← Chapters

အခန်း (၄၄၅-၄၄၇)

Vol. 30 Ch. 445-447

အခန်း (၄၄၅-၄၄၇)

Vol. 30 Ch. 445-447

အခန်း (၄၄၅) : ဥယျာဉ်မြို့တော်အရှင်

ထိုလူမှာကျိုးဟောင်အားဘာမှထပ်ပြောစရာမရှိတော့သည့်တိုင် လေးလေးနက်နက်စိုက်ကြည့်နေပေသည်။ ကျိုးဟောင်အားလုပ်ဆောင်ရမည့်တာဝန်ကိုအေးစက်စွာပေးပြီးနောက် အလျင်အမြန်ပင်လှည့်ထွက်သွားခဲ့သည်။ မူလကကျိုးဟောင်သည်သူ့အားကိစ္စတစ်ခုမေးရန်ပြင်ဆင်ထားခဲ့သော်ငြား ယခုအချိန်တွင်ကျိုးဟောင်၌ပြောစရာစကားပင်မရှိတော့ပေ။ အကြောင်းမှာသူ မတုံ့ပြန်နိုင်သေးခင်မှာပင် တစ်ဖက်လူမှာထွက်သွားခဲ့၍ဖြစ်သည်။ ကြည့်ရသည်မှာတစ်ဖက်လူသည်သူနှင့်ဆက်သွယ်ချင်ပုံမပေါ်ပေ။ တာဝန်ပေးပြီးနောက်အလျင်အမြန်လှည့်ထွက်သွားခဲ့ပေရာ ကျိုးဟောင်မှာစကားပြောဖို့ပင်အခွင့်အရေးမရလိုက်ပေ။

ကျိုးဟောင်မှာဘာမှမတတ်နိုင်သည့်ပုံဖြင့်ကျန်ခဲ့ပေသည်။ မတတ်နိုင်ပေ။ ဒုတိယတာဝန်အားသွားရောက်လုပ်ဆောင်ရန်သာရှိပေသည်။ ယခုတစ်ခေါက်တွင်အချက်အလက်များများစားစားမရှိပေ။ ဥယျာဉ်မြို့တော်၏မြို့အရှင်မှာကျိုးပုဖန်းဖြစ်ပြီး ကျိုးဟောင်သည်လည်းယခင်ကဤလူ၏နာမည်အားကြားဖူးပေသည်။ ပြောစကားများအရမြို့အရှင်သည် လူများစွာ၏လေးစားမှုကိုအရယူထားပြီး ချစ်ခင်လေးစားခံရသူဖြစ်သည်။ ပြီးခဲ့သည့်နှစ်အနည်းငယ်က ပြည်သူများကပင်သူ့အားမြို့အရှင်အနေနှင့် မဲပေးခဲ့ကြခြင်းဖြစ်သည်။ ကျိုးဟောင်မှာထိုကိစ္စအား‌တွေးလေလေသူ့တစ်ကိုယ်လုံးမှအေးစက်သောအငွေ့အသက်တစ်ခုထွက်ပေါ်လာသည်ကို ပိုမိုခံစားမိလေဖြစ်သည်။

အကယ်၍ယခုလိုလူတစ်ယောက်သည်အပြင်ပန်းတွင်သာကောင်းချင်ယောင်ဆောင်ပြီး နောက်ကွယ်တွင်တကယ်ပင်သန္ဓေပြောင်းသားရဲများနှင့်ပူးပေါင်းနေပါက လူမည်မျှအားရင်ကွဲ‌စေမလဲဆိုသည့်အချက်ကိုမည်သူမှမသိနိုင်ပေ။ မည်သို့ပင်ဖြစ်စေ သူသည်လူသားများအားအမှုထမ်းရမည့်လူဖြစ်သည်။ အကယ်၍ထိူလူသည်တကယ်ပင်သန္ဓေပြောင်းသားရဲများအားအမှုထမ်းနေသည်ကို ပြည်သူများသိသွားပါက အလွန်စိတ်ပျက်သွားကြမည်ဖြစ်သည်။ ထိုအကြောင်းအားတွေးရင်း ကျိုးဟောင်၏အမူအရာမှာရုတ်တရက်ပျက်ယွင်းသွားခဲ့သည်။

သူသည်ဒေါသအားချိုးနှိမ်ကာ ချက်ချင်းပင်လိုင်းပေါ်တက်ပြီးကျိုးပုဖန်း၏အကြောင်းအားစုံစမ်းလိုက်သည်။ သို့သော်အင်တာနက်ပေါ်တွင်အသုံးဝင်သည့်အချက် အလက်မျိုးမရခဲ့ပေ။ ထို့ကြောင့်ကျိုးဟောင်မှာလူကိုယ်တိုင်သွားပြီးစုံစမ်းရန်ဆုံးဖြတ်လိုက်ပေသည်။ မကြာမီကျိုးဟောင်မှာ ဥယျာဉ်မြို့တော်သို့ရောက်ရှိလာခဲ့သည်။ မြို့ထဲသို့လမ်းလျှောက်ဝင်လိုက်သည်နှင့် ဥယျာဉ်မြို့တော်ရှိအလွန်ခမ်းနားသောမြင်ကွင်းအားမြင်လိုက်ရပေသည်။

ကျိုးဟောင်မှာဘေးမှဆိုင်တန်းရှိဆိုင်ရှင်တစ်ယောက်ရှေ့ရောက်သွားပြီးမေးလိုက်သည်။

"မင်္ဂလာပါ မြို့အရှင်ခန်းမကိုဘယ်လိုသွားရမလဲဗျ"

ဆိုင်ရှင်မှာကျိုးဟောင်အားကြည့်ကာပြုံးရင်း အဝေးရှိလမ်းတစ်ခုအားညွှန်ပြလာခဲ့သည်။

"သူတို့နောက်လိုက်သွားရင် မြို့အရှင်ခန်းမကိုရောက်လိမ့်မယ်"

ဆိုင်ရှင်ညွှန်ပြနေသောဘက်အားရှုပ်ထွေးစွာဖြင့်ကြည့်ကာကျိုးဟောင်၏အမူအရာမှာချက်ချင်းပင်အေးခဲသွားခဲ့သည်။ အဝေးရှိနေရာတိုင်းတွင်လူပင်လယ်ကြီးတစ်ခုရှိနေပြီး အားလုံးမှာအလွန်စိတ်လှုပ်ရှားနေကြပေသည်။ သူတို့ဘာလုပ်နေသလဲဆိုသည်ကိုတော့မသိရပေ။ ထိုမြင်ကွင်းအားကြည့်ကာကျိုးဟောင်မှာမနေနိုင်ဘဲမေးလိုက်သည်။

"အစ်ကိုကြီး ဒီလူတွေကဘာလုပ်နေကြတာလဲ"

"ဆန္ဒပြသူတွေများလား"

ကျိုးဟောင်မှာလက်တွေ့ဘဝတွင်ဆန္ဒပြခြင်းအားတစ်ခါမှမမြင်ဖူးပေ။ မြို့အရှင်ခန်းမ‌တွင်လူများစုဝေးကာ ပြဿနာရှာသည်ကိုတီဗီထဲတွင်သာမြင်ဖူးပေသည်။ သို့သော်ယနေ့တွင်ထိုမြင်ကွင်းအားကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ကြုံရမည်ဟုမထင်ထားခဲ့ပေ။ ကြည့်ရသည်မှာကျိုးဖုပန်းသန္ဓေပြောင်းသားရဲများနှင့်ပူးပေါင်းသည့်ကိစ္စအား အတည်ပြုလိုက်ပြီးပုံပင်။ မမျှော်လင့်ထားစွာပင် ဆိုင်ရှင်မှာကျိုးဟောင်၏စကားအားကြားပြီးနောက် အမူအရာမှာရုတ်တရက်ရှုပ်ထွေးသွားခဲ့ပေသည်။ သူသည်ကျိုးဟောင်အားအကဲခတ်ရင်းမျက်မှောင်ကြုတ်နေပေသည်။ ထို့နောက်ခပ်ဟဟရယ်ကာခေါင်းယမ်းရင်းပြောလာခဲ့သည်။

"မင်းကသေချာပေါက် ငါတို့ဥယျာဉ်မြို့တော်ကလူမဟုတ်ဘူး ဟုတ်တယ်မလား"

"အာ..."

ကျိုးဟောင်မှာယခုလောက်လျင်မြန်စွာသိသွားခဲ့မည်ဟုမထင်ထားခဲ့သော်လည်း ခေါင်းညိတ်ပြီးလက်ခံရုံကလွဲမတတ်နိုင်ပေ။

"ဟုတ်တယ်ကျွန်တော်ကကျွန်တော့်မိတ်ဆွေကိုလာရှာတာ သူကဒီမှာနေတယ် ကျွန်တော်ကဒီကိုမကြာခဏလာလေ့မရှိတော့ ဒီမှာဘာဖြစ်နေလဲဆိုတာသိပ်မသိဘူး"

ကျိုးဟောင်မှာပြုံးကာယဉ်ကျေးစွာပြောလိုက်သည်။ သူ၏စကားများမှာသဘာဝကျပေသည်။ သူသည်လုံးဝထိတ်လန့်နေပုံမပေါ်ဘဲအလွန်တည်ငြိမ်နေပေသည်။ ဆိုင်ရှင်မှာထိုစကားအားကြားသောအခါခေါင်းညိတ်ပြကာခပ်ဟဟရယ်လာခဲ့သည်။

"ဟဟ ထင်သားပဲ မအံ့ဩတော့ပါဘူး"

"ဒီနေ့ကငါတို့မြို့အရှင်ရဲ့မွေးနေ့လေ မြို့သူမြို့သားတွေကမြို့အရှင်ကျန်းကိုဂုဏ်ပြုပေးဖို့ မြို့အရှင်ခန်းမကိုတစ်ပြိုင်နက်တည်းသွားကြတာ"

ဤစကားစုမှာကျိုးဟောင်အားချက်ချင်းပင်ကြက်သေသေသွားစေပေသည်။ သူသည်ဆိုင်ရှင်အားတအံ့တဩကြည့်ကာတွေဝေစွာဖြင့်မေးလိုက်သည်။

"သူ့ကိုဂုဏ်ပြုဖို့ ဒီမြို့အရှင်ကျန်းကိုပြည်သူတွေကအရမ်းချစ်ပြီးလေးစားကြတာလား"

"ဟဟ ဟုတ်တာပေါ့"

ထိုစကားပြောလိုက်ချိန်တွင်ဆိုင်ရှင်၏မျက်နှာ၌ ခံစားချက်တစ်စွန်းတစ်စပေါ်လာခဲ့ပေသည်။ ထို့နောက်သက်ပြင်းချရင်းခပ်ဖြေးဖြေးပြောလာခဲ့သည်။

"မြို့အရှင်ကြောင့်သာမဟုတ်ရင် ငါတို့တွေဥယျာဉ်မြို့တော်မှာဒီလောက်သက်သောင့်သက်သာနေနိုင်မှာမဟုတ်ဘူး"

"ဒါတွေအားလုံးကငါတို့မြို့အရှင်ရဲ့စွမ်းအားကြောင့်ပဲ အဲဒါကြောင့်ပဲသူကဥယျာဉ်မြို့တော်ရဲ့မြို့သူမြို့သားတွေကိုကြီးပွားအောင်လုပ်ပေးနိုင်ခဲ့တာ"

ကျိုးဟောင်၏အမူအရာမှာပဟေဠိဖြစ်နေခဲ့ပြီး ဆိုင်ရှင်၏တစ်ဖက်သတ်ဇာတ်လမ်းကိုလည်းမယုံကြည်ရဲပေ။ ထို့နောက်ကျိုးဟောင်သည်ချက်ချင်းပင်အခြားနေရာအားသွားကာ တခြားလူများအားလိုက်လံမေးမြန်းလေသည်။ သို့သော်ကျိုးဟောင်ဘယ်သူ့ကိုမေးမေး အားလုံးသည်ကျန်းပုဖန်းအားချီးသာချီးကျူးကြပြီးမကောင်းကြောင်းတစ်ခွန်းမှမပြောကြပေ။ တွေးရင်းကျိုးဟောင်မှာသတင်းမှားယွင်းနေသလားဟုပင်ထင်လာမိလေသည်။ အကယ်၍ကျန်းပုဖန်းသည်တကယ်ပင်မြို့သူမြို့သားများအတွက်ဤမျှလောက်တွေးပေးပါက သူသည်အရာရှိကောင်းတစ်ယောက်သာဖြစ်ပေသည်။ သူ့လိုလူမှာဘယ်လိုကြောင့် ကိုယ်ကျိုးအတွက်သန္ဓေပြောင်းသားရဲများနှင့်ပူးပေါင်းမည်လဲ။

သူသည်သေချာပေါက်ပြည်သူများအားကူညီရန်ကိစ္စကောင်းများစွာလုပ်ခဲ့၍သာဖြစ်ပေလိမ့်မည်။ မဟုတ်ပါက ဤလူတစ်စုမှာကျန်းပုဖန်းအားဤမျှလောက်လေးစားချစ်ခင်ကြမည်မဟု‌တ်ပေ။ ကြည့်ရသည်မှာဥယျာဉ်မြို့တော်ရှိမြို့သားများထံမှအသုံးဝင်သည့်သတင်းမျိုးမရနိုင်ပုံပင်။ ကျိုးဟောင်သည်ဤကျန်းပုဖန်းနှင့်လူကိုယ်တိုင်တွေ့ကာ ယခုလိုသတင်းမျိုးထွက်လာရန် ဘာလုပ်ခဲ့ကြောင်းစုံစမ်းရန်သာတတ်နိုင်တော့သည်။ ကျိုးဟောင်မှာလူအုပ်ကြီးနောက်လိုက်ကာ မြို့အရှင်ခန်းမ၏ဝင်ပေါက်သို့ရောက်လာခဲ့ပြီး လူပင်လယ်ကြီးအားမြင်လိုက်ရသည်။

မြို့အရှင်ခန်းမ၏မြို့မျှော်စင်ထက်တွင် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်မတ်တပ်ရပ်နေပေသည်။ ထိုလူသည်မျက်မှန်တပ်ထားကာ အနည်းငယ်ဝပေသည်။ မြို့အရှင်သည်ပြုံးကာမြို့သူမြို့သားများအားနှုတ်ဆက်နေ‌ပေသည်။ ဘေးတွင်စင်အောက်အားသတိရှိရှိဖြင့်ကြည့်နေသည့်အစောင့်နှစ်ယောက်ရှိနေပေသည်။ ဤလူအားကြည့်ရုံဖြင့်သူရခဲ့သောသတင်းထဲမှလူမျိုးမဟုတ်ကြောင်းကျိုးဟောင်ပြောနိုင်သော်လည်း စာအုပ်တစ်အုပ်အားအဖုံးကိုကြည့်ပြီးဆုံးဖြတ်လို့မရပေ။ ပထမတာဝန်တွင်တွေ့ခဲ့သောလူမှာကျိုးဟောင်အတွက်သင်ခန်းစာရခဲ့ပေရာ ယခုတစ်ကြိမ်တွင်ပိုမိုသတိထားရပေမည်။

ထိုသို့တွေးရင်းကျိုးဟောင်မှာလူအုပ်ထဲတွင်တိတ်တဆိတ်ရောနေလိုက်ပြီး မည်သူမျှသတိမထားမိချိန်တွင် ချက်ချင်းပင်မြို့အရှင်ခန်းမထဲသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ ကြီးမားသောမြို့တော်ခန်းမထဲရှိအစောင့်များမှအတော်လေးတင်းကြပ်ကြပေရာ ရုံးခန်းတံခါးသို့ရောက်ရန်ကျိုးဟောင်မှာအတော်လေးအားစိုက်ထုတ်လိုက်ရသည်။ ကျိုးဟောင်သည်ကျန်းပုဖန်း၏ရုံးခန်းထဲသို့ခိုးဝင်ကာ အဝတ်ဗီရိုထဲသို့ချက်ချင်းဝင်သွားလိုက်သည်။ မမျှော်လင့်ထားဘဲ ဝင်ဝင်လာခြင်းမှာပင်တံခါးအပြင်ဘက်မှတံခါးဖွင့်သံတိုးတိုးအားကြားလိုက်ရသည်။ ကြည့်ရသည်မှာတစ်ယောက်ယောက်ဝင်လာပုံပင်။ ကျိုးဟောင်မှာချက်ချင်းပင်အသက်ရှုအောင့်ကာ အခန်းတွင်းမှလာသောအသံအားတိတ်တဆိတ်နားထောင်နေပေသည်။

ပထမဆုံးအနေဖြင့်ခြေသံအများအပြားအားကြားလိုက်ရပြီး ကျန်းပုဖန်း၏ထိုင်ခုံတွင်ထိုင်ပြီး သက်ပြင်းရှည်ကြီးချသံအားကြားလိုက်ရပေသည်။

"မြို့အရှင် သိပ်မကြာခင်လူကြီးမင်းစွန်းရောက်ပါလိမ့်မယ် သူပြောတာတော့မြို့အရှင်နဲ့အရေးကြီးကိစ္စဆွေးနွေးစရာရှိပါတယ်တဲ့"

အသံမှာကျန်းပုဖန်ဘေးရှိလက်ထောက်၏အသံဖြစ်ပုံပင်။ ကျန်းပုဖန်းမှာလက်ခံလိုက်ရင်းအသံမှာနွမ်းနယ်နေပုံပင်။

"ကောင်းပြီသူရောက်လာတယ်ဆိုမှတော့ ငါ့ရုံးခန်းကိုပဲတန်းလွှတ်လိုက် အပြင်ကလူတွေမမြင်စေနဲ့"

....................................................................................

အခန်း(၄၄၅) ပြီးပါပြီ။

အခန်း (၄၄၆) : လျှို့ဝှက်ပူးပေါင်းခြင်း

"ဟုတ်ကဲ့ပါ မြို့အရှင်"

အသံပိုင်ရှင်မှာအမိန့်အားနာခံကာ အလျင်အမြန်ပင်လှည့်ထွက်သွားခဲ့သည်။ ကျိုးဟောင်သည်ဗီရိုတံခါးကြားမှတိတ်တဆိတ်ခိုးကြည့်နေပြီး အစောပိုင်းကမျှော်စင်တွင်ရပ်နေခဲ့သောအမျိုးသားမှာယခုတွင် ပင်ပန်း‌ကာစိတ်ရှုပ်‌နေဟန်ဖြင့် ခုံပေါ်တွင်ထိုင်‌နေပေသည်။ သူ့ဘေးတွင်ယုံကြည်ရသောလက်ထောက်တစ်ယောက်မှ ရေနှင့်လက်ဖက်ရည်အားထည့်ပေးနေပြီး အလွန်လေးစားဟန်ပေါ်ပေသည်။

"မြို့အရှင် လက်ဖက်ရည်လေးသုံးဆောင်လိုက်ပါဦး"

လူယုံလက်ထောက်မှာလက်နှစ်ဖက်ဖြင့် ကျန်းပုဖန်းအားလက်ဖက်ရည်ခွက်ကမ်းပေးလာလေသည်။ ကျန်းပုဖန်းမှာခေတ္တမျှတွေဝေနေပြီးနောက် လက်ဖက်ရည်ခွက်အားယူကာ စိတ်မပါလက်မပါဖြင့်သောက်နေပေသည်။ သို့သော်ခေတ္တမျှကြာပြီးနောက် သူ့မျက်နှာပေါ်တွင်အလွန်စိတ်ရှုပ်နေသောအမူအရာတစ်ခုပေါ်လာခဲ့ပေသည်။ ထို့နောက်သူသည်ရုတ်တရက်ဆိုသလိုပင် လက်ထဲရှိခွက်အားကြမ်းပြင်ပေါ်သို့ပစ်ပေါက်ခွဲလိုက်ပြီး မျက်လုံးများထဲတွက်လည်းအလွန်ကြီးမားသောအမုန်းတရားများဖြင့်ပြည့်နေပြီး ကောက်ကျစ်စွာပြောလာခဲ့သည်။

"စိတ်ရှုပ်စရာကောင်းလိုက်တာ စိတ်ရှုပ်စရာကောင်းလိုက်တာ"

"အဲဒီလူတွေကအတော်လေးအားနေကြပုံပဲ သူတို့ဘာလို့နေ့တိုင်းငါ့ကိုလာပြီးနှောင့်ယှက်နေကြတာလဲ သူတို့ကိုလိုက်ဖြေရှင်းနေရတာ ငါ့အချိန်တွေပုပ်တယ်"

ကျန်းပုဖန်း၏စကားအားကြားလိုက်ရချိန်တွင် လက်ထောက်၏အမူအရာမှာချက်ချင်းပင်တောင့်တင်းသွားခဲ့ကာ အလျင်အမြန်ပင်ယဥ်ကျေးစွာဖြင့်အကြံပေးလိုက်သည်။

"မြို့အရှင် ဒါကမြို့အရှင်က ပြည်သူတွေဆီကလေးစားချစ်ခင်ခံရတယ်ဆိုတဲ့အဓိပ္ပာယ်ပဲမဟုတ်ဘူးလား"

"ချစ်တယ်"

ကျန်းပုဖန်းမှာသရော်ပြုံးပြုံးကာလက်ကာပြရင်းပြောလိုက်သည်။

"ငါသူတို့ဆီကအချစ်ကိုလုံးဝမလိုဘူး သူတို့ထွက်သွားပြီး ကိုယ်လာတဲ့နေရာကိုပြန်သွားကြတာအကောင်းဆုံးပဲ ဘာလို့ငါ့ကိုတစ်ယောက်တည်းအေးဆေးနေခွင့်မပေးနိုင်ကြတာလဲ"

စကားအနည်းငယ်ကြားလိုက်ရုံဖြင့် အဝတ်ဗီရိုထဲတွင်ပုန်းနေခဲ့သောကျိုးဟောင်မှာချက်ချင်းပင်မျက်လုံးပြူးကာထိတ်လန့်သွားခဲ့သည်။ သူ၏မျက်လုံးများတွင်မယုံကြည်နိုင်မှုများဖြင့်ပြည့်နေပြီး ကျန်းပုဖန်းမှယခုလိုစကားမျိုးပြောလာမည်ဟုမထင်ထားခဲ့ပေ။ အစောပိုင်းကပင်ကျန်းပုဖန်းသည်ထိုလူများ၏ရှေ့တွင် အလွန်ဖော်ရွေဟန်ဆောင်ခဲ့သေးပေသည်။ သို့သော်လက်ရှိအချိန်တွင်သူ၏သဘောထားမှာလုံးဝကွဲလွဲနေပေသည်။ ကြည့်ရသည်မှာလူအားအပေါ်ယံကြည့်ပြီးဆုံးဖြတ်လို့မရဟူသောစကားသည်တကယ်မှန်ပုံပင်။ ထိုမြင်ကွင်းအားမြင်လိုက်ရချိန်တွင် ကျိုးဟောင်မှာတစ်ခုခုလွဲနေသည်ဟုမခံစားရတော့ပေ။ ဤကျန်းပုဖန်းတွင် သေချာပေါက်ပြဿနာအကြီးကြီးရှိနေပေသည်။

သို့သော်လုံခြုံရေးအတွက် ကျိုးဟောင်မှာစောင့်ကြည့်ရုံသာတတ်နိုင်သည်။ တစ်ဖက်လူမှာတကယ်ပင်သန္ဓေပြောင်းသားရဲများနှင့်ပူးပေါင်းနေကြောင်းသိရပြီးမှသာကျိုးဟောင်ဆုံးဖြတ်ချက်ချမည်ဖြစ်သည်။ သူသည်အံ့ဩနေသောခံစားချက်အားဘေးချိတ်ကာ အခန်းတွင်းရှိလူနှစ်ယောက်၏ပြောစကားများအား ဆက်လက်နားထောင်နေပေသည်။ သိပ်မကြာမီ တံခါးခေါက်သံအားကြားလိုက်ရသည်။ လက်ထောက်မှာထိုအသံအားကြားသောအခါ အမူအရာမှာချက်ချင်းပင်ပျော်ရွှင်သွားခဲ့ကာ ကျန်းပုဖန်းအားချက်ချင်းပြောလိုက်သည်။

"မြို့အရှင် လူကြီးမင်းစွန်းရောက်ပါပြီ"

"မြန်မြန် လူကြီးမင်းစွန်းကိုအထဲခေါ်ခဲ့လိုက်"

ကျန်းပုဖန်းမှာထိုစကားအားကြားသောအခါ မျက်နှာမှာချက်ချင်းပင်တောက်ပသွားပြီး စိတ်လှုပ်ရှားစွာဖြင့်ထိုင်ရာမှထရပ်ကာတံခါးပေါက်သို့လမ်းလျှောက်သွားပြီး လူကြီးမင်းစွန်းဆိုသူအားအထဲသို့ဖိတ်ရန်ပြင်ဆင်လိုက်ပေသည်။ မကြာမီကျန်းပုဖန်းမှာ ခြေလှမ်းကျဲကျဲဖြင့်လျှောက်သွားကာ တံခါးပေါက်နားသို့ရောက်သွားခဲ့သည်။ သိပ်မကြာမီတံခါးမှာပွင့်သွားခဲ့ပြီး အရပ်၁.၉မီတာမျှရှည်လျားပြီး ခန္ဓာကိုယ်ခပ်တောင့်တောင့်နှင့်လူတစ် ယောက်အထဲသို့ဝင်လာခဲ့သည်။ ကျန်းပုဖန်းမှာထိုလူအားယဉ်ကျေးစွာဖြင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး လက်ထောက်အားပြောလိုက်သည်။

"ကောင်းပြီအပြင်မှာသွားစောင့်နေကြ လူကြီးမင်းစွန်းနဲ့တွေ့နေတုန်း ငါ့ကိုလာမနှောင့်ယှက်နဲ့"

"ဟုတ်ကဲ့ပါ မြို့အရှင်"

လက်ထောက်မှာအမိန့်ရပြီးနောက် ချက်ချင်းပင်အခန်းထဲမှလှည့်ထွက်သွားခဲ့သည်။ ထို့နောက်တံခါးအားသေချာပိတ်ကာ အခန်းပြင်တွင်မတ်တပ်ရပ်ရင်းစောင့်ကြပ်နေပေသည်။ ကျန်းပုဖန်းမှာချက်ချင်းဆိုသလိုပင်လူကြီးမင်းစွန်းအား ခုံရှိရာသို့ဦးဆောင်ခေါ်သွားပြီးယဉ်ကျေးစွာပြောလိုက်သည်။

"သူဌေး ထိုင်ပါ"

သူဌေးဟူသောစကားအားကြားပြီးနောက်ကျိုးဟောင်၏အမူအရာမှာ ချက်ချင်းပင်ပြောင်းလဲသွားခဲ့သည်။ ထို့နောက်ချက်ချင်းပင် ကျန်းပုဖန်း၏ဒူးများမှာခွေကျသွားကာကြမ်းပြင်ပေါ်တွင်ဒူးထောက်ရင်း လူကြီးမင်းစွန်းအားဂါရဝပြုလိုက်ပေသည်။

"လူကြီးမင်းစွန်း ကျွန်တော်သူဌေးပေးခဲ့တဲ့တာဝန်ကိုပြီးအောင်လုပ်ပြီးပါပြီ အပြင်ကလူတွေကကျွန်တော့်ကိုသံသယမဝင်ကြဘူး"

"အင်း မင်းလုပ်တာကောင်းတယ် ဒါဆိုငါတို့ရဲ့နောက်အစီအစဉ်ကိုဆက်လုပ်လို့ရပြီ"

လူကြီးမင်းစွန်းမှာပြုံးနေပြီး မျက်နှာပေါ်တွင်ဘဝင်ခိုက်သောအမူအရာတစ်ခုပေါ်လာခဲ့ကာ ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။

"ဟိုဘက်က အဲဒီကျန်းဖုန်းထျန်ဘက်မှာရောပြင်ဆင်တာဘယ်လိုနေလဲ"

မူလကကျိုးဟောင်သည်သူတို့နှစ်ယောက်ဘာပြောနေမှန်းနားမလည်ပေ။ သို့သော်လူကြီးမင်းစွန်း၏နှုတ်ဖျားမှနာမည်အားကြားလိုက်ရချိန်တွင် ကျိုးဟောင်၏ အမူအရာမှာရုတ်တရက်အေးခဲသွားခဲ့သည်။ ကျန်းဖုန်းထျန်သည်လူသားမျိုးနွယ်အားသစ္စာဖောက်ခဲ့သော သန္ဓေပြောင်းသားရဲများ၏ခွေးတစ်ကောင်ဖြစ်သည်။

ပထမတာဝန်တွင်ကျိုးဟောင်အား ကျန်းဖုန်းထျန်ကိုရှင်းပစ်ခိုင်းခဲ့ခြင်းသည်မထူးဆန်းတော့ပေ။ တကယ်တမ်းတွင် ဤကိစ္စများအားလုံးသည်ဆက်စပ်နေပေသည်။ ထိုသို့တွေးမိသောအခါ ကျိုးဟောင်၏အမူအရာမှာချက်ချင်းပင်ပျက်ယွင်းသွားခဲ့သည်။ အခန်းထဲရှိစကားပြောသံများမှာဆက်လက်ထွက်ပေါ်နေပြီး ကျန်းပုဖန်မှာ‌စိတ်ထဲရှိဒေါသအားချိုးနှိမ်ပြီး တစ်လုံးချင်းပြောနေပေရာ အသံမှာအနည်းငယ်ဒေါသဖြစ်နေပုံပေါ်ပေသည်။

"ကျွန်တော်အဲဒီသစ္စာဖောက်ကျန်းဖုန်းထျန်နဲ့အဆက်အသွယ်မရတော့ဘူး"

"ကျွန်တော်သူ့ကိုအရင်ကတည်းကပြောတယ် ဒီကိစ္စကအရေးကြီးလို့သေချာကိုင်တွယ်ရမယ်လို့ ဒါပေမဲ့အခုလိုအရေးကြီးတဲ့အခြေအနေမှာတစ်ခုခုမှားယွင်းသွားမယ်လို့မထင်ထားခဲ့ဘူး"

ကျန်းပုဖန်းမှာလူကြီးမင်းစွန်းသူ့အားအပြစ်တင်မည်ကိုစိုးကာပူပန်စွာဖြင့်ပြောလာပေသည်။

"လူကြီးမင်းစွန်းစိတ်ချပါ ဒီကိစ္စကျွန်တော့်ကိုသာလွှဲထားလိုက်"

"ကျွန်တော်သေချာပေါက်လူကြီးမင်းပေးထားတဲ့တာဝန်ကိုပြီးအောင်လုပ်ပါ့မယ် ဒီလူသားတွေသူတို့လုပ်ရပ်အတွက်တန်ရာတန်ကြေးပေးဆပ်ဖို့သာစောင့်နေလိုက်ကြတော့"

တစ်ချိန်တည်းမှာပင်ဗီရိုထဲတွင်ပုန်းနေခဲ့သောကျိုးဟောင်မှာသူတို့၏စကားအားနားထောင်ကာအတော်လေး ဒေါသဖြစ်နေပြီဖြစ်သည်။ သူသည်စိတ်ထဲရှိဒေါသအားမျိုသိပ်ကာ ဗီရိုအပြင်ဘက်မှလျှို့ဝှက်ပူးပေါင်းနေသောလူနှစ်ယောက်အားအေးစက်စွာကြည့်နေပေသည်။ ကျိုးဟောင်သည်ဤလူများအကြောင်းကို လူသိရှင်ကြားဖော်ထုတ်ပစ်လိုက်ချင်သည်။ လူကြီးမင်းစွန်းမှာတစ်ခုခုပြောခါနီးတွင် သူ၏အမူအရာမှာပျက်ယွင်းသွားခဲ့ကာ သူ့ရှေ့ရှိကျန်းပုဖန်းအား တိတ်တိတ်နေရန်အချက်ပြလိုက်သည်။

"ဘာဖြစ်လို့လဲ လူကြီးမင်းစွန်း"

ကျန်းပုဖန်းမှာရှုပ်ထွေးနေဟန်ဖြင့် လူကြီးမင်းစွန်းအားဇဝေဇဝါကြည့်ကာမေးလာလေသည်။

"အရင်ဆုံးစကားမပြောနဲ့ဦး"

လူကြီးမင်းစွန်းမှာရုတ်တရက်ဒေါသတကြီးအော်လာခဲ့ပေရာ ကျန်းပုဖန်းမှာကြောက်ရွံ့သွားကာချက်ချင်းပင်ပါးစပ်ပိတ်သွားကာစကားတစ်ခွန်းမှထွက်မလာတော့ပေ။ သူတို့နှစ်ယောက်သည်အဝတ်ဗီရိုအားပြိုင်တူကြည့်လိုက်ကြသည်။ လူကြီးမင်းစွန်းထံမှအတော်လေးသတိကြီးသည့်ခံစားချက်မျိုးပေါ်လာကြောင်းကျိုးဟောင်ခံစားမိလိုက်ပေသည်။

"အဲဒီမှာဘယ်သူပုန်းနေတာလဲ"

လူကြီးမင်းစွန်းမှာဒေါသတကြီးအော်လိုက်ပေရာ ကျန်းပုဖန်းမှာချက်ချင်းပင်ထိတ်လန့်သွားခဲ့သည်။ ထိုအချိန်မှသာကျန်းပုဖန်းသည် အဝတ်ဗီရိုထဲတွင်လူပုန်းနေမှန်းသိလိုက်ပေသည်။ သူသည်သတိပေါ့လျော့မိခဲ့ပေသည်။ မည်သို့ပင်ဖြစ်စေ ဤအဓိပ္ပာယ်သည်သူ၏ပုံစံအမှန်အားတစ်ယောက်ယောက်မှတွေ့သွားပြီဟူသောသဘောပင်မဟုတ်ပါလော။ ထိုသို့တွေးမိသောအခါ ချက်ချင်းဆိုသလိုပင် ကျန်းပုဖန်းမှာတစ်ကိုယ်လုံးမှာကြက်သီးများထလာခဲ့ပေသည်။ သူပုန်းကွယ်‌နေသည်အား သိသွားပြီဖြစ်ကြောင်း ကျိုးဟောင်သဘောပေါက်လိုက်ပေသည်။

ထို့ကြောင့်သူသည်ထပ်မံပုန်းကွယ်နေရန်မတွေးတော့ဘဲ ဗီရို၏တံခါးအားဖွင့်ကာထွက်လာခဲ့လိုက်သည်။ လူကြီးမင်းစွန်းနှင့် ကျန်းပုဖန်းမှာဗီရိုထဲမှလူထွက်လာသည်ကိုမြင်လိုက်ချိန်တွင် သူတို့၏အမူအရာများမှာချက်ချင်းပင်သတိဝင်သွားကာထိတ်လန့်သွားခဲ့သည်။ ကျန်းပုဖန်းမှာစိတ်ထဲရှိထိတ်လန့်မှုအားမျိုသိပ်ကာ တည်ငြိမ်စေရန်အကောင်းဆုံးကြိုးစားလိုက်သည်။ ထို့နောက်မျက်မှောင်ကြုတ်ပြီး ကျိုးဟောင်အားမလိုလားစွာကြည့်ကာမေးလိုက်သည်။

"မင်းဘယ်သူလဲ ဘယ်လိုဖြစ်ပြီးမြို့အရှင်ရဲ့ရုံးခန်းထဲကိုကျူးကျော်ဝံ့တာလဲ"

"မြို့အရှင်တဲ့လား ဟဟ...ကျန်းပုဖန်း ခင်ဗျားမှာ အခုကိုယ့်ကိုယ်ကိုယ်မြို့အရှင်လို့ပြောရဲတဲ့သတ္တိရှိသေးတာလား"

...................................................................................

အခန်း(၄၄၆) ပြီးပါပြီ။

အခန်း (၄၄၇) : လူ့လောကရဲ့အမှိုက်

"ကျုပ်အထင်တော့ခင်‌ဗျားကိုသန္ဓေပြောင်းသားရဲတွေရဲ့ခွေးလို့ခေါ်ရမယ်ထင်တယ်"

ကျိုးဟောင်၏စကားအနည်းစုမှာကျန်းပုဖန်း၏မျက်နှာအား ချက်ချင်းနီရဲသွားစေပြီးအသက်ရှူမြန်လာစေခဲ့ပေသည်။ ကျန်းပုဖန်းသည်ဒေါသတို့အားမျိုသိပ်ကာရှေ့ရှိကျိုးဟောင်အား မျက်တောင်မခတ်စတမ်းစိုက်ကြည့်နေခဲ့သည်။ ထို့နောက်ရုတ်တရက်လက်မြှောက်ကာကျိုးဟောင်အားလက်ညှိုးထိုးပြီး ဒေါသတကြီးပြောဆိုလာခဲ့သည်။

"မင်းဘာတွေလာပြောနေတာလဲ သောက်ကောင်စုတ်လေး"

ကျိုးဟောင်မှာလှောင်ပြုံးပြုံးကာကျန်းပုဖန်း၏ရှေ့သို့တစ်လှမ်းချင်းလျှောက်လာခဲ့သည်။ သူ၏အမူအရာမှာ‌အေးစက်နေပြီး ဒေါသတကြီးဖြင့်တုံ့ပြန်ပြောဆိုလာခဲ့သည်။

"ကျုပ်ပြောတာမှားလို့လား"

ကျိုးဟောင်မှာမဲမှောင်နေသောအမူအရာဖြင့်လူကြီးမင်းစွန်းအားလက်ညှိုးထိုးကာအေးစက်စွာအော်လိုက်သည်။

"မြို့အရှင်ခန်းမရဲ့အပြင်ဘက်ကပြည်သူတွေအားလုံးက ခင်ဗျားမွေးနေ့အတွက်ဂုဏ်ပြုပေးနေကြတာဒါပေမဲ့ခင်‌ဗျားကရော ခင်ဗျားကမြို့အရှင်ဖြစ်ဖို့ရောထိုက်တန်သေးရဲ့လား သူတို့ရဲ့မေတ္တာနဲ့တောင်ထိုက်တန်ရဲ့လား မထိုက်တန်ဘူး ခင်‌ဗျားကသန္ဓေပြောင်းသားရဲတွေရဲ့ခွေး လူ့လောကအတွက်အမှိုက်ပဲ"

ကျိုးဟောင်မှာပိုမိုဆဲရေးလေ ပိုမိုစိတ်‌တိုလာလေဖြစ်သည်။ လက်သီးအားတင်းတင်းဆုပ်ရင်းမျက်လုံးထဲတွင်အမုန်းတရားများဖြင့်ပြည့်နေပေသည်။ ကျိုးဟောင်သည်ကျန်းပုဖန်းအားချက်ချင်းသတ်ပစ်ပြီး ရှင်းပစ်လိုက်‌ချင်ပေသည်။ ကျိုးဟောင်၏အေးစက်သောမေးခွန်းများအားကြားရချိန်တွင် ရုတ်တရက်ကျန်းပုဖန်း၏မျက်နှာ၌သရော်ပြုံးတစ်ခုပေါ်လာခဲ့သည်။ ထို့နောက်မကျေမနပ်မျက်မှောင်ကြုတ်ကာ ကျိုးဟောင်အားအေးစက်စွာပြန်အော်လာခဲ့သည်။

"မင်းဘာသိလို့လဲ"

"ဒါတွေကအားလုံးလူကြီးမင်းစွန်းရဲ့ကျေးဇူးတွေကြောင့်ပဲ တကယ်လို့သူ့ကြောင့်သာမဟုတ်ရင် ဒီအမှိုက်တွေဒီလောက်အေးဆေး‌နေနိုင်မှာလား ငါတို့အခုလုပ်နေတာတွေကအားလုံးသူတို့ပျော်ရွှင်မှုအတွက်ပဲ ငါကသန္ဓေပြောင်းသားရဲတွေရဲ့ခွေးလို့မင်းပြောတယ် ဒါပေမဲ့အပြင်ကအဲဒီလူတွေကိုကြည့်စမ်း သူတို့ထဲမှာငါ့အကြောင်းမကောင်းပြောမဲ့လူရှိတယ်လို့မင်းထင်လား"

ကျန်းပုဖန်းမှာအရှက်မရှိဆက်လက်ဟန်‌ဆောင်နေပြီး အမှားအားဝန်မခံသည့်အပြင် သန္ဓေပြောင်းသားရဲများအတွက်အလုပ်လုပ်ခြင်းအား ဂုဏ်ယူဖွယ်ရာကိစ္စတစ်ခုလိုပင်ထင်မှတ်နေသေးပေသည်။ ကျိုးဟောင်မှာလူကြီးမင်းစွန်းအားကြည့်ရင်း အမူအရာမှာမဲမှောင်လာခဲ့သည်။ ကျိုးဟောင်သည်ရင်ထဲရှိဒေါသအားဖိနှိပ်ကာအေးစက်စွာပြောလိုက်သည်။

"ခင်‌ဗျားရဲ့ရည်ရွယ်ချက်ကဘာလဲ"

"ခင်ဗျာကသူ့ကိုအသားတိုးအောင်လုပ်ပြီးတစ်ချက် တည်းနဲ့ဖျက်ဆီးဖို့ကြံနေတာလား"

"ဒါမှမဟုတ် ခင်ဗျားကသန္ဓေပြောင်းသားရဲတွေပိုင်တဲ့အဖွဲ့အစည်းတစ်ခုတည်ထောင်ဖို့ကြိုးစားနေတာလား ဒါကခင်ဗျားပြည်သူတွေကိုဦးနှောက်ဆေးနေတာရဲ့အစပဲရှိသေးတာလား"

ကျိုးဟောင်၏မေးခွန်းအားနားထောင်ပြီးနောက် လူကြီးမင်းစွန်း၏မျက်နှာပေါ်တွင်သရော်ပြုံးတစ်ခုပေါ်လာခဲ့သည်။ ထို့နောက်မော့ကြည့်လိုက်‌ပေရာ နီရဲပြီးသွေးဆာ‌နေသောမျက်လုံးအား ဖြတ်ခနဲမြင်လိုက်ရပေသည်။

သူသည်စိတ်ထဲရှိဒေါသအားချိုးနှိမ်ကာတစ်ခွန်းချင်းစီအေးစက်စွာပြောလိုက်ပေသည်။

"မင်းအဖြေရှာဖို့အခွင့်မရေးမရှိမှာကိုပဲစိုးမိတယ် မင်းသိတာအရမ်းများနေပြီ"

သူ့စကားဆုံးသည်နှင့်လက်မောင်းလုံးတစ်လုံးစာအရွယ်အစားရှိသော ဓားရှည်တစ်ချောင်းမှာလူကြီးမင်းစွန်း၏လက်ထဲတွင်ရုတ်တရက်ပေါ်လာခဲ့သည်။ အလင်းရောင်အောက်တွင်၎င်းသည်အေးစက်သောအလင်းတို့ဖြင့်တလက်လက်တောက်ပနေသည်။ ထိုမြင်ကွင်းအားကြည့်ပြီးကျန်းပုဖန်းသည်လည်းခါးကြားမှဓားမြှောင်အားချက်ချင်းဆွဲထုတ်လိုက်သည်။

သူ၏မျက်လုံးများမှာသွေးဆာနေသောသတ်ဖြတ်လိုစိတ်များဖြင့်ပြည့်နေပြီး လူကြီးမင်းစွန်းအားလေးစားစွာဖြင့်ပြောလိုက်သည်။

"လူကြီးမင်းစွန်း ဒီကောင်စုတ်လေးကိုကျွန်တော့်တာဝန်ထားလိုက် သူ့ကြောင့်လူကြီးမင်းရဲ့လက်ကိုအညစ်ပတ်မခံပါနဲ့"

လူကြီးမင်းစွန်းမှာထိုစကားအားကြားလိုက်ရချိန်တွင် သူ၏မျက်နှာတွင်ရုတ်တရက်အူမြူးနေသောအမူအရာတစ်ခုပေါ်လာခဲ့သည်။ ထို့နောက်ပြုံးကာခြေလှမ်းအနည်းငယ်မျှနောက်ဆုတ်ပြီး ခေါင်းညိတ်ကာပြောလိုက်သည်။

"ကောင်းပြီမင်းကိုပဲလွှဲထားလိုက်မယ် ငါမင်းကိုလူသတ်ရတဲ့ပျော်ရွှင်မှုကိုပေးခံစားမယ်"

"ငါတို့အဖွဲ့တွေတိုးတက်လာပြီးပိုသန်မာလာတဲ့အချိန်ကျ ဥယျာဉ်မြို့တော်မပြောနဲ့အရှေ့ပိုင်းခရိုင်တစ်ခုလုံးကမင်းထိန်းချုပ်မှုအောက်မှာရှိနေမှာ"

ကြီးမားသည့်ဆွဲဆောင်မှုအောက်တွင် ကျန်းပုဖန်း၏ မျက်နှာမှာစိတ်လှုပ်ရှားမှုတို့ဖြင့်ပြည့်နေခဲ့သည်။ မျက်လုံးများထဲတွင်စိတ်အားထက်သန်မှုများဖြင့်ပြည့်နေပြီး စိတ်ထဲရှိစိတ်လှုပ်ရှားမှုအားမထိန်းချုပ်ထားနိုင်တော့ပေ။

ကျန်းပုဖန်းမှာလက်ထဲရှိဓားမြှောင်အားတင်းကြပ်စွာဆုပ်ကိုင်ကာကြုံးဝါးလိုက်ပြီး အဝေးရှိကျိုးဟောင်ထံအလောတကြီးပြေးဝင်လာခဲ့သည်။ သူ၏လှုပ်ရှားမှုများမှာအလွန်ရဲတင်းကာ သတ်ဖြတ်လိုသောရည်ရွယ်ချက်များဖြင့်ပြည့်နေသည်မှာ သေချာပေါက်တစ်ချက်တည်းဖြင့်ကျိုးဟောင်၏အသက်အား ယူချင်နေသည့်ပုံပင်။

ဒေါသထွက်နေသောကျန်းပုဖန်းနှင့်ရင်ဆိုင်နေရသော်လည်း ကျိုးဟောင်မှာကြောက်လန့်ခြင်းမရှိဘဲအလွန်တည်ငြိမ်နေကာ လုံးဝကိုဂရုမစိုက်ပေ။

ဤလူသည်ပထမမြောက်မူလအဆင့်ပညာရှင်တစ်ယောက်သာဖြစ်ပေရာ ကျိုးဟောင်မှာတစ်ချက်တည်းဖြင့်ချက်ချင်းသတ်ပစ်လိုက်လို့ရပေသည်။ ကျန်းပုဖန်းလျင်မြန်စွာချဉ်းကပ်လာသည်ကိုကြည့်ပြီးကျိုးဟောင်မှာမရှောင်ဘဲနေရာတွင်သာမလှုပ်မယှက်ရပ်နေပေသည်။ ရုတ်တရက် ကျိုးဟောင်သည်ခေါင်းမော့ကာထိုလူအားမဲမှောင်နေသောအမူအရာဖြင့်ကြည့်ပြီးအေးစက်စွာအော်ပြောလိုက်သည်။

"ခင်ဗျားကသေချင်နေတာပဲ"

"ကြည့်ကြသေးတာပေါ့"

ကျန်းပုဖန်း၏အမူအရာမှာလည်းချက်ချင်းပင်မဲမှောင်သွားခဲ့သည်။ သူသည်ရှေ့ရှိကောင်စုတ်လေးအားလှောင်ပြောင်သလိုကြည့်ပြီး နှုတ်ခမ်းထောင့်စွန်းသည်လည်းအပေါ်သို့ကွေးတက်သွားခဲ့သည်။ ထို့နောက်ကြုံးဝါးကာကျိုးဟောင်ထံတိုးဝင်လာခဲ့သည်။ ကျိုးဟောင်မှာနှာခေါင်းရှုံ့ကာခါးမှဓားအားလျင်မြန်စွာဆွဲထုတ်လိုက်သည်။ သူသည်အလွန်လျင်မြန်လှကာရက်စက်စွာရှေ့မှလူထံပြေးဝင်သွားခဲ့သည်။ ကျိုးဟောင်၏လှုပ်ရှားမှုများမှာအလွန်လျင်မြန်လှကာ သက်ညှာမှုမရှိဓားအားမြှောက်ကာပိုင်းချလိုက်ပေသည်။

ကျန်းပုဖန်းမှာရှောင်ရန်အခွင့်အရေးပင်မရလိုက်ဘဲလည်ပင်းမှာချက်ချင်းပင်ပြတ်သွားခဲ့ပြီးသွေးများစီးကျလာခဲ့သည်။ မြင်ကွင်းမှာအလွန်ဆိုးရွားလှပေသည်။ မကြာမီကျန်းပုဖန်း၏ခန္ဓာကိုယ်မှာမြေပြင်ပေါ်သို့ပစ်စလတ်ခတ်လဲကျသွားခဲ့သည်။ သူသည်ပြန်လည်ကောင်းမွန်လာရန်အခွင့်အရေးပင်မရလိုက်ဘဲသေဆုံးသွားခဲ့ရသည်။ ထိုမြင်ကွင်းအားကြည့်ပြီးလူကြီးမင်းစွန်း၏အမူအရာမှာထိတ်လန့်နေခဲ့သည်။ ရုတ်တရက်ပေါ်လာသောဤကောင်စုတ်လေးသည်ထိုမျှလောက်စွမ်းအားကြီးမည်ဟုမထင်ထားခဲ့ပေ။

မူလကသူသည်ကျိုးဟောင်အားများများစားစားမတွေးဘဲ ဘာမှလုပ်စရာမရှိသည့်အရည်အချင်းမရှိသည့်အမှိုက်တစ်စဟုသာထင်ခဲ့ခြင်းဖြစ်သော်လည်း ယခုမှသာသူ၏အထင်မှားယွင်းသွားကြောင်းသိလိုက်ရခြင်းဖြစ်သည်။ ဤကောင်စုတ်လေး၏စွမ်းရည်မှာသူစိတ်ကူးနိုင်သောအရာမျိုးလုံးဝမဟုတ်ပေ။ မည်သို့ပင်ဖြစ်စေတစ်ဖက်လူသည်ပထမမြောက်မူလအဆင့်ပညာရှင်တစ်ယောက်အားချက်ချင်းသတ်ပစ်ခဲ့ပေသည်။ ဤမြင်ကွင်းအားမြင်ပြီးနောက်လူကြီးမင်းစွန်း၏ခေါင်းထဲ၌အ

ပထမဆုံးပေါ်လာသောအတွေးသည်ထွက်ပြေးရန်ဖြစ်သည်။

သူစဉ်းစားနိုင်သောအကောင်းဆုံးအဖြေမှာဤနေရာမှအမြန်ဆုံးထွက်ပြေးကာ ဤကောင်စုတ်လေးအားရှောင်ခြင်းပင်ဖြစ်သည်။ တစ်ဖက်လူအားအနိုင်ရနိုင်မရနိုင်မသေချာသောအခြေအနေတွင် ဤနည်းလမ်းသည်သာအကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ ထိုသို့စဉ်းစားရင်းလူကြီးမင်းစွန်း၏မျက်နှာတွင်စိုးရိမ်ကာမသက်မသာဖြစ်နေခဲ့ပြီး ဤနေရာမှအမြန်ဆုံးလွတ်မြောက်ချင်နေခဲ့သည်။

သို့သော်ကျိုးဟောင်မှာသူ့အားထွက်ပြေးရန်အခွင့်အရေးမပေးဘဲ ရှေ့တစ်လှမ်းတိုးကာသူ့နောက်လျင်မြန်စွာလိုက်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း သူသည်လူကြီးမင်းစွန်းရှေ့သို့ရောက်လာခဲ့ပြီးထွက်ပြေးမည့်လမ်းကြောင်းအားပိတ်ဆို့ထားလိုက်သည်။ ထိုမြင်ကွင်းအားကြည့်ကာလူကြီးမင်းစွန်းမှာအလွန်ကြောက်လန့်နေခဲ့ပြီး ခေါင်းပင်ကျိန်းလာခဲ့သည်။ သူသည်အတော်လေးသတိထားကာရှေ့မှကျိုးဟောင်အားထိတ်လန့်စွာကြည့်နေပြီးအေးစက်စွာအော်လိုက်သည်။

"မင်းဘာလိုချင်တာလဲ"

"မင်းငါ့ကိုမထိတာပိုကောင်းမယ်နော် မဟုတ်ရင်ငါတို့သူဌေးကမင်းကိုအလွတ်ပေးမှာမဟုတ်ဘူး"

လူကြီးမင်းစွန်း၏ရဲရဲနီနေသောမျက်လုံးများထဲတွင် သွေးဆာနေသောအမူအရာတစ်ခုရုတ်တရက်ပေါ်လာခဲ့သည်။ ဤသည်မှာကြမ်းကြုတ်သောသားရဲများအတွက်ပြိုင်ဘက်ကင်းအမူအရာတစ်ခုဖြစ်သည်။ ထိုအမူအရာအားကြည့်ကာကျိုးဟောင်၏မျက်နှာတွင် ရက်စက်သောအမူအရာတစ်ခုပေါ်လာခဲ့သည်။

"ခင်‌ဗျားရဲ့သူဌေးလား ဒီလောကကြီးကခင်‌ဗျားတည်ရှိနေသင့်တဲ့နေရာမဟုတ်ဘူး ခင်‌ဗျားတို့သန္ဓေပြောင်းသားရဲတွေကမြေမမြှုပ်ရဘဲအနှေးနဲ့အမြန်သေရမှာပဲ"

ကျိုးဟောင်မှာစကားဆုံးသည်နှင့်လက်အားမြှောက်ကာပိုင်းချလိုက်သည်။ ကျယ်လောင်သောအသံတစ်ခုနှင့်အတူ သန္ဓေပြောင်းသားရဲ၏‌ခေါင်းမှာချက်ချင်းပင်နှစ်ပိုင်းဖြစ်သွားခဲ့သည်။ အသက်အားချက်ချင်းဆုံးရှုံးလိုက်ရသောသန္ဓေပြောင်းသားရဲမှာ ချက်ချင်းပင်စပါးအုံးမြွေတစ်ကောင်အဖြစ်ပြောင်းလဲသွားခဲ့သော်လည်း ၎င်းမှာသေဆုံးသွားပြီဖြစ်ပြီးခေါင်းမှာ အဖြတ်ခံလိုက်ရပြီဖြစ်သည်။

ကြည့်ရသည်မှာဤသန္ဓေပြောင်းသားရဲများမှာသေသွားပြီးနောက် သူတို့၏ပုံစံအမှန်အားပြန်လည်ပြောင်းလဲသွားကြပုံပင်။ အစောပိုင်းကသန္ဓေပြောင်းသားရဲ၏ အလောင်းမှာမူ၎င်း၏ပုံစံအမှန်အားပြန်မပြောင်းသေးခင်မှာပင် ကားပေါက်ကွဲမှုကြောင့်အစိတ်စိတ်အမြွှာမြွှာဖြစ်သွားခဲ့ပေသည်။

....................................................................................

အခန်း(၄၄၇) ပြီးပါပြီ။

All Chapters