အခန်း (၄၃၆-၄၃၈)
Vol. 30 Ch. 436-438
အခန်း (၄၃၆) : အနက်ရောင်နတ်ဆိုး
ကျိုးဟောင်မျက်မှောင်ကြုတ်မိလိုက်လေသည်။ကောင်းကင်ဘုရင်ကျူးသူ့ဆီလာလည်သည်မှာ စီနီယာကျိုးကိစ္စကြောင့်သာဖြစ်နိုင်လေသည်။ဒါသည် အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းအတွက် ကိစ္စကြီးလည်းဖြစ်ပေသည်။
ကျိုးဟောင်အနေဖြင့်တခုခုကိုစိုးရိမ်နေလေသည်။ ကောင်းကင်ဘုရင်ကျူးမှသူ့အားဘာကိစ္စကြောင့်ရှာနေမှန်း ကျိုးဟောင်မသိပေ။ ဒါပေမဲ့တွေ့ဖို့အတွက်သူသဘောတူလိုက်လေသည်။
"ကောင်းပါပြီ နည်းပြပိုင်... သိပ်မစိုးရိမ်ပါနဲ့ ကျွန်တော်သိပ်သမျှသူ့ကိုပြောပြလိုက်ပါ့မယ်"
ပိုင်လင်းလုံကဘာမှထပ်မပြောတော့ပေသည်။
ပိုင်လင်းလုံဖုန်းချသွားပြီးနောက် ကျိုးဟောင်မှာ သက်ပြင်းချပြီး ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်အားဖွင့်လိုက်လေသည်။
ကျိုးဟောင်အနေဖြင့် ဆော့ဖ်ဝဲလ်ထဲမ၀င်သည်မှာ ကြာပြီဖြစ်သောကြောင့် သူ၀င်လိုက်သည်နှင့် စကားပြောခန်း၌ဆူညံလာလေသည်။
"သခင်ကြီးရောက်လာပြီဟေ့..."
"နောက်ဆုံးတော့သခင်ကြီးပေါ်လာခဲ့ပြီ"
"သခင်ကြီး ဒီတခေါက်ရောဘာတွေလုပ်ပြဦးမှာလဲ "
ကျိုးဟောင်က ထိုစာများကို ပြုံးပြီးကြည့်ပြီးနောက် လျစ်လျူရှုထားလိုက်လေသည်။ ဈေးဆိုင်စာမျက်နှာသို့သာတန်းသွားလိုက်လေသည်။
ကျိုးဟောင်မှာ ပိုက်ဆံအများအပြားမရှိသော်လည်း ဈေးဆိုင်ထဲတွင်ဘာပစ္စည်းကောင်းများရှိမလဲရှာနေလေသည်။ အထူးသဖြင့်သလင်းကျောက်ပြာနှင့်ပတ်သက်သည့်အရာများဖြစ်လေသည်။
သို့သော်အချိန်အတော်ကြာအောင်ရှာခဲ့သော်လည်း ၎င်းနှင့်ပတ်သက်သည့်အကြောင်းများမတွေ့ခဲ့ရပေ။ဒါ့ကြောင့်ကျိုးဟောင်လည်းလျစ်လျူရှုပြီးဆော့ဖ်ဝဲလ်ထဲမှထွက်လိုက်လေသည်။
ထိုအချိန်တွင် တစုံတခုကြောင့် ကျိုးဟောင်မျက်နှာတွင်ပီတိအပြုံးများပြည့်သွားလေသည်။
"ဆရာ ကျွန်တော်သီးခြားဖြစ်တည်နေတဲ့ အသိဉာဏ်ဝိဉာဉ်ကို ဝါးမြိုလို့ပြီးပါပြီ"
ရှောင်ယွီ၏အသံက ကျိုးဟောင်၏စိတ်ထဲတွင် ပေါ်လာခဲ့လေသည်။
"တကယ်မြန်တာပဲ ငါက မင်းတစ်လထက်ပိုပြီးအချိန်ယူရမယ်ထင်ခဲ့တာ"
ကျိုးဟောင်ကပြန်ပြောလိုက်သည်။ ရှောင်ယွီအနေဖြင့် အသိဉဏ်ဝိဉာဉ်ကိုဝါးမြိုနေသည်သာ တစ်လလောက်သာကြာသေးလေသည်။ ဒီလောက်မြန်မြန်ပြီးသွားလိမ့်မည်လို့ ကျိုးဟောင်မထင်ထားခဲ့ပေ။
"ကျွန်တော်လည်း ဒီလောက်မြန်မယ်မထင်ခဲ့ဘူး။ ကျွန်တော် ဝါးမြိုပြီးသွားနောက်မှာတော့ ၎င်းရဲ့ကျန်တဲ့ စက်ပစ္စည်းတွေကိုအပြည့်အ၀ထိန်းချုပ်နိုင်သွားပါပြီ။ သခင် ကျွန်တော့်ကိုလာရှာပါ ကျွန်တော်အကုန်ပြောပြပါ့မယ်"
ရှောင်ယွီ၏စကားကြောင့် ကျိုးဟောင်တယောက်စိတ်လောသွားလေသည်။ ဒါ့ကြောင့် သူသည် အနီရောင်မဟူရာချောက်သို့ အလျင်အမြန်သွားလိုက်လေသည်။
ရှောင်ယွီရှိသော ဂူထဲသို့၀င်လာခဲ့လေသည်။ သို့သော်တူညီသောဂူဖြစ်သော်လည်း ခံစားရသည်မှာ မတူညီပဲထူးခြားနေလေသည်။
"ရှောင်ယွီငါရောက်ပြီ"
ကျိုးဟောင်ကအသံပေးလိုက်လေသည်။
ရုတ်တရက်ပင် ဂူမှာ ပြောင်းလဲသွားပြီး နံရံများရွေ့လျားသွားကာ မဲနက်သောသတ္တုနံရံများပေါ်လာလေသည်။
ပတ်၀န်းကျင်ခုလုံးရှိ မီးများလည်း လင်းလာခဲ့ပြီး စူးရှသော အလင်းတခုပေါ်လာကာ ရှေ့ကို လမ်းအား ထိုးပြနေလေသည်။
ထိုမီးအလင်းပြနေသည့် လမ်းအတိုင်းအဆုံးထိ ကျိုးဟောင်လျှောက်လာခဲ့သည်။လမ်းဆုံးသို့ရောက်သောအခါ ကျိုးဟောင်တယောက်မှင်တက်သွားလေသည်။
ထိုအရာသည် လေယာဉ်မောင်းအခန်းနှင့်ဆင်တူနေပေသည်။ သို့သော်လည်း ၎င်းမှာ အရမ်းရိုးရှင်းပြီး ထိုင်ခုံတလုံးနှင့် အချက်အလက်များပြသနေသော ဖန်သားပြင်တခုသာပါရှိလေသည်။
"ဒါ...ဒါကြီးက အာကာသယာဉ်ပျံလား"
ကျိုးဟောင်မှာ အာကာသယာဉ်များအကြောင်းအနည်းအကျဉ်းသိလေသည်။ လက်ရှိလူသားများ၏လေယာဉ်ပျံများမှာလည်း အတော်တိုးတက်နေပြီး ၎င်းနှင့်ဆင်တူလေသည်။ သို့သော်လူသားတို့၏တိုက်လေယာဉ်များမှာ အဆင့်မြင့်သော်လည်း ဒီအာကာသယာဉ်ကြီးကတော့ နောက်တဆင့်ကိုရောက်နေသည့် နည်းပညာမျိုးဖြစ်လေသည်။
"အနက်ရောင်နတ်ဆိုးကနေ သခင့်ကိုကြိုဆိုပါတယ်"
ယာဉ်မောင်းအခန်းတံခါးပွင့်သွားပြီး ရှောင်ယွီ၏အသံသည်စိတ်ထဲ၌ပေါ်လာခဲ့လေသည်။
"အနက်ရောင်နတ်ဆိုးဟုတ်လား မင်းဘာကိုဆိုလိုချင်တာလဲ"
ကျိုးဟောင် ကပြန်မေးလိုက်လေသည်။
"ဒါကဒီလိုပါသခင် အနက်ရောင်နတ်ဆိုးဆိုတာထင်ရှားကျော်ကြားတဲ့ တိုက်ပွဲယာဉ်တစင်းပါ။ ဘာလို့အဲ့လိုခေါ်ရတာလဲဆိုတော့ ၎င်းကို အနက်ရောင်နတ်ဆိုးကျောက်တုံးကနေဖန်တီးထားတာမို့ပါ။ ၎င်းက တခုလုံးမဲနက်နေပြီး အရမ်းလည်းမြန်ပါတယ်။ ပြီးတော့ ၎င်းရဲ့တိုက်ခိုက်ရေးစွမ်းရည်ကလည်း နတ်ဆိုးတကောင်လိုမျိုးကြမ်းတမ်းပြင်းထန်ပါတယ်။ အခု ဒီယာဉ်ပျံရဲ့ အသိဉာဏ်ဝိဉာဉ်ကို ကျွန်တော်ဝါးမြိုပြီးသွားပါပြီ ဒါ့ကြောင့် ဒီယာဉ်ပျံကိုသခင်ပိုင်သွားပါပြီ"
ရှောင်ယွီက သေချာရှင်းပြလေသည်။
ကျိုးဟောင်မှာ အံ့ဩနေသော်လည်း ချက်ချင်းပင်လက်ခံလိုက်လေသည်။ ထို့နောက်သူသည် ထိုင်ခုံမှာထိုင်လိုက်လေသည်။ ကျိုးဟောင်မှာ မိုးပြာရောင်နဂါးဘုရင်ဆီမှာ အခြားလူမျိုးစုများအကြောင်းကိုသိရှိခဲ့ပြီးဖြစ်သောကြောင့် ဒီအာကာသယာဉ်များမြင်ရချိန်တွင် အရမ်း မအံ့ဩသွားခဲ့ပေ။
ဒီ.....
ထိုအချိန်တွင် ဖန်သားပြင်ပေါ်၌ ယာဉ်တခုလုံး၏ အသွင်အပြင်မှာ ပေါ်လာခဲ့လေသည်။ ၎င်းမှာဘဲဥပုံသဏ္ဌန်ရှိပြီး အစွန်းနှစ်ဖက်တွင်လည်း ကြီးမာသော အရိုးသဏ္ဌန်အချွန်နှစ်ချောင်းလည်းရှိလေသည်။၎င်းမှာ ရက်စက်ပြီးကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးသရဖူနှင့်ဆင်တူလေသည်။
"သခင်အခုမြင်နေရတာကတော့ ဒီယာဉ်ပျံရဲ့ အသွင်အပြင်ပါပဲ။ ဒါပေမဲ့ အခု ဒီယာဉ်က အပြင်းအထန်ထိခိုက်ထားပြီး တချို့အရာတွေကိုလုပ်ဆောင်လို့မရသေးပါဘူး။ ပျံသန်းဖို့အတွက်လည်းခက်ခဲနေပြီး အခြေခံလုပ်ငန်းစဉ်များလောက်သာလုပ်ဆောင်နိုင်တော့တယ်။ သို့ပေမဲ့ ငှက်မွှေးတထောင်ချပ်၀တ်လိုပဲ ၎င်းက ကိုယ့်ဟာကိုယ်ပြန်လည်ပြုပြင်နိုင်စွမ်းရှိပါတယ်။ ငှက်မွှေးတစ်ထောင်ချပ်၀တ်နဲ့မတူတာက ၎င်းမှာ စွမ်းအင်လိုအပ်မှုက နှိုင်းမရအောင်များပြားတာပဲ"
ရှောင်ယွီစကားဆုံးသောအခါ အနီစက်များနှင့်အတူယာဉ်ပုံစံ၏သုံးဖက်မြင်ရုပ်လုံးကြွပုံတခုပေါ်ပေါက်လာလေသည်။ ထိုအနီစက်များမှာ ထိခိုက်ပျက်စီးနေသောနေရာများဖြစ်ကြောင်းကျိုးဟောင်သိလိုက်ပေသည်။ သေချာကြည့်ရှုပြီးနောက်မှာတော့ ယာဉ်၏၉၀%မှာ ထိခိုက်ပျက်စီးထားကြောင်း ကျိုးဟောင်သဘောပေါက်လိုက်လေသည်။
"ဒါက အတော်ကြီးကို ထိခိုက်ပျက်စီးထားတာပဲ ပြန်ပြင်လို့ရပါ့မလား"
ကျိုးဟောင် စိုးရိမ်တကြီးမေးလိုက်သည်။
"သခင် ဒီအနက်ရောင်နတ်ဆိုးယာဉ်ပျံရဲ့ အဓိကအထောက်အပံ့ဓာတ်ပေါင်းဖိုက ဒီမှာမရှိဘူး။ တကယ်လို့အဲ့တာသာရှိမယ်ဆိုရင် ပြန်လည်ပြုပြင်ဖို့ကခဏလေးပါပဲ"
ရှောင်ယွီကပြောလိုက်လေသည်။ထိုစကားကကျိုးဟောင်အားတစုံတခုကိုချက်ချင်းတွေးမိသွားစေလေသည်။
"အဓိကဓာတ်ပေါင်းဖို.... အဲ့တာက သက်လင်းကျောက်ပြာလား"
ကျိုးဟောင်ကမေးမိလိုက်သည်။
"ဟုတ်.. ဟုတ်ပါတယ်သခင်"
ကျိုးဟောင်စကားကြောင့် ရှောင်ယွီလည်း အနည်းငယ်အံ့ဩသွားပြီးနောက် ချက်ချင်းပြန်ဖြေလိုက်လေသည်။
"အဲ့တာဘယ်နေရာမှာ ရှိလဲ ငါသိတယ်"
ကျိုးဟောင်ကစိတ်လှုပ်တရှားပြောလိုက်လေသည်။ ထိုသလင်းကျောက်ပြာအား ရွှေလင်းယုန်ငှက်ရိုင်းကစောင့်ရှောက်နေလေသည်။
"ကောင်းလိုက်တာဗျာ အဲ့သလင်းကျောက်ပြာကရှေးဟောင်းမျိုးနွယ်စုတခုရဲ့ ပစ္စည်းပဲ။ ၎င်းမှာ မကုန်ခမ်းနိုင်တဲ့ စွမ်းအင်တွေရှိပြီး ယာဉ်ပျံကိုလည်းဆက်တိုက် စွမ်းအင်ပေးနိုင်တယ်။ ပြီးတော့ တပြိုင်ထဲမှာလည်း သခင့်ကို ကျင့်ကြံဖို့ စွမ်းအင်အနှစ်သာရတွေလည်း အဆုံးမရှိထောက်ပံ့နိုင်တယ်။ သခင်အဲ့ါအခုဘယ်မှာရှိလဲ ကျွန်တော်တို့သွားပြန်ယူကြရအောင်"
ရှောင်ယွီက အလောတကြီးပြောလာလေသည်။ ထိုသလင်းကျောက်ပြာအားပြန်ယူနိုင်ပါက ယာဉ်ပျံအားပြန်လည်ပြုပြင်ရသည်မှာ ပိုမြန်သွားလေမည်။
"ကောင်းပြီလေ"
ကျိုးဟောင်က ပြောပြီး ချက်ချင်းပင် ငှက်မွှေးတစ်ထောင်ချပ်ဝတ်အားပြောင်းလဲလိုက်လေသည်။ ရှောင်ယွီကလည်း ယာဉ်ပျံအားအသက်သွင်းလိုက်လေသည်။ ရုတ်တရက်တောင်ကြီးတခုလုံးတုန်ခါလာလေသည်။ ကြီးမားသောအရာကြီးတခု မြေအောက်ထဲမှထွက်လာသည်ကိုလည်း ကျိုးဟောင်ခံစားလိုက်မိလေသည်။
သူ့ရှေ့တွင်ရှိသော ဖန်သားပြင်မှာလည်းဖောက်ထွင်းမြင်နိုင်သောမှန်အဖြစ်ပြောင်းလဲသွားပြီး အပြင်ဘက်ရှိမြင်ကွင်းများကို မြင်နိုင်လာလေသည်။
ကျိုးဟောင်က တည်နေရာများအတိအကျသတ်မှတ်ပေးလိုက်သောအခါ ရှောင်ယွီကမောင်းနှင်သွားလေသည်။ သိပ်မကြာခင်ပင် သူတို့သည် ရွှေလင်းယုန် ငှက်ရိုင်းရှိသောနေရာသို့ရောက်လာကြလေသည်။
ရွှေလင်းယုန်ငှက်ရိုင်းမှာ အလွန်ထိတ်လန့်သွားသော်လည်း ငွေရောင်ချပ်၀တ်နှင့်ကျိုးဟောင်အားမြင်လိုက်တော့မှ သက်ပြင်းချနိုင်လေသည်။
"သခင်ကြီး ဘာ ....ဘာဖြစ်လို့ပါလဲ"
ရွှေလင်းယုန်ငှက်ရိုင်းမှာ ထိုမဲမဲသဏ္ဌာန်ကြီးအား ဘာမှန်းမသိသောကြောင့် အလွန်ကြောက်လန့်နေလေသည်။
"မင်းမသိသင့်တာကို မမေးစမ်းနဲ့"
ကျိုးဟောင်က ဒီလိုအရာမျိုးများအား မပေါက်ကြားလိုသောကြောင့် ရွှေလင်းယုန်ငှက်ရိုင်းအား ဘာမှပြန်မပြောခဲ့ပေ။
ရှောင်ယွီက ယာဉ်ပျံအားထိန်းချုပ်မောင်းနှင်လိုက်ပြီး ထူးဆန်းသော အလင်းတန်းတခုအားဂူထဲသို့ထိုးချလိုက်လေသည်။ သလင်းကျောက်ပြာအား တဖြေးဖြေးချင်း ယာဉ်ပျံဆီသို့စုပ်ယူနေလေသည်။
သလင်းကျောက်ပြာယာဉ်ပျံဆီသို့ရောက်ရှိလာချိန်တွင် အဆုံးမရှိသော စွမ်းအင်အနှစ်သာရများထိုအခန်းထဲမှ ထွက်ပေါ်လာသည်ကိုကျိုးဟောင်ခံစားလိုက်ရလေသည်။
....................................................................................
အခန်း (၄၃၆) ပြီးပါပြီ။
အခန်း (၄၃၇) : ကျူးဇောင်ရဲ့တောင်းဆိုမှု
"သခင် ယာဉ်ပျံရဲ့အဓိကစွမ်းအင်ဓာတ်ပေါင်းဖိုကိုပြန်လည်စုပ်ယူပြီးပါပြီ။ ဒီအာကာသယာဉ်ကိုပြန်ပြင်နိုင်ဖို့အတွက် ကျွန်တော်တို့ အချိန်တခုလောက်ပဲလိုပါတော့တယ်"
ကျိုးဟောင်မှာဒီကြီးမားသောယာဉ်ပျံကြီးကိုကြည့်ပြီးစိတ်ပူနေလေသည်။
"ရှောင်ယွီမင်း ဒီယာဉ်ပျံကြီးကိုဖွက်ထားသင့်တယ်။ ဒါကြီးက အရမ်းကြီးမားပြီး သံသယဖြစ်ဖွယ်ကောင်းတယ်"
ဒီအာကာသယာဉ်မှာ နောင်တချိန်သူအာကာသထဲသို့သွားသည့်အချိန်မှလိုအပ်မည်ဖြစ်ပြီး အခုချိန်တွင် အသုံးမ၀င်ကြောင်းကျိုးဟောင်သဘောပေါက်လေသည်။
ရှောင်ယွီလည်း ဘာမှမပြောတော့ပဲ ထိုလေယာဉ်ပျံကြီးအား မြေကြီးထဲသို့ တိုး၀င်နှစ်မြှုပ်လိုက်လေသည်။ ၎င်းမှာ မြေကြီးအောက်မီတာ၁၀၀အထိနစ်၀င်သွားပြီး ၎င်း၏အရှိန်အဝါကိုလည်း ဖုံးကွယ်ထားလိုက်လေသည်။
"ရွှေလင်းယုန်ငှက်ရိုင်း ဒီနေ့ကိစ္စကိုဘယ်သူ့ကိုမှမပြောရဘူး။ ပြီးတော့ မင်းတာ၀န်က ဒီယာဉ်ပျံကြီးကိုစောင့်ရှောက်ရမယ် တကယ်လို့ တခုခုဖြစ်ခဲ့ရင်တော့ မင်းအသေဆိုးနဲ့ သေရမယ်"
ကျိုးဟောင်မှာ ရွှေလင်းယုန်ငှက်ရိုင်းအားအမိန့်ပေးလိုက်လေသည်။ရွှေလင်းယုန်ငှက်ရိုင်းမှာလည်း ချက်ချင်းသဘောတူလိုက်လေသည်။
ကျိုးဟောင်အနေဖြင့်ရှောင်ယွီ၏အသိဉာဏ်ဝိဉာဉ်မှာ ဘယ်လောက်အဆင့်ရှိသလဲမသိသော်လည်း ဒီအနက်ရောင်နတ်ဆိုးယာဉ်ပျံ၏အသိဉာဏ်ဝိဉာဉ်ထက်တော့ သန်မာကြောင်းသေချာလေသည်။ အကြောင်းမှာ ရှောင်ယွီမှာ ယာဉ်ပျံအားမောင်းနှင်နေရင်း ငှက်မွှေးတထောင်ချပ်၀တ်ရှိလုပ်ငန်းစဉ်များကိုလည်းဆောင်ရွက်နေသေးသည်။ တနည်းဆိုရလျှင် ရှောင်ယွီအနေဖြင့် ကမ္ဘာကြီးရဲ့ ဘယ်နေရာကနေမဆို ငှက်မွှေးတထောင်ချပ်၀တ်နှင့် နတ်ဆိုးနက် ယာဉ်ပျံအား ထိန်းချုပ်နိုင်လေသည်။
ကျိုးဟောင်မှာဒီကိစ္စနှင့်ပတ်သက်ပြီး အံ့ဩနေလေသည်။ သို့သော်လည်း ရှောင်ယွီကသေချာရှင်းပြထားလေသည်။
"ကမ္ဘာကြီးကကျွန်တော့်အတွက်သေးငယ်လွန်းတယ်။ ကျွန်တော့်ရဲ့ အချက်ပြလက်ခံနိုင်စွမ်း စကြာ၀ဠာအဆင့်မှာရှိတယ်။ ဒါ့ကြောင့် ကမ္ဘာကြီးတခုလုံးကိုကျွန်တော့်ရဲ့ အချက်ပြကြိမ်နှုန်းတွေနဲ့ လွှမ်းခြုံထားလို့ရတယ်။ ကျွန်တော့်ရဲ့အားအင်အပြည့်အ၀ရှိချိန်ဆို နေစကြ၀ဠာတခုလုံးဖုံးလွှမ်းနိုင်တယ်"
ရှောင်ယွီ၏စကားကြောင့်ကျိုးဟောင်ထိတ်လန့်သွားလေသည်။ အချက်ပြစနစ်တခုလုံးက ကမ္ဘာဂြိုဟ်ကြီးကို လွှမ်းမိုးနိုင်သည့်အချက်က ကမ္ဘာမြေပေါ်ရှိ လူသားမျိုးနွယ်ရော စက်ယန္တရားမျိုးနွယ်များပါ မလုပ်နိုင်သည့်အရာဖြစ်လေသည်။
ကျိုးဟောင်တယောက် အိမ်ရာသို့ပြန်ရောက်သောအခါ ကောင်းကင်ဘုရင်ကျူးဆီမှ သတင်းတခုကိုရလိုက်လေသည်။ ကျိုးဟောင်လည်း စစ်သူကြီးအိမ်ရာတွင် အသင့်ပြင်ဆင်ပြီးစောင့်နေခဲ့လေသည်။
သို့သော်လည်း ကောင်းကင်ဘုရင်ကျူးသည်ဒီတကြိမ်လာရောက်သည့်ပုံစံမှာ ရှုချန်းတို့လိုလေယာဉ်ပျံဖြင့်မဟုတ်ဘဲ တိတ်တဆိတ်လာခဲ့ခြင်းဖြစ်လေသည်။
ကောင်းကင်ဘုရင်ကျူးရဲ့ ကျင့်ကြံအားကြောင့် သာမန်လေယာဉ်များကတော့ သူ၏ရွေ့လျားနှုန်းကိုမယှဉ်နိုင်ပေ။
"ကျိုးဟောင်မတွေ့ရတာကြာပြီ မင်းမူလအဆင့်ကိုဒီလောက်ခပ်မြန်မြန်ထိုးဖောက်နိုင်လိမ့်မယ်လို့မထင်ထားဘူး"
ကျူးဇောင်မှာအရင်တုန်းကလိုပဲ ဖော်ဖော်ရွေရွေရှိစဲဖြစ်လေသည်။
"ကောင်းကင်ဘုရင်ကျူးကို နှုတ်ဆက်ပါတယ်"
ကျိုးဟောင်ကအလျင်အမြန်ပင်နှုတ်ဆက်လိုက်လေသည်။
ကျိုးဟောင်မှာ ဒီလူနှင့်အကြိမ်ပေါင်းများစွာဆက်ဆံဖူးသော်လည်း ထိုအချိန်များမှာ စီနီယာကျိုးဆိုသော အသွင်ဖြင့်ဖြစ်လေသည်။ ယခုလိုကျိုးဟောင်အသွင်အပြင်နှင့်က ပထမဆုံးအကြိမ်ဆုံဖူးခြင်းဖြစ်လေသည်။
"အရမ်းယဉ်ကျေးနေဖို့မလိုပါဘူး ကျိုးဟောင် ငါ ပိုင်လင်းလုံဆီကနေ မင်းစစ်နတ်ဘုရားတပ်ရင်းကို ၀င်ချင်တဲ့အကြောင်းကြားပြီးပြီ။ အစကမင်းရဲ့ နောက်ခံအင်အားနဲ့ဆို ၀င်ဖို့မလွယ်ဘူး။ စစ်နတ်ဘုရားတပ်ရင်းဆိုတာ ဌာနကြီး၇ခုကို စောင့်ကြည့်ထိန်းချုပ်တဲ့ အဖွဲ့အစည်းကြီးပဲ။ မင်းအနေနဲ့ ထူးချွန်ယုံသာမက နောက်ခံအင်အားကြီးကြီးမားမား ရှိဖို့လည်းလိုအပ်တယ်"
" ဒါပေမဲ့ ငါမင်းကို ၀င်ခွင့်ပြုလိုက်မယ် အဲ့တာကလည်းငါရဲ့စိတ်ဆန္ဒတခုကြောင့်ပဲ"
ကောင်းကင်ဘုရင်ကျူးကထိုသို့ပြောလိုက်သောအခါ ကျိုးဟောင်မှာ မျက်လုံးများမှေးပြီးကြည့်လိုက်လေသည်။
"မင်းဆရာကြောင့်ဆိုတာ မင်းခန့်မှန်းမိမယ်လို့ ငါသိပါတယ်"
ကျူးဇောင်ကအေးဆေးတည်ငြိမ်သောအသံဖြင့်ပြောလိုက်သည်။ ကျူးဇောင်၊ ပိုင်လင်းလုံ နှင့် သူနှင့်အတူတိုက်ခိုက်ဖူးသောသူများက စီနီယာကျိုးကလူသားတို့၏အန္တရာယ်လို့ ဘယ်သူမှ မထင်ကြပေ။အထက်ကအမိန့်ကြောင့်သာ သူတို့အနေဖြင့်အခက်တွေ့နေကြခြင်းဖြစ်လေသည်။
သူတိူ့အနေဖြင့်ထိုအမိန့်အားစောဒတက်ပြီး မေးခွန်းများပြန်ထုတ်ကြသော်လည်း နောက်ဆုံးတော့ ဘယ်သူမှ မပြောင်းလဲနိုင်ခဲ့ပေ။
"ကောင်းကင်ဘုရင်ကျူး.... ကျုပ်ဆရာကိုဘာလို့ ဖမ်းဖို့ကြိုးစားကြတာလဲ"
ကျိုးဟောင်ကမေးလိုက်လေသည်။
"ကောင်းပြီ ကိစ္စတွေကပြောင်းလဲဖို့ခက်တယ် ဒါပေမဲ့စိတ်မပူပါနဲ့ မင်းဆရာရဲ့သဲလွန်စကိုခုထိဘယ်သူမှမရှာနိုင်ကြသေးဘူး။ သူတို့အနေနဲ့ဖမ်းချင်ရင်တောင်အတော်ခက်ခဲလိမ့်မယ် ငါတို့အနေနဲ့သူ့ကိုစိတ်ပူနေဖို့မလိုဘူး ဒါပေမဲ့ငါတကယ်စိတ်ပူနေတာကတော့မင်းပဲ"
ကျူးဇောင်ကခေါင်းညိတ်ပြီးပြောလိုက်လေသည်။
ကျူးဇောင်က ကျိုးဟောင်အားကြည့်ပြီးဆက်ပြောလေသည်။
"စစ်နတ်ဘုရားတပ်ရင်းကို၀င်တာ အရမ်းကိုအန္တရာယ်များတယ် ဒါပေမဲ့ မင်းအတွင်တိုးတက်နိုင်မယ့်အခွင့်အရေးတွေက အဆုံးမဲ့ပဲ။ စစ်နတ်ဘုရားတပ်ရင်းဆိုတာ လူသားမျိုးနွယ်လက်ရွေးစင်ထဲက ထပ်မံရွေးချယ်ထားတဲ့လက်ရွေးစင်တွေပဲ။ စစ်နတ်ဘုရားတပ်ရင်းကို၀င်ဖို့အခြေခံလိုအပ်ချက်ကတော့ မူလအဆင့်ပညာရှင်ဖြစ်ဖို့ပဲ မင်းအနေနဲ့ အဲ့ကိစ္စကိုလည်း ဖြစ်မြောက်အောင်လုပ်ခဲ့ပြီးသားပါ"
"အရိုးသားဆုံးပြောရရင် အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းရဲ့ အထက်လူကြီးတယောက်အနေနဲ့ မင်းကို မ၀င်စေချင်ဘူး ဒါပေမဲ့ မင်းရဲ့တကိုယ်ရေတိုးတက်ဖို့အတွက်ဆိုရင်တော့ မင်း၀င်သင့်တယ်။ ဒါကလည်း ငါဒီလိုလျှို့ဝှက်လာတွေ့ဆုံရခြင်းအကြောင်းအရင်းပဲ"
"မင်းကို စစ်နတ်ဘုရားတပ်ရင်းကို၀င်ဖို့ထောက်ခံပေးလိုက်တဲ့လူကငါဆိုတာကိုမသိစေချင်ဘူး။အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းက တယောက်ယောက်၀င်စွက်ဖက်လာမှာကိုငါစိတ်ပူတယ်။ ဘယ်သူလဲဆိုတာတော့ မင်းခန့်မှန်းမိမှာပါ"
ကျူးဇောင်မှာ စကားဆုံးသောအခါ သူ့အိတ်ထဲမှရွှေရောင်တံဆိပ်တခုကိုထုတ်ပေးလိုက်သည်။
"ဒီတံဆိပ်က မင်းဘယ်သူလဲဆိုတဲ့အချက်အလက်ပဲ။ ဒါပေမဲ့ မင်းအနေနဲ့ အကဲဖြတ်မှုကိုတော့ဖြတ်ကျော်ရဦးမယ်။ အကဲဖြတ်မှုကဘယ်လိုလဲဆိုတာငါမသိဘူး။ မင်းကိုသိတဲ့တယောက်ယောက်ဆက်သွယ်လာလိမ့်မယ်"
ကျူးဇောင်ကကျိုးဟောင်၏ပုခုံးလေးကိုပုတ်ပြီးပြောလိုက်လေသည်။
"ငါ့အနေနဲ့ တောင်းဆိုစရာတခုပဲရှိတယ်။ မင်းအနေနဲ့ စစ်နတ်ဘုရားတပ်ရင်းထဲရောက်သွားအချိန်ကျ မင်းဆရာကို ကာကွယ်နိုင်မယ့်နည်းလမ်းကိုရှာဖွေပါ နားလည်လား..."
ကျူးဇောင်စကားဆုံးသောအခါ ကျိုးဟောင်တယောက်ပြုံးလိုက်လေသည်။
"ကောင်းကင်ဘုရင်ကျူး စိတ်မပူပါနဲ့ ကျုပ်ကြိုးစားမှာပါ"
ကျိုးဟောင်အနေဖြင့် စီနီယာကျိုးမှာ ပေါ်မလာတော့မည်ဖြစ်သောကြောင့် စိတ်ပူစရာမလိုကြောင်းပြောချင်နေခဲ့ပေသည်။
"ကောင်းပြီ ငါအရင်သွားနှင့်မယ်။ မင်းအနေနဲ့ ချူမြို့ဆီပြန်သွားဖို့အချိန်တပတ်ရမယ်။ ဘာလို့လဲဆိုတော့ စစ်နတ်ဘုရားတပ်ရင်းကို၀င်ပြီးတာနဲ့ ချုမြို့ဆီအချိန်အတော်ကြာတဲ့အထိမပြန်နိုင်တာမျိုးဖြစ်နိုင်တယ်"
ကျူးဇောင်မှာ ကျိုးဟောင်၏ကိုယ်ရေးအချက် အလက်များကိုသေချာသိသောကြောင့် လုပ်သင့်သည်များကိုပြောပြလေသည်။
"နားလည်ပါပြီ"
ကျိုးဟောင်က ခေါင်းညိတ်ပြီးပြောလိုက်လေသည်။
"မဟူရာချောက်မြို့အတွက်ကတော့စိတ်မပူပါနဲ့ ယင်ဖုန်းတို့အဖွဲ့ရှိတာကြောင့် ယွမ်ချန်းတို့ကိုစိတ်ချလို့ရပါတယ်။ ပြီးတော့လည်း ဒါကလည်းလေ့ကျင့်ရေးတာ၀န်တခုပဲလေ မင်းအနားမှာ သူတို့အတွက် အခွင့်အရေးပိုရတာပေါ့"
ကျိုးဟောင်မှာ မူလအဆင့်ပညာရှင်ဖြစ်သောကြောင့် အမြဲတမ်းသူတို့အား ကာကွယ်ဖို့တာ၀န်ရှိခဲ့လေသည်။ ဒါ့ကြောင့် သူတို့၏တိုးတက်မှုမှာနှောင့်နှေးသလိုဖြစ်ရလေသည်။ တကယ့်ကိုယ်ရည်ကိုယ်သွေးသည် ဖိအားများအောက်တွင်ရှိချိန်မှ တိုးတက်နိုင်မည်ဖြစ်လေသည်။
"ကျွန်တော်သဘောပေါက်ပါပြီ"
ကျိုးဟောင်ကပြုံးပြီးပြောလိုက်သည်။
"ကောင်းပြီ ငါပြောချင်တာကတော့ကုန်ပြီ မင်းမနက်ဖြန်ကစပြီး ချူမြို့ကိုပြန်သွားလို့ရပြီ"
ထိုသို့ပြောပြီးနောက် ကောင်းကင်ဘုရင်ကျူးမှာထွက်သွားလေသည်။
ကျိုးဟောင်အနေဖြင့် စစ်နတ်ဘုရားတပ်ရင်း၏ အဖွဲ့၀င်မဖြစ်သေးသောကြောင့် သူထိုနေရာသို့၀င်မည့်အကြောင်းကိုမပြောပြသေးပေ။ သူ့အနေဖြင့်ကိုယ်ရေးကိုယ်တာကိစ္စများလုပ်စရာရှိသောကြောင့် ထွက်သွားရသည်လို့သာပြောလေသည်။
သေချာစဉ်းစားကြည့်တော့မှ သူ့အနေဖြင့်အိမ်မပြန်ဖြစ်သည်မှာ အတော်ကြာခဲ့လေပြီ။ သူ့မိဘများနှင့်အမြဲဆက်သွယ်ဖြစ်သော်လည်း လူချင်းတွေ့သည်နှင့်တော့မယှဉ်နိုင်ပေ။ ဒါ့ကြောင့်ကျိုးဟောင်အနေဖြင့် အိမ်ပြန်ချင်နေခဲ့လေသည်။
....................................................................................
အခန်း (၄၃၇) ပြီးပါပြီ။
အခန်း(၄၃၈): အိမ်အပြန်ခရီး
နောက်တနေ့မနက်တွင်ကျိုးဟောင်မှာအနီရောင်မဟူရာချောက်မှထွက်ခွာလာပြီး လေယာဉ်စီးကာချူမြို့သို့ပြန်လာခဲ့လေသည်။
ဒီအိမ်အပြန်ခရီးမှာလျှို့ဝှက်ချက်ဖြစ်သောကြောင့် ကျိုးဟောင်တွင်တွေ့စရာသူငယ်ချင်းများစွာရှိသော်လည်းမတွေ့ရန်ဆုံးဖြတ်လိုက်လေသည်။
ကျိုးဟောင်ချူမြို့သို့ပြန်ရောက်ချိန်တွင် နေ့လည်ခင်းရောက်နေပြီဖြစ်သည်။ သူသည်ယန်ဥယျာဉ်အိမ်ရာရှိအိမ်သို့အလျင်အမြန်ပြန်ရန်ပြင်ဆင်လေသည်။
သူအိမ်သို့ပြန်ရောက်သောအခါရင်းနှီးသောမျက်နှာတခုအားတွေ့လိုက်ရသောကြောင့်အံ့ဩသွားလေသည်။
ရှုလင်...
ထိုသူမှာရှုလင်ဖြစ်နေလေသည်။ ရှုလင်ကိုဒီမှာတွေ့ရလိမ့်မည်လို့ကျိုးဟောင်မထင်ထားခဲ့ပေ။ ရှုလင်မှာသူ၏မိဘများနှင်ပျော်ပျော်ပါးပါးစကားပြောနေလေသည်။ သူ့မိဘများမှာလည်းပျော်ရွှင်နေလေသည်။ကျိုးဟောင်မှာ အသက်၀၀ရှုလိုက်ပြီးနောက်အိမ်ထဲ၀င်လာခဲ့လေသည်။
"အမေ... အဖေ သားပြန်ရောက်ပြီ"
ကျိုးဟောင်ရုတ်တရက်ပြန်ရောက်လာသောကြောင့် ၀မ်ရှုယွင်နှင့်ကျိုးရွှယ်ကောနှစ်ယောက်လုံး အလွန်စိတ်လှုပ်ရှားနေကြလေသည်။
"ရှောင်ဟောင်မင်းပြန်လာပြီ..."
၀မ်ရှုယွင်၏မျက်လုံးများမှာ ရဲတွတ်နေလေသည်။သူမအနေဖြင့်သူမသားကိုမတွေ့ရသည်မှာကြာပြီဖြစ်သောကြောင့်အလွန်အမင်းစိတ်လှုပ်ရှားနေလေသည်။ကျိုးရွှယ်ကောလည်းအတူတူပင်ဖြစ်လေသည်။သူ့မှာစိတ်လှုပ်ရှားလွန်း၍စကားတောင်မပြောနိုင်ကြပေ။
ရှုလင်မှာလည်း သူတို့နှစ်ယောက်မတွေ့ရသည်မှာရက်သတ္တပတ်အနည်းငယ်ကြာပြီဖြစ်သောကြောင့် ကျိုးဟောင်၏မိဘနှစ်ပါးသာမရှိပါကကျိုးဟောင်၏ရင်ခွင်ထဲတိုးဝှေ့ကာငိုမိမည်ဖြစ်လေသည်။
ကျိုးဟောင်က ရှုလင်အားကြည့်လိုက်လေသည်။ရှုလင်မှာသူပို့ထားသောစာများအားအကြောင်းမပြန်ခဲ့ပေ။သူမအနေဖြင့်ကျိုးဟောင်အားထိခိုက်စေမှာကိုစိုးရိမ်၍ဖြစ်ကြောင်းကျိုးဟောင်နားလည်လေသည်။ သူမ၏ဆက်သွယ်ရေးကိရိယာမှာလည်းစောင့်ကြည့်ခံထားရကြောင်းသေချာပေသည်။
"ရှုလင်ဘာလို့ဒီရောက်နေတာလဲ"
ကျိုးဟောင်ကပြုံးပြီးမေးလိုက်လေသည်။
"အမ်... ငါ..ငါ ချူမြို့ကလုပ်စရာလေးရှိလို့လာရင်းနဲ့လမ်းကြုံ...."
ရှုလင်မှာစိတ်လှုပ်ရှားနေပြီး မျက်နှာလေးမှာလည်းရဲလာလေသည်။
"ရှုလင်က ကျန်းနမ်မြို့ကိုပြန်ရောက်ပြီးကတည်းကငါတို့ဆီလာတာ ၂ခါရှိပြီ သားကတော့ တခါမှကိုပြန်မလာဘူးနော်"
၀မ်ရှုယွင်က ၀င်ပြောလိုက်လေသည်။သူမအနေဖြင့်သူတို့နှစ်ယောက်ကြိုက်နေကြသည်ကိုသိလေသည်။သို့သော်လည်းသူတို့မှာ ရှုလင်တို့မိသားစုအခြေအနေကိုသိပြီးသူ့သားဘာရင်ဆိုင်နေရသလဲသိလေသည်။
"အမေ အဖေသားတို့အပြင်မှာမဟုတ်ဘဲ အထဲ၀င်ပြီးပြောရအောင်"
ကျိုးဟောင်မှာလျှို့ဝှက်ပြီးပြန်လာရခြင်းဖြစ်သောကြောင့် လူသိပ်သိမခံလိုပေ။
"ဒါဆိာအေးဆေးပြောကြနော် ငါပြန်နှင့်တော့မယ်"
ရှုလင်က ပြောလိုက်လေသည်။ ရှုလင်မှာ ကျိုးဟောင်နှင့်မတွေ့ရသည်မှာကြာပြီဖြစ်သောကြောင့် အတူရှိနေချင်သော်လည်း ကျိုးဟောင်၏မိဘများကတော့ မတွေ့ရသည်မှာ အတော့်ကိုကြာပြီဖြစ်လေသည်။သူတို့အနေဖြင့်ကျိုးဟောင်အား အရမ်းသတိရနေကြပြီးပြောစရာများရှိနေမည်မှာသေချာပေသည်။ထို့ကြောင့်သူမအနေဖြင့်ထိုနေရာတွင်ဆက်မနေသင့်တော့ပေ။
"ကောင်းပါပြီ နောက်မှကိုယ်မင်းဆီလာခဲ့ပါ့မယ် ချူမြို့မှာဘယ်နှရက်လောက်ရှိနေဦးမှာလဲ"
ကျိုးဟောင်ကပြောလိုက်လေသည်။
"ငါ့အိမ်မှာပဲ ရက်အနည်းငယ်လောက်ဆက်ရှိနေဖြစ်မယ်"
ရှုလင်ကပြုံးပြီးပြောလိုက်လေသည်။
"ကောင်းပါပြီ"
ကျိုးဟောင်ကခေါင်းညိတ်ပြလိုက်သည်။
ရှုလင်ထွက်သွားပြီးနောက်ကျိုးဟောင်တို့မိသားစုမှာအိမ်ခန်းထဲသို့၀င်လာခဲ့လေသည်။
"သား ရှုလင်ကမိန်းမကောင်းလေးပဲ ဘာတွေပဲဖြစ်ဖြစ်သူမကို ကျိုးမိသားစုထဲခေါ်လာရမယ်ကြားလား"
၀မ်ရှုယွင်က မနေနိုင်တော့ပဲပြောလိုက်လေသည်။
"အမေစိတ်မပူပါနဲ့ ကျွန်တော်ကြိုးစားမှာပါ"
ကျိုးဟောင်ကပြုံးပြီးပြောလိုက်လေသည်။
"ငါသူ့ကိုချွေးမလေးတယောက်အဖြစ်သတ်မှတ်ထားပြီးပြီ ကျန်တာတွေမသိချင်တော့ဘူး"
၀မ်ရှုယွင်ကပြုံးပြီးပြောလိုက်သည်။
"သား မင်းကအလုပ်များတဲ့ကောင်လေးပဲ ခုလိုရုတ်တရက်အကြောင်းမကြားဘဲ ဘာလို့ပြန်လာတာလဲ အခြေစိုက်စခန်းမှာပဲပြန်နေဖို့ဆုံးဖြတ်လိုက်တာလား"
သူတို့မှာ ရှုလင်ပြောပြထားသောကြောင့် မူလပညာရှင်တယောက်ဖြစ်လာပါကရွေးချယ်မှုများပြုလုပ်ရသည်ကိုသိထားပေသည်။
"ကျွန်တော်အဲ့လိုမရွေးချယ်ထားပါဘူး အခုက ခွင့်ရက်အနည်းငယ်ယူပြီးပြန်လာတာပါ နောက်ရက်အနည်းငယ်နေရင်ပြန်သွားရမှာ"
ကျိုးဟောင်ကရှင်းပြလိုက်သည်။
"သားကပြန်သွားရမှာလား ကျန်းနန်မြို့မှာ အထူးသံတမန်အဖြစ်နဲ့နေလို့မရဘူးလား သားနဲ့ဝေးပြီးမနေချင်ဘူး"
၀မ်ရှုယွင်ကကျိုးဟောင်၏လက်ကိုဆုပ်ကိုင်ရင်းပြောလေသည်။
"မင်းဟာလေ တကယ်ပါပဲ။ ငါတို့သားကအခုဆိုသိုင်းပညာရှင်ကြီးဖြစ်နေပြီကွ လူသားမျိုးနွယ်ရဲ့ လုံခြုံမှုအတွက်သူတိုက်ခိုက်ချင်နေတာကို မင်းကဘာလို့ သူ့ကိုလောဘတကြီးတားနေရတာလဲ သားသူ့အလုပ်သူလုပ်ပါစေ သူမှန်ကန်စွာရွေးချယ်နိုင်လိမ့်မယ်လို့ငါယုံကြည်တယ်"
ထိုအချိန်တွင်ကျိုးရွှယ်ကောက၀င်ပြောလေသည်။သူသည်သူ့သား၏တာ၀န်များကိုနားလည်ပြီးထိုအတွက်လည်းဂုဏ်ယူနေပေသည်။
"ကျွန်မ ကဒီအတိုင်းပြောလိုက်တာပါ"
၀မ်ရှုယွင်လည်း နားလည်ပေသည်။သို့သော်လည်းသူမအနေဖြင့် သူ့သားအား အနီးမှာရှိစေချင်သည်က မိဘတယောက်၏လောဘပင်ဖြစ်ပေသည်။
ကျိုးဟောင်ကပြုံးလိုက်သည်။ သူ့မိဘတွေဘာတွေးနေသလဲဆိုသည်ကို သူကောင်းစွာသိလေသည်။ သိူ့သော်လည်း သူအင်အားတိုးတက်အောင်ကြိုးစားပြီး လူသားတို့၏ပြဿနာများစွာကိုဖြေရှင်းရန်လိုအပ်နေသေးပေသည်။ ဒီအတွက်လည်း သူအကောင်းဆုံးလုပ်မည်ဖြစ်သည်။
"အမေ နဲ့အဖေ သားအကြောင်းခဏထားလိုက်ပါဦး အမေတို့ရောအဆင်ပြေကြလား"
ကျိုးဟောင်က စကားလမ်းကြောင်းလွှဲလိုက်လေသည်။
"ငါတို့အဆင်ပြေပါတယ် မင်းသိုင်းပညာရှင်ဖြစ်သွားကတည်းက ငါတို့သက်တောင့်သက်သာနေခဲ့ရတာပါ။ ငါတို့ကိုလည်း ဘယ်သူကမှ အနိုင်မကျင့်ရဲတော့ဘူး။ မင်းအဖေရဲ့စက်ရုံလည်းကောင်းကောင်းလည်ပတ်နေပါတယ်။ ငါတို့ကိုစိတ်ပူမနေပါနဲ့"
၀မ်ရှုယွင်ကပြုံးပြီးပြောလိုက်သည်။
ကျိုးဟောင်မှာ လက်ရှိတွင်မူလအဆင့်ပညာရှင်တယောက်ဖြစ်ပြီး ချူမြို့လေးတွင်တော့ နတ်ဘုရားတဖွယ်ဖြစ်လေသည်။
သူ့မိဘများနှင့်ညစာစားပြီးနောက် ကျိုးဟောင်မှာ ယန်ဥယျာဉ်အိမ်ရာထဲတွင်တယောက်ထဲလမ်းလျှောက်နေလေသည်။
သူ့အနေဖြင့်ရှုလင်အားအရမ်းတွေ့ချင်နေလေသည်။သူမအနေဖြင့် ဒီအတောအတွင်းဘာတွေလုပ်နေသလဲနှင့် ဘာလို့သူ့မက်ဆေ့များအားပြန်မပြောတာလဲဆိုသည့်အကြောင်းကိုလူချင်းတွေ့ပြီးမေးချင်နေလေသည်။
ရှုလင်ကိုမက်ဆေ့ပို့ပြီး သူတို့နှစ်ယောက် ကျောင်းတွင်ဆုံရန်စီစဉ်လိုက်ကြလေသည်။သူတို့အနေဖြင့်ကျောင်းသို့ပြန်မရောက်သည်မှာအတော်ကြာပြီဖြစ်သည်။
ဒါ့အပြင်ယခုအပြင်တွင်ကျောင်း၌အပြင်လူဘယ်သူမှမရှိပေ။ သူတို့နှစ်ယောက်မှာလည်း မူလအဆင့်ပညာရှင်များဖြစ်သောကြောင့်ကျောင်းထဲသို့တိတ်နဆိတ်၀င်ရောက်နိုင်လေသည်။
ကျိုးဟောင်ကျောင်းသို့ရောက်သောအခါ ရှုလင်၏ အရှိန်အဝါကိုခံစားလိုက်ရလေသည်။ သူမသည်စာသင်ခန်းထဲထိုင်နေသည်ကိုကျိုးဟောင်သိလိုက်ရလေသည်။ သူမသည် ထိုနေရာလေးတွင်လှပပြီး ကျက်သရေရှိစွာဖြင့် တခုခုကိုငေးကြည့်နေလေသည်။
ကျိုးဟောင်၀င်လာသည်ကိုခံစားလိုက်မိသောကြောင့် သူမမော့ကြည့်ပြီးပြုံးပြလိုက်လေသည်။
" ငါတို့ကျောင်းကိုမရောက်ဖြစ်တာတောင်အတော်ကြာခဲ့ပြီပဲ။ ရိုးရိုးသားသားပြောရရင်ငါကျောင်းကိုတကယ်လွမ်းတယ်"
"ဟုတ်တယ် အဲ့တုန်းကမိန်းကလေးရှုကကိုယ့်ကိုအရမ်းစည်းကမ်းတင်းကြပ်ခဲ့တာ"
ကျိုးဟောင်လည်းပြုံးပြကာရှုလင်ဘေး၀င်ထိုင်ရင်းပြန်ပြောလေသည်။
"ကျွတ်... အဲ့တာကငါ့အတွက်မဟုတ်ပါဘူး နင်အခုအရမ်းတိုးတက်လာတယ် ငါ့ကိုကျေးဇူးမတင်သင့်ဘူးလား"
ရှုလင်ကရယ်ရင်းပြောလေသည်။
"ဒါပေါ့"
ကျိုးဟောင်ကခေါင်းညိတ်ပြလိုက်လေသည်။
"ရှုလင် ဒီရက်ပိုင်းကိုယ်ပို့တဲ့မက်ဆေ့တွေကိုဘာလို့ပြန်မပြောတာလဲ"
ကျိုးဟောင်၏မေးခွန်းကြောင့် ရှုလင်အတွေးခက်သွားသည့်ပုံဖြစ်သွားကာ အတန်ကြာစဉ်းစားပြီးမှပြန်ဖြေလေသည်။
"အဲ့...အဲ့ဒါက ငါပြန်မပြောချင်လို့မဟုတ်ပါဘူး နင့်ကိုဒုက္ခမရောက်စေချင်လို့ပါ ငါ့အခက်အခဲတွေကိုလည်း နင်နားလည်သင့်တယ်"
ရှုလင်၏စကားများတွင်အထီးကျန်မှုများဖြင့်ပြည့်နေလေသည်။ သူမအနေဖြင့်ကျိုးဟောင်အား လျစ်လျူရှုထားချင်၍မဟုတ်ဘဲ သူမအား စောင့်ကြည့်နေကြသောကြောင့်ဖြစ်လေသည်။ သူမအနေဖြင့်ကျိုးဟောင်အား ဆက်သွယ်နေပါက ကျိုးဟောင်ထံအန္တရာယ်များကျရောက်လာနိုင်လေသည်။ အထူးသဖြင့်လုံမိသားစုကြောင့်ဖြစ်လေသည်။
....................................................................................
အခန်း (၄၃၈) ပြီးပါပြီ။