← Chapters

အခန်း (၄၈၄-၄၈၆)

Vol. 33 Ch. 484-486

အခန်း (၄၈၄-၄၈၆)

Vol. 33 Ch. 484-486

အခန်း (၄၈၄) : ရက်ရောသောဆုကြေး

"ငါတို့ကအဲ့ကောင်းကင်မျှော်စင်က‌ရတဲ့အချက် အလက်တွေကိုစုဆောင်းကြတယ်။ ပြီးတော့ တွက်ချက်မှုတွေအရ ကျိုးဟောင် မင်းအနေနဲ့ ရှေးဟောင်းအပျက်အစီးလို့ခေါ်တဲ့ တခြားနယ်ပယ်ရှုထောင့်ထဲကိုသွားဖို့အဆင့်မှီတယ်"

စစ်ဘုရင်အန်းကပြုံးပြီးပြောလေသည်။ကျိုးဟောင်လည်း ကောင်းကင်မျှော်စင်တွင်ထိုကဲ့သို့အစွမ်းရှိကြောင်းသဘောပေါက်သွားလေသည်။

"ဒီကိစ္စတွေကိုဆုံးဖြတ်တာကတော့စစ်နတ်ဘုရားတွေပဲ။ ကျိုးဟောင် မင်း အဲ့ရှေးဟောင်းအပျက်အစီးတွေထဲ၀င်သည်ဖြစ်စေ မ၀င်သည်ဖြစ်စေ မင်းသဘောပါ ငါတို့ဖိအားပေးမှာမဟုတ်ဘူး"

"ဒါပေမဲ့ မင်းကို ငါတို့အများကြီးမျှော်လင့်ထားကြတယ်။ ပြီးတော့ မိုရိုတွေရဲ့ရှေးဟောင်းအပျက်အစီးကလည်းလုံခြုံမှုရှိတယ်။ ၀င်ထွက်ရလွယ်တဲ့ လှိုဏ်ခေါင်းတွေရှိတယ်။ စစ်နတ်ဘုရားတွေကလည်း အဲ့ရှေးဟောင်းအပျက်အစီးအကြောင်းကိုသေချာလေ့လာခဲ့ကြပြီးပြီ မဟုတ်ရင်မင်းကိုသွားခိုင်းမှာမဟုတ်ပါဘူး"

စစ်ဘုရင်အန်းစကားဆုံးသောအခါကျိုးဟောင်ကခေါင်းညိတ်ပြလိုက်သည်။ ကျိုးဟောင်အနေဖြင့်ဘာကိုပြောချင်မှန်းသဘောပေါက်လေသည်။ သူတို့အနေဖြင့်သူ့အား ထိုရှေးဟောင်းအပျက်အစီးထဲသွားစေချင်သော်လည်း နောက်ဆုံးဆုံးဖြတ်ချက်ကသူ့အပေါ်တွင်မူတည်လေသည်။

"စစ်ဘုရင်အန်း အဲ့ရှေးဟောင်းအပျက်အစီးတွေထဲမှာဘာတွေရှိလဲ ရှင်းရှင်းပြောရရင် ကျွန်တော်အခုထိနားလည်ဖို့ခက်နေသေးလို့ပါ"

ကျိုးဟောင်မှာ အရင်က ရှေးဟောင်းအပျက်အစီးထဲတခါမှမ၀င်ဖူးသောကြောင့် မရေမရာဖြစ်နေလေသည်။

အန်းကျန်းထျန်လည်း ခဏလောက်တွေးနေခဲ့ပြီးမှ ပြောလာလေသည်။

" အဲ့ရှေးဟောင်းအပျက်အစီးတွေထဲမှာ ရှေးကျတဲ့အမွေအနှစ်တွေရှိတယ်။ အထူးသဖြင့် မိုရိုတွေရဲ့ နတ်ဘုရားကျောက်တုံးပဲ။ အဲ့ကျောက်တုံးမှာ အကြွင်းမဲ့စိတ်စွမ်းအားနည်းစနစ်တွေပါရှိတယ်။ စာတမ်းတွေအရတော့ မိုရိုတွေရဲ့အင်အားတွေက အဲ့ကျောက်တုံးထဲကလာတာပဲ"

"ဒါပေမဲ့အဲ့နတ်ဘုရားကျောက်တုံးက မိုရိုမျိုးနွယ်စုရဲ့အကြီးအကဲလက်ထဲမှာပဲ။ မင်းအဲ့ကျောက်တုံးကိုလိုချင်ရင်တော့ မိုရိုမျိုးနွယ်စုရဲ့သဘောကျထောက်ခံမှုကိုရဖို့လိုတယ်"

"မင်းသိထားသလိုပဲ သူတို့က စိတ်စွမ်းအားပညာရှင်တွေဖြစ်တာကြောင့် သူတို့ရဲ့အမွေဆက်ခံရေးတွေ စမ်းသပ်ရေးတွေ စိတ်ခွန်အားကို အဓိကစမ်းသပ်ကြမှာပဲ။ ငါတို့စစ်နတ်ဘုရားတပ်ရင်းရဲ့သုံးသပ်ချက်အရစိတ်ခွန်အားက အမွေဆက်ခံခွင့်ရဖို့အတွက်အဓိကအရေးအကြီးဆုံးအရာပဲ"

"ပြီးတော့ မိုရိုတွေဆီမှာ အံဖွယ်အုတ်ဂူတွေလည်းရှိတယ်။ အဲ့အုတ်ဂူတွေမှာအရင်ကသူတို့ရဲ့ခေါင်းဆောင်‌ဟောင်းတွေကိုမြှုပ်နှံထားကြတယ်။ သူတို့တွေကသေသွားပြီဆိုပေမဲ့ သူတို့ရဲ့စိတ်စွမ်းအင်တွေကအဲ့အုတ်ဂူတွေမှာစွဲကျန်ရစ်နေတုန်းပဲ။အဲ့နေရာက မင်းရဲ့အနာဂတ်အတွက်လေ့ကျင့်လို့ကောင်းတဲ့နေရာတခုလို့ဆိုနိုင်တယ်"

"ဒါ့အပြင်စာတမ်းတွေအရအများကြီးဖော်ပြထားတာမျိုးမရှိပေမဲ့ မိုရိုတွေဆီမှာ အဖိုးထိုက်တန်တဲ့ ရတနာတွေအများအပြားရှိနေမှာအသေအချာပဲ တကယ်လို့ကန့်သတ်ချက်တွေသာမရှိဘူးဆိုရင် ငါကိုယ်တိုင်၀င်ရောက်ရှာဖွေမိမှာပဲ"

အန်းကျန်းထျန်၏စကားများအရ သူနောက်ပြောင်ပြီးပြောဆိုနေခြင်းမဟုတ်ပေ။ကျိုးဟောင်လည်းခေါင်းညိတ်ပြလိုက်လေသည်။

တနည်းဆိုရလျှင် မိုရိုမျိုးနွယ်စု၏ဖုံးကွယ်နေခြင်းကြာမြင့်နေပြီဖြစ်သောကြောင့် သူတို့ပညာရှင်များအနေဖြင့် သူတို့၏ယဉ်ကျေးမှုအမွေအနှစ်များကိုဆက်ခံပြီးဖြန့်ဝေမည့်သူကိုရှာဖွေနေကြခြင်းဖြစ်နိုင်‌သည်။

"စစ်ဘုရင်အန်း ကျွန်တော်တခုလောက်ထပ်မေးချင်လို့ပါ အဲ့ရှေးဟောင်းအပျက်အစီးထဲကိုလူဘယ်နှယောက်လောက်၀င်ရမှာလဲ"

ကျိုးဟောင်ကသိချင်သောကြောင့်မေးလိုက်လေသည်။

"အရေအတွက်လား.... အရမ်းတော့များမှာမဟုတ်ဘူးလို့တော့ငါပြောနိုင်တယ်။ ဒါပေမဲ့စိတ်မပူပါနဲ့ ရှေးဟောင်းအပျက်အစီးတွေထဲ၀င်ရောက်ဖူးသူတွေက အယောက်တရာနီးပါးရှိနေပါပြီ"

သူ့အရင်လူအတော်များများ၀င်ပြီးကြောင်းကြားလိုက်ရသောအခါမှ ကျိုးဟောင်တယောက်သက်ပြင်းချလိုက်မိလေသည်။ သူသည်ပထမဆုံးမဟုတ်ဘဲ သူ့အရင်အခြားလူများလည်း၀င်ရောက်ဖူးသောကြောင့် ကြောက်နေစရာမလိုတော့ပေ။

"စစ်ဘုရင်အန်း ကျုပ်အခုပဲအဖြေပြန်ပေးပါ့မယ်။ ကျုပ်သွားဖို့ဆုံးဖြတ်လိုက်ပါပြီ"

ကျိုးဟောင်ကအသက်၀၀ရှူပြီးနောက်ပြောလိုက်လေသည်။သူ့အတွက်ပဲဖြစ်ဖြစ် ရှုလင်အတွက်ပဲဖြစ်ဖြစ် သူသွားဖို့လိုအပ်လေသည်။

ထိုနေရာတွင် ရှေ့ရေးအတွက် အခွင့်အလမ်းကောင်းများစွာရှိပြီး ကျိုးဟောင်အနေဖြင့် မသွားခဲ့ပါက နောင်တရနေရမည်ဖြစ်သည်။

"ဟားဟား မင်းက တကယ့်ကိုပွင့်လင်းတာပဲ။ ကောင်းပြီ မင်းသွားဖို့ဆုံးဖြတ်ပြီးပြီဆိုတော့ တတိယစာချုပ်အကြောင်းပြောကြတာပေါ့"

အန်းကျန်းထျန်ကပြောပြီးနောက် တတိယတခုကိုဆွဲထုတ်လိုက်လေသည်။

ရုတ်တရက်ဖြစ်သောကြောင့် ကျိုးဟောင်မှာ အံ့အားသင့်သွားလေသည်။ သူ့အနေဖြင့်စာချုပ်နှစ်ခုသာရှိမည်လို့ထင်ခဲ့သော်လည်း နောက်ထပ်တခုထပ်ထွက်လာလေသည်။

"ဒီတတိယစာချုပ်က မင်း ရှေးဟောင်းအပျက်အစီးထဲကနေပြန်ထွက်လာတဲ့အခါကျရင်စစ်နတ်ဘုရားတပ်ရင်းကမင်းကိုဆုချမည့်အကြောင်းအရာတွေပဲ။ဒါက ကတိက၀တ်လို့လည်းဆိုနိုင်တယ် တချက်လောက်ကြည့်ကြည့်ပါဦး"

ကျိုးဟောင်ကောက်ယူပြီးကြည့်လိုက်သောအခါပို၍ပင်အံ့ဩသွားရလေသည်။

ပထမတချက်မှာ သူ့အနေဖြင့်စစ်နတ်ဘုရားတပ်ရင်းဆီမှဘွဲ့ရပြီးသည်နှင့်တပြိုင်နက် စစ်နတ်ဘုရားတပ်ရင်း၏စစ်ဆေးရေးအရာရှိဖြစ်လာမည်ဖြစ်သည်။

နယ်မြေတခုတွင် စစ်ဆေးရေးအရာရှိဖြစ်သူမှာ အနည်းငယ်သာရှိသည်ဟုဆိုနိုင်ပေသည်။ စစ်ဆေးရေးအရာရှိမှာ အထူးသံတမန်အားလုံးအား စီမံခန့်ခွဲပိုင်ခွင့်ရှိလေသည်။

ဒါ့အပြင်စာချုပ်ကရာထူးတခုအတွက်လည်းဖော်ပြထားလေသည်။၎င်းမှာ စစ်နတ်ဘုရားတပ်ရင်း၏ ကောင်စီအဖွဲ့၀င်တယောက်ဖြစ်လာခွင့်ဖြစ်လေသည်။

ကောင်စီအဖွဲ့၀င်တယောက်သည် စစ်နတ်ဘုရားတပ်ရင်းကဦးစီးသော လေလံပွဲများတွင်မဆို အတွင်းကျသောဆုံးဖြတ်ချက်များချရာ၌ပါ၀င်ခွင့်ရှိပြီး စစ်နတ်ဘုရားများနှင့်တိုက်ရိုက်ဆက်သွယ်နိုင်လေသည်။

ပွင့်ပွင့်လင်းလင်းပြောရလျှင် ရှေးဟောင်းအပျက်အစီးများထဲသို့၀င်ရောက်ပြီးပြန်လာသူတိုင်းမှာ စစ်နတ်ဘုရားတပ်ရင်း၏အဓိကလူများဖြစ်လာကြလေသည်။ထိုအထောက်အထားမှာတကယ့်ကိုအရှိန်အဝါကြီးသောရာထူးဖြစ်လေသည်။ရှုလင်တို့မိသားစု၏၁၂ဆင့်မြောက် ကောင်းကင်ဘုံအဆင့်ပညာရှင်မှာ ထိုရာထူးနှင့်ယှဉ်လိုက်လျှင်ဘာမှမဟုတ်တော့ပေ။

"ငါဒါကိုအစကထုတ်မပြရတာက လုပ်ငန်းသဘောအရပဲ။ မင်းအနေနဲ့လုပ်ဖို့ဆန္ဒမရှိရင် ငါတို့အနေနဲ့ပိုက်ဆံတွေ လုပ်ပိုင်ခွင့်တွေကိုသုံးပြီးမင်းကို မြှင့်တင်ပေးဖို့အစီအစဉ်မရှိဘူး။ဒါကအဓိပ္ပာယ်မရှိဘူးဆိုတာမင်းလည်းသိမှာပါ"

"ရှင်းရှင်းပြောရရင် ငါတို့ကမင်းကို ရှေးဟောင်းအပျက်အစီးထဲမှာ မင်းလုပ်နိုင်တာကိုအကောင်းဆုံးလုပ်ပြီး ယူနိုင်သမျှရအောင်ယူဖို့ပဲ။ ငါတို့မင်းကိုဘာမှမထောက်ပံ့ဘူးဆိုရင်တောင်မှပေါ့ ငါဘာကိုဆိုလိုချင်မှန်းမင်းသိမှာပါ"

စစ်ဘုရင်အန်းကပြုံးပြီးပြောလိုက်လေသည်။

"ကဲဒီနေ့ပြောတာတွေလည်း အတော်များသွားပြီ အချိန်ကျလာတဲ့အခါကျရင် မင်းကို ရှေးဟောင်းအပျက်အစီးထဲသွားဖို့စီစဉ်ပေးမယ်။ခန့်မှန်းခြေ တစ်လဒါမှမဟုတ် အဲ့ထက်လည်းပိုနိုင်တယ် ကဲ သွားပြီးပြင်ဆင်ထားတော့"

စစ်ဘုရင်အန်းကစကားဆုံးသော ကျိုးဟောင်လက်မှတ်ထိုးထားသောစာချုပ်များအားလုံးကိုသိမ်းဆည်းလိုက်လေသည်။

ကျိုးဟောင်တယောက်ပြန်ဆင်းလာသောအခါ ချန်းယန်ကော်ဖီသောက်နေသည်ကိုတွေ့လိုက်ရလေသည်။ ချန်းယန်လည်း ကျိုးဟောင်ထွက်လာသည်ကိုတွေ့သောအခါ သောက်လက်စကော်ဖီကိုချပြီး ကျိုးဟောင်ဆီလမ်းလျှောက်လာလေသည်။

" ဘယ်လိုလဲ ဆွေးနွေးတာရောဘယ်လိုအခြေအနေရှိလဲ"

ချန်းယန်ကမေးလိုက်လေသည်။

"မဆိုးပါဘူး စစ်ဘုရင်အန်းကကျွန်တော့်ကိုသွား ....."

"ရပ် ရပ်လိုက်"

ချန်းယန်ကတားလိုက်သောကြောင့်ကျိုးဟောင်အံ့ဩသွားလေသည်။

"စစ်ဘုရင်အန်းနဲ့မင်းရဲ့ဆွေးနွေးမှုထဲ ၀င်မပတ်သက်ချင်ဘူး။ ဒါ့အပြင်စစ်ဘုရင်အန်းကမင်းနဲ့ဒီလိုတဦးချင်းတွေ့တာက အရေးကြီးတဲ့ကိစ္စတွေဆွေးနွေးချင်လို့ပဲ အဲ့အကြောင်းတွေကို မင်းပဲသိထားပြီး ငါ့ကိုပြောပြစရာမလိုပါဘူး။ ပြီးတော့ ဘယ်သူ့ကိုမှလည်းပြောပြလို့မရဘူး နားလည်လား"

ချန်းယန်၏စကားများကြောင့်ကျိုးဟောင်မှာ ခဏလောက်မှင်တက်သွားလေသည်။ သေချာစဉ်းစားကြည့်သောအခါ ချန်းယန်၏စကားများကအဓိပ္ပာယ်ရှိပေသည်။

ပြန်ရောက်သောအခါကျိုးဟောင်မှာ ရှေးဟောင်းအပျက်အစီးဟုခေါ်သောအရာအကြောင်းကိုတွေးနေမိလေသည်။ သို့သော်လည်း လေ့ကျင့်ရေးကိုအာရုံစိုက်လိုသောကြောင့် လေ့ကျင့်ရေးခန်းမဆီသို့ထွက်လာလေသည်။

လေ့ကျင့်ရေးခန်းမဆီသို့ရောက်သောအခါ တံခါးကိုမှီရင်းရပ်နေသောလှပသောအသွင်အပြင်လေးတခုကိုမြင်လိုက်ရလေသည်။ထိုအမျိုးသမီးလေးမှာတယောက်ယောက်ကိုစောင့်နေဟန်ပေါ်လေသည်။

....................................................................................

အခန်း (၄၈၄) ပြီးပါပြီ။

အခန်း (၄၈၅): သိက္ခာကျခြင်း

ထိုမိန်းမလှလေးမှာအခြားလူမဟုတ်ဘဲ နည်းပြချန်းယန်၏တပည့်ဖြစ်သူ ဂျင်းနီဖြစ်လေသည်။ သူမဘာကြောင့်ဒီရောက်နေသလဲဆိုသည်ကိုကျိုးဟောင်မသိသောကြောင့် ဒီအတိုင်းဖြတ်လျှောက်သွားလိုက်လေသည်။

ဂျင်းနီမှာကျိုးဟောင်အားမြင်လိုက်သောအခါ အလွန်ပျော်ရွှင်သွားသည့်ပုံဖြင့်ပြောလာလေသည်။

"ကျိုးဟောင်နင် နောက်ဆုံးတော့ပြန်လာပြီပေါ့ ငါနင့်ကိုလိုက်ရှာနေတာ"

"ငါ့ကိုလိုက်ရှာနေတာလား"

ကျိုးဟောင်မှာထိုစကားကြောင့် တအံ့တဩဖြစ်သွားလေသည်။

"ဟုတ်တယ် ငါဒီမှာစောင့်နေတာ ၂နာရီလောက်ရှိပြီ နင်နဲ့နည်းပြချန်းအပြင်ထွက်သွားတယ်ဆိုလို့ နင်ပြန်လာတာနဲ့ လေ့ကျင့်ဖို့လာမယ်ဆိုတာသိလို့ ငါဒီမှာစောင့်နေတာ"

ဂျင်းနီ၏ပင်ကိုယ်စရိုက်မှာပွင့်လင်းပြီး သူမ၏နူးညံ့သောမျက်နှာလေးနှင့် ဆွဲဆောင်မှုရှိသောခန္ဓာကိုယ်ကြောင့် မိန်းမလှလေးဟုဆိုနိုင်ပေသည်။

အရှေ့တိုင်းအမျိုးသမီးများနှင့်ယှဉ်ရင်အ‌နောက်တိုင်းအမျိုးသမီးများမှာ သူတို့၏မျက်လုံးပြာလေးများ၊ရွှေအိုရောင်ဆံနွယ်များနှင့် ရုပ်သွင်ပြင်များမှာ ထူးခြားနေလေသည်။အရှေ့တိုင်းအမျိုးသမီးများမှာလည်း သိမ်မွေ့နူးညံ့သောအလှအပမျိုးရှိကြပေသည်။

"မင်းဘာလို့ငါ့ကိုရှာနေတာလဲ"

ကျိုးဟောင်မှာ အကြောင်းအရင်းကိုနားမလည်နိုင်သောကြောင့်မေးလိုက်လေသည်။

"တကယ်တော့ အရမ်းအရေးကြီးတဲ့ကိစ္စတော့မဟုတ်ပါဘူး။ စစ်နတ်ဘုရားတပ်ရင်းရဲ့အနောက်တိုင်းသိုင်းပညာရှင်တွေက နောက်ရက်အနည်းငယ်ကြာရင်စားသောက်ပွဲတခုကျင်းပကြမှာ။ ငါ....ငါနင့် ....နင့်ကို ငါနဲ့တွဲကပေးဖို့အဖော်အဖြစ်ဖိတ်ချင်လို့ပါ"

အနောက်တိုင်းယဉ်ကျေးမှုတွင်တွဲကဖော်ကိုဒီအတိုင်းဖြစ်သလိုရွေးချယ်ခြင်းမျိုးမဟုတ်လဲ လေးနက်သောအဓိပ္ပာယ်ရှိလေသည်။

အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ်တွဲကဖို့ ဖိတ်ကြားခြင်းခံရပါက တဖက်မှ ထိုသူအားစိတ်၀င်စားနေသည်ဆိုသည့်အချက်ပင်ဖြစ်လေသည်။

ဒါ့ကြောင့်ဂျင်းနီကကျိုးဟောင်အား ဖိတ်ကြားခြင်းဖြစ်ပေသည်။

သို့သော်ကျိုးဟောင်အနေဖြင့်ငြင်းဆန်ချင်နေပေသည်။ သူသည်ရှုလင်တယောက်တည်းကိုသာသဘောကျပြီး အကယ်၍ရှုလင်သာ ဒီအကြောင်းကိုသာသိသွားပါက သူဒုက္ခရောက်မည်ဖြစ်လေသည်။

"အာ ဂျင်းနီ ငါတကယ်တောင်းပန်ပါတယ် ကပွဲမှာငါမပါချင်လို့ပါ"

ကျိုးဟောင်အနေဖြင့်ထိုကဲ့သို့သာပြန်ဖြေနိုင်လေသည်။

ကျိုးဟောင်၏စကားကိုကြားလိုက်သောအခါ ဂျင်းနီ၏မျက်နှာလေး အောက်စိုက်သွားလေသည်။ ကျိုးဟောင်အနေဖြင့်ငြင်းလိမ့်မည်လို့သူမမထင်ထားခဲ့ပေ။

"ကျိုးဟောင် နင်...နင် ငါနဲ့အတူမသွားချင်လို့လား ဒါမှမဟုတ် ဘယ်လိုကရမလဲဆိုတာမသိလို့လား ဘယ်လိုကရမလဲဆိုတာမသိရင်ငါသင်ပေးနိုင်ပါတယ်"

ဂျင်းနီကအမြန်ပြန်ပြောလိုက်လေသည်။

ကျိုးဟောင်အနေနှင့်သက်ပြင်းသာချလိုက်မိလေသည်။ သူ့အနေဖြင့်တည့်ပြောရန်အားနာသောကြောင့် သွယ်ဝိုက်ပြောခဲ့ခြင်းဖြစ်လေသည်။

ထိုအချိန်တွင် ရယ်သံတခုထွက်လာခဲ့လေသည်။

" ဂျင်းနီက ဒီရောက်နေတာပဲ ငါမင်းကိုလိုက်ရှာနေတာ"

ထိုအသံကြောင့် ကျိုးဟောင်လှည့်ကြည့်လိုက်သောအခါ ခရစ်နှင့်အခြားလူများလျှောက်လာသည်ကိုတွေ့လိုက်ရလေသည်။ သူတို့နောက်တွင်ပေါလ်နှင့်အခြားအမျိုးသား၊အမျိုးသမီး၂ဦးလည်းပါ၀င်လေသည်။ခရစ်မှာကျိုးဟောင်ကိုမြင်သော်လည်း သိပ်ဂရုမစိုက်ပေ။

သို့သော် ဂျင်းနီမှာ ခရစ်၏အသံကိုကြားလိုက်သောအခါ မနှစ်မြို့သောအမူအရာဖြစ်သွားလေသည်။

" ဂျင်းနီ ကိုယ်မင်းကို စုဝေးပွဲမှာ တွဲကဖော်အဖြစ်ဖိတ်ချင်လို့ပါ။ မင်းအဆင်ပြေမယ်လို့ကိုယ်မျှော်လင့်ပါတယ်"

ခရစ်၏စကားကိုကြားလိုက်သောအခါ ကျိုးဟောင်သက်ပြင်းချလိုက်မိလေသည်။ ခရစ်မှာသူ့အား အမြဲပစ်မှတ်ထားတိုက်ခိုက်နေတတ်သောကြောင့် ယခုလိုအခြေအနေမျိုးတွင် သူ့အား အဆင်ပြေအောင်ကူညီသည်လို့မှတ်ယူ၍မရပေ။

သို့သော်ဂျင်းနီမှာ မလိုလားဟန်ဖြင့်ပြောလိုက်လေသည်။

" ဆောရီး ခရစ် ငါမင်းရဲ့တွဲကဖော်မဖြစ်ပေးနိုင်ဘူး။ ငါအခု ကျိုးဟောင်ကိုငါ့ရဲ့‌တွဲကဖော်ဖြစ်ပေးဖို့ ဖိတ်ကြားနေတာ မင်းအနေနဲ့အခြားတယောက်ရှာလိုက်တာပိုကောင်းမယ်"

ဂျင်းနီ၏စကားကြောင့် ကျိုးဟောင် စိတ်ညစ်သွားလေသည်။အနောက်တိုင်းအမျိုးသမီးများမှာ ဒီလောက် တည့်တိုးနိုင်လိမ့်မည်လို့သူမထင်ထားခဲ့ပေ။

ခရစ်မှာထိုစကားကြောင့် ကျိုးဟောင်အား အကျည်းတန်သောအမူအရာဖြင့်ကြည့်ပြီးပြောလိုက်လေသည်။

" ဂျင်းနီ နင်တကယ်ကျိုးဟောင်ကိုဖိတ်မလို့လား သူက အရှေ့တိုင်းကလေ ဘယ်လိုလုပ်ကတတ်မှာလဲ"

"တကယ်လို့ သူမသိဘူးဆိုရင်ငါသင်ပေးလို့ရတယ် ကိစ္စမရှိဘူး"

ဂျင်းနီကချက်ချင်းပြန်ပြောလိုက်လေသည်။တကယ်လို့ ကျိုးဟောင်အား အကသင်ပေးရပါက သူမကျိုးဟောင်နှင့်အကြာကြီးအတူရှိနိုင်လေမည်။

ဂျင်းနီစကားကိုကြားသောအခါ ခရစ်မှာဒေါသထွက်သွားလေသည်။

" ဂျင်းနီ ငါတို့စုဝေးပွဲကနောက်အပတ်ဆိုစတော့မှာ ကျိုးဟောင်သင်ဖို့မှီမှာမဟုတ်ဘူး။ ပြီးတော့ စုဝေးပွဲက အနောက်တိုင်းသားတွေအတွက်အရမ်းအရေးကြီးတာလေ။ မင်းအနေနဲ့ မကတတ်တဲ့သူကိုခေါ်လာရင် မင်းပဲအရှက်ရနေရမယ်"

"မဖြစ်နိုင်တာ ငါ့‌အဖေလည်း ငါ့အမေနဲ့မတွေ့ခင်က မကတတ်ပါဘူး အခုသူတို့နှစ်ယောက်လုံးလိုက်ဖက်ညီတဲ့တွဲကဖော်တွေဖြစ်နေကြပြီ"

ဂျင်းနီကပြောပြီး ကျိုးဟောင်အားပြုံးကာကြည့်ပြီးထပ်ပြောလိုက်လေသည်။

"ဒါနဲ့ငါ့ရဲ့အဖေကလည်းတရုတ်လူမျိုးပဲသိလား"

ကျိုးဟောင်လည်းပြောစရာစကားရှာမရဖြစ်နေလေသည်။

တဖက်ရှိခရစ်မှာအလွန်အမင်းဒေါသထွက်နေပြီး သူနှင့်အတူပါလာတဲ့သူများကလည်း ထိုမြင်ကွင်းကြောင့် စိတ်တိုလာကြလေသည်။ သူတို့အားလုံးက ထရစ်က ဂျင်းနီအား ကြိုက်နေသည်မှာ အတော်ကြာပြီဖြစ်ကြောင်းသိကြလေသည်။ သို့သော် ခုမှစစ်နတ်ဘုရားတပ်ရင်းသို့ရောက်လာသောကျိုးဟောင်အပေါ်ဂျင်းနီက သဘောကျနေလေသည်။

သူတို့၏သူငယ်ချင်းခံစားနေရသည့်အပေါ် သူတို့ဒီအတိုင်းကြည့်‌မနေနိုင်ကြပေ။ အရင်ဆုံးကျိုးဟောင်အား အခဲမကြေသော ပေါလ်ကစပြောလာလေသည်။

" ဂျင်းနီ မင်း ကျိုးဟောင်ကို စုဝေးပွဲကိုဖိတ်လို့မရဘူးလို့ငါထင်တယ် ဘာလို့ဆိုသူက ချမ်းသာတဲ့မိသားစုကမဟုတ်ဘူး ဒါ့ကြောင့် စုဝေးပွဲကို ပါ၀င်ဆင်နွှဲခွင့်မရှိဘူး။ တကယ်လို့ မင်း သူနဲ့တွဲကရင် မင်းပုံရိပ်ကိုထိခိုက်စေလိမ့်မယ်"

ထိုအချိန်တွင်ဘေးရှိ အနောက်တိုင်းသူ၂ဦးကလည်း၀င်ပြောလာလေသည်။

" ဂျင်းနီ နင်သေချာဆုံးဖြတ်ဖို့လိုတယ်။ စုဝေးပွဲတွေမှာ တခါမှမပါဖူးတဲ့သူကိုအရှေ့တိုင်းသားကိုခေါ်ပြီးကတာက မင်းကိုယ်မင်းသာမက မင်းမိသားစုကိုပါအရှက်ရစေနိုင်တယ်"

" ဟုတ်တယ် ငါတို့အနောက်တိုင်းသားတွေမိသားစုဂုဏ်ကိုအရမ်းအလေးထားတယ်။ ငါ့အထင်မင်းမိသားစုကလည်းဒါကိုလက်ခံမယ်မထင်ဘူး"

သူတို့အားလုံး၏စကားများက ကျိုးဟောင်အား သိမ်ငယ်အောင်လုပ်နေကြပေသည်။ကျိုးဟောင်ကသတိထားမိသော်လည်း သိပ်ဂရုမစိုက်ပေ။သူ့အနေဖြင့်ထိုစုဝေးပွဲသို့သွားလိုစိတ်လုံး၀မရှိပေ။ သို့သော် ဂျင်းနီက သူ့အား အတင်းဖိတ်ခေါ်နေလေသည်။

"ဘာကိုကြောက်နေရမှာလဲ ဒီအတိုင်းစုဝေးပွဲလေးပဲကို ပြီးတော့ ကျိုးဟောင်က စစ်နတ်ဘုရားတပ်ရင်းမှာနာမည်ကြီးပဲလေ သူ့ကိုဘယ်သူကရယ်ရဲမှာလဲ။ နင်တို့ကမှ ဒီကိုရောက်တာ တနှစ်ကျော်ရှိနေပြီး ကျိုးဟောင်နောက်မှာရောက်နေကြတာမှတ်လား နင်တို့သာကိုယ့်ကိုယ်ကိုရှက်ရမှာ"

ဂျင်းနီကသူတို့အားလုံးအား မနှစ်မြို့ပေ။ ဂျင်းနီမှာ ချမ်းသာသောမိသားစုကြီးမှဖြစ်ပြီး ခရစ်တောင်မှ သူမအားတလေးတစားဆက်ဆံရပေသည်။

....................................................................................

အခန်း (၄၈၅) ပြီးပါပြီ။

အခန်း (၄၈၆) : စိန်ခေါ်စာ

ဂျင်နီ၏စကားများမှာ ခရစ်အားရူးသွပ်လုနီးပါးဖြစ်သွားစေခဲ့ပြီး ခရစ်မှာကျိုးဟောင်အားမီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့်ကြည့်လာခဲ့သည်။ သူဂျင်နီအားသဘောကျလာခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်ပြီး ဂျင်နီ၏မိသားစုသည်လည်းတကယ်ပင်သူ့အားကူညီပေးခဲ့ပေသည်။

ထို့ကြောင့်ခရစ်သည်ဤလက်ထပ်ပွဲအား တကယ်ပင်ဖြစ်မြောက်စေချင်ပေသည်။ သို့သော် သူ့ဘက်မှဆန္ဒရှိနေသော်လည်းဂျင်နီမှာငြင်းဆိုနေဆဲပင်ဖြစ်ပေရာ ဤကိစ္စနှင့်ပက်သတ်ပြီးအတော်လေးစိုးရိမ်နေရပေသည်။

ယခုတစ်ကြိမ်တွင်လည်း ဂျင်နီအားဖိတ်ခေါ်ရန် အများကြီးအားစိုက်ထုတ်ခဲ့ရသော်လည်း မမျှော်လင့်ထားစွာပင် ဂျင်နီမှာတကယ်ပင်ကျိုးဟောင်အားဖိတ်ရန်ခြေလှမ်းစနေပေသည်။ ဤလုပ်ရပ်သည် သူ၏နှလုံးသားအားဓားနှင့်အကြိမ်ကြိမ်ထိုးနေသလိုပင်။ သူတကယ်ပင်ကျိုးဟောင်ထံပြေးသွားကာ ထိုးကြိတ်ပစ်လိုက်ချင်ပေသည်။

"ဂျင်နီ ကိုယ့်အထင်တော့ကိုယ်တို့ဒီကိစ္စကိုပြန်စဉ်းစားဖို့လိုဦးမယ်ထင်တယ် မင်းကချမ်းသာတဲ့မိသားစုကလာတဲ့လူတစ်ယောက် မင်းဂရုမစိုက်ရင်တောင် မင်းမိသားစုကဂရုစိုက်မှာပဲ ပြီးတော့ကိုယ်တို့ဒီတစ်ခေါက်စု‌‌ဝေးပွဲအတွက် ကျိုးဟောင်ကိုဖိတ်ဖို့တောင်မစဥ်းစားထားဘူးလေ"

ခရစ်မှာစိတ်ထဲမှ‌‌ဒေါသအားမျိုချကာ ချက်ချင်းပင်ပြောလိုက်သည်။ ဤစုဝေးပွဲအားသူတို့၏မိသားစုမှဦးဆောင်ကျင်းပခြင်းဖြစ်သည်။ ထို့အပြင် ပွဲ၏ဧည့်ခံသူအနေဖြင့် ကျိုးဟောင်အား ဖိတ်မဖိတ်ဆုံးဖြတ်ပိုင်ခွင့်သည် ခရစ်ထံတွင်ရှိပေသည်။ ဂျင်နီမှာထိုစကားအားကြားသောအခါ အလွန်စိတ်ဆိုးသွားပြီး ချက်ချင်းပင်ဒေါသတကြီးပြောလာခဲ့သည်။

"ခရစ် နင်တို့မိသားစုကဦးဆောင်ကျင်းပမယ်ဆိုတာကို ငါသိတယ် ဒါပေမဲ့ ကျိုးဟောင်ဒီပွဲမှာမပါရဘူးလို့တားရအောင် နင့်မှာဘာအခွင့်အရေးရှိလို့လဲ"

ဂျင်နီအလွန်စိတ်ဆိုးနေသည်ကိုကြည့်ပြီး ခရစ်မှာ ပို၍ပင်‌ဒေါသဖြစ်လာခဲ့သည်။ သို့သော် သူသည်ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။

"ဂျင်နီ အထင်မလွဲပါနဲ့ ကျိုးဟောင်နဲ့ကိုယ့်ကြားဘာပြဿနာမှမှမရှိတာ ပထမအချက် ကိုယ်တို့ဖိတ်လို့ရတဲ့ဧည့်သည်ကအကန့်အသတ်နဲ့ရှိတယ် ဒုတိယအချက်က ကျိုးဟောင်ကခုမှ စစ်နတ်ဘုရားတပ်ရင်းကိုဝင်တာ ပြီးတော့ကိုယ်တို့အနောက်တိုင်းပြည်ရဲ့ အဖွဲ့ဝင်တစ်ယောက်လည်းမဟုတ်ဘူး အဲဒါကြောင့်.....သူပါဝင်ဖို့ကသိပ်မသင့်တော်ဘူး"

ခရစ်မှာဂျင်နီအားသူကျိုးဟောင်ကိုသဘောမကျ၍ မဖိတ်လိုခြင်းဖြစ်ကြောင်းပြောလိုက်ချင်သော်လည်း ယခုလိုပြောလိုက်လို့မရပေ။

"နင်.....နင်....."

ဂျင်နီမှာအလွန်‌ဒေါသဖြစ်သွားခဲ့သည်။ ခရစ်ပြောချင်သည့်သဘောအား သူမ မသိပဲမနေပေ။ တစ်ဖက်တွင် ကျိုးဟောင်မှာထိုစကားအားကြားချိန်တွင် ခပ်‌ရေးရေးသာပြုံးပြီးဂရုစိုက်ဟန်မပေါ်ပေ။

"မိန်းကလေးဂျင်နီ ဒီကိစ္စကိုနောက်မှထပ်ပြောကြတာပေါ့ သူတို့ကငါ့ကိုမကြိုဆိုမှတော့ ငါသွားလိုက်ရင်အားလုံးစိတ်အနှောင့်အယှက်ဖြစ်သွားမယ်မဟုတ်လား ပြီးတော့ ငါစုဝေးပွဲတွေနဲ့ပတ်သက်ပြီးဘာမှမသိဘူး သွားရမှာလည်းရှက်တယ် အဲဒါကြောင့် ဖိတ်ဖို့ရည်ရွယ်ပေးတာ ကျေးဇူးတင်ပါတယ် နည်းပြချန်းငါ့ကိုစောင့်နေလို့ ငါအရင်သွားပြီးလေ့ကျင့်လိုက်ဦးမယ်"

ကျိုးဟောင်မှာသက်ပြင်းချကာ ချက်ချင်းပင်ပြောလိုက်သည်။

"ကျိုးဟောင်....."

ဂျင်နီမှာထပ်မံပြောချင်သေးသော်လည်း ကျိုးဟောင်မှာမူလှည့်ထွက်သွားပြီဖြစ်သည်။ ခရစ်မှာရှေ့ရှိမြင်ကွင်းအားကြည့်ပြီး အလွန်ပျော်ရွှင်နေပေသည်။ ထို့နောက် ချက်ချင်းပင်ဂျင်နီအားပြောလိုက်သည်။

"ဂျင်နီဒီကျိုးဟောင်ကမလာချင်ပါဘူးဆိုမှတော့ သူ့ကိုဖိတ်မနေတော့ဘူး မင်းနဲ့အတူတွဲကရမှာ ကိုယ့်အတွက်ပိုမကောင်းဘူးလား ကိုယ်တို့မိသားစုတွေကဒီလောက်ရင်းနှီးကြတာ ကိုယ်တို့......"

"ငါတို့က ဒီတိုင်းသာမန်မိတ်ဆွေတွေပဲ ပြီးတော့

ခရစ် ကျိုးဟောင်မလာဘူးဆိုမှတော့ ငါလည်းမလာချင်တော့ဘူး ကျေးဇူးပြုပြီးငါ့နာမည်ကို စာရင်းထဲကဖျက်ပေးပါ"

ဂျင်နီမှာအလွန်ဒေါသဖြစ်သွားခဲ့သည်။ အကယ်၍ခရစ်ကြောင့်မဟုတ်ပါက သူမကျိုးဟောင်အား သိမ်းသွင်းနိုင်တော့မည်ဖြစ်သည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ကျိုးဟောင်စုဝေးပွဲအားမလာသည့်အပေါ်ဒေါသဖြစ်ခြင်းသည် ခရစ်အပေါ်အားလုံးပုံကျသွားခဲ့သည်။ ပြောပြီးသည်နှင့် ဂျင်နီမှာပြန်ပင်မကြည့်ဘဲထွက်သွားတော့သည်။ ခရစ်မှာ‌‌ဒေါသဖြစ်လွန်း၍ လက်သီးအားတင်းတင်းဆုပ်ကာ မျက်လုံးများပင်နီရဲနေခဲ့သည်။

"ကျိုးဟောင် သေသင့်တဲ့ကောင် ကျိုးဟောင် မင်းငါ့မိန်းကလေးကိုလုရဲတယ်"

ခရစ်မှာအလွန်ဒေါသဖြစ်နေသလို ပေါလ်သည်လည်း နှာခေါင်းရှုံ့လာခဲ့သည်။

"ခရစ်ကြည့်ရတာငါတို့ဒီကျိုးဟောင်ကိုဖြေရှင်းဖို့ နည်းလမ်းရှာရတော့မယ်ထင်တယ်"

"အသေအချာပဲ ဒီတစ်ခေါက် သူငါ့ဒေါသကို လုံးဝဆွလိုက်ပြီ"

ခရစ်မှာ ကျိုးဟောင်ထွက်သွားသည်ကိုကြည့်နေပြီး မျက်လုံးများမှာ ပြင်းထန်သောဒေါသများဖြင့်ပြည့်နေပေသည်။ ကျိုးဟောင် ပေါလ်အားအနိုင်ကျင့်သည်ကို သူသည်းခံနိုင်သလို တစ်နေ့တွင်သူ့အားကျော်တက်ပြီးနာမည်ကျော်သွားမည်ကိုလည်း သူသည်းခံနိုင်သည်။

သို့သော် သူသဘောကျသည့်မိန်းကလေးအား လုယူသည်ကိုတော့သူသည်းမခံနိုင်ပေ။ ကျိုးဟောင်မှာမူ ခရစ်အားလုံးဝဂရုမစိုက်ဘဲ ကျင့်ကြုံရေးတွင်သာအာရုံစိုက်ထားသည်။

သူ၏လက်ရှိစွမ်းအားမှာကောင်းကင်ဘုံအဆင့်တစ်ဝက်အထွတ်အထိပ်အဆင့်သို့ရောက်နေပြီဖြစ်သည်။ သို့သော် ကောင်းကင်ဘုံအဆင့်အား မချိုးဖောက်ရသည့်အကြောင်းအရင်းမှာ မချိုး‌ဖောက်ရဲ၍မဟုတ်ဘဲ အဆင့်မချိုးဖောက်ခင် ခန္ဓာကိုယ်အား ၁၀၀ ရာခိုင်နှုန်းအပြည့် ပုံသွင်းချင်၍သာဖြစ်သည်။

သို့သော် အခြားလူများ၏အမြင်တွင် ကျိုးဟောင်တစ်လအတွင်း ပထမမြောက်မူလအဆင့်မှ ဒုတိယမြောက်မူလအဆင့်သို့ရောက်ရှိသွားသည်မှာပင် အတော်လေးမြန်နေပြီဖြစ်သည်။ အချို့လူများဆိုပါက ကောင်းကင်ဘုံအဆင့်သို့ရောက်ရှိရန် ၃ နှစ်မျှကြာနိုင်သော်လည်း ကျိုးဟောင်မှာမူတစ်လတည်းဖြင့် အဆင့်တစ်ခုချိုးဖောက်ခဲ့ခြင်းဖြစ်ပေရာ ဤနှုန်းသည်အလွန်မကောင်းဆိုးဝါးဆန်လွန်းလှပေသည်။

ကျိုးဟောင်မှာဆွဲငင်အားအခန်းထဲတွင်ရူးသွပ်စွာကျင့်ကြံနေသည်။ သူသည်အသက်ပြင်းပြင်းရှူကာ ချက်ချင်းပင်ဆွဲငင်အား အားအဆရာချီတိုးမြှင့်လိုက်သည်။ ဤနေရာတွင်မည်သူမျှမရှိပေရာ ဘာကိုမှဂရုစိုက်နေစရာမလိုပေ။ ထို့ကြောင့် သူ၏ကျင့်ကြံဆင့်အစစ်အမှန်အားသုံးလို့ရပေသည်။ ဤဆွဲငင်အားအခန်း၏အကူအညီဖြင့် အထွတ်အထိပ်အဆင့်တွင်ရှိနေပြီးသားဖြစ်သောကျိုး‌‌‌‌ဟောင်၏ခန္ဓာကိုယ်မှာ တဖြည်းဖြည်းတိုးတက်လာသည်ကို ခံစားရပေသည်။

"ဒီဆွဲငင်အားအခန်းကတကယ်ကောင်းတာပဲ တကယ်လို့ငါ့မှာ ဒီလိုအခန်းတစ်ခန်းသာရှိရင်ကောင်းမှာပဲ"

ကျိုးဟောင်မှာပြုံးလိုက်ရင်း စိတ်ထဲတွင်လည်းလက်တွေ့မဆန်သောအတွေးတစ်ခုပေါ်လာပေသည်။ သို့သော်ဤအတွေးသည် စိတ်ကူးမျှသာဖြစ်သည်။ မကြာမီ လဝက်ဟူသောအချိန်ကာလမှာ ကုန်ဆုံးသွားခဲ့သည်။ သန္ဓေပြောင်းသားရဲများအားသတ်သည့်ကိစ္စမှလွဲ၍ ကျိုးဟောင်မှာအချိန်အများစုအား ဆွဲငင်အားအခန်းတွင်ကျင့်ကြံရင်းသာကုန်ဆုံးနေပေသည်။

ယခုသူ၏အဆင့်မှာ ၈၀ နှင့် ၉၀ ကြားဖြစ်ပြီး ကျိုးဟောင်အတွက် လဝက်အတွင်း ၁၀ ဆင့်မျှတက်လာသည်မှာ သူ့အတွက်များပြားသောပမာဏဖြစ်ပုံမပေါ်သော်လည်း ၎င်းသည်ပင်အတော်လေးအထင်ကြီးစရာကောင်းနေပြီဖြစ်သည်။

အများစုမှာ နှစ်ဝက်ကျော်အတွင်းအဆင့်များများတက်အောင် မလုပ်နိုင်ကြပေ။ ယခု ကျိုးဟောင်မှာ လဝက်အတွင်း ၁၀ နေရာကျော်မျှတိုးလာအောင်လုပ်နိုင်ခဲ့ပေရာ ဤစွမ်းရည်သည်လူအတော်များများအားထိတ်လန့်သွားစေခဲ့သည်။

သို့သော်ကျိုး‌ဟောင်မှာ ဤရလဒ်အားသိပ်မကျေနပ်ပေ။ တစ်နေ့လုံးလေ့ကျင့်ပြီ‌နောက် ကျိုးဟောင်မှာဗီလာသို့ပြန်လာခဲ့ပြီး စာကြည့်ခန်းသို့သွားကာ ကွန်ပျူတာအားဖွင့်လိုက်ပေရာ ဝင်စာများစွာရောက်နေသည်ကိုတွေ့လိုက်ရသည်။ ကျိုးဟောင်မှာခေတ္တမျှမှင်တက်သွားခဲ့ပြီး ချက်ချင်းပင်ဖွင့်ဖတ်လိုက်သည်။ ဖတ်ပြီးနောက် ချက်ချင်းဆိုသလိုပင်ရှုပ်ထွေးသွားခဲ့သည်။

ဤစာများမှာ တကယ်တမ်းတွင် စိန်ခေါ်စာများသာဖြစ်သည်။ စိန်ခေါ်စာများမှာများစွာရှိနေပြီး အားလုံးမှာ အနောက်တိုင်းသားသိုင်းပညာရှင်များထံမှဖြစ်သည်။ ကျိုးဟောင်မှာ စာများအားဖတ်ကာရယ်ချင်သွားခဲ့သည်။

ဤကဲ့သို့လုပ်နိုင်သူမှာ သေချာပေါက်ခရစ်တစ်ယောက်သာရှိသည်။ အများစုမှာ အဆင့် ၄၀ နှင့် ၆၀ ကြားမှလူများဖြစ်ကြပြီး အားလုံးမှာ ၆ ဆင့်မြောက်မူလအဆင့်အထက်ရှိသူများဖြစ်ကြသည်။

ကျိုးဟောင်မှာနာမည်များအားကြည့်ကာ ပြုံးရင်းခုံအားလက်ဖြင့်တစ်တောက်တောက်ခေါက်နေခဲ့သည်။

"သူတို့ကငါ့ကိုစိန်ခေါ်မှတော့ ငါလည်းအားလုံးကိုလက်ခံရတာပေါ့"

ကျိုးဟောင်၏အတွေးမှာအလွန်ရိုးရှင်းသည်။ ယခုအချိန်တွင်သူသည်စွမ်းအားအားမြှင့်တင်ရန်လိုအပ်နေပြီး တိုက်ခိုက်ခြင်းသည်သေချာပေါက် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

ပုံရိပ်ယောင်လောကတွင် ခန္ဓာကိုယ်များမှာအားလုံးတစ်ထပ်တည်းကျပေသည်။ မိမိတို့၏ကျင့်ကြံဆင့်များအား ထိုလောကထဲသို့ယူသွား၍မရသော်ငြား ၎င်းသည်တိုက်ခိုက်ရေးနှင့် ကျင့်ကြံရေးတို့အားလေ့ကျင့်ရန်နည်းလမ်းကောင်းတစ်ခုဖြစ်သည်။ ထိုသို့တွေးမိရင်း ကျိုးဟောင်မှာ အားလုံးကိုလက်ခံလိုက်ပေသည်။ တစ်ချိန်တည်းမှာပင် ဗီလာထဲရှိကွန်ပျူတာအားစိုက်ကြည့်နေသော ခရစ်မှာ ချက်ချင်းပင်ကျေနပ်စွာပြုံးသွားခဲ့သည်။

"မင်းတကယ်သူတို့အားလုံးကိုသဘောတူလိုက်တာပဲ အရမ်းကောင်းတယ်ကျိုးဟောင် ဒီတစ်ခေါက် ငါဘယ်လောက်စွမ်းအားကြီးလဲဆိုတာမင်းကိုပြမယ်"

ဤကိစ္စအားတကယ်ပင်ခရစ်မှစီစဥ်ခဲ့ခြင်းဖြစ်သည်။ သူ၏ရည်ရွယ်ချက်မှာ ကျိုးဟောင်အားသင်ခန်းစာပေးရန်ဖြစ်သည်။ ပေါလ်သည်လည်းဤအရာအားမြင်လိုက်ပြီး သူ၏မျက်လုံးများမှာလည်းအေးစက်နေခဲ့သည်။

"သူငါ့ဆီက ၁၀ ဘီလီယံခိုးသွားတာ ဒီတစ်ခေါက်အကုန်လုံးပြန်ယူပြမယ်"

ပေါလ်အမုန်းဆုံးလူသည် ကျိုးဟောင်ဖြစ်သည်မှာသံသယဝင်စရာမလိုပေ။ ယခင်တစ်ခါကသူသည် ကျိုးဟောင်ထံတွင်ပိုက်ဆံ ၁၀ ဘီလီယံအားဆုံးရှုံးခဲ့ရုံသာမက အများရှေ့တွင်လည်းမျက်နှာပျက်ခဲ့ရပေသည်။ ထို့ကြောင့် ကျိုးဟောင်လည်းသူ့လိုအမှားမျိုးလုပ်ရန် ပေါလ်တစ်ယောက်အတော်လေးမျှော်လင့်နေပေသည်။

....................................................................................

အခန်း (၄၈၆) ပြီးပါပြီ။

All Chapters