← Chapters

အခန်း (၄၅၄-၄၅၆)

Vol. 31 Ch. 454-456

အခန်း (၄၅၄-၄၅၆)

Vol. 31 Ch. 454-456

အခန်း (၄၅၄): ဂုဏ်ယူခြင်း

ကျိုးဟောင်ကသူတို့အားလုံးအားတချက်ကြည့်လိုက်ပြီးနောက်ပြုံးလိုက်လေသည်။

" မူလအဆင့်ပညာရှင်ငါးယောက်ပေါ့။ ပထမအဆင့် ဒုတိယအဆင့် နဲ့ တတိယအဆင့်မူလပညာရှင်အထိပါလာတာပဲ မင်းတို့က တကယ်ကြီးငါ့ကိုဒီမှာတိုက်ခိုက်ချင်တာလား"

ကျိုးဟောင်ကကြောက်လန့်နေခြင်းမရှိပေ။ သူ့အတွက် ဒီမူလအဆင့်ပညာရှင်အနည်းငယ်လောက်ကကိစ္စမရှိပေ။

လုံအော့ထျန်းကလည်းကျိုးဟောင်အားပြုံးပြီးကြည့်နေလေသည်။သို့သော်သူ့အပြုံးတွင် ကောက်ကျစ်မှုများပြည့်နှက်နေလေသည်။

"ဘာလဲ ငါကမင်းကိုတိုက်ခိုက်ဖို့အတွက်ခွင့်ပြုချက်တောင်းရဦးမှာလား မင်းကသာမန်မူလအဆင့်ပညာရှင်လေးပါ မင်းကိုရိုက်နှက်ဆုံးမတဲ့အတွက် ငါကအနည်းငယ်တော့အဆူခံရနိုင်တယ် ဒါပေမဲ့ မင်းကတော့ တကိုယ်လုံး နာကျင်မှုအပြည့်ခံစားသွားရမှာ"

"ဒါကမမျှတသလိုဖြစ်ပေမဲ့ မင်းအနေနဲ့ အံကြိတ်ခံရုံကလွဲပြီးတခြားမရှိဘူး တကယ်လို့ ပြန်တွန်းလှန်ပြီးငါ့ကိုထိခိုက်စေမယ်ဆိုရင်တော့ မင်းကသေလူဖြစ်သွားပြီ"

လုံအော့ထျန်းမှာ တကယ့်ကိုမောက်မာရိုင်းစိုင်းလေသည်။ ဒါပေမဲ့ သူ့အနေနဲ့ လူမှားပြီးစော်ကားမိနေသည်ကိုတော့ မသိရှိသေးပေ။

"သခင်လေးလုံ ငါလည်းမင်းကိုအကြံဉာဏ်လေးတခုလောက်ပြန်ပေးလိုက်မယ် ငါ့ကိုပြဿနာလာမရှာပါနဲ့ မဟုတ်ရင်ငါလည်းယဉ်ကျေးနေမှုမဟုတ်ဘူးနော်"

ကျိုးဟောင်က လက်ပိုက်ပြီး ဂရုမစိုက်သလိုပင်ပြန်ပြောလိုက်လေသည်။

ကျိုးဟောင်အနေဖြင့် အိမ်နီးနားချင်းများကိုမကောင်းသောအထင်အမြင်များမရှိစေချင်သောကြောင့် မတိုက်ခိုက်သေးခြင်းဖြစ်လေသည်။ဒါ့အပြင် ယခုက မြို့ထဲဖြစ်ပြီး တောနက်ဧရိယာထဲကလိုအခြေအနေမျိုးနှင့်မတူပေ။ ကျိုးဟောင်အနေဖြင့်မြို့ထဲ၌တိုက်ခိုက်လိုခြင်းမရှိပေ။

"ဟားဟားဟား..... ငါရယ်ရလွန်းလို့အူတက်နေပြီ ကျိုးဟောင်မင်းဘာတွေတွေးနေတာလဲ"

လုံအော့ထျန်းမှာ ဟာသတခုအားကြားလိုက်ရသကဲ့သို့ရယ်နေလေသည်။

"ကဲကါ့ကောင်တို့ ဘာမှ တွန့်ဆုတ်မနေနဲ့ ဒီကောင်မသေသွားရင်ရပြီ"

လုံအော့ထျန်းက အချိန်ဆွဲမနေတော့ပဲ လက်ဝှေ့ယမ်းကာအချက်ပြလိုက်လေသည်။

ကျိုးဟောင်အား သက်ပြင်းချရုံသာတတ်နိုင်တော့သည်။ သူ မတိုက်ခိုက်ချင်သော်လည်း တဖက်ကသူ့အားအတင်းဖိအားပေးလာလေသည်။

သို့သော် ကျိုးဟောင်အနေဖြင့်ထိုသူများအား သင်ခန်းစာပေးတော့မည့်အချိန်မှာပဲ မြေပြင်ပေါ်သို့ပြင်းထန်သောဆင်းသက်မှုနှင့်အတူအေးစက်သောအရှိန်အဝါများပျံ့လွှင့်လာလေသည်။

အော်ဟစ်သံလေးတခုထွက်ပေါ်လာလေသည်။

"လုံအော့ထျန်း နင်ဘယ်လိုတောင်လုပ်ရဲတာလဲ"

ထိုအသံလေးကြောင့် ကျိုးဟောင်မှာ သူ၏ အရှိန်အဝါများကိုပြန်ရုတ်သိမ်းလိုက်လေသည်အမှောင်ရိပ်ထဲတွင်လှပသောအသွင်အပြင်လေးတခုရပ်နေပြီး သူ့လက်ထဲတွင်အေးစက်သောအငွေ့အသက်များပြည့်နှက်နေသည့်ရေခဲဓားကိုကိုင်စွဲထားလေသည်။

ထိုအသွင်အပြင်လေးမှာ အခြားလူမဟုတ်ဘဲရှုလင်သာဖြစ်လေသည်။ ရှုလင်မှာ ဟိုတယ်သို့ပြန်ရောက်ပြီးနောက် ဒီညဖြစ်ခဲ့သောအဖြစ်အပျက်များအပေါ်စိတ်မအေးနိုင်ဖြစ်နေသောခဲ့သောကြောင့် ကျိုးဟောင်နောက်သို့ထွက်လိုက်ခဲ့ခြင်းဖြစ်လေသည်။

သူမ ထင်ထားကဲ့သို့ပင် လုံအော့ထျန်းနှင့်သူ့လူများက ကျိုးဟောင်အားတိုက်ခိုက်ရန်ဟန်ပြင်နေသည်ကိုတွေ့လိုက်ရလေသည်။

ရှုလင်က ကျိုးဟောင်ဆီသို့လျှောက်လာခဲ့ပြီး သေသေချာချာကြည့်ပြီးနောက်မေးလိုက်လေသည်။

"ကျိုးဟောင် ရှင်အဆင်ပြေရဲ့လား"

"ဘယ်ပြေပါ့မလဲ ကိုယ့်ကိုအခုလေးပဲ မင်းကယ်တင်လိုက်တာလေ"

ကျိုးဟောင်ကပြုံးပြီးပြောလိုက်လေသည်။

ရှုလင်ကသူ့အားမျက်စောင်းလေးထိုးပြီးကြည့်လိုက်လေသည်။ယခုလိုအခြေအနေမျိုးနှင့်ကြုံတွေ့နေတာတောင်မှ ကျိုးဟောင်က ဟာသလုပ်နိုင်သေးသည်ဟု သူမ တွေးလိုက်မိလေသည်။

လုံအော့ထျန်းကလည်း ထိုအချင်းအရာအကုန်လုံးကိုမြင်နေရပြီး အလွန်ဒေါသထွက်နေလေသည်။သူသည် ရှုလင်အား သူ့မိန်းမအဖြစ်အပိုင်တွေးထားပြီး ယခုလို အခြားအမျိုးသားတယောက်နှင့် ကျီစယ်နေသည်ကိုမြင်ရသောအခါ ဒေါသတကြီးအော်ဟစ်လိုက်လေသည်။

"ရှုလင် ဘေးဖယ်နေစမ်း"

ရှုလင်က လှည့်ကြည်ပြီး လုံအော့ထျန်းအားပြောလိုက်လေသည်။

"သခင်လေး လုံ ရှင်ဘာတွေလုပ်ဖို့စဉ်းစားနေတာလဲ။ ရှင်ကလူတွေနေထိုင်တဲ့မြို့ထဲမှာ တိုက်ခိုက်ဖို့စဉ်းစားနေတာလား ရှင့်မှာ ဥပဒေကို ချိုးဖောက်ပိုင်ခွင့်မရှိဘူးနော် ကျွန်မကကျန်းနန်မြို့ရဲ့အထူးသံတမန်ပဲ တကယ်လို့ ရှင်တို့ အင်အားသုံးလာမယ်ဆိုရင်တော့ ကျွန်မအနေနဲ့ရှင်တို့အားလုံးကို ဖမ်းဆီးထိန်းသိမ်းရလိမ့်မယ်"

ရှုလင်က ကျိုးဟောင်အားထိခိုက်မည့်ကိစ္စကိုအဖြစ်မခံနိုင်ပေ။ လုံအော့ထျန်းလည်း အလွန်ဒေါသထွက်နေသော်လည်း သူ့အနေနဲ့မြို့အတွင်း၌အင်အားသုံးတိုက်ခိုက်ခွင့်မရှိပေ။

သူသည် အဆင့်မြင့်ရာထူးမှဖြစ်သော်လည်း မြို့ထဲ၌သိုင်းပညာရှင်အချင်းချင်းတိုက်ခိုက်ခြင်းကိုတားမြစ်ထားလေသည်။ ထိုစည်းကမ်းချက်က မူလအဆင့်ပညာရှင်များအတွက်ပါ အရေးပါပေသည်။

မူလအဆင့်ပညာရှင်များမှာ စွမ်းအားကြီးရုံသာမက သူတို့တိုက်ပွဲကြောင့် သာမန်ပြည်သူများကိုပါထိခိုက်စေနိုင်လေသည်။ မူလအဆင့်ပညာရှင်များတိုက်ခိုက်ချိန်၌ထွက်ပေါ်လာသော စွမ်းအင်အတက်အကျလှိုင်းများက မြို့ကြီးများကိုပင်ပျက်စီးစေနိုင်လေသည်။

"ရှု...ရှုလင် မင်းတကယ်ပဲ ၀င်ပါနေဦးမှာလား"

လုံအော့ထျန်းမှာ အလွန်ဒေါသထွက်နေလေသည်။ သူ့အနေဖြင့် ရှုလင်က ကျိုးဟောင်အားလာတွေ့သောကိစ္စကြောင့် စိတ်အဆင်မပြေဖြစ်နေခဲ့ရာမှ ယခုမူ ရှုလင်ကကျိုးဟောင်ကိုကာကွယ်ပေးနေသည်ကိုပါမြင်လိုက်ရသောအခါ ဒေါသကငယ်ထိပ်ရောက်လာလေသည်။

"သခင်လေးလုံ ကျွန်မကအထူးသံတမန်ပဲ ဒီလိုကိစ္စတွေမှာ ၀င်ရောက်တားဆီးပိုင်ခွင့်ရှိတယ်။ရှင့်လူတွေကို ခေါ်ပြီးမထွက်သွားဘူးဆိုရင် ကျွန်မအစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းဆီ အကြောင်းကြားရလိမ့်မယ်။ ရှင့်ကို ရှင့်မိသားစုကအပြစ်တင်တဲ့အခါကျမှ ကျွန်မသတိမပေးခဲ့ဘူးလို့တော့ မပြောနဲ့"

ရှုလင်၏စကားများက လုံအော့ထျန်းအားပိုပိုပြီးဒေါသထွက်စေလေသည်။သို့သော်လည်း လုံအော့ထျန်းမှာ မတိုက်ခိုက်ရဲပေ။

အဘယ့်ကြောင့်ဆို ရှုလင်မှာ ဒီမြို့၏အထူးသံတမန်ဖြစ်လေသည်။ဒါ့အပြင် ဒီကိစ္စသာ အစိမ်းရောင်တိမ်တိုက်ဆီပေါက်ကြားသွားပါက သူ့အနေဖြင့် အပြင်းအထန်ကြိမ်းမောင်းခံရမည်ဖြစ်လေသည်။ ဘယ်လိုဖြစ်ဖြစ်သူ့ဘက်ကအရှုံးကြီးသာဖြစ်နေလေသည်။

"ကျိုးဟောင် မင်းယောကျာ်းမဟုတ်ဘူးလား ဘယ်လိုလုပ်မိန်းမတယောက်နောက်မှာ ပုန်းနေရဲတာလဲ။ မင်းကိုယ်မင်း ရှုလင်နဲ့ထိုက်တန်တယ်ထင်နေတာလား"

ရှုလင်မှာ အလျော့မပေးပုံပေါ်သောကြောင့် လုံအော့ထျန်းကကျိုးဟောင်အားမခံချင်အောင်စတင်ပြောလေသည်။ သူ့အနေဖြင့် ကျိုးဟောင်ဒေါသထွက်လာပြီး သူ့အားအရင်လာတိုက်စေရန်ရည်ရွယ်ထားပေသည်။

တကယ်လို့ကျိုးဟောင်သာအရင်စတိုက်ပါက ကိစ္စများမှာ ဖြေရှင်းရ လွယ်ကူသွားပေသည်။

သို့သော်လည်းကျိုးဟောင်က ပြုံးပြီးပြောလိုက်လေသည်။

"သခင်လေးလုံ အဲ့လိုတော့မပြောပါနဲ့ ကျုပ်ကိုတယောက်ယောက်ကလာကယ်တဲ့အချိန်ကို ကျုပ်တကယ်သဘောကျလို့ပါ။ ကျုပ်ကအခြေအနေနဲ့အချိန်အခါကိုနားမလည်တဲ့ငတုံးမှမဟုတ်တာ မင်းတို့အားလုံးကိုမတိုက်ခိုက်နိုင်မှတော့ ရှုလင်ကယ်တာခံရတာပိုမကောင်းဘူးလား"

ကျိုးဟောင်၏စကားကြောင့်ရှုလင်မှာရယ်မိသွားလေသည်။

"မင်း...မင်းကတကယ့်ကိုအရှက်မရှိတဲ့ကောင်ပဲ"

လုံအော့ထျန်းလည်းဒေါသထွက်ရုံသာတတ်နိုင်တော့လေသည်။သူ့စိတ်ထဲတွင် ဒီလိုစကားမျိုးပြောထွက်သောကျိုးဟောင်အား အရှက်မရှိသူလို့သာတွေးနေလေသည်။

ရှုလင်က အသက်ပြင်းပြင်းရှူပြီးနောက်ပြောလိုက်လေသည်။

"လုံအော့ထျန်း ရှင်အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့တော့ ကျိုးဟောင်က စစ်နတ်ဘုရားတပ်ရင်းကို၀င်ခွင့်ရသွားပြီ။ ရှင် စစ်နတ်ဘုရားတပ်ရင်းဆိုတာဘာလဲသိပါ့မလားတော့ ကျွန်မမသေချာဘူး တကယ်လို့ ရှင်သိတယ်ဆိုရင်တော့ ကျိုးဟောင်က ရှင်သွားစလို့ကောင်းတဲ့လူမဟုတ်ကြောင်းရှင်နားလည်မှာပါ"

"ရှင်ဘာတခုမှမသိဘူးဆိုရင်တော့ ရှင့်မိဘတွေဆီပြန်ပြီး မေးကြည့်လိုက်ပါသူတို့ပြောပြလိမ့်မယ်"

ရှုလင်က ထိုစကားများကိုပြောနေချိန်တွင် ဂုဏ်ယူနေသည့်အမူအရာများပေါ်လွင်နေပေသည်။ သူ့နောက်တွင်ရပ်နေသောလူမှာ မိန်းမတယောက်အားမှီခိုနေသည့်သူမဟုတ်ကြောင်းကို သူမကအားလုံးကိုပြောပြနေခြင်းဖြစ်လေသည်။

လုံအော့ထျန်းမှာ ရှုလင်၏စကားကြောင့် စစ်နတ်ဘုရားတပ်ရင်းနှင့်ပတ်သက်သည့်ကိစ္စတွင်တခုခုတော့ထူးဆန်းနေပြီဖြစ်ကြောင်းသဘောပေါက်လိုက်လေသည်။

"ကောင်းပြီ ငါ့မိဘတွေဆီပြန်မေးလိုက်မယ် ကျိုးဟောင်ဒီကိစ္စကိုနောင်တချိန်ကျဆက်ရှင်းကြတာပေါ့"

"အချိန်မရွေးပါဘဲ သခင်လေးလုံ"

ကျိုးဟောင်ကခေါင်းညိတ်ပြီးပြောလိုက်လေသည်။သူ့မျက်စိထဲတွင် လုံအော့ထျန်းကအထင်ကြီးစရာမရှိပေ။ မိသားစုကြီးတခုတွင်မွေးဖွားလာသည့် ကံကောင်းသည့်လူတယောက်သာဖြစ်လေသည်။

....................................................................................

အခန်း (၄၅၄) ပြီးပါပြီ။

အခန်း (၄၅၅) : ဒေါသ

လုံအော့ထျန်းနှင့်သူ့လူများမှာ ထွက်သွားရုံသာတတ်နိုင်တော့ပေသည်။ ရှုလင်မှာ အထူးသံတမန်တယောက်ဖြစ်ပြီး ကျန်းနန်မြို့၏ရာထူးကြီးသောပုဂ္ဂိုလ်တဦးလို့လည်းဆိုနိုင်ပေသည်။

ဒါ့အပြင်ရှုလင်မှာ ရှုမိသားစုမှဖြစ်သောကြောင့် သူ့အနေဖြင့်ရှုလင်အား အတိုက်အခံမလုပ်လိုပေ။သူ့အရှေ့တွင် အခြားအမျိုးသားတယောက်အားကာကွယ်ပေးနေခြင်းက အလွန်ဒေါသထွက်စရာဖြစ်သော်လည်း သူ့အနေဖြင့်အလောတကြီးတော့လုပ်လို့မဖြစ်ပေ။

လုံအော့ထျန်းတို့ထွက်သွားပြီးနောက် ကျိုးဟောင်က သက်ပြင်းချပြီးရှုလင်အားမေးလိုက်လေသည်။

" ကိုယ်စစ်နတ်ဘုရားတပ်ရင်းကိုသွားမယ့်အကြောင်းဘာလို့သူတို့ကိုပြောလိုက်တာလဲ"

ရှုလင်ဘာကြောင့်ဒီလိုပြောလိုက်သလဲဆိုသည်ကို ကျိုးဟောင်နားမလည်နိုင်ပေ။

"ဒီကိစ္စကဖုံးကွယ်ထားနိုင်တဲ့ကိစ္စမျိုးမဟုတ်ဘူး။ ရှင်စစ်နတ်ဘုရားတပ်ရင်းရဲ့တရား၀င်အဖွဲ့၀င်ဖြစ်တာနဲ့သူတို့က အစိမ်းရောင်တိမ်တိုက်ဌာနကအကြီးအကဲတွေဆီကိုအကြောင်းကြားလိမ့်မယ် ဘာလို့ဆို ရှင်က အစိမ်းရောင်တိမ်တိုက်ဌာနရဲ့လူဖြစ်နေလို့ပဲ"

"ဒါ့အပြင် စစ်နတ်ဘုရားတပ်ရင်းကအဖွဲ့၀င်တွေရဲ့ ရာထူးနဲ့ ကိုယ်ရေးအချက်အလက်တွေက တခြားအရာတွေနဲ့မတူဘဲကွဲပြားခြားနားတယ်။ သူတို့ဘယ်ဌာနအဖွဲ့အစည်းတိုင်းရဲ့ တရားစီရင်ပိုင်ခွင့်အောက်မှာမရှိဘူး။ ပြီးရင်သူတို့က ဘယ်ဌာနအဖွဲ့အစည်းကိုမဆို ၀င်ရောက်ထိန်းချုပ်စွက်ဖက်ပိုင်ခွင့်ရှိကြတယ်။ လုံမိသားစုအနေနဲ့ ရှင် စစ်နတ်ဘုရားတပ်ရင်းထဲ၀င်သွားတာသိတာနဲ့ သူတို့အနည်းငယ်ထိတ်လန့်သွားကြလိမ့်မယ်။ ရှင်ကမူလအဆင့်သာရှိသေးရင်တောင်မှသူတို့ထိတ်လန့်နေကြမှာသေချာတယ်"

ရှုလင်ကပြုံးပြီးပြောလေသည်။

"ပြီးတော့ဒီ လုံအော့ထျန်းကလူကြီးလူကောင်းမဟုတ်ဘူး။ သူဒီနေ့ရှင့်ကိုဘာမှ မလုပ်လိုက်နိုင်တဲ့ကိစ္စကိုဒီအတိုင်းထားမှာမဟုတ်ဘူး။ သူရှင့်ကိုတိတ်တဆိတ်ရန်ထပ်ရှာမည့်အစား သူဒီအကြောင်းတွေကိုသိပြီး ရှင့်ကိုကြောက်ရွံ့သွားတာပိုမကောင်းဘူးလား"

"ဒါ့အပြင် သူ့မိသားစုတွေက ဒီကိစ္စကိုသိသွားရင်လည်း သူ့ကိုအနည်းနဲ့အများတော့ ထိန်းကြမှာပဲ သူ့ကိုဒီအကြောင်းတွေပြောပြလိုက်တာအကျိုးရလဒ်ပိုများပါတယ်"

ရှုလင်ကသက်ပြင်းချပြီးရှင်းပြလေသည်။ကျိုးဟောင်အနေဖြင့်ဒီလိုအကျိုးရလဒ်များရှိလိမ့်မည်လို့အစကတွေးမထားမိခဲ့ပေ။

ရှုလင်က ကျိုးဟောင်အား ကြည့်ပြီး သူ့အ၀တ်အစားများအား သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြန်ပြင်ပေးလေသည်။ ထို့နောက်သူမက ပြုံးပြီးပြောလိုက်လေသည်။

"စစ်နတ်ဘုရားတပ်ရင်းထဲမှာနေရတဲ့ရက်တွေကလွယ်ကူမှာတော့မဟုတ်ဘူး။ရှင့်အတွက်ခက်ခဲမယ်ဆိုတာကျွန်မသိပါတယ်။ ဒါပေမဲ့ ရှင့်ကိုကျွန်မအပြည့်အ၀အားပေးကူညီမှာပါ။ အခုလောလော ဆယ် ကျွန်မကိုမိသားစုက ထိန်းချုပ်ထားပေမဲ့ ကျွန်မကောင်းကင်ဘုံအဆင့်တဝက်ရောက်သွားရင်တော့အခြေအနေတွေကပြောင်းလဲသွားမှာပါ။ "

"ရှင့်ကိုဒါတွေပြောပြနေရတာက ကျွန်မတို့ရဲ့အနာဂတ်အတွက် ရှင်တယောက်ထဲတိုက်ခိုက်နေရတာမဟုတ်ဘဲ ကျွန်မလည်း ရှင့်ဘေးကအတူတိုက်ခိုက်နေမှာပါ"

ရှုလင်မှာ တကယ့်ကိုကြင်နာတတ်သည့်မိန်းကလေးဖြစ်လေသည်။ သူမကအားလုံးပြောပြီးနောက်ကျိုးဟောင်အားနှုတ်ဆက်ကာလေထုထဲသို့ပျံတက်ထွက်ခွာသွားလေသည်။ကျိုးဟောင်လည်းသူမထွက်ခွာသွားသည်ကိုငေးကြည့်ရင်း ပထမဆုံအကြိမ်ခန္ဓာကိုယ်၌အားများပြည့်လာသလိုခံစားလိုက်ရလေသည်။

ထိုအချိန်တွင် လုံအော့ထျန်းမှာလည်း သူတည်းသည့်ဟိုတယ်အားပြန်ရောက်လာပြီး အိမ်တော်ထိန်းစွင်းအား စစ်နတ်ဘုရားတပ်ရင်းနှင့်ပတ်သက်သည်ကိုစုံစမ်းခိုင်းလေသည်။

အိမ်တော်ထိန်းစွင်းမှာထိုအကြောင်းအားကြားသောအခါခဏလောက် မှင်တက်သွားပြီးနောက်မေးလိုက်လေသည်။

"သခင်လေး ဘာလို့ဒီအကြောင်းကိုမေးတာလဲ"

"ဘာဖြစ်ရမှာလဲ ဟိုကျိုးဟောင်ဆိုတဲ့ကောင်စစ်နတ်ဘုရားတပ်ရင်းကို၀င်သွားပြီဆို့ အဲ့တာဘာလဲဆိုတာငါသိချင်လို့"

လုံအော့ထျန်းကဒေါသတကြီးပြန်ပြောလေသည်။

"ဘာ အဲ့ကျိုးဟောင်ကစစ်နတ်ဘုရားတပ်ရင်းဆီရောက်သွားတာလဲ။ သခင်လေး ကျွန်တော်ခုချက်ချင်းစုံစမ်းကြည့်ပေးပါ့မယ်"

အိမ်တော်ထိန်းစွင်းလည်း ပြာပြာသလဲပြန်ပြောလေသည်။

လုံမိသားစုမှာ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်း၏ အာဏာရှိမိသားစုဖြစ်လေသည်။သူတို့အနေဖြင့်စစ်နတ်ဘုရားတပ်ရင်း၏ကိစ္စများကို၀င်မရှုပ်ရဲသော်လည်း သတင်းအချက်အလက်အချို့တော့ရယူနိုင်လေသည်။

အိမ်တော်ထိန်းစွင်း၏အမူအရာမှာ လုံး၀ပျက်ယွင်းသွားလေသည်။

" သခင်လေးပြောတာအမှန်ပဲ အဲ့ကောင်ကျိုးဟောင်ကစစ်နတ်ဘုရားတပ်ရင်းကိုတကယ်ကြီး၀င်ရောက်နိုင်သွားတာပဲ။ဒါ့အပြင်သူက 'အေ'အဆင့်မစ်ရှင်တွေကိုပါအောင်မြင်ထားသေးတယ်။ သူအဲ့အဖွဲ့ထဲရောက်သွားတာနဲ့ လေနတ်ဘုရားအဖွဲ့ရဲ့အဖွဲ့၀င်ဖြစ်လာမှာ"

လုံအော့ထျန်းကတော့ အိမ်တော်ထိန်းစွင်းဘာတွေပြောနေသလဲ မသိသေးပေ။

"ဦးလေးစွင်းဘာတွေပြောနေတာလဲ ခင်ဗျားဘာဆိုလိုချင်တာလဲဆိုတာကို ကျုပ်တော့တခုမှနားမလည်ဘူး"

လုံအော့ထျန်းကပြောလိုက်လေသည်။

"စစ်နတ်ဘုရားတပ်ရင်းကနှစ်စဉ်တကမ္ဘာလုံးကနေ တပ်သားသစ်၃၀ -၄၀လောက်သာထပ်ယူခေါ်တယ်။ထိုသူတွေအကုန်လုံးက ထူးချွန်လှတဲ့ပါရမီရှင်တွေချည်းပဲ။ အကဲဖြတ်စစ်ဆေးမှုတွေကိုလည်း 'အေ၊ဘီ၊စီ၊ဒီ' ဆိုပြီး လေးပိုင်းခွဲခြားထားပြီး 'အေ' က အခက်အခဲဆုံးနဲ့ 'ဒီ' က အလွယ်ကူဆုံးပဲ"

"ဒီအကဲဖြတ်မှုတွေကိုကြည့်ခြင်းအားဖြင့် စစ်နတ်ဘုရားတပ်ရင်းက ကိုယ်စွမ်းကိုယ်စကိုဘယ်လောက်တန်ဖိုးထားလဲသိနိုင်တယ်။ အဲ့ကောင်က အေ အဆင့်တာ၀န်ကိုအောင်မြင်ထားတယ်ဆိုတော့ သူ့အနေနဲ့ စစ်နတ်ဘုရားတပ်ရင်းမှာ လေ့ကျင့်ရေးတနှစ်ဆင်းစရာမလိုပဲ အမျိုးမျိုးသောအဖွဲ့တွေဆီတန်းသွားနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ပဲ ပြောရရင် အဖွဲ့၀င်တယောက်တန်းဖြစ်တဲ့သဘောပါပဲ"

"သခင်လေးအနေနဲ့ သူအဖွဲ့၀င်ဖြစ်သွားအဖွဲ့ရဲ့အင်အားကိုသိချင်နေမှာပဲ တကယ်လို့အဲ့လေနတ်ဘုရားအဖွဲ့မှာ ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင် ၂ယောက်ရှိတယ်လို့ ကျွန်တော်ပြောလာရင်ကော သခင်လေး လက်ခံနိုင်ပါ့မလား"

ယခုလို အထွတ်အထိပ်အဆင့်ပညာရှင်နှစ်ယောက်တောင်ရှိသောအဖွဲ့ဆိုသည်ကြီးမှာ တကယ့်ကိုမယုံကြည်နိုင်စရာဖြစ်လေသည်။

သူတို့လုံမိသားစုလိုအစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်း၏အထင်ကြီးလေးစားစရာကောင်းသောမိသားစုတောင်မှ ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင် ၁ယောက်သာပိုင်ဆိုင်လေသည်။

စစ်နတ်ဘုရားတပ်ရင်းထဲက လေနတ်ဘုရားဟူသောအဖွဲ့လေးတခု၌ အထွတ်အထိပ်ပညာရှင်နှစ်ယောက်ရှိနေလိမ့်မည်ဟုမည်သူကထင်ထားမည်နည်း။

တနည်းဆိုရလျှင် ထိုအဖွဲ့တခုက သူတို့လုံမိသားစုထက်၂ဆအင်အားကြီးသည်ဆိုသောအဓိပ္ပာယ်ပင်ဖြစ်လေသည်။ယခုကျိုးဟောင်က ထိုအဖွဲ့ဆီရောက်သွားခဲ့ချေပြီ။

"ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

လုံအော့ထျန်းမှာ ကြောင်တောင်တောင်ဖြစ်သွားလေသည်။

မိသားစုထဲတွင်သူ့ပုံရိပ်မှာကြီးမားသော်လည်း အချိန်တခုအထိသာမူတည်လေသည်။ သူသည်ပထမဆုံးဇနီး၏အကြီးဆုံးသားဖြစ်သော်လည်း အခြားအမွေဆက်ခံသူများလည်းရှိသေးပေသည်။ သူ့အခွင့် အာဏာကသူ့အဖေအပေါ်တွင်မူတည်နေလေသည်။

ထိုကဲ့သို့မိသားစုကြီးများ၏အိမ်တွင်းအားပြိုင်မှုများကပြင်းထန်လေသည်။ ယခုအချိန်တွင် သူစိတ်ရှိလုပ်နိုင်ဖို့အတွက်တောင်ခက်ခဲနေသည့်အခြေအနေဖြစ်လေသည်။ သူ ရှုလင်အားလက်ထပ်လိုသည့်အဓိကရည်ရွယ်ချက်မှာလည်း သူ့နောက်ခံအင်အားတောင့်တင်းစေလို၍ဖြစ်ပေသည်။

သူ့အနေဖြင့် အပြင်ဘက်တွင်စိတ်ကြိုက်အမိန့်ပေးစေခိုင်းနေနိုင်သော်လည်း သူ့မိသားစုအတွင်း၌တော့ ကန့်သတ်ချက်များရှိလေသည်။ သူ့အနေဖြင့်သတိလွတ်သွားပါက အခြားမိသားစု၀င်များ၏နင်းခြေခြင်းကိုခံရမည်ဖြစ်သည်။

ကျိုးဟောင်စစ်နတ်ဘုရားတပ်ရင်းအား ၀င်ရောက်သွားသည့်အကြောင်းက သူ့အမူအရာများအား လုံး၀ပျက်ယွင်းသွားစေလေသည်။ရှုလင်၀င်တားခဲ့ခြင်းက ကံကောင်းသည်လို့ဆိုရပေမည်။ မဟုတ်ပါက သူ့အနေဖြင့် စစ်နတ်ဘုရားတပ်ရင်း၏အဖွဲ့၀င်တယောက်အား ထိခိုက်အောင်လုပ်မိသည့်အပြစ်က သူ့လုံမိသားစုအပေါ်ကျရောက်လာနိုင်ပေသည်။

"တကယ်လို့မိသားစုဘက်ကသာ ကျိုးဟောင်နဲ့ ငါ့ကြားမှာ ကတောက်ကဆ ဖြစ်သွားတဲ့အကြောင်းကိုသိရင် ငါ့ကိုဝိုင်းအပြစ်တင်ကြမှာပဲ။ အဖိုးကငါ့ကိုအရမ်းသဘောကျတယ်ဆိုပေမဲ့ ဒီကိစ္စကိုသာသိသွားရင်တော့ သေချာပေါက်ငါ့ကိုအပြစ်တင်မှာပဲ"

ထိုမိသားစုကြီးများမှာ တော်၀င်မျိုးနွယ်များနှင့်ဆင်တူလေသည်။ သူတို့၏လုပ်ပိုင်ခွင့်များက မျိုးနွယ်အားဦးဆောင်သည့်သူ၏အကြိုက်အပေါ်မူတည်လေသည်။ တယောက်ယောက်က အဆင်ပြေပြေနေနိုင်သော်လည်း ထိုကဲ့သို့အမြဲတမ်းနေနိုင်မည်လို့ယူဆထား၍မရပေ။

"သခင်လေးလုံ ကျွန်တော်ထပ်ပြောစရာရှိသေးတယ်။ စစ်နတ်ဘုရားတပ်ရင်းက ကမ္ဘာကြီးရဲ့ အရှေ့ပိုင်း၊အလယ်ပိုင်၊အနောက်ပိုင်း၊တောင်ပိုင်း၊မြောက်ပိုင်းတွေနိုင်ငံတွေအားလုံးပူးပေါင်းတည်ထောင်ထားတဲ့ တကမ္ဘာလုံးဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းတခုလည်းဖြစ်တယ်။ ပြောရရင် စစ်နတ်ဘုရားတပ်ရင်းကအရမ်းရမ်း ဩဇာအာဏာကြီးမားတယ်။ ကျွန်တော်တော့စိုးရိမ်မိတယ်"

အိမ်တော်ထိန်းစွင်း၏စကားများက လုံအော့ထျန်းအားပိုမိုထိတ်လန့်စေလေသည်။

ထိုထိတ်လန့်မှုက တဖြေးဖြေးဒေါသအဖြစ်ပြောင်းလဲသွားပြီးသူ့ဘေးကိုဆိုဖာကြီးအားကန်လိုက်ကာ ဒေါသတကြီးထအော်လိုက်လေသည်။

"ဘာအားကိုးကြောင့်လဲ ဘာအားကိုးရှိလို ဒီလိုအစေခံသာသာကောင်က စစ်နတ်ဘုရားတပ်ရင်းကို၀င်ရောက်ခွင့်ရပြီး ငါ့အထက်မှာရပ်နေနိုင်တာလဲ"

လုံအော့ထျန်းမှာ ဒေါသတကြီးပေါက်က်ကွဲပြီးနောက် သွေးဆာနေသောအကြည့်များဖြင့် ဆိုဖာပေါ်တွင်လှဲလျောင်းနေလေသည်။

"အိမ်တော်ထိန်းစွင်း ဟိုအမြွှာညီအစ်မနှစ်ယောက်ကိုခေါ်လိုက်စမ်း"

အိမ်တော်ထိန်းစွင်းမှာမှင်တက်သွားလေသည်။သခင်လေးကအမြဲတမ်း သူ့ဒေါသများကို မိန်းမများအပေါ်၌ပုံချတတ်လေသည်။

ဒီနှစ်များအတွင်း သူ့ဒေါသအလျောက်သတ်ခဲ့သည့်မိန်းကလေးများမှာ ၈ယောက်အထိရှိနေလေသည်။

"သခင်လေး....ဟို....."

အိမ်တော်ထိန်းစွင်းက စိုးရိမ်ပြီးစကားများပင်ထစ်နေလေသည်။

"စိတ်မပူပါနဲ့ ငါ့စိတ်ငါထိန်းနိုင်ပါတယ် ငါသူတို့ကိုမသတ်ပါဘူး"

အိမ်တော်ထိန်းစွင်းလည်းသက်ပြင်းချရုံသာတတ်နိုင်ပြီး သခင်လေးပြောသလိုလိုက်လုပ်ယုံသာတတ်နိုင်တော့လေသည်။

...................................................................................

အခန်း (၄၅၅) ပြီးပါပြီ။

အခန်း (၄၅၆) : လှေကျွန်း

ကျိုးဟောင်မှာ ၂ရက်မျှအိမ်မှာသာနေပြီး တစ်ချိန်လုံးမိဘများနှင့်သာအပန်းဖြေနေရုံမှလွဲ အခြားဘာမှမလုပ်ပေ။ နောက်တစ်နေ့မနက်တွင် ကျိုးဟောင်မှာသတင်းတစ်ခုရလိုက်သည်။ သူလမ်းလျှောက်ထွက်လိုက်သည်နှင့် အပြင်တွင်ဘန်တလေတစ်စီးရပ်ထားသည်ကိုတွေ့လိုက်ရသည်။

"လူကြီးမင်းကျိုး ကျွန်တော်ကစမစ်ပါ ကျွန်တော်ခင်ဗျားကိုအခြေစိုက်စခန်းကိုလိုက်ပို့ပေးပါ့မယ်"

ထိူလူသည်ရွှေရောင်ဆံပင်များရှိသော်လည်း တရုတ်စကားကိုတော့ကျွမ်းကျင်စွာပြောနိုင်ပေသည်။ ကျိုးဟောင်မှာခေတ္တမျှကြက်သေသေသွားကာအနည်းငယ်အံ့ဩသွားခဲ့သည်။ ဆံပင်ရွှေရောင်နှင့်စမစ်သည်လည်း ကျိုးဟောင်၏ပုံစံအားကြည့်ကာပြုံးလာခဲ့သည်။

"လူကြီးမင်းကျိုး စိတ်ချပါ ကျွန်တော်ကတရုတ်-ဥရောပကပြားဆိုပေမဲ့ တရုတ်မှာပဲကြီးပြင်းလာတာပါ လူကြီးမင်းကျိုးသွားကြစို့လေ"

စမစ်မှအပြုံးဖြင့်ပြောလာခဲ့သည်။

"ကျေးဇူးတင်ပါတယ် လူကြီးမင်းစမစ်"

ကျိုးဟောင်မှယဉ်ကျေးစွာပြောလိုက်သည်။ သားဖြစ်သူကားပေါ်တက်သွားသည်ကိုကြည့်ပြီး ကျိုးရွှယ်ကောနှင့် ဝမ်ရှုယွင်တို့မှာမခွဲချင်ဖြစ်နေ‌ကြပေသည်။ သို့သော် ဤသည်မှာသူတို့သား၏ရွေးချယ်မှုသာဖြစ်ပေရာ မိဘဖြစ်သောသူတို့အနေနှင့်ထောက်ခံပေးရုံသာတတ်နိုင်ပေသည်။

ကျိုးဟောင်သည်လည်းစိတ်ထဲမကောင်းသော်ငြား မည်သို့ပင်ဖြစ်စေ အနာဂတ်အတွက်ဤနေရာမှာထွက်သွားရမည်သာဖြစ်သည်။ မကြာမီကားလေးမှာလေဆိပ်သို့ရောက်ရှိလာခဲ့သည်။ ကျိုးဟောင်မှာတိုက်ခိုက်ရေးလေယာဉ်အမျိုးအစားအားလုံးကိုမြင်လိုက်ရသည်။ ဤတိုက်ခိုက်ရေးလေယာဉ်များမှာ ထူးထူးခြားခြားပုံရှိကာ တြိဂံပုံဖြစ်သည်။ ကျိုးဟောင်မှာ ဤတိုက်ခိုက်ရေးလေယာဉ်များအားကြည့်ပြီးအလွတ်အံ့ဩနေသော်ငြား စမစ်မှာပြုံးသာနေပေသည်။

"လူကြီးမင်းကျိုး ဒါကကျွန်တော်တို့အခုမှတီထွင်ထားတဲ့လျှပ်စီးခုခံမှုမရှိတဲ့သတ္တုနဲ့လုပ်ထားတဲ့ တိုက်ခိုက်ရေးလေယာဉ်ပဲ အရမ်းစွမ်းအားကြီးပြီးမြန်တယ် ဒါပေမဲ့လူထိန်းချုပ်ဖို့တော့လိုနေတုန်းပဲ ဟိုခေတ်မှီလေယာဉ်တွေလောက်တော့မကောင်းဘူး"

စမစ်မှာထိုလေယာဉ်များထဲမှတစ်ခုအားညွှန်ပြကာပြုံးရင်းပြောလိုက်သည်။

"ကျွန်တော်တို့ဒီတစ်ခေါက်လူကြီးမင်းကျိုးကိုပို့ပေးမဲ့နေရာကလှေကျွန်းပါ ဒီလိုတိုက်ခိုက်ရေးလေယာဉ်တွေကသာ အက်ကွဲကြောင်းအကာအကွယ်ကိုဖြတ်သန်းနိုင်တာ ပြီးတော့ခရီးစဥ်တစ်ကြောင်းကို ယွမ်သန်း ၅၀၀လောက်ကုန်တယ်"

စမစ်၏စကားများမှာကျိုးဟောင်အားထိတ်လန့်သွားစေခဲ့သည်။ ဤလေယာဉ်များသည်ထိုမျှလောက်ဈေးကြီးလိမ့်မည်ဟု သူလုံးဝမထင်ထားခဲ့ပေ။ စမစ်မှပြုံးကာထပ်မံပြောလာခဲ့သည်။

"လူကြီးမင်းကျိုးကိုလေနတ်ဘုရားအဖွဲ့ကအဖွဲ့ဝင်တစ်ယောက်လာပြီးကြိုပေးပါလိမ့်မယ်"

စကားပြောရင်းစမစ်မှာကျိုးဟောင်အားလေယာဉ်ပေါ်သို့ခေါ်သွားခဲ့သည်။ သိပ်မကြာမီမှာပင် အမျိုးသားတစ်ယောက်လမ်းလျှောက်ဝင်လာခဲ့သည်။ ထိုအမျိုးသားမှာကျိုးဟောင်အားအပြုံးဖြင့်ကြည့်နေသည်။ ကျိုးဟောင်သည်လည်းထိုလူအားမြင်သော် အလွန်ရင်းနှီးနေသလိုခံစားရ၍ ‌ခေတ္တမျှမှင်တက်နေခဲ့သည်။

"ငါတို့ထပ်တွေ့ကြပြန်ပြီနော် ကျိုးဟောင်"

ကျိုးဟောင်မှာထိုစကားသံအားကြားသော် အံ့ဩတကြီးထအော်လိုက်မိသည်။

"ခင်ဗျားပဲ"

အကယ်၍ကျိုးဟောင်သာအမှတ်မမှားပါက ဤလူသည်သူ့အားအကဲဖြတ်မှုစမ်းသပ်ချက်များပေးခဲ့သောလျှို့ဝှက်ဆန်းကြယ်သည့်လူဖြစ်ပေသည်။

ဤလူ၏ကျင့်ကြံဆင့်မှာ တတိယမြောက်ကောင်းကင်ဘုံအဆင့်ဖြစ်ပြီးအလွန်စွမ်းအားကြီးလှသည်။ သို့သော်အမြဲတမ်းအမဲရောင်ဝတ်စုံကိုသာဝတ်ဆင်ထားလေ့ရှိသည်။ လက်ရှိအချိန်တွင် ထိုလူ၏ပုံပန်းသဏ္ဍာန်အမှန်အားမြင်လိုက်ရချိန်၌ ကျိုးဟောင်မှာတစ်ဖက်လူအားမှတ်မိဖို့ပင်မလွယ်ပေ။

"ငါ့ကိုယ်ငါမိတ်ဆက်ပေးပါရစေ ငါကလေနတ်ဘုရားအဖွဲ့ရဲ့အဖွဲ့ဝင်တွေထဲကတစ်ယောက်ဖြစ်တဲ့ ကျောက်ရိဖန်"

ကျောက်ရိဖန်းမှာပြောရင်းလက်ကမ်းပေးလာခဲ့ပေရာ ကျိုးဟောင်မှာထိုင်နေရာမှအလျင်အမြန်ထရပ်ကာ လေးစားစွာပြန်လည်နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ အစ်ကိုကျောက်"

"ဟဟ ဒီလောက်ယဉ်ကျေးနေဖို့မလိုပါဘူး ကျိုးဟောင်ရိုးရိုးသားသားပြောရရင် မင်းကငါ့ကိုအံ့ဩစေခဲ့တယ် ဒီနှစ်တွေအတွင်းမှာ လူအတော်များများ အေအဆင့်အကဲဖြတ်မှုစမ်းသပ်ချက်တွေကိုထမ်းဆောင်ခဲ့ကြပေမဲ့ တကယ်တမ်းကျလူနည်းစုပဲအောင်မြင်သွားကြတာ မင်းလည်းမအောင်မှာကိုငါစိုးရိမ်နေခဲ့တာ"

ကျောက်ရိဖန်မှာ ကျိုးဟောင်အားအပြစ်မရှိသည့်လူတစ်ယောက်အားသတ်ရန်ခိုင်းခဲ့သည့် ပြီးခဲ့သည့်တစ်ခေါက်ကတာဝန်အကြောင်းပြောနေခြင်းပင်ဖြစ်သည်။ ဤသို့လုပ်ခြင်းသည်ကျိုးဟောင်အားစမ်းသပ်ရန်ဖြစ်သည်။ အကယ်၍ကျိုးဟောင်သည်တစ်ဖက်လူအား တကယ်တိုက်ခိုက်ခဲ့ပါက ကျောက်ရိဖန်မှာ သူ့အားချက်ချင်းဝင်ရောက်တားဆီးမည်ဖြစ်သည်။

သို့သော်အဆုံးတွင် ကျိုးဟောင်မှာမတိုက်ခိုက်ခဲ့ပေရာ ကျောက်ရိဖန်သည်လည်းစိတ်အေးသွားခဲ့ရသည်။

"အစ်ကိုကျောက် အစ်ကို့ရဲ့အကဲဖြတ်မှုစမ်းသပ်ချက်ကတကယ့်ကိုပုံမှန်မဟုတ်ဘူး ..."

ကျိုးဟောင်မှာ ထိုကိစ္စအားပြန်တွေးမိတိုင်းယခုအချိန်အထိကြောက်နေဆဲဖြစ်သည်။

ကျောက်ရိဖန်၏အမြင်မှာ ပြဿနာရှိသည်ဟုသက်သေခိုင်မာသောလူ ၄ယောက်လောက်အထိသတ်ရန်ခိုင်းခဲ့ပြီးပြီဖြစ်ပေရာ နောက်ပိုင်းတွင် သာမန်လူများဆိုပါက ဤအချက်တွင်အသားကျပြီး ဘာကိုမှသံသယဝင်မည်မဟုတ်ပေ။ တကယ်တမ်းတွင် ကျိုးဟောင်သည်လည်းအတူတူပင်ဖြစ်သည်။

သို့သော်ကျိုးဟောင်သည် ပေးလိုက်သည့်တာဝန်အားနှံ့စပ်စွာစုံစမ်းပြီး အပြစ်မရှိသောသူအားမတိုက်ခိုက်ရသည့်အဓိကအကြောင်းအရင်းမှာ ကျိုးဟောင်သိုင်းပညာရှင်ဖြစ်လာသည်မှာမကြာသေး၍သာဖြစ်သည်။ သူ၏နှလုံးသားမှာ မအေးစက်ဘဲနွေးထွေးပေသည်။ စင်စစ်တွင်ကျိုးဟောင်အတွက် အကြောင်းမဲ့သတ်ဖြတ်ခြင်းမှာ လက်မခံနိုင်စရာကိစ္စတစ်ခုဖြစ်နေဆဲပင်ဖြစ်သည်။

အနည်းဆုံး အခြေအမြစ်မရှိသောအစွဲကြောင့်လူတစ်ယောက်အားမသတ်ခင် သူ၏မသိစိတ်တွင်တစ်ဖက်လူအားအမှန်တကယ်သတ်သင့်လားဟူသည့်အချက်အားသိရန်လိုအပ်သည်ဟုထင်ပေသည်။ ဤသည်မှာကျိုးဟောင်၏အကျင့်ဖြစ်ပြီး ဤအကျင့်သည် ကျိုးဟောင်စမ်းသပ်မှုအားအောင်မြင်စွာဖြတ်ကျော်လာစေနိုင်သည့် အကြောင်းပြချက်လည်းဖြစ်သည်။

"ကောင်းပြီ ထပ်မပြောတော့ဘူး အရင်ဆုံးလှေကျွန်းကိုသွားကြတာပေါ့ တစ်နာရီနီးပါးရှိတော့မယ်"

ကျောက်ရိဖန်မှာပြုံးကာထိုင်ခုံတစ်ခုတွင်ဝင်ထိုင်လိုက်ပြီး ခါးပတ်ပတ်ကာခေါင်းဆောင်းဆောင်းလိုက်သည်။

"ခဏနေလို့ ငါတို့အကာအကွယ်ကိုဖြတ်ရင် နှုန်းလွန်အသံလှိုင်းတွေကြားရလိမ့်မယ် တကယ်လို့ဒီအသံလှိုင်းတွေကိုကာကွယ်ဖို့ခေါင်းဆောင်းမဆောင်းဘူးဆို ဒါကငါတို့ရဲ့ဦးနှောက်လှိုင်းတွေအပေါ်သက်ရောက်မှုရှိလိမ့်မယ် ဂရုမစိုက်ရင် ဦးနှောက်ထိခိုက်နိုင်ခြေအရမ်းများတယ်"

ကျောက်ရိဖန်မှာကျိုးဟောင်ဘေးရှိခေါင်းဆောင်းအားညွှန်ပြကာပြောလိုက်ပြီး သူဘာပြောချင်လဲဆိုသည်မှာ သိသာလှပေသည်။ ကျိုးဟောင်သည်ထိုစကားအားကြားသောအခါအလွန်ထိတ်လန့်သွားခဲ့သည်။ ဤခံတပ်သည်စီနီယာဟွမ်းမူလကျောက်စာဖြင့်ဖန်တီးထားခဲ့ကြောင်းကျိုးဟောင်သိသော်လည်း ထိုမျှလောက်နှစ်ပေါင်းများစွာကြာပြီးသည့်တိုင်အောင် ယခုလောက်စွမ်းအားကြီးနေဦးမည်ဟုမမျှော်လင့်ထားခဲ့ပေ။

ခေါင်းဆောင်းဆောင်းပြီးနောက် ကျိုးဟောင်၏အမြင်အာရုံမှာချက်ချင်းမဲမှောင်သွားခဲ့သော်လည်း ချက်ချင်းပင်အလင်းရောင်ပေါ်လာခဲ့ပြီး သူ့ရှေ့တွင်ရုပ်ရှင်အစီအစဉ်တစ်ခုလည်းပေါ်လာခဲ့သည်။

"တစ်နာရီတောင်စီးရမှာအရမ်းပျင်းစရာကောင်းတယ် မင်းဒီအချိန်တစ်နာရီကို ရုပ်ရှင်ကြည့်ရင်ကြည့် ဒါမှမဟုတ် အိပ်ပြီးအချိန်ဖြုန်းပေါ့"

ပြောပြီးနောက် ကျောက်ရိဖန်မှာယာဉ်အားစတင်အမိန့်ပေးနေသလို ကျိုးဟောင်သည်လည်းအိပ်ပျော်သွားခဲ့သည်။ တစ်နာရီနီးပါးကြာပြီးနောက် ယာဉ်လည်းတည်ငြိမ်သွားပြီးကျိုးဟောင်သည်လည်းနိုးလာခဲ့သည်။

ကျောက်ရိဖန်မှာကျိုးဟောင်အား လမ်းကြမ်းသုံးယာဉ်တစ်ခုဆီခေါ်လာခဲ့ပြီးလေဆိပ်ထဲမှမောင်းထွက်လာခဲ့သည်။ ကျိုးဟောင်မှာမြင့်မားသောအဆောက်အဦးကြီးအားကြည့်ကာ အလွန်အံ့ဩသွားခဲ့သည်။ ဤအဆောက်အဦးပုံစံသည်သူ့အား ရှေးဟောင်းဟွာရှားအဆောက်အဦးများကိုသတိရစေသည်။ ၎င်းတို့သည်အလွန်ထူးဆန်းကာ လူတစ်ယောက်၏မျက်လုံးကိုအရောင်တောက်လာစေသည်။

"သန္ဓေပြောင်းပြီးနောက်ပိုင်း နေရာအတော်များများဖျက်ဆီးခံလိုက်ရတယ် ဒီနေရာကအစကဘာမှမရှိတဲ့နေရာတစ်ခုပဲ နောက်ပိုင်းစစ်နတ်ဘုရားတပ်ရင်းရဲ့တည်ထောင်သူဟွာရှားစစ်နတ်ဘုရားက ဒီနေရာကိုရောက်လာပြီး လှေကျွန်းအခြေစိုက်စခန်းကိုတည်ထောင်ခဲ့တာ အဒီနောက်ပိုင်း ဒီနေရာကစစ်နတ်ဘုရားတပ်ရင်းရဲ့ပထမဆုံးအခြေစိုက်စခန်းဖြစ်လာတယ် နောက်တော့နေထိုင်သူအများအပြားကလည်း အနီးအနားဧရိယာတွေမှာနေဖို့ ဒီကိုပြောင်းလာခဲ့ကြတယ်"

"အခြေစိုက်စခန်းတွေအားလုံးထဲမှာ ငါတို့လှေကျွန်းကအလုံခြုံဆုံးပဲ ဘာလို့လဲဆို ဒါကဟွာရှားရဲ့စစ်နတ်ဘုရားတပ်ရင်းဖြစ်ရုံသာမက လှေကျွန်းကိုဝင်ဖို့လိုအပ်ချက်တွေကလည်းပြင်းထန်တယ် လူမှုအဆင့်အတန်းဖြစ်ဖြစ်၊ ငွေရေးကြေးရေးဖြစ်ဖြစ် ဒါမှမဟုတ်ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြစ်ဖြစ် ဝင်ခွင့်ရဖို့လိုအပ်ချက်တွေကအရမ်းမြင့်တယ်"

"ငါတို့ရဲ့လှေကျွန်းကနေ နှစ်စဉ်‌မွေးထုတ်ပေးနေတဲ့သိုင်းပညာရှင်အရေအတွက်က အဲဒီဟွာရှားရဲ့ငါးပုံပုံတစ်ပုံရှိတယ်"

ကျောက်ရိဖန်မှာဂုဏ်ယူစွာပြောလိုက်ပြီး ကျိုးဟောင်မှာအံ့ဩသွားခဲ့သည်။ ဟွာရှားတွင်မြို့ပေါင်းမည်မျှရှိပါသနည်း။ မြို့ပေါင်းမြောက်မြားစွာရှိပေသည်။ သို့သော်သိုင်းပညာရှင်လူဦးရေ၏ငါးပုံပုံတစ်ပုံပမာဏအားတကယ်ပင် လှေကျွန်းမှမွေးထုတ်ထားခြင်းဖြစ်ပေရာ ဤပမာဏမှာတကယ်လန့်လောက်စရာဖြစ်သည်။

"တကယ်တော့ လူဦးရေအများကြီးရှိတာကလည်းမဖြစ်မနေကောင်းတဲ့ကိစ္စတစ်ခုတော့မဟုတ်ဘူး အဓိကကတော့အရည်အချင်းမြင့်တဲ့လူဦးရေအနည်းငယ်ရှိဖို့ပဲ အဲဒါမှသာအဲဒီပညာရှင်တွေကိုခွဲဝေပေးဖို့ အရင်းအမြစ်တွေပိုရှိမှာ ဘယ်လိုပဲဖြစ်ဖြစ်ဒီနေရာမှာရှင်သန်ရပ်တည်ရတာက အသင့်တော်ဆုံးပဲ"

ကျောက်ရိဖန်မှပြုံးကာပြောလိုက်သည်။

မကြာမီကားမှာရပ်တန့်သွားခဲ့ပြီး ကျောက်ရိဖန်မှစကားဆိုလာခဲ့သည်။

"ကောင်းပြီ ငါတို့စစ်နတ်ဘုရားတပ်ရင်းကိုရောက်ပြီ ဆင်းတော့"

ကျိုးဟောင်မှာအလျင်အမြန်ပင်ကားပေါ်မှဆင်းကာ ကျောက်ရိဖန်နှင့်အခြေစိုက်စခန်းထဲသို့ဝင်သွားခဲ့သည်။ အထဲသို့ဝင်သွားသည်နှင့် ကျိုးဟောင်၏အမူအရာမှာပြောင်းလဲသွားခဲ့ပြီး တံခါး၏အနောက်တွင်ကြီးမားသောရုပ်ထုကြီးတစ်ခုအားမြင်လိုက်ရသည်။

၎င်းမှာမီတာတစ်ရာမြင့်မားသောကျားနက်ရုပ်ထုကြီးဖြစ်ပြီး မျက်လုံးများမှာအေးစက်သောသတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့်ပြည့်နေပြီး ကျိုးဟောင်အားစိုက်ကြည့်နေသလိုပင် ခံစားရပေသည်။

....................................................................................

အခန်း(၄၅၆) ပြီးပါပြီ။

All Chapters