← Chapters

အခန်း (၄၅၁-၄၅၃)

Vol. 31 Ch. 451-453

အခန်း (၄၅၁-၄၅၃)

Vol. 31 Ch. 451-453

အခန်း (၄၅၁): ဖြေရှင်းချက်

နောက်ဆုံးတာ၀န်တခုသာကျန်တော့ကြောင်းကျိုးဟောင်ကြားသောအခါ သက်ပြင်းချလိုက်မိသည်။ သူ့အနေဖြင့်ထိုနောက်ဆုံးတာ၀န်ကိုသာပြီးမြောက်ပါက စစ်နတ်ဘုရားတပ်ရင်းကို၀င်နိုင်တော့မည်လား။

သေချာစဉ်းစားကြည့်ပါက လွယ်ကူမည့်တာ၀န်တော့မဖြစ်နိုင်ချေ။ သို့ပေမဲ့ကျိုးဟောင်အနေဖြင့် အဓိကရည်ရွယ်ချက်ကိုပြီးမြောက်ပါက အဆင်ပြေလေမည်။

လျှို့ဝှက်ဆန်းကြယ်သောလူမှာ အချိန်ဆွဲမနေတော့ပဲ ကျိုးဟောင်အားစပြောလိုက်လေသည်။

"ငါမင်းကို ပြင်ဆင်ဖို့အချိန်၃ရက်ပေးမယ် ပြီးခဲ့တဲ့ရက်တွေအတွင်းက မင်းအနေနဲ့ဟွာရှားရဲ့နေရာအတော်များများကိုခရီးထွက်ခဲ့ရတယ်။ စစ်နတ်ဘုရားတပ်ရင်းကို၀င်ခွင့်ရပြီးရင်တော့ မင်းအနေနဲ့ဒီကိုပြန်လာနိုင်ဖို့ကအချိန်တော်တော်ကြာသွားလိမ့်မယ်။ မင်းအနေနဲ့ခွင့်ရက်တွေရလိမ့်မယ်။ ဒါပေမဲ့ မအောင်မြင်ခင်အတွင်းတော့ ခွင့်ရက်မရနိုင်ဘူး။အဲ့ကာလတွေမှာတော့ မင်းရဲ့လွတ်လပ်ခွင့်ကို စစ်နတ်ဘုရားတပ်ရင်းက ကန့်သတ်ထားလိမ့်မယ်"

ထိုစကားများကိုကြားသောအခါ ကျိုးဟောင်က ခေါင်းညိတ်ပြလိုက်သည်။သူ့အနေနဲ့ ထိုကိစ္စနှင့်ပတ်သက်ပြီး အရမ်းစိတ်ထဲမထားပေ။ လက်ရှိတွင်အနေနဲ့သန်မာဖို့လိုအပ်နေပြီး ပိုမြန်လေ ပိုကောင်းလေဖြစ်လေသည်။

"သဘောပေါက်ပြီ"

ကျိုးဟောင်ကခေါင်းညိတ်ပြီးပြောလိုက်သည်။

"မင်းသဘောပေါက်တယ်ဆိုရင်ရပြီ ငါမင်းကိုနောက်၃ရက်နေရင်လာရှာမယ်"

ပြောပြီးနောက်ထိုထူးဆန်းသောလူမှာပျောက်ကွယ်သွားပြီး ကျိုးဟောင်လည်းအိမ်ပြန်လာခဲ့လေသည်။

နောက်၃ရက်ကြာရင်ကျိုးဟောင်အနေနဲ့ စစ်နတ်ဘုရားတပ်ရင်းကိုသွားရမည်ဖြစ်သောကြောင့် သူ့မိဘများအားပြောပြဖို့လိုအပ်နေလေပြီဖြစ်သည်။မဟုတ်ပါက သူတို့စိတ်အေးနိုင်ကြမည်မဟုတ်ကြပေ။

ကျိုးဟောင်ပြန်ရောက်ချိန်တွင် သူ့မိဘများအိမ်မှာမရှိပေ။သူအလျင်အမြန်ပင် စားသောက်ပွဲတခုပြင်ဆင်လိုက်လေသည်။

သိပ်မကြာခင်ပင် ကျိုးရွှယ်ကော နှင့် ၀မ်ရှုယွင်တို့၂ယောက်ပြန်ရောက်လာကြလေသည်။ သူတို့အိမ်ထဲ၀င်လိုက်ချိန်တွင် အစားအသောက်အနံ့များရလိုက်သောကြောင့် အံ့ဩသွားကြလေသည်။

"ဟင် သားလေး ပြန်ရောက်နေတာပဲ ပြီးခဲ့ရက်တွေတုန်းကအသည်းအသန်အမြန်ထွက်သွားတာကြောင့် စိတ်ပူနေခဲ့တာ"

၀မ်ရှုယွင်က အိမ်ထဲအမြန်၀င်လာပြီး သူ့သားအားကြည့်ကာပျော်ရွှင်စွာပြောလိုက်လေသည်။

ကျိုးရွှယ်ကောမှာလည်း စိတ်ပူနေခဲ့သော်လည်း သူသည်အဖေတယောက်ဖြစ်သောကြောင့် သူ၏ခံစားချက်များကိုသိပ်မဖော်ပြတတ်ပေ။ ထို့ကြောင့် သူ့သားပြန်ရောက်နေသည်ကိုမြင်လိုက်သောအခါ ပျော်သွားသော်လည်း တခွန်းတည်းသာပြောလိုက်လေသည်။

"သားပြန်ရောက်လာတာကောင်းတယ်"

စကားလုံးအနည်းငယ်သာဖြစ်သော်လည်း ကျိုးဟောင်အနေဖြင့်သူ့အဖေ၏စိတ်ပူပင်မှုခံစားမိလိုက်လေသည်။

"အဖေနဲ့အမေထိုင်ပါဦး သားဒီနေ့ပြောစရာတခုရှိတယ်"

ကျိုးဟောင်ကပြုံးပြီးပြောလိုက်လေသည်။

"ဘာကိစ္စလဲသားလေး"

၀မ်ရှုယွင်က အလျင်အမြန်ပင်ပြန်မေးလေသည်။ကျိုးရွှယ်ကောကလည်း သူ့သားအား အနည်းငယ်စိုးရိမ်သလိုကြည့်နေလေသည်။သူ့သားပြောမည့်အရာအား သတင်းကောင်းလား သတင်းဆိုးလားသူ မသိပေ။

"အဲ့တာကပြောရမယ်ဆိုရင် သတင်းကောင်းတခုပါပဲ။ သားအနေနဲ့ စစ်နတ်ဘုရားတပ်ရင်းလို့ခေါ်တဲ့ အထူးအဖွဲ့အစည်းတခုဆီသွားရတော့မယ်။ သားအနေနဲ့ သူတို့ရဲ့ စစ်ဆေးအကဲဖြတ်မှုကို ၉၀%အောင်မြင်ခဲ့ပြီးပြီ။ နောက်ဆုံးစစ်ဆေးမှုတခုသာကျန်တော့တာဖြစ်ပြီး အဲ့တာပြီးရင်တော့ စစ်နတ်ဘုရားတပ်ရင်းရဲ့တရား၀င်အဖွဲ့၀င်ဖြစ်ပြီ"

ကျိုးဟောင်စကားဆုံးသွားသော်လည်း သူ့မိဘနှစ်ယောက်လုံးမှာ စစ်နတ်ဘုရားတပ်ရင်းဆိုသည်မှာဘာလဲ မသိကြသေးပေ။ သို့သော်လည်း သူ့သားအတွက်အရမ်းအလေးအနက်ထားရသည့်ကိစ္စဆိုသည်ကိုတော့ သူတို့သဘောပေါက်ကြလေသည်။

"သား.... စစ်နတ်ဘုရားတပ်ရင်းဆိုတာ ဘယ်လိုအဖွဲ့အစည်းမျိုးလဲဆိုရင် ပြောပြပါလား အမေတော့ စိတ်ထဲပူနေမိတုန်းပဲ"

၀မ်ရှုယွင်မှာ သေချာမသိသောကြောင့်စိတ်ပူနေလေသည်။ ထိုအဖွဲ့အစည်းမှာ သူ့သားတယောက်ဘေးအန္တရာယ်ကင်းပါ့မလား စိတ်ပူနေမိလေသည်။

ထို့နောက်ကျိုးဟောင်ကသူ့မိဘများအား ပြုံးပြပြီး စိတ်မပူဖို့ပြောလိုက်လေသည်။

"အမေတို့အရမ်း စိတ်မပူကြပါနဲ့။ စစ်နတ်ဘုရားတပ်ရင်းဆိုတာ နိုင်ငံတကာကသိုင်းပညာတွေနဲ့ဖွဲ့စည်းထားတဲ့ ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတခုပါ။ လက်ရွေးစင်သိုင်းပညာရှင်များစွာလည်းရှိတာကြောင့် သားအဆင်ပြေမှာပါ"

"တကယ်တော့ စစ်နတ်ဘုရားတပ်ရင်းက အရင်းအမြစ်တွေလည်းကြွယ်၀ပြီး ကျင့်ကြံရေးအတွက်လည်း အရမ်းအထောက်အကူဖြစ်တယ်။ သားအတွက်အဲ့ကို၀င်ရောက်နိုင်ဖို့ကမလွယ်ကူခဲ့ဘူး"

ကျိုးဟောင်ပြောပြလိုက်သောကြောင့် ၀မ်ရှုယွင်နှင့် ကျိုးရွှယ်ကော၂ယောက်လုံးစိတ်အေးသွားကြလေသည်။

"ဘယ်လောက်ပဲ အန္တရာယ်မရှိဘူးဆိုပေမဲ့ အမေကတော့ စိတ်ပူတယ်။ သားသိုင်းပညာရှင်ဖြစ်ပြီးကတည်းကအမေတို့ ချမ်းသာလာခဲ့တယ်။ ဒါပေမဲ့ သိုင်းပညာရှင်တယောက်က အမြဲတမ်းသန္ဓေပြောင်းသားရဲတွေနဲ့တိုက်ခိုက်နေရတာလေ။ အဲ့တာကြောင့် အမေ စိတ်ပူမိတယ်"

မိဘတယောက်အနေနဲ့ ပိုက်ဆံတွေက သားသမီးဘေးကင်းဖို့ကပိုအရေးကြီးလေသည်။ ဒီအချက်ကိုလည်း ကျိုးဟောင်နားလည်ပေသည်။

ဒါ့ကြောင့်ကျိုးဟောင်အနေဖြင့်အမှန်တိုင်းမပြောခဲ့ပေ။ တကယ်တော့ စစ်နတ်ဘုရားတပ်ရင်းမှာ အန္တရာယ်များအပြည့်ဖြစ်လေသည်။ စစ်နတ်ဘုရားတပ်ရင်းအနေဖြင့်ပြဿနာများစွာကိုဖြေရှင်းရပြီး သန္ဓေပြောင်းသားရဲကိစ္စများသာမက လူသားတို့ရဲ့ပြဿနာများပါ ပါ၀င်လေသည်။

"အဖေ အမေ သိပ်စိတ်မပူပါနဲ့ အဆင်ပြေသွားမှာပါ။ သားအနေနဲ့ နှစ်အနည်းငယ်လောက်တော့ပြန်မလာနိုင်ဘူး။ တနှစ်ကိုခွင့်တလတော့ရပေမဲ့ လေ့ကျင့်ရေးတွေ တာ၀န်တွေနဲ့ အချိန်တွေက အရမ်းပြည့်ကြပ်နေလို့ပါ"

ကျိုးဟောင်ကပြောလိုက်သည်။

ထိုစကားကိုကြားသောအခါ ၀မ်ရှုယွင် နှင့်ကျိုးရွှယ်ကောတို့နှစ်ယောက်လုံး ဒီအချက်ကိုမလိုလားသော်လည်း သူတို့သားအနေဖြင့် စိတ်ပိုင်းဖြတ်ပြီးပုံရသောကြောင့် သူတို့ပြောလည်း ဘာမှမထူးကြောင်းသဘောပေါက်လေသည်။

ထိုအချိန်မှာပဲ ၀မ်ရှုယွင်က ရုတ်တရက်မေးလိုက်လေသည်။

"သားဒီကိစ္စကိုရှုလင်ကိုပြောပြီးပြီလား"

"သားအရင်ကတည်းပြောပြခဲ့ပြီးသားပါ"

ကျိုးဟောင်ကပြုံးပြီးပြောလိုက်သည်။

"ရှုလင်ကမိန်းမကောင်းလေးပါ သူ့ကိုစိတ်ညစ်ရအောင်မလုပ်နဲ့ တနေ့ကျရင်သူ့ကိုလက်ထပ်ပြီး ချွေးမလေးအဖြစ်မိသားစုထဲကိုခေါ်လာရမယ်သဘောပေါက်လား သား"

၀မ်ရှုယွင်ကစိတ်ပူနေလေသည်။ တခြားသူများ၏သားသမီးများအနေဖြင့် ဘွဲ့ရပြီးပါက လက်ထပ်ထိမ်းမြားဖို့အတွက်ပြင်ဆင်ကြလေသည်။သို့သော်သူ့သားကတော့ သန္ဓေပြောင်းသားရဲများနှင့်တိုက်ခိုက်ဖို့သာစိတ်၀င်စားနေလေသည်။

"အဖေနဲ့ အမေ ရယ် သားသဘောပေါက်ပါတယ်"

ကျိုးဟောင်ကပြန်ဖြေပြီးနောက်သူတို့မိသားစုပျော်ရွှင်စွာစားသောက်ကြလေသည်။

ညရောက်သောအခါ ကျန်းနန်အခြေစိုက်စခန်းတွင်ရှိသောရှုလင်ဆီသို့ကျိုးဟောင်စာပို့လိုက်လေသည်။ ရှုလင်မှာ ကျိုးဟောင်ဆီမှာ စာကိုမြင်သည်နှင့် အလျင်အမြန်ပင်ထွက်လာခဲ့လေသည်။သူမ အနေဖြင့် ကျိုးဟောင်မသွားခင် နောက်ဆုံးတခေါက်လောက်ဆုံချင်သေးလေသည်။

ထိုအခြင်းအရာကို လုံမိသားစုမှ သခင်လေးက မြင်သွားသောအခါ သူ့မျက်နှာတွင် ဒေါသများဖြင့်ပြည့်နှက်သွားလေသည်။

"ချီးပဲ ငါကျတော့မင်းမျက်နှာလေးမြင်ရဖို့ကိုအရမ်းခက်ခက်ခဲခဲကြိုးစားရတယ်။ ကျိုးဟောင်ကမင်းဆီကိုမက်ဆေ့လေးတစောင်ပို့လိုက်ရုံနဲ့ သူနဲ့တွေ့ဖို့ မိုင်ထောင်ချီသွားတယ်ပေါ့ တကယ့်အပျက်မပဲ"

လုံအော့ထျန်းမှာ အရမ်းအရမ်းကိုဒေါသထွက်နေလေသည်။ သူ့လို လုံမိသားစု၏သခင်လေးတယောက်အနေနှင့် သိုင်းပညာရှင်အမျိုးသမီးတယောက်အား ဆွဲဆောင်ဖို့ကျဆုံးသည်မှာ မဖြစ်သင့်သောအရာဖြစ်လေသည်။

"ဦးလေးစွင်းကျွန်တော့်ကို ချူမြို့ဆီသွားဖို့လေယာဉ်တစီးအမြန်စီစဉ်ပေးပါ။ ပြီးတော့ ကျိုးဟောင်အပေါ်ရှုလင်လက်လျော့သွားမယ့်နည်းလမ်းလည်းစဉ်းစားပေးပါ"

လုံအော့ထျန်းက သူ့အိမ်တော်ထိန်းအားပြောလိုက်လေသည်။ အိမ်တော်ထိန်းစွင်းလည်း ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင်စီစဉ်လေသည်။

ထိုအချိန်တွင် ကျိုးဟောင်နှင့်ရှုလင်မှာ ကော်ဖီဆိုင်လေးတခုတွင်တွေ့ဖို့စီစဉ်နေကြလေသည်။ သူတို့နှစ်ယောက်ဆုံချိန်တွင် ရှုလင်၏မျက်လုံးများတွင် စိုးရိမ်မှုများဖြင့်ပြည့်နေလေသည်။ ကျိုးဟောင်ဘာလို့ဒီလောက်ကြိုးစားနေမှန်းသူမ သေချာသိလေသည်။

"ငါတောင်းပန်ပါတယ် ဒါတွေက ငါ့အပြစ်တွေပါ"

ရှုလင်က ကိုယ့်ကိုယ်ကို အပြစ်တင်နေလေသည်။

"အရူးမလေး ကိုယ့်ကိုယ်ကိုအပြစ်တင်မနေနဲ့ ဒါကငါ့ရွေးချယ်မှုပါ"

ကျိုးဟောင်က ပြုံးပြီး ရှုလင်အားနှစ်သိမ့်ပေးလေသည်။

"ဒါပေမဲ့ ငါ့ကြောင့်သာမဟုတ်ရင် နင်....."

ရှုလင်ကတခုခုပြောချင်သော်လည်း ကျိုးဟောင်က၀င်တားလိုက်လေသည်။

"မင်းကြောင့်သာမဟုတ်ရင်ကိုယ်က လမ်းပျောက်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေမှာပါ ဒါ့ကြောင့် ကိုယ်ကိုယ်ကိုအပြစ်တင်မနေပါနဲ့ သဘောပေါက်လား"

ကျိုးဟောင်ကရှုလင်ရဲ့လက်လေးကိုဆုပ်ကိုင်ပြီးပြောလိုက်လေသည်။

ရှုလင်လည်းသူမ၏မျက်လုံးထောင့်မှမျက်ရည်စလေးများကိုသုတ်လိုက်ပြီး ကျိုးဟောင်အားကြေကွဲနေသောအကြည့်ဖြင့်ကြည့်ကာပြုံးပြလိုက်လေသည်။

ထိုအချိန်မှာပဲ လုံအော့ထျန်း၏လေယာဉ်မှာ ချူမြို့သို့ရောက်လာခဲ့လေသည်။

....................................................................................

အခန်း (၄၅၁) ပြီးပါပြီ။

အခန်း (၄၅၂): ကိုးရိုးကားရားနိုင်သော

လုံအော့ထျန်း၏မျက်နှာမှာမည်းမှောင်နေပြီး သူ့အိမ်‌တော်ထိန်းစွင်း၏မျက်နှာတွင်လည်း ခက်ထန်သောအမူအရာများဖြစ်နေလေသည်။

"အထိန်းတော်ကြီး အကုန်လုံးအဆင်သင့်ဖြစ်ပြီလား"

လုံအော့ထျန်းကကတည့်တိုးမေးလိုက်လေသည်။

အိမ်တော်ထိန်းစွင်းကခေါင်းညိတ်ပြလိုက်လေသည်။ထို့နောက်သူလက်ဝှေ့ယမ်းပြလိုက်သောအခါ အလွန်လှပသောအမြွှာညီအစ်မနှစ်ယောက်၀င်လာခဲ့လေသည်။

လုံအော့ထျန်းတောင်မှ အံ့ဩသွားလေသည်။သူသည်ထိုညီအစ်မနှစ်ယောက်ကိုကြည့်ပြီး တံထွေးတောင်သီးသွားလေသည်။

ထိုအချိန်မှာပင်အိမ်တော်ထိန်းက ကျိုးဟောင်နှင့်ပတ်သက်သောအချက်အလက်များကို ထိုညီအစ်မနှစ်ယောက်လက်ထဲသို့ပေးလိုက်လေသည်။

"ဒီညအတွက်မင်းတို့ရဲ့ပစ်မှတ်ပဲ။ သူ့နာမည်ကကျိုးဟောင် ချူမြို့အထက်တန်းကျောင်းရဲ့ ကျောင်းသားဟောင်းတဦးပဲ။ သူ့ကျင့်ကြံဆင့်က ပထမအဆင့်မူလပညာရှင်ဖြစ်ပြီး သူ့ဖုန်းနံပါတ်က....."

အိမ်တော်ထိန်းက ကျိုးဟောင်နှင့်ပတ်သက်သည်များကိုပြောပြနေပြီး သူမတို့နှစ်ယောက် လိုက်လံမှတ်သားထားလေသည်။

"မင်းတို့ကိုပြောထားသလိုသေချာလုပ်ကြ အမှားအယွင်းမဖြစ်စေနဲ့ သဘောပေါက်လား သူတို့နှစ်ယောက်ကအခု ဆဲဗင်းဒေးဆိုတဲ့ကော်ဖီဆိုင်မှာရှိတယ်"

အိမ်တော်ထိန်းစွင်းကမှာကြားပြီးနောက် ထိုညီအစ်မနှစ်ယောက်အား ကော်ဖီဆိုင်သို့လွှတ်လိုက်လေသည်။

ထိုညီအစ်မနှစ်ယောက်ကော်ဖီဆိုင်ထဲ၀င်လာချိန်တွင်ဆိုင်ထဲက လူတိုင်းဝိုင်းကြည့်ကြလေသည်။သူမတို့ကဲ့သို့လှပလွန်းသူများမှာရှားပါးလှပေသည်။

အ၀င်တံခါးနှင့်မျက်နှာချင်းဆိုင်ထိုင်နေသောရှုလင်လည်း ထိုနှစ်ယောက်အားမြင်လိုက်လေသည်။ ကျိုးဟောင်ကတော့ တံခါးအားကျောပေးထိုင်နေသောကြောင့် အနောက်တွင်ဘာတွေဖြစ်ပျက်နေသလဲမသိပေ။

ထို့နောက်ထိုညီအစ်မနှစ်ယောက်မှာကျိုးဟောင်အနောက်တည့်တည့်ရှိစားပွဲတွင်ထိုင်လိုက်ကြလေသည်။ ရှုလင်ကတော့ ထိုကိစ္စကိုသိပ်ဂရုမစိုက်ပေ။

ရှုလင်နှင့်ကျိုးဟောင်မှာ သာမန်စုံတွဲများကဲ့သို့ပင် သူတို့၏ မိသားစုအကြောင်းများနှင့်အလုပ်အကြောင်းများကိုပြောနေကြလေသည်။

ထိုအချိန်မှာပဲ ညီအစ်မနှစ်ယောက်ဆီမှ တီးတိုးပြောသံတခုထွက်လာလေသည်။

"အစ်မတကယ်ပြောနေတာလား မနေ့ညကအမျိုးသားက အဲ့လောက်တောင်ကောင်းတာလား"

"ဒါပေါ့ ငါ့ညီမလေးကို လိမ်ပြောပါ့မလား အဲ့ယောကျာ်းကတကယ့်ကို စစ်နတ်ဘုရားတပါးလိုပဲ။ ငါသူနဲ့ ၂‌ရက်ထိထိ အတူလျှောက်သွားခဲ့ပေမဲ့ ၃ရက်မြောက်နေ့မှာတော့ သူထွက်သွားခဲ့တယ် ဒါပေမဲ့ ကောင်းတဲ့အရာလေးတွေတော့ သူချန်ခဲ့ပါတယ် ဟိဟိ..."

"တကယ်လား ယောကျာ်းတယောက်ကအဲ့လောက်ထိခံစားမှုကောင်းမွန်အောင်လုပ်နိုင်ပါ့မလား"

"အဲ့လူရဲ့ကျင့်ကြံဆင့်ကပထမမူလအဆင့်ပဲ တော်သေးတယ်ငါလည်း သိုင်းပညာရှင်တယောက်မို့လို့ ငါ့နေရာမှာ သာမန်လူတယောက်ဆိုရင်ဆက်ဆံရင်းသေသွားလောက်တယ်"

ထိုညီအစ်မနှစ်ယောက်မှာ အသံတိုးတိုးလေးဖြင့်ပြောနေသော်လည်းမနီးမဝေးတွင်ရှိသော ကျိုးဟောင်နှင့်ရှုလင်တို့မှာ ကြားနေရလေသည်။

ရှုလင်မှာ မျက်မှောင်ကြုတ်ကာ ထိုအမျိုးသမီးနှစ်ယောက်အား ရွံရှာဖွယ်လို့တွေးနေလေသည်။ ကျိုးဟောင်ကတော့ ဒီလိုကိစ္စတွေကို ဘာမှမဟုတ်သလိုထုတ်ပြောရဲတဲ့သူတို့နှစ်ယောက်အား ခေသူတွေမဟုတ်ကြောင်းတွေးမိလိုက်လေသည်။

"အစ်မကအဲ့လိုပြောနေမှတော့ ညီမတောင်လုပ်ကြည့်ချင်လာပြီ အစ်မသူ့ကိုဆက်သွယ်ကြည့်လို့ရသေးလား"

"ရတာပေါ့ သူငါ့နေရာဆီကနေထွက်သွားတာကလည်း သူ့ကောင်မလေးဆီသွားရမှာမို့လို့တဲ့ သူ့ကောင်မလေးကအရမ်းလှပပြီးဂုဏ်သရေရှိအမျိုးသမီးတဦးပဲ"

"ဘယ်လို သူ့မှာ ကောင်မလေးရှိနေတာ အစ်မနဲ့အတူနေခဲ့တာလား"

"ဘာဖြစ်လဲ ကောင်မလေးရှိတော့ရော ဂုဏ်သရေရှိအမျိုးသမီးတွေကဘယ်လိုလဲနင်မသိဘူးလား သူမကငါ့လောက် ကျွမ်းကျင်ပါ့မလား"

အစ်မဖြစ်သူအမျိုးသမီးက နှုတ်ခမ်းလေးတွန့်ပြီး ပြောလိုက်လေသည်။

"ဒါပေါ့အစ်မရဲ့ ဒါနဲ့အစ်မဆီမှာသူ့ကိုဆက်သွယ်လို့ရမယ့်အချက်အလက်လေးမရှိဘူးလား ရှိရင် သူ့ကိုဆက်သွယ်ပြီး သူ့ကိုခေါ်ပေးလို့ရမလား ညီမသူ့ကိုဒီညတွေ့ချင်လို့"

ညီမဖြစ်သူမှာအလွန်လှုပ်ရှားနေပြီး ဒီည၌ပျော်စရာတခုခုဖို့ဖန်တီးဖို့အလိုရှိနေလေသည်။

ထိုအချိန်မှာပဲ အစ်မဖြစ်သူက သူမ၏ဖုန်းကိုထုတ်ပြီး ဆက်သွယ်ရန်ပြင်လိုက်လေသည်။

"ကောင်းပြီ ကောင်းပြီ ငါခုခေါ်ပေးပါ့မယ်"

သူမစကားဆုံးသည်နှင့် ဖုန်းခေါ်လိုက်လေသည်။ရှုလင်နှင့်ကျိုးဟောင်မှာ ထိုလူမှာ ဘယ်သူလဲစိတ်၀င်စားသွားလေသည်။ ထိုအချိန်မှာ ကျိုးဟောင်၏ဆက်သွယ်ရေးကိရိယာမှာ ထမြည်လာလေသည်။

ရှုလင်‌နှင့်ကျိုးဟောင်၂ယောက်လုံး မှင်တက်သွားလေသည်။ ထိုအမျိုးသမီးနှစ်ယောက်မှာလည်း အံ့ဩသွားဟန်ဖြင့်လှည့်ကြည့်လာကြလေသည်။

"ဟာ ရှင်ကဒီမှာပဲ။ ညီမလေးအဲ့တာသူပဲလေ ငါတို့တကယ်ကိုရေစက်ဆုံတာပဲ။ ငါတို့မနေ့ညကအတူတညလုံးရှိပြီးတာတောင်မှ ဒီနေ့ဒီမှာထပ်တွေ့ရတယ်"

အစ်မဖြစ်သူက အလွန်ပျော်ရွှင်စွာဖြင့် ကျိုးဟောင်အား ကြည့်ပြီး ပြောနေလေသည်။

ကျိုးဟောင်က မျက်မှောင်ကြုတ်ကာ ထိုအမျိုးသမီးအားကြည့်လိုက်လေသည်။ထို့နောက်စိတ်မထိန်းနိုင်တော့ပဲ မေးလိုက်လေသည်။

"ငါ့နံပါတ်ကို မင်းဘယ်ကရတာလဲ"

ကျိုးဟောင်မှာ သူ့နံပါတ်အားသိသူမှာ အနည်းငယ်သာရှိသောကြောင့် အံ့အားသင့်နေလေသည်။ထိုအမျိုးသမီးကအဘယ့်ကြောင့်သိနေရပါသနည်း။

"ရှင်ကျွန်မကိုပေးခဲ့တာမဟုတ်ဘူးလား ပြီးတော့ရှင်ပြောခဲ့သေးတယ်လေ ကျွန်မရှင့်ကိုလိုအပ်ရင်လာရှာနိုင်တယ်ဆိုပြီး..."

ထိုအမျိုးသမီးကရိသဲ့သဲ့ပြုံးပြီးပြောလိုက်လေသည်။

"မိန်းကလေး ဒီကဟာသလုပ်ရမည့်ကိစ္စမဟုတ်ဘူး မင်းတို့ကိုလည်းငါမသိဘူး ခုမှပထမဆုံးဆုံဖူးတာပဲ"

ကျိုးဟောင်အတွက်ဒီကိစ္စကဟာသတခုမဟုတ်ပေ။ယခုရှုလင်လည်းအနားမှာရှိနေလေသည်။တဖက်ကသူ့အားတမင်သိက္ခာချဖို့ကြိုးစားနေခြင်းလား။

ထိုညီအစ်မနှစ်ယောက်မှာ အံ့ဩသွားသည့်ပုံဖြင့် ရှုလင်အားကြည့်လိုက်လေသည်။ ပြီးနောက် အသိပြန်၀င်သွားပုံဖြင့်ပြောလိုက်လေသည်။

"အို... ကျွန်မတောင်းပန်ပါတယ် လူမှားသွားလို့ပါ တောင်းပန်ပါတယ်နော်"

ရှုလင်ကဒီကိစ္စအားထိုင်ကြည့်နေပြီး ဘာတွေဖြစ်ပျက်နေသလဲသဘောပေါက်လိုက်လေသည်။တချို့သိုင်းပညာရှင်များမှာပိုက်ဆံသုံးပြီး ထိုကဲ့သို့အမျိုးသမီးများဖြင့်အပျော်ရှာတတ်ကြလေသည်။

ကျင့်ကြံဆင့်နိမ့်ပါးသောတချို့အမျိုးသမီးများမှာ အသက်ရှင်နိုင်ဖို့အတွက်ရှေ့တန်းစစ်မျက်နှာသို့မသွားကြပေ။အဲ့ဒီအစားသူတို့၏သွေးအနှစ်သာရကိုသုံးပြီး သူတို့၏ရုပ်သွင်ပြင်ကို စွဲမက်ဖွယ်ကောင်းအောင်ကျင့်ကြံလိုက်ပြီး ဈေးကွက်ထဲတွင်ပိုက်ဆံများများရနိုင်မည့်နည်းကိုရွေးချယ်လိုက်ကြလေသည်။

ရှုလင်အနေနဲ့ထိုအကြောင်းအရာများကိုကြားဖူးခဲ့ပြီး ထိုကိစ္စများအပေါ်စက်ဆုပ်ခဲ့ဖူးလေသည်။ကျိုးဟောင်အနေဖြင့်ထိုကဲ့သို့လုပ်လိမ့်မည်လို့သူမ မထင်ထားခဲ့ပေ။

သူမအနေနှင့်ကျိုးဟောင်အပေါ်ယုံကြည်သော်လည်း ထိုအမျိုးသမီးနှစ်ယောက်၏ပြောင်မြောက်သောသရုပ်ဆောင်မှုကြောင့် တခုခုမှားယွင်းနေပြီခံစားလိုက်ရလေသည်။ဒါ့အပြင် ကျိုးဟောင်အနေဖြင့်ထိုအမျိုးသမီးနှစ်ယောက်အပေါ်တွင်တခုခုပြန်လက်စားချေမည်ကိုလည်း စိုးရိမ်နေမိလေသည်။

"သူတို့ကျိုးဟောင်ကို တယောက်ယောက်နဲ့မှားတာဖြစ်နိုင်ပါ့မလား ဒါကမတော်တဆတိုက်ဆိုင်နိုင်သောကိစ္စမျိုးမဟုတ်ပေ။ သူတို့နှစ်ယောက်အနေဖြင့်တညလုံးအတူရှိခဲ့သည့်အမျိုးသားတယောက်အကြောင်းပြောနေရင်း ကျိုးဟောင်ကို လှမ်းခေါ်မိလိုက်ခြင်းဖြစ်လေသည်။ ဒါကလုံး၀ကို မတော်တဆဖြစ်ရပ်မျိုးမဟုတ်ပေ။"

ရှုလင်မှာ တယောက်ထဲ စိစစ်တွေးတောနေလေသည်။ကျိုးဟောင်ကတော့ ဒီလိုကိစ္စတွေဖြစ်လာသောကြောင့် ဘာပြောရမှန်းမသိအောင်စိတ်ညစ်နေလေသည်။

" ကျွန်မတို့တကယ်ပဲတောင်းပန်ပါတယ် လူမှားသွားလို့ပါ"

ထိုအမျိုးသမီးနှစ်ယောက်မှာတောင်းပန်ပြီးနောက်ထွက်သွားဖို့ပြင်နေလေသည်။

သို့သော်ရှုလင်ကလှမ်းပြောလိုက်လေသည်။

"ခဏလေးစောင့်ပါဦး"

ထိုအမျိုးသမီးနှစ်ယောက်မှာ အံ့ဩသွားပြီး ရှုလင်အားလှည့်ကြည့်ကာပြောလိုက်လေသည်။

"အစ်မ ကျွန်မတို့တကယ်လူမှားသွားတာပါ"

"ငါသိပါတယ် ဒါပေမဲ့ မင်းတို့နှစ်ယောက်ပြောနေတာဘယ်သူလဲဆိုတာသိချင်လို့ပါ"

ရှုလင်စကားဆုံးသောအခါ အစ်မဖြစ်သူကအလျင်အမြန်ပြန်ဖြေလေသည်။

"သူကသိုင်းပညာရှင်တယောက်ပါ သူ့နာမည်တော့မသိပေမဲ့ ဒီက လူကြီးမင်းမဟုတ်တာတော့သေချာပါတယ်"

"ဪ အဲ့လိုလား ဒါဆို မင်းအဲ့လူနဲ့ တညလုံးအတူရှိနေခဲ့တာလား"

ရှုလင်ကပြုံးပြီးမေးလိုက်လေသည်။

....................................................................................

..

အခန်း (၄၅၂) ပြီးပါပြီ။

အခန်း (၄၅၃) : တိုက်ခိုက်ချင်တာလား

ရှုလင်စကားကိုကြားသောအခါ ထိုအမျိုးသမီးကခေါင်းညိတ်ပြလိုက်လေသည်။

"ဟုတ်တယ် မနေ့ကတညလုံးအတူရှိပြီး အလုပ်တွေများနေခဲ့တာ ဟီးဟီး"

ထိုအမျိုးသမီးကပြုံးလိုက်ပြီး ကျိုးဟောင်ကိုတောင် မခို့တရို့ကြည့်လိုက်လေသည်။

"ငါသဘောပေါက်ပြီ ဒါဆို အဲ့လူကငါ့ကောင်လေးမဟုတ်တာသေချာပြီ ဘာလို့ဆိုမနေ့ညကငါတို့နှစ်ယောက်၄ - ၅နာရီလောက်‌ဖုန်းပြောနေခဲ့ကြတာ။ ခုမှပဲစိတ်အေးတော့တယ်"

ရှုလင်ကခေါင်းညိတ်ပြီးပြန်ပြောလိုက်လေသည်။

ထိုစကားကိုကြားသောအခါ ညီအစ်မနှစ်ယောက်၏အမူအရာမှာရုတ်တရက်ပြောင်းလဲသွားပြီးပျာယာခတ်သွားလေသည်။

သူမတို့အနေဖြင့် ဒီလိုမမျှော်လင့်ထားသောကိစ္စရပ်တခုပေါ်လာလိမ့်မည်လို့မထင်ထားခဲ့ကြပေ။ သူမတို့အနေဖြင့်အိမ်တော်ထိန်းစွင်း၏ညွှန်ကြားချက်အတိုင်းလိုက်နာခဲ့ပြီး သူပြောခိုင်းသည့်အတိုင်းသေချာပြောခဲ့ကြလေသည်။သို့သော် ဒီနှစ်ယောက်ကတညလုံးနီးပါး ဖုန်းပြောနေခဲ့ကြလေသည်။

သူမတို့အနေဖြင့် ဒီတကြိမ်တည်းဖြင့် ကျိုးဟောင်တို့၏ဆက်ဆံရေးကိုပြိုလဲအောင်မလုပ်နိုင်မှန်းသိသော်လည်း အနည်းအကျည်းတော့ အဖုအထစ်‌တော့ဖြစ်သွားမည်လို့မျှော်လင့်ခဲ့ကြလေသည်။

ဒါ့ကြောင့်သူမတို့အနေဖြင့် နောက်ထပ် တကြိမ် နှစ်ကြိမ်လောက်ထပ်လုပ်ကြမည်လို့စဉ်းစားထားခဲ့ကြလေသည်။သို့သော်ယခုမူ ပထမအကြိမ်ကတည်းကအစီအစဉ်မှာကျရှုံးသွားလေသည်။

ထို့ကြောင့် ညီအစ်မနှစ်ယောက်မှာရှက်သွားကာထိုနေရာမှခပ်မြန်မြန်ထွက်သွားကြလေသည်။ကျိုးဟောင်လည်းရှုလင်ကိုပြုံးပြီးကြည့်ကာ ပြောလိုက်လေသည်။

"ကိုယ်တို့မနေ့ညကစကားမပြောခဲ့ကြပါဘူး"

"ငါသိပါတယ် သူတို့ဘယ်လိုတုံ့ပြန်မလဲသိချင်လို့စမ်းကြည့်လိုက်တာ။ သူတို့အမူအရာဘယ်လိုဖြစ်သွားလဲ မြင်လိုက်ရတယ်လေ ဒါ့ကြောင့်သူတို့သေချာပေါက်ညာနေမှန်းရှင်းသွားတာပေါ့"

ရှုလင်က ပြုံးပြီးပြန်ပြောလေသည်။ရှုလင်မှာ အခြေအနေတခုလုံးကို သေချာ စိစစ်တွေးတောထားပြီး နောက်ကွယ်ကဘယ်သူစေခိုင်းသလဲဆိုသည်ကိုပါ ခန့်မှန်းထားလေသည်။

ကျိုးဟောင်အနေဖြင့်အခုလိုလုပ်ခဲ့ရင်တောင်မှ ထိုအမျိုးသမီးနှင့် ချက်ချင်းပြန်ဆုံဖို့မှာ မဖြစ်နိုင်ပေ။ ဒါ့အပြင် ရှုလင်မှာ ကျိုးဟောင်၏စရိုက်ကိုသေချာသိပြီး ထိုကဲ့သို့လုပ်မည့်သူမဟုတ်ကြောင်းသိလေသည်။

"အစကတည်းက သူတို့နှစ်ယောက်က သူတို့လိုချင်တဲ့အခြေအနေမျိုးရောက်အောင်ဟန်ဆောင်ပြောနေခဲ့ကြတာ ပြီးရင်တယောက်ပြောတာကို နောက်တယောက်ကလည်းချက်ချင်းထောက်ခံလိုက်သေးတယ်။ ပြီးရင်ချက်ချင်းဖုန်းထခေါ်တာကလည်းထူးဆန်းတယ်။ ရှင်က ကိုယ့်နံပါတ်ကိုတောင်သေချာမှတ်မိတာမဟုတ်ဘူးလေ အဲ့တာကို သူတို့နှစ်ယောက်ကဘယ်လိုသိနေရတာလဲ။ဒါကအတော်ကို မူမမှန်တဲ့အချက်ပဲ"

ရှုလင်ကသေသေချာချကောက်ချက်ချပြီး ထိုအမျိုးသမီး၂ယောက်လိမ်နေကြောင်းပြောလေသည်။

"အင်း... ငါထင်တာမမှားဘူးဆိုရင် ဒါကမင်းကိုပိုးပန်းနေတဲ့သူရဲ့လက်ချက်ပဲဖြစ်ရမယ်"

ကျိုးဟောင်ကရုတ်တရက်ပြောလိုက်လေသည်။

"နင်...နင်သိနေတာလား"

ရှုလင်လည်း ထိတ်လန့်သွားလေသည်။

"မင်းဘ၀ထဲမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ ကိုယ်မသိဘဲနေပါ့မလား ဒါပေမဲ့တဖက်ကဒီလိုနည်းလမ်းတွေသုံးလာတယ်ဆိုတော့ လူကြီးလူကောင်းတော့မဖြစ်နိုင်ဘူး"

ကျိုးဟောင်က တဖက်သူအကြောင်းကို အမှန်တိုင်းပြော‌လိုက်ခြင်းဖြစ်လေသည်။သခင်လေးလုံဆိုသူမှာတကယ်လည်း အကျင့်ကောင်းသောသူမဟုတ်ပေ။

"ငါလည်းသူလို့ထင်မိတယ်။ ဒါပေမဲ့သူ့အစီအစဉ်ကအတော်ကောင်းတယ်လို့တော့၀န်ခံရမယ် ဘာလို့ဆို ငါယုံမိတော့မလိုတောင်ဖြစ်သွားတယ်"

ရှုလင်က သက်ပြင်းလေးချရင်းပြောလာလေသည်။

"ဒါ့နဲ့ ခုနက ငါ့ကောင်လေးလို့ပြောလိုက်တာက ကိုယ့်ကိုဆိုလိုတာမှတ်လား"

ကျိုးဟောင်က ရယ်ပြီးရှုလင်အားစလိုက်လေသည်။

"ရှင်ကံကောင်းသွားတယ် ငါသူတို့နှစ်ယောက်ပြောတာကိုသာယုံမိလိုက်ရင်ရှင်တော့ ဒုက္ခရောက်ပြီမှတ်"

ရှုလင်က မျက်စောင်းလေးထိုးပြီးပြောလိုက်လေသည်။

"အဲ့ဒါကအလုပ်ဖြစ်မယ်မထင်ပါဘူး မင်းလိုအလှနတ်ဘုရားမလေးက ဒီလိုအသေးစားလှည့်ကွက်လေးနဲ့ အရူးလုပ်ခံရစရာလား"

ကျိုးဟောင်ကရှုလင်အားကျီစယ်လိုက်လေသည်။ ကျိုးဟောင်၏စကားများက ရှုလင်အား ပြုံးရယ်စေလေသည်။

သူတို့နှစ်ယောက် စကားအတန်ကြာထိုင်ပြောပြီးနောက် ကော်ဖီဆိုင်မှ ထွက်လာချိန်တွင် ည၇ နာရီ ၈နာရီလောက်ဖြစ်နေလေပြီ။ကျိုးဟောင်က ရှုလင်အားသူမတည်းသည့်ဟိုတယ်ဆီလိုက်ပို့ပြီးနောက်အိမ်သို့ပြန်လာလေသည်။

သူ့အိမ်ရာနားသို့မရောက်မှီ သူ့လမ်းတွင် လူ၇ယောက် ၈ယောက်ပိတ်ရပ်နေသောကြောင့် ကျိုးဟောင် မျက်မှောင်ကြုတ်မိလိုက်သည်။ထိုလူများမှာခက်ထန်သောအမူအရာနှင့် သူတို့ဆီမှ မူလအဆင့်ပညာရှင်ဆိုသည့် အငွေ့အသက်များ လွှင့်ထုတ်နေလေသည်။

ကျိုးဟောင်ကမျက်လုံးများမှေးကာထိုလူများကိုကြည့်နေလိုက်သည်။ ထိုအထဲမှ ၀တ်စုံပြည့်၀တ်ဆင်ထားသည့် ခေါင်းဆောင်ပုံပေါက်သောလူတယောက်က ကျိုးဟောင်ဆီလျှောက်လာပြီး အေးစက်စွာကြည့်လေသည်။

"ငါကကျိုးဟောင်ပဲ မင်းတို့ငါ့လမ်းကို ဘာကြောင့်ပိတ်ထားရတာလဲ"

ကျိုးဟောင်ကမေးလိုက်လေသည်။

"ကျိုးဟောင်...မင်းငါ့ကိုမသိလောက်ပေမဲ့ ငါကတော့မင်းကိုသိတယ်။ ငါ့နာမည်လိုအော့ထျန်းပဲ။ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းရဲ့ လုံမိသားစုက သခင်လေးလုံဆိုတာငါပဲ။ ငါဒီကိုလာတာ မင်းကိုအမိန့်တခုပေးမလို့ပဲ"

လုံအော့ထျန်းက သူ့လက်တဖက်အားအိတ်ကပ်ထဲထည့်ထားကာ ကျိုးဟောင်အား မထီမဲ့မြင်ပုံစံဖြင့်ပြောလိုက်လေသည်။

"အို ငါကြားဖူးပါတယ်"

ကျိုးဟောင်ကဟာသလုပ်ပြီးပြောလိုက်လေသည်။

လုံအော့ထျန်း၏လူများမှာ မူလအဆင့်ပညာရှင်အနည်းအငယ်သာဖြစ်ပြီး ကျိုးဟောင်အတွက်ကြီးမားသောချိန်းခြောက်မှုတခုမဟုတ်ပေ။ သူလက်ညှိုးလေးတချောင်းလှုပ်ရုံဖြင့်ထိုလူများအား ထိခိုက်အနာတရဖြစ်အောင်လုပ်နိုင်လေသည်။ သို့သော် ဒီတကြိမ်တွင် လုံအော့ထျန်းဘာအကွက်တွေထုတ်လာမလဲစိတ်၀င်စားသောကြောင့် အလိုက်အထိုက်နေဖို့ဆုံးဖြတ်လိုက်လေသည်။

"ရှုလင်ကိုလက်လျော့လိုက်ပါ။ ဒါငါမင်းကို အကြံပေးတာပဲ။ တကယ်လို့ မင်းနားမထောင်ဘူးဆိုရင်တော့ မင်းကို သတ်တဲ့အတွက်ငါ့ကိုအပြစ်မတင်နဲ့"

လုံအော့ထျန်းကတကယ့်ကိုမောက်မာလှပေသည်။ သူ့စကားထဲတွင်သတ်ဖြတ်လိုသောအငွေ့အသက်များလည်းပါနေလေသည်။

"မင်းတို့တွေကငါ့ကိုသတ်မလို့လား"

ကျိုးဟောင်ကပြုံးပြီးမေးလိုက်လေသည်။

"ဒါပေါ့ ငါတို့တွေက လမ်းပေါ်မှာတော့ လူမသတ်ချင်ပါဘူး ဒါပေမဲ့ ငါတို့လုံမိသားစုအတွက်က မူလပညာရှင်တယောက်ကိုသတ်ဖို့ဆိုတာအလွယ်လေးပဲ"

လုံအော့ထျန်းကပြုံးပြီးပြန်ပြောလေသည်။

"မင်းတို့လုံမိသားစုကလူတွေက နတ်ဘုရားတွေမို့လို့လား"

ကျိုးဟောင်က နှာခေါင်းရှုတ်ပြီးပြန်ပြောလိုက်လေသည်။

"ဟွာရှားလိုမြို့ကြီးမှာဆိုရင်တော့ မလုံလောက်ပေမဲ့ ဒီလိုချူမြို့လိုမြို့ငယ်လေးမှာတော့ ငါတို့ကနတ်ဘုရားပဲ။ မင်းရဲ့ရှင်ခြင်းသေခြင်းက ငါ့စကားတခွန်းအပေါ်ပဲမူတည်တယ် မင်းငါ့ကိုယုံလိုက်စမ်းပါ"

လုံအော့ထျန်းက သရော်ပြုံးပြုံးပြီးပြောလိုက်လေသည်။ သူတို့လုံမိသားစု၏နောက်ခံအင်အားဖြင့် မူလပညာရှင်တယောက်အား တကယ့်ကိုသတ်ပစ်နိုင်လေသည်။

ကျိုးဟောင်ကို မူလအဆင့်ပညာရှင်လို့သာမြင်သောကြောင့် လုံအော့ထျန်းက ဂရုမစိုက်သလိုပြုမူနေလေသည်။

"ငါ့စကားက မိသားစုအတော်များများရဲ့သေရေး ရှင်ရေးကိုဆုံးဖြတ်ပေးနိုင်တယ် ဒါ့ကြောင့် မင်းသေချာစဉ်းစားပြီးမှ ဖြေမှရမယ်"

လုံအော့ထျန်းက သူ့စကားများဖြင့် ကျိုးဟောင်အားသိမ်ငယ်အောင်လုပ်နိုင်ပြီလို့ထင်နေလေသည်။

"သခင်လေး ငါ့မှာ မင်းနဲ့စကားများပြီး အချိန်ဖြုန်းနေဖို့စိတ်မပါဘူး နောင်မှပဲဆက်ပြောကြတာပေါ့ နှုတ်ဆက်ပါတယ်"

ကျိုးဟောင်က အချိန်ဆက်မဖြုန်းချင်တော့ပဲ ထိုနေရာမှထွက်သွားဖို့ကြံလိုက်လေသည်။သို့သော်လုံအော့ထျန်းက လက်ဝှေ့ရမ်းပြလိုက်ပြီး သူ့လူများကကျိုးဟောင်အားဝိုင်းထားလိုက်လေသည်။

" ကျိုးဟောင် မင်းတကယ်ပဲဒီနေရာ ထွက်သွားနိုင်မယ်ထင်နေတာလား"

လုံအော့ထျန်းက တကယ့်ကိုဘ၀င်လေဟပ်နေပြီး သူ့အနေဖြင့်ကျိုးဟောင်အားကောင်းကောင်းဆုံးမနိုင်မည်လို့ထင်နေလေသည်။ သူ့လက်အောက်တွင် မူလအဆင့်ပညာရှင်လေး‌ငါးယောက်ရှိသောကြောင့် ကျိုးဟောင်အား မသတ်နိုင်ရင်တောင်မှ ကောင်းကောင်းရိုက်နှက်နိုင်မည်လို့တွေးထားလေသည်။

ထိုလူများကိုကြည့်ကာကျိုးဟောင်ကပြုံးပြီးပြောလိုက်လေသည်။

"ဘာလဲ မင်းတို့ကတိုက်ခိုက်ချင်လို့လား"

....................................................................................

အခန်း (၄၅၃) ပြီးပါပြီ။

All Chapters