အခန်း (၄၆၉-၄၇၁)
Vol. 32 Ch. 469-471
အခန်း (၄၆၉): အမှတ်ပေးဇယား
ထိုနံပါတ်များကိုကြည့်ရုံဖြင့် ဘယ်လောက်ကြောက်မက်ဖွယ်ကောင်းကြောင်းကျိုးဟောင်ခံစားမိလေသည်။
"ဒါ့ကြောင့် ငါတို့လူသားတွေရဲ့ဖြစ်နိုင်တဲ့အလားအလာကအတိုင်းအဆမရှိလို့ပြောတာပဲ။ ကျိုးဟောင်အခုမင်းက အဆင့်အောက်ဆုံးမှာဖြစ်ပြီး ကောင်းကင်မျှော်စင်မှာလည်းရမှတ် တမှတ်ပဲရှိသေးတယ်။တခြားသူတွေလည်း ကောင်းကင်မျှော်စင်ရမှတ်တမှတ်ပဲဆိုပေမဲ့ သူတို့က သန္ဓေပြောင်းသားရဲတွေကိုသတ်ထားတဲ့အမှတ်တွေရှိသေးတယ်။ ကျိုးဟောင်မင်းအနေနဲ့ နောက်ကောက်မကျချင်ဘူးဆိုရင်တော့ ကြိုးစားဖို့လိုလိမ့်မယ်"
" ရှေ့လျောက်မင်းအနေနဲ့ တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တွေမှာ တောနက်ဧရိယာထဲသွားပြီး သန္ဓေပြောင်းသားရဲတွေကိုအမဲလိုက်ရမယ်။ အင်္ဂါ ၊ကြာသပတေးနဲ့စနေနေ့တွေမှာတော့ လေ့ကျင့်ရေးစခန်းမှာနေပြီး လေ့လာရမယ်။ တနင်္ဂနွေနေ့ကျရင်တော့ ငါမင်းကို တဦးချင်းသင်ကြားပြသပေးမယ် နားလည်လား"
ချန်းယန်ကကျိုးဟောင်အားကြည့်ပြီးပြောလိုက်လေသည်။ကျိုးဟောင်ကလည်းခေါင်းညိတ်ပြလိုက်လေသည်။ ဒီကိစ္စအပေါ်သူ့အနေနှင့်ဘာမှပြောစရာမရှိပေ။
ခဏလောက်လေ့ကျင့်ပြီးနောက် ကျိုးဟောင်မှာ သူ့အခန်းဆီသို့ပြန်လာခဲ့လေသည်။ထို့နောက်သူစာဖတ်သည့်နေရာတွင် ထိုင်ရင်းသူ့အမှတ်ပေးဇယားအားကြည့်နေလေသည်။
"စစ်နတ်ဘုရားတပ်ရင်းရဲ့အမှတ်ပေးဇယားမှာ အဆင့်တစ်ရသူက ရှေးဟောင်းအပျက်အစီးလေ့ကျင့်ရေးပစ္စည်းနဲ့ နာရီ၁၂၀လေ့ကျင့်ခွင့်"
"အဆင့်နှစ်ရသူက ရှေးဟောင်းအပျက်အစီးလေ့ကျင့်ရေးပစ္စည်းနဲ့ နာရီ၁၀၀လေ့ကျင့်ခွင့်"
"အဆင့်သုံးရသူက ရှေးဟောင်းအပျက်အစီးလေ့ကျင့်ရေးပစ္စည်းနဲ့ နာရီ၉၀လေ့ကျင့်ခွင့်"
"အဆင့် ၁၁ကနေ ၂၀အတွင်းရသူက ရှေးဟောင်းအပျက်အစီးလေ့ကျင့်ရေးပစ္စည်းနဲ့ ၄၈နာရီလေ့ကျင့်ခွင့်"
"အဆင့် ၂၀ကနေ ၃၀အတွင်းရသူက ရှေးဟောင်းအပျက်အစီးလေ့ကျင့်ရေးပစ္စည်းနဲ့ ၄၂နာရီလေ့ကျင့်ခွင့်"
"အဆင့် ၃၀ကနေ ၄၀အတွင်းရသူက ရှေးဟောင်းအပျက်အစီးလေ့ကျင့်ရေးပစ္စည်းနဲ့ ၃၆နာရီလေ့ကျင့်ခွင့်"
"အဆင့် ၄၀ကနေ ၅၀အတွင်းရသူက ရှေးဟောင်းအပျက်အစီးလေ့ကျင့်ရေးပစ္စည်းနဲ့ နာရီ၃၀လေ့ကျင့်ခွင့်"
"အဆင့် ၂၀၀နဲ့အထက်ရသူက ရှေးဟောင်းအပျက်အစီးလေ့ကျင့်ရေးပစ္စည်းနဲ့ ၁နာရီလေ့ကျင့်ခွင့်"
ထိုအရာများကို ကြည့်ရင်းကျိုးဟောင်မှာ သူ့အဆင့်က ၂၀၀အထက်တွင်ရှိနေသောကြောင့်လေ့ကျင့်ရေးပစ္စည်းကို ၁နာရီသာအသုံးပြုခွင့်ရကြောင်းသဘောပေါက်လေသည်။
"ဟူးး ဒီအမှတ်ပေးစနစ်ကတကယ်စိတ်ညစ်စရာပဲ။ ဇယားထိပ်ပိုင်းကလူတွေက တနေ့ကို ၄နာရီလေ့ကျင့်ခွင့်ရတာပဲ။ သူတို့အမဲလိုက်ထွက်တဲ့နေ့ရယ် ကောင်းကင်မျှော်စင်ထဲမှာလေ့ကျင့်တဲ့နေ့တွေကို ပါ ထည့်မတွက်ဘူးဆိုရင် တနေ့ကို ၈နာရီလေ့ကျင့်ခွင့်ရတာပဲ"
"သူတို့ရဲ့ကျင့်ကြံရေးတွေကအလွန်ကိုတိုးတက်လာမှာပဲ ဟူး...ဒါကတကယ့်ကိုမနာလိုစရာကောင်းတာပဲ"
ကျိုးဟောင်မှာ သက်ပြင်းချရင်းမချိတင်ကဲဖြစ်နေလေသည်။
မကြာမီ ကျိုးဟောင်မှာတောနက်ဧရိယာထဲသွားသည့်ကျောင်းသာူအဖွဲ့နှင့်လိုက်ကာ သန္ဓေပြောင်းသားရဲများအားစတင် အမဲလိုက်လေသည်။
ထိုသန္ဓေပြောင်းသားရဲများမှာ စစ်နတ်ဘုရားတပ်ရင်း ၏မြို့ထဲတွင်မဟုတ်ပေ။ ဒီမှာတကယ့်ကိုစွမ်းအားကြီးမားသောနေရာဖြစ်သောကြောင့် မည်သူ့သန္ဓေပြောင်းသားရဲမှ မချဉ်းကပ်ဝံ့ပေ။
၎င်းတို့မှာ စစ်နတ်ဘုရားတပ်ရင်းနှင့် သိပ်မဝေးသောမြို့ငယ်လေးအနားတွင်သာရှိကြလေသည်။ ဒီတခေါက်ကျိုးဟောင်နှင့် အခြားသူများမှာ မြို့အမှတ်၀၁၇သို့ရောက်လာကြလေသည်။
ထိုမြို့၏အပြင်ဘက်ဧရိယာများမှာ မူလခေါင်းလောင်းသဏ္ဌာန်ကျောက်တုံးနှင့် နီးကပ်လေသည်။ ထိုနေရာသည် သန္ဓေပြောင်းသားရဲများကျက်စားသည့်နေရာအဖြစ်နာမည်ကြီးလေသည်။ဒါ့ကြောင့် ကျောင်းသားများအတွက် ထိုနေရာမှာ အမဲလိုက်ခြင်းလေ့ကျင့်ရန်အထင်ကရနေရာတခုဖြစ်လေသည်။
သို့သော်ထိုနေရာသို့၀င်ရောက်စည်းမျဉ်းအချို့အားလိုက်နာရပေသည်။
ပထမစည်းမျဉ်း : ကျောင်းသားများအနေဖြင့်တဦးနှင့်တဦးတိုက်ခိုက်ခြင်း သတ်ဖြတ်ခြင်းမပြုလုပ်ရ။
ဒုတိယစည်းမျဉ်း : ကျောင်းသားများအနေဖြင့် အမှတ်များစုဆောင်းရန်ပိုက်ဆံသုံးစွဲခွင့်မရှိ။
တတိယစည်းမျဉ်း : ကျောင်းသားများအနေဖြင့်ညွှန်ကြားချက်များအားလိုက်နာရမည်။
ထိုစည်းမျဉ်းများမှာ ကျောင်းသားများ၏ဘေးကင်းလုံခြုံရေးအတွက် ထုတ်ထားခြင်းဖြစ်လေသည်။မဟုတ်ပါက ဒီနေရာသည်အလွန်အန္တရာယ်များသောကြောင့် ကျောင်းသားများထိခိုက်ပျက်စီးရန်လွယ်ကူလေသည်။
ပထမနှင့်တတိယစည်းမျဉ်းများမှာ ရိုးရှင်းပြီးနားလည်ရလွယ်ကူပေသည်။ မလိုလားအပ်သောတိုက်ခိုက်ခြင်းမျိုးနှင့် မလိုမလားအပ်သော ထိခိုက်မှုတို့မဖြစ်စေရန်ဖြစ်လေသည်။
သို့သော် ကျိုးဟောင်အနေဖြင့်ဒုတိယစည်းမျဉ်းအပေါ်ဇဝေဇဝါဖြစ်နေလေသည်။ စစ်နတ်ဘုရားတပ်ရင်းရှိကျောင်းသားများမှာ ချမ်းသာသောမိသားစုမှပါရမီရှင်များပါ၀င်သောကြောင့် အထက်အရာရှိများက ထိုကဲ့သို့သတ်မှတ်ထားလေသလား။ကျိုးဟောင်မှာ ဆက်စဉ်းစားမနေတော့ပဲ ဓားသွားတချက်နှင့်အတူ ပထမမြောက်မူလအဆင့်သားရဲအား တွေဝေခြင်းမရှိသတ်လိုက်လေသည်။
ထိုသားရဲများကို သတ်ခြင်းက သူ့အတွက် အလွန်လွယ်ကူလှပေသည်။ ရှင်းရှင်းပြောရလျှင်ဓားချက်တချက်တည်းဖြင့် ထိုသားရဲများအားလုံးကို သတ်ပစ်လိုက်နိုင်လေသည်။
ဒီရက်များထဲတွင် ကျိုးဟောင်မှာ ကျောင်းသားများနှင့်အတူ သန္ဓေပြောင်းသားရဲများကိုအမဲလိုက်လိုက် စခန်းတွင်လေ့ကျင့်လိုက်နှင့်အေးဆေးဖြတ်သန်းနေလေသည်။
ညရောက်သောအခါ ကျိုးဟောင်မှာ စာကြည့်စားပွဲတွင်ထိုင်ရင်း ရှုလင်ဆီ ဗီဒီယိုကောလ် ခေါ်လိုက်လေသည်။
စစ်နတ်ဘုရားတပ်ရင်းမှာကျောင်းသားများအား ပြင်ပနှင့်ဆက်သွယ်ခွင့်ပေးထားပြီး ကန့်သတ်ချုပ်ချယ်ထားခြင်းမရှိပေ။
ဒါသည် စစ်နတ်ဘုရားတပ်ရင်း၏အစီအစဉ်တခုဖြစ်လေသည်။ စစ်မှန်သောပညာရှင်များမှာ ကန့်သတ်ထိန်းချုပ်ထားစရာမလိုဘဲ မိမိကိုယ်ကိုယ်အားကိုးကာ ကြိုးစားလိုစိတ်ရှိကြလေသည်။စစ်နတ်ဘုရားတပ်ရင်းမှာ တိုးတက်ရေးအတွက် အထောက်အပံ့ပေးရုံသာဖြစ်ပြီး တကယ်တိုးတက်မှုကတော့ ကိုယ်ကိုယ်တိုင်အပေါ်တွင်သာမူတည်လေသည်။
"ကျိုးဟောင် နင့်ကြည့်ရတာပိန်သွားသလိုပဲ စစ်နတ်ဘုရားတပ်ရင်းက တကယ့်ကိုခက်ခဲကြမ်းတမ်းလို့လား"
ရှုလင်က ဖန်သားပြင်ပေါ်မှ ကျိုးဟောင်မျက်နှာလေးအားကြည့်ပြီးပြောလိုက်လေသည်။
"ဟုတ်တယ် နည်းနည်းတော့ခက်ခဲတယ် ဒါပေမဲ့အရမ်းမဆိုးပါဘူး ငါလုပ်နိုင်ပါတယ်"
ကျိုးဟောင်ကပြုံးပြီးပြောလိုက်သည်။
"တကယ်လား"
ရှုလင်ကစိုးရိမ်နေလေသည်။
"မင်းမျက်နှာလေးမြင်နေရသရွေ ကိုယ်အားပြန်ပြည့်ပါတယ်"
ကျိုးဟောင်က အရွှန်းဖောက်လိုက်လေသည်။
"ဟမ်... ရှင်ကလေ ပိုပိုပြီးဟာသတွေလုပ်လာနိုင်တာပဲ"
ရှုလင်က နှုတ်ခမ်းလေးဆူပြီးပြောလိုက်လေသည်။သို့သော် ကျိုးဟောင်မှာ သူ့အတွက်ကြိုးစားနေမှန်းသဘောပေါက်လေသည်။
"ရှင်တို့ဆီမှာ အမှတ်ပေးစနစ်ရှိတယ်လို့ကြားတယ် အဲ့မှာ ပါရမီရှင်တွေချည်းပဲဆိုတော့အဆင်ပြေရဲ့လား။ ကျောင်းတုန်းကတော့ လေ့ကျင့်ရေးစခန်းတွေမှာတုန်းကရော ရှင်က အမှတ်ပေးဇယားထိပ်ဆုံးမှာနေခဲ့တဲ့သူလေ အခုပါရမီရှင်တွေချည်းပဲရှိတဲ့နေရာရောက်နေတော့ဘယ်လိုလဲ ဖိအား၀င်နေပြီလား"
ရှုလင်ကစလိုက်လေသည်။
"တကယ်တော့ ဒီနေရာမှာ ပါရမီရှင်တွေချည်းပဲရှိတာမို့ ထိပ်ဆုံးအဆင့်တွေရောက်ဖို့ကမလွယ်ဘူး။ ကိုယ်အနိုင်ယူခဲ့တဲ့ပေါလ်က ဒီကိုရောက်တာ နှစ်၀က်လောက်ရှိတာတောင်မှာ အဆင့် ၂၀၀ပဲရှိသေးတယ်။လူသစ်တွေအနေနဲ့အဆင့်တက်ဖို့ကတကယ်ကိုမလွယ်ဘူး။ ဒါပေမဲ့ ကိုယ်ကအဆင့်၁၈၀ထဲတော့၀င်လာပါပြီ ဟီးဟီး...."
ကျိုးဟောင်ကရယ်ပြီးပြောလိုက်လေသည်။
"ဒီလိုဆို ရှင်ကတကယ်အထင်ကြီးစရာပဲ။ အဲ့ကိုရောက်တာလ၀က်လောက်ပဲရှိသေးပေမဲ့ အဆင့်၁၈၀ထဲကို၀င်နိုင်ခဲ့တာပဲ။ ဒါဆိုရှင်ကလူ၂၅၀လောက်ကိုကျော်ဖြတ်ခဲ့ပြီး ရှင့်စီနီယာတွေလည်းပါမှာပဲ ဒါဆို သူတို့အပေါ်ကျရောက်နေတဲ့ဖိအားကလည်းကြီးမှာပဲ"
ရှုလင်ကချီးကျူးနေလေသည်။
"ဟီးဟီး အဲ့လိုပဲဆိုပါတော့ ဒါပေမဲ့တချို့လူတွေရဲ့အင်အားက အကန့်အသတ်ရှိတယ်။ သူတို့ဘယ်လောက်ပဲတိုးတက်ချင်ပါစေ သူတို့နေရာတခုရောက်သွားတဲ့အချိန်မှာ ရှေ့ဆက်တက်ဖို့မလွယ်ကူတော့ဘူး။ ကိုယ့်အနေနဲ့ အဆင့်၁၈၀အတွင်း၀င်နိုင်ဖို့ သန္ဓေပြောင်းသားရဲအတော်များများကိုသတ်ခဲ့ရတယ်။ ဒါကတကယ့်ကိုခက်ခဲတယ်"
ရှုလင်မှာ ရင်ထဲစူးကနဲခံစားလိုက်ရလေသည်။
"ရှင်ကတကယ့်ကိုအထင်ကြီးစရာကောင်းနေပါပြီ။ အရမ်းအလွန်အကျွံလုပ်ပြီး ကိုယ့်ကိုယ်ကိုဖိအားမပေးနဲ့ဦး။ ငါသိထားသလောက်တော့ ရှင်က လူသစ်တွေထဲမှာဆိုရင် ဒုတိယနေရာမှာရှိတယ် နောက်လဆို ရှင်အဆင့်၁၅၀ထဲအထိ၀င်နိုင်တဲ့အခွင့်အရေးရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပဲ"
....................................................................................
အခန်း (၄၆၉) ပြီးပါပြီ။
အခန်း (၄၇၀): နောက်ထပ်စိန်ခေါ်မှု
"ဒီမှာကအဲ့လိုယူဆလို့မရဘူး ကိုယ်တို့ရှေ့ကိုဆက်မတိုးရင်နောက်ကောက်ကျန်ခဲ့မှာဖြစ်ပြီး နောက်လူတွေကကျော်တက်သွားလိမ့်မယ်"
ကျိုးဟောင်ကအလျင်အမြန်ရှင်းပြလိုက်သည်။
"ကောင်းပြီ ကောင်းပြီ အနားယူဖို့သာမမေ့နဲ့သဘောပေါက်လား ငါနဲ့စကားပြောချင်လို့ရှိရင် အချိန်မရွေးဆက်သွယ်နော်"
ရှုလင်ကရှက်သွေးဖြာရင်းပြောလိုက်သည်။ထို့နောက်သူတို့နှစ်ယောက်မှာ အချိန်အတော်ကြာသည်အထိစကားပြောနေခဲ့လေသည်။
ကျိုးဟောင်မှာလက်ရှိတွင် ကောင်းကင်မျှော်စင်၌ အမှတ်၁မှတ်ရရှိထားပြီဖြစ်ပြီး သူကြိုးစားပါကအမှတ်များတက်လာမည်ဖြစ်လေသည်။လက်ရှိတွင် ကောင်းကင်မျှော်စင်အမှတ် ၂အထိမရှိသေးတောင်မှ ၁.၃ဟူသောရလဒ်အထိရှိလာလေပြီ။ ဒါသည်တိုးတက်လာသည်ဟုပင်ဆိုနိုင်ပေသည်။ကျိုးဟောင်လည်းထိုရလဒ်အပေါ်ကျေနပ်နေပေသည်။
ကျိုးဟောင်မှာ အ၀တ်အစားပြန်၀တ်ပြီးနောက်ထပ်မံ လေ့ကျင့်ရန်ပြင်ဆင်နေလေသည်။ သူအောက်ထပ်သို့ဆင်းလာချိန်တွင်လော့လီပြန်ရောက်လာသည်ကိုတွေ့လိုက်ရလေသည်။
"ဘယ်သွားမလို့လဲ ဂျူနီယာမောင်လေး တခုခုသွားစားမလို့လား"
လော့လီကပြုံးပြီးမေးလိုက်လေသည်။
"ကျွန်တော်စားခဲ့ပြီးပါပြီ အစ်မလော့လီ"
ကျိုးဟောင်ကပြန်ဖြေလိုက်သည်။
"ဂျူနီယာမောင်လေး ငါမင်းရဲ့ အဆင့်သတ်မှတ်ချက်ကိုတွေ့လိုက်တယ် တကယ့်ကိုအထင်ကြီးစရာပဲ။ ငါပထမနှစ်တုန်းကဆို အဆင့် ၂၀၀အတွင်း၀င်နိုင်ဖို့ဘယ်လောက်ကြိုးစားခဲ့ရလဲဆိုတာမင်းမသိပါဘူး"
"မင်းလက်ရှိရောက်နေတဲ့အဆင့်ကိုရောက်ဖို့ငါ့အတွက်အချိန်တနှစ်ယူခဲ့ရတယ်။ အခုဆို အချိန်၂နှစ်ကုန်သွားတာတောင်မှာ ငါအဆင့်၁၀၀အတွင်းပဲ၀င်သေးတယ်။ မင်းခုလိုကြိုးစားပုံနဲ့ဆို နှစ်၀က်အတွင်း အဆင့်၁၀၀ထဲကိုရောက်သွားလိမ့်မယ်လို့ငါပြောရဲတယ်"
လော့လီက ကျိုးဟောင်အားကျေနပ်နေသောအကြည့်ဖြင့်ကြည့်ရင်းပြောလိုက်လေသည်။
"နှစ်၀က်လား ဒါကအရမ်းကြာလွန်းတယ်ထင်တယ် နှစ်လအတွင်း အဆင့်၁၀၀ထဲ၀င်အောင်လုပ်မယ်"
ကျိုးဟောင်က ရည်မှန်းချက်တခုသတ်မှတ်ထား ကြောင်းပြောလိုက်လေသည်။သူ့အနေဖြင့် အချိန်မရွေးအဆင့်တက်လို့ရပေသည်။ သို့သော်သူ၏ခွန်အားအစစ်အမှန်အားမထုတ်ဖော်ပြလိုသေးပေ။
"ဘုရား ဘုရား ... နှစ်လအတွင်းဟုတ်လား ဒါကအရမ်းရူးမိုက်ရာမကျဘူးလား"
လော့လီကတုန်လှုပ်သွားလေသည်။
"ဟီးဟီး အစ်မလော့လီရေ အချိန်တွေကျပ်နေလို့ အစ်မနဲ့စကားအကြာကြီးပြောနေလို့မရဘူး။ ကျွန်တော်သွားပြီးလေ့ကျင့်လိုက်ဦးမယ်"
ကျိုးဟောင်ကပြောပြီးနောက်ဗီလာထဲမှထွက်ပြီး လေ့ကျင့်ရေးစခန်းဆီသို့သွားလေသည်။တလအတွင်းတွင် လူတိုင်းနီးပါးမှာ ကျိုးဟောင်ကပေါလ်အားအနိုင်ယူခဲ့သည့်ကိစ္စကိုသိသွားကြလေသည်။၁၀ဘီလီယံလောင်းကြေးကလူတိုင်း၏အာရုံကိုဖမ်းစားနိုင်ခဲ့လေသည်။ဒါ့အပြင်ကျိုးဟောင်မှာတစ်လမပြည့်ခင်ပင် အဆင့် ၁၈၀အတွင်း၀င်ရောက်နိုင်ခဲ့လေသည်။
ထိုအဓိပ္ပာယ်ကကျိုးဟောင်အနေဖြင့် သူတို့လက်ရှိအဆင့်ကိုရောက်ဖို့ အချိန်သုံးပုံတစ်ပုံသာလိုအပ်ကြောင်းပြသနေလေသည်။ဒါတွေအားလုံးကခန့်မှန်းခြေမဟုတ်ဘဲ တိကျသောအချက်အလက်များကဖော်ပြနေလေသည်။ ကျိုးဟောင်၏ကျင့်ကြံရေးမှာ သူတို့ထက်၃ဆပိုမြန်လေသည်။
"တကယ်လို့ငါ အဆင့်၁၀၀အတွင်း အမြန်ရောက်သွားရင် အနည်းငယ်တုန်လှုပ်သွားကြလိမ့်မယ် ဒါ့အပြင်မလိုလားအပ်တဲ့သံသယတွေလည်းအ၀င်ခံရနိုင်တယ် ငါ့အရှိန်ကိုနည်းနည်းပြန်လျော့ရမယ်"
ကျိုးဟောင်မှာ ကောင်းကင်မျှော်စင်သို့သွားရင်းတွေးနေလေသည်။ သူကောင်းကင်မျှော်စင်သို့ရောက်သွားသောအခါ အားလုံးက အံ့ဩစွာကြည့်နေကြလေသည်။
"အဲ့တာကျိုးဟောင်မှတ်လား သူဒီကိုအမှတ်တွေထပ်ယူဖို့လာတာလား"
"ဟုတ်လောက်တယ် အရင်တုန်းက သူ့ကောင်းကင်မျှော်စင်အမှတ်က ၁.၂ပဲရှိခဲ့တာ ဒါပေမဲ့ရက်ပိုင်းအတွင်း ၁.၃အထိတိုးတက်လာတယ် အရမ်းကိုမြန်တာပဲ"
"ဟုတ်တယ် ဒီကရတဲ့အမှတ်ကို သန္ဓေပြောင်းသားရဲတွေကိုသတ်လို့ရတဲ့အမှတ်နဲ့မြှောက်တာမို့လို့ မင်းအနေနဲ့ ၀.၁အမှတ်လောက်တက်လာတာနဲ့အမှတ်ပေးဇယားမှာ အဆင့်၁၀လောက်တက်သွားနိုင်တယ်"
သူတို့အားလုံးတုန်လှုပ်နေကြလေသည်။ ကျိုးဟောင်တယောက်ကောင်းကင်မျှော်စင်ဆီထပ်လာသည့်မပေါ် မယုံကြည်နိုင်ဖြစ်နေကြလေသည်။
ကောင်းကင်မျှော်စင်မှာ အလွယ်တကူစိန်ခေါ်လို့ရသည့်အရာမျိုးမဟုတ်ပေ။ အောင်မြင်နေအောင်လုပ်ဆောင်နေသရွေ့ကိစ္စမရှိသော်လည်း မအောင်မြင်ခဲ့ပါက အမှတ်များနှုတ်ယူခံရမည်ဖြစ်လေသည်။
လတိုင်းလတိုင်း အလကားစမ်းသပ်ခွင့်ကိုလူတိုင်းရကြပြီး အားလုံးကလည်း ထိုအချိန်ကိုသာစောင့်ဆိုင်းနေတတ်ကြလေသည်။
ကောင်းကင်မျှော်စင်မှာ အလွန်ခက်ခဲပြီး ကျောင်းသားများအလွယ်တကူကျော်ဖြတ်နိုင်သည့်စိန်ခေါ်မှုမျိုးမဟုတ်ပေ။တချို့ဆို တလလုံးနေတာတောင်မှ တမှတ်မရနိုင်ကြပေ။သို့သော်ကျိုးဟောင်မှာ ဒီလထဲတွင် ၃ကြိမ်မြောက်ရောက်လာခြင်းဖြစ်လေသည်။
ကျိုးဟောင်ကောင်းကင်မျှော်စင်အမှတ်မှာ အစတုန်းက ၁မှတ်သာရှိပြီး သူဒုတိယအကြိမ်လာရောက်စမ်းသပ်ချိန်တွင် ၁.၂အထိရှိလာပြီး တတိယအကြိမ်တွင်၁.၃ဖြစ်လာလေသည်။ ယခုထပ်မံရောက်ရှိလာသောကြောင့် သူ့အမှတ်မှာ ၁.၄အထိဖြစ်လာတော့မည်လား။အားလုံး မျှော်လင့်တကြီးစောင့်စားနေကြလေသည်။
"အမှတ်ပေးဇယားကိုတချက်ကြည့်ကြည့်ရအောင် ကျိုးဟောင်ဒီတခေါက် အမှတ်ပဲတက်လာမလား ကျသွားမလား ကြည့်ကြည့်ကြရအောင်"
လူအတော်အများများမှာ အဆင့်သတ်မှတ်ချက်ကိုစိတ်၀င်စားစွာ စောင့်ကြည့်နေကြလေသည်။
ကျိုးဟောင်ကတော့ ပုံရိပ်ယောင်လောကထဲသို့၀င်လိုက်ပြီး ၁.၃ဟူသောသူ့အမှတ်ကိုကြည့်ကာ ခေါင်းတချက်ညိတ်လိုက်လေသည်။
"ဒီတခါတော့ ၁.၅အထိရောက်အောင်လုပ်ရမယ်"
ကျိုးဟောင်မှာ တချက်ပြုံးလိုက်ပြီး ပုံရိပ်ယောင်မျှော်စင်ထဲသို့၀င်လိုက်လေသည်။
"ကျောင်းသားကျိုးဟောင် ဒီတခေါက်စိန်ခေါ်မှုအတွက် ခက်ခဲမှုပမာဏကိုရွေးချယ်ပေးပါ"
လေထဲမှအသံတခုထွက်ပေါ်လာလေသည်။
"၀.၂"
ကျိုးဟောင်ကပြန်ဖြေလိုက်လေသည်။
"ကျောင်းသားကျိုးဟောင်ကအမှတ်၁.၅အထိရရှိမည့်စိန်ခေါ်မှုကိုလက်ခံလိုက်ပါပြီ။ ၁၀မိနစ်အတွင်းမဟာဆရာသခင်အဆင့်သားရဲ ၁၅၀ကိုသတ်ရပါမည်။ ရေတွက်ခြင်းစတင်ပါပြီ"
ကြေငြာချက်ဆုံးသည်နှင့် မဟာဆရာသခင်အဆင့်သားရဲ၁၅၀ပေါ်လာလေသည်။
ကျိုးဟောင်ကတချက်ကြည့်လိုက်လေသည်။ အမှတ်၁.၅ဆိုသည်မှာ သူ့အနေဖြင့် အကောင်၁၅၀ သတ်ရမည်ဆိုသည့်အဓိပ္ပာယ်ပင်ဖြစ်လေသည်။တကယ်လို့သူသာ အမှတ် ၂မှတ် သို့မဟုတ် ၃မှတ်ကိုရွေးချယ်ပါက ဘာတွေဖြစ်လာမလဲသိချင်မိလေသည်။
ထိုနေရာတွင် လူတိုင်း၏ကိုယ်ခန္ဓာမှာ အတူတူဖြစ်ပြီးကျင့်ကြံရေးနည်းစနစ် ခွန်အားနှင့် လျင်မြန်မှုတို့ကိုသာအားကိုးရလေသည်။ကျင့်ကြံဆင့်မှာ ဒီနေရာတွင်အရေးမပါပေ။
ကျိုးဟောင်မှာ အသက်ပြင်းပြင်းတချက်ရှူလိုက်ပြီး သူ့ဆီခုန်ဝင်လာသောသားရဲများအားတချက်ကြည့်လိုက်လေသည်။
ကျိုးဟောင်မှာ သူ့ခွန်အားနှင့်အမြန်နှုန်းကိုတိုးမြှင့်ရန်ရှေးဟောင်းကျောက်စာကိုအသုံးပြုခဲ့လေသည်။ထိုလေ့ကျင့်မှုက မဆိုးလှပဲ အပြောင်းအလဲများစွာကိုသူခံစားမိလေသည်။
ထိုအချိန်တွင် ခရစ်တယောက်မှာ သားရဲများကိုအမဲလိုက်သည့်ဧရိယာထဲရှိလုံခြုံသောနေရာတခုတွင် သူ့အင်အားများကိုပြန်လည်ဖြည့်တင်းနေလေသည်။
နိုင်ငံခြားရှိ ခရစ်၏မိသားစုမှာ ဩဇာကြီးမားသော်လည်း သူကအလွန်ကြိုးစားနေလေသည်။ သူ့အနေဖြင့် အင်အားကြီးမားလာရန် ကိုယ့်အပေါ်တွင်သာမူတည်ကြောင်းသဘောပေါက်လေသည်။
"တကယ်လို့ငါသာ ကြိုးစားမယ်ဆိုရင် ငါ့အဆင့်ကို၅၀အတွင်းမှာ ထိန်းသိမ်းထားနိုင်လိမ့်မယ်။ အဆင့်၄၀အထိတက်လှမ်းနိုင်မယ့်အခွင့်အရေးလည်းပေါ်လာလိမ့်မယ်"
ခရစ်တယောက်ယူဆောင်လာသောအစားအသောက်များကိုစားရင်း ကိုယ့်ကိုယ်ကိုဂုဏ်ယူနေလေသည်။
"ဟူးး ကျိုးဟောင်ရဲ့တိုးတက်နှုန်းကလည်းမြန်ဆန်လွန်းတယ်။ ဒီအတိုင်းဆို နှစ်နှစ်မပြည့်ခင်မှာပဲ သူငါ့ကိုကျော်တက်သွားနိုင်တယ်။ ငါဒါမျိုးတော့အဖြစ်မခံနိုင်ဘူး"
ကျိုးဟောင်မှာ အဆင့် ၁၈၀အထိရောက်လာသည်ကိုကြည့်ပြီး ခရစ်တယောက်ဒေါသထွက်နေလေသည်။ကျိုးဟောင်မှာလူသစ်တယောက်သာဖြစ်ပြီး ပေါလ်ကကျိုးဟောင်အားရှုံးပြီးနောက် အနောက်တိုင်းပညာရှင်တိုင်းက ကျိုးဟောင်အား ဒုက္ခပေးဖို့ကြံနေကြလေသည်။
ဥပမာပြောရလျှင် သူတို့မှာ လေ့ကျင့်ရေးစခန်းတွင်ကျိုးဟောင်လေ့ကျင့်မည့်နေရာများလုယူကြပြီး သန္ဓေပြောင်းသားရဲများအားအမဲလိုက်ရာတွင်လည်း ကျိုးဟောင်ပစ်မှတ်ထားသည့်သားရဲများကိုလုသတ်ကြလေသည်။သူတို့မသတ်နိုင်ခဲ့ပါကလည်း ကျိုးဟောင်မသတ်နိုင်အောင်အနှောင့်အယှက်ပေးကြလေသည်။
စစ်နတ်ဘုရားတပ်ရင်းက စည်းမျဉ်းများချမှတ်ထားသော်လည်း ထိုမပြောပလောက်သောမတော်တဆသဏ္ဌာန်ဖြစ်ရပ်လေးများကိုတော့ ဘာမှ ၀င်စွပ်ဖက်က်၍မရပေ။
သို့သော်လည်း ကျိုးဟောင်မှာထိုကဲ့သို့အခြေအနေများကြားထဲ၌ပင် လျင်မြန်စွာတိုးတက်လာနေလေသည်။ဒါကလည်းခရစ်လည်းအတော်စိတ်အနှောင့်အယှက်ပေးနေလေသည်။
"လခွမ်း ဟွာရှားက သိုင်းပညာရှင်အစုတ်လေးကဘာလို့ဒီလောက်စွမ်းအားကြီးနေရတာလဲ တကယ်ဒေါသထွက်လိုက်တာကွာ"
ခရစ်တယောက်မှာ ဖိအားဒဏ်ကိုခံစားနေရပြီး တုန်လှုပ်နေလေသည်။
ထိုအချိန်မှာပဲ သူ၏ဆက်သွယ်ရေးစက်မှာအသံမြည်လာပြီးသူကြည့်လိုက်သောအခါ ပေါလ်ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။
....................................................................................
အခန်း (၄၇၀) ပြီးပါပြီ။
အခန်း (၄၇၁) : ထပ်မံထိတ်လန့်ရခြင်း
ခရစ်မှာအပြင်ထွက်လာချိန်တွင်သန္ဓေပြောင်းသားရဲများအားသတ်ရန်သွားမည်ဟုပြောသွားခဲ့ပေသည်။ လက်ရှိတွင်တစ်ဖက်လူသည်ဘာကြောင့် သူ့အားစာပို့မှန်းနားမလည်နိုင်ပေ။ တစ်ခုခုအရေးကြီးကိစ္စရှိ၍ပေလော။ တွေဝေမနေဘဲ ခရစ်မှာပြုံးကာဖြေဆိုသည့်ခလုတ်အားနှိပ်လိုက်သည်။
"ပေါလ် ဘာဖြစ်လို့လဲ"
ပေါလ်၏အမူအရာမှာ အတော်လေးစိုးရိမ်နေခဲ့ပြီးချက်ချင်းပင်ပြောလာခဲ့သည်။
"ခရစ် ငါမင်းကိုတစ်ခုပြောပြမယ် ကျိုးဟောင်ဒီနေ့ကောင်းကင်မျှော်စင်ကို ၄ ကြိမ်မြောက်ဝင်သွားပြီး ထပ်ပြီးကောင်းကင်မျှော်စင်ကိုစိန်ခေါ်ပြန်ပြီ"
ထိုစကားအားကြားသောအခါ ခရစ်မှာချက်ချင်းပင်ထိတ်လန့်သွားခဲ့ကာ မနေနိုင်ဘဲပြောလိုက်မိသည်။
"သူပြီးခဲ့တဲ့ရက်အနည်းငယ်ကမှ အဆင့်အောင်လို့ ၁.၃ မှတ်ရထားတယ်မဟုတ်ဘူးလား ဘာလို့ထပ်ပြီးမျှော်စင်ကိုစိန်ခေါ်ပြန်တာလဲ မဟုတ်မှအဲဒီကောင်စုတ်လေး အဆင့်ချိုးဖောက်သွားလို့လား"
"ဒါတော့.....ငါလည်းတကယ်မသေချာဘူး"
ပေါလ်မှ အားငယ်စွာပြောလိုက်သည်။
"ယေဘုယျကျကျပြောရရင် အဲဒီလိုမဖြစ်သင့်ဘူး သူဘယ်လိုလုပ်ပြီးတစ်လတည်းမှာ ၂ ခါ ၃ ခါအထိအဆင့်ချိုးဖောက်နိုင်မှာလဲ အဲဒါမဖြစ်နိုင်တာပဲ"
ခရစ်မှာပြောစရာစကားပင်မရှိတော့ပေ။
"ရိုးရိုးသားသားပြောရရင် ငါလည်းအဲဒီလိုမဟုတ်ဖို့တကယ်မျှော်လင့်ခဲ့တာ ဒါပေမဲ့ တကယ်တော့ ကျိုးဟောင်အဆင့်ချိုးဖောက်သွားတာဖြစ်နိုင်ခြေများတယ်"
"တကယ်တော့ သူဒီတစ်ခေါက်ရုတ်ရုတ်သဲဖြစ်သွားစေခဲ့တယ်ဆိုတာ ငါမင်းကိုပြောပြမလို့ လူအတော်များများ အမှတ်အဆင့်တွေကိုသွားကြည့်ကြတာ ဆရာတစ်ချို့တောင်ပါတယ် ပြောရရင်အားလုံးကကျိုးဟောင်ရဲ့စိန်ခေါ်မှုကိုစိတ်ဝင်စားကြတယ် ဘယ်လိုပဲဖြစ်ဖြစ် လူတစ်ယောက်ကတစ်လမှာ ကောင်းကင်မျှော်စင်ကို ၃ ကြိမ်စိန်ခေါ်တာကိုမြင်ရဖို့ဆိုတာ ငါတို့အတွက်အရမ်းရှားတယ်လေ ငါ့အထင်ဒီတစ်ခေါက်သူ့ရည်မှန်းချက်က အဆင့် ၁၀၀ အတွင်းဝင်ဖိုဖြစ်မယ်"
ပေါလ်မှာ ထိုစကားအားကြားသောအခါ မနေနိုင်ဘဲမေးလိုက်သည်။
"အဆင့် ၁၀၀ ဟဟ အဲဒါဖြစ်မှမဖြစ်နိုင်တာ အဲဒီတုန်းက ငါအဆင့် ၁၀၀ ထဲဝင်ဖို့ ၁နှစ်ခွဲလောက်ကြိုးစားခဲ့ရတာ တကယ်လို့သူက ပါရမီရှိတယ်ဆိုရင်တောင် သူကျင့်ကြံတာတစ်လတောင်မပြည့်သေးဘူး တကယ်လို့သူသာတကယ်ထိပ်ဆုံး ၁၀၀ ထဲပါရင်ဒါဆို ငါတို့လည်းလက်စားချေစရာမလိုတော့ဘူး"
ခရစ်မှာမယုံကြည်ဟန်ဖြင့်ခေါင်းခါလိုက်သည်။
ဤကိစ္စမှာ လုံးဝရယ်ဖွယ်ရာသာဖြစ်သည်။
ကောင်းကင်မျှော်စင်မှာမည်ကဲ့သို့သော နေရာမျိုးပါနည်း။ ကျိုးဟောင်သည်မျှော်စင်ရှိ အဆင့်များအားဖြတ်ကျော်ရန်မှာ ဤမျှလောက်လွယ်ကူမည်ဟုထင်နေခြင်းပေလော။ ဤမျှော်စင်သည်အဆင့်တစ်ခုတိုးလာတိုင်းရင်ဆိုင်ရသောစိန်ခေါ်မှုသည်လည်းကြီးမားလာသည်ဟုလူသိများပေရာ အချို့လူများဆိုပါက ၀.၂မှတ်လောက်တိုးရန်ပင်အချိန် ၂လမျှယူကာပြင်ဆင်ရပေသည်။ သို့သော်ကျိုးဟောင်သည်ရက်အနည်းငယ်အတွင်း ကောင်းကင်မျှော်စင်အားထပ်မံစိန်ခေါ်ပြန်ပြီဖြစ်သည်။
ခရစ်မှာ ဤစကားအားမယုံကြည်ပေ။
"ခရစ် တကယ်လို့မင်းသာဒီမှာရှိရင် ငါတို့အတူတူကြည့်လို့ရတယ်"
ပေါလ်မှာသက်ပြင်းချကာပြောလိုက်သည်။
"အဆင့်တွေကိုဆက်စောင့်ကြည့်ထား ဒီကျိုးဟောင်ဘာတတ်နိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်"
ခရစ်မှဒေါသတကြီးပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် ကျိုးဟောင်မှာလည်းပုံရိပ်ယောင်လောကတွင် သန္ဓေပြောင်းသားရဲများအားစတင်သတ်ဖြတ်နေပြီဖြစ်သည်။ ဤနေရာတွင်ကျိုးဟောင်မှာသူ၏ကျင့်ကြံရေးအားအားကိုးလို့မရပေ။ ရုပ်ပိုင်းဆိုင်ရာစွမ်းအားနှင့် အမြန်နှုန်းကိုသာအဓိကထားပြီးအားကိုးနိုင်ခြင်းဖြစ်သည်။ တစ်နည်းဆိုရသော် ကျိုးဟောင်မှာပြင်ပလောကမှသူ၏ခန္ဓာကိုယ်အားယူဆောင်လာခဲ့သော်ငြား သူ၏ကျင့်ကြံဆင့်မှာ မဟာဆရာသခင်အဆင့်တွင်သာရှိပေသည်။ ထို့ကြောင့်သူ၏ကျင့်ကြံရေးသိုင်းများအား အသုံးပြုနိုင်သော်ငြား အကျိုးသက်ရောက်မှုမှာမတူပေ။
ကျိုးဟောင်မှာလက်ထဲတွင်ဓားရှည်တစ်လက်အားကိုင်ဆောင်ထားပြီး ထိုသန္ဓေပြာင်းသားရဲများအားစတင်သတ်ဖြတ်နေပေသည်။ ကျိုးဟောင်မှာသူ၏ကျင့်ကြံရေးအားအပြည့်အဝမသုံးနိုင်သော်ငြား ဤအတောအတွင်းကြိုးစားခဲ့ပေသည်။ ထို့ကြောင့်ကျိုးဟောင်သည် ယနေ့တွင် ၁.၅မှတ်ရရန်ဆုံးဖြတ်ထားပေသည် မိနစ်အနည်းငယ်အတွင်း ကျိုးဟောင်မှာသန္ဓေပြောင်းသားရဲအကောင်စုစုပေါင်း ၈၀ သတ်ပြီးပြီဖြစ်ပြီး သူ၏အရှိန်မှာ ပျံလွှားငှက်တစ်ကောင်ပမာမြန်ဆန်ပြီး သတိလည်းကြီးပေသည်
"ငါ့အရှိန်နှုန်းကတကယ်ကိုမြန်လာတာပဲ ပြီးတော့ဒီကောင်းကင်မျှော်စင်ကအတော်အထင်ကြီးစရာပဲ ပြင်ပလောကကခန္ဓာကိုယ်ပြောင်းလဲမှုက တကယ်ကြီးဒီပုံရိပ်ယောင်လောကမှာပါ အကျိုးသက်ရောက်မှုရှိတာပဲ မိုက်တယ် မိုက်တယ်"
ကျိုးဟောင်မှာပြုံးလိုက်သည် လက်ရှိအချိန်တွင်ကျိုးဟောင်သည်သန္ဓေပြောင်းသားရဲအကောင် ၁၅၀ လုံးအားသတ်ရန် သူ၏ခွန်အားအားအပြည့်အဝအသုံးပြုလိုက်ပြီဖြစ်ပြီး မြေပြင်ပေါ်သို့မောပန်းစွာထိုင်ချလိုက်ပေသည်
"ကျောင်းသားကျိုးဟောင်အားဂုဏ်ပြုပါတယ် အောင်မြင်သွားပါပြီ အမှတ်အား ၁.၅ သို့ပြင်ဆင်ပေးပြီးပါပြီ"
အသံထွက်ပေါ်လာပြီးနောက် ကျိုးဟောင်မှာသက်ပြင်းချလိုက်ပြီး အလွန်ဘဝင်မြင့်နေပေသည်။ ကျိုးဟောင်အောင်မြင်သွားသည့်အချိန်တွင် ပြင်ပရှိအမှတ်အဆင့်မှာလည်းပြောင်းလဲသွားခဲ့သည်။ အားလုံးမှာရှေ့ရှိမြင်ကွင်းအားကြည့်ကာ အတော်လေးထိတ်လန့်နေကြပေသည်။ ထိုအချိန်တွင် ခရစ်မှာစားသောက်ပြီးပြီဖြစ်ပြီးဆက်သွယ်ရေးကိရိယာအားကြည့်ကာ သတင်းအားစောင့်နေပေသည်။
ထိုအချိန်မှာပဲတစ်ဖက်မှပေါလ်ထံမှ အကြောင်းကြားလာခဲ့သည်။ ခရစ်မှာ စကားတစ်ခွန်းမှမဆိုဘဲဖုန်းအားကောက်ကိုင်လိုက်သည်။
"ဘယ်လိုလဲ ကျိုးဟောင်ရဲ့အဆင့်ပြောင်းသွားလား"
ဖုန်း၏တစ်ဖက်တွင် ပေါလ်၏အသံမှာထိတ်လန့်မှုများဖြင့်ပြည့်နှက်နေခဲ့ကာ ချက်ချင်းပင်ပြောလိုက်သည်။
"အဲဒါ....အဲဒါပြောင်းသွားတယ် သူ့အဆင့်ကအခု ၁၅၀မှာ"
ထိုစကားအားကြားပြီးနောက် ခရစ်မှာချက်ချင်းပင်ကြက်သေသေသွားခဲ့သည်။တစ်လသာရှိသေးသည်ကျိုးဟောင်မှာအဆင့် ၁၅၀ သို့ရောက်နေပြီဖြစ်ပေရာ ကြည့်ရသည်မှာ အဆင့် ၁၀၀ အတွင်းသို့ဝင်ရန်ဆိုပါက ကျိုးဟောင်အတွက် ၁နှစ်ကျော်မျှသာကြာမည်ဖြစ်ပြီး စင်စစ်တွင် တစ်နှစ်အတွင်းအဆင့် ၅၀ အတွင်းပင်ဝင်နိုင်ပေသည်။
"သေစမ်း ဒီကျိုးဟောင်က ဘယ်လိုလုပ်ပြီးဒီလောက်စွမ်းအားကြီးနေရတာလဲ"
ခရစ်နှင့်ပေါလ်မှာအလွန်စိတ်ဓာတ်ကျနေကြပေသည်။ ဤကောင်စုတ်လေး၏တိုးတက်မှုနှုန်းမှာအလွန်မြန်ပေရာ သူတို့နှစ်ယောက်လုံးအတော်လေးစိတ်ဓာတ်ကျနေပြီဖြစ်သည်။
"ဒါကလန့်စရာကောင်းတယ်ဆိုပေမဲ့ ကိစ္စမရှိသေးဘူး ဘာပဲဖြစ်ဖြစ်သူကအဆင့် ၁၀၀ကျော်မှာပဲရှိသေးတယ် တကယ်လို့သူ့မှာသာမန်ထက်ထူးကဲတဲ့ပါရမီမျိုးရှိတယ်ဆိုရင်တောင်မှ သူငါတို့ကိုဘာမှလုပ်နိုင်မှာမဟုတ်ဘူး"
ခရစ်မှအသက်ပြင်းပြင်းရှူကာပြောလိုက်သည်။ ပေါလ်သည်လည်းယခုလိုတွေးရန်သာတတ်နိုင်ပေသည်။ သို့သော်ထိုအချိန်တွင် ပေါလ်မှာရုတ်တရက်ထိတ်လန့်သွားခဲ့သည်။
"ခရစ် မ....မကောင်းတော့ဘူး"
"ဟမ် ဘာဖြစ်လို့လဲ"
ခရစ်မှာခေတ္တမျှကြက်သေသေသွားခဲ့သည်။ ကျိုးဟောင်၏အဆင့်မှာပြောင်းလဲသွားပြီဖြစ်ပေရာ တခြားမည်သည့်ကိစ္စရှိလို့ပါနည်း။
"သူ...သူကောင်းကင်မျှော်စင်ကနေထွက်မလာသေးဘူး"
ထိုစကားအားကြားပြီးနောက် ခရစ်မှာခေါင်းထဲတွင် တဝီဝီမြည်နေသလိုခံစားလိုက်ရပေသည်။
"ဘာ သူကကောင်းကင်မျှော်စင်ကိုထပ်ပြီးစိန်ခေါ်ချင်နေသေးတာလား"
ခရစ်မှာ နှလုံးခုန်နှုန်းပင်မြန်လာခဲ့သည်။ ဤလူသည်ဘာလုပ်ရန်ကြိုးစားနေသည်နေပါသနည်း။ သူတင်မကဘဲ အားလုံးအတူတူပင်ဖြစ်သည်။
သူတို့သည်ကောင်းကင်မျှော်စင်စိန်ခေါ်ရေးနေရာမှ ထပ်မံလင်းလက်လာခဲ့သော အစိမ်းရောင်အလင်းရောင်လေးအားကြည့်နေကြပြီး ကျိုးဟောင်၏အမည်မှာကောင်းကင်မျှော်စင်စိန်ခေါ်ရေးနေရာတွင်ရှိနေသေးသည်ကို မြင်လိုက်ကြရပေသည်။
အားလုံးမှာထိုမြင်ကွင်းအားကြည့်ကာ ကြက်သေသေနေကြပေသည်။ ဤအဓိပ္ပာယ်မှာ ကျိုးဟောင်သည်ဆက်လက်စိန်ခေါ်ချင်သေးသည်ဟူသောအဓိပ္ပာယ်ပင်မဟုတ်ပါလော။
"သူ...သူရူးနေတာလား"
"ဒီကျိုးဟောင်တကယ်ကြီးဒီနေ့ကို အဆင့် ၁၀၀ ထဲဝင်မလို့လား"
"ဘုရားရေ ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စကတော့ သေချာပေါက်စစ်နတ်ဘုရားတပ်ရင်းရဲ့ သမိုင်းစာအုပ်တွေမှာ မှတ်တမ်းတင်ခံရတော့မှာပဲ"
အားလုံးမှာအတော်လေးစိတ်လှုပ်ရှားနေကြပေသည်။ ကျိုးဟောင်မှာဤကိစ္စအားမသိသလို သိပါကလည်းဂရုစိုက်မည်မဟုတ်ပေ။ လက်ရှိအချိန်တွင် ကျိုးဟောင်မှာအောင်မြင်သွားသည်ကိုကြည့်ပြီးပြုံးနေပေသည်။ သူ၏အဆင့်မှာ အဆင့် ၁၅၀ သို့ရောက်သွားပြီဖြစ်ကြောင်းကိုလည်းသိပေသည်။
"သူတို့တစ်ခါလန့်ပြီးပြီဆိုမှတော့ ဒုတိယတစ်ကြိမ်လန့်ရမယ်ဆိုရင် ခံနိုင်ရည်ရှိလောက်ပြီမလား"
ပြောရင်းကျိုးဟောင်မှာမတ်တပ်ရပ်လိုက်သည်။
"ကျွန်တော် ထပ်ပြီးစိန်ခေါ်ချင်သေးတယ်"
"ကျောင်းသားကျိုးဟောင် ဘယ်အဆင့်ကိုစိန်ခေါ်ချင်ပါသလဲ"
"ကျိုးဟောင်မှပြုံးကာဖြေလိုက်သည်။
"အဆင့် ၃ကို"
ကျိုးဟောင်၏စကားဆုံးသည်နှင့် စနစ်တွင်ချက်ချင်းဆိုသလိုပင်ထူးဆန်းသောအငွေ့အသက်တစ်ခုပျံ့ကျဲလာခဲ့ကာ ကျိုးဟောင်မှာခန္ဓာကိုယ်တစ်ခုလုံးပေါ့ပါးသွားသလိုခံစားလိုက်ရပြီး အောက်ငုံ့ကြည့်လိုက်သောအခါ ကိုယ်ပေါ်ရှိဒဏ်ရာများနှင့်ပင်ပန်းမှုများအားလုံးပျောက်ကွယ်သွားသည်ကိုမြင်လိုက်ရသည်။ အစောပိုင်းကအငွေ့အသက်သည် သူ့အတွက် ခန္ဓာကိုယ်အသစ်ထပ်မံတစ်ခုဖွဲ့စည်းပေးလိုက်ခြင်းဖြစ်သည်။
"ဒီစနစ်က လုံးဝလစ်ဟာချက်မရှိဘူးပဲ"
"ကျိုးဟောင်မှာအလွန်ကျေနပ်နေပြီး ထိုအချိန်တွင်စနစ်မှပြောလာခဲ့သည်။
"ကျောင်းသားကျိုးဟောင်ဟာအဆင့် ၃ အတွက်စိန်ခေါ်မှုအားလက်ခံလိုက်ပါပြီ ၁၀ မိနစ်အတွင်းသန္ဓေပြောင်းသားရဲအကောင် ၁၈၀ အားသတ်ပါ"
ထိုစကားသံဆုံးသည်နှင့် သန္ဓေပြောင်းသားရဲအကောင် ၁၈၀ မှာ ချက်ချင်းပင်ပေါ်လာခဲ့သည်။
ကျိုးဟောင်မှာ ထိုသန္ဓေပြောင်းသားရဲများအားကြည့်ကာပြုံးနေပြီးကျေနပ်နေပေသည်။
"လာစမ်းပါ"
အပြောနှင့်အတူကျိုးဟောင်မှာဓားအားကိုင်ကာအေးစက်သောအမူအရာဖြင့် သားရဲအုပ်ထံအလောတကြီးပြေးဝင်သွားခဲ့သည်။
....................................................................................
အခန်း (၄၇၁) ပြီးပါပြီ။