← Chapters

အခန်း (၄၆၃-၄၆၅)

Vol. 31 Ch. 463-465

အခန်း (၄၆၃-၄၆၅)

Vol. 31 Ch. 463-465

အခန်း (၄၆၃) : အလောင်းအစား

ကျိုးဟောင်မှာဖိတ်ကြားစာများအားကြည့်ကာ ခေတ္တမျှစဉ်းစားပြီးနောက် အားလုံးအားငြင်းဆိုလိုက်သည်။

သူသည်လက်ရှိအချိန်တွင်စွမ်းအားတောင့်တင်းလာအောင်ပြုလုပ်ချင်ပြီး ဤအရာများ၏သက်ရောက်မှုအားမခံလိုပေ။ စားသောက်ပွဲအဆုံးသတ်ပြီးနောက်ကျိုးဟောင်မှာဗီလာသို့ပြန်လာခဲ့သည်။ နောက်ရက်များတွင်လည်း ကျိုးဟောင်မှာတိတ်တဆိတ်သာနေပြီး လေ့ကျင့်ရေးကလွဲပြီးအခြားဘာမှမလုပ်ပေ။

မျက်စိတစ်မှိတ်အတွင်း တစ်ပတ်မှာကုန်လွန်သွားခဲ့ပြီး ကျိုးဟောင်သည်လည်းစစ်နတ်ဘုရားတပ်ရင်းအကြောင်း အတော်များများသိနေပြီဖြစ်သည်။

ယခုတစ်ကြိမ် ကျိုးဟောင်လေ့ကျင့်ရေးအခန်းထဲမှလမ်းလျှောက်ထွက်လာသည့်အချိန်တွင် အနောက်မှအသံတစ်ခုအားကြားလိုက်ရသည်။

"ကျိုးဟောင် ခဏနေဦး ကျိုးဟောင်"

ကျိုးဟောင်မှာလှည့်ကြည့်လိုက်ပြီးနောက် ခေတ္တမျှကြက်သေသေသွားခဲ့သည်။ ရွှေရောင်ဆံပင်နှင့်အမျိုးသားတစ်ယောက်မှာသူ့အားလက်ယမ်းပြနေပြီး သူရှိရာသို့လျှောက်လာခဲ့သည်။

တစ်ဖက်လူ၏ရွှေရောင်ဆံပင်မှာအစစ်‌ဖြစ်ပေရာ ဤလူသည်အနောက်တိုင်းမှလာသူဖြစ်နိုင်‌ပေသည်။ သူသည်ကျိုးဟောင်ရှေ့သို့လျှောက်လာခဲ့ပြီး ပြုံးကာမိတ်ဆက်လာခဲ့သည်။

"မင်္ဂလာပါကျိုးဟောင် ငါ့နာမည်ကပေါလ်ချားလက်စ် အမေရိကကလာတာ"

ကျိုးဟောင်မှာအချိန်ခဏမျှမှင်တက်နေခဲ့သည်။ ဤလူသည်သူ့အားဘာကြောင့်လာရှာမှန်းသူမသိပေ။ သူ့အသိထဲတွင်အနောက်တိုင်းသားသိုင်းပညာရှင်လည်း တစ်ယောက်မှမရှိပေရာ ဤလူသည်ဘာကြောင့်ရုတ်တရက်ကြီး သူ့အားစကားလာပြောနေရပါသနည်း။

"မင်္ဂလာပါ ပေါလ် မင်းငါ့ကိုဘာလို့ရှာလဲဆိုတာမေးလို့ရမလား"

ကျိုးဟောင်မှာယဉ်ကျေးစွာပင်ပြောလိုက်သည်။ မည်သို့ပင်ဖြစ်စေကျိုးဟောင်သည် နိုင်ငံကြီးတစ်ခု၏ကိုယ်နှုတ်အမူအရာနှင့် ကျင့်ဝတ်တို့ကိုတော့ကြွားချင်ပါသေးသည်။

"ဒီလိုပါ ကျိုးဟောင် ငါကမင်းတို့ဟွာရှားကသိုင်းပညာရှင်တွေကိုအရမ်းစိတ်ဝင်စားတယ် ပြီးတော့စစ်နတ်ဘုရားတပ်ရင်းမှာ ဟွာရှားသိုင်းပညာရှင်တွေအများကြီးရှိတယ် အနောက်တိုင်းသားသိုင်းပညာရှင်တွေထက်တောင်များသေးတယ် မင်းကတော့ ပါရမီရှင်တစ်ယောက်အနေနဲ့လက်ခံ ခံခဲ့ရပြီး မင်းရဲ့ကျင့်ကြံမှုကပိုတောင်နက်နဲသေးတယ် အဲဒါကြောင့် ငါမင်းကိုလမ်းညွှန်ပေးလို့ရမလားလို့မေးချင်လို့ ငါတို့ရိုးရိုးရှင်းရှင်းပြိုင်ပွဲလေးတစ်ခုလောက်ပြိုင်ကြရင်ဘယ်လိုလဲ"

ပေါလ်မှပြုံးကာပြောလာခဲ့သည်။ ထိုစကားအားကြားသောအခါ အံ့ဩသွားခဲ့သည်။

ကျိုးဟောင်စစ်နတ်ဘုရားတပ်ရင်း၏ကျောင်းသားလက်စွဲစာအုပ်တွင်ဖတ်ခဲ့ရသည်။ သိုင်းပညာရှင်များကြားမှပြိုင်ပွဲများမှာ သာမန်ဖြစ်ပြီး သွေးထွက်သံယိုကိစ္စများအားကြိုတင်ကာကွယ်နိုင်ရန် အားလုံးပုံရိပ်ယောင်တိုက်ပွဲနည်းလမ်းကိုသာအသုံးပြုကြသည်။

တစ်နည်းဆိုရသော် သူတို့သည်ပုံရိပ်ယောင်လေ့ကျင့်ရေးအခန်းတွင်သာတိုက်ခိုက်ကြသည်။ ပြိုင်ဘက်နှစ်ယောက်မှာ ခေါင်းဆောင်းများဆောင်းပြီး ပုံရိပ်ယောင်နေရာလွတ်တွင်တိုက်ခိုက်ကြသည်။

သို့သော်ဤကဲ့သို့သောတိုက်ပွဲများမှာအသက်အန္တရာယ်မရှိသော်ငြား လောင်းကြေးတစ်ခုတော့ရှိပေသည်။ အများစုမှာပိုက်ဆံလောင်းကြသည်။

"မင်းငါနဲ့အလောင်းအစားလုပ်ချင်တာလား"

ကျိုးဟောင်မှာအချိန်ခဏမျှစဉ်းစားကာမေးလိုက်သည်။

"ဒါပေါ့ ဒီတိုင်းရိုးရိုးရှင်းရှင်းအလောင်းအစားတစ်ခုပဲလုပ်ကြတာပေါ့ ၂ဘီလီယံဆိုရင်ရောဘယ်လိုလဲ ဒီလောက်ပမာဏကမများပါဘူး ဟုတ်တယ်မလား"

ပေါလ်မှချက်ချင်းပင်ပြောလိုက်သည်။

၂ဘီလီယံသည် အဘယ်မှာနည်းပါးသောပမာဏဖြစ်မည်နည်း။ ဤပေါလ်ဆိုသောလူသည် တကယ်ကိုချမ်းသာပေသည်။

သို့သော်ကျိုးဟောင်မှာစိတ်မပူပေ။ ထိုပမာဏလောက်ကိုတော့သူတတ်နိုင်ပါသေးသည်။

သို့သော်ထိုအချိန်တွင် နူးညံ့သောအော်သံတစ်ခုထွက်ပေါ်လာခဲ့သည်။

"ပေါလ်"

ကျိုးဟောင်မှာလှည့်ကြည့်လိုက်ပေရာ သူမ၏ ကောက်ကြောင်းအားဖော်ပြနေသော အနက်ရောင်ကိုယ်ကျပ်အင်္ကျီဝတ်ဆင်ထားသည့်လော့လီအားတွေ့လိုက်ရသည်။ လက်ရှိအချိန်တွင်သူမသည်ပျက်ယွင်းနေသောအမူအရာဖြင့် ဒေါသတကြီးပြေးလာခဲ့သည်။

"ပေါလ်နင်ဘာလုပ်ဖို့ကြိုးစားနေတာလဲ နင်ငါတို့ဟွာရှားသိုင်းပညာရှင်တွေကိုနင်နဲ့ထပ်ပြိုင်ခိုင်းဖို့ ဆွယ်နေတာလား နင်ဒီလောက်အရှက်မရှိလို့မရဘူးလေ တကယ်လို့နင်ပြိုင်ချင်ရင် ငါနဲ့ပြိုင်လေ ဘာလို့အခုမှစစ်နတ်ဘုရားတပ်ရင်းထဲကိုရောက်တဲ့ကျိုးဟောင်ကိုလာရှာတာလဲ ဟမ့် သူကကျင့်ကြံဆင့်နိမ့်တဲ့လူသစ်လေးဆိုပြီး နင်သူ့ကိုအသုံးချဖို့ကြံနေတာလား နင်ဒီလိုမျိုးလုပ်တာဘယ်နှစ်ခါရှိနေပြီလဲဆိုတာ ငါမသိဘူးလို့မထင်လိုက်နဲ့"

လော့လီစကားဆုံးသည်နှင့် ကျိုးဟောင်မှာသဘော ပေါက်သွားခဲ့သည်။

မည်သို့ပင်ဖြစ်စေ ပေါလ်ပြောခဲ့သမျှလေ့ကျင့်ရန်နှင့် သူ့ထံမှသင်ယူရန်ဟူသောစကားအားလုံးသည်အလိမ်အညာများသာဖြစ်ပြီး တကယ်တမ်းတွင်ပိုက်ဆံအားလိမ်ယူလိုခြင်းဖြစ်သည်။

ဤနိုင်ငံခြားသားမှာတကယ်ပင်အရှက်မရှိပေ။ သူသည်ထိုက်တန်သောပြိုင်ဘက်အားရှာဖွေနေခြင်းမဟုတ်ဘဲ ကျိုးဟောင်လိုအသစ်လေးများကိုသာစိန်ခေါ်ခြင်းဖြစ်သည်။ စင်စစ်တွင် သူ၏ရည်ရွယ်ချက်မှာမဖြူစင်ပေ။

ဤပေါလ်ဆိုသည့်လူသည် အစောပိုင်းကသူနှင့်ဘာကြောင့်ပြိုင်ချင်နေကြောင်းကို နောက်ဆုံးတွင်ကျိုးဟောင်သဘောပေါက်သွားခဲ့ပြီဖြစ်သည်။

"မိန်းကလေးလော့လီ ဒီကိစ္စကမင်းနဲ့ဘာမှမဆိုင်ဘူးမဟုတ်လား"

ထိုအချိန်တွင် ပေါလ်မှာအရှက်မရှိစကားပြောလာခဲ့သည်။

"ပြီးတော့ လူကြီးမင်းကျိုးက သူ့စွမ်းအားကြောင့်ခေါ်ယူခံထားရတဲ့ပညာရှင်တစ်ယောက်ပဲကို လူတိုင်းဒါကိုသိကြတယ် ပြောမရဘူး သူကကျွန်တော့်ကိုတောင်နိုင်လောက်တယ်"

ပေါလ်မှထပ်ပြောလိုက်သည်။

"ဟမ့်ရှင်ကဘယ်သူ့ကို စကားနဲ့လာပြီးအရူးလုပ်ဖို့ကြိုးစားနေတာလဲ ရှင့်ရဲ့ကျင့်ကြံဆင့်က တတိယမြောက်မူလအဆင့်ရောက်နေပြီဆိုတာကျွန်မမသိဘူးမထင်နဲ့ ကျိုးဟောင်ကပထမမြောက်မူလအဆင့်ပဲရှိသေးတာ သူကဘယ်လိုလုပ်ပြီးရှင့်ကိုနိုင်မှာလဲ"

လော့လီမှာနှာခေါင်းရှုံ့ကာကျိုးဟောင်အားလှည့်ကြည့်ကာ ချက်ချင်းပြောလိုက်သည်။

"ကျိုးဟောင် သူ့ထောင်ချောက်ထဲဝင်မသွားစေနဲ့ ဒီကနိုင်ငံခြားသားတွေကတစ်ယောက်မှကောင်းတာမဟုတ်ဘူး သူတို့ကပုံမှန်ဆိုငါတို့နဲ့မပြိုင်ရဲကြလို့ စစ်နတ်ဘုရားတပ်ရင်းကိုဝင်ခါစအသစ်ကလေးတွေကိုတမင်ရှာပြီး ပစ်မှတ်ထားကြတာ"

"သူတို့ကစစ်နတ်ဘုရားတပ်ရင်းကိုရောက်တာအချိန်တစ်ခုရှိနေပြီဆိုတော့ အတော်လေးတိုးတက်နေပြီ ပြီးတော့သူတို့ရဲ့ကျင့်ကြံဆင့်တွေကလည်းမြင့်တယ် အဲဒါကြောင့်ကျိုးဟောင်သူ့ကိုအာရုံစိုက်မနေနဲ့"

ထိုစကားအားကြားလိုက်ရချိန်တွင် ပေါလ်မှာမျက်မှောင်ကြုတ်သွားခဲ့သော်လည်း ထပ်ပြောလာခဲ့သည်။

"မိန်းကလေးလော့လီ လောင်းကြေးက ၂ဘီလီယံတည်းပါ မင်းတို့ဟွာရှားကချမ်းသာပြီးစွမ်းအားကြီးတာ ဘယ်အဖွဲ့အစည်းကမဆိုနှစ်တိုင်းဘီလီယံနဲ့ချီပေးနေတာ ဒီလောက်အရင်းအမြစ်နဲ့ထောက်ပံ့ငွေတွေအများကြီးကို ၂ဘီလီယံလောက်ကဘာမှမဟုတ်ပါဘူး ဟုတ်တယ်မလား"

"အို..တကယ်လား ၂ဘီလီယံကမများဘူးဆို ရှင်ကျွန်မကို ၂ဘီလီယံပေးလေ လာ လာ လာ ကျွန်မရှင်နဲ့လောင်းမယ် ရှင်နဲ့ယွမ် ၁၀ ဘီလီယံတောင်လောင်းလိုက်ဦးမယ် ရှင်လောင်းရဲလား တကယ်လို့ရှင်ကျွန်မနဲ့လောင်းရဲရင် ကျွန်မရှင့်ကိုကျိုးဟောင်နဲ့လောင်းခွင့်ပေးမယ်"

လော့လီမှာ ချက်ချင်းပင်အစ်မကြီးဟူသောဂုဏ်အားယူလိုက်ပြီး သူမ၏ပုံမှာကြက်မကြီးမှကြက်ပေါက်ကလေးများအားကာကွယ်ပေးနေသလိုပင်။

"မင်း....မိန်းကလေးလော့လီက ဒါကကျွန်တော်နဲ့ကျိုးဟောင်ကြားကကိစ္စ ဒါခင်‌ဗျားနဲ့ဘာမှမဆိုင်ဘူးမဟုတ်လား"

ပေါလ်၏အမူအရာမှာ အလွန်ပျက်ယွင်းနေခဲ့သည်။

သူသည်လော့လီနှင့်မည်သို့ယှဉ်ပြိုင်နိုင်မည်နည်း။ လော့လီသည် ပဉ္စမမြောက်မူလအဆင့်ပညာရှင်ဖြစ်ပေရာ သူမအားအနိုင်ယူရန်မှာမဖြစ်နိုင်ပေ။

ထိုအချိန်တွင် နောက်ထပ်ဟွာရှားသိုင်းပညာရှင်တစ်ယောက်မှာပြေးလာခဲ့သည်။ ကျိုးဟောင်ဤလူအားသိပေသည်။ ဤလူအားမနေ့ကပါတီပွဲတွင်တွေ့ခဲ့ရပြီးအမည်မှာစွင်းဖျင်ဖြစ်သည်။

"ကျိုးဟောင်သူ့ကိုဂရုစိုက်မနေနဲ့ ပြီးခဲ့တဲ့လ ငါစစ်နတ်ဘုရားတပ်ရင်းကိုဝင်လာခါစက ငါ့ကိုသူနဲ့ပြိုင်ဖို့ဆွယ်တဲ့လူကသူပဲ ငါစုစုပေါင်း ယွမ် ၂ဘီလီယံရှုံးခဲ့တာ"

စွင်းဖျင်ပြေးလာသည်ကိုမြင်သောအခါ ပေါလ်မှာဒေါသဖြစ်သွားခဲ့သည်။ သူသည်မူလကကျိုးဟောင်နှင့်တိတ်တိတ်လေးပြိုင်ချင်တာဖြစ်သည်။ သို့သော် အခြားလူများမှမြင်သွားလိမ့်မည်ဟုမထင်ထားခဲ့ပေ။ ဤကိစ္စသည်အလွန်ဆိုးရွားလှပေသည်။

သို့သော်ကျိုးဟောင်မှာပြုံးကာ ပေါလ်အားကြည့်လိုက်သည်။

"လူကြီးမင်းပေါလ် ခင်ဗျားတကယ်ပြိုင်ချင်တာလား"

ပေါလ်မှာအစပိုင်းတွင်မျှော်လင့်ချက်သိပ်မရှိသော်ငြား ကျိုးဟောင်၏စကားအားကြားလိုက်ရချိန်တွင်ချက်ချင်းပင်ပျော်သွားခဲ့သည်။

"‌ဒါပေါ့ ကျုပ်ကခင်ဗျားတို့ဟွာရှားသိုင်းပညာရှင်တွေကိုအလေးစားဆုံးပဲ သေချာပေါက်ပြိုင်ချင်တာပေါ့"

"ကောင်းပြီလေ ပြိုင်ကြတာပေါ့ ဒါပေမဲ့ ဒီယွမ် ၂ဘီလီယံကတကယ်ကိုမလုံလောက်ဘူး ဒီလိုလုပ်ကျုပ်တို့၁၀ဘီလီယံလောင်းရင်ရောဘယ်လိုလဲ လောင်းရဲလား"

ကျိုးဟောင်စကားဆုံးသည်နှင့် လော့လီနှင့်စွင်းဖျင်မှာကြက်သေသေသွားခဲ့ကြသည်။

"ကျိုးဟောင်နင်ရူးနေလား"

လော့လီမှာချက်ချင်းပင်ကျိုးဟောင်အားဆွဲလိုက်ပြီး သူမ၏ပုံစံမှာဒေါသအလွန်ထွက်နေပုံပင်။

ကျိုးဟောင်မှာပြုံးကာပြောလိုက်သည်။

"ကိစ္စမရှိဘူး စီနီယာအစ်မ ပေါလ်ကျုပ်ခင်ဗျားကို‌မေးမယ် ခင်ဗျားလောင်းရဲလား တကယ်လို့မလောင်းရဲရင်လည်းထားလိုက်တော့"

ကျိုးဟောင်စကား‌ဆုံးသည်နှင့် ပေါလ်မှာအတော်လေးထိတ်လန့်သွားခဲ့သည်။

သူသည် ၂နှစ်အတွင်း ၁၀ဘီလီယံသာရှာနိုင်ခဲ့ပေရာ လက်ရှိအချိန်တွင်ရှိသမျှအားလုံးအားလောင်းပစ်ရန်တွေဝေနေခဲ့သည်။ သူ၏ထိုကဲ့သို့သောပုံစံအားကြည့်ကာ ကျိုးဟောင်မှာပြုံးလိုက်သည်။

"ကြည့်ရတာမလောင်းရဲတဲ့ပုံပဲ စီနီယာအစ်မ စီနီယာအစ်ကိုစွင်းသွားကြစို့"

ကျိုးဟောင်ထွက်သွားတော့မည်ကိုကြည့်ပြီး ပေါလ်မှာချက်ချင်းပင်အံကြိတ်လိုက်သည်။ သူ့အတွက်ယွမ် ၁၀ဘီလီယံရမည့်အခွင့်အရေးမှာများများစားစားမရှိပေ။

"ကောင်းပြီ ငါမင်းပြောတဲ့လောင်းကြေးကိုလက်ခံတယ်"

....................................................................................

အခန်း(၄၆၃) ပြီးပါပြီ။

အခန်း (၄၆၄) : ၁၀ ဘီလီယံ

ပေါလ်ကအံကြိတ်နေမိလေသည်။ သူပိုင်ဆိုင်ထားသမျှထုတ်လောင်းဖို့အတွက်တွေဝေနေခဲ့ပေသည်။

တဖက်မှာလည်း လော့လီနှင့်စွင်းဖျင်ကလည်း ကျိုးဟောင်စကားကြောင့်အမူအရာများပြောင်းသွားလေသည်။ သူတို့က ကျိုးဟောင်အနေဖြင့် တဖက်လူကြောက်ပြီးနောက်ဆုတ်သွားစေရန်အတွက် လှည့်စားလိုက်ခြင်းဖြစ်မည်လို့တွေးနေကြလေသည်။

"ကျိုးဟောင် သူနဲ့မလောင်းနဲ့ ဒါက ၁၀ဘီလီယံတောင်နော်"

လော့လီကအနည်းငယ်တော့ စိုးရိမ်နေလေသည်။ ၁၀ဘီလီယံဆိုသောပမာဏမှာ နည်းသောပမာဏတခုမဟုတ်ပေ။

"ရပါတယ် ကဲဒါဆို အချိန်တချက်ညှိကြတာပေါ့ ပေါလ်"

ကျိုးဟောင်ကပြုံးပြီးပြောလိုက်လေသည်။

"ကောင်းပြီ နက်ဖြန်ပြိုင်ကြတာပေါ့"

ပေါလ်မှာ မျက်လုံးများနီရဲနေလေသည်။

"အိုကေ နက်ဖြန်တွေ့ကြတာပေါ့"

ကျိုးဟောင်က ခေါင်းညိတ်ပြလိုက်လေသည်။

ထို့နောက်ပေါလ်ကထွက်ခွာသွားလေသည်။ သူသည် အစက အနည်းငယ်စိတ်ပူနေသော်လည်း ကျိုးဟောင်မှာ ပထမအဆင့်မူလပညာရှင်တယောက်သာဖြစ်ကြောင်းတွေးမိပြီးနောက် အနည်းငယ်ပြန်တည်ငြိမ်သွားလေသည်။

ဗီလာသို့ပြန်ရောက်လာသောအခါ လော့လီမှာဒေါသထွက်နေခဲ့လေသည်။ ကောင်းကင်မျှော်စင်သို့လေ့ကျင့်ရန်သွားမည့် စုန့်ခွင်းတောင်မှ မသွားတော့ဘဲပြန်ရောက်လာလေသည်။ သူသည်ထိုအကြောင်းကိုကြားပြီးနောက်တုန်လှုပ်သွားခဲ့လေသည်။

သူတို့မှာ တရုတ်လူမျိုးများဖြစ်သောကြောင့် ဘာပဲဖြစ်ဖြစ်ကျိုးဟောင်ဘက်တွင်ရှိကြမည်ဖြစ်လေသည်။သို့သော် ၁၀ဘီလီယံဆိုသောပမာဏကတော့အတော်များသောပမာဏဖြစ်လေသည်။

"ကျိုးဟောင် မင်းအရမ်းပေါ့ဆတာပဲ။ ဘာလို့သူနဲ့ ၁၀ဘီလီယံလောင်းလိုက်တာလဲ မင်းကရှုံးသွားနိုင်တဲ့အခြေအနေမှာရှိတယ်လေ ၁၀ဘီလီယံဆိုတာပမာဏနည်းနည်းလေးမဟုတ်ဘူး အဲ့ပမာဏနဲ့ဆို မင်းအဲ့ပိုက်ဆံနဲ့ဆိုကိစ္စအတော်များများလုပ်လို့ရတယ် ဘာလို့သူမင်းအပေါ် အခွင့်အရေးယူတာကိုလက်ခံလိုက်ရတာလဲ"

လော့လီမှာ စိတ်ပျက်လက်ပျက်ဖြစ်နေလေသည်။

" မင်းက ရှားပါးပါရမီရှင်တယောက်အနေနဲ့ အဖွဲ့ထဲ၀င်နိုင်ခဲ့လို့ ဘယ်တော့မှမရှုံးနိုင်ဘူးလို့ထင်နေတာလား။ ဒီမှာရှိနေတဲ့လူတွေအကုန်လုံးကလည်း ပါရမီရှင်တွေချည်းပဲဆိုတာသိလား မင်းအရမ်းမာနကြီးပြီးအလောတကြီးနိုင်လွန်းတယ်"

ကျောက်ရိဖန်ကသူမအား ကျိုးဟောင်အားစောင့်ရှောက်ဖို့မှာခဲ့ခြင်းကြောင့် လော့လီမှာ ကျိုးဟောင်အားသူ့မောင်လေးတယောက်လို ဆူပူနေလေသည်။

"ကဲကဲလော့လီရယ် အရမ်းစိတ်ဆိုးမနေပါနဲ့ဦး"

စုန့်ခွင်းက ဖြစ်ကြောင်းကုန်စင်ကိုကြားပြီးနောက်အနည်းငယ်စိတ်ပူသွားခဲ့သော်လည်း ဖြစ်ပြီးမှတော့ အပြစ်တင်နေလည်း မထူးတော့ချေ။

"အစ်မလော့ ခဏလောက်စိတ်လျော့ပါဦးနော် အဲ့ပေါလ်က တကယ်ပဲ တတိယအဆင့်မူလပညာရှင်ဆိုတာသေချာလားဟင်"

ကျိုးဟောင်က သိလိုသည်ကိုတည့်တိုးမေးလိုက်လေသည်။

"ဟုတ်တယ် ကျိုးဟောင် သူက တတိယအဆင့်မူလပညာရှင် မင်းက ပထမအဆင့်ပဲရှိသေးတာ သူ့ကိုနိုင်မယ်လို့ထင်နေတာလား"

လော့လီက ကျိုးဟောင်ဆိုလိုချင်သောအဓိပ္ပာယ်ကိုသဘောမပေါက်သေးပေ။

"ကြည့်ရတာငါတို့ဂျူနီယာလေးမှာ အဖြေရှိပုံပဲ"

စုန့်ခွင်းက ၀င်ပြောလာလေသည်။

ပုံရိပ်ယောင်လောကထဲတွင် အားလုံး၏ကျင့်ကြံဆင့်နှင့် ခွန်အားများမှာ အတူတူပင်ဖြစ်လေသည်။ တနည်းပြောရလျှင် ကျင့်ကြံဆင့်များမှာထိုနေရာတွင်အသုံးမ၀င်ပေ။ ကျင့်စဉ်များအပေါ်သဘောပေါက်နားလည်နိုင်စွမ်း၊ ခန္ဓာကိုယ်ကိုထိန်းချုပ်နိုင်စွမ်းနှင့်လျင်မြန်မှုတို့ကသာအရေးကြီးပေသည်။ခွန်အားကြီးမားခြင်းက အသုံး၀င်သော်လည်း အရမ်းတော့ အရေးမကြီးပေ။

"ဒါကပြဿကြီးတော့မဟုတ်ပါဘူး"

စုန့်ခွင်း၏စကားကိုကြားသောအခါ ကျိုးဟောင်ကခေါင်းညိတ်ပြလိုက်လေသည်။

"မင်းကအလောတကြီးလုပ်တတ်သူမဟုတ်ဘူးဆိုတာငါသိပါတယ်။ ငါမင်းနဲ့သိပ်မရင်းနှီးသေးပေမဲ့ မင်းအနိုင်ရနိုင် ၅၀%လောက်ရှိမယ်ဆိုတဲ့ယုံကြည်ချက်ရှိလို့ဒီအလောင်းအစားကိုလက်ခံတာလို့ ငါခံစားမိတယ်"

စုန့်ခွင်းကပြုံးပြီးပြောလိုက်လေသည်။

လော့လီလည်း ထိုစကားကိုကြားပြီး အနည်းငယ်တော့လက်ခံလိုက်လေသည်။ဒါပေမဲ့ ၁၀ဘီလီယံအထိလောင်းကြေးတင်ခဲ့သည့်အပေါ်တော့ စိတ်ပူနေမိသေးလေသည်။

" ကောင်းပြီ သွားပြိုင်လိုက်ပါ။ နက်ဖြန်ကျ ပေါလ်နဲ့အနောက်တိုင်းကပညာရှင်တွေကို ငါတို့ဟွာရှားကသိုင်းပညာရှင်အပေါ် လွယ်လွယ်နဲ့အနိုင့်ကျင့်လို့မရဘူးဆိုတာပြလိုက်"

လော့လီက ပြောလိုက်လေသည်။

"ကျွန်တော်သွားလေ့ကျင့်လိုက်ပါဦးမယ်"

ကျိုးဟောင်လည်း ပြောပြီးနောက်သူ၏လေ့ကျင့်ရေးအခန်းထဲသို့၀င်သွားလေသည်။

ထို့နောက် လေ့ကျင့်ရေးဗီဒီယိုကိုကြည့်ပြီး သူ၏ခွန်အားနှင့်လျင်မြန်ကို သေချာလေ့ကျင့်နေလေသည်။ဒါ့အပြင်သူ၏ အရိပ်ဓား၇ချောင်းအပေါ်ကျွမ်းကျင်မှုများလည်း ပိုပိုပြီးတိုးတက်လာလေသည်။မိုးလင်းသည်အထိသူဆက်တိုက်လေ့ကျင့်နေခဲ့လေသည်။

" ပေါလ်ရဲ့ ကျင့်ကြံဆင့်က တတိယမြောက်မူလပညာရှင်အဆင့်ပဲ ဒါပေမဲ့အဲ့ဒါကပုံရိပ်ယောင်လောကထဲရောက်သွားရင်အရေးမပါတော့ဘူး"

"ငါ့ကိုလူသစ်လေးဆိုပြီး အနိုင်ကျင့်ချင်တယ်ပေါ့ ငါကကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်ဆိုတာ မင်းမသိသေးပါဘူး ငါအဲ့ကျင့်ကြံရေးကိုထုတ်မသုံးရဲပေမဲ့ မသုံးဘဲနေမယ်လိုထင်မနေနဲ့ဦး"

ကျိုးဟောင်က နှာခေါင်းရှုံ့ပြီးပြောလိုက်လေသည်။

မကြာမီပင် သူ့ကွန်ပျုတာပေါ်၌ စိန်ခေါ်သည့်စာအားတွေ့လိုက်ရလေသည်။ ဒါ့ကြောင့် ဒီအလောင်းအစားကသေချာသွားပြီဖြစ်ကြောင်းသဘောပေါက်လိုက်လေသည်။

တဖက်နှင့်တဖက် လိမ်လည်မှုမျိုးမဖြစ်စေရန် သူတို့၏လောင်းကြေးပမာဏအား စစ်နတ်ဘုရားတပ်ရင်း၏ကြားနေအကောင့်တခုဆီသို့ ပြိုင်ပွဲမစတင်ခင်လွှဲကြရမည်ဖြစ်သည်။

တကယ်လို့ ထိုကြားနေအကောင့်ထဲ ပိုက်ဆံမ၀င်လာပါက ထိုအလောင်းအစားမှာတရားမ၀င်ကြောင်းသတ်မှတ်ခံရမည်ဖြစ်လေသည်။

မကြာမီပင် ပေါလ်နှင့်ကျိုးဟောင်မှာ ထိုအကောင့်ထဲသို့ ၁၀ဘီလီယံစီ လွှဲလိုက်ကြလေသည်။

" ၁၀ဘီလီယံဆိုတာများတယ်ဆိုပေမဲ့ ငါ့အတွက်တော့ ကိစ္စမရှိပါဘူး ပိုက်ဆံကပြန်ရှာရလွယ်ပါတယ်"

ကျိုးဟောင်က ကောင်းကင်ဘုံလမ်းကြောင်းထဲရှိဈေးဆိုင်၌ပစ္စည်းများရောင်းချခြင်းဖြင့်ပြန်ရှာလို့ရနိုင်လေသည်။

ထိုသို့တွေးပြီးနောက် ကျိုးဟောင်မှာ ၁၀ဘီလီယံအားချက်ချင်းလွှဲလိုက်လေသည်။မကြာမီပင် စနစ်မှ သူတို့အား ၁၂နာရီတိတိတွင်ပြိုင်ရမည်ဖြစ်ကြောင်းအကြောင်းကြားလာလေသည်။

ထိုအချိန်တွင် တခြားဗီလာတခုထဲ၌ ပေါလ်နှင့်အတူ အခြား ဆံပင်ရွှေဝါရောင်နှင့်မျက်လုံးကာလာအစိမ်းရောင်သန်းနေသည့်လူအများအပြားထိုင်နေကြလေသည်။

" ပိုက်ဆံတွေအကုန်အကောင့်ထဲရောက်သွားပြီး စနစ်က မှတ်သားထားလိုက်ပြီ။ ဒီအလောင်းအစားပြိုင်ပွဲကအသက်၀င်သွားပြီဆိုတဲ့အဓိပ္ပာယ်ပဲ။ ပြိုင်ပွဲက နေ့လည် ၁၂:၀၀နာရီတိတိမှာစမယ်"

ပေါလ်ကသူ့ဆီ၀င်လာသော မက်ဆေ့ကိုကြည့်ရင်း ပြောလိုက်လေသည်။

" ပေါလ် ဒါကအရမ်းအန္တရာယ်များတယ်လို့ထင်တယ် ၁၀ဘီလီယံဆိုတာနည်းတာမဟုတ်ဘူး ငါတော့နည်းနည်းစိုးရိမ်မိတယ်"

ဆံပင်ရွှေဝါရောင်နှင့်အမျိုးသားတယောက်ကပြောလာလေသည်။

"လူး၀စ်မင်းကဘာကိုဆိုလိုချင်တာလဲ ငါကအဲ့ကောင်ကိုရှုံးမယ်ထင်နေတာလား"

ပေါလ်ကနှာခေါင်းရှုံ့ပြီးပြောလိုက်လေသည်။

"အဲ့လိုမဟုတ်ပါဘူး မင်းမှာ အနိုင်ရနိုင်ချေ ၇၀%အထိရှိတယ် ဒါပေမဲ့ငါအနည်းငယ်စိုးရိမ်နေမိလို့ပါ။ ပုံမှန်ဆိုရင် ပထမအဆင့်မူလပညာရှင်တယောက်က တတိယအဆင့်မူလပညာရှင်ကိုစိန်ခေါ်ရဲမှာမဟုတ်ဘူး။ သူ့မှာတခုခုပြင်ဆင်ထားတာရှိလို့ဖြစ်မယ်"

လူး၀စ်က သူ့အယူအဆကိုပြောပြလိုက်သည်။

"လူး၀စ် ဘာဖြစ်နေတာလဲ နင်က နင့်မိသားစုရဲ့ ပထမဆုံးအောင်မြင်သူမဟုတ်ဘူးလား ဒါက၁၀ဘီလီယံထဲပါဘာတွေစိတ်ပူနေတာလဲ"

ထိုအချိန်မှာပဲ သူ့ဘေးတွင်ထိုင်နေသော ဆံပင်အစိမ်းရောင်နှင့်အမျိုးသမီးကပြောလာလေသည်။

"အဲလစ် နင်နားမလည်ပါဘူး ၁၀ဘီလီယံဆိုတာ လောင်းကြေးထပ်ဖို့များလွန်းတယ်လို့ ငါခံစားရတယ်။ ဘယ်လိုလုပ် ခုမှ စစ်နတ်ဘုရားတပ်ရင်းကို၀င်လာတဲ့ လူသစ်လေး ငါတို့ကိုဘာလို့အလောင်းအစားလာလုပ်ရဲရတာလဲ"

....................................................................................

အခန်း (၄၆၄) ပြီးပါပြီ။

အခန်း (၄၆၅) : အနောက်တိုင်းဓား

လူးဝစ်၏စကားများမှာ တကယ်ကိုမှန်ပေရာအားလုံးမှာအတော်လေး ပဟေဠိဖြစ်သွားခဲ့သည်။ သို့သော်ပေါလ်မှာမူပြုံးနေဆဲပင်။

"ဘယ်လိုဖြစ်ဖြစ် ကိစ္စကဆုံးဖြတ်ပြီးသွားပြီ အခုမှတွေဝေနေစရာမလိုဘူး ပြီးတော့ သူ့လိုအသစ်ကလေးကငါ့ကိုနိုင်အောင်တိုက်နိုင်မယ်ဆိုတာ ငါမယုံဘူး"

ပေါလ်မှာအလွန်ယုံကြည်ချက်ရှိနေပေသည်။ သူသည်တတိယမြောက်မူလအဆင့်ပညာရှင်တစ်ယောက်ဖြစ်ပြီး စစ်နတ်ဘုရားတပ်ရင်းကိုရောက်သည်မှာ သုံးလနီးပါးရှိနေပြီဖြစ်သည်။

ဤ ၃လဟူသောအချိန်ကိုအထင်သေးလို့မ‌ရပေ။ နှိုင်းယှဉ်ပြောရပါက ဤ ၃လမှာလူသစ်တစ်ယောက်အားအဆင့်တစ်ခုလုံးတိုးလာစေရန် ကူညီပေးနိုင်ပေသည်။

ပေါလ်၏စကားကိုကြားသောအခါ အားလုံးမှာခေတ္တမျှစဉ်းစားနေကြပြီး မိမိဘာသာအတွေးလွန်နေခြင်းဖြစ်မည်ဟုသာ နှစ်သိမ့်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် အနောက်တိုင်းမှလာသောပေါလ်မှာ ကျန်းနန်စီရင်မှကျိုးဟောင်အား လောင်းကြေး ၁၀ဘီလီယံဖြင့်စိန်ခေါ်သည်ဟူသောသတင်းမှာ ချက်ချင်းပင် စစ်နတ်ဘုရားစခန်းတစ်ခုလုံးကိုပျံ့နှံ့နေပြီဖြစ်သည်။

ဤသတင်းမှာစစ်နတ်ဘုရားတပ်ရင်းမှ ကျောင်းသားအားလုံးကြားပျံ့နှံ့နေခဲ့ပေသည်။

ယခုပြိုင်ပွဲသည်ကောင်းကင်မျှော်စင်တွင်ကျင်းပမည်ဖြစ်ပြီး ကျောင်းသားအများအပြားမှာ လုပ်နေသည့်အလုပ်များအားရပ်ကာ ပြိုင်ပွဲအားကြည့်ရန်အပြေးအလွှားရောက်လာခဲ့ကြသည်။

အနောက်တိုင်းနှင့်ဟွာရှားမှလူများလည်းရှိပေသည်။ အတိုချုံးပြောရပါက လူအတော်များများဤနေရာသို့ရောက်လာကြခြင်းဖြစ်သည်။

"၁၀ဘီလီယံက တကယ်ကိုလောင်းကြေးကြီးတာပဲ ထိပ်ဆုံးအဆင့် ၂၀ ထဲကလူတွေအတွက်တော့မများလောက်ဘူးဆိုပေမဲ့ ဒီကိုရောက်တာနှစ်ဝက်တောင်မပြည့်သေးတဲ့လူသစ်နှစ်ယောက်အတွက်ကတော့ တကယ်ကိုကြေးကြီးတယ်"

"ဟုတ်တယ် အဲဒီတရုတ်ကောင်လေးနိုင်မလား ပေါလ်နိုင်မလားငါတော့သိချင်နေပြီ"

လူအများမှာထိုအကြောင်းကိုသာဆွေးနွေးနေကြပြီး ဤအလောင်းအစားနှင့်ပတ်သက်ပြီးအလွန်စိတ်လှုပ်ရှားနေကြပေသည်။ မည်သို့ပင်ဖြစ်စေ လောင်းကြေးမှာ ၁၀ဘီလီယံဖြစ်ပေသည်။

သာမန်ကျောင်းသားများဆိုပါက ယခုလိုလုပ်ရဲသည့်သတ္တိမရှိပေ။ အမှန်တိုင်းဆိုရပါက အဆင့်ရှေ့ရောက်သောကျောင်းသားများပင် ယခုလိုအလောင်းအစားမျိုးမလုပ်ရဲပေ။

"ပြိုင်ပွဲစမယ် ကျိုးဟောင် ပေါလ် ပုံရိပ်ယောင်လောကထဲဝင်ပါ"

ခန်းမထဲတွင် အေးစက်သောအသံတစ်ခုထွက်ပေါ်လာခဲ့ပြီး တစ်ခန်းလုံးပျံ့နှံ့သွားခဲ့သည်။

ကျိုးဟောင်နှင့် ပေါလ်မှာလူအုပ်ထဲမှလမ်းလျှောက်လာကာ ချက်ချင်းပင်သတ်မှတ်ထားသောနေရာထဲသို့ဝင်ကာ ခေါင်းဆောင်းများအားဆောင်းလိုက်ကြသည်။

"ပေါလ် မင်းသေချာပေါက် ဒီဟွာရှားသားလေးကိုနိုင်ရမယ်နော်"

အနောက်တိုင်းမှသိုင်းပညာရှင်များမှာ ပေါလ်အားအားပေးနေကြပေသည်။

"ကျိုးဟောင် သူ့ကိူကြမ်းကြမ်းလေးချပစ်လိုက် သူ့ကိုနိုင်ရင်ငါနင့်ကိုကပြမယ်"

လော့လီမှာပြက်ချော်ချော်လုပ်တတ်သူဖြစ်ပေရာ ချက်ချင်းပင်အားပေးလိုက်သည်။

ဟွာရှားနှင့် အနောက်တိုင်းမှသိုင်းပညာရှင်များမှာအပေါ်ယံတွင် သင့်မြတ်ကြသော််လည်း နောက်ကွယ်တွင်အချင်းချင်းအတင်းပြောနေကြသူများဖြစ်ကြပေရာ ယခုလိုအချိန်တွင်အားလုံးမှာ မိမိတိုင်းပြည်ကိုသာရွေးချယ်ကြပေသည်။

ကျိုးဟောင်နှင့်ပေါလ်မှာသတ်မှတ်နေရာသို့ဝင်ကာ ခေါင်းဆောင်းများအားဆောင်းပြီးနောက် ပေါလ်မှာပြုံးကာကျိုးဟောင်အားကြည့်လိုက်သည်။

"ကျိုးဟောင် ငါမင်းကိုအရမ်းကျေးဇူးတင်တယ် ၁၀ဘီလီယံဆိုတာက မိသားစုတစ်ခုကိုကယ်ဖို့လုံလောက်တယ် အဲဒါကြောင့်..ကျေးဇူးပဲ"

ပေါလ်မှာယုံကြည်ချက်ရှိသည့်ပုံဖြင့် ပြုံးကာပြောလိုက်သည်။

"ပေါလ် ဘယ်သူနိုင်မလဲဆိုတာမသေချာသေးပါဘူး ခင်ဗျားနိုင်မယ်လို့စဉ်းစားဖို့က အရမ်းစောသေးတယ်မဟုတ်ဘူးလား"

ကျိုးဟောင်မှပြုံးကာ ပြန်လည်ချေပလိုက်သည်။

"မစောဘူး ဘာလို့ဆိုမင်းသေချာပေါက်ရှုံးမှာမလို့ပဲ"

ပေါလ်မှချက်ချင်းပြုံးကာပြန်ပြောလိုက်သည်။

"ကျွန်တော့်ကိုရှုံးပြီးရင်ရော ဒီလိုပြုံးနိုင်ဦးမလားဆိုတာသိချင်သေးတယ်"

ကျိုးဟောင်မှပြောလိုက်သည်။

"ဟမ့်"

ပေါလ်မှာနှာခေါင်းရှုံ့ကာဆိုဖာပေါ်တွင်လှဲပြီး မျက်လုံးမှိတ်လိုက်သည်။ ကျိုးဟောင်သည်လည်း အတူတူပင်။

မကြာမီအက်ကွဲကြောင်းအချိတ်အဆက်ပေါ်လာခဲ့သည်။ သို့သော်ယခုတစ်ကြိမ်တွင်ကျိုးဟောင်သည်မြေကွက်လပ်ထဲပေါ်လာခဲ့ခြင်းမဟုတ်ဘဲ ပြိုင်ကွင်းတစ်ခုထဲတွင်ပေါ်လာခဲ့ပေသည်။

ဤပြိုင်ကွင်းမှာ ရောမရှိဖျော်ဖြေရေးပြိုင်ကွင်းနှင့်တူပြီး ထည်ဝါလှပေသည်။

ကွင်းထဲတွင်ရပ်နေသောကျိုးဟောင်တို့နှစ်ယောက်မှာအလွန်သေးငယ်လှပြီး နောက်တွင်သူတို့၏အချက်အလက်များအားဖော်ပြထားသည့်ကြီးမားသော မျက်နှာပြင်ကြီးတစ်ခုရှိပေသည်။

အမည် : ပေါလ် ချားလက်စ်

လိင် : အမျိုးသား

အထောက်အထား : စစ်နတ်ဘုရားတပ်ရင်းမှ အနောက်တိုင်းကျောင်းသား

အဆင့် : တတိယမြောက်မူလအဆင့်

တစ်ဖက်တွင်ကျိုးဟောင်၏အချက်အလက်များရှိပေသည်။

အမည် : ကျိုးဟောင်

လိင် : အမျိုးသား

အထောက်အထား : စစ်နတ်ဘုရားတပ်ရင်း၏ အရှေ့တိုင်းကျောင်းသား

အဆင့် : ပထမမြောက်မူလအဆင့်

သူတို့၏အဆင့်အတန်းများမှာဘာမှမထူးခြားပေ။ တစ်ခုတည်းသောခြားနားချက်မှာ သူတို့၏ကျင့်ကြံမှုသာဖြစ်သည်။

တစ်ယောက်မှာတတိယမြောက်မူလအဆင့်ဖြစ်ပြီး နောက်တစ်ယောက်မှာ ပထမမြောက်မူလအဆင့်ဖြစ်ကာ ‌ဤကွာခြားချက်သည် ကြီးမားလှပေသည်။

"ကျေးဇူးပြုပြီး လက်နက်ရွေးချယ်ပါ"

အေးစက်ကာခံစားချက်မဲ့သောအသံထွက်ပေါ်လာခဲ့သည်။

ကျိုးဟောင်မှာဓားသုံးရသည်ကို သဘောကျသူဖြစ်ပေရာ ဓားကိုသာရွေးချယ်လိုက်သည်။

သို့သော်ပေါလ်မှာ အနောက်တိုင်းတိုက်ခိုက်ရေးဓားဖြစ်သော အနောက်တိုင်းဓားအားရွေးချယ်လိုက်သည်။

ကျိုးဟောင်အတွက် ယခုလိုအနောက်တိုင်းဓားမျိုးမြင်ဖူးသည်မှာ ဤအကြိမ်သည်ပထမဆုံးအကြိမ်ဖြစ်သည်။ ကျိုးဟောင်မှာယခင်က နိုင်ငံခြားသားတစ်ယောက်နှင့် တစ်ခါမျှမတိုက်ခိုက်ခဲ့ဖူးပေ။

သို့သော်အားလုံးမှာအတူတူပင်ဖြစ်သည်။ ဟွာရှားဓားဖြစ်စေ အနောက်တိုင်းဓားဖြစ်စေ လူတစ်ယောက်သည်စွမ်းအားသာကြီးပါးက မည်သည့်ဓားအသုံးပြုသလဲဆိုသည်မှာ အရေးမပါ‌တော့ပေ။ သူတို့လက်နက်ရွေးချယ်ပြီးနောက် အေးစက်စက်အသံမှာထပ်မံထွက်ပေါ်လာခဲ့သည်။

"ပြိုင်ပွဲစတင်ပါတော့မယ်"

အသံထွက်လာသည်နှင့် ပေါလ်မှာပြုံးလိုက်သည်။

"ကျိုးဟောင် မင်းသေချာပေါက်ရှုံးမှာ ငါငယ်ငယ်ကတည်းကအနောက်တိုင်းဓားကိုလေ့ကျင့်လာတာ ဒီဓားကိုလူတိုင်းမသုံးနိုင်သလို တော်တော်များများကဘယ်လိုကိုင်တွယ်ရမလဲဆိုတာလည်းမသိကြဘူး"

"မင်းကတော့ မင်းနိုင်ငံခြားသားတွေနဲ့တိုက်ဖို့အခွင့်အရေးများများစားစားမရှိမှာတောင်မှ ငါစိုးရိမ်မိတယ် တစ်ဖက်မှာငါကမင်းတို့ဟွာရှားအကြောင်းကောင်းကောင်းနားလည်တယ် မင်းအပြင် ငါတခြားလူတွေကိုလည်းစိန်ခေါ်ခဲ့ဖူးတယ် မင်းတို့ဟွာရှားရဲ့သိုင်းပညာတွေကိုတောင် အထူးလေ့ကျင့်ခဲ့သေးတယ် ဒါကြောင့်မင်းငါ့ကိုမနိုင်ဘူး"

ပေါလ်မှာတော်လေးလေ့လာထား‌ပေသည်။ မဟုတ်ပါက အံကြိတ်ပြီးလောင်းကစားကိုလက်ခံလိုက်မည်မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ သူသည်အလောတကြီးဆုံးဖြတ်ချက်ချတတ်သည့် ခပ်အအလူတစ်ယောက်မဟုတ်ပေ။

သူရာနှုန်းပြည့်ယုံကြည်ချက်ရှိ၍မဟုတ်ပါက လောင်းကြေး ၁၀ဘီဘလီယံလောင်းရန် သဘောတူခဲ့မည်မဟုတ်ပေ။

"အဲဒီလိုလား ဒါဖြင့်လည်းလာလေ ခင်ဗျားရဲ့အနောက်တိုင်းဓားဘယ်လောက်စွမ်းအားကြီးလဲကြည့်ရအောင်"

ကျိုးဟောင်မှပြုံးကာပြောလိုက်ပြီး စကားဆုံးသည်နှင့် ပေါလ်၏ခန္ဓာကိုယ်မှာချက်ချင်းလှုပ်ရှားသွားခဲ့သည်။ သူ့လက်ထဲရှိအနောက်တိုင်းဓားမှာ သံမဏိအပ်ကဲ့သို့ဖြစ်ပြီး အေးစက်သောအလင်းတန်းတစ်ခုနှင့်အတူကျိုးဟောင်၏နဖူးအလယ်တည့်တည့်သို့တိုးဝင်လာခဲ့သည်။

၎င်း၏အရှိန်မှာအလွန်မြန်သည်ဟုဆိုနိုင်ပေသည်။

ကျိုးဟောင်မှာမျက်မှောင်ကြုတ်လိုက်ပြီး ခန္ဓာကိုယ်အားလှုပ်ရှားလိုက်ရာ လက်ထဲရှိဓားမှာတုန်ခါသွားခဲ့ပြီး ချက်ချင်းပင် အနောက်တိုင်းဓားနှင့်ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

သို့သော်ဤဓားမှာအရိုးမရှိသည့်ပုံပေါ်ကာ ကျိုးဟောင်မြန်မြန်လှုပ်ရှားလေ မြန်မြန်ပြန်ကန်ထွက်လာလေဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း ၎င်းမှာပြန်လည်ထိုးဖောက်လာခဲ့သည်။ ချက်ချင်းဆိုသလိုပင်ကျိုးဟောင်၏အမူအရာမှာအနည်းငယ်ပြောင်းလဲသွားခဲ့ပြီး ခန္ဓာကိုယ်အားနောက်သို့ယိမ်းကာ မီတာတစ်ရာနီးပါးခုန်ဆုတ်လိုက်သည်။

"အမယ် မင်းရှောင်တာဒီလောက်တောင်မြန်တာလား ကျိုးဟောင်မင်းဒီလိုပတ်ရှောင်နေရုံနဲ့အဆင်ပြေမယ်ထင်နေတာလား"

ပေါလ်မှ လှောင်ပြုံးပြုံးကာမေးလိုက်သည်။

"မင်းရဲ့စွမ်းအားကတကယ့်ကိုအထင်ကြီးစရာပဲ ‌ဒါပေမဲ့မင်းကစစ်နတ်ဘုရားတပ်ရင်းရဲ့ ၃လတာလေ့ကျင့်မှုကိုလျှော့တွက်နေတုန်းပဲ ၃လဆိုတာက လူတစ်ယောက်အတွက် ကမ္ဘာကြီးကိုလှုပ်ကိုင်နိုင်တဲ့အထိပြောင်းလဲသွားနိုင်ဖို့လုံလောက်တယ် တကယ်လို့မင်းစစ်နတ်ဘုရားတပ်ရင်းကို လွန်ခဲ့တဲ့ ၃လလောက်ကတည်းကဝင်လာခဲ့ရင် ငါမင်းကိုစိန်ခေါ်မှာမဟုတ်ဘူး ဒါပေမဲ့မင်းကခုမှဝင်ခါစ ပြီးတော့ များများစားစားလည်းမသင်ယူရသေးဘူး ဒီတော့ မင်းသေချာပေါက်ရှုံးမှာ"

ကျိုးဟောင်ဆုတ်သွားသည်ကိုမြင်ပြီး ပေါလ်၏ယုံကြည်မှုမှာတစ်ရှိန်ထိုးတက်လာခဲ့ပြီး ချက်ချင်းပြောလာခဲ့သည်။

ကျိုးဟောင်မှာ မိမိ၏လက်အားငုံ့ကြည့်လိုက်သည်။ သူ၏အဝတ်အစားမှာ အစောပိုင်းကဓားချက်ကြောင့် စုတ်ပြဲနေပြီးပုံရိပ်ယောင်ခန္ဓာကိုယ်၏အစိတ်အပိုင်းအချို့အားမြင်နေရပေသည်။

ဤအနောက်တိုင်းဓားမှာ အတော်လေးမြန်သည်ဟုဆိုနိုင်ပေသည်။ အကယ်၍အစောပိုင်းက ကျိုးဟောင်သာအချိန်မီမရှောင်လိုက်ပါက အင်္ကျီလက်အစားသူ့လက်ထဲဖောက်ဝင်သွားမည်ဖြစ်သည်။

"ဒီလူကအထက်စီးဆန်ပေမဲ့သူ့ဓားသိုင်းကတကယ် သာမန်ထက်ထူးခြားတယ် ပြီးတော့အရမ်းလည်းမြန်တယ် တကယ်လို့ငါသူ့ကိုအဆုံးသတ်ချင်ရင် သူ့ထက်ပိုမြန်ပြီးရက်စက်မှရမယ်တကယ်လို့ဒီတိုင်းအကြာကြီးဆက်သွားနေရင် ငါ့အတွက်ရှုံးဖို့အရမ်းလွယ်သွားလိမ့်မယ်"

ကျိုးဟောင်မှာအခြေအနေအားသုံးသပ်ရင်းမျက်မှောင်ကြုတ်နေခဲ့ကာ ဖြေရှင်းနည်းတစ်ခုကိုလည်းစဉ်းစားမိသွားခဲ့သည်။

ထို့ကြောင့်ကျိုးဟောင်မှာချက်ချင်းပင်အရှိန်ဖြင့်လှုပ်ရှားလိုက်ပြီး အရိပ်ဓားခုနစ်ချောင်းသိုင်းအားသုံးလိုက်သည်။ ချက်ချင်းပင် ကောင်းကင်ပေါ်တွင်ဓားအလင်းရောင်များဖြင့်ပြည့်သွားပြီး ပေါလ်အားလွှမ်းခြုံသွားခဲ့သည်။

ပေါလ်မှာထိုမြင်ကွင်းအားကြည့်ပြီး အထင်သေးစွာဖြင့်နှာခေါင်းရှုံ့လိုက်သည်။

"မင်းဒီလောက်လေးနဲ့ငါ့ကိုအနိုင်ယူနိုင်မှာမဟုတ်ဘူး"

ပြောရင်းသူ့လက်ထဲရှိအနောက်တိုင်းဓားမှာ ပူလာခဲ့ပြီးတောက်ပသောအနီရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာခဲ့သည်။ သူသည်ဓားအားဝေ့ယမ်းလိုက်ပြီးဓားလင်း‌ရောင်များအားလုံးအား ဖျက်ဆီးလိုက်သည်။

....................................................................................

အခန်း(၄၆၅) ပြီးပါပြီ။

All Chapters