← Chapters

အခန်း (၄၇၈-၄၈၀)

Vol. 32 Ch. 478-480

အခန်း (၄၇၈-၄၈၀)

Vol. 32 Ch. 478-480

အခန်း (၄၇၈) : ရဲရင့်သော

ရိုမိန်သည်သူမ၏သားအား ယုံကြည်ပေသည်။

"သားလေး မင်းကအသက်ငယ်ပေမဲ့ ကိုယ့်ဘာသာထိန်းကျောင်းတတ်နေပြီ အရမ်းထူးချွန်တယ် ပြီးတော့မင်းကအဆင့်တွေနဲ့အလုပ်ရှုပ်နေတာ အခုမင်းက ထိပ်ဆုံး ၄၀ထဲမှာဆိုတော့ မင်းရဲ့အဆင့်အတန်းက ကျိုးဟောင်ထက်ပိုမြင့်တယ် တခြားမိသားစုကယှဉ်ပြိုင်သူတွေထက်လည်း သေချာပေါက် မင်းကပိုတော်တယ်"

"မင်းစစ်နတ်ဘုရားတပ်ရင်းကနေ အန္တရာယ်ကင်းကင်းနဲ့သာဘွဲ့ယူနိုင်သရွေ့ မင်းကမဟာမိတ်ထဲကငါတို့မိသားစုရဲ့ကိုယ်စားပြုဖြစ်နေဦးမှာပဲ"

ရိုမိန်မှပြုံးကာပြောလိုက်သည်။

"နားလည်ပါပြီ အမေစိတ်ချပါ"

ဖုန်းချလိုက်ပြီးနောက် ခရစ်နှင့်ပေါလ်တို့၏စိတ်အခြေ အနေမှာမကောင်းတော့ပေ။

နောက်တစ်နေ့မနက်တွင် မနေ့ကကိစ္စဖြစ်ပြီးနောက် ယနေ့တွင်ကိစ္စများမှာအတော်လေး အုတ်အုတ်ကျက်ကျက်ဖြစ်နေပေသည်။

ကျိုးဟောင်မှာစောကြီးကတည်းက ဓားသိုင်းသင်ရန် ချန်းယန်၏နေရာသို့သွားပြီဖြစ်သည်။ လက်ရှိအချိန်တွင်ကျိုးဟောင်၏ဘေးတွင်တဝဲလည်လည်လုပ်နေသောကျောင်းသားအချို့လည်းရှိပေသည်။

ယောက်ျား၊ မိန်းမနှစ်မျိုးလုံးရှိနေပြီး လူဖြူမိန်းကလေးများလည်း ၂ယောက် ၃ယောက်လောက်ရှိပေသည်။

"အမယ်လေး ကျိုးဟောင်နင်မနေ့ကအရမ်းမိုက်တယ် တစ်လထဲနဲ့ ထိပ်ဆုံး ၁၀၀ ထဲရောက်တာ ငါဆိုနှစ်ဝက်ရှိပြီး ၁၇၀မှာပဲရှိသေးတယ်"

ယခုပြောနေသူမှာအရပ်ရှည်ရှည်နှင့် လူဖြူမိန်းကလေးတစ်ဦးဖြစ်သည်။ သူမသည်အလွန်လှပကာ လက်ရာမြောက်သောမျက်နှာအစိတ်အပိုင်းများနှင့် ညှို့အားပြင်းသောခန္ဓာကိုယ်မျိုးအား ပိုင်ဆိုင်ထားပေသည်။

အနောက်တိုင်းအမျိုးသမီးများမှာ အရှေ့တိုင်းအမျိုးသမီးများထက်အရိုးပိုကြီးကြပေသည်။ တစ်နည်းဆိုသော် သူမတို့သည်အရပ်ပိုရှည်ပေသည်။ ထို့အပြင် သူမတို့ကြွက်သားတစ်သျှူးများမှာလည်း ‌အရှေ့တိုင်းသူများထက်ပိုမိုဖွင့်ဖြိုးပေရာ သူမတို့၏ပုံစံမှာအချိုးအစားကျကာ ပိုမိုဆွဲဆောင်မှုရှိပေသည်။ ထိုအချိန်တွင် ဤအနောက်တိုင်းအမျိုးသမီးမှာ ကျိုးဟောင်အားကြည့်ကာသုံးသပ်နေကာ သူမ၏မျက်လုံးထဲတွင် လေးစားမှုများဖြင့်ပြည့်နေပေသည်။

"ရို.....ဂျင်နီ ဘာလုပ်နေတာလဲ ကျိုးဟောင်ဆီပစ်ဝင်တော့မလို့လား ဟဟ လိုက်ဖက်တဲ့အလှလေးနဲ့သူရဲကောင်းစုံတွဲပဲ"

အခြားလူဖြူအမျိုးသမီးတစ်ဦးမှပြောလာခဲ့သည်။

"အဲဒီတော့ဘာဖြစ်လဲ ငါကကျိုးဟောင်နဲ့တွဲချင်ရုံပဲ ဒီတော့ငါသူ့ဆီပစ်ဝင်တော့ရောဘာဖြစ်လဲ သူနဲ့လက်ထပ်ရင်တောင်ကိစ္စမရှိဘူး ကျိုးဟောင်သာသဘောကျရင်ရတယ်"

အနောက်တိုင်းအမျိုးသမီးများမှာ အမြဲတမ်းအရှေ့တိုင်းအမျိုးသမီးများထက်ရဲတင်းကြပြီး ယခုလိုရှုထော

င့်တွင် သူမတို့သည်ပိုမိုပွင့်လင်းကာ အလွန်ပေါ့ပါးကြသည်။

ဂျင်နီသည်ဤစကားအားပြောချိန်တွင်လုံးဝရှက်မနေဘဲ အလွန်ဂရုမစိုက်သည့်ပုံပင်ပေါ်နေပေသည်။ သူမ၏ယခုလိုရဲတင်းမှုသည် ကျိုးဟောင်အားအနေခက်စေသည်။

သူသည်တကယ်တမ်းတွင်အတော်လေးရှေးရိုးစွဲသူဖြစ်ပေရာ ဤစကားအားကြားလိုက်ရချိန်တွင် အတော်လေးရှက်သွားခဲ့သည်။

"နင်ကြားလား ကျိုးဟောင် သတ္တိရှိလိုက်စမ်းပါ ပြောမရဘူးနောက်နှစ်ဆို နင်တို့ကလေးမွေးလောက်ပြီ"

"နင်တို့နှစ်ယောက်က ပါရမီရှင်တွေ တကယ်လို့နင်တို့နှစ်ယောက်သာသွေးနှောလေးတစ်ယောက်မွေးမယ်ဆိုရင် နင်တို့ရဲ့သားသမီးကတော့ သေ‌ချာပေါက်ကံထူးတာပဲ အားလုံးအကောင်းဆုံးဆိုတာတွေပဲရမှာ"

သူ့ဘေးရှိလူဖြူအမျိုးသမီး ပို၍ပင်အကြောက်အလန့်ကင်းပြီး ကျိုးဟောင်အားပို၍နေရခက်စေပေသည်။

ထိုအချိန်တွင်ချန်းယန်ရောက်လာခဲ့သည်။ သူမ ရှိနေပါကမည်သူမှမည်သည့်စကားတစ်ခွန်းမှမဆိုရဲပေ။

"ကျိုးဟောင်မင်းမနေ့ကတကယ်တော်တယ် မဆိုးဘူး မဆိုးဘူး မင်းတိုးတက်လာတာအရမ်းမြန်တယ် နောက်လဆိုမင်း ထိပ်ဆုံး ၈၀ထဲကိုတောင်ဝင်နိုင်မယ်လို့ ငါသေချာပေါက်ထင်တယ်"

ချန်းယန်မှ ကျိုးဟောင်အားတွေ့ချိန်တွင်ပြောလိုက်သည်။

"ကျွန်တော်ကြိုးစားပါ့မယ် နည်းပြချန်း"

ကျိုးဟောင်မှချက်ချင်းပင်ပြောလိုက်သည်

ချန်းယန်မှာကျိုးဟောင်အားစိတ်ကျေနပ်မှုအပြည့်ဖြင့်ကြည့်နေပေသည်။

ချန်းယန်မှာတစ်မနက်လုံး သင်ကြားရေးနှင့်သာအချိန်ကုန်နေပေသည်။

လေကျင့်ရေးအဆုံးသတ်ချိန်တွင် ဂျင်နီမှာကျိုးဟောင်အားအပြင်အတူထွက်လည်ရန်မေးချင်သော်လည်း ကျိုးဟောင်မှာငြင်းပစ်ရန်သာစဥ်းစားထားပေသည်။ သူရှုလင်အားစိတ်မပျက်စေချင်ပေ။

သူငြင်းရန်နည်းလမ်းစဉ်းစားနေဆဲမှာပင် ချန်းယန်မှာကျိုးဟောင်၏ရှေ့တွင်ရပ်လိုကသည်။

"ကျိုးဟောင် ငါမင်းကိုပြောစရာရှိတယ် ငါ့ရုံးခန်းကိုလာခဲ့"

ထိုစကားအားကြားသောအခါ ကျိူးဟောင်မှာသက်ပြင်းကြိတ်ချလိုက်ပြီး ဂျင်နီမှာတော့ စိတ်ပျက်လက်ပျက်ဖြင့်ထွက်သွားခဲ့သည်။

ကျိုးဟောင်နှင့်ချန်းယန်ရုံးခန်းသို့ရောက်ချိန်တွင် ချန်းယန်မှာတည့်ပင်ပြောလာခဲ့သည်။

"ကျိုးဟောင် ငါမင်းအခြေအနေကိုကောင်းကောင်းနားလည်တယ် မင်းကမိသားစုကြီးကဆင်းသက်လာတာမဟုတ်ပေမဲ့ မင်းရဲ့ပါရမီကလန့်စရာပဲ အနာဂတ်အောင်မြင်မှုတွေကလည်း ‌သေချာပေါက်အကန့်အသတ်မရှိပဲ"

ကျိုးဟောင်မှာချန်းယန်ဘာပြောချင်နေမှန်းမသိသော်လည်း ခေါင်းညိတ်နေပေသည်။

"နည်းပြချန်း ဘာလို့ကျွန်တော့်ကိုဒီစကားတွေပြောနေတာလဲ"

"ငါ့မှာဘာအထူးတလည်ရည်ရွယ်ချက်မှမရှိပါဘူး ဒါကြောင့်မင်းစိတ်မပူပါနဲ့ ငါမင်းကိုဒီတိုင်းပြောပြချင်တာပါ အခုမင်းကနာမည်ကျော်နေပြီ။ အဖွဲ့အစည်းနဲ့မိသားစုတွေအများကြီးက မင်းအကြောင်းတောင်စုံစမ်းချင်လာကြပြီ..."

ချန်းယန်မှချက်ချင်းပြောလိုက်သည်။

"အို နည်းပြချန်း နည်းပြမှာသေချာပေါက်ပြောချင်နေတဲ့ကိစ္စရှိတယ် ပြောပါ ကျွန်တော်နားထောင်နေတယ်"

ချန်းယန်သူ့အားအကြောင်းမဲ့ခေါ်ခြင်းမဟုတ်ကြောင်းကို ကျိုးဟောင်သိပေသည်။ သေချာပေါက်အကြောင်းပြချက်ရှိရပေမည်။

ထိုစကားကြားပြီးနောက် ချန်းယန်မှာချက်ချင်းပင်ပြုံးလာခဲ့သည်။

"မင်းကတကယ်ဉာဏ်ကောင်းတာပဲ အမှန်တိုင်းပြောရရင်ငါကဒီတိုင်းမင်းကို ဂုဏ်ပြုချင်တာပါ မင်းကလက်ရှိမှာလိုချင်တဲ့လူများနေတယ် ဒါပေမဲ့‌မင်းရွေးချယ်တဲ့နေရာမှာသတိထားဖို့ကိုသတိပေးချင်လို့"

ချန်းယန်မှပြောလာခဲ့သည်။

"နည်းပြချန်း ကျွန်တော်ဘယ်တစ်ခုကိုရွေးသင့်တယ်ထင်လဲ သေချာပေါက်အခုတော့မရွေးချင်သေးဘူး ဒါပေမဲ့တစ်နေ့တော့ရွေးရမှာပဲလေ အဲဒါကြောင့် နည်းပြအမြင်ကိုသိချင်လို့"

ကျိုးဟောင်မှအမှန်တိုင်းပြောလိုက်သည်။

ချန်းယန်မှာထူးကဲသောအဆင့်အတန်းရှိပြီး အဖွဲ့အစည်းပေါင်းများစွာဖြင့်သိပေသည်။

"မင်းအမှန်တိုင်းကြားချင်လား"

ချန်းယန်မှမေးလာခဲ့သည်။

"သေချာတာပေါ့ နည်းပြပြောချင်တာသာပြောလိုက်ပါ"

ကျိုးဟောင်မှပြုံးကာပြန်ဖြေလာခဲ့သည်။

"ငါအကြံပြုချင်တာ ၂ခုရှိတယ် တစ်ခုကစစ်တပ်ပြီးတော့နောက်တစ်ခုက စစ်နတ်ဘုရားတပ်ရင်းပဲ"

ကျိုးဟောင်မှာချန်းယန်မှဤ ၂နေရာအားပြောလာချိန်တွင် အံ့ဩမသွားခဲ့ပေ။ အစောကြီးကတည်းကခန့်မှန်းထားပြီးသားဖြစ်သည်။

စစ်တပ်ဖြစ်စေ စစ်နတ်ဘုရားတပ်ရင်းဖြစ်စေ နှစ်ခုလုံးသည်ကျိုးဟောင်၏ရွေးချယ်မှုဖြစ်သည်။

"မင်းရဲ့စီနီယာအစ်ကိုချန်ရွှင်းဆီကနေ စစ်တပ်အကြောင်းသိထားလောက်ပါပြီ စစ်တပ်ကပေးတဲ့လစာကပုံမှန်ဆိုအရမ်းမြင့်ပြီး ဆက်ဆံပုံလည်းအရမ်းကောင်းတယ် လူရွေးလည်းများတယ် ဒါပေမဲ့ မင်းနဲ့သင့်တော်မယ်မထင်ဘူး"

ကျိုးဟောင်မှာခေတ္တမျှငြိမ်သွားပြီးနောက် မေးလာခဲ့သည်။

"ဘာလို့လဲ"

"ဟဟ ငါမင်းနဲ့ဆက်ဆံလာတာဒီလောက်ကြာပြီ မင်းကဉာဏ်ကောင်းတဲ့ကလေးမှန်းသိတယ် ဉာဏ်ကောင်းတယ်ဆိုပေမဲ့ အကြံအစည်များတာမျိုးကိုတော့ သဘောမကျမှာစိုးရတယ်"

"သေချာပေါက် မင်းဘယ်နေရာရောက်ရောက်ကောင်းကောင်းလုပ်မှာပဲ ဒါပေမဲ့စစ်တပ်ကအကြံအစည်များတဲ့နေရာတစ်ခုပဲ ဒီနေရာကမင်းသဘောကျလောက်မဲ့နေရာလို့ငါတော့မထင်ဘူး ငါပြောတာမှန်တယ်မလား"

ချန်းယန်၏စကားများမှာကျိုးဟောင်အားခေါင်းညိတ်စေခဲ့သည်။ ကျိုးဟောင်မှာအနီရောင်မဟူရာချောက်တွင် အားလုံးအားအရူးလုပ်ခဲ့သော်ငြား ထိုခံစားချက်အားသဘောမကျပေ။

"ပြီးတော့ စစ်တပ်ကပိုပြီးချုပ်ချယ်နိုင်တယ် ဘာပဲဖြစ်ဖြစ် သူတို့မှာကစစ်တပ်အမိန့်ရှိတယ် အဲ‌ဒါကြောင့်မင်းစစ်နတ်ဘုရားတပ်ရင်းကိုပဲဝင်ဖို့ငါအကြံပေးချင်တယ်"

ကျိုးဟောင်မှာ ချန်းယန်၏စကားအားခေါင်းညိတ်ပြလိုက်သည်။

"ဒီအတွက်လည်း အကြောင်းပြချက်တစ်ချို့ရှိတယ် မင်းရဲ့လက်ရှိအခြေအနေနဲ့ဆို စစ်နတ်ဘုရားတပ်ရင်းကမင်းကိုအလွယ်တကူထွက်သွားခိုင်းမှာမဟုတ်ဘူး မင်းဒါကိုနားလည်ရမယ် သဘောပေါက်လား"

ချန်းယန်ပြောချင်သည့်အဓိပ္ပာယ်အား သူသေချာပေါက်သိပေသည်။ အဖွဲ့အစည်းတစ်ခုမှလေ့ကျင့်ပေးထားသောလူတစ်ယောက်မှာ ထိုအဖွဲ့မှ အလွယ်တကူမထွက်သွားနိုင်မည်မှာ သဘာဝပင်ဖြစ်သည်။

ဤအချက်အားကျိုးဟောင်ကောင်းစွာနားလည်ပေသည်။ မည်သို့ပင်ဖြစ်စေ စစ်နတ်ဘုရားတပ်ရင်းသည် ဌာနများ၊ အဖွဲ့အစည်းပေါင်းများစွာဖြင့်စာချုပ်တစ်ခုချုပ်ဆိုထားပြီး ထိုစာချုပ်မှာကျောင်းသားများအား လွတ်လပ်စွာထွက်သွားနိုင်ရန်ဖြစ်သည်။

သူတို့ထွက်သွားလိုပါကလွတ်လပ်ခွင့်ရှိသည်။ သို့သော်ထိုလွတ်လပ်မှုမှာ အကြွင်းမဲ့မဟုတ်ပေ။

ကျိုးဟောင်၏ယခုလိုအကန့်အသတ်မဲ့သောအလားအလာဖြင့်ဆိုပါက စစ်နတ်ဘုရားတပ်ရင်းမှာတကယ်ပင် သူ့အားသွားခွင့်ပြုမည်မဟုတ်ပေ။

"ဒုတိယက စစ်နတ်ဘုရားတပ်ရင်းရဲ့အရင်းအမြစ်တွေက သေချာပေါက်လောကကြီးမှာအကောင်းဆုံးဖြစ်လို့ပဲ"

....................................................................................

အခန်း(၄၇၈) ပြီးပါပြီ။

အခန်း (၄၇၉) : စစ်နတ်ဘုရား၏ ရည်ရွယ်ချက်

ချန်းယန်၏စကားဆုံးသည်နှင့် ကျိုးဟောင်မှာခေါင်းညိတ်လိုက်သည်။ စစ်နတ်ဘုရားတပ်ရင်းမှာ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပေရာ အကောင်းဆုံးအရင်းအမြစ်များရှိပေသည်။။

"စစ်နတ်ဘုရားတပ်ရင်းက နိုင်ငံတကာအဖွဲ့အစည်းတစ်ခုပဲ စစ်နတ်ဘုရားတပ်ရင်းရဲ့ဇာစ်မြစ်ကိုမင်းအများကြီးမသိလောက်ဘူး ဒါပေမဲ့ငါမင်းကိုပြောနိုင်တာက စစ်နတ်ဘုရားတပ်ရင်းကိုစတင်ခဲ့တဲ့လူ ၂ယောက်ရှိတယ်ဆိုတာပဲ သူတို့နှစ်ယောက်လုံးက အရှေ့တိုင်းရဲ့စစ်နတ်ဘုရားတွေပဲ ဘာလို့အနောက်တိုင်းတိုင်းပြည်တွေနဲ့စတင်တည်ထောင်ခဲ့လဲဆိုရင် လူသားမျိုးနွယ်တွေအားလုံးအတူတကွပူးပေါင်းပြီး သန္ဓေပြောင်းသားရဲတွေကိုသတ်စေချင်လို့ပဲ"

"ငါတို့ဟွာရှားကတော့ ရှေးဟောင်းအပျက်အစီးတွေရှိတယ် အထဲမှာရှိတဲ့ပစ္စည်းတွေကအရမ်းထူးကဲပြီး ဒီပစ္စည်း‌တွေကိုစစ်နတ်ဘုရားတပ်ရင်းကပဲသုံးခွင့်ရှိတယ် ပြီးတော့ငါတို့ဟွာရှားသားတွေပဲသုံးခွင့်ရှိတာ ရှေး‌ဟောင်းအပျက်အစီးတွေကအမြဲတမ်းငါတို့ စစ်နတ်ဘုရားတပ်ရင်းရဲ့လက်ထဲမှာပဲ ဒါကြောင့် ဒီလောက်အဖွဲ့အစည်းအများကြီးက ဟွာရှားကိုကြောက်ကြတာ ဟွာရှားမှာထိပ်တန်းသိုင်းပညာစွမ်းအားရှိရုံတင်မဟုတ်ဘူး ဟွာရှားမှာပိုကောင်းတဲ့အရင်းအမြစ်တွေနဲ့နည်းပညာတွေပါရှိတယ်"

ကျိုးဟောင်မှာချန်းယန်ပြောနေသည့်ကိစ္စများအားတကယ်မသိပေ။ သူယခင်ကစစ်နတ်ဘုရားတပ်ရင်းအကြောင်း တစ်ခါမှမကြားဖူးပေ။

"ငါကဒါတွေကိုပြောပြတယ်ဆိုတာမင်းအခြေအနေကိုသုံးသပ်လို့ရအောင်ပဲ ဒါပေမဲ့ နောက်ဆုံးဆုံးဖြတ်ချက်ကမင်းလက်ထဲမှာပဲ ခုတစ်လောအတွင်းစစ်နတ်ဘုရားတပ်ရင်းရဲ့ အထက်လူကြီးတွေသိပ်မကြာခင်မင်းနဲ့စကားလာပြောလိမ့်မယ်လို့ငါယုံတယ်"

ချန်းယန်မှ‌အပြုံးတစ်ပွင့်ဖြင့်ပြောလာခဲ့သည်။

တစ်ချိန်တည်းမှာပင် ကြီးမားသောပုံရိပ်ယောင်အစည်းအဝေးခန်းကြီးထဲတွင် များစွာသောဖန်သားပြင်များစွာရှိနေပြီး ဖန်သားပြင်၏ရှေ့ဘက်အောက်ခြေတွင် ထိုင်ခုံ ၆လုံးရှိနေပေသည်။

ဤထိုင်ခုံ ၆လုံးအားအဆင့်အတန်းမြင့်စွာပြုလုပ်ထားပြီး မည်သည့်ပစ္စည်းဖြင့်ပြုလုပ်ထားမှန်းမသိရသော်ငြား ၎င်းတို့မှစွမ်းအားကြီးသည့်စွမ်းအင်အတက်အကျတို့အား ထုတ်လွှတ်နေပေသည်။

အလယ်ရှိထိုင်ခုံနှစ်လုံးမှာ အလွန်ကြီးမားပြီး အခြားထိုင်ခုံများမှာအတော်‌လေးသေးကာ နှစ်ဖက်လုံးတွင်စီတန်းချထားပေသည်။ ဤထိုင်ခုံ ၆လုံးတွင် လောလောဆယ်တွင် လူ ၄ယောက်သာထိုင်နေသေးသည်။

ဤပွဲသည် စစ်နတ်ဘုရားတပ်ရင်းမှရာထူးကြီးပုဂ္ဂိုလ်များကြားမှအစည်းအဝေးဖြစ်ကာ စစ်နတ်ဘုရားညီလာခံသာဖြစ်သည်။

ထိုင်နေသောလူလေးယောက်ထဲတွင် တရုတ်လူမျိုးနှစ်ယောက်ပါပြီး ကျန်နှစ်ယောက်မှာ လူဖြူတစ်ယောက် လူမဲတစ်ယောက်ဖြစ်သည်။

အားလုံးထိုနေရာတွင်ထိုင်ပြီးနောက် ရှေ့ရှိမျက်နှာပြင်ပေါ်တွင် သတင်းအချက်အလက်အချို့စပေါ်လာခဲ့သည်။ အကယ်၍ကျိုးဟောင်သာဤနေရာတွင်ရှိနေပါကသေချာပေါက်လန့်သွားလောက်ပေသည်။ အကြောင်းမှာပေါ်လာသောအချက်အလက်များမှာ အားလုံးသူ့အကြောင်းဖြစ်နေ၍သာဖြစ်သည်။

"အားလုံးဒါကကျိုးဟောင်ရဲ့အချက်အလက်အားလုံးပဲ ကျိုးဟောင်ကနောက်ခံဆင်းရဲတဲ့မိသားစုကလာတဲ့ပါရမီရှင်တစ်ယောက်ဆိုတာတွေ့နိုင်ပါတယ်"

ထိုစကားအားပြောနေသူမှာတရုတ်လူမျိုးဖြစ်ပြီး သူသည်မျက်နှာပြင်ပေါ်ရှိကျိုးဟောင်၏ပုံအားဂုဏ်ယူမှုအပြည့်ဖြင့်‌ကြည့်နေပေသည်။

"ပထမမြောက်မူလအဆင့်ကျင့်ကြံရေးနဲ့ ပဉ္စမမြောက်မူလအဆင့်ပညာရှင်တစ်ယောက်ရဲ့ တိုက်ခိုက်ရေးစွမ်းအားမျိုးထုတ်သုံးနိုင်ပြီး သူ့ရဲ့ကျင့်ကြံသိုင်းကလည်းအရမ်းထူးခြားပြီးတော့ သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားကိုတိုးလာစေနိုင်တယ် စိတ်စွမ်းအားကလည်းအရမ်းစွမ်းအားကြီးပြီး လှုပ်ရှားရေးသိုင်းကလည်း သာမန်ထက်ထူးခြားပါတယ်"

"တစ်လအတွင်းမှာပဲထိပ်ဆုံးအယောက် ၁၀၀ထဲ ဝင်နိုင်ခဲ့ပါတယ် ဒါတင်မကပါဘူးကောင်းကင်မျှော်စင်ကနေလည်း အမှတ် ၂ မှတ်ရရှိထားပါသေးတယ်"

"ဒီလိုရလဒ်ကကျွန်တော်တို့စစ်နတ်ဘုရားတပ်ရင်းမှာအကြိမ်အနည်းငယ်ပဲပေါ်လာဖူးတာ အဲဒါကြောင့်ဒီကျိုးဟောင်ကတကယ့်ပါရမီရှင်လို့ထင်ပါတယ်"

ဟွာရှားအမျိုးသား၏စကား‌ဆုံးသည်နှင့် လူဖြူအမျိုးသားမှာခေါင်းညိတ်လာခဲ့သည်။

"အဲဒါအမှန်ပဲ ဒီကျိုးဟောင်ကတကယ်ပါရမီရှင်ပဲ သူသတ်ခဲ့တဲ့သန္ဓေပြောင်းသားရဲအကောင်အရေအတွက်ကိုမပြောနဲ့ဦး သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအား ဒါမှမဟုတ် အကဲဖြတ်မှုအဆင့် ဒါမှမဟုတ်နောက်ခံဆိုရင်တောင် ဘာမှစောဒကတက်စရာမလိုဘူး"

ထိုအချိန်တွင်လူဖြူအမျိုးသားမှပြုံးကာပြောလာခဲ့သည်။

"ဒါပေမဲ့စစ်ဘုရင်အန်း ခင်ဗျားပေးတဲ့အခွင့်အရေးကတကယ်အရမ်းမြင့်လွန်းတယ် ဒါကအဲဒီကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ချို့တောင်မှအတော်လေးအားကျသွားစေလောက်တယ်"

လူဖြူအမျိုးသားမှာအတော်လေးမကျေနပ်ပေ။

"လာမီရာ ခင်ဗျားမှားနေပြီ ကျွန်တော်တော့ဒီကမ်းလှမ်းမှုကလုံးဝမြင့်တယ်လို့မထင်ဘူး"

စစ်ဘုရင်အန်းဟုခေါ်သူမှာ ပြုံးရင်းခေါင်းယမ်းပြကာပြောလိုက်သည်။

"ကျိုးဟောင်ကို စစ်နတ်ဘုရားတပ်ရင်းရဲ့အထူးတပ်ဖွဲ့ထဲဝင်ခွင့်ပြုဖို့ကိစ္စကျွန်တော်သဘောတူတယ် ဒါပေမဲ့ဒီလိုအခွင့်အရေးပေးတာကတော့ တကယ့်ကို...."

လူမဲအမျိုးသားမှလည်းပြောလာခဲ့သည်။

ကျန်ရှိနေသောဟွာရှားသားပုဂ္ဂိုလ်မှာမျက်မှောင်ကြုတ်ရင်းပြောလာခဲ့သည်။

"လူကြီးမင်းတို့နှစ်ယောက် ဒါကလုံးဝမများပါဘူး ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့သူ့ကိုအရင်းအမြစ်များများပေးလေလေ ပြန်ရလာမဲ့ဆုလာဘ်ကမြင့်လေလေပဲ ကျိုးဟောင်ရဲ့ပါရမီနဲ့ဆို သေချာပေါက်သူတော်စင်ဘုံအဆင့်ကိုရောက်နိုင်တဲ့ စွမ်းရည်မျိုးရှိတယ်"

လက်ရှိအခြေအနေတွင် လူဖြူအမျိုးသားနှင့် လူမဲအမျိုးသားတို့မှာသက်ပြင်းချနေကြပြီး အတော်လေးဆွဲဆောင်ခံနေရပေသည်။

သူတို့သည်‌ဆွဲဆောင်ခံနေရသော်ငြား ယခုအချိန်ထိ လက်မလျှော့လိုသေးပေ။

"စစ်နတ်ဘုရား ၂ယောက်ကဒီကိစ္စမှာဘာအမြင်မှမပေးဘူးဆိုမှတော့ ကျွန်တော်တို့ပဏာမအတည်ပြုချက်တစ်ခုလုပ်ပြီး ဆွေးနွေးရုံပဲရှိမယ် အဆုံးကျ ဆုံးဖြတ်ချက်ကစစ်နတ်ဘုရား၂ယောက်ချမှာ အဲဒါကြောင့် ဒီကိစ္စကိုသဘောမတူမှတော့ စစ်နတ်ဘုရားတွေရဲ့အမြင်ကိုပဲစောင့်ကြတာပေါ့၊"

စစ်ဘုရင်အန်းမှချက်ချင်းပြောလာခဲ့သည်။

လူဖြူနှင့်လူမဲအမျိုးသားတို့မှာ ထိုစကားအားကြားချိနိတွင်အချင်းချင်းကြည့်ပြီးပြောလိုက်ကြသည်။

"စစ်နတ်ဘုရားနှစ်ယောက်က ဒီကိစ္စမှာဝင်ပါမှာလား သူတို့ကအမြဲတမ်းအလုပ်ရှုပ်နေတာကို ဘာလို့လဲ...."

"ခင်ဗျားမှားတယ် သူတို့ကအလုပ်များတယ်ဆိုပေမဲ့ ပါရမီရှင်တွေကိုတန်ဖိုးအထားဆုံးပဲ အဲဒါကြောင့်ကျွန်တော်တို့ဆုံးဖြတ်လို့မရမှတော့ စစ်နတ်ဘုရားတွေကိုဆုံးဖြတ်ခိုင်းတာပေါ့"

စစ်ဘုရင်အန်းမှပြောလိုက်သည်။

ထိုအချိန်တွင်လူဖြူအမျိုးသားမှာ မျက်နှာမသာမယာဖြင့်ပြောလာခဲ့သည်။

"ဒါပေမဲ့ဒါကစည်းမျဉ်းနဲ့မကိုက်ညီဘူးလေ ဒီကိစ္စကိုစစ်နတ်ဘုရားတွေဆီလက်မလွှဲပေးခင်အရင်အတည်ပြုသင့်တယ် ဘုရင်အန်းခင်ဗျား‌ဒီကိစ္စကိုစစ်နတ်ဘုရားတွေဆီတန်းအစီရင်ခံလိုက်တာလား ဒါကစည်းမျဉ်းကိုဆန့်ကျင်နေတယ်လေ"

"ဟဟ လာမီရာ ခင်ဗျားထပ်မှားပြန်ပြီ ကျုပ်တကယ်ဒီကိစ္စကိုအစီရင်မခံခဲ့ဘူး ကျိုးဟောင်ရဲ့ကိစ္စကဒီလောက်ဟိုးလေးတကျော်ကျော်ဖြစ်နေတာ ခင်ဗျားစစ်နတ်ဘုရားတွေမသိဘူးလို့ခင်ဗျားထင်နေတာလား"

စစ်ဘုရင်အန်းမှာပြုံးလိုက်သည်။ လက်ရှိအချိန်တွင် အစည်းအဝေးခန်းထဲသို့ စာတစ်စောင်ရောက်ရှိလာပြီး ကြီးမားသောမျက်နှာပြင်ထက်တွင်အရိပ်တစ်ခုချက်ချင်းပေါ်လာခဲ့သည်။

ထိုအရိပ်အားကြည့်ရင်း သူတို့သည်မှင်တက်သွားခဲ့ကြသည်။

"ဒါကအရှင်စစ်နတ်ဘုရားရဲ့အသိဉာဏ်ရှိတဲ့အရာပဲ"

"အသိဉာဏ်ရှိတဲ့အရာမှာသေချာပေါက်ပြောစရာတစ်ခုခုရှိရမယ် မဟုတ်ရင်အခုအချိန်မှာအစည်းအဝေးခန်းထဲဝင်လာမှာမဟုတ်ဘူး"

သူတို့မှာချက်ချင်းပင်လေးစားသမှုအားပြသည့်အနေဖြင့်မတ်တပ်ထရပ်ကာနှုတ်ဆက်လိုက်သည်။

ဤအသိဉာဏ်ရှိသောအရာသည်စစ်နတ်ဘုရား၏ ကိုယ်စားပြုဖြစ်ပေရာ သူတို့လုံးဝမလေးမစားမလုပ်ရဲပေ။

"‌စစ်နတ်ဘုရား ဒါကကျိုးဟောင်ရဲ့ကိစ္စအတွက် စစ်နတ်ဘုရားရဲ့ဆုံးဖြတ်ချက်ပါ ကြည့်ကြည့်ပါဦး"

မျက်နှာပြင်ပေါ်တွင် ကြီးမားသောစာရွက်စာတမ်းတစ်ခုပေါ်လာခဲ့သည်။

ဤစာတမ်းထဲတွင်ပါဝင်သမျှအရာအားလုံးအား သူတို့၏ယနေ့ဆွေးနွေးမှုတွင်ဖော်ပြထားပြီးသားဖြစ်သည်။ သူတို့သည်ဤစာရွက်အားကြည့်ရန်စိတ်ဝင်စားမည်မဟုတ်ဘဲ အဆုံးသတ်မှတ်ချက်ကိုသာကြည့်မည်ဖြစ်သည်။

ထိုနေရာတွင်စကားတစ်လုံးသာရှိနေပြီး

ထိုစကားမှာ "သဘောတူသည်" ဟူသောစကားသာဖြစ်သည်။

"စစ်နတ်ဘုရားတွေက‌ဆုံးဖြတ်ချက်ချပြီးပြီ ခင်ဗျားတို့ထဲမှာ ကန့်ကွက်ချင်တဲ့လူရှိလား"

အသိဉာဏ်ရှိသောအရာ၏လှိုဏ်သံပါနေသောအသံမှာ ဆက်လက်မေးမြန်းလာခဲ့သည်။

ထိုစကားအားကြားသောအခါ စစ်ဘုရင်အန်းမှာချက်ချင်းပင်ပြုံးကာဖြေလိုက်သည်။

"သေချာပေါက်မရှိပါဘူး"

အခြားဟွာရှားစစ်ဘုရင်မှာလည်း ထောက်ခံသလိုခေါင်းညိတ်ရင်းပြောလာခဲ့သည်။

"မရှိပါဘူး"

လူဖြူအမျိုးသားနှင့်လူမဲအမျိုးသားတို့မှာတော့ သက်ပြင်းသာချနိုင်တော့သည်။

"ကျွန်တော်တို့လည်းမရှိပါဘူး"

"ကန့်ကွက်တဲ့လူမရှိဘူးဆိုမှတော့ စီစဉ်စရာရှိတာစီစဉ်လိုက်တော့ ဒီကိစ္စကိုစစ်ဘုရင်အန်းကအပြည့်အဝတာဝန်ယူစီစဉ်ရမယ်လို့စစ်နတ်ဘုရားကပြောလိုက်တယ်"

အသိဉာဏ်ရှိသောအရာမှာပြောလာခဲ့သည်။

စစ်ဘုရင်အန်းမှာခေါင်းညိတ်ကာပြန်လည်ဖြေကြားလာခဲ့သည်။

"စိတ်ချပါ စီနီယာစစ်နတ်ဘုရားပြောတဲ့အတိုင်း ကျွန်တော်လုပ်မှာပါ"

စကားဆုံးသည်နှင့် အသိဉာဏ်ရှိသောအရာမှာပျောက်ကွယ်သွားခဲ့သလို ကျန်လူများသည်လည်းသက်ပြင်းချပြီးကျန်ရစ်ခဲ့ကြသည်။

လူဖြူအမျိုးသားနှင့်လူမဲအမျိုးသားတို့မှာ ဤကမ်းလှမ်းမှုသည်အနည်းငယ်မြင့်နေသလိုခံစာနေရဆဲဖြစ်သော်လည်း စစ်နတ်ဘုရားများမှသဘောတူလိုက်ချိန်တွင် သူတို့လည်းဘာမှမပြောနိုင်တော့ပေ။

"လာမီရာ စိတ်ချပါစစ်နတ်ဘုရားတွေဒီလိုလုပ်ရတဲ့အကြောင်းအရင်းက ထူးခြားတဲ့ပါရမီပါတဲ့သိုင်းပညာရှင်တွေကိုပျိုးထောင်ချင်လို့ပဲ ကျွန်တော်တို့လူသားမျိုးနွယ်ရဲ့တိုက်ခိုက်ရေးစွမ်းအားကအခုအရမ်းမြင့်နေတယ် အထွတ်အထိပ်အဆင့်သိုင်းပညာရှင်တွေအများကြီးရှိတယ် တကယ်လို့အနောက်တိုင်းမှာ ‌ဒီလိုပါရမီရှင်တွေရှိရင်လည်း စစ်နတ်ဘုရားသာတွေကညသူတို့အတွက်နှမြောမှာမဟုတ်ပါဘူး"

စစ်ဘုရင်အန်းမှပြုံးကာပြောလိုက်သည်။

သို့သော် လာမီရာနှင့် လူမဲအမျိုးသားမှာမူသက်ပြင်းသာချနိုင်တော့သည်။

....................................................................................

အခန်း(၄၇၉) ပြီးပါပြီ။

အခန်း (၄၈၀) : ဆင့်ခေါ်ခြင်း

စစ်နတ်ဘုရားတပ်ရင်းတွင် ချန်းယန်မှာရေမိုးချိုးမနက်စာစားပြီးနောက် ပြေးရန်ထွက်လာခဲ့လိုက်သည်။

ဤအကျင့်သည်သူမငယ်စဉ်ကတည်းကအကျင့်ဖြစ်သည်။ သူမလိုသိုင်းပညာရှင်တစ်ယောက်အတွက် ပြေးခြင်းသည်ရုပ်ပိုင်းဆိုင်ရာသက်ရောက်မှုလုံးဝမရှိသော်ငြား သူမ၏ဆရာဖြစ်သူ သူမအားပြောပြခဲ့သည်မှာ သာမန်ပြေးခြင်းသည်ခန္ဓာကိုယ်အားလေ့ကျင့်ပေးခြင်းမဟုတ်ဘဲ စိတ်အားလေ့ကျင့်ပေးခြင်းသာဖြစ်သည် ဟူသောစကားဖြစ်သည်။

ပြေးခြင်းသည်သူမအားစိတ်ရှည်တတ်ရန်လေ့ကျင့်ပေးခဲ့သည်။

တစ်ခါတစ်ရံ စိတ်စွမ်းအားမှာပါရမီထက်ပင်ပို၍အရေးပါပေသည်။

ထို့ကြောင့်နှစ်ပေါင်းကြာရှည်သည့်တိုင် ချန်းယန်မှာဤအကျင့်အားမရမကမွေးမြူထားခြင်းဖြစ်သည်။ နေ့တစ်နေ့တွင်သူမသဘောအကျဆုံးအချိန်မှာလည်းမနက်စာစားသောက်ပြီး ပြေးရန်ထွက်လာရသည့်အချိန်သာဖြစ်သည်။

သို့သော်ထိုအချိန်တွင် သူမ၏ဆက်သွယ်ရေးကိရိယာမှာအသံမြည်လာခဲ့သည်။ သူမသည်အလျင်အမြန်ပင်ဖုန်းကိုင်လိုက်ပြီးနောက်ခေတ္တမျှ အံ့ဩသွားခဲ့သည်။

"ဒါ....ဒါစစ်ဘုရင်အန်းပဲ"

ချန်းယန်၏မျက်နှာတွင်ချက်ချင်းပင်လေးစားသောအမူအရာမျိုးပေါ်လာခဲ့ပြီး အလျင်အမြန်ပင်ဆက်သွယ်ရေးကိရိယာနှင့်ချိတ်ဆက်လိုက်သည်။

"စစ်ဘုရင်အန်း မင်္ဂလာပါ'

"ချန်းယန် ကျိုးဟောင်ကိုဒီခေါ်လာဖို့ချက်ချင်းစီစဉ်လိုက်"

စစ်ဘုရင်အန်းမှာအချိန်ဖြုန်းမနေဘဲ ချက်ချင်းပင်ပြောလိုက်သည်။

"သိပါပြီ"

ချန်းယန်မှာ ထိုစကားအားကြားပြီးချက််ချင်းစိတ်လှုပ်ရှားသွားခဲ့သည်။

ဤစစ်ဘုရင်အန်း၏ဩဇာမှာ နယ်နယ်ရရမဟုတ်ပေ။ သူတို့ကျိုးဟောင်အားကမ်းလှမ်းမည့်ကမ်းလှမ်းမှုမှာအလွန့် အလွန်မြင့်မည်မှာသိသာလှပေသည်။

ဖုန်းချပြီးနောက် ချန်းယန်မှာပြုံးလိုက်သည်။

"အထက်လူကြီးတွေကတကယ့်ကိုကျိုးဟောင်ကိုသတိထားမိသွားတာပဲ ကျိုးဟောင်ကိုဆွဲခေါ်ချင်နေတဲ့အဖွဲ့အစည်းတွေဒီလောက်များနေတာ စစ်နတ်ဘုရားတပ်ရင်းကသေချာပေါက်ဘာမှမလုပ်ဘဲထိုင်နေမှာမဟုတ်ဘူး ဘယ်လိုပဲဖြစ်ဖြစ် တစ်လအတွင်း ထိပ်ဆုံး ၁၀၀ထဲဝင်နိုင်တဲ့ပါရမီရှင်ပေါ်လာပြီးကတည်းကခုထိဆို နှစ်တွေအများကြီးကြာနေပြီ"

"စစ်နတ်ဘုရားတပ်ရင်းတစ်ခုလုံးမှာ အဲဒီလိုအကျော်အမော်လူတွေ များများစားစားမရှိဘူး ကျိုးဟောင်လည်းဒီအကျော်အမော်တွေထဲကတစ်ယောက်ဖြစ်လာပြီ"

ချန်းယန်မှာအထက်လူကြီးများ ကျိုးဟောင်အားသတိပြုမိသည်ကိုမအံ့ဩဘဲ အလွန်သာမန်ဆန်သည်ဟုသာတွေးနေပေသည်။

သို့သော်စစ်ဘုရင်အန်းကိုယ်တိုင် ကျိုးဟောင်အားရှာသည်ဟူသော အချက်ကြောင့်အတော်လေးအံ့ဩသွားခဲ့ရသည်။

ဤစစ်ဘုရင်အန်းသည် မည်ကဲ့သို့သောပုဂ္ဂိုလ်မျိုးမလို့နည်း။ သူသည်စစ်နတ်ဘုရားများပြီးပါက ဒုတိယအာဏာအရှိဆုံးအကြီးအကဲတစ်ယောက်ဖြစ်သည်။

သူသည်စစ်နတ်ဘုရားများနှင့်ယှဉ်ပါက အနည်းငယ်သာနိမ့်ကျမည်ဟုဆိုပါက အနည်းငယ်ချဲ့ကားပြောရာကျမည်မှာတော့ သေချာပေါက်ပင်ဖြစ်သည်။ သို့သော်ကျိုးဟောင်၏ကိစ္စအားကိုင်တွယ်ရန်အတွက်မူ အရည်အချင်းပြည့်မှီတာထက်ပင် ပိုသေးပေသည်။

ချန်းယန်မှာတွေဝေမနေဘဲ အလျင်အမြန်ပင်ကျိုးဟောင်ထံဖုန်းခေါ်လိုက်သည်။

သို့သော်အကြိမ်အနည်းငယ်ခေါ်သည့်တိုင် ကျိုးဟောင်မှာဖုန်းမကိုင်ပေရာ ချန်းယန်မှာမျက်မှောင်ကြုတ်သွားခဲ့သည်။

"ဒီကောင်စုတ်လေး ဘာလုပ်နေတာလဲ"

သူမသည်ပြောရင်း တွေဝေမနေဘဲကျိုးဟောင်၏အိမ်တော်ရှိရာသို့ ချက်ချင်းပင်လမ်းလျှောက်သွားလိုက်သည်။

ချန်းယန်ဗီလာသို့ရောက်သွားချိန်တွင် လော့လီနှင့်စုန့်ခွင်းမှာယခုမှအိပ်ရာနိုးစဖြစ်ကာ မနက် ၆နာရီသာရှိသေးပေသည်။ သူမတို့နှစ်ယောက်လုံးသည်လည်း အအိပ်မက်သူများဖြစ်ကြသည်။

"ကျိုးဟောင် ဘယ်မှာလဲ ငါသူ့ကိုဖုန်းခေါ်ကြည့်ပြီးပြီ သူဘာလို့မကိုင်တာလဲ"

ချန်းယန်မှာလော့လီအားမြင်သောအခါ ချက်ချင်းပင်မေးလိုက်သည်။

"နည်းပြချန်း နည်းပြရဲ့အဲဒီတပည့်က မနက်အစောကြီးအောက်ကအဲဒီလေ့ကျင့်ရေးအခန်းထဲမှာလေ့ကျင့်နေလောက်တယ် နည်းပြမသိဘူး သူကတကယ့်ကိုအရူးတစ်ယောက် မနက်ဆိုအစောကြီးထလေ့ကျင့်ပြီးညဆိုအရမ်းနောက်ကျမှအိပ်တယ် သူ့ရဲ့သိုင်းပညာရှင်ခန္ဓာကိုယ်ကြောင့်သာမဟုတ်ရင် အစောကြီးကတည်းကခံနိုင်မှာမဟုတ်ဘူး"

လော့လီမှပြောလိုက်သည်။

"ညီလေးကျိုးကတကယ်ကြိုးစားတယ် သူကသေချာပေါက်အသိအမှတ်ပြုခံရသင့်တယ် အခုမှသာကြိုးစားတဲ့ပါရမီရှင်ဆိုတဲ့အဓိပ္ပာယ်ကိုကျွန်တော်သဘောပေါက်လာတာ"

စုန့်ခွင်းသည်လည်း ကျိုးဟောင်အားချီးကျူးနေပေသည်။

"အို တကယ်လား ဟဟ စုန့်ခွင်းကတောင်ဒီလိုပြောတယ်ဆိုတော့ ကြည့်ရတာဒီကျိုးဟောင်က တကယ့်ကိုမဆိုးဘူးပဲ"

ချန်းယန်မှာထိုစကားများအားကြားပြီးနောက်ပြုံးကာအောက်ထပ်သို့ဆင်းခဲ့လိုက်သည်။

တကယ်ပင် သူမအောက်ရောက်ရောက်ချင်းပင် အသံလုံစနစ်ပါရှိသော်ငြား လက်သီးထိုးသံများအားကြားနေရပေသည်။

အထဲတွင်သေနတ်ပစ်နေလျှင်ပင် ဘာမှကြားရမည်မဟုတ်ပေ။

ချန်းယန်မှာလမ်းလျှောက်ဝင်လာပြီးနောက် ကျိုးဟောင်လေ့ကျင့်နေသည်ကိုတွေ့ကာပြုံးလိုက်သည်။

"ကျိုးဟောင်"

ချန်းယန်မှာတံခါးဘဲလ်အားတီးလိုက်သည်။ ဤမြေအောက်ခန်းမှာအလွန်အဆင့်မြင့်သောဖန်ဖြင့်ပြုလုပ်ထားပြီး အလွန်ခိုင်ခံ့ကာအသံလုံပေသည်။ အတွင်းဘက်ကိုလည်း ကြည်ကြည်လင်လင်မြင်ရပေသည်။

ကျိုးဟောင်မှာအသံကြား၍လှည့်ကြည့်လိုက်ပေရာ ချန်းယန်အားမြင်လိုက်ရချိန်တွင် ကြက်သေသေသွားခဲ့သည်။

ကျိုးဟောင်မှာချန်းယန်မနက်အစောကြီး ဘာကြောင့်သူ့အားလာရှာမှန်းမသိသော်လည်း လက်အားလက်ကိုင်ပုဝါဖြင့်သုတ်ပြီးလေ့ကျင့်ရေးအခန်းအပြင်သို့ထွက်လာခဲ့လိုက်သည်။

"နည်းပြချန်း ဒီလောက်အစောကြီးဘာလို့ဒီရောက်လာတာလဲ"

ကျိုးဟောင်မှာတစ်ကိုယ်လုံးချွေးများထွက်နေပေသည်။

"အင်း မင်းကတကယ်ကြိုးစားတာပဲ ငါ့ဖုန်းတောင်မကိုင်ဘူး ဒီတော့ကိုယ်တိုင်လိုက်လာရုံပဲရှိတာပေါ့"

ချန်းယန်မှစိတ်ဆိုးစွာပြောလိုက်သည်။

"အာ....တောင်းပန်ပါတယ် တောင်းပန်ပါတယ် မနေ့ညကဖုန်းအားမသွင်းလိုက်ရလို့ အခုသွင်းထားတာ တောင်းပန်ပါတယ်ဆရာမ ကျွန်တော့်ကိုဘာလို့ရှာတာလဲ"

ကျိုးဟောင်မှအလျင်အမြန်ပင်မေးလိုက်သည်။

"အရင်ရေသွားချိုးလိုက် ငါပထမထပ်မှာစောင့်နေမယ် အဝတ်အစားသန့်သန့်ပြန့်ပြန့်လေးဝတ်ခဲ့"

ချန်းယန်မှာပြောရင်းအပေါ်ထပ်သို့တက်သွားခဲ့သည်။ ချန်းယန်ဘာလုပ်လိုမှန်းကျိုးဟောင်မသိသော်ငြား စကားနားထောင်ကာ ရေအလျင်အမြန်ချိုးလိုက်သည်။

"ဟင်း ကျွန်မရဲ့ဂျူနီယာမောင်လေးကတကယ်ကြိုးစားတယ် ကြည့်ရတာထိပ်ဆုံး ၅၀ ဒါမှမဟုတ် ၂၀ထဲဝင်ဖို့ဆို တစ်နှစ်တောင်မကျော်လောက်ဘူး သူနဲ့ယှဉ်ရင်ငါကအမှိုက်ပဲ"

လော့လီမှာခါးထောက်ပြောနေပေရာသူမ၏လက်ရာမြောက်သောခန္ဓာကိုယ်မှာပေါ်လွင်နေပြီး အလွန်ဆွဲဆောင်မှုရှိပေသည်။

"မင်းသာအလှပြင်တာလျှော့ပြီး ဒီထက်ပိုကျင့်ကြံရင် မင်းလည်းထိပ်ဆုံး ၅၀ ထဲပါနိုင်တယ်"

ချန်းယန်မှာချက်ချင်းပင်ထပြောလိုက်သည်။

အာ အဲဒါတော့မဖြစ်ဘူး ကျွန်မကရုပ်ရည်ကိုပိုပြီးဂရုစိုက်တယ် တကယ်လို့အလှပေးမပြင်ရင် ကျွန်မလည်းသေချာပေါက်အိမ်ထဲကမထွက်ဘူး"

လော့လီမှချက်ချင်းပြန်ပြောလိုက်သည်။

"ဟဟနည်းပြချန်းမသိလို့ အဲဒီလော့လီကအမြဲတမ်းအဝတ်အစားလှတာ‌တွေဝယ်ပြီး မှန်ပဲကြည့်နေတာ"

စုန့်ခွင်းမှလော့လီအကြောင်းအားဖောက်သည်ချတော့သည်။

"ဟမ့် လှချင်တော့ဘာဖြစ်လဲ"

လော့လီမှစုန့်ခွင်းအား မကြည်ကြည့်ကြည့်ကာပြောလိုက်သည်။ ဤမြင်ကွင်းကွင်းအားကြည့်ကာ ချန်းယန်းသည်လည်းပြုံးနေခဲ့ပေသည်။

လော့လီမှာအလှကြိုက်သော်ငြား သူမ၏ပါရမီမှာအလွန်ကောင်းသည်ဟုဆိုနိုင်ပေသည်။ ထိပ်ဆုံးအယောက် ၁၀၀ ထဲတွင်မိန်းကလေးများများစာစားသိပ်မရှိပေ။ တကယ်တမ်းတွင်မိန်းကလေးအရေအတွက်မှာ ၃၀ရာခိုင်နှုန်းပင်မပြည့်ပေ။ သို့သော်လော့လီသည် ထိပ်ဆုံးအယောက် ၁၀၀ ထဲပါပေရာ ဤအချက်သည်သူမမည်မျှအရည်အချင်းရှိကြောင်း ရှင်းပြရန်လုံလောက်ပေသည်။

ထိုအချိန်တွင် ကျိုးဟောင်မှာရေချိုးပြီးအောက်သို့ဆင်းလာခဲ့သည်။ ချန်းယန်မှာကျိုးဟောင်အားကြည့်ကာပြောလိုက်သည်။

"ငါနဲ့လိုက်ခဲ့"

"အာ ဘယ်ကိုလဲ"

ကျိုးဟောင်မှကြောင်သွားကာမေးလိုက်သည်။

"လိုက်သာလိုက်ခဲ့စမ်းပါ ငါမင်းကိုလူကုန်ကူးတဲ့‌ဆီသွားရောင်းစားမှာလည်းမဟုတ်ဘူး"

ချန်းယန်မှာစိတ်ပျော်နေပေရာ ကျိုးဟောင်အားစလိုက်သည်။

ကျိုးဟောင်သည်လည်းပြုံးကာ ချန်းယန်နှင့်အတူဗီလာမှထွက်သွားခဲ့သည်။

အပြင်သို့ရောက်ပြီးနောက် ချန်းယန်မှာလမ်းလျှောက်ရင်းပြောလာခဲ့သည်။

"ငါဒီနေ့မင်းကိုသခင်ကြီးတစ်ယောက်နဲ့တွေ့ဖို့ခေါ်သွားမလို့"

"နည်းပြပြောတာက....."

ကျိုးဟောင်စဉ်းစားမိလိုက်သည်။ နည်းပြချန်းပြောသူမှာစစ်နတ်ဘုရားတပ်ရင်း၏ အထက်လူကြီးများသာဖြစ်ပေလိမ့်မည်။

"ဟုတ်တယ် မင်းတွေးသလိုပဲ ဒီတစ်ခေါက်မင်းတွေ့ရမဲ့လူက စစ်ဘုရင်အန်း! စစ်နတ်ဘုရားတပ်ရင်းရဲ့ စစ်ဘုရင် ၄ယောက်ထဲကတစ်ယောက်ပဲ"

ချန်းယန်၏စကားမှာကျိုးဟောင်အားလန့်သွားစေခဲ့သည်။

စစ်နတ်ဘုရားတပ်ရင်း၏အထက်လူကြီးများမှာ စစ်နတ်ဘုရားဖြစ်ကြောင်းကို သူသိထားပေသည်။

သို့သောအလုပ်အများစုအား စစ်ဘုရင် ၄ ယောက်ကသာလုပ်ပြီး ထိုစစ်ဘုရင်များသည်သေချာပေါက် အာဏာကြီးသောသခင်ကြီးများဖြစ်ကြသည်။

"စစ်ဘုရင်.....ဘုရားရေ....ဒါဆိုကျွန်တော်...ကျွန်တော်တစ်ခုခုပြင်သွားရမလား"

ကျိုးဟောင်မှာအနည်းငယ်စိတ်လှုပ်ရှားနေခဲ့သည်။ ဤပုဂ္ဂိုလ်သည်သာမန်မဟုတ်ဘဲ ခြေတစ်ချက်ဆောင့်ရုံဖြင့် စစ်နတ်ဘုရားတပ်ရင်းအားတုန်ခါသွားအောင်လုပ်နိုင်သောသခင်ကြီးတစ်ယောက်ဖြစ်သည်။

"စစ်နတ်ဘုရားတပ်ရင်းကအကြီးအကဲတွေ မင်းကိုလာရှာလိမ့်မယ်လို့ပြောခဲ့တာ ငါမင်းကိုမလိမ်ဘူးမလား ဒီအကြောင်းကြားစာကဒီနေ့မှပို့တာ ပြီးတော့ ပို့တဲ့လူကစစ်ဘုရင်အန်းပဲ ဒါဘယ်လောက်အရေးကြီးလဲဆိုတာ မင်းသဘောပေါက်တယ်မလား"

ချန်းယင်မှပြုံးကာပြောလိုက်သည်။

....................................................................................

အခန်း(၄၈၀) ပြီးပါပြီ။

All Chapters