပဲ ဟင်း....တကယ်လို့မင်းဆရာရှိနေသေးရင်တော့ ဒီကိစ္စကပြီးသွားလောက်ပြီ...ဒါပေမဲ့...ထားလိုက်ပါတော့ မင်းဆရာအကြောင်းမပြောတော့ဘူး"

ပိုင်လင်းလုံမှာသက်ပြင်းချကာ အတော်လေးစိတ်ညစ်သွားခဲ့ပေသည်။

"အဲဒါကြောင့်မင်းအခုလိုအပ်တာကကျောထောက်နောက်ခံပဲ အနည်းဆုံးပဉ္စမမြောက်ကောင်းကင်ဘုံအဆင့်ရှိတဲ့ ကျောထောက်နောက်ခံတစ်ယောက်ပေါ့"

ပိုင်လင်းလုံထိုစကားအားပြောလိုက်ချိန်တွင် ကျိုးဟောင်မှာသက်ပြင်းချလိုက်မိသည်။ ယခုလိုကျောထောက် နောက်ခံမျိုး မည်သည့်နေရာတွင်သွားရှာရမည်နည်း ဤကိစ္စသည်နောက်နေခြင်းပင်မဟုတ်ပါလော။

ထို့အပြင်ဤကိစ္စသည်ကိုယ်ရေးကိုယ်တာကိစ္စဖြစ်ပေရာ စွမ်းအားကြီးလူတစ်ယောက်က ရှုမိသားစုအားဆန့်ကျင်ကာ သူ့အားဘယ်လိုကူညီပေးချင်မည်လဲ ဤကိစ္စသည်စိတ်ကူးသက်သက်သာမဟုတ်ပေလော။

"နည်းပြပိုင်ပြောတဲ့ကိစ္စကိုလည်းလုပ်ဖို့မလွယ်မှာကိုပဲကျွန်တော်စိုးရိမ်မိတယ်"

ကျိုးဟောင်မှာမနေနိုင်ဘဲပြောလိုက်သည်။

ထိုစကားအားကြားသောအခါပိုင်လင်းလုံမှာပြုံးပြီးပြောလာခဲ့သည်။

"တကယ်တော့....အဲဒါကမဖြစ်နိုင်တာလည်းမဟုတ်ပါဘူး ငါတို့လူသားမျိုးနွယ်ကဌာနကြီး ၇ခုရှိတယ်ဆိုပေမဲ့ ငါတို့ဌာနထက်မနိမ့်ကျတဲ့တခြားအဖွဲ့အစည်းတွေလည်းရှိသေးတယ် ပြီးတော့အဲဒီအဖွဲ့အစည်းတွေကြားမှာမှ မင်းအတွက်အသင့်တော်ဆုံးနေရာတစ်ခုရှိတယ်"

ကျိုးဟောင်မှာထိုစကားအားကြားသောအခါခေတ္တမျှကြက်သေသေသွားခဲ့ပြီးနောက် မေးလိုက်သည်။

"ဘယ်နေရာလဲ"

"စစ်နတ်ဘုရားတပ်ရင်းပဲ"

ပိုင်လင်းလုံမှာအသက်ပြင်းပြင်းရှူကာပြောလိုက်သည်။ သူမစကားဆုံးသည်နှင့်ကျိုးဟောင်မှာချက်ချင်းပင်မှင်တက်သွားခဲ့သည်။

"စစ်နတ်ဘုရားတပ်ရင်း"

သူသည်ဤနေရာအကြောင်းသိလည်းမသိသလို ကြားလည်းမကြားဖူးပေ။

"စစ်နတ်ဘုရားတပ်ရင်းရဲ့အဖွဲ့ဝင်တွေကအားလုံး အရမ်းကိုပါရမီရှိကြတဲ့စစ်သည်တွေပဲ သူတို့ကသန္ဓေပြောင်းသားရဲတွေနဲ့စွမ်းအားကြီးရန်သူ‌တွေကိုခုခံရုံတင်မကဘူး လူသားပညာရှင်တွေကိုကြီးကြပ်ဖို့လည်းတာဝန်ယူတယ် ဒါပေမဲ့ဝင်ခွင့်လိုအပ်ချက်ကအရမ်းမြင့်တယ် ပါရမီရှင်တွေပဲဝင်လို့ရတာ"

"ပြီးတော့မင်းမှာ...သေချာပေါက်စစ်နတ်ဘုရားတပ်ရင်းကိုဝင်လို့ရမဲ့အခွင့်အရေးရှိတယ် တကယ်လို့မင်းဝင်ချင်တယ်ဆိုရင် ဝင်ခွင့်လျှောက်ဖို့ငါကူညီပေးလို့ရတယ် အဲဒီအချိန်ကျရင်မင်းဝင်နိုင်မဝင်နိုင်က မင်းအပေါ်ပဲမူတည်မှာ"

ပိုင်လင်းလုံစကားဆုံးသည်နှင့် ကျိုးဟောင်မှာအသက်ပြင်းပြင်းရှူကာ ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်တော်ဝင်မယ်"

ပိုင်လင်းလုံမှာကျိုးဟောင်၏စကားကြောင့်ပြုံးသွားခဲ့သည်။

"မင်းဝင်ချင်ရင်ဝင်လို့ရတယ် ဒါပေမဲ့ စစ်နတ်ဘုရားတပ်ရင်းကအရမ်းအန္တရာယ်များတယ်ဆိုတာတော့မင်းကိုပြောထားရဦးမယ် သူတို့ထမ်းဆောင်တဲ့တာဝန်တွေကအားလုံးအရမ်းအန္တရာယ်များတယ် အက်ကွဲကြောင်းကိုကာကွယ်တာလောက်မရိုးရှင်းဘူး ကမ္ဘာဂြိုဟ်ကအရမ်းကြီးလို့ ဖြစ်လာနိုင်တဲ့အန္တရာယ်တွေအများကြီးရှိတယ်လို့ပြောလို့ရတယ် သူတို့ကရန်သူအားလုံးကိုဖြေရှင်းနေရတာ"

"ဒါပေမဲ့အကျိုးကျေးဇူးကတော့ စစ်နတ်ဘုရားတပ်ရင်းကအဖွဲ့ဝင်ဖြစ်တဲ့လူတွေရဲ့အဆင့်အတန်းနဲ့ လုပ်ပိုင်ခွင့်ကဘယ်အဖွဲ့နဲ့မှမတူဘူး ဘယ်သူကမှစစ်နတ်ဘုရားတပ်ရင်းကို မဆန့်ကျင်ရဲကြဘူး ငါတို့အစိမ်းရောင်တိမ်တိုက်ဌာနတောင်မှမဆန့်ကျင်ရဲဘူး သူတို့ကဌာနတွေရဲ့ကိစ္စတွေမှာအတိုင်းအတာတစ်ခုအထိဝင်မစွက်ဖက်ဘူးဆိုပေမဲ့စစ်နတ်ဘုရားတပ်ရင်းက သေချာပေါက်ငါတို့အစိမ်းရောင်တိမ်တိုက်ဌာနကို အုပ်ချုပ်ခွင့်ရှိတယ်"

ပိုင်လင်းလုံ၏စကားများမှာ ကျိုးဟောင်အားအကြီးအကျယ်ထိတ်လန့်သွားစေခဲ့သည်။ သူသည်ယခုလိုနေရာမျိုးရှိလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။

"ဒါပေမဲ့ ဒီတပ်ရင်းရဲ့လျှောက်ထားခွင့်အချိန်ကာလကမြန်မှာမဟုတ်ဘူး စိတ်ရှည်ရှည်နဲ့စောင့် ငါလည်းမင်းကိုတိကျတဲ့အဖြေမပေးနိုင်သေးဘူး"

ပိုင်လင်းလုံမှပြုံးကာပြောလိုက်သည်။

ကျိုးဟောင်မှာအလွန်ကျေးဇူးတင်ကာ ထုတ်ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် နည်းပြပိုင်"

"ငါ့ကိုကျေးဇူးတင်စရာမလိုဘူး တကယ်တော့ငါဒါကိုမင်းအတွက်ပဲလုပ်တာမဟုတ်ဘူး မင်းဆရာအတွက်လည်းပါတယ်...."

ပိုင်လင်းလုံမှာအသေးစိတ်ထပ်မရှင်းပြသော်ငြား ကျိုးဟောင်နားလည်ပါသည်။

စီနီယာကျိုးသည်ယခုအချိန်တွင်အလိုရှိသူဖြစ်နေပြီး ထိုကိစ္စနှင့်ပတ်သက်ပြီးသူမလည်းဘာမှမလုပ်နိုင်ပေ။ သူမသည်ကျိုးဟောင်စစ်နတ်ဘုရားတပ်ရင်းတွင် ကောင်းစွာတိုးတက်လာပြီး စီနီယာကျိုး၏ကိစ္စအားဆုံးဖြတ်နိုင်မည့်အခွင့်အရေးမျိုးရှိလာနိုင်ရန်လည်း မျှော်လင့်ထားပေသည်။

ထိုအချိန်တွင်တစ်ဖက်ရှိရှုချန်းမှာရုံးခန်းထဲတွင်ထိုင်ရင်း မျက်မှောင်ကြုတ်ကာစ‌ဥ်းစားနေပေသည်။

သူသည်အလွန်တည်ငြိမ်နေသောအမူအရာဖြင့်ပြတင်းပေါက်အပြင်ဘက်သို့ကြည့်ကာ စိတ်ထဲမှတွေးနေမိပေသည့်ကိစ္စမှာ ကျိုးထိုက်မည်သည့်နေရာတွင်သေနေပြီလဲဆိုသောကိစ္စသာဖြစ်သည်။

သူတကယ်သေသွားပါကကိစ္စမရှိသော်လည်း မသေဘဲကျိုးထိုက်မှသူ့အကြောင်းဖော်လိုက်ပါက ဘာလုပ်ရမလဲမသိပေ။

မည်သို့ပင်ဖြစ်စေ ကျိုးထိုက်သည်ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်ဖြစ်သည်။ အကယ်၍သူသေဆုံးသွားပါက ရှုမိသားစုအတွက်မကောင်းပေ။

အကယ်၍ကျိုးထိုက်သည်သန္ဓေပြောင်းသားရဲများ၏သတ်ဖြတ်ခြင်းအားခံလိုက်ရသည်ဆိုပါက ကိစ္စကြီးမဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ နှစ်စဉ်နှစ်တိုင်းသန္ဓေပြောင်းသားရဲများ၏လက်ချက်ဖြင့်သေဆုံးသွားရသောပညာရှင်များစွာရှိပေသည်။

သို့သော်အကယ်၍ ကျိုးထိုက်သည်လူသားပညာရှင်၏ လက်ချက်ဖြင့်သေဆုံးသွားခြင်း သို့မဟုတ် ထိန်းချုပ်ခံထားရခြင်းဖြစ်ပြီး လုပ်ကြံသတ်ဖြတ်မှုအားအဖော်ခံလိုက်ရပါက ရှုချန်းမည်သို့လုပ်ရမည်နည်း။

မည်သို့ပင်ဖြစ်စေကျိုးဟောင်သည်ဌာနမှအထူးပျိုးထောင်ထားသူတစ်ယောက်ဖြစ်ပြီး အတော်လေးစွမ်းအားကြီးသောပညာရှင်တစ်ယောက်ဖြစ်သည်။ အကယ်၍သူ့လုပ်ရပ်သာအဖော်ခံလိုက်ရပါက ဌာနရှိလူများအားဖြေရှင်းချက်ပြန်မပေးနိုင်လောက်ပေ။

ရှုချန်းမှာထိုအကြောင်းအားစဉ်းစားလေ ပိုဒေါသထွက်လေဖြစ်ကာ မျက်နှာတွင်လည်းစိုးရိမ်နေသောအမူအရာများပေါ်လွင်နေပေသည်။

အကယ်၍ကျိုးထိုက်အသက်ရှင်နေသေးပါက သူ့အားနည်းလမ်းရှာကာဆက်သွယ်မည်ဖြစ်သည်။ သို့သော်သူ့အားမဆက်သွယ်လာကတည်းက ကျိုးထိုက်မှာသေဆုံးသွားနိုင်ခြေများပေသည်။

သို့သော်ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်မှာ မူလအဆင့်ပညာရှင်တစ်ယောက်အားသတ်ရာတွင် ဘာကြောင့်ယခုလိုမတော်တဆမျိုးဖြစ်ပေါ်လာမှန်း နားမလည်နိုင်ပေ။

ဤကိစ္စသည်အဓိပ္ပာယ်မရှိပေ။

"ကျိုးဟောင်ရဲ့ဆရာစီနီယာကျိုးလှုပ်ရှားလိုက်လို့များလား သူ့ကိုအလိုရှိစာရင်းထုတ်ထားပြီး ဘယ်နေရာမှာမှရှာမတွေ့တာ ကျိုးဟောင်ဘေးမှာပဲပုန်းနေလို့ဖြစ်နိုင်တယ်"

"ဘယ်လိုဖြစ်ဖြစ် ဒီစီနီယာကျိုးကိုအရင်ကဘယ်သူမှမမြင်ဖူးကြဘူး ဟုတ်တယ် အဲဒီလိုပဲဖြစ်လောက်တယ် စီနီယာကျိုးတစ်ယောက်ပဲကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်ကိုသတ်နိုင်တဲ့စွမ်းအားမျိိုးရှိတာ"

ရှုချန်းမှာအသက်သာပြင်းပြင်းရှူလိုက်မိသည်။ သူပိုစဉ်းစားလေသူ့ခန့်မှန်းချက်ကပိုမှန်လာလေ ဟုခံစားနေရပေသည်။

"စီနီယာကျိုးကသူ့ကိုမသတ်ဘဲ ဖမ်းထားမှာကိုပဲစိုးတယ် တကယ်လို့ငါ့အကြောင်းသာပေါ်သွားရင် ငါတော့သွားပြီ"

ရှုချန်း၏မျက်လုံးများတွင်စိုးရိမ်ကာတွေဝေနေသောအရိပ်အယောင်များပေါ်နေပေသည်။ ခေတ္တမျှစဉ်းစားပြီးနောက် ဤကိစ္စအားအဖေဖြစ်သူကိုပြောပြလိုက်လျှင်ကောင်းမလားဟုတွေးလိုက်မိသည်။

အကယ်၍ဤကိစ္စအားသူ့အဖေသိပါက နှစ်ယောက်ဆွေး‌နွေးကာတန်ပြန်အစီအမံများပြင်ဆင်ထားနိုင်ပေသည်။ ထိုသို့ပြောပြလိုက်ပါက သူ့အဖေသည်ဤပြဿနာအားဖြေရှင်းနိုင်မည့်နည်းလမ်းတစ်ခုရှာပေးနိုင်လောက်ပေသည်။

သို့သော်မဆင်မခြင်လုပ်သည့်အတွက် အဖေဖြစ်သူထံမှအပြစ်တင်ခံရမလားမသိပေ။

ထိုသို့စဉ်းစားပြီးနောက်ရှုချန်းမှာအံကြိတ်ကာဆုံးဖြတ်ချက်ချလိုက်သည်။

သူသည်ဤကိစ္စအားဖြေရှင်းနိုင်မည့်နည်းလမ်းအား အဖေဖြစ်သူမှကူညီရှာဖွေပေးနိုင်ရန်အတွက် အဖေဖြစ်သူအားထိုကိစ္စအကြောင်းဖွင့်ပြောရန်ပြင်လိုက်သည်။

....................................................................................

အခန်း(၄၃၂) ပြီးပါပြီ။

All Chapters