← Chapters

အခန်း (၄၈၁-၄၈၃)

Vol. 33 Ch. 481-483

အခန်း (၄၈၁-၄၈၃)

Vol. 33 Ch. 481-483

အခန်း (၄၈၁) : စာချုပ်၂ခု

ချန်းယန်၏စကားများက ကျိုးဟောင်အားစိတ်လှုပ်ရှားသွားစေလေသည်။ စစ်ဘုရင်အန်းမှာ စစ်နတ်ဘုရားတပ်ရင်း၌လွှမ်းမိုးနိုင်စွမ်းအရှိဆုံးလူဖြစ်လေသည်။ ထိုကဲ့သို့ အထက်ပုဂ္ဂိုလ်ကသူ့အားဆက်သွယ်လာခြင်းက ကျိုးဟောင်အတွက်မယုံနိုင်ဖွယ်ဖြစ်နေလေသည်။

လက်ရှိတွင် ကျိုးဟောင်မှာ ပထမအဆင့်မူလပညာရှင်တယောက်သာဖြစ်ပြီး ကောင်းကင်ဘုံအဆင့်သို့ရောက်ရှိရန် အလှမ်းများစွာဝေးကွာသေးပေသည်။ကျိုးဟောင်၏အဆင့်အစစ်အမှန်မှာ ကောင်းကင်ဘုံအဆင့်တ၀က်ဖြစ်သော်ငြား သူ့တွင် ကောင်းကင်ဘုံအဆင့်နှင့်ယှဉ်နိုင်သော် အလားအလာများရှိပေသည်။

သို့သော် စစ်နတ်ဘုရားတပ်ရင်း၏အကြီးအကဲများက သူ့အားတွေ့ချင်နေသည်ဆိုသည့်အချက်က သံသယဖြစ်ဖွယ်ကောင်းနေစဲဖြစ်လေသည်။

ကျိုးဟောင်မှာလည်း အရမ်းအံ့ဩနေလေသည်။ဒါပေမဲ့ စစ်ဘုရင်အန်းက သူ့အားတွေ့ချင်ပါက သု့အနေဖြင့် မဖြစ်မနေ သွားတွေ့ရမည်ဖြစ်လေသည်။

မကြာမီပင် ကျိုးဟောင်နှင့်ချန်းယန်မှာ အလွန်တရာမှမြင့်မားသောအဆောက်အအုံကြီးရှေ့သို့ရောက်လာကြလေသည်။စစ်သားအများအပြားစောင့်ကြပ်‌နေပြီးလူများ၀င်ထွက်သွားလာနေပုံအရ ထိုနေရာမှာ သာမန်နေရာတခုမဟုတ်ကြောင်းသိသာလေသည်။

"ဒါကစစ်နတ်ဘုရားတပ်ရင်းရဲ့ အစည်းအဝေးခန်းမပဲ။မျိုးနွယ်ခြားသားရဲတွေရဲ့ စပိုင်တွေ၀င်ရောက်ထောက်လှမ်းမှာစိုးတဲ့အတွက် များပြားလှတဲ့ စစ်ဆေးရေးတွေအထပ်ထပ်ချထားရတယ်"

ချန်းယန်ကရှင်းပြနေလေသည်။ထို့နောက်ချန်းယန်ကသူမ၏အိုင်ဒီကဒ်ကိုထုတ်လိုက်ပြီး စကန်ဖတ်လိုက်လေသည်။ ဒါ့အပြင် သူမ၏မျက်နှာကိုလည်း ကင်မရာဘက်လှည့်ပြီး ဘယ်သူဘယ်ဝါဖြစ်ကြောင်း အတည်ပြုရလေသည်။သူမအနေဖြင့်အထဲ၀င်နိုင်ရန် သွေးစစ်ဆေးမှုပင်ပြုလုပ်ခဲ့ရလေသည်။ကျိုးဟောင်လည်းထိုအဆောက်အအုံအမြင့်ကြီးထဲ၀င်ရန်လုပ်ဆောင်ရသည်များကို လေ့လာနေလေသည်။

ကျိုးဟောင်အနေဖြင့် အထဲသို့၀င်လိုက်သည်နှင့်အလွန်ထူးဆန်းသောခံစားမှုတခုရရှိလိုက်ပြီး အလွန်ခေတ်မှီသော အပြင်အဆင်များကြောင့် တုန်လှုပ်သွားရလေသည်။

"နည်းပြ ချန်း နဲ့ ကျောင်းသားကျိုး ကိုကြိုဆိုပါတယ်"

သူတို့နှစ်ယောက်၀င်လာသောအခါ ကြိုဆိုသံတခုကိုကြားလိုက်ရလေသည်။ဒီ အသိဉာဏ်တုမှာ တကယ့်ကိုအသုံး၀င်လှပေသည်။

"ငါမင်းနဲ့အတူတော့ မလိုက်တော့ဘူး။ စစ်ဘုရင်အန်းက မင်းကိုတခုခုပြောစရာရှိတဲ့ပုံပဲ။ တကယ်လို့ငါလိုက်လာလို့ရှိရင် မင်းတို့ရဲ့စကားဝိုင်းကိုအနှောင့်အယှက်ဖြစ်နေပါဦးမယ်။ မင်းသွားလိုက်ပါ ငါဒီကပဲစောင့်နေပါ့မယ်"

ချန်းယန်ကပြုံးပြီးပြောလာလေသည်။ ခဏကြာသောအခါ ကြေငြာချက်အသံတခုထပ်မံပေါ်လယလေသည်။

" ကျောင်းသားကျိုးဟောင် ကျေးဇူးပြု၍ ထိပ်ဆုံးအလွှာသို့သွားပါ စစ်ဘုရင်အန်းစောင့်နေပါတယ်"

စစ်ဘုရင်အန်းမှာသူတို့ရောက်နေသည်ကိုသိနေခြင်းကြောင့် ကျိုးဟောင်မှာ အံ့ဩသွားလေသည်။ကျိုးဟောင်လည်းဓာတ်လှေကားထဲ၀င်ပြီး ထိပ်ဆုံးအလွှာသို့တန်းတက်သွားလေသည်။

ထိုထိပ်ဆုံးအလွှာမှာ အလွန်တရာမှ ကြီးမားကျယ်ပြန့်လှပေသည်။ ထိုအလွှာတခုလုံးမှာစစ်ဘုရင်အန်း၏ရုံးခန်းဖြစ်လေသည်။ ထိုနေရာတွင် လေ့ကျင့်ရေးအခန်း၊အပန်းဖြေအနားယူခန်းနှင့်အခြားအရာများ အစုံရှိပေသည်။ထိုအလွှာတခုလုံးမှာ မီတာ၂ ထောင်နီးပါးကျယ်ပြန့်လေသည်။

ကျိုးဟောင်လမ်းလျှောက်၀င်လာသောအခါ လေ့ကျင့်ရေးကိုယ်ကြပ်၀တ်စုံကို ၀တ်ဆင်ထားသည့် အသက်လတ်အရွယ် အမျိုးသားတဦးမှာ သူ့ကိုကျောပေးထားရင်း ‌ဘောက်ဆင်လေ့ကျင့်နေလေသည်။

ကျိုးဟောင်လည်း အနှောင့်အယှက်ဖြစ်သွားမည်စိုးသောအခါ ဘာမှမပြောဘဲ ၁၀မီတာအကွာမှာကြည့်နေလေသည်။မိနစ်အနည်းငယ်ကြာသောအခါ ထိုအမျိုးသားမှာ အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး နောက်သို့လှည့်လာလေသည်။

ထိုအသက်လတ်အရွယ်အမျိုးသားမှာ အားမာန်ပြည့်၀ကာ တည်ကြည်သောအမူအရာရှိလေသည်။ ထိုအမျိုးသားမှာ သာလွန်များပြားသောအရှိန်အဝါမျိုးရှိနေပြီး ကျိုးဟောင်မှာသူ့ကို ကြည့်နေရင်းနှင့်ပင် ဖိအားဒဏ်ကိုခံစားလိုက်ရ‌သည်။

" ကျိုးဟောင်ရောက်လာပြီပဲ ထိုင်ပါဦး"

စစ်ဘုရင်အန်းမှာ အေးစက်ပြီး မောက်မာဟန်ရှိသော်လည်း စကားပြောကြည့်သောအခါ အလွန်လေးစားဖွယ်ကောင်းလှပေသည်။

ကျိုးဟောင်လည်း ပြုံးပြပြီးဆိုဖာပေါ်တွင်ထိုင်လိုက်လေသည်။

"၀၀၃ ငါ့အခန်းထဲကို‌လက်ဖက်ရည်၂ခွက်ယူလာပေးပါ ငါ့ခွက်ကိုတော့ ပျစ်ပျစ်လေးဖျော်ပေး"

စစ်ဘုရင်အန်းက ပြောလိုက်သောအခါ တဖက်ကလည်းဖြေကြားသံတခုထွက်လာလေသည်။

"ကောင်းပါပြီ စစ်ဘုရင်အန်း"

စစ်ဘုရင်အန်းလည်း မှာကြားပြီးနောက် ကျိုးဟောင်ဘက်သို့ပြုံးပြီးကြည့်လာလေသည်။

"ကိုယ့်ကိုယ်ကိုမိတ်ဆက်ရဦးမယ် ငါ့နာမည်ကအန်းကျန်းထျန် ပါ။ သူတို့ကတော့စစ်ဘုရင်အန်းလို့ခေါ်ကြတယ်။ မင်းလည်းငါ့ကိုစစ်ဘုရင်အန်းလို့ခေါ်လို့ရပါတယ် ဒါပေမဲ့ ငါ့ကို ဆရာအန်းလို့ခေါ်တာကိုတော့ပိုကြိုက်တယ်"

အန်းကျန်းထျန်က ပြုံးပြီးပြောလိုက်သည်။ကျိုးဟောင်မှာ နားမလည်သောကြောင့် ကြောင်ပြီးကြည့်နေမိလေသည်။

"ဟဲဟဲ တကယ်တော့ အဲတာကငါ့ရဲ့ ဝါသနာအစစ်ပဲ။ တကယ်တော့ ငါက တိုက်ခိုက်ရတာ သတ်ဖြတ်ရတာတွေကိုမနှစ်သက်ပြီး စီမံခန့်ခွဲရတာတွေဆို ပိုဆိုးပေါ့။ စစ်နတ်ဘုရားတပ်ရင်းက ကိစ္စအ၀၀ကို ဂရုစိုက်နေရတာလား စိတ်ပင်ပန်းရတယ်။ စစ်နတ်ဘုရားတွေရဲ့အတင်းအကြပ်တောင်းဆိုမှုကြောင့်သာ လုပ်ဆောင်နေရတာ ငါ့ရဲ့တကယ်အိပ်မက်ကတော့ ဆရာတယောက်ဖြစ်ချင်တာပဲ အထူးသဖြင့် ကိုယ်ကာယကြံ့ခိုင်ရေးသင်ပြတဲ့ဆရာပေါ့"

အန်းကျန်းထျန်း၏စကားများက ကျိုးဟောင်အားအနည်းငယ်တောင်ရှက်သွားစေလေသည်။ ထိုလူမှာတကယ့်ကို ဟန်ပန်ထုတ်လိုစိတ်မရှိသူတဦးဖြစ်ပေသည်။သူသည် လူအများလေးစားကြောက်ရွံ့ရသည့်စစ်ဘုရင်ဖြစ်သော်လည်း သူ့အိပ်မက်ကရိုးရှင်းလှပေသည်။

မကြာမီပင် လက်ဖက်ရည်မှာရောက်ရှိလာလေသည်။လူပုံစံရှိသောစက်ရုပ်က ကျိုးဟောင်နှင့် အန်းကျန်းထျန်းအား လက်ဖက်ရည်ခွက်များကမ်းပေးနေလေသည်။ကျိုးဟောင်မှာ ထိုစက်ရုပ်အားနားမလည်နိုင်စွာကြည့်နေရင်း တကယ့်ကိုအသုံး၀င်တဲ့အရာပဲလို့တွေးနေမိလေသည်။

"ကောင်းပြီ‌ကျိုးဟောင်အလုပ်ကိစ္စကိုပြန်သွားကြတာပေါ့ ဒီနေ့မင်းကိုခေါ်လိုက်ရတဲ့ကိစ္စကတော့ အရေးတကြီးပြောစရာရှိလို့ပဲ"

စစ်ဘုရင်အန်းပြောရင်းသူ့လက်ကိုဝှေ့ယမ်းလိုက်သောအခါ စာချုပ်တခုပေါ်လာလေသည်။ထို့နောက်ကျိုးဟောင်အားကမ်းပေးလိုက်လေသည်။

"ဒါကပထမဆုံးစာချုပ်ပဲ အထဲကအချက်တွေကိုသေချာကြည့်ကြည့်ပါဦး ဒါကမင်းစစ်နတ်ဘုရားတပ်ရင်းကို၀င်ရောက်တဲ့အကြောင်းတရား၀င်ထုတ်ပြန်ချက်ပဲ"

အန်းကျန်းထျန်းက ကျိုးဟောင်အားရှင်းပြလိုက်သည်။ကျိုးဟောင်လည်းချက်ချင်းယူပြီးကြည့်လိုက်လေသည်။ဖတ်ကြည့်ပြီးနောက် သူ့မှာ တုန်လှုပ်သွားရသည်။

ပေးထားသောဆုကြေးများမှာတကယ့်ကိုမြင့်မားလေသည်။လစာအဖြစ်၁၀ဘီလီယံယွမ်ကို နှစ်စဉ်ရရှိမည်ဖြစ်လေသည်။ဒါ့အပြင်ကောင်းကင်မျှော်စင်အားလစဉ် ၂၄နာရီအခမဲ့ ၀င်ရောက်စိန်ခေါ်နိုင်မည်ဖြစ်လေသည်။

ဒါတွေကသာမက အမှတ်၁၀၀မီလီယံအားနှစ်စဉ်ရရှိမည်ဖြစ်လေသည်။ထိုအမှတ်များဖြင့်စစ်နတ်ဘုရားတပ်ရင်း၌ တန်ဖိုးရှိသောရတနာများကိုလဲလှယ်နိုင်လေသည်။ အမှတ်များဖြင့်ဘယ်အရာမဆိုလဲလှယ်ခွင့်ရှိလေသည်။

ထိုဆုကြေးများကိုကြည့်ပြီးက ကျိုးဟောင်မှာအတော်ကိုပင်စိတ်လှုပ်ရှားသွားရလေသည်။

"ကဲဘယ်လိုလဲ လန့်သွားလား"

စစ်ဘုရင်အန်းက ရုတ်တရက်ပြောလာလေသည်။

"တကယ်တမ်းပြောရရင်တော့ ကျွန်တော့်ကိုနည်းနည်းမြှောက်ပင့်ပြီးပေးနေသလိုခံစားရတယ်"

ကျိုးဟောင်ကအမှန်တိုင်းပြောလိုက်လေသည်။

"ငါတို့ကတကယ်လည်း မင်းကိုအဲ့လိုခံစားစေချင်လို့ပဲ။ မင်းမှာဘာမှာထွေထွေထူးထူးမရှိရင်တော့ အဲ့တာကို ဒုတိယစာချုပ်မှာလက်မှတ်ထိုးဖို့အတွက်မက်လုံးပေးတယ်လို့ပဲထားလိုက်"

စစ်ဘုရင်အန်း၏စကားဆုံးသွားသောအခါ ကျိုးဟောင်မှာမှင်တက်သွားလေသည်။ဒုတိယစာချုပ်ဆိုတာဘာလဲ။

စစ်ဘုရင်အန်းစကားအရ ပထမစာချုပ်မှာသူ့အတွက်မက်လုံးဆိုရင် ဒုတိယစာချုပ်ကသူ့အတွက်ကန့်သတ်ချက်တွေများလား။

သို့သော်လည်း စစ်ဘုရင်အန်းကစာချုပ်ကိုထုတ်မပြဘဲမေးလိုက်လေသည်။

"ကျိုးဟောင် ငါတို့ကမ္ဘာဂြိုလ်နဲ့ပတ်သက်ပြီးမင်းဘယ်လောက်သိလဲ ငါသိချင်တယ်"

ကျိုးဟောင်ကထိုမေးခွန်းအပေါ်ပဟေဠိဖြစ်နေလေသည်။

"ကျွန်တော်သိသလောက်ဆို လူသားတွေနဲ့ မျိုးနွယ်ခြားတွေကြားတိုက်ပွဲတွေပြင်းထန်နေတယ်။ အက်ကွဲကြောင်းနေရာတွေသာမက ကောင်းကင်မြို့တော်၊ အရှေ့ပင်လယ်နဲ့ မြေအောက်ကမ္ဘာတွေပါတိုက်ပွဲတွေဖြစ်ပွားနေပါတယ်"

ကျိုးဟောင်စကားကိုနားထောင်ပြီး စစ်ဘုရင်အန်းကခေါင်းညိတ်လိုက်သည်။

"မင်းပြောပုံအရဆို အခြေအနေတွေရဲ့ အနည်း အကျဉ်းလောက်ကိုသိတယ်လို့ယူဆရမှာပေါ့။ ကဲဒါဆို ရှေးဟောင်းအပျက်အစီး‌တွေနဲ့ပတ်သက်ပြီးရောဘာသိလဲ"

စစ်ဘုရင်အန်း၏မေးခွန်းကြောင့် ကျိုးဟောင်မှင်တက်သွားလေသည်။

"စစ်ဘုရင်အန်း ကျုပ်ရှေးဟောင်းအပျက်အစီး‌တွေနဲ့ပတ်သက်ပြီးတော့ဘာမှမသိပါဘူး"

ကျိုးဟောင်ကအမှန်အတိုင်းဖြေလိုက်သည်။

"မင်းမသိတာလည်း ဖြစ်သင့်ပါတယ်။

ကျိုးဟောင်ကပြန်ဖြေလိုက်သည်။ဘာလို့ဆို အဲ့တာတွေကို ဖုန်းကွယ်ထားတာကြောင့်ပဲ။ တချို့ဌာနတွေဆိုဒါတွေတည်ရှိနေတာကိုမသိကြဘူး။ ဌာနအနည်းငယ်လောက်ပဲသိကြတာ"

....................................................................................

အခန်း (၄၈၁) ပြီးပါပြီ။

အခန်း (၄၈၂) : ရှေးဟောင်းအပျက်အစီး

စစ်ဘုရင်အန်းက ကျိုးဟောင်အားတချက်ကြည့်ပြီးနောက်ဆက်ပြောလေသည်။

"မင်းအဲ့အထူးလေ့ကျင့်ခန်းတွေကိုကြုံခဲ့ပြီးပြီမှတ်လား"

"ဟုတ်ကဲ့"

ကျိုးဟောင်ကခေါင်းညိတ်ပြလိုက်သည်။

"အဲ့တာတွေအပေါ်မင်းဘယ်လိုထင်လဲ"

စစ်ဘုရင်အန်းကမေးလိုက်လေသည်။

"အထင်ကြီးစရာပဲ နည်းပညာကတကယ့်ကိုထိပ်တန်းပါပဲ"

ကျိုးဟောင်၏အဖြေကိုကြားလိုက်သောအခါ စစ်ဘုရင်အန်းကပြုံးလိုက်သည်။

"တကယ်လည်းအဲ့အရာတွေကစွမ်းအားကြီးပါတယ် ကမ္ဘာလုံးဆိုင်ရာသန္ဓေပြောင်းလဲခြင်းဖြစ်ပြီးမှ ဘာလို့ငါတို့တွေသိုင်းပညာရှင်တွေဖြစ်လာတယ်ထင်လဲ အရင်ကဒါမျိုးတွေမဖြစ်ခဲ့ဖူးဘူးလေ"

စစ်ဘုရင်အန်း၏မေးခွန်းက တကယ့်အချက်ကိုထောက်ပြနေပြီး ကျိုးဟောင်လည်းအမှန်တကယ်ပင်သိချင်နေသောကိစ္စဖြစ်လေသည်။

"ကောင်းပြီ မင်းမဖြေနိုင်ရင်လည်းနောက်တခုပြောင်းမေးတာပေါ့ ကမ္ဘာလုံးဆိုင်ရာသန္ဓေပြောင်းလဲခြင်းဖြစ်မှာကျင့်ကြံရေးတွင်စတင်ခဲ့ကြရတာလေ ဒါဆိုဒီရှေးဟောင်းအပျက်အစီးတွေကိုဘယ်ကရလာတာလဲ။ ငါတို့ထက်အရင်သိုင်းပညာရှင်တွေရှိခဲ့ကြတာလည်းဖြစ်နိုင်ပါတယ်။ဒါဆိုသူတို့သိုင်းပညာ‌လောကလက်ရှိကျုပ်တို့ထက်ပိုမိုသာလွန်တာလား"

အန်းကျန်းထျန်၏စကားများကို စိတ်ထဲမရှင်းဖြစ်နေသောအရာများကိုပွင့်လင်းသွားစေလေသည်။အရင်ကဘယ်သူမှထိုကိစ္စများကိုမပြောခဲ့ဖူးကြပေ။

ကျိုးဟောင်အနေနဲ့အရင်ကထိုကိစ္စများကိုကြားခဲ့ဖူးပေသည်။ သို့သော်သူ့အနေဖြင့်တိကျသောအချက်အလက်များကို မစုဆောင်းနိုင်ခဲ့ပေ။

ရှေးဟောင်းအပျက်အစီးများကျန်ရှိနေခြင်းက ဟိုးအရင်ကတည်းက သိုင်းပညာရှင်များရှိနေခဲ့သည်ဆိုသောအဓိပ္ပာယ်ပင်ဖြစ်လေသည်။ဒါ့အပြင်ထိုသိုင်းပညာရှင်များက လက်ရှိသိုင်းပညာရှင်များထက်ပိုပြီး သန်မာသည်လို့ဆိုနိုင်လေသည်။

"စစ်ဘုရင်အန်း ကျုပ်အဲ့ကိစ္စကိုသေချာတွေးကြည့်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ရှေးရှေးတုန်းကသိုင်းပညာရှင်တွေရှိခဲ့တယ်လို့ ကျွန်တော်ယုံကြည်မိတယ်"

ကျိုးဟောင်၏စကားကြောင့် စစ်ဘုရင်အန်းမှာပြုံးပြီးခေါင်းညိတ်ပြလိုက်လေသည်။

"ငါပြောတာကိုမင်းယုံမယ်လို့ငါထင်ပါတယ် ဒါဆိုငါတို့သိတဲ့ရှေးဟောင်းအပျက်အစီးလောက်ဘယ်လောက်လောက်ရှိမယ်လို့မင်းထင်လဲ"

ထိုမေးခွန်းမှာ သူသိသည်ထက်ကျော််လွန်သွားပြီဖြစ်သောကြောင့် ကျိုးဟောင်မှာ ခေါင်းခါပြလိုက်လေသည်။

"ငါသိသလောက်ဆိုရင် နွားထီးရဲ့လည်ဆံမွှေးထက်တောင်ပိုများလောက်မယ်။ လက်ရှိအချိန်ထိတော့ဘယ်လောက်ထိရှိသလဲဆိုတာကိုတော့ငါတို့အတိအကျမသိသေးဘူး"

အန်းကျန်းထျန်၏အဖြေကကျိုးဟောင်အားမှင်တက်သွားစေလေသည်။

ကမ္ဘာဂြိုလ်ကြီးမှာ အလွန်ကြီးမားသော်လည်း ကျင့်ကြံမှုတွေစတင်လုပ်ဆောင်ပြီးကတည်းက လူသားများအနေဖြင့်ဘယ်နေရာကိုမဆို သွားလာနိုင်စွမ်းရှိကြပြီဖြစ်လေသည်။ဒါတောင်မှ ရှေးဟောင်းအပျက်အစီးများဘယ်လောက်ရှိသည်ကိုအဘယ့်ကြောင့်မသိနိုင်သနည်း။

"စစ်ဘုရင်အန်း ဒါ...ဒါကဖြစ်နိုင်ပါ့မလား။ ဘာကြောင့်ကျွန်တော်တို့မသိနိုင်သေးတာလဲ။ ‌ကမ္ဘာကြီးရဲ့ဘယ်နေရာကိုမဆိုသွားနိုင်ပြီမဟုတ်ဘူးလား ကျွန်တော်တို့အနေနဲ့ သန္ဓေပြောင်းသားရဲတွေရဲ့ပိုင်နက်တွေထဲကိုမသွားနိုင်သေးပေမဲ့ လူသားတွေရဲ့ပိုင်နက်‌ထဲကအရာအားလုံးကိုသိနိုင်တယ်လေ"

ကျိုးဟောင်မှာ စိတ်ထဲမရှင်းလင်းဖြစ်လာသောကြောင့်မေးလိုက်လေသည်။

"မင်းဒီလိုမေးမယ်လို့ငါထင်သားပဲ လူအတော်များများလည်းဒီလိုပဲတွေးကြပါတယ် ဒါပေမဲ့ သူတို့အနေနဲ့ဘယ်လိုမှရှာတွေ့နိုင်မှာမဟုတ်ဘူး ဘာလို့ဆိုအဲ့တာတွေကလျှို့ဝှက်ချက်ဖြစ်နေလို့ပဲ ဒါပေမဲ့ ဒီနေ့အဲ့လျှို့ဝှက်ချက်ကိုပြောပြမယ်"

အန်းကျန်းထျန်ကပြောပြီးနောက် ဓာတ်ပုံ၃ပုံအားထုတ်ပြလေသည်။

ပထမဆုံးပုံမှည အလွန်ရှေးကျသောမြို့တမြို့၏ပုံဖြစ်လေသည်။ ထိုမြို့ထဲတွင် မရေမတွက်နိုင်သောချပ်၀တ်၀တ်ဆင်ထားသည့်စစ်သည်များကရှေးဟောင်းဓားများကိုကိုင်ဆောင်ထားပြီး အံ့ဖွယ်အရှိန်အဝါများဖြင့်ပြည့်နှက်နေလေသည်။

ဒုတိယတပုံမှာ ကျယ်ပြောသောပင်လယ်ကြီး၏ပုံဖြစ်ပြီး ထိုပင်လယ်ကြီး၏အောက်ခြေတွင်နန်းတော်တခုတည်ရှိလေသည်။ ၎င်းသည်မြေအောက်မြို့တော်နှင့်ဆင်တူပြီး အလွန်ထူးခြားဆန်းကြယ်ပေသည်။အထူးသဖြင့် ကြီးမားသောရုပ်ထုကြီးမှာထိတ်လန့်ဖွယ်ကောင်းလှပေသည်။

တတိယတပုံမှာပို၍ပင်စိတ်လှုပ်ရှားဖွယ်ကောင်းလှပေသည်။ တိမ်မဲကြီးနောက်တွင်ရှိ‌နေသောကြီးမားသည့်မျက်လုံးတစုံကိုကျိုးဟောင်မြင်လိုက်ရပေသည်။ ၎င်းတို့မှာနေတစင်းနှင့်ပင်ဆင်တူလှပေသည်။

ထိုပုံများသည်မျက်မှောက်ခေတ်တွင်ပြုပြင်ဖန်တီးထားသောပုံအတုများဖြစ်နိုင်ပေသည်။သို့သော်အန်းကျန်းထျန်လိုလူကထုတ်ပြလာခြင်းကြောင့်၎င်းတို့မှာ ဖန်တီးပြုလုပ်ထားသောအရာများမဖြစ်နိုင်ပေ။

"ဒါတွေအကုန်လုံးကအစစ်တွေပဲ။ ဒါတွေကဟွာရှားကသိုင်းပညာရှင်တွေ အသက်စွန့်ပြီး အပင်ပန်းခံ ရယူထားခဲ့ရတာတွေပဲ"

စစ်ဘုရင်အန်း၏စကားကကျိုးဟောင်၏အထင်များကို ပိုမိုတိကျစေလေသည်။သို့သော်ကျိုးဟောင်အနေဖြင့်ပဟေဠိဖြစ်နေသောအချက်များရှိနေသေးလေသည်။ထိုပုံများမှာအရမ်းကိုထူးဆန်းလွန်းပေသည်။

"ငါသာမပြောရင် မင်းဒါတွေကိုကွန်ပြူတာနဲ့ဖန်တီးပြုလုပ်ထားတယ်လို့ထင်လိမ့်မယ် ဒါပေမဲ့ဒါတွေကတကယ့်အစစ်တွေပါ။အဲ့ဒါတွေက ဘယ်နေရာမှာရှိသလဲ ကမ္ဘာပေါ်ကတောင်ဟုတ်ရဲ့လားဆိုတာကိုတော့ငါတို့မသိဘူး"

စစ်ဘုရင်အန်းကအမှန်တိုင်းပြောလိုက်လေသည်။ထိုစကားကြောင့်ကျိုးဟောင်မှင်တက်သွားလေသည်။စစ်ဘုရင်အန်းဘာလို့ဒီလိုပြောမှန်းသူနားမလည်နိုင်ဖြစ်နေလေသည်။

"ငါမင်းကိုရှင်းပြပါ့မယ် အဲ့ပုံ၃ပုံကိုလူ၃ယောက်ကပို့ပေးခဲ့တာ သူတို့အနေနဲ့ အဲ့ပုံတွေပြန်ပို့ပေးနိုင်ဖို့အတော်အားထုတ်ခဲ့ရတယ်။ ပြီးတော့ ခုချိန်ထိအဲ့၃ယောက်ဘယ်နေရာရောက်နေလဲဆိုတာကို မရှာဖွေနိုင်သေးဘူး။ သေချာနားထောင်သူတို့ဘယ်နေရာဘယ်ဒေသရောက်နေတယ်ဆိုတာကို ဘယ်လိုမှရှာမတွေ့ခဲ့တာပဲ။ သူတို့ရဲ့ဆက်သွယ်ရေးကိရိယာကိုတောင်မှရှာမတွေ့ခဲ့ဖူး"

စစ်ဘုရင်အန်း၏စကားကြောင့်ကျိုးဟောင်မှာပိုပြီးအတွေးရှုပ်သွားလေသည်။

ပျောက်နေတာဆိုတာဘာအဓိပ္ပာယ်လဲ....

သူတို့ရဲ့လျှပ်စစ်ဆက်သွယ်ရေးကိရိယာကိုတောင်ခြေရာခံမရဘူးဆိုတာ သေသွားပြီတဲ့အဓိပ္ပာယ်မှတ်လား....

"မင်းသီးခြားဖြစ်တည်နေသည့်ဉာဏ်ရည်မြင့်တဲ့အရာတွေအကြောင်းကြားဖူးလား။ အဲ့အရာရဲ့နည်းပညာကငါတို့တကမ္ဘာလုံးမှာ အစွမ်းအထက်ဆုံးပဲ။ အဲ့အရာတွေက ထုတ်လုပ်ပြီးတာနဲ့ သူတို့ရဲ့ဆရာသခင်နဲ့တသားတည်းဖြစ်သွားတယ်။ ဘယ်လိုသာမန်မဟုတ်တဲ့အခြေအနေမျိုးမှာမဆို ၎င်းကိုအစားထိုးဖို့မဖြစ်နိုင်ဘူး။ ၎င်းက သူတို့ဆရာသခင်ရဲ့အချက်အလက်တွေကိုစုဆောင်းတယ် ပြီးတော့ ၎င်းရရှိထားတဲ့အချက်အလက်တွေကိုအသုံးပြုပြီး သူ့ဆရာသခင်ကို အမြင့်ဆုံးစွမ်းဆောင်ရည်တွေရရှိအောင်ကူညီတယ်"

"ပွင့်ပွင့်လင်းလင်းပြောရရင် အဲ့သီးခြားဖြစ်တည်နေတဲ့ဉာဏ်ရည်မြင့်တဲ့အရာတွေက အခိုင်းအစေတွေလိုပဲ။ အခိုင်းအစေတွေနဲ့မတူတာက သူတို့ကအနားယူဖို့မလိုဘူး။ မင်းခိုင်းစေသမျှကိုအကုန်နာခံတယ်။ ပြီးတော့ မင်းဘာပဲခိုင်းခိုင်း အကုန်ပြီးမြောက်အောင်လုပ်ဆောင်ပေးတယ်"

"ငါတို့စစ်နတ်ဘုရားတပ်ရင်းမှာ အဲ့လိုသီးခြားဖြစ်တည်နေတဲ့ဉာဏ်မြင့်အရာရဲ့အဓိကစနစ်တခုရှိတယ်။ အဲ့စနစ်နဲ့ဆို ဘယ်သူ့ကိုမဆိုပေါင်းထည့်ပေးလိုက်တဲ့ ဘယ်အသိဉာဏ်ဝိညာဉ်ကိုမဆိုရှာဖွေလို့ရတယ်။ ပြောရရင် မည်သည့်သီးခြားဖြစ်တည်နေတဲ့ဉာဏ်ရည်မြင့်သောအရာ(အသိဉာဏ်ဝိညာဉ်)ကိုမဆို ဆက်လက်အလုပ်လုပ်ဆောင်နေသလား မလုပ် ဆောင်ဘူးလားဆိုတာကိုထောက်လှမ်းလို့ရတယ်"

စစ်ဘုရင်အန်း၏စကားကဘာကိုဆိုလိုချင်နေမှန်းကျိုးဟောင်သဘောပေါက်လိုက်သည်။

" စစ်ဘုရင်အန်းပြောချင်တာက ထိုလူတွေကိုရှာမတွေ့ပေမဲ့ သူတို့နဲ့ထည့်ပေးလိုက်တဲ့ အသိဉာဏ်ဝိညာဉ်တွေကအလုပ်လုပ်နေတုန်းလို့ဆိုလိုချင်တာမှတ်လား။ ဒါ့အပြင် သူတို့ရဲ့တည်နေရာကိုလည်း အတည်မပြုနိုင်သေးတာမှတ်လား"

ကျိုးဟောင်၏မေးခွန်းကိုနားထောင်ပြီး စစ်ဘုရင်အန်းကခေါင်းညိတ်ပြလိုက်လေသည်။

"မင်းကဉာဏ်ပြေးတာပဲ ဒါပေမဲ့ မင်းပြောတာတ၀က်ပဲမှန်တယ်။ ငါတို့ကတည်နေရာကိုအတည်မပြုနိုင်တာမဟုတ်ဘူး သူတို့ကအရမ်းဝေးလွန်းနေတာ ငါတို့ထောက်လှမ်းနိုင်တဲ့အကွာအဝေးထက်ကျော်လွန်နေတာ။ ပြောရရင် အဓိကစနစ်ရဲ့ထောက်လှမ်းနိုင်တဲ့အကွာအဝေးကနေအဖွဲ့အစည်းတခုလုံးပဲ။ ငါဘာပြောချင်တာလဲ မင်းသဘောပေါက်မှာပါ"

စစ်ဘုရင်အန်း၏စကားကြောင့်ကျိုးဟောင်မှာမျက်မှောင်ကြုတ်သွားလေသည်။ အဓိကစနစ်ကအဲ့လောက်အကွာအဝေးထိထောက်လှမ်းနိုင်ပါက ထိုလူတို့မှာ နေအဖွဲ့အစည်းအပြင်ဘက်ထိထွက်သွားခဲ့လေသလား။

လက်ရှိနည်းပညာတိုးတက်မှုများဖြင့် နေအဖွဲ့အစည်းထဲမှထွက်သွားရန်ဖြစ်နိုင်သော်လည်း အရမ်းခက်ခဲလှပေသည်။ ဒါ့အပြင်ကုန်ကျစရိတ်လည်းအလွန်များပြားလှပေမည်။ သာမန်သယ်ဆောင်ရေးလွန်းပျံယာဉ်များဖြင့်မဖြစ်နိုင်ချေ။ ဒါ့အပြင်ထိုဓာတ်ပုံများကိုလည်း သယ်ယူပို့ဆောင်ရေးယာဉ်များဖြင့်ပြန်ပို့ခဲ့ခြင်းမဖြစ်နိုင်ချေ။

သူတို့အနေဖြင့် မသိရှိသေးသောနေရာများသို့သွားခဲ့ခြင်းသာဖြစ်နိုင်လေသည်။ ထိုအချိန်တွင်စစ်နတ်ဘုရားအန်းက ကျိုးဟောင်အားတည်ကြည်သောအမူအရာဖြင့်ကြည့်ပြီးပြောလိုက်လေသည်။

" ဒါ့ကြောင့် ရှေးဟောင်းအပျက်အစီးအများအပြားက ကမ္ဘာမြေမျက်နှာပြင်ပေါ်မှာမရှိဘူးလို့ငါတို့ကောက်ချလို့ရတယ်။ အဲ့ဒီအစားသူတို့က အာကာအချိန်ရဲ့အခြားရှုထောင့်တနေရာမှာရှိနေတာပဲ"

ထိုစကားကကျိုးဟောင်အတွက်သင့်တော်သောဖြေရှင်းချက်တခုဖြစ်ပေသည်။

....................................................................................

အခန်း (၄၈၂) ပြီးပါပြီ။

အခန်း (၄၈၃): မိုရိုလူမျိုးစု

အန်းကျန်းထျန်က ကျိုးဟောင်အားတချက်ကြည့်ပြီးနောက်ဆက်ပြောလေသည်။

"မင်းအာကာသအကြောင်းကိုဘယ်လောက်ထိသိသလဲတော့ငါမသိဘူး။ အဲ့အာကာသနယ်ပယ်က ငါတို့အသစ်ထပ်မံတွေ့ရှိတဲ့ ပိုင်နက်နယ်မြေတခုပဲ။ ပြီးတော့ အဲ့အရာကနေလည်းငါတို့အကျိုးအမြတ်တွေရနေတယ်"

"ရှေးဟောင်းအပျက်အစီးတွေက အဲ့လွတ်လပ်တဲ့သီးခြားရှုထောင့်နယ်မြေထဲမှာရှိနေတယ်။ အဲ့နေရာတွေကို၀င်ရောက်ဖို့နဲ့ပြန်ထွက်ဖို့နည်းလမ်းတော့ရှိရမယ်။ တချို့ရှေးဟောင်းအပျက်အစီးတွေက၀င်ရောက်လို့ပဲရပြီးပြန်ထွက်လို့မရတာတွေရှိတယ်။သူတို့၃ယောက်အနေနဲ့ အဲ့နေရာတွေထဲကိုရောက်သွားတာကဘယ်လို၀င်ရမလဲဆိုတာသိလို့မဟုတ်ဘဲ ကံကောင်းပြီးရောက်သွားခဲ့ကြတာပဲ"

စစ်ဘုရင်အန်း၏စကားကြောင့် ကျိုးဟောင်၏ကမ္ဘာဂြိုလ်ကြီးပေါ်အမြင်မှာလုံးလုံးပြောင်းလဲသွားရလေသည်။

သူ့အနေဖြင့်ဂြိုဟ်သားများတည်ရှိနေသည်ကိုသိခဲ့ပြီးနောက် ဒီလိုကိစ္စမျိုးများကလည်းဖြစ်နိုင်ချေရှိကြောင်းကိုလက်ခံလာရလေသည်။

"ငါတို့လူသားတွေအနေနဲ့ အဲ့အာကာသရှုထောင့်တွေတည်ရှိ‌နေတာကို သိနေသော်လည်း မဖော်ထုတ်နိုင် သေးတဲ့လျှို့ဝှက်ချက်တွေများစွာကျန်နေသေးတယ်။ အဲ့တာကြောင့် ငါတို့စစ်နတ်ဘုရားအဖွဲ့ကအဲ့ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့အစွမ်းကုန်ကြိုးစားလုပ်ကိုင်နေရတာပဲ"

အန်းကျန်းထျန်ကပြောပြီးနောက်ဒုတိယစာချုပ်ကိုထုတ်ပြလေသည်။

"ဒါက ဒုတိယစာချုပ်ပဲတချက်လောက်ကြည့်ကြည့်ပါဦး"

ကျိုးဟောင်မှာစာချုပ်ကိုယူပြီးဖတ်ကြည့်လိုက်သောအခါ သူ၏အမူအရာမှာလုံး၀ပြောင်းလဲသွားလေသည်။

စာချုပ်ထဲတွင်ကျိုးဟောင်မှာရှေးဟောင်းအပျက်အစီးများထဲသို့၀င်ရောက်ခွင့်ရရှိမည်ဖြစ်လေသည်။ဒါ့အပြင် ဆုကြေးများမှာပို၍ပင်မက်မောဖွယ်ကောင်းလှပေသည်။

ကျိုးဟောင်အနေဖြင့် ရှေးဟောင်းအပျက်အစီးများထဲမှ ရှာဖွေတွေ့ရှိလာသမျှအကုန်ပိုင်ဆိုင်မည်ဖြစ်ပြီး စစ်နတ်ဘုရားတပ်ရင်းထံအနည်းငယ်သာပြန်လည်မျှဝေရမည်ဖြစ်လေသည်။ဒါ့အပြင်အပျက်အစီးထဲမှရရှိလာသော ရမှတ်များနှင့်ဆုကြေးများမှာလည်း ဆတိုးရရှိမည်ဖြစ်လေသည်။ထိုဆုကြေးများမှာ တကယ့်ကိုစိတ်လှုပ်ရှားဖွယ်ဖြစ်လေသည်။

"ကျိုးဟောင်မင်းအနေနဲ့ငါ့ကိုအခုအဖြေပေးမှရမယ်။ ဒါပေမဲ့မင်းစဉ်းစားဖို့လိုသေးတာငါသိပါတယ်။ မင်းအနေနဲ့၀င်ရမယ့်ရှေးဟောင်းအပျက်အစီးဆိုတဲ့နေရာတွေကလည်း ၀င်ပြီးပြန်ထွက်လို့ရတဲ့နေရာကိုပဲ၀င်ရမှာပါ"

"လုံခြုံရေးအတွက်တော့ စိတ်ချလို့ရပါတယ် ဒါပေမဲ့ အထဲကဘယ်လိုအန္တရာယ်တွေစောင့်ကြိုနေမလဲကတော့မှန်းလို့မရဘူးလေ"

"ဒါကမကြာခင်မှာ ပွင့်လာတော့မယ် ရှေးဟောင်းအပျက်အစီးတွေပဲ တချက်လောက်ကြည့်လိုက်ပါဦး"

အန်းကျန်းထျန်က ဖိုင်တွဲတခုကိုယူပြီးကျိုးဟောင်အားပြလိုက်လေသည်။

ကျိုးဟောင်ကသေချာကြည့်လိုက်လေသည်။ ထိုထူးဆန်းသောနယ်ပယ်၏နာမည်မှာ "ကုတ်၀၃၁" ဖြစ်လေသည်။ထိုနယ်ပယ်ထဲတွင်အလွန်ထူးခြားဆန်းကြယ်သောနေရာများပါ၀င်လေသည်။

ဒါ့အပြင်အလွန်ရှားပါးသောမျိုးစိတ်များရှိပြီး၎င်းတို့၏နာမည်အတိအကျကိုတော့မသိပေ။အဓိကအချက်မှာ ထိုနယ်ပယ်ထဲတွင် အလွန်ရှေးကျပြီး စွမ်းအားကြီးသောမျိုးနွယ်စုတခုရှိလေသည်။

"မိုရိုမျိုးနွယ်စု"

ထိုမျိုးနွယ်အကြောင်းမိတ်ဆက်သည့်နိဒါန်းမှာ အထက်ပါအတိုင်းဖြစ်လေသည်။

မိုရိုမျိုးနွယ်စုများမှာ လူသားမျိုးနွယ်ထဲတွင်စိတ်စွမ်းအားအရာ၌ဆရာတဆူဖြစ်သည့်မျိုးနွယ်ဖြစ်ပေသည်။ ထိုမျိုးနွယ်ရှိလူများမှာ စိတ်ခွန်အားကိုသာအထူးတလည်ကျင့်ကြံကြလေသည်။

စိတ်စွမ်းအားအား အကန့်အသတ်အထိလေ့ကျင့်နိုင်သူသည် အရာအားလုံးအားထိန်းချုပ်နိုင်သည့်အစွမ်းကိုရရှိသွားမည်ဖြစ်သည်။

ဥပမာပြရလျှင် မီးတောက်များအားထိန်းချုပ်ခြင်း၊ ဓားများ နှင့်တချို့မိုရိုမျိုးနွယ်မှပညာရှင်များသည်ရန်သူအားလေဟာနယ်ထဲတွင်အကျဉ်းထောင်တခုဖန်တီးပြီးဖမ်းချုပ်ထားနိုင်စွမ်းရှိကြလေသည်။

သူတို့၏စိတ်စွမ်းအားမှာအရမ်းစွမ်းအားကြီးပြီး လေ့လာခန့်မှန်းချက်တွေအရ သိုင်းပညာရှင်တစ်ရာကျော်ကိုကျင့်ကြံသိုင်းတခုတည်းနှင့်အနိုင်ယူနိုင်စွမ်းရှိလေသည်။

စိတ်စွမ်းအားတိုက်ခိုက်မှုများကိုမမြင်နိုင်ပေ။တချို့‌ သောရတနာပစ္စည်းများဖြင့်ကာကွယ်နိုင်ပြီး ကိုယ့်ရဲ့စိတ်ခွန်အားသန်မာမှုလည်းကာကွယ်နိုင်လေသည်။သို့သော်လည်းသိုင်းပညာရှင်အနည်းငယ်လောက်သာစိတ်စွမ်းအားကိုလေ့ကျင့်ကြပြီး ရှင်းရှင်းဆိုရလျှင် စိတ်စွမ်းအားကျင့်ကြံခြင်းမှာပျောက်ကွယ်လုနီးပါးဖြစ်နေလေသည်။

"မိုရိုလူမျိုးစုတွေရဲ့စိတ်စွမ်းအားက ငါတို့စစ်နတ်ဘုရားတပ်ရင်းကလေးစားရတဲ့အထဲပါ၀င်တယ်။ စွမ်းအားကြီးတဲ့မိုရိုမျိုးနွယ်ပညာရှင်တယောက်ရဲ့ သန္ဓေပြောင်းသားရဲတွေကိုသတ်ဖြတ်နည်းက အရမ်းကိုရိုးရှင်းပြီး နှိုင်းမရအောင်စွမ်းအားကြီးတယ်"

"သူတို့ရဲ့အတွေးတချက်နဲ့တင်မင်းရဲ့အဓိက‌ အာရုံကြောစနစ်တွေနဲ့ဦး‌‌နှောက်ကိုဖျက်စီးလိုက်နိုင်ပြီး ချက်ချင်းမင်းကိုသတ်နိုင်တယ်။ မင်းကအရမ်းသန်မာတယ်ဆိုရင်တောင်မှ မင်းကိုချက်ချင်းသတ်နိုင်တယ်"

"ငါတို့စစ်နတ်ဘုရားတပ်ရင်းကသာ အဲ့လိုစွမ်းအားမျိုးကိုပိုင်ဆိုင်နိုင်မယ်ဆိုရင်လူသားတွေအနေနဲ့သန္ဓေပြောင်းသားရဲတွေကိုရင်ဆိုင်ရအရမ်းလွယ်ကူသွားလိမ့်မယ်။ ကျိုးဟောင် ငါဘာပြောချင်သလဲမင်းသဘောပေါက်မှာပါ"

စစ်ဘုရင်အန်းကပြောလိုက်လေသည်။

ကျိုးဟောင်အနေဖြင့်ဘာကိုဆိုလိုချင်မှန်းသဘောပေါက်လေသည်။တယောက်ယောက်က ထိုကဲ့သို့စွမ်းအားမျိုးကိုပိုင်ဆိုင်ထားပါက ထိုလူမှာ လူသားတို့အတွက်သတ်ဖြတ်ရေးလက်နက်တခုဖြစ်လာမည်ဖြစ်ပေသည်။

သို့သော်လည်း ကျိုးဟောင်မှာ စိတ်ထဲမရှင်းသောကြောင့်မေးလိုက်လေသည်။

"စစ်ဘုရင်အန်း ကျုပ်တည့်တိုးမေးလို့စိတ်မရှိပါနဲ့။ ဒီအရာကဘယ်လောက်အဖိုးတန်လဲဆိုတာ ဆရာအန်းကပိုသိမှာပါ။ ဒါပေမဲ့ ဘာလို့ကျုပ်ကိုအကူအညီတောင်းရတာလဲ။ ကျုပ်ထက်သန်မာတဲ့ကျောင်းသားတွေ ပြီးတော့ ကျုပ်ထက်အဆင့်တွေမြင့်တဲ့ကျောင်းသားတွေရှိပါတယ်။ သူတို့ကိုသာစေလွှတ်မယ်ဆို ကျုပ်ထက်အခွင့်အရေးပိုရှိမယ်ထင်တယ်"

ပထမမြောက်မူလအဆင့်ပညာရှင်တယောက်အတွက်ဒီမစ်ရှင်မှာခက်ခဲလှသည်လို့ဆိုနိုင်ပေသည်။

စစ်ဘုရင်အန်းကရယ်ပြီးချက်ချင်းပြန်ဖြေလေသည်။

"ကောင်စုတ်လေး မင်းကတကယ်ကိုဉာဏ်ပြေးတာပဲ။ ငါမင်းကိုနောက်မှအေးဆေးပြောပြမယ်လို့တွေးထားတာ အခုမင်းကမေးလာတော့လည်းပြောရ‌မှာပေါ့"

"အဲ့ထူးခြားဆန်းကြယ်တဲ့နေရာကိုလူတိုင်း၀င်နိုင်တာမဟုတ်ဘူး။ အဲ့အထဲမှာနေထိုင်တဲ့မျိုးနွယ်စုတွေက သတ်မှတ်ချက်တွေကန့်သတ်ချက်တွေထုတ်ထားလို့ပဲ။ဥပမာပြောရရင်တချို့နေရာတွေဆို ကောင်းကင်ဘုံအဆင့်နဲ့အထက်မှ၀င်လို့ရပြီး တချို့နေရာတွေက မူလပညာရှင်အဆင့်တွေသာ၀င်လို့ရတာမျိုးပေါ့"

"ငါတို့အနေနဲ့အပျက်အစီးတွေထဲဝင်တော့မယ်ဆိုရင်အဲ့ထဲကမျိုးနွယ်စုတွေရဲ့သတ်မှတ်ချက်တွေကိုလိုက်နာဖို့လိုတယ်။ ငါတို့စိတ်ရှိသလိုဝင်နေထွက်နေလို့မရဘူး။ ပြီးတော့ ရှေးဟောင်းမျိုးနွယ်စုတွေက စွမ်းအားကြီးပြီးငါတို့ကိုအလွယ်လေးဖျက်စီးနိုင်စွမ်းရှိတယ်။ ဒါ့ကြောင့် သူတို့ရဲ့စည်းကမ်းတွေကိုလိုက်နာဖို့လိုအပ်တယ်"

"ပြီးတော့ ဒီမိုရိုမျိုးနွယ်စုတွေကပိုပြီးထူးဆန်းတယ်။ သူတို့က စိတ်ခွန်အား၁၀၀၀အထက်ရှိတဲ့လူတွေပဲ၀င်ခွင့်ပြုထားတယ်။ ဘာလို့လဲဆိုတော့ စိတ်ခွန်အား၁၀၀၀အောက်လူတွေ၀င်လာတဲ့အခါ ထိုနေရာရဲ့စိတ်စွမ်းအားဆွဲငင်လှိုင်းကထိုလူကိုသတ်ပြစ်လိုက်နိုင်တယ်"

စစ်ဘုရင်အန်း၏စကားကိုကြားလိုက်သောအခါ ကျိုးဟောင်ဘာလို့သူ့အားအကူအညီတောင်းလဲသဘောပေါက်သွားလေသည်။

"မင်းရဲ့စိတ်ခွန်အားကိုငါတို့ထပ်မစမ်းသပ်ကြည့်ရသေးပေမဲ့ မင်းအကြောင်းတင်ပြချက်တွေအရ မင်းစိတ်ခွန်အားက ၂၀၀၀အထက်မှာရှိပြီး အတော်လေးအင်အားကောင်းတယ်လို့ဆိုနိုင်တယ်။စစ်နတ်ဘုရားတပ်ရင်းထဲကကျောင်းသားတွေထဲမှာမင်းတယောက်ပဲရှိတယ်"

စစ်ဘုရင်အန်း၏စကားကြောင့် ကျိုးဟောင်မှင်တက်သွားလေသည်။ သူ့အနေဖြင့်စစ်နတ်ဘုရားတပ်ရင်းတွင်မည်သည့်စမ်းသပ်မှုမလုပ်‌ရသေးပေ။

"ဟဲဟဲ ငါတို့မင်းရဲ့စိတ်ခွန်အားကိုဘယ်လိုသိလဲဆိုပြီးအံ့ဩသွားတယ်မှတ်လား ရိုးရှင်းပါတယ် ကောင်းကင်မျှော်စင်ကြောင့်ပဲလေ"

စစ်ဘုရင်အန်း၏စကားကြောင့်ကျိုးဟောင်သဘောပေါက်သွားလေသည်။ ကောင်းကင်မျှော်စင်ကတစုံတယောက်၏စိတ်ခွန်အားကိုပါတိုင်းတာပေးနိုင်လေသည်။

"ကောင်းကင်မျှော်စင်ရဲ့တည်ဆောက်ထားပုံကဆန်းကြယ်တယ်။ လူတိုင်းကတူညီတဲ့ခန္ဓာကိုယ်တွေပဲရပေမဲ့ စိတ်စွမ်းအားဘယ်လောက်အထိသယ်လာနိုင်လဲဆိုတာကိုတော့ဘယ်သူမှမသိကြဘူး"

....................................................................................

အခန်း (၄၈၃) ပြီးပါပြီ။

All Chapters